Zawgyi
အပိုင္း (၈၁၈) – ထိုေနရာမွ စာတစ္ေၾကာင္း
"ဒါက ေလာကအေသးတံခါးပဲ အရင္ကျမင္လုိက္တဲ့ဟာ" ရွီမာယူယူ ရွင္းျပေလသည္။
"ဒီတံခါးက ဘယ္လိုလုပ္မင္းဆီမွာရွိေနတာလဲ"
"ကၽြန္ေတာ့္ေသြးေပသြားလို႔ေနမွာေပါ့" ရွီမာယူယူ ေျပာလုိက္သည္။
ေလာကအေသးသည္ သူမ အပိုင္ျဖစ္သည္ဟုသာ အဇူရာေျပာခဲ့ ေသာ္လည္း ဘာမွထပ္မေျပာ ခဲ့ေပ။ က်န္းက်ဴရွန္႔ထြက္သြားစဥ္က သူမခံစား လုိက္ရသည္ကို ထပ္ေပါင္းေျပာလွ်င္ ေလာကအေသးသည္ သူမပိုင္ဆိုင္ သည္ကိုသာ ခန္႔မွန္းႏုိင္ခဲ့သည္။
"ဟင္ အဲဒါကိုယူလို႔ရတာလား၊ ငါေစာေစာကသာသိခဲ့ရင္ နံရံေပၚကို ငါ့ေသြးထုတ္ေပးလိုက္ပါတယ္" ဟန္႔ေျမာင္ရႊမ္သည္ ေနာင္တရေနေလ သည္။
ရွီမာယူယူသည္ ျပန္မေျဖပဲ ျပံဳးရံုသာျပံဳးလုိက္သည္။ သို႔ေသာ္ ဟန္႔ေျမာင္ရႊမ္သာ လုပ္ခဲ့လွ်င္လည္း ျဖစ္ႏုိင္မည္မဟုတ္ဟု သူမေတြး လိုက္သည္။ အဇူရာေျပာခဲ့သည့္စကားမ်ားကို အေျခခံျပီး သူမ ခႏၶာကိုယ္ႏွင့္ ဝိဥာဥ္ကို တစ္ခုခုေတာ့လုပ္ရမည္။
"ယူယူ ေလာကအေသးက ယူယူ႔ဟာဆိုမွေတာ့ တျခားအပိုင္းေတြေရာ အစ္မဟာပဲလား" ကုန္ရွန္ယိ ေမးေလသည္။
သူတုိ႔ျမင္ရေသာ ေတာင္တန္းမွာေသးသည္။ ေတာင္တစ္လံုးစာ ေလာက္သာရွိသည္။ ေသးေသာ္လည္း သယံဇာတေပသည္။ ထို႔ေၾကာင့္ တျခားေနရာမ်ားကို ရွာေဖြလုိက္ပါက ရတနာမ်ား ရႏုိင္မလားဟု ေတြး ၾကသည္။
"မရဘူး" ရွီမာယူယူ ေခါင္းရမ္းလိုက္သည္ "အခုေတာ့ အဇူရာ ဧကရာဇ္သန္႔စင္ထားတဲ့ ဒီတံခါးကိုပဲ ထိန္းခ်ဳပ္ႏုိင္ေသးတယ္၊ ျပီးေတာ့ ဒီတံခါးနဲ႔ပဲ ဆက္သြယ္လို႔ရတယ္၊ ဒါေပမဲ့ ေလာကအေသးကို မသန္႔စင္ထား တဲ့အတြက္ တျခားေနရာေတြ ေပၚလာေအာင္လုပ္လို႔မရဘူး"
"ေၾသာ္ အဲလိုလား" ဟန္႔ေျမာင္ရႊမ္၏ မ်က္လံုးမ်ားသည္ ရွီမာယူယူအား အမိဖမ္းကာ ေျပာေလသည္ "ဂ်ဴနီယာေမာင္ေလး မင္းေပါင္းစပ္လို႔ရတာနဲ႔ ဒီမွာ ေဆးပင္ေကာင္းေကာင္းေလးေတြရွိရင္ ငါ့ကို နည္းနည္းေလာက္ေပးဦး"
"ျပႆနာမရွိဘူး ဒါေပမဲ့အခုေတာ့ အရင္ထြက္ရေအာင္"
သူမသည္ တံခါးအေသးကိုယူျပီး စဥ္းစားလိုက္သည္ႏွင့္ အတြင္းပိုင္း သခ်ႋဳင္းမွ ေက်ာက္အိမ္ အျပင္ဘက္သို႔ေရာက္ေလသည္။
ရွီမာယူယူသည္ ပင္မတံခါးရွိခဲ့ေသာေနရာကို ၾကည့္လုိက္သည္။ တံခါး သည္မရွိေတာ့ပဲ နံရသာ က်န္ခဲ့ေလသည္။ တျခားနံရံမ်ားႏွင့္ မထူးျခားနား ေပ။
ေလာကအေသးတြင္ျဖစ္ခဲ့သည့္ အျဖစ္အပ်က္ကို စဥ္းစားၾကည့္ရာ သူမ သက္ျပင္းခ်ျပီး ေျပာလုိက္သည္ "အရင္ဆံုးျပန္ရေအာင္"
ဟန္႔ေျမာင္ရႊမ္ႏွင့္ တျခားသူမ်ားသည္ က်န္းက်ဴက်ိအေၾကာင္းစဥ္းစား မိသည္ႏွင့္ ရင္ကြဲ ပက္လက္ျဖစ္ရသည္ "သြားၾကမယ္"
ခရမ္းေရာင္ႏံုးေျမမွထြက္ျပီးေနာက္တြင္ သူတုိ႔သည္ က်င္းဝမ္ႏွင့္ ကုန္ ေတာင္ၾကား မ်ိဳးႏြယ္ဝင္မ်ား ေစာင့္ေနေသာ က်ားလင္းျမိဳ႕သို႔ ျပန္လာ ၾကသည္။ သူတို႔သည္ ဧည့္ခန္းတြင္ေစာင့္ေန ၾကေလသည္။
"ေနာက္ဆံုးေတာ့ျပန္လာျပီလား ဒီထက္ၾကာရင္ လာရွာေတာ့မလို႔"
"ဘာလုိ႔လူတစ္ေယာက္ေပ်ာက္ေနတာလဲ" က်င္းဟြမ္သည္ က်န္းက်ဴရွန္႔ေပ်ာက္ေနသည္ကို ျမင္သည္ႏွင့္ ပံုမွန္အတုိ္င္းထင္၍ ေမးလိုက္သည္။
"စီနီယာအစ္ကိုၾကီးက လုပ္စရာရွိလို႔အရင္ျပန္ႏွင့္တယ္" ဟန္႔ေျမာင္ရႊမ္ ႏွင့္ တျခားသူမ်ား မ်က္ႏွာပ်က္သြားသည္ကို ေတြ႕သည္ႏွင့္ ရွီမာယူယူသည္ ပံုမွန္သာျပန္ေျဖလုိက္သည္။
"ျမိဳ႕အျပင္မွာျဖစ္ခဲ့တဲ့အျဖစ္ေၾကာင့္မ်ားလား"
"ဘာျဖစ္ခဲ့တာလဲ"
"လြန္ခဲ့တဲ့ ၁၀ရက္က က်ားလင္းျမိဳရဲ႕ ျမိဳ႕ေသးတစ္ခုမွာ အစုလိုက္ အျပံဳလိုက္သတ္တာျဖစ္ သြားတယ္" က်င္းဝမ္ ေျပာေလသည္။
ထိုသတင္းၾကားေသာအခါ ဟန္႔ေျမာင္ရႊမ္ႏွင့္ စူးေရွာင္ေရွာင္တို႔၏ ခႏၶာကိုယ္သည္ ဆတ္ဆတ္ တုန္သြားျပီးေနာက္ ေတာင့္သြားေလသည္။
"အစုလိုက္အျပံဳလိုက္သတ္တယ္ဟုတ္လား" ရွီမာယူယူ မ်က္ေမွာင္ ၾကဳတ္လိုက္သည္။
"ဟုတ္တယ္ တစ္ေယာက္မွေတာင္မက်န္ခဲ့ဘူး" က်င္းဝမ္ေျပာ ေလသည္ "အစတုန္းကေတာ့ အနီေရာင္ေတာင္ထိပ္တုန္းကျဖစ္သလိုု ျဖစ္တယ္မွတ္ျပီး အားလံုးက လူေတြလႊတ္ၾကတယ္၊ ဒါေပမဲ့ ျမင္ကြင္းကိုေတြ႕ လိုက္တဲ့အခါမွာ တေစၦေလာကကလုပ္တာမဟုတ္ဘူးဆိုတာသိေတာ့မွ အသက္ရႈ ေခ်ာင္သြားတာ"
"အသတ္ခံရတဲ့အေလာင္းေတြေရာ" ဟန္႔ေျမာင္ရႊမ္ ေမးလုိက္သည္။
"ဓားတစ္ခ်က္တည္းနဲ႔ ျပတ္သြားတာပဲ၊ ဒါေပမဲ့ထူးဆန္းတာက ျမိဳ႕ထဲမွာ ေသြးတစ္စက္မွစြန္း မသြားဘူး" က်င္းဝမ္ ေျပာေလသည္ "အင္အားၾကီး တဲ့လူေတာ္ေတာ္မ်ားမ်ားက အေၾကာင္းအရင္းရွာဖို႔ ေနခဲ့တယ္ ဒါေပမဲ့ အေျဖမရွာႏိုင္ဘူး"
ဘယ္ေသြးက်န္ခဲ့မလဲ... ေသြးေတြအကုန္လံုးကို ေကာင္းကင္ခြဲဓားက စုပ္ယူသြားျပီေလ.. ရွီမာယူယူသည္ သူမဘာသာေတြးေနေလသည္။
"အဲဒါျပီးေတာ့ ဘာျဖစ္ေသးလဲ" စူးေရွာင္ေရွာင္ေမးလိုက္သည္။
"မရွိဘူး အဲဒါပဲ ဘာလို႔လဲ မင္းတုိ႔စီနီယာအစ္ကိုၾကီးက ဒါကိုစံုစမ္းဖို႔သြား တာမဟုတ္ဘူးလား"
"စီနီယာအစ္ကိုၾကီးက သူ႔ကိစၥနဲ႔သူသြားတာပါ" ရွီမာယူယူ ေျပာလုိက္ သည္ "ဒီလိုမ်ိဳးျဖစ္သြားျပီ ဆိုမွေတာ့ ကၽြန္ေတာ္တို႔ ဂိုဏ္းကိုျပန္ျပီး သတင္း ပို႔ရမယ္"
"ဟုတ္တယ္ ျမန္ျမန္ျပန္ရေအာင္"
ဟန္႔ေျမာင္ရႊမ္သည္ တစ္ခါသံုးျဖတ္လမ္းတည္ေဆာက္မႈကို ထုတ္ကာ ေျမေပၚတြင္ထားလိုက္သည္။ သူတို႔သံုးေယာက္သည္ ရပ္လုိက္ရာ ဝင္သြား ေလသည္။
ထိုအေျခအေနမွာ အေရးၾကီးသည္ကို ကုန္ရွန္ယိသိေသာေၾကာင့္ ေနခဲ့ရန္ မေႏွာင့္ယွက္ေတာ့ ေပ။ သူမသည္ ေက်းဇူးတင္စကားသာ ေျပာေလသည္ "ယူယူ ဒီတစ္ခါေတာ့ အမ်ားၾကီးေက်းဇူးတင္ပါ တယ္၊ အမ်ားၾကီးလည္းကူညီေပးျပီးျပီ ကုန္ေတာင္ၾကားက သူတို႔စိတ္ထဲမွာ စြဲေနေအာင္ မွတ္ထားမွာပါ ေနာက္ကို အခြင့္အေရးရွိမယ္ဆိုရင္ ကၽြန္မတိ္ု႔ ေသခ်ာေပါက္ျပန္ဆပ္ပါမယ္"
"ေကာင္းျပီ ေနာက္ကို ကိစၥတစ္ခုခုရွိရင္ မင္းကိုတို႔လာရွာပါမယ္ ေနာက္မွေတြ႕မယ္"
ရွီမာယူယူသည္ ရွီမန္ဖန္အားၾကည့္လုိက္သည္ႏွင့္ တည္ေဆာက္မႈ သည္ အသက္ဝင္ကာ သူတို႔ ထြက္သြားၾကေလသည္။
ကုန္ရွန္ယိသည္ သူတို႔ထြက္သြားသည္အထိ ေစာင့္ျပီးေနာက္ က်င္းဝမ္ ဘက္လွည့္ကာ "မင္းတို႔ ကိစၥေတြရွင္းျပီးျပီလား"
"ျပီးျပီ ငါတုိ႔ကို လူအင္အားေပးတဲ့အတြက္ ေက်းဇူးအမ်ားၾကီးေက်းဇူး တင္ပါတယ္" က်င္းဝမ္ သည္ ျပံဳးျပီးေျပာေလသည္။
"ဒါဆို ငါသူတုိ႔ကိုအရင္ေခၚသြားမယ္" ကုန္ရွန္ယိ ေရွ႕သို႔ေျခလွမ္း ႏွစ္လွမ္းျပီးေနာက္တြင္ ျပန္လွည့္ကာ ေျပာေလသည္ "ဟုတ္သားပဲ မင္းက်င္း မ်ိဳးႏြယ္က လုပ္တဲ့ကိစၥေတြကိုကူညီရင္ ဂရုစိုက္ရမယ္"
"ငါသိပါတယ္" က်င္းဝမ္ ေခါင္းညိမ့္ေလသည္။
သူတို႔ ျမိဳ႕အျပင္သို႔ေရာက္သည္ႏွင့္ ရွီမန္ဖန္သည္ ကုန္ရွန္ယိ၏ လက္ကိုဆြျကာ "မျပန္ခင္ကို ငါ မင္းကို ေတာင္ၾကားကိုျပန္ပို႔ေပးမယ္"
"ရွင္ သူမကိုစိတ္ပူေနတာ သိပါတယ္၊ တကယ္ေတာ့ ကၽြန္မကို ျပန္ပို႔ေပးစရာမလိုပါဘူး" ကုန္ရွန္ယိ ေျပာလုိက္သည္။
"အတြင္းပိုင္းေဒသက အရမ္းဂယက္ထသြားမွာပဲ၊ မင္းကိုျပန္ပို႔မွပဲ စိတ္ခ်ရမယ္" ရွီမန္ဖန္သည္ သူမလက္ကိုပုတ္ကာ "သြားမယ္ ငါမင္းကို ျပန္ပို႔ျပီးမွ ျပန္မယ္"
"အင္း"
....
ရွီမာယူယူႏွင့္ က်န္ႏွစ္ေယက္သည္ တစ္ခါသံုးျဖတ္လမ္းကိုသံုးျပီး ဂုိဏ္းသို႔ျပန္ၾကေလသည္။ သူတို႔သည္ ခြဲခြာျခင္းဥယ်ာဥ္သို႔ျပန္ရန္ အခ်ိန္ မရွိေတာ့ပဲ မုန္႔စန္းခၽြယ္၏ ရံုးခန္းသို႔ တိုက္ရိုက္သြားလိုက္ ၾကသည္။
မုန္႔စန္းခၽြယ္သည္ အခုေလးတင္ရလိုက္ေသာသတင္းႏွစ္ခုေၾကာင့္ ေခါင္းကိုက္ေနေလသည္။ ရွီမာယူယူႏွင့္ တျခားသူမ်ားျပန္လာျပီဟု ၾကား လုိက္သည္ႏွင့္ သူတို႔ကိုဝင္ခုိင္းကာ အိမ္ထဲရွိ တျခားသူမ်ားဘက္လွည့္ကာ ေျပာလုိက္သည္ "သူတုို႔ျပန္လာျပီ သူတို႔ကိုေျပာျပလုိက္ဦး"
"အင္း" ထိုလူသည္ ေပါ့ပါးစြာေျဖေလသည္။ သူသည္ ဘဝင္ျမင့္ သည့္သေဘာရွိသည္။
ရွီမာယူယူ၊ ဟန္႔ေျမာင္ရႊမ္ႏွင့္ စူးေရွာင္ေရွာင္တုိ႔ဝင္လာျပီးေနာက္ မုန္႔စန္းခၽြယ္ကို အရိုအေသ ေပးေလသည္။ သူတုိ႔သည္ ေခါင္းေမာ့ျပီး သူ႔ေဘးမွလူကိုၾကည့္လုိက္သည္။
"က်န္းက်ဴက်ိလား" ဟန္႔ေျမာင္ရႊမ္သည္ တအံ့တၾသ ေခၚမိလသည္။
အျဖဴေရာင္ဝတ္ထားေသာ က်န္းက်ဴက်ိသည္ ဟန္႔ေျမာင္ရႊမ္ သူ႔နာမည္ကို တို္က္ရိုက္ေခၚလုိက္သည္ကို ေတြ႕သည္ႏွင့္ မ်က္ေမွာင္ၾကဳတ္ သြားသည္။ သူသည္ ဟန္႔ေျမာင္ရႊမ္အား မုန္းတီစြာေအာ္ လိုက္ေလသည္ "မင္းက ဘယ္သူလဲ ငါ့ကိုနာမည္တပ္ျပီး ေခၚရဲတယ္ဟုတ္လား"
ရွီမာယူယူသည္ ထိုလူအား ပထမဆံုးအၾကည့္တြင္ပင္ မႏွစ္သက္ေပ။ အခု သူသည္ ဟန္႔ေျမာင္ရႊမ္အားေအာ္လုိက္ျခင္းေၾကာင့္ သူမ ပို၍ေဒါသ ထြက္လာသည္ "ခင္ဗ်ားနာမည္ေခၚေတာ့ ဘာျဖစ္လဲ နာမည္ဆိုတာ ေခၚဖို႔ ေပးထားတာပဲ စားဖုိ႔ေပးထားတာလား"
"အတင့္ရဲလုိက္တာ" က်န္းက်ဴက်ိသည္ ရွီမာယူယူ၏ ျပန္ေခ်ပမႈ ေၾကာင့္ ေဒါသထြက္သြားကာ သူမဆီသို႔ မီးေတာက္ခ်က္ခ်င္းပင္ ပစ္လႊတ္ လိုက္ေလသည္။
ဟိန္းေဟာက္ျခင္း လိေမၼာ္ေရာင္မီးေတာက္ျဖစ္သည္။ သူမအေပၚက် ေရာက္သြားပါက တစ္ ခဏအတြင္းတြင္ ျပာျဖစ္သြားႏုိင္သည္။
ရွီမာယူယူ မ်က္လံုးေမွးလိုက္သည္။ စံေသြမီးေတာက္ပဲ။
"က်န္းက်ဴက်ိ အတင့္ရဲလုိက္တာ"
"အာ...."
ဟန္႔ေျမာင္ရႊမ္သည္ ေအာ္ကာ သူ႔မီၤးေတာက္ကို အႏုိ္ငယူရန္ မီး ေတာက္လံုးကိုပစ္လိုက္ရာ အလယ္တြင္ သြားဆံုေလသည္။
ထိုအခ်ိန္တြင္ စူးေရွာင္ေရွာင္၏ မီးေတာက္စိမ္းသည္လည္း တုိက္ခုိက္ ရာ ထိုမီးေတာက္ႏွစ္ခုသည္ က်န္းက်ဴက်ိ၏ မီးေတာက္ကို လံုးဝ မလႈပ္ႏုိင္ေအာင္ လုပ္ေလသည္။
"မင္းတို႔မွာပဲ မီးေတာက္ႏွစ္ခုရွိတယ္လို႔ထင္ေနတာလား" က်န္းက်ဴက်ိ သည္ ေအးစက္စြာ ႏွာမႈတ္ကာ ေနာက္ထပ္ အျပာေရာင္မီးေတာက္ကိုု ထုတ္လႊတ္ေလသည္။ ထိုမီးေတာက္သည္ အေစာပိုင္းကမီးေတာက္ထက္ အဆင့္တစ္ဆင့္ျမင့္ကာ စူးေရွာင္ေရွာင္ႏွင့္ ဟန္႔ေျမာင္ရႊမ္တို္႔၏ မီးေတာက္ သည္ မတားႏုိ္င္ေပ။
ဟိန္းေဟာက္ျခင္းအျပာေရာင္မီးေတာက္သည္ ရွီမာယူယူဆီသို႔ သြား ကာ ခ်က္ခ်င္းပင္ သူမ အားထိမွန္သြားေလသည္။
ထိုမီးေတာက္ စင္တီမီတာအနည္းငယ္အလိုေလာက္တြင္ ရွီမာယူယူ သည္ ညာဘက္ လက္ေျမာက္ကာ ခရမ္းေရာင္မီးေတာက္ျဖင့္တားလုိက္ သည္။
သူမလက္တြင္ နီရဲမီးေတာက္သည္ လက္ထိပ္တြင္ လိႈ္င္းထေနေ ေလသည္။
Unicode
အပိုင်း (၈၁၈) – ထိုနေရာမှ စာတစ်ကြောင်း
"ဒါက လောကအသေးတံခါးပဲ အရင်ကမြင်လိုက်တဲ့ဟာ" ရှီမာယူယူ ရှင်းပြလေသည်။
"ဒီတံခါးက ဘယ်လိုလုပ်မင်းဆီမှာရှိနေတာလဲ"
"ကျွန်တော့်သွေးပေသွားလို့နေမှာပေါ့" ရှီမာယူယူ ပြောလိုက်သည်။
လောကအသေးသည် သူမ အပိုင်ဖြစ်သည်ဟုသာ အဇူရာပြောခဲ့ သော်လည်း ဘာမှထပ်မပြော ခဲ့ပေ။ ကျန်းကျူရှန့်ထွက်သွားစဉ်က သူမခံစား လိုက်ရသည်ကို ထပ်ပေါင်းပြောလျှင် လောကအသေးသည် သူမပိုင်ဆိုင် သည်ကိုသာ ခန့်မှန်းနိုင်ခဲ့သည်။
"ဟင် အဲဒါကိုယူလို့ရတာလား၊ ငါစောစောကသာသိခဲ့ရင် နံရံပေါ်ကို ငါ့သွေးထုတ်ပေးလိုက်ပါတယ်" ဟန့်မြောင်ရွှမ်သည် နောင်တရနေလေ သည်။
ရှီမာယူယူသည် ပြန်မဖြေပဲ ပြုံးရုံသာပြုံးလိုက်သည်။ သို့သော် ဟန့်မြောင်ရွှမ်သာ လုပ်ခဲ့လျှင်လည်း ဖြစ်နိုင်မည်မဟုတ်ဟု သူမတွေး လိုက်သည်။ အဇူရာပြောခဲ့သည့်စကားများကို အခြေခံပြီး သူမ ခန္ဓာကိုယ်နှင့် ဝိဉာဉ်ကို တစ်ခုခုတော့လုပ်ရမည်။
"ယူယူ လောကအသေးက ယူယူ့ဟာဆိုမှတော့ တခြားအပိုင်းတွေရော အစ်မဟာပဲလား" ကုန်ရှန်ယိ မေးလေသည်။
သူတို့မြင်ရသော တောင်တန်းမှာသေးသည်။ တောင်တစ်လုံးစာ လောက်သာရှိသည်။ သေးသော်လည်း သယံဇာတပေသည်။ ထို့ကြောင့် တခြားနေရာများကို ရှာဖွေလိုက်ပါက ရတနာများ ရနိုင်မလားဟု တွေး ကြသည်။
"မရဘူး" ရှီမာယူယူ ခေါင်းရမ်းလိုက်သည် "အခုတော့ အဇူရာ ဧကရာဇ်သန့်စင်ထားတဲ့ ဒီတံခါးကိုပဲ ထိန်းချုပ်နိုင်သေးတယ်၊ ပြီးတော့ ဒီတံခါးနဲ့ပဲ ဆက်သွယ်လို့ရတယ်၊ ဒါပေမဲ့ လောကအသေးကို မသန့်စင်ထား တဲ့အတွက် တခြားနေရာတွေ ပေါ်လာအောင်လုပ်လို့မရဘူး"
"သြော် အဲလိုလား" ဟန့်မြောင်ရွှမ်၏ မျက်လုံးများသည် ရှီမာယူယူအား အမိဖမ်းကာ ပြောလေသည် "ဂျူနီယာမောင်လေး မင်းပေါင်းစပ်လို့ရတာနဲ့ ဒီမှာ ဆေးပင်ကောင်းကောင်းလေးတွေရှိရင် ငါ့ကို နည်းနည်းလောက်ပေးဦး"
"ပြဿနာမရှိဘူး ဒါပေမဲ့အခုတော့ အရင်ထွက်ရအောင်"
သူမသည် တံခါးအသေးကိုယူပြီး စဉ်းစားလိုက်သည်နှင့် အတွင်းပိုင်း သင်္ချိုင်းမှ ကျောက်အိမ် အပြင်ဘက်သို့ရောက်လေသည်။
ရှီမာယူယူသည် ပင်မတံခါးရှိခဲ့သောနေရာကို ကြည့်လိုက်သည်။ တံခါး သည်မရှိတော့ပဲ နံရသာ ကျန်ခဲ့လေသည်။ တခြားနံရံများနှင့် မထူးခြားနား ပေ။
လောကအသေးတွင်ဖြစ်ခဲ့သည့် အဖြစ်အပျက်ကို စဉ်းစားကြည့်ရာ သူမ သက်ပြင်းချပြီး ပြောလိုက်သည် "အရင်ဆုံးပြန်ရအောင်"
ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ကျန်းကျူကျိအကြောင်းစဉ်းစား မိသည်နှင့် ရင်ကွဲ ပက်လက်ဖြစ်ရသည် "သွားကြမယ်"
ခရမ်းရောင်နုံးမြေမှထွက်ပြီးနောက်တွင် သူတို့သည် ကျင်းဝမ်နှင့် ကုန် တောင်ကြား မျိုးနွယ်ဝင်များ စောင့်နေသော ကျားလင်းမြို့သို့ ပြန်လာ ကြသည်။ သူတို့သည် ဧည့်ခန်းတွင်စောင့်နေ ကြလေသည်။
"နောက်ဆုံးတော့ပြန်လာပြီလား ဒီထက်ကြာရင် လာရှာတော့မလို့"
"ဘာလို့လူတစ်ယောက်ပျောက်နေတာလဲ" ကျင်းဟွမ်သည် ကျန်းကျူရှန့်ပျောက်နေသည်ကို မြင်သည်နှင့် ပုံမှန်အတိုင်းထင်၍ မေးလိုက်သည်။
"စီနီယာအစ်ကိုကြီးက လုပ်စရာရှိလို့အရင်ပြန်နှင့်တယ်" ဟန့်မြောင်ရွှမ် နှင့် တခြားသူများ မျက်နှာပျက်သွားသည်ကို တွေ့သည်နှင့် ရှီမာယူယူသည် ပုံမှန်သာပြန်ဖြေလိုက်သည်။
"မြို့အပြင်မှာဖြစ်ခဲ့တဲ့အဖြစ်ကြောင့်များလား"
"ဘာဖြစ်ခဲ့တာလဲ"
"လွန်ခဲ့တဲ့ ၁၀ရက်က ကျားလင်းမြိုရဲ့ မြို့သေးတစ်ခုမှာ အစုလိုက် အပြုံလိုက်သတ်တာဖြစ် သွားတယ်" ကျင်းဝမ် ပြောလေသည်။
ထိုသတင်းကြားသောအခါ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့၏ ခန္ဓာကိုယ်သည် ဆတ်ဆတ် တုန်သွားပြီးနောက် တောင့်သွားလေသည်။
"အစုလိုက်အပြုံလိုက်သတ်တယ်ဟုတ်လား" ရှီမာယူယူ မျက်မှောင် ကြုတ်လိုက်သည်။
"ဟုတ်တယ် တစ်ယောက်မှတောင်မကျန်ခဲ့ဘူး" ကျင်းဝမ်ပြော လေသည် "အစတုန်းကတော့ အနီရောင်တောင်ထိပ်တုန်းကဖြစ်သလို ဖြစ်တယ်မှတ်ပြီး အားလုံးက လူတွေလွှတ်ကြတယ်၊ ဒါပေမဲ့ မြင်ကွင်းကိုတွေ့ လိုက်တဲ့အခါမှာ တစ္ဆေလောကကလုပ်တာမဟုတ်ဘူးဆိုတာသိတော့မှ အသက်ရှု ချောင်သွားတာ"
"အသတ်ခံရတဲ့အလောင်းတွေရော" ဟန့်မြောင်ရွှမ် မေးလိုက်သည်။
"ဓားတစ်ချက်တည်းနဲ့ ပြတ်သွားတာပဲ၊ ဒါပေမဲ့ထူးဆန်းတာက မြို့ထဲမှာ သွေးတစ်စက်မှစွန်း မသွားဘူး" ကျင်းဝမ် ပြောလေသည် "အင်အားကြီး တဲ့လူတော်တော်များများက အကြောင်းအရင်းရှာဖို့ နေခဲ့တယ် ဒါပေမဲ့ အဖြေမရှာနိုင်ဘူး"
ဘယ်သွေးကျန်ခဲ့မလဲ... သွေးတွေအကုန်လုံးကို ကောင်းကင်ခွဲဓားက စုပ်ယူသွားပြီလေ.. ရှီမာယူယူသည် သူမဘာသာတွေးနေလေသည်။
"အဲဒါပြီးတော့ ဘာဖြစ်သေးလဲ" စူးရှောင်ရှောင်မေးလိုက်သည်။
"မရှိဘူး အဲဒါပဲ ဘာလို့လဲ မင်းတို့စီနီယာအစ်ကိုကြီးက ဒါကိုစုံစမ်းဖို့သွား တာမဟုတ်ဘူးလား"
"စီနီယာအစ်ကိုကြီးက သူ့ကိစ္စနဲ့သူသွားတာပါ" ရှီမာယူယူ ပြောလိုက် သည် "ဒီလိုမျိုးဖြစ်သွားပြီ ဆိုမှတော့ ကျွန်တော်တို့ ဂိုဏ်းကိုပြန်ပြီး သတင်း ပို့ရမယ်"
"ဟုတ်တယ် မြန်မြန်ပြန်ရအောင်"
ဟန့်မြောင်ရွှမ်သည် တစ်ခါသုံးဖြတ်လမ်းတည်ဆောက်မှုကို ထုတ်ကာ မြေပေါ်တွင်ထားလိုက်သည်။ သူတို့သုံးယောက်သည် ရပ်လိုက်ရာ ဝင်သွား လေသည်။
ထိုအခြေအနေမှာ အရေးကြီးသည်ကို ကုန်ရှန်ယိသိသောကြောင့် နေခဲ့ရန် မနှောင့်ယှက်တော့ ပေ။ သူမသည် ကျေးဇူးတင်စကားသာ ပြောလေသည် "ယူယူ ဒီတစ်ခါတော့ အများကြီးကျေးဇူးတင်ပါ တယ်၊ အများကြီးလည်းကူညီပေးပြီးပြီ ကုန်တောင်ကြားက သူတို့စိတ်ထဲမှာ စွဲနေအောင် မှတ်ထားမှာပါ နောက်ကို အခွင့်အရေးရှိမယ်ဆိုရင် ကျွန်မတို့ သေချာပေါက်ပြန်ဆပ်ပါမယ်"
"ကောင်းပြီ နောက်ကို ကိစ္စတစ်ခုခုရှိရင် မင်းကိုတို့လာရှာပါမယ် နောက်မှတွေ့မယ်"
ရှီမာယူယူသည် ရှီမန်ဖန်အားကြည့်လိုက်သည်နှင့် တည်ဆောက်မှု သည် အသက်ဝင်ကာ သူတို့ ထွက်သွားကြလေသည်။
ကုန်ရှန်ယိသည် သူတို့ထွက်သွားသည်အထိ စောင့်ပြီးနောက် ကျင်းဝမ် ဘက်လှည့်ကာ "မင်းတို့ ကိစ္စတွေရှင်းပြီးပြီလား"
"ပြီးပြီ ငါတို့ကို လူအင်အားပေးတဲ့အတွက် ကျေးဇူးအများကြီးကျေးဇူး တင်ပါတယ်" ကျင်းဝမ် သည် ပြုံးပြီးပြောလေသည်။
"ဒါဆို ငါသူတို့ကိုအရင်ခေါ်သွားမယ်" ကုန်ရှန်ယိ ရှေ့သို့ခြေလှမ်း နှစ်လှမ်းပြီးနောက်တွင် ပြန်လှည့်ကာ ပြောလေသည် "ဟုတ်သားပဲ မင်းကျင်း မျိုးနွယ်က လုပ်တဲ့ကိစ္စတွေကိုကူညီရင် ဂရုစိုက်ရမယ်"
"ငါသိပါတယ်" ကျင်းဝမ် ခေါင်းညိမ့်လေသည်။
သူတို့ မြို့အပြင်သို့ရောက်သည်နှင့် ရှီမန်ဖန်သည် ကုန်ရှန်ယိ၏ လက်ကိုဆွကြာ "မပြန်ခင်ကို ငါ မင်းကို တောင်ကြားကိုပြန်ပို့ပေးမယ်"
"ရှင် သူမကိုစိတ်ပူနေတာ သိပါတယ်၊ တကယ်တော့ ကျွန်မကို ပြန်ပို့ပေးစရာမလိုပါဘူး" ကုန်ရှန်ယိ ပြောလိုက်သည်။
"အတွင်းပိုင်းဒေသက အရမ်းဂယက်ထသွားမှာပဲ၊ မင်းကိုပြန်ပို့မှပဲ စိတ်ချရမယ်" ရှီမန်ဖန်သည် သူမလက်ကိုပုတ်ကာ "သွားမယ် ငါမင်းကို ပြန်ပို့ပြီးမှ ပြန်မယ်"
"အင်း"
....
ရှီမာယူယူနှင့် ကျန်နှစ်ယေက်သည် တစ်ခါသုံးဖြတ်လမ်းကိုသုံးပြီး ဂိုဏ်းသို့ပြန်ကြလေသည်။ သူတို့သည် ခွဲခွာခြင်းဥယျာဉ်သို့ပြန်ရန် အချိန် မရှိတော့ပဲ မုန့်စန်းချွယ်၏ ရုံးခန်းသို့ တိုက်ရိုက်သွားလိုက် ကြသည်။
မုန့်စန်းချွယ်သည် အခုလေးတင်ရလိုက်သောသတင်းနှစ်ခုကြောင့် ခေါင်းကိုက်နေလေသည်။ ရှီမာယူယူနှင့် တခြားသူများပြန်လာပြီဟု ကြား လိုက်သည်နှင့် သူတို့ကိုဝင်ခိုင်းကာ အိမ်ထဲရှိ တခြားသူများဘက်လှည့်ကာ ပြောလိုက်သည် "သူတို့ပြန်လာပြီ သူတို့ကိုပြောပြလိုက်ဦး"
"အင်း" ထိုလူသည် ပေါ့ပါးစွာဖြေလေသည်။ သူသည် ဘဝင်မြင့် သည့်သဘောရှိသည်။
ရှီမာယူယူ၊ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ဝင်လာပြီးနောက် မုန့်စန်းချွယ်ကို အရိုအသေ ပေးလေသည်။ သူတို့သည် ခေါင်းမော့ပြီး သူ့ဘေးမှလူကိုကြည့်လိုက်သည်။
"ကျန်းကျူကျိလား" ဟန့်မြောင်ရွှမ်သည် တအံ့တသြ ခေါ်မိလသည်။
အဖြူရောင်ဝတ်ထားသော ကျန်းကျူကျိသည် ဟန့်မြောင်ရွှမ် သူ့နာမည်ကို တိုက်ရိုက်ခေါ်လိုက်သည်ကို တွေ့သည်နှင့် မျက်မှောင်ကြုတ် သွားသည်။ သူသည် ဟန့်မြောင်ရွှမ်အား မုန်းတီစွာအော် လိုက်လေသည် "မင်းက ဘယ်သူလဲ ငါ့ကိုနာမည်တပ်ပြီး ခေါ်ရဲတယ်ဟုတ်လား"
ရှီမာယူယူသည် ထိုလူအား ပထမဆုံးအကြည့်တွင်ပင် မနှစ်သက်ပေ။ အခု သူသည် ဟန့်မြောင်ရွှမ်အားအော်လိုက်ခြင်းကြောင့် သူမ ပို၍ဒေါသ ထွက်လာသည် "ခင်ဗျားနာမည်ခေါ်တော့ ဘာဖြစ်လဲ နာမည်ဆိုတာ ခေါ်ဖို့ ပေးထားတာပဲ စားဖို့ပေးထားတာလား"
"အတင့်ရဲလိုက်တာ" ကျန်းကျူကျိသည် ရှီမာယူယူ၏ ပြန်ချေပမှု ကြောင့် ဒေါသထွက်သွားကာ သူမဆီသို့ မီးတောက်ချက်ချင်းပင် ပစ်လွှတ် လိုက်လေသည်။
ဟိန်းဟောက်ခြင်း လိမ္မော်ရောင်မီးတောက်ဖြစ်သည်။ သူမအပေါ်ကျ ရောက်သွားပါက တစ် ခဏအတွင်းတွင် ပြာဖြစ်သွားနိုင်သည်။
ရှီမာယူယူ မျက်လုံးမှေးလိုက်သည်။ စံသွေမီးတောက်ပဲ။
"ကျန်းကျူကျိ အတင့်ရဲလိုက်တာ"
"အာ...."
ဟန့်မြောင်ရွှမ်သည် အော်ကာ သူ့မီၤးတောက်ကို အနိုငယူရန် မီး တောက်လုံးကိုပစ်လိုက်ရာ အလယ်တွင် သွားဆုံလေသည်။
ထိုအချိန်တွင် စူးရှောင်ရှောင်၏ မီးတောက်စိမ်းသည်လည်း တိုက်ခိုက် ရာ ထိုမီးတောက်နှစ်ခုသည် ကျန်းကျူကျိ၏ မီးတောက်ကို လုံးဝ မလှုပ်နိုင်အောင် လုပ်လေသည်။
"မင်းတို့မှာပဲ မီးတောက်နှစ်ခုရှိတယ်လို့ထင်နေတာလား" ကျန်းကျူကျိ သည် အေးစက်စွာ နှာမှုတ်ကာ နောက်ထပ် အပြာရောင်မီးတောက်ကို ထုတ်လွှတ်လေသည်။ ထိုမီးတောက်သည် အစောပိုင်းကမီးတောက်ထက် အဆင့်တစ်ဆင့်မြင့်ကာ စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့်၏ မီးတောက် သည် မတားနိုင်ပေ။
ဟိန်းဟောက်ခြင်းအပြာရောင်မီးတောက်သည် ရှီမာယူယူဆီသို့ သွား ကာ ချက်ချင်းပင် သူမ အားထိမှန်သွားလေသည်။
ထိုမီးတောက် စင်တီမီတာအနည်းငယ်အလိုလောက်တွင် ရှီမာယူယူ သည် ညာဘက် လက်မြောက်ကာ ခရမ်းရောင်မီးတောက်ဖြင့်တားလိုက် သည်။
သူမလက်တွင် နီရဲမီးတောက်သည် လက်ထိပ်တွင် လှိုင်းထနေေ လေသည်။