Zawgyi
အပိုင္း (၈၁၅) – ေရွးက်ေသာအသံ
သူမသည္ မည္သည့္ေနရာေရာက္ေနသည္ကို စဥ္းစားရန္ၾကိဳးစား ေသာ္လည္း သူမခႏၶာကိုယ္သည္ သူမ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ မရွိေတာ့ ေပ။
"ယူယူ ဘာေတြေငးေနတာလဲ" အမ်ိဳးသားတစ္ေယာက္သည္ သူမကို အေနာက္မွသိုင္းဖက္ကာ သူ၏ေခါင္းသည္ သူမလည္ပင္းေဘးတြင္ မွီတင္ ေလသည္။
ထိုအေနအထားသည္ ရင္းႏွီးလွကာ ခိုင္ျမဲေသာ ပံုသ႑ာန္ျဖစ္သည္။
ထိုသူသည္ သူမ မမွတ္မိေသာ သူစိမ္းျဖစ္ေနသည္မွာ ေသခ်ာေန သည္။ သို႔ေသာ္ သူ႔ရဲ႕ ေပြ႕ဖက္မႈက ဘာလုိ႔အဲေလာက္ရင္းႏွီးေနတာလဲ။
"အဇူရာ ဒါကိုဘယ္ကရလာတာလဲ၊ ကၽြန္မအတြက္ဒီေလာက္လုပ္မေပး ရဘူးလို႔ သေဘာတူ ထားတယ္မဟုတ္ဘူးလား"
ထိုအမ်ိဳးသမီး၏ အသံမွာ သာယာနာေပ်ာ္ဖြယ္ရွိျပီး ယစ္မူးေစကာ ေအးစက္မႈအနည္းငယ္စြက္ ေနသည္။
ရွီမာယူယူ အံ့ၾသသြားသည္။ သူမက သူ႔ကို အဇူရာလုိ႔ေခၚလုိက္တယ္။ သူမေနာက္ကလူက အဇူရာဧကရာဇ္ၾကီးလား။
သူမသည္ ထိုခႏၶာကိုယ္ထဲတြင္ ရွိေနေသာ္လည္း ထိုစကားလံုးမ်ားကို မေျပာေပ။
သူမက တျခားလူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထဲမွာပဲ။
"ယူယူ...." အဇူရာသည္ သက္ျပင္းခ်ကာ သူမကိုလွည့္လုိက္သည္။ သူတုိ႔ႏွစ္ေယာက္သည္ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားသည္။ ထိုအခါမွပင္ သူ႔ပံုစံ ကို သူမျမင္လုိက္သည္။
"ဘယ္ေလာက္ေတာင္ တည္တံ့ျပီးပညာရွိတဲ့ပံုေပၚတဲ့ အမ်ိဳးသားလဲ" သူမသည္ သက္ျပင္းခ်မိ ေလသည္ "ဒါေပမဲ့ သူ႔ကိုၾကည့္ရတာဘာလုိ႔မိုရွားကို သတိသြားရမိတာလဲ သူတို႔ကတူသလိုပဲ"
"ယူယူ မင္းအတြက္ဆိုရင္ ကိုယ္ဘာမဆိုလုပ္ႏုိင္တယ္" အဇူရာ၏ မ်က္လံုးမ်ားသည္ နာက်င္မႈ ႏွင့္ စိတ္ပိုင္းျဖတ္မႈမ်ား ေရာေႏွာေနသည္။ "မင္းၾကိဳက္တယ္ဆိုရင္ ဘာပဲျဖစ္ျဖစ္ မင္းအတြက္ကိုယ္ လုပ္ႏုိင္တယ္"
ယူယူသည္ လက္ဆန္႔ထုတ္ကာ သူ႔မ်က္ႏွာကိုထိေတြ႕လုိက္သည္။ သူမ၏ လက္ေခ်ာင္းမ်ား သည္ သူ၏ မ်က္ခံုးစြန္းနားတြင္ ထိေတြ႕ထားကာ သူမ သက္ျပင္းခ်ေလသည္ "ကၽြန္မတိ္ု႔က မ်ိဳးႏြယ္ ေတြ မတူၾကဘူး ကၽြန္မတို႔အတူရွိလို႔မျဖစ္ဘူး ရွင့္ကိုယ္ရွင္ ထိခိုက္ေအာင္လုပ္ေနသလိုပဲ"
"ကိုယ္တို႔ႏွစ္ေယာက္လံုး ခ်စ္ေနရင္ မ်ိဳးႏြယ္ေတြကို ဘာဂရုစိုက္စရာ လိုလဲ" အဇူရာသည္ သူမ လက္မ်ားကို ဆုပ္ကိုင္ေလသည္ "မင္းလည္း ကိုယ့္ကိုသေဘာက်တယ္ဆိုတာ ကိုယ္သိတယ္ ဟုတ္တယ္မလား"
"ကၽြန္မ...."
ယူယူသည္ တိတ္ဆိတ္သြားေသာ္လည္း ထိုသည္မွာ ေတြေဝမႈျဖစ္ သည္ကို ခံစားမိသည္။
ေလးနက္ျပီး မြန္းၾကပ္ေသာခံစားခ်က္ပင္...
သူမသည္ သူ႔အားႏွစ္သက္ေသာ္လည္း သူႏွင့္အတူရွိ၍မျဖစ္ေပ။
သူမ၏ သရုပ္မွန္ေၾကာင့္လား...
"အဇူရာ ကၽြန္မက ကိုးခုေျမာက္ေတာင္ေျမေအာက္ကမာၻက ၾကာပန္း နက္ဆိုတာ ရွင္သိပါတယ္ ကၽြန္မက လူသားေလာကကို မစ္ရွင္လုပ္ဖို႔ လာတာ၊ ကၽြန္မမစ္ရွင္ျပီးတာနဲ႔ တေစၦေလာကကို ျပန္ရမယ္ အဲအခ်ိန္က်ရင္ ကၽြန္မတို႔ခြဲြခြာရမယ္၊ မဟုတ္ရင္ ခဏတာေပ်ာ္ရႊင္ဖုိ႔တြက္ အျမဲခံစား ေနရလိ္မ့္မယ္"
"ေရွ႕ျဖစ္မယ့္အေၾကာင္းေတြကို ကုိယ္မသိဘူး၊ ကိုယ္သိတာအခုပဲ ကိုယ္တုိ႔တစ္ေယာက္နဲ႔ တစ္ေယာက္ခ်စ္ၾကတယ္၊ ခဏတာအခ်စ္က တစ္သက္လံုးအတြက္ပဲ ယူယူ ကိုယ္မင္းကိုခ်စ္တယ္..."
ကိုးခုေျမာက္ေတာင္ေျမေအာက္ကမာၻက ၾကာပန္းဟုတ္လား။ ကိုးခုေျမာက္ေတာင္ေျမေအာက္ ကမာၻ... အံ့ဖြယ္ေတာင္က ေကာလဟလ မဟုတ္ဘူးလား။ ေကာလဟလမဟုတ္ပဲ တကယ္ပဲလား။
ၾကာပန္းနက္...
ေလာကအေသးသို႔ဝင္ရန္ တံခါးတြင္လက္တင္လိုက္ခ်ိန္က ၾကာပန္း နက္သည္ ျမစ္ေပၚတြင္ ေပၚလာသည္ကို ေတြးမိသည္။
အဇူရာဧကရာဇ္ရဲ႕ ခ်စ္သူမိန္းကေလးက ၾကာပန္းနက္လား။
သူမ ထိုအေၾကာင္းေတြကို မေၾကညက္ခင္မွာပင္ ပံုသည္ ရုတ္တရက္ ေျပာင္းသြားျပီး ပတ္ဝန္းက်င္သည္ ေနာက္တစ္ၾကိမ္ေျပာင္းသြားသည္။ ထိုသည္မွာ သူတို႔၏ အျပဳအမူမ်ားကို အနည္း ငယ္စီျပသြားသည္ႏွင့္တူသည္။
ယူယူသည္ ယူယူ႔၏ ခႏၶာကိုယ္ထဲတြင္ရွိေနသည္။ သူမသည္ သူတုိ႔၏ လႈပ္ရွားမႈမ်ားကို ေစာင့္ၾကည့္ေနရာ သူတို႔၏ ေပ်ာ္ရႊင္မႈမ်ား၊ ခါးသီးမႈမ်ား၊ ခ်ိဳျမိန္မႈမ်ားႏွင့္ စိတ္ပ်က္ဖြယ္ရာ အခိုက္အတန္႔ မ်ားကို ခံစားရေလသည္။
အဇူရာသည္ မိုရွားႏွင့္ ရုပ္တူသည္ကိုၾကည့္ျပီး သူမသည္ သူ႔အေၾကာင္း ကိုေတြးမိသည္။
မိုရွားသာဆိုလွ်င္ ဒီလိုပဲျဖစ္မလး။ သူ ဒီလိုပံုစံမ်ိဳးကိုလုပ္ပါ့မလား....
"ယူယူ"
အဇူရာေခၚလိုက္ရာ ယူယူ၏ အေတြးမ်ားျပန္ရုတ္သိမ္းသြားသည္။
သူမ ၾကည့္လုိက္ရာ ေကာင္းကင္ခြဲနတ္ဆိုးဓားသည္ နီးသထက္နီး လာသည္ႏွင့္ သြားေတြ႕ သည္။
ရႊီး
ေကာင္းကင္ခြဲဓားသည္ ယူယူ၏ခႏၶာကိုယ္ကို ေဖာက္ထြင္းသြားကာ သူမသည္ လက္ျဖင့္ ဓားကို ဆုပ္ကိုင္လုိက္သည္။ လက္တစ္ဖက္ျဖင့္ သူမကို တုိက္ခုိက္သူကို ျပန္တိုက္ခိုက္ကာ ထိုလူအားရင္ဘတ္ ကန္လုိက္ျခင္းသျဖင့္ ထိုလူသည္ေနရာတြင္ ပြဲခ်င္းျပီးေလသည္။
"ယူယူ" အဇူရာသည္ သူမေဘးပ်ံလာကာ ဖက္လိုက္သည္။ သူမ၏ ေသြးအမည္းမ်ားသည္ သူ႔ ေပၚသို႔စီးဆင္းသြားသည္ "ယူယူ ယူယူ မေၾကာက္နဲ႔ ကိုယ္မင္းကို အခုပဲကုေပးမယ္ အဆင္ေျပသြားမွာ ပါ"
သူသည္ သူမအား ႏွစ္သိမ့္ေသာ္လည္း သူ၏ ႏႈတ္ခမ္းမ်ားသည္ အဆက္မျပတ္တုန္ယင္ေန သည္။
ယူယူသည္ သူ႔လက္အားဆုပ္ကိုင္ျပီး ေနာက္လက္တစ္ဖက္ျဖင့္ သူ႔မ်က္ႏွာအား ႏူးညံ့စြာ ကိုင္တြယ္ခ်င္မိသည္။ သို႔ေသာ္ သူမ လက္မွာ လမ္းတစ္ဝက္သာေရာက္ေသးကာ ဆက္လွမ္းရန္ အားအင္မရွိေတာ့ေပ။
"ယူယူ..."
အဇူရာသည္ သူမလက္အားဆုပ္ကိုင္ကာ သူကိုယ္တုိင္ပင္ ထိေတြ႕ခြင့္ေပးလိုက္သည္။
သူမ သူ႔မ်က္ႏွာအားထိေတြ႕လိုက္ခ်ိန္တြင္ ျပံဳးလိုက္သည္။
"အဇူရာ..." ယူယူ၏ ႏႈတ္ခမ္းေထာင့္တြင္ ေသြးအမည္းမ်ား စတင္ စီးဆင္းလာသည္။
"ယူယူ စကားမေျပာနဲ႔" အဇူရာသည္ သူမပါးစပ္မွ ေသြးမ်ားစီး လာသည္ကိုေတြ႕ေသာအခါ ေအာ္ျပီးသူမကို တားေလသည္ "ယူယူ မေျပာနဲ႔ ကိုယ္ မင္းကိုေတာင္းပန္ပါတယ္..."
မ်က္ရည္မ်ားသည္ ယူယူ၏ မ်က္လံုးမ်ားမွ က်ဆင္းလာသည္။ သူမ သည္ မ်က္ရည္က် ေတာ့မည့္ သူ႔အားၾကည့္လိုက္သည္။ သူမ၏ မ်က္လံုးမ်ား သည္လည္း သူ႔အတုိင္းပင္ ပူေဆြးေနသည္။ သို႔ေသာ္ သူမ ေျပာရမည့္ စကားမ်ားရွိေနေသးသည္။
"အဇူရာ ဝမ္းမနည္းပါနဲ႔ ရွင္သိပါတယ္ ေကာင္းကင္ခြဲနဲ႔ အသတ္ခံရ တဲ့လူတစ္ေယာက္က အသက္မရွင္ႏုိင္ဘူး" သူမသည္ အားတင္းကာ သူ႔အားျပံဳးျပလုိက္သည္။ သို႔ေသာ္ သူမအျပံဳးသည္ ေျခာက္ေသြ႕ လြန္းသည္။
"ယူယူ ကိုယ္ မင္းအတြက္နည္းလမ္းရွာမယ္ ေသခ်ာေပါက္မင္း ကိုကယ္ႏုိင္မွာ" အဇူရာ၏ မ်က္ရည္မ်ားသည္ စတင္က်ဆင္းလာသည္။
"စြမ္းအင္ေတြ အကုန္မခံပါနဲ႔ေတာ့ ေကာင္းကင္ခြဲဓားက ခႏၶာကိုသတ္ ျပီး ဝိဥာဥ္ကိုေပ်ာက္ကြယ္ေစတယ္၊ ဘယ္သူမွအသက္မရွင္ႏုိ္င္ဘူး" ယူယူ သည္ ေနာက္ထပ္ေသြးအန္ျပန္သည္ "တကယ္ေတာ့ ရွင္အခု ကၽြန္မကို ကယ္တာမကယ္တာ အေရးမၾကီးေတာ့ပါဘူး တကယ္လို႔ ကၽြန္မအသက္ရွင္ ႏုိင္ရင္ ကၽြန္မ... တေစၦေလာကကို...ျပန္ရမယ္၊ ကၽြန္မ.. ရွင့္ကိုေျပာစရာရွိ တယ္၊ ကၽြန္မ...ေသသြားျပီးတဲ့ ေနာက္ပိုင္းမွာ... တစ္ေယာက္နဲ႔ တစ္ေယာက္.. ေမ့လုိက္ရေအာင္"
"မျဖစ္ဘူး မျဖစ္ဘူး ကိုယ္မင္းကိုမေမ့ခ်င္ဘူး၊ ကိုယ္မင္းကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ဘူး ကုိယ္တို႔ တစ္သက္လံုးအတူရွိသြားမယ္" သူမ၏ ေအးစက္ေသာခႏၶာကိုယ္ကို အဇူရာသည္ ဖက္ထားျပီး မ်က္ရည္မ်ား ျဖင့္ ေႏြးေထြးေစသည္။
"အဇူရွာ ရွင့္ကိုေတြ႕ရတာ ခ်စ္ရတာက... ကၽြန္မ ဘဝရဲ႕ အေကာင္း ဆံုးအပိုင္းပါပဲ၊ ရွင့္ကို အေဖာ္ျပဳဖုိ႔အတြက္ အစတုန္းက ကၽြန္မဝိဥာဥ္ကို ထားေပးခ်င္ခဲ့တာ" ယူယူသည္ ေခါင္းငံု႔ကာ သူမ ကိုယ္တြင္ စိုက္ဝင္ေနေသာ ေကာင္းကင္ခြဲဓားကို ၾကည့္လုိက္သည္။ "ေကာင္းကင္ခြဲက ခြင့္မျပဳတာေတာ့ ႏွေျမာစရာပဲ၊ ဒီဓားနဲ႔အသတ္ခံရတဲ့လူက ဝိဥာဥ္ပါဆံုးရံႈးသြားတယ္၊ ေတာင္းပန္ပါတယ္ ကၽြန္မ.. ရွင္နဲ႔အတူမေနႏုိင္ေတာ့ဘူး"
"မင္းဝိဥာဥ္ကို ေပ်ာက္ကြယ္ခြင့္မေပးႏုိင္ဘူး"
အဇူရာသည္ သူမကိုခ်ီကာ သမားေတာ္ဆီေခၚသြားလိုေသာ္လည္း သူမ တားလိုက္သည္။
သူ ေခါင္းကိုအားနည္းစြာ ရမ္းလုိက္ျပီး "အဇူရာ အားအကုန္ မခံပါနဲ႔ေတာ့ အသံုးမဝင္ေတာ့ဘူး ဒီက်န္တဲ့အခ်ိန္ေလးကို ကၽြန္မနဲ႔အေဖာ္ျပဳ ေပးပါ၊ ကၽြန္မတစ္ေယာက္တည္းမျဖစ္ခ်င္ဘူး ကၽြန္မနဲ႔ ေနေပးပါ"
"ယူယူ..."
ရွီမယူယူသည္ အဇူရာ၏ မ်က္ရည္မ်ား ႏွာေခါင္းႏွင့္ မ်က္လံုးမွ စီးက်လာသည္ကို ၾကည့္ေနခဲ့ သည္။ သူတကယ္ပဲ...ရုပ္ဆိုးတာပဲ။
"အဲအေမွာင္ေနရာကိုျပန္ရတာနဲ႔ယွဥ္ရင္ ဒီလိုမ်ိဳးကိုၾကိဳက္တယ္၊ ရွင့္ လက္ထဲမွာ ထြက္သြားရ မွာ ရွင္ကၽြန္မကိုပို႔ေပးတာ" ယူယူ ျပံဳးလုိက္သည္။
"ယူယူ ကိုယ္မင္းနဲ႔တစ္သက္လံုးေနေပးမယ္"
"ကၽြန္မ သိတယ္ ရွင့္ကိုယံုပါတယ္" ယူယူသည္ လက္ကိုညင္သာစြာ ျပန္ရုတ္ကာ ေကာင္းကင္ခြဲ ဓားေပၚသို႔ လက္ႏွစ္ဖက္လံုးတင္ကာ ေျပာေလ သည္ "ကၽြန္မလည္း ရွင္နဲ႔တစ္သက္လံုးအေဖာ္ျပဳေပး ခ်င္ပါတယ္ ဒါေပမဲ့ ဒါကမျဖစ္ႏုိင္ဘူး၊ ကၽြန္မ မေသခ်င္တစ္ခုခုလုပ္ခ်င္တယ္"
"ယူယူ ဘာလုပ္ခ်င္တာလဲ ကိုယ္ကူညီမယ္...."
"ရွင္မကူညီႏိုင္ဘူး" ယူယူသည္ သူ႔ကိုမၾကည့္ႏိုင္ေတာ့ေပ "ရွင္ဒီဓားကို အျမစ္ျဖတ္ခ်င္တယ္ဆိုတာ ကၽြန္မသိတယ္ ဒါေပမဲ့ ရွင္က အဲေလာက္ အားမေကာင္းဘူး၊ ျပီးေတာ့ ဒီဓားကို တျခားသူေတြ ကို မထိခိုက္ေစခ်င္ဘူး၊ ဒီဓားကို ခ်ိပ္ပိတ္ဖို႔ ကၽြန္မကူညီေပးခဲ့မယ္၊ ရွင္ဧကရာဇ္အဆင့္ ေက်ာ္ျပီ ဆိုတာနဲ႔ ဒီဓားကို အျပတ္ရွင္းလုိက္ပါ၊ ဒီဓားကိႏွစ္တစ္ေထာင္ခ်ိပ္ပိတ္ဖို႔ အတြက္ ကၽြန္မရွင့္ကိုကူညီေပးခဲ့မယ္၊ အဲအခ်ိန္က်ရင္ ရွင္ဧကရာဇ္အဆင့္ ေရာက္မယ္လို႔ကၽြန္မယံုတယ္"
"ယူယူ ယူယူ မင္းဘာလုပ္ခ်င္တာလဲ" အဇူရာသည္ သူမလက္မ်ားကို စိုးရိမ္စြာ ဆုပ္ကိုင္ျပီး ဘာမွလုပ္ခြင့္မေပးေပ။
ယူယူသည္ သူမလက္မ်ားကိုရုန္းထြက္ျပီး ေကာင္းကင္ခြဲကို ဆုပ္ကိုင္ လိုက္သည္။ ထို႔ေနာက္တြင္ သူမသည္ သူ႔အားျပန္ၾကည့္ျပီး သူ၏ ပံုရိပ္ကို သူမဦးေႏွာက္ထဲမွ တစ္သက္လံုးျမွဳပ္ႏွံလုိက္သည္။
"ကၽြန္မသြားျပီးတဲ့အခ်ိန္က်ရင္ ရွင္ေကာင္းေကာင္းအသက္ရွင္ရမယ္ အာ..."
သူမသည္ ေသြးအန္လုိက္ရာ သူမအသက္ဆံုးရံႈးေတာ့မည္ဟု ခံစားရ သည္။ သူမသည္ အဇူရာ အားတြန္းျပီး မတ္တပ္ရပ္လိုက္သည္။ သူမသည္ ေကာင္းကင္ခြဲဓားကို ဆြဲႏႈတ္ျပီး သူမႏွလံုးသားဆီသို႔ တုိက္ရုိက္စိုက္လုိက္ သည္။
"ကၽြန္မ၏ခႏၶာကိုယ္ႏွင့္ ဝိဥာဥ္ကိုခ်ဳပ္ေႏွာင္ပါတယ္၊ ကိုးခုေျမာက္ ေျမေအာက္ကမာၻရဲ႕ ဝိဥာဥ္....
အံ့ဖြယ္စြမ္းအားကို ေပးသနားပါ ခ်ိပ္ပိတ္ျခင္း"
Unicode
အပိုင်း (၈၁၅) – ရှေးကျသောအသံ
သူမသည် မည်သည့်နေရာရောက်နေသည်ကို စဉ်းစားရန်ကြိုးစား သော်လည်း သူမခန္ဓာကိုယ်သည် သူမ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ ပေ။
"ယူယူ ဘာတွေငေးနေတာလဲ" အမျိုးသားတစ်ယောက်သည် သူမကို အနောက်မှသိုင်းဖက်ကာ သူ၏ခေါင်းသည် သူမလည်ပင်းဘေးတွင် မှီတင် လေသည်။
ထိုအနေအထားသည် ရင်းနှီးလှကာ ခိုင်မြဲသော ပုံသဏ္ဍာန်ဖြစ်သည်။
ထိုသူသည် သူမ မမှတ်မိသော သူစိမ်းဖြစ်နေသည်မှာ သေချာနေ သည်။ သို့သော် သူ့ရဲ့ ပွေ့ဖက်မှုက ဘာလို့အဲလောက်ရင်းနှီးနေတာလဲ။
"အဇူရာ ဒါကိုဘယ်ကရလာတာလဲ၊ ကျွန်မအတွက်ဒီလောက်လုပ်မပေး ရဘူးလို့ သဘောတူ ထားတယ်မဟုတ်ဘူးလား"
ထိုအမျိုးသမီး၏ အသံမှာ သာယာနာပျော်ဖွယ်ရှိပြီး ယစ်မူးစေကာ အေးစက်မှုအနည်းငယ်စွက် နေသည်။
ရှီမာယူယူ အံ့သြသွားသည်။ သူမက သူ့ကို အဇူရာလို့ခေါ်လိုက်တယ်။ သူမနောက်ကလူက အဇူရာဧကရာဇ်ကြီးလား။
သူမသည် ထိုခန္ဓာကိုယ်ထဲတွင် ရှိနေသော်လည်း ထိုစကားလုံးများကို မပြောပေ။
သူမက တခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ။
"ယူယူ...." အဇူရာသည် သက်ပြင်းချကာ သူမကိုလှည့်လိုက်သည်။ သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ ထိုအခါမှပင် သူ့ပုံစံ ကို သူမမြင်လိုက်သည်။
"ဘယ်လောက်တောင် တည်တံ့ပြီးပညာရှိတဲ့ပုံပေါ်တဲ့ အမျိုးသားလဲ" သူမသည် သက်ပြင်းချမိ လေသည် "ဒါပေမဲ့ သူ့ကိုကြည့်ရတာဘာလို့မိုရှားကို သတိသွားရမိတာလဲ သူတို့ကတူသလိုပဲ"
"ယူယူ မင်းအတွက်ဆိုရင် ကိုယ်ဘာမဆိုလုပ်နိုင်တယ်" အဇူရာ၏ မျက်လုံးများသည် နာကျင်မှု နှင့် စိတ်ပိုင်းဖြတ်မှုများ ရောနှောနေသည်။ "မင်းကြိုက်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် မင်းအတွက်ကိုယ် လုပ်နိုင်တယ်"
ယူယူသည် လက်ဆန့်ထုတ်ကာ သူ့မျက်နှာကိုထိတွေ့လိုက်သည်။ သူမ၏ လက်ချောင်းများ သည် သူ၏ မျက်ခုံးစွန်းနားတွင် ထိတွေ့ထားကာ သူမ သက်ပြင်းချလေသည် "ကျွန်မတို့က မျိုးနွယ် တွေ မတူကြဘူး ကျွန်မတို့အတူရှိလို့မဖြစ်ဘူး ရှင့်ကိုယ်ရှင် ထိခိုက်အောင်လုပ်နေသလိုပဲ"
"ကိုယ်တို့နှစ်ယောက်လုံး ချစ်နေရင် မျိုးနွယ်တွေကို ဘာဂရုစိုက်စရာ လိုလဲ" အဇူရာသည် သူမ လက်များကို ဆုပ်ကိုင်လေသည် "မင်းလည်း ကိုယ့်ကိုသဘောကျတယ်ဆိုတာ ကိုယ်သိတယ် ဟုတ်တယ်မလား"
"ကျွန်မ...."
ယူယူသည် တိတ်ဆိတ်သွားသော်လည်း ထိုသည်မှာ တွေဝေမှုဖြစ် သည်ကို ခံစားမိသည်။
လေးနက်ပြီး မွန်းကြပ်သောခံစားချက်ပင်...
သူမသည် သူ့အားနှစ်သက်သော်လည်း သူနှင့်အတူရှိ၍မဖြစ်ပေ။
သူမ၏ သရုပ်မှန်ကြောင့်လား...
"အဇူရာ ကျွန်မက ကိုးခုမြောက်တောင်မြေအောက်ကမ္ဘာက ကြာပန်း နက်ဆိုတာ ရှင်သိပါတယ် ကျွန်မက လူသားလောကကို မစ်ရှင်လုပ်ဖို့ လာတာ၊ ကျွန်မမစ်ရှင်ပြီးတာနဲ့ တစ္ဆေလောကကို ပြန်ရမယ် အဲအချိန်ကျရင် ကျွန်မတို့ခွဲခွာရမယ်၊ မဟုတ်ရင် ခဏတာပျော်ရွှင်ဖို့တွက် အမြဲခံစား နေရလိမ့်မယ်"
"ရှေ့ဖြစ်မယ့်အကြောင်းတွေကို ကိုယ်မသိဘူး၊ ကိုယ်သိတာအခုပဲ ကိုယ်တို့တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတယ်၊ ခဏတာအချစ်က တစ်သက်လုံးအတွက်ပဲ ယူယူ ကိုယ်မင်းကိုချစ်တယ်..."
ကိုးခုမြောက်တောင်မြေအောက်ကမ္ဘာက ကြာပန်းဟုတ်လား။ ကိုးခုမြောက်တောင်မြေအောက် ကမ္ဘာ... အံ့ဖွယ်တောင်က ကောလဟလ မဟုတ်ဘူးလား။ ကောလဟလမဟုတ်ပဲ တကယ်ပဲလား။
ကြာပန်းနက်...
လောကအသေးသို့ဝင်ရန် တံခါးတွင်လက်တင်လိုက်ချိန်က ကြာပန်း နက်သည် မြစ်ပေါ်တွင် ပေါ်လာသည်ကို တွေးမိသည်။
အဇူရာဧကရာဇ်ရဲ့ ချစ်သူမိန်းကလေးက ကြာပန်းနက်လား။
သူမ ထိုအကြောင်းတွေကို မကြေညက်ခင်မှာပင် ပုံသည် ရုတ်တရက် ပြောင်းသွားပြီး ပတ်ဝန်းကျင်သည် နောက်တစ်ကြိမ်ပြောင်းသွားသည်။ ထိုသည်မှာ သူတို့၏ အပြုအမူများကို အနည်း ငယ်စီပြသွားသည်နှင့်တူသည်။
ယူယူသည် ယူယူ့၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည်။ သူမသည် သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေရာ သူတို့၏ ပျော်ရွှင်မှုများ၊ ခါးသီးမှုများ၊ ချိုမြိန်မှုများနှင့် စိတ်ပျက်ဖွယ်ရာ အခိုက်အတန့် များကို ခံစားရလေသည်။
အဇူရာသည် မိုရှားနှင့် ရုပ်တူသည်ကိုကြည့်ပြီး သူမသည် သူ့အကြောင်း ကိုတွေးမိသည်။
မိုရှားသာဆိုလျှင် ဒီလိုပဲဖြစ်မလး။ သူ ဒီလိုပုံစံမျိုးကိုလုပ်ပါ့မလား....
"ယူယူ"
အဇူရာခေါ်လိုက်ရာ ယူယူ၏ အတွေးများပြန်ရုတ်သိမ်းသွားသည်။
သူမ ကြည့်လိုက်ရာ ကောင်းကင်ခွဲနတ်ဆိုးဓားသည် နီးသထက်နီး လာသည်နှင့် သွားတွေ့ သည်။
ရွှီး
ကောင်းကင်ခွဲဓားသည် ယူယူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကာ သူမသည် လက်ဖြင့် ဓားကို ဆုပ်ကိုင်လိုက်သည်။ လက်တစ်ဖက်ဖြင့် သူမကို တိုက်ခိုက်သူကို ပြန်တိုက်ခိုက်ကာ ထိုလူအားရင်ဘတ် ကန်လိုက်ခြင်းသဖြင့် ထိုလူသည်နေရာတွင် ပွဲချင်းပြီးလေသည်။
"ယူယူ" အဇူရာသည် သူမဘေးပျံလာကာ ဖက်လိုက်သည်။ သူမ၏ သွေးအမည်းများသည် သူ့ ပေါ်သို့စီးဆင်းသွားသည် "ယူယူ ယူယူ မကြောက်နဲ့ ကိုယ်မင်းကို အခုပဲကုပေးမယ် အဆင်ပြေသွားမှာ ပါ"
သူသည် သူမအား နှစ်သိမ့်သော်လည်း သူ၏ နှုတ်ခမ်းများသည် အဆက်မပြတ်တုန်ယင်နေ သည်။
ယူယူသည် သူ့လက်အားဆုပ်ကိုင်ပြီး နောက်လက်တစ်ဖက်ဖြင့် သူ့မျက်နှာအား နူးညံ့စွာ ကိုင်တွယ်ချင်မိသည်။ သို့သော် သူမ လက်မှာ လမ်းတစ်ဝက်သာရောက်သေးကာ ဆက်လှမ်းရန် အားအင်မရှိတော့ပေ။
"ယူယူ..."
အဇူရာသည် သူမလက်အားဆုပ်ကိုင်ကာ သူကိုယ်တိုင်ပင် ထိတွေ့ခွင့်ပေးလိုက်သည်။
သူမ သူ့မျက်နှာအားထိတွေ့လိုက်ချိန်တွင် ပြုံးလိုက်သည်။
"အဇူရာ..." ယူယူ၏ နှုတ်ခမ်းထောင့်တွင် သွေးအမည်းများ စတင် စီးဆင်းလာသည်။
"ယူယူ စကားမပြောနဲ့" အဇူရာသည် သူမပါးစပ်မှ သွေးများစီး လာသည်ကိုတွေ့သောအခါ အော်ပြီးသူမကို တားလေသည် "ယူယူ မပြောနဲ့ ကိုယ် မင်းကိုတောင်းပန်ပါတယ်..."
မျက်ရည်များသည် ယူယူ၏ မျက်လုံးများမှ ကျဆင်းလာသည်။ သူမ သည် မျက်ရည်ကျ တော့မည့် သူ့အားကြည့်လိုက်သည်။ သူမ၏ မျက်လုံးများ သည်လည်း သူ့အတိုင်းပင် ပူဆွေးနေသည်။ သို့သော် သူမ ပြောရမည့် စကားများရှိနေသေးသည်။
"အဇူရာ ဝမ်းမနည်းပါနဲ့ ရှင်သိပါတယ် ကောင်းကင်ခွဲနဲ့ အသတ်ခံရ တဲ့လူတစ်ယောက်က အသက်မရှင်နိုင်ဘူး" သူမသည် အားတင်းကာ သူ့အားပြုံးပြလိုက်သည်။ သို့သော် သူမအပြုံးသည် ခြောက်သွေ့ လွန်းသည်။
"ယူယူ ကိုယ် မင်းအတွက်နည်းလမ်းရှာမယ် သေချာပေါက်မင်း ကိုကယ်နိုင်မှာ" အဇူရာ၏ မျက်ရည်များသည် စတင်ကျဆင်းလာသည်။
"စွမ်းအင်တွေ အကုန်မခံပါနဲ့တော့ ကောင်းကင်ခွဲဓားက ခန္ဓာကိုသတ် ပြီး ဝိဉာဉ်ကိုပျောက်ကွယ်စေတယ်၊ ဘယ်သူမှအသက်မရှင်နိုင်ဘူး" ယူယူ သည် နောက်ထပ်သွေးအန်ပြန်သည် "တကယ်တော့ ရှင်အခု ကျွန်မကို ကယ်တာမကယ်တာ အရေးမကြီးတော့ပါဘူး တကယ်လို့ ကျွန်မအသက်ရှင် နိုင်ရင် ကျွန်မ... တစ္ဆေလောကကို...ပြန်ရမယ်၊ ကျွန်မ.. ရှင့်ကိုပြောစရာရှိ တယ်၊ ကျွန်မ...သေသွားပြီးတဲ့ နောက်ပိုင်းမှာ... တစ်ယောက်နဲ့ တစ်ယောက်.. မေ့လိုက်ရအောင်"
"မဖြစ်ဘူး မဖြစ်ဘူး ကိုယ်မင်းကိုမမေ့ချင်ဘူး၊ ကိုယ်မင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး ကိုယ်တို့ တစ်သက်လုံးအတူရှိသွားမယ်" သူမ၏ အေးစက်သောခန္ဓာကိုယ်ကို အဇူရာသည် ဖက်ထားပြီး မျက်ရည်များ ဖြင့် နွေးထွေးစေသည်။
"အဇူရှာ ရှင့်ကိုတွေ့ရတာ ချစ်ရတာက... ကျွန်မ ဘဝရဲ့ အကောင်း ဆုံးအပိုင်းပါပဲ၊ ရှင့်ကို အဖော်ပြုဖို့အတွက် အစတုန်းက ကျွန်မဝိဉာဉ်ကို ထားပေးချင်ခဲ့တာ" ယူယူသည် ခေါင်းငုံ့ကာ သူမ ကိုယ်တွင် စိုက်ဝင်နေသော ကောင်းကင်ခွဲဓားကို ကြည့်လိုက်သည်။ "ကောင်းကင်ခွဲက ခွင့်မပြုတာတော့ နှမြောစရာပဲ၊ ဒီဓားနဲ့အသတ်ခံရတဲ့လူက ဝိဉာဉ်ပါဆုံးရှုံးသွားတယ်၊ တောင်းပန်ပါတယ် ကျွန်မ.. ရှင်နဲ့အတူမနေနိုင်တော့ဘူး"
"မင်းဝိဉာဉ်ကို ပျောက်ကွယ်ခွင့်မပေးနိုင်ဘူး"
အဇူရာသည် သူမကိုချီကာ သမားတော်ဆီခေါ်သွားလိုသော်လည်း သူမ တားလိုက်သည်။
သူ ခေါင်းကိုအားနည်းစွာ ရမ်းလိုက်ပြီး "အဇူရာ အားအကုန် မခံပါနဲ့တော့ အသုံးမဝင်တော့ဘူး ဒီကျန်တဲ့အချိန်လေးကို ကျွန်မနဲ့အဖော်ပြု ပေးပါ၊ ကျွန်မတစ်ယောက်တည်းမဖြစ်ချင်ဘူး ကျွန်မနဲ့ နေပေးပါ"
"ယူယူ..."
ရှီမယူယူသည် အဇူရာ၏ မျက်ရည်များ နှာခေါင်းနှင့် မျက်လုံးမှ စီးကျလာသည်ကို ကြည့်နေခဲ့ သည်။ သူတကယ်ပဲ...ရုပ်ဆိုးတာပဲ။
"အဲအမှောင်နေရာကိုပြန်ရတာနဲ့ယှဉ်ရင် ဒီလိုမျိုးကိုကြိုက်တယ်၊ ရှင့် လက်ထဲမှာ ထွက်သွားရ မှာ ရှင်ကျွန်မကိုပို့ပေးတာ" ယူယူ ပြုံးလိုက်သည်။
"ယူယူ ကိုယ်မင်းနဲ့တစ်သက်လုံးနေပေးမယ်"
"ကျွန်မ သိတယ် ရှင့်ကိုယုံပါတယ်" ယူယူသည် လက်ကိုညင်သာစွာ ပြန်ရုတ်ကာ ကောင်းကင်ခွဲ ဓားပေါ်သို့ လက်နှစ်ဖက်လုံးတင်ကာ ပြောလေ သည် "ကျွန်မလည်း ရှင်နဲ့တစ်သက်လုံးအဖော်ပြုပေး ချင်ပါတယ် ဒါပေမဲ့ ဒါကမဖြစ်နိုင်ဘူး၊ ကျွန်မ မသေချင်တစ်ခုခုလုပ်ချင်တယ်"
"ယူယူ ဘာလုပ်ချင်တာလဲ ကိုယ်ကူညီမယ်...."
"ရှင်မကူညီနိုင်ဘူး" ယူယူသည် သူ့ကိုမကြည့်နိုင်တော့ပေ "ရှင်ဒီဓားကို အမြစ်ဖြတ်ချင်တယ်ဆိုတာ ကျွန်မသိတယ် ဒါပေမဲ့ ရှင်က အဲလောက် အားမကောင်းဘူး၊ ပြီးတော့ ဒီဓားကို တခြားသူတွေ ကို မထိခိုက်စေချင်ဘူး၊ ဒီဓားကို ချိပ်ပိတ်ဖို့ ကျွန်မကူညီပေးခဲ့မယ်၊ ရှင်ဧကရာဇ်အဆင့် ကျော်ပြီ ဆိုတာနဲ့ ဒီဓားကို အပြတ်ရှင်းလိုက်ပါ၊ ဒီဓားကိနှစ်တစ်ထောင်ချိပ်ပိတ်ဖို့ အတွက် ကျွန်မရှင့်ကိုကူညီပေးခဲ့မယ်၊ အဲအချိန်ကျရင် ရှင်ဧကရာဇ်အဆင့် ရောက်မယ်လို့ကျွန်မယုံတယ်"
"ယူယူ ယူယူ မင်းဘာလုပ်ချင်တာလဲ" အဇူရာသည် သူမလက်များကို စိုးရိမ်စွာ ဆုပ်ကိုင်ပြီး ဘာမှလုပ်ခွင့်မပေးပေ။
ယူယူသည် သူမလက်များကိုရုန်းထွက်ပြီး ကောင်းကင်ခွဲကို ဆုပ်ကိုင် လိုက်သည်။ ထို့နောက်တွင် သူမသည် သူ့အားပြန်ကြည့်ပြီး သူ၏ ပုံရိပ်ကို သူမဦးနှောက်ထဲမှ တစ်သက်လုံးမြှုပ်နှံလိုက်သည်။
"ကျွန်မသွားပြီးတဲ့အချိန်ကျရင် ရှင်ကောင်းကောင်းအသက်ရှင်ရမယ် အာ..."
သူမသည် သွေးအန်လိုက်ရာ သူမအသက်ဆုံးရှုံးတော့မည်ဟု ခံစားရ သည်။ သူမသည် အဇူရာ အားတွန်းပြီး မတ်တပ်ရပ်လိုက်သည်။ သူမသည် ကောင်းကင်ခွဲဓားကို ဆွဲနှုတ်ပြီး သူမနှလုံးသားဆီသို့ တိုက်ရိုက်စိုက်လိုက် သည်။
"ကျွန်မ၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်ကိုချုပ်နှောင်ပါတယ်၊ ကိုးခုမြောက် မြေအောက်ကမ္ဘာရဲ့ ဝိဉာဉ်....
အံ့ဖွယ်စွမ်းအားကို ပေးသနားပါ ချိပ်ပိတ်ခြင်း"