နန်းစောရှင်ရဲ့ကျောပြင်တွင် ပုရွက်ဆိတ်အကောင်ထောင်ပေါင်းများစွာ လျှောက်သွားနေသလို တရွရွ။မိုးမရွာမှီ ပူလောင်အိုက်စပ်နေခြင်းက နန်းစောရှင်အတွက် သက်တောင့်သက်သာမရှိ။အိပ်ချင်စိတ်က ကြီးစိုးနေတာကြောင့် နန်းစောရှင် မျက်လုံးမဖွင့်ဘဲ ကျောပြင်ကိုအသာ လှမ်းကုတ်လိုက်သည်။
ဗညားသတိုး နန်းစောရှင်ရဲ့လှုပ်ရှားမှုကြောင့် ဆတ်ခနဲ နိုးလာသည်။ဗညားသတိုး နန်းစောရှင်ရဲ့နှဖူးကို စမ်းလိုက်သည်။နန်းစောရှင်ရဲ့ကေသာက ချွေးတို့ဖြင့် စိုစွတ်နေသည်။
"အိုက်လေလို့လား အမောင့်အချစ်"
"အင်း ကျောကယားလို့"
"အင်းအင်း"
ဗညားသတိုး နန်းစောရှင်ရဲ့ကိုယ်ဝတ်အင်္ကျီအောက် လက်လျှိုဝင်လိုက်သည်။လက်ဖဝါးမှတဆင့် ခံစားမိသည့်အဖုသေးသေးလေးတွေက ဗညားသတိုးအတွက် စိတ်မချမ်းသာစရာ။
"မိတ်တွေ ပေါက်တာထင်တယ်"
"အင်း"
ဗညားသတိုး ထကာယပ်တောင်တစ်ချောင်းကို ယူလိုက်ပြီး အသာအယာခတ်လိုက်သည်။
"အမောင့်အချစ် အိပ်အိပ် အမောင်ပွတ်ပေးမယ်"
"အင်း"
ဗညားသတိုး ညာလက်က ယပ်ခတ်ကာ ဘယ်လက်က နန်းစောရှင်ရဲ့အင်္ကျီအောက် လက်လျှိုဝင်ပြီး ကျောပြင်ကို အသာအယာပွတ်ပေးသည်။အေးမြမြယပ်လေနှင့် ယားယံမှုကသက်သာသွားတာကြောင့် နန်းစောရှင် အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေဖြင့် အိပ်ပျော်သွားလေသည်။
တစ်ချက်တစ်ချက်နိုးလာတိုင်းလည်း ယပ်လေအေးကို နန်းစောရှင် ခံစားရနေလျက်။
နံနက်စောစောအချိန်တွင် နန်းစောရှင် နိုးလာ၏။အိပ်ယာထဲတွင်တော့ ဗညားသတိုးကို မတွေ့ရ။နန်းစောရှင် ကိုယ်ပေါ်ခြုံထားသည့်ချည်စောင်လေးကို ခေါက်ပြီးအိမ်အောက်ဆင်းလာသည်။အိမ်ရှေ့ကံ့ကော်ပင်ကြီးအောက် ကွပ်ပျစ်ပေါ်တွင် ဗညားသတိုးကိုတွေ့ရသည်။
ဗညားသတိုးက သနပ်ခါးသွေးနေလေသည်။နန်းစောရှင် ဗညားသတိုးကိုမြင်မှပြုံးကာ ဗညားသတိုးထံ လျှောက်သွားပြီး ကွပ်ပျစ်ပေါ်ထိုင်လိုက်သည်။
ကျောက်ပျဉ်ပေါ် ကြည့်လိုက်တော့ သနပ်ခါးရောင်လို ဝါညစ်ညစ်အရောင်ကိုမတွေ့ရဘဲ ရွှံ့အရောင်ကိုသာ တွေ့ရသည်။
"အမောင် ဘာသွေးနေရော့တာလဲ"
"မန်ကျည်းခေါက်သွေးနေလေတာ အမယ်က မိတ်ပေါက်ရင်မန်ကျည်းခေါက်သွေးလိမ်းပေးရလေတယ်ဆိုလို့ မြနုဆီကကျောက်ပျဉ်ငှားပြီးသွေးနေတာ"
ဗညားသတိုး ရေတချို့ကိုကျောက်ပျဉ်ပေါ် အစက်ချလိုက်ပြီး မန်ကျည်းခေါက်ကို ဆက်သွေးသည်။မန်ကျည်းခေါက်မှထွက်လာသည့်ရွှံ့အရောင် အရည်ခပ်ပျစ်ပျစ်က ကျောက်ပျဉ်ပေါ်တွင်အပြည့်။
"ဘာလို့ အိမ်ပေါ်မှာမသွေးရော့တာလဲ"
"မန်ကျည်းခေါက်သွေးသံကြောင့် အမောင့်အချစ်နိုးသွားမှာစိုးလို့ ညကကောင်းကောင်းအိပ်မပျော်ဘူးမို့လား"
"အမောင်သာအိပ်မပျော်တာ ညကဖြင့်တစ်ညလုံးယပ်ခတ်နေပြီး"
"အမောင်ကနန်းစောရှင်လေးရဲ့ကြင်ယာလေ ပြုစုရပေမှာပေါ့"
"...."
ဗညားသတိုး မန်ကျည်းခေါက်ရည်ကို လက်ညှိုးလေးနှင့်တို့ကာ နန်းစောရှင်ရဲ့ဖြူနုနုနှာခေါင်းကို အသာတို့လိုက်သည်။
"အလို ချစ်စရာကောင်းလိုက်ပါဘိ"
"ကျွန်တော်ကယောကျာ်းသား ချစ်စရာကောင်းပေမလား"
"ချစ်လို့ကို ချစ်စရာကောင်းပေတာပ"
"ဟင်းဟင်း"
နန်းစောရှင်က သဘောတကျရယ်သည်။ဗညားသတိုး နန်းစောရှင်ရဲ့မျက်နှာလေးကို မြတ်မြတ်နိုးနိုးကြည့်ကာ နှဖူးလေးကိုနမ်းလိုက်သည်။
မွ။
"အမောင်"
"သွား ရေသွားချိုးရော့ စဉ့်အိုးထဲအမောင်ရေဖြည့်ထားတယ်"
"ညနေကျချောင်းထဲ ရေသွားချိုးရော့မယ် ရေမဖြည့်လေနဲ့တော့"
"အမောင့်အချစ်သဘောပါဗျား"
နန်းစောရှင် ဗညားသတိုးကိုမနိုင်ပါဘူးဆိုသည့်အကြည့်လေးပေးပြီး ရေသွားချိုးလေသည်။ဗညားသတိုး ကျောက်ပျဉ်ကိုမကာ အိမ်ပေါ်တက်သည်။
အိမ်ပေါ်မတက်လို့မဖြစ်။ကွပ်ပျစ်ပေါ်တွင် မန်ကျည်းခေါက်လိမ်းပေးလိုက်ပါက ချစ်သူရဲ့ကျောပြင်ဖြူနုနုကို တစ်ပါးသူတို့မြင်လေတော့မည်။
နန်းစောရှင် အိမ်ပေါ်တက်လာတော့ ဘုရားစင်ရှေ့တွင် ဗညားသတိုးက တင်ပလ္လင်ခွေထိုင်နေသည်။နန်းစောရှင် ဗညားသတိုးရှေ့တွင် ကျောပေးထိုင်လိုက်သည်။နန်းစောရှင်ရဲ့အပေါ်ပိုင်းက ဗလာကျင်းနေတာကြောင့် ကျောပြင်ဖြူဖြူလေးပေါ်က အနီဖုလေးတွေကို ဗညားသတိုး ရှင်းလင်းစွာမြင်ရသည်။
ဗညားသတိုး ကျောပြင်လေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ဗညားသတိုး ကျောက်ပျဉ်ပေါ်မှ သွေးထားသည့်မန်ကျည်းခေါက်ရည်ပျစ်ပျစ်ကို လက်နှင့်သပ်ယူကာ နန်းစောရှင်ရဲ့ကျောပြင်အနှံ့ လိမ်းပေးသည်။
"လယ်ထဲမသွားဘူးလား အမောင်"
"မိုးကျမှထွန်ရေးချမယ်ဆိုတော့ မိုးစောင့်ရမှာပေါ့"
"အင်း"
ဗညားသတိုး ယပ်ကိုကိုင်ကာ မန်ကျည်းခေါက်ရည်တွေ ခြောက်သွေ့သွားအောင် အသာအယာခတ်လိုက်သည်။
"မိုးရေချိုးရင်တော့ဖြင့် အမောင့်အချစ် မိတ်ကိုက်တာသက်သာမယ်ပ"
"မိုးရွာရင် မိုးရေချိုးလိုက်ပါ့မယ်"
နန်စောရှင် ကိုယ်ဝတ်အင်္ကျီကိုဝတ်ကာ ထလိုက်သည်။
"အမောင် နေ့ခင်းကျတစ်ရေးတစ်မောအိပ်ချေ"
"အမောင့်အချစ်ရော အတူအိပ်လေမယ်လား"
"ဟင့်အင်း ကျွန်တော်က အမယ့်အိမ်မှာနွားစာကျွေးနေပါ့မယ်"
"အဲ့သလိုဆို မအိပ်တော့ပါဘူး"
"ဘာလို့ ညကအိပ်ရေးပျက်ရော့တာကို"
"ချစ်သူမျက်နှာတစ်ရွာထင်ပြီးလိုက်လာခဲ့တာကို လူပျင်းဆိုပြီးပတ်ဝန်းကျင်က ဝိုင်းကဲ့ရဲ့မှဖြင့်"
"ဟား ဟား အမောင်ရယ်"
နန်းစောရှင် မျက်လုံးလေးတွေ ကွေးအောင်ပင် ရယ်လိုက်ပြီး အိမ်အောင်ဆင်းသည်။ဗညားသတိုး နန်းစောရှင်နောက် အလျင်အမြန်လိုက်ပြီး နန်းစောရှင်ရဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"အိမ်ရှေ့တင်ကို လက်ကိုင်ထားမှဖြစ်မှာလား"
"အမောင့်အချစ်ရဲ့လက်ကလေးကို ဘယ်ကိုသွားသွားကိုင်လိုတာ"
"အမြဲတမ်း"
"ဟင့်အင်း ထာဝရပါ"
နန်းစောရှင် ဗညားသတိုးကိုပြုံးကာ ကြည့်ပြီး ဗညားသတိုးရဲ့လက်ကလေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်လေသည်။
ဆုပ်ကိုင်ထားသည့်လက်တစ်စုံဝယ် ချစ်ခြင်းတွေအပြည့်။
"စောငယ်နဲ့သတိုး လာ ထိုင်ကြ နု သည်ကနေ့ဟင်းတွေအမယ်စုံအောင်ချက်ထားတယ် အမယ်ကတော့ ရွာဘုန်းကြီးကျောင်းသွားလေရဲ့"
ဗညားသတိုးနှင့်နန်းစောရှင် မြနုကထမင်းဝိုင်းကို အဆင်သင့်ပြင်ထားတာကြောင့် ဝင်ထိုင်လိုက်သည်။နှစ်ယောက်သား မြေအင်တုံထဲတွင် လက်ဆေးသည်။မြနုက ဘေးမှထိုင်ကာ ယပ်ခတ်နေရင်း နန်းစောရှင်ရဲ့ပန်းကန်ထဲခရမ်းချဉ်သီးချက် တစ်ဇွန်းထည့်ပေးသည်။
"စောငယ် စား နု ရေပိုးကိုသေချာချက်ထားတာ"
နန်းစောရှင် ထမင်းနှင့်ခရမ်းချဉ်သီးချက်ကို တစ်လုတ်စားလိုက်သည်။ခရမ်းချဉ်သီးချက်ထဲမှ အသားနုတ်နုတ်စင်းပြီး ထည့်ထားသည့်အရသာလေးရနေတာကြောင့် နန်းစောရှင် ဗညားသတိုးပန်းကန်ထဲ တစ်ဇွန်းထည့်ပေးလိုက်သည်။
"စားလို့ကောင်းသား ဘာသားထည့်ထားတာလဲမြနု"
"ရေပိုးလေ"
"ရေပိုး"
ဗညားသတိုးနှင့်နန်းစောရှင် နားမလည်သလို မြနုကို ကြည့်တော့မြနုကလက်ထဲကယပ်ကို ဘေးချလိုက်ပြီး လက်ခုပ်တစ်ချက်တီးသည်။
"ဟုတ်ပေသား စောငယ်နဲ့သတိုးကနန်းတော်ကဆိုတော့ ရေပိုးဘယ်စားဖူးမတုန်း ရေပိုးဆိုတာအင်း ရေထဲမှာနေတဲ့ယင်ကောင်လိုအကောင်မျိုး"
"ယင်ကောင်"
နန်းစောရှင်ရဲ့မျက်နှာလေးက ရှုံ့မဲ့သွားသည်။မြနုကတော့ အားရပါးရဆက်ပြောလေသည်။မြနုက နန်းစောရှင်တို့နှင့်စတွေ့တုန်းကလို ရှက်ရွံ့သည့်လုံမပျိုအသွင် မဟုတ်တော့ဘဲ သွေးရင်းနှမသဖွယ် ပြုမူတတ်နေလေပြီ။
"အို ယင်ကောင်တော့ဘယ်ဟုတ်မလဲ ရေထဲနေလေတာ ယာဉ်တွန်းနဲ့ဖမ်းပြီးတော့ထောင်းပြီးချက်ထားရတာ စောငယ်ရဲ့ အရသာကလေးပြီးချိုနေရော"
နန်းစောရှင် မြနုစကားကောင်းနေတုန်း ပန်းကန်ထဲက ခရမ်းချဉ်သီးချက်တွေကို ဗညားသတိုးပန်းကန်ထဲ ထည့်ပေးလိုက်သည်။ဗညားသတိုး နန်းစောရှင်ရဲ့အပြုအမူလေးကြောင့် သဘောတကျပြုံးပြီး ဆက်စားလိုက်သည်။
နန်းစောရှင် စားပွဲပေါ်က အသားကြော်ပန်းကန်ထံ လက်လှမ်းလိုက်သည်။အသားကြော်လေးတစ်တုံးကို ပါးစပ်ထဲထည့်ကာ ဝါးလိုက်တော့ နန်းစောရှင်ရဲ့မျက်နှာလေးက တဖန်ပြန်ပြုံးလာသည်။သည်ရွာရောက်ထဲက အသားမစားရတာကြာပြီဖြစ်တာကြောင့် နန်းစောရှင် ပါးစပ်ထဲက အသားချိုချိုလေးကို အရသာခံနေလိုက်သည်။
"ရွာမှာက မြွေပွေးတွေက တယ်ဆိုးတာ စောငယ်ရဲ့"
စကားလမ်းကြောင်းမသင့်သည့်မြနုရဲ့စကားကြောင့် ဗညားသတိုးရော နန်းစောရှင်ပါ မြနုကိုပြိုင်တူ ကြည့်လိုက်သည်။မြနုက ယပ်ကိုအသာအယာပြန်ခတ်လိုက်ပြီး ပြောသည်။
"လင်းမြွေတွေကတော့ သဘောကောင်းတယ် ယခုကြော်ထားတာ လင်းမြွေသားလေ"
နန်းစောရှင် မြိုချမည်ဘထမင်းလုတ်က လည်တွင်တစ်ဆို့သွားသည်။သည်တစ်ခါတော့ ဗညားသတိုးရဲ့လက်တွေပါ လေထဲတွင် ရပ်တန့်သွားသည်။
မြနု သတိုးနှင့်စောငယ်ရဲ့အမူအယာကြောင့် ကပြာကယာရှင်းပြလိုက်သည်။
"အို လင်းမြွေကအဆိပ်မရှိဘူး ရိုက်သတ်ပြီးတာနဲ့ မီးမြှိုက်ပြီးအရည်ခွံဆုတ် ကြော်ထားတာ"
"မြနု ကိုယ်တိုင်ရိုက်ထားတာလား"
နန်းစောရှင်က အံ့ဩတကြီးမေးလိုက်သည်။
"ဟုတ်ပတော် မနေ့ညကအိမ်ထဲဝင်လာတာနဲ့ ဟင်းစားရပြီဆိုပြီး ရိုက်လိုက်တာ"
မြနုက ကြွားဝါဟန် ဆက်ပြောသည်။လေသံက ချီးကျူးခံရလိုသည့်သဘောလေး ထင်ဟပ်နေသည်။
နန်းစောရှင် ပါးစပ်ထဲက တမင်းလုတ်ကိုမနည်းမြိုချပြီး မြေအင်တုံထဲ လက်ဆေးလိုက်သည်။မည်မျှပင်ရဲစွမ်းသတ္တိရှိသည့်စစ်သည်ယောကျာ်းသားဖြစ်ပါစေ မြွေသားတော့မစားရဲ။သည်ကနေ့တော့ဖြင့် ထမင်းဝဖို့ရာ လမ်းမမြင်တော့ပြီ။ဗညားသတိုးလည်း လက်ဆေးပြီးပဝါကြမ်းနှင့် လက်သုတ်ကာ အကြမ်းရည်ခွက်ကို ကောက်ကိုင်ကာမော့ချလိုက်သည်။
'ဘယ်နှယ့် လင်းမြွေကသဘောကောင်းလို့ ရိုက်ပြီးချက်လိုက်သတဲ့ ဆန်းပြားပါဘိ'
______
ကောင်းကင်တွင် မိုးသားတိမ်လိပ်တို့က နေရာယူလာသည်။ညို့မှိုင်းလာသည့်ကောင်းကင်ကြီးကြောင့် စစ်ကိုးပင်ရွာသားတို့က ထွန်ရေးကိုင်ကြတော့သည်။ဗညားသတိုး ထွန်တုံးကိုကိုင်ပြီး နန်းစောရှင်က နွားတစ်ရှဉ်းကိုဆွဲကာ လယ်ကွက်ထံသွားသည်။
မိုးဦးမိုးပေါက်တွေက မြေကြီးပေါ်သက်ဆင်းလာပြီး ကမ္ဘာမြေကြီးက စိုစွတ်သွားသည်။မြေပြင်ပေါ် မိုးစက်တို့ညကြွေကျတော့ မြေသင်းနံ့က ဗညားသတိုးနှင့်နန်းစောရှင်တို့ကို ရစ်ပတ်ကျီစယ်သွားလေသည်။
ဗညားသတိုး နွားနှစ်ကောင်ကို ထမ်းပိုးတင်ကာ ထွန်တုံးနှင့်တွဲဆက်သည်။နန်းစောရှင် ကိုယ်ဝတ်အင်္ကျီကိုချွတ်ကာ ထနောင်းပင်ကိုင်းပေါ် တင်ပြီး ဗညားသတိုးလက်ထဲက နှာဖားကြိုးကိုဆွဲယူကာ ထွန်တုံးပေါ် ခြေတင်လိုက်သည်။နန်းစောရှင် ပုဆိုးကိုခပ်တိုတိုဝတ်ထား၍ မိုးစက်တွေကြားမှာပင် ငွေခြေချင်းကပြိုးပြိုးပြက်ပြက်။
ဖိနပ်မပါသည့်ခြေထောက်အစုံကြောင့် ခြေဖမိုးဖြူဖြူ၊ခြေသလုံးဖြူဖြူလေးက ရွှံ့တွေပေကျံသွားသည်။
"ကျွန်တော် ထွန်ရေးချပါ့မယ်"
"အမောင် လုပ်မယ် အမောင့်အချစ်ကအပင်အောက်မှာနေ"
"ကျွန်တော်ကမိုးရေချိုးရပေမှာဘဲ အမောင်သာနားနားနေနေ နေပါရော့"
နန်းစောရှင် ခြေနှစ်ဖက်လုံးကို ထွန်တုံးပေါ် တင်လိုက်သည်။နှာဖားကြိုးကိုဆွဲကာ နွားနှစ်ကောင်ကို နှင်တံတို့မည်လုပ်တော့ ဗညားသတိုးကလည်း ထွန်တုံးပေါ်ခြေတင်လာသည်။နန်းစောရှင် ကျောပြင်က ဗညားသတိုးရင်ပြင်ကျယ်ကြီးနှင့်ထိကပ်နေပြီး ဗညားသတိုးရဲ့ရင်ခွင်မှ အနွေးငွေ့လေးရနေသည်။
"အမောင် ဆင်းးး"
"မဆင်းဘူး"
ဗညားသတိုးက ပြောကာ နန်းစောရှင်လက်ထဲကနှင်တံကို ဆွဲယူပြီး နွားနှစ်ကောင်ကို နှင်တံတို့လိုက်သည်။နွားနှစ်ကောင်က ခြေလှမ်းတွေကို စတင်လိုက်ပြီး ထွန်တုံးက စတင်ရွေ့လျားလာသည်။နန်းစောရှင်နှင့်ဗညားသတိုး နှစ်ယောက်လုံးက ထွန်တုံးပေါ်တွင် ရပ်ကာ ထွန်စီးသည်။နန်းစောရှင်ရဲ့ဘယ်လက်က နှာဖားကြိုးကိုကိုင်ပြီး ညာလက်က အထိန်းကိုကိုင်သည်။ဗညားသတိုးကတော့ ညာလက်ဖြင့်နှင်တံကိုကိုင်ကာ ဘယ်လက်ဖြင့်နန်းစောရှင်ရဲ့ခါးကို ဖက်ထားသည်။
"အမောင် နွားတွေပန်းမှာပေါ့"
"အလို နွားဖြစ်ပြီးအမောင်တို့နှစ်ယောက်ကိုတောင် မသယ်နိုင်ရင် ဘယ်နှယ့်နွားပီသတော့မတုန်း"
"မဆီမဆိုင်"
မိုးရေစက်တွေက နန်းစောရှင်နှင့်ဗညားသတိုး တစ်ကိုယ်လုံးကိုရွှဲရွှဲစိုစေပြီး ထယ်ထိုးထားလို့ လှန်တက်နေသည့်မြေသားတွေက ထွန်သွားကြောင့် ကြေမွသွားသည်။နွားနှစ်ကောင်ကအားသန်တာကြောင့် ယောကျာ်းသားနှစ်ယောက်ထွန်စီးတာတောင် လေးဖင့်ခြင်းမရှိဘဲ လယ်မြေက ညက်ညက်ကြေလေသည်။
ဗညားသတိုး ထွန်စီးနေရင်း နန်းစောရှင်ရဲ့ကုပ်ပိုးဖြူဖြူလေးကို နမ်းသည်။မိုးရေစက်တွေကြောင့် အသားအရည်လေးက အေးစက်နေပေသည်။
"အမောင် လယ်ထွန်နေရော့တာကို ငြိမ်ငြိမ်နေ"
ဗညားသတိုး နန်းစောရှင်ခါးကို ခပ်တင်းတင်းဖက်ပြီး နန်းစောရှင်ရဲ့ပခုံးပေါ် မေးတင်လိုက်သည်။
"အမောင့်အချစ်"
"ဗျာ"
"ချစ်တယ်"
နန်းစောရှင် အေးမြနေသည့်မိုးစက်တွေက မျက်နှာပေါ်သက်ဆင်းနေတုန်းမှာပင် မျက်နှာတစ်ခုလုံး ပူလောင်လာသလို ခံစားလိုက်ရသည်။မိုးရွာသံတဝေါဝေါကြားမှာပင် ဗညားသတိုးရဲ့အသံကို ရှင်းရှင်းလင်းလင်းကြားရပြီး ဗညားသတိုးရဲ့ဆွဲဆောင်မှုရှိသည့်ဩရှရှအသံကြောင့် နန်းစောရှင် နှလုံးသားတစ်ခုလုံးက ပြင်းပြင်းထန်ထန် ခုန်ပေါက်လာသည်။
"ကျွန်တော်လည်းချစ်ပါတယ်"
"သည်စကားကိုဖြင့် အိမ်ကျမှပြောသင့်တယ်"
"ဘာလို့"
"အမောင့်အချစ်ရဲ့လယ်ကွက်ထဲ အမောင့်ထွန်တုံးချလိုလာရင် ဘယ်နှယ့်လုပ်ရပါ့"
နန်းစောရှင်ရဲ့မျက်နှာတစ်ခုလုံးက ပိုလို့ပူလာကာ မျက်နှာပေါ်ကျရောက်နေသည့်မိုးစက်တွေကြောင့်ပင် အေးမြမသွား။
'သည်အိမ်ရှေ့မင်းဟာလေ သည်ရွာရောက်မှ အရှက်တရားတွေ ကင်းကွာကုန်တယ်ထင်ပါ့'
ဗညားသတိုး နန်းစောရှင်ရဲ့နီရဲနေသည့်နားရွက်လေးကို နမ်းလိုက်သည်။
"အမောင် မိုးရွာနေရော့တာကို"
"အေးစက်တဲ့မိုးစက်တွေက အမောင်ရဲ့အနမ်းတွေကို ငြိမ်းသတ်နိုင်မယ်တဲ့လား"
ဗညားသတိုး အနမ်းတွေဆက်တိုက်ကြဲချသည်။
ထွန်စီးတာလယ်တစ်ကွက်လုံးအနှံ့ ဗညားသတိုးရဲ့အနမ်းတွေလည်း နန်းစောရှင်ကုပ်ပိုးလေး၊နားရွက်လေးနှင့်ပခုံးသားလေးပေါ်အနှံ့။
နန်းစောရှင် ပခုံးသားတွေပေါ်မှ ဗညားသတိုးရဲ့အနမ်းတွေ နွေးထွေးနေတာကို ခံစားရသည်။အနမ်းတွေထဲတွင် ချစ်မြတ်နိုးမှုတွေ ပျော်ဝင်နေပြီး နှလုံးသားထဲထိ နွေးထွေးစေသည်။
မိုးရေစိုသည့်အနမ်းတွေက သာမာန်ထက် ရင်ခုန်စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်သည်ထင်။
နန်းစောရှင် ဗညားသတိုးလက်ထဲက နှင်တံကိုလှမ်းယူလိုက်ပြီး နွားနှစ်ကောင်ကို အသာတို့လိုက်သည်။လက်နှစ်ဖက်လုံးအားသွားပြီဖြစ်သည့်ဗညားသတိုးကတော့ လက်နှစ်ဖက်လုံးကို သုံးကာ နန်းစောရှင် ခါးကိုခပ်တင်းတင်း ဖက်ထားလိုက်လေသည်။
ယောကျာ်းသားနှစ်ယောက်ရဲ့အလေးချိန်ကြောင့်ထွန်သွားက မြေကြီးထဲ ခပ်နက်နက်နှစ်ဝင်သွားပြီး လယ်မြေကပိုလို့ စိစိညက်ညက်ကြေသွားသည်။
လယ်ကွင်းထဲ နောက်ချေးလာပို့သည့်မြနုကတော့ ထွန်တုံးပေါ်မှ လူနှစ်ယောက်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး နောက်ချေးတောင်းလေးက လွှတ်ကျသွားသည်။
ယောက်ကျားသားနှစ်ယောက်က ထွန်တုံးတစ်ခုထဲတွင် ထွန်စီးကာ ချစ်ကြည်နူးတစ်တီတူးနေကြသည်လေ။
_________
မင်းနဲ့သာဆို
ဆင်စီးလည်းအတူ
ထွန်စီးလည်းအတူ
အရာရာအတူပေါ့
အချစ်ရယ်။
ခါးသီးတဲ့လောကဓံတောင်
မင်းအနမ်းတွေကြောင့်
ချိုမြိန်ရတယ်။
_____
နန္းေစာရွင္ရဲ႕ေက်ာျပင္တြင္ ပုရြက္ဆိတ္အေကာင္ေထာင္ေပါင္းမ်ားစြာ ေလွ်ာက္သြားေနသလို တရြရြ။မိုးမရြာမွီ ပူေလာင္အိုက္စပ္ေနျခင္းက နန္းေစာရွင္အတြက္ သက္ေတာင့္သက္သာမရွိ။အိပ္ခ်င္စိတ္က ႀကီးစိုးေနတာေၾကာင့္ နန္းေစာရွင္ မ်က္လုံးမဖြင့္ဘဲ ေက်ာျပင္ကိုအသာ လွမ္းကုတ္လိုက္သည္။
ဗညားသတိုး နန္းေစာရွင္ရဲ႕လႈပ္ရွားမႈေၾကာင့္ ဆတ္ခနဲ ႏိုးလာသည္။ဗညားသတိုး နန္းေစာရွင္ရဲ႕ႏွဖူးကို စမ္းလိုက္သည္။နန္းေစာရွင္ရဲ႕ေကသာက ေခြၽးတို႔ျဖင့္ စိုစြတ္ေနသည္။
"အိုက္ေလလို႔လား အေမာင့္အခ်စ္"
"အင္း ေက်ာကယားလို႔"
"အင္းအင္း"
ဗညားသတိုး နန္းေစာရွင္ရဲ႕ကိုယ္ဝတ္အကႌ်ေအာက္ လက္လွ်ိဳဝင္လိုက္သည္။လက္ဖဝါးမွတဆင့္ ခံစားမိသည့္အဖုေသးေသးေလးေတြက ဗညားသတိုးအတြက္ စိတ္မခ်မ္းသာစရာ။
"မိတ္ေတြ ေပါက္တာထင္တယ္"
"အင္း"
ဗညားသတိုး ထကာယပ္ေတာင္တစ္ေခ်ာင္းကို ယူလိုက္ၿပီး အသာအယာခတ္လိုက္သည္။
"အေမာင့္အခ်စ္ အိပ္အိပ္ အေမာင္ပြတ္ေပးမယ္"
"အင္း"
ဗညားသတိုး ညာလက္က ယပ္ခတ္ကာ ဘယ္လက္က နန္းေစာရွင္ရဲ႕အကႌ်ေအာက္ လက္လွ်ိဳဝင္ၿပီး ေက်ာျပင္ကို အသာအယာပြတ္ေပးသည္။ေအးျမျမယပ္ေလႏွင့္ ယားယံမႈကသက္သာသြားတာေၾကာင့္ နန္းေစာရွင္ အိပ္တစ္ဝက္ႏိုးတစ္ဝက္ အေျခအေနျဖင့္ အိပ္ေပ်ာ္သြားေလသည္။
တစ္ခ်က္တစ္ခ်က္ႏိုးလာတိုင္းလည္း ယပ္ေလေအးကို နန္းေစာရွင္ ခံစားရေနလ်က္။
နံနက္ေစာေစာအခ်ိန္တြင္ နန္းေစာရွင္ ႏိုးလာ၏။အိပ္ယာထဲတြင္ေတာ့ ဗညားသတိုးကို မေတြ႕ရ။နန္းေစာရွင္ ကိုယ္ေပၚၿခဳံထားသည့္ခ်ည္ေစာင္ေလးကို ေခါက္ၿပီးအိမ္ေအာက္ဆင္းလာသည္။အိမ္ေရွ႕ကံ့ေကာ္ပင္ႀကီးေအာက္ ကြပ္ပ်စ္ေပၚတြင္ ဗညားသတိုးကိုေတြ႕ရသည္။
ဗညားသတိုးက သနပ္ခါးေသြးေနေလသည္။နန္းေစာရွင္ ဗညားသတိုးကိုျမင္မွၿပဳံးကာ ဗညားသတိုးထံ ေလွ်ာက္သြားၿပီး ကြပ္ပ်စ္ေပၚထိုင္လိုက္သည္။
ေက်ာက္ပ်ဉ္ေပၚ ၾကည့္လိုက္ေတာ့ သနပ္ခါးေရာင္လို ဝါညစ္ညစ္အေရာင္ကိုမေတြ႕ရဘဲ ရႊံ႕အေရာင္ကိုသာ ေတြ႕ရသည္။
"အေမာင္ ဘာေသြးေနေရာ့တာလဲ"
"မန္က်ည္းေခါက္ေသြးေနေလတာ အမယ္က မိတ္ေပါက္ရင္မန္က်ည္းေခါက္ေသြးလိမ္းေပးရေလတယ္ဆိုလို႔ ျမႏုဆီကေက်ာက္ပ်ဉ္ငွားၿပီးေသြးေနတာ"
ဗညားသတိုး ေရတခ်ိဳ႕ကိုေက်ာက္ပ်ဉ္ေပၚ အစက္ခ်လိုက္ၿပီး မန္က်ည္းေခါက္ကို ဆက္ေသြးသည္။မန္က်ည္းေခါက္မွထြက္လာသည့္ရႊံ႕အေရာင္ အရည္ခပ္ပ်စ္ပ်စ္က ေက်ာက္ပ်ဉ္ေပၚတြင္အျပည့္။
"ဘာလို႔ အိမ္ေပၚမွာမေသြးေရာ့တာလဲ"
"မန္က်ည္းေခါက္ေသြးသံေၾကာင့္ အေမာင့္အခ်စ္ႏိုးသြားမွာစိုးလို႔ ညကေကာင္းေကာင္းအိပ္မေပ်ာ္ဘူးမို႔လား"
"အေမာင္သာအိပ္မေပ်ာ္တာ ညကျဖင့္တစ္ညလုံးယပ္ခတ္ေနၿပီး"
"အေမာင္ကနန္းေစာရွင္ေလးရဲ႕ၾကင္ယာေလ ျပဳစုရေပမွာေပါ႔"
"...."
ဗညားသတိုး မန္က်ည္းေခါက္ရည္ကို လက္ညႇိဳးေလးႏွင့္တို႔ကာ နန္းေစာရွင္ရဲ႕ျဖဴႏုႏုႏွာေခါင္းကို အသာတို႔လိုက္သည္။
"အလို ခ်စ္စရာေကာင္းလိုက္ပါဘိ"
"ကြၽန္ေတာ္ကေယာက်ာ္းသား ခ်စ္စရာေကာင္းေပမလား"
"ခ်စ္လို႔ကို ခ်စ္စရာေကာင္းေပတာပ"
"ဟင္းဟင္း"
နန္းေစာရွင္က သေဘာတက်ရယ္သည္။ဗညားသတိုး နန္းေစာရွင္ရဲ႕မ်က္ႏွာေလးကို ျမတ္ျမတ္ႏိုးႏိုးၾကည့္ကာ ႏွဖူးေလးကိုနမ္းလိုက္သည္။
မြ။
"အေမာင္"
"သြား ေရသြားခ်ိဳးေရာ့ စဉ့္အိုးထဲအေမာင္ေရျဖည့္ထားတယ္"
"ညေနက်ေခ်ာင္းထဲ ေရသြားခ်ိဳးေရာ့မယ္ ေရမျဖည့္ေလနဲ႔ေတာ့"
"အေမာင့္အခ်စ္သေဘာပါဗ်ား"
နန္းေစာရွင္ ဗညားသတိုးကိုမႏိုင္ပါဘူးဆိုသည့္အၾကည့္ေလးေပးၿပီး ေရသြားခ်ိဳးေလသည္။ဗညားသတိုး ေက်ာက္ပ်ဉ္ကိုမကာ အိမ္ေပၚတက္သည္။
အိမ္ေပၚမတက္လို႔မျဖစ္။ကြပ္ပ်စ္ေပၚတြင္ မန္က်ည္းေခါက္လိမ္းေပးလိုက္ပါက ခ်စ္သူရဲ႕ေက်ာျပင္ျဖဴႏုႏုကို တစ္ပါးသူတို႔ျမင္ေလေတာ့မည္။
နန္းေစာရွင္ အိမ္ေပၚတက္လာေတာ့ ဘုရားစင္ေရွ႕တြင္ ဗညားသတိုးက တင္ပလႅင္ေခြထိုင္ေနသည္။နန္းေစာရွင္ ဗညားသတိုးေရွ႕တြင္ ေက်ာေပးထိုင္လိုက္သည္။နန္းေစာရွင္ရဲ႕အေပၚပိုင္းက ဗလာက်င္းေနတာေၾကာင့္ ေက်ာျပင္ျဖဴျဖဴေလးေပၚက အနီဖုေလးေတြကို ဗညားသတိုး ရွင္းလင္းစြာျမင္ရသည္။
ဗညားသတိုး ေက်ာျပင္ေလးကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိသည္။ဗညားသတိုး ေက်ာက္ပ်ဉ္ေပၚမွ ေသြးထားသည့္မန္က်ည္းေခါက္ရည္ပ်စ္ပ်စ္ကို လက္ႏွင့္သပ္ယူကာ နန္းေစာရွင္ရဲ႕ေက်ာျပင္အႏွံ႔ လိမ္းေပးသည္။
"လယ္ထဲမသြားဘူးလား အေမာင္"
"မိုးက်မွထြန္ေရးခ်မယ္ဆိုေတာ့ မိုးေစာင့္ရမွာေပါ႔"
"အင္း"
ဗညားသတိုး ယပ္ကိုကိုင္ကာ မန္က်ည္းေခါက္ရည္ေတြ ေျခာက္ေသြ႕သြားေအာင္ အသာအယာခတ္လိုက္သည္။
"မိုးေရခ်ိဳးရင္ေတာ့ျဖင့္ အေမာင့္အခ်စ္ မိတ္ကိုက္တာသက္သာမယ္ပ"
"မိုးရြာရင္ မိုးေရခ်ိဳးလိုက္ပါ႔မယ္"
နန္ေစာရွင္ ကိုယ္ဝတ္အကႌ်ကိုဝတ္ကာ ထလိုက္သည္။
"အေမာင္ ေန႔ခင္းက်တစ္ေရးတစ္ေမာအိပ္ေခ်"
"အေမာင့္အခ်စ္ေရာ အတူအိပ္ေလမယ္လား"
"ဟင့္အင္း ကြၽန္ေတာ္က အမယ့္အိမ္မွာႏြားစာေကြၽးေနပါ႔မယ္"
"အဲ့သလိုဆို မအိပ္ေတာ့ပါဘူး"
"ဘာလို႔ ညကအိပ္ေရးပ်က္ေရာ့တာကို"
"ခ်စ္သူမ်က္ႏွာတစ္ရြာထင္ၿပီးလိုက္လာခဲ့တာကို လူပ်င္းဆိုၿပီးပတ္ဝန္းက်င္က ဝိုင္းကဲ့ရဲ႕မွျဖင့္"
"ဟား ဟား အေမာင္ရယ္"
နန္းေစာရွင္ မ်က္လုံးေလးေတြ ေကြးေအာင္ပင္ ရယ္လိုက္ၿပီး အိမ္ေအာင္ဆင္းသည္။ဗညားသတိုး နန္းေစာရွင္ေနာက္ အလ်င္အျမန္လိုက္ၿပီး နန္းေစာရွင္ရဲ႕လက္ကေလးကို ဆုပ္ကိုင္လိုက္သည္။
"အိမ္ေရွ႕တင္ကို လက္ကိုင္ထားမွျဖစ္မွာလား"
"အေမာင့္အခ်စ္ရဲ႕လက္ကေလးကို ဘယ္ကိုသြားသြားကိုင္လိုတာ"
"အၿမဲတမ္း"
"ဟင့္အင္း ထာဝရပါ"
နန္းေစာရွင္ ဗညားသတိုးကိုၿပဳံးကာ ၾကည့္ၿပီး ဗညားသတိုးရဲ႕လက္ကေလးကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္ေလသည္။
ဆုပ္ကိုင္ထားသည့္လက္တစ္စုံဝယ္ ခ်စ္ျခင္းေတြအျပည့္။
"ေစာငယ္နဲ႔သတိုး လာ ထိုင္ၾက ႏု သည္ကေန႔ဟင္းေတြအမယ္စုံေအာင္ခ်က္ထားတယ္ အမယ္ကေတာ့ ရြာဘုန္းႀကီးေက်ာင္းသြားေလရဲ႕"
ဗညားသတိုးႏွင့္နန္းေစာရွင္ ျမႏုကထမင္းဝိုင္းကို အဆင္သင့္ျပင္ထားတာေၾကာင့္ ဝင္ထိုင္လိုက္သည္။ႏွစ္ေယာက္သား ေျမအင္တုံထဲတြင္ လက္ေဆးသည္။ျမႏုက ေဘးမွထိုင္ကာ ယပ္ခတ္ေနရင္း နန္းေစာရွင္ရဲ႕ပန္းကန္ထဲခရမ္းခ်ဉ္သီးခ်က္ တစ္ဇြန္းထည့္ေပးသည္။
"ေစာငယ္ စား ႏု ေရပိုးကိုေသခ်ာခ်က္ထားတာ"
နန္းေစာရွင္ ထမင္းႏွင့္ခရမ္းခ်ဉ္သီးခ်က္ကို တစ္လုတ္စားလိုက္သည္။ခရမ္းခ်ဉ္သီးခ်က္ထဲမွ အသားႏုတ္ႏုတ္စင္းၿပီး ထည့္ထားသည့္အရသာေလးရေနတာေၾကာင့္ နန္းေစာရွင္ ဗညားသတိုးပန္းကန္ထဲ တစ္ဇြန္းထည့္ေပးလိုက္သည္။
"စားလို႔ေကာင္းသား ဘာသားထည့္ထားတာလဲျမႏု"
"ေရပိုးေလ"
"ေရပိုး"
ဗညားသတိုးႏွင့္နန္းေစာရွင္ နားမလည္သလို ျမႏုကို ၾကည့္ေတာ့ျမႏုကလက္ထဲကယပ္ကို ေဘးခ်လိုက္ၿပီး လက္ခုပ္တစ္ခ်က္တီးသည္။
"ဟုတ္ေပသား ေစာငယ္နဲ႔သတိုးကနန္းေတာ္ကဆိုေတာ့ ေရပိုးဘယ္စားဖူးမတုန္း ေရပိုးဆိုတာအင္း ေရထဲမွာေနတဲ့ယင္ေကာင္လိုအေကာင္မ်ိဳး"
"ယင္ေကာင္"
နန္းေစာရွင္ရဲ႕မ်က္ႏွာေလးက ရႈံ႕မဲ့သြားသည္။ျမႏုကေတာ့ အားရပါးရဆက္ေျပာေလသည္။ျမႏုက နန္းေစာရွင္တို႔ႏွင့္စေတြ႕တုန္းကလို ရွက္ရြံ႕သည့္လုံမပ်ိဳအသြင္ မဟုတ္ေတာ့ဘဲ ေသြးရင္းႏွမသဖြယ္ ျပဳမူတတ္ေနေလၿပီ။
"အို ယင္ေကာင္ေတာ့ဘယ္ဟုတ္မလဲ ေရထဲေနေလတာ ယာဉ္တြန္းနဲ႔ဖမ္းၿပီးေတာ့ေထာင္းၿပီးခ်က္ထားရတာ ေစာငယ္ရဲ႕ အရသာကေလးၿပီးခ်ိဳေနေရာ"
နန္းေစာရွင္ ျမႏုစကားေကာင္းေနတုန္း ပန္းကန္ထဲက ခရမ္းခ်ဉ္သီးခ်က္ေတြကို ဗညားသတိုးပန္းကန္ထဲ ထည့္ေပးလိုက္သည္။ဗညားသတိုး နန္းေစာရွင္ရဲ႕အျပဳအမူေလးေၾကာင့္ သေဘာတက်ၿပဳံးၿပီး ဆက္စားလိုက္သည္။
နန္းေစာရွင္ စားပြဲေပၚက အသားေၾကာ္ပန္းကန္ထံ လက္လွမ္းလိုက္သည္။အသားေၾကာ္ေလးတစ္တုံးကို ပါးစပ္ထဲထည့္ကာ ဝါးလိုက္ေတာ့ နန္းေစာရွင္ရဲ႕မ်က္ႏွာေလးက တဖန္ျပန္ၿပဳံးလာသည္။သည္ရြာေရာက္ထဲက အသားမစားရတာၾကာၿပီျဖစ္တာေၾကာင့္ နန္းေစာရွင္ ပါးစပ္ထဲက အသားခ်ိဳခ်ိဳေလးကို အရသာခံေနလိုက္သည္။
"ရြာမွာက ေႁမြေပြးေတြက တယ္ဆိုးတာ ေစာငယ္ရဲ႕"
စကားလမ္းေၾကာင္းမသင့္သည့္ျမႏုရဲ႕စကားေၾကာင့္ ဗညားသတိုးေရာ နန္းေစာရွင္ပါ ျမႏုကိုၿပိဳင္တူ ၾကည့္လိုက္သည္။ျမႏုက ယပ္ကိုအသာအယာျပန္ခတ္လိုက္ၿပီး ေျပာသည္။
"လင္းေႁမြေတြကေတာ့ သေဘာေကာင္းတယ္ ယခုေၾကာ္ထားတာ လင္းေႁမြသားေလ"
နန္းေစာရွင္ ၿမိဳခ်မည္ဘထမင္းလုတ္က လည္တြင္တစ္ဆို႔သြားသည္။သည္တစ္ခါေတာ့ ဗညားသတိုးရဲ႕လက္ေတြပါ ေလထဲတြင္ ရပ္တန္႔သြားသည္။
ျမႏု သတိုးႏွင့္ေစာငယ္ရဲ႕အမူအယာေၾကာင့္ ကျပာကယာရွင္းျပလိုက္သည္။
"အို လင္းေႁမြကအဆိပ္မရွိဘူး ႐ိုက္သတ္ၿပီးတာနဲ႔ မီးၿမႇိဳက္ၿပီးအရည္ခြံဆုတ္ ေၾကာ္ထားတာ"
"ျမႏု ကိုယ္တိုင္႐ိုက္ထားတာလား"
နန္းေစာရွင္က အံ့ဩတႀကီးေမးလိုက္သည္။
"ဟုတ္ပေတာ္ မေန႔ညကအိမ္ထဲဝင္လာတာနဲ႔ ဟင္းစားရၿပီဆိုၿပီး ႐ိုက္လိုက္တာ"
ျမႏုက ႂကြားဝါဟန္ ဆက္ေျပာသည္။ေလသံက ခ်ီးက်ဴးခံရလိုသည့္သေဘာေလး ထင္ဟပ္ေနသည္။
နန္းေစာရွင္ ပါးစပ္ထဲက တမင္းလုတ္ကိုမနည္းၿမိဳခ်ၿပီး ေျမအင္တုံထဲ လက္ေဆးလိုက္သည္။မည္မွ်ပင္ရဲစြမ္းသတၱိရွိသည့္စစ္သည္ေယာက်ာ္းသားျဖစ္ပါေစ ေႁမြသားေတာ့မစားရဲ။သည္ကေန႔ေတာ့ျဖင့္ ထမင္းဝဖို႔ရာ လမ္းမျမင္ေတာ့ၿပီ။ဗညားသတိုးလည္း လက္ေဆးၿပီးပဝါၾကမ္းႏွင့္ လက္သုတ္ကာ အၾကမ္းရည္ခြက္ကို ေကာက္ကိုင္ကာေမာ့ခ်လိုက္သည္။
'ဘယ္ႏွယ့္ လင္းေႁမြကသေဘာေကာင္းလို႔ ႐ိုက္ၿပီးခ်က္လိုက္သတဲ့ ဆန္းျပားပါဘိ'
______
ေကာင္းကင္တြင္ မိုးသားတိမ္လိပ္တို႔က ေနရာယူလာသည္။ညိဳ႕မႈိင္းလာသည့္ေကာင္းကင္ႀကီးေၾကာင့္ စစ္ကိုးပင္ရြာသားတို႔က ထြန္ေရးကိုင္ၾကေတာ့သည္။ဗညားသတိုး ထြန္တုံးကိုကိုင္ၿပီး နန္းေစာရွင္က ႏြားတစ္ရွဉ္းကိုဆြဲကာ လယ္ကြက္ထံသြားသည္။
မိုးဦးမိုးေပါက္ေတြက ေျမႀကီးေပၚသက္ဆင္းလာၿပီး ကမၻာေျမႀကီးက စိုစြတ္သြားသည္။ေျမျပင္ေပၚ မိုးစက္တို႔ညေႂကြက်ေတာ့ ေျမသင္းနံ႔က ဗညားသတိုးႏွင့္နန္းေစာရွင္တို႔ကို ရစ္ပတ္က်ီစယ္သြားေလသည္။
ဗညားသတိုး ႏြားႏွစ္ေကာင္ကို ထမ္းပိုးတင္ကာ ထြန္တုံးႏွင့္တြဲဆက္သည္။နန္းေစာရွင္ ကိုယ္ဝတ္အကႌ်ကိုခြၽတ္ကာ ထေနာင္းပင္ကိုင္းေပၚ တင္ၿပီး ဗညားသတိုးလက္ထဲက ႏွာဖားႀကိဳးကိုဆြဲယူကာ ထြန္တုံးေပၚ ေျခတင္လိုက္သည္။နန္းေစာရွင္ ပုဆိုးကိုခပ္တိုတိုဝတ္ထား၍ မိုးစက္ေတြၾကားမွာပင္ ေငြေျခခ်င္းကၿပိဳးၿပိဳးျပက္ျပက္။
ဖိနပ္မပါသည့္ေျခေထာက္အစုံေၾကာင့္ ေျခဖမိုးျဖဴျဖဴ၊ေျခသလုံးျဖဴျဖဴေလးက ရႊံ႕ေတြေပက်ံသြားသည္။
"ကြၽန္ေတာ္ ထြန္ေရးခ်ပါ႔မယ္"
"အေမာင္ လုပ္မယ္ အေမာင့္အခ်စ္ကအပင္ေအာက္မွာေန"
"ကြၽန္ေတာ္ကမိုးေရခ်ိဳးရေပမွာဘဲ အေမာင္သာနားနားေနေန ေနပါေရာ့"
နန္းေစာရွင္ ေျခႏွစ္ဖက္လုံးကို ထြန္တုံးေပၚ တင္လိုက္သည္။ႏွာဖားႀကိဳးကိုဆြဲကာ ႏြားႏွစ္ေကာင္ကို ႏွင္တံတို႔မည္လုပ္ေတာ့ ဗညားသတိုးကလည္း ထြန္တုံးေပၚေျခတင္လာသည္။နန္းေစာရွင္ ေက်ာျပင္က ဗညားသတိုးရင္ျပင္က်ယ္ႀကီးႏွင့္ထိကပ္ေနၿပီး ဗညားသတိုးရဲ႕ရင္ခြင္မွ အေႏြးေငြ႕ေလးရေနသည္။
"အေမာင္ ဆင္းးး"
"မဆင္းဘူး"
ဗညားသတိုးက ေျပာကာ နန္းေစာရွင္လက္ထဲကႏွင္တံကို ဆြဲယူၿပီး ႏြားႏွစ္ေကာင္ကို ႏွင္တံတို႔လိုက္သည္။ႏြားႏွစ္ေကာင္က ေျခလွမ္းေတြကို စတင္လိုက္ၿပီး ထြန္တုံးက စတင္ေရြ႕လ်ားလာသည္။နန္းေစာရွင္ႏွင့္ဗညားသတိုး ႏွစ္ေယာက္လုံးက ထြန္တုံးေပၚတြင္ ရပ္ကာ ထြန္စီးသည္။နန္းေစာရွင္ရဲ႕ဘယ္လက္က ႏွာဖားႀကိဳးကိုကိုင္ၿပီး ညာလက္က အထိန္းကိုကိုင္သည္။ဗညားသတိုးကေတာ့ ညာလက္ျဖင့္ႏွင္တံကိုကိုင္ကာ ဘယ္လက္ျဖင့္နန္းေစာရွင္ရဲ႕ခါးကို ဖက္ထားသည္။
"အေမာင္ ႏြားေတြပန္းမွာေပါ႔"
"အလို ႏြားျဖစ္ၿပီးအေမာင္တို႔ႏွစ္ေယာက္ကိုေတာင္ မသယ္ႏိုင္ရင္ ဘယ္ႏွယ့္ႏြားပီသေတာ့မတုန္း"
"မဆီမဆိုင္"
မိုးေရစက္ေတြက နန္းေစာရွင္ႏွင့္ဗညားသတိုး တစ္ကိုယ္လုံးကိုရႊဲရႊဲစိုေစၿပီး ထယ္ထိုးထားလို႔ လွန္တက္ေနသည့္ေျမသားေတြက ထြန္သြားေၾကာင့္ ေၾကမြသြားသည္။ႏြားႏွစ္ေကာင္ကအားသန္တာေၾကာင့္ ေယာက်ာ္းသားႏွစ္ေယာက္ထြန္စီးတာေတာင္ ေလးဖင့္ျခင္းမရွိဘဲ လယ္ေျမက ညက္ညက္ေၾကေလသည္။
ဗညားသတိုး ထြန္စီးေနရင္း နန္းေစာရွင္ရဲ႕ကုပ္ပိုးျဖဴျဖဴေလးကို နမ္းသည္။မိုးေရစက္ေတြေၾကာင့္ အသားအရည္ေလးက ေအးစက္ေနေပသည္။
"အေမာင္ လယ္ထြန္ေနေရာ့တာကို ၿငိမ္ၿငိမ္ေန"
ဗညားသတိုး နန္းေစာရွင္ခါးကို ခပ္တင္းတင္းဖက္ၿပီး နန္းေစာရွင္ရဲ႕ပခုံးေပၚ ေမးတင္လိုက္သည္။
"အေမာင့္အခ်စ္"
"ဗ်ာ"
"ခ်စ္တယ္"
နန္းေစာရွင္ ေအးျမေနသည့္မိုးစက္ေတြက မ်က္ႏွာေပၚသက္ဆင္းေနတုန္းမွာပင္ မ်က္ႏွာတစ္ခုလုံး ပူေလာင္လာသလို ခံစားလိုက္ရသည္။မိုးရြာသံတေဝါေဝါၾကားမွာပင္ ဗညားသတိုးရဲ႕အသံကို ရွင္းရွင္းလင္းလင္းၾကားရၿပီး ဗညားသတိုးရဲ႕ဆြဲေဆာင္မႈရွိသည့္ဩရွရွအသံေၾကာင့္ နန္းေစာရွင္ ႏွလုံးသားတစ္ခုလုံးက ျပင္းျပင္းထန္ထန္ ခုန္ေပါက္လာသည္။
"ကြၽန္ေတာ္လည္းခ်စ္ပါတယ္"
"သည္စကားကိုျဖင့္ အိမ္က်မွေျပာသင့္တယ္"
"ဘာလို႔"
"အေမာင့္အခ်စ္ရဲ႕လယ္ကြက္ထဲ အေမာင့္ထြန္တုံးခ်လိုလာရင္ ဘယ္ႏွယ့္လုပ္ရပါ႔"
နန္းေစာရွင္ရဲ႕မ်က္ႏွာတစ္ခုလုံးက ပိုလို႔ပူလာကာ မ်က္ႏွာေပၚက်ေရာက္ေနသည့္မိုးစက္ေတြေၾကာင့္ပင္ ေအးျမမသြား။
'သည္အိမ္ေရွ႕မင္းဟာေလ သည္ရြာေရာက္မွ အရွက္တရားေတြ ကင္းကြာကုန္တယ္ထင္ပါ႔'
ဗညားသတိုး နန္းေစာရွင္ရဲ႕နီရဲေနသည့္နားရြက္ေလးကို နမ္းလိုက္သည္။
"အေမာင္ မိုးရြာေနေရာ့တာကို"
"ေအးစက္တဲ့မိုးစက္ေတြက အေမာင္ရဲ႕အနမ္းေတြကို ၿငိမ္းသတ္ႏိုင္မယ္တဲ့လား"
ဗညားသတိုး အနမ္းေတြဆက္တိုက္ႀကဲခ်သည္။
ထြန္စီးတာလယ္တစ္ကြက္လုံးအႏွံ႔ ဗညားသတိုးရဲ႕အနမ္းေတြလည္း နန္းေစာရွင္ကုပ္ပိုးေလး၊နားရြက္ေလးႏွင့္ပခုံးသားေလးေပၚအႏွံ႔။
နန္းေစာရွင္ ပခုံးသားေတြေပၚမွ ဗညားသတိုးရဲ႕အနမ္းေတြ ေႏြးေထြးေနတာကို ခံစားရသည္။အနမ္းေတြထဲတြင္ ခ်စ္ျမတ္ႏိုးမႈေတြ ေပ်ာ္ဝင္ေနၿပီး ႏွလုံးသားထဲထိ ေႏြးေထြးေစသည္။
မိုးေရစိုသည့္အနမ္းေတြက သာမာန္ထက္ ရင္ခုန္စိတ္လႈပ္ရွားမႈကို ေပးစြမ္းႏိုင္သည္ထင္။
နန္းေစာရွင္ ဗညားသတိုးလက္ထဲက ႏွင္တံကိုလွမ္းယူလိုက္ၿပီး ႏြားႏွစ္ေကာင္ကို အသာတို႔လိုက္သည္။လက္ႏွစ္ဖက္လုံးအားသြားၿပီျဖစ္သည့္ဗညားသတိုးကေတာ့ လက္ႏွစ္ဖက္လုံးကို သုံးကာ နန္းေစာရွင္ ခါးကိုခပ္တင္းတင္း ဖက္ထားလိုက္ေလသည္။
ေယာက်ာ္းသားႏွစ္ေယာက္ရဲ႕အေလးခ်ိန္ေၾကာင့္ထြန္သြားက ေျမႀကီးထဲ ခပ္နက္နက္ႏွစ္ဝင္သြားၿပီး လယ္ေျမကပိုလို႔ စိစိညက္ညက္ေၾကသြားသည္။
လယ္ကြင္းထဲ ေနာက္ေခ်းလာပို႔သည့္ျမႏုကေတာ့ ထြန္တုံးေပၚမွ လူႏွစ္ေယာက္ေၾကာင့္ ပါးစပ္အေဟာင္းသား ျဖစ္သြားၿပီး ေနာက္ေခ်းေတာင္းေလးက လႊတ္က်သြားသည္။
ေယာက္်ားသားႏွစ္ေယာက္က ထြန္တုံးတစ္ခုထဲတြင္ ထြန္စီးကာ ခ်စ္ၾကည္ႏူးတစ္တီတူးေနၾကသည္ေလ။
_________
မင္းနဲ႔သာဆို
ဆင္စီးလည္းအတူ
ထြန္စီးလည္းအတူ
အရာရာအတူေပါ႔
အခ်စ္ရယ္။
ခါးသီးတဲ့ေလာကဓံေတာင္
မင္းအနမ္းေတြေၾကာင့္
ခ်ိဳၿမိန္ရတယ္။
_____