ရှန်စကားကြောင့် ယူအာခြေလှမ်းတွေ တုန့်ဆိုင်းသွားသေးတယ်
'နင်ဘယ်လိုလုပ် အ့လိုမေးခွန်း ငါကိုမေးနိုင်တာလဲ?'
မေးခွန်းအဆုံးမှာ ရှန်က သူကိုယ်သူပြန်လည်သုံးသပ်မိလေသည် သူက ကောင်မလေးတယောက်ကို အတင်းနမ်းသေးတယ် ဒီထက်ပိုဆိုးတာလုပ်လို့ရနိုင်တယ်လို့ ခြိမ်းခြောက်တယ် အခုလည်း သူကိုကြိုက်နေလားလို့ မေးနေပြန်တယ်
ယူအာက တိတ်ဆိတ်သွားတဲ့နောက်မှာ လမ်းဆက်လျောက်လေသည် ထိုအချိန်မှာပဲ
"ဖတ်" သူမလက်ကောက်ဝတ်ကနေ ဆွဲခေါ်ခြင်းခံရလေတော့သည်
"မလိုက်ဘူး လွတ်ပါ " ရုန်းနေသော်လည်းမထူး
ရှန်က ကားထဲထိအတင်းထည့်လိုက်ပြီး ကားတံခါးပိတ်လိုက်ပြီဆိုမှ လက်ကိုလွတ်လိုက်သည့်အပြင် သူမဘက်မှ lockပါ ချလိုက်လေတော့သည်
သူက driverခုံမှာ ဝင်ထိုင်ပြီးတဲ့နောက်မှာ ခါးပတ်ပတ်နေလေသည်
"အခု ဒါဖွင့်ပေး" ယူအာက ဒေါသတကြီးပြောလေသည်
"မဖွင့်ပေးဘူး" ရှန်က ခါးပတ်ပတ်ပြီးတဲ့နောက်မှာ ကားစက်နှိုးနေလေသည်
"နင်ကားမမောင်တတ်ဘူးမလား?" ယူအာက လန့်နေသည့်ပုံဖြင့်ပြောလေသည်
"မင်းကငါဖန်လား?" ရှန်က အ့လိုမေးလိုက်သည့်နောက်မှာ ယူအာက တိတ်သွားလေသည်
ကားမောင်းနေရင်း အတော်ကြာပြီးတဲ့နောက်မှာ ရှန်ကစကားစလေသည် "အိမ်ကဘယ်မှာလဲ?"
"မရှိဘူး" ယူအာက ခပ်ပြတ်ပြတ်ပြန်ဖြေလေသည်
"လူဆိုရင်အိမ်ကရှိတယ်လေ"ရှန်က တချက်စောင်းကြည့်ရင်း ပြောလိုက်လေသည်
"ဒီမှာငါအိမ်မရှိဘူး" ယူအာက ခေါင်းခါပြရင်း ဆက်ပြောနေလေသည်
"အဲ့ဒါဆိုရင်လည်း ဘယ်မှာနေမှာလဲ ဒီမှာမရှိဘူးဆိုရင်"
"အခြားကမ္ဘာမှာ" ယူအာက စိတ်ပျက်လက်ပျက်ပြောလိုက်လေသည်
"အခြားကမ္ဘာ ဘယ်ကိုပြောနေတာလဲ ဒါကကမ္ဘာပေါ်မှာပဲလေ ဘာစကား...."
"ပြောလည်းနားလည်မှာမဟုတ်ဘူး ချချင်တဲ့နေရာသာချလိုက်တော့" ယူအာက မကြားတကြားပြောလိုက်ရင်း ကားမှန်ဘက်လှည့်ပြီး ရူခင်းတချို့ကြည့်နေလေသည်
'ဘယ်လိုမိန်းကလေးပဲ စွာလိုက်တာ ကပ်ကပ်လန်လို့'
"သိပြီ" ရှန်က တခွန်းပြောပြီးတဲ့နောက်မှာ ဆက်မောင်းလေသည်
ယူအာက အံ့သြစွာဖြင့် ပြန်ကြည့်ပြီးမှ ပြန်လှည့်သွားပြန်သည် 'ဘယ်ကိုများမောင်းဦးမှာလဲမသိဘူး'
'ငါကြိုက်တဲ့ရှိကိုမောင်းမှာ'
ဆေးရုံခန်းထဲ၌
"ယူဂျွန်းစီနီယာ" ဂျီဝူက ကပိုကရိုနဲ့ ဆေးရုံကိုပြေးလာပုံပေါ်သည်
"အတန်းရော" ယူဂျွန်းက လေသံတိုးတိုးဖြင့်မေးလိုက်သည်
"ထားခဲ့တယ် ယူအာ ယူအာ ရော မေ့လဲသွားတယ်ကြားတယ်"
ယူဂျွန်းမျက်နှာက သုန်မှုန်သွားလေသည် "ဟုတ်တယ် အခန်းထဲက တံခါးပေါက်နားမှာ မေ့လဲနေတာပဲ တော်သေးတယ် အန်တီကတွေ့လို့"
"အခုရော " ဂျီဝူက အခန်းထဲက မှန်ကနေတဆင့် ချောင်းကြည့်လိုက်ရင်း ပြောလေသည်
ဂျီဝူက တံခါးပေါက် အနည်းငယ်ဖွင့်လိုက်လေသည် အခန်းထဲရှိ ကုတင်ပေါ်၌ သူမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ
ဂျီဝူက သူလက်နဲ့ တံခါးပေါက်ကိုပြန်စိလိုက်ရင်း "တခုခုကမှားနေတယ်လို့ အကိုမခံစားရဘူးလား?"
"ဟုတ်တယ် သူဖြစ်နေတာ ဆေးရုံမှာအလုပ်လုပ်ကတည်းက ဆက်တိုက် မေ့လဲပြီး အိပ်ပျော်နေတာ ထူးဆန်းတယ် ထူးဆန်းပေမယ့် အဖြေကို ရှာမတွေ့ဘူး"
"ကျွန်တော်လည်းပဲ"နှစ်ယောက်သား တိတ်ဆိတ်သွားကြလေတော့သည်
အချိန်နည်းနည်းကြာပြီးနောက် "ဒါဆို အကို ကျွန်တော် အတန်းရှိလို့ ပြန်လိုက်ပါဦးမယ်"
"ဟုတ်ပြီ" ယူဂျွန်းက မတင်မကျမျက်နှာထားနဲ့ ဖြေလေသည်
ဂျီဝူက တွန့်ဆုတ်တွန့်ဆုတ် အကြိမ်အနည်းငယ်ဖြစ်ပြီးနောက် "ယူအာကို ဂရုစိုက်ပေးပါဦး ကျေးဇူးတင်ပါတယ်" ဆိုကာ ထွက်သွားလေတော့သည်
ရှန်ကားထိုးလိုက်သည့်အချိန်မှာပဲ ယူအာသိလိုက်ပြီ
သူအိမ်ကိုခေါ်သွားတယ်ဆိုတာကိုပဲ 'ဒီကောင်လေး နဂိုစိတ်ရင်းက မပြောင်းလဲသေးပါလား'
အိမ်ကိုပြုံးကြည့်နေသည့် ယူအာအား ရှန်က အလိုမကျဖြင့် ကြည့်လိုက်ရင်း "ဆင်းလေ"
ယူအာက ကားပေါ်မှ ချက်ချင်းဆင်းလိုက်လေသည် ထိုနောက် ဘာလုပ်ရမှန်းမသိဖြစ်နေလေသည်
ရှန်က ကားနောက်မှပစ္စည်းတခုယူပြီးမှ ထွက်လာလေသည် သူကထွက်လာသော်လည်း ယူအာက ကားတံခါးဘေးမှာရပ်နေတုန်း
"အ့လိုပဲရပ်နေမှာလား?"
"ဝင် ဝင် ဝင် ရမှာလားဟင်?" သူမက ဘာမှမသိသလို ပြန်မေးလေသည်
ရှန်က ရှေ့ကနေ သွားပြီး တံခါးပေါက်သော့ဖွင့်လိုက်လေသည် ယူအာက နောက်မှ ကော် လို ထပ်ချပ်မကွာလိုက်လာလေသည်
ရှန်က သော့ကို စားပွဲခုံပေါ်တင်လိုက်ပြီးနောက် ဧည့်ခန်းမီးအား ထွန်းလိုက်လေသည်
ထိုနောက် သူက သူနောက် ကပ်လိုက်လာသည့် သူမအား လှည့်လိုက်ရင်း "ဒီမှာခဏထိုင်ဦး"လို့ပြောကာ အခန်းထဲဝင်သွားလေသည်
"အင်း အင်း "ယူအာက ပြုံးပြလိုက်ရင်း သူညွန်ပြခဲ့သည့် ထိုင်ခုံပေါ်မှာ ထိုင်ရင်း အိမ်အား ကြည့်နေလေသည်
'အိမ်က မပြောင်းလဲသွားဘူးပဲ ' ပြုံးလိုက်မိလေသည်
"ရော့" နောက်မှအသံထွက်လာပြီးနောက် သူမခုံ လက်တင်သည့်နေရာပေါ်အား အကျီအနွေးထည်တထည်နှင့် အမဲရောင်ဘောင်းဘီရှည်တထည်ခေါက်ပြီးသား ရောက်လာလေသည်
ထိုနောက် သူက ဆေးဗူးယူလာပြီး ခုံပေါ်တင်လိုက်လေသည်
"ဘာလုပ်မလို့လဲ?" ယူအာက လန့်သွားလေသည်
"ခုနကခိုက်မိထားတာပြကြည့်" သူကခြေထောက်ကို ထိုးပြလေသည်
သူမကကြောင်သွားလေသည် သူကဘယ်လိုများ မြင်လိုက်တာလဲ ထိုအချိန်၌ ရှန်က ဆေးဗူးထဲက ဆေးတွေရှာပြီးနောက် စားပွဲခုံပေါ်တင်လိုက်လေသည်
"ဆေးငါဘာသာထည့်လိုက်ပါ့မယ်" ယူအာက ဆေးဘူးယူရန် ကြိုးစားသော်လည်း မမှီလိုက်
ရှန်က အရက်ပြန်ကို ဂွမ်းနဲ့အရင်တို့လိုက်ပြီး အနာတွေကို အရင်သန့်စင်လိုက်လေသည်
ယူအာက မျက်နှာကြက်အား မော့ကြည့်နေလေသည် တကယ်က စပ်လို့ဖြစ်လေသည်
ရှန်က ဆေးမထည့်ခင်မှာ သူလက်ကို ထုတ်ပေးလေသည် ယူအာက ဘာလဲဆိုတဲ့ အကြည့်မျိုးနဲ့ ပြန်ကြည့်လေသည်
"ကိုင်ထား"
ယူအာက ပြုံးလိုက်ပြီးနောက် သူလက်ကိုဆုပ်ထားလိုက်လေသည် ရှန်က မပြောမဆိုပဲ ချက်ချင်း ဆေးတို့လိုက်လေတော့သည် အနာကဆေးအရှိန်ကြောင့် စပ်သဖြင့် ယူအာက ရှန်လက်ကို ခပ်တင်းတင်းဆုတ်ကိုင်လိုက်လေသည်
ရှန်က မသိမသာ ယူအာရဲ့ ကြောက်နေတဲ့မျက်နှာလေးကို ချောင်းကြည့်လိုက်ရင်း မသိမသာ ပြုံးလိုက်လေသည်
နောက်ဆုံး၌ ဆေးထည့်ခြင်းပြီးစီးသွားပြီး ရှန်ကအနာတွေကို ခြောက်အောင် အနားမှာရှိတဲ့ စာရွက်တရွက်ဖြင့် လေရအောင် ခတ်လိုက်လေတော့သည်
"ကျေးဇူးပဲ" ယူအာက ပြီးတာနဲ့ချက်ချင်းထကာ ဘယ်အခန်းသွားရမှန်းမသိဖြစ်နေလေသည်
"ဟိုအခန်း" ရှန်က သူအခန်းနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ ဧည့်သည်ခန်းကို ထိုးပြလေသည်
ယူအာက ချက်ချင်းပြေးသွားလေတော့သည်
ထိုအခါမှ ရှန်လည်း ပြုံးမိလေတော့သည် 'သူကိုဘာလို့ ရင်းနှီးနေသလို ခံစားနေရတာလဲ?'
ယူအာက အကျီလဲပြီး ပြန်ထွက်လာတော့ ရှန်က ဧည့်ခန်းက စားပွဲပေါ်မှာ အလုပ်လုပ်နေတုန်းရှိသေးတယ်
သူမက ဘေးကခုံတခုမှာ ဝင်ထိုင်လိုက်ရင်း "ဘာလုပ်နေတာလဲဟင်"
"အလုပ်"
"ဆေးရုံကအလုပ်လား ငါသိလောက်...." ယူအာက ပြောမိတော့မလို ဖြစ်ခါနီးမှ ပြန်ပိတ်လိုက်ရလေသည်
"မင်းသိသလောက် ဘာဖြစ်လို့လဲ အ့ဒါထက် သေချာပြောကြရအောင် မင်း တကယ် အိမ် မရှိဘူးလား?" ရှန်က သူမမျက်လုံးတည့်တည့်ကို ကြည့်ပြီး ပြောလေသည်
"မရှိဘူး" ယူအာက မျက်လွှာချရင်း ပြောလေသည်
"အလုပ်ရော"
"မရှိဘူး"
"ပိုက်ဆံရော"
"မရှိဘူး"
"ဘာဆိုဘာမှမရှိဘူးလား?"
"___"
"နာမည်ရော" သူအသံက တိမ်တိမ်လေးပဲကျန်တော့လေသည်
"ငါနာမည်ကယူအာ"
"တော်သေးတာပေါ့ နာမည်တော့ရှိတယ် ကျွမ်းကျင်တာတို့ဘာတို့ရော"
တကယ်က သူက ဒီကလေးမကို နေစရာအိမ်ပေးပြီး အစားအစာလည်းပေးချင်လေသည် အကြောင်းပြချက်ရှာမရသဖြင့် တခုခုကိုဆွဲထုတ်နေခြင်းဖြစ်လေသည်
"ကျွမ်းကျင်တာ ထမင်းချက်တတ်တယ် ဟင်း...." သူမပြောမပြီးသေး
"ရပြီ ဒီနေ့ကစ ငါအိမ်မှာ ထမင်းနေ့တိုင်းချက်ပေးရမယ် အဖိုးအခအနေနဲ့ အိမ်မှာနေခွင့်ရမယ် စားသောက်ခွင့်ရမယ် " သူကစကားစဖြတ်ကာ လုပ်နေသည့်စားပွဲပေါ်က ဖောင်တိန်ပေါ်ပြန်ရောက်သွားလေသည်
"မဟုတ်ဘူးလေ ဒါက ဘာကို ...."
"မီးဖိုချောင်ထဲမှာ အရန်ဟင်းတချို့နဲ့ ကြက်ဥကြော်ထားတာရှိတယ် " သူက ပြောပြီးနောက် သူပစ္စည်းတချို့အား သိမ်းနေလေသည်
ထိုအချိန်မှာပဲ ဧည့်ခန်း အပြင်ဘက်မြင်နေရသည့် မှန်မှ နှင်းတချို့စတင်ကျလာလေသည်
"နှင်းကျလာပြီ" ယူအာက မှန်နားပြေးသွားကာ ကျလာသည့်နှင်းတွေအား ငေးကြည့်နေလေသည်
"ပထမဆုံးနှင်းပဲ" ရှန်က တစုံတခုကိုတွေးမိပြီး ပြုံးမိသွားလေသည်
"ပထမဆုံးကျတဲ့အခါ ဆုတောင်းရင် ပြည့်တတ်တယ်ဆိုတာမျိုး နင်ယုံလား?" ယူအာ စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်
"မယုံဘူး မင်းရောယုံလား?"
"တူတူပဲ တကယ်ဖြစ်မဖြစ် အခုပဲစမ်းကြည့်ကြမလား ဆုတောင်းတခုစီ ဆုတောင်းပြီး နောက်နှစ် Christmasကျ ပြည့်မပြည့် ပြန်ပြောကြမယ်လေ"ယူအာက လက်နှစ်ခုစုလိုက်ကာ ဆုတခုတောင်းလိုက်လေသည်
ရှန်က စက္ကန့်အနည်းငယ်မျက်စိမှတ်လိုက်ကာ ဆုတခုတောင်းလိုက်လေသည်
သူမ မျက်လုံးပြန်ဖွင့်တဲ့အချိန်ရှန်က မရှိတော့ သူက သူအခန်းထဲ အသာလေးဝင်သွားလေပြီ
သူမကလည်း အသာလေး ခြေလှမ်းခပ်ဖွဖွကြွကာ အခန်းထဲဝင်သွားမယ်လုပ်ခါနီး
ရှန်တံခါးပေါက်ပွင့်လာကာ သူက ခေါင်းပြူထွက်လာရင်း "ညစာစားပြီးမှ အိပ် ဗိုက်ဆာလိမ့်မယ်" ဆိုကာ ပြန်ဝင်သွားလေသည်
မနက်ဖြန်က Christmasပဲ ယူအာက ရေခဲသေတ္တာနားမှာ ကပ်ထားသည့် ပြက္ခဒိန်အား ကြည့်လိုက်လေသည်
'ရေခဲမင်းသားကရော Christmasမှာ ဘာလုပ်မှာလဲ'
သူမက ညစာစားပြီးနောက် ပန်းကန်တချို့ဆေးကာ အခန်းထဲ ဝင်သွားလေသည်
"ဟတ်ချိုး ဟတ်ချိုး" သူမ မနက်နှိုးကတည်းက နှာတချေချေဖြစ်နေလေသည်
ရှန်ကတော့ နှာချေနေရင်း နှာခေါင်းပွတ်နေသည့် သူမအား ခေါင်းခါလိုက်ရင်း လက်ဖက်ရည်ပူပူတခွက်လာချကာ ထွက်သွားပြန်သည်
ယူအာက ထမင်းအိုးတည်ရမလားမသိသဖြင့် သူအခန်းနား ဟိုကြည့်ဒီကြည့်လုပ်နေလေသည် ရှန်က ထွက်လာသောအခါ နှစ်ယောက်လုံး လန့်သွားကြလေသည်
"အား"
"မင်းကဘာလုပ်နေတာတုံး?"
"ဟို ထမင်း ထမင်း ထမင်းတည်ရမှာလားလို့" ထစ်အထစ်အနဲ့ မေးလေသည်
"မနက်စာသိပ်စားလေ့မရှိဘူး မင်းစားချင်တည်လိုက်ပေါ့ "
ရှန်က ကားသော့ယူနေသည်ကို မြင်လိုက်ရသောအခါ
"ဘယ်သွားမလို့လဲ"ဆိုတဲ့စကား အလိုအလျောက်မေးမိလေသည်
"မင်းအကျီဝယ်ပေးမလို့"ဆိုကာ ထွက်သွားလေသည်
အိမ်ပြင်၌ စောင့်ကြည့်နေသူတဦးရှိလေသည် ထိုသူမှ ရှန်အပြင်ထွက်သွားသည့်နဲ့ အိမ်ထဲမြင်ရသည့် မှန်မှ အိမ်ထဲအား ရပ်ကြည့်လိုက်လေသည်
တံခါးပေါက်နားမှ အိမ်ထဲပြန်ဝင်လာပြီး ပျော်လို့ကခုန်နေသည့် ယူအာအား မြင်လိုက်ရလေသည်
ယူအာကလည်း ကလို့တပတ်လှည့်ပြီး အပြင်ဖက်မြင်ရသည့်မှန်ရှေ့ရောက်တော့ ရောက်သွားလေသည်
နှစ်ယောက်လုံးအကြည့်ဆုံသည့်အချိန်တွင် အခန်းထဲမှ ယူအာအား ထိုင်လျက်လဲကျသွားလေတော့သည်
တယောက်နဲ့တယောက်ကြည့်ပြီး ပြောလိုက်သည်က "ယူအာ"
မှန်အပြင်ဘက်မှ ယူအာကား လူသတ်သမားအပြုံးနဲ့ တဖက်မှ ယူအာအား ပြုံးပြလိုက်လေတော့သည်
႐ွန္စကားေၾကာင့္ ယူအာေျခလွမ္းေတြ တုန္႔ဆိုင္းသြားေသးတယ္
'နင္ဘယ္လိုလုပ္ အ့လိုေမးခြန္း ငါကိုေမးႏိုင္တာလဲ?'
ေမးခြန္းအဆုံးမွာ ႐ွန္က သူကိုယ္သူျပန္လည္သုံးသပ္မိေလသည္ သူက ေကာင္မေလးတေယာက္ကို အတင္းနမ္းေသးတယ္ ဒီထက္ပိုဆိုးတာလုပ္လို႔ရႏိုင္တယ္လို႔ ၿခိမ္းေျခာက္တယ္ အခုလည္း သူကိုႀကိဳက္ေနလားလို႔ ေမးေနျပန္တယ္
ယူအာက တိတ္ဆိတ္သြားတဲ့ေနာက္မွာ လမ္းဆက္ေလ်ာက္ေလသည္ ထိုအခ်ိန္မွာပဲ
"ဖတ္" သူမလက္ေကာက္ဝတ္ကေန ဆြဲေခၚျခင္းခံရေလေတာ့သည္
"မလိုက္ဘူး လြတ္ပါ " ႐ုန္းေနေသာ္လည္းမထူး
႐ွန္က ကားထဲထိအတင္းထည့္လိုက္ၿပီး ကားတံခါးပိတ္လိုက္ၿပီဆိုမွ လက္ကိုလြတ္လိုက္သည့္အျပင္ သူမဘက္မွ lockပါ ခ်လိုက္ေလေတာ့သည္
သူက driverခုံမွာ ဝင္ထိုင္ၿပီးတဲ့ေနာက္မွာ ခါးပတ္ပတ္ေနေလသည္
"အခု ဒါဖြင့္ေပး" ယူအာက ေဒါသတႀကီးေျပာေလသည္
"မဖြင့္ေပးဘူး" ႐ွန္က ခါးပတ္ပတ္ၿပီးတဲ့ေနာက္မွာ ကားစက္ႏိႈးေနေလသည္
"နင္ကားမေမာင္တတ္ဘူးမလား?" ယူအာက လန္႔ေနသည့္ပုံျဖင့္ေျပာေလသည္
"မင္းကငါဖန္လား?" ႐ွန္က အ့လိုေမးလိုက္သည့္ေနာက္မွာ ယူအာက တိတ္သြားေလသည္
ကားေမာင္းေနရင္း အေတာ္ၾကာၿပီးတဲ့ေနာက္မွာ ႐ွန္ကစကားစေလသည္ "အိမ္ကဘယ္မွာလဲ?"
"မ႐ွိဘူး" ယူအာက ခပ္ျပတ္ျပတ္ျပန္ေျဖေလသည္
"လူဆိုရင္အိမ္က႐ွိတယ္ေလ"႐ွန္က တခ်က္ေစာင္းၾကည့္ရင္း ေျပာလိုက္ေလသည္
"ဒီမွာငါအိမ္မ႐ွိဘူး" ယူအာက ေခါင္းခါျပရင္း ဆက္ေျပာေနေလသည္
"အဲ့ဒါဆိုရင္လည္း ဘယ္မွာေနမွာလဲ ဒီမွာမ႐ွိဘူးဆိုရင္"
"အျခားကမ႓ာမွာ" ယူအာက စိတ္ပ်က္လက္ပ်က္ေျပာလိုက္ေလသည္
"အျခားကမ႓ာ ဘယ္ကိုေျပာေနတာလဲ ဒါကကမ႓ာေပၚမွာပဲေလ ဘာစကား...."
"ေျပာလည္းနားလည္မွာမဟုတ္ဘူး ခ်ခ်င္တဲ့ေနရာသာခ်လိုက္ေတာ့" ယူအာက မၾကားတၾကားေျပာလိုက္ရင္း ကားမွန္ဘက္လွည့္ၿပီး ႐ူခင္းတခ်ိဳ႕ၾကည့္ေနေလသည္
'ဘယ္လိုမိန္းကေလးပဲ စြာလိုက္တာ ကပ္ကပ္လန္လို႔'
"သိၿပီ" ႐ွန္က တခြန္းေျပာၿပီးတဲ့ေနာက္မွာ ဆက္ေမာင္းေလသည္
ယူအာက အံ့ၾသစြာျဖင့္ ျပန္ၾကည့္ၿပီးမွ ျပန္လွည့္သြားျပန္သည္ 'ဘယ္ကိုမ်ားေမာင္းဦးမွာလဲမသိဘူး'
'ငါႀကိဳက္တဲ့႐ွိကိုေမာင္းမွာ'
ေဆး႐ုံခန္းထဲ၌
"ယူဂြၽန္းစီနီယာ" ဂ်ီဝူက ကပိုက႐ိုနဲ႔ ေဆး႐ုံကိုေျပးလာပုံေပၚသည္
"အတန္းေရာ" ယူဂြၽန္းက ေလသံတိုးတိုးျဖင့္ေမးလိုက္သည္
"ထားခဲ့တယ္ ယူအာ ယူအာ ေရာ ေမ့လဲသြားတယ္ၾကားတယ္"
ယူဂြၽန္းမ်က္ႏွာက သုန္မႈန္သြားေလသည္ "ဟုတ္တယ္ အခန္းထဲက တံခါးေပါက္နားမွာ ေမ့လဲေနတာပဲ ေတာ္ေသးတယ္ အန္တီကေတြ႕လို႔"
"အခုေရာ " ဂ်ီဝူက အခန္းထဲက မွန္ကေနတဆင့္ ေခ်ာင္းၾကည့္လိုက္ရင္း ေျပာေလသည္
ဂ်ီဝူက တံခါးေပါက္ အနည္းငယ္ဖြင့္လိုက္ေလသည္ အခန္းထဲ႐ွိ ကုတင္ေပၚ၌ သူမက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနဆဲ
ဂ်ီဝူက သူလက္နဲ႔ တံခါးေပါက္ကိုျပန္စိလိုက္ရင္း "တခုခုကမွားေနတယ္လို႔ အကိုမခံစားရဘူးလား?"
"ဟုတ္တယ္ သူျဖစ္ေနတာ ေဆး႐ုံမွာအလုပ္လုပ္ကတည္းက ဆက္တိုက္ ေမ့လဲၿပီး အိပ္ေပ်ာ္ေနတာ ထူးဆန္းတယ္ ထူးဆန္းေပမယ့္ အေျဖကို ႐ွာမေတြ႕ဘူး"
"ကြၽန္ေတာ္လည္းပဲ"ႏွစ္ေယာက္သား တိတ္ဆိတ္သြားၾကေလေတာ့သည္
အခ်ိန္နည္းနည္းၾကာၿပီးေနာက္ "ဒါဆို အကို ကြၽန္ေတာ္ အတန္း႐ွိလို႔ ျပန္လိုက္ပါဦးမယ္"
"ဟုတ္ၿပီ" ယူဂြၽန္းက မတင္မက်မ်က္ႏွာထားနဲ႔ ေျဖေလသည္
ဂ်ီဝူက တြန္႔ဆုတ္တြန္႔ဆုတ္ အႀကိမ္အနည္းငယ္ျဖစ္ၿပီးေနာက္ "ယူအာကို ဂ႐ုစိုက္ေပးပါဦး ေက်းဇူးတင္ပါတယ္" ဆိုကာ ထြက္သြားေလေတာ့သည္
႐ွန္ကားထိုးလိုက္သည့္အခ်ိန္မွာပဲ ယူအာသိလိုက္ၿပီ
သူအိမ္ကိုေခၚသြားတယ္ဆိုတာကိုပဲ 'ဒီေကာင္ေလး နဂိုစိတ္ရင္းက မေျပာင္းလဲေသးပါလား'
အိမ္ကိုျပဳံးၾကည့္ေနသည့္ ယူအာအား ႐ွန္က အလိုမက်ျဖင့္ ၾကည့္လိုက္ရင္း "ဆင္းေလ"
ယူအာက ကားေပၚမွ ခ်က္ခ်င္းဆင္းလိုက္ေလသည္ ထိုေနာက္ ဘာလုပ္ရမွန္းမသိျဖစ္ေနေလသည္
႐ွန္က ကားေနာက္မွပစၥည္းတခုယူၿပီးမွ ထြက္လာေလသည္ သူကထြက္လာေသာ္လည္း ယူအာက ကားတံခါးေဘးမွာရပ္ေနတုန္း
"အ့လိုပဲရပ္ေနမွာလား?"
"ဝင္ ဝင္ ဝင္ ရမွာလားဟင္?" သူမက ဘာမွမသိသလို ျပန္ေမးေလသည္
႐ွန္က ေ႐ွ႕ကေန သြားၿပီး တံခါးေပါက္ေသာ့ဖြင့္လိုက္ေလသည္ ယူအာက ေနာက္မွ ေကာ္ လို ထပ္ခ်ပ္မကြာလိုက္လာေလသည္
႐ွန္က ေသာ့ကို စားပြဲခုံေပၚတင္လိုက္ၿပီးေနာက္ ဧည့္ခန္းမီးအား ထြန္းလိုက္ေလသည္
ထိုေနာက္ သူက သူေနာက္ ကပ္လိုက္လာသည့္ သူမအား လွည့္လိုက္ရင္း "ဒီမွာခဏထိုင္ဦး"လို႔ေျပာကာ အခန္းထဲဝင္သြားေလသည္
"အင္း အင္း "ယူအာက ျပဳံးျပလိုက္ရင္း သူၫြန္ျပခဲ့သည့္ ထိုင္ခုံေပၚမွာ ထိုင္ရင္း အိမ္အား ၾကည့္ေနေလသည္
'အိမ္က မေျပာင္းလဲသြားဘူးပဲ ' ျပဳံးလိုက္မိေလသည္
"ေရာ့" ေနာက္မွအသံထြက္လာၿပီးေနာက္ သူမခုံ လက္တင္သည့္ေနရာေပၚအား အက်ီအေႏြးထည္တထည္ႏွင့္ အမဲေရာင္ေဘာင္းဘီ႐ွည္တထည္ေခါက္ၿပီးသား ေရာက္လာေလသည္
ထိုေနာက္ သူက ေဆးဗူးယူလာၿပီး ခုံေပၚတင္လိုက္ေလသည္
"ဘာလုပ္မလို႔လဲ?" ယူအာက လန္႔သြားေလသည္
"ခုနကခိုက္မိထားတာျပၾကည့္" သူကေျခေထာက္ကို ထိုးျပေလသည္
သူမကေၾကာင္သြားေလသည္ သူကဘယ္လိုမ်ား ျမင္လိုက္တာလဲ ထိုအခ်ိန္၌ ႐ွန္က ေဆးဗူးထဲက ေဆးေတြ႐ွာၿပီးေနာက္ စားပြဲခုံေပၚတင္လိုက္ေလသည္
"ေဆးငါဘာသာထည့္လိုက္ပါ့မယ္" ယူအာက ေဆးဘူးယူရန္ ႀကိဳးစားေသာ္လည္း မမွီလိုက္
႐ွန္က အရက္ျပန္ကို ဂြမ္းနဲ႔အရင္တို႔လိုက္ၿပီး အနာေတြကို အရင္သန္႔စင္လိုက္ေလသည္
ယူအာက မ်က္ႏွာၾကက္အား ေမာ့ၾကည့္ေနေလသည္ တကယ္က စပ္လို႔ျဖစ္ေလသည္
႐ွန္က ေဆးမထည့္ခင္မွာ သူလက္ကို ထုတ္ေပးေလသည္ ယူအာက ဘာလဲဆိုတဲ့ အၾကည့္မ်ိဳးနဲ႔ ျပန္ၾကည့္ေလသည္
"ကိုင္ထား"
ယူအာက ျပဳံးလိုက္ၿပီးေနာက္ သူလက္ကိုဆုပ္ထားလိုက္ေလသည္ ႐ွန္က မေျပာမဆိုပဲ ခ်က္ခ်င္း ေဆးတို႔လိုက္ေလေတာ့သည္ အနာကေဆးအ႐ွိန္ေၾကာင့္ စပ္သျဖင့္ ယူအာက ႐ွန္လက္ကို ခပ္တင္းတင္းဆုတ္ကိုင္လိုက္ေလသည္
႐ွန္က မသိမသာ ယူအာရဲ႕ ေၾကာက္ေနတဲ့မ်က္ႏွာေလးကို ေခ်ာင္းၾကည့္လိုက္ရင္း မသိမသာ ျပဳံးလိုက္ေလသည္
ေနာက္ဆုံး၌ ေဆးထည့္ျခင္းၿပီးစီးသြားၿပီး ႐ွန္ကအနာေတြကို ေျခာက္ေအာင္ အနားမွာ႐ွိတဲ့ စာ႐ြက္တ႐ြက္ျဖင့္ ေလရေအာင္ ခတ္လိုက္ေလေတာ့သည္
"ေက်းဇူးပဲ" ယူအာက ၿပီးတာနဲ႔ခ်က္ခ်င္းထကာ ဘယ္အခန္းသြားရမွန္းမသိျဖစ္ေနေလသည္
"ဟိုအခန္း" ႐ွန္က သူအခန္းနဲ႔မ်က္ႏွာခ်င္းဆိုင္မွာ႐ွိတဲ့ ဧည့္သည္ခန္းကို ထိုးျပေလသည္
ယူအာက ခ်က္ခ်င္းေျပးသြားေလေတာ့သည္
ထိုအခါမွ ႐ွန္လည္း ျပဳံးမိေလေတာ့သည္ 'သူကိုဘာလို႔ ရင္းႏွီးေနသလို ခံစားေနရတာလဲ?'
ယူအာက အက်ီလဲၿပီး ျပန္ထြက္လာေတာ့ ႐ွန္က ဧည့္ခန္းက စားပြဲေပၚမွာ အလုပ္လုပ္ေနတုန္း႐ွိေသးတယ္
သူမက ေဘးကခုံတခုမွာ ဝင္ထိုင္လိုက္ရင္း "ဘာလုပ္ေနတာလဲဟင္"
"အလုပ္"
"ေဆး႐ုံကအလုပ္လား ငါသိေလာက္...." ယူအာက ေျပာမိေတာ့မလို ျဖစ္ခါနီးမွ ျပန္ပိတ္လိုက္ရေလသည္
"မင္းသိသေလာက္ ဘာျဖစ္လို႔လဲ အ့ဒါထက္ ေသခ်ာေျပာၾကရေအာင္ မင္း တကယ္ အိမ္ မ႐ွိဘူးလား?" ႐ွန္က သူမမ်က္လုံးတည့္တည့္ကို ၾကည့္ၿပီး ေျပာေလသည္
"မ႐ွိဘူး" ယူအာက မ်က္လႊာခ်ရင္း ေျပာေလသည္
"အလုပ္ေရာ"
"မ႐ွိဘူး"
"ပိုက္ဆံေရာ"
"မ႐ွိဘူး"
"ဘာဆိုဘာမွမ႐ွိဘူးလား?"
"___"
"နာမည္ေရာ" သူအသံက တိမ္တိမ္ေလးပဲက်န္ေတာ့ေလသည္
"ငါနာမည္ကယူအာ"
"ေတာ္ေသးတာေပါ့ နာမည္ေတာ့႐ွိတယ္ ကြၽမ္းက်င္တာတို႔ဘာတို႔ေရာ"
တကယ္က သူက ဒီကေလးမကို ေနစရာအိမ္ေပးၿပီး အစားအစာလည္းေပးခ်င္ေလသည္ အေၾကာင္းျပခ်က္႐ွာမရသျဖင့္ တခုခုကိုဆြဲထုတ္ေနျခင္းျဖစ္ေလသည္
"ကြၽမ္းက်င္တာ ထမင္းခ်က္တတ္တယ္ ဟင္း...." သူမေျပာမၿပီးေသး
"ရၿပီ ဒီေန႔ကစ ငါအိမ္မွာ ထမင္းေန႔တိုင္းခ်က္ေပးရမယ္ အဖိုးအခအေနနဲ႔ အိမ္မွာေနခြင့္ရမယ္ စားေသာက္ခြင့္ရမယ္ " သူကစကားစျဖတ္ကာ လုပ္ေနသည့္စားပြဲေပၚက ေဖာင္တိန္ေပၚျပန္ေရာက္သြားေလသည္
"မဟုတ္ဘူးေလ ဒါက ဘာကို ...."
"မီးဖိုေခ်ာင္ထဲမွာ အရန္ဟင္းတခ်ိဳ႕နဲ႔ ၾကက္ဥေၾကာ္ထားတာ႐ွိတယ္ " သူက ေျပာၿပီးေနာက္ သူပစၥည္းတခ်ိဳ႕အား သိမ္းေနေလသည္
ထိုအခ်ိန္မွာပဲ ဧည့္ခန္း အျပင္ဘက္ျမင္ေနရသည့္ မွန္မွ ႏွင္းတခ်ိဳ႕စတင္က်လာေလသည္
"ႏွင္းက်လာၿပီ" ယူအာက မွန္နားေျပးသြားကာ က်လာသည့္ႏွင္းေတြအား ေငးၾကည့္ေနေလသည္
"ပထမဆုံးႏွင္းပဲ" ႐ွန္က တစုံတခုကိုေတြးမိၿပီး ျပဳံးမိသြားေလသည္
"ပထမဆုံးက်တဲ့အခါ ဆုေတာင္းရင္ ျပည့္တတ္တယ္ဆိုတာမ်ိဳး နင္ယုံလား?" ယူအာ စိတ္လႈပ္႐ွားစြာျဖင့္ ေျပာေလသည္
"မယုံဘူး မင္းေရာယုံလား?"
"တူတူပဲ တကယ္ျဖစ္မျဖစ္ အခုပဲစမ္းၾကည့္ၾကမလား ဆုေတာင္းတခုစီ ဆုေတာင္းၿပီး ေနာက္ႏွစ္ Christmasက် ျပည့္မျပည့္ ျပန္ေျပာၾကမယ္ေလ"ယူအာက လက္ႏွစ္ခုစုလိုက္ကာ ဆုတခုေတာင္းလိုက္ေလသည္
႐ွန္က စကၠန္႔အနည္းငယ္မ်က္စိမွတ္လိုက္ကာ ဆုတခုေတာင္းလိုက္ေလသည္
သူမ မ်က္လုံးျပန္ဖြင့္တဲ့အခ်ိန္႐ွန္က မ႐ွိေတာ့ သူက သူအခန္းထဲ အသာေလးဝင္သြားေလၿပီ
သူမကလည္း အသာေလး ေျခလွမ္းခပ္ဖြဖြႂကြကာ အခန္းထဲဝင္သြားမယ္လုပ္ခါနီး
႐ွန္တံခါးေပါက္ပြင့္လာကာ သူက ေခါင္းျပဴထြက္လာရင္း "ညစာစားၿပီးမီ အိပ္ ဗိုက္ဆာလိမ့္မယ္" ဆိုကာ ျပန္ဝင္သြားေလသည္
မနက္ျဖန္က Christmasပဲ ယူအာက ေရခဲေသတၱာနားမွာ ကပ္ထားသည့္ ျပကၡဒိန္အား ၾကည့္လိုက္ေလသည္
'ေရခဲမင္းသားကေရာ Christmasမွာ ဘာလုပ္မွာလဲ'
သူမက ညစာစားၿပီးေနာက္ ပန္းကန္တခ်ိဳ႕ေဆးကာ အခန္းထဲ ဝင္သြားေလသည္
"ဟတ္ခ်ိဳး ဟတ္ခ်ိဳး" သူမ မနက္ႏိႈးကတည္းက ႏွာတေခ်ေခ်ျဖစ္ေနေလသည္
႐ွန္ကေတာ့ ႏွာေခ်ေနရင္း ႏွာေခါင္းပြတ္ေနသည့္ သူမအား ေခါင္းခါလိုက္ရင္း လက္ဖက္ရည္ပူပူတခြက္လာခ်ကာ ထြက္သြားျပန္သည္
ယူအာက ထမင္းအိုးတည္ရမလားမသိသျဖင့္ သူအခန္းနား ဟိုၾကည့္ဒီၾကည့္လုပ္ေနေလသည္ ႐ွန္က ထြက္လာေသာအခါ ႏွစ္ေယာက္လုံး လန္႔သြားၾကေလသည္
"အား"
"မင္းကဘာလုပ္ေနတာတုံး?"
"ဟို ထမင္း ထမင္း ထမင္းတည္ရမွာလားလို႔" ထစ္အထစ္အနဲ႔ ေမးေလသည္
"မနက္စာသိပ္စားေလ့မ႐ွိဘူး မင္းစားခ်င္တည္လိုက္ေပါ့ "
႐ွန္က ကားေသာ့ယူေနသည္ကို ျမင္လိုက္ရေသာအခါ
"ဘယ္သြားမလို႔လဲ"ဆိုတဲ့စကား အလိုအေလ်ာက္ေမးမိေလသည္
"မင္းအက်ီဝယ္ေပးမလို႔"ဆိုကာ ထြက္သြားေလသည္
အိမ္ျပင္၌ ေစာင့္ၾကည့္ေနသူတဦး႐ွိေလသည္ ထိုသူမွ ႐ွန္အျပင္ထြက္သြားသည့္နဲ႔ အိမ္ထဲျမင္ရသည့္ မွန္မွ အိမ္ထဲအား ရပ္ၾကည့္လိုက္ေလသည္
တံခါးေပါက္နားမွ အိမ္ထဲျပန္ဝင္လာၿပီး ေပ်ာ္လို႔ကခုန္ေနသည့္ ယူအာအား ျမင္လိုက္ရေလသည္
ယူအာကလည္း ကလို႔တပတ္လွည့္ၿပီး အျပင္ဖက္ျမင္ရသည့္မွန္ေ႐ွ႕ေရာက္ေတာ့ ေရာက္သြားေလသည္
ႏွစ္ေယာက္လုံးအၾကည့္ဆုံသည့္အခ်ိန္တြင္ အခန္းထဲမွ ယူအာအား ထိုင္လ်က္လဲက်သြားေလေတာ့သည္
တေယာက္နဲ႔တေယာက္ၾကည့္ၿပီး ေျပာလိုက္သည္က "ယူအာ"
မွန္အျပင္ဘက္မွ ယူအာကား လူသတ္သမားအျပဳံးနဲ႔ တဖက္မွ ယူအာအား ျပဳံးျပလိုက္ေလေတာ့သည္