လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ...
By felicia_2992
369K 30K 1K
Myanmar BL Fic (Rebirth) More
1 (U)
1 (Z)
2 (U)
2 (Z)
3 (U)
3 (Z)
4 (U)
4 (Z)
5 (U)
5 (Z)
6 (U)
6 (Z)
7 (U)
7 (Z)
8 (U)
8 (Z)
9 (U)
9 (Z)
10 (U)
10 (Z)
11 (U)
11 (Z)
12 (U)
12 (Z)
13 (U)
13 (Z)
14 (U)
14 (Z)
15 (U)
15 (Z)
16 (U)
16 (Z)
17 (U)
17 (Z)
18 (U)
18 (Z)
19 (U)
19 (Z)
Interview 1 (U+Z)
20 (U)
20 (Z)
21 (U)
21 (Z)
22 (U)
22 (Z)
23 (U)
23 (Z)
24 (U)
24 (Z)
25 (U)
25 (Z)
26 (U)
26 (Z)
27 (U)
27 (Z)
28 (U)
28 (Z)
29 (Z) 18+ Sexual Content Warning 🚨
30 (U) 18+ Sexual Content Warning 🚨
30 (Z) 18+ Sexual Content Warning 🚨
Interview 2 (U+Z)
31 (U)
31 (Z)
32 (U)
32 (Z)
33 (U)
33 (Z)
34 (U)
34 (Z)
35 (U) Final
35 (Z) Final
💜
Extra 1 (U+Z)
Extra 2 (U+Z)
Extra 3 (U+Z)
Extra 4 (U+Z)
Extra 5 (U+Z)
Extra 6 (U+Z)
Extra 7 (U+Z)
Extra 8 (U+Z)
Extra 9 (U+Z)
Extra 10 (U+Z)
💜
💜
💜
29 (U) 18+ Sexual Content Warning 🚨
6.4K 432 25
By felicia_2992
လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၂၉ )
နှီးနှောစပ်ယှက်ခြင်း (၁)
အထက်အောက် ပြေးလွှားနေသော ကိုးရဲ့လက်ချောင်းများဟာ စက်များတပ်ထားသလား ထင်ရလောက်အောင် ခေါက်ချီပြန်ချီ အလျင်အမြန် စုန်ဆန်နေသည်။ သော်တာနိုင်ဧ။် တင်ပါးလုံးသေးသေးလေးများအားလည်းကောင်း၊ သွယ်လျနေသော ခါးသိမ်သိမ်လေးအားလည်းကောင်း၊ တောင်ကုန်းဆင်းလေးသဖွယ် ပြေပြစ်နေသည့် ကျောပြင်တလျှောက်အားလည်းကောင်း၊ နေရာလွတ်မကျန် ပွတ်သပ်နေသည်မှာ.. စကားလုံးချိုသာသော်ငြား ဒီလူဟာ အသားစားသားရဲတကောင် ဖြစ်နေဆဲပါလို့ သတိပေးနေသလိုပင်။
ထို့အပြင် လိမ်ပတ်ရစ်ထွေးနေသော လျှာဖျားများကိုလည်း အနားမပေး၊ ရှိုက်ဖိုလာသော အသက်ရှူသံသဲ့သဲ့များဟာ အားပြင်းသော ဖိသိပ်မှုအလားပင်။ ကိုးက အတင်းအဓမ္မမလုပ်နေသည့်တိုင် သော်တာနိုင့်အပေါ်မှာ စိတ်ဆောင်ရာ ပြုမူနေခြင်းသည်ကိုက အင်အားတရပ်ဟု လက်ခံရပေမည်။ သော်တာနိုင်သည်လည်း တင်းထားသော စိတ်အလျဉ်တို့ အလုံးစုံ ပြိုလဲပျက်သုန်းသွားပြီး နှစ်ယောက်သားကြားက သူကိုယ်တိုင် တားခဲ့ဖူးသည့်စည်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို ကျိုးပဲ့ပျက်စီးသွားလေတော့သည်။
အသွေးအသားနှင့်တည်ဆောက်ထားသည်မို့ ယစ်မူးစရာကောင်းအောင် ပတ်နွယ်လာသော ဒီအထိအတွေ့များကို သူ ဘယ်လို ငြင်းဆန်ရုန်းကန်နိုင်ပါဦးမည်နည်း။ နဂိုချစ်ခင်ရင်းစွဲရှိသူမို့ ချစ်ခွင့်ပန်၊ ခွင့်တောင်းလာသော ကိုးရဲ့ အပြုအစု အယုအယများအောက် ကိုယ်ကိုယ်တိုင်ပင်လျှင် လုံးလုံးလျားလျား နစ်မြှုပ်မျောပါသွားလေပြီ။
ရပ်တန့်မရသော အနမ်းများကြား စိတ်ရှိလက်ရှိ နစ်မျှောနေစဉ်  သော်တာနိုင့်အပေါ်မှာ အုပ်မိုးထားသည့် ကိုးက ဆတ်ခနဲ နှုတ်ခမ်းများကို ခွာလိုက်ပြီး သော်တာနိုင့်ကို ဆွဲထူကာ ထစေလိုက်သည်။
ရှက်ရွံခြင်းနှင့် တောင့်တခြင်းတို့ ဆတူရောစပ်ထားသည့် နီရဲရဲမျက်နှာလေးနှင့်အတူ သော်တာနိုင်က နားမလည်ဟန်ဖြင့် ကြည့်လာတဲ့အခါ.. ကိုးမှာ အခုချက်ချင်း သူ့အငယ်ကောင်ကို သော်တာနိုင့်လူပျိုပေါက်ထဲ ဇွတ်အတွင်း ထည့်သွင်းကာ သွင်းခြင်းထုတ်ခြင်းနှင့်အတူ ဖြစ်ပေါ်လာမည့် ခံစားချက်များအား ကောင်းကောင်းကြီး ရယူပစ်လိုက်ချင်လာပြန်သည်။
ဒီအရသာ ဘယ်လောက်ကောင်းသလဲဆိုတာ သူ အသိဆုံး။ ကောင်းလွန်းတာမှ အရှင်လတ်လတ် နတ်ပြည်ရောက်သွားသလိုမျိုးပဲ။ ဒါပေမဲ့.. အခုတော့ သူ့အတွက် တခဏတာ စိတ်ကျေနပ်အားရစေခြင်းတွေကို သော်တာနိုင့်နာကျင်မှုတွေနဲ့ မလဲရက်နိုင်တော့ပါ။ သွေးသံတရဲရဲနဲ့ နာကျင်လွန်းလို့ တအီအီ ငိုကြွေးနေတဲ့ သော်တာနိုင့်အတိတ်ပုံရိပ်တွေဟာ အခုချိန်ထိ သူ့အကြောက်တရားတွေ ဖြစ်နေတုန်းပဲ။
ချစ်တာခြင်းတူပေမဲ့ ချစ်နည်းခြင်းဟာ မတူ။ ကိုယ်တယောက်ပဲ ခံစားကျေနပ်နေပြီး.. တဖက်လူက စိတ်ရောလူပါ ဒဏ်ရာဗလရပွဖြစ်ကျန်နေခဲ့မယ်ဆိုရင် ဒီနည်းလမ်းက ဘယ်မှန်ပါတော့မလဲ။ ဒီအချစ်ကရော ဘယ်လိုလုပ် စစ်မှန်ပါတော့မလဲလေ။ ပေးဆပ်ခြင်းတွေ၊ ရယူခြင်းတွေကို သူ သိပ်နားမလည်ခဲ့ပါဘူး။ အချစ်ဆိုတာ တဖက်လူရဲ့ စိတ်ချမ်းသာမှုအပေါ်မှာပဲ ဖြစ်တည်လာတဲ့ ပျော်ရွှင်ခြင်းရယ်လို့ သူ အနည်းငယ်သိခဲ့ရပြီးနောက်ပိုင်း ဘယ်အရာကိုမှ မိုက်မိုက်မဲမဲ လုပ်တော့မှာ မဟုတ်ဘူး။
နှစ်ကျော့ပြန်ပဲ ရှင်သန်လာပြီးပြီပဲလေ.. ပျော်ရွှင်စရာ အဆုံးသတ်မဟုတ်ရင် ဘယ်ဖြစ်ပါ့မလဲ။
“ အကို.. ကျွန်တော့်ကိုယူမလားဟင်..”
ကိုးရဲ့ တိုးတိတ်ငြင်သာသော မေးခွန်းကြောင့် သော်တာနိုင်တယောက် သကာရည်ဆမ်းထားတဲ့ သကြားခဲကို ငုံလိုက်ရသလို ရိုးတွင်းခြင်ဆီထဲမှအစ သူ့အရေပြားပေါ်က မွေးညှင်းပေါက်လေးတွေအဆုံးထိ ချိုမြိန်သွားရလေသည်။ ထိုချိုမြိန်မှုကို နစ်နစ်နဲနဲ ခံစားနေရခြင်းကြောင့် ဘာစကားမှလည်း မပြောနိုင်တော့ပေ။
“ ကျွန်တော်က အကို လိုချင်တဲ့အတိုင်း ဘာမဆိုဖြစ်တယ်..”
ကိုးက ပြောပြောဆိုဆိုနှင့် သော်တာနိုင့်ပါးလေးတဖက်ကို ခပ်ဖွဖွလေး နမ်းရှိုက်လိုက်သည်။
“ အကို့ကိုချစ်လွန်းလို့ ကျွန်တော် ဘယ်လိုလုပ်ရပါ့မလဲဗျာ..”
ကျန်နေသေးသော နောက်ပါးလေးတဖက်သည်လည်း အနမ်းခံလိုက်ရပြန်သည်။
“ အကို ပေးလာမယ့် ခံစားချက်တွေကို ကျွန်တော် မစောင့်နိုင်တော့ဘူး.. လုပ်ပါဦး အကိုရ..”
တုန်ရီမှုလေးဟာ စကားသံအဆုံးမှာ အဖျားခတ်သည်။ ထို့အတူ သော်တာနိုင့်နှလုံးသားလေးသည်လည် တလှပ်လှပ် ခုန်သည်။ ကိုးက ခယစွာ တောင်းဆိုနေခြင်း။ ဒီကောင်လေးက ပေးပါဆိုပြီးတောင်းလျှင် ရင်ကိုခွဲ သူ့နှလုံးသားတောင် ထုတ်ပေးဝံ့သည့် သတ္တိများ တဖွားဖွား ပေါ်ပေါက်လာရသည်။
“ အကိုကလည်း မင်း တောင်းတာမှန်သမျှ အကုန်ပေးချင်တာပါ ကိုးရာ..”
ကိုးဟာ ချည်လုံးကြီးမဟုတ်၊ မြေခွေးကောင်လည်းမဟုတ်၊ ချီးကျကောင်လည်းမဟုတ်ပဲ သူ့ကို တိတ်တိတ်ကလေး ခိုးချစ်နေသည့်ကောင်လေးဖြစ်ပြီး သူကလည်း ဒီကောင်လေးကိုမှ ကြင်နာချင်သည်။ အရင်ကရှောင်ပြေးခဲ့မိသည့် ကိုယ့်ကိုယ်ကို ကလော်တုပ်ပစ်လိုက်ချင်သည်။
ကြည်နူးရိပ်တွေ ဖြတ်ပြေးသွားတဲ့ ကိုးရဲ့မျက်နှာပေါ်မှာ ကျေနပ်ပီတိတွေကလည်း ဖြာကျနေသည်။ သူပေးခဲ့ဖူးသည့် ချိုချဉ်ခွံလေးတွေကိုတောင် စုဗူးနဲ့ စုသိမ်းထားတတ်သည့် ကောင်လေးဟာ.. သူပေးမယ့် အချစ်တွေကိုများ တနင့်တပိုးရရင် ဘယ်လောက်တောင်များ တန်ဖိုးထားလိုက်လေမလဲ။ ဒီအတွေးနဲ့တင် သူ့ဘဝပါမကျန် ဘာမဆို ပုံအောပေးပစ်ချင်လာသည်။
“ မင်းမတောင်းလည်း အကိုက ပေးမှာ.. မင်း စိတ်ကျေနပ်စေတာ မှန်သမျှ..”
“ ကျွန်တော်တော့ ရူးရပါပြီ..”
မေးဖျားလေးနှင့် နှုတ်ခမ်းနှစ်လွှာလေးကို တလှည့်စီ ဖိငုံပြီး ကိုးက နမ်းပြန်သည်။ ထို့နောက် နားသံသီးလေးကို ငုံကိုက်ကာ နားပေါက်ထဲထိ လျှာကိုထိုးမွှေပြီး အာသာငမ်းငမ်း လျှက်လိုက်သည်။ တပျက်ပျက် အသံများကြောင့် သော်တာနိုင့်အငယ်ကောင်က နိုးကြွဖို့ အဆင်သင့်အနေအထားကိုတောင် ရောက်လာလေပြီ။
တဒိတ်ဒိတ်ဖြင့် အခုန်မြန်နေသော နှလုံးခုန်သံများ၊ တကိုယ်လုံး ထကြွနေသော ကြက်သီးမွှေးညှင်းများနှင့်အတူ သော်တာနိုင့်ခမျာ လည်မျိုတလျှောက်လုံး ပူလောင်လာပြီး အာခေါင်ထဲထိ ခြောက်သွေ့လာရသည်။ အဆက်မပြတ် အကြိမ်ကြိမ် တံတွေးမျိုချနေပေမဲ့ ဘယ်လိုမှ ထိန်းချုပ်လို့မရနိုင်တော့ပဲ ခပ်မြှင်းမြှင်း အော်ရှိုက်သံက လွှတ်ထွက်သွားတော့သည်။
“ အ… ကိုး..”
တောက်လောင်နေသော ကိုးအတွက် သော်တာနိုင့်အော်ညည်းသံက လောင်စာပင်။ သော်တာနိုင့်နားနှစ်ဖက်လုံးအား စိုရွှဲနေအောင် ငုံစုပ်ကာ အားရပါးရ လျှက်ပြီးသည့်နောက် နှုတ်ခမ်းများဆီ ဘူတာပြန်ဆိုက်သည်။ လက်တဖက်က ပျော့ခွေချင်နေသော သော်တာနိုင့်ကို ခါးကနေ ထိန်းကိုင်ထားရင်း နောက်လက်တဖက်က သော်တာနိုင့်အငယ်ကောင်လေးဆီ။
သော်တာနိုင်သေးသေးလေးက ကြီးသည်လည်းမဟုတ်၊ သေးသည်ဟုလည်းမဆိုသာ။ သာမာန်ယောကျာ်းလေးတယောက်မှာ ရှိသင့်ရှိထိုက်သော ဆိုဒ်နှင့်လုံးပတ်အရွယ်ပင်။ ကြမ်းရှနေသော ကိုးရဲ့လက်ထဲရောက်သည့်နှင့်တပြိုင်နက် ထိုအငယ်လေးသည် တင်းခနဲ နိုးထလာပြီး တဆတ်ဆတ် တုန်လာလေတော့သည်။
သူ့လက်ထဲက သော်တာနိုင့်ညီငယ်လေးကို အထက်အောက် ပွတ်ဆွဲပေးနေရင်း ကိုးတယောက် ငုံ့ကြည့်ချင်စိတ်တွေက တဖွားဖွား။ ဘယ်လိုပြောရမလဲ.. မတွေ့ရတာကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းတယောက်ကို နှုတ်ဆက်ချင်သည့်စိတ်ပေါ့။
နှုတ်ခမ်းချင်းပူးကပ်ထားသည့်ကို ရပ်ပြီး အောက်ကို မသိမသာ ငုံ့ကြည့်ဖို့ ကြံလိုက်ပေမဲ့ သော်တာနိုင်က ထိုသို့မဟုတ်။ သူ့နှုတ်ခမ်းများအား ကိုးဆီမှာ အပြီးအပိုင် ပေးထားတော့မည်ဟု စိတ်ဆုံးဖြတ်ထားသယောင်ပင်။ နောက်ဆုတ်သွားသော ကိုးရဲ့ နှုတ်ခမ်းများနောက် လိုက်တိုးလာကာ အနမ်းမိုးများ ဆက်လက်ရွာသွန်းနေစေသည်။
နေမထိ လေမထိ နေခဲ့ရသည့် အသားနုလေးများသည် ကိုးဧ။် အသားမာစ ကြမ်းရှရှများဖြင့် ပွတ်တိုက်ခံရသည့်အခါ နာလည်းနာ၊ အလွတ်မခံချင်လောက်အောင် ကောင်းလည်းကောင်းနေရသည်။ ဒီလက်ဖဝါးနှင့် ထိတွေ့နေခြင်းဟာ ဒီလောက်တောင် ကောင်းနေလျှင်.. ကိုးရဲ့ နူးနူးအိအိ လမ်းကြောင်းထဲ ထည့်လိုက်ရရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ။
ထိုစိတ်ကူးများက ခေါင်းထဲ တဖြည်းဖြည်း စိမ့်ဝင်နေပြီမို့ သော်တာနိုင်တယောက် စိတ်တွေလွတ်ထွက်မသွားအောင်သာ အနိုင်နိုင် ထိန်းနေရသည်။ ဒီတောင့်တောင့်ဖြောင့်ဖြောင့် ခပ်ချောချောကောင်လေး.. သူ့အောက်မှာ သူ လုပ်သမျှခံရင်း အော်ဟစ်ညီးညူနေရတဲ့မြင်ကွင်းကိုသာ မြင်ခွင့်ရမယ်ဆိုရင် ယောကျာ်းချင်းကြိုက်တဲ့ ဂေးလို့ အခေါ်ခံရလည်း တန်သည်ဟု တွေးလိုက်မိသည်။ တလောကလုံးက အပြစ်တင်ရှုံ့ချနေလည်း ကိုးသာ ရှိနေလျှင် ဘာမဆို လဲပစ်လိုက်မည်။
ကိုးကြောင့် ပျော့ခွေချင်သလိုဖြစ်နေတဲ့ သော်တာနိုင်ဟာ သူ့အတွေးနဲ့သူ အားအင်တွေအပြည့်ရှိလာသလို ခံစားလိုက်ရပြီး သူ့အငယ်ကောင်ကို အပေါ်အောက် ပွတ်တိုက်ပေးနေတဲ့ ကိုးရဲ့လက် အရှိန်လျှော့သွားသည့်နှင့်တပြိုင်နက် ခါးကို ကော့ထိုးကာ ကိုးရဲ့လက်ဖဝါးလမ်းကြောင်းထဲ သူ့ဘာသာသူ အဝင်အထွက်ဖြစ်အောင် လုပ်ရင်း သာယာမှုကို ဖန်တီးယူပစ်လိုက်သည်။
“ ဘာလို့ ကျွန်တော့်ထဲမှာ မစမ်းကြည့်တာလဲ..”
“ စမ်းကြည့်ရမလား..”
ကိုးရဲ့မေးခွန်းကို မေးခွန်းဖြင့် ပြန်ပိတ်လိုက်ပြီး ကိုးဆီက အဖြေကိုစောင့်မနေတော့ပဲ ကုတင်ပေါ် တွန်းလှဲချလိုက်တော့သည်။ အလိုက်သိတတ်သော ကိုးက ကုတင်ပေါ်ရောက်ရောက်ချင်း.. အကျီ င်္ရော၊ ပုဆိုးကိုပါ ချွတ်ကာ သက်တောင့်သက်သာဖြစ်အောင် ခြေထောက်နှစ်ချောင်းကိုပါ ကားပေးလာသည်။
ထိုအချိန်မှသာ ကိုးရဲ့ ပေါင်ကြားထဲမှာ ခေါင်းရမ်းမာန်ဖီနေသော ကောင်ကောင်ကြီးကို ပထမဆုံးအကြိမ် ဘွားခနဲ မြင်ဖူးရတာမို့ သော်တာနိုင်တယောက် ယောင်ယမ်းကာ သူ့ခရေပွင့်ကိုပါ ကျုံ့ထားလိုက်မိသည်။ အရင် ကိုး စိတ်ထတဲ့အချိန်တော်တော်များကို သူ မြင်ဖူးခဲ့သည်မဟုတ်လား။ သို့သော် ဒင်းအကောင်က ဒီလောက်တင်းပြည့်ကျပ်ပြည့်ကြီး ကြီးထွားဖွံ့ဖြိုးနေမည်ဟု တခါမှ မထင်ခဲ့ဖူးပါ။
မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်နေသည့် ညိုစိမ့်စိမ့် ခန္ဓာကိုယ်ကို ခေါင်းအစ ခြေအဆုံး ဖြည်းဖြည်းချင်း လိုက်ကြည့်နေမိသည်။ ကိုးက မေးရိုးချွန်ချွန် နှာတံစင်းစင်းဖြင့် မျက်နှာကျ လှလှကလေးတင် ညိုချော ချောတာမဟုတ်.. ရင်အုပ်တောင့်တောင့်ကျယ်ကျယ်ပေါ်က နို့သီးလေးတွေကအစ အညိုရောင်လေးသမ်းကာ ပြေးစုပ်ချင်စရာကောင်းလေသည်။ နေပူပူထဲ ချွေးသံတရွှဲရွဲနှင့် အလုပ်လုပ်ရင်း ပုံသွင်းထားသည့် ခန္ဓာကိုယ်ကလည်း အဆီပိုတစက်မှမရှိပဲ ကျစ်လျစ်လွန်းသည်။ ဆီးခုံဖောင်းဖောင်းကြီးပေါ်က နက်မှောင်သန်စွမ်းနေသော ဆီးခုံမွှေးများကအစ ရင်ဖိုစေနိုင်သည်။ ကောင်ကောင်ကြီးကတော့ ပြောမနေနဲ့.. တင်းတောင်သန်မာလိုက်ပုံများ.. တကယ့်အသည်းယားစဖွယ်။
သော်တာနိုင် ငေးပြီးရင်း ငေးကြည့်နေရင်း မျက်နှာပင် မလွှဲချင်တော့ပေ။
“ ဒီအတိုင်းကြီး ကြည့်နေတော့မှာလား..”
“ ဘယ်ကသာ..”
သော်တာနိုင်က ကိုးရဲ့ ခြေထောက်နှစ်ချောင်းကြားထဲ နေရာဝင်ယူလိုက်ပြီး ကိုးရဲ့ ပဲသီးညိုလေးတွေကို တဖက် တလှည့်စီ တပြွတ်ပြွတ်မြည်အောင် စို့လိုက်၊ လျှာဖြင့်လျှက်လိုက်၊ သွားဖြင့်တတိတိကိုက်လိုက်လုပ်ရင်း.. အော်ညီးလာသည့် ကိုးရဲ့ပါးစပ်ထဲသို့ သူ့လက်ညှိုးနှင့်လက်ခလယ် နှစ်ချောင်းပူးထည့်ကာ ဝင်ချည်ထွက်ချည် လုပ်နေလေတော့သည်။ အောက်ဘက်မှ ညီငယ်လေးများဧ။် တယောက်နဲ့တယောက် ပွတ်တိုက်နှုတ်ဆက်ခြင်းကလည်း တော်တော်လေး အဆင်ပြေလာသည်။
ကိုးက သော်တာနိုင့်တင်ပါးအက်ကွဲကြောင်းလေးထဲ လက်ခလယ်ထည့်ပြီး ခရေပွင့်လေးအား မထိတထိ ပွတ်တိုက်နေရင်း ကျန်လက်တဖက်ကလည်း သူတို့ညီငယ်လေးနှစ်ယောက်စလုံးအား အုပ်ကိုင်ထားကာ အတူတူ ပူးတွဲအနေအထားဖြင့် အထက်အောက် ပွတ်ဆွဲပေးနေတော့သည်။
ထိုသို့ ဘာအသံမှမထွက်ပဲ တိုးတိုးတိတ်တိတ် အသံတိတ် စပ်ယှက်မှုအား မည်သူမှ သတိမထားသလို၊ ညဘက် အစာရှာထွက်ကာ တညောင်ညောင် တအောင်အောင် အော်တတ်သည့် ကြောင်စုန်းများတောင် ဒီအခန်းထဲမှ ထွက်ပေါ်နေသည့် ထူးထူးဆန်းဆန်း အငွေ့အသက်များကို အာရုံခံမိမယ်မထင်ပါ။
သော်တာနိုင့်ခရေပွင့်လေးထဲ ကိုးက သူ့လယ်ခလယ်အား ထိုးထည့်ချင်ပေမဲ့ ခြောက်သွေ့ကာ တင်းကျပ်နေသောကြောင့် သော်တာနိုင် နာသွားမှာကို အတော်စိုးရိမ်နေရှာသည်။ ကောင်ကောင်လေးများဆီမှ ထွက်လာသော ကနဦး အရည်ကြည်လေးများကိုယူပြီး သုတ်လိမ်းလိုက်သော်လည်း လက်ထိပ်ပင် ဝင်မရချေ။
“ အကို.. ဒီအတိုင်းဆို မရဘူး.. နာလိမ့်မယ်..”
ကိုးရဲ့ ပဲသီးညိုတွေနဲ့ နှုတ်ခမ်းတွေကိုသာ သည်းသည်းမည်းမည်း အာရုံရနေသော သော်တာနိုင်တယောက် ခေါင်းထောင်လာသည်။
“ အရမ်းနာမှာလား..”
“ နာမှာပေါ့.. ဒီမှာလေ လက်တောင်ထည့်လို့မရဘူးကို..”
ကိုးက သူ့လက်ထိပ်ဖျားလေးအား သော်တာနိုင့်ခရေပွင့်ထဲ ထိုးထည့်ပြလိုက်သည့်အခါ အတော်ပင် ကျပ်နေသေးသည်။
“ ဘယ်လိုလုပ်မလဲ.. မင်းက နည်းနည်းပါးပါး မလေ့လာထားဘူးလား..”
စူပုပ်ပုပ်ဖြစ်ချင်သွားသော သော်တာနိုင်ကြောင့် ကိုးမှာ ရယ်ချင်သွားရသည်။
ဘယ်လိုတောင် အပေးအကမ်း ရက်ရောချင်နေရသလဲ.. အရင်သော်တာနိုင်ကတော့ ကုတင်ပေါ် ဆွဲတင်ရင်ကို အသည်းအသန် ရုန်းကန်ပြီး လက်လျှော့လိုက်ရတဲ့အချိန်တွေမှာတောင် စောင်မှပေးမခြုံလျှင် ကိုယ့်ကိုယ်ကို သတ်သေတော့မယ့်အတိုင်းလေ။
“ ကျွန်တော်လည်း ဒီလောက်မြန်မယ် မထင်ထားဘူးလေ..”
“ သြော်.. ပြောချင်တာက ငါက အညှာလွယ်တယ်ပေါ့..”
စူပုပ်ပုပ်ဖြစ်ချင်ရာကနေ အမှန်တကယ်ကြီး စူပုပ်ပုပ်ဖြစ်သွားသောကြောင့် ကိုး ပြုံးလိုက်မိသည်။
“ မဟုတ်တာ.. အကိုက ကျွန်တော့်ကို တအားချစ်ပေးနေလို့တောင် ကျွန်တော့်မှာ မိုးပေါ်မြှောက်တက်နေရပြီကို.. အခုက အကို နာသွားမှာ ကျွန်တော် စိုးရိမ်တယ်လေ..”
ကိုးလက်ထဲမှာရောက်နေသည့် သော်တာနိုင့်ညီငယ်လေးသည်လည်း သော်တာနိုင့်လိုပင် စူပုပ်ပုပ် ဖြစ်ချင်နေပုံရသည်။ အနည်းငယ် ပျော့ကျချင်နေပြီ။ အဲ့ဒါနဲ့ ကိုးလည်း ပထမဆုံးအကြိမ် စိတ်တူကိုယ်တူ အတူတူနေရသည့်အချိန်လေးအား မပျက်စီးစေချင်တာကြောင့် သော်တာနိုင့်ကို သူ့အောက်ဆီ ဆွဲလှဲချကာ.. သော်တာနိုင့်ပေါင်ကြားထဲ အကျအန နေရာယူလိုက်သည်။
“ ကိုး... နေဦးလေ..”
သော်တာနိုင်က ကိုးရဲ့ပုခုံးနှစ်ဖက်အား တွန်းပြီး ဟန့်တားလိုက်ပေမဲ့ ကိုးကတော့ သော်တာနိုင်အသေးလေးကို မြတ်မြတ်နိုးနိုးနှင့်ပင် အာခံတွင်းထဲထိ ငုံလိုက်တော့သည်။ လုံးပတ်တလျှောက် လျှာဖြင့်ပွတ်ဆွဲပေးရင်း အသွင်းအထုတ်လုပ်သည့်အခါ အာခေါင်ကို လာလာထောက်သော ထိပ်ဖျားကြောင့် မျက်ရည်များတောင် ဥလာရတဲ့အထိ အောင့်သည်။ သို့ပေမဲ့ သော်တာနိုင်အသေးလေးအား သူ့ပါးစပ်ထဲကနေ ဆွဲထုတ်မလား၊ အသေခံမလားဆို သူ အသေပဲခံလိုက်မည်။ သော်တာနိုင် စိတ်ပျက်လက်ပျက်ဖြစ်သွားအောင် မလုပ်ဝံ့ပေ။
အားရပါးရ ငုံစုပ်နေသော ကိုးရဲ့ဆံပင်များအား ဆွဲကိုင်ထားကာ အချီအချမိမိ ကော့ထိုးထည့်ရလောက်တဲ့အထိ သော်တာနိုင့်ခမျာ သာယာနေရသည်။ နွေးထွေးလွန်းသော အာခံတွင်းနှင့် စိုစွတ်ပူနွေးနေသော လျှာနုနုလေးက သူ့ကို တဆင့်ချင်း တရစ်ချင်း အထိန်းအကွပ်မဲ့လာစေသည်။  လောကကြီးထဲမှာ ကိုးနှင့်သူ နှစ်ယောက်တည်း ရှိနေရသလိုမျိုး.. အရာအားလုံးကို မေ့ပျောက်သွားရပြီး သူ့အငယ်ကောင်အား စိတ်ရှည်လက်ရှည် နိုးဆွပေးနေသည့် ကိုးကိုသာ ချစ်စိတ်တွေ တဖိတ်ဖိတ် ယိုစိမ့်နေရသည်။
သိပ်မကြာခင်မှာပဲ.. သူ့ကောင်ကောင်လေးက ကျဉ်ခနဲ ဖြစ်ကာ ထိပ်ဖျားက ယားယံလာသည့် ထိုတခဏမှာ.. သူူ စိတ်လွတ်သွားကာ သူ့ညီလေးအား ငုံထွေးထားသော ကိုးရဲ့ အာခံတွင်းကနေ အာခေါင်လမ်းကြောင်းထဲထိ ထိုးထည့်လိုက်မိသည်။
ထို့နောက် သော်တာနိုင်တယောက် မျက်လုံးများ ပြာဝေသွားပြီး ခြေချောင်းများ ကောက်ကွေးသွားရတဲ့အထိ ကောင်းမွန်တဲ့ အရသာကို ပြည့်ပြည့်၀၀ ခံစားလိုက်ရလေသည်။ လှိုက်တက်လာသော အရာရာကို လွှတ်ထုတ်တဲ့အခါ ပျစ်ချွဲ၊ ထုံမွှန်းသော ထိုအချစ်များအား ကိုးက လျှာဖြင့် အကုန်သိမ်းကျုံးယူကာ မြိုချလိုက်တဲ့အချိန်မှာတော့ သော်တာနိုင့်ခမျာ လက်သန်းလေးပင် မ မနိုင်တော့ပေ။
စိတ်ထဲတွင်တော့.. ကိုးက ချစ်ဖို့ကောင်းလိုက်တာ.. ဆိုသည့်စကားအား သုံးကြိမ်သုံးခါ ဆက်တိုက် အော်ဟစ်နေမိတော့သည်။
…..
Thanks For Reading,
To be continued..
Continue Reading
You'll Also Like
181K 34.3K 70
Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel
996K 117K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.3M 178K 151
229K 19.7K 31
Uni ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Zawgyi ကောင်လေးတစ်ယောက်က စာအ...