14 (U)

5K 578 11
                                    


လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၁၄ ) အတိတ်က မီး

“ အာ့ဟောက်.. ဒီတခေါက် ကုန်ကားပြန်ရင် ငါ မန္တလေး ခဏ ပြန်ဦးမယ်ကွာ..”

နှာတံဖြောင့်ဖြောင့်စင်းစင်းကို လက်နဲ့ ကုတ်နေရင်း အာ့ဟောက်က စဉ်းစားနေပုံရသည်။

နယ်စပ်ကနေ ဆိုင်ကယ်မှောင်ခိုသွင်းတဲ့ အာ့ဟောက်အဖေရဲ့ အုပ်စုနောက်လိုက်ပြီး မူဆယ်က အာ့ဟောက်တို့အိမ်မှာ သောင်တင်နေတာ ကြာပြီဖြစ်သည်။ ကိုးလည်း အဆောင်ကထွက်ပြေးပြီးကာမှ အိမ်ပြန်ရင် သေချာပေါက် အဆူအငေါက်ခံရမည် ဖြစ်သောကြောင့် အာ့ဟောက်နဲ့ ကပ်လိုက်နေခဲ့ရာကနေ စာသင်နှစ်ကုန်လို့ နောက်တနှစ်တောင် ကူးခဲ့လေပြီ။

အာ့ဟောက်နဲ့ အာ့ဟောက်အဖေက ပိုက်ဆံရရင် ဘာလုပ်ရလုပ်ရဆိုတဲ့ အမျိုး။ သူကတော့ ပိုက်ဆံကြောင့် မဟုတ်ပဲ.. ထိုအိမ်က လူတွေကိုမုန်းလို့ အပြင်လောကကြီးထဲ ထွက်ပြေးခဲ့ရုံသာ။ ပြေးသာပြေးနေရတယ်.. မသိစိတ်ထဲမှာတော့ ဟိုသော်တာနိုင့်ကို လွမ်းမိသား။

တခေါက်လောက်ပြန်ပြီး အကျိုးအကြောင်းပြောမှဖြစ်မယ်ဆိုတဲ့ နောက်ဆံတင်းစိတ်လည်း ရှိသေးတယ်။

မွေးစားထားတဲ့အိမ်ဆိုတော့လည်း သူ့အနေနဲ့ မျက်နှာလွှဲ ခဲပစ် လုပ်လို့မှ မရတာ။ အာ့ဟောက်အဖေက စိတ်မပူဖို့ လှမ်းပြောပေးထားတယ်ဆိုပေမယ့် စိတ်တော့ပူနေကြမှာပါ။ ဘယ်လိုအခြေအနေဖြစ်နေသလဲဆိုတာ သူ ပြန်ကြည့်ချင်မိတယ်။ ပြီးတော့.. သူ့အတွက် ပြန်စရာအိမ်ရှိတယ်ဆိုတဲ့အတွေးကြောင့်မို့ ပြန်ချင်နေတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

“ အေးပါ.. မင်း ပြန်ချင်တယ်ဆိုရင် ငါ့ပါးပါးကို ပြောလိုက်မယ်.. ဒီတခေါက် ပြန်မယ့်အဖွဲ့နဲ့ လိုက်သွားပေါ့.. အဲ့အိမ်မှာတော့ မနေဘူးမလား ငါ့ကောင်..”

“ နေပါဆိုတာတောင် ငါက မနေဘူး ဟေ့ရောင်ရေ..”

ကိုးက ပြီးစလွယ် ပြောလိုက်ပြီး ပြန်လိုက်သွားဖို့ အထုပ်ပြေးထုပ်တော့တယ်။

သူ အိမ်ပြန်ဖို့ပြောတော့ အာ့ဟောက်အဖေက လိုလိုလားလားပင် သဘောတူပြီး အိမ်ကိုဖုန်းဆက် အကြောင်းကြားပေးထားကြောင်းနဲ့ အချိန်မရွေး ပြန်လာလို့ရကြောင်း ပြောနေသေးသည်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now