Zawgyi
အပိုင္း (၈၀၉) – ဂူသခ်ႋဳင္းအစစ္အမွန္
အားလံုးသည္ မွင္တက္စြာျဖင့္ အံ့ၾသမႈအျပည့္ႏွင့္ တစ္ေယာက္ႏွင့္ တစ္ေယာက္ၾကည့္မိ ၾကသည္။
ဘာေတြျဖစ္ေနတာလဲ၊ တံခါးကဘယ္လိုလုပ္ေပၚလာတာလဲ။
"ယူယူ အခုက....အဲဒါက...အစ္မရဲ႕ေသြးက နံရံေပၚစုပ္ယူခံလုိက္ရလုိ႔ ျဖစ္သြားတာပဲ" ကုန္ရွန္ယိသည္ ရွီမာယူယူအား မ်က္လံုးျပဴးျပီးၾကည့္ကာ "အစ္မရဲ႕ေသြးက ထူးျခား္ေနတာလား"
"ဘယ္လိုမ်ိဳးထူးျခားႏုိင္မွာမို႔လို႔လဲ၊ တံခါးက အသက္ဝင္ဖို႔အတြက္ ေသြးလိုလို႔ေနမွာပါ" ရွီမာယူယူ ျငင္းဆန္ေလသည္ "တံခါးရွာေတြ႕ ျပီဆိုမွေတာ့ ဝင္ရေအာင္"
သူမသည္ ထိုေမးခြန္းႏွင့္ပတ္သတ္ျပီး ဆက္ေမးတာမ်ိဳးမျဖစ္လိုပါ။ အေၾကာင္းမွာ အေစာက အနက္ေရာင္ၾကာပန္းအားျမင္လိုက္ခ်ိန္တြင္ သူမ ေနာက္ေက်ာမွ မီးျမိွဳက္သလိုအပူကိုခံစားရ ေသာေၾကာင့္ပင္။ ထိုခံစားခ်က္ မွာ မီးေတာက္ေနသကဲ့သို႔ပင္။
သို႔ေသာ္ ထိုအေၾကာင္းအား ဘယ္သူ႔ကိုမွမသိေစလိုပါ။
"ဟုတ္တယ္" ဟန္႔ေျမာင္ရႊမ္ သေဘာတူေလသည္ "ခုနက တံခါးရွာ မေတြ႕လို႔ေလ၊ အခု တံခါး ပြင္သြားျပီ္ဆိုေတာ့ အထဲဝင္ၾကည့္သင့္တယ္"
စူးေရွာင္ေရွာင္ႏွင့္ ရွီမန္ဖန္တို႔သည္ ေရွ႕တိုးကာ တံခါးကို တတစ္ဖက္စ္ခ်က္စီတြန္းၾကေလသည္။ သို႔ေသာ္ တံခါးသည္ေရြ႕သည့္ပံု မေပၚေပ။
"ဟူး တကယ္ထူးဆန္းတာပဲ" စူးေရွာင္ေရွာင္ ေျပာလုိက္သည္ "ငါတို႔က အားမသန္လို႔မ်ားလား"
"ရွန္ယိလည္း တြန္းၾကည့္မယ္"
ဟန္႔ေျမာင္ရႊမ္ႏွင့္ ကုန္ရွန္ယိတို႔သည္ ေရွ႕တိုးကာ သူတို႔ကိုကူညီေပး ေလသည္။ သူတို႔ေလးေယာက္သည္ အတူတြန္းၾကေသာ္လည္း အသံုး မဝင္ေပ။
သူတို႔ေလးေယာက္သည္ အၾကိမ္အနည္းငယ္ၾကိဳးစားၾကည့္ ေသာ္လည္း ရလဒ္မွာအတူတူပင္။
သူတို႔သည္ ေနာက္ဆံုးတြင္ ေနာက္ဆုတ္ကာ ၾကီးမားေသာတံခါးကို စကားလံုးမဲ့စြာၾကည့္မိ ေလသည္။
"ထူးဆန္းလိုက္တာ ေသာ့ပြင့္သြားျပီမလား ဘာလုိ႔မပြင့္တာလဲ၊ တံခါး ခလုတ္က အျပင္မွာမလား စက္ယႏၱယားမ်ားရွိမလားပဲ" ဟန္႔ေျမာင္ရႊမ္သည္ သူမ ေမးေစ့အားထိလိုက္သည္ "ရွန္ယိ စမ္းၾကည့္ပါလား စက္ယႏၱယား ေတြရွိမလားလို႔"
"အင္း" ကုန္ရွန္ယိသည္ အေနအထားေျပာင္းလုိက္သည္။ သူမသည္ စက္ယႏၱရားရွိမလားဟု တံခါးအား စမ္းသပ္ၾကည့္ေလသည္။ သို႔ေသာ္ ေန႔တစ္ဝက္ရွာျပီးေသာ္လည္း ထူးျခားမႈတစ္စံုတစ္ရာ မေတြ႕ေပ။
"တြန္းလို႔မရဘူး ျပီးေတာ့ဘာစက္ယႏၱရားမွမရွိဘူး၊ တံခါးအတုမ်ားျဖစ္ ေနမလား" စူးေရွာင္ေရွာင္ ယူဆေလသည္။
"တကယ္ပဲဖြင့္မရဘူးလား" ရွီမာယူယူ ေျပာလိုက္သည္ "အစ္ကိုတို႔ ခႏၶာကိုယ္ေတြက ၾကက္ေျခေထာက္ထက္ေတာင္ အားနည္းေနလို႔ မဟုတ္ဘူးလား ကၽြန္ေတာ္စမ္းၾကည့္မယ္"
သူမ ေလွ်ာက္လာကာ တံခါးမွန္အကြက္ေပၚလက္တင္လိုက္သည္။ သူမ တံခါးကိုထိလိုက္သည္ႏွင့္ တစ္ခါမွမခံစားဖူးေသာ ေနာက္ေက်ာမွ အပူသည္ အေအးဓာတ္ေျပာင္းသြားေလသည္။
သူတို႔ေလးေယာက္ေပါင္းျပီး မတြန္းႏုိ္င္ေသာေၾကာင့္ သူမသည္ တံခါးေပၚလက္ႏွစ္ဖက္လံုးတင္ လုိက္သည္။ သူမသည္ အားပင္မသံုးလိုက္ရ ေပ... တံခါးသည္ ကလစ္ဟုအသံထြက္ကာ ပြင့္သြားျပီး ဟသြားေလသည္။
ေတာက္ပေသာအျဖဴေရာင္ အလင္းတန္းသည္တံခါးမွျဖတ္လာရာ သူမ သည္ မ်က္စိေစြၾကည့္ မိေလသည္။ ထိုအခ်ိန္တြင္ အျဖဴေရာင္ျမဴမ်ား ၾကားတြင္ ထာဝရရွင္သန္သူ အမ်ိဳးသမီးတစ္ဦးကိုျမင္မိ သလိုထင္မိသည္။
သို႔ေသာ္ သူမ ျမင္လုိက္သည္မွာ တစ္ခဏပင္။ သူမ အလင္းႏွင့္ အသားက်သြားသည္ႏွင့္ မ်က္လံုးျပန္ဖြင့္ျပီး ရွာရာ ထိုအမ်ိဳးသမီးမရွိေတာ့ေပ။ သူမသည္ အားစုစည္းျပီး တံခါးကိုတြန္းဖြင့္လိုက္ ရာ ပြင့္သြားေလသည္။
သူမသည္ တံခါးအေနာက္မွ ၾကိဳဆိုေနေသာ ျမင္ကြင္းအားျမင္ရ ေသာအခါ မွင္တက္သြားေလသည္။
"ယူယူ တကယ္ပဲအားေကာင္းတာပဲ အစ္မ..." ကုန္ရွန္ယိသည္ ေမွ်ာ္လင့္ခ်က္ျပည့္သြား ေသာ္လည္း သူမ သက္ျပင္းခ်သည္ကိုျမင္ေသာအခါ ေၾကာင္သြားေလသည္။
"ဘာလဲ ဒီမွာရတနာရွိလို႔လား"
ဟန္႔ေျမာင္ရႊမ္လည္း ဆက္ေလွ်ာက္ရာ ရွီမန္ဖန္ႏွင့္ က်န္းက်ဴက်ိလည္း လိုက္လာၾကသည္။ သူတို႔၏ တုန္႔ျပန္မႈမွာ ရီွမာယူယူေလာက္ ၾကီးမားျခင္း မရွိေသာ္လည္း သူတို႔လည္း မွင္တက္ေနဆဲပင္။
ထိုတံခါးေနာက္တြင္ မည္သည့္ေက်ာက္အိမ္မွရွိမေနပဲ ဂူလည္း မဟုတ္ေတာ့ေပ။ ထိုအစား ေကာင္းကင္ရွိေလသည္။ ေကာင္းကင္ႏွင့္ေျမၾကီး၊ ေတာင္မ်ား ျမစ္မ်ား၊ ပန္းမ်ားႏွင့္ ျမက္ပင္မ်ားရွိေလ သည္။ သူတို႔ႏွင့္ သိပ္မကြာေဝးေသာေနရာတြင္ ေတာင္တစ္ဝက္ေလာက္တြင္ အိမ္ႏွစ္အိမ္ရွိ ေလသည္။
"မင္း မင္း..."
တိုးညင္းေသာအသံသည္ အခ်ိန္မ်ားစြာေက်ာ္ျဖတ္လာရသကဲ့သို႔ အေဝးမွထြက္လာျပီး ရီွမာယူယူ၏ နားနားတြင္ ရိုက္ခတ္လာသည္။
ထိုႏႈတ္ဆက္မႈသည္ ေပ်ာ့ေပ်ာင္းကာ ေလသံမွ်သာျဖစ္ေသာ္လည္း သူမ ႏွလံုးသားတြင္ အလြန္ တုန္လႈပ္မိေလသည္။
သူမကို ဘယ္သူကေခၚေနတာလဲ။
သူမကို တကယ္ပဲေခၚေနတာလား။
သူမသည္ သူမကိုေခၚေသာလူအား ေျခရာခံခ်င္ေသာ္လည္း အထဲတြင္ ဘယ္သူမွရွိမေနသည္ ကို ေတြ႕လိုက္ရသည္။
"ဒါက... လွလိုက္တာ" ကုန္ရွန္ယိသည္ သတိျပန္ဝင္လာကာ ရင္ဘတ္ ေပၚလက္တင္ျပီး ေအာ္ေလသည္။
ဟန္႔ေျမာင္ရႊမ္ႏွင့္ တျခားသူမ်ားသည္ ေၾကာင္စီစြာျဖင့္ အထဲသို႔ ေလွ်ာက္သြားျပီး သူတို႔ ေသြးေလေခ်ာက္ခ်ားျခင္း ဟုတ္မဟုတ္ကို သိခ်င္ ေနၾကသည္။
"ဒီေနရာက တကယ္လွတာပဲ၊ ဒါေပမဲ့ အစစ္ေတာ့မဟုတ္ဘူး" က်န္းက်ဴက်ိ ေျပာေလသည္။
"ဟုတ္တယ္ ငါတို႔က ေျမေအာက္ထဲမွာကို ဘယ္လိုလုပ္ဒီလိုလွတဲ့ ေနရာမ်ိဳးကို ရုတ္တရက္ ေရာက္သြားႏုိင္မွာလဲ" ရွီမန္ဖန္ သေဘာတူ ေလသည္။
"ဒါက ထင္ေယာင္ထင္မွားတည္ေဆာက္မႈျဖစ္ေလာက္တယ္၊ ဒီဟာကို ဖန္တီးတဲ့လူက ဒီလို ပတ္ဝန္းက်င္ရေအာင္လုပ္ႏိုင္တာ တကယ္ပဲ အားေကာင္းတာျဖစ္မယ္" ဟန္႔ေျမာင္ရႊမ္ သက္ျပင္းခ်ေလသည္။
"ဒီေနရာက ထင္ေယာင္ထင္မွားတည္ေဆာက္မႈမဟုတ္ဘူး" ရွီမာယူယူ ေျပာေလသည္။
"မဟုတ္ဘူးလား ဒါက တကယ့္ဟာလို႔ေတာ့မေျပာနဲ႔ေနာ္"
ရွီမာယူယူသည္ အသက္ျပင္းျပင္းရႈကာ အထဲသို႔ဝင္လိုက္သည္။ ထို႔ ေနာက္တြင္ သူမသည္ လက္ႏွစ္ဖက္လံုးဆန္႔တန္းကာ ေျပာေလသည္ "ကၽြန္ေတာ့္ကို ခံစားလို႔ရလား"
ဟန္႔ေျမာင္ရႊမ္သည္ လက္ႏွစ္ဖက္ဆန္႔ကာ သူမအား ကိုင္လိုက္သည္။ သို႔ေသာ္ ယူယူသည္ သူမႏွင့္ ေျခတစ္လွမ္းကြာေနသည္မွာ ေသခ်ာပါလ်က္ ႏွင့္ လက္ကုိဆုပ္ကိုင္၍မရေပ။ သူမ၏ လက္မ်ားသည္ ရွီမာယူယူ၏ လက္ဖဝါးကိုျဖတ္သြားေလသည္။
"ဒါက... ေနရာႏွစ္ခုလား"
"ငါေျပာတာမမွားရင္ ဒါကေလာကအေသးျဖစ္ေလာက္တယ္" က်န္းက်ဴက်ိ ေျပာေလသည္ "အဇူရာဧကရာဇ္က ဒီမွာေလာကအေသး ထားခဲ့တယ္၊ ျပီးေတာ့ဒီတံခါးက ေလာကအေသးကိုဖြင့္တဲ့ တံခါးျဖစ္ေလာက္ တယ္၊ တံခါးလုပ္ေဆာင္ခ်က္ေတြက သခ်ႋဳင္းရဲ႕ေနာက္ဆံုးအပိုင္းပဲ"
"အဲေလာက္အားေကာင္းတာလား" စူးေရွာင္ေရွာင္သည္ အလြန္အံ့ၾသ ေနေလသည္ "တကယ့္ သခ်ႋဳင္းက ေလာကအေသးပဲ"
"အဲဒါေၾကာင့္ ဒီမွာဘာစက္ယႏၱရား ဘာတည္ေဆာက္မႈမွမရွိတာကိုး ဒီအတုိင္းျမဴခိုးဖန္သားျပင္လိုပဲ ဒါကမွတကယ့္ေနရာအစစ္ပဲ" ရွီမာယူယူ သက္ျပင္းခ်လိုက္သည္။
သူတို႔ ေလာကအေသးကိုျမင္ေသာအခါ အရင္ကနားမလည္ေသာအရာ မ်ားကို သေဘာေပါက္သြားသည္။ သူမသည္ သခ်ႋဳင္းထဲတြင္ ဘာ အကာအကြယ္မွ မရွိသကဲ့သို႔ ထင္ရေလာက္ေအာင္ စက္ယႏၱရား နည္းပါး သည္ကို ဆက္တိုက္စဥ္းစားလာခဲ့သည္။ ခ်ီဝိဥာဥ္မ်ားအျဖစ္ ပ်ိဳးေထာင္ခဲ့ ေသာ သတၱဝါမ်ားစြာရွိခဲ့ေသာ္လည္း စက္ယႏၱရားႏွင့္ တည္ေဆာက္မႈမ်ားမွာ နည္းပါးသည္။
သို႔ေသာ္ သူမစိတ္ထဲမွ သံသယမ်ားသည္ လံုးဝကြယ္ေပ်ာက္ မသြားေသးေပ။ အနည္းငယ္ ခ်ိတ္ဆက္မႈမ်ားရွိေနေသးသည္။
"အဲဒီအမ်ိဳးသမီးရဲ႕ သခ်ႋဳင္းကဒီမွာျဖစ္ေလာက္တယ္" က်န္းက်ဴက်ိ သည္ အထဲသို႔ဝင္ရာ ရွီမာယူယူသည္ ေဘးမွလိုက္လာသည္။
"စီနီယာအစ္ကိုၾကီး ဒီသခ်ႋဳင္းက အဇူရာဧကရာဇ္ရဲ႕ ခ်စ္သူ မိန္းကေလးရဲ႕ ဂူဆိုတာေသခ်ာလား" ရီွမာယူယူ ေမးလိုက္သည္။
"ငါလည္းအစတုန္းကမေသခ်ာဘူး ဒါေပမဲ့ အခုေလာကအေသး ကိုျမင္လိုက္ရေတာ့ ပိုေသခ်ာ သြားတယ္"
"ဘာလို႔လဲ"
"အဇူရာဧကရာဇ္မွာ ေလာကအေသးေတြရွိတယ္လို႔ ေရွးေဟာင္း စာအုပ္ေတြမွာ ေရးထားတယ္ အဲထဲကတစ္ခုမွာ အမ်ိဳးသမီးရဲ႕ အေလာင္းကို ျမွဳပ္ႏွံထားခဲ့တယ္၊ သူက သူမရဲ႕ ဂူအျဖစ္ ေလာကအေသးကို သံုးခဲ့တယ္ အဲေလာက္ဆိုရင္ သက္ေသမျဖစ္ဘူးလား" က်န္းက်ဴက်ိ ေျပာေလ သည္။
"ဖန္အေခါင္းက်ဘယ္လိုလဲ၊ အဲဒါက ဒီအိမ္ေတြထဲကတစ္ခုလား" ဟန္႔ေျမာင္ရႊမ္သည္ ထို အမ်ိဳးသမီးအေၾကာင္းသိခ်င္လာကာ တစ္ခုခုမ်ား က်န္ခဲ့မလားဟု သိခ်င္မိသည္။
"အဲအိမ္ေတြထဲဝင္ၾကည့္ရေအာင္" ကုန္ရွန္ယိလည္း တျခားသူမ်ား ကဲ့သို႔ ခံစားမိသည္။ သူတို႔ႏွစ္ေယာက္သည္ တစ္ေလသံတည္းထြက္ကာ အိမ္ဆီသို႔ပ်ံသြားၾကေလသည္။
"တကယ္စိတ္မရွည္ၾကတာပဲ၊ ေျဖးေျဖးသြားရင္ရရဲ႕သားနဲ႔ အေျပး အလႊားသြားေနၾကတယ္" က်န္းက်ဴက်ိသည္ ျပံဳးျပီးေျပာေလသည္ "ငါတို႔ လည္းသြားရေအာင္"
ရွီမာယူယူသည္လွည့္ၾကည့္ရာ တံခါးသည္ ေပ်ာက္ကြယ္သြားေလျပီ။ အဆံုးမရွိေသာ လမ္းသာ က်န္ခဲ့ေလသည္။
"ငါတို႔ဘယ္လိုလုပ္ အလြယ္တကူဝင္လာလိုက္တာလဲ" သူမသည္ တိတ္တဆိတ္ စဥ္းစားမိသည္။ အားလံုးကိုၾကည့္လိုက္ရာ သူတို႔သည္ ထိုအေၾကာင္းအားေတြးမိသည့္ပံုမေပၚေပ။
သူတို႔သည္ အဇူရာဧကရာဇ္ထားခဲ့ေသာ ေလာကအေသးေၾကာင့္ အံ့ၾသမွင္တက္ေနေသာေၾကာင့္ ဘယ္သူမွမေတြးမိသည့္ပံုပင္။
"အာ..."
အိမ္ထဲမွ ကုန္ရွန္ယိ၏ ေအာ္သံသည္ ရုတ္တရက္ထြက္လာသည္။
Unicode
အပိုင်း (၈၀၉) – ဂူသင်္ချိုင်းအစစ်အမှန်
အားလုံးသည် မှင်တက်စွာဖြင့် အံ့သြမှုအပြည့်နှင့် တစ်ယောက်နှင့် တစ်ယောက်ကြည့်မိ ကြသည်။
ဘာတွေဖြစ်နေတာလဲ၊ တံခါးကဘယ်လိုလုပ်ပေါ်လာတာလဲ။
"ယူယူ အခုက....အဲဒါက...အစ်မရဲ့သွေးက နံရံပေါ်စုပ်ယူခံလိုက်ရလို့ ဖြစ်သွားတာပဲ" ကုန်ရှန်ယိသည် ရှီမာယူယူအား မျက်လုံးပြူးပြီးကြည့်ကာ "အစ်မရဲ့သွေးက ထူးခြာ်းနေတာလား"
"ဘယ်လိုမျိုးထူးခြားနိုင်မှာမို့လို့လဲ၊ တံခါးက အသက်ဝင်ဖို့အတွက် သွေးလိုလို့နေမှာပါ" ရှီမာယူယူ ငြင်းဆန်လေသည် "တံခါးရှာတွေ့ ပြီဆိုမှတော့ ဝင်ရအောင်"
သူမသည် ထိုမေးခွန်းနှင့်ပတ်သတ်ပြီး ဆက်မေးတာမျိုးမဖြစ်လိုပါ။ အကြောင်းမှာ အစောက အနက်ရောင်ကြာပန်းအားမြင်လိုက်ချိန်တွင် သူမ နောက်ကျောမှ မီးမြှိုက်သလိုအပူကိုခံစားရ သောကြောင့်ပင်။ ထိုခံစားချက် မှာ မီးတောက်နေသကဲ့သို့ပင်။
သို့သော် ထိုအကြောင်းအား ဘယ်သူ့ကိုမှမသိစေလိုပါ။
"ဟုတ်တယ်" ဟန့်မြောင်ရွှမ် သဘောတူလေသည် "ခုနက တံခါးရှာ မတွေ့လို့လေ၊ အခု တံခါး ပွင်သွားပြီ်ဆိုတော့ အထဲဝင်ကြည့်သင့်တယ်"
စူးရှောင်ရှောင်နှင့် ရှီမန်ဖန်တို့သည် ရှေ့တိုးကာ တံခါးကို တတစ်ဖက်စ်ချက်စီတွန်းကြလေသည်။ သို့သော် တံခါးသည်ရွေ့သည့်ပုံ မပေါ်ပေ။
"ဟူး တကယ်ထူးဆန်းတာပဲ" စူးရှောင်ရှောင် ပြောလိုက်သည် "ငါတို့က အားမသန်လို့များလား"
"ရှန်ယိလည်း တွန်းကြည့်မယ်"
ဟန့်မြောင်ရွှမ်နှင့် ကုန်ရှန်ယိတို့သည် ရှေ့တိုးကာ သူတို့ကိုကူညီပေး လေသည်။ သူတို့လေးယောက်သည် အတူတွန်းကြသော်လည်း အသုံး မဝင်ပေ။
သူတို့လေးယောက်သည် အကြိမ်အနည်းငယ်ကြိုးစားကြည့် သော်လည်း ရလဒ်မှာအတူတူပင်။
သူတို့သည် နောက်ဆုံးတွင် နောက်ဆုတ်ကာ ကြီးမားသောတံခါးကို စကားလုံးမဲ့စွာကြည့်မိ လေသည်။
"ထူးဆန်းလိုက်တာ သော့ပွင့်သွားပြီမလား ဘာလို့မပွင့်တာလဲ၊ တံခါး ခလုတ်က အပြင်မှာမလား စက်ယန္တယားများရှိမလားပဲ" ဟန့်မြောင်ရွှမ်သည် သူမ မေးစေ့အားထိလိုက်သည် "ရှန်ယိ စမ်းကြည့်ပါလား စက်ယန္တယား တွေရှိမလားလို့"
"အင်း" ကုန်ရှန်ယိသည် အနေအထားပြောင်းလိုက်သည်။ သူမသည် စက်ယန္တရားရှိမလားဟု တံခါးအား စမ်းသပ်ကြည့်လေသည်။ သို့သော် နေ့တစ်ဝက်ရှာပြီးသော်လည်း ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ပေ။
"တွန်းလို့မရဘူး ပြီးတော့ဘာစက်ယန္တရားမှမရှိဘူး၊ တံခါးအတုများဖြစ် နေမလား" စူးရှောင်ရှောင် ယူဆလေသည်။
"တကယ်ပဲဖွင့်မရဘူးလား" ရှီမာယူယူ ပြောလိုက်သည် "အစ်ကိုတို့ ခန္ဓာကိုယ်တွေက ကြက်ခြေထောက်ထက်တောင် အားနည်းနေလို့ မဟုတ်ဘူးလား ကျွန်တော်စမ်းကြည့်မယ်"
သူမ လျှောက်လာကာ တံခါးမှန်အကွက်ပေါ်လက်တင်လိုက်သည်။ သူမ တံခါးကိုထိလိုက်သည်နှင့် တစ်ခါမှမခံစားဖူးသော နောက်ကျောမှ အပူသည် အအေးဓာတ်ပြောင်းသွားလေသည်။
သူတို့လေးယောက်ပေါင်းပြီး မတွန်းနိုင်သောကြောင့် သူမသည် တံခါးပေါ်လက်နှစ်ဖက်လုံးတင် လိုက်သည်။ သူမသည် အားပင်မသုံးလိုက်ရ ပေ... တံခါးသည် ကလစ်ဟုအသံထွက်ကာ ပွင့်သွားပြီး ဟသွားလေသည်။
တောက်ပသောအဖြူရောင် အလင်းတန်းသည်တံခါးမှဖြတ်လာရာ သူမ သည် မျက်စိစွေကြည့် မိလေသည်။ ထိုအချိန်တွင် အဖြူရောင်မြူများ ကြားတွင် ထာဝရရှင်သန်သူ အမျိုးသမီးတစ်ဦးကိုမြင်မိ သလိုထင်မိသည်။
သို့သော် သူမ မြင်လိုက်သည်မှာ တစ်ခဏပင်။ သူမ အလင်းနှင့် အသားကျသွားသည်နှင့် မျက်လုံးပြန်ဖွင့်ပြီး ရှာရာ ထိုအမျိုးသမီးမရှိတော့ပေ။ သူမသည် အားစုစည်းပြီး တံခါးကိုတွန်းဖွင့်လိုက် ရာ ပွင့်သွားလေသည်။
သူမသည် တံခါးအနောက်မှ ကြိုဆိုနေသော မြင်ကွင်းအားမြင်ရ သောအခါ မှင်တက်သွားလေသည်။
"ယူယူ တကယ်ပဲအားကောင်းတာပဲ အစ်မ..." ကုန်ရှန်ယိသည် မျှော်လင့်ချက်ပြည့်သွား သော်လည်း သူမ သက်ပြင်းချသည်ကိုမြင်သောအခါ ကြောင်သွားလေသည်။
"ဘာလဲ ဒီမှာရတနာရှိလို့လား"
ဟန့်မြောင်ရွှမ်လည်း ဆက်လျှောက်ရာ ရှီမန်ဖန်နှင့် ကျန်းကျူကျိလည်း လိုက်လာကြသည်။ သူတို့၏ တုန့်ပြန်မှုမှာ ရှီမာယူယူလောက် ကြီးမားခြင်း မရှိသော်လည်း သူတို့လည်း မှင်တက်နေဆဲပင်။
ထိုတံခါးနောက်တွင် မည်သည့်ကျောက်အိမ်မှရှိမနေပဲ ဂူလည်း မဟုတ်တော့ပေ။ ထိုအစား ကောင်းကင်ရှိလေသည်။ ကောင်းကင်နှင့်မြေကြီး၊ တောင်များ မြစ်များ၊ ပန်းများနှင့် မြက်ပင်များရှိလေ သည်။ သူတို့နှင့် သိပ်မကွာဝေးသောနေရာတွင် တောင်တစ်ဝက်လောက်တွင် အိမ်နှစ်အိမ်ရှိ လေသည်။
"မင်း မင်း..."
တိုးညင်းသောအသံသည် အချိန်များစွာကျော်ဖြတ်လာရသကဲ့သို့ အဝေးမှထွက်လာပြီး ရှီမာယူယူ၏ နားနားတွင် ရိုက်ခတ်လာသည်။
ထိုနှုတ်ဆက်မှုသည် ပျော့ပျောင်းကာ လေသံမျှသာဖြစ်သော်လည်း သူမ နှလုံးသားတွင် အလွန် တုန်လှုပ်မိလေသည်။
သူမကို ဘယ်သူကခေါ်နေတာလဲ။
သူမကို တကယ်ပဲခေါ်နေတာလား။
သူမသည် သူမကိုခေါ်သောလူအား ခြေရာခံချင်သော်လည်း အထဲတွင် ဘယ်သူမှရှိမနေသည် ကို တွေ့လိုက်ရသည်။
"ဒါက... လှလိုက်တာ" ကုန်ရှန်ယိသည် သတိပြန်ဝင်လာကာ ရင်ဘတ် ပေါ်လက်တင်ပြီး အော်လေသည်။
ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ကြောင်စီစွာဖြင့် အထဲသို့ လျှောက်သွားပြီး သူတို့ သွေးလေချောက်ချားခြင်း ဟုတ်မဟုတ်ကို သိချင် နေကြသည်။
"ဒီနေရာက တကယ်လှတာပဲ၊ ဒါပေမဲ့ အစစ်တော့မဟုတ်ဘူး" ကျန်းကျူကျိ ပြောလေသည်။
"ဟုတ်တယ် ငါတို့က မြေအောက်ထဲမှာကို ဘယ်လိုလုပ်ဒီလိုလှတဲ့ နေရာမျိုးကို ရုတ်တရက် ရောက်သွားနိုင်မှာလဲ" ရှီမန်ဖန် သဘောတူ လေသည်။
"ဒါက ထင်ယောင်ထင်မှားတည်ဆောက်မှုဖြစ်လောက်တယ်၊ ဒီဟာကို ဖန်တီးတဲ့လူက ဒီလို ပတ်ဝန်းကျင်ရအောင်လုပ်နိုင်တာ တကယ်ပဲ အားကောင်းတာဖြစ်မယ်" ဟန့်မြောင်ရွှမ် သက်ပြင်းချလေသည်။
"ဒီနေရာက ထင်ယောင်ထင်မှားတည်ဆောက်မှုမဟုတ်ဘူး" ရှီမာယူယူ ပြောလေသည်။
"မဟုတ်ဘူးလား ဒါက တကယ့်ဟာလို့တော့မပြောနဲ့နော်"
ရှီမာယူယူသည် အသက်ပြင်းပြင်းရှုကာ အထဲသို့ဝင်လိုက်သည်။ ထို့ နောက်တွင် သူမသည် လက်နှစ်ဖက်လုံးဆန့်တန်းကာ ပြောလေသည် "ကျွန်တော့်ကို ခံစားလို့ရလား"
ဟန့်မြောင်ရွှမ်သည် လက်နှစ်ဖက်ဆန့်ကာ သူမအား ကိုင်လိုက်သည်။ သို့သော် ယူယူသည် သူမနှင့် ခြေတစ်လှမ်းကွာနေသည်မှာ သေချာပါလျက် နှင့် လက်ကိုဆုပ်ကိုင်၍မရပေ။ သူမ၏ လက်များသည် ရှီမာယူယူ၏ လက်ဖဝါးကိုဖြတ်သွားလေသည်။
"ဒါက... နေရာနှစ်ခုလား"
"ငါပြောတာမမှားရင် ဒါကလောကအသေးဖြစ်လောက်တယ်" ကျန်းကျူကျိ ပြောလေသည် "အဇူရာဧကရာဇ်က ဒီမှာလောကအသေး ထားခဲ့တယ်၊ ပြီးတော့ဒီတံခါးက လောကအသေးကိုဖွင့်တဲ့ တံခါးဖြစ်လောက် တယ်၊ တံခါးလုပ်ဆောင်ချက်တွေက သင်္ချိုင်းရဲ့နောက်ဆုံးအပိုင်းပဲ"
"အဲလောက်အားကောင်းတာလား" စူးရှောင်ရှောင်သည် အလွန်အံ့သြ နေလေသည် "တကယ့် သင်္ချိုင်းက လောကအသေးပဲ"
"အဲဒါကြောင့် ဒီမှာဘာစက်ယန္တရား ဘာတည်ဆောက်မှုမှမရှိတာကိုး ဒီအတိုင်းမြူခိုးဖန်သားပြင်လိုပဲ ဒါကမှတကယ့်နေရာအစစ်ပဲ" ရှီမာယူယူ သက်ပြင်းချလိုက်သည်။
သူတို့ လောကအသေးကိုမြင်သောအခါ အရင်ကနားမလည်သောအရာ များကို သဘောပေါက်သွားသည်။ သူမသည် သင်္ချိုင်းထဲတွင် ဘာ အကာအကွယ်မှ မရှိသကဲ့သို့ ထင်ရလောက်အောင် စက်ယန္တရား နည်းပါး သည်ကို ဆက်တိုက်စဉ်းစားလာခဲ့သည်။ ချီဝိဉာဉ်များအဖြစ် ပျိုးထောင်ခဲ့ သော သတ္တဝါများစွာရှိခဲ့သော်လည်း စက်ယန္တရားနှင့် တည်ဆောက်မှုများမှာ နည်းပါးသည်။
သို့သော် သူမစိတ်ထဲမှ သံသယများသည် လုံးဝကွယ်ပျောက် မသွားသေးပေ။ အနည်းငယ် ချိတ်ဆက်မှုများရှိနေသေးသည်။
"အဲဒီအမျိုးသမီးရဲ့ သင်္ချိုင်းကဒီမှာဖြစ်လောက်တယ်" ကျန်းကျူကျိ သည် အထဲသို့ဝင်ရာ ရှီမာယူယူသည် ဘေးမှလိုက်လာသည်။
"စီနီယာအစ်ကိုကြီး ဒီသင်္ချိုင်းက အဇူရာဧကရာဇ်ရဲ့ ချစ်သူ မိန်းကလေးရဲ့ ဂူဆိုတာသေချာလား" ရှီမာယူယူ မေးလိုက်သည်။
"ငါလည်းအစတုန်းကမသေချာဘူး ဒါပေမဲ့ အခုလောကအသေး ကိုမြင်လိုက်ရတော့ ပိုသေချာ သွားတယ်"
"ဘာလို့လဲ"
"အဇူရာဧကရာဇ်မှာ လောကအသေးတွေရှိတယ်လို့ ရှေးဟောင်း စာအုပ်တွေမှာ ရေးထားတယ် အဲထဲကတစ်ခုမှာ အမျိုးသမီးရဲ့ အလောင်းကို မြှုပ်နှံထားခဲ့တယ်၊ သူက သူမရဲ့ ဂူအဖြစ် လောကအသေးကို သုံးခဲ့တယ် အဲလောက်ဆိုရင် သက်သေမဖြစ်ဘူးလား" ကျန်းကျူကျိ ပြောလေ သည်။
"ဖန်အခေါင်းကျဘယ်လိုလဲ၊ အဲဒါက ဒီအိမ်တွေထဲကတစ်ခုလား" ဟန့်မြောင်ရွှမ်သည် ထို အမျိုးသမီးအကြောင်းသိချင်လာကာ တစ်ခုခုများ ကျန်ခဲ့မလားဟု သိချင်မိသည်။
"အဲအိမ်တွေထဲဝင်ကြည့်ရအောင်" ကုန်ရှန်ယိလည်း တခြားသူများ ကဲ့သို့ ခံစားမိသည်။ သူတို့နှစ်ယောက်သည် တစ်လေသံတည်းထွက်ကာ အိမ်ဆီသို့ပျံသွားကြလေသည်။
"တကယ်စိတ်မရှည်ကြတာပဲ၊ ဖြေးဖြေးသွားရင်ရရဲ့သားနဲ့ အပြေး အလွှားသွားနေကြတယ်" ကျန်းကျူကျိသည် ပြုံးပြီးပြောလေသည် "ငါတို့ လည်းသွားရအောင်"
ရှီမာယူယူသည်လှည့်ကြည့်ရာ တံခါးသည် ပျောက်ကွယ်သွားလေပြီ။ အဆုံးမရှိသော လမ်းသာ ကျန်ခဲ့လေသည်။
"ငါတို့ဘယ်လိုလုပ် အလွယ်တကူဝင်လာလိုက်တာလဲ" သူမသည် တိတ်တဆိတ် စဉ်းစားမိသည်။ အားလုံးကိုကြည့်လိုက်ရာ သူတို့သည် ထိုအကြောင်းအားတွေးမိသည့်ပုံမပေါ်ပေ။
သူတို့သည် အဇူရာဧကရာဇ်ထားခဲ့သော လောကအသေးကြောင့် အံ့သြမှင်တက်နေသောကြောင့် ဘယ်သူမှမတွေးမိသည့်ပုံပင်။
"အာ..."
အိမ်ထဲမှ ကုန်ရှန်ယိ၏ အော်သံသည် ရုတ်တရက်ထွက်လာသည်။