( သူကြီးသမက် ) Completed

GeGeDiDimimi tarafından

1.6M 127K 2.5K

( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ Daha Fazla

ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
[ 25 ]
[ 26 ]
[ 28 ]
[ 29 ]
[ 30 ]
[ 31 ]
[ 32 ]
[ 33 ]
[ 34 ]
[ 36 ]
[ 37 ]
[ 38 ]
END - [ 39 ]
Extra

[ 35 ]

30.6K 2.4K 31
GeGeDiDimimi tarafından

[ သူကြီးသမက် ]

သင်္ကြန်အကျနေ့ ...

ရွာလယ်ကအုန်းလက်မဏ္ဍပ်လေးထဲမှာကာလာသားများကမိုးပြဲဒယ်ကြီးတွေနဲ့ထင်းမီးဖိုတွေသယ်ကာအပျိုအဖွဲ့ကတော့ ဆန်ကောထဲမုန့်လုံးနဲ့ငရုတ်သီးထန်းညှပ်ရောကာထည်ပြီးအပြိုင်ဆိုင်မုန့်လုံးနေကြသည်။

ကလေးတွေကတော့ မဏ္ဍပ်ရှေ့ကကော်ပုံးတွေထဲရေအပြည့်ဖြည့်ထားကာမိချောရေဆိုတဲ့သင်္ကြန်သီချင်းနဲ့ကခုန်၍ အရှေ့ကဖြတ်လျှောက်သူခွေးပါမချန်ရေနဲ့လိုက်ပက်ဆူညံကာပျော်ရွှင်နေကြ၏ လည်ပင်မှာလဲသင်္ကြန်ပန်းကုံးရောင်စုံကိုဆွဲထားကြသေးသလို တချို့ကလေးမလေးတွေကခေါင်းမှာရစ်ပတ်ပန်းထားကြတာကချစ်စရာကောင်းနေကြပြန်သည်။

" အရိပ် ဟ "

ဗိုက်ပူပူလေးနဲ့အပျိုတွေနဲ့အတူမုန့်လုံးထိုင်လုံးနေတဲ့အရိပ်ကိုရေပုံထဲထည့်ကအအေးခံထားတဲ့ကျတ်ပြီးသားမုန့်လုံးရေပေါ်တစ်ပန်းကန်ယူလာကာတစ်လုံးကိုသွားကြားထိုးတံလေးနဲ့ယူပြီး ရိုးခွံကျွေးလိုက်တော့ အရိပ်ကလဲအလိုက်သင့်ပါးစပ်ဟပေးလာသည်။

အရိပ်ကိုမုန့်လုံးရေပေါ်လာခွံကျွေးတဲ့ ရိုးဆီကအရက်နံသင်းသင်းကအရိပ်နှာခေါင်းထဲတိုးဝင်လာတာကြောင့် ရိုးကိုမျက်စောင်းထိုးကာအရိပ်ပြောလိုက်သည်။

" ရိုး တော်ပြီနော် ဆက်မသောက်နဲတော့ !"

" အင်းပါ , ကိုယ်နည်းနည်းပဲသောက်တာ ဟိုကောင်တွေအတင်းတိုက်နေလို "

ရိုးတစ်ယောက်အရိပ်ကိုအလျှောက်ကောင်းလို့ အထောင်းသက်သာသွား၏ သင်္ကြန်တွင်းမလို့ သူငယ်ချင်းတွေနဲ့သောက်ပါစေဆိုကာအရိပ်လည်းရိုးသောက်နေတာကိုမတားမိ လူပျိုခေါင်းကိုစံပါးအပါဝင်အားလုံးကမုန့်လုံးရေပေါ်လုပ်ရင်းနဲ့သောက်နေကြတာဖြစ်၏ သောက်တာသောက်မများစေဖို့ကိုတော့အရိပ်တားလိုက်သည်။

" ဟေ့ , ဗိုက်ကလေးကို ရေလောင်းမယ်ဟေ့ "

လူပျိုခေါင်းကိုစံပါးအပြောကြောင့် အရိပ်မုန့်လုံး လုံးရင်းနဲ့ရယ်လိုက်တော့ ရိုးကကိုစံပါကိုကြည့်ကာ။

" ကျွန်တော်ဗိုက်ပူလေးကိုမလောင်းနဲ့အအေးမိလိမ့်မယ် ဟိုမှာအပျိုတွေကိုသွားလောင်း "

" ငရိုးရာ သင်္ကြန်ရေဆိုတာ ဘယ်လောက်အေးအေး အအေးမမိဘူးမဖျားဘူးကွ "

" မဖျားလည်းမရဘူး ကျွန်တော်ခွင့်မပြုဘူး အင်္ကျီရေစိုကြီးနဲ့အဆင်မပြေဘူး "

" အေးပါကွာ မလောင်းတော့ပါဘူး ငါ့ဘာသာ တခြားသူတွေပဲလိုက်လောင်းတော့မယ် "

လူပျိုခေါင်းကိုစံပါးက ရေဖလားကိုင်ကာ အပျိုအဖွဲ့ကိုသွားစနောက်တော့သည်။

" ရိုး ဘာလိုအဲလိုကြီးအစ်ကိုစံပါးကိုပြောလိုက်လဲ အားနာစရာကြီး !"

ခုနကအစ်ကိုစံပါးကိုပြောလိုက်တဲ့ ရိုးလေသံကနည်းနည်းမကျေနပ်သလို ခပ်မာမာကြီးမလို့ အရိပ်အားနာစွာအစ်ကိုစံပါးအနားမှမရှိတော့မှရိုးကိုဆူငေါက်လိုက်သည်။

အရိပ်ရဲ့ဆူငေါက်ခြင်းခံလိုက်ရတာကြောင့် အရိပ်ပါးလေးနှစ်ဖက်ကိုမနာအောင်အသာယာဆွဲညှစ်လိုက်၍။

" ကိုယ်ဗိုက်ပူပူလေးကိုရေမလောင်းစေချင်လို့လေကွာ ဘာလို့ကိုယ်ကိုဆူနေရတာလဲလို "

" ဒါကသင်္ကြန်လေ ရေမလောင်းစေချင်ရင်အိမ်ထဲမှာနေအပြင်ထွက်ရင်လောင်းကြမှာပဲ "

" ဒါဆို ကိုယ်တို့အခုပြန်ကြမယ်လာ "

" ရိုးမူးနေရင် အေဆေးနေစမ်း ဘယ်လိုဖြစ်နေတာလဲ ဒီမှာမုန့်လုံးလုံးတာမပြီးသေးဘူးလေ ခဏနေတခြားရွာကကလေးတွေလာရင် ကျွေးရမှာကို !"

အရိပ်ကိုဆွဲထူကာအိမ်ပြန်ရန်ပြင်နေတဲ့အမူးသမားယောကျ်ားလုပ်သူရိုးကိုအရိပ်စိတ်မရှည်ကာပြောလိုက်တော။

" ထားလိုက်တော့ ဒီမှာကျန်တဲ့လူပျိုနဲ့အပျိုတွေကျွေးလိမ့်မယ် အရိပ်ပြန်နားတော့ ဒီမှာလာကူနေတာ သုံးနာရီတောင်ရှိနေပြီ !"

" အင်း ဒါဆိုအရိပ်မုန့်လုံးတစ်ထုပ်ယူသွားဦးမယ်  "

အရိပ်အပြောကြောင့် ရိုးတစ်ယောက်မုန့်လုံးထိုင်လုံးနေတဲ့နှင်းနုကိုကြည့်လိုက်၍။

" နှင်းနု နင့်အစ်ကိုအတွက် မုန့်လုံးတစ်ထုပ်ထည့်ပေးဦး ငရုတ်သီးထည့်ထားတဲ့အလုံးတွေမပါစေနဲ့ "

" ဟာ အစ်ကိုရိုးကြီးကလဲ ငရုတ်သီးအလုံးတွေကရောနေပြီလေ ဘယ်လိုသိတော့မှာလဲ စားမှခွဲကြည့်ပြီးစားတော့ "

နှင်းနုလည်းအစ်ကိုရိုးကိုပြောရင်နဲ့မုန့်လုံးများကိုယူကာအိတ်ထဲထည့်လိုက်သည်။

" ရတယ် ငါ့ငရုတ်သီးပါလဲ စားနိုင်တယ် "

အရိပ်မှာမူးမူးနဲ့လျှာရှည်နေတဲ့ရိုးကိုကြည့်ကာညီမလုပ်သူကိုပြောလိုက်‌တော့ စကားရှည်လာပြန်တဲ့အရိုးတစ်ယောက်သည်။

" စားနိုင်လဲ မစားရဘူး ကိုယ်ကဆံပင်ကောင်းပြီးထူသလောက် အရိပ်မွေးလာတဲ့ကိုယ်ကလေးက ထိပ်ပြောင်နေရင်ဘယ်လိုလုပ်မလဲ မစားရဘူး "

" ဟား,ဟား ငရိုးတို့ကတော့ပြောတော့မယ် မင်းထုထားတဲ့ပန်းပုရုပ်ကမင်းနဲ့ပဲတူမှာပေါ့ ဘယ်သူနဲ့သွားတူမှာလဲ ဟ "

ကိုစံပါးကရေဖလားကြီးကိုင်ထားရင်းနဲရိုးစကားကြားတော့စနောက်လာတော့၏ ကိုစံပါးအပြောကြောင့် အုန်းလက်မဏ္ဍပ်လေးထဲရှိလူအကုန်ကထရယ်ကြတော့ အရိပ်မှာရှက်အားပိုကာရိုးအပေါ်မဲမိတော့သည်။

" အားးး , အရိပ် "

" ခင်ဗျားကလေ မူးလာရင်ပါးစပ်စည်းကမ်းနည်းနည်းလေးမှမရှိဘူး လာခဲ့အခုပြန်မယ် !"

အရိပ်လက်တစ်ဖက်ကမုန့်လုံးရေပေါ်ထုပ်ကိုကိုင်ကာနောက်လက်တစ်ဖက်ကရိုးရဲ့ဗိုက်ခေါက်ကိုလိမ်ဆွဲ၍ ခေါ်ထွက်လာတော့မဏ္ဍပ်ထဲကျန်နေခဲ့တဲ့အဖွဲ့မှာဗိုက်ပူပူလေးနဲ့နွေလရိပ်အနောက်မျက်နှာကြီးရှုံ့မဲ့ကာပါသွားတဲ့ရိုးမာန်ဂုဏ်ကိုကြည့်ပြီး
အော်ရယ်ပြီးကျန်နေခဲ့ကြသည်။

မဏ္ဍပ်နဲ့အဝေးရောက်တဲ့အထိအရိပ်မှရိုးရဲ့ဗိုက်ကိုဆွဲလိမ်ထားတာ လွှတ်မပေးသေး‌သောကြောင့် ရိုးတစ်ယောက်အရိပ်ဆီမှာအသနားခံလိုက်သည်။

" အရိပ်လေး ကိုယ်နာတယ်လို လွှတ်ပေးပါတော့ "

" မလွှတ်ဘူး နာချင်နာပါလေစေ မူးလာရင် လူကြားထဲလဲစကားပြောမဆင်ခြင်ဘူး ပြောလိုက်တဲ့စကားအဓိပ္ပါယ်ဘယ်ရောက်လဲမသိဘူး ခင်ဗျားကလေတကယ်စိတ်တိုဖိုကောင်းတယ် !"

အရိပ်မှာလူကြားထဲရိုးစကားကြောင့် ဝိုင်းရယ်ခံလိုက်ရကာတကယ်ရှက်အားပိုနေမိ၏။

" အရိပ်လေး ကိုယ်မှားပါတယ်ကွာ စိတ်မတိုပါနဲ့တော့နော် ကိုယ်တကယ်နာနေပြီလို့ "

အရိပ်လွှတ်ပေးလိုက်ကာရိုးရှေ့ကနေဘောက်ဆက်ဆက်နဲ့အမြန်လျှောက်လိုက်သည်။

ရိုးမှသူ့ဗိုက်ကနာနေတဲ့နေရာကိုအသာပွတ်ရင်းနဲ့ အရိပ်ရဲ့ဘောက်ဆက်‌ဆက်လမ်းလျှောက်နေတာကိုချော်လဲမှာစိုးကာအရိပ်လက်ကိုလှမ်းဆွဲရင်းနဲ့ချော့လိုက်သည်။

" ကိုယ်မှားပါတယ် နောက်ကိုလူကြားထဲ စကားပြောဆင်ခြင်ပါမယ်နော် "

" ဟေးးးး , ကိုကြီးရိုးနဲ့ကိုကိုနွေလရိပ်တို့ကို ရေလောင်းမယ် ဟေးးးး "

ရွာထဲက"ကလေးတွေသည်။ သူတို့အိမ်ရှေ့မှာပဲ ရေပုံးလေးတွေချကာငယ်ငယ်တုန်းကရိုးတို့ဆော့ခဲ့သလို ရေပိုက်‌သေနတ်ရောင်စုံလေးနဲ့ရေပုံထဲပိုက်ထည့်ကာလမ်းကဖြတ်သွားသမျှလူအကုန်လှမ်းပက်နေ၏ အခုလည်းရိုးနဲ့အရိပ်ဖြတ်လျှောက်လာတာကိုမြင်တော့ရေပက်ရတော့မယ်ဆိုတဲ့အတွေးနဲ့ပျော်ရွှင်စွာအော်ကာ ရေပိုက်နဲ့လှမ်းပက်ရန်ပြင်နေသည်။

" ဟေ့ မပက်နဲ့နောက်လူတွေလာမှပက်ကြ !"

ရိုးတစ်ယောက်ရေလှမ်းပက်တဲ့ကလေးတွေကို အော်ငေါက်လိုက်တော့ဘကလေးတွေကအရိပ်တို့ကိုမပက်ရဲကြတော့ပဲငြိမ်သက်သွားကြသည်။

" ရိုး ကလေးတွေ ဘာလို့အော်နေတာလဲ တကယ်ပါပဲ ခင်ဗျားနဲ့ကတော့ !"

" မအော်လို့ရမလား ဒီမျောက်လေးတွေက ဗိုက်ကြီးသည်လဲနားမလည်းဘူး ရေပဲပက်ချင်နေကြတာ "

ရိုးအပြောစကားကြောင့် အရိပ်မှာကလေးတွေရဲ့မိဘတွေကြားသွားမှာစိုးရိမ်ကာအမူးသမားလက်ကိုဆွဲ၍ အိမ်ကိုမြန်မြန်ရောက်အောင်လျှောက်လာခဲ့လိုက်သည်။

" ရော့ , ရေတွင်းမှာရေလောင်းချိုးလိုက်ဦး !"

တစ်ကိုယ်လုံးရေတွေစိုနေတဲ့ ရိုးကိုလဲရန်ရေတွင်းနားကလှန်းထားတဲ့ပုဆိုးကိုယူပေးရင်းနဲ့ အရိပ်ပြောလိုက်တော့ ရိုးတစ်ယောက်အရိပ်စကားကိုနားထောင်ကာရေသုံးလေးခွက်အမြန်လောင်းချိုးလိုက်၍ ရေလဲပုဆိုးလဲပြီးအိပ်ခန်းထဲနှစ်ယောက်အတူဝင်လာခဲ့လိုက်သည်။

" ရေသုတ်တဘက်ယူပြီး ဒီကိုလာခဲ့ !"

" ဟုတ်ကဲ့ပါ , ဗျ "

အရိပ်ကမွေ့ရာခင်းပေါ်မှာထိုင်နေပြီး ရိုးကိုပြောလာတော့ တန်း‌ပေါ်ကရေသုတ်တဘက်ဆွဲယူလိုက်ပြီး အရိပ်ထိုင်နေတဲ့မွေ့ရာခင်းနံဘေးသင်ဖြူးဖျာပေါ်ထိုင်ချလိုက်သည်။

" အရိပ်လေး ကိုယ်တို့ကလေးကို ဘယ်နေ့သားလေးအဖြစ်ခွဲမွေးကြမလဲ "

" ရိုးကဘယ်နေ့သားလေး လိုချင်တာလဲ စနေ့လား "

ရိုးခေါင်းကရေစိုနေတဲ့ဆံပင်နက်မှောင်မှောင်တွေကိုသုတ်ပေးရင်းနဲ့အရိပ်ပြန်မေးလိုက်တော့။

" စနေ့ သားမလိုချင်ပါဘူး ကိုယ်ကသောကြာ သားမွေးချင်တာ "

" ဘာလို့သောကြာသားလိုချင်တာလဲ ရိုးက "

" ဘာလို့လဲဆို သောကြာနေ့မွေးတဲ့သူတွေက အရမ်းစကားများတယ်တဲ့ ကိုယ်တို့ကလေးရဲ့ စကားတီတီတာတာလေးတွေများများကြားချင်လို့လေ "

ရိုးစကားကြောင့်အရိပ်ရယ်တော့ ရိုးကအရိပ်ပါးပြင်ကိုအနမ်းတစ်ပွင့်ပေးအပ်ရင်းပြောလာပြန်သည်။

" အရိပ် ကိုယ့်ကိုသားလေးမွေးပေးနော် "

အရိပ်စိတ်ပေါက်ပေါက်နဲ့ရိုးကိုပြော၍ လက်ထဲကရေသုတ်တဘက်နဲ့ရိုးခေါင်းကနေမျက်ထိဖုံးသွားအောင်အုပ်ဖြစ်လိုက်ပြီးရိုးပါးကိုပဝါပေါ်ကနေကိုက်ပစ်လိုက်သည်။

" အားးးး "

" ဟွန် , ပြောပြန်ပြီ ကျွန်တော်ကဟက်ချလောင်း ဆိုပြီးစွမ်းအားနဲ့ပြောင်းလို့ရတဲ့အမျိုးမှမဟုတ်တာ သူ့ဘာသာဗိုက်ထဲကမွေးလာမှာလေ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်ရိုးကလေးပဲမဟုတ်ဘူးလား !"

" သမီးလေးမွေးလဲ ကိုယ်သွေးသားပဲကိုချစ်မှာပါ ကိုယ်ကသားဦးလေးအရင်ရချင်လို့ပါ အရိပ်ရဲ့ "

ရိုးစကားကြောင့်အရိပ်အတွေးတစ်ခုဝင်လာကာမေးလိုက်သည်။

" နေပါဦး ရိုးကသားဦးလေးရချင်လို့ဆိုတော့ နောက်ထပ်ကလေးထပ်ယူဦးမယ်ဆိုတဲ့သဘောလား "

" အင်းလေ အနည်းဆုံးသုံးယောက်လောက်တော့ ယူမှာပေါ့ မိသားစုတစ်ခုမှအနည်းဆုံးသားသမီးသုံးယောက်တော့ယူကြတာပဲလေ "

ရိုးအပြောကြောင့် အရိပ်မျက်စောင်းထိုးပစ်လိုက်၍ စိတ်ထဲကနေရိုးကိုအပြစ်တင်စကားပြောပစ်လိုက်သည်။

< သူမမွေးရတိုင်းလူကိုထုတ်လုပ်စက်များမှတ်နေသလားမသိဘူး >

" အရိပ်လေးဘာတွေ ကိုယ့်ကိုမျက်စောင်းထိုးနေတာလဲ ဘာလဲမမွေးပေးချင်ဘူးလား "

ရုပ်ကြမ်းကြီးနဲ့မလိုက်အစားကပ်တောင်းနေတဲ့ကြောင်ဆိုးလေးလိုအရိပ်လက်မောင်းပေါ်ခေါင်းတင်ကာအရိပ်လည်တိုင်ကိုသူ့နှုတ်ခမ်းတွေနဲ့ပွတ်သီးပွတ်သပ်နမ်းရှိုက်ပြီးချွဲ၍ပခုံး‌ပေါ်မေးလာတဲ့ရိုးကြောင့် အရိပ်ရယ်လိုက်မိသည်။

" ရုပ်ကြမ်းကြီးနဲ့လာချွဲမနေနဲ့ ကိုရိုးမာန်ဂုဏ် "

" မရဘူး ချွဲမှာပဲကွာ , မွေးပေးနော် အခုကိုယ်တို့ကလေးဦးလေးကသားလေးပဲဖြစ်ဖြစ် သမီးလေးပဲဖြစ်ဖြစ်မွေးပြီးရင်လည်းထပ်မွေးပေးဦးနော် ရိုးရဲ့အချစ်ကလေး "

" ဖယ်စမ်းပါ ရိုးနှုတ်ခမ်းမွေးတွေကစူးတယ် !"

အရိပ်မှာရိုးပုံစံကြောင့် ရယ်ရင်းနဲ့တွန်းဖယ်ပေးမဲ့ အားသန်လှတဲ့ အရိပ်ယောကျ်ားရိုးကဖက်တွယ်ထားမြဲပင်။

"  ဖယ်လို့ နှုတ်ခမ်းမွေးတွေက စူးပါတယ်လိုဆိုနေတာကို !"

" မဖယ်ဘူးကွာ , ထပ်မွေးပေးမယ်ကတိပေးမှ လွှတ်ပေးမယ် "

" ဟုတ်ပြီ ဟုတ်ပြီ မွေးပေးမယ် ဗိုက်ခွဲမွေးရင်သုံးယောက်တိတိခွဲမွေးလို့ရတယ်တဲ့ ကျွန်တော်မွေးပေးမယ် ဟုတ်ပြီလား "

" ချစ်လိုက်တာ ကွာ "

အရိပ်ကိုသူ့ရင်ခွင်ကျယ်ထဲဆွဲဖက်ထွေးပွေ့ကာ ပြောလာတဲ့ရိုးစကားကအလိမ်အညာမဟုတ်မှန်း အရိပ်သိ၏။

" အရိပ်ကလဲ ဟော့ဒီကယောကျ်ားအရက်သမားရိုးကြီးကိုသိပ်သိပ်ချစ်ပါသတဲ့ ,ဗျာ "

ရိုးရဲ့ပါးနှစ်ဖက်ကိုညှစ်ကာအရိပ်အသည်းယားစွာ ပြန်စနောက်ပြီး ရိုးနှုတ်ခမ်းကိုဖွဖွလေးတစ်ချက်နမ်းလိုက်ပြီး။

" ဖယ်တော့ အရိပ်မုန့်လုံးစားတော့မယ် "

" မုန့်လုံးပဲစားချင်တာလား ယောကျ်ားကိုရောမစားချင်ဘူးလား "

" စားချင်ဘူး "

ခပ်ပြတ်ပြတ်ငြင်းဆန်လာတဲ့အရိပ်ကြောင့် ရိုးသဘောကျစွာရယ်လိုက်၍။

" ကိုယ်မုန့်လုံးတွေပန်းကန်နဲ့သွားထည့်လိုက်ဦးမယ် "

" အင်း "

ရိုးမှာသောက်ထားတဲ့အရက်အရှိန်နဲ့ခေါင်းကိုက်ပြီးမူးနေပေမဲ့ အိပ်ရာထဲဝင်ထိုးမအိပ်နိုင်သေး အရိပ်စားဖို့မုန့်လုံးတွေပန်းကန်နဲ့ထည့်ပေးရန်အိပ်ခန်းထဲကထွက်လာခဲ့လိုက်သည်။

" ရိုးမာန်ဂုဏ် ! လာခဲ့ဦး !"

မုန့်လုံးကိုပန်းကန်နဲ့ထည့်နေတုန်းအရိပ်ရဲအလန့်တကြားအော်ခေါ်သံကြောင့် ရိုးမှာလက်ထဲကမုန့်ပန်းကန်ကိုထားလျက်အိပ်ခန်းထဲအမြန်စိုးရိမ်စွာပြေးဝင်ခဲ့လိုက်သည်။

< 9 , 12 , 2021 >

[ သူႀကီးသမက္ ]

သၾကၤန္အက်ေန႕ ...

႐ြာလယ္ကအုန္းလက္မ႑ပ္ေလးထဲမွာကာလာသားမ်ားကမိုးၿပဲဒယ္ႀကီးေတြနဲ႕ထင္းမီးဖိုေတြသယ္ကာအပ်ိဳအဖြဲ႕ကေတာ့ ဆန္ေကာထဲမုန႔္လုံးနဲ႕င႐ုတ္သီးထန္းညွပ္ေရာကာထည္ၿပီးအၿပိဳင္ဆိုင္မုန့္လုံးေနၾကသည္။

ကေလးေတြကေတာ့ မ႑ပ္ေရွ႕ကေကာ္ပုံးေတြထဲေရအျပည့္ျဖည့္ထားကာမိေခ်ာေရဆိုတဲ့သၾကၤန္သီခ်င္းနဲ႕ကခုန္၍ အေရွ႕ကျဖတ္ေလွ်ာက္သူေခြးပါမခ်န္ေရနဲ႕လိုက္ပက္ဆူညံကာေပ်ာ္႐ႊင္ေနၾက၏ လည္ပင္မွာလဲသၾကၤန္ပန္းကုံးေရာင္စုံကိုဆြဲထားၾကေသးသလို တခ်ိဳ႕ကေလးမေလးေတြကေခါင္းမွာရစ္ပတ္ပန္းထားၾကတာကခ်စ္စရာေကာင္းေနၾကျပန္သည္။

" အရိပ္ ဟ "

ဗိုက္ပူပူေလးနဲ႕အပ်ိဳေတြနဲ႕အတူမုန႔္လုံးထိုင္လုံးေနတဲ့အရိပ္ကိုေရပုံထဲထည့္ကအေအးခံထားတဲ့က်တ္ၿပီးသားမုန႔္လုံးေရေပၚတစ္ပန္းကန္ယူလာကာတစ္လုံးကိုသြားၾကားထိုးတံေလးနဲ႕ယူၿပီး ရိုးခြံေကြၽးလိုက္ေတာ့ အရိပ္ကလဲအလိုက္သင့္ပါးစပ္ဟေပးလာသည္။

အရိပ္ကိုမုန႔္လုံးေရေပၚလာခြံေကြၽးတဲ့ ရိုးဆီကအရက္နံသင္းသင္းကအရိပ္ႏွာေခါင္းထဲတိုးဝင္လာတာေၾကာင့္ ရိုးကိုမ်က္ေစာင္းထိုးကာအရိပ္ေျပာလိုက္သည္။

" ရိုး ေတာ္ၿပီေနာ္ ဆက္မေသာက္နဲေတာ့ !"

" အင္းပါ , ကိုယ္နည္းနည္းပဲေသာက္တာ ဟိုေကာင္ေတြအတင္းတိုက္ေနလို "

ရိုးတစ္ေယာက္အရိပ္ကိုအေလွ်ာက္ေကာင္းလို႔ အေထာင္းသက္သာသြား၏ သၾကၤန္တြင္းမလို႔ သူငယ္ခ်င္းေတြနဲ႕ေသာက္ပါေစဆိုကာအရိပ္လည္းရိုးေသာက္ေနတာကိုမတားမိ လူပ်ိဳေခါင္းကိုစံပါးအပါဝင္အားလုံးကမုန႔္လုံးေရေပၚလုပ္ရင္းနဲ႕ေသာက္ေနၾကတာျဖစ္၏ ေသာက္တာေသာက္မမ်ားေစဖို႔ကိုေတာ့အရိပ္တားလိုက္သည္။

" ေဟ့ , ဗိုက္ကေလးကို ေရေလာင္းမယ္ေဟ့ "

လူပ်ိဳေခါင္းကိုစံပါးအေျပာေၾကာင့္ အရိပ္မုန႔္လုံး လုံးရင္းနဲ႕ရယ္လိုက္ေတာ့ ရိုးကကိုစံပါကိုၾကည့္ကာ။

" ကြၽန္ေတာ္ဗိုက္ပူေလးကိုမေလာင္းနဲ႕အေအးမိလိမ့္မယ္ ဟိုမွာအပ်ိဳေတြကိုသြားေလာင္း "

" ငရိုးရာ သၾကၤန္ေရဆိုတာ ဘယ္ေလာက္ေအးေအး အေအးမမိဘူးမဖ်ားဘူးကြ "

" မဖ်ားလည္းမရဘူး ကြၽန္ေတာ္ခြင့္မျပဳဘူး အကၤ်ီေရစိုႀကီးနဲ႕အဆင္မေျပဘူး "

" ေအးပါကြာ မေလာင္းေတာ့ပါဘူး ငါ့ဘာသာ တျခားသူေတြပဲလိုက္ေလာင္းေတာ့မယ္ "

လူပ်ိဳေခါင္းကိုစံပါးက ေရဖလားကိုင္ကာ အပ်ိဳအဖြဲ႕ကိုသြားစေနာက္ေတာ့သည္။

" ရိုး ဘာလိုအဲလိုႀကီးအစ္ကိုစံပါးကိုေျပာလိုက္လဲ အားနာစရာႀကီး !"

ခုနကအစ္ကိုစံပါးကိုေျပာလိုက္တဲ့ ရိုးေလသံကနည္းနည္းမေက်နပ္သလို ခပ္မာမာႀကီးမလို႔ အရိပ္အားနာစြာအစ္ကိုစံပါးအနားမွမရွိေတာ့မွရိုးကိုဆူေငါက္လိုက္သည္။

အရိပ္ရဲ႕ဆူေငါက္ျခင္းခံလိုက္ရတာေၾကာင့္ အရိပ္ပါးေလးႏွစ္ဖက္ကိုမနာေအာင္အသာယာဆြဲညွစ္လိုက္၍။

" ကိုယ္ဗိုက္ပူပူေလးကိုေရမေလာင္းေစခ်င္လို႔ေလကြာ ဘာလို႔ကိုယ္ကိုဆူေနရတာလဲလို "

" ဒါကသၾကၤန္ေလ ေရမေလာင္းေစခ်င္ရင္အိမ္ထဲမွာေနအျပင္ထြက္ရင္ေလာင္းၾကမွာပဲ "

" ဒါဆို ကိုယ္တို႔အခုျပန္ၾကမယ္လာ "

" ရိုးမူးေနရင္ ေအေဆးေနစမ္း ဘယ္လိုျဖစ္ေနတာလဲ ဒီမွာမုန႔္လုံးလုံးတာမၿပီးေသးဘူးေလ ခဏေနတျခား႐ြာကကေလးေတြလာရင္ ေကြၽးရမွာကို !"

အရိပ္ကိုဆြဲထူကာအိမ္ျပန္ရန္ျပင္ေနတဲ့အမူးသမားေယာက်္ားလုပ္သူရိုးကိုအရိပ္စိတ္မရွည္ကာေျပာလိုက္ေတာ။

" ထားလိုက္ေတာ့ ဒီမွာက်န္တဲ့လူပ်ိဳနဲ႕အပ်ိဳေတြေကြၽးလိမ့္မယ္ အရိပ္ျပန္နားေတာ့ ဒီမွာလာကူေနတာ သုံးနာရီေတာင္ရွိေနၿပီ !"

" အင္း ဒါဆိုအရိပ္မုန႔္လုံးတစ္ထုပ္ယူသြားဦးမယ္  "

အရိပ္အေျပာေၾကာင့္ ရိုးတစ္ေယာက္မုန႔္လုံးထိုင္လုံးေနတဲ့ႏွင္းႏုကိုၾကည့္လိုက္၍။

" ႏွင္းႏု နင့္အစ္ကိုအတြက္ မုန႔္လုံးတစ္ထုပ္ထည့္ေပးဦး င႐ုတ္သီးထည့္ထားတဲ့အလုံးေတြမပါေစနဲ႕ "

" ဟာ အစ္ကိုရိုးႀကီးကလဲ င႐ုတ္သီးအလုံးေတြကေရာေနၿပီေလ ဘယ္လိုသိေတာ့မွာလဲ စားမွခြဲၾကည့္ၿပီးစားေတာ့ "

ႏွင္းႏုလည္းအစ္ကိုရိုးကိုေျပာရင္နဲ႕မုန႔္လုံးမ်ားကိုယူကာအိတ္ထဲထည့္လိုက္သည္။

" ရတယ္ ငါ့င႐ုတ္သီးပါလဲ စားနိုင္တယ္ "

အရိပ္မွာမူးမူးနဲ႕လွ်ာရွည္ေနတဲ့ရိုးကိုၾကည့္ကာညီမလုပ္သူကိုေျပာလိုက္‌ေတာ့ စကားရွည္လာျပန္တဲ့အရိုးတစ္ေယာက္သည္။

" စားနိုင္လဲ မစားရဘူး ကိုယ္ကဆံပင္ေကာင္းၿပီးထူသေလာက္ အရိပ္ေမြးလာတဲ့ကိုယ္ကေလးက ထိပ္ေျပာင္ေနရင္ဘယ္လိုလုပ္မလဲ မစားရဘူး "

" ဟား,ဟား ငရိုးတို႔ကေတာ့ေျပာေတာ့မယ္ မင္းထုထားတဲ့ပန္းပု႐ုပ္ကမင္းနဲ႕ပဲတူမွာေပါ့ ဘယ္သူနဲ႕သြားတူမွာလဲ ဟ "

ကိုစံပါးကေရဖလားႀကီးကိုင္ထားရင္းနဲရိုးစကားၾကားေတာ့စေနာက္လာေတာ့၏ ကိုစံပါးအေျပာေၾကာင့္ အုန္းလက္မ႑ပ္ေလးထဲရွိလူအကုန္ကထရယ္ၾကေတာ့ အရိပ္မွာရွက္အားပိုကာရိုးအေပၚမဲမိေတာ့သည္။

" အားးး , အရိပ္ "

" ခင္ဗ်ားကေလ မူးလာရင္ပါးစပ္စည္းကမ္းနည္းနည္းေလးမွမရွိဘူး လာခဲ့အခုျပန္မယ္ !"

အရိပ္လက္တစ္ဖက္ကမုန႔္လုံးေရေပၚထုပ္ကိုကိုင္ကာေနာက္လက္တစ္ဖက္ကရိုးရဲ႕ဗိုက္ေခါက္ကိုလိမ္ဆြဲ၍ ေခၚထြက္လာေတာ့မ႑ပ္ထဲက်န္ေနခဲ့တဲ့အဖြဲ႕မွာဗိုက္ပူပူေလးနဲ႕ေႏြလရိပ္အေနာက္မ်က္ႏွာႀကီးရႈံ႕မဲ့ကာပါသြားတဲ့ရိုးမာန္ဂုဏ္ကိုၾကည့္ၿပီး
ေအာ္ရယ္ၿပီးက်န္ေနခဲ့ၾကသည္။

မ႑ပ္နဲ႕အေဝးေရာက္တဲ့အထိအရိပ္မွရိုးရဲ႕ဗိုက္ကိုဆြဲလိမ္ထားတာ လႊတ္မေပးေသး‌ေသာေၾကာင့္ ရိုးတစ္ေယာက္အရိပ္ဆီမွာအသနားခံလိုက္သည္။

" အရိပ္ေလး ကိုယ္နာတယ္လို လႊတ္ေပးပါေတာ့ "

" မလႊတ္ဘူး နာခ်င္နာပါေလေစ မူးလာရင္ လူၾကားထဲလဲစကားေျပာမဆင္ျခင္ဘူး ေျပာလိုက္တဲ့စကားအဓိပၸါယ္ဘယ္ေရာက္လဲမသိဘူး ခင္ဗ်ားကေလတကယ္စိတ္တိုဖိုေကာင္းတယ္ !"

အရိပ္မွာလူၾကားထဲရိုးစကားေၾကာင့္ ဝိုင္းရယ္ခံလိုက္ရကာတကယ္ရွက္အားပိုေနမိ၏။

" အရိပ္ေလး ကိုယ္မွားပါတယ္ကြာ စိတ္မတိုပါနဲ႕ေတာ့ေနာ္ ကိုယ္တကယ္နာေနၿပီလို႔ "

အရိပ္လႊတ္ေပးလိုက္ကာရိုးေရွ႕ကေနေဘာက္ဆက္ဆက္နဲ႕အျမန္ေလွ်ာက္လိုက္သည္။

ရိုးမွသူ႕ဗိုက္ကနာေနတဲ့ေနရာကိုအသာပြတ္ရင္းနဲ႕ အရိပ္ရဲ႕ေဘာက္ဆက္‌ဆက္လမ္းေလွ်ာက္ေနတာကိုေခ်ာ္လဲမွာစိုးကာအရိပ္လက္ကိုလွမ္းဆြဲရင္းနဲ႕ေခ်ာ့လိုက္သည္။

" ကိုယ္မွားပါတယ္ ေနာက္ကိုလူၾကားထဲ စကားေျပာဆင္ျခင္ပါမယ္ေနာ္ "

" ေဟးးးး , ကိုႀကီးရိုးနဲ႕ကိုကိုေႏြလရိပ္တို႔ကို ေရေလာင္းမယ္ ေဟးးးး "

႐ြာထဲက"ကေလးေတြသည္။ သူတို႔အိမ္ေရွ႕မွာပဲ ေရပုံးေလးေတြခ်ကာငယ္ငယ္တုန္းကရိုးတို႔ေဆာ့ခဲ့သလို ေရပိုက္‌ေသနတ္ေရာင္စုံေလးနဲ႕ေရပုံထဲပိုက္ထည့္ကာလမ္းကျဖတ္သြားသမွ်လူအကုန္လွမ္းပက္ေန၏ အခုလည္းရိုးနဲ႕အရိပ္ျဖတ္ေလွ်ာက္လာတာကိုျမင္ေတာ့ေရပက္ရေတာ့မယ္ဆိုတဲ့အေတြးနဲ႕ေပ်ာ္႐ႊင္စြာေအာ္ကာ ေရပိုက္နဲ႕လွမ္းပက္ရန္ျပင္ေနသည္။

" ေဟ့ မပက္နဲ႕ေနာက္လူေတြလာမွပက္ၾက !"

ရိုးတစ္ေယာက္ေရလွမ္းပက္တဲ့ကေလးေတြကို ေအာ္ေငါက္လိုက္ေတာ့ဘကေလးေတြကအရိပ္တို႔ကိုမပက္ရဲၾကေတာ့ပဲၿငိမ္သက္သြားၾကသည္။

" ရိုး ကေလးေတြ ဘာလို႔ေအာ္ေနတာလဲ တကယ္ပါပဲ ခင္ဗ်ားနဲ႕ကေတာ့ !"

" မေအာ္လို႔ရမလား ဒီေမ်ာက္ေလးေတြက ဗိုက္ႀကီးသည္လဲနားမလည္းဘူး ေရပဲပက္ခ်င္ေနၾကတာ "

ရိုးအေျပာစကားေၾကာင့္ အရိပ္မွာကေလးေတြရဲ႕မိဘေတြၾကားသြားမွာစိုးရိမ္ကာအမူးသမားလက္ကိုဆြဲ၍ အိမ္ကိုျမန္ျမန္ေရာက္ေအာင္ေလွ်ာက္လာခဲ့လိုက္သည္။

" ေရာ့ , ေရတြင္းမွာေရေလာင္းခ်ိဳးလိုက္ဦး !"

တစ္ကိုယ္လုံးေရေတြစိုေနတဲ့ ရိုးကိုလဲရန္ေရတြင္းနားကလွန္းထားတဲ့ပုဆိုးကိုယူေပးရင္းနဲ႕ အရိပ္ေျပာလိုက္ေတာ့ ရိုးတစ္ေယာက္အရိပ္စကားကိုနားေထာင္ကာေရသုံးေလးခြက္အျမန္ေလာင္းခ်ိဳးလိုက္၍ ေရလဲပုဆိုးလဲၿပီးအိပ္ခန္းထဲႏွစ္ေယာက္အတူဝင္လာခဲ့လိုက္သည္။

" ေရသုတ္တဘက္ယူၿပီး ဒီကိုလာခဲ့ !"

" ဟုတ္ကဲ့ပါ , ဗ် "

အရိပ္ကေမြ႕ရာခင္းေပၚမွာထိုင္ေနၿပီး ရိုးကိုေျပာလာေတာ့ တန္း‌ေပၚကေရသုတ္တဘက္ဆြဲယူလိုက္ၿပီး အရိပ္ထိုင္ေနတဲ့ေမြ႕ရာခင္းနံေဘးသင္ျဖဴးဖ်ာေပၚထိုင္ခ်လိဳက္သည္။

" အရိပ္ေလး ကိုယ္တို႔ကေလးကို ဘယ္ေန႕သားေလးအျဖစ္ခြဲေမြးၾကမလဲ "

" ရိုးကဘယ္ေန႕သားေလး လိုခ်င္တာလဲ စေန႕လား "

ရိုးေခါင္းကေရစိုေနတဲ့ဆံပင္နက္ေမွာင္ေမွာင္ေတြကိုသုတ္ေပးရင္းနဲ႕အရိပ္ျပန္ေမးလိုက္ေတာ့။

" စေန႕ သားမလိုခ်င္ပါဘူး ကိုယ္ကေသာၾကာ သားေမြးခ်င္တာ "

" ဘာလို႔ေသာၾကာသားလိုခ်င္တာလဲ ရိုးက "

" ဘာလို႔လဲဆို ေသာၾကာေန႕ေမြးတဲ့သူေတြက အရမ္းစကားမ်ားတယ္တဲ့ ကိုယ္တို႔ကေလးရဲ႕ စကားတီတီတာတာေလးေတြမ်ားမ်ားၾကားခ်င္လို႔ေလ "

ရိုးစကားေၾကာင့္အရိပ္ရယ္ေတာ့ ရိုးကအရိပ္ပါးျပင္ကိုအနမ္းတစ္ပြင့္ေပးအပ္ရင္းေျပာလာျပန္သည္။

" အရိပ္ ကိုယ့္ကိုသားေလးေမြးေပးေနာ္ "

အရိပ္စိတ္ေပါက္ေပါက္နဲ႕ရိုးကိုေျပာ၍ လက္ထဲကေရသုတ္တဘက္နဲ႕ရိုးေခါင္းကေနမ်က္ထိဖုံးသြားေအာင္အုပ္ျဖစ္လိုက္ၿပီးရိုးပါးကိုပဝါေပၚကေနကိုက္ပစ္လိုက္သည္။

" အားးးး "

" ဟြန္ , ေျပာျပန္ၿပီ ကြၽန္ေတာ္ကဟက္ခ်ေလာင္း ဆိုၿပီးစြမ္းအားနဲ႕ေျပာင္းလို႔ရတဲ့အမ်ိဳးမွမဟုတ္တာ သူ႕ဘာသာဗိုက္ထဲကေမြးလာမွာေလ သားျဖစ္ျဖစ္ သမီးျဖစ္ျဖစ္ရိုးကေလးပဲမဟုတ္ဘူးလား !"

" သမီးေလးေမြးလဲ ကိုယ္ေသြးသားပဲကိုခ်စ္မွာပါ ကိုယ္ကသားဦးေလးအရင္ရခ်င္လို႔ပါ အရိပ္ရဲ႕ "

ရိုးစကားေၾကာင့္အရိပ္အေတြးတစ္ခုဝင္လာကာေမးလိုက္သည္။

" ေနပါဦး ရိုးကသားဦးေလးရခ်င္လို႔ဆိုေတာ့ ေနာက္ထပ္ကေလးထပ္ယူဦးမယ္ဆိုတဲ့သေဘာလား "

" အင္းေလ အနည္းဆုံးသုံးေယာက္ေလာက္ေတာ့ ယူမွာေပါ့ မိသားစုတစ္ခုမွအနည္းဆုံးသားသမီးသုံးေယာက္ေတာ့ယူၾကတာပဲေလ "

ရိုးအေျပာေၾကာင့္ အရိပ္မ်က္ေစာင္းထိုးပစ္လိုက္၍ စိတ္ထဲကေနရိုးကိုအျပစ္တင္စကားေျပာပစ္လိုက္သည္။

< သူမေမြးရတိုင္းလူကိုထုတ္လုပ္စက္မ်ားမွတ္ေနသလားမသိဘူး >

" အရိပ္ေလးဘာေတြ ကိုယ့္ကိုမ်က္ေစာင္းထိုးေနတာလဲ ဘာလဲမေမြးေပးခ်င္ဘူးလား "

႐ုပ္ၾကမ္းႀကီးနဲ႕မလိုက္အစားကပ္ေတာင္းေနတဲ့ေၾကာင္ဆိုးေလးလိုအရိပ္လက္ေမာင္းေပၚေခါင္းတင္ကာအရိပ္လည္တိုင္ကိုသူ႕ႏႈတ္ခမ္းေတြနဲ႕ပြတ္သီးပြတ္သပ္နမ္းရွိုက္ၿပီးခြၽဲ၍ပခုံး‌ေပၚေမးလာတဲ့ရိုးေၾကာင့္ အရိပ္ရယ္လိုက္မိသည္။

" ႐ုပ္ၾကမ္းႀကီးနဲ႕လာခြၽဲမေနနဲ႕ ကိုရိုးမာန္ဂုဏ္ "

" မရဘူး ခြၽဲမွာပဲကြာ , ေမြးေပးေနာ္ အခုကိုယ္တို႔ကေလးဦးေလးကသားေလးပဲျဖစ္ျဖစ္ သမီးေလးပဲျဖစ္ျဖစ္ေမြးၿပီးရင္လည္းထပ္ေမြးေပးဦးေနာ္ ရိုးရဲ႕အခ်စ္ကေလး "

" ဖယ္စမ္းပါ ရိုးႏႈတ္ခမ္းေမြးေတြကစူးတယ္ !"

အရိပ္မွာရိုးပုံစံေၾကာင့္ ရယ္ရင္းနဲ႕တြန္းဖယ္ေပးမဲ့ အားသန္လွတဲ့ အရိပ္ေယာက်္ားရိုးကဖက္တြယ္ထားၿမဲပင္။

"  ဖယ္လို႔ ႏႈတ္ခမ္းေမြးေတြက စူးပါတယ္လိုဆိုေနတာကို !"

" မဖယ္ဘူးကြာ , ထပ္ေမြးေပးမယ္ကတိေပးမွ လႊတ္ေပးမယ္ "

" ဟုတ္ၿပီ ဟုတ္ၿပီ ေမြးေပးမယ္ ဗိုက္ခြဲေမြးရင္သုံးေယာက္တိတိခြဲေမြးလို႔ရတယ္တဲ့ ကြၽန္ေတာ္ေမြးေပးမယ္ ဟုတ္ၿပီလား "

" ခ်စ္လိုက္တာ ကြာ "

အရိပ္ကိုသူ႕ရင္ခြင္က်ယ္ထဲဆြဲဖက္ေထြးေပြ႕ကာ ေျပာလာတဲ့ရိုးစကားကအလိမ္အညာမဟုတ္မွန္း အရိပ္သိ၏။

" အရိပ္ကလဲ ေဟာ့ဒီကေယာက်္ားအရက္သမားရိုးႀကီးကိုသိပ္သိပ္ခ်စ္ပါသတဲ့ ,ဗ်ာ "

ရိုးရဲ႕ပါးႏွစ္ဖက္ကိုညွစ္ကာအရိပ္အသည္းယားစြာ ျပန္စေနာက္ၿပီး ရိုးႏႈတ္ခမ္းကိုဖြဖြေလးတစ္ခ်က္နမ္းလိုက္ၿပီး။

" ဖယ္ေတာ့ အရိပ္မုန႔္လုံးစားေတာ့မယ္ "

" မုန႔္လုံးပဲစားခ်င္တာလား ေယာက်္ားကိုေရာမစားခ်င္ဘူးလား "

" စားခ်င္ဘူး "

ခပ္ျပတ္ျပတ္ျငင္းဆန္လာတဲ့အရိပ္ေၾကာင့္ ရိုးသေဘာက်စြာရယ္လိုက္၍။

" ကိုယ္မုန႔္လုံးေတြပန္းကန္နဲ႕သြားထည့္လိုက္ဦးမယ္ "

" အင္း "

ရိုးမွာေသာက္ထားတဲ့အရက္အရွိန္နဲ႕ေခါင္းကိုက္ၿပီးမူးေနေပမဲ့ အိပ္ရာထဲဝင္ထိုးမအိပ္နိုင္ေသး အရိပ္စားဖို႔မုန႔္လုံးေတြပန္းကန္နဲ႕ထည့္ေပးရန္အိပ္ခန္းထဲကထြက္လာခဲ့လိုက္သည္။

" ရိုးမာန္ဂုဏ္ ! လာခဲ့ဦး !"

မုန႔္လုံးကိုပန္းကန္နဲ႕ထည့္ေနတုန္းအရိပ္ရဲအလန႔္တၾကားေအာ္ေခၚသံေၾကာင့္ ရိုးမွာလက္ထဲကမုန႔္ပန္းကန္ကိုထားလ်က္အိပ္ခန္းထဲအျမန္စိုးရိမ္စြာေျပးဝင္ခဲ့လိုက္သည္။

< 9 , 12 , 2021 >

Okumaya devam et

Bunları da Beğeneceksin

581K 102K 99
Non fiction BL මට පෙන්නන්න බැරි දේවල් තමයි වැඩියෙන්ම ඕනේ.
62.9K 1.6K 30
အမုန္းသင့္ေနေသာ အိပ္မက္ကေနႏိုးထေစနိုင္တာ အခ်စ္တစ္ခုတည္းသာရိွတာပါ။
15.4K 554 23
ဘာေၾကာင့္ေဝးလဲ ဘာေၾကာင့္ျငင္းလဲ ငါဘာေၾကာင့္ေျပးခဲ့လဲ ဘာကြောင့်ဝေးလဲ ဘာကြောင့်ငြင်းလဲ ငါဘာကြောင့်ပြေးခဲ့လဲ Start date (Nov.2.2022) End date (Dec.30.20...
156K 8K 33
ကကြိုးဆိုသောကောင်လေး တောကနေမြို့ကျောင်းတက်ရာက လရိပ်မာန်နဲ့ဘယ်လိုတွေဆုံကြမလဲ။ လရိပ်မာန်နဲ့သံယောဇဉ်တွေဘယ်လိုငြိတွယ်ကြမလဲ။ student life ကိုအခြေခံရေးထားတ...