အပိုင်း - ၁

140K 5.9K 190
                                    

[ သူကြီးသမက် ]

♪ မွေး ,,, မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ ,,, အခြေနေမပေးလို့ , ဝေးကွာခဲ့ပေ , သားချစ်တဲ့ မွေး မေမေ သားသားချစ်တဲ့ မွေးမေမေ ,,, ♪

ရိုးအရက်ခွက်ကိုမော့‌သောက်လိုက်၍ ငယ်စဉ်အချိန်ကတည်းကမမြင်ဖူးလိုက်တဲ့ မွေးမေမေကိုတမ်းတကာ သီချင်းအော်ဆိုလိုက်စဉ်... သူတို့နံဘေးဝိုင်းမှာထိုင်နေတဲ့ အောင်သက်တို့ဝိုင်းကရန်စကားစလာသည်။

" စိတ်ပျော်အောင်လို့ အရက်‌လာသောက်ပါတယ်ဆို မွေးမေ‌မေ ကျေးဇူးဆပ်ချင်တဲ့ ကောင်နဲ့လာတွေ့နေတယ် , ဟား,ဟား,ဟား "

နံဘေးဝိုင်းကအောင်သက်တို့အဖွဲ့ရဲ့လှောင်ရယ်သံကြောင့် ရိုးထိုင်နေရာကထလိုက်ပြီး။ပုဆိုးကိုပခုံးထပ်စလွယ်သိုင်းလိုက်တော့၊ဒူးနားလောက်အထိရှည်တဲ့ အားကစားဘောင်းဘီအနက်လေးကပေါ်လာသည်။

အရက်ပုလင်းကိုလက်တစ်ဖက်နဲ့ကောက်ကိုင်လိုက်ပြီး။အောင်သက်တို့ဝိုင်းဘက်လှည့်ကြည့်လိုက်တာကရန်လိုနေတဲ့အကြည့် ခက်ထန်မာကျောစွာရွာရဲ့လူမိုက်ဂျစ်ကန်ကန်အရက်သမားမဟုတ်မခံ ရိုးမာန်ဂုဏ်ဆိုတာနှစ်ခါပြောပြစရာမလိုအောင်မြင်လိုက်တာနဲ့သိရသည်။

" ဟေ့ကောင်! မင်းသောက်ပါးစပ်ကဘယ်သူကို လှောင်ရယ်တာလဲ! "

" မင်းကိုလေ ဟား,ဟား,ဟား "

ရိုးအမေးကိုပြန်ဖြေလာတဲ့အောင်သက်ကလဲ ခပ်လှောင်လှောင်သောက်ဂရုမစိုက်ဘူး မင်းကိုပြောတာဆိုတဲ့ စကားကရန်ပွဲကိုဖိတ်ခေါ်လိုက်သလို ဒါမှမဟုတ် ရန်ဖြစ်ကြရအောင်ဆို၍၊တမင်သက်သက်ပွဲရှာလိုက်သလိုဖြစ်နေသည်။

" မင်းကများ ငါ့သောက်ဆံနဲ့ ငါ့သောက်ပြီး ငါ့ဘာသာ မိဘကျေးဇူးဆပ်ချင်တာ မင်းစောက်ပူဘာပါလဲ! "

" ခွပ် !"

" ခွပ် !"

ရိုးဘက်ကစထိုးလိုက်တဲ့ လက်သီးချက်ကအောင်သက်မေးရိုးပူထူသွားစေသလို အောင်သက်ရဲ့တန်ပြန်လက်သီးချက်ကလဲ ရိုးဘယ်ဘက်ပါးမှာပူထူသွားသည်။

သူ့တစ်ပြန်ကိုယ့်တစ်ပြန်ထိုးသတ်ပွဲက သူ့ဘက်လူ ကိုယ်ဘက်လူ ဘယ်သူမှဝင်မဆွဲရဲတဲ့အခြေနေမှာ သူငယ်ချင်းတွေကပွဲကြည့်ပုရိတ်သတ်လုပ်နေကြသည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now