ချစ်သောပြည့်ရှင်မင်း(Complete...

By phoongonkhin

296K 26.4K 1.6K

စစ်နတ်ဘုရားဟံသာဝတီအိမ်ရှေ့မင်းက အင်းဝနန်းတွင်းမာသူလျှိုလုပ်ရင်း အင်းဝမင်းသား‌ငယ်လေးကိုကာကွယ်ချင်လာတဲ့အခါ နောင... More

စာရေးသူ၏အမှာ
Part 1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part 10
Part11
Part12
Part 13
Part14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part28
Part29
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42 (final)
Announcement
ပုံလေးလက်ဆောင်ရတာ❤️
Chibiလေးလက်ဆောင်ရတာ
Fan Art Gift
Book Announcement 💕
Book cover photo 💕

Part 30

4K 460 7
By phoongonkhin

ယနေ့ဟံသာဝတီနန်းတော်ရဲ့နံနက်ခင်းညီလာခံက ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ခမည်းတော်မင်းကြီးရဲ့မျက်နှာက တည်တင်းနေပြီး လေထုက အေးစက်နေသည်။သက်တော်ရှည်မှူးကြီးမတ်ရာများနှင့်စစ်သူကြီးတချို့ကလည်း ဟံသာဝတီမင်းကြီးရဲ့ခက်ထန်သည့်မျက်နှာထားကြောင့် အသက်တောင်မရှူဝင့်ကြပေ။

"သားတော်အိမ်ရှေ့မင်း"

ဟံသာဝတီပြည့်ရှင်မင်းကြီးရဲ့အသံက အေးစက်နေကာ ဒေါသရိပ်စွန်းထင်းနေသည်။ဗညားသတိုး နားမလည်နိုင်ဖြစ်ရသည်။

"မှန်ပါ ခမည်းတော်"

"မင်း နှမဝမ်းကွဲတလမေနန်းမင်းသမီးနဲ့ အမြန်ဆုံး လက်ဆက်ရမယ်"

"မဖြစ်နိုင်ပါဘူး ခမည်းတော်"

ဗညားသတိုးရဲ့လေသံက တည်ငြိမ်ပြတ်သားနေသည်။ဗညားငယ်မင်းသား၊သမိန်သူရိန်နှင့်သမိန်သူရလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ဟံသာဝတီပြည့်ရှင်မင်းကြီး ဒေါသတွေဆူဝေပေါက်ကွဲလာကာ လေသံမြှင့်လိုက်သည်။

"ဘာလို့လဲ"

"နှမမေနန်းက စစ်သေနာပတိတပ်မင်းသမိန်သူရနဲ့ ရည်ငံနေပါတယ် ချစ်ခြင်းကိုခွဲတာဟာ ကြီးမားတဲ့အပြစ်ပေဘဲမို့ သားတော်လက်မခံနိုင်ပါဘူး"

"တယ် သမိန်သူရ"

သမိန်သူရ အိမ်ရှေ့မင်းကို ကြည့်ပြီး သတ္တိကိုစုစည်းကာ ဒူးထောက်လိုက်သည်။ဘာကြောင့်ရယ်မသိ။တလမေနန်းနှင့်မိမိ ချစ်သူသမီးရည်းစားဖြစ်အောင် အိမ်ရှေ့မင်းကကြံရွယ်ခဲ့တယ်လို့ အတွေးရောက်မိသည်။

"မှန်ပါ အရှင်မင်းကြီး"

"အိမ်ရှေ့မင်း ပြောတာအမှန်ပေလား"

"သည်ကျွန်က မဝံ့ရဲပေမယ့် အိမ်ရှေ့မင်းက မှန်သောစကားကိုသာဆိုလေတာပါ"

"တိတ်စမ်း"

ဟံသာဝတီပြည့်ရှင်မင်းကြီးက ပလ္လင်ပေါ်မှ ဆင်းလိုက်သည်။မိမိရဲ့သားတော်က ယောကျာ်းသားတစ်ဦးနှင့် မသင့်တော်ရာ မေတ္တာသက်ဝင်လေပါတယ်ဆို သမီးတော်တစ်ဦးလို တန်ဖိုးထားချစ်ခင်ရသည့် တလမေနန်းမင်းသမီးကလည်း ဆိုင်သူရှိနေသည်။ဆိုင်သူတပ်မင်းသမိန်သူရကလည်း ရဲစွမ်းသတ္တိရှိသည့်ဟံသာဝတီရဲ့စစ်သူရဲကောင်း ဖြစ်နေသည်။သားတော်အိမ်ရှေ့မင်းနှင့်တလမေနန်းမင်းသမီးတို့ကို တွန်းအားပေးနိုင်ဖို့ရာ အခွင့်အရေးမရှိ။

"ညီလာခံသိမ်းမယ်"

ထီးဖြူကိုင်သံတော်ဆင့်ရဲ့စကားသံက ညီလာခံနန်းဆောင်တစ်လျှောက် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဟံသာဝတီပြည့်ရှင်မင်းကြီးက နန်းဆောင်ပြင် ထွက်သွားလေသည်။မှူးကြီးမတ်ရာများကတော့ ဟံသာဝတီပြည့်ရှင်မင်းကြီးရဲ့တင်းမာသည့်မျက်နှာ‌ထားကြောင့် စိုးစဉ်းမျှမလှုပ်ဝံ့ပေ။

ထိုအခါမှ ညီလာခံနန်းဆောင်ရဲ့လေးလံသည့်လေထုလည်း လျှော့ကျသွားသည်။ဗညားသတိုး နှုတ်ခမ်းထောင့်တွေ ကော့တက်လာကာ ခြေလှမ်းတွေက တက်ကြွလာသည်။ဗညားငယ်မင်းသားက နောင်တော်ရဲ့ပုံစံကြောင့် မေးလိုက်သည်။

"ဗျို့ နောင်တော်ဘယ်သွားမှာမို့ သည်လောက်တက်ကြွနေတာလဲ"

"ချစ်ရသူနဲ့သွားတွေ့မလို့ပေါ့"

အိမ်ရှေ့မင်းရဲ့အသံကြောင့် ညီလာခံအတွင်းရှိ မှူးမတ်များက အသက်ရှူပင် ရပ်သွားကြလေသည်။အကုန်လုံးရဲ့အကြည့်တွေက ဗညားသတိုး ကိုယ်ပေါ်ရောက်လာပြီး သမိန်သူရိန်တို့ လူသုံးယောက်မှတပါး ကျန်သည့်လူများက တစ်ပြိုင်နက်ထဲ တွေးမိလိုက်ကြသည်။

'ဟံသာဝတီစစ်နတ်ဘုရားရဲ့နှလုံးသားကို ပိုင်ဆိုင်ထားသူက ဘယ်လောက်လှတဲ့ မိန်းမပျိုလေဖြစ်မလဲ'

ဟု။

_______

ဗညားသတိုး ညီလာခံနန်းဆောင်မှ မဟာသူရနန်းဆောင်ကိုသွားသည့်လမ်းက သည်နေ့မှရှည်ကြာနေတယ် ထင်မိသည်။သည်အချိန်ဆိုနန်းစောရှင်လေးက ရေချိုးဆောင်တော်ဝင်ပြီးလို့ ဝတ်လဲတော် လဲနေပေလိမ့်မည်။ယခုမှရေချိုးသန့်စင်ပြီးသည့် နန်းစောရှင်ရဲ့ကိုယ်ခန္ဓာလေးက မွှေးပျံ့နေကာ ရှည်လျားနက်မှောင်သည့်ကေသာက လတ်ဆတ်သည့်သံပုရာနံ့သင်းသောတရော်နံ့လေး ရနေလိမ့်မည်။ဗညားသတိုး အတွေးထဲကနန်းစောရှင်ရဲ့ပုံရိပ်လေးတွေကြောင့် နှုတ်ခမ်းထောင့်တို့က အလိုလိုကော့တက်လာသည်။

မဟာသူရနန်းဆောင်ကိုသွားသည့် အိမ်ရှေ့မင်းရဲ့မြင်ရခဲသော ကြည်လင်သည့်အပြုံးကြောင့်နန်းတွင်းသူအပျိုတော်များမှာ ရှက်သွေးဖြာသွားရလေသည်။

ဗညားသတိုး မဟာသူရနန်းဆောင်ကိုရောက်တော့ အထိန်းတော်ဒေါနက မျက်နှာပျက်နေသည်ကိုတွေ့ရသည်။ဗညားသတိုး ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်ပြီး နန်းစောရှင်ရဲ့အိပ်ဆောင်တံခါးကို ဆွဲဖွင့်လိုက်သည်။နန်းစောရှင်ကို မတွေ့ရ။ဗညားသတိုး အထိန်းတော်ဒေါနကို မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်လိုက်သည်။

အထိန်းတော်ဒေါန အလျင်အမြန်ဒူးထောက်လိုက်သည်။ဒူးခေါင်းနှင့်ကြမ်းပြင် ထိမိသည့်အသံက ဒေါက်ခနဲထွက်ပေါ်လာလျက်။

"အိမ် အိမ်ရှေ့မင်း တပ်မှူးနန်းစောရှင်ကို တော်ဝင်ကိုယ်ရံတော်သမိန်ပတေ့က ဖမ်းခေါ်သွားပါတယ်"

အိမ်ရှေ့မင်းရဲ့ကျားတစ်ကောင်လို စူးရဲသည့်အကြည့်တွေက အေးစက်စက်ဓားသွားအသွင် ပြောင်းသွားပြီး အထိန်းတော်ဒေါနတစ်ကိုယ်လုံးကို အပိုင်းပိုင်းပြတ်သွားမလိုပင်။အထိန်းတော်ဒေါန ပိုပြီးတုန်ရီလာကာ နှဖူးနှင့်ကြမ်းပြင်ကို ထိကပ်ထားလိုက်သည်။

"အိမ်ရှေ့မင်း ရောက်လာမှခေါ်သွားဖို့ ပြောပေမယ့် အရှင်မင်းကြီးအမိန့်လို့ပြောပါတယ်"

"ခမည်းတော်အမိန့်"

"မှန်ပါ"

ဗညားသတိုး ဆောင်နန်းအခန်းထဲ အလျင်အမြန်ဝင်ကာ ကွန့်ရောင်ဝါဓားကို ဆုပ်ကိုင်လိုက်သည်။
ခမည်းတော့်အမိန့်ဆိုရင် နန်းစောရှင်ကို ကြေးတိုက်အကျဉ်းထောင်တွင် ဖမ်းချုပ်ထားလိမ့်မည်။ရှင်ဘုရင်အမိန့်နှင့် နန်းစောရှင်ကိုဖမ်းချုပ်ဖို့ရာ အခြေအနေတစ်ရပ်ဘဲ ရှိသည်။သူတို့ဆက်ဆံရေးကို ခမည်းတော် သိရှိသွားလေပြီ။တလမေနန်းမင်းသမီးနှင့် လက်ဆက်မည့်အရေးဆွေးနွေးထဲက သိခဲ့သင့်သည်။ဗညားသတိုး ဆောင်တော်အပြင်ထွက်ကာ ဒူးထောက်လျက်သားရှိနေသည့် အထိန်းတော်ဒေါနကို ကြည့်လိုက်သည်။

"သမိန်သူရနဲ့သမိန်သူရိန်ကို ကြေးတိုက်အကျဉ်းရှေ့မှာ တွေ့မယ်လို့ပြောလိုက် တစ်အောင့်နေလို့မှတပ်မင်းတွေ ကြေးတိုက်ရှေ့မရောက်ရင် ဒေါနခေါင်းမြဲမယ်မထင်နဲ့"

"မှန် မှန်ပါအိမ်ရှေ့မင်း"

အထိန်းတော်ကြီးဒေါနက လေးဖင့်သည့်ခန္ဓာကိုယ်ကြီးကို သယ်ဆောင်လို့ ခပ်သွက်သွက် ထွက်ခွာသွားလေသည်။ဗညားသတိုး ပူလောင်နေသည့်စိတ်နှလုံးသားကို ငြိမ်းသတ်လိုက်ကာ အသက်ကိုဝအောင်ရှူလိုက်သည်။တစ်နေ့ သည်လိုအဖြစ်မျိုး တွေ့ကြုံလာရမယ်ဆိုတာ ဗညားသတိုး သိသည်။

ဗညားသတိုး ကြေးတိုက်အကျဉ်းထောင်ရှိရာကို အလျင်အမြန် သွားလိုက်သည်။ကြေးတိုက်အကျဉ်းခန်းရှေ့တွင် သမိန်သူရနှင့်သမိန်သူရိန်က အသင့်စောင့်နေကြသည်။ဗညားသတိုး ကြေးတိုက်အကျဉ်းခန်းရှေ့က အစောင့်ရဲမက်နှစ်ယောက်ကို ခပ်စူးစူးကြည့်လိုက်တော့ ရဲမက်နှစ်ယောက်က ကိုင်ဆောင်ထားသည့်လှံကို လှံရိုးချင်းထပ်ကာ တားဆီးလိုက်သည်။

"မင်းတို့အိမ်ရှေ့မင်းကိုတားဝံ့သလား"

"တောင်းပန်ပါတယ် အရှင်မင်းကြီးအမိန့်ပါ"

"တယ်"

သမိန်သူရရဲ့ဓားသွားက အစောင့်ရဲမက်တစ်ယောက်ရဲ့လည်ပေါ် ရောက်သွားသည်။အစောင့်ရဲမက်တွေက တုန်ယင်လာကာ လှံရှည်ကိုဖယ်ပြီးလမ်းဖွင့်ပေးလိုက်သည်။

ဗညားသတိုး အကျဉ်းတိုက်ထဲ အလျင်အမြန်ဝင်လိုက်သည်။လေဝင်လေထွက်မကောင်းသည့်မှောင်မိုက်ပြီး အေးစက်သောအကျဉ်းတိုက်ထဲဝယ် နန်းစောရှင်ရဲ့သဏ္ဌာန်လေးကို ဗညားသတိုးမြင်လိုက်သည်။နန်းစောရှင်ရဲ့လက်တွေကိုသံကြိုးတွေနှင့် ခတ်ထားပြီး သံတိုင်တွေကာရံထားသည့်အခန်းကျဉ်းလေးထဲတွင် ဖမ်းချုပ်ထားသည်။သံတိုင်အချုပ်ခန်းရှေ့တွင်တော့  ကိုယ်ရံတော်သမိန်ပတေ့ကို တွေ့ရသည်။

ရေနံမီးတုတ်မီးရောင်အောက်တွင် နန်းစောရှင်ရဲ့မျက်နှာထားက အနည်းငယ်မျှတောင် ကြောက်ရွံ့ဟန်မတွေ့ရ။ဇင်ရော်တောင်မျက်ခုံး  လေးက ဖြောင့်တန်းနေကာ နီထွေးသည့်နှုတ်ခမ်းလေးက တည်တင်းနေသည်။သန်မာသည့်ခါးရိုးက ရာဇလှံတံတစ်ချောင်းလို ဖြောင့်မတ်နေသည်။

ဗညားသတိုးကို မြင်တော့တည်ငြိမ်နေသည့်မျက်ဝန်းတွေက အနည်းငယ်လှုပ်ခတ်လာကာ တည်တင်းနေသည့်နှုတ်ခမ်းတစ်စုံက ပြုံးရိပ်ထင်လာသည်။ဗညားသတိုး ရင်ထဲဝမ်းနည်းမှုတွေက လှိုက်တက်လာသည်။ဗညားသတိုး  သံတိုင်တံခါးကို ခတ်ထားသည့်သော့ဂလောက်ကို ကွန့်ရောင်ဝါဓားနှင့်ပိုင်းဖြတ်လိုက်သည်။

ဓားသံတစ်ချက်နှင့်အတူ သော့ဂလောက်က မြေပေါ်ကျသွားသည်။

သမိန်ပတေ့ ဆောင်ဓားကိုဆွဲထုတ်လိုက်သည်။ဗညားသတိုး အကျဉ်းခန်းထဲဝင်သွားကာ နန်းစောရှင်လက်ကို ချုပ်ထားသည့်သံကြိုးကိုလည်း ပိုင်းဖြတ်လိုက်သည်။ကောင်းမွန်လှသည့်ဓားကြောင့် မီးပွားတချို့‌ပေါ်ထွက်လာပြီး သံကြိုးမှာ‌ ပြတ်တောက်သွားရလေသည်။

သမိန်ပတေ့ နန်းစောရှင်ရဲ့လည်ပေါ် ဓားတင်လိုက်သည်။သမိန်သူရနှင့်သမိန်သူရိန်လည်း အလျင်အမြန်ဓားထုတ်ကာ သမိန်ပတေ့ရဲ့လည်ကို ဓားရွယ်လိုက်သည်။ဗညားသတိုးရဲ့အကြည့်တွေက မီးတောက်တစ်ခုလို လောင်ကျွမ်းလာပြီး ဒေါသအခိုးအငွေ့တွေက လေထုထဲတွင်ပျံ့နှံ့လာသည်။

"အိမ်ရှေ့မင်း အရှင်မင်းကြီးကနန်းစောရှင်ကို သေမိန့်ချထားပါတယ်"

"နန်းစောရှင်ကိုထိရဲတဲ့လက်ဟာ ကိုယ်တော့်ဓားကို စိန်ခေါ်တာဘဲ"

အိမ်ရှေ့မင်းရဲ့အသံထဲတွင် ထက်မြသည့်ဓားသွားပါဝင်နေပြီး သမိန်ပတေ့ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။သမိန်ပ‌တေ့  ဓားသိမ်းလိုက်ပြီးဓားရိုးနှင့်ဓားအိမ်ထိမိသည့်ခွပ်ခနဲအသံက‌ ထွက်ပေါ်လာသည်။သမိန်သူရနှင့်သမိန်သူရိန်က သမိန်ပတေ့ကို အပြင်ခေါ်ထုတ်သွားသည်။

အကျဉ်းခန်းလေးထဲ ဗညားသတိုးတို့နှစ်ဦးထဲကျန်ရှိနေမှ ဗညားသတိုး ဒူးထောက်ကျသွားသည်။ခေါင်းငိုက်စိုက်ကျသွားကာ ဗညားသတိုး ရင်မှဖြစ်သည့်အပြစ်မကင်းစိတ်တွေက ငွေ့ရည်ဖွဲ့လာပြီး ဗညားသတိုးရဲ့မျက်ဝန်းအိမ်မှ လိမ့်ဆင်းလာသည်။

နန်းစောရှင်လေးက အေးစက်သည့်ကြမ်းပြင်ထက်တွင် အချိန်အတန်‌ကြာအောင် ချုပ်နှောင်ခံထားရသည်။ဗညားသတိုးကြောင့်သာ မဟုတ်ပါလျှင် နန်းစောရှင်လေးက သည်လိုဒုက္ခခံစရာမလိုပါချေ။

နန်းစောရှင် ဒူးထောက်လိုက်ကာ အိမ်ရှေ့မင်း လက်ကိုဆုပ်ကိုင်လိုက်သည်။နန်းစောရှင် လက်ကိုလှုပ်ရှားလိုက်တာကြောင့် လက်ကိုခတ်ထားသည့်သံကြိုးသံတချွင်ချွင်က တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။အိမ်ရှေ့မင်းရဲ့မျက်ရည်စက်တွေက နန်းစောရှင်ရဲ့လက်ကို စိုစွတ်စေတော့ နန်းစောရှင် အံ့ဩတုန်လှုပ်သွားသည်။

"အမောင် ငိုနေတယ်"

"အမောင် တောင်းပန်ပါတယ်"

နန်းစောရှင် အိမ်ရှေ့မင်းရဲ့ခေါင်းလေးကို နမ်းလိုက်သည်။အိမ်ရှေ့မင်းက‌ နန်းစောရှင်ကို မော့ကြည့်လာသည်။အိမ်ရှေ့မင်းရဲ့မျက်ဝန်းတွေက စိုစွတ်နေတာကြောင့် နန်းစောရှင် ပြုံးမိသည်။

ဟံသာဝတီ စစ်နတ်ဘုရားအိမ်ရှေ့မင်းတောင်မှ မျက်ရည်ကျသည့်နေ့ ရှိသေးသည်လေ။

"အမောင် မငိုပါနဲ့ သေရမှာမကြောက်ပေမယ့်အမောင်မျက်ရည်ကျမှာကိုတော့ ကြောက်မိတယ်"

"နန်းစောရှင်ကို အမောင်ကပေးသေမယ် ထင်လေလို့လား"

"မထင်ပါဘူး ဒါကြောင့်လည်းမကြောက်တာပေါ့"

ဗညားသတိုး နန်းစောရှင်ရဲ့လက်ကလေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ နမ်းလိုက်သည်။နန်းစောရှင်ရဲ့ကိုယ်လေးကို တင်းတင်းကြပ်ကြပ်ဖက်ကာ ထွေးပိုက်လိုက်သည်။

"ယခုလိုဖြစ်လာတာ အမောင့်အမှားကြောင့်ပါ  အမောင်သာကိုယ့်အချစ်တွေကို ထိန်းသိမ်းထားနိုင်ခဲ့ရင်"

"ကျွန်တော်မျိုးဘဝ ပြန်လည်အသက်ဝင်လာတာ အမောင့်အမှားလေးကြောင့်ပါ အမောင်သာအမှားလေးကိုရုတ်သိမ်းသွားခဲ့ရင် ကျွန်တော်မျိုးမှာ ဘာများကျန်ခဲ့တော့မှာလဲ"

နန်းစောရှင် ပြုံးပြီးအိမ်ရှေ့မင်းကို တင်းတင်းကြပ်ကြပ်ဖက်ကာ အိမ်ရှေ့မင်းရဲ့ပခုံးသားတွေကို နင့်နေအောင်နမ်းလိုက်သည်။အိမ်ရှေ့မင်းရဲ့အသံက ဆို့နင့်ကြေကွဲနေကာ နန်းစောရှင်အတွက် ကြီးစွာစိတ်မကောင်းဖြစ်ဟန် တူသည်။

ချစ်ရသူရဲ့‌ထွေးဖက်ထားမှုက နန်းစောရှင်ကို‌‌ နွေးထွေးလုံခြုံစေသည်။နန်းစောရှင် အိမ်ရှေ့မင်းကို ချစ်မိထဲကနှလုံးသားနှင့်အတူ အသက်ကိုပါမြှုပ်နှံထားတာဖြစ်သည်။

နန်းစောရှင် အိမ်ရှေ့မင်းကို အသက်နှင့်ရင်း၍ ချစ်သည်။ချစ်မိသောကြောင့် အသက်ဆုံးရှုံးရမယ်ဆိုလျှင်လည်း နန်းစောရှင် ကျေနပ်သည်။

ချစ်ခြင်းတစ်ခုအတွက် သေမိန့်က အချစ်စစ်မှန်ကြောင်း အသိအမှတ်ပြု ချီးမြှင့်လိုက်သည့်ဘွဲ့ဂု‌ဏ်ပုဒ်။

နန်းစောရှင် အိမ်ရှေ့မင်းရဲ့ကျောပြင်ကို ခပ်ဖွဖွပွတ်ကာ နှစ်သိမ့်‌လိုက်သည်။ဗညားသတိုး နန်းစောရှင်ရဲ့ကိုယ်လေးကို ဖက်ထားရာမှ ခွာလိုက်ကာ မျက်ဝန်းတွေကို စူးစူးစိုက်စိုက်ကြည့်သည်။

အိမ်ရှေ့မင်းရဲ့စိုစွတ်နေသည့်မျက်ဝန်းတွေက နီရဲနေကာ လေးနက်မှုနှင့်နွေးထွေးမှုက ရောထွေးနေသည်။

"နန်းစောရှင် နားထောင်"

"မှန်ပါ့"

"အမောင် ထီးနန်းကိုစွန့်ခွာဖို့လုပ်ထားတယ်"

"ဘယ်လို"

နန်းစောရှင်ရဲ့မျက်ဝန်းတွေက ပြူးကျယ်သွားကာ နှုတ်ခမ်းတွေက တုန်ယင်လာသည်။ဗညားသတိုး နန်းစောရှင်ရဲ့ပါးပြင်နှစ်ဖက်စလုံးကို လက်နှစ်ဖက်နှင့်အုပ်မိုးလိုက်သည်။

"အဲ့သလိုလုပ်လို့လည်း ခမည်းတော်က နန်းစောရှင်ကိုအလွှတ်မပေးဘူးဆို ကိုယ်တော် ခမည်းတော်ကိုပုန်ကန်မယ်"

"အိမ်ရှေ့မင်း ဘာလို့"

"ကိုယ်တော် ရာဇပလ္လင်ကိုစွန့်ခွာမယ် ဒါမှမဟုတ်သိမ်းပိုက်မယ် နှစ်ခုထဲကတစ်ခုဘဲ"

"ကျွန်တော်မျိုးကြောင့် အိမ်ရှေ့မင်းဒုက္ခရောက်ရပြီ"

"နန်းစောရှင်ကြောင့်သာဆို ဘယ်အရာကိုမှ ဒုက္ခလို့ အမောင်မထင်လေဘူး ဒါကြောင့်စိတ်အေးအေးထား"

"အိမ်ရှေ့မင်း"

ဗညားသတိုး နန်းစောရှင်ရဲ့နဖူးကို ခပ်ဖွဖွနမ်းလိုက်သည်။အံ့ဩတုန်လှုပ်နေသည့်မျက်ဝန်းတွေကြောင့် ဗညားသတိုး နှစ်သိမ့်အနမ်းလေးပေးသည်။နန်းစောရှင်လေးက အံ့ဩသွား၍ နှုတ်ခမ်းပါးလေးက အမောင်လို့တောင်မခေါ်နိုင်တော့ချေ။

"အမောင် သွားမယ် အမောင့်အချစ်ပင်ပန်းတာနေ့မကူးစေရဘူး စိတ်ချ"

အိမ်ရှေ့မင်းက‌ ကွန့်ရောင်ဝါဓားကို ဆုပ်ကိုင်လိုက်ပြီး အကျဉ်းတိုက်အပြင်ကို ထွက်သွားသည်။နန်းစောရှင် အိမ်ရှေ့မင်းရဲ့ပုံရိပ်လေးပျောက်ကွယ်သွားသည်အထိ တုန်လှုပ်နေမိသည်။အိမ်ရှေ့မင်းရဲ့အချစ်က နန်းစောရှင် တွေးထင်ထားတာထက် များစွာ‌ကြီးမြတ်နေလေသည်။

_________

ယေန႔ဟံသာဝတီနန္းေတာ္ရဲ႕နံနက္ခင္းညီလာခံက ထူးထူးျခားျခား တိတ္ဆိတ္ေနသည္။ခမည္းေတာ္မင္းႀကီးရဲ႕မ်က္ႏွာက တည္တင္းေနၿပီး ေလထုက ေအးစက္ေနသည္။သက္ေတာ္ရွည္မွဴးႀကီးမတ္ရာမ်ားႏွင့္စစ္သူႀကီးတခ်ိဳ႕ကလည္း ဟံသာဝတီမင္းႀကီးရဲ႕ခက္ထန္သည့္မ်က္ႏွာထားေၾကာင့္ အသက္ေတာင္မ႐ွဴဝင့္ၾကေပ။

"သားေတာ္အိမ္ေရွ႕မင္း"

ဟံသာဝတီျပည့္ရွင္မင္းႀကီးရဲ႕အသံက ေအးစက္ေနကာ ေဒါသရိပ္စြန္းထင္းေနသည္။ဗညားသတိုး နားမလည္ႏိုင္ျဖစ္ရသည္။

"မွန္ပါ ခမည္းေတာ္"

"မင္း ႏွမဝမ္းကြဲတလေမနန္းမင္းသမီးနဲ႔ အျမန္ဆုံး လက္ဆက္ရမယ္"

"မျဖစ္ႏိုင္ပါဘူး ခမည္းေတာ္"

ဗညားသတိုးရဲ႕ေလသံက တည္ၿငိမ္ျပတ္သားေနသည္။ဗညားငယ္မင္းသား၊သမိန္သူရိန္ႏွင့္သမိန္သူရလည္း လႈပ္လႈပ္ရွားရွားျဖစ္သြားသည္။ဟံသာဝတီျပည့္ရွင္မင္းႀကီး ေဒါသေတြဆူေဝေပါက္ကြဲလာကာ ေလသံျမႇင့္လိုက္သည္။

"ဘာလို႔လဲ"

"ႏွမေမနန္းက စစ္ေသနာပတိတပ္မင္းသမိန္သူရနဲ႔ ရည္ငံေနပါတယ္ ခ်စ္ျခင္းကိုခြဲတာဟာ ႀကီးမားတဲ့အျပစ္ေပဘဲမို႔ သားေတာ္လက္မခံႏိုင္ပါဘူး"

"တယ္ သမိန္သူရ"

သမိန္သူရ အိမ္ေရွ႕မင္းကို ၾကည့္ၿပီး သတၱိကိုစုစည္းကာ ဒူးေထာက္လိုက္သည္။ဘာေၾကာင့္ရယ္မသိ။တလေမနန္းႏွင့္မိမိ ခ်စ္သူသမီးရည္းစားျဖစ္ေအာင္ အိမ္ေရွ႕မင္းကႀကံရြယ္ခဲ့တယ္လို႔ အေတြးေရာက္မိသည္။

"မွန္ပါ အရွင္မင္းႀကီး"

"အိမ္ေရွ႕မင္း ေျပာတာအမွန္ေပလား"

"သက္ြၽန္က မဝံ့ရဲေပမယ့္ အိမ္ေရွ႕မင္းက မွန္ေသာစကားကိုသာဆိုေလတာပါ"

"တိတ္စမ္း"

ဟံသာဝတီျပည့္ရွင္မင္းႀကီးက ပလႅင္ေပၚမွ ဆင္းလိုက္သည္။မိမိရဲ႕သားေတာ္က ေယာက်ာ္းသားတစ္ဦးႏွင့္ မသင့္ေတာ္ရာ ေမတၱာသက္ဝင္ေလပါတယ္ဆို သမီးေတာ္တစ္ဦးလို တန္ဖိုးထားခ်စ္ခင္ရသည့္ တလေမနန္းမင္းသမီးကလည္း ဆိုင္သူရွိေနသည္။ဆိုင္သူတပ္မင္းသမိန္သူရကလည္း ရဲစြမ္းသတၱိရွိသည့္ဟံသာဝတီရဲ႕စစ္သူရဲေကာင္း ျဖစ္ေနသည္။သားေတာ္အိမ္ေရွ႕မင္းႏွင့္တလေမနန္းမင္းသမီးတို႔ကို တြန္းအားေပးႏိုင္ဖို႔ရာ အခြင့္အေရးမရွိ။

"ညီလာခံသိမ္းမယ္"

ထီးျဖဴကိုင္သံေတာ္ဆင့္ရဲ႕စကားသံက ညီလာခံနန္းေဆာင္တစ္ေလွ်ာက္ က်ယ္ေလာင္စြာ ထြက္ေပၚလာၿပီး ဟံသာဝတီျပည့္ရွင္မင္းႀကီးက နန္းေဆာင္ျပင္ ထြက္သြားေလသည္။မွဴးႀကီးမတ္ရာမ်ားကေတာ့ ဟံသာဝတီျပည့္ရွင္မင္းႀကီးရဲ႕တင္းမာသည့္မ်က္ႏွာ‌ထားေၾကာင့္ စိုးစဉ္းမွ်မလႈပ္ဝံ့ေပ။

ထိုအခါမွ ညီလာခံနန္းေဆာင္ရဲ႕ေလးလံသည့္ေလထုလည္း ေလွ်ာ့က်သြားသည္။ဗညားသတိုး ႏႈတ္ခမ္းေထာင့္ေတြ ေကာ့တက္လာကာ ေျခလွမ္းေတြက တက္ႂကြလာသည္။ဗညားငယ္မင္းသားက ေနာင္ေတာ္ရဲ႕ပုံစံေၾကာင့္ ေမးလိုက္သည္။

"ဗ်ိဳ႕ ေနာင္ေတာ္ဘယ္သြားမွာမို႔ သည္ေလာက္တက္ႂကြေနတာလဲ"

"ခ်စ္ရသူနဲ႔သြားေတြ႕မလို႔ေပါ႔"

အိမ္ေရွ႕မင္းရဲ႕အသံေၾကာင့္ ညီလာခံအတြင္းရွိ မွဴးမတ္မ်ားက အသက္႐ွဴပင္ ရပ္သြားၾကေလသည္။အကုန္လုံးရဲ႕အၾကည့္ေတြက ဗညားသတိုး ကိုယ္ေပၚေရာက္လာၿပီး သမိန္သူရိန္တို႔ လူသုံးေယာက္မွတပါး က်န္သည့္လူမ်ားက တစ္ၿပိဳင္နက္ထဲ ေတြးမိလိုက္ၾကသည္။

'ဟံသာဝတီစစ္နတ္ဘုရားရဲ႕ႏွလုံးသားကို ပိုင္ဆိုင္ထားသူက ဘယ္ေလာက္လွတဲ့ မိန္းမပ်ိဳေလျဖစ္မလဲ'

ဟု။

_______

ဗညားသတိုး ညီလာခံနန္းေဆာင္မွ မဟာသူရနန္းေဆာင္ကိုသြားသည့္လမ္းက သည္ေန႔မွရွည္ၾကာေနတယ္ ထင္မိသည္။သည္အခ်ိန္ဆိုနန္းေစာရွင္ေလးက ေရခ်ိဳးေဆာင္ေတာ္ဝင္ၿပီးလို႔ ဝတ္လဲေတာ္ လဲေနေပလိမ့္မည္။ယခုမွေရခ်ိဳးသန္႔စင္ၿပီးသည့္ နန္းေစာရွင္ရဲ႕ကိုယ္ခႏၶာေလးက ေမႊးပ်ံ႕ေနကာ ရွည္လ်ားနက္ေမွာင္သည့္ေကသာက လတ္ဆတ္သည့္သံပုရာနံ႔သင္းေသာတေရာ္နံ႔ေလး ရေနလိမ့္မည္။ဗညားသတိုး အေတြးထဲကနန္းေစာရွင္ရဲ႕ပုံရိပ္ေလးေတြေၾကာင့္ ႏႈတ္ခမ္းေထာင့္တို႔က အလိုလိုေကာ့တက္လာသည္။

မဟာသူရနန္းေဆာင္ကိုသြားသည့္ အိမ္ေရွ႕မင္းရဲ႕ျမင္ရခဲေသာ ၾကည္လင္သည့္အၿပဳံးေၾကာင့္နန္းတြင္းသူအပ်ိဳေတာ္မ်ားမွာ ရွက္ေသြးျဖာသြားရေလသည္။

ဗညားသတိုး မဟာသူရနန္းေဆာင္ကိုေရာက္ေတာ့ အထိန္းေတာ္ေဒါနက မ်က္ႏွာပ်က္ေနသည္ကိုေတြ႕ရသည္။ဗညားသတိုး ေျခလွမ္းေတြကို အရွိန္ျမႇင့္လိုက္ၿပီး နန္းေစာရွင္ရဲ႕အိပ္ေဆာင္တံခါးကို ဆြဲဖြင့္လိုက္သည္။နန္းေစာရွင္ကို မေတြ႕ရ။ဗညားသတိုး အထိန္းေတာ္ေဒါနကို မ်က္ခုံးတစ္ဖက္ပင့္ကာ ၾကည့္လိုက္သည္။

အထိန္းေတာ္ေဒါန အလ်င္အျမန္ဒူးေထာက္လိုက္သည္။ဒူးေခါင္းႏွင့္ၾကမ္းျပင္ ထိမိသည့္အသံက ေဒါက္ခနဲထြက္ေပၚလာလ်က္။

"အိမ္ အိမ္ေရွ႕မင္း တပ္မွဴးနန္းေစာရွင္ကို ေတာ္ဝင္ကိုယ္ရံေတာ္သမိန္ပေတ့က ဖမ္းေခၚသြားပါတယ္"

အိမ္ေရွ႕မင္းရဲ႕က်ားတစ္ေကာင္လို စူးရဲသည့္အၾကည့္ေတြက ေအးစက္စက္ဓားသြားအသြင္ ေျပာင္းသြားၿပီး အထိန္းေတာ္ေဒါနတစ္ကိုယ္လုံးကို အပိုင္းပိုင္းျပတ္သြားမလိုပင္။အထိန္းေတာ္ေဒါန ပိုၿပီးတုန္ရီလာကာ ႏွဖူးႏွင့္ၾကမ္းျပင္ကို ထိကပ္ထားလိုက္သည္။

"အိမ္ေရွ႕မင္း ေရာက္လာမွေခၚသြားဖို႔ ေျပာေပမယ့္ အရွင္မင္းႀကီးအမိန္႔လို႔ေျပာပါတယ္"

"ခမည္းေတာ္အမိန္႔"

"မွန္ပါ"

ဗညားသတိုး ေဆာင္နန္းအခန္းထဲ အလ်င္အျမန္ဝင္ကာ ကြန္႔ေရာင္ဝါဓားကို ဆုပ္ကိုင္လိုက္သည္။
ခမည္းေတာ့္အမိန္႔ဆိုရင္ နန္းေစာရွင္ကို ေၾကးတိုက္အက်ဉ္းေထာင္တြင္ ဖမ္းခ်ဳပ္ထားလိမ့္မည္။ရွင္ဘုရင္အမိန္႔ႏွင့္ နန္းေစာရွင္ကိုဖမ္းခ်ဳပ္ဖို႔ရာ အေျခအေနတစ္ရပ္ဘဲ ရွိသည္။သူတို႔ဆက္ဆံေရးကို ခမည္းေတာ္ သိရွိသြားေလၿပီ။တလေမနန္းမင္းသမီးႏွင့္ လက္ဆက္မည့္အေရးေဆြးေႏြးထဲက သိခဲ့သင့္သည္။ဗညားသတိုး ေဆာင္ေတာ္အျပင္ထြက္ကာ ဒူးေထာက္လ်က္သားရွိေနသည့္ အထိန္းေတာ္ေဒါနကို ၾကည့္လိုက္သည္။

"သမိန္သူရနဲ႔သမိန္သူရိန္ကို ေၾကးတိုက္အက်ဉ္းေရွ႕မွာ ေတြ႕မယ္လို႔ေျပာလိုက္ တစ္ေအာင့္ေနလို႔မွတပ္မင္းေတြ ေၾကးတိုက္ေရွ႕မေရာက္ရင္ ေဒါနေခါင္းၿမဲမယ္မထင္နဲ႔"

"မွန္ မွန္ပါအိမ္ေရွ႕မင္း"

အထိန္းေတာ္ႀကီးေဒါနက ေလးဖင့္သည့္ခႏၶာကိုယ္ႀကီးကို သယ္ေဆာင္လို႔ ခပ္သြက္သြက္ ထြက္ခြာသြားေလသည္။ဗညားသတိုး ပူေလာင္ေနသည့္စိတ္ႏွလုံးသားကို ၿငိမ္းသတ္လိုက္ကာ အသက္ကိုဝေအာင္႐ွဴလိုက္သည္။တစ္ေန႔ သည္လိုအျဖစ္မ်ိဳး ေတြ႕ႀကဳံလာရမယ္ဆိုတာ ဗညားသတိုး သိသည္။

ဗညားသတိုး ေၾကးတိုက္အက်ဉ္းေထာင္ရွိရာကို အလ်င္အျမန္ သြားလိုက္သည္။ေၾကးတိုက္အက်ဉ္းခန္းေရွ႕တြင္ သမိန္သူရႏွင့္သမိန္သူရိန္က အသင့္ေစာင့္ေနၾကသည္။ဗညားသတိုး ေၾကးတိုက္အက်ဉ္းခန္းေရွ႕က အေစာင့္ရဲမက္ႏွစ္ေယာက္ကို ခပ္စူးစူးၾကည့္လိုက္ေတာ့ ရဲမက္ႏွစ္ေယာက္က ကိုင္ေဆာင္ထားသည့္လွံကို လွံ႐ိုးခ်င္းထပ္ကာ တားဆီးလိုက္သည္။

"မင္းတို႔အိမ္ေရွ႕မင္းကိုတားဝံ့သလား"

"ေတာင္းပန္ပါတယ္ အရွင္မင္းႀကီးအမိန္႔ပါ"

"တယ္"

သမိန္သူရရဲ႕ဓားသြားက အေစာင့္ရဲမက္တစ္ေယာက္ရဲ႕လည္ေပၚ ေရာက္သြားသည္။အေစာင့္ရဲမက္ေတြက တုန္ယင္လာကာ လွံရွည္ကိုဖယ္ၿပီးလမ္းဖြင့္ေပးလိုက္သည္။

ဗညားသတိုး အက်ဉ္းတိုက္ထဲ အလ်င္အျမန္ဝင္လိုက္သည္။ေလဝင္ေလထြက္မေကာင္းသည့္ေမွာင္မိုက္ၿပီး ေအးစက္ေသာအက်ဉ္းတိုက္ထဲဝယ္ နန္းေစာရွင္ရဲ႕သဏၭာန္ေလးကို ဗညားသတိုးျမင္လိုက္သည္။နန္းေစာရွင္ရဲ႕လက္ေတြကိုသံႀကိဳးေတြႏွင့္ ခတ္ထားၿပီး သံတိုင္ေတြကာရံထားသည့္အခန္းက်ဉ္းေလးထဲတြင္ ဖမ္းခ်ဳပ္ထားသည္။သံတိုင္အခ်ဳပ္ခန္းေရွ႕တြင္ေတာ့  ကိုယ္ရံေတာ္သမိန္ပေတ့ကို ေတြ႕ရသည္။

ေရနံမီးတုတ္မီးေရာင္ေအာက္တြင္ နန္းေစာရွင္ရဲ႕မ်က္ႏွာထားက အနည္းငယ္မွ်ေတာင္ ေၾကာက္ရြံ႕ဟန္မေတြ႕ရ။ဇင္ေရာ္ေတာင္မ်က္ခုံး  ေလးက ေျဖာင့္တန္းေနကာ နီေထြးသည့္ႏႈတ္ခမ္းေလးက တည္တင္းေနသည္။သန္မာသည့္ခါး႐ိုးက ရာဇလွံတံတစ္ေခ်ာင္းလို ေျဖာင့္မတ္ေနသည္။

ဗညားသတိုးကို ျမင္ေတာ့တည္ၿငိမ္ေနသည့္မ်က္ဝန္းေတြက အနည္းငယ္လႈပ္ခတ္လာကာ တည္တင္းေနသည့္ႏႈတ္ခမ္းတစ္စုံက ၿပဳံးရိပ္ထင္လာသည္။ဗညားသတိုး ရင္ထဲဝမ္းနည္းမႈေတြက လႈိက္တက္လာသည္။ဗညားသတိုး  သံတိုင္တံခါးကို ခတ္ထားသည့္ေသာ့ဂေလာက္ကို ကြန္႔ေရာင္ဝါဓားႏွင့္ပိုင္းျဖတ္လိုက္သည္။

ဓားသံတစ္ခ်က္ႏွင့္အတူ ေသာ့ဂေလာက္က ေျမေပၚက်သြားသည္။

သမိန္ပေတ့ ေဆာင္ဓားကိုဆြဲထုတ္လိုက္သည္။ဗညားသတိုး အက်ဉ္းခန္းထဲဝင္သြားကာ နန္းေစာရွင္လက္ကို ခ်ဳပ္ထားသည့္သံႀကိဳးကိုလည္း ပိုင္းျဖတ္လိုက္သည္။ေကာင္းမြန္လွသည့္ဓားေၾကာင့္ မီးပြားတခ်ိဳ႕‌ေပၚထြက္လာၿပီး သံႀကိဳးမွာ‌ ျပတ္ေတာက္သြားရေလသည္။

သမိန္ပေတ့ နန္းေစာရွင္ရဲ႕လည္ေပၚ ဓားတင္လိုက္သည္။သမိန္သူရႏွင့္သမိန္သူရိန္လည္း အလ်င္အျမန္ဓားထုတ္ကာ သမိန္ပေတ့ရဲ႕လည္ကို ဓားရြယ္လိုက္သည္။ဗညားသတိုးရဲ႕အၾကည့္ေတြက မီးေတာက္တစ္ခုလို ေလာင္ကြၽမ္းလာၿပီး ေဒါသအခိုးအေငြ႕ေတြက ေလထုထဲတြင္ပ်ံ႕ႏွံ႔လာသည္။

"အိမ္ေရွ႕မင္း အရွင္မင္းႀကီးကနန္းေစာရွင္ကို ေသမိန္႔ခ်ထားပါတယ္"

"နန္းေစာရွင္ကိုထိရဲတဲ့လက္ဟာ ကိုယ္ေတာ့္ဓားကို စိန္ေခၚတာဘဲ"

အိမ္ေရွ႕မင္းရဲ႕အသံထဲတြင္ ထက္ျမသည့္ဓားသြားပါဝင္ေနၿပီး သမိန္ပေတ့ ေက်ာ႐ိုးတစ္ေလွ်ာက္ ေအးစိမ့္သြားသည္။သမိန္ပ‌ေတ့  ဓားသိမ္းလိုက္ၿပီးဓား႐ိုးႏွင့္ဓားအိမ္ထိမိသည့္ခြပ္ခနဲအသံက‌ ထြက္ေပၚလာသည္။သမိန္သူရႏွင့္သမိန္သူရိန္က သမိန္ပေတ့ကို အျပင္ေခၚထုတ္သြားသည္။

အက်ဉ္းခန္းေလးထဲ ဗညားသတိုးတို႔ႏွစ္ဦးထဲက်န္ရွိေနမွ ဗညားသတိုး ဒူးေထာက္က်သြားသည္။ေခါင္းငိုက္စိုက္က်သြားကာ ဗညားသတိုး ရင္မွျဖစ္သည့္အျပစ္မကင္းစိတ္ေတြက ေငြ႕ရည္ဖြဲ႕လာၿပီး ဗညားသတိုးရဲ႕မ်က္ဝန္းအိမ္မွ လိမ့္ဆင္းလာသည္။

နန္းေစာရွင္ေလးက ေအးစက္သည့္ၾကမ္းျပင္ထက္တြင္ အခ်ိန္အတန္‌ၾကာေအာင္ ခ်ဳပ္ေႏွာင္ခံထားရသည္။ဗညားသတိုးေၾကာင့္သာ မဟုတ္ပါလွ်င္ နန္းေစာရွင္ေလးက သည္လိုဒုကၡခံစရာမလိုပါေခ်။

နန္းေစာရွင္ ဒူးေထာက္လိုက္ကာ အိမ္ေရွ႕မင္း လက္ကိုဆုပ္ကိုင္လိုက္သည္။နန္းေစာရွင္ လက္ကိုလႈပ္ရွားလိုက္တာေၾကာင့္ လက္ကိုခတ္ထားသည့္သံႀကိဳးသံတခြၽင္ခြၽင္က တိတ္ဆိတ္ေသာပတ္ဝန္းက်င္တြင္ က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။အိမ္ေရွ႕မင္းရဲ႕မ်က္ရည္စက္ေတြက နန္းေစာရွင္ရဲ႕လက္ကို စိုစြတ္ေစေတာ့ နန္းေစာရွင္ အံ့ဩတုန္လႈပ္သြားသည္။

"အေမာင္ ငိုေနတယ္"

"အေမာင္ ေတာင္းပန္ပါတယ္"

နန္းေစာရွင္ အိမ္ေရွ႕မင္းရဲ႕ေခါင္းေလးကို နမ္းလိုက္သည္။အိမ္ေရွ႕မင္းက‌ နန္းေစာရွင္ကို ေမာ့ၾကည့္လာသည္။အိမ္ေရွ႕မင္းရဲ႕မ်က္ဝန္းေတြက စိုစြတ္ေနတာေၾကာင့္ နန္းေစာရွင္ ၿပဳံးမိသည္။

ဟံသာဝတီ စစ္နတ္ဘုရားအိမ္ေရွ႕မင္းေတာင္မွ မ်က္ရည္က်သည့္ေန႔ ရွိေသးသည္ေလ။

"အေမာင္ မငိုပါနဲ႔ ေသရမွာမေၾကာက္ေပမယ့္အေမာင္မ်က္ရည္က်မွာကိုေတာ့ ေၾကာက္မိတယ္"

"နန္းေစာရွင္ကို အေမာင္ကေပးေသမယ္ ထင္ေလလို႔လား"

"မထင္ပါဘူး ဒါေၾကာင့္လည္းမေၾကာက္တာေပါ႔"

ဗညားသတိုး နန္းေစာရွင္ရဲ႕လက္ကေလးကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ကာ နမ္းလိုက္သည္။နန္းေစာရွင္ရဲ႕ကိုယ္ေလးကို တင္းတင္းၾကပ္ၾကပ္ဖက္ကာ ေထြးပိုက္လိုက္သည္။

"ယခုလိုျဖစ္လာတာ အေမာင့္အမွားေၾကာင့္ပါ  အေမာင္သာကိုယ့္အခ်စ္ေတြကို ထိန္းသိမ္းထားႏိုင္ခဲ့ရင္"

"ကြၽန္ေတာ္မ်ိဳးဘဝ ျပန္လည္အသက္ဝင္လာတာ အေမာင့္အမွားေလးေၾကာင့္ပါ အေမာင္သာအမွားေလးကို႐ုတ္သိမ္းသြားခဲ့ရင္ ကြၽန္ေတာ္မ်ိဳးမွာ ဘာမ်ားက်န္ခဲ့ေတာ့မွာလဲ"

နန္းေစာရွင္ ၿပဳံးၿပီးအိမ္ေရွ႕မင္းကို တင္းတင္းၾကပ္ၾကပ္ဖက္ကာ အိမ္ေရွ႕မင္းရဲ႕ပခုံးသားေတြကို နင့္ေနေအာင္နမ္းလိုက္သည္။အိမ္ေရွ႕မင္းရဲ႕အသံက ဆို႔နင့္ေၾကကြဲေနကာ နန္းေစာရွင္အတြက္ ႀကီးစြာစိတ္မေကာင္းျဖစ္ဟန္ တူသည္။

ခ်စ္ရသူရဲ႕‌ေထြးဖက္ထားမႈက နန္းေစာရွင္ကို‌‌ ေႏြးေထြးလုံၿခဳံေစသည္။နန္းေစာရွင္ အိမ္ေရွ႕မင္းကို ခ်စ္မိထဲကႏွလုံးသားႏွင့္အတူ အသက္ကိုပါျမႇဳပ္ႏွံထားတာျဖစ္သည္။

နန္းေစာရွင္ အိမ္ေရွ႕မင္းကို အသက္ႏွင့္ရင္း၍ ခ်စ္သည္။ခ်စ္မိေသာေၾကာင့္ အသက္ဆုံးရႈံးရမယ္ဆိုလွ်င္လည္း နန္းေစာရွင္ ေက်နပ္သည္။

ခ်စ္ျခင္းတစ္ခုအတြက္ ေသမိန္႔က အခ်စ္စစ္မွန္ေၾကာင္း အသိအမွတ္ျပဳ ခ်ီးျမႇင့္လိုက္သည့္ဘြဲ႕ဂု‌ဏ္ပုဒ္။

နန္းေစာရွင္ အိမ္ေရွ႕မင္းရဲ႕ေက်ာျပင္ကို ခပ္ဖြဖြပြတ္ကာ ႏွစ္သိမ့္‌လိုက္သည္။ဗညားသတိုး နန္းေစာရွင္ရဲ႕ကိုယ္ေလးကို ဖက္ထားရာမွ ခြာလိုက္ကာ မ်က္ဝန္းေတြကို စူးစူးစိုက္စိုက္ၾကည့္သည္။

အိမ္ေရွ႕မင္းရဲ႕စိုစြတ္ေနသည့္မ်က္ဝန္းေတြက နီရဲေနကာ ေလးနက္မႈႏွင့္ေႏြးေထြးမႈက ေရာေထြးေနသည္။

"နန္းေစာရွင္ နားေထာင္"

"မွန္ပါ႔"

"အေမာင္ ထီးနန္းကိုစြန္႔ခြာဖို႔လုပ္ထားတယ္"

"ဘယ္လို"

နန္းေစာရွင္ရဲ႕မ်က္ဝန္းေတြက ျပဴးက်ယ္သြားကာ ႏႈတ္ခမ္းေတြက တုန္ယင္လာသည္။ဗညားသတိုး နန္းေစာရွင္ရဲ႕ပါးျပင္ႏွစ္ဖက္စလုံးကို လက္ႏွစ္ဖက္ႏွင့္အုပ္မိုးလိုက္သည္။

"အဲ့သလိုလုပ္လို႔လည္း ခမည္းေတာ္က နန္းေစာရွင္ကိုအလႊတ္မေပးဘူးဆို ကိုယ္ေတာ္ ခမည္းေတာ္ကိုပုန္ကန္မယ္"

"အိမ္ေရွ႕မင္း ဘာလို႔"

"ကိုယ္ေတာ္ ရာဇပလႅင္ကိုစြန္႔ခြာမယ္ ဒါမွမဟုတ္သိမ္းပိုက္မယ္ ႏွစ္ခုထဲကတစ္ခုဘဲ"

"ကြၽန္ေတာ္မ်ိဳးေၾကာင့္ အိမ္ေရွ႕မင္းဒုကၡေရာက္ရၿပီ"

"နန္းေစာရွင္ေၾကာင့္သာဆို ဘယ္အရာကိုမွ ဒုကၡလို႔ အေမာင္မထင္ေလဘူး ဒါေၾကာင့္စိတ္ေအးေအးထား"

"အိမ္ေရွ႕မင္း"

ဗညားသတိုး နန္းေစာရွင္ရဲ႕နဖူးကို ခပ္ဖြဖြနမ္းလိုက္သည္။အံ့ဩတုန္လႈပ္ေနသည့္မ်က္ဝန္းေတြေၾကာင့္ ဗညားသတိုး ႏွစ္သိမ့္အနမ္းေလးေပးသည္။နန္းေစာရွင္ေလးက အံ့ဩသြား၍ ႏႈတ္ခမ္းပါးေလးက အေမာင္လို႔ေတာင္မေခၚႏိုင္ေတာ့ေခ်။

"အေမာင္ သြားမယ္ အေမာင့္အခ်စ္ပင္ပန္းတာေန႔မကူးေစရဘူး စိတ္ခ်"

အိမ္ေရွ႕မင္းက‌ ကြန္႔ေရာင္ဝါဓားကို ဆုပ္ကိုင္လိုက္ၿပီး အက်ဉ္းတိုက္အျပင္ကို ထြက္သြားသည္။နန္းေစာရွင္ အိမ္ေရွ႕မင္းရဲ႕ပုံရိပ္ေလးေပ်ာက္ကြယ္သြားသည္အထိ တုန္လႈပ္ေနမိသည္။အိမ္ေရွ႕မင္းရဲ႕အခ်စ္က နန္းေစာရွင္ ေတြးထင္ထားတာထက္ မ်ားစြာ‌ႀကီးျမတ္ေနေလသည္။

Continue Reading

You'll Also Like

103K 12.8K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
92K 7.6K 147
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
452K 48K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
69.1K 3.5K 15
S-1ဖတ်ပြီးရင်တော့ ဆက်စပ်မိမှာပါ။ မဖတ်ဖူးသေးလည်း S-1နဲ့ ကွဲလွဲတဲ့ ဇတ်အိမ်တစ်ခုနဲ့ ရေးထားပါတယ်။ အချစ်တွေနဲ့ သာယာနေတဲ့ သူတို့ဘဝထဲကို တတိယလူ တွေ ဝင်လာတဲ့...