ဗညားသတိုး တောင်ရှည်ပုဆိုးကို ပေါင်တံရှိထိုးကွင်းမင်ကြောင်များပေါ်သည်အထိ အောက်ပိုးကျိုက်လိုက်သည်။ကွန့်ရောင်ဝါဓားကိုကိုင်ကာ စစ်လေ့ကျင်းရေးကွင်းထဲ ဆင်းသည်။ကဆုန်လပြည့်နေ့ဖြစ်၍ စစ်တန်းလျားတွင် ဘယ်သူမှမရှိ။ဗညားသတိုး ကွန့်ရောင်ဝါဓားကိုဓားအိမ်ထဲမှထုတ်ကာ နန်းစောရှင်ကို မျက်ခုံးပင့်၍ကြည့်သည်။
အိမ်ရှေ့မင်းရဲ့စိန်ခေါ်သည့်အကြည့်ကြောင့် နန်းစောရှင်လည်း အောက်ပိုးကျိုက်ပြီး ပိုးချည်လွှားဓားကို ဓားအိမ်ထဲမှထုတ်ကာ အိမ်ရှေ့မင်းရှေ့ ရပ်လိုက်သည်။
ဗညားသတိုး နန်းစောရှင်ရဲ့တောင့်တင်းဖြူဖွေးပြီး ထိုးကွင်းမင်ကြောင်အပြည့်ရှိသည့်ပေါင်တံလေးကို မြင်ရသောကြောင့် စိတ်ကျေနပ်သွားသည်။ဗညားသတိုး နန်းစောရှင် ပိုးချည်လွှားဓားကို ဝင့်လိုက်သည့်ကိုယ်ဟန်လေးကြောင့် ကွန့်ရောင်ဝါဓားကို ဝင့်လိုက်သည်။
ဓားသွားချင်းထိခတ်သည့်အသံက တိတ်ဆိတ်နေသောလေ့ကျင့်ရေးကွင်းအတွင်း ပေါ်ထွက်လာသည်။နန်းစောရှင်ရဲ့ဓားရေးက အလွန်တိုးတက်လာကာ လျင်မြန်သည်။ဗညားသတိုး နှုတ်ခမ်းထောင့်တို့ ကော့တက်လာပြီး အလေးအနက်ထားကာ အပြင်းအထန်တိုက်ခိုက်သည်။
ကဆုန်လရဲ့ပူပြင်းသည့်နေရောင်က ကွင်းပြင်အလယ်က ယောကျာ်းသားနှစ်ဦးကို ချွေးတို့ဖြင့် စိုစွတ်စေသည်။နန်းစောရှင်ရဲ့ဆံစနှင့်နှဖူးတို့က ချွေးစို့နေပြီး ဗညားသတိုးရဲ့မျက်နှာပေါ်တွင်တော့ ချွေးတစက်စက်ကျနေသည်။
ပိုးချည်လွှားဓားက နန်းစောရှင်ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုဖြစ်နေသည့်အတိုင်း လိုသလိုရွေ့လျားနေသည်။ဗညားသတိုးလည်း နည်းနည်းမှအလျော့မပေးဘဲ တိုက်သည်။နေရောင်ကြောင့် ဓားသွားအရောင်တို့က တလက်လက်။
နန်းစောရှင် အပြင်းအထန်တိုက်ပေမယ့် အိမ်ရှေ့မင်းရဲ့ဓားရေးက ကောင်းလွန်းသည်။နန်းစောရှင် အမှားတစ်ချက်လုပ်မိသည့်အခိုက် အိမ်ရှေ့မင်းရဲ့ဓားသွားက နန်းစောရှင် လည်မျိုပေါ်ကို ရောက်လာသည်။နန်းစောရှင် ပြုံးကာ ပိုးချည်လွှားဓားကို ပစ်ချလိုက်သည်။
ဗညားသတိုးရဲ့မျက်ခုံးတွေက တစ်ခုနှင့်တစ်ခုနီးကပ်လာပြီး စူးရှသည့်မျက်ဝန်းတွေက အလိုမကျဟန် ပြည့်လာသည်။
"စစ်သည်တော်တစ်ယောက်ဆိုတာ နောက်ဆုံးထွက်သက်အချိန်မှာတောင် ဓားကိုလက်မလွှတ်ရဘူး"
နန်းစောရှင် လည်ပေါ်ကဓားသွားကို လက်ချောင်းလေးတွေနှင့် တွန်းဖယ်ကာ ပြုံးရင်းပြောလိုက်သည်။
"ကျွန်တော်မျိုးမှားပါတယ် အပြစ်ပေးတော်မူပါအိမ်ရှေ့မင်း"
နန်းစောရှင်ရဲ့ချစ်ရိပ်စွန်းသည့်အသံလေးက ပျော့ပျောင်းနေကာ မျက်ဝန်းတွေက အသနားခံနေသလို ချစ်ဖွယ်ကောင်းသည်။ချွေးစိုနေသည့်မျက်နှာလေးက ယောကျာ်းပီသချောမောနေကာ အနည်းငယ် နှင်းဆီသွေးလွှမ်းနေသည်။ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည့် မျက်တောင်လေးတွေက တဖျတ်ဖျတ်။
ဗညားသတိုးရဲ့နှလုံးသားက တစ်ချက်ခုန်ဆောင့်သွားလိုက်တာ မြင်းမိုရ်တောင်ထိပ် ရောက်သွားပြီထင်။
ဗညားသတိုးလက်ထဲမှ ကွန့်ရောင်ဝါဓားက လွှတ်ကျသွားသည်။ဗညားသတိုး ဘယ်ဘက်ရင်အုံကိုလက်နှင့်ကိုင်အုပ်လိုက်ပြီး ဒူးထောက်ကျသွားသည်။
"အား"
နန်းစောရှင် အိမ်ရှေ့မင်းပုံစံကြောင့် ပြာပြာသလဲ အိမ်ရှေ့မင်းရှေ့ ဒူးထောက်လိုက်သည်။နန်းစောရှင် အိမ်ရှေ့မင်းရဲ့လက်မောင်းရင်းကို ဆုပ်ကိုင်လိုက်ပြီး။
"အိမ်ရှေ့မင်း ဘာဖြစ်ရော့တာလဲ"
"နန်းစောရှင် မျက်တောင်ခတ်လိုက်တာ ကိုယ်တော့်နှလုံးသားလေးလွှင့်သွားပေလို့"
"ဟမ်"
"နန်းစောရှင် တစ်ချက်နမ်းရင်တော့ဖြင့် ပြန်ရောက်လာတန်ကောင်းပါရဲ့"
အိမ်ရှေ့မင်းရဲ့နှုတ်ခမ်းကထွက်သည့်စကားတွေကြောင့်သာ မဟုတ်ရင် အိမ်ရှေ့မင်းက အမှန်တကယ်အလွန်အမင်းနာကျင်နေတယ်လို့ ထင်သွားနိုင်သည်။
နန်းစောရှင်ရဲ့ချွေးစိုနေသည့်မျက်နှာလေးက ချက်ချင်းနီရဲသွားသည်။သည်လိုအချိန်မျိုးမှာတောင် အိမ်ရှေ့မင်းက ကျီစယ်နိုင်သေးသည်။နန်းစောရှင် အိမ်ရှေ့မင်းကိုမကြည့်ရဲတော့ဘဲ အိမ်ရှေ့မင်း နှဖူးလေးကို တစ်ချက်နမ်းကာပိုးချည်လွှားဓားကို ကောက်ကိုင်ပြီးထပြေးတော့သည်။
ဗညားသတိုး ပူနွေးသွားသည့်နှဖူးလေးကို ကိုင်ပြီး နန်းစောရှင်ရဲ့ကျောပြင်လေးကိုငေးရင်း စစ်လေ့ကျင့်ရေးကွင်းပြင်တွင် ထီးထီးကြီးကျန်ရစ်ခဲ့လေသည်။
ကဆုန်လပြည့်နေ့ဖြစ်၍ နန်းတွင်းရှိမိဖုရားများ၊မောင်းမမိဿံများ၊နန်းတွင်းသူများနှင့်အပျိုတော်များက ညောင်ရေသွန်းလောင်းရန် ပြင်ဆင်နေကြသည်။
ညနေဆည်းဆာရောင်အောက်တွင် ရေအိုးကိုယ်စီနှင့် လုံမပျိုလေးတစ်သိုက်ကို အမြင်တင့်တယ်စွာ တွေ့နိုင်သည်။လုံမပျိုလေးတွေကသူ့ထက်ငါ ပိုလှအောင် အလှပြင်ကာ အပြိုင်အဆိုင်လှနေကြသည်။လုလင်ပျိုလေးတချို့က ချစ်သူရည်းစားများရဲ့ရေအိုးကိုသယ်ဆောင်ပေးကာ ချစ်ရသူလုံမပျိုလေးထံမှ အမှတ်ကောင်းယူကြသည်။ချစ်သူမရှိသူများကတော့ ရေအိုးကိုယ်စီရွက်လျက်။ပိုးပန်းသူကာလသားများက လုံမပျိုလေးတွေနား ပျံဝဲလျက်။
သည်လိုနေ့မျိုးဆို လမ်းကြိုလမ်းကြားက ညောင်ပင်တောင် အငြိမ်မနေရပါပေ။
တလမေနန်းမင်းသမီးကလည်း ဟံသာဝတီမြို့ဦးစေတီအနီးရှိ ညောင်ပင်ကြီးတွင် ညောင်ရေသွန်းလောင်းရန် ကြံရွယ်ထားသည်။ထိုညောင်ပင်ကြီးက စစ်သေနာပတိတပ်မင်းသမိန်သူရစံအိမ်နှင့် နီးသောကြောင့်ပင်။
တလမေနန်း အလှပဆုံးဝတ်စုံကိုဝတ်၊ရွှေငွေလက်ဝတ်ရတနာများဝတ်ဆင်ကာ ပဝါပါးပါးခြုံပြီး အပျိုတော်များကိုခြံရံလျက် ညောင်ပင်ကြီးထံဦးတည်လေသည်။
မေနန်း ညောင်ပင်ကြီးထံရောက်တော့ တပ်မင်းသမိန်သူရက ရေအိုးတစ်လုံးနှင့်ညောင်ရေသွန်းနေသည်။မေနန်း ဘေးကအပျိုတော်တွေကို တခြားညောင်ပင်တွေထံ လွှတ်လိုက်ပြီးရေအိုးလေးကိုပိုက်ကာ တပ်မင်းနားသွားလိုက်သည်။
သမိန်သူရ တလမေနန်းမင်းသမီး တစ်လှမ်းချင်းလျှောက်လာတာကို တွေ့သည်။သမိန်သူရ တလမေနန်းမင်းသမီးကို စောင့်ရင်း ညောင်ရေသွန်းနေသည်မှာ ကျွဲဆင်းကူးလို့ရလောက်သည်။
သမိန်သူရ လက်ဖျားလေးတွေ အေးစက်လာကာ ညောင်ကိုင်းပေါ်က ညောင်ရွက်တွေကြား ပုန်းအောင်းနေသည့်သမိန်သူရိန်ကို လှမ်းကြည့်လိုက်သည်။
သမိန်သူရိန် စိတ်အေးအေးထားရန် အချက်ပြလိုက်သည်။သည်ရောင်းရင်းအတွက် အဆင်ပြေစေရန် သည်ညောင်ပင်အနီးတဝိုက်ကို ဘယ်သူမှမလာအောင် ရှင်းလင်းထားရတာဖြစ်သည်။ဒါကို သည်ရောင်းရင်းက သေချာမဆောင်ရွက်ရင်တော့ သမိန်သူရိန် ညောင်ပင်ပေါ်ပုန်းအောင်းထားသမျှက အလဟဿဖြစ်ပေတော့မည်။
"ရောင်းရင်း မင်းသမီးရဲ့မျက်လုံးလေးတွေကသိပ်လှတာဘဲလို့ပြောလိုက်"
သမိန်သူရိန် တလမေနန်းမင်းသမီးမရောက်ခင် အသံခပ်အုပ်အုပ် ပြောလိုက်သည်။သမိန်သူရ သေချာမှတ်သားထားလိုက်ပြီး ခုန်လှုပ်နေသည့်နှလုံးသားကို ထိန်းချုပ်လိုက်သည်။ရန်သူတစ်ထောင်ကို နှိမ်နင်းရတုန်းကတောင် သည်လောက်ကြောက်ဖို့ရာမရှိ။
တလမေနန်းမင်းသမီးက တပ်မင်းသမိန်သူရနှင့်သုံးလှမ်းခန့်အကွာ ညောင်ပင်ဘေးတွင် ရပ်ကာ ရေသွန်းလောင်းလိုက်သည်။သမိန်သူရ ရေအိုးကိုပိုက်ကာ သုံးလှမ်းမျှ တိုးကပ်သွားသည်။တလမေနန်းမင်းသမီးရဲ့လှပသည့်မျက်နှာလေးကြောင့် အသက်ရှူမှားမတတ်ဖြစ်သွားပြီး ဦးညွှတ်ကာအော်ပြောလိုက်သည်။
"ရောင်းရင်းရဲ့မျက်လုံးတွေက သိပ်လှတာဘဲ"
"ရောင်းရင်း"
တလမေနန်းက အံ့သြအကြည့်လေးပေးသည်။သမိန်သူရ တစ်ကိုယ်လုံးပူထူသွားကာ ချွေးစေးပြန်လာသည်။
"အဲ့သလို မဟုတ်.."
"ဘာကို"
"ဟို မင်းသမီးရဲ့မျက်လုံးတွေက....."
"မေနန်းမျက်လုံးတွေက"
"ကဲ တော်ကြတော့"
ဗညားငယ်မင်းသားရဲ့အသံက သမိန်သူရနှင့်တလမေနန်းတို့ကြား ရောက်လာပြီး ဗညားငယ်မင်းသားက ရေအိုးကိုပိုက်ကာ ညောင်ပင်အနီးလျှောက်လာသည်။ဗညားငယ် ရေအိုးကိုညောင်ပင်ဘေးက စင်လေးပေါ်တင်ပြီး သမိန်သူရလက်ကိုကိုင်ကာ တလမေနန်းရဲ့လက်ပေါ်တင် ပေးလိုက်သည်။
"အမတော်တို့ကို ငါကြည့်နေတာမပြီးတော့ဘူး"
"မောင်ငယ်"
"ယခု အဆင်ပြေသွားလေပြီမလား"
ဗညားငယ်မင်းသားက ညောင်ပင်ကိုကြည့်လိုက်ပြီး သက်ပျင်းလေးချလိုက်သည်။
"တပ်မင်းသူရိန် ဆင်းခဲ့တော့ ငါနဲ့စံအိမ်တော်မှာကြွေအံကစားကြမယ်"
တလမေနန်း ညောင်ပင်ကိုကြည့်လိုက်တော့ ထားဝယ်မြို့စားတပ်မင်းသမိန်သူရိန်က ညောင်ပင်ပေါ်မှ ပေါ့ပါးသွက်လက်စွာ ခုန်ဆင်းလာသည်။ပြီးမှ တလမေနန်းကိုဦးညွှတ်ကာ ဗညားငယ်မင်းသားလက်ကိုဆွဲလို့ အလျင်အမြန်ပျောက်ကွယ်သွားသည်။
ပတ်ဝန်းကျင်လေထုက ခေတ္တမျှ တိတ်ဆိတ်သွားသည်။သမိန်သူရရော တလမေနန်းပါ လက်ချင်းထပ်ထားတာကိုကြည့်ပြီး မျက်နှာလေးတွေနီရဲလာကြသည်။တိတ်ဆိတ်သွားသည့်လေထုက ချက်ချင်းပင် ကသိကအောက်ဖြစ်လာပြီး တွဲဆက်ထားသည်ြလက်တွေကိုတော့ မဖြုတ်မိ။တစ်ဦးနှင့်တစ်ဦး စကားမဆိုကြပေမယ့် အချစ်ရနံ့လေးတွေက မြေနံ့သင်းသင်းကြားထဲမှ တိုးထွက်လာလေသည်။
တလမေနန်း ညောင်ရေသွန်းရင်း တောင်းဆုပြုခဲ့သည့်'ချစ်သောသူကိုပိုင်ဆိုင်ရလိုပါ၏'ဆိုသည့်ဆုကို ညောင်ပင်ကြီးက ဖြည့်ဆည်းပေးလိုက်ပုံရလေသည်။
ဗညားသတိုးနှင့်နန်းစောရှင် ဥယျာဉ်တော်ကြီးထဲက ကျောက်ဖျာထက်တွင် ထိုင်နေကြသည်။ကဆုန်လပြည့်ဝန်းကြီးက ကြည်လင်နေပြီး တိတ်ဆိတ်အေးချမ်းသည့်ပတ်ဝန်းကျင်လေးကို ဖန်တီးထားသည်။ကြယ်ကလေးတွေကလည်း စုံလင်စွာကောင်းကင်ယံထက်တွင် ကခုန်နေပြီး ဗညားသတိုး နန်းစောရှင်ရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။
"ကြယ်တွေက စုံလေလိုက်တာ"
"မှန်ပါ့"
"အဲ့သလိုဆို ပါးလေးနည်းနည်းပေးနမ်း"
"......"
ဗညားသတိုး နန်းစောရှင်ရဲ့အဖြေစကားကိုမစောင့်ပါဘဲ ပါးကလေးကို ခပ်ဖွဖွနမ်းသည်။နန်းစောရှင်ရဲ့မျက်နှာကို လက်ခုပ်ထဲထည့်ကာ နှာခေါင်းကိုနန်းစောရှင်ရဲ့ညာဘက်ပါးပြင်ထဲ နစ်ဝင်စေလိုက်သည်။
"အမောင့်နန်းစောရှင်လေးက မွှေးလိုက်တာ"
"ညာဘက်ပါးကလေးရော"
နန်းစောရှင် ညာဘက်ပါးလေးကို အိမ်ရှေ့မင်းနှုတ်ခမ်းရှေ့ ဆက်သလိုက်သည်။
"မွ"
ဗညားသတိုးရဲ့အနမ်းတွေက ရပ်တန့်မသွားဘဲ နန်းစောရှင်ရဲ့မျက်နှာအနှံ့ တစ်ချက်ချင်း အနမ်းခြွေသည်။
နန်းစောရှင်ရဲ့ပါးပြင်လေးတွေ၊လှပသည့်နှဖူးလေး၊မျက်ခုံးနှစ်ခုကြားက နေရာလပ်လေး၊မျက်တောင်လေးတွေ တဖျတ်ဖျတ်ခတ်တတ်သည့်မျက်ဝန်းလေး၊ချစ်စရာကောင်းသည့်နှာခေါင်းလေး၊မေးဖျားလေး၊ကေသာတချို့ထွက်နေလေသည့်နားထင်လေး စသဖြင့် နန်းစောရှင်ရဲ့မျက်နှာတစ်ခုလုံး ဗညားသတိုးရဲ့အနမ်းပန်းပွင့်တွေ ပွင့်ဖူးနေတော့သည်။
တကယ်တမ်းချစ်ရသူရဲ့မျက်နှာပြင်အနှံ့ အနမ်းပန်းခင်းကြီးပျိုးလိုပါလျှင် အနမ်းပွင့်ပေါင်းတစ်ကုဋေတောင် လုံလောက်ရော့မယ်မထင်။
"အိုကွယ် ဘယ်လိုနမ်းနမ်းကို မဝနိုင်လေဘူးသည်နှုတ်ခမ်းလေးကိုလည်း နမ်းလိုက်ပါတော့မယ်"
ပြွတ်။
ပြွတ်။
ပြွတ်။
ဗညားသတိုး နန်းစောရှင်ကိုယ်လေးကို ပွေ့ကာ တင်းတင်းဖက်ထားလိုက်သည်။ဗညားသတိုး နန်းစောရှင်ကို မေတ္တာသက်ဝင်သည်။နန်းစောရှင်ရဲ့ကိုယ်သင်းနံ့လေးက ဗညားသတိုး တစ်ကိုယ်လုံးထဲ စီးဝင်နေပြီး ဗညားသတိုးရဲ့နှလုံးသားလေးကို ချစ်မိုးတွေရွာသွန်းဖြိုးစေသည်။
ဗညားသတိုး နန်းစောရှင်ရဲ့လည်တိုင်လေးကို ခပ်ဖွဖွနမ်းသည်။ဗညားသတိုးရဲ့အနမ်းတွေက သိမ်မွေ့ကာ ချစ်ခြင်းအပြည့်ပါသည်။နူးညံ့သည့်ချစ်ခြင်းတွေက လေထုထဲတွင်ပျံ့နှံ့နေပြီး နန်းစောရှင်ကို ယစ်မူးသွားစေသည်။
"အမောင် ကျွန်တော်မျိုးလေ အမောင့်ကိုသိပ်မြတ်နိုးတာဘဲ"
"အမောင်ကလည်း နန်းစောရှင်လေးကို သိပ်ချစ်တာဘဲ"
ယစ်မူးသွားစေသည့်လေထုက နန်းစောရှင်ရဲ့ဦးနှောက်ကို မှိန်းမောသွားစေကာ ရင်ထဲမှစကားလုံးတချို့ကို ထွက်အံကျလာစေသည်။
"ကျွန်တော်မျိုးလည်း အမောင့်ကိုချစ် ချစ်ပါတယ်"
နန်းစောရှင် နှုတ်ခမ်းက စကားကြောင့် ဗညားသတိုးရင်ထဲ ကြည်နူးရင်ခုန်ခြင်းတို့ အတိုင်းမသိ ဖြစ်တည်လာသည်။ဗညားသတိုးရဲ့အသံကအချစ်တွေကြောင့် အနည်းငယ်ယိမ်းယိုင်လာကာ နန်းစောရှင်ရဲ့လက်ဖမိုးလေးကို တစ်ချက်နမ်းလိုက်သည်။
"အမောင့်အချစ်ရယ် အမောင့်အသည်းအသက်လေး နှလုံးသားလေးရယ် ထပ်ပြောပါဦး အမောင်ကြားလိုလို့"
"ချစ်တယ် အမောင်"
"အလိုကွယ် သည်ညတော့အမောင်အိပ်ပျော်ပါတော့မလား"
အိမ်ရှေ့မင်းရဲ့အသံထဲ ပျော်ရွှင်မှုတွေအပြည့်။နန်းစောရှင် အိမ်ရှေ့မင်းရဲ့ရင်ခွင်ထဲ တိုးဝင်ပြီး မျက်နှာလေးကို ဖွက်ထားလိုက်သည်။အိမ်ရှေ့မင်းရဲ့ရင်ခွင်မှ ယောကျာ်းပီသသည့်ချွေးနံ့သင်းသောကိုယ်သင်းနံ့ကိုရနေ၏။စွဲမက်ယစ်မူးဖွယ်ကောင်းသည့် အိမ်ရှေ့မင်းရဲ့သင်းပျံ့ပျံ့ကိုယ်သင်းရနံ့။
"ပိုကို ပိုတယ်"
"ပိုမပိုသိရလေအောင် နန်းစောရှင်စက်ရာထဲလာအိပ်ခိုင်းပါ့လား"
"အို အမောင်ဘယ်နှယ့်ကြောင့်စက်ရာပေါ် သည်လောက်တက်ချင်နေရတာတုန်း"
"နန်းစောရှင်ရဲ့စက်ရာက မှီအုံးကများပိုပြီး အိစက်လေမလားလို့ပါ"
"ဟား ဟား ဟား အမောင်ရယ် ဖြစ်နိုင်တာပြောပါရော့"
ရုတ်တရက်နန်းစောရှင် တစ်စုံတစ်ယောက်ရဲ့အကြည့်စူးစူးကြောင့် အာရုံတွေနိုးကြားလာသည်။ညအမှောင်ထဲတွင် တစ်စုံတစ်ယောက်က နန်းစောရှင်တို့ကို ကြည့်နေသည်။ထိုမျက်ဝန်းကစူးရှကာ မာန်အပြည့်ပါသည်။နန်းစောရှင် မသိစိတ်အရ ကျောပြင်တစ်လျှောက် အေးစိမ့်သွားသည်။
နန်းစောရှင် နှလုံးသားလေးတစ်ချက်ခုန်သွားကာ အိမ်ရှေ့မင်းရဲ့လက်မောင်းကို ကိုင်ပြီး ခပ်တိုးတိုးပြောသည်။
"တစ်ယောက်ယောက်က ကြည့်နေရော့တယ်"
"လမင်းကြီးဖြစ်မှာပေါ့ အမောင်တို့ကိုအားကျလို့လေ"
ဗညားသတိုးကပြောပြီး နန်းစောရှင်ရဲ့နှုတ်ခမ်းလေးကို သိမ်းပိုက်လိုက်သည်။ဗညားသတိုးရဲ့ နှုတ်ခမ်းလေးက နန်းစောရှင်ရဲ့နှုတ်ခမ်းကိုခပ်ကြမ်းကြမ်းစစ်ခင်းနေပြီး နန်းစောရှင်မှာ အိမ်ရှေ့မင်းရဲ့အနမ်းတွေကြောင့် အရာရာကိုမေ့လျော့သွားလေသည်။
ဟံသာဝတီပြည့်ရှင်မင်းကြီး သစ်ပင်အကွယ်မှ အနှီထိတ်လန့်တုန်လှုပ်စရာမြင်ကွင်းကို ကြည့်ပြီး သန်လျက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။မိမိရဲ့သားတော်အိမ်ရှေ့မင်းက သတိမေ့လျော့ကာ ယောကျာ်းသားတစ်ယောက်ကို စုံမက်နေသည်။သားတော်ရဲ့ထူးကဲထက်မြတ်လှသည့်အာရုံငါးပါးက ယခုတော့ထိုယောကျာ်းသားထံတွင်သာ။သဘာဝကိုဆန့်ကျင်သည့် မအပ်မရာအမှုကိစ္စမျိုးက မိမိသားတော်ထံတွင်ဖြစ်တည်နေသည်။
ဟံသာဝတီပြည့်ရှင်မင်းကြီး ဒေါသတရားဆူဝေနေသည့်စိတ်ကို ထိန်းသိမ်းကာ အိပ်ဆောင်တော်ကို ခပ်မြန်မြန်ပြန်သည်။မိမိသားတော်က ထိုယောကျာ်းသားကို အလုံးစုံတိမ်းညွှတ်နေသည်မှာ မိမိလာတာကိုပင်မသိလိုက်။
ဟံသာဝတီပြည့်ရှင်မင်းကြီးရဲ့ဒေါသတရားတွေကထိန်းသိမ်းလျက်သားမှာပင် အပြင်ကိုထိုးထွက်နေသည်။ဒေါသတရားတို့က အရှိန်ပြင်းပြင်းနှိပ်စက်နေသည်က ဦးခေါင်းမှသွေးကြောများပင် ပေါက်ကွဲထွက်မတတ်။နန်းစောရှင်ရဲ့အသက်ကို ဇီဝိန်ချုပ်ဖို့မိန့်လိုက်ချင်သော်ငြား သည်နေ့ကလပြည့်နေ့ဖြစ်နေသည်။ဟံသာဝတီပြည့်ရှင်မင်းကြီး စက်ရာဆောင်တော်တံခါးဝတွင် စောင့်ကြပ်နေသည့်ကိုယ်ရံတော်တပ်မင်းကို ခပ်တိုးတိုးမိန့်လိုက်သည်။
"နန်းစောရှင်ကို အကျဉ်းတိုက်ထဲထည့်လိုက်စမ်းအိမ်ရှေ့မင်းမသိစေလေနဲ့"
ကိုယ်ရံတော်တပ်မင်းက ဦးညွှတ်အရိုအသေပေးကာ ချက်ချင်းပင် လရောင်အောက်တွင် ပျောက်ကွယ်သွားသည်။
_____________
ဗညားသတိုး ေတာင္ရွည္ပုဆိုးကို ေပါင္တံရွိထိုးကြင္းမင္ေၾကာင္မ်ားေပၚသည္အထိ ေအာက္ပိုးက်ိဳက္လိုက္သည္။ကြန္႔ေရာင္ဝါဓားကိုကိုင္ကာ စစ္ေလ့က်င္းေရးကြင္းထဲ ဆင္းသည္။ကဆုန္လျပည့္ေန႔ျဖစ္၍ စစ္တန္းလ်ားတြင္ ဘယ္သူမွမရွိ။ဗညားသတိုး ကြန္႔ေရာင္ဝါဓားကိုဓားအိမ္ထဲမွထုတ္ကာ နန္းေစာရွင္ကို မ်က္ခုံးပင့္၍ၾကည့္သည္။
အိမ္ေရွ႕မင္းရဲ႕စိန္ေခၚသည့္အၾကည့္ေၾကာင့္ နန္းေစာရွင္လည္း ေအာက္ပိုးက်ိဳက္ၿပီး ပိုးခ်ည္လႊားဓားကို ဓားအိမ္ထဲမွထုတ္ကာ အိမ္ေရွ႕မင္းေရွ႕ ရပ္လိုက္သည္။
ဗညားသတိုး နန္းေစာရွင္ရဲ႕ေတာင့္တင္းျဖဴေဖြးၿပီး ထိုးကြင္းမင္ေၾကာင္အျပည့္ရွိသည့္ေပါင္တံေလးကို ျမင္ရေသာေၾကာင့္ စိတ္ေက်နပ္သြားသည္။ဗညားသတိုး နန္းေစာရွင္ ပိုးခ်ည္လႊားဓားကို ဝင့္လိုက္သည့္ကိုယ္ဟန္ေလးေၾကာင့္ ကြန္႔ေရာင္ဝါဓားကို ဝင့္လိုက္သည္။
ဓားသြားခ်င္းထိခတ္သည့္အသံက တိတ္ဆိတ္ေနေသာေလ့က်င့္ေရးကြင္းအတြင္း ေပၚထြက္လာသည္။နန္းေစာရွင္ရဲ႕ဓားေရးက အလြန္တိုးတက္လာကာ လ်င္ျမန္သည္။ဗညားသတိုး ႏႈတ္ခမ္းေထာင့္တို႔ ေကာ့တက္လာၿပီး အေလးအနက္ထားကာ အျပင္းအထန္တိုက္ခိုက္သည္။
ကဆုန္လရဲ႕ပူျပင္းသည့္ေနေရာင္က ကြင္းျပင္အလယ္က ေယာက်ာ္းသားႏွစ္ဦးကို ေခြၽးတို႔ျဖင့္ စိုစြတ္ေစသည္။နန္းေစာရွင္ရဲ႕ဆံစႏွင့္ႏွဖူးတို႔က ေခြၽးစို႔ေနၿပီး ဗညားသတိုးရဲ႕မ်က္ႏွာေပၚတြင္ေတာ့ ေခြၽးတစက္စက္က်ေနသည္။
ပိုးခ်ည္လႊားဓားက နန္းေစာရွင္ရဲ႕ကိုယ္ခႏၶာအစိတ္အပိုင္းတစ္ခုျဖစ္ေနသည့္အတိုင္း လိုသလိုေရြ႕လ်ားေနသည္။ဗညားသတိုးလည္း နည္းနည္းမွအေလ်ာ့မေပးဘဲ တိုက္သည္။ေနေရာင္ေၾကာင့္ ဓားသြားအေရာင္တို႔က တလက္လက္။
နန္းေစာရွင္ အျပင္းအထန္တိုက္ေပမယ့္ အိမ္ေရွ႕မင္းရဲ႕ဓားေရးက ေကာင္းလြန္းသည္။နန္းေစာရွင္ အမွားတစ္ခ်က္လုပ္မိသည့္အခိုက္ အိမ္ေရွ႕မင္းရဲ႕ဓားသြားက နန္းေစာရွင္ လည္မ်ိဳေပၚကို ေရာက္လာသည္။နန္းေစာရွင္ ၿပဳံးကာ ပိုးခ်ည္လႊားဓားကို ပစ္ခ်လိုက္သည္။
ဗညားသတိုးရဲ႕မ်က္ခုံးေတြက တစ္ခုႏွင့္တစ္ခုနီးကပ္လာၿပီး စူးရွသည့္မ်က္ဝန္းေတြက အလိုမက်ဟန္ ျပည့္လာသည္။
"စစ္သည္ေတာ္တစ္ေယာက္ဆိုတာ ေနာက္ဆုံးထြက္သက္အခ်ိန္မွာေတာင္ ဓားကိုလက္မလႊတ္ရဘူး"
နန္းေစာရွင္ လည္ေပၚကဓားသြားကို လက္ေခ်ာင္းေလးေတြႏွင့္ တြန္းဖယ္ကာ ၿပဳံးရင္းေျပာလိုက္သည္။
"ကြၽန္ေတာ္မ်ိဳးမွားပါတယ္ အျပစ္ေပးေတာ္မူပါအိမ္ေရွ႕မင္း"
နန္းေစာရွင္ရဲ႕ခ်စ္ရိပ္စြန္းသည့္အသံေလးက ေပ်ာ့ေပ်ာင္းေနကာ မ်က္ဝန္းေတြက အသနားခံေနသလို ခ်စ္ဖြယ္ေကာင္းသည္။ေခြၽးစိုေနသည့္မ်က္ႏွာေလးက ေယာက်ာ္းပီသေခ်ာေမာေနကာ အနည္းငယ္ ႏွင္းဆီေသြးလႊမ္းေနသည္။ညႇိဳ႕ယူဖမ္းစားႏိုင္စြမ္းရွိသည့္ မ်က္ေတာင္ေလးေတြက တဖ်တ္ဖ်တ္။
ဗညားသတိုးရဲ႕ႏွလုံးသားက တစ္ခ်က္ခုန္ေဆာင့္သြားလိုက္တာ ျမင္းမိုရ္ေတာင္ထိပ္ ေရာက္သြားၿပီထင္။
ဗညားသတိုးလက္ထဲမွ ကြန္႔ေရာင္ဝါဓားက လႊတ္က်သြားသည္။ဗညားသတိုး ဘယ္ဘက္ရင္အုံကိုလက္ႏွင့္ကိုင္အုပ္လိုက္ၿပီး ဒူးေထာက္က်သြားသည္။
"အား"
နန္းေစာရွင္ အိမ္ေရွ႕မင္းပုံစံေၾကာင့္ ျပာျပာသလဲ အိမ္ေရွ႕မင္းေရွ႕ ဒူးေထာက္လိုက္သည္။နန္းေစာရွင္ အိမ္ေရွ႕မင္းရဲ႕လက္ေမာင္းရင္းကို ဆုပ္ကိုင္လိုက္ၿပီး။
"အိမ္ေရွ႕မင္း ဘာျဖစ္ေရာ့တာလဲ"
"နန္းေစာရွင္ မ်က္ေတာင္ခတ္လိုက္တာ ကိုယ္ေတာ့္ႏွလုံးသားေလးလႊင့္သြားေပလို႔"
"ဟမ္"
"နန္းေစာရွင္ တစ္ခ်က္နမ္းရင္ေတာ့ျဖင့္ ျပန္ေရာက္လာတန္ေကာင္းပါရဲ႕"
အိမ္ေရွ႕မင္းရဲ႕ႏႈတ္ခမ္းကထြက္သည့္စကားေတြေၾကာင့္သာ မဟုတ္ရင္ အိမ္ေရွ႕မင္းက အမွန္တကယ္အလြန္အမင္းနာက်င္ေနတယ္လို႔ ထင္သြားႏိုင္သည္။
နန္းေစာရွင္ရဲ႕ေခြၽးစိုေနသည့္မ်က္ႏွာေလးက ခ်က္ခ်င္းနီရဲသြားသည္။သည္လိုအခ်ိန္မ်ိဳးမွာေတာင္ အိမ္ေရွ႕မင္းက က်ီစယ္ႏိုင္ေသးသည္။နန္းေစာရွင္ အိမ္ေရွ႕မင္းကိုမၾကည့္ရဲေတာ့ဘဲ အိမ္ေရွ႕မင္း ႏွဖူးေလးကို တစ္ခ်က္နမ္းကာပိုးခ်ည္လႊားဓားကို ေကာက္ကိုင္ၿပီးထေျပးေတာ့သည္။
ဗညားသတိုး ပူေႏြးသြားသည့္ႏွဖူးေလးကို ကိုင္ၿပီး နန္းေစာရွင္ရဲ႕ေက်ာျပင္ေလးကိုေငးရင္း စစ္ေလ့က်င့္ေရးကြင္းျပင္တြင္ ထီးထီးႀကီးက်န္ရစ္ခဲ့ေလသည္။
ကဆုန္လျပည့္ေန႔ျဖစ္၍ နန္းတြင္းရွိမိဖုရားမ်ား၊ေမာင္းမမိႆံမ်ား၊နန္းတြင္းသူမ်ားႏွင့္အပ်ိဳေတာ္မ်ားက ေညာင္ေရသြန္းေလာင္းရန္ ျပင္ဆင္ေနၾကသည္။
ညေနဆည္းဆာေရာင္ေအာက္တြင္ ေရအိုးကိုယ္စီႏွင့္ လုံမပ်ိဳေလးတစ္သိုက္ကို အျမင္တင့္တယ္စြာ ေတြ႕ႏိုင္သည္။လုံမပ်ိဳေလးေတြကသူ့ထက္ငါ ပိုလွေအာင္ အလွျပင္ကာ အၿပိဳင္အဆိုင္လွေနၾကသည္။လုလင္ပ်ိဳေလးတခ်ိဳ႕က ခ်စ္သူရည္းစားမ်ားရဲ႕ေရအိုးကိုသယ္ေဆာင္ေပးကာ ခ်စ္ရသူလုံမပ်ိဳေလးထံမွ အမွတ္ေကာင္းယူၾကသည္။ခ်စ္သူမရွိသူမ်ားကေတာ့ ေရအိုးကိုယ္စီရြက္လ်က္။ပိုးပန္းသူကာလသားမ်ားက လုံမပ်ိဳေလးေတြနား ပ်ံဝဲလ်က္။
သည္လိုေန႔မ်ိဳးဆို လမ္းႀကိဳလမ္းၾကားက ေညာင္ပင္ေတာင္ အၿငိမ္မေနရပါေပ။
တလေမနန္းမင္းသမီးကလည္း ဟံသာဝတီၿမိဳ႕ဦးေစတီအနီးရွိ ေညာင္ပင္ႀကီးတြင္ ေညာင္ေရသြန္းေလာင္းရန္ ႀကံရြယ္ထားသည္။ထိုေညာင္ပင္ႀကီးက စစ္ေသနာပတိတပ္မင္းသမိန္သူရစံအိမ္ႏွင့္ နီးေသာေၾကာင့္ပင္။
တလေမနန္း အလွပဆုံးဝတ္စုံကိုဝတ္၊ေရႊေငြလက္ဝတ္ရတနာမ်ားဝတ္ဆင္ကာ ပဝါပါးပါးၿခဳံၿပီး အပ်ိဳေတာ္မ်ားကိုၿခံရံလ်က္ ေညာင္ပင္ႀကီးထံဦးတည္ေလသည္။
ေမနန္း ေညာင္ပင္ႀကီးထံေရာက္ေတာ့ တပ္မင္းသမိန္သူရက ေရအိုးတစ္လုံးႏွင့္ေညာင္ေရသြန္းေနသည္။ေမနန္း ေဘးကအပ်ိဳေတာ္ေတြကို တျခားေညာင္ပင္ေတြထံ လႊတ္လိုက္ၿပီးေရအိုးေလးကိုပိုက္ကာ တပ္မင္းနားသြားလိုက္သည္။
သမိန္သူရ တလေမနန္းမင္းသမီး တစ္လွမ္းခ်င္းေလွ်ာက္လာတာကို ေတြ႕သည္။သမိန္သူရ တလေမနန္းမင္းသမီးကို ေစာင့္ရင္း ေညာင္ေရသြန္းေနသည္မွာ ကြၽဲဆင္းကူးလို႔ရေလာက္သည္။
သမိန္သူရ လက္ဖ်ားေလးေတြ ေအးစက္လာကာ ေညာင္ကိုင္းေပၚက ေညာင္ရြက္ေတြၾကား ပုန္းေအာင္းေနသည့္သမိန္သူရိန္ကို လွမ္းၾကည့္လိုက္သည္။
သမိန္သူရိန္ စိတ္ေအးေအးထားရန္ အခ်က္ျပလိုက္သည္။သည္ေရာင္းရင္းအတြက္ အဆင္ေျပေစရန္ သည္ေညာင္ပင္အနီးတဝိုက္ကို ဘယ္သူမွမလာေအာင္ ရွင္းလင္းထားရတာျဖစ္သည္။ဒါကို သည္ေရာင္းရင္းက ေသခ်ာမေဆာင္ရြက္ရင္ေတာ့ သမိန္သူရိန္ ေညာင္ပင္ေပၚပုန္းေအာင္းထားသမွ်က အလဟႆျဖစ္ေပေတာ့မည္။
"ေရာင္းရင္း မင္းသမီးရဲ႕မ်က္လုံးေလးေတြကသိပ္လွတာဘဲလို႔ေျပာလိုက္"
သမိန္သူရိန္ တလေမနန္းမင္းသမီးမေရာက္ခင္ အသံခပ္အုပ္အုပ္ ေျပာလိုက္သည္။သမိန္သူရ ေသခ်ာမွတ္သားထားလိုက္ၿပီး ခုန္လႈပ္ေနသည့္ႏွလုံးသားကို ထိန္းခ်ဳပ္လိုက္သည္။ရန္သူတစ္ေထာင္ကို ႏွိမ္နင္းရတုန္းကေတာင္ သည္ေလာက္ေၾကာက္ဖို႔ရာမရွိ။
တလေမနန္းမင္းသမီးက တပ္မင္းသမိန္သူရႏွင့္သုံးလွမ္းခန္႔အကြာ ေညာင္ပင္ေဘးတြင္ ရပ္ကာ ေရသြန္းေလာင္းလိုက္သည္။သမိန္သူရ ေရအိုးကိုပိုက္ကာ သုံးလွမ္းမွ် တိုးကပ္သြားသည္။တလေမနန္းမင္းသမီးရဲ႕လွပသည့္မ်က္ႏွာေလးေၾကာင့္ အသက္႐ွဴမွားမတတ္ျဖစ္သြားၿပီး ဦးၫႊတ္ကာေအာ္ေျပာလိုက္သည္။
"ေရာင္းရင္းရဲ႕မ်က္လုံးေတြက သိပ္လွတာဘဲ"
"ေရာင္းရင္း"
တလေမနန္းက အံ့ၾသအၾကည့္ေလးေပးသည္။သမိန္သူရ တစ္ကိုယ္လုံးပူထူသြားကာ ေခြၽးေစးျပန္လာသည္။
"အဲ့သလို မဟုတ္.."
"ဘာကို"
"ဟို မင္းသမီးရဲ႕မ်က္လုံးေတြက....."
"ေမနန္းမ်က္လုံးေတြက"
"ကဲ ေတာ္ၾကေတာ့"
ဗညားငယ္မင္းသားရဲ႕အသံက သမိန္သူရႏွင့္တလေမနန္းတို႔ၾကား ေရာက္လာၿပီး ဗညားငယ္မင္းသားက ေရအိုးကိုပိုက္ကာ ေညာင္ပင္အနီးေလွ်ာက္လာသည္။ဗညားငယ္ ေရအိုးကိုေညာင္ပင္ေဘးက စင္ေလးေပၚတင္ၿပီး သမိန္သူရလက္ကိုကိုင္ကာ တလေမနန္းရဲ႕လက္ေပၚတင္ ေပးလိုက္သည္။
"အမေတာ္တို႔ကို ငါၾကည့္ေနတာမၿပီးေတာ့ဘူး"
"ေမာင္ငယ္"
"ယခု အဆင္ေျပသြားေလၿပီမလား"
ဗညားငယ္မင္းသားက ေညာင္ပင္ကိုၾကည့္လိုက္ၿပီး သက္ပ်င္းေလးခ်လိုက္သည္။
"တပ္မင္းသူရိန္ ဆင္းခဲ့ေတာ့ ငါနဲ႔စံအိမ္ေတာ္မွာေႂကြအံကစားၾကမယ္"
တလေမနန္း ေညာင္ပင္ကိုၾကည့္လိုက္ေတာ့ ထားဝယ္ၿမိဳ႕စားတပ္မင္းသမိန္သူရိန္က ေညာင္ပင္ေပၚမွ ေပါ႔ပါးသြက္လက္စြာ ခုန္ဆင္းလာသည္။ၿပီးမွ တလေမနန္းကိုဦးၫႊတ္ကာ ဗညားငယ္မင္းသားလက္ကိုဆြဲလို႔ အလ်င္အျမန္ေပ်ာက္ကြယ္သြားသည္။
ပတ္ဝန္းက်င္ေလထုက ေခတၱမွ် တိတ္ဆိတ္သြားသည္။သမိန္သူရေရာ တလေမနန္းပါ လက္ခ်င္းထပ္ထားတာကိုၾကည့္ၿပီး မ်က္ႏွာေလးေတြနီရဲလာၾကသည္။တိတ္ဆိတ္သြားသည့္ေလထုက ခ်က္ခ်င္းပင္ ကသိကေအာက္ျဖစ္လာၿပီး တြဲဆက္ထားသည္ြလက္ေတြကိုေတာ့ မျဖဳတ္မိ။တစ္ဦးႏွင့္တစ္ဦး စကားမဆိုၾကေပမယ့္ အခ်စ္ရနံ႔ေလးေတြက ေျမနံ႔သင္းသင္းၾကားထဲမွ တိုးထြက္လာေလသည္။
တလေမနန္း ေညာင္ေရသြန္းရင္း ေတာင္းဆုျပဳခဲ့သည့္'ခ်စ္ေသာသူကိုပိုင္ဆိုင္ရလိုပါ၏'ဆိုသည့္ဆုကို ေညာင္ပင္ႀကီးက ျဖည့္ဆည္းေပးလိုက္ပုံရေလသည္။
ဗညားသတိုးႏွင့္နန္းေစာရွင္ ဥယ်ာဉ္ေတာ္ႀကီးထဲက ေက်ာက္ဖ်ာထက္တြင္ ထိုင္ေနၾကသည္။ကဆုန္လျပည့္ဝန္းႀကီးက ၾကည္လင္ေနၿပီး တိတ္ဆိတ္ေအးခ်မ္းသည့္ပတ္ဝန္းက်င္ေလးကို ဖန္တီးထားသည္။ၾကယ္ကေလးေတြကလည္း စုံလင္စြာေကာင္းကင္ယံထက္တြင္ ကခုန္ေနၿပီး ဗညားသတိုး နန္းေစာရွင္ရဲ႕လက္ကေလးကိုဆုပ္ကိုင္လိုက္သည္။
"ၾကယ္ေတြက စုံေလလိုက္တာ"
"မွန္ပါ႔"
"အဲ့သလိုဆို ပါးေလးနည္းနည္းေပးနမ္း"
"......"
ဗညားသတိုး နန္းေစာရွင္ရဲ႕အေျဖစကားကိုမေစာင့္ပါဘဲ ပါးကေလးကို ခပ္ဖြဖြနမ္းသည္။နန္းေစာရွင္ရဲ႕မ်က္ႏွာကို လက္ခုပ္ထဲထည့္ကာ ႏွာေခါင္းကိုနန္းေစာရွင္ရဲ႕ညာဘက္ပါးျပင္ထဲ နစ္ဝင္ေစလိုက္သည္။
"အေမာင့္နန္းေစာရွင္ေလးက ေမႊးလိုက္တာ"
"ညာဘက္ပါးကေလးေရာ"
နန္းေစာရွင္ ညာဘက္ပါးေလးကို အိမ္ေရွ႕မင္းႏႈတ္ခမ္းေရွ႕ ဆက္သလိုက္သည္။
"မြ"
ဗညားသတိုးရဲ႕အနမ္းေတြက ရပ္တန္႔မသြားဘဲ နန္းေစာရွင္ရဲ႕မ်က္ႏွာအႏွံ႔ တစ္ခ်က္ခ်င္း အနမ္းေႁခြသည္။
နန္းေစာရွင္ရဲ႕ပါးျပင္ေလးေတြ၊လွပသည့္ႏွဖူးေလး၊မ်က္ခုံးႏွစ္ခုၾကားက ေနရာလပ္ေလး၊မ်က္ေတာင္ေလးေတြ တဖ်တ္ဖ်တ္ခတ္တတ္သည့္မ်က္ဝန္းေလး၊ခ်စ္စရာေကာင္းသည့္ႏွာေခါင္းေလး၊ေမးဖ်ားေလး၊ေကသာတခ်ိဳ႕ထြက္ေနေလသည့္နားထင္ေလး စသျဖင့္ နန္းေစာရွင္ရဲ႕မ်က္ႏွာတစ္ခုလုံး ဗညားသတိုးရဲ႕အနမ္းပန္းပြင့္ေတြ ပြင့္ဖူးေနေတာ့သည္။
တကယ္တမ္းခ်စ္ရသူရဲ႕မ်က္ႏွာျပင္အႏွံ႔ အနမ္းပန္းခင္းႀကီးပ်ိဳးလိုပါလွ်င္ အနမ္းပြင့္ေပါင္းတစ္ကုေဋေတာင္ လုံေလာက္ေရာ့မယ္မထင္။
"အိုကြယ္ ဘယ္လိုနမ္းနမ္းကို မဝႏိုင္ေလဘူးသည္ႏႈတ္ခမ္းေလးကိုလည္း နမ္းလိုက္ပါေတာ့မယ္"
ႁပြတ္။
ႁပြတ္။
ႁပြတ္။
ဗညားသတိုး နန္းေစာရွင္ကိုယ္ေလးကို ေပြ႕ကာ တင္းတင္းဖက္ထားလိုက္သည္။ဗညားသတိုး နန္းေစာရွင္ကို ေမတၱာသက္ဝင္သည္။နန္းေစာရွင္ရဲ႕ကိုယ္သင္းနံ႔ေလးက ဗညားသတိုး တစ္ကိုယ္လုံးထဲ စီးဝင္ေနၿပီး ဗညားသတိုးရဲ႕ႏွလုံးသားေလးကို ခ်စ္မိုးေတြရြာသြန္းၿဖိဳးေစသည္။
ဗညားသတိုး နန္းေစာရွင္ရဲ႕လည္တိုင္ေလးကို ခပ္ဖြဖြနမ္းသည္။ဗညားသတိုးရဲ႕အနမ္းေတြက သိမ္ေမြ႕ကာ ခ်စ္ျခင္းအျပည့္ပါသည္။ႏူးညံ့သည့္ခ်စ္ျခင္းေတြက ေလထုထဲတြင္ပ်ံ႕ႏွံ႔ေနၿပီး နန္းေစာရွင္ကို ယစ္မူးသြားေစသည္။
"အေမာင္ ကြၽန္ေတာ္မ်ိဳးေလ အေမာင့္ကိုသိပ္ျမတ္ႏိုးတာဘဲ"
"အေမာင္ကလည္း နန္းေစာရွင္ေလးကို သိပ္ခ်စ္တာဘဲ"
ယစ္မူးသြားေစသည့္ေလထုက နန္းေစာရွင္ရဲ႕ဦးေႏွာက္ကို မွိန္းေမာသြားေစကာ ရင္ထဲမွစကားလုံးတခ်ိဳ႕ကို ထြက္အံက်လာေစသည္။
"ကြၽန္ေတာ္မ်ိဳးလည္း အေမာင့္ကိုခ်စ္ ခ်စ္ပါတယ္"
နန္းေစာရွင္ ႏႈတ္ခမ္းက စကားေၾကာင့္ ဗညားသတိုးရင္ထဲ ၾကည္ႏူးရင္ခုန္ျခင္းတို႔ အတိုင္းမသိ ျဖစ္တည္လာသည္။ဗညားသတိုးရဲ႕အသံကအခ်စ္ေတြေၾကာင့္ အနည္းငယ္ယိမ္းယိုင္လာကာ နန္းေစာရွင္ရဲ႕လက္ဖမိုးေလးကို တစ္ခ်က္နမ္းလိုက္သည္။
"အေမာင့္အခ်စ္ရယ္ အေမာင့္အသည္းအသက္ေလး ႏွလုံးသားေလးရယ္ ထပ္ေျပာပါဦး အေမာင္ၾကားလိုလို႔"
"ခ်စ္တယ္ အေမာင္"
"အလိုကြယ္ သည္ညေတာ့အေမာင္အိပ္ေပ်ာ္ပါေတာ့မလား"
အိမ္ေရွ႕မင္းရဲ႕အသံထဲ ေပ်ာ္ရႊင္မႈေတြအျပည့္။နန္းေစာရွင္ အိမ္ေရွ႕မင္းရဲ႕ရင္ခြင္ထဲ တိုးဝင္ၿပီး မ်က္ႏွာေလးကို ဖြက္ထားလိုက္သည္။အိမ္ေရွ႕မင္းရဲ႕ရင္ခြင္မွ ေယာက်ာ္းပီသသည့္ေခြၽးနံ႔သင္းေသာကိုယ္သင္းနံ႔ကိုရေန၏။စြဲမက္ယစ္မူးဖြယ္ေကာင္းသည့္ အိမ္ေရွ႕မင္းရဲ႕သင္းပ်ံ႕ပ်ံ႕ကိုယ္သင္းရနံ႔။
"ပိုကို ပိုတယ္"
"ပိုမပိုသိရေလေအာင္ နန္းေစာရွင္စက္ရာထဲလာအိပ္ခိုင္းပါ႔လား"
"အို အေမာင္ဘယ္ႏွယ့္ေၾကာင့္စက္ရာေပၚ သည္ေလာက္တက္ခ်င္ေနရတာတုန္း"
"နန္းေစာရွင္ရဲ႕စက္ရာက မွီအုံးကမ်ားပိုၿပီး အိစက္ေလမလားလို႔ပါ"
"ဟား ဟား ဟား အေမာင္ရယ္ ျဖစ္ႏိုင္တာေျပာပါေရာ့"
႐ုတ္တရက္နန္းေစာရွင္ တစ္စုံတစ္ေယာက္ရဲ႕အၾကည့္စူးစူးေၾကာင့္ အာ႐ုံေတြႏိုးၾကားလာသည္။ညအေမွာင္ထဲတြင္ တစ္စုံတစ္ေယာက္က နန္းေစာရွင္တို႔ကို ၾကည့္ေနသည္။ထိုမ်က္ဝန္းကစူးရွကာ မာန္အျပည့္ပါသည္။နန္းေစာရွင္ မသိစိတ္အရ ေက်ာျပင္တစ္ေလွ်ာက္ ေအးစိမ့္သြားသည္။
နန္းေစာရွင္ ႏွလုံးသားေလးတစ္ခ်က္ခုန္သြားကာ အိမ္ေရွ႕မင္းရဲ႕လက္ေမာင္းကို ကိုင္ၿပီး ခပ္တိုးတိုးေျပာသည္။
"တစ္ေယာက္ေယာက္က ၾကည့္ေနေရာ့တယ္"
"လမင္းႀကီးျဖစ္မွာေပါ႔ အေမာင္တို႔ကိုအားက်လို႔ေလ"
ဗညားသတိုးကေျပာၿပီး နန္းေစာရွင္ရဲ႕ႏႈတ္ခမ္းေလးကို သိမ္းပိုက္လိုက္သည္။ဗညားသတိုးရဲ႕ ႏႈတ္ခမ္းေလးက နန္းေစာရွင္ရဲ႕ႏႈတ္ခမ္းကိုခပ္ၾကမ္းၾကမ္းစစ္ခင္းေနၿပီး နန္းေစာရွင္မွာ အိမ္ေရွ႕မင္းရဲ႕အနမ္းေတြေၾကာင့္ အရာရာကိုေမ့ေလ်ာ့သြားေလသည္။
ဟံသာဝတီျပည့္ရွင္မင္းႀကီး သစ္ပင္အကြယ္မွ အႏွီထိတ္လန္႔တုန္လႈပ္စရာျမင္ကြင္းကို ၾကည့္ၿပီး သန္လ်က္ကိုခပ္တင္းတင္းဆုပ္ကိုင္လိုက္သည္။မိမိရဲ႕သားေတာ္အိမ္ေရွ႕မင္းက သတိေမ့ေလ်ာ့ကာ ေယာက်ာ္းသားတစ္ေယာက္ကို စုံမက္ေနသည္။သားေတာ္ရဲ႕ထူးကဲထက္ျမတ္လွသည့္အာ႐ုံငါးပါးက ယခုေတာ့ထိုေယာက်ာ္းသားထံတြင္သာ။သဘာဝကိုဆန္႔က်င္သည့္ မအပ္မရာအမႈကိစၥမ်ိဳးက မိမိသားေတာ္ထံတြင္ျဖစ္တည္ေနသည္။
ဟံသာဝတီျပည့္ရွင္မင္းႀကီး ေဒါသတရားဆူေဝေနသည့္စိတ္ကို ထိန္းသိမ္းကာ အိပ္ေဆာင္ေတာ္ကို ခပ္ျမန္ျမန္ျပန္သည္။မိမိသားေတာ္က ထိုေယာက်ာ္းသားကို အလုံးစုံတိမ္းၫႊတ္ေနသည္မွာ မိမိလာတာကိုပင္မသိလိုက္။
ဟံသာဝတီျပည့္ရွင္မင္းႀကီးရဲ႕ေဒါသတရားေတြကထိန္းသိမ္းလ်က္သားမွာပင္ အျပင္ကိုထိုးထြက္ေနသည္။ေဒါသတရားတို႔က အရွိန္ျပင္းျပင္းႏွိပ္စက္ေနသည္က ဦးေခါင္းမွေသြးေၾကာမ်ားပင္ ေပါက္ကြဲထြက္မတတ္။နန္းေစာရွင္ရဲ႕အသက္ကို ဇီဝိန္ခ်ဳပ္ဖို႔မိန္႔လိုက္ခ်င္ေသာ္ျငား သည္ေန႔ကလျပည့္ေန႔ျဖစ္ေနသည္။ဟံသာဝတီျပည့္ရွင္မင္းႀကီး စက္ရာေဆာင္ေတာ္တံခါးဝတြင္ ေစာင့္ၾကပ္ေနသည့္ကိုယ္ရံေတာ္တပ္မင္းကို ခပ္တိုးတိုးမိန္႔လိုက္သည္။
"နန္းေစာရွင္ကို အက်ဉ္းတိုက္ထဲထည့္လိုက္စမ္းအိမ္ေရွ႕မင္းမသိေစေလနဲ႔"
ကိုယ္ရံေတာ္တပ္မင္းက ဦးၫႊတ္အ႐ိုအေသေပးကာ ခ်က္ခ်င္းပင္ လေရာင္ေအာက္တြင္ ေပ်ာက္ကြယ္သြားသည္။