Zawgyi
အပိုင္း (၇၉၇) – ခ်ီဝိဥာဥ္
"ရႊီး"
သူမထုတ္လႊတ္လိုက္ေသာ လွ်ပ္စီးမွာ မသန္မာေသာ္လည္း ထိုေနရာရွိ လူမ်ားကို ေၾကာက္သြားေစသည္။
ထိမွန္သြားေသာ ဝိဥာဥ္မိစာၦမ်ားသည္ ေသးငယ္သြားကာ ေလထဲတြင္ ေပ်ာက္သြားေလသည္။
ဒီတစ္ၾကိမ္တြင္ တူညီေသာ ဝိဥာဥ္မိစာၦမ်ားေပၚထြက္မလာေတာ့ေပ။
"ရႊမ္း"
"ရႊမ္း"
ရွီမာယူယူသည္ ဝိဥာဥ္္မိစာၦမ်ားႏွင့္ လူသားမ်ား ထိုင္းမိႈင္းသြားသည္ကို အခြင့္ေကာင္းယူကာ ႏွစ္ၾကိမ္ထပ္ပစ္ရာ ဝိဥာဥ္မိစာၦႏွစ္ေကာင္ ေပ်ာက္ကြယ္ သြားေလသည္။
"လွ်ပ္စီးအရည္အခ်င္းသံုးၾက ျမန္ျမန္" ကုန္ရွန္ယိသည္ ေအာ္ေလ သည္။
ထိုေနရာတြင္ လွ်ပ္စီးအရည္အခ်င္းပိုင္ဆိုင္သူမွာ နည္းပါးသည္။ သူတုိ႔ စြမ္းအင္မ်ားသည္ ရွီမာယူယူေလာက္ မသန္႔စင္ေသာ္လည္း ဝိဥာဥ္မိစာၦမ်ား ကိုတို္ကခုိက္ရာတြင္ သက္ေရာက္မႈရွိသည္။
သိပ္မၾကာခင္တြင္ ဝိဥာဥ္မိစာၦတစ္ဝက္ေလာက္ကို ရွင္းျပီးကာ က်န္ တစ္ဝက္သည္ သူတို႔လူမ်ား က်သြားသည္ကိုၾကည့္ကာ ေနာက္ဆုတ္ျပီး ျပန္စုၾကေလသည္။
"သူတို႔... ဆုတ္သြားၾကတာလား" ထိုလူမ်ားသည္ ဝိဥာဥ္မိစာၦမ်ား ေနာက္ဆုတ္သြားသည္ကို ျမင္ေသာအခါ သူတုိ႔မ်က္လံုးသူမယံုႏိုင္ျဖစ္ၾက ေလသည္။
"အေၾကာင္းအရင္းကို မသိေပမယ့္ သူတို႔ေနာက္ဆုတ္သြားတာလည္း ေကာင္းတာပဲ"
ဖန္လိုင္သည္ ဝိဥာဥ္မိစာၦမ်ားေနာက္ဆုတ္သြားသည္ကိုျမင္ေသာအခါ လွ်ပ္စီးကိုအရင္ဆံုးသံုး သူမွာ ရွီမာယူယူျဖစ္သည္ကို သတိရသြားသည္။ သူ သိခ်င္စိတ္ျဖင့္ေမးလုိက္သည္ "ယူယူ အဲဒီလွ်ပ္စီးက သူတို႔ကို ျပာက် ေအာင္လုပ္ႏိုင္မယ္လို႔ ဘယ္လိုသိတာလဲ"
"ခန္႔မွန္းလုိက္တာပါ" ရီွမာယူယူ ျပန္ေျဖေလသည္။
"ဘယ္လိုမွန္းမိတာလဲ" ဖန္လိုင္ ေမးလုိက္သည္။
"...." ရီွမာယူယူသည္ ေအာက္ေျခအထိသိခ်င္စိတ္ျပင္းျပေနေသာ လူၾကီးအား တိတ္တဆိတ္ ၾကည့္လုိက္သည္။ "သူတုိ႔က တကယ့္ဝိဥာဥ္ မိစာၦေတြမဟုတ္လို႔ေလ"
"တကယ့္ဝိဥာဥ္မိစာၦမဟုတ္ဘူးလား"
အားလံုး၏ အာရံုသည္ သူမ ရွင္းျပခ်က္ကိုေစာင့္ေနၾကသည္။
"အဲဒီဝိဥာဥ္မိစာၦေတြက ေရွးေဟာင္းစာအုပ္ေတြနဲ႔ ကိုက္ညီတယ္၊ တခ်ိဳ႕က ေရွးေခတ္က ျပီးေတာ့ တခ်ိဳ႕ကက် ေရွးက်တဲ့အခ်ိန္တုန္းက" ရွီမာယူယူ ေျပာလိုက္သည္ "ဘယ္ဝိဥာဥ္မိစာၦကမွ ဒီေလာက္ၾကာေအာင္ မေနႏုိင္ဘူး အဲဒါေၾကာင့္ သူတုိ႔လည္း အခုထိေနႏုိင္မွာမဟုတ္ဘူး၊ သူတို႔ကို သာ ဝိဥာဥ္ေက်ာက္တံုးေတြမွာ ခ်ိပ္ပိတ္ျပီး ခ်ိပ္ျပန္ဖြင့္လုိက္တာ မၾကာေသး ဘူးဆိုရင္ သူတုိ႔အားက ဒီေလာက္ထိ အားနည္းမွာမဟုတ္ဘူး၊ ျပီးေတာ့ ဒီသုႆာန္ထဲမွာလဲ ဒီေလာက္ဝိဥာဥ္ေက်ာက္တံုး အမ်ားၾကီးရွိမွာမဟုတ္ဘူး၊ ဒီသုႆာန္က ေရွးေဟာင္းသတၱဳတြင္းလည္းဟုတ္မွမဟုတ္တာကို"
"အဲေတာ့ သူတုိ႔က အတုဆိုတာကို ခန္႔မွန္းလိုက္တာေပါ့"
"ဟုတ္တယ္"
"ဒါေပမဲ့ ငါတုိ႔က ထင္ေယာင္ထင္မွားတည္ေဆာက္မႈထဲမွာမဟုတ္ဘူး လို႔ မင္းေျပာတယ္မလား" လူတစ္ေယာက္က ေမးလိုက္သည္။
"သူတို႔က ထင္ေယာင္ထင္မွားမဟုတ္ဘူး" ရွီမာယူယူ မွတ္ခ်က္ ေပးသည္ "သူတုိ႔က ထင္ေယာင္ထင္မွားတည္ေဆာက္မႈနဲ႔ ပတ္သတ္မႈ မရွိဘူး"
"ဒါဆို သူတို႔ကဘာေတြလဲ"
"ခ်ီဝိဥာဥ္ေတြပဲ" ရွီမာယူယူ ျပန္ေျဖလုိက္သည္။
"ခ်ီဝိဥာဥ္ဟုတ္လား အဲဒါဘာလဲ"
ထိုအရာသည္ လူအမ်ားအတြက္ အထူးတဆန္းျဖစ္ေနသည္။ သူတို႔ ၾကားဖူးသည္မွာ ပထမဆံုး အၾကိမ္ျဖစ္သည္။
"သူတုိ႔က သတ္မွတ္ထားတဲ့ ပတ္ဝန္းက်င္ေအာက္မွာ ခ်ီဝိဥာဥ္ကေန ျဖစ္လာတဲ့ ဝိဥာဥ္မိစာၦေတြပဲ၊ သူတုိ႔ရွိတဲ့အခ်ိန္တုန္းက ဒီလိုဝိဥာဥ္မိစာၦေတြကို ဖန္တီးခဲ့တာပဲ၊ ဒါေပမဲ့ သူတို႔က အစစ္ေတြထက္ အားနည္းတယ္" ေဝၾကီး ရွင္းျပေလသည္။
"ဒီသုႆာန္က ဝိဥာဥ္ေလာကရဲ႕ အျပင္ဘက္မွာသီးျခားျဖစ္ေနတယ္၊ အဲဒါေၾကာင့္ ပတ္ဝန္းက်င္ေျပာင္းလဲတဲ့အခ်ိန္မွာ သူတို႔က ခ်ီဝိဥာဥ္ေတြကို ဖန္တီးလိုက္တယ္" ေဝေလးေျပာေလသည္ "အဲဒါေၾကာင့္ သူတို႔အားနည္း ေနတာကိုး"
"ခ်ီဝိဥာဥ္ရဲ႕ စြမ္းအားက ဒီလိုပဲအားနည္းတာလား"
"မဟုတ္ဘူး သူတို႔စြမ္းအားက အခ်ိန္နဲ႔လုိက္ျပီးေတာ့ တိုးလာမွာ၊ သူတို႔ အရိုက္ခံရတယ္ဆိုရင္ ငါတို႔ရဲ႕ ဝိဥာဥ္စြမ္းအားေတြကိုစုပ္ယူျပီး ပိုအားေကာင္း တဲ့ခ်ီဝိဥာဥ္ေတြကို ဖန္တီးမွာ" ေဝၾကီး ေျပာေလသည္။
"ဟုတ္တယ္ သူတို႔ကိုသတ္လုိက္ျပီးတာနဲ႔ ပိုအားေကာင္းတဲ့ေကာင္ေပၚ လာတာကို သတိထားမိတယ္" ဟန္႔ေျမာင္ရႊမ္ ေျပာေလသည္။
"သူတို႔အားက နည္းလြန္းတယ္ သူတို႔ကို ဖန္တီးထားတာ သိပ္မၾကာ ေသးသလိုပဲ၊ ဟိုးအရင္ကတည္းက ဖန္တီးထားတဲ့အေကာင္ေတြကိုသာ ေတြ႕ရင္ေတာ့ ေျဖရွင္းဖို႔ လြယ္မွာမဟုတ္ဘူး"
"ဒါေပမဲ့... ဝိဥာဥ္စြမ္းအင္က ခ်ီဝိိဥာဥ္ေတြကိုအားတိုးေစတယ္ဆိုရင္ လွ်ပ္စီးအရည္အခ်င္းက ဘာလုိ႔လုပ္ႏုိင္တာလဲ"
"အမွန္ေတာ့ မီးကလည္းျဖစ္ႏုိင္တယ္ ဒါေပမဲ့ သာမန္မီးေတာက္နဲ႔က ေတာ့ အသံုးမဝင္ဘူး စံေသြမီးေတာက္မွရမယ္" ရီွမာယူယူ ရွင္းျပေလသည္ "ျပီးေတာ့ ဒီခ်ီဝိဥာဥ္က သာမန္ပစၥည္းမဟုတ္ဘူး၊ လွ်ပ္စီးအရည္အခ်င္းမွပဲ အလုပ္ျဖစ္လိမ့္မယ္"
"အာ..."
ေအာ္သံတစ္သံသည္ သုႆာန္အနက္ပိုင္းမွထြက္လာရာ အားလံုးလန္႔ သြားၾကသည္။
"မိန္းကေလး ဒါ ကၽြန္ေတာ္တို႔ ေတာင္ၾကားညီအစ္ကိုပဲ" ကုန္ရွန္ယိ ေဘးမွလူတစ္ေယာက္သည္ ေျပာေလသည္။
"သြားၾကည့္ရေအာင္" ကုန္ရွန္ယိသည္ သူမသိေသာလူတစ္ေယာက္၏ အသံကိုမွတ္မိသည္။ သူမသည္ လူမ်ားကိုေခၚကာ သြားေလသည္။
"ငါတို႔လည္းသြားၾကည့္ၾကမယ္" ဖန္လိုင္သည္ ဂိုဏ္းမွလူမ်ားကို အမိန္႔ ေပးကာ လုိက္သြားေလသည္။
သူတုိ႔သည္ ရွည္လ်ားေသာ ေလွ်ာက္လမ္းကိုျဖတ္ေက်ာ္ရသည္။ ေလွ်ာက္လမ္းမွ ထြက္ျပီး ေနာက္တြင္ အျပင္မွ ဘာသံမွမၾကားရေတာ့ေပ။ သူတုိ႔သည္ တိတ္ဆိတ္ေသာကမာၻတစ္ခုေရာက္သြား သလိုပင္။
"ဒီေန႔ ငါတို႔က တည္ေဆာက္မႈထဲမွာပဲ" ေဝၾကီးသည္ ျပာမသြားပဲ ေဝေလးႏွင့္အတူလက္တြဲကာ တည္ေဆာက္မႈအား အျမန္ျဖိဳခြဲေလသည္။
သူတို႔သည္ ဒီတစ္ၾကိမ္တြင္ ၾကီးမားေသာ ဂူတစ္ဂူေရာက္သြား သလိုပင္။ ဘက္ေပါင္းစံုတြင္ လိုဏ္ေခါင္းမ်ားရွိေနျပီး ဘယ္ေနရာကိုသြားရ မည္ကို မသိႏို္င္ေတာ့ေပ။
တည္ေဆာက္မႈမွာပ်က္သြားျပီျဖစ္ေသာ္လည္း က်င္းဝမ္၏ အသံကို မၾကားရေတာ့ေပ။ သို႔ေသာ္ အရင္ကကဲ့သို႔ တိတ္ဆိတ္ေနသည္လည္း မဟုတ္...
"ခုနတုန္းက သူတုိ႔အသံကိုၾကားလုိက္ပါတယ္၊ အခုဘာလို႔မၾကားရ ေတာ့တာလဲ" ကုန္ရွန္ယိ နားမလည္ႏုိင္ေပ။
"ငါတို႔ ဝင္လာတုန္းက သူတို႔နဲ႔လမ္းလြဲေနျပီထင္တယ္" ေဝေလး ေျပာလုိက္သည္ "ဒီမွာက တည္ေဆာက္မႈေတြမ်ားလြန္းတယ္ ေနရာတကာပဲ၊ မတူညီတဲ့တည္ေဆာက္မႈေတြက ေနရာစံုကို ငါတုိ႔ ကိုပို႔လိုက္တာထင္တယ္"
"ဘာလုပ္ၾကမလဲ အခု သူတို႔ဘယ္မွာလဲဆိုတာကိုေတာင္ မသိႏုိင္ ေတာ့ဘူး" ကုန္ရွန္ယိသည္ စိုးရိမ္စြာေျပာေလသည္။
"မျပာနဲ႔ ရွန္ယိ" ရွီမာယူယူ ႏွစ္သိမ့္ေလသည္ "ဒီမွာ တည္ေဆာက္မႈ ေတြအမ်ားၾကီးပဲ၊ သူတုိ႔ သိပ္မေဝးေလာက္ဘူးလို႔ ငါထင္တယ္၊ သူတို႔က ငါတို႔အနားမွာပဲ၊ သူတုိ႔ရွိတဲ့ေနရာကို ရွာဖို႔ပဲလိုတယ္"
"ဒါေပမဲ့ ဒီမွာအႏၱရာယ္မ်ားလြန္းတယ္ သူတို႔ကိုဘယ္လိုရွာရမွာလဲ" ဟန္႔ေျမာင္ရႊမ္သည္ သူမ ပခံုးကိုဆုပ္ကုိင္ကာ "ေလွ်ာက္မသြားနဲ႔၊ မင္း ေထာင္ေခ်ာက္တည္ေဆာက္မႈနဲ႔ေတြ႕သြားရင္ ဘယ္ေလာက္ အႏၱရာယ္မ်ား လုိက္မလဲ၊ ဒါက ေရွးေဟာင္းသခ်ႋဳင္းပဲ အထဲမွာဘာရွိလဲဆိုတာ ဘယ္သူမွ မသိဘူး"
ရီွမာယူယူသည္ ဟန္႔ေျမာင္ရႊမ္မ်က္လံုးထဲမွ စိုးရိမ္မႈကိုျမင္ေသာအခါ ျပံဳးလုိက္သည္ "ကၽြန္ေတာ္ ေလွ်ာက္မသြားပါဘူး၊ စံုစမ္းဖို႔အတြက္ လူလႊတ္ လိုက္မွာပါ"
"မင္းက ဘယ္သူ႔ကိုခိုင္းမလို႔လဲ"
ရွီမာယူယူသည္ နီရဲပ်ား ရာခ်ီကိုဆင့္ေခၚလုိက္သည္။ သူတို႔ကိုရွင္းျပ ျပီးေနာက္တြင္ သူတုိ႔သည္ မတူညီေသာ လိုဏ္းေခါင္းမ်ားဆီသို႔ ပ်ံသြား ၾကေလသည္။
လက္ရွိတြင္ ဝိဥာဥ္ေစတီအတြင္းတြင္ နီရဲပ်ားအေရအတြက္မွာ မေရ တြက္ႏုိ္င္ေလာက္ေအာင္ပင္။ ရာခ်ီေသာ အေရအတြက္မွာ သူမအတြက္ ဘာမွမဟုတ္သလိုပင္။ ထိုႏႈန္းအတိုင္းဆိုလွ်င္ နီရဲပ်ားမ်ားသည္ အတုိင္းအတာ ေက်ာ္လြန္သြားမည္မလားမသိေပ။
နီရဲပ်ားဘုရင္မက သူမ ထုတ္လုပ္ႏိုင္စြမ္းကို ထိန္းခ်ဳပ္ႏိုင္ပါ့မလား။
"ဂ်ဴနီယာေမာင္ေလး မင္းမွာဘာလုိ႔နီရဲပ်ားေတြ ဒီေလာက္မ်ားေန တာလဲ၊ ရာခ်ီျပီးေတာင္ ထုတ္ႏုိင္တယ္ဆိုေတာ့" ဟန္႔ေျမာင္ရႊမ္သည္ ရီွမာယူယူအား ေတာက္ပေသာမ်က္လံုးမ်ားျဖင့္ ၾကည့္ေလ သည္။ သူမသည္ စိတ္လႈပ္ရွားစြာ ေအာ္ေလသည္ "မင္းမွာ နီရဲပ်ားေတြရွိေနမွေတာ့ နီရဲ ပ်ားရည္လည္း ရွိမွာပဲ"
"ရွိတယ္"
"ရွိတယ္လား ငါ့ကိုနည္းနည္းေလာက္ေပးပါလား ဂ်ဴနီယာေမာင္ေလး မင္းက ကပ္ေစးကုပ္ လုိက္တာ" ဟန္႔ေျမာင္ရႊမ္သည္ သူမ ေခါင္းအား ပုတ္ေလသည္။
"အရင္က စားခဲ့တယ္ေလ" ရွီမာယူယူသည္ သူမလက္ေခ်ာင္းအား ဆုပ္ကိုင္ျပီး "ကၽြန္ေတာ္ အသားကင္တိုင္းကို ပ်ားရည္သုတ္...."
"အဲဒါက နီရဲပ်ားရည္လို႔မင္းေျပာလုိက္တာလား" ဟန္႔ေျမာင္ရႊမ္ ေအာ္ ေလသည္။
"ဟုတ္တယ္ေလ ကၽြန္ေတာ့္မွာ နီရဲပ်ားရည္ပဲရွိတာ တျခား ဘာျဖစ္ဦးမွာလဲ"
"ထင္ေတာ့ထင္သားပဲ ပ်ားရည္အရသာက အရင္နဲ႔မတူပါဘူးလို႔ အာ... ငါ နီရဲပ်ားရည္စား လိုက္တာေတာင္ မသိဘူး"
က်န္းက်ဴက်ိႏွင့္ စူးေရွာင္ေရွာင္တို႔သည္ အံ့ၾသသြားေသာ္လည္း သူမကဲ့သို႔ ရွက္စရာေကာင္း ေသာအျပဳအမူကိုမလုပ္ၾကေပ။
Unicode
အပိုင်း (၇၉၇) – ချီဝိဉာဉ်
"ရွှီး"
သူမထုတ်လွှတ်လိုက်သော လျှပ်စီးမှာ မသန်မာသော်လည်း ထိုနေရာရှိ လူများကို ကြောက်သွားစေသည်။
ထိမှန်သွားသော ဝိဉာဉ်မိစ္ဆာများသည် သေးငယ်သွားကာ လေထဲတွင် ပျောက်သွားလေသည်။
ဒီတစ်ကြိမ်တွင် တူညီသော ဝိဉာဉ်မိစ္ဆာများပေါ်ထွက်မလာတော့ပေ။
"ရွှမ်း"
"ရွှမ်း"
ရှီမာယူယူသည် ဝိဉာဉ်မိစ္ဆာများနှင့် လူသားများ ထိုင်းမှိုင်းသွားသည်ကို အခွင့်ကောင်းယူကာ နှစ်ကြိမ်ထပ်ပစ်ရာ ဝိဉာဉ်မိစ္ဆာနှစ်ကောင် ပျောက်ကွယ် သွားလေသည်။
"လျှပ်စီးအရည်အချင်းသုံးကြ မြန်မြန်" ကုန်ရှန်ယိသည် အော်လေ သည်။
ထိုနေရာတွင် လျှပ်စီးအရည်အချင်းပိုင်ဆိုင်သူမှာ နည်းပါးသည်။ သူတို့ စွမ်းအင်များသည် ရှီမာယူယူလောက် မသန့်စင်သော်လည်း ဝိဉာဉ်မိစ္ဆာများ ကိုတိုကခိုက်ရာတွင် သက်ရောက်မှုရှိသည်။
သိပ်မကြာခင်တွင် ဝိဉာဉ်မိစ္ဆာတစ်ဝက်လောက်ကို ရှင်းပြီးကာ ကျန် တစ်ဝက်သည် သူတို့လူများ ကျသွားသည်ကိုကြည့်ကာ နောက်ဆုတ်ပြီး ပြန်စုကြလေသည်။
"သူတို့... ဆုတ်သွားကြတာလား" ထိုလူများသည် ဝိဉာဉ်မိစ္ဆာများ နောက်ဆုတ်သွားသည်ကို မြင်သောအခါ သူတို့မျက်လုံးသူမယုံနိုင်ဖြစ်ကြ လေသည်။
"အကြောင်းအရင်းကို မသိပေမယ့် သူတို့နောက်ဆုတ်သွားတာလည်း ကောင်းတာပဲ"
ဖန်လိုင်သည် ဝိဉာဉ်မိစ္ဆာများနောက်ဆုတ်သွားသည်ကိုမြင်သောအခါ လျှပ်စီးကိုအရင်ဆုံးသုံး သူမှာ ရှီမာယူယူဖြစ်သည်ကို သတိရသွားသည်။ သူ သိချင်စိတ်ဖြင့်မေးလိုက်သည် "ယူယူ အဲဒီလျှပ်စီးက သူတို့ကို ပြာကျ အောင်လုပ်နိုင်မယ်လို့ ဘယ်လိုသိတာလဲ"
"ခန့်မှန်းလိုက်တာပါ" ရှီမာယူယူ ပြန်ဖြေလေသည်။
"ဘယ်လိုမှန်းမိတာလဲ" ဖန်လိုင် မေးလိုက်သည်။
"...." ရှီမာယူယူသည် အောက်ခြေအထိသိချင်စိတ်ပြင်းပြနေသော လူကြီးအား တိတ်တဆိတ် ကြည့်လိုက်သည်။ "သူတို့က တကယ့်ဝိဉာဉ် မိစ္ဆာတွေမဟုတ်လို့လေ"
"တကယ့်ဝိဉာဉ်မိစ္ဆာမဟုတ်ဘူးလား"
အားလုံး၏ အာရုံသည် သူမ ရှင်းပြချက်ကိုစောင့်နေကြသည်။
"အဲဒီဝိဉာဉ်မိစ္ဆာတွေက ရှေးဟောင်းစာအုပ်တွေနဲ့ ကိုက်ညီတယ်၊ တချို့က ရှေးခေတ်က ပြီးတော့ တချို့ကကျ ရှေးကျတဲ့အချိန်တုန်းက" ရှီမာယူယူ ပြောလိုက်သည် "ဘယ်ဝိဉာဉ်မိစ္ဆာကမှ ဒီလောက်ကြာအောင် မနေနိုင်ဘူး အဲဒါကြောင့် သူတို့လည်း အခုထိနေနိုင်မှာမဟုတ်ဘူး၊ သူတို့ကို သာ ဝိဉာဉ်ကျောက်တုံးတွေမှာ ချိပ်ပိတ်ပြီး ချိပ်ပြန်ဖွင့်လိုက်တာ မကြာသေး ဘူးဆိုရင် သူတို့အားက ဒီလောက်ထိ အားနည်းမှာမဟုတ်ဘူး၊ ပြီးတော့ ဒီသုဿာန်ထဲမှာလဲ ဒီလောက်ဝိဉာဉ်ကျောက်တုံး အများကြီးရှိမှာမဟုတ်ဘူး၊ ဒီသုဿာန်က ရှေးဟောင်းသတ္တုတွင်းလည်းဟုတ်မှမဟုတ်တာကို"
"အဲတော့ သူတို့က အတုဆိုတာကို ခန့်မှန်းလိုက်တာပေါ့"
"ဟုတ်တယ်"
"ဒါပေမဲ့ ငါတို့က ထင်ယောင်ထင်မှားတည်ဆောက်မှုထဲမှာမဟုတ်ဘူး လို့ မင်းပြောတယ်မလား" လူတစ်ယောက်က မေးလိုက်သည်။
"သူတို့က ထင်ယောင်ထင်မှားမဟုတ်ဘူး" ရှီမာယူယူ မှတ်ချက် ပေးသည် "သူတို့က ထင်ယောင်ထင်မှားတည်ဆောက်မှုနဲ့ ပတ်သတ်မှု မရှိဘူး"
"ဒါဆို သူတို့ကဘာတွေလဲ"
"ချီဝိဉာဉ်တွေပဲ" ရှီမာယူယူ ပြန်ဖြေလိုက်သည်။
"ချီဝိဉာဉ်ဟုတ်လား အဲဒါဘာလဲ"
ထိုအရာသည် လူအများအတွက် အထူးတဆန်းဖြစ်နေသည်။ သူတို့ ကြားဖူးသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။
"သူတို့က သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်အောက်မှာ ချီဝိဉာဉ်ကနေ ဖြစ်လာတဲ့ ဝိဉာဉ်မိစ္ဆာတွေပဲ၊ သူတို့ရှိတဲ့အချိန်တုန်းက ဒီလိုဝိဉာဉ်မိစ္ဆာတွေကို ဖန်တီးခဲ့တာပဲ၊ ဒါပေမဲ့ သူတို့က အစစ်တွေထက် အားနည်းတယ်" ဝေကြီး ရှင်းပြလေသည်။
"ဒီသုဿာန်က ဝိဉာဉ်လောကရဲ့ အပြင်ဘက်မှာသီးခြားဖြစ်နေတယ်၊ အဲဒါကြောင့် ပတ်ဝန်းကျင်ပြောင်းလဲတဲ့အချိန်မှာ သူတို့က ချီဝိဉာဉ်တွေကို ဖန်တီးလိုက်တယ်" ဝေလေးပြောလေသည် "အဲဒါကြောင့် သူတို့အားနည်း နေတာကိုး"
"ချီဝိဉာဉ်ရဲ့ စွမ်းအားက ဒီလိုပဲအားနည်းတာလား"
"မဟုတ်ဘူး သူတို့စွမ်းအားက အချိန်နဲ့လိုက်ပြီးတော့ တိုးလာမှာ၊ သူတို့ အရိုက်ခံရတယ်ဆိုရင် ငါတို့ရဲ့ ဝိဉာဉ်စွမ်းအားတွေကိုစုပ်ယူပြီး ပိုအားကောင်း တဲ့ချီဝိဉာဉ်တွေကို ဖန်တီးမှာ" ဝေကြီး ပြောလေသည်။
"ဟုတ်တယ် သူတို့ကိုသတ်လိုက်ပြီးတာနဲ့ ပိုအားကောင်းတဲ့ကောင်ပေါ် လာတာကို သတိထားမိတယ်" ဟန့်မြောင်ရွှမ် ပြောလေသည်။
"သူတို့အားက နည်းလွန်းတယ် သူတို့ကို ဖန်တီးထားတာ သိပ်မကြာ သေးသလိုပဲ၊ ဟိုးအရင်ကတည်းက ဖန်တီးထားတဲ့အကောင်တွေကိုသာ တွေ့ရင်တော့ ဖြေရှင်းဖို့ လွယ်မှာမဟုတ်ဘူး"
"ဒါပေမဲ့... ဝိဉာဉ်စွမ်းအင်က ချီဝိဉာဉ်တွေကိုအားတိုးစေတယ်ဆိုရင် လျှပ်စီးအရည်အချင်းက ဘာလို့လုပ်နိုင်တာလဲ"
"အမှန်တော့ မီးကလည်းဖြစ်နိုင်တယ် ဒါပေမဲ့ သာမန်မီးတောက်နဲ့က တော့ အသုံးမဝင်ဘူး စံသွေမီးတောက်မှရမယ်" ရှီမာယူယူ ရှင်းပြလေသည် "ပြီးတော့ ဒီချီဝိဉာဉ်က သာမန်ပစ္စည်းမဟုတ်ဘူး၊ လျှပ်စီးအရည်အချင်းမှပဲ အလုပ်ဖြစ်လိမ့်မယ်"
"အာ..."
အော်သံတစ်သံသည် သုဿာန်အနက်ပိုင်းမှထွက်လာရာ အားလုံးလန့် သွားကြသည်။
"မိန်းကလေး ဒါ ကျွန်တော်တို့ တောင်ကြားညီအစ်ကိုပဲ" ကုန်ရှန်ယိ ဘေးမှလူတစ်ယောက်သည် ပြောလေသည်။
"သွားကြည့်ရအောင်" ကုန်ရှန်ယိသည် သူမသိသောလူတစ်ယောက်၏ အသံကိုမှတ်မိသည်။ သူမသည် လူများကိုခေါ်ကာ သွားလေသည်။
"ငါတို့လည်းသွားကြည့်ကြမယ်" ဖန်လိုင်သည် ဂိုဏ်းမှလူများကို အမိန့် ပေးကာ လိုက်သွားလေသည်။
သူတို့သည် ရှည်လျားသော လျှောက်လမ်းကိုဖြတ်ကျော်ရသည်။ လျှောက်လမ်းမှ ထွက်ပြီး နောက်တွင် အပြင်မှ ဘာသံမှမကြားရတော့ပေ။ သူတို့သည် တိတ်ဆိတ်သောကမ္ဘာတစ်ခုရောက်သွား သလိုပင်။
"ဒီနေ့ ငါတို့က တည်ဆောက်မှုထဲမှာပဲ" ဝေကြီးသည် ပြာမသွားပဲ ဝေလေးနှင့်အတူလက်တွဲကာ တည်ဆောက်မှုအား အမြန်ဖြိုခွဲလေသည်။
သူတို့သည် ဒီတစ်ကြိမ်တွင် ကြီးမားသော ဂူတစ်ဂူရောက်သွား သလိုပင်။ ဘက်ပေါင်းစုံတွင် လိုဏ်ခေါင်းများရှိနေပြီး ဘယ်နေရာကိုသွားရ မည်ကို မသိနိုင်တော့ပေ။
တည်ဆောက်မှုမှာပျက်သွားပြီဖြစ်သော်လည်း ကျင်းဝမ်၏ အသံကို မကြားရတော့ပေ။ သို့သော် အရင်ကကဲ့သို့ တိတ်ဆိတ်နေသည်လည်း မဟုတ်...
"ခုနတုန်းက သူတို့အသံကိုကြားလိုက်ပါတယ်၊ အခုဘာလို့မကြားရ တော့တာလဲ" ကုန်ရှန်ယိ နားမလည်နိုင်ပေ။
"ငါတို့ ဝင်လာတုန်းက သူတို့နဲ့လမ်းလွဲနေပြီထင်တယ်" ဝေလေး ပြောလိုက်သည် "ဒီမှာက တည်ဆောက်မှုတွေများလွန်းတယ် နေရာတကာပဲ၊ မတူညီတဲ့တည်ဆောက်မှုတွေက နေရာစုံကို ငါတို့ ကိုပို့လိုက်တာထင်တယ်"
"ဘာလုပ်ကြမလဲ အခု သူတို့ဘယ်မှာလဲဆိုတာကိုတောင် မသိနိုင် တော့ဘူး" ကုန်ရှန်ယိသည် စိုးရိမ်စွာပြောလေသည်။
"မပြာနဲ့ ရှန်ယိ" ရှီမာယူယူ နှစ်သိမ့်လေသည် "ဒီမှာ တည်ဆောက်မှု တွေအများကြီးပဲ၊ သူတို့ သိပ်မဝေးလောက်ဘူးလို့ ငါထင်တယ်၊ သူတို့က ငါတို့အနားမှာပဲ၊ သူတို့ရှိတဲ့နေရာကို ရှာဖို့ပဲလိုတယ်"
"ဒါပေမဲ့ ဒီမှာအန္တရာယ်များလွန်းတယ် သူတို့ကိုဘယ်လိုရှာရမှာလဲ" ဟန့်မြောင်ရွှမ်သည် သူမ ပခုံးကိုဆုပ်ကိုင်ကာ "လျှောက်မသွားနဲ့၊ မင်း ထောင်ချောက်တည်ဆောက်မှုနဲ့တွေ့သွားရင် ဘယ်လောက် အန္တရာယ်များ လိုက်မလဲ၊ ဒါက ရှေးဟောင်းသင်္ချိုင်းပဲ အထဲမှာဘာရှိလဲဆိုတာ ဘယ်သူမှ မသိဘူး"
ရှီမာယူယူသည် ဟန့်မြောင်ရွှမ်မျက်လုံးထဲမှ စိုးရိမ်မှုကိုမြင်သောအခါ ပြုံးလိုက်သည် "ကျွန်တော် လျှောက်မသွားပါဘူး၊ စုံစမ်းဖို့အတွက် လူလွှတ် လိုက်မှာပါ"
"မင်းက ဘယ်သူ့ကိုခိုင်းမလို့လဲ"
ရှီမာယူယူသည် နီရဲပျား ရာချီကိုဆင့်ခေါ်လိုက်သည်။ သူတို့ကိုရှင်းပြ ပြီးနောက်တွင် သူတို့သည် မတူညီသော လိုဏ်းခေါင်းများဆီသို့ ပျံသွား ကြလေသည်။
လက်ရှိတွင် ဝိဉာဉ်စေတီအတွင်းတွင် နီရဲပျားအရေအတွက်မှာ မရေ တွက်နိုင်လောက်အောင်ပင်။ ရာချီသော အရေအတွက်မှာ သူမအတွက် ဘာမှမဟုတ်သလိုပင်။ ထိုနှုန်းအတိုင်းဆိုလျှင် နီရဲပျားများသည် အတိုင်းအတာ ကျော်လွန်သွားမည်မလားမသိပေ။
နီရဲပျားဘုရင်မက သူမ ထုတ်လုပ်နိုင်စွမ်းကို ထိန်းချုပ်နိုင်ပါ့မလား။
"ဂျူနီယာမောင်လေး မင်းမှာဘာလို့နီရဲပျားတွေ ဒီလောက်များနေ တာလဲ၊ ရာချီပြီးတောင် ထုတ်နိုင်တယ်ဆိုတော့" ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအား တောက်ပသောမျက်လုံးများဖြင့် ကြည့်လေ သည်။ သူမသည် စိတ်လှုပ်ရှားစွာ အော်လေသည် "မင်းမှာ နီရဲပျားတွေရှိနေမှတော့ နီရဲ ပျားရည်လည်း ရှိမှာပဲ"
"ရှိတယ်"
"ရှိတယ်လား ငါ့ကိုနည်းနည်းလောက်ပေးပါလား ဂျူနီယာမောင်လေး မင်းက ကပ်စေးကုပ် လိုက်တာ" ဟန့်မြောင်ရွှမ်သည် သူမ ခေါင်းအား ပုတ်လေသည်။
"အရင်က စားခဲ့တယ်လေ" ရှီမာယူယူသည် သူမလက်ချောင်းအား ဆုပ်ကိုင်ပြီး "ကျွန်တော် အသားကင်တိုင်းကို ပျားရည်သုတ်...."
"အဲဒါက နီရဲပျားရည်လို့မင်းပြောလိုက်တာလား" ဟန့်မြောင်ရွှမ် အော် လေသည်။
"ဟုတ်တယ်လေ ကျွန်တော့်မှာ နီရဲပျားရည်ပဲရှိတာ တခြား ဘာဖြစ်ဦးမှာလဲ"
"ထင်တော့ထင်သားပဲ ပျားရည်အရသာက အရင်နဲ့မတူပါဘူးလို့ အာ... ငါ နီရဲပျားရည်စား လိုက်တာတောင် မသိဘူး"
ကျန်းကျူကျိနှင့် စူးရှောင်ရှောင်တို့သည် အံ့သြသွားသော်လည်း သူမကဲ့သို့ ရှက်စရာကောင်း သောအပြုအမူကိုမလုပ်ကြပေ။