ချစ်သောပြည့်ရှင်မင်း(Complete...

By phoongonkhin

301K 26.6K 1.6K

စစ်နတ်ဘုရားဟံသာဝတီအိမ်ရှေ့မင်းက အင်းဝနန်းတွင်းမာသူလျှိုလုပ်ရင်း အင်းဝမင်းသား‌ငယ်လေးကိုကာကွယ်ချင်လာတဲ့အခါ နောင... More

စာရေးသူ၏အမှာ
Part 1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part 10
Part11
Part12
Part 13
Part14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42 (final)
Announcement
ပုံလေးလက်ဆောင်ရတာ❤️
Chibiလေးလက်ဆောင်ရတာ
Fan Art Gift
Book Announcement 💕
Book cover photo 💕

Part28

4.4K 456 24
By phoongonkhin

နန်းစောရှင် စာလေးကိုဘယ်အကြိမ်မြောက်မှန်းမသိအောင်ပင် ဖွင့်ဖတ်နေမိသည်။စာထဲတွင်ပါဝင်သည့်စာလုံးတိုင်းက နန်းစောရှင်ရင်ကို ထိုးဖောက်နေပြီး ဒေါသတရားတို့ဆူဝေစေသည်။

မရီးတော်နန်းဒေဝီထိပ်ခေါင်‌မှ စာလွှာပါးသည်မှာ

/မတ်တော်နန်းစောရှင် မရီးတော်မှာ အင်းဝရှင်ဘုရင်နဲ့သင့်တဲ့နှုတ်ငုံတော် ရှိနေပါတယ်။ဒါကြောင့် နောက်သုံးနှစ်အချိန် တပေါင်းလရောက်ချိန်မှ မရီးတော်အင်းဝကိုစွန့်ခွာပြီး ကမ္ဘောဇတိုင်း မောပြည်ကို ပြေးနိုင်လိမ့်မယ်။မတ်တော်ရဲ့စာလွှာမှာ ပါတဲ့အကြောင်းအရာများအတိုင်း မရီးတော် ယခုချိန်ထဲက မောပြည်စော်ဘွားများကို စုစည်းထားပါ့မယ်။မရီးတော်နေကောင်း ကျန်းမာပါတယ်။သားတော်မင်းရဲထွဋ်လည်း နေကောင်း ကျန်းမာပါတယ်။မတ်တော် ကျန်းမာရေးဂရုစိုက်ပါ။နောက်သုံးနှစ်အချိန် တပေါင်းလတွင် ဟံသာဝတီနန်းတွင်းမှ ထွက်ခွာနိုင်ရန် ကြိုးစားပါ။/

မရီးတော်တွင် မင်းရဲဗလရဲ့ရင်သွေး ရှိနေသည်။
ဒါကြောင့်အစီအစဉ်တွေက ကြန့်ကြာသွားရပြီ။သို့သော်လည်း နန်းစောရှင်ရဲ့အင်းဝကို သိမ်းပိုက်မည့်အစီအစဉ်ဥပါယ်ကိုကား ရုတ်သိမ်းလိမ့်မည်မဟုတ်။မင်းရဲဗလကိုသေဆုံးခြင်းကိုပင် တောင့်တရလောက်သည်အထိ နင်းခြေပစ်မည်။ယခုချိန်တွင် နောင်တော်ကြီးမင်းရဲကျော်ထင်ရဲ့သားတော်ဖြစ်သည့်မင်းရဲထွဋ်က နန်းစောရှင်အတွက် တစ်ဦးတည်းသောသွေးရင်းဖြစ်ချေပြီ။နောင်တော်တွေအတွက်၊တူတော်လေးအတွက်၊မရီးတော်အတွက် ထို့ထက် နန်းစောရှင်ကိုယ်တိုင်အတွက် အင်းဝကိုသိမ်းပိုက်ရပေလိမ့်မည်။

နန်းစောရှင် စာလွှာထဲတွင် ပါရှိသည့်အကြောင်းအရာများကို နောက်ဆုံးအကြိမ် အဖြစ် ဖွင့်ဖတ်လိုက်ပြီး စာလွှာကို ညအမှောင်ကိုခွင်းကာ အလင်းပေးနေသည့်ကညင်ဆီမီးထံ တို့လိုက်ကာ လောင်ကျွမ်းစေလိုက်သည်။ပေစာလိပ်လေးက ပြာအဖြစ်ပြောင်းသွားပြီး ပျောက်ကွယ်သွားလေသည်။

ကြယ်စုံသည့်ညတွင် စောင်းသံလေးကနန်းစောရှင်အိပ်ဆောင်ရှေ့မှ ပေါ်ထွက်လာသည်။စောင်းသံက လွန်စွာဆိုးဝါးပြီး ကြားရသူအပေါင်းကို အိပ်မက်ထဲအထိ ခြောက်လှန့်နိုင်လိမ့်မည်။နန်းစောရှင် သည်လောက်ဆိုးရွားသည့်စောင်းသံပိုင်ရှင်က ဘယ်သူလဲဆိုတာသိဖို့ အိပ်ဆောင်တံခါးကိုဖွင့်ကာ အပြင်ထွက်လိုက်သည်။

မြင်လိုက်ရသည့်မြင်ကွင်းကြောင့် နန်းစောရှင်ရဲ့နှုတ်ခမ်းတစ်စုံက ကော့တက်လာသည်။အိမ်ရှေ့မင်းက မိချောင်းစောင်းကိုရှေ့တွင် ချပြီးအာရုံစူးစိုက်ကာ တီးခတ်နေသည်။အိမ်ရှေ့မင်းရဲ့တောင့်တင်းသန်မာသည့်လက်ချောင်းတွေက မိချောင်း‌စောင်းကြိုးပေါ် ဖြတ်ပြေးနေပြီး လေးနက်သည့်မျက်နှာထားကြောင့် ခံစားချက်ကိုနှစ်မြှုပ်ကာ တီးခတ်နေပုံပေါ်သည်။

ထွက်ပေါ်လာသည့်တေးသံ မဟုတ်ဘူး ဆူညံသံကြောင့်သာ မဟုတ်လျှင် အိမ်ရှေ့မင်းပုံစံက တကယ့်စောင်းသမားတစ်ယောက်လိုပင်။

"ဟား ဟား ဟား"

နန်းစောရှင် ရယ်သံကြောင့် အိမ်ရှေ့မင်းကမျက်ခုံးတစ်ဖက်ပင့်ကာ တစ်ချက်ကြည့်လာပြီး‌ အလျင်အမြန်ပင် မိချောင်းစောင်းထံ အကြည့်ပို့လိုက်သည်။အိမ်ရှေ့မင်းက မျက်လုံးမှိတ်ကာစောင်းသံကို အပြည့်အဝခံစားလိုက်သေးသည်။
နန်းစောရှင် အိမ်ရှေ့မင်းရှေ့ ဆောင့်ကြောင့်ထိုင်ကာ ရယ်မောရင်း ပြောလိုက်သည်။

"အိမ်ရှေ့မင်း ဘာလုပ်နေတာပါလဲ"

နန်းစောရှင်ရဲ့စကားသံလေးက ရယ်သံစွက်နေသောကြောင့် ဗညားသတိုး စောင်းကြိုးကိုခပ်ကြမ်းကြမ်းတီးကာ တေးသံကိုအဆုံးသတ်လိုက်သည်။

"အဟမ်း နန်းစောရှင်ပြုံးပြီ"

"ဘာကို"

"သင်္ကြန်ခါ‌ပြီးလေထဲက နန်းစောရှင် မပျော်မရွှင်ဖြစ်လေတာလေ အဲ့တာကိုယ်တော်စိတ်ပူလို့"

"အဲ့တာကြောင့် စောင်းတီးပြတာလား"

"ဟုတ်ပ"

နန်းစောရှင် အိမ်ရှေ့မင်းရဲ့အပြုအမူကြောင့် ရင်ထဲ ပျော်ရွှင်သွားမိသလို တစ်ချိန်ထဲမှာပင် ဝမ်းနည်းသွားမိသည်။နောက်သုံးနှစ်‌နေရင် သည်ရှေ့ကလူသားကို ထားသွားရမည်မဟုတ်ပါလား။

သူ့ကိုအဆုံးစွန်ထိ ချစ်မြတ်နိုးပေးသည့် သည်လူသားက သူ့ကြောင့်နာကျင်ရပေတော့မည်။

နန်းစောရှင် အတွေးများနေတုန်း အိမ်ရှေ့မင်းကနန်းစောရှင်ရဲ့နှာခေါင်းဖျားလေးကို လက်လေးနှင့်တို့သည်။

"ဘာတွေကိုစဉ်းစားနေတာလဲ အမောင့်နန်းစောရှင်လေး"

"ကျွန်တော်မျိုးက အိမ်ရှေ့မင်းကို သစ္စာဖောက်မယ်ဆိုရင် အိမ်ရှေ့မင်း ကျွန်တော်မျိုးကိုသတ်ရော့မယ်လား"

အိမ်ရှေ့မင်းက ပြုံးသည်။ထိုအပြုံးထဲတွင် နားလည်သည်းခံနိုင်မှု၊ချစ်မြတ်နိုးမှုနှင့်တန်ဖိုးထားမှုများ ရောထွေးနေသည်။နန်းစောရှင်ရဲ့လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး။

"အမောင့်နန်းစောရှင်လေး အမောင့်မေတ္တာဟာနန်းစောရှင်ဆို သစ္စာတရားဟာလည်း နန်းစောရှင်ပါ"

နန်းစောရှင်က လှပလွန်းသည့်သမင်ပျိုမျက်ဝန်းလေးတွေနှင့်ဗညားသတိုးကို အသေအချာစိုက်ကြည့်နေသည်။

"ချစ်ခြင်းမှာ ခွင့်လွှတ်ခြင်းကပါဝင်ပြီးသားဖြစ်လို့ နန်းစောရှင်လေး ဘာကိုဘဲလုပ်လုပ် အမောင်နားလည်ပေးပါတယ်"

"အမောင် ကျွန်တော်မျိုး.."

'သည်လိုဆို ဘယ်လိုအင်အားမျိုးနဲ့ အမောင့်ကိုစွန့်ခွာနိုင်မတဲ့လဲ'

နန်းစောရှင်ရဲ့ရင်ထဲတင်းကြပ်သွားပြီး စိတ်ထဲလေးလံသွားသည်။

"နန်းစောရှင် တကယ်လို့သစ္စာဖောက်ချင်ရင် အမောင့်ကိုပြောစမ်းပါလေ"

"ဘာလုပ်မလို့လဲ အမောင်က"

"သစ္စာဖောက်ရလွယ်ကူအောင် အားနည်းချက်လေးတွေပြောပြမလို့"

"ကြီးမြတ်တဲ့ဟံသာဝတီစစ်နတ်ဘုရားမှာလည်း အားနည်းချက်ရှိသေးတယ်လား"

"ရှိတာပေါ့ နန်းစောရှင် တစ်ခါပြုံးလိုက်ရင်ကို သည်လူမှာအခါခါသေ"

"အို ပိုလိုက်တာ"

"မပိုပါဘူး လိုတောင်လိုသေး ကိုယ်တော့်ကိုသတ်ဖို့ဆိုဓားတွေလှံတွေမလို‌ဘူး နန်းစောရှင်ရဲ့အပြုံးလေးတစ်ချက်နဲ့တင် ကိစ္စပြတ်ပြီ"

"အမောင့်ကတော့လေ"

"နန်းစောရှင်လေး အမောင့်ကို အနမ်းနုနုတစ်ပွင့်ပေးလိုက်ရင်များ အမောင်တော့ နေ့တွေညတွေမှား‌သွားလေရဲ့"

"ကဲ သည်လောက်တောင်ပြောနေမှတော့ အင့်"

မွ။

နန်းစောရှင် အိမ်ရှေ့မင်းရဲ့ခံ့ညားသည့်နှဖူးပြင်ကို အနမ်းတစ်ချက် ပေးလိုက်သည်။

ဗညားသတိုး နှဖူးပေါ်က နူးညံ့အိစက်နွေးထွေးသည့်ခံစားချက်လေးကြောင့် နှုတ်ခမ်းတွေက အလွန်အမင်းကော့တက်လာသည်။ဗညားသတိုးကောင်းကင်ကြီးကို အလျင်အမြန် ကြည့်လိုက်ပြီး။

"အလို နေမင်းကြီးတောင် တောက်ပပြီး နေ့အချိန်တောင် ရောက်ပါပေါ့လား"

"ဟား ဟား အမောင်ရယ် ကျွန်တော်မျိုးအူတက်ရော့ပြီ"

"အလို ဘယ်နှယ့်ကြောင့် အူတက်ရလေမတုန်း  တက်မယ့်တက် ကိုယ်တော့်ပေါ်တက်"

အိမ်ရှေ့မင်းစကားကြောင့် နန်းစောရှင်ရယ်သံတွေ ရပ်တန့်သွားပြီး မျက်နှာလေးက နီရဲသွားသည်။

"နားရှက်စရာတွေ"

"သည်ထက်ပို နားရှက်စရာကောင်းတဲ့အကြောင်းတွေလည်း ကိုယ်တော် ပြောတတ်ပါ့ ပါးစပ်နဲ့တော့မဟုတ်လေဘူး....."

"ဖွားဖက်တော်နဲ့"

နန်းစောရှင် မျက်နှာကပေါက်ကွဲမတတ် နီရဲလာပြီး ရှိသမျှသွေးတွေအကုန် မျက်နှာတွင်လာစုနေသည်ဟုထင်ရသည်။နန်းစောရှင်ရဲ့မျက်လုံးတွေက အိမ်ရှေ့မင်းရဲ့ခါးပုံစထံ အကြည့်ရောက်သွားကာ အလျင်အမြန်ပင် အကြည့်လွဲလိုက်သည်။

"အိမ်ရှေ့မင်း အရှက်မရှိဘူးလား"

"ရှိပါ့ ရှိပါ့ ကြည့်မလား ကိုယ်တော့်အရှက်ဘယ်လောက်ကြီးတယ်ဆိုတာ"

"အိမ်ရှေ့မင်း ဘယ်လိုဖြစ်နေရော့သလဲ"

"အလို ဘယ်နှယ့်ဖြစ်နေလို့တုန်းမရှိဘူးလားဆိုလို့လဲပြရဦးမယ်"

"အိမ်ရှေ့မင်း"

"ဟဲဟဲ ကိုယ်တော်ကစတာပါ တကယ်ပြရမယ်ဆိုလည်း စိတ်ထဲမထားပါဘူး"

"အိမ်ရှေ့မင်းသာ သည်လိုပုံမျိုးဆိုတာကို တိုင်းသူပြည်သားတွေ မြင်လို့ကတော့ဟိုးလေးတကျော် ဖြစ်လေရော့မယ်"

"ဘယ်လိုပုံမျိုးလဲ"

"သည်လို အရှက်မရှိတဲ့ပုံမျိုး"

"အလို ကိုယ်တော့်ရဲ့အရှက်မရှိတဲ့ပုံကို နန်းစောရှင်ကလွဲပြီး ဘယ်သူ့ကိုပြရလေမှာတုန်း"

"တော်ပြီ တော်ပြီ အိမ်ရှေ့မင်းသွားလေရော့ ကျွန်တော်မျိုးအိပ်တော့မယ်"

"စက်ရာကိုတစ်ဦးထဲဝင်ရမှာ အပျင်းလေဘူးလား အဖော်လေးဘာလေးပါတော့ အပျင်းပြေလေတာပေါ့"

"ဪ အိမ်ရှေ့မင်းက စက်ရာဝင်ရာမှာအပျင်းပြေစေဖို့ အဖော်တွေခေါ်ထားတတ်တယ်ထင်ပါ့"

နန်းစောရှင် နှုတ်ခမ်းတစ်စုံက တည်တင်းသွားပြီး ထကာအိပ်ဆောင်တံခါးကိုပိတ်ရန် ကြံလိုက်သည်။ဗညားသတိုး အလျင်အမြန်ထရပ်ကာ အိပ်ဆောင်တံခါးကို ခပ်တင်းတင်းကိုင်ထား၏။တံခါးရွက်ကလေးမှာ သန်မာသည့်ယောကျာ်းသားနှစ်ဦးကြားက လုံမပျိုလေးလို ဖြစ်နေကာ ဘယ်ဘက်ကိုလိုက်ရမှန်းမသိ ဖြစ်နေလေသည်။

"အမောင့်နန်းစောရှင်လေးက သဝန်တိုတယ်ပေါ့ ဟား ဟား"

"မဟုတ်ပါဘူး အဲ့သည်အ‌ပျင်းပြေတွေနဲ့သာအိမ်ရှေ့မင်း သွားအိပ်ပါ"

"အလိုကွယ် အမောင့်နန်းစောရှင်လေးတစ်ယောက်လုံးရှိနေတာ အမောင်က တစ်ပါးသူတွေနဲ့အိပ်ဝံ့ပါ့မလား"

"မရှိရင်တော့ အိပ်ဝံ့တယ်ပေါ့"

"မအိပ်ဝံ့ပါဘူး အမောင်ကနန်းစောရှင်နဲ့မှ ဖြစ်တာ"

"အဟင်း ဖယ် ကျွန်တော်မျိုးအိပ်တော့မယ်"

"ဟင့်အင်း မဖယ်ဘူး သည်ညမိချောင်းစောင်းတီးပြ"

အိမ်ရှေ့မင်းက တံခါးမှဖယ်ပေးရန်စိတ်ကူးမရှိလေတာကြောင့် နန်းစောရှင် စိတ်လျှော့လိုက်သည်။

"မိချောင်းစောင်းကိုင်ပြီးဝင်ခဲ့"

"မှန်ပါ မှန်ပါ အမောင့်ရဲ့အရှင်သခင်လေးအမိန့်အတိုင်းပါ"

နန်းစောရှင် နားရွက်လေးတွေက နီရဲလာကာ သလွန်ပေါ် အလျင်အမြန်ထိုင်လိုက်သည်။အိမ်ရှေ့မင်းစကားကြောင့် နန်းစောရှင်တော့ ကြာရင်မျက်နှာပင် ရှိတော့မည်မဟုတ်။အပူလွန်ပြီး အငွေ့ပျံ့ကာ ပျောက်ကွယ်သွားတော့မည်။

'ကြည့် ကြည့် မိချောင်း‌စောင်းကိုင်ပြဝင်လာပုံကမှိုရတဲ့မျက်နှာနဲ့ ပြုံးဖြီးနေလိုက်တာများ'

ဗညားသတိုး မိချောင်းစောင်းကို သလွန်ပေါ်တင်ပြီး သလွန်ဘေးက ကျွန်းထိုင်ခုံပေါ်တွင် အလိုက်တသိလေးထိုင်လိုက်သည်။

နန်းစောရှင် အိမ်ရှေ့မင်းရဲ့ချစ်ခြင်းအပြည့်ပါသည့်အကြည့်တွေကို လစ်လျူရှုကာ မိချောင်းစောင်းကြိုးပေါ် လက်တင်လိုက်သည်။နန်းစောရှင်ရဲ့လက်ချောင်းသွယ်သွယ်လေးတွေ စောင်းကြိုးပေါ်ဖြတ်ပြေးသွားတာနှင့် သာယာလွန်းသည့်စောင်းသံက ပျံ့လွှင့်လာသည်။စောင်းသံကငြိမ့်ညောင်းကာ ကြည်နူးစေသည်။

စောင်းသံက ဗညားသတိုးရဲ့စိတ်နှလုံးသားတစ်ခုလုံးကို ကိုင်လှုပ်သွားပြီး နှစ်မြောသွားစေသည်။နန်းစောရှင် လက်မှဖြစ်သည့်စောင်းသံက ဆန်းပြားသည်။တစ်ခါတစ်ရံ ဝမ်းနည်းဖွယ်ကောင်းပြီး တစ်ခါတစ်ရံ‌ ကြည်နူးဖွယ်ကောင်း၏။တစ်ခါတစ်ရံ ကြေကွဲဖွယ်ကောင်းပြီး တစ်ခါတစ်ရံတွင်တော့ လွမ်းမောဖွယ်ကောင်းလေသည်။

ဗညားသတိုး တလမေနန်းရဲ့စောင်းသံက နန်းစောရှင်လေးရဲ့စောင်းသံကိုမမှီဟု သတ်မှတ်လိုက်သည်။စောင်းကြိုးပေါ်တွင် ကခုန်နေသည့်နန်းစောရှင်ရဲ့လက်ချောင်းကလေးများက လွန်စွာလှပလွန်းကာ စောင်းနှင့်လိုက်ဖက်လွန်းသည်။တစ်ချက်ကခုန်လိုက်တိုင်း ပန်းပေါင်းတစ်ထောင် ပွင့်လန်းသွားစေသည့်တေးသံလေးတွေ ထွက်ပေါ်လာသည်။နန်းစောရှင်က တကယ့်ကို‌စောင်းအတတ်၌ ပါရမီထူးသည်။စောင်းတီးနေရသည့်အချိန်များတွင် နန်းစောရှင်ရဲ့မျက်လုံးများက တလက်လက်တောက်ပနေတတ်သည်။ဗညားသတိုး နန်းစောရှင်ရဲ့လက်ချောင်းလေးများကို နှမျောသလိုခံစားလိုက်ရသည်။

သည်လက်ချောင်းလှလှလေးတွေက ဓားအစား စောင်းကိုသာ ကိုင်ခဲ့သင့်တာ။

နန်းစောရှင် တလမေနန်းမင်းသမီးထံမှ မိချောင်းစောင်းတီးသင်ခဲ့တာက မှန်ကန်တယ်လို့ ခံစားရသည်။မိချောင်းစောင်းက သုံးကြိုးတပ်တူရိယာဖြစ်ပြီး စူးရှသည့်အသံလွင်လွင်ကို ဖန်တီးပေးနိုင်သည်။အသံများကိုလည်း အရွှေ့အပြောင်းလုပ်ကာ တီးခတ်နိုင်သေးသည်။မွန်တို့ရိုးရာမိချောင်းစောင်းက ထူးခြားဆန်းပြားလှပသည့်တူရိယာတစ်မျိုးပင်။

လှပသည့်တေးသံတွေကို ဖန်တီးရတာက နန်းစောရှင်အတွက် ပျော်စရာကောင်းသည်။နန်းစောရှင် စောင်းကြိုးပေါ် အားထည့်တီးခတ်နေတုန်း စောင်းကြိုးတစ်ချောင်းက တင်းခနဲဖြစ်သွားကာ ပြတ်ထွက်သွားသည်။နန်းစောရှင်ရဲ့လက်ညိုးထိပ်တွင်လည်း ရှရာအသေးစားလေးဖြစ်တည်လာပြီး သွေးစက်တချို့က စောင်းပေါ်ကျသွားသည်။

ဗညားသတိုး စိတ်ပူကာနန်းစောရှင်ရဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ကြေးမုံပြင်တင်ထားသည့်ကျွန်းစားပွဲ‌ကြီးပေါ်က ပိုးပဝါစကိုအလျင်အမြန်ယူလိုက်ပြီး နန်းစောရှင်ရဲ့လက်‌ထိပ်ကလေးကို ရစ်ပတ်လိုက်သည်။

"တောင်းပန်ပါတယ် အမောင်ကစောင်းသံနားထောင်လိုတာကို ကျွန်တော်မျိုးကဖျက်ဆီးလိုက်မိလေပြီ"

"အဆင်ပြေပါတယ် စောင်းသံကအဓိကမှမဟုတ်လေတာဘဲ"

"ဒါဆို ဘာလို့စောင်းတီးခိုင်းရော့တာလဲ"

"အမောင့်နန်းစောရှင်က စောင်းတီးနေရတဲ့အချိန် ပျော်ရွှင်နေတဲ့ပုံစံလေးကိုမြင်လိုလိုပေါ့"

"တလမေနန်းမင်းသမီးထံ စောင်းတီးသင်ခိုင်းတာက"

"အဲ့သည်အချိန်တုန်းက နန်းစောရှင်လေးကစစ်ရေး လေ့ကျင့်ရတာကြောင့် စိတ်ပင်ပန်းနေလေတယ်လေ စောင်းတီးနေရရင် အနည်းငယ်‌များစိတ်ပေါ့ပါးသွားမလားဆိုပြီး သင်ခိုင်းတာပါ"

နန်းစောရှင် အိမ်ရှေ့မင်း စောင်းအတတ်ခိုင်းသည်က စောင်းသံကိုနှစ်သက်သောကြောင့်လို့ ထင်ခဲ့မိသည်။တကယ်တော့ အိမ်ရှေ့မင်း စီစဉ်သမျှက နန်းစောရှင်အတွက်သာ။

နန်းစောရှင် ရင်ထဲသိမ့်ခနဲကြည်နူးသွားသလို အိမ်ရှေ့မင်းရဲ့အချစ်ကိုလည်း အံ့ဩသွားရသည်။

"အမောင်ရယ်"

ဗညားသတိုး နန်းစောရှင်ရဲ့စကားသံလေးက တုန်ယင်နေတာကို သတိထားမိတာကြောင့် ပြုံးလိုက်သည်။

"စောင်းကြိုးနေရာမှာ ကိုယ်တော်သာဆို နန်းစောရှင်စိတ်ကြိုက်တီးလို့ရပါ့ အိုကွယ် မှောက်ပြီးတီးတီးလှန်ဘဲတီးတီး စိတ်ကြိုက် စိတ်ကြိုက်"

"အိမ်ရှေ့မင်း အမောင်ဟာလေ စကားအကောင်းကိုဆိုလို့မရဘူး"

"ဟဲဟဲ"

နန်းစောရှင် အိမ်ရှေ့မင်းလက်ထဲမှ မိမိလက်ကိုဆွဲထုတ်ကာ မိချောင်းစောင်းကို အသာအယာပွတ်သပ်လိုက်သည်။

"မိချောင်းစောင်းရာဇဝင်ကလည်း သိပ်သနားဖွယ်ကောင်းတာဘဲ"

"ဘာဖြစ်လို့ပါလိမ့်"

"ရှင်မွေ့နွန်းနဲ့မင်းနန္ဒာတို့ချစ်သူနှစ်ဦး တွေ့ဆုံဖို့ငမိုးရိပ်မိချောင်းက အရှင်သခင်မင်းနန္ဒာကို ကျောပေါ်သယ်ဆောင်လို့ ချောင်းကိုကျော်ဖြတ်ပြီးပို့ဆောင်ရတယ်လေ တခြားမိချောင်းတွေ ရန်ကြောင့်အာခံတွင်းထဲငုံကာ ကာကွယ်ပေးလိုက်ရတာကြောင့် မင်းနန္ဒာမင်းသားကသေပွဲဝင်ရရှာတယ်"

နန်းစောရှင်က မိချောင်းစောင်းကိုကြည့်နေရာမှ အိမ်ရှေ့မင်းကို ကြည့်လိုက်ပြီးစကားဆက်သည်။

"သားတော်ဆုံးပါးသွားလို့ ရာမညတိုင်းပြည် ဒဂုံမြို့ကိုအုပ်စိုးတဲ့ ဥက္ကလာပမင်းကြီးက မိချောင်းစောင်းကိုပြုလုပ်စေပြီး ထီးသုံးနန်းသုံးအဖြစ်အသုံးပြုစေခဲ့တာ‌တဲ့လေ ဒဏ္ဍာရီလေးကဆွေးမြေ့ဖွယ် မကောင်းဘူးလား"

အိမ်ရှေ့မင်းကမိချောင်းစောင်းကိုလေးလေးနက်နက်ကြည့်လိုက်ပြီးတွေးတွေးဆဆပြောလေသည်။

"အမောင်သာဆိုလည်း နန်းစောရှင်ကို တွေ့ဖို့ဆို ဘယ်လောက်ဝေးဝေး အန္တာရယ်ဘယ်လောက်များများ ရောက်အောင်လာလေမှာ"

"အသက်အန္တာရယ်ရှိရင်ရော"

"နန်းစောရှင်ကိုတွေ့ခွင့်ရမယ်ဆို ဘာကိုဘဲရင်းရရင်းရ ထိုက်တန်လေတယ်"

"အမောင့်အချစ်က အဲ့သည်လောက်တောင်ပေါ့"

"ဟား ဟား ဟား ရှင်မွှေ့နွန်းနဲ့မင်းနန္ဒာတောင် အမောင့်အချစ်ကိုမြင်ရင် သိမ်ငယ်ကုန်မယ်"

ဗညားသတိုးက ရယ်‌မောကာပြောတော့ နန်းစောရှင်လေးက နားရွက်လေးတွေနီကာ ခပ်ဟဟရယ်လေသည်။ဗညားသတိုး နန်းစောရှင်ရဲ့လက်ကလေးကို ကိုင်ကာသွေ့စို့နေသည့်လက်ချောင်းလေးကို နမ်းလိုက်သည်။

နန်းစောရှင်ရဲ့ရယ်သံတွေက အိမ်ရှေ့မင်းရဲ့လေးနက်သည့်အကြည့်ကြောင့် ရပ်တန့်သွားရပြီး ရင်ခုန်သံတွေမြန်လာသည်။အိမ်ရှေ့မင်းက နန်းစောရှင်ရဲ့လက်ကလေးကို ကိုင်ပြီး ဘယ်ဘက်ရင်အုံတည့်တည့်ပေါ် လက်ဖဝါးအပ်စေလိုက်သည်။နန်းစောရှင် လက်ဖဝါးမှတဆင့် ပြင်းပြင်းထန်ထန်ခုန်ပေါက်နေသည့်နှလုံးသားကို ခံစားရသည်။အပူရှိန်က အိမ်ရှေ့မင်းရင်ဘတ်မှတဆင့် နန်းစောရှင် လက်ဖဝါးပေါ် ကူးစက်လာပြီး မျက်နှာတစ်ခုလုံးကို ပူလောင်လာစေသည်။

အိမ်ရှေ့မင်းက နန်စောရှင်မျက်လုံးတွေကို စူးစူးစိုက်စိုက်ကြည့်ကာ လေးနက်ညို့ငြင်သည့်အသံနှင့်ပြောလေသည်။

"အမောင့်နန်းစောရှင်ရယ် အတိတ်ဘဝကဆုတောင်းများကောင်းခဲ့လေသလား ဒါမှမဟုတ် အမောင်ကဘဲကျိန်စာသင့်ခဲ့လေတာလား
အမောင့်မှာနန်းစောရှင်ရဲ့ခြေဖမိုးလေးမြင်ရုံနဲ့တင် အမူးမူးအမေ့မေ့"

"အမောင်"

"နန်းစောရှင်ရဲ့မျက်နှာလေး ကြည်သာနေရင်
အမောင့်လောကကြီးလှပသွားပြီး နန်းစောရှင်ရဲ့မျက်နှာလေး ညိုးငယ်နေရင်တော့ အမောင့် လောကကြီး မှောင်မိုက်သွားလေတယ်"

"......"

"အမောင့်ရဲ့လောကကြီးက နန်းစောရှင်အပေါ်မူတည်နေသလိုမျိုး အမောင့်ရဲ့နှလုံးသားလေးကစ ကိုယ်ခန္ဓာတစ်ခုလုံး နန်းစောရှင်ထံ အပ်နှင်းထားလိုတယ်"

နန်းစောရှင် အိမ်ရှေ့မင်းရဲ့စကားတွေကြောင့်  မှိန်းမောသွားကာ ဘာစကားမှပင် ပြန်မပြောနိုင်ပါချေ။အရာအားလုံးက နှေးကွေးတိတ်ဆိတ်သွားပြီး‌ ကညင်ဆီမီးရောင် ဝါကြင်ကြင်ဝန်းကျင်တွင် တစ်ယောက်ရင်ခုန်သံကို တစ်ယောက်ကြားနေရသည်။ဗညားသတိုး သူ့ကိုငေးမောကြည့်နေသည့် နန်းစောရှင်ရဲ့မျက်ဝန်းနက်နက်ကလေးတွေကို စူးစိုက်ကြည့်ရင်းမျက်တောင်ချင်း ထိမိနိုင်သည်အထိ နီးကပ်သွားလိုက်သည်။

ဗညားသတိုး အိစက်နူးညံ့သည့်နှုတ်ခမ်းတစ်စုံကို အမိအရထိကပ်လိုက်ကာ ချိုမြိန်သည့်အရသာလေးတွေကို ခံစားလိုက်သည်။ဗညားသတိုး နန်းစောရှင်ရဲ့ခေါင်းလေးကို ထိန်းကိုင်ကာ ပထမအနမ်းထက် ပြင်းပြသည့်အနမ်းတွေကို ပေးသည်။နန်းစောရှင်ကလည်း ဗညားသတိုးရဲ့ပူလောင်သည့်အနမ်းတွေကို ခံယူရင်း မျက်လွှာလေးချလိုက်သည်။

ဗညားသတိုးနှင့်နန်းစောရှင်ရဲ့အနမ်းတွေက ပူလောင်ပြင်းပြလာကာ သလွန်ပေါ်ရှိ အိစက်သည့်ဖဲမွေ့ယာပေါ် လဲကျသွားသည်။ဗညားသတိုး  ရင်ထဲမှဆန္ဒမီးတောက်က အရှိန်ပြင်းပြင်းတောက်လောင်နေပြီး နန်းစောရှင်လည်း ထိုနည်းတူပင်။

ဟိုအရင်က နှစ်ဦးသားရဲ့ချစ်ခြင်းက နွေးထွေးသည့်နွေဦးလေးဆို ယခုအချိန်ရဲ့ချစ်ခြင်းတွေက ပူပြင်းသည့်နွေလယ်မီး။

ရုတ်တရက် ဗညားသတိုး အသိဝင်လာကာ နန်းစောရှင်ရဲ့နှုတ်ခမ်းလေးကို လွတ်ပေးလိုက်ပြီး အလျင်အမြန် ထထိုင်လိုက်သည်။ဗညားသတိုး နန်းစောရှင်ကို ကျောပေးထိုင်ပြီး မိချောင်းစောင်းကို ပေါင်ပေါ်တင်လိုက်သည်။

ဗညားသတိုး သလွန်ပေါ်လဲနေသည့်နန်းစောရှင်ကို လှည့်မကြည့်ရဲ။ယခုအချိန်တွင် နန်းစောရှင်လေးရဲ့နှုတ်ခမ်းလေးတွေက နီရဲစိုမြနေကာ ပါးလေးတွေ နားရွက်လေးတွေက နီမြန်းနေလိမ့်မည်။သည်လိုအချိန် လှည့်ကြည့်မိပါက သမာဓိကျိုးပေါက်ပေတော့မည်။

"အမောင်"

နန်းစောရှင်လေးရဲ့ခေါ်သံက ပျော့ပျောင်းနေကာ ဗညားသတိုး စိတ်ကိုခပ်တင်းတင်းထားလိုက်သည်။

"စက်ရာဝင်ပေတော့နန်းစောရှင် အမောင်သွားတော့မယ်"

"မှန် မှန်ပါ့"

ဗညားသတိုး မိချောင်းစောင်းကို ပိုက်ကာ နောက်လှည့်မကြည့်ဘဲ အိပ်ဆောင်ထဲမှအလျင်အမြန် ပြေးထွက်သွားသည်။အခန်းထဲမှ နန်းစောရှင်ကတော့ မည်သို့မည်ပုံရှိမည်မသိ။အိပ်ဆောင်ပြင်ပမှ လေထုက အေးမြနေပေမယ့် ဗညားသတိုးရဲ့ရင်ထဲမှ အပူမီးလေးကအနည်းငယ်မျှပင် လျှော့ကျမသွား။ဗညားသတိုး  မိချောင်းစောင်းကို အိပ်ဆောင်ထဲရှိကျွန်းသလွန်ပေါ်တင်ပြီး ဝတ်လဲတော်ပုဆိုးကိုယူကာ ရေချိုးဆောင်တော်ကို‌ ခြေသုတ်တင်လေတော့သည်။

_______________


နန္းေစာရွင္ စာေလးကိုဘယ္အႀကိမ္ေျမာက္မွန္းမသိေအာင္ပင္ ဖြင့္ဖတ္ေနမိသည္။စာထဲတြင္ပါဝင္သည့္စာလုံးတိုင္းက နန္းေစာရွင္ရင္ကို ထိုးေဖာက္ေနၿပီး ေဒါသတရားတို႔ဆူေဝေစသည္။

မရီးေတာ္နန္းေဒဝီထိပ္ေခါင္‌မွ စာလႊာပါးသည္မွာ

/မတ္ေတာ္နန္းေစာရွင္ မရီးေတာ္မွာ အင္းဝရွင္ဘုရင္နဲ႔သင့္တဲ့ႏႈတ္ငုံေတာ္ ရွိေနပါတယ္။ဒါေၾကာင့္ ေနာက္သုံးႏွစ္အခ်ိန္ တေပါင္းလေရာက္ခ်ိန္မွ မရီးေတာ္အင္းဝကိုစြန္႔ခြာၿပီး ကေမၻာဇတိုင္း ေမာျပည္ကို ေျပးႏိုင္လိမ့္မယ္။မတ္ေတာ္ရဲ႕စာလႊာမွာ ပါတဲ့အေၾကာင္းအရာမ်ားအတိုင္း မရီးေတာ္ ယခုခ်ိန္ထဲက ေမာျပည္ေစာ္ဘြားမ်ားကို စုစည္းထားပါ႔မယ္။မရီးေတာ္ေနေကာင္း က်န္းမာပါတယ္။သားေတာ္မင္းရဲထြဋ္လည္း ေနေကာင္း က်န္းမာပါတယ္။မတ္ေတာ္ က်န္းမာေရးဂ႐ုစိုက္ပါ။ေနာက္သုံးႏွစ္အခ်ိန္ တေပါင္းလတြင္ ဟံသာဝတီနန္းတြင္းမွ ထြက္ခြာႏိုင္ရန္ ႀကိဳးစားပါ။/

မရီးေတာ္တြင္ မင္းရဲဗလရဲ႕ရင္ေသြး ရွိေနသည္။
ဒါေၾကာင့္အစီအစဉ္ေတြက ၾကန္႔ၾကာသြားရၿပီ။သို႔ေသာ္လည္း နန္းေစာရွင္ရဲ႕အင္းဝကို သိမ္းပိုက္မည့္အစီအစဉ္ဥပါယ္ကိုကား ႐ုတ္သိမ္းလိမ့္မည္မဟုတ္။မင္းရဲဗလကိုေသဆုံးျခင္းကိုပင္ ေတာင့္တရေလာက္သည္အထိ နင္းေျခပစ္မည္။ယခုခ်ိန္တြင္ ေနာင္ေတာ္ႀကီးမင္းရဲေက်ာ္ထင္ရဲ႕သားေတာ္ျဖစ္သည့္မင္းရဲထြဋ္က နန္းေစာရွင္အတြက္ တစ္ဦးတည္းေသာေသြးရင္းျဖစ္ေခ်ၿပီ။ေနာင္ေတာ္ေတြအတြက္၊တူေတာ္ေလးအတြက္၊မရီးေတာ္အတြက္ ထို႔ထက္ နန္းေစာရွင္ကိုယ္တိုင္အတြက္ အင္းဝကိုသိမ္းပိုက္ရေပလိမ့္မည္။

နန္းေစာရွင္ စာလႊာထဲတြင္ ပါရွိသည့္အေၾကာင္းအရာမ်ားကို ေနာက္ဆုံးအႀကိမ္ အျဖစ္ ဖြင့္ဖတ္လိုက္ၿပီး စာလႊာကို ညအေမွာင္ကိုခြင္းကာ အလင္းေပးေနသည့္ကညင္ဆီမီးထံ တို႔လိုက္ကာ ေလာင္ကြၽမ္းေစလိုက္သည္။ေပစာလိပ္ေလးက ျပာအျဖစ္ေျပာင္းသြားၿပီး ေပ်ာက္ကြယ္သြားေလသည္။

ၾကယ္စုံသည့္ညတြင္ ေစာင္းသံေလးကနန္းေစာရွင္အိပ္ေဆာင္ေရွ႕မွ ေပၚထြက္လာသည္။ေစာင္းသံက လြန္စြာဆိုးဝါးၿပီး ၾကားရသူအေပါင္းကို အိပ္မက္ထဲအထိ ေျခာက္လွန္႔ႏိုင္လိမ့္မည္။နန္းေစာရွင္ သည္ေလာက္ဆိုးရြားသည့္ေစာင္းသံပိုင္ရွင္က ဘယ္သူလဲဆိုတာသိဖို႔ အိပ္ေဆာင္တံခါးကိုဖြင့္ကာ အျပင္ထြက္လိုက္သည္။

ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ နန္းေစာရွင္ရဲ႕ႏႈတ္ခမ္းတစ္စုံက ေကာ့တက္လာသည္။အိမ္ေရွ႕မင္းက မိေခ်ာင္းေစာင္းကိုေရွ႕တြင္ ခ်ၿပီးအာ႐ုံစူးစိုက္ကာ တီးခတ္ေနသည္။အိမ္ေရွ႕မင္းရဲ႕ေတာင့္တင္းသန္မာသည့္လက္ေခ်ာင္းေတြက မိေခ်ာင္း‌ေစာင္းႀကိဳးေပၚ ျဖတ္ေျပးေနၿပီး ေလးနက္သည့္မ်က္ႏွာထားေၾကာင့္ ခံစားခ်က္ကိုႏွစ္ျမႇဳပ္ကာ တီးခတ္ေနပုံေပၚသည္။

ထြက္ေပၚလာသည့္ေတးသံ မဟုတ္ဘူး ဆူညံသံေၾကာင့္သာ မဟုတ္လွ်င္ အိမ္ေရွ႕မင္းပုံစံက တကယ့္ေစာင္းသမားတစ္ေယာက္လိုပင္။

"ဟား ဟား ဟား"

နန္းေစာရွင္ ရယ္သံေၾကာင့္ အိမ္ေရွ႕မင္းကမ်က္ခုံးတစ္ဖက္ပင့္ကာ တစ္ခ်က္ၾကည့္လာၿပီး‌ အလ်င္အျမန္ပင္ မိေခ်ာင္းေစာင္းထံ အၾကည့္ပို႔လိုက္သည္။အိမ္ေရွ႕မင္းက မ်က္လုံးမွိတ္ကာေစာင္းသံကို အျပည့္အဝခံစားလိုက္ေသးသည္။
နန္းေစာရွင္ အိမ္ေရွ႕မင္းေရွ႕ ေဆာင့္ေၾကာင့္ထိုင္ကာ ရယ္ေမာရင္း ေျပာလိုက္သည္။

"အိမ္ေရွ႕မင္း ဘာလုပ္ေနတာပါလဲ"

နန္းေစာရွင္ရဲ႕စကားသံေလးက ရယ္သံစြက္ေနေသာေၾကာင့္ ဗညားသတိုး ေစာင္းႀကိဳးကိုခပ္ၾကမ္းၾကမ္းတီးကာ ေတးသံကိုအဆုံးသတ္လိုက္သည္။

"အဟမ္း နန္းေစာရွင္ၿပဳံးၿပီ"

"ဘာကို"

"သႀကၤန္ခါ‌ၿပီးေလထဲက နန္းေစာရွင္ မေပ်ာ္မရႊင္ျဖစ္ေလတာေလ အဲ့တာကိုယ္ေတာ္စိတ္ပူလို႔"

"အဲ့တာေၾကာင့္ ေစာင္းတီးျပတာလား"

"ဟုတ္ပ"

နန္းေစာရွင္ အိမ္ေရွ႕မင္းရဲ႕အျပဳအမူေၾကာင့္ ရင္ထဲ ေပ်ာ္ရႊင္သြားမိသလို တစ္ခ်ိန္ထဲမွာပင္ ဝမ္းနည္းသြားမိသည္။ေနာက္သုံးႏွစ္‌ေနရင္ သည္ေရွ႕ကလူသားကို ထားသြားရမည္မဟုတ္ပါလား။

သူ့ကိုအဆုံးစြန္ထိ ခ်စ္ျမတ္ႏိုးေပးသည့္ သည္လူသားက သူ့ေၾကာင့္နာက်င္ရေပေတာ့မည္။

နန္းေစာရွင္ အေတြးမ်ားေနတုန္း အိမ္ေရွ႕မင္းကနန္းေစာရွင္ရဲ႕ႏွာေခါင္းဖ်ားေလးကို လက္ေလးႏွင့္တို႔သည္။

"ဘာေတြကိုစဉ္းစားေနတာလဲ အေမာင့္နန္းေစာရွင္ေလး"

"ကြၽန္ေတာ္မ်ိဳးက အိမ္ေရွ႕မင္းကို သစၥာေဖာက္မယ္ဆိုရင္ အိမ္ေရွ႕မင္း ကြၽန္ေတာ္မ်ိဳးကိုသတ္ေရာ့မယ္လား"

အိမ္ေရွ႕မင္းက ၿပဳံးသည္။ထိုအၿပဳံးထဲတြင္ နားလည္သည္းခံႏိုင္မႈ၊ခ်စ္ျမတ္ႏိုးမႈႏွင့္တန္ဖိုးထားမႈမ်ား ေရာေထြးေနသည္။နန္းေစာရွင္ရဲ႕လက္ကေလးကို ခပ္ဖြဖြဆုပ္ကိုင္ၿပီး။

"အေမာင့္နန္းေစာရွင္ေလး အေမာင့္ေမတၱာဟာနန္းေစာရွင္ဆို သစၥာတရားဟာလည္း နန္းေစာရွင္ပါ"

နန္းေစာရွင္က လွပလြန္းသည့္သမင္ပ်ိဳမ်က္ဝန္းေလးေတြႏွင့္ဗညားသတိုးကို အေသအခ်ာစိုက္ၾကည့္ေနသည္။

"ခ်စ္ျခင္းမွာ ခြင့္လႊတ္ျခင္းကပါဝင္ၿပီးသားျဖစ္လို႔ နန္းေစာရွင္ေလး ဘာကိုဘဲလုပ္လုပ္ အေမာင္နားလည္ေပးပါတယ္"

"အေမာင္ ကြၽန္ေတာ္မ်ိဳး.."

'သည္လိုဆို ဘယ္လိုအင္အားမ်ိဳးနဲ႔ အေမာင့္ကိုစြန္႔ခြာႏိုင္မတဲ့လဲ'

နန္းေစာရွင္ရဲ႕ရင္ထဲတင္းၾကပ္သြားၿပီး စိတ္ထဲေလးလံသြားသည္။

"နန္းေစာရွင္ တကယ္လို႔သစၥာေဖာက္ခ်င္ရင္ အေမာင့္ကိုေျပာစမ္းပါေလ"

"ဘာလုပ္မလို႔လဲ အေမာင္က"

"သစၥာေဖာက္ရလြယ္ကူေအာင္ အားနည္းခ်က္ေလးေတြေျပာျပမလို႔"

"ႀကီးျမတ္တဲ့ဟံသာဝတီစစ္နတ္ဘုရားမွာလည္း အားနည္းခ်က္ရွိေသးတယ္လား"

"ရွိတာေပါ႔ နန္းေစာရွင္ တစ္ခါၿပဳံးလိုက္ရင္ကို သည္လူမွာအခါခါေသ"

"အို ပိုလိုက္တာ"

"မပိုပါဘူး လိုေတာင္လိုေသး ကိုယ္ေတာ့္ကိုသတ္ဖို႔ဆိုဓားေတြလွံေတြမလို‌ဘူး နန္းေစာရွင္ရဲ႕အၿပဳံးေလးတစ္ခ်က္နဲ႔တင္ ကိစၥျပတ္ၿပီ"

"အေမာင့္ကေတာ့ေလ"

"နန္းေစာရွင္ေလး အေမာင့္ကို အနမ္းႏုႏုတစ္ပြင့္ေပးလိုက္ရင္မ်ား အေမာင္ေတာ့ ေန႔ေတြညေတြမွား‌သြားေလရဲ႕"

"ကဲ သည္ေလာက္ေတာင္ေျပာေနမွေတာ့ အင့္"

မြ။

နန္းေစာရွင္ အိမ္ေရွ႕မင္းရဲ႕ခံ့ညားသည့္ႏွဖူးျပင္ကို အနမ္းတစ္ခ်က္ ေပးလိုက္သည္။

ဗညားသတိုး ႏွဖူးေပၚက ႏူးညံ့အိစက္ေႏြးေထြးသည့္ခံစားခ်က္ေလးေၾကာင့္ ႏႈတ္ခမ္းေတြက အလြန္အမင္းေကာ့တက္လာသည္။ဗညားသတိုးေကာင္းကင္ႀကီးကို အလ်င္အျမန္ ၾကည့္လိုက္ၿပီး။

"အလို ေနမင္းႀကီးေတာင္ ေတာက္ပၿပီး ေန႔အခ်ိန္ေတာင္ ေရာက္ပါေပါ႔လား"

"ဟား ဟား အေမာင္ရယ္ ကြၽန္ေတာ္မ်ိဳးအူတက္ေရာ့ၿပီ"

"အလို ဘယ္ႏွယ့္ေၾကာင့္ အူတက္ရေလမတုန္း  တက္မယ့္တက္ ကိုယ္ေတာ့္ေပၚတက္"

အိမ္ေရွ႕မင္းစကားေၾကာင့္ နန္းေစာရွင္ရယ္သံေတြ ရပ္တန္႔သြားၿပီး မ်က္ႏွာေလးက နီရဲသြားသည္။

"နားရွက္စရာေတြ"

"သည္ထက္ပို နားရွက္စရာေကာင္းတဲ့အေၾကာင္းေတြလည္း ကိုယ္ေတာ္ ေျပာတတ္ပါ႔ ပါးစပ္နဲ႔ေတာ့မဟုတ္ေလဘူး....."

"ဖြားဖက္ေတာ္နဲ႔"

နန္းေစာရွင္ မ်က္ႏွာကေပါက္ကြဲမတတ္ နီရဲလာၿပီး ရွိသမွ်ေသြးေတြအကုန္ မ်က္ႏွာတြင္လာစုေနသည္ဟုထင္ရသည္။နန္းေစာရွင္ရဲ႕မ်က္လုံးေတြက အိမ္ေရွ႕မင္းရဲ႕ခါးပုံစထံ အၾကည့္ေရာက္သြားကာ အလ်င္အျမန္ပင္ အၾကည့္လြဲလိုက္သည္။

"အိမ္ေရွ႕မင္း အရွက္မရွိဘူးလား"

"ရွိပါ႔ ရွိပါ႔ ၾကည့္မလား ကိုယ္ေတာ့္အရွက္ဘယ္ေလာက္ႀကီးတယ္ဆိုတာ"

"အိမ္ေရွ႕မင္း ဘယ္လိုျဖစ္ေနေရာ့သလဲ"

"အလို ဘယ္ႏွယ့္ျဖစ္ေနလို႔တုန္းမရွိဘူးလားဆိုလို႔လဲျပရဦးမယ္"

"အိမ္ေရွ႕မင္း"

"ဟဲဟဲ ကိုယ္ေတာ္ကစတာပါ တကယ္ျပရမယ္ဆိုလည္း စိတ္ထဲမထားပါဘူး"

"အိမ္ေရွ႕မင္းသာ သည္လိုပုံမ်ိဳးဆိုတာကို တိုင္းသူျပည္သားေတြ ျမင္လို႔ကေတာ့ဟိုးေလးတေက်ာ္ ျဖစ္ေလေရာ့မယ္"

"ဘယ္လိုပုံမ်ိဳးလဲ"

"သည္လို အရွက္မရွိတဲ့ပုံမ်ိဳး"

"အလို ကိုယ္ေတာ့္ရဲ႕အရွက္မရွိတဲ့ပုံကို နန္းေစာရွင္ကလြဲၿပီး ဘယ္သူ့ကိုျပရေလမွာတုန္း"

"ေတာ္ၿပီ ေတာ္ၿပီ အိမ္ေရွ႕မင္းသြားေလေရာ့ ကြၽန္ေတာ္မ်ိဳးအိပ္ေတာ့မယ္"

"စက္ရာကိုတစ္ဦးထဲဝင္ရမွာ အပ်င္းေလဘူးလား အေဖာ္ေလးဘာေလးပါေတာ့ အပ်င္းေျပေလတာေပါ႔"

"ဪ အိမ္ေရွ႕မင္းက စက္ရာဝင္ရာမွာအပ်င္းေျပေစဖို႔ အေဖာ္ေတြေခၚထားတတ္တယ္ထင္ပါ႔"

နန္းေစာရွင္ ႏႈတ္ခမ္းတစ္စုံက တည္တင္းသြားၿပီး ထကာအိပ္ေဆာင္တံခါးကိုပိတ္ရန္ ႀကံလိုက္သည္။ဗညားသတိုး အလ်င္အျမန္ထရပ္ကာ အိပ္ေဆာင္တံခါးကို ခပ္တင္းတင္းကိုင္ထား၏။တံခါးရြက္ကေလးမွာ သန္မာသည့္ေယာက်ာ္းသားႏွစ္ဦးၾကားက လုံမပ်ိဳေလးလို ျဖစ္ေနကာ ဘယ္ဘက္ကိုလိုက္ရမွန္းမသိ ျဖစ္ေနေလသည္။

"အေမာင့္နန္းေစာရွင္ေလးက သဝန္တိုတယ္ေပါ႔ ဟား ဟား"

"မဟုတ္ပါဘူး အဲ့သည္အ‌ပ်င္းေျပေတြနဲ႔သာအိမ္ေရွ႕မင္း သြားအိပ္ပါ"

"အလိုကြယ္ အေမာင့္နန္းေစာရွင္ေလးတစ္ေယာက္လုံးရွိေနတာ အေမာင္က တစ္ပါးသူေတြနဲ႔အိပ္ဝံ့ပါ႔မလား"

"မရွိရင္ေတာ့ အိပ္ဝံ့တယ္ေပါ႔"

"မအိပ္ဝံ့ပါဘူး အေမာင္ကနန္းေစာရွင္နဲ႔မွ ျဖစ္တာ"

"အဟင္း ဖယ္ ကြၽန္ေတာ္မ်ိဳးအိပ္ေတာ့မယ္"

"ဟင့္အင္း မဖယ္ဘူး သည္ညမိေခ်ာင္းေစာင္းတီးျပ"

အိမ္ေရွ႕မင္းက တံခါးမွဖယ္ေပးရန္စိတ္ကူးမရွိေလတာေၾကာင့္ နန္းေစာရွင္ စိတ္ေလွ်ာ့လိုက္သည္။

"မိေခ်ာင္းေစာင္းကိုင္ၿပီးဝင္ခဲ့"

"မွန္ပါ မွန္ပါ အေမာင့္ရဲ႕အရွင္သခင္ေလးအမိန္႔အတိုင္းပါ"

နန္းေစာရွင္ နားရြက္ေလးေတြက နီရဲလာကာ သလြန္ေပၚ အလ်င္အျမန္ထိုင္လိုက္သည္။အိမ္ေရွ႕မင္းစကားေၾကာင့္ နန္းေစာရွင္ေတာ့ ၾကာရင္မ်က္ႏွာပင္ ရွိေတာ့မည္မဟုတ္။အပူလြန္ၿပီး အေငြ႕ပ်ံ႕ကာ ေပ်ာက္ကြယ္သြားေတာ့မည္။

'ၾကည့္ ၾကည့္ မိေခ်ာင္း‌ေစာင္းကိုင္ျပဝင္လာပုံကမႈိရတဲ့မ်က္ႏွာနဲ႔ ၿပဳံးၿဖီးေနလိုက္တာမ်ား'

ဗညားသတိုး မိေခ်ာင္းေစာင္းကို သလြန္ေပၚတင္ၿပီး သလြန္ေဘးက ကြၽန္းထိုင္ခုံေပၚတြင္ အလိုက္တသိေလးထိုင္လိုက္သည္။

နန္းေစာရွင္ အိမ္ေရွ႕မင္းရဲ႕ခ်စ္ျခင္းအျပည့္ပါသည့္အၾကည့္ေတြကို လစ္လ်ဴရႈကာ မိေခ်ာင္းေစာင္းႀကိဳးေပၚ လက္တင္လိုက္သည္။နန္းေစာရွင္ရဲ႕လက္ေခ်ာင္းသြယ္သြယ္ေလးေတြ ေစာင္းႀကိဳးေပၚျဖတ္ေျပးသြားတာႏွင့္ သာယာလြန္းသည့္ေစာင္းသံက ပ်ံ႕လႊင့္လာသည္။ေစာင္းသံကၿငိမ့္ေညာင္းကာ ၾကည္ႏူးေစသည္။

ေစာင္းသံက ဗညားသတိုးရဲ႕စိတ္ႏွလုံးသားတစ္ခုလုံးကို ကိုင္လႈပ္သြားၿပီး ႏွစ္ေျမာသြားေစသည္။နန္းေစာရွင္ လက္မွျဖစ္သည့္ေစာင္းသံက ဆန္းျပားသည္။တစ္ခါတစ္ရံ ဝမ္းနည္းဖြယ္ေကာင္းၿပီး တစ္ခါတစ္ရံ‌ ၾကည္ႏူးဖြယ္ေကာင္း၏။တစ္ခါတစ္ရံ ေၾကကြဲဖြယ္ေကာင္းၿပီး တစ္ခါတစ္ရံတြင္ေတာ့ လြမ္းေမာဖြယ္ေကာင္းေလသည္။

ဗညားသတိုး တလေမနန္းရဲ႕ေစာင္းသံက နန္းေစာရွင္ေလးရဲ႕ေစာင္းသံကိုမမွီဟု သတ္မွတ္လိုက္သည္။ေစာင္းႀကိဳးေပၚတြင္ ကခုန္ေနသည့္နန္းေစာရွင္ရဲ႕လက္ေခ်ာင္းကေလးမ်ားက လြန္စြာလွပလြန္းကာ ေစာင္းႏွင့္လိုက္ဖက္လြန္းသည္။တစ္ခ်က္ကခုန္လိုက္တိုင္း ပန္းေပါင္းတစ္ေထာင္ ပြင့္လန္းသြားေစသည့္ေတးသံေလးေတြ ထြက္ေပၚလာသည္။နန္းေစာရွင္က တကယ့္ကို‌ေစာင္းအတတ္၌ ပါရမီထူးသည္။ေစာင္းတီးေနရသည့္အခ်ိန္မ်ားတြင္ နန္းေစာရွင္ရဲ႕မ်က္လုံးမ်ားက တလက္လက္ေတာက္ပေနတတ္သည္။ဗညားသတိုး နန္းေစာရွင္ရဲ႕လက္ေခ်ာင္းေလးမ်ားကို ႏွေမ်ာသလိုခံစားလိုက္ရသည္။

သည္လက္ေခ်ာင္းလွလွေလးေတြက ဓားအစား ေစာင္းကိုသာ ကိုင္ခဲ့သင့္တာ။

နန္းေစာရွင္ တလေမနန္းမင္းသမီးထံမွ မိေခ်ာင္းေစာင္းတီးသင္ခဲ့တာက မွန္ကန္တယ္လို႔ ခံစားရသည္။မိေခ်ာင္းေစာင္းက သုံးႀကိဳးတပ္တူရိယာျဖစ္ၿပီး စူးရွသည့္အသံလြင္လြင္ကို ဖန္တီးေပးႏိုင္သည္။အသံမ်ားကိုလည္း အေရႊ႕အေျပာင္းလုပ္ကာ တီးခတ္ႏိုင္ေသးသည္။မြန္တို႔႐ိုးရာမိေခ်ာင္းေစာင္းက ထူးျခားဆန္းျပားလွပသည့္တူရိယာတစ္မ်ိဳးပင္။

လွပသည့္ေတးသံေတြကို ဖန္တီးရတာက နန္းေစာရွင္အတြက္ ေပ်ာ္စရာေကာင္းသည္။နန္းေစာရွင္ ေစာင္းႀကိဳးေပၚ အားထည့္တီးခတ္ေနတုန္း ေစာင္းႀကိဳးတစ္ေခ်ာင္းက တင္းခနဲျဖစ္သြားကာ ျပတ္ထြက္သြားသည္။နန္းေစာရွင္ရဲ႕လက္ညိဳးထိပ္တြင္လည္း ရွရာအေသးစားေလးျဖစ္တည္လာၿပီး ေသြးစက္တခ်ိဳ႕က ေစာင္းေပၚက်သြားသည္။

ဗညားသတိုး စိတ္ပူကာနန္းေစာရွင္ရဲ႕လက္ကေလးကို ဆုပ္ကိုင္လိုက္သည္။ေၾကးမုံျပင္တင္ထားသည့္ကြၽန္းစားပြဲ‌ႀကီးေပၚက ပိုးပဝါစကိုအလ်င္အျမန္ယူလိုက္ၿပီး နန္းေစာရွင္ရဲ႕လက္‌ထိပ္ကေလးကို ရစ္ပတ္လိုက္သည္။

"ေတာင္းပန္ပါတယ္ အေမာင္ကေစာင္းသံနားေထာင္လိုတာကို ကြၽန္ေတာ္မ်ိဳးကဖ်က္ဆီးလိုက္မိေလၿပီ"

"အဆင္ေျပပါတယ္ ေစာင္းသံကအဓိကမွမဟုတ္ေလတာဘဲ"

"ဒါဆို ဘာလို႔ေစာင္းတီးခိုင္းေရာ့တာလဲ"

"အေမာင့္နန္းေစာရွင္က ေစာင္းတီးေနရတဲ့အခ်ိန္ ေပ်ာ္ရႊင္ေနတဲ့ပုံစံေလးကိုျမင္လိုလိုေပါ႔"

"တလေမနန္းမင္းသမီးထံ ေစာင္းတီးသင္ခိုင္းတာက"

"အဲ့သည္အခ်ိန္တုန္းက နန္းေစာရွင္ေလးကစစ္ေရး ေလ့က်င့္ရတာေၾကာင့္ စိတ္ပင္ပန္းေနေလတယ္ေလ ေစာင္းတီးေနရရင္ အနည္းငယ္‌မ်ားစိတ္ေပါ႔ပါးသြားမလားဆိုၿပီး သင္ခိုင္းတာပါ"

နန္းေစာရွင္ အိမ္ေရွ႕မင္း ေစာင္းအတတ္ခိုင္းသည္က ေစာင္းသံကိုႏွစ္သက္ေသာေၾကာင့္လို႔ ထင္ခဲ့မိသည္။တကယ္ေတာ့ အိမ္ေရွ႕မင္း စီစဉ္သမွ်က နန္းေစာရွင္အတြက္သာ။

နန္းေစာရွင္ ရင္ထဲသိမ့္ခနဲၾကည္ႏူးသြားသလို အိမ္ေရွ႕မင္းရဲ႕အခ်စ္ကိုလည္း အံ့ဩသြားရသည္။

"အေမာင္ရယ္"

ဗညားသတိုး နန္းေစာရွင္ရဲ႕စကားသံေလးက တုန္ယင္ေနတာကို သတိထားမိတာေၾကာင့္ ၿပဳံးလိုက္သည္။

"ေစာင္းႀကိဳးေနရာမွာ ကိုယ္ေတာ္သာဆို နန္းေစာရွင္စိတ္ႀကိဳက္တီးလို႔ရပါ႔ အိုကြယ္ ေမွာက္ၿပီးတီးတီးလွန္ဘဲတီးတီး စိတ္ႀကိဳက္ စိတ္ႀကိဳက္"

"အိမ္ေရွ႕မင္း အေမာင္ဟာေလ စကားအေကာင္းကိုဆိုလို႔မရဘူး"

"ဟဲဟဲ"

နန္းေစာရွင္ အိမ္ေရွ႕မင္းလက္ထဲမွ မိမိလက္ကိုဆြဲထုတ္ကာ မိေခ်ာင္းေစာင္းကို အသာအယာပြတ္သပ္လိုက္သည္။

"မိေခ်ာင္းေစာင္းရာဇဝင္ကလည္း သိပ္သနားဖြယ္ေကာင္းတာဘဲ"

"ဘာျဖစ္လို႔ပါလိမ့္"

"ရွင္ေမြ႕ႏြန္းနဲ႔မင္းနႏၵာတို႔ခ်စ္သူႏွစ္ဦး ေတြ႕ဆုံဖို႔ငမိုးရိပ္မိေခ်ာင္းက အရွင္သခင္မင္းနႏၵာကို ေက်ာေပၚသယ္ေဆာင္လို႔ ေခ်ာင္းကိုေက်ာ္ျဖတ္ၿပီးပို႔ေဆာင္ရတယ္ေလ တျခားမိေခ်ာင္းေတြ ရန္ေၾကာင့္အာခံတြင္းထဲငုံကာ ကာကြယ္ေပးလိုက္ရတာေၾကာင့္ မင္းနႏၵာမင္းသားကေသပြဲဝင္ရရွာတယ္"

နန္းေစာရွင္က မိေခ်ာင္းေစာင္းကိုၾကည့္ေနရာမွ အိမ္ေရွ႕မင္းကို ၾကည့္လိုက္ၿပီးစကားဆက္သည္။

"သားေတာ္ဆုံးပါးသြားလို႔ ရာမညတိုင္းျပည္ ဒဂုံၿမိဳ႕ကိုအုပ္စိုးတဲ့ ဥကၠလာပမင္းႀကီးက မိေခ်ာင္းေစာင္းကိုျပဳလုပ္ေစၿပီး ထီးသုံးနန္းသုံးအျဖစ္အသုံးျပဳေစခဲ့တာ‌တဲ့ေလ ဒ႑ာရီေလးကေဆြးေျမ့ဖြယ္ မေကာင္းဘူးလား"

အိမ္ေရွ႕မင္းကမိေခ်ာင္းေစာင္းကိုေလးေလးနက္နက္ၾကည့္လိုက္ၿပီးေတြးေတြးဆဆေျပာေလသည္။

"အေမာင္သာဆိုလည္း နန္းေစာရွင္ကို ေတြ႕ဖို႔ဆို ဘယ္ေလာက္ေဝးေဝး အႏၲာရယ္ဘယ္ေလာက္မ်ားမ်ား ေရာက္ေအာင္လာေလမွာ"

"အသက္အႏၲာရယ္ရွိရင္ေရာ"

"နန္းေစာရွင္ကိုေတြ႕ခြင့္ရမယ္ဆို ဘာကိုဘဲရင္းရရင္းရ ထိုက္တန္ေလတယ္"

"အေမာင့္အခ်စ္က အဲ့သည္ေလာက္ေတာင္ေပါ႔"

"ဟား ဟား ဟား ရွင္ေမႊ႕ႏြန္းနဲ႔မင္းနႏၵာေတာင္ အေမာင့္အခ်စ္ကိုျမင္ရင္ သိမ္ငယ္ကုန္မယ္"

ဗညားသတိုးက ရယ္‌ေမာကာေျပာေတာ့ နန္းေစာရွင္ေလးက နားရြက္ေလးေတြနီကာ ခပ္ဟဟရယ္ေလသည္။ဗညားသတိုး နန္းေစာရွင္ရဲ႕လက္ကေလးကို ကိုင္ကာေသြ႕စို႔ေနသည့္လက္ေခ်ာင္းေလးကို နမ္းလိုက္သည္။

နန္းေစာရွင္ရဲ႕ရယ္သံေတြက အိမ္ေရွ႕မင္းရဲ႕ေလးနက္သည့္အၾကည့္ေၾကာင့္ ရပ္တန္႔သြားရၿပီး ရင္ခုန္သံေတြျမန္လာသည္။အိမ္ေရွ႕မင္းက နန္းေစာရွင္ရဲ႕လက္ကေလးကို ကိုင္ၿပီး ဘယ္ဘက္ရင္အုံတည့္တည့္ေပၚ လက္ဖဝါးအပ္ေစလိုက္သည္။နန္းေစာရွင္ လက္ဖဝါးမွတဆင့္ ျပင္းျပင္းထန္ထန္ခုန္ေပါက္ေနသည့္ႏွလုံးသားကို ခံစားရသည္။အပူရွိန္က အိမ္ေရွ႕မင္းရင္ဘတ္မွတဆင့္ နန္းေစာရွင္ လက္ဖဝါးေပၚ ကူးစက္လာၿပီး မ်က္ႏွာတစ္ခုလုံးကို ပူေလာင္လာေစသည္။

အိမ္ေရွ႕မင္းက နန္ေစာရွင္မ်က္လုံးေတြကို စူးစူးစိုက္စိုက္ၾကည့္ကာ ေလးနက္ညိဳ႕ျငင္သည့္အသံႏွင့္ေျပာေလသည္။

"အေမာင့္နန္းေစာရွင္ရယ္ အတိတ္ဘဝကဆုေတာင္းမ်ားေကာင္းခဲ့ေလသလား ဒါမွမဟုတ္ အေမာင္ကဘဲက်ိန္စာသင့္ခဲ့ေလတာလား
အေမာင့္မွာနန္းေစာရွင္ရဲ႕ေျခဖမိုးေလးျမင္႐ုံနဲ႔တင္ အမူးမူးအေမ့ေမ့"

"အေမာင္"

"နန္းေစာရွင္ရဲ႕မ်က္ႏွာေလး ၾကည္သာေနရင္
အေမာင့္ေလာကႀကီးလွပသြားၿပီး နန္းေစာရွင္ရဲ႕မ်က္ႏွာေလး ညိဳးငယ္ေနရင္ေတာ့ အေမာင့္ ေလာကႀကီး ေမွာင္မိုက္သြားေလတယ္"

"......"

"အေမာင့္ရဲ႕ေလာကႀကီးက နန္းေစာရွင္အေပၚမူတည္ေနသလိုမ်ိဳး အေမာင့္ရဲ႕ႏွလုံးသားေလးကစ ကိုယ္ခႏၶာတစ္ခုလုံး နန္းေစာရွင္ထံ အပ္ႏွင္းထားလိုတယ္"

နန္းေစာရွင္ အိမ္ေရွ႕မင္းရဲ႕စကားေတြေၾကာင့္  မွိန္းေမာသြားကာ ဘာစကားမွပင္ ျပန္မေျပာႏိုင္ပါေခ်။အရာအားလုံးက ေႏွးေကြးတိတ္ဆိတ္သြားၿပီး‌ ကညင္ဆီမီးေရာင္ ဝါၾကင္ၾကင္ဝန္းက်င္တြင္ တစ္ေယာက္ရင္ခုန္သံကို တစ္ေယာက္ၾကားေနရသည္။ဗညားသတိုး သူ့ကိုေငးေမာၾကည့္ေနသည့္ နန္းေစာရွင္ရဲ႕မ်က္ဝန္းနက္နက္ကေလးေတြကို စူးစိုက္ၾကည့္ရင္းမ်က္ေတာင္ခ်င္း ထိမိႏိုင္သည္အထိ နီးကပ္သြားလိုက္သည္။

ဗညားသတိုး အိစက္ႏူးညံ့သည့္ႏႈတ္ခမ္းတစ္စုံကို အမိအရထိကပ္လိုက္ကာ ခ်ိဳၿမိန္သည့္အရသာေလးေတြကို ခံစားလိုက္သည္။ဗညားသတိုး နန္းေစာရွင္ရဲ႕ေခါင္းေလးကို ထိန္းကိုင္ကာ ပထမအနမ္းထက္ ျပင္းျပသည့္အနမ္းေတြကို ေပးသည္။နန္းေစာရွင္ကလည္း ဗညားသတိုးရဲ႕ပူေလာင္သည့္အနမ္းေတြကို ခံယူရင္း မ်က္လႊာေလးခ်လိုက္သည္။

ဗညားသတိုးႏွင့္နန္းေစာရွင္ရဲ႕အနမ္းေတြက ပူေလာင္ျပင္းျပလာကာ သလြန္ေပၚရွိ အိစက္သည့္ဖဲေမြ႕ယာေပၚ လဲက်သြားသည္။ဗညားသတိုး  ရင္ထဲမွဆႏၵမီးေတာက္က အရွိန္ျပင္းျပင္းေတာက္ေလာင္ေနၿပီး နန္းေစာရွင္လည္း ထိုနည္းတူပင္။

ဟိုအရင္က ႏွစ္ဦးသားရဲ႕ခ်စ္ျခင္းက ေႏြးေထြးသည့္ေႏြဦးေလးဆို ယခုအခ်ိန္ရဲ႕ခ်စ္ျခင္းေတြက ပူျပင္းသည့္ေႏြလယ္မီး။

႐ုတ္တရက္ ဗညားသတိုး အသိဝင္လာကာ နန္းေစာရွင္ရဲ႕ႏႈတ္ခမ္းေလးကို လြတ္ေပးလိုက္ၿပီး အလ်င္အျမန္ ထထိုင္လိုက္သည္။ဗညားသတိုး နန္းေစာရွင္ကို ေက်ာေပးထိုင္ၿပီး မိေခ်ာင္းေစာင္းကို ေပါင္ေပၚတင္လိုက္သည္။

ဗညားသတိုး သလြန္ေပၚလဲေနသည့္နန္းေစာရွင္ကို လွည့္မၾကည့္ရဲ။ယခုအခ်ိန္တြင္ နန္းေစာရွင္ေလးရဲ႕ႏႈတ္ခမ္းေလးေတြက နီရဲစိုျမေနကာ ပါးေလးေတြ နားရြက္ေလးေတြက နီျမန္းေနလိမ့္မည္။သည္လိုအခ်ိန္ လွည့္ၾကည့္မိပါက သမာဓိက်ိဳးေပါက္ေပေတာ့မည္။

"အေမာင္"

နန္းေစာရွင္ေလးရဲ႕ေခၚသံက ေပ်ာ့ေပ်ာင္းေနကာ ဗညားသတိုး စိတ္ကိုခပ္တင္းတင္းထားလိုက္သည္။

"စက္ရာဝင္ေပေတာ့နန္းေစာရွင္ အေမာင္သြားေတာ့မယ္"

"မွန္ မွန္ပါ႔"

ဗညားသတိုး မိေခ်ာင္းေစာင္းကို ပိုက္ကာ ေနာက္လွည့္မၾကည့္ဘဲ အိပ္ေဆာင္ထဲမွအလ်င္အျမန္ ေျပးထြက္သြားသည္။အခန္းထဲမွ နန္းေစာရွင္ကေတာ့ မည္သို႔မည္ပုံရွိမည္မသိ။အိပ္ေဆာင္ျပင္ပမွ ေလထုက ေအးျမေနေပမယ့္ ဗညားသတိုးရဲ႕ရင္ထဲမွ အပူမီးေလးကအနည္းငယ္မွ်ပင္ ေလွ်ာ့က်မသြား။ဗညားသတိုး  မိေခ်ာင္းေစာင္းကို အိပ္ေဆာင္ထဲရွိကြၽန္းသလြန္ေပၚတင္ၿပီး ဝတ္လဲေတာ္ပုဆိုးကိုယူကာ ေရခ်ိဳးေဆာင္ေတာ္ကို‌ ေျခသုတ္တင္ေလေတာ့သည္။

Continue Reading

You'll Also Like

234K 37.8K 63
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
556K 64.9K 185
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
82.5K 5.5K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
83.7K 4.4K 20
"Play boyတစ္​​ေယာက္​က အခ်စ္​စစ္​ကို မ​ေတြ႕ရဘူးတဲ့လား နႈိင္​းး ငါမင္​းကိုတကယ္​ခ်စ္​တာ" "မင္​းလိုplay boyတ​ေယာက္​နႈတ္​က ထြက္​လာတဲ့ ခ်စ္​တယ္​ဆိုတာကို ငါ...