Zawgyi
အပိုင္း (၇၉၁) – သူတုိ႔၏ စိုးရိမ္မႈ
"ဒါဘာလဲ" စူးေရွာင္ေရွာင္သည္ စကၠဴငွက္ကိုဖမ္းမည္လုပ္ေသာ္လည္း ငွက္သည္ အရွိန္ျမင့္ျပီး ေရွာင္ လုိက္ကာ ရွီမာယူယူေရွ႕တြင္ က်သြားသည္။
"ဒါက ရွန္ယိရဲ႕ စကၠဴငွက္ပဲ" ရွီမာယူယူသည္ လက္ဆန္႔ကာယူ ျပီးေနာက္ လက္ဖဝါးေပၚတင္လုိက္သည္။ သူမသည္ ဝိဥာဥ္စြမ္းအင္ ထည့္လိုက္ရာ ပံုမွန္စကၠဴငွက္အျဖစ္ေျပာင္းသြားေလသည္။
"ကုန္ေတာင္ၾကားက စကၠဴကို ဝိဥာဥ္သားရဲအျဖစ္ေျပာင္းႏုိင္ တယ္ဆိုတာ အမွန္ပဲထင္တယ္" က်န္းက်ဴက်ိသည္ စကၠဴငွက္ကိုၾကည့္ျပီး ေရရြတ္ေလသည္။
ရွီမာယူယူသည္ စာရြက္ျဖန္႔ၾကည့္ျပီး အေပၚပိုင္းတြင္ေရးထားေသာ စာမ်ားကိုဖတ္ကာ "ကၽြန္ေတာ္ အျပင္ခဏေလာက္သြားလိုက္ဦးမယ္"
"အခုလား"
"သူတို႔ ကၽြန္ေတာ့္ကို ေစာင့္ေနၾကတယ္၊ ျပီးေတာ့ အနီေရာင္ ေတာင္ထိပ္မွာတုန္းကေတြ႕ခဲ့တဲ့ သူငယ္ခ်င္းေတြကလည္း စိတ္ပူေနၾကလုိ႔ သူတို႔ကိုလည္းေတြ႕ရဦးမယ္၊ သူတုိ႔က ဖက္တီးက်ဴနဲ႔လုိက္လာၾက တာ အဲဒါေၾကာင့္ သူတုိ႔ကိုလည္းေတြ႕ရဦးမယ္" ရွီမာယူယူ ေျပာလုိက္သည္ "စီနီယာ ဒီဟာေတြကိုသိမ္းဖို႔ ဒုကၡေပးရ ေတာ့မယ္"
"အင္း သြားလုိက္" စူးေရွာင္ေရွာင္ေခါင္းညိမ့္လုိက္သည္။
"ျမန္ျမန္သြား ျမန္ျမန္ျပန္လာ၊ မင္းျပန္လာရင္ ငါတို႔အေသးစိတ္ ေဆြးေႏြးၾကမယ္" ဟန္႔ေျမာင္ရႊမ္ ေျပာလုိက္သည္။
"အင္း"
"မင္း ဒီအတိုင္းသြားမလုိ႔လား အျပင္မွာ ေက်ာင္းသားေတြဝိုင္းေနမွာ မေၾကာက္ဘူးလား"
ရီွမာယူယူသည္ ေခတၱမွ်စဥ္းစားျပီးေနာက္ ဟိန္းသံေထာင္ခ်ီ အားေခၚထုတ္လုိက္သည္။ သူမသည္ သူႏွင့္ ေပါင္းစပ္လုိက္ရာ ပံုစံ လံုးဝေျပာင္းသြားေလသည္။
"ကၽြန္ေတာ္သြားျပီ" သူမသည္ အဝတ္မ်ားကို ျဖန္႔ျပီးေနာက္ ခြဲခြာျခင္း ဥယ်ာဥ္မွ ေျခလွမ္းက်ဲမ်ားျဖင့္ ထြက္သြားေလသည္။
"ရီွမာမ်ိဳးႏြယ္ရဲ႕ ဝိဥာဥ္အရည္အခ်င္းေပါင္းစပ္မႈ..." က်န္းက်ဴက်ိ ေရရႊတ္လိုက္သည္ "ဂ်ဴနီယာညီေလးဆီမွာ ဖံုးထားတဲ့ လွ်ိဳ႕ဝွက္ခ်က္ ေတြမ်ား တာပဲ"
"အစ္ကိုလည္း သတိထားမိလား" ဟန္႔ေျမာင္ရႊမ္ ေမးလုိက္သည္။
"သိသာေနတာပဲကို ဘယ္လိုလုပ္မသိရမွာလဲ" က်န္းက်ဴက်ိ ေျပာလုိက္ သည္ "ဂ်ဴနီယာညီေလးက အဲဒီ ရွီမာမ်ိဳးႏြယ္နဲ႔ ဘယ္လိုပတ္သတ္တာ လဲမသိဘူး"
"ဂ်ဴနီယာေမာင္ေလးက အနိမ့္ပိုင္းတုိင္းျပည္ကလာက ဒီအခ်က္က ေတာ့ရွင္းတယ္၊ ဒါေပမဲ့ ရီွမာမ်ိဳးႏြယ္ကလည္း အဲဒီဝိဥာဥ္က်မ္းကို မျဖန္႔တာလည္း အမွန္ပဲ၊ သူတို႔သာ ဂ်ဴနီယာေမာင္ေလးရွိတာကို သိရင္ ဘယ္လိုလုပ္မလဲ မသိဘူး" ဟန္႔ေျမာင္ရႊမ္သည္ စိုးရိမ္စြာေျပာေလသည္။
"ဘာေတြစိုးရိမ္ေနတာလဲ" က်န္းက်ဴက်ိသည္ အက်ႋလက္မ်ားကို ေဝ့ရမ္းလုိက္သည္ "ငါတုိ႔ ဆရာက ခံတတ္တဲ့လူမဟုတ္ဘူး သူတို႔က ဂ်ဴနီယာညီေလးကို အႏုိင္က်င့္ရဲရင္ သူ႔အက်င့္အရ သူတို႔ကိုဖ်က္ဆီးပစ္မွာပဲ ျပီးခဲ့တဲ့ႏွစ္က ကိစၥက သက္ေသပဲ"
ဟန္႔ေျမာင္ရႊမ္သည္ ျပီးခဲ့သည့္ႏွစ္က သူမဆရာဟု ေအာ္ေခၚခဲ့သည့္ ကိစၥကို ျပန္ေတြးမိသည္။ သူမသည္ သူမမ်ိဳးႏြယ္အတြင္းတြင္ ေအးေအးခ်မ္းခ်မ္းမေနရသည္ကို သိသည္ႏွင့္ လူအမ်ားေရွ႕တြင္ သူမကို အႏုိင္ က်င့္ေသာလူမ်ားကို သတ္ပစ္ခဲ့သည္။ ထို႔ေနာက္တြင္ သူသည္ ထိုမ်ိဳးႏြယ္မွလူမ်ားႏွင့္ သူမႏွင့္ ပတ္သတ္မႈမရွိေတာ့ဟု ေျပာကာ သူမကို ေခၚလာခဲ့သည္။
ထိုအေၾကာင္းေတြးလိုက္ေသာအခါ သူမႏႈတ္ခမ္းတြင္ ျပံဳးေယာင္သမ္း သြားသည္။
"ဟုတ္တယ္ ဆရာက တကယ္ပဲ ကမာၻ႕အေကာင္းဆံုးဆရာပဲ"
"ဒါေပမဲ့ ဆရာက ဒီတစ္ေခါက္ထြက္သြားတာ နာမည္ျပားထားခဲ့တယ္၊ သတင္းဆိုးျဖစ္လိမ့္မယ္လို႔ ထင္တယ္" စူးေရွာင္ေရွာင္ ေျပာလုိက္သည္ "ဆရာဘယ္သြားတာလဲ"
"ဆရာက ဂ်ဴနီယာညီေလးရဲ႕ အသက္ကိုကယ္ဖို႔တစ္ခုခုသြားရွာတာ" က်န္းက်ဴက်ိ ေျပာလိုက္သည္။
ရႈဂ်င္းထြက္မသြားခင္ သူ ရႈဂ်င္းႏွင့္ စကားေျပာခဲ့သည္။ သူသည္ ထြက္သြားရသည့္အေၾကာင္းအရင္းႏွင့္ ကိစၥတစ္ခ်ိဳ႕ကိုေျပာသြားသည္။ သို႔ေသာ္ သူအေဝးကို သြားရွာမည္ဟုေျပာသြားသည္။ ဘာအတြက္ေၾကာင့္ဆို သည္ကိုေတာ့ ေျပာမသြားေပ။
"ဂ်ဴနီယာညီေလးက ဘာျဖစ္လို႔လဲ" စူးေရွာင္ေရွာင္ႏွင့္ ဟန္႔ေျမာင္ရႊမ္ တုိ႔သည္ တုန္လႈပ္သြားၾကသည္။
က်န္းက်ဴက်ိသည္ ေခါင္းရမ္းလုိက္သည္ "ဆရာက မေျပာျပဘူး၊ ဂ်ဴနီယာညီေလးကို ဂရုစိုက္ေပးဖုိ႔ပဲ ေျပာသြားတယ္"
"ဟူး..."
ရီွမာယူယူသည္ ပံုစံေျပာင္းကာ ခြဲခြာျခင္းဥယ်ာဥ္မွထြက္ခြာေလသည္။ သူမကုိျဖတ္သြားေသာ လူမ်ားကို အမွန္တကယ္ပင္ေတြ႕ေလသည္။ သူမ အားျမင္ေသာအခါ ၾကည့္ရံုသာၾကည့္သြားၾကျပီး သူမအား မွတ္မိျခင္းမရွိ ကာ ဆက္ေလွ်ာက္သြားၾကေလသည္။
တည္ေဆာက္မႈအား တာဝန္ယူထားသည္မွာ အရင္ကႏွစ္ေယာက္ ပင္ျဖစ္သည္။ ရီွမာယူယူလာသည္ကို ျမင္ေသာအခါ သူတုိ႔၏ မ်က္လံုးမ်ား သည္ စိတ္အားထက္သန္မႈမ်ားျပည့္သြားေသာ္လည္း ယြမ္ေရွာင္ဂ်ီေျပာခဲ့ သည့္စကားကိုအမွတ္ရသြားကာ သူတုိ႔အေတြးမ်ားကိုျပန္ရုတ္သိမ္းလုိက္ သည္။
"ယူယူ အျပင္သြားမလို႔လား" ေဝၾကီးသည္ ျပံဳးကာ ေမးလိုက္သည္။
"ဟုတ္တယ္ ကၽြန္ေတာ္ ကိစၥေလးေတြလုပ္စရာရွိေသးလုိ႔" ရီွမာယူယူ သည္ ရႈဂ်င္း၏ နာမည္ျပားထုတ္ ကာ ေဝၾကီးအားေပးလိုက္သည္။
ေဝၾကီးသည္ ယူကာ ခါတုိ္င္းလိုပင္ၾကည့္ျပီး သူမအား ျပန္ေပးကာ ေျပာေလသည္ "သြားလိုက္ ဂရုစိုက္ မင္းကိုသတ္ခ်င္တဲ့လူေတြ မ်ားေန တယ္ဆိုတာ မေမ့နဲ႔ဦး"
ရွီမာယူယူသည္ နာမည္ျပားကိုသိမ္းျပီး ျပံဳးကာ ေျပာလုိက္သည္ "သိပါတယ္ ဒါေပမဲ့ အဲလူေတြက ေကာင္းကင္ဂိုဏ္းမွာေတာ့ ျပႆနာမရွာရဲ ေလာက္ဘူးထင္ပါတယ္၊ စိတ္ပူေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"
သူမသည္ ျဖတ္လမ္းတည္ေဆာက္မႈေပၚတြင္ရပ္လိုက္ရာ ေဝေလး သည္ အသက္သြင္းလုိက္သည္ႏွင့္ သူမ ေပ်ာက္ကြယ္သြားေလသည္။
ရွီမာအိမ္ေတာ္တြင္ ရွီမန္ဖန္သည္ ရီွမာလိုင္ႏွင့္ စကား လက္ဆံု က်ေနသည္။ ကုန္ရွန္ယိသည္ ေဘးမွၾကည့္ေနသည္။ ရွီမာယူယူ ျပန္လာ သည္ကို သူမ ျမင္ေသာအခါ မတ္တပ္ရပ္ကာ သူမအား စစ္ေဆးေလသည္။
"အဆင္ေျပရဲ႕လား"
"ေကာင္းပါတယ္ ေနမေကာင္းတဲ့ပံုေပါက္ေနလုိ႔လား" ရွီမာယူယူ ျပံဳး လိုက္သည္။
"ယူယူ ဒဏ္ရာရထားတာလား" ရီွမာလိုင္သည္ ေလွ်ာက္လာကာ သူမ အား ေဘးသို႔ဆြဲျပီး စစ္ေဆးေလ သည္။
သူ႔အျပဳအမူကို ရီွမာယူယူျမင္ေသာအခါ အျဖစ္အပ်က္မ်ားကို မသိေၾကာင္းသိလုိက္သည္။
"အဘိုး သမီးအဆင္ေျပပါတယ္ နည္းနည္းပဲဒဏ္ရာရတာပါ"
"နည္းနည္းပဲဒဏ္ရာရတယ္ဟုတ္လား၊ နည္းနည္းပဲဒဏ္ရာရတယ္ဆိုရင္ေတာင္ အဘိုးကို သူတုိ႔က ဖံုးကြယ္ထား တာလား၊ အဲေကာင္ေလးေတြ အိမ္ျပန္ေရာက္ရင္သိတယ္၊ သူတုိ႔ကို ေသခ်ာ ေပါက္ ပညာေပးရမယ္" ရွီမာလိုင္ ေျပာလုိက္သည္။
ထိုေကာင္ေလးမ်ားသည္ ထိုေန႔က ထူးဆန္းသည္ကို သူသိသည္။ ရီွမာယူယူ ေနမေကာင္းသည္ကို ဖံုးကြယ္ထားသည့္ အခ်က္ျဖစ္ေနတာကိုး...
"အဘိုး သမီးအခုေနမေကာင္းတဲ့ပံုေပါက္ေနလို႔လာ" ရီွမာယူယူသည္ သူ႔လက္ေမာင္းကိုခ်ိတ္လုိက္သည္ "အစ္ကိုနဲ႔ တျခားသူေတြက အဘိုး စိတ္ပူမွာကိုသိလို႔ မေျပာျပခ်င္တာပါ၊ ျဖစ္ျပီးသြားတဲ့ကိစၥေတြေၾကာင့္ ေဒါသ ထြက္မေနနဲ႔ေတာ့ေနာ္"
သူမသည္ သူ႔လက္ေမာင္းအားပြတ္သပ္ကာ ခ်စ္စရာေကာင္းေအာင္ ျပဳမူေလသည္။
"မရပါဘူး သူတို႔ကို ပညာေပးမွရမယ္၊ မဟုတ္ရင္ ေနာက္လည္း ငါ့ကိုဖံုးကြယ္ထားၾကေတာ့မယ္" ရွီမာလိုင္ ႏွာမႈတ္ေလသည္။
"အဘိုး...." ရွီမာယူယူသည္ သူ႔လက္ေမာင္းအား ဆက္ပြတ္သပ္ ေလသည္။
သူ၏ ခ်စ္လွစြာေသာ အဖိုးတန္ေျမးမေလးမွ ထိုအတုိင္းျပဳမူသည္ကို ရီွမာလိုင္ျမင္ေသာအခါ စိတ္မဆိုးႏုိ္င္ေတာ့ေပ။ သူ သက္ျပင္းခ်ကာ ေမးလုိက္ သည္ "ဒဏ္ရာက ျပင္းထန္လား"
မျပင္းထန္ဘူးဆိုရင္ အစ္ကိုေတြက ဘယ္လိုလုပ္ဖံုးကြယ္ထားမလဲ...
ရွီမာယူယူ ေခါင္းညိမ့္ကာ ေျပာလိုက္သည္ "သမီး တေစၦမ်ိဳးႏြယ္နဲ႔ တိုက္ပြဲတိုက္တုန္းက ေသဆံုးျခင္း ေရာင္ဝါ ဝင္သြားတာ၊ ေသဆံုးျခင္း ေရာင္ဝါက သမီးခႏၶာကိုယ္ထဲမွာ အစပ်ိဳးသလိုျဖစ္သြားလို႔ ခဏေလာက္ ထိန္းခ်ဳပ္မရျဖစ္သြားတာ၊ အဲဒါေၾကာင့္ သူတုိ႔ ျပန္ေျပာဖုိ႔အခြင့္အေရး မရွိသြားတာ၊ ျပီးေတာ့ ဆရာက ဂိုဏ္းကို ျပန္ေခၚသြားျပီး ေက်ာင္းအုပ္နဲ႔ တျခားသူေတြက ကုေပးပါတယ္၊ အဲဒါေၾကာင့္ ဘာမွမဟုတ္ပါဘူး"
ရီွမာလိုင္သည္ သူမအား ၾကည့္ျပီး ေျပာလုိက္သည္ "အဘိုးမသိဘူးလုိ႔ တကယ္ထင္ေနတာလား၊ သမီး အဲလိုေျပာေနတဲ့အခ်ိန္မွာ ျပင္းထန္တယ္ဆို တာ သိျပီးျပီ အဲဒါကို ဘာမွမဟုတ္သလိုေျပာေနေသးတယ္"
"အဲဒါကလည္းျဖစ္ျပီးသြားျပီေလ အစ္ကိုေတြကလည္း သူငယ္ခ်င္း ေတြဆီက သတင္းၾကားလုိ႔ေလ သူတို႔လည္း ကိုယ္တုိင္ေတြ႕ရတာ မဟုတ္ဘူး၊ အဲဒါေၾကာင့္ သူတုိ႔ကမေျပာရဲတာပါ၊ သူတို႔ခ်ဲ႕ကားေျပာလိုက္လို႔ အဘိုးလန္႔သြားရင္ ဘယ္လိုလုပ္မလဲ" ရီွမာယူယူ သြားျဖဲျပလုိက္သည္။
"ေနာက္ကို သမီးနားမွာ ကပ္ေနမွရေတာ့မယ္" ရွီမာလိုင္ေျပာ လုိက္သည္ "အဘိုးက ဘာမွမလုပ္ႏုိင္တာ လည္းမဟုတ္ဘူး၊ အဘိုးဝိဥာဥ္ ေစတီထဲမွာ က်င့္ၾကံလုိ႔ရတယ္၊ သမီးနဲ႔ရွိေနမွစိတ္ခ်မယ္"
ရွီမာယူယူသည္ ေခတၱမွ်ေတြေဝျပီးေနာက္ ေခါင္းညိမ့္ျပီး ေျပာ လိုက္သည္ "ေကာင္းပါျပီ ဘယ္လိုပဲ ျဖစ္ျဖစ္ အဲမွာဆိုရင္ အခ်ိန္ပိုရတယ္ အဘိုးလည္း ျမန္ျမန္က်င့္ၾကံလို႔ရတာေပါ့၊ အဲမွာဆိုရင္ စကားေျပာမယ့္ လူမရွိေတာ့ အဘိုးပ်င္းမွာစိုးလို႔ပါ"
"ဒါဆိုရင္ အဘိုး သူတို႔၃ေယာက္ကိုရွာျပီး ေဆြးေႏြးလိုက္ဦးမယ္ သမီးတို႔လည္း စကားေျပာၾက အဘိုး မေႏွာင့္ယွက္ေတာ့ဘူး"
ရီွမာလိုင္သည္ ေျပာျပီးသည္ႏွင့္ ဆန္းမူယုႏွင့္ တျခားသူမ်ားကို သြားရွာေလသည္။
Unicode
အပိုင်း (၇၉၁) – သူတို့၏ စိုးရိမ်မှု
"ဒါဘာလဲ" စူးရှောင်ရှောင်သည် စက္ကူငှက်ကိုဖမ်းမည်လုပ်သော်လည်း ငှက်သည် အရှိန်မြင့်ပြီး ရှောင် လိုက်ကာ ရှီမာယူယူရှေ့တွင် ကျသွားသည်။
"ဒါက ရှန်ယိရဲ့ စက္ကူငှက်ပဲ" ရှီမာယူယူသည် လက်ဆန့်ကာယူ ပြီးနောက် လက်ဖဝါးပေါ်တင်လိုက်သည်။ သူမသည် ဝိဉာဉ်စွမ်းအင် ထည့်လိုက်ရာ ပုံမှန်စက္ကူငှက်အဖြစ်ပြောင်းသွားလေသည်။
"ကုန်တောင်ကြားက စက္ကူကို ဝိဉာဉ်သားရဲအဖြစ်ပြောင်းနိုင် တယ်ဆိုတာ အမှန်ပဲထင်တယ်" ကျန်းကျူကျိသည် စက္ကူငှက်ကိုကြည့်ပြီး ရေရွတ်လေသည်။
ရှီမာယူယူသည် စာရွက်ဖြန့်ကြည့်ပြီး အပေါ်ပိုင်းတွင်ရေးထားသော စာများကိုဖတ်ကာ "ကျွန်တော် အပြင်ခဏလောက်သွားလိုက်ဦးမယ်"
"အခုလား"
"သူတို့ ကျွန်တော့်ကို စောင့်နေကြတယ်၊ ပြီးတော့ အနီရောင် တောင်ထိပ်မှာတုန်းကတွေ့ခဲ့တဲ့ သူငယ်ချင်းတွေကလည်း စိတ်ပူနေကြလို့ သူတို့ကိုလည်းတွေ့ရဦးမယ်၊ သူတို့က ဖက်တီးကျူနဲ့လိုက်လာကြ တာ အဲဒါကြောင့် သူတို့ကိုလည်းတွေ့ရဦးမယ်" ရှီမာယူယူ ပြောလိုက်သည် "စီနီယာ ဒီဟာတွေကိုသိမ်းဖို့ ဒုက္ခပေးရ တော့မယ်"
"အင်း သွားလိုက်" စူးရှောင်ရှောင်ခေါင်းညိမ့်လိုက်သည်။
"မြန်မြန်သွား မြန်မြန်ပြန်လာ၊ မင်းပြန်လာရင် ငါတို့အသေးစိတ် ဆွေးနွေးကြမယ်" ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
"အင်း"
"မင်း ဒီအတိုင်းသွားမလို့လား အပြင်မှာ ကျောင်းသားတွေဝိုင်းနေမှာ မကြောက်ဘူးလား"
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ဟိန်းသံထောင်ချီ အားခေါ်ထုတ်လိုက်သည်။ သူမသည် သူနှင့် ပေါင်းစပ်လိုက်ရာ ပုံစံ လုံးဝပြောင်းသွားလေသည်။
"ကျွန်တော်သွားပြီ" သူမသည် အဝတ်များကို ဖြန့်ပြီးနောက် ခွဲခွာခြင်း ဥယျာဉ်မှ ခြေလှမ်းကျဲများဖြင့် ထွက်သွားလေသည်။
"ရှီမာမျိုးနွယ်ရဲ့ ဝိဉာဉ်အရည်အချင်းပေါင်းစပ်မှု..." ကျန်းကျူကျိ ရေရွှတ်လိုက်သည် "ဂျူနီယာညီလေးဆီမှာ ဖုံးထားတဲ့ လျှို့ဝှက်ချက် တွေများ တာပဲ"
"အစ်ကိုလည်း သတိထားမိလား" ဟန့်မြောင်ရွှမ် မေးလိုက်သည်။
"သိသာနေတာပဲကို ဘယ်လိုလုပ်မသိရမှာလဲ" ကျန်းကျူကျိ ပြောလိုက် သည် "ဂျူနီယာညီလေးက အဲဒီ ရှီမာမျိုးနွယ်နဲ့ ဘယ်လိုပတ်သတ်တာ လဲမသိဘူး"
"ဂျူနီယာမောင်လေးက အနိမ့်ပိုင်းတိုင်းပြည်ကလာက ဒီအချက်က တော့ရှင်းတယ်၊ ဒါပေမဲ့ ရှီမာမျိုးနွယ်ကလည်း အဲဒီဝိဉာဉ်ကျမ်းကို မဖြန့်တာလည်း အမှန်ပဲ၊ သူတို့သာ ဂျူနီယာမောင်လေးရှိတာကို သိရင် ဘယ်လိုလုပ်မလဲ မသိဘူး" ဟန့်မြောင်ရွှမ်သည် စိုးရိမ်စွာပြောလေသည်။
"ဘာတွေစိုးရိမ်နေတာလဲ" ကျန်းကျူကျိသည် အင်္ကျိလက်များကို ဝေ့ရမ်းလိုက်သည် "ငါတို့ ဆရာက ခံတတ်တဲ့လူမဟုတ်ဘူး သူတို့က ဂျူနီယာညီလေးကို အနိုင်ကျင့်ရဲရင် သူ့အကျင့်အရ သူတို့ကိုဖျက်ဆီးပစ်မှာပဲ ပြီးခဲ့တဲ့နှစ်က ကိစ္စက သက်သေပဲ"
ဟန့်မြောင်ရွှမ်သည် ပြီးခဲ့သည့်နှစ်က သူမဆရာဟု အော်ခေါ်ခဲ့သည့် ကိစ္စကို ပြန်တွေးမိသည်။ သူမသည် သူမမျိုးနွယ်အတွင်းတွင် အေးအေးချမ်းချမ်းမနေရသည်ကို သိသည်နှင့် လူအများရှေ့တွင် သူမကို အနိုင် ကျင့်သောလူများကို သတ်ပစ်ခဲ့သည်။ ထို့နောက်တွင် သူသည် ထိုမျိုးနွယ်မှလူများနှင့် သူမနှင့် ပတ်သတ်မှုမရှိတော့ဟု ပြောကာ သူမကို ခေါ်လာခဲ့သည်။
ထိုအကြောင်းတွေးလိုက်သောအခါ သူမနှုတ်ခမ်းတွင် ပြုံးယောင်သမ်း သွားသည်။
"ဟုတ်တယ် ဆရာက တကယ်ပဲ ကမ္ဘာ့အကောင်းဆုံးဆရာပဲ"
"ဒါပေမဲ့ ဆရာက ဒီတစ်ခေါက်ထွက်သွားတာ နာမည်ပြားထားခဲ့တယ်၊ သတင်းဆိုးဖြစ်လိမ့်မယ်လို့ ထင်တယ်" စူးရှောင်ရှောင် ပြောလိုက်သည် "ဆရာဘယ်သွားတာလဲ"
"ဆရာက ဂျူနီယာညီလေးရဲ့ အသက်ကိုကယ်ဖို့တစ်ခုခုသွားရှာတာ" ကျန်းကျူကျိ ပြောလိုက်သည်။
ရှုဂျင်းထွက်မသွားခင် သူ ရှုဂျင်းနှင့် စကားပြောခဲ့သည်။ သူသည် ထွက်သွားရသည့်အကြောင်းအရင်းနှင့် ကိစ္စတစ်ချို့ကိုပြောသွားသည်။ သို့သော် သူအဝေးကို သွားရှာမည်ဟုပြောသွားသည်။ ဘာအတွက်ကြောင့်ဆို သည်ကိုတော့ ပြောမသွားပေ။
"ဂျူနီယာညီလေးက ဘာဖြစ်လို့လဲ" စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ် တို့သည် တုန်လှုပ်သွားကြသည်။
ကျန်းကျူကျိသည် ခေါင်းရမ်းလိုက်သည် "ဆရာက မပြောပြဘူး၊ ဂျူနီယာညီလေးကို ဂရုစိုက်ပေးဖို့ပဲ ပြောသွားတယ်"
"ဟူး..."
ရှီမာယူယူသည် ပုံစံပြောင်းကာ ခွဲခွာခြင်းဥယျာဉ်မှထွက်ခွာလေသည်။ သူမကိုဖြတ်သွားသော လူများကို အမှန်တကယ်ပင်တွေ့လေသည်။ သူမ အားမြင်သောအခါ ကြည့်ရုံသာကြည့်သွားကြပြီး သူမအား မှတ်မိခြင်းမရှိ ကာ ဆက်လျှောက်သွားကြလေသည်။
တည်ဆောက်မှုအား တာဝန်ယူထားသည်မှာ အရင်ကနှစ်ယောက် ပင်ဖြစ်သည်။ ရှီမာယူယူလာသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများ သည် စိတ်အားထက်သန်မှုများပြည့်သွားသော်လည်း ယွမ်ရှောင်ဂျီပြောခဲ့ သည့်စကားကိုအမှတ်ရသွားကာ သူတို့အတွေးများကိုပြန်ရုတ်သိမ်းလိုက် သည်။
"ယူယူ အပြင်သွားမလို့လား" ဝေကြီးသည် ပြုံးကာ မေးလိုက်သည်။
"ဟုတ်တယ် ကျွန်တော် ကိစ္စလေးတွေလုပ်စရာရှိသေးလို့" ရှီမာယူယူ သည် ရှုဂျင်း၏ နာမည်ပြားထုတ် ကာ ဝေကြီးအားပေးလိုက်သည်။
ဝေကြီးသည် ယူကာ ခါတိုင်းလိုပင်ကြည့်ပြီး သူမအား ပြန်ပေးကာ ပြောလေသည် "သွားလိုက် ဂရုစိုက် မင်းကိုသတ်ချင်တဲ့လူတွေ များနေ တယ်ဆိုတာ မမေ့နဲ့ဦး"
ရှီမာယူယူသည် နာမည်ပြားကိုသိမ်းပြီး ပြုံးကာ ပြောလိုက်သည် "သိပါတယ် ဒါပေမဲ့ အဲလူတွေက ကောင်းကင်ဂိုဏ်းမှာတော့ ပြဿနာမရှာရဲ လောက်ဘူးထင်ပါတယ်၊ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူမသည် ဖြတ်လမ်းတည်ဆောက်မှုပေါ်တွင်ရပ်လိုက်ရာ ဝေလေး သည် အသက်သွင်းလိုက်သည်နှင့် သူမ ပျောက်ကွယ်သွားလေသည်။
ရှီမာအိမ်တော်တွင် ရှီမန်ဖန်သည် ရှီမာလိုင်နှင့် စကား လက်ဆုံ ကျနေသည်။ ကုန်ရှန်ယိသည် ဘေးမှကြည့်နေသည်။ ရှီမာယူယူ ပြန်လာ သည်ကို သူမ မြင်သောအခါ မတ်တပ်ရပ်ကာ သူမအား စစ်ဆေးလေသည်။
"အဆင်ပြေရဲ့လား"
"ကောင်းပါတယ် နေမကောင်းတဲ့ပုံပေါက်နေလို့လား" ရှီမာယူယူ ပြုံး လိုက်သည်။
"ယူယူ ဒဏ်ရာရထားတာလား" ရှီမာလိုင်သည် လျှောက်လာကာ သူမ အား ဘေးသို့ဆွဲပြီး စစ်ဆေးလေ သည်။
သူ့အပြုအမူကို ရှီမာယူယူမြင်သောအခါ အဖြစ်အပျက်များကို မသိကြောင်းသိလိုက်သည်။
"အဘိုး သမီးအဆင်ပြေပါတယ် နည်းနည်းပဲဒဏ်ရာရတာပါ"
"နည်းနည်းပဲဒဏ်ရာရတယ်ဟုတ်လား၊ နည်းနည်းပဲဒဏ်ရာရတယ်ဆိုရင်တောင် အဘိုးကို သူတို့က ဖုံးကွယ်ထား တာလား၊ အဲကောင်လေးတွေ အိမ်ပြန်ရောက်ရင်သိတယ်၊ သူတို့ကို သေချာ ပေါက် ပညာပေးရမယ်" ရှီမာလိုင် ပြောလိုက်သည်။
ထိုကောင်လေးများသည် ထိုနေ့က ထူးဆန်းသည်ကို သူသိသည်။ ရှီမာယူယူ နေမကောင်းသည်ကို ဖုံးကွယ်ထားသည့် အချက်ဖြစ်နေတာကိုး...
"အဘိုး သမီးအခုနေမကောင်းတဲ့ပုံပေါက်နေလို့လာ" ရှီမာယူယူသည် သူ့လက်မောင်းကိုချိတ်လိုက်သည် "အစ်ကိုနဲ့ တခြားသူတွေက အဘိုး စိတ်ပူမှာကိုသိလို့ မပြောပြချင်တာပါ၊ ဖြစ်ပြီးသွားတဲ့ကိစ္စတွေကြောင့် ဒေါသ ထွက်မနေနဲ့တော့နော်"
သူမသည် သူ့လက်မောင်းအားပွတ်သပ်ကာ ချစ်စရာကောင်းအောင် ပြုမူလေသည်။
"မရပါဘူး သူတို့ကို ပညာပေးမှရမယ်၊ မဟုတ်ရင် နောက်လည်း ငါ့ကိုဖုံးကွယ်ထားကြတော့မယ်" ရှီမာလိုင် နှာမှုတ်လေသည်။
"အဘိုး...." ရှီမာယူယူသည် သူ့လက်မောင်းအား ဆက်ပွတ်သပ် လေသည်။
သူ၏ ချစ်လှစွာသော အဖိုးတန်မြေးမလေးမှ ထိုအတိုင်းပြုမူသည်ကို ရှီမာလိုင်မြင်သောအခါ စိတ်မဆိုးနိုင်တော့ပေ။ သူ သက်ပြင်းချကာ မေးလိုက် သည် "ဒဏ်ရာက ပြင်းထန်လား"
မပြင်းထန်ဘူးဆိုရင် အစ်ကိုတွေက ဘယ်လိုလုပ်ဖုံးကွယ်ထားမလဲ...
ရှီမာယူယူ ခေါင်းညိမ့်ကာ ပြောလိုက်သည် "သမီး တစ္ဆေမျိုးနွယ်နဲ့ တိုက်ပွဲတိုက်တုန်းက သေဆုံးခြင်း ရောင်ဝါ ဝင်သွားတာ၊ သေဆုံးခြင်း ရောင်ဝါက သမီးခန္ဓာကိုယ်ထဲမှာ အစပျိုးသလိုဖြစ်သွားလို့ ခဏလောက် ထိန်းချုပ်မရဖြစ်သွားတာ၊ အဲဒါကြောင့် သူတို့ ပြန်ပြောဖို့အခွင့်အရေး မရှိသွားတာ၊ ပြီးတော့ ဆရာက ဂိုဏ်းကို ပြန်ခေါ်သွားပြီး ကျောင်းအုပ်နဲ့ တခြားသူတွေက ကုပေးပါတယ်၊ အဲဒါကြောင့် ဘာမှမဟုတ်ပါဘူး"
ရှီမာလိုင်သည် သူမအား ကြည့်ပြီး ပြောလိုက်သည် "အဘိုးမသိဘူးလို့ တကယ်ထင်နေတာလား၊ သမီး အဲလိုပြောနေတဲ့အချိန်မှာ ပြင်းထန်တယ်ဆို တာ သိပြီးပြီ အဲဒါကို ဘာမှမဟုတ်သလိုပြောနေသေးတယ်"
"အဲဒါကလည်းဖြစ်ပြီးသွားပြီလေ အစ်ကိုတွေကလည်း သူငယ်ချင်း တွေဆီက သတင်းကြားလို့လေ သူတို့လည်း ကိုယ်တိုင်တွေ့ရတာ မဟုတ်ဘူး၊ အဲဒါကြောင့် သူတို့ကမပြောရဲတာပါ၊ သူတို့ချဲ့ကားပြောလိုက်လို့ အဘိုးလန့်သွားရင် ဘယ်လိုလုပ်မလဲ" ရှီမာယူယူ သွားဖြဲပြလိုက်သည်။
"နောက်ကို သမီးနားမှာ ကပ်နေမှရတော့မယ်" ရှီမာလိုင်ပြော လိုက်သည် "အဘိုးက ဘာမှမလုပ်နိုင်တာ လည်းမဟုတ်ဘူး၊ အဘိုးဝိဉာဉ် စေတီထဲမှာ ကျင့်ကြံလို့ရတယ်၊ သမီးနဲ့ရှိနေမှစိတ်ချမယ်"
ရှီမာယူယူသည် ခေတ္တမျှတွေဝေပြီးနောက် ခေါင်းညိမ့်ပြီး ပြော လိုက်သည် "ကောင်းပါပြီ ဘယ်လိုပဲ ဖြစ်ဖြစ် အဲမှာဆိုရင် အချိန်ပိုရတယ် အဘိုးလည်း မြန်မြန်ကျင့်ကြံလို့ရတာပေါ့၊ အဲမှာဆိုရင် စကားပြောမယ့် လူမရှိတော့ အဘိုးပျင်းမှာစိုးလို့ပါ"
"ဒါဆိုရင် အဘိုး သူတို့၃ယောက်ကိုရှာပြီး ဆွေးနွေးလိုက်ဦးမယ် သမီးတို့လည်း စကားပြောကြ အဘိုး မနှောင့်ယှက်တော့ဘူး"
ရှီမာလိုင်သည် ပြောပြီးသည်နှင့် ဆန်းမူယုနှင့် တခြားသူများကို သွားရှာလေသည်။