Zawgyi
အပိုင္း (၇၈၉) – မ်က္ႏွာႏွစ္ဖက္ႏွင့္ ေျမေခြးေနာက္တစ္ေကာင္
ရွီမာယူယူသည္ သူတို႔ ရယ္ေမာကာ သူတို႔မ်က္ႏွာမွအမူအရာကိုျမင္ ေသာအခါ ပါးစပ္ထဲသို႔ ခရမ္းသီး မ်ားထိုးထည့္လုိက္ျပီး သူတုိ႔တုန္႔ျပန္မႈကို ေစာင့္လုိက္သည္။
သို႔ေသာ္ သူတို႔သည္ သူမ၏ ပံုစံကိုသေဘာက်ကာ အရသာကိုပင္ မခံႏုိင္ေပ။
"ငါအခုမွ သတိရတယ္၊ ဂ်ဴနီယာေမာင္ေလး မင္းအျပင္ထြက္တုိင္းကို ကမာၻၾကီးတုန္လႈပ္ေအာင္ လုပ္တယ္ေနာ္" ဟန္႔ေျမာင္ရႊမ္ ေျပာလုိက္သည္။
အာ... သူမကလား
"ျပီးခဲ့တဲ့တစ္ေခါက္ မင္းျပန္လာေတာ့ ဆရာေဟာ္က မင္းေၾကာင့္ သူႏွစ္ေပါင္းမ်ားစြာမခံစားတာၾကာျပီျဖစ္တဲ့ စိုးရိမ္ေၾကာင့္ၾကမႈနဲ႔ ေၾကာက္စိတ္ ျဖစ္မိတယ္တဲ့ အဲလိုေျပာတယ္ ၊ အဲတုန္းက မင္းက ကိုယ့္ကိုယ္ကို ပံုစံမဲ့ ကမာၻထဲပစ္သြင္းလိုက္တယ္ေလ"
သူမလည္း စိုးရိမ္တာပဲ ဟုတ္ျပီလား... ကမာၻၾကီးက ဘယ္လိုျဖစ္ ျပီးတုန္လႈပ္သြားတာလဲ။
"ျပီးတာနဲ႔ မစ္ရွင္လုပ္ဖို႔အတြက္သြားတာ ဂိုဏ္းတစ္ခုလံုးကိုရွင္းလိုက္ ေသးတယ္၊ မင္းက အေျပာင္းအလဲမွာ ေဘးကလူဆိုေပမယ့္ အဲဒါကလည္း မင္းေၾကာင့္ပဲမလား"
သူတို႔က သူမကို လံႈ႕ေဆာ္တဲ့သူေတြပဲေနာ္ အိုေကလား... အဲတုန္းက သူမကပဲ အရွိန္ျမွင့္တာမဟုတ္ ဘူးေလ..
"ျပီးေတာ့ အေမွာင္ေတာထဲမွာတုန္းကလည္း ဂိုဏ္းတစ္ရာေက်ာ္က ကၽြမ္းက်င္သူရာခ်ီကို သတ္လိုက္ေသးတယ္၊ ဒါကေတာ့ မင္းေၾကာင့္ တုိက္ရိုက္ပဲျဖစ္သြားတာ၊ အျပင္ပိုင္းတုိင္းျပည္တစ္ခုလံုးက မင္းလုပ္လုိက္ တာေၾကာင့္ ရုတ္ရုတ္သဲသဲေတြကိုျဖစ္လို႔၊ ျပီးေတာ့ သူတုိ႔ ဂိုဏ္းရဲ႕ အဓိကလူေတြလည္း လႈတ္ခတ္သြားတယ္"
ဒါက သူတုိ႔က တုေလးကိုသူမဆီက လုျပီးသတ္ခ်င္ေနလို႔ေလ။ သူမက ျပန္တုန္႔ျပန္တာပဲရွိတာ။
"အနီေရာင္ေတာင္ထိပ္ကို သြားစံုစမ္းမယ္ဆိုေတာ့လည္း တေစၦမ်ိဳးႏြယ္ ကို ရန္စျပီး ေသေတာ့မလိုျဖစ္သြားတာ၊ ဂိုဏ္းတစ္ခုလံုးကိုရွင္းတာ၊ အေမွာင္ေတာမဟုတ္ရင္ အနီေရာင္ေတာင္ထိပ္ကပြဲ ဘယ္တစ္ခုက ကမာၻ ၾကီးကို မတုန္လႈပ္ေစလို႔လဲ၊ ဒီမွာ ဒီမွာ ဒီမွာ အဲဒါ ဘာအမူအရာလဲ၊ ဝန္ခံမွာလား ဝန္မခံဘူးလား"
ဟန္႔ေျမာင္ရႊမ္သည္ ရွီမာယူယူ၏အျပဳအမူကို ေတြ႕ေသာအခါ တူယူျပီး သူမကို ထိုးဆိတ္ခ်င္ေသာ္လည္း တူတစ္စံုမွ ျပန္ညွပ္ထားေလသည္။
"ဂ်ဴနီယာညီေလးလုပ္တဲ့အရာေတြက ေပ်ာ္စရာေကာင္းတယ္လို႔ ငါ ထင္တာပဲ" က်န္းက်ဴက်ိ ေျပာေလသည္ "ေပ်ာ္စရာၾကီးဆိုေတာ့ ငါလည္း ေနာက္က်ရင္ မင္းတို႔နဲ႔ လုိက္ခဲ့မယ္ ဘယ္လိုလဲ"
"အဟြတ္ အဟြတ္" ရီွမာယူယူသည္ တံေတြးသီးသြားသျဖင့္ ေခ်ာင္းဆိုး တာ ေသေတာ့မလိုျဖစ္သြားသည္။ သူမသည္ က်န္းက်ဴက်ိအား ေၾကာက္လန္႔တၾကားၾကည့္ကာ ေျပာလုိက္သည္ "ေနာက္ေနတာလား"
"ေနာက္ေနတယ္ဆိုတာ ဘာသေဘာလဲ" က်န္းက်ဴက်ိသည္ ေလးနက္စြာျပန္ေျဖေလသည္ "ဆရာ မရွိဘူးဆိုေတာ့ မင္းရဲ႕ စီနီယာအေနနဲ႔ ငါတို႔က မင္းကိုကာကြယ္ျပီး သင္ေပးရမွာပဲ၊ အဲဒါက မင္းအျပင္သြားရင္ ငါတို႔က ေနာက္ကလုိက္ရမယ္ဆိုတာလည္းပါတယ္၊ ျပီးေတာ့ ငရုတ္သီးမႈန္႔နဲ႔ ရွာလကာရည္ေတြ ထည့္ေနတာ ေတာ္ေတာ့"
ရီွမာယူယူသည္ က်န္းက်ဴက်ိအား ရယ္ေမာကာၾကည့္လုိက္သည္။ ဒီလူသည္ ပ်င္းရိကာ စကားအမ်ား ၾကီးမေျပာေသာေၾကာင့္ ဒီလိုတက္ၾကြ ေနတဲ့ပံုစံမ်ိဳးရွိေနမယ္လို႔ ဘယ္သူထင္မိမွာလဲ။
က်န္းက်ဴက်ိသည္ တျခားအေတြးေတြးေနသည္။
ရႈဂ်င္းမသြားခင္က ရွီမာယူယူကို စီနီယာမ်ားအေနႏွင့္ ဂရုစိုက္ရန္ သူတို႔ကို မွာသြားခဲ့သည္။ သူမသည္ ေရာက္လာသည္မွာမၾကာေသး ေသာ္လည္း သူတုိ႔မ်က္စိထဲတြင္ ကေလးတစ္ေယာက္သာသာျဖစ္သည္။ သူတို႔ အသက္အရြယ္ေရာက္ရန္ သူမအသက္ေရွ႕တြင္ ဂဏန္းတစ္လံုး ထည့္ရဦးမည္။
ရႈဂ်င္းေရြးခ်ယ္ေသာသူမ်ားမွာ သူ႔အတုိင္းပင္။ ေခါင္းမာသည္။ သူတို႔ အတူတကြရွိေနစဥ္ေတာ့ မိသားစုကဲ့သို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ ကူညီၾကသည္။ ထို႔ေၾကာင့္ သူမကိုေစာင့္ေရွာက္ရန္ သူတို႔တြင္ တာဝန္ရွိ သည္။
ငွက္တစ္ေကာင္၏ အေမြးသည္ အတူတကြရွိသလိုပင္။ သို႔ေသာ္ ရႈဂ်င္းသည္ ႏွစ္ေပါင္းရာခ်ီစြာေနခဲ့ ေသာ္လည္း ထိုတပည့္ေလးေယာက္သာ ေမြးခဲ့သည္။
"ဟုတ္သားပဲ ဂ်ဴနီယာညီေလး လသတၱိဂိုဏ္းပိုင္တဲ့ သတၱဳေၾကာက ဘာျဖစ္သြားလဲ" စူးေရွာင္ေရွာင္ ေမးေလသည္။ "အဲလူေတြေျပာတဲ့ ေကာလဟလေတြက မယံုရဘူး၊ သတၱဳေၾကာကတကယ္ပဲ ေပ်ာက္သြားတာ လား"
"ဟုတ္ေလာက္မယ္" ရွီမာယူယူ ေျပာလုိက္သည္ "အဲတုန္းက ကၽြန္ေတာ္တို႔က အတူထြက္ဖို႔ပဲ ေမွ်ာ္လင့္ ထားၾကတာ၊ တစ္ေယာက္ေယာက္ မ်ား ေနာက္ကလိုက္လာလား သတိမထားမိဘူး"
က်န္းက်ဴက်ိသည္ သူမစကားကိုၾကားေသာအခါ ျပံဳးျပီး ႏႈတ္ဆိတ္ ေနသည္။
"ဂ်ဴနီယာညီေလး ဆရာက မင္းကို အျမဲေမးခ်င္ေနတဲ့ ေမးခြန္းရွိတယ္၊ ဒါေပမဲ့ အခြင့္မသင့္လို႔မေမးရဘူး" က်န္းက်ဴက်ိသည္ ရွီမာယူယူအားေမး ေလသည္။
က်န္းက်ဴက်ိမ်က္လံုးထဲမွ အၾကည့္ကိုျမင္ေသာအခါ ရွီမာယူယူ မသိမသာတုန္မိသည္။ ဒီလူက သူမ လိမ္လုိက္တာကို သိသြားတာလား...
သူမ မည္သို႔တုန္႔ျပန္ရမည္ကိုစဥ္းစားေနတုန္းမွာပက္ က်န္းက်ဴက်ိ သည္ လန္႔သြားေလာက္စရာ စကား တစ္ခြန္းေျပာလုိက္သည္။
"လူဆိုးၾကီး၁၀ေယာက္က အခု မင္းလူေတြျဖစ္ေနျပီမလား" သူသည္ အျပံဳးမဟုတ္ေသာ အျပံဳးတစ္ခုကို ျပံဳးလုိက္သည္မွာ အလြန္ဆရာက် ပံုေပၚသည္။ ထိုအခိုက္အတန္႔တြင္ သူဘာေတြးေနသည္ကို ရွီမာယူယူ မေျပာ ႏုိင္ေပ။
သူမ ေခတၱမွ်စဥ္းစားေသာ္လည္း မျငင္းပဲ ေမးလုိက္သည္ "ဘယ္လိုသိ တာလဲ"
ထိုစကားသည္ လူဆိုးၾကီး၁၀ေယာက္မွာ သူမလူမ်ားျဖစ္ေနျပီ ျဖစ္ေၾကာင္း ဝန္ခံလုိက္သည္ပင္။
"ဆရာက အဲလိုေျပာတာပဲ" က်န္းက်ဴက်ိသည္ ရႈဂ်င္းအေပၚလႊဲ ခ်လုိက္သည္။
"ဆရာနဲ႔ စီနီယာနဲ႔ စကားေျပာတာ တစ္ခါမွမေတြ႕မိပါဘူး၊ ႏွစ္ေယာက္ လံုးက အျမဲအိပ္ေနၾကတာပဲကို အိမ္မက္ထဲမွာမ်ား စကားေျပာေန ၾကတာလား" ဟန္႔ေျမာင္ရႊမ္ စကားျဖတ္ေျပာေလသည္။
ရီွမာယူယူသည္ အစပိုင္းတြင္ လံုျခံဳျပီဟုေတြးထားေသာ္လည္း ခ်က္ခ်င္းပင္ ထိုလံုျခံဳမႈမွာ ေပ်ာက္ကြယ္ သြားသည္။
"ဟုတ္တယ္ သူတို႔က ကၽြန္ေတာ့္လူေတြျဖစ္ေနၾကျပီ" သူမ ေျပာလိုက္ သည္ "ဆရာက ဘယ္လိုမ်ား မွန္းမိတာလဲ"
"မင္းတို႔က အဲဒီမစ္ရွင္ေတြလုပ္ဖို႔သြားတာ မင္းထြက္သြားေတာ့ ဆရာ သိတယ္ေလ၊ လူဆိုးၾကီး၁၀ ေယာက္ထဲက တစ္ေယာက္နဲ႔ မင္းအစ္ကိုတို႔နဲ႔ လမ္းေလွ်ာက္သြားတာကို ျမင္ေတာ့မွန္းမိတာ၊ ျပီးေတာ့ သူတို႔ထဲ မွာ လူနာတစ္ေယာက္ပါတာကို ဆရာျမင္သြားတယ္ အဲဒါနဲ႔ သူတို႔နဲ႔ အေပးအယူ လုပ္တယ္လို႔ မွန္းလုိက္တာ၊ ဆရာရဲ႕ ခန္႔မွန္းခ်က္ေတြက မမွားဘူးမလား"
"ဟုတ္တယ္ မွန္ပါတယ္" ရီွမာယူယူသည္ အသားကင္ျခင္းကို ရပ္လုိက္ကာ ထိုင္ျပီး ခြက္တစ္ခြက္ထုတ္ လုိက္သည္။ သူမ ေပါ့ပါးစြာ ေျပာလုိက္သည္ "ဒါေပမဲ့ အဲဒါကဆရာမွန္းမိတယ္ဆိုတာ ေသခ်ာရဲ႕လား စီနီယာက မွန္းမိတာမဟုတ္ဘူးလား"
"ဘယ္သူမွန္းတာလဲဆိုတာ အေရးမၾကီးဘူးမလား" က်န္းက်ဴက်ိသည္ လႈပ္လႈပ္ရွားရွားျဖစ္သြားကာ ေျပာလိုက္သည္ "ရလဒ္ကေတာ့အတူတူပဲေလ"
"ရလဒ္ဟုတ္လား"
"ဆရာက ဂိုဏ္းရဲ႕ မစ္ရွင္ဌာနကို အဲမစ္ရွင္ကိုဖ်က္ခုိင္းလုိက္တယ္"
"ဖ်က္ခိုင္းလုိက္တယ္" ရီွမာယူယူသည္ မွင္တက္သြားသည္ "ဆရာက လုပ္လုိ႔ရတာလား"
"အင္း ဆရာက ဂိုဏ္းမွာ ရာထူးျမင့္တယ္ေလ၊ မစ္ရွင္တစ္ခုကို ဖ်က္ပစ္ႏိုင္ေလာက္ေအာင္ ဆရာ့မွာ စြမ္းရည္ရွိတယ္"
ရွီမာယူယူသည္ ေခတၱမွ်စဥ္းစားျပီးေနာက္ ေမးလိုက္သည္ "ဒါဆိုရင္ စီနီယာက ဘာလုိ႔ကၽြန္ေတာ့္ကို အဲလိုေမးတာလဲ"
"တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး၊ မင္း သူတို႔ကိုလိုခ်င္တာ ဘာလုပ္ ခ်င္တာလဲလို႔ သိခ်င္တာ၊ ေပ်ာ္စရာမ်ား ပါမလားလို႔" က်န္းက်ဴက်ိသည္ ဘာမွမဟုတ္သလိုေျပာလုိက္သည္။
"..." သူမသည္ အသက္ဝဝ ႏွစ္ခါရႈကာ ျပန္ေျဖေလသည္ "မရွိပါဘူး"
"တကယ္လား"
"တကယ္မရွိဘူး" သူမသည္ ယံုၾကည္ခ်က္အျပည့္ျဖင့္ ေျပာလုိက္ သည္။
သူမ၏ လႊမ္းမိုးမႈေအာက္တြင္ ဂိုဏ္းတစ္ခုေထာင္မည့္ကိစၥကို သူတို႔ကို ေပးမသိေစလိုေပ။ ေအာင္ျမင္မလား မေသခ်ာသည့္အတြက္ သူမ ဂိုဏ္း တည္ေထာင္လုိက္လွ်င္ေတာင္ သိသည့္လူနည္းေလ ေကာင္းေလ ျဖစ္ သည္။
"ဒါဆိုလည္း ျပီးတာပဲ မင္းမေျပာခ်င္မွေတာ့ ဆရာ့ရဲ႕ အမိန္႔ကို လုိက္နာတဲ့အေနနဲ႔ မင္းရဲ႕လံုျခံဳေရးအတြက္ မင္းေနာက္ကို တစ္ခ်ိန္လံုး လုိက္ေနရမွာပဲ မင္း အႏၱရာယ္မ်ားတာ တစ္ခုခုလုပ္ျပီး တစ္ခုခုုျဖစ္သြားလို႔ ေသတာပဲျဖစ္ျဖစ္ မသန္မစြမ္းျဖစ္သြားတယ္ဆို ဘယ္လိုလုပ္မလဲ၊ ငါတို႔က ဆရာ့ကို ဘယ္လိုမ်က္ႏွာသြားျပရမွာ လဲ"
က်န္းက်ဴက်ိသည္ သူမအားၾကည့္ကာ သူမ ေျပာမလား မေျပာဘူး လားဆိုသည္ကို စမ္းသပ္ေနသည္။ ထိုစကားေၾကာင့္ သူမ ေတြးေတာကာ အံၾကိတ္ေနသည္။
"...." ရွီမာယူယူသည္ သူ႔ကိုတစ္ခ်က္ေလာက္ ထုိးလိုက္ရမလား ဟုေတြးကာ အံၾကိတ္ေနသည္။
ေျမေခြး.. သူက တကယ္ပဲ မ်က္ႏွာႏွစ္ဖက္နဲ႔ ေျမေခြးပဲ..
"သိတုိင္းလည္း စီနီယာတို႔အတြက္ေကာင္းတာမဟုတ္ဘူး"
"အက်ိဳးရွိလားမရွိဘူးလားဆိုတာ မင္းဆံုးျဖတ္ရမွာမဟုတ္ဘူး၊ တကယ္ လို႔ ဆိုးတယ္ဆိုလည္း ငါတို႔က နားမေထာင္ဖို႔ကိုေရြးတယ္"
ရက္စက္တာပဲ...
"ကၽြန္ေတာ္အင္အားၾကီးတစ္ခုေထာင္ဖုိ႔အတြက္ သူတို႔ကိုေနရာရွာခုိင္းလိုက္တာ"
"အင္အားၾကီးေထာင္မယ္ဟုတ္လား"
"တကယ္ၾကီးလား"
ဟန္႔ေျမာင္ရႊမ္ႏွင့္ စူးေရွာင္ေရွာင္တုိ႔သည္ မ်က္လံုးျပဴးမ်းျဖင့္ သူမကို ၾကည့္ၾကေလသည္။ သူတုိ႔သည္ မယံုႏိုင္ေလာက္ေအာင္ အံ့ၾသသြားၾက သည္။ က်န္းက်ဴက်ိပင္ အံ့ၾသသြားကာ သူမအားေလးနက္စြာၾကည့္ေလ သည္။
"ဂ်ဴနီယာေမာင္ေလး တကယ္ေျပာေနတာလား၊ မင္းက အင္အားၾကီး ေထာင္ခ်င္တာလား" ဟန္႔ေျမာင္ရႊမ္သည္ က်န္းက်ဴက်ိဖိအားေပး ေသာေၾကာင့္ သူမေတြ႕ကရာေျပာလိုက္တာလားဆိုသည္ကို သိခ်င္ မိသည္။
Unicode
အပိုင်း (၇၈၉) – မျက်နှာနှစ်ဖက်နှင့် မြေခွေးနောက်တစ်ကောင်
ရှီမာယူယူသည် သူတို့ ရယ်မောကာ သူတို့မျက်နှာမှအမူအရာကိုမြင် သောအခါ ပါးစပ်ထဲသို့ ခရမ်းသီး များထိုးထည့်လိုက်ပြီး သူတို့တုန့်ပြန်မှုကို စောင့်လိုက်သည်။
သို့သော် သူတို့သည် သူမ၏ ပုံစံကိုသဘောကျကာ အရသာကိုပင် မခံနိုင်ပေ။
"ငါအခုမှ သတိရတယ်၊ ဂျူနီယာမောင်လေး မင်းအပြင်ထွက်တိုင်းကို ကမ္ဘာကြီးတုန်လှုပ်အောင် လုပ်တယ်နော်" ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
အာ... သူမကလား
"ပြီးခဲ့တဲ့တစ်ခေါက် မင်းပြန်လာတော့ ဆရာဟော်က မင်းကြောင့် သူနှစ်ပေါင်းများစွာမခံစားတာကြာပြီဖြစ်တဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ ကြောက်စိတ် ဖြစ်မိတယ်တဲ့ အဲလိုပြောတယ် ၊ အဲတုန်းက မင်းက ကိုယ့်ကိုယ်ကို ပုံစံမဲ့ ကမ္ဘာထဲပစ်သွင်းလိုက်တယ်လေ"
သူမလည်း စိုးရိမ်တာပဲ ဟုတ်ပြီလား... ကမ္ဘာကြီးက ဘယ်လိုဖြစ် ပြီးတုန်လှုပ်သွားတာလဲ။
"ပြီးတာနဲ့ မစ်ရှင်လုပ်ဖို့အတွက်သွားတာ ဂိုဏ်းတစ်ခုလုံးကိုရှင်းလိုက် သေးတယ်၊ မင်းက အပြောင်းအလဲမှာ ဘေးကလူဆိုပေမယ့် အဲဒါကလည်း မင်းကြောင့်ပဲမလား"
သူတို့က သူမကို လှုံ့ဆော်တဲ့သူတွေပဲနော် အိုကေလား... အဲတုန်းက သူမကပဲ အရှိန်မြှင့်တာမဟုတ် ဘူးလေ..
"ပြီးတော့ အမှောင်တောထဲမှာတုန်းကလည်း ဂိုဏ်းတစ်ရာကျော်က ကျွမ်းကျင်သူရာချီကို သတ်လိုက်သေးတယ်၊ ဒါကတော့ မင်းကြောင့် တိုက်ရိုက်ပဲဖြစ်သွားတာ၊ အပြင်ပိုင်းတိုင်းပြည်တစ်ခုလုံးက မင်းလုပ်လိုက် တာကြောင့် ရုတ်ရုတ်သဲသဲတွေကိုဖြစ်လို့၊ ပြီးတော့ သူတို့ ဂိုဏ်းရဲ့ အဓိကလူတွေလည်း လှုတ်ခတ်သွားတယ်"
ဒါက သူတို့က တုလေးကိုသူမဆီက လုပြီးသတ်ချင်နေလို့လေ။ သူမက ပြန်တုန့်ပြန်တာပဲရှိတာ။
"အနီရောင်တောင်ထိပ်ကို သွားစုံစမ်းမယ်ဆိုတော့လည်း တစ္ဆေမျိုးနွယ် ကို ရန်စပြီး သေတော့မလိုဖြစ်သွားတာ၊ ဂိုဏ်းတစ်ခုလုံးကိုရှင်းတာ၊ အမှောင်တောမဟုတ်ရင် အနီရောင်တောင်ထိပ်ကပွဲ ဘယ်တစ်ခုက ကမ္ဘာ ကြီးကို မတုန်လှုပ်စေလို့လဲ၊ ဒီမှာ ဒီမှာ ဒီမှာ အဲဒါ ဘာအမူအရာလဲ၊ ဝန်ခံမှာလား ဝန်မခံဘူးလား"
ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏အပြုအမူကို တွေ့သောအခါ တူယူပြီး သူမကို ထိုးဆိတ်ချင်သော်လည်း တူတစ်စုံမှ ပြန်ညှပ်ထားလေသည်။
"ဂျူနီယာညီလေးလုပ်တဲ့အရာတွေက ပျော်စရာကောင်းတယ်လို့ ငါ ထင်တာပဲ" ကျန်းကျူကျိ ပြောလေသည် "ပျော်စရာကြီးဆိုတော့ ငါလည်း နောက်ကျရင် မင်းတို့နဲ့ လိုက်ခဲ့မယ် ဘယ်လိုလဲ"
"အဟွတ် အဟွတ်" ရှီမာယူယူသည် တံတွေးသီးသွားသဖြင့် ချောင်းဆိုး တာ သေတော့မလိုဖြစ်သွားသည်။ သူမသည် ကျန်းကျူကျိအား ကြောက်လန့်တကြားကြည့်ကာ ပြောလိုက်သည် "နောက်နေတာလား"
"နောက်နေတယ်ဆိုတာ ဘာသဘောလဲ" ကျန်းကျူကျိသည် လေးနက်စွာပြန်ဖြေလေသည် "ဆရာ မရှိဘူးဆိုတော့ မင်းရဲ့ စီနီယာအနေနဲ့ ငါတို့က မင်းကိုကာကွယ်ပြီး သင်ပေးရမှာပဲ၊ အဲဒါက မင်းအပြင်သွားရင် ငါတို့က နောက်ကလိုက်ရမယ်ဆိုတာလည်းပါတယ်၊ ပြီးတော့ ငရုတ်သီးမှုန့်နဲ့ ရှာလကာရည်တွေ ထည့်နေတာ တော်တော့"
ရှီမာယူယူသည် ကျန်းကျူကျိအား ရယ်မောကာကြည့်လိုက်သည်။ ဒီလူသည် ပျင်းရိကာ စကားအများ ကြီးမပြောသောကြောင့် ဒီလိုတက်ကြွ နေတဲ့ပုံစံမျိုးရှိနေမယ်လို့ ဘယ်သူထင်မိမှာလဲ။
ကျန်းကျူကျိသည် တခြားအတွေးတွေးနေသည်။
ရှုဂျင်းမသွားခင်က ရှီမာယူယူကို စီနီယာများအနေနှင့် ဂရုစိုက်ရန် သူတို့ကို မှာသွားခဲ့သည်။ သူမသည် ရောက်လာသည်မှာမကြာသေး သော်လည်း သူတို့မျက်စိထဲတွင် ကလေးတစ်ယောက်သာသာဖြစ်သည်။ သူတို့ အသက်အရွယ်ရောက်ရန် သူမအသက်ရှေ့တွင် ဂဏန်းတစ်လုံး ထည့်ရဦးမည်။
ရှုဂျင်းရွေးချယ်သောသူများမှာ သူ့အတိုင်းပင်။ ခေါင်းမာသည်။ သူတို့ အတူတကွရှိနေစဉ်တော့ မိသားစုကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ကူညီကြသည်။ ထို့ကြောင့် သူမကိုစောင့်ရှောက်ရန် သူတို့တွင် တာဝန်ရှိ သည်။
ငှက်တစ်ကောင်၏ အမွေးသည် အတူတကွရှိသလိုပင်။ သို့သော် ရှုဂျင်းသည် နှစ်ပေါင်းရာချီစွာနေခဲ့ သော်လည်း ထိုတပည့်လေးယောက်သာ မွေးခဲ့သည်။
"ဟုတ်သားပဲ ဂျူနီယာညီလေး လသတ္တိဂိုဏ်းပိုင်တဲ့ သတ္တုကြောက ဘာဖြစ်သွားလဲ" စူးရှောင်ရှောင် မေးလေသည်။ "အဲလူတွေပြောတဲ့ ကောလဟလတွေက မယုံရဘူး၊ သတ္တုကြောကတကယ်ပဲ ပျောက်သွားတာ လား"
"ဟုတ်လောက်မယ်" ရှီမာယူယူ ပြောလိုက်သည် "အဲတုန်းက ကျွန်တော်တို့က အတူထွက်ဖို့ပဲ မျှော်လင့် ထားကြတာ၊ တစ်ယောက်ယောက် များ နောက်ကလိုက်လာလား သတိမထားမိဘူး"
ကျန်းကျူကျိသည် သူမစကားကိုကြားသောအခါ ပြုံးပြီး နှုတ်ဆိတ် နေသည်။
"ဂျူနီယာညီလေး ဆရာက မင်းကို အမြဲမေးချင်နေတဲ့ မေးခွန်းရှိတယ်၊ ဒါပေမဲ့ အခွင့်မသင့်လို့မမေးရဘူး" ကျန်းကျူကျိသည် ရှီမာယူယူအားမေး လေသည်။
ကျန်းကျူကျိမျက်လုံးထဲမှ အကြည့်ကိုမြင်သောအခါ ရှီမာယူယူ မသိမသာတုန်မိသည်။ ဒီလူက သူမ လိမ်လိုက်တာကို သိသွားတာလား...
သူမ မည်သို့တုန့်ပြန်ရမည်ကိုစဉ်းစားနေတုန်းမှာပက် ကျန်းကျူကျိ သည် လန့်သွားလောက်စရာ စကား တစ်ခွန်းပြောလိုက်သည်။
"လူဆိုးကြီး၁၀ယောက်က အခု မင်းလူတွေဖြစ်နေပြီမလား" သူသည် အပြုံးမဟုတ်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်မှာ အလွန်ဆရာကျ ပုံပေါ်သည်။ ထိုအခိုက်အတန့်တွင် သူဘာတွေးနေသည်ကို ရှီမာယူယူ မပြော နိုင်ပေ။
သူမ ခေတ္တမျှစဉ်းစားသော်လည်း မငြင်းပဲ မေးလိုက်သည် "ဘယ်လိုသိ တာလဲ"
ထိုစကားသည် လူဆိုးကြီး၁၀ယောက်မှာ သူမလူများဖြစ်နေပြီ ဖြစ်ကြောင်း ဝန်ခံလိုက်သည်ပင်။
"ဆရာက အဲလိုပြောတာပဲ" ကျန်းကျူကျိသည် ရှုဂျင်းအပေါ်လွှဲ ချလိုက်သည်။
"ဆရာနဲ့ စီနီယာနဲ့ စကားပြောတာ တစ်ခါမှမတွေ့မိပါဘူး၊ နှစ်ယောက် လုံးက အမြဲအိပ်နေကြတာပဲကို အိမ်မက်ထဲမှာများ စကားပြောနေ ကြတာလား" ဟန့်မြောင်ရွှမ် စကားဖြတ်ပြောလေသည်။
ရှီမာယူယူသည် အစပိုင်းတွင် လုံခြုံပြီဟုတွေးထားသော်လည်း ချက်ချင်းပင် ထိုလုံခြုံမှုမှာ ပျောက်ကွယ် သွားသည်။
"ဟုတ်တယ် သူတို့က ကျွန်တော့်လူတွေဖြစ်နေကြပြီ" သူမ ပြောလိုက် သည် "ဆရာက ဘယ်လိုများ မှန်းမိတာလဲ"
"မင်းတို့က အဲဒီမစ်ရှင်တွေလုပ်ဖို့သွားတာ မင်းထွက်သွားတော့ ဆရာ သိတယ်လေ၊ လူဆိုးကြီး၁၀ ယောက်ထဲက တစ်ယောက်နဲ့ မင်းအစ်ကိုတို့နဲ့ လမ်းလျှောက်သွားတာကို မြင်တော့မှန်းမိတာ၊ ပြီးတော့ သူတို့ထဲ မှာ လူနာတစ်ယောက်ပါတာကို ဆရာမြင်သွားတယ် အဲဒါနဲ့ သူတို့နဲ့ အပေးအယူ လုပ်တယ်လို့ မှန်းလိုက်တာ၊ ဆရာရဲ့ ခန့်မှန်းချက်တွေက မမှားဘူးမလား"
"ဟုတ်တယ် မှန်ပါတယ်" ရှီမာယူယူသည် အသားကင်ခြင်းကို ရပ်လိုက်ကာ ထိုင်ပြီး ခွက်တစ်ခွက်ထုတ် လိုက်သည်။ သူမ ပေါ့ပါးစွာ ပြောလိုက်သည် "ဒါပေမဲ့ အဲဒါကဆရာမှန်းမိတယ်ဆိုတာ သေချာရဲ့လား စီနီယာက မှန်းမိတာမဟုတ်ဘူးလား"
"ဘယ်သူမှန်းတာလဲဆိုတာ အရေးမကြီးဘူးမလား" ကျန်းကျူကျိသည် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ပြောလိုက်သည် "ရလဒ်ကတော့အတူတူပဲလေ"
"ရလဒ်ဟုတ်လား"
"ဆရာက ဂိုဏ်းရဲ့ မစ်ရှင်ဌာနကို အဲမစ်ရှင်ကိုဖျက်ခိုင်းလိုက်တယ်"
"ဖျက်ခိုင်းလိုက်တယ်" ရှီမာယူယူသည် မှင်တက်သွားသည် "ဆရာက လုပ်လို့ရတာလား"
"အင်း ဆရာက ဂိုဏ်းမှာ ရာထူးမြင့်တယ်လေ၊ မစ်ရှင်တစ်ခုကို ဖျက်ပစ်နိုင်လောက်အောင် ဆရာ့မှာ စွမ်းရည်ရှိတယ်"
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် မေးလိုက်သည် "ဒါဆိုရင် စီနီယာက ဘာလို့ကျွန်တော့်ကို အဲလိုမေးတာလဲ"
"တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ မင်း သူတို့ကိုလိုချင်တာ ဘာလုပ် ချင်တာလဲလို့ သိချင်တာ၊ ပျော်စရာများ ပါမလားလို့" ကျန်းကျူကျိသည် ဘာမှမဟုတ်သလိုပြောလိုက်သည်။
"..." သူမသည် အသက်ဝဝ နှစ်ခါရှုကာ ပြန်ဖြေလေသည် "မရှိပါဘူး"
"တကယ်လား"
"တကယ်မရှိဘူး" သူမသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက် သည်။
သူမ၏ လွှမ်းမိုးမှုအောက်တွင် ဂိုဏ်းတစ်ခုထောင်မည့်ကိစ္စကို သူတို့ကို ပေးမသိစေလိုပေ။ အောင်မြင်မလား မသေချာသည့်အတွက် သူမ ဂိုဏ်း တည်ထောင်လိုက်လျှင်တောင် သိသည့်လူနည်းလေ ကောင်းလေ ဖြစ် သည်။
"ဒါဆိုလည်း ပြီးတာပဲ မင်းမပြောချင်မှတော့ ဆရာ့ရဲ့ အမိန့်ကို လိုက်နာတဲ့အနေနဲ့ မင်းရဲ့လုံခြုံရေးအတွက် မင်းနောက်ကို တစ်ချိန်လုံး လိုက်နေရမှာပဲ မင်း အန္တရာယ်များတာ တစ်ခုခုလုပ်ပြီး တစ်ခုခုဖြစ်သွားလို့ သေတာပဲဖြစ်ဖြစ် မသန်မစွမ်းဖြစ်သွားတယ်ဆို ဘယ်လိုလုပ်မလဲ၊ ငါတို့က ဆရာ့ကို ဘယ်လိုမျက်နှာသွားပြရမှာ လဲ"
ကျန်းကျူကျိသည် သူမအားကြည့်ကာ သူမ ပြောမလား မပြောဘူး လားဆိုသည်ကို စမ်းသပ်နေသည်။ ထိုစကားကြောင့် သူမ တွေးတောကာ အံကြိတ်နေသည်။
"...." ရှီမာယူယူသည် သူ့ကိုတစ်ချက်လောက် ထိုးလိုက်ရမလား ဟုတွေးကာ အံကြိတ်နေသည်။
မြေခွေး.. သူက တကယ်ပဲ မျက်နှာနှစ်ဖက်နဲ့ မြေခွေးပဲ..
"သိတိုင်းလည်း စီနီယာတို့အတွက်ကောင်းတာမဟုတ်ဘူး"
"အကျိုးရှိလားမရှိဘူးလားဆိုတာ မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး၊ တကယ် လို့ ဆိုးတယ်ဆိုလည်း ငါတို့က နားမထောင်ဖို့ကိုရွေးတယ်"
ရက်စက်တာပဲ...
"ကျွန်တော်အင်အားကြီးတစ်ခုထောင်ဖို့အတွက် သူတို့ကိုနေရာရှာခိုင်းလိုက်တာ"
"အင်အားကြီးထောင်မယ်ဟုတ်လား"
"တကယ်ကြီးလား"
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် မျက်လုံးပြူးမျးဖြင့် သူမကို ကြည့်ကြလေသည်။ သူတို့သည် မယုံနိုင်လောက်အောင် အံ့သြသွားကြ သည်။ ကျန်းကျူကျိပင် အံ့သြသွားကာ သူမအားလေးနက်စွာကြည့်လေ သည်။
"ဂျူနီယာမောင်လေး တကယ်ပြောနေတာလား၊ မင်းက အင်အားကြီး ထောင်ချင်တာလား" ဟန့်မြောင်ရွှမ်သည် ကျန်းကျူကျိဖိအားပေး သောကြောင့် သူမတွေ့ကရာပြောလိုက်တာလားဆိုသည်ကို သိချင် မိသည်။