ချစ်သောပြည့်ရှင်မင်း(Complete...

By phoongonkhin

300K 26.6K 1.6K

စစ်နတ်ဘုရားဟံသာဝတီအိမ်ရှေ့မင်းက အင်းဝနန်းတွင်းမာသူလျှိုလုပ်ရင်း အင်းဝမင်းသား‌ငယ်လေးကိုကာကွယ်ချင်လာတဲ့အခါ နောင... More

စာရေးသူ၏အမှာ
Part 1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part 10
Part11
Part12
Part 13
Part14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part28
Part29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42 (final)
Announcement
ပုံလေးလက်ဆောင်ရတာ❤️
Chibiလေးလက်ဆောင်ရတာ
Fan Art Gift
Book Announcement 💕
Book cover photo 💕

Part 27

4.5K 475 22
By phoongonkhin

ဗညားသတိုး  ကြီးမားသည့်ကြေးမုံပြင်ရှေ့တွင် ရပ်နေပြီး ကျင်စွယ်မုတ်ဆိတ်မွေးများနှင့် နှုတ်ခမ်းမွေးများကို ရိတ်သင်နေသည်။သင်တုန်းဓားတွင် ကပ်ညှိနေသည့်အမွေးအမျှင်များကို ရေဆေးလိုက်ပြီး ပိုးပဝါနုနုနှင့်ပါးစပ်တစ်ဝိုက်ကို သုတ်သည်။ကြေးမုံပြင်ကိုကြည့်လိုက်တော့ ပြောင်ရှင်းသပ်ရပ်သည့်မျက်နှာလေးကို တွေ့ရလေသည်။ဗညားသတိုး  အတောင်နှစ်ဆယ်ရှည်လျားသည့်ကြက်သွေးရောင်တောင်ရှည်ပုဆိုးကို သေသပ်စွာဝတ်လိုက်ပြီး ဆင်စွယ်ရောင်ကိုယ်ဝတ်အင်္ကျီကို ဝတ်သည်။သင်းပျံ့သည့်အမွှေးနံ့သာ တချို့ကိုဆွတ်ဖျန်းလိုက်ပြီး အိပ်ဆောင်အပြင်ကို ထွက်လေသည်။

ဗညားသတိုး အထိန်းတော်ကြီးအသင့်ပြင်ဆင်ထားသည့်ငွေဖလားကိုကိုင်ပြီး နန်းစောရှင်အိပ်ဆောင်အပြင်ဘက် ထွက်မည့်အချိန်ကိုစောင့်မျှော်နေသည်။

သည်နေ့က တန်ခူးလ မင်္ဂလာရှိသည့်သင်္ကြန်အခါတော်ရက် ဖြစ်နေသောကြောင့်ပင်။

မနက်ခင်းရောင်နီဖျော့ဖျော့က မဟာသူရနန်းဆောင်ကို လွှမ်းခြုံထားသည်။နွေးထွေးပေါ့ပါးသည့်လေထုက ဗညားသတိုး စိတ်ကိုလွတ်လပ်ပေါ့ပါးစေသည်။နန်းစောရှင် အိပ်ဆောင်တံခါးကိုဖွင့်ပြီး အပြင်ထွက်လာသည်။‌ငွေချည်‌ဖောက်ပိုးဖိနပ်လေးက နန်းစောရှင်ရဲ့ခြေထောက်လေးထံတွင် လိုက်ဖက်စွာ အသုံးတော်ခံနေ၏။ခရမ်းပြာရင့်ရောင် တောင်ရှည်ပုဆိုးကိုခပ်တိုတိုဝတ်ထားလေတော့ ငွေခြေချင်း‌ဆင်မြန်းထားသည့်လှပသောခြေချင်းဝတ်လေးကိုလည်း မြတ်နိုးဖွယ် တွေ့မြင်ရသေးသည်။

ဗညားသတိုးရဲ့အချစ်မျက်ဝန်းတွေက နန်းစောရှင်ခြေဖျားလေးမှစပြီး မျက်တောင်ဖျားလေးတွေအထိ ရွေ့လျားသွားလေသည်။ဗညားသတိုး  နှုတ်ခမ်းဖျားလေးတွေ တွန့်ချိုးလာကာ ငွေဖလားထဲမှ ပိတောက်ခက်လေးကိုကိုင်ပြီး နန်းစောရှင်ရဲ့ကုပ်ပိုးလေးကို တယုတယရိုက်လိုက်သည်။

ပိတောက်ခက်မှ နံ့သာရည်စက်ကလေးတွေက နန်းစောရှင်ရဲ့ကုပ်ပိုးလေးပေါ် အသာအယာ
သက်ဆင်းပြီး သင်းပျံ့ပျံ့မွှေးရနံ့က လေထုထဲတွင်ပျံ့နှံ့သွားသည်။ဗညားသတိုး ငွေဖလားကိုကိုင်ကာ နန်းစောရှင်ရဲ့ပခုံးထက်မှစ၍ အေးမြသည့်ရေစင် လောင်းချလိုက်သည်။

"အမောင့်နန်းစောရှင်ရဲ့စိတ်နှလုံးသားလေးက ကိုယ်တော်သွန်းလောင်းတဲ့မေတ္တာရေစင်ကြောင့် ထာဝရအေးမြပါစေသား"

အိမ်ရှေ့မင်းရဲ့မေတ္တာရေစင်က နန်းစောရှင်တစ်ကိုယ်လုံးကို ဖြတ်သန်းစီးဆင်းသွားပြီး နှလုံးသားလေးကို သိမ်မွေ့အောင်လှုံ့ဆော်လို့သွားသည်။နန်းစောရှင် အိမ်ရှေ့မင်းရဲ့ချစ်ခြင်းတရားအပြည့်ပါသည့်မျက်လုံးတွေကို ကြည့်ကာ ပြုံးယောင်သန်း သွားလေသည်။

နန်းစောရှင် အိမ်ရှေ့မင်းမျက်နှာက ပြောင်ရှင်းခံ့ညားနေတော့ အထူးအဆန်းဖြစ်ကာ။

"အိမ်ရှေ့မင်းရဲ့နှုတ်ခမ်းမွေးတွေ ဘယ်ရောက်သွားရော့သလဲ"

ဗညားသတိုး နန်းစောရှင်ရဲ့ပါးလေးကို ဖဲ့လိုက်သည်။

"ကိုယ်တော် ရိတ်သင်လိုက်တာ"

"ဘာလို့ပါလဲ အိမ်ရှေ့မင်း"

"အမောင်မွှေးကြူတော့ အမောင့်ချစ်ရသူလေးရဲ့ပါးပြင်နုနု နာကျင်မှာစိုးပေလို့ပေါ့"

နန်းစောရှင်ရဲ့ပါးပြင်လေးက ချက်ချင်းပင်နှင်းဆီသွေးလွှမ်းသွား၏။

"နှုတ်ခမ်းမွေးမရှိတော့ လူအများမလေးစားမခံ့ညားမှာ မစိုးပေရော့ဘူးလား"

"ဟိုအရင်တစ်ခါကိုယ်တော် နန်းစောရှင်ရဲ့ပါးပြင်လေးကိုခပ်ကြမ်းကြမ်းပွတ်မိလေတော့ နီရဲသွားတာကိုမြင်ရလေပြီး ကိုယ်တော်အိပ်မပျော်လေဘူး"

အိမ်ရှေ့မင်းရဲ့အသံက စိတ်မကောင်းဖြစ်မှုကို အသေအချာဖော်ပြနေသည်။နန်းစောရှင် ရယ်ချင်လာမိသည်။

"အိမ်ရှေ့မင်းရယ် ကျွန်တော်မျိုးကစစ်သည်တော်ယောကျာ်းရယ်ပါ အဲ့သည်လောက်မနုနယ်ပါဘူး"

"နုနယ်လိုမဟုတ်ပေဘူး ကိုယ်တော်ကနန်းစောရှင်ကို‌မြူမှုံလေးမျှတောင် မနာကျင်စေလိုတာပါ"

"အိမ်‌ရှေ့မင်း"

ဗညားသတိုးနှင့်နန်းစောရှင် ဆောင်ဓားကိုကိုယ်စီကိုင်လျက် ဟံသာဝတီမြို့ဘုရားစေတီတော်ထံ သွားသည်။အခါရက်ဖြစ်သောကြောင့် မြင်း၊မြင်းလှည်းနှင့်နွားလှည်း စီးသူများမရှိ။နန်းစောရှင် အိမ်ရှေ့မင်းဘေးမှ ကပ်လျက်လျှောက်ကာ လိုက်ပါလာသည်။

နန်း‌တွင်းမှဘုရားအထိ လမ်းတစ်လျှောက်တွင် တိုင်းသူပြည်သားများက ပျော်ပွဲရွှင်ပွဲများဆင်နွှဲနေကြသည်။‌နေရာတိုင်းတွင် အကျွေးအမွေးမဏ္ဍပ်များ၊ကခုန်‌နေကြသည့်လုံမပျိုလေးများ၊‌ ပိတောင်ခက်နှင့်ရေစင်ပက်ဖြန်းနေသောလူပျိုတော်သားများကို တွေ့ရသည်။ရွှေဝါရောင်ပိတောက်ခိုင်များက တိုင်းပြည်တစ်ပြည်လုံးကို ရွှေ‌ဝါရောင် လွှမ်းသွားစေသည်။လေညှင်းကလည်း သင်းပျံ့သည့်ပိတောက်ရနံ့ကို သယ်ဆောင်ထားလေသည်။

မြို့ဦးစေတီတော်ရဲ့မုခ်ဦးမှစ စေတီတော်အထိ လမ်းကလေး ဘေးတစ်ဖက်တစ်ချက်တွင် ပိတောက်ပင်များ စီတန်းစိုက်ပျိုးထားလေရာ ပိတောက်ပွင့်များက မြေခနေသည်။ဗညားသတိုးနှင့်နန်းစောရှင် အနှီပိတောက်လမ်းလေးပေါ်မှ ဖြတ်ကာလျှောက်လှမ်းနေသည်။

ဗညားသတိုး စေတီတော်ပေါ်တက်ပြီး ဆောင်ဓားကိုဘေးချကာ မြတ်စွာဘုရားထံ ဦးခိုက်လိုက်သည်။ဗညားသတိုး ဦးသုံးကြိမ်ချပြီး နန်းစောရှင်ကိုကြည့်တော့ နန်းစောရှင်လေးက ရှည်လျားကော့ညွှတ်သည့်မျက်တောင်လေးတွေရဲ့အလေးဒဏ်ကို မထိန်းထားနိုင်ဟန် မျက်လွှာလေးချလို့ ဆုတောင်းနေသည်။ဖြူနုသည့် မျက်‌နှာပေါ်က နေလောင်ဒဏ်အကြွင်းအကျန်လေးတွေသာမရှိရင် နန်းစောရှင်လေးကို စစ်သည်တော်မျက်နှာလေးလို့ ထင်မှတ်စရာမရှိ။ချောလှပေသည်။

ဗညားသတိုး အင်းဝတွင်ရှိစဉ်က နန်းစောရှင်လေးရဲ့မျက်နှာလေးကို ပြန်ပြောင်းသတိရလိုက်မိသည်။ထိုစဉ်က နန်းစောရှင်လေးက ငယ်ရွယ်ကာလွတ်လပ်ပေါ့ပါးသူဖြစ်သည်။အမြဲရယ်မောနေပြီး စိတ်ထဲရှိသမျှကို အရှိအတိုင်းဖွင့်ပြတတ်သူ ဖြစ်လေသည်။မင်းရဲဗလသာ ပုန်ကန်ခြင်းအမှုကို မပြုလေပါက သည်လိုနူးညံ့သည့်မင်းသားငယ်လေးကို‌ ဗညားသတိုး ပိုင်ဆိုင်ရပါ့မလား။အကယ်၍ ပုန်ကန်မှုမရှိခဲ့ရင်တောင် ဗညားသတိုး နန်းစောရှင်လေးကိုအပိုင်ရရန် အင်းဝကိုစစ်ချီဖြစ်လိမ့်မည် ထင်သည်။

'သည်လိုဆို နန်းစောရှင်ကိုရဖို့ စစ်ပွဲဘယ်နှစ်ပွဲလောက် ဆင်နွှဲရလေမလဲ'

"အမောင် ဘာတွေစဉ်းစားနေရော့သလဲ"

ဘုရားပေါ်တွင် တစ်ဦးတစ်လေမှမရှိလေသည်မို့ နန်းစောရှင်လေးက အမောင်လို့ခေါ်ရှာသည်။ထိုခေါ်သံလေးက ဗညားသတိုးရဲ့နှလုံးသားလေးကို နူးညံ့စေပြီးပြည့်လျှံနေပြီဖြစ်သည့်ချစ်ခြင်းတွေကို ပိုလို့လျှံကျစေသည်။

"မဟုတ်ပေဘူး စစ်ချီအကြောင်းစဉ်းစားလေတာ"

"ဘုရားပေါ်မှာတောင် စစ်ချီဖို့ စဉ်းစားလေရော့သလား ငရဲကိုသွားရမှာကိုမကြောက်ရွံ့ဘူးလား"

ဗညားသတိုး ဘေးတွင်ချထားသည့် ကွန့်ရောင်ဝါဓားကို ကြည့်လိုက်သည်။ဓားရိုးပေါ်မီရွှေပွင့်ခက်ကနုတ်တွေက လှပသေသပ်ပြီး အရှိန်အဝါကြီးမားသည့်ဓားတစ်လက်ဖြစ်ကြောင်း သက်သေထူနေသည်။မည်မျှပင်လှပခံ့ညားသော်ငြား သွေးစွန်းနေသည့်ဓားတစ်လက်ပင်။

"အမောင်တို့က စစ်ပွဲအလီလီကိုဖြတ်သန်းခဲ့ရလေတာဘဲ ငရဲကိုကြောက်ရမယ်တဲ့လား နန်းစောရှင်က ကြောက်လို့လား"

"အမောင်သာရှိရင် ငရဲလည်းကျွန်တော်မျိုးမကြောက်ပါဘူး"

"နန်းစောရှင်သာ ငရဲမှာရှိရင် အမောင်လိုက်လာဖို့အသင့်ဘဲ အမောင်သာငရဲမှာရှိရင်တော့ နန်းစောရှင်ကိုလိုက်လာဖို့မခေါ်ရက်ဘူး"

"အမောင်"

အိမ်ရှေ့မင်းက နန်းစောရှင်ရဲ့လက်လေးကိုတယုတယဆုပ်ကိုင်လေသည်။နန်းစောရှင်ရဲ့ကြမ်းရှသွယ်လျသည့်လက်တစ်စုံက ဗညားသတိုးရဲ့ကြီးမားသည့်လက်ဖဝါးကြမ်းတွေထဲ နှစ်မြှုပ်သွားပြီး လုံခြုံမှုကိုပေးစွမ်းသည်။

"နန်းစောရှင် မြတ်စွာဘုရားကိုအချိန်အကြာကြီးဝတ်ပြုနေတာ ဘာတွေကိုများဆုတောင်းနေလေသလဲ"

"ကွယ်လွန်သွားပြီဖြစ်တဲ့ခမည်းတော်နဲ့နောင်တောင်တွေ ဘဝတစ်ပါးမှာအေးချမ်းစေဖို့ဆုတောင်းနေတာပါ အမောင်ရောဘာတွေဆုတောင်းသလဲ"

"ခဏခဏဆုတောင်းခဲ့ရလေတဲ့ နန်းစောရှင်လေးက အမောင့်ရှေ့မှာရှိနေမှတော့ ဘာတွေကိုများထပ်ပြီး ဆုတောင်းရလေဦးမလဲ"

"အမောင်ကတော့ စကားကြွယ်ပါဘိ"

"ရင်ထဲက စကားကိုဆိုလေတာ"

"အမောင့်စကားတွေကြောင့် ကျွန်တော်မျိုးမချစ်မနှစ်သက်ဘဲ‌ မနေနိုင်တာထင်ပါ့"

"နန်းစောရှင်လေးလည်း စကားတတ်လာပြီပ"

"အမောင် ကျွန်တော်မျိူးတို့ကသည်လိုဘဲ ရှေ့ဆက်ကြလို့ဖြစ်ပါ့မလား"

နန်းစောရှင်ရဲ့မျက်လုံးထဲဝယ် စိုးရိမ်ပူပန်မှုက တစ်စွန်းတစ်စ။ဗညားသတိုး ပြုံးလိုက်ကာ နန်းစောရှင်ရဲ့စိုးရိမ်မှုကို လျော့နည်းစေလိုက်သည်။

"နန်းစောရှင် လျှောက်လမ်းဖို့ချစ်မေတ္တာခရီးကကြမ်းချင်ကြမ်းမယ် ဒါပေမယ့်နန်းစောရှင်ရဲ့ခြေဖဝါးနုနု သွေးမထွက်စေဖို့အမောင်သယ်ပိုးသွားပါ့မယ်"

"အရှင်မင်းကြီးသိရင်"

"စိတ်မပူလေနဲ့ နန်းစောရှင်ရဲ့ချစ်သူအမောင်ကိုယုံကြည်စမ်းပါလေ"

"အမောင့်ကိုယုံပါတယ်"

______

သမိန်သူရ ငွေဖလားကိုကိုင်လို့ တလမေနန်းမင်းသမီးရဲ့အိမ်တော်အပြင်ဘက်တွင် စောင့်နေသည်။တလမေနန်းကိုဘယ်လိုဘယ်ပုံအဖြေပေးရမယ် မသိသေးပေမယ့် သင်္ကြန်အခါရက်တွင် ရေလောင်းလိုတာက သည်အမျိုးသမီးလေးတစ်ဦးထဲ။သမိန်သူရ စောင့်နေရင်းမှာပင် တလမေနန်းမင်းသမီးက အပျိုတော်အပေါင်းနှင့် စံအိမ်အပြင်ထွက်လာသည်။တလမေနန်းမင်းသမီးက လှပလွန်းတာကြောင့် အ‌ပျိုတော်တွေကြားမှာပင် ထင်းထွက်နေ၏။

ကောင်းကင်ပြာရောင် ကိုယ်ဝတ်သင်တိုင်းလေးက တလမေနန်းမင်းသမီးနှင့် လွန်စွာလိုက်ဖက်ပြီး သမိန်သူရ ရေ‌လောင်းရမည်ကိုတောင် မဝံ့မရဲဖြစ်စေသည်။

သမိန်သူရ နံ့သာရည်အပြည့်ထည့်ထားသည့်ငွေဖလားကို ကိုင်ရင်း ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။တလမေနန်းထံသွားရန် ချီတုံချတုံဖြစ်နေတုန်း တလမေနန်းမင်းသမီးက သမိန်သူရကိုမြင်သွားကာ အနားကိုတစ်လှမ်းချင်း လျှောက်လာသည်။သမိန်သူရ ငေးမောမိသွားသည့်စိတ်ကို အလျင်အမြန်ရုတ်သိမ်းလိုက်ပြီး ဦးညွှတ်လိုက်သည်။

"တပ်မင်းသူရ"

"မှန်ပါ မင်းသမီး"

တလမေနန်း သမိန်သူရလက်ထဲက ငွေဖလားကိုကြည့်လိုက်သည်။လှပသည့်နှုတ်ခမ်းတစ်စုံက ကော့တက်လာပြီး။

"တပ်မင်းက မေနန်းကိုရေလောင်းမလို့လား"

"အဲ့တာက ဟို.."

"လောင်းမှာဖြင့် လောင်း"

"တကယ်လို့ မင်းသမီးအဆင်မပြေရင်"

"အို... သည်ငွေဖလားထဲကရေ တစ်ပါးသူကိုစိုစွတ်စေလိုက်လို့ကတော့ တပ်မင်း ဇက်ပြုတ်ပြီသာမှတ်"

"မှန် မှန်ပါ မင်းသမီး"

သမိန်သူရ ခုန်ပေါက်နေသည့်နှလုံးသားကို ချိုးနှိမ်ကာ တလမေနန်းမင်းသမီးကို ရေလောင်းလိုက်သည်။‌မွှေးပျံ့သည့်ရေစင်က တလမေနန်းမင်းသမီးတစ်ကိုယ်လုံးကို စိုစွတ်သွားစေသည်။တလမေနန်းပြုံးလိုက်ကာ ခန္ဓာကိုယ်ပေါ် ပဝါစလေးကို လွှမ်းခြုံလိုက်သည်။

"သည်လိုဆို မေနန်း နန်းတွင်းထဲသွားလိုက်ပါဦးမယ်"

"မှန်ပါ မင်းသမီး"

တလမေနန်းမင်းသမီးက ပြုံးကာ သမိန်သူရကို ကျောခိုင်းသွားလေသည်။သမိန်သူရ  ငွေဖလားအလွတ်ကိုရင်ဝယ်ပိုက်ရင်း ထွက်ခွာသွားသည့်တလမေနန်းရဲ့ကျောပြင်လေးကို ငေးစိုက်ကြည့်နေမိသည်။‌

တလမေနန်းမင်းသမီးက တော်ဝင်မျိုးနွယ်က သူကတော့ဘာမှမဟုတ်သည့်တပ်မင်းလေး ဖြစ်နိုင်ပါ့မလား။

"ရောင်းရင်းရေ"

ခေါ်သံကြား၍လှည့်ကြည့်မိတော့ ထားဝယ်မြို့စားတပ်မင်းသမိန်သူရိန်။

"သွေးသောက် သည်ကိုဘာကိစ္စလဲ"

"ဗညားငယ်မင်းသားက အခေါ်တော်‌ရှိလေမှတော့ လာရပေတာပေါ့ဗျားး"

"သွေးသောက်က ဗညားငယ်မင်းသားကိုအလိုလိုက်ပေတာကိုး"

"ဟံသာဝတီရဲ့နှလုံးသည်းပွတ်ကို ဘယ်သူကများ အလိုမလိုက်ဘဲနေပါ့မလဲ"

"ဒါလည်း ဟုတ်ပေသားဘဲ"

သမိန်သူရိန်နှင့်သမိန်သူရ စကားပြောနေရင်းမှာပင် ဗညားငယ်မင်းသားက လူပျိုတော်သားတွေလို တောင်ရှည်ခါးပုံစကို လည်မှာရစ်ပါလို့ အပြင်ထွက်လာသည်။ဗညားငယ်မင်းသားရဲ့မျက်နှာလေးက ငယ်ရွယ်မှုကြောင့် ချစ်ခင်ဖွယ်ကောင်းနေပြီး မင်းသားတစ်ပါးအဆောင်အယောင်အပြည့် ဝတ်ဆင်ထားသောကြောင့် ခံ့ညားမှုကိုလည်း ပေးစွမ်းနေသေးသည်။

"အသင်တပ်မင်းတို့ သည်ကနေ့ငါနဲ့မြို့တော်အနှံ့လှည့်လည်ကြပေမယ်"

သမိန်သူရနဲ့သမိန်သူရိန် မင်းသားငယ်ကို ဦးညွှတ်အရိုအသေပြုလိုက်သည်။

"မှန်ပါ မင်းသားငယ်"

"နန်းစောရှင်ကို ရေသွားလောင်းပေမလို့ တပ်မင်းတို့ကို နောင်တော်ကိုကြည့်ထားစေချင်တယ်"

"ဒါကတော့"

"လုပ်ပါတပ်မင်းတို့ရယ် အခါရက်ကြီးနောင်တော်စိတ်မဆိုးလောက်ပါဘူး"

ဗညားငယ်မင်းသားရဲ့လေသံက ပျော့ပျောင်းသွားလေတော့ သမိန်သူရိန် မနာခံဘဲမနေနိုင်အောင်ရှိရသည်။

"မှန်ပါ့"

"ကောင်းပြီ"

ဗညားငယ်မင်းသားရဲ့လက်ထဲတွင် ဆောင်ဓားမပါတာကြောင့် သမိန်သူရိန် မေးလိုက်သည်။

"မင်းသားငယ် ဆောင်ဓားမပါရော့ဘူးလား"

"အို အခါရက်ကြီးဘဲ ဆောင်ဓားမလိုပါဘူး"

သမိန်သူရိန် သဘောမကျစွာ ဆောင်ဓားကိုခပ်တင်းတင်းကိုင်လိုက်ပြီး။

"စစ်သည်တော်ဆိုတာ ဓားနဲ့မကင်းကွာကောင်းပါဘူး မင်းသားငယ်"

"သည်ကနေ့တစ်ရက်တော့ဖြင့် နားလည်ပေးပါလေ ငါလွတ်လွတ်လပ်လပ်သွားလိုတယ်ပြီးတော့ တပ်မင်းတို့နှစ်ယောက်ရှိလေတာဘဲ ငါဘာမှမဖြစ်နိုင်ပါဘူး"

သမိန်သူရနဲ့သမိနိသူရိန် ခေါင်းညိတ်လိုက်သည်။

"မှန်ပါ မင်းသားငယ်"

ဗညားငယ် တပ်မင်းနှစ်ယောက်ကိုခြံရံကာ မြို့အနှံ့ လျှောက်သွားလေသည်။အချိန်အတော်ကြာအောင် လှည့်လည်ပြီးသွားချိန်မှာပင် နောင်တော်တို့ကိုမတွေ့သေး။ဟံသာဝတီနန်းတွင်းရဲ့မြို့ရိုးအနီးပင် ရောက်လာပြီ။

"မင်းသားငယ်"

"နန်းစောရှင်"

ဗညားငယ်မင်းသား ခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်တော့ နန်းစောရှင်ကိုတွေ့ရလေသည်။နန်းစောရှင်မျက်နှာလေးက ကြည်လင်နေပြီး အပြုံးလှလှတစ်ပွင့်ကိုလည်း ချိတ်ဆွဲထားသေးသည်။နန်းစောရှင်ဘေးမှ နောင်တော်ကတော့ ပြောစရာပင်မလိုချေ။နန်းစောရှင်ဘေး တွင်ရှိလေသမျှ ကာလပတ်လုံး မျက်နှာက ပြုံးရွှင်နေလိမ့်မည်။

"ငါ ရေလောင်းလိုလို့"

"မှန်ပါ လောင်းပါမင်းသားငယ်"

"နောင်တော်က စိတ်မဆိုးပေရော့ဘူးလား"

ဗညားငယ်ရဲ့အမေးစကားကြောင့် ဗညားသတိုး ဂုဏ်ယူဝင့်ကြွားသည့်မျက်နှာလေးနှင့် နန်းစောရှင်ကို ကြည့်လိုက်သည်။

"ညီတော် နောင်တော်ကနန်းစောရှင်ကိုမိုးသောက်ချိန်ထဲက ရေလောင်းထားတာကို ယခုချိန်မှတော့ စိတ်မဆိုးလေပါဘူး"

"တော်ပြီ နန်းစောရှင်ကိုမလောင်းလိုတော့ဘူး သမိန်သူရိန်ကိုဘဲ လောင်းတော့မယ်"

ဗညားငယ်မင်းသားက ပြောပြောဆိုဆိုနှင့်ပင် သမိန်သူရ လက်ထဲမှ ရေအပြည့်ဖြည့်ထားသည့်ရေနှင့် သမိန်သူရိန်ကို ရေလောင်းလိုက်သည်။သမိန်သူရိန် တစ်ကိုယ်လုံးရွှဲရွှဲစိုသွား၏။

"အသင်သူရိန်ကို ရေလောင်းမယ့်လုံမပျိုမရှိလေတာမို့ ငါလောင်းပေးတာ ဟား ဟား"

ရွှဲရွှဲစိုသွားသည့်သမိန်သူရိန်ကိုကြည့်ပြီး ဗညားငယ်မင်းသားရဲ့ရယ်သံလေးတွေကလည်း လွှင့်စင်လာသည်။ဗညားငယ်ရဲ့ပေါ့ပေါ့ပါးပါးရယ်သံကြောင့် လေထုကပါ လိုက်ပါပေါ့ပါးသွားရသည်။

ဗညားငယ်မင်းသားက နန်းစောရှင် လက်ကိုသွားတွဲပြီး အရင်ထွက်သွားလေသည်။ဗညားသတိုးမှာ တားချိန်ပင်မရလိုက်။ဗညားသတိုး၊သမိန်သူရနှင့်သမိန်သူရိန်တို့သုံးယောက် ထွက်ခွာသွားသည့်မင်းသားငယ်လေးနှစ်ပါးနောက်ကို လိုက်ရလေသည်။

နန်းစောရှင် ဗညားငယ်မင်းသားလက်ကို တွဲထားရင်း လူရှုပ်ထွေးနေသည့်လမ်းတစ်ခုကို ဖြတ်လေသည်။လမ်းပေါ်တွင် ရေလောင်းသူ‌၊ရေဆော့သူများနှင့် စည်ကားနေပြီး မြင်မြင်သမျှက လှုပ်ရှားတက်ကြွနေသည်။

လုံမပျိုလေးတစ်ယောက်က လူရှုပ်သည့်ဒဏ်ကြောင့် ယိုင်နှံ့လာကာ နန်းစောရှင်ကို ဝင်တိုက်သွားသည်။လုံမပျိုလေးက ဗညားငယ်မင်းသားကိုမြင်တော့ အလန့်တကြားဒူးထောက်လိုက်ပြီး တုန်တုန်ရီရီနှင့်ပြောသည်။

"တောင်းပန်ပါတယ် ခွင့်လွှတ်ပေးတော်မူပါ"

ဗညားငယ်မင်းသားက လုံမပျိုကိုအေးစက်စက်အကြည့်ပေးလိုက်သည်။

"ရပြီ ရပြီသွားတော့"

"ကျေးဇူးကြီးမားလှပါတယ် အရှင့်သား"

လုံမပျိုလေးက ထရပ်ကာ နန်းစောရှင်ကိုအကြည့်တစ်ချက်ပေးလိုက်ပြီး လူအုပ်ကြားထဲသို့ အလျင်အမြန်ဝင်ရောက် ပျောက်ကွယ်သွားသည်။နန်းစောရှင် ကိုယ်ဝတ်အင်္ကျီကိုသေသပ်အောင် ပြင်ဆင်လိုက်ပြီး ဆောင်ဓားကိုခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။တောင့်တင်းသွားသည့်နှုတ်ခမ်းတစ်စုံကို လုပ်ယူပြုံးလိုက်ပြီး ဗညားငယ်မင်းသားဘေးမှ ကပ်လျက် လိုက်ပါသွားသည်။

စိတ်ထဲတွင်တော့ တင်းကြပ်သွားပြီး နှလုံးသားတစ်ခုလုံးက ပြင်းပြင်းထန်ထန်လှုပ်ခတ်နေသည်။နန်းစောရှင် စိတ်ထဲမှရေရွတ်လိုက်မိသည်။

'မရီးတော်ထံက ပြန်စာရပြီ'

___________

ဗညားသတိုး  ႀကီးမားသည့္ေၾကးမုံျပင္ေရွ႕တြင္ ရပ္ေနၿပီး က်င္စြယ္မုတ္ဆိတ္ေမြးမ်ားႏွင့္ ႏႈတ္ခမ္းေမြးမ်ားကို ရိတ္သင္ေနသည္။သင္တုန္းဓားတြင္ ကပ္ညႇိေနသည့္အေမြးအမွ်င္မ်ားကို ေရေဆးလိုက္ၿပီး ပိုးပဝါႏုႏုႏွင့္ပါးစပ္တစ္ဝိုက္ကို သုတ္သည္။ေၾကးမုံျပင္ကိုၾကည့္လိုက္ေတာ့ ေျပာင္ရွင္းသပ္ရပ္သည့္မ်က္ႏွာေလးကို ေတြ႕ရေလသည္။ဗညားသတိုး  အေတာင္ႏွစ္ဆယ္ရွည္လ်ားသည့္ၾကက္ေသြးေရာင္ေတာင္ရွည္ပုဆိုးကို ေသသပ္စြာဝတ္လိုက္ၿပီး ဆင္စြယ္ေရာင္ကိုယ္ဝတ္အကႌ်ကို ဝတ္သည္။သင္းပ်ံ႕သည့္အေမႊးနံ႔သာ တခ်ိဳ႕ကိုဆြတ္ဖ်န္းလိုက္ၿပီး အိပ္ေဆာင္အျပင္ကို ထြက္ေလသည္။

ဗညားသတိုး အထိန္းေတာ္ႀကီးအသင့္ျပင္ဆင္ထားသည့္ေငြဖလားကိုကိုင္ၿပီး နန္းေစာရွင္အိပ္ေဆာင္အျပင္ဘက္ ထြက္မည့္အခ်ိန္ကိုေစာင့္ေမွ်ာ္ေနသည္။

သည္ေန႔က တန္ခူးလ မဂၤလာရွိသည့္သႀကၤန္အခါေတာ္ရက္ ျဖစ္ေနေသာေၾကာင့္ပင္။

မနက္ခင္းေရာင္နီေဖ်ာ့ေဖ်ာ့က မဟာသူရနန္းေဆာင္ကို လႊမ္းၿခဳံထားသည္။ေႏြးေထြးေပါ႔ပါးသည့္ေလထုက ဗညားသတိုး စိတ္ကိုလြတ္လပ္ေပါ႔ပါးေစသည္။နန္းေစာရွင္ အိပ္ေဆာင္တံခါးကိုဖြင့္ၿပီး အျပင္ထြက္လာသည္။‌ေငြခ်ည္‌ေဖာက္ပိုးဖိနပ္ေလးက နန္းေစာရွင္ရဲ႕ေျခေထာက္ေလးထံတြင္ လိုက္ဖက္စြာ အသုံးေတာ္ခံေန၏။ခရမ္းျပာရင့္ေရာင္ ေတာင္ရွည္ပုဆိုးကိုခပ္တိုတိုဝတ္ထားေလေတာ့ ေငြေျခခ်င္း‌ဆင္ျမန္းထားသည့္လွပေသာေျခခ်င္းဝတ္ေလးကိုလည္း ျမတ္ႏိုးဖြယ္ ေတြ႕ျမင္ရေသးသည္။

ဗညားသတိုးရဲ႕အခ်စ္မ်က္ဝန္းေတြက နန္းေစာရွင္ေျခဖ်ားေလးမွစၿပီး မ်က္ေတာင္ဖ်ားေလးေတြအထိ ေရြ႕လ်ားသြားေလသည္။ဗညားသတိုး  ႏႈတ္ခမ္းဖ်ားေလးေတြ တြန္႔ခ်ိဳးလာကာ ေငြဖလားထဲမွ ပိေတာက္ခက္ေလးကိုကိုင္ၿပီး နန္းေစာရွင္ရဲ႕ကုပ္ပိုးေလးကို တယုတယ႐ိုက္လိုက္သည္။

ပိေတာက္ခက္မွ နံ႔သာရည္စက္ကေလးေတြက နန္းေစာရွင္ရဲ႕ကုပ္ပိုးေလးေပၚ အသာအယာ
သက္ဆင္းၿပီး သင္းပ်ံ႕ပ်ံ႕ေမႊးရနံ႔က ေလထုထဲတြင္ပ်ံ႕ႏွံ႔သြားသည္။ဗညားသတိုး ေငြဖလားကိုကိုင္ကာ နန္းေစာရွင္ရဲ႕ပခုံးထက္မွစ၍ ေအးျမသည့္ေရစင္ ေလာင္းခ်လိုက္သည္။

"အေမာင့္နန္းေစာရွင္ရဲ႕စိတ္ႏွလုံးသားေလးက ကိုယ္ေတာ္သြန္းေလာင္းတဲ့ေမတၱာေရစင္ေၾကာင့္ ထာဝရေအးျမပါေစသား"

အိမ္ေရွ႕မင္းရဲ႕ေမတၱာေရစင္က နန္းေစာရွင္တစ္ကိုယ္လုံးကို ျဖတ္သန္းစီးဆင္းသြားၿပီး ႏွလုံးသားေလးကို သိမ္ေမြ႕ေအာင္လႈံ႕ေဆာ္လို႔သြားသည္။နန္းေစာရွင္ အိမ္ေရွ႕မင္းရဲ႕ခ်စ္ျခင္းတရားအျပည့္ပါသည့္မ်က္လုံးေတြကို ၾကည့္ကာ ၿပဳံးေယာင္သန္း သြားေလသည္။

နန္းေစာရွင္ အိမ္ေရွ႕မင္းမ်က္ႏွာက ေျပာင္ရွင္းခံ့ညားေနေတာ့ အထူးအဆန္းျဖစ္ကာ။

"အိမ္ေရွ႕မင္းရဲ႕ႏႈတ္ခမ္းေမြးေတြ ဘယ္ေရာက္သြားေရာ့သလဲ"

ဗညားသတိုး နန္းေစာရွင္ရဲ႕ပါးေလးကို ဖဲ့လိုက္သည္။

"ကိုယ္ေတာ္ ရိတ္သင္လိုက္တာ"

"ဘာလို႔ပါလဲ အိမ္ေရွ႕မင္း"

"အေမာင္ေမႊးၾကဴေတာ့ အေမာင့္ခ်စ္ရသူေလးရဲ႕ပါးျပင္ႏုႏု နာက်င္မွာစိုးေပလို႔ေပါ႔"

နန္းေစာရွင္ရဲ႕ပါးျပင္ေလးက ခ်က္ခ်င္းပင္ႏွင္းဆီေသြးလႊမ္းသြား၏။

"ႏႈတ္ခမ္းေမြးမရွိေတာ့ လူအမ်ားမေလးစားမခံ့ညားမွာ မစိုးေပေရာ့ဘူးလား"

"ဟိုအရင္တစ္ခါကိုယ္ေတာ္ နန္းေစာရွင္ရဲ႕ပါးျပင္ေလးကိုခပ္ၾကမ္းၾကမ္းပြတ္မိေလေတာ့ နီရဲသြားတာကိုျမင္ရေလၿပီး ကိုယ္ေတာ္အိပ္မေပ်ာ္ေလဘူး"

အိမ္ေရွ႕မင္းရဲ႕အသံက စိတ္မေကာင္းျဖစ္မႈကို အေသအခ်ာေဖာ္ျပေနသည္။နန္းေစာရွင္ ရယ္ခ်င္လာမိသည္။

"အိမ္ေရွ႕မင္းရယ္ ကြၽန္ေတာ္မ်ိဳးကစစ္သည္ေတာ္ေယာက်ာ္းရယ္ပါ အဲ့သည္ေလာက္မႏုနယ္ပါဘူး"

"ႏုနယ္လိုမဟုတ္ေပဘူး ကိုယ္ေတာ္ကနန္းေစာရွင္ကို‌ျမဴမႈံေလးမွ်ေတာင္ မနာက်င္ေစလိုတာပါ"

"အိမ္‌ေရွ႕မင္း"

ဗညားသတိုးႏွင့္နန္းေစာရွင္ ေဆာင္ဓားကိုကိုယ္စီကိုင္လ်က္ ဟံသာဝတီၿမိဳ႕ဘုရားေစတီေတာ္ထံ သြားသည္။အခါရက္ျဖစ္ေသာေၾကာင့္ ျမင္း၊ျမင္းလွည္းႏွင့္ႏြားလွည္း စီးသူမ်ားမရွိ။နန္းေစာရွင္ အိမ္ေရွ႕မင္းေဘးမွ ကပ္လ်က္ေလွ်ာက္ကာ လိုက္ပါလာသည္။

နန္း‌တြင္းမွဘုရားအထိ လမ္းတစ္ေလွ်ာက္တြင္ တိုင္းသူျပည္သားမ်ားက ေပ်ာ္ပြဲရႊင္ပြဲမ်ားဆင္ႏႊဲေနၾကသည္။‌ေနရာတိုင္းတြင္ အေကြၽးအေမြးမ႑ပ္မ်ား၊ကခုန္‌ေနၾကသည့္လုံမပ်ိဳေလးမ်ား၊‌ ပိေတာင္ခက္ႏွင့္ေရစင္ပက္ျဖန္းေနေသာလူပ်ိဳေတာ္သားမ်ားကို ေတြ႕ရသည္။ေရႊဝါေရာင္ပိေတာက္ခိုင္မ်ားက တိုင္းျပည္တစ္ျပည္လုံးကို ေရႊ‌ဝါေရာင္ လႊမ္းသြားေစသည္။ေလညႇင္းကလည္း သင္းပ်ံ႕သည့္ပိေတာက္ရနံ႔ကို သယ္ေဆာင္ထားေလသည္။

ၿမိဳ႕ဦးေစတီေတာ္ရဲ႕မုခ္ဦးမွစ ေစတီေတာ္အထိ လမ္းကေလး ေဘးတစ္ဖက္တစ္ခ်က္တြင္ ပိေတာက္ပင္မ်ား စီတန္းစိုက္ပ်ိဳးထားေလရာ ပိေတာက္ပြင့္မ်ားက ေျမခေနသည္။ဗညားသတိုးႏွင့္နန္းေစာရွင္ အႏွီပိေတာက္လမ္းေလးေပၚမွ ျဖတ္ကာေလွ်ာက္လွမ္းေနသည္။

ဗညားသတိုး ေစတီေတာ္ေပၚတက္ၿပီး ေဆာင္ဓားကိုေဘးခ်ကာ ျမတ္စြာဘုရားထံ ဦးခိုက္လိုက္သည္။ဗညားသတိုး ဦးသုံးႀကိမ္ခ်ၿပီး နန္းေစာရွင္ကိုၾကည့္ေတာ့ နန္းေစာရွင္ေလးက ရွည္လ်ားေကာ့ၫႊတ္သည့္မ်က္ေတာင္ေလးေတြရဲ႕အေလးဒဏ္ကို မထိန္းထားႏိုင္ဟန္ မ်က္လႊာေလးခ်လို႔ ဆုေတာင္းေနသည္။ျဖဴႏုသည့္ မ်က္‌ႏွာေပၚက ေနေလာင္ဒဏ္အႂကြင္းအက်န္ေလးေတြသာမရွိရင္ နန္းေစာရွင္ေလးကို စစ္သည္ေတာ္မ်က္ႏွာေလးလို႔ ထင္မွတ္စရာမရွိ။ေခ်ာလွေပသည္။

ဗညားသတိုး အင္းဝတြင္ရွိစဉ္က နန္းေစာရွင္ေလးရဲ႕မ်က္ႏွာေလးကို ျပန္ေျပာင္းသတိရလိုက္မိသည္။ထိုစဉ္က နန္းေစာရွင္ေလးက ငယ္ရြယ္ကာလြတ္လပ္ေပါ႔ပါးသူျဖစ္သည္။အၿမဲရယ္ေမာေနၿပီး စိတ္ထဲရွိသမွ်ကို အရွိအတိုင္းဖြင့္ျပတတ္သူ ျဖစ္ေလသည္။မင္းရဲဗလသာ ပုန္ကန္ျခင္းအမႈကို မျပဳေလပါက သည္လိုႏူးညံ့သည့္မင္းသားငယ္ေလးကို‌ ဗညားသတိုး ပိုင္ဆိုင္ရပါ႔မလား။အကယ္၍ ပုန္ကန္မႈမရွိခဲ့ရင္ေတာင္ ဗညားသတိုး နန္းေစာရွင္ေလးကိုအပိုင္ရရန္ အင္းဝကိုစစ္ခ်ီျဖစ္လိမ့္မည္ ထင္သည္။

'သည္လိုဆို နန္းေစာရွင္ကိုရဖို႔ စစ္ပြဲဘယ္ႏွစ္ပြဲေလာက္ ဆင္ႏႊဲရေလမလဲ'

"အေမာင္ ဘာေတြစဉ္းစားေနေရာ့သလဲ"

ဘုရားေပၚတြင္ တစ္ဦးတစ္ေလမွမရွိေလသည္မို႔ နန္းေစာရွင္ေလးက အေမာင္လို႔ေခၚရွာသည္။ထိုေခၚသံေလးက ဗညားသတိုးရဲ႕ႏွလုံးသားေလးကို ႏူးညံ့ေစၿပီးျပည့္လွ်ံေနၿပီျဖစ္သည့္ခ်စ္ျခင္းေတြကို ပိုလို႔လွ်ံက်ေစသည္။

"မဟုတ္ေပဘူး စစ္ခ်ီအေၾကာင္းစဉ္းစားေလတာ"

"ဘုရားေပၚမွာေတာင္ စစ္ခ်ီဖို႔ စဉ္းစားေလေရာ့သလား ငရဲကိုသြားရမွာကိုမေၾကာက္ရြံ႕ဘူးလား"

ဗညားသတိုး ေဘးတြင္ခ်ထားသည့္ ကြန္႔ေရာင္ဝါဓားကို ၾကည့္လိုက္သည္။ဓား႐ိုးေပၚမီေရႊပြင့္ခက္ကႏုတ္ေတြက လွပေသသပ္ၿပီး အရွိန္အဝါႀကီးမားသည့္ဓားတစ္လက္ျဖစ္ေၾကာင္း သက္ေသထူေနသည္။မည္မွ်ပင္လွပခံ့ညားေသာ္ျငား ေသြးစြန္းေနသည့္ဓားတစ္လက္ပင္။

"အေမာင္တို႔က စစ္ပြဲအလီလီကိုျဖတ္သန္းခဲ့ရေလတာဘဲ ငရဲကိုေၾကာက္ရမယ္တဲ့လား နန္းေစာရွင္က ေၾကာက္လို႔လား"

"အေမာင္သာရွိရင္ ငရဲလည္းကြၽန္ေတာ္မ်ိဳးမေၾကာက္ပါဘူး"

"နန္းေစာရွင္သာ ငရဲမွာရွိရင္ အေမာင္လိုက္လာဖို႔အသင့္ဘဲ အေမာင္သာငရဲမွာရွိရင္ေတာ့ နန္းေစာရွင္ကိုလိုက္လာဖို႔မေခၚရက္ဘူး"

"အေမာင္"

အိမ္ေရွ႕မင္းက နန္းေစာရွင္ရဲ႕လက္ေလးကိုတယုတယဆုပ္ကိုင္ေလသည္။နန္းေစာရွင္ရဲ႕ၾကမ္းရွသြယ္လ်သည့္လက္တစ္စုံက ဗညားသတိုးရဲ႕ႀကီးမားသည့္လက္ဖဝါးၾကမ္းေတြထဲ ႏွစ္ျမႇဳပ္သြားၿပီး လုံၿခဳံမႈကိုေပးစြမ္းသည္။

"နန္းေစာရွင္ ျမတ္စြာဘုရားကိုအခ်ိန္အၾကာႀကီးဝတ္ျပဳေနတာ ဘာေတြကိုမ်ားဆုေတာင္းေနေလသလဲ"

"ကြယ္လြန္သြားၿပီျဖစ္တဲ့ခမည္းေတာ္နဲ႔ေနာင္ေတာင္ေတြ ဘဝတစ္ပါးမွာေအးခ်မ္းေစဖို႔ဆုေတာင္းေနတာပါ အေမာင္ေရာဘာေတြဆုေတာင္းသလဲ"

"ခဏခဏဆုေတာင္းခဲ့ရေလတဲ့ နန္းေစာရွင္ေလးက အေမာင့္ေရွ႕မွာရွိေနမွေတာ့ ဘာေတြကိုမ်ားထပ္ၿပီး ဆုေတာင္းရေလဦးမလဲ"

"အေမာင္ကေတာ့ စကားႂကြယ္ပါဘိ"

"ရင္ထဲက စကားကိုဆိုေလတာ"

"အေမာင့္စကားေတြေၾကာင့္ ကြၽန္ေတာ္မ်ိဳးမခ်စ္မႏွစ္သက္ဘဲ‌ မေနႏိုင္တာထင္ပါ႔"

"နန္းေစာရွင္ေလးလည္း စကားတတ္လာၿပီပ"

"အေမာင္ ကြၽန္ေတာ္မ်ိဴးတို႔ကသည္လိုဘဲ ေရွ႕ဆက္ၾကလို႔ျဖစ္ပါ႔မလား"

နန္းေစာရွင္ရဲ႕မ်က္လုံးထဲဝယ္ စိုးရိမ္ပူပန္မႈက တစ္စြန္းတစ္စ။ဗညားသတိုး ၿပဳံးလိုက္ကာ နန္းေစာရွင္ရဲ႕စိုးရိမ္မႈကို ေလ်ာ့နည္းေစလိုက္သည္။

"နန္းေစာရွင္ ေလွ်ာက္လမ္းဖို႔ခ်စ္ေမတၱာခရီးကၾကမ္းခ်င္ၾကမ္းမယ္ ဒါေပမယ့္နန္းေစာရွင္ရဲ႕ေျခဖဝါးႏုႏု ေသြးမထြက္ေစဖို႔အေမာင္သယ္ပိုးသြားပါ႔မယ္"

"အရွင္မင္းႀကီးသိရင္"

"စိတ္မပူေလနဲ႔ နန္းေစာရွင္ရဲ႕ခ်စ္သူအေမာင္ကိုယုံၾကည္စမ္းပါေလ"

"အေမာင့္ကိုယုံပါတယ္"

______

သမိန္သူရ ေငြဖလားကိုကိုင္လို႔ တလေမနန္းမင္းသမီးရဲ႕အိမ္ေတာ္အျပင္ဘက္တြင္ ေစာင့္ေနသည္။တလေမနန္းကိုဘယ္လိုဘယ္ပုံအေျဖေပးရမယ္ မသိေသးေပမယ့္ သႀကၤန္အခါရက္တြင္ ေရေလာင္းလိုတာက သည္အမ်ိဳးသမီးေလးတစ္ဦးထဲ။သမိန္သူရ ေစာင့္ေနရင္းမွာပင္ တလေမနန္းမင္းသမီးက အပ်ိဳေတာ္အေပါင္းႏွင့္ စံအိမ္အျပင္ထြက္လာသည္။တလေမနန္းမင္းသမီးက လွပလြန္းတာေၾကာင့္ အ‌ပ်ိဳေတာ္ေတြၾကားမွာပင္ ထင္းထြက္ေန၏။

ေကာင္းကင္ျပာေရာင္ ကိုယ္ဝတ္သင္တိုင္းေလးက တလေမနန္းမင္းသမီးႏွင့္ လြန္စြာလိုက္ဖက္ၿပီး သမိန္သူရ ေရ‌ေလာင္းရမည္ကိုေတာင္ မဝံ့မရဲျဖစ္ေစသည္။

သမိန္သူရ နံ႔သာရည္အျပည့္ထည့္ထားသည့္ေငြဖလားကို ကိုင္ရင္း ေျခဖ်ားလက္ဖ်ားေတြ ေအးစက္လာသည္။တလေမနန္းထံသြားရန္ ခ်ီတုံခ်တုံျဖစ္ေနတုန္း တလေမနန္းမင္းသမီးက သမိန္သူရကိုျမင္သြားကာ အနားကိုတစ္လွမ္းခ်င္း ေလွ်ာက္လာသည္။သမိန္သူရ ေငးေမာမိသြားသည့္စိတ္ကို အလ်င္အျမန္႐ုတ္သိမ္းလိုက္ၿပီး ဦးၫႊတ္လိုက္သည္။

"တပ္မင္းသူရ"

"မွန္ပါ မင္းသမီး"

တလေမနန္း သမိန္သူရလက္ထဲက ေငြဖလားကိုၾကည့္လိုက္သည္။လွပသည့္ႏႈတ္ခမ္းတစ္စုံက ေကာ့တက္လာၿပီး။

"တပ္မင္းက ေမနန္းကိုေရေလာင္းမလို႔လား"

"အဲ့တာက ဟို.."

"ေလာင္းမွာျဖင့္ ေလာင္း"

"တကယ္လို႔ မင္းသမီးအဆင္မေျပရင္"

"အို... သည္ေငြဖလားထဲကေရ တစ္ပါးသူကိုစိုစြတ္ေစလိုက္လို႔ကေတာ့ တပ္မင္း ဇက္ျပဳတ္ၿပီသာမွတ္"

"မွန္ မွန္ပါ မင္းသမီး"

သမိန္သူရ ခုန္ေပါက္ေနသည့္ႏွလုံးသားကို ခ်ိဳးႏွိမ္ကာ တလေမနန္းမင္းသမီးကို ေရေလာင္းလိုက္သည္။‌ေမႊးပ်ံ႕သည့္ေရစင္က တလေမနန္းမင္းသမီးတစ္ကိုယ္လုံးကို စိုစြတ္သြားေစသည္။တလေမနန္းၿပဳံးလိုက္ကာ ခႏၶာကိုယ္ေပၚ ပဝါစေလးကို လႊမ္းၿခဳံလိုက္သည္။

"သည္လိုဆို ေမနန္း နန္းတြင္းထဲသြားလိုက္ပါဦးမယ္"

"မွန္ပါ မင္းသမီး"

တလေမနန္းမင္းသမီးက ၿပဳံးကာ သမိန္သူရကို ေက်ာခိုင္းသြားေလသည္။သမိန္သူရ  ေငြဖလားအလြတ္ကိုရင္ဝယ္ပိုက္ရင္း ထြက္ခြာသြားသည့္တလေမနန္းရဲ႕ေက်ာျပင္ေလးကို ေငးစိုက္ၾကည့္ေနမိသည္။‌

တလေမနန္းမင္းသမီးက ေတာ္ဝင္မ်ိဳးႏြယ္က သူကေတာ့ဘာမွမဟုတ္သည့္တပ္မင္းေလး ျဖစ္ႏိုင္ပါ႔မလား။

"ေရာင္းရင္းေရ"

ေခၚသံၾကား၍လွည့္ၾကည့္မိေတာ့ ထားဝယ္ၿမိဳ႕စားတပ္မင္းသမိန္သူရိန္။

"ေသြးေသာက္ သည္ကိုဘာကိစၥလဲ"

"ဗညားငယ္မင္းသားက အေခၚေတာ္‌ရွိေလမွေတာ့ လာရေပတာေပါ႔ဗ်ားး"

"ေသြးေသာက္က ဗညားငယ္မင္းသားကိုအလိုလိုက္ေပတာကိုး"

"ဟံသာဝတီရဲ႕ႏွလုံးသည္းပြတ္ကို ဘယ္သူကမ်ား အလိုမလိုက္ဘဲေနပါ႔မလဲ"

"ဒါလည္း ဟုတ္ေပသားဘဲ"

သမိန္သူရိန္ႏွင့္သမိန္သူရ စကားေျပာေနရင္းမွာပင္ ဗညားငယ္မင္းသားက လူပ်ိဳေတာ္သားေတြလို ေတာင္ရွည္ခါးပုံစကို လည္မွာရစ္ပါလို႔ အျပင္ထြက္လာသည္။ဗညားငယ္မင္းသားရဲ႕မ်က္ႏွာေလးက ငယ္ရြယ္မႈေၾကာင့္ ခ်စ္ခင္ဖြယ္ေကာင္းေနၿပီး မင္းသားတစ္ပါးအေဆာင္အေယာင္အျပည့္ ဝတ္ဆင္ထားေသာေၾကာင့္ ခံ့ညားမႈကိုလည္း ေပးစြမ္းေနေသးသည္။

"အသင္တပ္မင္းတို႔ သည္ကေန႔ငါနဲ႔ၿမိဳ႕ေတာ္အႏွံ႔လွည့္လည္ၾကေပမယ္"

သမိန္သူရနဲ႔သမိန္သူရိန္ မင္းသားငယ္ကို ဦးၫႊတ္အ႐ိုအေသျပဳလိုက္သည္။

"မွန္ပါ မင္းသားငယ္"

"နန္းေစာရွင္ကို ေရသြားေလာင္းေပမလို႔ တပ္မင္းတို႔ကို ေနာင္ေတာ္ကိုၾကည့္ထားေစခ်င္တယ္"

"ဒါကေတာ့"

"လုပ္ပါတပ္မင္းတို႔ရယ္ အခါရက္ႀကီးေနာင္ေတာ္စိတ္မဆိုးေလာက္ပါဘူး"

ဗညားငယ္မင္းသားရဲ႕ေလသံက ေပ်ာ့ေပ်ာင္းသြားေလေတာ့ သမိန္သူရိန္ မနာခံဘဲမေနႏိုင္ေအာင္ရွိရသည္။

"မွန္ပါ႔"

"ေကာင္းၿပီ"

ဗညားငယ္မင္းသားရဲ႕လက္ထဲတြင္ ေဆာင္ဓားမပါတာေၾကာင့္ သမိန္သူရိန္ ေမးလိုက္သည္။

"မင္းသားငယ္ ေဆာင္ဓားမပါေရာ့ဘူးလား"

"အို အခါရက္ႀကီးဘဲ ေဆာင္ဓားမလိုပါဘူး"

သမိန္သူရိန္ သေဘာမက်စြာ ေဆာင္ဓားကိုခပ္တင္းတင္းကိုင္လိုက္ၿပီး။

"စစ္သည္ေတာ္ဆိုတာ ဓားနဲ႔မကင္းကြာေကာင္းပါဘူး မင္းသားငယ္"

"သည္ကေန႔တစ္ရက္ေတာ့ျဖင့္ နားလည္ေပးပါေလ ငါလြတ္လြတ္လပ္လပ္သြားလိုတယ္ၿပီးေတာ့ တပ္မင္းတို႔ႏွစ္ေယာက္ရွိေလတာဘဲ ငါဘာမွမျဖစ္ႏိုင္ပါဘူး"

သမိန္သူရနဲ႔သမိနိသူရိန္ ေခါင္းညိတ္လိုက္သည္။

"မွန္ပါ မင္းသားငယ္"

ဗညားငယ္ တပ္မင္းႏွစ္ေယာက္ကိုၿခံရံကာ ၿမိဳ႕အႏွံ႔ ေလွ်ာက္သြားေလသည္။အခ်ိန္အေတာ္ၾကာေအာင္ လွည့္လည္ၿပီးသြားခ်ိန္မွာပင္ ေနာင္ေတာ္တို႔ကိုမေတြ႕ေသး။ဟံသာဝတီနန္းတြင္းရဲ႕ၿမိဳ႕႐ိုးအနီးပင္ ေရာက္လာၿပီ။

"မင္းသားငယ္"

"နန္းေစာရွင္"

ဗညားငယ္မင္းသား ေခၚသံေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္ေတာ့ နန္းေစာရွင္ကိုေတြ႕ရေလသည္။နန္းေစာရွင္မ်က္ႏွာေလးက ၾကည္လင္ေနၿပီး အၿပဳံးလွလွတစ္ပြင့္ကိုလည္း ခ်ိတ္ဆြဲထားေသးသည္။နန္းေစာရွင္ေဘးမွ ေနာင္ေတာ္ကေတာ့ ေျပာစရာပင္မလိုေခ်။နန္းေစာရွင္ေဘး တြင္ရွိေလသမွ် ကာလပတ္လုံး မ်က္ႏွာက ၿပဳံးရႊင္ေနလိမ့္မည္။

"ငါ ေရေလာင္းလိုလို႔"

"မွန္ပါ ေလာင္းပါမင္းသားငယ္"

"ေနာင္ေတာ္က စိတ္မဆိုးေပေရာ့ဘူးလား"

ဗညားငယ္ရဲ႕အေမးစကားေၾကာင့္ ဗညားသတိုး ဂုဏ္ယူဝင့္ႂကြားသည့္မ်က္ႏွာေလးႏွင့္ နန္းေစာရွင္ကို ၾကည့္လိုက္သည္။

"ညီေတာ္ ေနာင္ေတာ္ကနန္းေစာရွင္ကိုမိုးေသာက္ခ်ိန္ထဲက ေရေလာင္းထားတာကို ယခုခ်ိန္မွေတာ့ စိတ္မဆိုးေလပါဘူး"

"ေတာ္ၿပီ နန္းေစာရွင္ကိုမေလာင္းလိုေတာ့ဘူး သမိန္သူရိန္ကိုဘဲ ေလာင္းေတာ့မယ္"

ဗညားငယ္မင္းသားက ေျပာေျပာဆိုဆိုႏွင့္ပင္ သမိန္သူရ လက္ထဲမွ ေရအျပည့္ျဖည့္ထားသည့္ေရႏွင့္ သမိန္သူရိန္ကို ေရေလာင္းလိုက္သည္။သမိန္သူရိန္ တစ္ကိုယ္လုံးရႊဲရႊဲစိုသြား၏။

"အသင္သူရိန္ကို ေရေလာင္းမယ့္လုံမပ်ိဳမရွိေလတာမို႔ ငါေလာင္းေပးတာ ဟား ဟား"

ရႊဲရႊဲစိုသြားသည့္သမိန္သူရိန္ကိုၾကည့္ၿပီး ဗညားငယ္မင္းသားရဲ႕ရယ္သံေလးေတြကလည္း လႊင့္စင္လာသည္။ဗညားငယ္ရဲ႕ေပါ႔ေပါ႔ပါးပါးရယ္သံေၾကာင့္ ေလထုကပါ လိုက္ပါေပါ႔ပါးသြားရသည္။

ဗညားငယ္မင္းသားက နန္းေစာရွင္ လက္ကိုသြားတြဲၿပီး အရင္ထြက္သြားေလသည္။ဗညားသတိုးမွာ တားခ်ိန္ပင္မရလိုက္။ဗညားသတိုး၊သမိန္သူရႏွင့္သမိန္သူရိန္တို႔သုံးေယာက္ ထြက္ခြာသြားသည့္မင္းသားငယ္ေလးႏွစ္ပါးေနာက္ကို လိုက္ရေလသည္။

နန္းေစာရွင္ ဗညားငယ္မင္းသားလက္ကို တြဲထားရင္း လူရႈပ္ေထြးေနသည့္လမ္းတစ္ခုကို ျဖတ္ေလသည္။လမ္းေပၚတြင္ ေရေလာင္းသူ‌၊ေရေဆာ့သူမ်ားႏွင့္ စည္ကားေနၿပီး ျမင္ျမင္သမွ်က လႈပ္ရွားတက္ႂကြေနသည္။

လုံမပ်ိဳေလးတစ္ေယာက္က လူရႈပ္သည့္ဒဏ္ေၾကာင့္ ယိုင္ႏွံ႔လာကာ နန္းေစာရွင္ကို ဝင္တိုက္သြားသည္။လုံမပ်ိဳေလးက ဗညားငယ္မင္းသားကိုျမင္ေတာ့ အလန္႔တၾကားဒူးေထာက္လိုက္ၿပီး တုန္တုန္ရီရီႏွင့္ေျပာသည္။

"ေတာင္းပန္ပါတယ္ ခြင့္လႊတ္ေပးေတာ္မူပါ"

ဗညားငယ္မင္းသားက လုံမပ်ိဳကိုေအးစက္စက္အၾကည့္ေပးလိုက္သည္။

"ရၿပီ ရၿပီသြားေတာ့"

"ေက်းဇူးႀကီးမားလွပါတယ္ အရွင့္သား"

လုံမပ်ိဳေလးက ထရပ္ကာ နန္းေစာရွင္ကိုအၾကည့္တစ္ခ်က္ေပးလိုက္ၿပီး လူအုပ္ၾကားထဲသို႔ အလ်င္အျမန္ဝင္ေရာက္ ေပ်ာက္ကြယ္သြားသည္။နန္းေစာရွင္ ကိုယ္ဝတ္အကႌ်ကိုေသသပ္ေအာင္ ျပင္ဆင္လိုက္ၿပီး ေဆာင္ဓားကိုခပ္တင္းတင္း ဆုပ္ကိုင္လိုက္သည္။ေတာင့္တင္းသြားသည့္ႏႈတ္ခမ္းတစ္စုံကို လုပ္ယူၿပဳံးလိုက္ၿပီး ဗညားငယ္မင္းသားေဘးမွ ကပ္လ်က္ လိုက္ပါသြားသည္။

စိတ္ထဲတြင္ေတာ့ တင္းၾကပ္သြားၿပီး ႏွလုံးသားတစ္ခုလုံးက ျပင္းျပင္းထန္ထန္လႈပ္ခတ္ေနသည္။နန္းေစာရွင္ စိတ္ထဲမွေရရြတ္လိုက္မိသည္။

'မရီးေတာ္ထံက ျပန္စာရၿပီ'

Continue Reading

You'll Also Like

7.9M 460K 48
Wang Li Xun, the Crown Prince, goes out hunting for the Celestial Flower to save his mother from a terminal illness. When he nearly dies from the att...
352K 14.2K 44
" သျှင်နှောင်း ဆို တဲ့ ခင်များကို ကျုပ်ဆိုတဲ့ နှိုင်းတုမဏီက ချစ်လို့ယူခဲ့တာမဟုတ်ဘူး "
232K 37.4K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
100K 8.7K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...