Worship Me, I Can Make You Ri...

Per XiaoMaoMao55

513K 96.1K 4K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... Més

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 34 (U+Z)

7K 1.4K 77
Per XiaoMaoMao55

-Unicode-

အခန်း ၃၄: ကိုယ်က အဲဒီသူဖြစ်ချင်တာ

ချိန်ကျန့်ရှန်ကို ဆေးတပ်က အရေးပေါ်ကုသဖို့ ခေါ်သွားတယ်။

သူ့ခေါင်းက တကယ်ကို သွေးတွေအရမ်းထွက်နေတယ်။

ဒါပေမဲ့ မမျှော်လင့်စွာနဲ့ပဲ သူတို့တွေ သူ့ကို လူနာတင်ထမ်းစင်ပေါ်တင်လိုက်တဲ့အချိန်မှာ ထမ်းစင်က ရုတ်ခြည်း ကျိုးကျသွားပြီး ချိန်ကျန့်ရှန်က မြေပေါ်ပြန်ကျသွားပြန်ရော။

ဆေးတပ်သားတွေက အားလုံး အံ့အားသင့်သွားကြတယ်။ ဒီထမ်းစင်က တော်တော်လေးအကြမ်းခံပြီး ခိုင်ခံ့တယ်။ ဒါက ဘယ်လိုလုပ်ပြီး ကျိုးသွားရတာလဲ။ ဒါရဲ့အရည်အသွေးက မီးလောင်ရင်တောင် မကျိုးမပျက်ဘဲ ခံနိုင်ရည်ရှိတယ်။

"ဒါက တကယ်အရမ်းထူးဆန်းတာပဲ...."

အဲဒါကြောင့် အလွန်ကြာရှည်တဲ့ ကမောက်ကမအခြေအနေကြီး အဆုံးတွင် ချိန်ကျန့်ရှန်ကို အောင်မြင်စွာ ခေါ်သွားလို့ရသွားတယ်။

ဒါက စစ်တပ်ရဲ့ဆေးအဖွဲ့ဖြစ်တာမို့ ဒုဗိုလ်ကြီးချိန်က သူ့သားကို အရေးပေါ်ကုသဆောင်ကို ခေါ်သွားတာနဲ့ ပတ်သက်ပြီး စိတ်အေးလက်အေးဖြစ်သွားတယ်။ ဘယ်လိုပဲဖြစ်ပါစေ သူ့ရင်ထဲမှာ နည်းနည်းတော့ စိုးရိမ်ကြောင့်ကြနေတုန်းပဲ။

"တောင်းပန်ပါတယ် ဗိုလ်ချုပ်ကြီး အခုတလော ကျွန်တော့်သားက ဘာဖြစ်နေမှန်းမသိပါဘူး။ သူက တကယ်အရမ်းကို ကံမကောင်းနေတာ။ နေ့တိုင်း လက်ကျိုးရင်ကျိုး၊ မဟုတ်ရင် ခြေကျိုးတယ်။ အရေးပေါ်ကုသဆောင်ကို ခေါ်သွားရင်းတောင်မှပဲ ဖြစ်နေတုန်းပဲ။ ဘာတွေဖြစ်နေမှန်းတောင် မသိတော့ပါဘူး..."

ပြီးခဲ့တဲ့အခေါက်က သူ့ကို အရေးပေါ်ခန်းကို ခေါ်သွားတုန်းကလိုပဲ။ သဘာဝကျကျပြောရမယ်ဆိုရင် သင်တန်းကျောင်းမှာလည်း ဆေးကုသဆောင်ရှိတယ်။ အထူးသဖြင့် စစ်သင်တန်းကျောင်းလိုမျိုးနေရာမျိုးမှာ ဆေးကုသဆောင်ဆိုတာ ပိုတောင်မှလိုအပ်သေးတယ်။

ဒါပေမဲ့ သင်တန်းကျောင်းက ကုသကန်တွေအကုန်လုံးက အလုပ်မလုပ်တော့ဘူး။ အဲဒါက အရမ်းထူးဆန်းတယ်။

နောက်ဆုံး သူ့သားကို ဆေးရုံမှာ အရေးပေါ်ကုသဖို့ ခေါ်လာနိုင်ပြန်တော့လည်း ပိုထူးဆန်းတဲ့ကိစ္စ ဖြစ်သေးတယ်။ သူ့သားဝင်လှဲလိုက်တဲ့ ဘယ်ကုသကန်မဆို ပျက်သွားတာနဲ့ ကြုံရပြန်တယ်။

အဲဒီလိုဆိုလို့ တခြားလူနာတွင် အထဲဝင်လှဲလိုက်ရင် ချက်ချင်း ကောင်းနေတယ်။

ဒီလို ထူးဆန်းတဲ့အဖြစ်အပျက်က ဆရာဝန်တွေကိုတောင်မှ အရူးဖြစ်သွားစေတယ်။ နောက်ဆုံးတော့ သူ့ကို ရှေးကကုသနည်းဖြစ်တဲ့ ခွဲစိတ်ကုသနည်းနဲ့ပဲ ကုရတော့တယ်။

ဆေးကုသမှုက အလွန်ထိရောက်လို့ တော်သေးတယ်။ နှစ်ရက်လောက်နေပြီးနောက်မှာ သူနောက်ဆုံးတော့ နေပြန်ကောင်းလာတယ်။

သို့ပေမဲ့ ကုသကန်ထဲမှာ နာရီအနည်းငယ်လဲလျောင်းနေရုံနဲ့ ကုသလို့ရတဲ့ ဒဏ်ရာပြန်ကောင်းဖို့အတွက် သူ့သားက နှစ်ရက်တိတိ နာကျင်မှုကို သည်းခံခဲ့ရတယ်။

"ကျွန်တော်တို့ ဒီကိုလာတဲ့လမ်းမှာလည်း အတူတူပဲ၊ ကားပျံက မောင်းနေတာအကောင်းပဲ။ မလာခင်က ကားပျံကောင်းမကောင်းကို အထူးတလည် သေချာအောင်စစ်ဆေးခဲ့သေးတယ်။ ဒါတောင်မှ ကားမတော်တဆမှုဖြစ်လာသေးတယ်...." ဒုဗိုလ်ကြီးချိန်က အလွန် ရင်နာနေဟန်ရတယ်။ "ဒါ့အပြင် ကျန့်ရှန်နဲ့ ကျွန်တော် နှစ်ယောက်လုံး ကားပျံတစ်စီးတည်းမှာ ထိုင်နေတာပဲ။ မတော်တဆမှုဖြစ်တော့ ကျွန်တော်က လုံးဝ အကောင်းအတိုင်းပဲကို သူ့မှာ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခိုက်သွားသေးတယ်"

အစည်းအဝေးခန်းထဲမှာ ဗိုလ်ချုပ်ကြီးဝမ်ကို ထိုင်စောင့်နေဖို့ဆိုတာ တကယ်တမ်း တော်တော်လွယ်တဲ့ကိစ္စတော့ မဟုတ်ခဲ့ဘူး။

"အဲဒါကြောင့် အထင်မလွဲလိုက်ပါနဲ့၊ သူက တကယ်ကြီးကို တော်တော် ကံဆိုးနေတာပါ" သူက တလေးတစား နှုတ်မဆက်ချင်လို့ မဟုတ်ရပါဘူး။

ဒုဗိုလ်ကြီးချိန်က စိတ်ထဲမှာ ထိတ်ပြာနေရင်း အထင်လွဲခံရမှာကို ကြောက်နေတယ်။

ဝမ်ရှောင်းယွင်: "........."

ဒီထူးဆန်းပြီး ထိတ်လန့်စရာအကြောင်းအရာကို ကြားလိုက်ရတော့ ဝမ်ရှောင်းယွင်က ထူးဆန်းစွာနဲ့ နည်းနည်း ရင်းနှီးနေသလို ခံစားနေရတယ်။

သူက ကျွမ်းကျိုးဆီကို ကြည့်လိုက်တယ်။

အဲဒီမှာ သူငယ်ချင်းလေးရဲ့ စာနာထောက်ထားဟန် ကြောက်ရွံ့နေတဲ့အမူအရာကို တွေ့လိုက်ရတယ်။

ဝမ်ရှောင်းယွင်: "........."

နောက်တစ်နည်းပြောရရင် ဒါသူထင်ထားတဲ့ဟာလား။

ဝမ်ရှောင်းယွင်လှမ်းကြည့်လာတဲ့ အကြည့်ကို ဖမ်းမိလိုက်တဲ့အတွက် ကျွမ်းကျိုးက ခြေဖျားထောက်ပြီး သူ့နားထဲ တိုးတိတ်စွာ ပြောလိုက်တယ်။ "အဲဒီလူက ကြွယ်ဝခြင်းနတ်ဘုရားကို စော်ကားမော်ကားပြောထားတယ်........"

ဝမ်ရှောင်းယွင်က သူ့ဘာသူ တွေးလိုက်တယ်: ဖြစ်တော့မှာပေါ့။

ကျွမ်းကျိုးက သူ့ရင်ဘတ်လေးကို ပူပန်စွာ ဖိပြီး တီးတိုးရေရွတ်လိုက်တယ်: "နောက်ဆို ခင်ဗျား သူ့ကို မစော်ကားမိအောင် သတိထားရမယ်နော်"

ဝမ်ရှောင်းယွင်က သူ့ခေါင်းကို ပွတ်သပ်လိုက်တယ်: "ကိုယ်က ဘာလို့စော်ကားရမှာလဲ"

သူက ဘယ်လိုလုပ် သူ့ကို စော်ကားချင်ရမှာလဲ။

"အင်း အင်း" ကျွမ်းကျိုးက သူ့ခေါင်းကို တစ်ချက် ထိလိုက်ပြီး ရေရွတ်လိုက်တယ်: "အရမ်းဆိုးရွားလွန်းလို့ အခုဆို ကျွန်တော်တောင် ကိုယ့်ကိုယ်ကိုယ် စော်ကားမိမှာ ကြောက်နေပြီ..."

ဝမ်ရှောင်းယွင်: "???"

ဒုဗိုလ်ကြီးချိန်က နည်းနည်း စိုးရိမ်ပူပန်နေတယ်: "ဗိုလ်ချုပ်ကြီး အဲဒါဆိုရင် ကျွန်တော့်သားရဲ့ဒဏ်ရာတွေ ပြန်သက်သာလာရင် တွေ့ပေးဖို့ ထပ်ခေါ်လာခဲ့...ရမလား"

ဒုဗိုလ်ကြီးချိန်က မကြာခဏဆိုသလို သူ့သားရဲ့ ခန္ဓာကိုယ်စွမ်းဆောင်နိုင်မှုနဲ့ စိတ်စွမ်းအားက နှစ်ခုစလုံး S အဆင့်ဖြစ်ကြောင်း၊ သူ့အဆင့်တွေက စစ်သင်တန်းကျောင်း ဝင်ခွင့်ရပြီးနောက် ဘယ်လောက်တောင် ထူးချွန်လာကြောင်း ပြောဖူးတာကို ဝမ်ရှောင်းယွင် သတိရလိုက်တယ်။

ဝမ်ရှောင်းယွင်က သေချာပေါက် ဒီလိုကောင်းမွန်တဲ့ အပင်ပေါက်လေးကို လက်လွတ်မခံချင်ဘူး။ အဲဒါကြောင့် တစ်ခေါက်လောက် ကြည့်ရအောင် ဒုဗိုလ်ကြီးချိန်ကို ခေါ်လာခွင့်ပြုလိုက်တယ်။ သူက တကယ်ကို ထူးချွန်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့ အရည်အသွေးတွေပိုင်ထားတယ်ဆိုရင် ဝမ်ရှောင်းယွင်က အလိုအလျောက် သဘောတူလိုက်မှာပဲ။

ဒါပေမဲ့ အခု ဒီလူက ကြွယ်ဝခြင်းနတ်ဘုရားကို ရိုင်းပျဖူးတယ်ဆိုပြီး ကျိုးကျိုးပြောတာ ကြားလိုက်ရတယ်။

ဝမ်ရှောင်းယွင်ရဲ့ မျက်နှာထားက သုန်မှုန်နေတယ်: "ခင်ဗျားသား ပြန်သက်သာလာမှပဲ ပြောကြတာပေါ့"

အင်း သူ့သားအတွက်က... လုံးဝပြန်ကောင်းလာဖို့ဆိုတာ အရမ်းခက်ခဲနိုင်ရုံလောက်ပါပဲ။

ဝမ်ရှောင်းယွင် သဘောတူလိုက်တယ်လို့ထင်သွားပြီး ဒုဗိုလ်ကြီးချိန်က သူ့ကို ဝမ်းသာအားရ ကျေးဇူးတင်သွားတယ်။

နောက်လဝက်လောက်နေတော့ ချိန်ကျန့်ရှန်က သူ့အရင်အခြေအနေအတိုင်း ပြန်ရောက်သွားတယ်။ လမ်းကနေ အရေပေါ်ခန်းကိုရောက်ရင်ရောက်၊ မဟုတ်ရင် မတော်တဆမှုတစ်ခုခုဖြစ်တာပဲ။

တိုတောင်းတဲ့ လဝက်အချိန်လေးအတွင်းမှာတောင် လူတစ်ကိုယ်လုံးက မျက်တွင်းချောင်ပြီး လုံးပါးပါးနေတော့တယ်။

ချိန်ကျန့်ရှန်မှာ လေ့ကျင့်ထားတဲ့အတိုင်း တုံ့ပြန်မှုတစ်ခုတောင်မှပဲ အကျင့်ဖြစ်လာခဲ့တယ်။ အန္တရာယ်တစ်ခုခု ဖြစ်တော့မယ်ဆိုရင် သူက အလိုအလျောက်ပဲ ကာဆီးလိုက်တာပဲဖြစ်ဖြစ် ရှောင်လွှဲလိုက်တာပဲဖြစ်ဖြစ် လုပ်နိုင်သွားတယ်။

သူ့အရှိန်က အရမ်းမြန်လို့ လူတိုင်းက အံ့အားသင့်လွန်းလို့ ပါးစပ်အဟောင်းသားဖြစ်ရတဲ့အထိပဲ။

ဒါက အရင်တုန်းကသာဆိုရင် ချိန်ကျန့်ရှန်က သူဘယ်လောက်တောင် ပါရမီထူးကြောင်း၊ ဒီလိုမျိုးအရည်အချင်းမျိုးဆိုတာ သူ့ရဲ့ထူးချွန်မှုကြောင့်သာဖြစ်ကြောင်း သေချာပေါက် စပြီး မိမိဘာသာအားရကျေနပ်စွာနဲ့ ကြွားဝါနေမိလိမ့်မယ်။

ဒါပေမဲ့ အခုလက်ရှိကတော့

ချိန်ကျန့်ရှန်က လုံးဝကို ထုံနေပြီ။ သူဘာပြောနိုင်ဦးမှာလဲ။ အရေးပေါ်ခန်းကို အကြိမ်ရေအများကြီး သွားရလွန်းလို့ မိမိကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အလိုလိုသိစိတ်တောင် ရှိနေပြီလို့လား။ ဒီခုခံကာကွယ်နိုင်စွမ်းက ခဏပဲရမယ်ဆိုတာ သူသေချာပေါက်ပြောနိုင်တယ်။

အန္တရာယ်က ဘယ်တော့မှ ရပ်မသွားဘူး။ ဒါက ရောက်မလာသေးတာပဲရှိတယ်။

ထင်တဲ့အတိုင်းပဲ ခဏနေတော့ ပထမအန္တရာယ်လှိုင်းကို အောင်အောင်မြင်မြင် ခုခံလိုက်နိုင်တဲ့သူက နောက်တစ်ခါ မြေပေါ်လဲကျသွားပြန်ရော။

သူ့ဘေးပတ်လည်မှာ အရေးပေါ်အသံတွေကို ကြားယောင်နေရင်းနဲ့ ချိန်ကျန့်ရှန်က ရုတ်တရက် ခံစားမိသွားတယ်။ 'သူတို့တွေ သူ့ကိုမကယ်လိုက်နိုင်ဘူးဆိုရင် ပိုကောင်းသွားမလား၊ ဒီလိုဘဝမျိုးနဲ့ ဘယ်လောက်ကြာကြာ ဆက်ဖြစ်နေဦးမှာလဲ'

သူက စစ်သင်တန်းကျောင်းတောင် မသွားခဲ့ဘူး။ သူသွားတဲ့အခါတိုင်း ထူးဆန်းတဲ့မတော်တဆမှုအချို့ အမြဲတမ်း ဖြစ်နေလို့ပဲ။

အဲဒါကြောင့် သင်တန်းကျောင်းက သူ့ကို အိမ်ပြန်အနားယူခွင့်ပေးလိုက်တယ်။

အိမ်မှာအနားယူတာကလည်း ဘေးမကင်းဘူး။ နောက်ဆုံးတော့ သူဆေးရုံမှာပဲ တခါတည်း ပြောင်းနေလိုက်တော့တယ်။

ချိန်ကျန့်ရှန်ရဲ့ ကံဆိုးတဲ့သမိုင်းကြောင်းက လုံးဝ နာမည်ကြီးသွားတယ်။ အခုဆို ဒုဗိုလ်ကြီးချိန် လမ်းလျှောက်နေရင် တစ်ယောက်ယောက်က 'ခင်ဗျားသား အခု အဆင်ပြေသွားပြီလား' ဆိုပြီး အမြဲလိုလို လာမေးတတ်တယ်။

အဲဒီလိုအချိန်မှာ ဒုဗိုလ်ကြီးချိန်က အမြဲလိုလို ခါးသက်စွာ ပြုံးပြပြီး ဖြေတတ်တယ်: "သူက အခုဆေးရုံမှာ။ ဆေးရုံကဆင်းတာ တစ်နာရီတောင် မပြည့်ဘူး၊ ပြန်ရောက်လာပြန်တာပဲ"

အဲဒါကြောင့် သူက အဲဒီမှာပဲ အချိန်ပြည့် နေရတဲ့အဆင့်အထိ ဖြစ်သွားတယ်။

လူတိုင်း: "........"

ဒါက တကယ်ကြီးကို

ထူးဆန်းလွန်းတယ်။

ဒုဗိုလ်ကြီးချိန်က တတိယတပ်ဖွဲ့မှာ နာမည်ဂုဏ်သတင်းကောင်း မွေးမြူထားတယ်။ တစ်ချက်က သူ့မှာတော်တော်လေး ကောင်းမွန်တဲ့ စိတ်ထားရှိလို့ရယ် သူ့ရာထူးနေရာကိုသုံးပြီး လက်အောက်ငယ်သားတွေကို အနိုင်မကျင့်လို့ဖြစ်တယ်။ ဒုတိယတစ်ချက်က သူက မိသားစုနောက်ခံကောင်းကနေ လာတဲ့သူဖြစ်တယ်။ တကယ်လို့ တပ်ထဲက စစ်သားတွေ ပြဿနာတစ်ခုခု ကြုံနေရတယ်ဆိုရင် အမြဲလိုလို သူတတ်နိုင်သမျှ ကူညီပေးလေ့ရှိတယ်။

သူအသုံးချဖူးတဲ့ အထူးအခွင့်အရေးဆိုလို့ သူ့သားနဲ့ ဝမ်ရှောင်းယွင်ကို တွေ့ပေးပြီး သူ့သားကိုလည်း တတိယတပ်ဖွဲ့ထဲကို သွင်းပေးချင်တာပဲရှိတယ်။

အဲဒါကြောင့် ဒီကိစ္စကြောင့် တပ်ဖွဲ့ထဲကလူတွေ တော်တော်များများကလည်း သူ့ကိုအလွန်လေးစားကြတယ်။ သူ့သား အရမ်းသနားစရာကောင်းနေတာကို တွေ့တော့ သူ့ကို အကြံဉာဏ်တွေ ပေးကြတယ်။

"ဟေး အာ ဒုဗိုလ်ကြီးချိန် ခင်ဗျား နတ်ဘုရားတွေ အယုံအကြည်ရှိလား"

ဒုဗိုလ်ကြီးချိန်က နည်းနည်း ရှုပ်ထွေးသွားတယ်: "ဘယ်နတ်ဘုရားကို ယုံကြည်ရမှာလဲ"

"ဒါက ခင်ဗျားသားရဲ့ ကံမကောင်းအကြောင်းမလှတဲ့အဖြစ်တွေက နည်းနည်း... ထူးဆန်းနေတယ်လို့ မထင်ဘူးလား"

ဒုဗိုလ်ကြီးချိန်က သက်ပြင်းချလိုက်တယ်: "သူက ကံဆိုးလို့ပဲ ဖြစ်မှာပါ"

"တကယ်လို့ ဒါက ကံနဲ့ဆက်စပ်နေတယ်ဆိုရင် နတ်ဘုရားကို ပူဇော်ဖို့ ပိုတောင်မှ အကြောင်းပြချက်ရှိသွားပြီ"

အကြံပြုနေတဲ့သူက အခိုင်အမာ ကြုံးဝါးပြောလိုက်တယ်: "ခင်ဗျားက ကျွန်တော်တို့ တတိယတပ်ဖွဲ့ရဲ့ အဖွဲ့မက်ဆေ့တွေကို ဖတ်ခဲတယ်မလား၊ အချိန်ရရင် တစ်ချက်ဝင်ကြည့်ဖို့ အကြံပေးလိုက်မယ်"

ဒုဗိုလ်ကြီးချိန်က သူပြောလိုက်တဲ့အတွက် နည်းနည်း စိတ်ဝင်စားသွားပြီး အုပ်စုစကားပြောခန်းကို ကြည့်ဖို့ ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်တယ်။ ပြောနေတဲ့စကားအသွားအလာကို သူလုံးဝကို နားမလည်နိုင်ဘူး!

"ထိပ်တန်းတပ်ဖွဲ့ငယ်နဲ့ စစ်သင်္ဘော Wyvern ရဲ့တပ်သားတွေ အမှိုက်ဂြိုလ်ကနေပြန်လာပြီးနောက် နည်းနည်းပြောင်းလဲသွားတယ်လို့ မထင်ကြဘူးလား"

"နည်းနည်းလေးတင် ဘယ်ဟုတ်မလဲ။ ငါဆို သူတို့ကို သောက်ကျိုးနည်း မှတ်တောင်မမှတ်မိဘူး။ ဒီလူတွေက နေ့တိုင်း ကြွယ်ဝခြင်းနတ်ဘုရားကို ကိုးကွယ်ရင် ကံကောင်းမယ်ဆိုပြီး တစ်ချိန်လုံး အယူသီးနေတော့တာပဲ။ နေ့တိုင်း အမွှေးတိုင်ကို မရပ်မနားထွန်းတယ်"

"ဒီကြွယ်ဝခြင်းနတ်ဘုရားက ဗိုလ်ချုပ်ကြီး ပြန်ရောက်လာတဲ့ညက ငါတို့တွေအကုန်လုံး အိပ်မက်မက်တဲ့ ကြယ်စုဒင်္ဂါးပြားဝတ်ထားတဲ့လူနဲ့ အတူတူပဲလား"

"ဖြစ်လောက်လား၊ သူတို့က ပြောတယ်မလား: သူတို့ကို ကိုးကွယ်လိုက်၊ ငါတို့ ချမ်းသာမယ်ဆိုလားပဲ"

"ဟားဟားဟား အမှန်အတိုင်းပြောရရင် မနေ့က ငါ့ကို လောင်လျို ဒီအကြောင်းပြောပြတော့ ငါအစမ်းအနေနဲ့ ကိုးကွယ်လိုက်တယ်။ ငါပူဇော်တုန်းက ဗိုလ်ချုပ်ကြီးက ငါဘယ်လောက်တော်ကြောင်း မြင်လာပါစေဆိုပြီး ဆုတောင်းနေတာ။ ဒီနေ့ကျတော့ ဗိုလ်ချုပ်ကြီးက ရုတ်တရက်ကြီး ငါတို့ ဒုတိယအဖွဲ့ကို ဝင်လာပြီး ရုတ်တရက်စစ်ဆေးရေးဝင်ပြီး ငါ့အမှတ်တွေကို တွေ့သွားတယ်။ ငါ့ကိုတောင် ချီးကျူးသွားသေးတယ်"

"လခွမ်း ဒီနေ့ ရုတ်တရက်စစ်ဆေးရေးဝင်တာ ထူးဆန်းလိုက်တာလို့တောင် တွေးနေသေးတယ်။ ပုံမှန်ဆိုရင် စစ်ဆေးရေးဆိုရင် ဒုဗိုလ်ကြီးတွေပဲ တာဝန်ယူထားတာမလား။ ဒုဗိုလ်ချုပ်တောင်မှပဲ ဒါမျိုးကို မကိုင်ဘူး၊ ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီးက ရုတ်တရက်ကြီး ကိုယ်တိုင် လာစစ်ဆေးရတာလဲ"

"အဟုတ်ပဲလား၊ အဲဒါကြောင့် တော်တော်လေး ထူးခြားပါတယ်လို့ စဉ်းစားနေတာ၊ ငါ ဒီညနောက်ထပ် အစမ်းသဘော ပူဇော်ကြည့်ဖို့ လုပ်ထားတယ်"

"မင်းတို့ကို ငါတစ်ခုပြောရဦးမယ်၊ လွန်ခဲ့တဲ့ရက်နည်းနည်းက ငါ ဝှိုက်တီနဲ့ အလောင်းအစားလုပ်ထားတယ်။ ဒီနတ်ဘုရားကသာ အရမ်းအကျိုးရှိတယ်ဆိုရင်၊ ငါတို့နှစ်ယောက်ကို လူပျိုဘဝက လွတ်ကျွတ်အောင် လုပ်ပေးပါစေပေါ့! အဲဒါနဲ့... ငါကတော့ တစ်ချိန်လုံး သံသယစိတ်ဝင်နေပြီး ပြည့်ပြည့်ဝဝ မယုံခဲ့လို့ဖြစ်မယ်။ ဝှိုက်တီကတော့ သေချာ စိတ်ရင်းနဲ့ကို ပူဇော်ခဲ့တာကွာ။ ဒီနေ့ကျတော့ သူက တကယ် တစ်ယောက်ရသွားပြီ o(〒﹏〒)o သူတိတ်တိတ်လေး ကြိတ်ကြွေနေတဲ့ကောင်မလေးကလည်း သူ့ကို ကြိုက်နေတာတဲ့လေ။ သူတို့ ချက်ချင်းကို တွဲသွားကြရော! ပြောနေတာတော်ပြီ၊ ငါအခု ကြွယ်ဝခြင်းနတ်ဘုရားကို သွားပူဇော်တော့မယ်"

".........."

".........."

".........."

"ခဏနေပါဦး! ဒါက ဘာကြီးလဲ၊ ဒါက ကြွယ်ဝခြင်းနတ်ဘုရားလို့ ပြောခဲ့တယ်မလား။ သူ့ကို ကိုးကွယ်ရင် ချမ်းသာမှာ ဟုတ်တယ်မလား၊ ဘယ်လိုလုပ်ပြီး မိန်းကလေးတောင်မှ ရသွားရတာလဲ"

"ဘယ်သူသိမှာလဲ။ မင်းကို ကံကောင်းအောင်လုပ်ပေးတာနေမှာပေါ့၊ ကံသာကောင်းရင် ချမ်းသာရုံတင်မကဘူး။ တစ်ယောက်ယောက်နဲ့လည်း ဖူးစာဆုံနိုင်သေးတယ်လား"

ဒီစကားတွေက အားလုံးရဲ့ထောက်ခံမှုကို ရထားကြတယ်။ အဲဒါနဲ့ ပိုများတဲ့သူတွေက သူတို့အတွေ့အကြုံတွေကို အုပ်စုချက်ထဲမှာ ဝေမျှနေကြတယ်။

တချို့လူတွေက တကယ်ကြီး ကံအပုံလိုက်ကောင်းကြတယ်။ ဒါပေမဲ့ ပူဇော်ပြီးတာတောင် ကံကောင်းမလာဘဲ အရင်အတိုင်းပဲ ဖြစ်နေတဲ့သူတွေလည်း ရှိတယ်။ သူတို့ဘဝတွေတောင်မှပဲ သိပ်ပြောင်းလဲမသွားဘူး။

ဒါပေမဲ့ ဒုဗိုလ်ကြီးချိန်က ကံမကောင်းတဲ့သူတွေက အုပ်စုချက်ထဲမှာ စကားပြောရင် သိပ်မယုံကြည်တဲ့သဘောထားကို ပြသတဲ့သူတွေဆိုတာ သတိထားမိတယ်။

ကံကောင်းကြတဲ့တပ်သားတွေက အလွန်အမင်း ကြိုးစားပြီး ပုံမှန်အားဖြင့် ရည်မွန်တဲ့သူတွေဖြစ်တယ်။ အဲဒါနဲ့ ကံလေးနည်းနည်းကောင်းတာနဲ့ ချက်ချင်း ကောင်းကင်ယံထိ ထိုးတက်သွားတော့တာပဲ။

ဒုဗိုလ်ကြီးချိန်က ဖတ်လေလေ ပိုပြီး ထိတ်လန့်လာလေလေပဲ။ သူက စိတ်ထဲမှာ နည်းနည်းမတင်မကျဖြစ်နေတယ်။

ဒါက အဲဒီလောက်ကြီး မယုံနိုင်စရာကောင်းလောက်အောင်ပဲလား။

သူ့သား ကျန့်ရှန်က အခု အရမ်းကို ကံဆိုးမိုးမှောင်ကျနေတယ်။ ဒီနတ်ဘုရားကို ကိုးကွယ်လိုက်ပြီးရင် တကယ်ကြီး သူ့ကံကို ပြောင်းလဲနိုင်မှာလား။

ဒီလိုမျိုး ဒွိဟဖြစ်နေတဲ့အတွက် ဒုဗိုလ်ကြီးချိန်က တခြားလူတချို့ကို ထပ်မေးကြည့်တယ်။ ကံကောင်းမှုဆိုတာက အစစ်အမှန်ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို အတည်ပြုပြီးတော့ သူက စပြီး နည်းနည်း မျှော်လင့်မိလာတယ်။

အဲဒီညမှာ သူက စတင်ဆုတောင်းတော့တယ်။

သူနိုးလာပြီး ဒုတိယမနက်ခင်းမှာ သူ့သားက နည်းနည်းကံဆိုးမှုတွေ လျော့သွားပြီလားဆိုတာ မြင်ချင်တာနဲ့ ဆေးရုံကို အပြေးအလွှားသွားကြည့်တယ်။

ဒါပေမဲ့ ထူးထူးခြားခြား ရလဒ်မတွေ့ရဘူး။

ဒုဗိုလ်ကြီးချိန်က နည်းနည်း စိတ်ပျက်သွားတယ်။ ဒါက တကယ်တမ်း အလိမ်အညာသက်သက်ပဲလား။

တတိယတပ်ဖွဲ့ကတခြားအဖွဲ့သားတွေက ဒုဗိုလ်ကြီးချိန်ကို အကြံထပ်ပေးတယ်။

"ဒုဗိုလ်ကြီး ခင်ဗျားသားကို သူကိုယ်တိုင်ပူဇော်ဖို့ ပြောကြည့်ရင်ကော၊ ကျွန်တော်တို့အားလုံးက ပုံမှန်ဆိုရင် ကိုယ့်အတွက်ကိုယ်ပဲ ကံကောင်းဖို့ ဆုတောင်းကြတာလေ"

ဒါနဲ့ ဒုဗိုလ်ကြီးချိန်က သူ့သားကို ဒီအကြောင်းပြောဖို့ ဆေးရုံကို ထပ်သွားတယ်။

ချိန်ကျန့်ရှန်မှာ မယုံကြည်နိုင်တဲ့မျက်နှာဖြစ်နေတယ်: "အဖေ ဘယ်လိုဖြစ်လို့ ဒီလိုမျိုးအရာမျိုးကို ယုံနေရတာလဲ"

ဒုဗိုလ်ကြီးချိန်က လေးလေးနက်နက်ပြောတယ်: "တတိယတပ်ဖွဲ့က လူတော်တော်များများက ယုံကြတယ်"

ချိန်ကျန့်ရှန် မယုံနိုင်ဘူး: "ဗိုလ်ချုပ်ကြီးဝမ်လည်း ယုံလား။ အဖေ ခေါင်းထိထားတဲ့သူက သေချာပေါက် ကျွန်တော်ပါ၊ အဖေမဟုတ်ဘူး။ အခု ဘယ်လိုခေတ်ရောက်နေပြီလဲ။ ဘာဖြစ်လို့ ဒီလိုအရာမျိုးကို ယုံနေသေးတာလဲ"

ဒုဗိုလ်ကြီးချိန်က သက်ပြင်းချပြီး ပြောတယ်: "မင်းသာ ဒီလောက်ကံဆိုးမိုးမှောင်ကျမနေရင် ငါလည်း ဒီလိုကိစ္စမျိုးကို ယုံမှာမဟုတ်ပါဘူး"

ချိန်ကျန့်ရှန်: ".........."

ချိန်ကျန့်ရှန်မှာ ပြောစရာစကားမရှိတော့ဘူး။

ဒုဗိုလ်ကြီးချိန်: "ငါပြောတဲ့အတိုင်းလုပ်၊ နောက်မင်းကုတင်ပေါ်ကဆင်းတဲ့အခါ ဒီနတ်ဘုရားကို ကောင်းကောင်းမွန်မွန် ပူဇော်လိုက်၊ ငါမင်းအတွက် နတ်ဘုရားပုံတော်တစ်ခု ယူလာတယ်"

ပြောရင်းဆိုရင်း သူ့ရဲ့သိုလှောင်စနစ်ထဲကနေ နတ်ဘုရားပုံတော်တစ်ခုကို ထုတ်လိုက်တယ်။

ဒီနတ်ဘုရားပုံတော်က စစ်သင်္ဘော Wyvern ပေါ်က ဧရာမကြည်ညိုဖွယ်ရာရုပ်တုကြီးကနေ ဖန်တီးထားတယ်။

အရင်က သူတို့တွေ အမှိုက်ဂြိုလ်ပေါ်မှာပဲတုန်းက ကျွမ်းကျိုး ယုံကြည်မှုတွေ ပိုရအောင်လို့ အဲဒီနတ်ဘုရားပုံတောင်ကို ထုလုပ်ပေးဖို့ ဝမ်ရှောင်းယွင်ကိုယ်တိုင် မှာထားတာဖြစ်တယ်။ သူက လူတိုင်း ကိုးကွယ်နိုင်အောင် စစ်သင်္ဘော Wyvern ပေါ်မှာ ထားထားတယ်။

အဲဒါက ကျွမ်းကျိုးနဲ့မတူပေမဲ့ ကြွယ်ဝခြင်းနတ်ဘုရားကို ဖိတ်ခေါ်ဖို့ အဲဒါကို သုံးခဲ့ကြတယ်။ ကျွမ်းကျိုးကလည်း ဒီနတ်ဘုရားပုံတော်ကို အသိအမှတ်ပြုတဲ့အတွက် ပူဇော်မှုအားလုံးက သူနဲ့ပဲသက်ဆိုင်တယ်။

ကမ္ဘာပေါ်မှာလိုပဲ မြို့တိုင်း လူတိုင်းမှာ သူတို့ရင်ထဲက ပုံဖော်ထားတဲ့နတ်ဘုရားပုံစံ အမျိုးမျိုးရှိကြတယ်။ မတူညီတဲ့နိုင်ငံ၊ မတူညီတဲ့ ဘုရားကျောင်းတွေမှာ ကိုးကွယ်နေတဲ့ တူညီတဲ့နတ်ဘုရားဆိုရင်တောင်မှ အသွင်ကတော့ ကွဲပြားနိုင်တယ်။

ဥပမာပြောရရင် ဒီနေရာက ကြွယ်ဝခြင်းနတ်ဘုရားက တော်တော်လေး အသက်ကြီးပုံပေါက်တယ်။ တခြားနေရာမှာတော့ ကြွယ်ဝခြင်းနတ်ဘုရားကို တခြားပုံစံအသွင်မျိုးနဲ့ ကိုးကွယ်နိုင်တယ်။

ဒါပေမဲ့ ကြွယ်ဝခြင်းနတ်ဘုရားက ဘယ်ပုံဖြစ်နေပါစေ သူတို့ဘယ်နတ်ဘုရားကို ကိုးကွယ်နေလဲဆိုတာ သိနေသရွေ့ကတော့ သူတို့ရဲ့ ယုံကြည်မှုက အဲဒီနတ်ဘုရားအတွက်ပဲဖြစ်လိမ့်မယ်။

အခုချိန်မှာ ဒီကြယ်စုခေတ်မှာ... ကျွမ်းကျိုးက တစ်ဦးတည်းသော ကြွယ်ဝခြင်းနတ်ဘုရားပဲ။ အဲဒီတော့ တခြားနတ်ဘုရားတစ်ပါးဆီ ယုံကြည်မှုလွင့်ပျံသွားဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး။

ဒုဗိုလ်ကြီးချိန်က ခရေစေ့တွင်းကျ သူ့သားကို အသေးစိတ်မှာကြားနေတယ်။ သူက ဆေးရုံကမဆင်းခင် အရင်ဆုံးကိုးကွယ်ရမယ်လို့ ပြောတယ်။

နတ်ဘုရားပုံတော်ကို သူ့ရဲ့ဆေးရုံကုတင်ဘေးမှာ တင်ထားတာကိုကြည့်ပြီး ချိန်ကျန့်ရှန်က လုံးဝကို ပြောစရာစကားမရှိဖြစ်နေတယ်။

သူက ဒါကို ကိုးကွယ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူ့ခေါင်းက ရူးသွပ်သွားတာလည်း မဟုတ်ဘူးလေ!

-

ကျွမ်းကျိုးဟာ သူ့ဆိုင်ကို ပြန်ပြင်ဆင်နေတယ်။

"ဆရာသခင်လေး" ဆိုတဲ့ ဂုဏ်သတင်းကလည်း သူရရှိနေတဲ့ ယုံကြည်မှုမှာ တစ်တပ်တစ်အား ပါဝင်နေတယ်ဆိုတာ သူသိကတည်းက သူက ဒီဂုဏ်သတင်းကို ကောင်းကောင်းအသုံးချဖို့ ပြင်ဆင်နေခဲ့တယ်။

သူ အလေးအနက်နဲ့ အလုပ်လုပ်နေတာကိုတွေ့တော့ ဝမ်ရှောင်းယွင် သူ့ကို သတိပေးလိုက်တယ်: "စောစောအိပ်ဖို့ မမေ့နဲ့"

ကျွမ်းကျိုးက ခေါင်းညိတ်လိုက်တယ်: "အင်း အင်း"

သူ့ကွန်ပျူတာမှာပဲ တစ်ချိန်လုံး အာရုံစိုက်နေတာကိုမြင်တော့ ဝမ်ရှောင်းယွင်က "ဒါဆို ကောင်းသောညပါ" ဆိုပြီးတော့ပဲ ပြောလိုက်နိုင်တယ်။

"ကောင်းသောညပါ"

ဝမ်ရှောင်းယွင်ထွက်သွားတယ်။ အခန်းက ချက်ချင်း ငြိမ်ကျသွားတယ်။

ကျွမ်းကျိုးက သူ့ဆိုင်ကို ခဏလောက် အလှဆင်နေတယ်။ အဲဒီနောက် သူချက်ချင်း ခေါင်းမော့ကြည့်လိုက်ပြီး ပိတ်ထားတဲ့တံခါးကို မျက်ခုံး မရေမရာတွန့်ချိုးပြီး ကြည့်လိုက်တယ်။

ဝမ်ရှောင်းယွင်ရဲ့အိမ်ကို ရောက်ကတည်းက သူတို့ အတူတူ တစ်ခါမှထပ်မအိပ်တော့ဘူး။

အခုသူက သူ့(ဝမ်ရှောင်းယွင်)ရဲ့အိပ်မက်ထဲမလာတော့ဘူးဆိုတော့ ဝမ်ရှောင်းယွင်က သူနဲ့အတူတူမအိပ်ချင်တော့တာလား။

ကျွမ်းကျိုးက သူ့လက်ထဲက ကွန်ပျူတာကို ကြည့်ပြီး ခဏတဖြုတ် အချိန်ယူစဉ်းစားကြည့်ပြီး ပြန်ပိတ်လိုက်တယ်။ သူ့ရဲ့နတ်ဘုရားပုံတော်ကို ကောက်ယူလိုက်ပြီး အခန်းထဲက ထွက်လိုက်တယ်။

သူက ဝမ်ရှောင်းယွင်အခန်းဝကို ပြေးသွားပြီး တံခါးခေါက်လိုက်တယ်။

တံခါးက အလျင်အမြန်ပဲ ပွင့်သွားပြီး ဝမ်ရှောင်းယွင်ရဲ့ နည်းနည်း အံ့ဩနေတဲ့ မျက်နှာထား ပေါ်လာတယ်: "ကျိုးကျိုးလား"

ခေါင်းငုံ့ကာ နီရဲနေတဲ့နားရွက်တွေနဲ့ ကျွမ်းကျိုးက တိုးတိုးလေးပြောတယ်: "ကျွန်တော့်ကောကောက... ကျွန်တော်နဲ့ မအိပ်ချင်ဘူး"

ဝမ်ရှောင်းယွင်က သူ့ရှေ့မှာ ငုံ့နေတဲ့ခေါင်းသေးသေးလေးကိုကြည့်ပြီး နည်းနည်းကြမ်းရှရှအသံနဲ့ ပြောတယ်: "ဒါဆို သူက ကိုယ်နဲ့အိပ်ချင်လို့လား"

ကျွမ်းကျိုးက ခေါင်းကို ဖွဖွလေးညိတ်လိုက်ပြီး မျက်လုံးကို အသာလေးပင့်ကာ ဝမ်ရှောင်းယွင်ရဲ့ မျက်နှာထားကို ချောင်းကြည့်ချင်သွားတယ်။ မထင်မှတ်ထားတာက သူခေါင်းမော့လိုက်တာနဲ့ တန်းပြီး ဝမ်ရှောင်းယွင်ရဲ့အကြည့်နဲ့ တိုက်ဆိုင်သွားတယ်။

ကျွမ်းကျိုးမျက်နှာက ပိုပြီး နီရဲတွတ်လာတယ်။ အဲဒီနောက် နတ်ဘုရားပုံတော်ကို ဝမ်ရှောင်းယွင်လက်ထဲကို ထိုးထည့်လိုက်ပြီး နောက်လှည့် တစ်ချိုးတည်း လစ်ပြေးသွားတယ်။

"ဒုက္ခပေးပါရစေ"

ဝမ်ရှောင်းယွင် သူ့လက်ထဲက နတ်ဘုရားပုံတော်ကို ကြည့်ရင်းနဲ့ မျက်လုံးထဲမှာ အပြုံးရိပ်တွေ တိုးလာတယ်။

သူ တံခါးကို သေချာပိတ်လိုက်ပြီး နတ်ဘုရားပုံတော်ကို သူ့ခေါင်းအုံးဘေးမှာထားကာ ကိုယ်လက်ဆေးကြောဖို့ ထွက်သွားတယ်။

ဆေးကြောပြီးတော့ လှဲလိုက်ပြီး သူ့ဘေးက နတ်ဘုရားပုံတော်ကိုကြည့်လိုက်တယ်။ သူက တိုးတိုးပြောလိုက်တယ်: "ကောင်းသောညပါ"

ညလယ်ခင်းမှာ သတ္တဝါတွေအကုန်လုံး တိတ်ဆိတ်နေကြတယ်။ ဝမ်ရှောင်းယွင်ကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပုံရတယ်။

နတ်ဘုရားပုံတော်ရဲ့ မျက်လုံးတွေက ရုတ်တရက် နည်းနည်း လှုပ်သွားပြီး ရှက်ရွံ့စွာနဲ့ ပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်။ အဲဒီနောက် သူက စောင်ပုံထဲကို နည်းနည်းချင်း နည်းနည်းချင်း တိုးဝင်သွားပြီး ဝမ်ရှောင်းယွင်နဲ့ အလွန်နီးကပ်သွားတဲ့အထိ တိုးသွားတယ်။ အရမ်းနီးလွန်းလို့ သူ့ရဲ့ဝင်သက်ထွက်သက်လေကို အနံ့ခံနိုင်လောက်တဲ့အထိရောက်တော့မှပဲ ရပ်သွားကာ မျက်လုံးတွေကို အေးအေးချမ်းချမ်း ပိတ်လိုက်တယ်။

ဒါပေမဲ့ ကျွမ်းကျိုးက တကယ်အိပ်သွားတာမဟုတ်ဘူး။ သူက ထူးခြားတဲ့ ပူဇော်မှုတစ်ခုကို ခံစားလိုက်ရတယ်။ သူဒီလိုမျိုး ကံဆိုးမှုနဲ့ ရောနှောနေတဲ့ ယုံကြည်မှုမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ အဲဒါက သူ့ဆီတန်းတန်းမတ်မတ်ကြီး ပျံလာတဲ့အတွက် အတော်လေး လန့်သွားတယ်။ ဒါနဲ့ ဒီယုံကြည်မှုလာရာဇာစ်မြစ်နောက်ကို လိုက်သွားဖို့ ဦးတည်လိုက်တယ်။

သူက ဆေးရုံတစ်ခုကို ရောက်သွားပြီး သူ့ရဲ့သီးသန့်ခန္ဓာကိုယ်တစ်ခုထဲကို ဝင်သွားတယ်။

ဆေးရုံအမိုးပေါ်တွင်

မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ယောင်ရမ်းနေတဲ့နှာခေါင်း၊ တရွတ်ဆွဲနေတဲ့ခြေထောက်၊ ပတ်တီးအထပ်ထပ်စည်းထားတဲ့ လက်တွေနဲ့ လူငယ်လေးတစ်ယောက်က သူ့ခန္ဓာကိုယ်ရဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အခြေအနေကို အောင့်အီးသည်းခံကာ မြေပေါ်မှာ ဒူးထောက်ထားတယ်။ သူ့လက်တစ်ဖက်မှာ အမွှေးတိုင်သုံးချောင်းကို ကိုင်ထားပြီး တစ်စုံတစ်ခုကို အလွန်တရာ နှစ်နှစ်ကာကာနဲ့ ဆုတောင်းနေတယ်။

ကျွမ်းကျိုး: "ဟမ်"

ဒါက အဲဒီချိန်ကျန့်ရှန် မဟုတ်ဘူးလား။

ယုံကြည်မှုမှာ ဒီလောက် ကံဆိုးမှုအငွေ့အသက်တွေ ပါနေတာ အံ့ဩစရာမရှိပါဘူး။

သူက ဘယ်လိုဖြစ်လို့ သူ့ကိုကိုးကွယ်လာရတာလဲ။ သူ့ကို မကောင်းဆိုးဝါးလို့ ခေါ်ခဲ့တာမဟုတ်ဘူးလား။

ချိန်ကျန့်ရှန်က သူ့အပြုအမူတွေကို ကျွမ်းကျိုးက နတ်ဘုရားပုံတော်ထဲကနေ ပြတ်ပြတ်သားသားကြီး မြင်နေရတယ်ဆိုတာ မသိဘူး။

သူက ကြည်ညိုလေးစားစွာ အမွှေးတိုင်ကို နေရာမှာထားလိုက်ပြီး မနက်ဖြန်ကျရင် အရမ်းကံဆိုးမနေတော့ဖို့ ဆုတောင်းလိုက်တယ်။ အနည်းဆုံးတော့ သူ ဝမ်ရှောင်းယွင်ကို အရင်တွေ့ပြီး မွေးရာပါအရည်အချင်းတွေကို ဗိုလ်ချုပ်ကြီးဝမ်ကို ပြသလို့ရအောင်ပဲ...

ဆုတောင်းပြီးနောက်မှာ သူက အားလုံးကို ဘေးဖယ်လိုက်ပြီး ဆေးရုံခန်းရှိရာ အောက်ထပ်ကို ဆင်းလိုက်တယ်။

လှေကားတစ်ထစ်ချော်သွားပြီး သူက လှေကားကနေ ဒလိမ့်ခေါက်ကွေးကျသွားတယ်။

သူသတိမလွတ်သွားခင် ချိန်ကျန့်ရှန်ဟာ သူ့ဆီကို စက်ရုပ်နာ့စ်လေး ပြေးလာတာကိုကြည့်နေရင်း နောက်ဆုံးမှာ မျက်ရည်တွေ အလုံးလိုက်လိမ့်ဆင်းလာတယ်။

သူက တကယ်အရမ်း ကံဆိုးလွန်းတာပဲ အားးးးးး

အဲဒီနောက်မှာ သူမေ့သွားတယ်။

ရီဝေဝေ စိတ်ရှုပ်ထွေးစွာနဲ့ ချိန်ကျန့်ရှန်ဟာ သူအိပ်မက်မက်နေတာဖြစ်မယ်လို့ ခံစားမိသွားတယ်။

အိပ်မက်ထဲမှာ ကြယ်စုမျက်နှာဖုံးဝတ်ထားတဲ့ မကောင်းဆိုးဝါးကို သူထပ်တွေ့လိုက်ရတယ်။

ဒါပေမဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းနေတဲ့သူ့မှာ တစ်ဖက်လူနဲ့ ရန်ဖြစ်ဖို့ အားအင်ရော စိတ်စွမ်းအားရော မရှိဘူး။

သူတစ်ဖက်လူကို အေးတိအေးစက် မေးလိုက်တယ်: "မင်း ငါ့မသိစိတ်ထဲကို ဝင်လာပြန်ပြီလား"

ကျွမ်းကျိုးက အပြစ်ကင်းစွာ ပြောတယ်: "ကျွန်တော့်ကို ခင်ဗျားပဲ ဒီကိုခေါ်လိုက်တာလေ"

ချိန်ကျန့်ရှန်က ချက်ချင်းပြန်ပြောတယ်: "မဖြစ်နိုင်တာ ငါက မကောင်းဆိုးဝါးတစ်ကောင်ကို ဘာကိစ္စ မသိစိတ်ကို ကျူးကျော်ခိုင်းရမှာလဲ"

ကျွမ်းကျိုးက လက်တစ်ဖက်မြှောက်လိုက်တယ်။ မြင့်မြတ်တဲ့နတ်ဘုရားပုံတော်က သူ့လက်ထဲမှာ ရုတ်တရက်ပေါ်လာတယ်။

ဒီနတ်ဘုရားပုံတော်ကိုမြင်တော့ ချိန်ကျန့်ရှန်ရဲ့ အမူအရာက ပြောင်းသွားတယ်: "ဘာဖြစ်လို့ မင်းက...."

ကျွမ်းကျိုးကဆိုတယ်: "ဒါက ကျွန်တော်ပဲ၊ ကျွန်တော်က ဒီကြွယ်ဝခြင်းနတ်ဘုရားပဲ။ ခင်ဗျားက ကျွန်တော့်ကိုကိုးကွယ်ပြီး ကံကောင်းခြင်းပေးသနားဖို့ ဆုတောင်းတယ်။ ကျွန်တော်ကြားလိုက်တယ်"

ချိန်ကျန့်ရှန်က 'မဖြစ်နိုင်ဘူး' ဆိုပြီးပြောရင်းနဲ့ပဲ သူတစ်ခုခုကို စဉ်းစားမိသွားတယ်။

သူ ဘယ်တုန်းကစပြီး ကံဆိုးလာရတာလဲ။

ဒီဒင်္ဂါးမျက်နှာဖုံးနဲ့လူ သူ့ရဲ့ မသိစိတ်ကို ပထမဆုံးအကြိမ် လာကျူးကျော်တုန်းကပဲ။

သူနိုးလာတော့ ကံဆိုးမှုတွေ တရစပ်စပြီး ကြုံရတော့တာပဲ။

ထင်တဲ့အတိုင်းပဲ မျက်နှာဖုံးနဲ့လူက ပြောတယ်: "ခင်ဗျားက နတ်ဘုရားကို စော်ကားလို့ ကံဆိုးခြင်းက ခင်ဗျားကို ရှာတွေ့သွားတာ။ အဲဒါကြောင့် အခုတလော အရမ်းကံဆိုးနေတာပဲ"

ချိန်ကျန့်ရှန်: "ဆိုတော့ မင်း ငါ့ကိုကျိန်စာတိုက်လိုက်တာပေါ့"

ကျွမ်းကျိုး စကားပြောရင်းနဲ့ ချိန်ကျန့်ရှန်ကို ပတ်ချာလည်လှည့် လျှောက်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်နေတယ်: "ခင်ဗျားခေါင်းက အဆင်ပြေသေးရဲ့လား"

ချိန်ကျန့်ရှန်က ဒေါသထွက်သွားတယ်: "ဘာဆိုလိုတာလဲ"

ကျွမ်းကျိုးကဆိုတယ်: "ခင်ဗျား ကံဆိုးရတဲ့အကြောင်းရင်းက သေချာပေါက် ကံဆိုးမှုက ခင်ဗျားကို ဆိုက်ဆိုက်မြိုက်မြိုက် ကိုယ်တိုင်လာရှာတာကြောင့်ပဲ။ သေချာ စဉ်းစားကြည့်လိုက်။ ကံဆိုးတိုင်းမှာ ခင်ဗျားဘာသာ ကံဆိုးတာလား၊ ဒါမှမဟုတ် တခြားသူတစ်ယောက်ယောက်က ကံဆိုးအောင် လုပ်တာလား"

ချိန်ကျန့်ရှန်က ထပ်မပြောတော့ဘူး။

ဘာဖြစ်လို့လဲဆိုတော့ တကယ်လည်း သူကိုယ်တိုင်ကိုက ကံဆိုးနေတာဖြစ်တယ်။

ဒါကြောင့်မို့လို့ သူက ထပ်ပြီးစဉ်းစားကြည့်လေလေ၊ ပိုပြီးထိတ်လန့်လာလေလေ၊ ဒါက မဖြစ်သင့်ဘူးလို့ ခံစားလာရလေလေပဲ။

"ငါမယုံဘူး... ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ် နတ်ဘုရားရှိနေရတာလဲ... ငါမယုံဘူး။ ဒါတွေအကုန်လုံးက အတုအယောင်တွေပဲဲဖြစ်ရမယ်"

ကျွမ်းကျိုးက သူ့ကိုယ်သူ လှည့်ဖြားဖို့ ကြိုးစားနေသူကို ကြည့်ပြီး အမြော်အမြင်ရှိစွာ သက်ပြင်းချလိုက်တယ်: "အိုင်း... လူငယ်လေး အကြံကောင်းကို နားမထောင်ဘူး၊ ခံစားရမယ့်သူက ခင်ဗျားကိုယ်တိုင်ပဲနော်"

သူမသွားခင် ကျွမ်းကျိုးကဆိုတယ်: "တကယ်လို့ အခု ခင်ဗျားကံဆိုးနေတာကို ပြောင်းလဲချင်ရင် ကောင်းမှုကုသိုလ်လုပ်သင့်တယ်။ ကောင်းမှုကုသိုလ်လုပ်လေလေ၊ ကံဆိုးမှုနည်းလာလေလေပဲ။ ယုံချင်ယုံ မယုံချင်နေ၊ ခင်ဗျားထိုက်နဲ့ ခင်ဗျားကံပဲ"

ဒီလိုပြောပြီးတော့ သူချက်ချင်း ထွက်သွားတယ်။

သူရောက်လာတုန်းကလိုပဲ တိတ်တိတ်လေး အသံပင်မပေးခဲ့။

-

နောက်တစ်နေ့ သူအိပ်ရာနိုးတော့ ဝမ်ရှောင်းယွင်က လက်ထဲက နတ်ဘုရားပုံတော်ကို တွေ့လိုက်တယ်။

သူက မသိမသာလေးပြုံးလိုက်ပြီး နတ်ဘုရားပုံတော်ကို ကောက်ယူလိုက်ပြီး ပြောတယ်: "မင်္ဂလာပါ"

ဆေးကြောပြီးတော့ အခန်းထဲကထွက်တော့ ကျွမ်းကျိုးနဲ့ ဝင်တိုက်မိသွားတယ်။ လူငယ်လေးရဲ့မျက်နှာက တစ်ပြင်လုံး နီမြန်းနေပြီး ဝမ်ရှောင်းယွင်ကို နည်းနည်း ရှက်ရွံ့စွာ ရှောင်တိမ်းလိုတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

ဝမ်ရှောင်းယွင်က မေးတယ်: "ကောင်းကောင်းအိပ်ခဲ့လား"

ကျွမ်းကျိုးက ဖြေတယ်: "အင်း... တော်တော်လေးကောင်းတယ်"

ဝမ်ရှောင်းယွင်: "ကိုယ့်ကို မင်းကောကောကို ပေးထားတော့ တစ်ယောက်တည်းအိပ်ရမခက်ဘူးလား"

ကျွမ်းကျိုးမျက်နှာက ပိုနီလာတယ်: "မခက် မခက်လောက်ပါဘူး...."

သူက တိတ်တိတ်လေး နတ်ဘုရားပုံတော်ထဲ ပြန်ဝင်အိပ်လိုက်တယ်လေ!

ဝမ်ရှောင်းယွင်က ကျွမ်းကျိုး နတ်ဘုရားပုံတော်ထဲမှာ ပြန်ဝင်အိပ်တာကို သူမသိချင်ယောင်ဆောင်လိုက်တယ်: "အဲဒါဆိုကောင်းပြီလေ၊ အခု အလုပ်သွားတော့မလို့၊ ကိုယ်နဲ့ လိုက်ချင်လား"

ကျွမ်းကျိုးက သံသယနဲ့မေးလိုက်တယ်: "ဒီနေ့ စစ်တပ်ထဲသွားမှာမဟုတ်ဘူးလား၊ မနေ့ကပြောတော့ သူတို့က ခင်ဗျားရဲ့စစ်ပွဲအောင်မြင်မှုတွေအတွက် ဆုချီးမြှင့်မို့ဆို"

"အင်း" ဝမ်ရှောင်းယွင်ရဲ့မျက်လုံးထဲက အပြုံးတွေက မှိန်ဖျော့သွားတယ်: "ကိုယ်မသွားချင်ဘူး"

ကျွမ်းကျိုးက နည်းနည်း အံ့အားသင့်သွားတယ်: ဝမ်ရှောင်းယွင်က... နှုတ်ခမ်းဆူနေတာလား။

ကျွမ်းကျိုးက စိတ်ထဲမှာ နည်းနည်း အူမြူးသွားပြီး တိတ်တိတ်လေး ရယ်လိုက်ကာ နှစ်သိမ့်ပေးလိုက်တယ်: "ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး။ ခင်ဗျား အမြန်ဆုံးလုပ်ပြီး ပြန်လာမှာပဲ။ ကျွန်တော် အိမ်မှာစောင့်နေမယ်လေ!"

'အိမ်မှာစောင့်နေမယ်' ဆိုတဲ့စကားက အလွန်မှောင်ဆန်တဲ့ စကားစုလေး ဖြစ်ပုံရတယ်။

ဝမ်ရှောင်းယွင်က အရင်တုန်းက ဒီစကားတွေရဲ့ ဆန်းကြယ်မှုကို တစ်ခါမှ မခံစားဖူးဘူး။

ဒါပေမဲ့ အခု ကြားလိုက်ရတော့ သူ့နှလုံးသားကို မီးမြိုက်လိုက်နိုင်စွမ်းရှိပုံရပြီး သူ့နှလုံးသားက လူတစ်ယောက်အတွက် လောင်မြိုက်နေတော့တယ်။

မဖြစ်စဖူး တစ်ခေါက်လောက် ဝမ်ရှောင်းယွင်က တပ်ထဲကို သွားဖို့ အိမ်ကနေ မခွာချင်တဲ့စိတ်ကို နည်းနည်း ခံစားလိုက်ရတယ်။

တပ်ထဲတွင်..

ဝမ်ရှောင်းယွင်က အစည်းအဝေးခန်းထဲကို ဝင်လာတာနဲ့ စူးစိုက်ကြည့်နေတဲ့အကြည့်တွေကို လက်ခံလိုက်ရတယ်။

"ဗိုလ်ချုပ်ကြီးဝမ် မတွေ့တာကြာပြီ၊ အခုတလော ကျန်းမာရေးဘယ်လိုလဲ"

"ဝမ်ရှုံး* ပြန်လာတဲ့နေ့က ကျွန်တော်လေယာဉ်ကွင်းမှာ သွားကြိုချင်တာ၊ မထင်ထားတဲ့ ကိစ္စတစ်ခုပေါ်လာပြီး ထွက်မလာနိုင်လို့ မလာနိုင်တော့တာ၊ ကျွန်တော့်ကို အပြစ်မတင်ဘူးမလား" (*အစ်ကိုလို့ ခေါ်တာပါပဲ)

"ခင်မင်ရတဲ့ လောင်ဝမ်ရေ၊ လာလာ ဒီမှာလာထိုင်၊ ဂြိုလ်သားအင်းဆက်ဘုရင်မနဲ့ စစ်ပွဲအကြောင်း ပြောပြပါဦး၊ ငါအရမ်းသိချင်နေပြီ!"

ဝမ်ရှောင်းယွင် တန့်သွားပြီး သူ့အကြည့်က အစည်းအဝေးခန်းထဲကလူတွေကို တစ်ချက် တည်ငြိမ်စွာ ဝေ့ဝဲကြည့်လိုက်ကာ နောက်ဆုံးမှာ တပ်မဟာဦးစီးချုပ်ဟောထံမှာ အဆုံးသတ်သွားတယ်။ သူက တပ်မဟာဦးစီးချုပ်ဟောဆီကို တန်းတန်းမတ်မတ် လျှောက်သွားပြီး သူ့ဘေးမှာ ထိုင်လိုက်တယ်။

ပြုံးလိုက်ပြီး တပ်မဟာဦးစီးချုပ်ဟောက သူ့ကို မက်ဆေ့ပို့လာတယ်။

(တပ်မဟာဦးစီးချုပ်ဟော: မင်းတို့တတိယတပ်ဖွဲ့က အဲဒီ"ဆရာသခင်လေး" ကိုသိနိုင်ခြေများတယ်ဆိုတာကို သိပြီးကတည်းက ဒီလူတွေက မင်းကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေကြတာပဲ)

(တပ်မဟာဦးစီးချုပ်ဟော: ရယ်စရာကောင်းတာက မက်ခါပြိုင်ပွဲမတိုင်ခင်ကတော့ သူတို့အားလုံးက မင်းမှာ တတိယတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးရာထူးမှာ ဆက်ထိုင်နိုင်ဖို့ အရည်အချင်းရှိသေးရဲ့လားဆိုတာ ဆွေးနွေးရင်း အလုပ်များနေကြတာပဲ)

ဝမ်ရှောင်းယွင် ချက်ချင်း စာမပြန်ခဲ့ဘူး။

တကယ်ပြောရရင် ဒီနေ့ကိစ္စက သူ့ရဲ့ပြောင်မြောက်တဲ့စစ်ရေးစွမ်းဆောင်မှုအတွက် ဆုတံဆိပ်အသစ်တစ်ခု ချီးမြှင့်ဖို့ပဲ။

သူက မြို့တော်ဂြိုလ်ကို ပြန်ရောက်တာ လဝက်လောက်ရှိပြီ၊ ဒါပေမဲ့ သူ့ရဲ့ အင်းဆက်ဘုရင်မကို သတ်ပေးခဲ့တဲ့ ဂုဏ်ထူးဆောင်မှုကတော့ တစ်ချိန်လုံး ဖိနှိပ်ထားခံရပြီး အချိန်ထပ်ကာထပ်ကာ ရွှေ့ထားခြင်းခံရတယ်။

အခုထိပဲ။ တတိယတပ်ဖွဲ့က စိတ်သန္တာန်မက်ခါတွေသာမက ဓာတ်ရောင်ခြည်ကို ၁၀၀ ရာခိုင်နှုန်းကာရံနိုင်တဲ့ မက်ခါတွေ တီထွင်နိုင်တဲ့ အဲဒီဆရာသခင်လေးနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတာကို သိလိုက်ရပြီးနောက်မှ သူ့ကို စင်ပေါ်ကနေ အားကြိုးမာန်တက် ဆွဲချဖို့ မျှော်လင့်နေကြတဲ့သူတွေက ချက်ချင်း ပြောဆိုနေတာတွေ ရပ်သွားကြတယ်။ သူ့ရဲက ဖိနှိပ်ခံထားရတဲ့ စစ်ပွဲဂုဏ်ထူးဆောင်မှုကလည်း လွတ်ထွက်လာတယ်။

ဝမ်ရှောင်းယွင်က ဒီလိုလျင်မြန်တဲ့ပြောင်းလဲမှုတွေနဲ့ မစိမ်းဘူး။

နောက်ပြီး ဒီရလဒ်က အားလုံးသူ့ကို ကျိုးကျိုးပေးထားတာဖြစ်တယ်။

ထင်တဲ့အတိုင်း သူထိုင်လိုက်တာနဲ့ တခြားတပ်ဖွဲ့ကသူတွေက ဝမ်ရှောင်းယွင်ကို "ဆရာသခင်လေး" နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ချက်ချင်း မေးတော့တယ်။

ဝမ်ရှောင်းယွင်က အေးစက်စက်ဖြေလိုက်တယ်: "ဒီဆရာသခင်က အနှောင့်အယှက်ပေးတာမကြိုက်ဘူး။ ကျွန်တော်လည်း တကယ်သူဘယ်မှာနေလဲ မသိဘူး။ သူက ကျွန်တော့်ကိုတွေ့ချင်မှ ပေါ်လာတာ"

ဒါကိုကြားတော့ လူတိုင်းက သိပ်မယုံကြဘူး: "ဗိုလ်ချုပ်ကြီးဝမ် ခင်ဗျားက ကျွန်တော်တို့ကို မပြောပြချင်တာလား။ စိတ်သန္တာန်မက်ခါတွေရဲ့ တည်ရှိမှုက တကယ်လက်တွေ့ဖြစ်နေပြီ။ ပြီးတော့ ကျွန်တော်တို့အင်ပါယာထဲမှာတောင် ပေါ်လာတာ။ မက်ခါပြုပြင်ပြောင်းလဲမှုက သေချာပေါက်ဖြစ်လာမှာ။ ဒါက ဒီလိုဖြစ်လာမှတော့ ကျွန်တော်တို့က အင်ပါယာရဲ့ခံစစ်ကို စစ်တပ်ကနေစပြီး သေချာပေါက် တိုးမြှင့်ရမယ်။ ဒီဆရာသခင်ကို ခင်ဗျားဝှက်ထားတာကတော့... သိပ်မကောင်းဘူး"

ဝမ်ရှောင်းယွင်ကဆိုတယ်: "ပစ္စုပ္ပန်က အတိတ်နဲ့မတူဘူး။ လက်ရှိ ကျွန်တော့်ရဲ့စိတ်စွမ်းအားက စွမ်းအင်ဓာတ်ရောင်ခြည်သင့်ထားခံရတယ်။ ကျွန်တော့်မှာ ဒီဆရာသခင်ကို ဖွက်ထားနိုင်စွမ်းရှိသေးတယ်လို့ ခင်ဗျားတို့ တကယ်ကြီး ယုံနေကြတာလား"

သူကပြုံးလိုက်တယ်: "ကျွန်တော်က လုပ်ချင်ရင်တောင် ဆရာသခင်က လက်ခံမှာလား"

ဒါကိုကြားတော့ လူအုပ်စုကြီးက အားလုံး အတွေးကိုယ်စီဖြစ်သွားကြတယ်။

ဝမ်ရှောင်းယွင်ပြောတာ မမှားဘူး။ ဒီဆရာသခင်က အရမ်းအထင်ကြီးစရာကောင်းတာဆိုတော့ သူသာ ကျော်ကြားချင်တာဆိုရင် အလွယ်ကလေးပဲ။

ဒါဆို ဖြစ်နိုင်တာက သူက တကယ်ကို လူသိမခံချင်တာဖြစ်ရမယ်။

လူအုပ်စုကြီးက နည်းနည်းတွေးကြည့်လိုက်ပြီး သူတို့ရဲ့ ဗျူဟာကို ပြောင်းလိုက်တယ်: "ဗိုလ်ချုပ်ကြီးဝမ် သူက ပေါ်လာချင်တဲ့အချိန်မှ ခင်ဗျားကို ဆက်သွယ်တယ်လို့ ပြောတယ်မလား၊ ဘာဖြစ်လို့ ခင်ဗျားကို ဆက်သွယ်တာလဲ။ ဒီဆရာသခင် ဘာကြိုက်လဲဆိုတာ သိလား"

ဝမ်ရှောင်းယွင်က ချက်ချင်း ပြောလိုက်တယ်: "မသိပါဘူး ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ။ မဖြစ်နိုင်တာ"

ဒီလိုပြောပြီးသွားတော့ ဝမ်ရှောင်းယွင် ဒီအကြောင်းဆက်ပြောဖို့ ငြင်းလိုက်တယ်။

လူထုကလည်း အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ပြီး ဝမ်ရှောင်းယွင်က သေချာပေါက် တစ်ခုခုကို သိထားတယ်လို့ ပိုပြီးတောင် ခံစားလာရတယ်။

အဲဒီနောက် အစည်းအဝေးပြီးနောက် ဝမ်ရှောင်းယွင် သူ့ရဲ့ဆုတံဆိပ်အသစ်ကို ကောက်ယူပြီး တပ်မဟာဦးစီးချုပ်ဟောကို နှုတ်ဆက်ကာ ကတိုက်ကရိုက် ထွက်သွားတယ်။

အဲဒီအချိန်မှာ အခြားတပ်ဖွဲ့ကလူတွေအားလုံးက လျှို့ဝှက်စွာ လူတွေလွှတ်ပြီး ဝမ်ရှောင်းယွင်ရဲ့ ခြေလှမ်းတိုင်း၊ အပြုအမူတိုင်းကို တိတ်တဆိတ်စောင့်ကြည့်ခိုင်းထားတယ်။

တပ်ဖွဲ့တိုင်းမှာ တခြားတပ်ဖွဲ့တွေရဲ့ အတွင်းပိုင်းမှာ သွင်းထားတဲ့ ကိုယ်ပိုင်စပိုင်တွေရှိကြတာချည်းပဲ။ စစ်တပ်ထဲမှာ လူတွေအရမ်းများလွန်းတဲ့အတွက် လူတိုင်းရဲ့နောက်ကြောင်းကို ရှင်းရှင်းလင်းလင်း စုံစမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။

တတိယတပ်ဖွဲ့ထဲမှာလည်း အလားတူပဲ တခြားတပ်ဖွဲ့ကစပိုင်တွေ ရှိတယ်။

အလွန်လျင်မြန်စွာပဲ တခြားတပ်ဖွဲ့တွေဆီကို သူတို့စပိုင်တွေပို့လိုက်တဲ့ အစီရင်ခံစာတွေ ရောက်လာတယ်။

--ဝမ်ရှောင်းယွင် အလုပ်သွားပြီး နေ့တိုင်း သတ်မှတ်ထားတဲ့အချိန်မှာ အိမ်ပြန်ပါတယ်။ သူက ကြားထဲမှာ တခြားဘယ်သူနဲ့မှ မတွေ့ပါဘူး။ တပ်ဖွဲ့ထဲကို ထူးခြားတဲ့သူ ဝင်လာတာလည်း မရှိပါဘူး။ "ဆရာသခင်လေး" လို့ သံသယဝင်စရာတစ်ယောက်မှ ပေါ်မလာပါဘူး။

တကယ်လို့သာ တတိယတပ်ဖွဲ့အကြောင်း ထူးဆန်းတာ တခုခုပြောရမယ်ဆိုရင် အဲဒါက မနေ့က ဝမ်ရှောင်းယွင် ထူးခြားတဲ့ ရုပ်တုနောက်တစ်ရုပ်ကို ထုပြီး တတိယတပ်ဖွဲ့ထဲမှာ ထားတာပဲရှိတယ်။

တခြားတပ်ဖွဲ့တွေက ဒီသတင်းကို ဖတ်ပြီး အားလုံး လုံးဝရှုပ်ထွေးသွားကြတယ်: "ဝမ်ရှောင်းယွင်က တကယ် ဘာတွေလုပ်နေတာလဲ။ သူ့မှာတကယ်ပဲ ဆရာသခင်လေးရဲ့ ဆက်သွယ်ရမဲ့အချက်အလက်မရှိဘူးလား။ အဲဒါဆို ဘာဖြစ်လို့ ဆရာသခင်လေးက သူ့ကို တက်တက်ကြွကြွ ရှာရမှာလဲ"

ပိုပြီး အတွင်းကျကျ စုံစမ်းကြည့်ပြီးနောက်မှာ တခြားတပ်ဖွဲ့တွေအကုန်လုံး ထူးဆန်းတာတစ်ခုကို ဝေတိဝေဝါး ရှာဖွေတွေ့ရှိသွားတယ်။

ဝမ်ရှောင်းယွင်က တကယ်ကြီး တတိယတပ်ဖွဲ့ကတပ်သားတွေကို အဲဒီရုပ်တုကို နေ့တိုင်း ကိုးကွယ်ခွင့်ပြုထားတယ်။

တတိယတပ်ဖွဲ့ကသူတွေက ဘာသာရေးဂိုဏ်းတစ်ခုခုရဲ့ ဦးနှောက်ဆေးခံထားရသလိုမျိုး နေ့တိုင်း အယူသီးသလို ပြုမူနေကြတယ်။ တကယ်လို့ သူတို့က စစ်တပ်ဆိုင်ရာ ကိုယ်ကျင့်တရားနဲ့ အမျိုးသားစိတ်ဓာတ်အကြောင်း သင်တန်းတွေကို ရပ်မပစ်လိုက်ဘဲ ဆက်တက်နေသေးတာကြောင့်သာမဟုတ်ရင် တတိယတပ်ဖွဲ့က တကယ်ကြီး အယူလွဲနေတဲ့ ဒိဋ္ဌိဂိုဏ်းဖြစ်သွားပြီလို့ သံသယဝင်မိမှာပဲ။

နောက်ဆုံးအနေနဲ့ တခြားတပ်ဖွဲ့ကလူတွေမှာ အချက်အလက်အကြီးဆုံးတစ်ခု ရထားတယ်။ တတိယတပ်ဖွဲ့ကိုးကွယ်နေတဲ့ ရုပ်တုက ရုပ်တုမဟုတ်ဘူး။ အဲဒါက နတ်ဘုရားပုံတော်တဲ့။ ဒါက "ဆရာသခင်လေး" ရဲ့ ယုံကြည်ကိုးကွယ်မှုလို့လည်း ကောလာဟလတွေ ထွက်နေသေးတယ်။

လူတိုင်းက ရုတ်ခြည်း နားလည်သွားတယ်။ ဒီတော့ ဝမ်ရှောင်းယွင်က ဆရာသခင်လေးရဲ့အလေးပေးမှုကို ဒီလိုမျိုး မြှောက်ပင့်မှုကနေတဆင့် ရနေတာလား။

ဆရာသခင်လေးက အဲဒီနတ်ဘုရားဆိုလား ဘာလားကို ယုံကြည်တယ်။ အဲဒါကြောင့် ဝမ်ရှောင်းယွင်က တပ်ဖွဲ့တစ်ခုလုံးကို နောက်ကလိုက်ပါပြီး အဲဒီနတ်ဘုရားလား ဘာလားကို ယုံကြည်အောင် တိုက်တွန်းတယ်။ ဒီဆုံးဖြတ်ချက်က ဆရာသခင်လေးကို ပျော်ရွှင်စေတယ်၊ အဲဒါကြောင့် သူက တတိယတပ်ဖွဲ့အတွက် စိတ်သန္တာန်မက်ခါတွေ လုပ်ပေးတာလား

ဒါဆို သူတို့လည်း စမ်းကြည့်လို့မရဘူးလား။

"မင်း ငတုံးလား၊ ဝမ်ရှောင်းယွင်က ဓာတ်ရောင်ခြည်သင့်ခံထားရတာ။ သူ့ခေါင်းက ရှုပ်ထွေးနေပြီ။ အဲဒါကြောင့် သူက ဒီလို ကလေးဆန်တဲ့ အယူသီးတဲ့အရာကို လုပ်တာ။ မင်းက ဒီလိုမြှောက်ပင့်မှုမျိုးနဲ့ ဆရာသခင်လေးရဲ့ အလေးပေးမှုကို ခံရမယ်လို့ တကယ်ထင်နေတာလား"

ဟုတ်တယ်။ အားလုံးက ဒါကအရမ်းတရားလွန်လွန်းတယ်လို့ ခံစားရတယ်။

သူတို့အားလုံးက စစ်တပ်ထဲက ရာထူးကြီးပိုင်းကလူတွေပဲ။ သူတို့က ဒီလိုမျိုးတရားလွန် ဦးနှောက်မရှိတဲ့အရာမျိုးကို ယုံရမှာလဲ။

သူတို့က ငတုံးတွေမှမဟုတ်တာ။

သူတို့ရဲ့ ဉာဏ်ရည်က မဖြစ်မနေ ကျဆင်းသွားတာမျိုးမှမဟုတ်တာ။

ဘယ်လိုလုပ် ဒီလို အိုင်ကျူပျောက်နေတဲ့သူလို ပြုမူနိုင်ပါ့မလဲ။

ဒါပေမဲ့..... တကယ်လို့များ။

တကယ်လို့များ ဒီထူးဆန်းတဲ့ ဆရာသခင်လေးက သူတို့တုံးအတဲ့ပုံ ပြုမူတာကို ကြည့်ရတာ အထူးတလည်နှစ်သက်တာဆို ဘယ်လိုလုပ်မလဲ။

တကယ်လို့ သူတို့သာ စိတ်သန္တာန်မက်ခါတွေရမယ်ဆိုရင် တုံးအချင်ယောင်ဆောင်တာများ ဘယ်သူကမသိလို့လဲ။

ဒီအချိန်မှာ ဖင်တကြွကြွဖြစ်နေကြပြီး စမ်းကြည့်ဖို့ အဆင်သင့်ဖြစ်နေတဲ့သူတွေလည်း ရှိလာတယ်။

ငါးရက်မြောက်နေ့မတိုင်ခင်

ဝမ်ရှောင်းယွင်က သူ့ရဲ့မက်ခါ ဝေ့ါစီးနဲ့အတူတူ လူထုရှေ့မှာ တဖန်ပြန်ပေါ်လာတယ်။

အားလုံးက ဆရာကြီး ကယ်လုအန်းထွင်ပေးထားတဲ့ မက်ခါဝေ့ါစီးက ဂြိုလ်သားအင်းဆက်ဘုရင်မနဲ့ စစ်ပွဲမှာ လုံးဝ အစိတ်စိတ်အမွှာမွှာ ဖျက်စီးခံလိုက်ရတာကို သိထားကြတယ်။ အဲဒါကို သေချာပြုပြင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။

ဒါပေမဲ့ အခု ဝမ်ရှောင်းယွင် သူနဲ့အတူ ဝေါ့စီးကို ခေါ်ပြီး ပြန်ပေါ်လာတယ်။

မီဒီယာတွေကို မျက်နှာမူရင်း ဝမ်ရှောင်းယွင်က ရက်ရောစွာ ပြောလိုက်တယ်: "ကျွန်တော့်အတွက် ဝေါ့စီးကို ပြင်ပေးပြီး အဆင့်မြှင့်ပေးတဲ့အတွက် ဆရာသခင်လေးကို အထူးကျေးဇူးတင်ပါတယ်။ အခု ကျွန်တော့်ရဲ့ဝေါ့စီးကို တရားဝင် စိတ်စွမ်းအင်သက်သက်နဲ့ မောင်းနှင်နိုင်တဲ့ ၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည်ကာရံထားတဲ့ စိတ်သန္တာန် မက်ခါတစ်စီးအဖြစ် အဆင့်မြှင့်ပြီးသွားပါပြီ"

ကြယ်စုကွန်ရက်တစ်ခုလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်သွားကြတယ်။

ဘယ်သူကမှ ပထမဆုံးအဆင့်အတန်းမီ စိတ်သန္တာန်မက်ခါက ဝမ်ရှောင်းယွင်ရဲ့မက်ခါ ဝေ့ါစီးဖြစ်နေမယ်လို့ မမှန်းထားကြဘူး။

အရင်က ရှောင်ဖော့လန် 4.0 က တကယ့်အဆင့်မီ မက်ခါမဟုတ်ဘူး။ သူက မီနီမက်ခါသက်သက်ပဲ။

အားလုံးက အဆင့်အတန်းမီမက်ခါတစ်စီး ပေါ်ထွက်လာဖို့ မျှော်နေကြတာ။ အဲဒါက ဝမ်ရှောင်းယွင်ရဲ့ဝေါ့စီးဖြစ်မယလို့ ဘယ်တုန်းကမှ မထင်ထားဘူး။

တခြားတပ်ဖွဲ့က လူကြီးပိုင်းတွေအားလုံးက အံ့အားသင့်ကုန်ကြတယ်။

"ဝမ်ရှောင်းယွင်က ဘယ်မှမသွားဘဲ တစ်နေကုန် အိမ်မှာမဟုတ်ရင် စစ်တပ်ထဲမှာပဲ နေတာ သေချာလား"

"ဒါဆို ဘယ်တုန်းကများ ဆရာသခင်လေးက ဝမ်ရှောင်းယွင်ကို ဝေါ့စီးပြင်ဖို့ ကူညီပေးလိုက်တာလဲ"

တတိယတပ်ဖွဲ့က ဆက်တိုက်ဆိုသလို စိတ်သန္တာန်မက်ခါတွေ ရနေတယ်။ ဒါက တခြားတပ်ဖွဲ့ကလူကြီးပိုင်းတွေကို ငြိမ်ငြိမ်ဆက်ထိုင်မနေနိုင်အောင် လုပ်နေတယ်။

တကယ်လို့ သူတို့သာ ဝမ်ရှောင်းယွင်ကို အတုခိုးပြီး သူတို့တပ်ဖွဲ့တွေကို အဲဒီနတ်ဘုရားလား ဘာလားကို ကိုးကွယ်ခိုင်းမယ်ဆိုရင် သူတို့လည်း ဆရာသခင်လေးရဲ့အထောက်အပံ့ကို တကယ်ရမလားပဲ။ သူတို့လည်း.... အိုင်ကျူအကျခံချင်ပါတယ်နော်!

ဆရာသခင်လေးကို သူတို့က မထက်မြက်ဘူးလို့ပဲ ထင်ပါစေတော့။

အဲဒီလိုနဲ့ ပေါက်ရောက်တဲ့အာဏာပိုင်အများကြီးနဲ့ စစ်တပ်က အကြီးပိုင်းတွေ အကုန်လုံးက ဝမ်ရှောင်းယွင်ကို အတုခိုးကြတယ်။ သူတို့က နတ်ဘုရားပုံတော်တွေ ဖန်တီးပြီး စတင်ကိုးကွယ်ကြတယ်။

တစ်ညတည်းမှာပဲ ကျွမ်းကျိုးက လူတစ်သောင်းလောက်ဆီက ယုံကြည်မှုတွေရလိုက်တယ်။ ကျွမ်းကျိုးက သူ့ကိုယ်သူတောင် မျက်လုံးပြူးသွားတယ်။

ဝမ်ရှောင်းယွင်က ဒီလူတွေ ဒီလိုဦးနှောက်မရှိတဲ့အရာကို စိတ်လိုလက်ရ လုပ်လာအောင် တစ်ဆင့်ပြီးတစ်ဆင့်အကွက်ချနေတာကို သူမြင်တယ်။ ဒီလို ဆက်တိုက် ကျွမ်းကျင်စွာ ကြိုးကိုင်နေတာက သူ့ကို လုံးဝ အံ့အားသင့်သွားစေတယ်။

အဲဒါက သူအိပ်မက်ပေးတာထက်တောင်မှ ပိုအကျိုးဖြစ်သေးတယ်။

"ဝမ်ရှောင်းယွင် ခင်ဗျား... ခင်ဗျားက အရမ်းကို တော်လွန်းပါတယ်!"

ဝမ်ရှောင်းယွင်ကဆိုတယ်: "မင်းကိုယ့်ကို အရင်ကပြောဖူးတယ်မလား၊ လူတွေအများကြီး မင်းကို ကြည်ညိုလာအောင် မက်ခါတွေအများကြီး လုပ်ချင်တယ်လို့။ သူတို့အားလုံးက မက်ခါတွေ လိုချင်ကြတာ။ သူတို့လိုချင်နေမှတော့ သူတို့ကို အလကားပေးပြီး သက်သက်သာသာ လွှတ်ပေးလိုက်လို့ ဘယ်ဖြစ်မှာလဲ"

ကျွမ်းကျိုးက အရမ်းပျော်နေပြီး သူ့မျက်လုံးတွေက ကွေးညွတ်နေတယ်။

သောင်းဂဏန်းလူတွေဆိုတာကိုပဲ မကြည့်နဲ့ဦး။ အဲဒီလူတွေထဲမှာ ဝမ်ရှောင်းယွင်လို ရာထူးတူလူတွေ အများကြီးပါတယ်။

ဒီလိုမျိုးလူတွေက အခြားသူတွေကို အလုပ်ပေးထားကြတယ်။ သူတို့ယုံကြည်မှုစွမ်းအားက တခြားသူတွေထက် အဆပေါင်းများစွာ ပိုသာတယ်။

တစ်နည်းပြောရရင် သောင်းဂဏန်းလေးလို့ပဲ မစဉ်းစားနဲ့။ တကယ့်ယုံကြည်မှုပမာဏက တော်တော်လေး များပြားတယ်။

ဝမ်ရှောင်းယွင်က အရမ်းကို တော်လွန်းတယ်!

ဝမ်ရှောင်းယွင်က ပြုံးလိုက်တယ်: "မင်းပျော်နေရင် ရပြီ"

"ဒါပေမဲ့" ကျွမ်းကျိုးက အလွန်လျင်မြန်စွာ စိတ်ရှုပ်ထွေးသွားတယ်: "ဒီလောက်လူတွေတစ်ပြိုင်တည်းရလိုက်တော့ ကျွန်တော်.... ကျွန်တော့်ကောကောက သူတို့အားလုံးရဲ့ ဆုတောင်းတွေကို ဖြည့်ပေးဖို့ အချိန်ပိုအလုပ်ကြိုးစားရတော့မှာပဲ"

"မလိုဘူး" ဝမ်ရှောင်းယွင်ကပြောတယ်: "ကျိုးကျိုး ကမ္ဘာဟောင်းက ဘုရားသခင်အကြောင်းသိလား"

ကျွမ်းကျိုးက ဆိုတယ်: "သိတယ်"

ဝမ်ရှောင်းယွင်: "ကမ္ဘာဟောင်းမှာဆိုရင် လူတွေအများကြီးက ဘုရားသခင်ကို ယုံကြည်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်က လူတစ်ယောက်တည်းကိုပဲ ကာကွယ်ပေးတာမျိုး မြင်လို့လား"

ကျွမ်းကျိုးက မျက်လုံးတွေ ပြူးကျယ်လာတယ်: "အိုး"

ဝမ်ရှောင်းယွင်: "နောက်တစ်မျိုးပြောရရင် မငး်က အလကားရတဲ့ယုံကြည်မှုကို ငြင်းပယ်စရာမလိုဘူး။ အရင်ဆုံး လက်ခံထားပြီးမှ မင်း... မင်းကောကောက သူတို့ဆုတောင်းကို တကယ်ဖြည့်ဆည်းပေးချင်လားဆိုတာ ကြည့်ပေ့ါ။ အားလုံးက စိတ်အခြေအနေပေါ်မှာ မူတည်တယ်"

ကျွမ်းကျိုးက အမြင်ကျယ်သွားတယ်: "အဲဒါက ဟုတ်သလိုလိုပဲ"

လူကောင်းတွေ ကြိုးစားတဲ့လူတွေကို သူကူညီမယ်!

တခြားသူတွေကတော့... အလကားရတဲ့ပစ္စည်းကို ငြင်းစရာမလိုပါဘူးလေ။

ဝမ်ရှောင်းယွင်က အရမ်းမိုက်လွန်းတယ်! သူက ဒီလိုမျိုး မစဉ်းစားဖူးဘူး!

ကျွမ်းကျိုး သူ့ကိုကြည့်နေရင်းနဲ့ ဘာမှန်းမသိတဲ့အရာတစ်ခုကို တွေးမိသွားတယ်၊ အဲဒီနောက်မှာ ချက်ချင်း အသံတိုးတိုးလေးနဲ့ မေးတယ်: "ကျွန်တော် တစ်ခုမေးလို့ရမလား"

ဝမ်ရှောင်းယွင်: "မေးလေ"

ကျွမ်းကျိုးကမေးတယ်: "ခင်ဗျားက ဒီလူတွေအားလုံးကို... အင်း ကြွယ်ဝခြင်းနတ်ဘုရားကို ကိုးကွယ်အောင်လုပ်တယ်။ အဲဒါတောင် အဲဒါတောင် ခင်ဗျားကကျတော့ ဘာလို့ သူ့ကို မကိုးကွယ်ရတာလဲ"

အချင်းချင်း သိလာတာ ဒီလောက်ကြာပြီ ဝမ်ရှောင်းယွင်က ဘယ်တုန်းကမှ မကိုးကွယ်ဖူးဘူး။

သူက အရင်က နတ်ဘုရားရဲ့ တည်ရှိမှုကို မယုံလို့ဆို ထားပါတော့။

ဒါပေမဲ့ အခုသူက သေချာပေါက် သိထားတယ်လေ.....

ဒါကိုကြားတော့ ဝမ်ရှောင်းယွင်က ခဏလောက် အသံတိတ်သွားတယ်။

ကျွမ်းကျိုးက သူမဖြေချင်လို့လို့ ထင်သွားတယ်။ သူက ဒီအကြောင်းကို ရပ်လိုက်တော့မယ့်အချိန်မှာပဲ ဝမ်ရှောင်းယွင်ပြောတာကို ကြားလိုက်ရတယ်။

"ကိုယ်က သူကာကွယ်ပေးတာကို မခံချင်ဘူး။ သူက ဒီလူတွေအားလုံးကို ကာကွယ်ပေးနေရပြီး သူ့ကို ဘယ်သူမှ မကာကွယ်ပေးကြဘူး" သူက ဆိုတယ်: "ကိုယ်က သူ့ကို ကာကွယ်ပေးနိုင်တဲ့ အဲဒီသူဖြစ်ချင်တာ"

................xxx.................

စာရေးသူမှာ ပြောစရာရှိပါတယ်: PS--

အောင်မြင်စွာ လှည့်ဖြားလိုက်နိုင်တဲ့ ကြွယ်ဝခြင်းနတ်ဘုရားလေး ကျွမ်းကျိုး: အိုင်းယား ငါပြောင်းလဲသွားပြီ။ ငါက ကိုယ်ကျိုးမကြည့် ဘက်မလိုက်တဲ့ ကြွယ်ဝခြင်းနတ်ဘုရားမဟုတ်တော့ဘူးပဲ.......

Aki - ဗိုလ်ချုပ်ကြီးက တစ်ခွန်းဆို တစ်ခွန်းနော် ခြွေနေတော့တာပဲ ( 〃▽〃)

-Zawgyi -

အခန္း ၃၄: ကိုယ္က အဲဒီသူျဖစ္ခ်င္တာ

ခ်ိန္က်န္႔႐ွန္ကို ေဆးတပ္က အေရးေပၚကုသဖို႔ ေခၚသြားတယ္။

သူ႔ေခါင္းက တကယ္ကို ေသြးေတြအရမ္းထြက္ေနတယ္။

ဒါေပမဲ့ မေမွ်ာ္လင့္စြာနဲ႔ပဲ သူတို႔ေတြ သူ႔ကို လူနာတင္ထမ္းစင္ေပၚတင္လိုက္တဲ့အခ်ိန္မွာ ထမ္းစင္က ႐ုတ္ျခည္း က်ိဳးက်သြားၿပီး ခ်ိန္က်န္႔႐ွန္က ေျမေပၚျပန္က်သြားျပန္ေရာ။

ေဆးတပ္သားေတြက အားလံုး အံ့အားသင့္သြားၾကတယ္။ ဒီထမ္းစင္က ေတာ္ေတာ္ေလးအၾကမ္းခံၿပီး ခိုင္ခံ့တယ္။ ဒါက ဘယ္လိုလုပ္ၿပီး က်ိဳးသြားရတာလဲ။ ဒါရဲ႕အရည္အေသြးက မီးေလာင္ရင္ေတာင္ မက်ိဳးမပ်က္ဘဲ ခံႏိုင္ရည္႐ွိတယ္။

"ဒါက တကယ္အရမ္းထူးဆန္းတာပဲ...."

အဲဒါေၾကာင့္ အလြန္ၾကာ႐ွည္တဲ့ ကေမာက္ကမအေျခအေနႀကီး အဆံုးတြင္ ခ်ိန္က်န္႔႐ွန္ကို ေအာင္ျမင္စြာ ေခၚသြားလို႔ရသြားတယ္။

ဒါက စစ္တပ္ရဲ႕ေဆးအဖြဲ႕ျဖစ္တာမို႔ ဒုဗိုလ္ႀကီးခ်ိန္က သူ႔သားကို အေရးေပၚကုသေဆာင္ကို ေခၚသြားတာနဲ႔ ပတ္သက္ၿပီး စိတ္ေအးလက္ေအးျဖစ္သြားတယ္။ ဘယ္လိုပဲျဖစ္ပါေစ သူ႔ရင္ထဲမွာ နည္းနည္းေတာ့ စိုးရိမ္ေၾကာင့္ၾကေနတုန္းပဲ။

"ေတာင္းပန္ပါတယ္ ဗိုလ္ခ်ဳပ္ႀကီး အခုတေလာ ကၽြန္ေတာ့္သားက ဘာျဖစ္ေနမွန္းမသိပါဘူး။ သူက တကယ္အရမ္းကို ကံမေကာင္းေနတာ။ ေန႔တိုင္း လက္က်ိဳးရင္က်ိဳး၊ မဟုတ္ရင္ ေျခက်ိဳးတယ္။ အေရးေပၚကုသေဆာင္ကို ေခၚသြားရင္းေတာင္မွပဲ ျဖစ္ေနတုန္းပဲ။ ဘာေတြျဖစ္ေနမွန္းေတာင္ မသိေတာ့ပါဘူး..."

ၿပီးခဲ့တဲ့အေခါက္က သူ႔ကို အေရးေပၚခန္းကို ေခၚသြားတုန္းကလိုပဲ။ သဘာဝက်က်ေျပာရမယ္ဆိုရင္ သင္တန္းေက်ာင္းမွာလည္း ေဆးကုသေဆာင္႐ွိတယ္။ အထူးသျဖင့္ စစ္သင္တန္းေက်ာင္းလိုမ်ိဳးေနရာမ်ိဳးမွာ ေဆးကုသေဆာင္ဆိုတာ ပိုေတာင္မွလိုအပ္ေသးတယ္။

ဒါေပမဲ့ သင္တန္းေက်ာင္းက ကုသကန္ေတြအကုန္လံုးက အလုပ္မလုပ္ေတာ့ဘူး။ အဲဒါက အရမ္းထူးဆန္းတယ္။

ေနာက္ဆံုး သူ႔သားကို ေဆး႐ံုမွာ အေရးေပၚကုသဖို႔ ေခၚလာႏိုင္ျပန္ေတာ့လည္း ပိုထူးဆန္းတဲ့ကိစၥ ျဖစ္ေသးတယ္။ သူ႔သားဝင္လွဲလိုက္တဲ့ ဘယ္ကုသကန္မဆို ပ်က္သြားတာနဲ႔ ႀကံဳရျပန္တယ္။

အဲဒီလိုဆိုလို႔ တျခားလူနာတြင္ အထဲဝင္လွဲလိုက္ရင္ ခ်က္ခ်င္း ေကာင္းေနတယ္။

ဒီလို ထူးဆန္းတဲ့အျဖစ္အပ်က္က ဆရာဝန္ေတြကိုေတာင္မွ အ႐ူးျဖစ္သြားေစတယ္။ ေနာက္ဆံုးေတာ့ သူ႔ကို ေ႐ွးကကုသနည္းျဖစ္တဲ့ ခြဲစိတ္ကုသနည္းနဲ႔ပဲ ကုရေတာ့တယ္။

ေဆးကုသမႈက အလြန္ထိေရာက္လို႔ ေတာ္ေသးတယ္။ ႏွစ္ရက္ေလာက္ေနၿပီးေနာက္မွာ သူေနာက္ဆံုးေတာ့ ေနျပန္ေကာင္းလာတယ္။

သို႔ေပမဲ့ ကုသကန္ထဲမွာ နာရီအနည္းငယ္လဲေလ်ာင္းေန႐ံုနဲ႔ ကုသလို႔ရတဲ့ ဒဏ္ရာျပန္ေကာင္းဖို႔အတြက္ သူ႔သားက ႏွစ္ရက္တိတိ နာက်င္မႈကို သည္းခံခဲ့ရတယ္။

"ကၽြန္ေတာ္တို႔ ဒီကိုလာတဲ့လမ္းမွာလည္း အတူတူပဲ၊ ကားပ်ံက ေမာင္းေနတာအေကာင္းပဲ။ မလာခင္က ကားပ်ံေကာင္းမေကာင္းကို အထူးတလည္ ေသခ်ာေအာင္စစ္ေဆးခဲ့ေသးတယ္။ ဒါေတာင္မွ ကားမေတာ္တဆမႈျဖစ္လာေသးတယ္...." ဒုဗိုလ္ႀကီးခ်ိန္က အလြန္ ရင္နာေနဟန္ရတယ္။ "ဒါ့အျပင္ က်န္႔႐ွန္နဲ႔ ကၽြန္ေတာ္ ႏွစ္ေယာက္လံုး ကားပ်ံတစ္စီးတည္းမွာ ထိုင္ေနတာပဲ။ မေတာ္တဆမႈျဖစ္ေတာ့ ကၽြန္ေတာ္က လံုးဝ အေကာင္းအတိုင္းပဲကို သူ႔မွာ ေတာ္ေတာ္ေလး ျပင္းျပင္းထန္ထန္ ထိခိုက္သြားေသးတယ္"

အစည္းအေဝးခန္းထဲမွာ ဗိုလ္ခ်ဳပ္ႀကီးဝမ္ကို ထိုင္ေစာင့္ေနဖို႔ဆိုတာ တကယ္တမ္း ေတာ္ေတာ္လြယ္တဲ့ကိစၥေတာ့ မဟုတ္ခဲ့ဘူး။

"အဲဒါေၾကာင့္ အထင္မလြဲလိုက္ပါနဲ႔၊ သူက တကယ္ႀကီးကို ေတာ္ေတာ္ ကံဆိုးေနတာပါ" သူက တေလးတစား ႏႈတ္မဆက္ခ်င္လို႔ မဟုတ္ရပါဘူး။

ဒုဗိုလ္ႀကီးခ်ိန္က စိတ္ထဲမွာ ထိတ္ျပာေနရင္း အထင္လြဲခံရမွာကို ေၾကာက္ေနတယ္။

ဝမ္ေ႐ွာင္းယြင္: "........."

ဒီထူးဆန္းၿပီး ထိတ္လန္႔စရာအေၾကာင္းအရာကို ၾကားလိုက္ရေတာ့ ဝမ္ေ႐ွာင္းယြင္က ထူးဆန္းစြာနဲ႔ နည္းနည္း ရင္းႏွီးေနသလို ခံစားေနရတယ္။

သူက ကၽြမ္းက်ိဳးဆီကို ၾကည့္လိုက္တယ္။

အဲဒီမွာ သူငယ္ခ်င္းေလးရဲ႕ စာနာေထာက္ထားဟန္ ေၾကာက္႐ြံ႕ေနတဲ့အမူအရာကို ေတြ႕လိုက္ရတယ္။

ဝမ္ေ႐ွာင္းယြင္: "........."

ေနာက္တစ္နည္းေျပာရရင္ ဒါသူထင္ထားတဲ့ဟာလား။

ဝမ္ေ႐ွာင္းယြင္လွမ္းၾကည့္လာတဲ့ အၾကည့္ကို ဖမ္းမိလိုက္တဲ့အတြက္ ကၽြမ္းက်ိဳးက ေျခဖ်ားေထာက္ၿပီး သူ႔နားထဲ တိုးတိတ္စြာ ေျပာလိုက္တယ္။ "အဲဒီလူက ႂကြယ္ဝျခင္းနတ္ဘုရားကို ေစာ္ကားေမာ္ကားေျပာထားတယ္........"

ဝမ္ေ႐ွာင္းယြင္က သူ႔ဘာသူ ေတြးလုိက္တယ္: ျဖစ္ေတာ့မွာေပါ့။

ကၽြမ္းက်ိဳးက သူ႔ရင္ဘတ္ေလးကို ပူပန္စြာ ဖိၿပီး တီးတိုးေရ႐ြတ္လိုက္တယ္: "ေနာက္ဆို ခင္ဗ်ား သူ႔ကို မေစာ္ကားမိေအာင္ သတိထားရမယ္ေနာ္"

ဝမ္ေ႐ွာင္းယြင္က သူ႔ေခါင္းကို ပြတ္သပ္လိုက္တယ္: "ကိုယ္က ဘာလို႔ေစာ္ကားရမွာလဲ"

သူက ဘယ္လိုလုပ္ သူ႔ကို ေစာ္ကားခ်င္ရမွာလဲ။

"အင္း အင္း" ကၽြမ္းက်ိဳးက သူ႔ေခါင္းကို တစ္ခ်က္ ထိလုိက္ၿပီး ေရ႐ြတ္လိုက္တယ္: "အရမ္းဆိုး႐ြားလြန္းလို႔ အခုဆို ကၽြန္ေတာ္ေတာင္ ကိုယ့္ကိုယ္ကိုယ္ ေစာ္ကားမိမွာ ေၾကာက္ေနၿပီ..."

ဝမ္ေ႐ွာင္းယြင္: "???"

ဒုဗိုလ္ႀကီးခ်ိန္က နည္းနည္း စိုးရိမ္ပူပန္ေနတယ္: "ဗိုလ္ခ်ဳပ္ႀကီး အဲဒါဆိုရင္ ကၽြန္ေတာ့္သားရဲ႕ဒဏ္ရာေတြ ျပန္သက္သာလာရင္ ေတြ႕ေပးဖို႔ ထပ္ေခၚလာခဲ့...ရမလား"

ဒုဗိုလ္ႀကီးခ်ိန္က မၾကာခဏဆိုသလို သူ႔သားရဲ႕ ခႏၶာကိုယ္စြမ္းေဆာင္ႏိုင္မႈနဲ႔ စိတ္စြမ္းအားက ႏွစ္ခုစလံုး S အဆင့္ျဖစ္ေၾကာင္း၊ သူ႔အဆင့္ေတြက စစ္သင္တန္းေက်ာင္း ဝင္ခြင့္ရၿပီးေနာက္ ဘယ္ေလာက္ေတာင္ ထူးခၽြန္လာေၾကာင္း ေျပာဖူးတာကို ဝမ္ေ႐ွာင္းယြင္ သတိရလိုက္တယ္။

ဝမ္ေ႐ွာင္းယြင္က ေသခ်ာေပါက္ ဒီလိုေကာင္းမြန္တဲ့ အပင္ေပါက္ေလးကို လက္လြတ္မခံခ်င္ဘူး။ အဲဒါေၾကာင့္ တစ္ေခါက္ေလာက္ ၾကည့္ရေအာင္ ဒုဗိုလ္ႀကီးခ်ိန္ကို ေခၚလာခြင့္ျပဳလိုက္တယ္။ သူက တကယ္ကို ထူးခၽြန္ၿပီး ကိုယ္က်င့္တရားေကာင္းမြန္တဲ့ အရည္အေသြးေတြပိုင္ထားတယ္ဆိုရင္ ဝမ္ေ႐ွာင္းယြင္က အလိုအေလ်ာက္ သေဘာတူလိုက္မွာပဲ။

ဒါေပမဲ့ အခု ဒီလူက ႂကြယ္ဝျခင္းနတ္ဘုရားကို ႐ိုင္းပ်ဖူးတယ္ဆိုၿပီး က်ိဳးက်ိဳးေျပာတာ ၾကားလိုက္ရတယ္။

ဝမ္ေ႐ွာင္းယြင္ရဲ႕ မ်က္ႏွာထားက သုန္မႈန္ေနတယ္: "ခင္ဗ်ားသား ျပန္သက္သာလာမွပဲ ေျပာၾကတာေပါ့"

အင္း သူ႔သားအတြက္က... လံုးဝျပန္ေကာင္းလာဖို႔ဆိုတာ အရမ္းခက္ခဲႏိုင္႐ံုေလာက္ပါပဲ။

ဝမ္ေ႐ွာင္းယြင္ သေဘာတူလိုက္တယ္လို႔ထင္သြားၿပီး ဒုဗိုလ္ႀကီးခ်ိန္က သူ႔ကို ဝမ္းသာအားရ ေက်းဇူးတင္သြားတယ္။

ေနာက္လဝက္ေလာက္ေနေတာ့ ခ်ိန္က်န္႔႐ွန္က သူ႔အရင္အေျခအေနအတိုင္း ျပန္ေရာက္သြားတယ္။ လမ္းကေန အေရေပၚခန္းကိုေရာက္ရင္ေရာက္၊ မဟုတ္ရင္ မေတာ္တဆမႈတစ္ခုခုျဖစ္တာပဲ။

တိုေတာင္းတဲ့ လဝက္အခ်ိန္ေလးအတြင္းမွာေတာင္ လူတစ္ကိုယ္လံုးက မ်က္တြင္းေခ်ာင္ၿပီး လံုးပါးပါးေနေတာ့တယ္။

ခ်ိန္က်န္႔႐ွန္မွာ ေလ့က်င့္ထားတဲ့အတိုင္း တံု႔ျပန္မႈတစ္ခုေတာင္မွပဲ အက်င့္ျဖစ္လာခဲ့တယ္။ အႏၱရာယ္တစ္ခုခု ျဖစ္ေတာ့မယ္ဆိုရင္ သူက အလိုအေလ်ာက္ပဲ ကာဆီးလုိက္တာပဲျဖစ္ျဖစ္ ေ႐ွာင္လႊဲလိုက္တာပဲျဖစ္ျဖစ္ လုပ္ႏိုင္သြားတယ္။

သူ႔အ႐ွိန္က အရမ္းျမန္လို႔ လူတိုင္းက အံ့အားသင့္လြန္းလို႔ ပါးစပ္အေဟာင္းသားျဖစ္ရတဲ့အထိပဲ။

ဒါက အရင္တုန္းကသာဆိုရင္ ခ်ိန္က်န္႔႐ွန္က သူဘယ္ေလာက္ေတာင္ ပါရမီထူးေၾကာင္း၊ ဒီလိုမ်ိဳးအရည္အခ်င္းမ်ိဳးဆိုတာ သူ႔ရဲ႕ထူးခၽြန္မႈေၾကာင့္သာျဖစ္ေၾကာင္း ေသခ်ာေပါက္ စၿပီး မိမိဘာသာအားရေက်နပ္စြာနဲ႔ ႂကြားဝါေနမိလိမ့္မယ္။

ဒါေပမဲ့ အခုလက္႐ွိကေတာ့

ခ်ိန္က်န္႔႐ွန္က လံုးဝကို ထံုေနၿပီ။ သူဘာေျပာႏိုင္ဦးမွာလဲ။ အေရးေပၚခန္းကို အႀကိမ္ေရအမ်ားႀကီး သြားရလြန္းလို႔ မိမိကိုယ္ကိုယ္ ကာကြယ္ႏိုင္တဲ့ အလိုလိုသိစိတ္ေတာင္ ႐ွိေနၿပီလို႔လား။ ဒီခုခံကာကြယ္ႏိုင္စြမ္းက ခဏပဲရမယ္ဆိုတာ သူေသခ်ာေပါက္ေျပာႏိုင္တယ္။

အႏၱရာယ္က ဘယ္ေတာ့မွ ရပ္မသြားဘူး။ ဒါက ေရာက္မလာေသးတာပဲ႐ွိတယ္။

ထင္တဲ့အတိုင္းပဲ ခဏေနေတာ့ ပထမအႏၱရာယ္လိႈင္းကို ေအာင္ေအာင္ျမင္ျမင္ ခုခံလိုက္ႏိုင္တဲ့သူက ေနာက္တစ္ခါ ေျမေပၚလဲက်သြားျပန္ေရာ။

သူ႔ေဘးပတ္လည္မွာ အေရးေပၚအသံေတြကို ၾကားေယာင္ေနရင္းနဲ႔ ခ်ိန္က်န္႔႐ွန္က ႐ုတ္တရက္ ခံစားမိသြားတယ္။ 'သူတို႔ေတြ သူ႔ကိုမကယ္လိုက္ႏိုင္ဘူးဆိုရင္ ပိုေကာင္းသြားမလား၊ ဒီလိုဘဝမ်ိဳးနဲ႔ ဘယ္ေလာက္ၾကာၾကာ ဆက္ျဖစ္ေနဦးမွာလဲ'

သူက စစ္သင္တန္းေက်ာင္းေတာင္ မသြားခဲ့ဘူး။ သူသြားတဲ့အခါတိုင္း ထူးဆန္းတဲ့မေတာ္တဆမႈအခ်ိဳ႕ အၿမဲတမ္း ျဖစ္ေနလို႔ပဲ။

အဲဒါေၾကာင့္ သင္တန္းေက်ာင္းက သူ႔ကို အိမ္ျပန္အနားယူခြင့္ေပးလိုက္တယ္။

အိမ္မွာအနားယူတာကလည္း ေဘးမကင္းဘူး။ ေနာက္ဆံုးေတာ့ သူေဆး႐ံုမွာပဲ တခါတည္း ေျပာင္းေနလုိက္ေတာ့တယ္။

ခ်ိန္က်န္႔႐ွန္ရဲ႕ ကံဆိုးတဲ့သမိုင္းေၾကာင္းက လံုးဝ နာမည္ႀကီးသြားတယ္။ အခုဆို ဒုဗိုလ္ႀကီးခ်ိန္ လမ္းေလွ်ာက္ေနရင္ တစ္ေယာက္ေယာက္က 'ခင္ဗ်ားသား အခု အဆင္ေျပသြားၿပီလား' ဆိုၿပီး အၿမဲလိုလို လာေမးတတ္တယ္။

အဲဒီလိုအခ်ိန္မွာ ဒုဗိုလ္ႀကီးခ်ိန္က အၿမဲလိုလို ခါးသက္စြာ ၿပံဳးျပၿပီး ေျဖတတ္တယ္: "သူက အခုေဆး႐ံုမွာ။ ေဆး႐ံုကဆင္းတာ တစ္နာရီေတာင္ မျပည့္ဘူး၊ ျပန္ေရာက္လာျပန္တာပဲ"

အဲဒါေၾကာင့္ သူက အဲဒီမွာပဲ အခ်ိန္ျပည့္ ေနရတဲ့အဆင့္အထိ ျဖစ္သြားတယ္။

လူတိုင္း: "........"

ဒါက တကယ္ႀကီးကို

ထူးဆန္းလြန္းတယ္။

ဒုဗိုလ္ႀကီးခ်ိန္က တတိယတပ္ဖြဲ႕မွာ နာမည္ဂုဏ္သတင္းေကာင္း ေမြးျမဴထားတယ္။ တစ္ခ်က္က သူ႔မွာေတာ္ေတာ္ေလး ေကာင္းမြန္တဲ့ စိတ္ထား႐ွိလို႔ရယ္ သူ႔ရာထူးေနရာကိုသံုးၿပီး လက္ေအာက္ငယ္သားေတြကို အႏိုင္မက်င့္လို႔ျဖစ္တယ္။ ဒုတိယတစ္ခ်က္က သူက မိသားစုေနာက္ခံေကာင္းကေန လာတဲ့သူျဖစ္တယ္။ တကယ္လို႔ တပ္ထဲက စစ္သားေတြ ျပႆနာတစ္ခုခု ႀကံဳေနရတယ္ဆိုရင္ အၿမဲလိုလို သူတတ္ႏိုင္သမွ် ကူညီေပးေလ့႐ွိတယ္။

သူအသံုးခ်ဖူးတဲ့ အထူးအခြင့္အေရးဆိုလို႔ သူ႔သားနဲ႔ ဝမ္ေ႐ွာင္းယြင္ကို ေတြ႕ေပးၿပီး သူ႔သားကိုလည္း တတိယတပ္ဖြဲ႕ထဲကို သြင္းေပးခ်င္တာပဲ႐ွိတယ္။

အဲဒါေၾကာင့္ ဒီကိစၥေၾကာင့္ တပ္ဖြဲ႕ထဲကလူေတြ ေတာ္ေတာ္မ်ားမ်ားကလည္း သူ႔ကိုအလြန္ေလးစားၾကတယ္။ သူ႔သား အရမ္းသနားစရာေကာင္းေနတာကို ေတြ႕ေတာ့ သူ႔ကို အႀကံဉာဏ္ေတြ ေပးၾကတယ္။

"ေဟး အာ ဒုဗိုလ္ႀကီးခ်ိန္ ခင္ဗ်ား နတ္ဘုရားေတြ အယံုအၾကည္႐ွိလား"

ဒုဗိုလ္ႀကီးခ်ိန္က နည္းနည္း ႐ႈပ္ေထြးသြားတယ္: "ဘယ္နတ္ဘုရားကို ယံုၾကည္ရမွာလဲ"

"ဒါက ခင္ဗ်ားသားရဲ႕ ကံမေကာင္းအေၾကာင္းမလွတဲ့အျဖစ္ေတြက နည္းနည္း... ထူးဆန္းေနတယ္လို႔ မထင္ဘူးလား"

ဒုဗိုလ္ႀကီးခ်ိန္က သက္ျပင္းခ်လိုက္တယ္: "သူက ကံဆိုးလို႔ပဲ ျဖစ္မွာပါ"

"တကယ္လို႔ ဒါက ကံနဲ႔ဆက္စပ္ေနတယ္ဆိုရင္ နတ္ဘုရားကို ပူေဇာ္ဖို႔ ပိုေတာင္မွ အေၾကာင္းျပခ်က္႐ွိသြားၿပီ"

အႀကံျပဳေနတဲ့သူက အခိုင္အမာ ႀကံဳးဝါးေျပာလိုက္တယ္: "ခင္ဗ်ားက ကၽြန္ေတာ္တို႔ တတိယတပ္ဖြဲ႔ရဲ႕ အဖြဲ႔မက္ေဆ့ေတြကို ဖတ္ခဲတယ္မလား၊ အခ်ိန္ရရင္ တစ္ခ်က္ဝင္ၾကည့္ဖို႔ အႀကံေပးလိုက္မယ္"

ဒုဗိုလ္ႀကီးခ်ိန္က သူေျပာလိုက္တဲ့အတြက္ နည္းနည္း စိတ္ဝင္စားသြားၿပီး အုပ္စုစကားေျပာခန္းကို ၾကည့္ဖို႔ ဆက္သြယ္ေရးစက္ကို ဖြင့္လိုက္တယ္။ ေျပာေနတဲ့စကားအသြားအလာကို သူလံုးဝကို နားမလည္ႏိုင္ဘူး!

"ထိပ္တန္းတပ္ဖြဲ႔ငယ္နဲ႔ စစ္သေဘၤာ Wyvern ရဲ႕တပ္သားေတြ အမႈိက္ၿဂိဳလ္ကေနျပန္လာၿပီးေနာက္ နည္းနည္းေျပာင္းလဲသြားတယ္လို႔ မထင္ၾကဘူးလား"

"နည္းနည္းေလးတင္ ဘယ္ဟုတ္မလဲ။ ငါဆို သူတို႔ကို ေသာက္က်ိဳးနည္း မွတ္ေတာင္မမွတ္မိဘူး။ ဒီလူေတြက ေန႔တိုင္း ႂကြယ္ဝျခင္းနတ္ဘုရားကို ကိုးကြယ္ရင္ ကံေကာင္းမယ္ဆိုၿပီး တစ္ခ်ိန္လံုး အယူသီးေနေတာ့တာပဲ။ ေန႔တိုင္း အေမႊးတိုင္ကို မရပ္မနားထြန္းတယ္"

"ဒီႂကြယ္ဝျခင္းနတ္ဘုရားက ဗိုလ္ခ်ဳပ္ႀကီး ျပန္ေရာက္လာတဲ့ညက ငါတို႔ေတြအကုန္လံုး အိပ္မက္မက္တဲ့ ၾကယ္စုဒဂၤါးျပားဝတ္ထားတဲ့လူနဲ႔ အတူတူပဲလား"

"ျဖစ္ေလာက္လား၊ သူတို႔က ေျပာတယ္မလား: သူတို႔ကို ကုိးကြယ္လိုက္၊ ငါတို႔ ခ်မ္းသာမယ္ဆိုလားပဲ"

"ဟားဟားဟား အမွန္အတိုင္းေျပာရရင္ မေန႔က ငါ့ကို ေလာင္လ်ိဳ ဒီအေၾကာင္းေျပာျပေတာ့ ငါအစမ္းအေနနဲ႔ ကိုးကြယ္လိုက္တယ္။ ငါပူေဇာ္တုန္းက ဗိုလ္ခ်ဳပ္ႀကီးက ငါဘယ္ေလာက္ေတာ္ေၾကာင္း ျမင္လာပါေစဆိုၿပီး ဆုေတာင္းေနတာ။ ဒီေန႔က်ေတာ့ ဗိုလ္ခ်ဳပ္ႀကီးက ႐ုတ္တရက္ႀကီး ငါတို႔ ဒုတိယအဖြဲ႕ကို ဝင္လာၿပီး ႐ုတ္တရက္စစ္ေဆးေရးဝင္ၿပီး ငါ့အမွတ္ေတြကို ေတြ႕သြားတယ္။ ငါ့ကိုေတာင္ ခ်ီးက်ဴးသြားေသးတယ္"

"လခြမ္း ဒီေန႔ ႐ုတ္တရက္စစ္ေဆးေရးဝင္တာ ထူးဆန္းလုိက္တာလို႔ေတာင္ ေတြးေနေသးတယ္။ ပံုမွန္ဆိုရင္ စစ္ေဆးေရးဆိုရင္ ဒုဗိုလ္ႀကီးေတြပဲ တာဝန္ယူထားတာမလား။ ဒုဗိုလ္ခ်ဳပ္ေတာင္မွပဲ ဒါမ်ိဳးကို မကိုင္ဘူး၊ ဘာျဖစ္လို႔ ဗိုလ္ခ်ဳပ္ႀကီးက ႐ုတ္တရက္ႀကီး ကိုယ္တိုင္ လာစစ္ေဆးရတာလဲ"

"အဟုတ္ပဲလား၊ အဲဒါေၾကာင့္ ေတာ္ေတာ္ေလး ထူးျခားပါတယ္လို႔ စဥ္းစားေနတာ၊ ငါ ဒီညေနာက္ထပ္ အစမ္းသေဘာ ပူေဇာ္ၾကည့္ဖို႔ လုပ္ထားတယ္"

"မင္းတို႔ကို ငါတစ္ခုေျပာရဦးမယ္၊ လြန္ခဲ့တဲ့ရက္နည္းနည္းက ငါ ဝိႈက္တီနဲ႔ အေလာင္းအစားလုပ္ထားတယ္။ ဒီနတ္ဘုရားကသာ အရမ္းအက်ိဳး႐ွိတယ္ဆိုရင္၊ ငါတို႔ႏွစ္ေယာက္ကို လူပ်ိဳဘဝက လြတ္ကၽြတ္ေအာင္ လုပ္ေပးပါေစေပါ့! အဲဒါနဲ႔... ငါကေတာ့ တစ္ခ်ိန္လံုး သံသယစိတ္ဝင္ေနၿပီး ျပည့္ျပည့္ဝဝ မယံုခဲ့လို႔ျဖစ္မယ္။ ဝႈိက္တီကေတာ့ ေသခ်ာ စိတ္ရင္းနဲ႔ကို ပူေဇာ္ခဲ့တာကြာ။ ဒီေန႔က်ေတာ့ သူက တကယ္ တစ္ေယာက္ရသြားၿပီ o(〒﹏〒)o သူတိတ္တိတ္ေလး ႀကိတ္ေႂကြေနတဲ့ေကာင္မေလးကလည္း သူ႔ကို ႀကိဳက္ေနတာတဲ့ေလ။ သူတို႔ ခ်က္ခ်င္းကို တြဲသြားၾကေရာ! ေျပာေနတာေတာ္ၿပီ၊ ငါအခု ႂကြယ္ဝျခင္းနတ္ဘုရားကို သြားပူေဇာ္ေတာ့မယ္"

".........."

".........."

".........."

"ခဏေနပါဦး! ဒါက ဘာႀကီးလဲ၊ ဒါက ႂကြယ္ဝျခင္းနတ္ဘုရားလို႔ ေျပာခဲ့တယ္မလား။ သူ႔ကို ကိုးကြယ္ရင္ ခ်မ္းသာမွာ ဟုတ္တယ္မလား၊ ဘယ္လိုလုပ္ၿပီး မိန္းကေလးေတာင္မွ ရသြားရတာလဲ"

"ဘယ္သူသိမွာလဲ။ မင္းကို ကံေကာင္းေအာင္လုပ္ေပးတာေနမွာေပါ့၊ ကံသာေကာင္းရင္ ခ်မ္းသာ႐ံုတင္မကဘူး။ တစ္ေယာက္ေယာက္နဲ႔လည္း ဖူးစာဆံုႏိုင္ေသးတယ္လား"

ဒီစကားေတြက အားလံုးရဲ႕ေထာက္ခံမႈကို ရထားၾကတယ္။ အဲဒါနဲ႔ ပိုမ်ားတဲ့သူေတြက သူတို႔အေတြ႕အႀကံဳေတြကို အုပ္စုခ်က္ထဲမွာ ေဝမွ်ေနၾကတယ္။

တခ်ိဳ႕လူေတြက တကယ္ႀကီး ကံအပံုလုိက္ေကာင္းၾကတယ္။ ဒါေပမဲ့ ပူေဇာ္ၿပီးတာေတာင္ ကံေကာင္းမလာဘဲ အရင္အတိုင္းပဲ ျဖစ္ေနတဲ့သူေတြလည္း ႐ွိတယ္။ သူတို႔ဘဝေတြေတာင္မွပဲ သိပ္ေျပာင္းလဲမသြားဘူး။

ဒါေပမဲ့ ဒုဗိုလ္ႀကီးခ်ိန္က ကံမေကာင္းတဲ့သူေတြက အုပ္စုခ်က္ထဲမွာ စကားေျပာရင္ သိပ္မယံုၾကည္တဲ့သေဘာထားကို ျပသတဲ့သူေတြဆိုတာ သတိထားမိတယ္။

ကံေကာင္းၾကတဲ့တပ္သားေတြက အလြန္အမင္း ႀကိဳးစားၿပီး ပံုမွန္အားျဖင့္ ရည္မြန္တဲ့သူေတြျဖစ္တယ္။ အဲဒါနဲ႔ ကံေလးနည္းနည္းေကာင္းတာနဲ႔ ခ်က္ခ်င္း ေကာင္းကင္ယံထိ ထိုးတက္သြားေတာ့တာပဲ။

ဒုဗိုလ္ႀကီးခ်ိန္က ဖတ္ေလေလ ပိုၿပီး ထိတ္လန္႔လာေလေလပဲ။ သူက စိတ္ထဲမွာ နည္းနည္းမတင္မက်ျဖစ္ေနတယ္။

ဒါက အဲဒီေလာက္ႀကီး မယံုႏုိင္စရာေကာင္းေလာက္ေအာင္ပဲလား။

သူ႔သား က်န္႔႐ွန္က အခု အရမ္းကို ကံဆိုးမိုးေမွာင္က်ေနတယ္။ ဒီနတ္ဘုရားကို ကိုးကြယ္လိုက္ၿပီးရင္ တကယ္ႀကီး သူ႔ကံကို ေျပာင္းလဲႏိုင္မွာလား။

ဒီလိုမ်ိဳး ဒြိဟျဖစ္ေနတဲ့အတြက္ ဒုဗိုလ္ႀကီးခ်ိန္က တျခားလူတခ်ိဳ႕ကို ထပ္ေမးၾကည့္တယ္။ ကံေကာင္းမႈဆိုတာက အစစ္အမွန္ျဖစ္ႏိုင္ေျခ႐ွိတယ္ဆိုတာကို အတည္ျပဳၿပီးေတာ့ သူက စၿပီး နည္းနည္း ေမွ်ာ္လင့္မိလာတယ္။

အဲဒီညမွာ သူက စတင္ဆုေတာင္းေတာ့တယ္။

သူႏိုးလာၿပီး ဒုတိယမနက္ခင္းမွာ သူ႔သားက နည္းနည္းကံဆိုးမႈေတြ ေလ်ာ့သြားၿပီလားဆိုတာ ျမင္ခ်င္တာနဲ႔ ေဆး႐ံုကို အေျပးအလႊားသြားၾကည့္တယ္။

ဒါေပမဲ့ ထူးထူးျခားျခား ရလဒ္မေတြ႕ရဘူး။

ဒုဗိုလ္ႀကီးခ်ိန္က နည္းနည္း စိတ္ပ်က္သြားတယ္။ ဒါက တကယ္တမ္း အလိမ္အညာသက္သက္ပဲလား။

တတိယတပ္ဖြဲ႕ကတျခားအဖြဲ႕သားေတြက ဒုဗိုလ္ႀကီးခ်ိန္ကို အႀကံထပ္ေပးတယ္။

"ဒုဗိုလ္ႀကီး ခင္ဗ်ားသားကို သူကိုယ္တိုင္ပူေဇာ္ဖို႔ ေျပာၾကည့္ရင္ေကာ၊ ကၽြန္ေတာ္တို႔အားလံုးက ပံုမွန္ဆိုရင္ ကိုယ့္အတြက္ကုိယ္ပဲ ကံေကာင္းဖို႔ ဆုေတာင္းၾကတာေလ"

ဒါနဲ႔ ဒုဗိုလ္ႀကီးခ်ိန္က သူ႔သားကို ဒီအေၾကာင္းေျပာဖို႔ ေဆး႐ံုကို ထပ္သြားတယ္။

ခ်ိန္က်န္႔႐ွန္မွာ မယံုၾကည္ႏိုင္တဲ့မ်က္ႏွာျဖစ္ေနတယ္: "အေဖ ဘယ္လိုျဖစ္လို႔ ဒီလိုမ်ိဳးအရာမ်ိဳးကို ယံုေနရတာလဲ"

ဒုဗိုလ္ႀကီးခ်ိန္က ေလးေလးနက္နက္ေျပာတယ္: "တတိယတပ္ဖြဲ႕က လူေတာ္ေတာ္မ်ားမ်ားက ယံုၾကတယ္"

ခ်ိန္က်န္႔႐ွန္ မယံုႏိုင္ဘူး: "ဗိုလ္ခ်ဳပ္ႀကီးဝမ္လည္း ယံုလား။ အေဖ ေခါင္းထိထားတဲ့သူက ေသခ်ာေပါက္ ကၽြန္ေတာ္ပါ၊ အေဖမဟုတ္ဘူး။ အခု ဘယ္လိုေခတ္ေရာက္ေနၿပီလဲ။ ဘာျဖစ္လို႔ ဒီလိုအရာမ်ိဳးကို ယံုေနေသးတာလဲ"

ဒုဗိုလ္ႀကီးခ်ိန္က သက္ျပင္းခ်ၿပီး ေျပာတယ္: "မင္းသာ ဒီေလာက္ကံဆိုးမိုးေမွာင္က်မေနရင္ ငါလည္း ဒီလိုကိစၥမ်ိဳးကို ယံုမွာမဟုတ္ပါဘူး"

ခ်ိန္က်န္႔႐ွန္: ".........."

ခ်ိန္က်န္႔႐ွန္မွာ ေျပာစရာစကားမ႐ွိေတာ့ဘူး။

ဒုဗိုလ္ႀကီးခ်ိန္: "ငါေျပာတဲ့အတိုင္းလုပ္၊ ေနာက္မင္းကုတင္ေပၚကဆင္းတဲ့အခါ ဒီနတ္ဘုရားကို ေကာင္းေကာင္းမြန္မြန္ ပူေဇာ္လိုက္၊ ငါမင္းအတြက္ နတ္ဘုရားပံုေတာ္တစ္ခု ယူလာတယ္"

ေျပာရင္းဆိုရင္း သူ႔ရဲ႕သိုေလွာင္စနစ္ထဲကေန နတ္ဘုရားပံုေတာ္တစ္ခုကို ထုတ္လိုက္တယ္။

ဒီနတ္ဘုရားပံုေတာ္က စစ္သေဘၤာ Wyvern ေပၚက ဧရာမၾကည္ညိဳဖြယ္ရာ႐ုပ္တုႀကီးကေန ဖန္တီးထားတယ္။

အရင္က သူတို႔ေတြ အမႈိက္ၿဂိဳလ္ေပၚမွာပဲတုန္းက ကၽြမ္းက်ိဳး ယံုၾကည္မႈေတြ ပိုရေအာင္လို႔ အဲဒီနတ္ဘုရားပံုေတာင္ကို ထုလုပ္ေပးဖို႔ ဝမ္ေ႐ွာင္းယြင္ကိုယ္တိုင္ မွာထားတာျဖစ္တယ္။ သူက လူတိုင္း ကိုးကြယ္ႏိုင္ေအာင္ စစ္သေဘၤာ Wyvern ေပၚမွာ ထားထားတယ္။

အဲဒါက ကၽြမ္းက်ိဳးနဲ႔မတူေပမဲ့ ႂကြယ္ဝျခင္းနတ္ဘုရားကို ဖိတ္ေခၚဖို႔ အဲဒါကို သံုးခဲ့ၾကတယ္။ ကၽြမ္းက်ိဳးကလည္း ဒီနတ္ဘုရားပံုေတာ္ကို အသိအမွတ္ျပဳတဲ့အတြက္ ပူေဇာ္မႈအားလံုးက သူနဲ႔ပဲသက္ဆိုင္တယ္။

ကမၻာေပၚမွာလိုပဲ ၿမိဳ႕တိုင္း လူတိုင္းမွာ သူတို႔ရင္ထဲက ပံုေဖာ္ထားတဲ့နတ္ဘုရားပံုစံ အမ်ိဳးမ်ိဳး႐ွိၾကတယ္။ မတူညီတဲ့ႏိုင္ငံ၊ မတူညီတဲ့ ဘုရားေက်ာင္းေတြမွာ ကိုးကြယ္ေနတဲ့ တူညီတဲ့နတ္ဘုရားဆိုရင္ေတာင္မွ အသြင္ကေတာ့ ကြဲျပားႏိုင္တယ္။

ဥပမာေျပာရရင္ ဒီေနရာက ႂကြယ္ဝျခင္းနတ္ဘုရားက ေတာ္ေတာ္ေလး အသက္ႀကီးပံုေပါက္တယ္။ တျခားေနရာမွာေတာ့ ႂကြယ္ဝျခင္းနတ္ဘုရားကို တျခားပံုစံအသြင္မ်ိဳးနဲ႔ ကိုးကြယ္ႏိုင္တယ္။

ဒါေပမဲ့ ႂကြယ္ဝျခင္းနတ္ဘုရားက ဘယ္ပံုျဖစ္ေနပါေစ သူတို႔ဘယ္နတ္ဘုရားကို ကိုးကြယ္ေနလဲဆိုတာ သိေနသေ႐ြ႕ကေတာ့ သူတို႔ရဲ႕ ယံုၾကည္မႈက အဲဒီနတ္ဘုရားအတြက္ပဲျဖစ္လိမ့္မယ္။

အခုခ်ိန္မွာ ဒီၾကယ္စုေခတ္မွာ... ကၽြမ္းက်ိဳးက တစ္ဦးတည္းေသာ ႂကြယ္ဝျခင္းနတ္ဘုရားပဲ။ အဲဒီေတာ့ တျခားနတ္ဘုရားတစ္ပါးဆီ ယံုၾကည္မႈလြင့္ပ်ံသြားဖို႔ဆိုတာ သိပ္မျဖစ္ႏိုင္ဘူး။

ဒုဗိုလ္ႀကီးခ်ိန္က ခေရေစ့တြင္းက် သူ႔သားကို အေသးစိတ္မွာၾကားေနတယ္။ သူက ေဆး႐ံုကမဆင္းခင္ အရင္ဆံုးကိုးကြယ္ရမယ္လို႔ ေျပာတယ္။

နတ္ဘုရားပံုေတာ္ကို သူ႔ရဲ႕ေဆး႐ံုကုတင္ေဘးမွာ တင္ထားတာကိုၾကည့္ၿပီး ခ်ိန္က်န္႔႐ွန္က လံုးဝကို ေျပာစရာစကားမ႐ွိျဖစ္ေနတယ္။

သူက ဒါကို ကိုးကြယ္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ သူ႔ေခါင္းက ႐ူးသြပ္သြားတာလည္း မဟုတ္ဘူးေလ!

-

ကၽြမ္းက်ိဳးဟာ သူ႔ဆိုင္ကို ျပန္ျပင္ဆင္ေနတယ္။

"ဆရာသခင္ေလး" ဆိုတဲ့ ဂုဏ္သတင္းကလည္း သူရ႐ွိေနတဲ့ ယံုၾကည္မႈမွာ တစ္တပ္တစ္အား ပါဝင္ေနတယ္ဆိုတာ သူသိကတည္းက သူက ဒီဂုဏ္သတင္းကို ေကာင္းေကာင္းအသံုးခ်ဖို႔ ျပင္ဆင္ေနခဲ့တယ္။

သူ အေလးအနက္နဲ႔ အလုပ္လုပ္ေနတာကိုေတြ႕ေတာ့ ဝမ္ေ႐ွာင္းယြင္ သူ႔ကို သတိေပးလိုက္တယ္: "ေစာေစာအိပ္ဖို႔ မေမ့နဲ႔"

ကၽြမ္းက်ိဳးက ေခါင္းညိတ္လိုက္တယ္: "အင္း အင္း"

သူ႔ကြန္ပ်ဴတာမွာပဲ တစ္ခ်ိန္လံုး အာ႐ံုစိုက္ေနတာကိုျမင္ေတာ့ ဝမ္ေ႐ွာင္းယြင္က "ဒါဆို ေကာင္းေသာညပါ" ဆိုၿပီးေတာ့ပဲ ေျပာလိုက္ႏိုင္တယ္။

"ေကာင္းေသာညပါ"

ဝမ္ေ႐ွာင္းယြင္ထြက္သြားတယ္။ အခန္းက ခ်က္ခ်င္း ၿငိမ္က်သြားတယ္။

ကၽြမ္းက်ိဳးက သူ႔ဆိုင္ကို ခဏေလာက္ အလွဆင္ေနတယ္။ အဲဒီေနာက္ သူခ်က္ခ်င္း ေခါင္းေမာ့ၾကည့္လိုက္ၿပီး ပိတ္ထားတဲ့တံခါးကို မ်က္ခံုး မေရမရာတြန္႔ခ်ိဳးၿပီး ၾကည့္လိုက္တယ္။

ဝမ္ေ႐ွာင္းယြင္ရဲ႕အိမ္ကို ေရာက္ကတည္းက သူတို႔ အတူတူ တစ္ခါမွထပ္မအိပ္ေတာ့ဘူး။

အခုသူက သူ႔(ဝမ္ေ႐ွာင္းယြင္)ရဲ႕အိပ္မက္ထဲမလာေတာ့ဘူးဆိုေတာ့ ဝမ္ေ႐ွာင္းယြင္က သူနဲ႔အတူတူမအိပ္ခ်င္ေတာ့တာလား။

ကၽြမ္းက်ိဳးက သူ႔လက္ထဲက ကြန္ပ်ဴတာကို ၾကည့္ၿပီး ခဏတျဖဳတ္ အခ်ိန္ယူစဥ္းစားၾကည့္ၿပီး ျပန္ပိတ္လိုက္တယ္။ သူ႔ရဲ႕နတ္ဘုရားပံုေတာ္ကို ေကာက္ယူလိုက္ၿပီး အခန္းထဲက ထြက္လိုက္တယ္။

သူက ဝမ္ေ႐ွာင္းယြင္အခန္းဝကို ေျပးသြားၿပီး တံခါးေခါက္လိုက္တယ္။

တံခါးက အလ်င္အျမန္ပဲ ပြင့္သြားၿပီး ဝမ္ေ႐ွာင္းယြင္ရဲ႕ နည္းနည္း အံ့ဩေနတဲ့ မ်က္ႏွာထား ေပၚလာတယ္: "က်ိဳးက်ိဳးလား"

ေခါင္းငံု႔ကာ နီရဲေနတဲ့နား႐ြက္ေတြနဲ႔ ကၽြမ္းက်ိဳးက တိုးတိုးေလးေျပာတယ္: "ကၽြန္ေတာ့္ေကာေကာက... ကၽြန္ေတာ္နဲ႔ မအိပ္ခ်င္ဘူး"

ဝမ္ေ႐ွာင္းယြင္က သူ႔ေ႐ွ႕မွာ ငံု႔ေနတဲ့ေခါင္းေသးေသးေလးကိုၾကည့္ၿပီး နည္းနည္းၾကမ္း႐ွ႐ွအသံနဲ႔ ေျပာတယ္: "ဒါဆို သူက ကိုယ္နဲ႔အိပ္ခ်င္လို႔လား"

ကၽြမ္းက်ိဳးက ေခါင္းကို ဖြဖြေလးညိတ္လိုက္ၿပီး မ်က္လံုးကို အသာေလးပင့္ကာ ဝမ္ေ႐ွာင္းယြင္ရဲ႕ မ်က္ႏွာထားကို ေခ်ာင္းၾကည့္ခ်င္သြားတယ္။ မထင္မွတ္ထားတာက သူေခါင္းေမာ့လိုက္တာနဲ႔ တန္းၿပီး ဝမ္ေ႐ွာင္းယြင္ရဲ႕အၾကည့္နဲ႔ တိုက္ဆိုင္သြားတယ္။

ကၽြမ္းက်ိဳးမ်က္ႏွာက ပိုၿပီး နီရဲတြတ္လာတယ္။ အဲဒီေနာက္ နတ္ဘုရားပံုေတာ္ကို ဝမ္ေ႐ွာင္းယြင္လက္ထဲကို ထိုးထည့္လိုက္ၿပီး ေနာက္လွည့္ တစ္ခ်ိဳးတည္း လစ္ေျပးသြားတယ္။

"ဒုကၡေပးပါရေစ"

ဝမ္ေ႐ွာင္းယြင္ သူ႔လက္ထဲက နတ္ဘုရားပံုေတာ္ကို ၾကည့္ရင္းနဲ႔ မ်က္လံုးထဲမွာ အၿပံဳးရိပ္ေတြ တိုးလာတယ္။

သူ တံခါးကို ေသခ်ာပိတ္လုိက္ၿပီး နတ္ဘုရားပံုေတာ္ကို သူ႔ေခါင္းအံုးေဘးမွာထားကာ ကိုယ္လက္ေဆးေၾကာဖို႔ ထြက္သြားတယ္။

ေဆးေၾကာၿပီးေတာ့ လွဲလိုက္ၿပီး သူ႔ေဘးက နတ္ဘုရားပံုေတာ္ကိုၾကည့္လိုက္တယ္။ သူက တိုးတိုးေျပာလုိက္တယ္: "ေကာင္းေသာညပါ"

ညလယ္ခင္းမွာ သတၱဝါေတြအကုန္လံုး တိတ္ဆိတ္ေနၾကတယ္။ ဝမ္ေ႐ွာင္းယြင္ကလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနပံုရတယ္။

နတ္ဘုရားပံုေတာ္ရဲ႕ မ်က္လံုးေတြက ႐ုတ္တရက္ နည္းနည္း လႈပ္သြားၿပီး ႐ွက္႐ြံ႕စြာနဲ႔ ပုတ္ခတ္ပုတ္ခတ္လုပ္ေနတယ္။ အဲဒီေနာက္ သူက ေစာင္ပံုထဲကို နည္းနည္းခ်င္း နည္းနည္းခ်င္း တိုးဝင္သြားၿပီး ဝမ္ေ႐ွာင္းယြင္နဲ႔ အလြန္နီးကပ္သြားတဲ့အထိ တိုးသြားတယ္။ အရမ္းနီးလြန္းလို႔ သူ႔ရဲ႕ဝင္သက္ထြက္သက္ေလကို အနံ႔ခံႏိုင္ေလာက္တဲ့အထိေရာက္ေတာ့မွပဲ ရပ္သြားကာ မ်က္လံုးေတြကုိ ေအးေအးခ်မ္းခ်မ္း ပိတ္လိုက္တယ္။

ဒါေပမဲ့ ကၽြမ္းက်ိဳးက တကယ္အိပ္သြားတာမဟုတ္ဘူး။ သူက ထူးျခားတဲ့ ပူေဇာ္မႈတစ္ခုကို ခံစားလိုက္ရတယ္။ သူဒီလိုမ်ိဳး ကံဆိုးမႈနဲ႔ ေရာေႏွာေနတဲ့ ယံုၾကည္မႈမ်ိဳးကို တစ္ခါမွ မျမင္ဖူးဘူး။ အဲဒါက သူ႔ဆီတန္းတန္းမတ္မတ္ႀကီး ပ်ံလာတဲ့အတြက္ အေတာ္ေလး လန္႔သြားတယ္။ ဒါနဲ႔ ဒီယံုၾကည္မႈလာရာဇာစ္ျမစ္ေနာက္ကို လိုက္သြားဖို႔ ဦးတည္လိုက္တယ္။

သူက ေဆး႐ံုတစ္ခုကို ေရာက္သြားၿပီး သူ႔ရဲ႕သီးသန္႔ခႏၶာကိုယ္တစ္ခုထဲကို ဝင္သြားတယ္။

ေဆး႐ံုအမိုးေပၚတြင္

မ်က္ႏွာမွာ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ ေယာင္ရမ္းေနတဲ့ႏွာေခါင္း၊ တ႐ြတ္ဆြဲေနတဲ့ေျခေထာက္၊ ပတ္တီးအထပ္ထပ္စည္းထားတဲ့ လက္ေတြနဲ႔ လူငယ္ေလးတစ္ေယာက္က သူ႔ခႏၶာကိုယ္ရဲ႕ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့ အေျခအေနကို ေအာင့္အီးသည္းခံကာ ေျမေပၚမွာ ဒူးေထာက္ထားတယ္။ သူ႔လက္တစ္ဖက္မွာ အေမႊးတိုင္သံုးေခ်ာင္းကို ကိုင္ထားၿပီး တစ္စံုတစ္ခုကို အလြန္တရာ ႏွစ္ႏွစ္ကာကာနဲ႔ ဆုေတာင္းေနတယ္။

ကၽြမ္းက်ိဳး: "ဟမ္"

ဒါက အဲဒီခ်ိန္က်န္႔႐ွန္ မဟုတ္ဘူးလား။

ယံုၾကည္မႈမွာ ဒီေလာက္ ကံဆိုးမႈအေငြ႕အသက္ေတြ ပါေနတာ အံ့ဩစရာမ႐ွိပါဘူး။

သူက ဘယ္လိုျဖစ္လို႔ သူ႔ကိုကိုးကြယ္လာရတာလဲ။ သူ႔ကို မေကာင္းဆိုးဝါးလို႔ ေခၚခဲ့တာမဟုတ္ဘူးလား။

ခ်ိန္က်န္႔႐ွန္က သူ႔အျပဳအမူေတြကို ကၽြမ္းက်ိဳးက နတ္ဘုရားပံုေတာ္ထဲကေန ျပတ္ျပတ္သားသားႀကီး ျမင္ေနရတယ္ဆိုတာ မသိဘူး။

သူက ၾကည္ညိဳေလးစားစြာ အေမႊးတိုင္ကို ေနရာမွာထားလိုက္ၿပီး မနက္ျဖန္က်ရင္ အရမ္းကံဆိုးမေနေတာ့ဖို႔ ဆုေတာင္းလုိက္တယ္။ အနည္းဆံုးေတာ့ သူ ဝမ္ေ႐ွာင္းယြင္ကို အရင္ေတြ႕ၿပီး ေမြးရာပါအရည္အခ်င္းေတြကို ဗိုလ္ခ်ဳပ္ႀကီးဝမ္ကို ျပသလို႔ရေအာင္ပဲ...

ဆုေတာင္းၿပီးေနာက္မွာ သူက အားလံုးကို ေဘးဖယ္လိုက္ၿပီး ေဆး႐ံုခန္း႐ွိရာ ေအာက္ထပ္ကို ဆင္းလိုက္တယ္။

ေလွကားတစ္ထစ္ေခ်ာ္သြားၿပီး သူက ေလွကားကေန ဒလိမ့္ေခါက္ေကြးက်သြားတယ္။

သူသတိမလြတ္သြားခင္ ခ်ိန္က်န္႔႐ွန္ဟာ သူ႔ဆီကို စက္႐ုပ္နာ့စ္ေလး ေျပးလာတာကိုၾကည့္ေနရင္း ေနာက္ဆံုးမွာ မ်က္ရည္ေတြ အလံုးလိုက္လိမ့္ဆင္းလာတယ္။

သူက တကယ္အရမ္း ကံဆိုးလြန္းတာပဲ အားးးးးး

အဲဒီေနာက္မွာ သူေမ့သြားတယ္။

ရီေဝေဝ စိတ္႐ႈပ္ေထြးစြာနဲ႔ ခ်ိန္က်န္႔႐ွန္ဟာ သူအိပ္မက္မက္ေနတာျဖစ္မယ္လို႔ ခံစားမိသြားတယ္။

အိပ္မက္ထဲမွာ ၾကယ္စုမ်က္ႏွာဖံုးဝတ္ထားတဲ့ မေကာင္းဆိုးဝါးကို သူထပ္ေတြ႕လုိက္ရတယ္။

ဒါေပမဲ့ စိတ္ေရာကိုယ္ပါ ပင္ပန္းေနတဲ့သူ႔မွာ တစ္ဖက္လူနဲ႔ ရန္ျဖစ္ဖို႔ အားအင္ေရာ စိတ္စြမ္းအားေရာ မ႐ွိဘူး။

သူတစ္ဖက္လူကို ေအးတိေအးစက္ ေမးလိုက္တယ္: "မင္း ငါ့မသိစိတ္ထဲကို ဝင္လာျပန္ၿပီလား"

ကၽြမ္းက်ိဳးက အျပစ္ကင္းစြာ ေျပာတယ္: "ကၽြန္ေတာ့္ကို ခင္ဗ်ားပဲ ဒီကိုေခၚလိုက္တာေလ"

ခ်ိန္က်န္႔႐ွန္က ခ်က္ခ်င္းျပန္ေျပာတယ္: "မျဖစ္ႏိုင္တာ ငါက မေကာင္းဆိုးဝါးတစ္ေကာင္ကို ဘာကိစၥ မသိစိတ္ကို က်ဴးေက်ာ္ခိုင္းရမွာလဲ"

ကၽြမ္းက်ိဳးက လက္တစ္ဖက္ေျမွာက္လိုက္တယ္။ ျမင့္ျမတ္တဲ့နတ္ဘုရားပံုေတာ္က သူ႔လက္ထဲမွာ ႐ုတ္တရက္ေပၚလာတယ္။

ဒီနတ္ဘုရားပံုေတာ္ကုိျမင္ေတာ့ ခ်ိန္က်န္႔႐ွန္ရဲ႕ အမူအရာက ေျပာင္းသြားတယ္: "ဘာျဖစ္လို႔ မင္းက...."

ကၽြမ္းက်ိဳးကဆိုတယ္: "ဒါက ကၽြန္ေတာ္ပဲ၊ ကၽြန္ေတာ္က ဒီႂကြယ္ဝျခင္းနတ္ဘုရားပဲ။ ခင္ဗ်ားက ကၽြန္ေတာ့္ကိုကိုးကြယ္ၿပီး ကံေကာင္းျခင္းေပးသနားဖို႔ ဆုေတာင္းတယ္။ ကၽြန္ေတာ္ၾကားလုိက္တယ္"

ခ်ိန္က်န္႔႐ွန္က 'မျဖစ္ႏိုင္ဘူး' ဆိုၿပီးေျပာရင္းနဲ႔ပဲ သူတစ္ခုခုကို စဥ္းစားမိသြားတယ္။

သူ ဘယ္တုန္းကစၿပီး ကံဆိုးလာရတာလဲ။

ဒီဒဂၤါးမ်က္ႏွာဖံုးနဲ႔လူ သူ႔ရဲ႕ မသိစိတ္ကို ပထမဆံုးအႀကိမ္ လာက်ဴးေက်ာ္တုန္းကပဲ။

သူႏိုးလာေတာ့ ကံဆိုးမႈေတြ တရစပ္စၿပီး ႀကံဳရေတာ့တာပဲ။

ထင္တဲ့အတိုင္းပဲ မ်က္ႏွာဖံုးနဲ႔လူက ေျပာတယ္: "ခင္ဗ်ားက နတ္ဘုရားကို ေစာ္ကားလို႔ ကံဆိုးျခင္းက ခင္ဗ်ားကို ႐ွာေတြ႕သြားတာ။ အဲဒါေၾကာင့္ အခုတေလာ အရမ္းကံဆိုးေနတာပဲ"

ခ်ိန္က်န္႔႐ွန္: "ဆိုေတာ့ မင္း ငါ့ကိုက်ိန္စာတိုက္လိုက္တာေပါ့"

ကၽြမ္းက်ိဳး စကားေျပာရင္းနဲ႔ ခ်ိန္က်န္႔႐ွန္ကို ပတ္ခ်ာလည္လွည့္ ေလွ်ာက္လိုက္ၿပီး သူ႔ကိုယ္သူ ေရ႐ြတ္ေနတယ္: "ခင္ဗ်ားေခါင္းက အဆင္ေျပေသးရဲ႕လား"

ခ်ိန္က်န္႔႐ွန္က ေဒါသထြက္သြားတယ္: "ဘာဆိုလိုတာလဲ"

ကၽြမ္းက်ိဳးကဆိုတယ္: "ခင္ဗ်ား ကံဆိုးရတဲ့အေၾကာင္းရင္းက ေသခ်ာေပါက္ ကံဆိုးမႈက ခင္ဗ်ားကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ကိုယ္တုိင္လာ႐ွာတာေၾကာင့္ပဲ။ ေသခ်ာ စဥ္းစားၾကည့္လိုက္။ ကံဆိုးတုိင္းမွာ ခင္ဗ်ားဘာသာ ကံဆိုးတာလား၊ ဒါမွမဟုတ္ တျခားသူတစ္ေယာက္ေယာက္က ကံဆိုးေအာင္ လုပ္တာလား"

ခ်ိန္က်န္႔႐ွန္က ထပ္မေျပာေတာ့ဘူး။

ဘာျဖစ္လို႔လဲဆိုေတာ့ တကယ္လည္း သူကိုယ္တိုင္ကိုက ကံဆိုးေနတာျဖစ္တယ္။

ဒါေၾကာင့္မို႔လို႔ သူက ထပ္ၿပီးစဥ္းစားၾကည့္ေလေလ၊ ပိုၿပီးထိတ္လန္႔လာေလေလ၊ ဒါက မျဖစ္သင့္ဘူးလို႔ ခံစားလာရေလေလပဲ။

"ငါမယံုဘူး... ဒီကမၻာေပၚမွာ ဘယ္လိုလုပ္ နတ္ဘုရား႐ွိေနရတာလဲ... ငါမယံုဘူး။ ဒါေတြအကုန္လံုးက အတုအေယာင္ေတြပဲဲျဖစ္ရမယ္"

ကၽြမ္းက်ိဳးက သူ႔ကိုယ္သူ လွည့္ျဖားဖို႔ ႀကိဳးစားေနသူကို ၾကည့္ၿပီး အေျမာ္အျမင္႐ွိစြာ သက္ျပင္းခ်လိုက္တယ္: "အိုင္း... လူငယ္ေလး အႀကံေကာင္းကို နားမေထာင္ဘူး၊ ခံစားရမယ့္သူက ခင္ဗ်ားကိုယ္တိုင္ပဲေနာ္"

သူမသြားခင္ ကၽြမ္းက်ိဳးကဆိုတယ္: "တကယ္လို႔ အခု ခင္ဗ်ားကံဆိုးေနတာကို ေျပာင္းလဲခ်င္ရင္ ေကာင္းမႈကုသိုလ္လုပ္သင့္တယ္။ ေကာင္းမႈကုသိုလ္လုပ္ေလေလ၊ ကံဆိုးမႈနည္းလာေလေလပဲ။ ယံုခ်င္ယံု မယံုခ်င္ေန၊ ခင္ဗ်ားထိုက္နဲ႔ ခင္ဗ်ားကံပဲ"

ဒီလုိေျပာၿပီးေတာ့ သူခ်က္ခ်င္း ထြက္သြားတယ္။

သူေရာက္လာတုန္းကလိုပဲ တိတ္တိတ္ေလး အသံပင္မေပးခဲ့။

-

ေနာက္တစ္ေန႔ သူအိပ္ရာႏိုးေတာ့ ဝမ္ေ႐ွာင္းယြင္က လက္ထဲက နတ္ဘုရားပံုေတာ္ကို ေတြ႕လိုက္တယ္။

သူက မသိမသာေလးၿပံဳးလုိက္ၿပီး နတ္ဘုရားပံုေတာ္ကို ေကာက္ယူလုိက္ၿပီး ေျပာတယ္: "မဂၤလာပါ"

ေဆးေၾကာၿပီးေတာ့ အခန္းထဲကထြက္ေတာ့ ကၽြမ္းက်ိဳးနဲ႔ ဝင္တိုက္မိသြားတယ္။ လူငယ္ေလးရဲ႕မ်က္ႏွာက တစ္ျပင္လံုး နီျမန္းေနၿပီး ဝမ္ေ႐ွာင္းယြင္ကို နည္းနည္း ႐ွက္႐ြံ႕စြာ ေ႐ွာင္တိမ္းလိုတဲ့အၾကည့္နဲ႔ ၾကည့္လုိက္တယ္။

ဝမ္ေ႐ွာင္းယြင္က ေမးတယ္: "ေကာင္းေကာင္းအိပ္ခဲ့လား"

ကၽြမ္းက်ိဳးက ေျဖတယ္: "အင္း... ေတာ္ေတာ္ေလးေကာင္းတယ္"

ဝမ္ေ႐ွာင္းယြင္: "ကိုယ့္ကို မင္းေကာေကာကို ေပးထားေတာ့ တစ္ေယာက္တည္းအိပ္ရမခက္ဘူးလား"

ကၽြမ္းက်ိဳးမ်က္ႏွာက ပိုနီလာတယ္: "မခက္ မခက္ေလာက္ပါဘူး...."

သူက တိတ္တိတ္ေလး နတ္ဘုရားပံုေတာ္ထဲ ျပန္ဝင္အိပ္လိုက္တယ္ေလ!

ဝမ္ေ႐ွာင္းယြင္က ကၽြမ္းက်ိဳး နတ္ဘုရားပံုေတာ္ထဲမွာ ျပန္ဝင္အိပ္တာကို သူမသိခ်င္ေယာင္ေဆာင္လိုက္တယ္: "အဲဒါဆိုေကာင္းၿပီေလ၊ အခု အလုပ္သြားေတာ့မလို႔၊ ကိုယ္နဲ႔ လိုက္ခ်င္လား"

ကၽြမ္းက်ိဳးက သံသယနဲ႔ေမးလိုက္တယ္: "ဒီေန႔ စစ္တပ္ထဲသြားမွာမဟုတ္ဘူးလား၊ မေန႔ကေျပာေတာ့ သူတို႔က ခင္ဗ်ားရဲ႕စစ္ပြဲေအာင္ျမင္မႈေတြအတြက္ ဆုခ်ီးျမွင့္မို႔ဆို"

"အင္း" ဝမ္ေ႐ွာင္းယြင္ရဲ႕မ်က္လံုးထဲက အၿပံဳးေတြက မွိန္ေဖ်ာ့သြားတယ္: "ကိုယ္မသြားခ်င္ဘူး"

ကၽြမ္းက်ိဳးက နည္းနည္း အံ့အားသင့္သြားတယ္: ဝမ္ေ႐ွာင္းယြင္က... ႏႈတ္ခမ္းဆူေနတာလား။

ကၽြမ္းက်ိဳးက စိတ္ထဲမွာ နည္းနည္း အူျမဴးသြားၿပီး တိတ္တိတ္ေလး ရယ္လုိက္ကာ ႏွစ္သိမ့္ေပးလုိက္တယ္: "ဘာမွမျဖစ္ဘူး၊ ဘာမွမျဖစ္ဘူး။ ခင္ဗ်ား အျမန္ဆံုးလုပ္ၿပီး ျပန္လာမွာပဲ။ ကၽြန္ေတာ္ အိမ္မွာေစာင့္ေနမယ္ေလ!"

'အိမ္မွာေစာင့္ေနမယ္' ဆိုတဲ့စကားက အလြန္ေမွာင္ဆန္တဲ့ စကားစုေလး ျဖစ္ပံုရတယ္။

ဝမ္ေ႐ွာင္းယြင္က အရင္တုန္းက ဒီစကားေတြရဲ႕ ဆန္းၾကယ္မႈကို တစ္ခါမွ မခံစားဖူးဘူး။

ဒါေပမဲ့ အခု ၾကားလုိက္ရေတာ့ သူ႔ႏွလံုးသားကို မီးၿမိဳက္လိုက္ႏိုင္စြမ္း႐ွိပံုရၿပီး သူ႔ႏွလံုးသားက လူတစ္ေယာက္အတြက္ ေလာင္ၿမိဳက္ေနေတာ့တယ္။

မျဖစ္စဖူး တစ္ေခါက္ေလာက္ ဝမ္ေ႐ွာင္းယြင္က တပ္ထဲကို သြားဖို႔ အိမ္ကေန မခြာခ်င္တဲ့စိတ္ကို နည္းနည္း ခံစားလိုက္ရတယ္။

တပ္ထဲတြင္..

ဝမ္ေ႐ွာင္းယြင္က အစည္းအေဝးခန္းထဲကို ဝင္လာတာနဲ႔ စူးစိုက္ၾကည့္ေနတဲ့အၾကည့္ေတြကို လက္ခံလုိက္ရတယ္။

"ဗိုလ္ခ်ဳပ္ႀကီးဝမ္ မေတြ႕တာၾကာၿပီ၊ အခုတေလာ က်န္းမာေရးဘယ္လိုလဲ"

"ဝမ္႐ႈံး* ျပန္လာတဲ့ေန႔က ကၽြန္ေတာ္ေလယာဥ္ကြင္းမွာ သြားႀကိဳခ်င္တာ၊ မထင္ထားတဲ့ ကိစၥတစ္ခုေပၚလာၿပီး ထြက္မလာႏိုင္လို႔ မလာႏိုင္ေတာ့တာ၊ ကၽြန္ေတာ့္ကို အျပစ္မတင္ဘူးမလား" (*အစ္ကိုလို႔ ေခၚတာပါပဲ)

"ခင္မင္ရတဲ့ ေလာင္ဝမ္ေရ၊ လာလာ ဒီမွာလာထိုင္၊ ၿဂိဳလ္သားအင္းဆက္ဘုရင္မနဲ႔ စစ္ပြဲအေၾကာင္း ေျပာျပပါဦး၊ ငါအရမ္းသိခ်င္ေနၿပီ!"

ဝမ္ေ႐ွာင္းယြင္ တန္႔သြားၿပီး သူ႔အၾကည့္က အစည္းအေဝးခန္းထဲကလူေတြကို တစ္ခ်က္ တည္ၿငိမ္စြာ ေဝ့ဝဲၾကည့္လိုက္ကာ ေနာက္ဆံုးမွာ တပ္မဟာဦးစီးခ်ဳပ္ေဟာထံမွာ အဆံုးသတ္သြားတယ္။ သူက တပ္မဟာဦးစီးခ်ဳပ္ေဟာဆီကုိ တန္းတန္းမတ္မတ္ ေလွ်ာက္သြားၿပီး သူ႔ေဘးမွာ ထိုင္လိုက္တယ္။

ၿပံဳးလုိက္ၿပီး တပ္မဟာဦးစီးခ်ဳပ္ေဟာက သူ႔ကို မက္ေဆ့ပို႔လာတယ္။

(တပ္မဟာဦးစီးခ်ဳပ္ေဟာ: မင္းတို႔တတိယတပ္ဖြဲ႕က အဲဒီ"ဆရာသခင္ေလး" ကိုသိႏိုင္ေျခမ်ားတယ္ဆိုတာကို သိၿပီးကတည္းက ဒီလူေတြက မင္းကို မ်က္ႏွာလိုမ်က္ႏွာရ လုပ္ခ်င္ေနၾကတာပဲ)

(တပ္မဟာဦးစီးခ်ဳပ္ေဟာ: ရယ္စရာေကာင္းတာက မက္ခါၿပိဳင္ပြဲမတိုင္ခင္ကေတာ့ သူတို႔အားလံုးက မင္းမွာ တတိယတပ္ဖြဲ႕ရဲ႕ တပ္ဖြဲ႕မွဴးရာထူးမွာ ဆက္ထိုင္ႏိုင္ဖို႔ အရည္အခ်င္း႐ွိေသးရဲ႕လားဆိုတာ ေဆြးေႏြးရင္း အလုပ္မ်ားေနၾကတာပဲ)

ဝမ္ေ႐ွာင္းယြင္ ခ်က္ခ်င္း စာမျပန္ခဲ့ဘူး။

တကယ္ေျပာရရင္ ဒီေန႔ကိစၥက သူ႔ရဲ႕ေျပာင္ေျမာက္တဲ့စစ္ေရးစြမ္းေဆာင္မႈအတြက္ ဆုတံဆိပ္အသစ္တစ္ခု ခ်ီးျမွင့္ဖို႔ပဲ။

သူက ၿမိဳ႕ေတာ္ၿဂိဳလ္ကို ျပန္ေရာက္တာ လဝက္ေလာက္႐ွိၿပီ၊ ဒါေပမဲ့ သူ႔ရဲ႕ အင္းဆက္ဘုရင္မကို သတ္ေပးခဲ့တဲ့ ဂုဏ္ထူးေဆာင္မႈကေတာ့ တစ္ခ်ိန္လံုး ဖိႏွိပ္ထားခံရၿပီး အခ်ိန္ထပ္ကာထပ္ကာ ေရႊ႕ထားျခင္းခံရတယ္။

အခုထိပဲ။ တတိယတပ္ဖြဲ႕က စိတ္သႏၱာန္မက္ခါေတြသာမက ဓာတ္ေရာင္ျခည္ကို ၁၀၀ ရာခိုင္ႏႈန္းကာရံႏိုင္တဲ့ မက္ခါေတြ တီထြင္ႏိုင္တဲ့ အဲဒီဆရာသခင္ေလးနဲ႔ ဆက္ႏြယ္မႈ႐ွိတယ္ဆိုတာကို သိလိုက္ရၿပီးေနာက္မွ သူ႔ကို စင္ေပၚကေန အားႀကိဳးမာန္တက္ ဆြဲခ်ဖို႔ ေမွ်ာ္လင့္ေနၾကတဲ့သူေတြက ခ်က္ခ်င္း ေျပာဆိုေနတာေတြ ရပ္သြားၾကတယ္။ သူ႔ရဲက ဖိႏွိပ္ခံထားရတဲ့ စစ္ပြဲဂုဏ္ထူးေဆာင္မႈကလည္း လြတ္ထြက္လာတယ္။

ဝမ္ေ႐ွာင္းယြင္က ဒီလိုလ်င္ျမန္တဲ့ေျပာင္းလဲမႈေတြနဲ႔ မစိမ္းဘူး။

ေနာက္ၿပီး ဒီရလဒ္က အားလံုးသူ႔ကို က်ိဳးက်ိဳးေပးထားတာျဖစ္တယ္။

ထင္တဲ့အတုိင္း သူထိုင္လိုက္တာနဲ႔ တျခားတပ္ဖြဲ႕ကသူေတြက ဝမ္ေ႐ွာင္းယြင္ကို "ဆရာသခင္ေလး" နဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြ ခ်က္ခ်င္း ေမးေတာ့တယ္။

ဝမ္ေ႐ွာင္းယြင္က ေအးစက္စက္ေျဖလိုက္တယ္: "ဒီဆရာသခင္က အေႏွာင့္အယွက္ေပးတာမႀကိဳက္ဘူး။ ကၽြန္ေတာ္လည္း တကယ္သူဘယ္မွာေနလဲ မသိဘူး။ သူက ကၽြန္ေတာ့္ကိုေတြ႕ခ်င္မွ ေပၚလာတာ"

ဒါကိုၾကားေတာ့ လူတိုင္းက သိပ္မယံုၾကဘူး: "ဗိုလ္ခ်ဳပ္ႀကီးဝမ္ ခင္ဗ်ားက ကၽြန္ေတာ္တို႔ကို မေျပာျပခ်င္တာလား။ စိတ္သႏၱာန္မက္ခါေတြရဲ႕ တည္႐ွိမႈက တကယ္လက္ေတြ႕ျဖစ္ေနၿပီ။ ၿပီးေတာ့ ကၽြန္ေတာ္တို႔အင္ပါယာထဲမွာေတာင္ ေပၚလာတာ။ မက္ခါျပဳျပင္ေျပာင္းလဲမႈက ေသခ်ာေပါက္ျဖစ္လာမွာ။ ဒါက ဒီလိုျဖစ္လာမွေတာ့ ကၽြန္ေတာ္တို႔က အင္ပါယာရဲ႕ခံစစ္ကို စစ္တပ္ကေနစၿပီး ေသခ်ာေပါက္ တိုးျမွင့္ရမယ္။ ဒီဆရာသခင္ကို ခင္ဗ်ားဝွက္ထားတာကေတာ့... သိပ္မေကာင္းဘူး"

ဝမ္ေ႐ွာင္းယြင္ကဆိုတယ္: "ပစၥဳပၸန္က အတိတ္နဲ႔မတူဘူး။ လက္႐ွိ ကၽြန္ေတာ့္ရဲ႕စိတ္စြမ္းအားက စြမ္းအင္ဓာတ္ေရာင္ျခည္သင့္ထားခံရတယ္။ ကၽြန္ေတာ့္မွာ ဒီဆရာသခင္ကို ဖြက္ထားႏိုင္စြမ္း႐ွိေသးတယ္လို႔ ခင္ဗ်ားတို႔ တကယ္ႀကီး ယံုေနၾကတာလား"

သူကၿပံဳးလုိက္တယ္: "ကၽြန္ေတာ္က လုပ္ခ်င္ရင္ေတာင္ ဆရာသခင္က လက္ခံမွာလား"

ဒါကိုၾကားေတာ့ လူအုပ္စုႀကီးက အားလံုး အေတြးကိုယ္စီျဖစ္သြားၾကတယ္။

ဝမ္ေ႐ွာင္းယြင္ေျပာတာ မမွားဘူး။ ဒီဆရာသခင္က အရမ္းအထင္ႀကီးစရာေကာင္းတာဆိုေတာ့ သူသာ ေက်ာ္ၾကားခ်င္တာဆိုရင္ အလြယ္ကေလးပဲ။

ဒါဆို ျဖစ္ႏိုင္တာက သူက တကယ္ကို လူသိမခံခ်င္တာျဖစ္ရမယ္။

လူအုပ္စုႀကီးက နည္းနည္းေတြးၾကည့္လုိက္ၿပီး သူတို႔ရဲ႕ ဗ်ဴဟာကို ေျပာင္းလုိက္တယ္: "ဗိုလ္ခ်ဳပ္ႀကီးဝမ္ သူက ေပၚလာခ်င္တဲ့အခ်ိန္မွ ခင္ဗ်ားကို ဆက္သြယ္တယ္လို႔ ေျပာတယ္မလား၊ ဘာျဖစ္လို႔ ခင္ဗ်ားကို ဆက္သြယ္တာလဲ။ ဒီဆရာသခင္ ဘာႀကိဳက္လဲဆိုတာ သိလား"

ဝမ္ေ႐ွာင္းယြင္က ခ်က္ခ်င္း ေျပာလိုက္တယ္: "မသိပါဘူး ကၽြန္ေတာ္က ဘယ္လိုလုပ္သိမွာလဲ။ မျဖစ္ႏိုင္တာ"

ဒီလိုေျပာၿပီးသြားေတာ့ ဝမ္ေ႐ွာင္းယြင္ ဒီအေၾကာင္းဆက္ေျပာဖို႔ ျငင္းလိုက္တယ္။

လူထုကလည္း အခ်င္းခ်င္း အၾကည့္ခ်င္းဖလွယ္လိုက္ၿပီး ဝမ္ေ႐ွာင္းယြင္က ေသခ်ာေပါက္ တစ္ခုခုကို သိထားတယ္လို႔ ပိုၿပီးေတာင္ ခံစားလာရတယ္။

အဲဒီေနာက္ အစည္းအေဝးၿပီးေနာက္ ဝမ္ေ႐ွာင္းယြင္ သူ႔ရဲ႕ဆုတံဆိပ္အသစ္ကို ေကာက္ယူၿပီး တပ္မဟာဦးစီးခ်ဳပ္ေဟာကို ႏႈတ္ဆက္ကာ ကတိုက္က႐ုိက္ ထြက္သြားတယ္။

အဲဒီအခ်ိန္မွာ အျခားတပ္ဖြဲ႕ကလူေတြအားလံုးက လွ်ိဳ႕ဝွက္စြာ လူေတြလႊတ္ၿပီး ဝမ္ေ႐ွာင္းယြင္ရဲ႕ ေျခလွမ္းတိုင္း၊ အျပဳအမူတိုင္းကို တိတ္တဆိတ္ေစာင့္ၾကည့္ခိုင္းထားတယ္။

တပ္ဖြဲ႔တိုင္းမွာ တျခားတပ္ဖြဲ႕ေတြရဲ႕ အတြင္းပိုင္းမွာ သြင္းထားတဲ့ ကိုယ္ပုိင္စပိုင္ေတြ႐ွိၾကတာခ်ည္းပဲ။ စစ္တပ္ထဲမွာ လူေတြအရမ္းမ်ားလြန္းတဲ့အတြက္ လူတိုင္းရဲ႕ေနာက္ေၾကာင္းကို ႐ွင္း႐ွင္းလင္းလင္း စံုစမ္းဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။

တတိယတပ္ဖြဲ႕ထဲမွာလည္း အလားတူပဲ တျခားတပ္ဖြဲ႕ကစပိုင္ေတြ ႐ွိတယ္။

အလြန္လ်င္ျမန္စြာပဲ တျခားတပ္ဖြဲ႕ေတြဆီကို သူတို႔စပိုင္ေတြပို႔လုိက္တဲ့ အစီရင္ခံစာေတြ ေရာက္လာတယ္။

--ဝမ္ေ႐ွာင္းယြင္ အလုပ္သြားၿပီး ေန႔တိုင္း သတ္မွတ္ထားတဲ့အခ်ိန္မွာ အိမ္ျပန္ပါတယ္။ သူက ၾကားထဲမွာ တျခားဘယ္သူနဲ႔မွ မေတြ႕ပါဘူး။ တပ္ဖြဲ႕ထဲကို ထူးျခားတဲ့သူ ဝင္လာတာလည္း မ႐ွိပါဘူး။ "ဆရာသခင္ေလး" လို႔ သံသယဝင္စရာတစ္ေယာက္မွ ေပၚမလာပါဘူး။

တကယ္လို႔သာ တတိယတပ္ဖြဲ႕အေၾကာင္း ထူးဆန္းတာ တခုခုေျပာရမယ္ဆိုရင္ အဲဒါက မေန႔က ဝမ္ေ႐ွာင္းယြင္ ထူးျခားတဲ့ ႐ုပ္တုေနာက္တစ္႐ုပ္ကို ထုၿပီး တတိယတပ္ဖြဲ႔ထဲမွာ ထားတာပဲ႐ွိတယ္။

တျခားတပ္ဖြဲ႕ေတြက ဒီသတင္းကို ဖတ္ၿပီး အားလံုး လံုးဝ႐ႈပ္ေထြးသြားၾကတယ္: "ဝမ္ေ႐ွာင္းယြင္က တကယ္ ဘာေတြလုပ္ေနတာလဲ။ သူ႔မွာတကယ္ပဲ ဆရာသခင္ေလးရဲ႕ ဆက္သြယ္ရမဲ့အခ်က္အလက္မ႐ွိဘူးလား။ အဲဒါဆို ဘာျဖစ္လို႔ ဆရာသခင္ေလးက သူ႔ကို တက္တက္ႂကြႂကြ ႐ွာရမွာလဲ"

ပိုၿပီး အတြင္းက်က် စံုစမ္းၾကည့္ၿပီးေနာက္မွာ တျခားတပ္ဖြဲ႕ေတြအကုန္လံုး ထူးဆန္းတာတစ္ခုကို ေဝတိေဝဝါး ႐ွာေဖြေတြ႕႐ွိသြားတယ္။

ဝမ္ေ႐ွာင္းယြင္က တကယ္ႀကီး တတိယတပ္ဖြဲ႕ကတပ္သားေတြကို အဲဒီ႐ုပ္တုကို ေန႔တိုင္း ကုိးကြယ္ခြင့္ျပဳထားတယ္။

တတိယတပ္ဖြဲ႕ကသူေတြက ဘာသာေရးဂိုဏ္းတစ္ခုခုရဲ႕ ဦးေႏွာက္ေဆးခံထားရသလိုမ်ိဳး ေန႔တိုင္း အယူသီးသလို ျပဳမူေနၾကတယ္။ တကယ္လို႔ သူတို႔က စစ္တပ္ဆိုင္ရာ ကိုယ္က်င့္တရားနဲ႔ အမ်ိဳးသားစိတ္ဓာတ္အေၾကာင္း သင္တန္းေတြကို ရပ္မပစ္လုိက္ဘဲ ဆက္တက္ေနေသးတာေၾကာင့္သာမဟုတ္ရင္ တတိယတပ္ဖြဲ႕က တကယ္ႀကီး အယူလြဲေနတဲ့ ဒိ႒ိဂိုဏ္းျဖစ္သြားၿပီလို႔ သံသယဝင္မိမွာပဲ။

ေနာက္ဆံုးအေနနဲ႔ တျခားတပ္ဖြဲ႔ကလူေတြမွာ အခ်က္အလက္အႀကီးဆံုးတစ္ခု ရထားတယ္။ တတိယတပ္ဖြဲ႕ကိုးကြယ္ေနတဲ့ ႐ုပ္တုက ႐ုပ္တုမဟုတ္ဘူး။ အဲဒါက နတ္ဘုရားပံုေတာ္တဲ့။ ဒါက "ဆရာသခင္ေလး" ရဲ႕ ယံုၾကည္ကိုးကြယ္မႈလို႔လည္း ေကာလာဟလေတြ ထြက္ေနေသးတယ္။

လူတိုင္းက ႐ုတ္ျခည္း နားလည္သြားတယ္။ ဒီေတာ့ ဝမ္ေ႐ွာင္းယြင္က ဆရာသခင္ေလးရဲ႕အေလးေပးမႈကို ဒီလုိမ်ိဳး ေျမွာက္ပင့္မႈကေနတဆင့္ ရေနတာလား။

ဆရာသခင္ေလးက အဲဒီနတ္ဘုရားဆိုလား ဘာလားကို ယံုၾကည္တယ္။ အဲဒါေၾကာင့္ ဝမ္ေ႐ွာင္းယြင္က တပ္ဖြဲ႕တစ္ခုလံုးကို ေနာက္ကလုိက္ပါၿပီး အဲဒီနတ္ဘုရားလား ဘာလားကို ယံုၾကည္ေအာင္ တုိက္တြန္းတယ္။ ဒီဆံုးျဖတ္ခ်က္က ဆရာသခင္ေလးကို ေပ်ာ္႐ႊင္ေစတယ္၊ အဲဒါေၾကာင့္ သူက တတိယတပ္ဖြဲ႕အတြက္ စိတ္သႏၱာန္မက္ခါေတြ လုပ္ေပးတာလား

ဒါဆို သူတို႔လည္း စမ္းၾကည့္လို႔မရဘူးလား။

"မင္း ငတံုးလား၊ ဝမ္ေ႐ွာင္းယြင္က ဓာတ္ေရာင္ျခည္သင့္ခံထားရတာ။ သူ႔ေခါင္းက ႐ႈပ္ေထြးေနၿပီ။ အဲဒါေၾကာင့္ သူက ဒီလို ကေလးဆန္တဲ့ အယူသီးတဲ့အရာကို လုပ္တာ။ မင္းက ဒီလိုေျမွာက္ပင့္မႈမ်ိဳးနဲ႔ ဆရာသခင္ေလးရဲ႕ အေလးေပးမႈကို ခံရမယ္လို႔ တကယ္ထင္ေနတာလား"

ဟုတ္တယ္။ အားလံုးက ဒါကအရမ္းတရားလြန္လြန္းတယ္လို႔ ခံစားရတယ္။

သူတို႔အားလံုးက စစ္တပ္ထဲက ရာထူးႀကီးပိုင္းကလူေတြပဲ။ သူတို႔က ဒီလိုမ်ိဳးတရားလြန္ ဦးေႏွာက္မ႐ွိတဲ့အရာမ်ိဳးကို ယံုရမွာလဲ။

သူတို႔က ငတံုးေတြမွမဟုတ္တာ။

သူတို႔ရဲ႕ ဉာဏ္ရည္က မျဖစ္မေန က်ဆင္းသြားတာမ်ိဳးမွမဟုတ္တာ။

ဘယ္လိုလုပ္ ဒီလို အိုင္က်ဴေပ်ာက္ေနတဲ့သူလို ျပဳမူႏိုင္ပါ့မလဲ။

ဒါေပမဲ့..... တကယ္လို႔မ်ား။

တကယ္လို႔မ်ား ဒီထူးဆန္းတဲ့ ဆရာသခင္ေလးက သူတို႔တံုးအတဲ့ပံု ျပဳမူတာကို ၾကည့္ရတာ အထူးတလည္ႏွစ္သက္တာဆို ဘယ္လိုလုပ္မလဲ။

တကယ္လို႔ သူတို႔သာ စိတ္သႏၱာန္မက္ခါေတြရမယ္ဆိုရင္ တံုးအခ်င္ေယာင္ေဆာင္တာမ်ား ဘယ္သူကမသိလို႔လဲ။

ဒီအခ်ိန္မွာ ဖင္တႂကြႂကြျဖစ္ေနၾကၿပီး စမ္းၾကည့္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့သူေတြလည္း ႐ွိလာတယ္။

ငါးရက္ေျမာက္ေန႔မတိုင္ခင္

ဝမ္ေ႐ွာင္းယြင္က သူ႔ရဲ႕မက္ခါ ေဝ့ါစီးနဲ႔အတူတူ လူထုေ႐ွ႕မွာ တဖန္ျပန္ေပၚလာတယ္။

အားလံုးက ဆရာႀကီး ကယ္လုအန္းထြင္ေပးထားတဲ့ မက္ခါေဝ့ါစီးက ၿဂိဳလ္သားအင္းဆက္ဘုရင္မနဲ႔ စစ္ပြဲမွာ လံုးဝ အစိတ္စိတ္အမႊာမႊာ ဖ်က္စီးခံလိုက္ရတာကို သိထားၾကတယ္။ အဲဒါကို ေသခ်ာျပဳျပင္ဖို႔ဆိုတာ မျဖစ္ႏိုင္ေလာက္ဘူး။

ဒါေပမဲ့ အခု ဝမ္ေ႐ွာင္းယြင္ သူနဲ႔အတူ ေဝါ့စီးကို ေခၚၿပီး ျပန္ေပၚလာတယ္။

မီဒီယာေတြကို မ်က္ႏွာမူရင္း ဝမ္ေ႐ွာင္းယြင္က ရက္ေရာစြာ ေျပာလိုက္တယ္: "ကၽြန္ေတာ့္အတြက္ ေဝါ့စီးကို ျပင္ေပးၿပီး အဆင့္ျမွင့္ေပးတဲ့အတြက္ ဆရာသခင္ေလးကို အထူးေက်းဇူးတင္ပါတယ္။ အခု ကၽြန္ေတာ့္ရဲ႕ေဝါ့စီးကို တရားဝင္ စိတ္စြမ္းအင္သက္သက္နဲ႔ ေမာင္းႏွင္ႏိုင္တဲ့ ၁၀၀ ရာခိုင္ႏႈန္း ဓာတ္ေရာင္ျခည္ကာရံထားတဲ့ စိတ္သႏၱာန္ မက္ခါတစ္စီးအျဖစ္ အဆင့္ျမွင့္ၿပီးသြားပါၿပီ"

ၾကယ္စုကြန္ရက္တစ္ခုလံုး အုန္းအုန္းကၽြက္ကၽြက္ျဖစ္သြားၾကတယ္။

ဘယ္သူကမွ ပထမဆံုးအဆင့္အတန္းမီ စိတ္သႏၱာန္မက္ခါက ဝမ္ေ႐ွာင္းယြင္ရဲ႕မက္ခါ ေဝ့ါစီးျဖစ္ေနမယ္လို႔ မမွန္းထားၾကဘူး။

အရင္က ေ႐ွာင္ေဖာ့လန္ 4.0 က တကယ့္အဆင့္မီ မက္ခါမဟုတ္ဘူး။ သူက မီနီမက္ခါသက္သက္ပဲ။

အားလံုးက အဆင့္အတန္းမီမက္ခါတစ္စီး ေပၚထြက္လာဖို႔ ေမွ်ာ္ေနၾကတာ။ အဲဒါက ဝမ္ေ႐ွာင္းယြင္ရဲ႕ေဝါ့စီးျဖစ္မယလို႔ ဘယ္တုန္းကမွ မထင္ထားဘူး။

တျခားတပ္ဖြဲ႕က လူႀကီးပိုင္းေတြအားလံုးက အံ့အားသင့္ကုန္ၾကတယ္။

"ဝမ္ေ႐ွာင္းယြင္က ဘယ္မွမသြားဘဲ တစ္ေနကုန္ အိမ္မွာမဟုတ္ရင္ စစ္တပ္ထဲမွာပဲ ေနတာ ေသခ်ာလား"

"ဒါဆို ဘယ္တုန္းကမ်ား ဆရာသခင္ေလးက ဝမ္ေ႐ွာင္းယြင္ကို ေဝါ့စီးျပင္ဖို႔ ကူညီေပးလိုက္တာလဲ"

တတိယတပ္ဖြဲ႕က ဆက္တိုက္ဆိုသလို စိတ္သႏၱာန္မက္ခါေတြ ရေနတယ္။ ဒါက တျခားတပ္ဖြဲ႕ကလူႀကီးပိုင္းေတြကို ၿငိမ္ၿငိမ္ဆက္ထိုင္မေနႏိုင္ေအာင္ လုပ္ေနတယ္။

တကယ္လို႔ သူတို႔သာ ဝမ္ေ႐ွာင္းယြင္ကို အတုခိုးၿပီး သူတို႔တပ္ဖြဲ႕ေတြကို အဲဒီနတ္ဘုရားလား ဘာလားကို ကိုးကြယ္ခိုင္းမယ္ဆိုရင္ သူတို႔လည္း ဆရာသခင္ေလးရဲ႕အေထာက္အပံ့ကို တကယ္ရမလားပဲ။ သူတို႔လည္း.... အိုင္က်ဴအက်ခံခ်င္ပါတယ္ေနာ္!

ဆရာသခင္ေလးကို သူတို႔က မထက္ျမက္ဘူးလို႔ပဲ ထင္ပါေစေတာ့။

အဲဒီလိုနဲ႔ ေပါက္ေရာက္တဲ့အာဏာပိုင္အမ်ားႀကီးနဲ႔ စစ္တပ္က အႀကီးပိုင္းေတြ အကုန္လံုးက ဝမ္ေ႐ွာင္းယြင္ကို အတုခိုးၾကတယ္။ သူတို႔က နတ္ဘုရားပံုေတာ္ေတြ ဖန္တီးၿပီး စတင္ကုိးကြယ္ၾကတယ္။

တစ္ညတည္းမွာပဲ ကၽြမ္းက်ိဳးက လူတစ္ေသာင္းေလာက္ဆီက ယံုၾကည္မႈေတြရလိုက္တယ္။ ကၽြမ္းက်ိဳးက သူ႔ကိုယ္သူေတာင္ မ်က္လံုးျပဴးသြားတယ္။

ဝမ္ေ႐ွာင္းယြင္က ဒီလူေတြ ဒီလိုဦးေႏွာက္မ႐ွိတဲ့အရာကို စိတ္လုိလက္ရ လုပ္လာေအာင္ တစ္ဆင့္ၿပီးတစ္ဆင့္အကြက္ခ်ေနတာကို သူျမင္တယ္။ ဒီလို ဆက္တိုက္ ကၽြမ္းက်င္စြာ ႀကိဳးကိုင္ေနတာက သူ႔ကို လံုးဝ အံ့အားသင့္သြားေစတယ္။

အဲဒါက သူအိပ္မက္ေပးတာထက္ေတာင္မွ ပိုအက်ိဳးျဖစ္ေသးတယ္။

"ဝမ္ေ႐ွာင္းယြင္ ခင္ဗ်ား... ခင္ဗ်ားက အရမ္းကို ေတာ္လြန္းပါတယ္!"

ဝမ္ေ႐ွာင္းယြင္ကဆိုတယ္: "မင္းကိုယ့္ကို အရင္ကေျပာဖူးတယ္မလား၊ လူေတြအမ်ားႀကီး မင္းကို ၾကည္ညိဳလာေအာင္ မက္ခါေတြအမ်ားႀကီး လုပ္ခ်င္တယ္လို႔။ သူတို႔အားလံုးက မက္ခါေတြ လုိခ်င္ၾကတာ။ သူတို႔လိုခ်င္ေနမွေတာ့ သူတို႔ကို အလကားေပးၿပီး သက္သက္သာသာ လႊတ္ေပးလိုက္လို႔ ဘယ္ျဖစ္မွာလဲ"

ကၽြမ္းက်ိဳးက အရမ္းေပ်ာ္ေနၿပီး သူ႔မ်က္လံုးေတြက ေကြးညြတ္ေနတယ္။

ေသာင္းဂဏန္းလူေတြဆိုတာကိုပဲ မၾကည့္နဲ႔ဦး။ အဲဒီလူေတြထဲမွာ ဝမ္ေ႐ွာင္းယြင္လို ရာထူးတူလူေတြ အမ်ားႀကီးပါတယ္။

ဒီလိုမ်ိဳးလူေတြက အျခားသူေတြကို အလုပ္ေပးထားၾကတယ္။ သူတို႔ယံုၾကည္မႈစြမ္းအားက တျခားသူေတြထက္ အဆေပါင္းမ်ားစြာ ပိုသာတယ္။

တစ္နည္းေျပာရရင္ ေသာင္းဂဏန္းေလးလို႔ပဲ မစဥ္းစားနဲ႔။ တကယ့္ယံုၾကည္မႈပမာဏက ေတာ္ေတာ္ေလး မ်ားျပားတယ္။

ဝမ္ေ႐ွာင္းယြင္က အရမ္းကို ေတာ္လြန္းတယ္!

ဝမ္ေ႐ွာင္းယြင္က ျပံဳးလုိက္တယ္: "မင္းေပ်ာ္ေနရင္ ရၿပီ"

"ဒါေပမဲ့" ကၽြမ္းက်ိဳးက အလြန္လ်င္ျမန္စြာ စိတ္႐ႈပ္ေထြးသြားတယ္: "ဒီေလာက္လူေတြတစ္ၿပိဳင္တည္းရလိုက္ေတာ့ ကၽြန္ေတာ္.... ကၽြန္ေတာ့္ေကာေကာက သူတို႔အားလံုးရဲ႕ ဆုေတာင္းေတြကို ျဖည့္ေပးဖို႔ အခ်ိန္ပိုအလုပ္ႀကိဳးစားရေတာ့မွာပဲ"

"မလုိဘူး" ဝမ္ေ႐ွာင္းယြင္ကေျပာတယ္: "က်ိဳးက်ိဳး ကမၻာေဟာင္းက ဘုရားသခင္အေၾကာင္းသိလား"

ကၽြမ္းက်ိဳးက ဆိုတယ္: "သိတယ္"

ဝမ္ေ႐ွာင္းယြင္: "ကမၻာေဟာင္းမွာဆိုရင္ လူေတြအမ်ားႀကီးက ဘုရားသခင္ကို ယံုၾကည္ၾကတယ္။ ဒါေပမဲ့ ဘုရားသခင္က လူတစ္ေယာက္တည္းကိုပဲ ကာကြယ္ေပးတာမ်ိဳး ျမင္လို႔လား"

ကၽြမ္းက်ိဳးက မ်က္လံုးေတြ ျပဴးက်ယ္လာတယ္: "အိုး"

ဝမ္ေ႐ွာင္းယြင္: "ေနာက္တစ္မ်ိဳးေျပာရရင္ မငး္က အလကားရတဲ့ယံုၾကည္မႈကို ျငင္းပယ္စရာမလုိဘူး။ အရင္ဆံုး လက္ခံထားၿပီးမွ မင္း... မင္းေကာေကာက သူတို႔ဆုေတာင္းကို တကယ္ျဖည့္ဆည္းေပးခ်င္လားဆိုတာ ၾကည့္ေပ့ါ။ အားလံုးက စိတ္အေျခအေနေပၚမွာ မူတည္တယ္"

ကၽြမ္းက်ိဳးက အျမင္က်ယ္သြားတယ္: "အဲဒါက ဟုတ္သလိုလုိပဲ"

လူေကာင္းေတြ ႀကိဳးစားတဲ့လူေတြကို သူကူညီမယ္!

တျခားသူေတြကေတာ့... အလကားရတဲ့ပစၥည္းကို ျငင္းစရာမလိုပါဘူးေလ။

ဝမ္ေ႐ွာင္းယြင္က အရမ္းမိုက္လြန္းတယ္! သူက ဒီလိုမ်ိဳး မစဥ္းစားဖူးဘူး!

ကၽြမ္းက်ိဳး သူ႔ကိုၾကည့္ေနရင္းနဲ႔ ဘာမွန္းမသိတဲ့အရာတစ္ခုကို ေတြးမိသြားတယ္၊ အဲဒီေနာက္မွာ ခ်က္ခ်င္း အသံတိုးတိုးေလးနဲ႔ ေမးတယ္: "ကၽြန္ေတာ္ တစ္ခုေမးလို႔ရမလား"

ဝမ္ေ႐ွာင္းယြင္: "ေမးေလ"

ကၽြမ္းက်ိဳးကေမးတယ္: "ခင္ဗ်ားက ဒီလူေတြအားလံုးကို... အင္း ႂကြယ္ဝျခင္းနတ္ဘုရားကို ကုိးကြယ္ေအာင္လုပ္တယ္။ အဲဒါေတာင္ အဲဒါေတာင္ ခင္ဗ်ားကက်ေတာ့ ဘာလို႔ သူ႔ကို မကိုးကြယ္ရတာလဲ"

အခ်င္းခ်င္း သိလာတာ ဒီေလာက္ၾကာၿပီ ဝမ္ေ႐ွာင္းယြင္က ဘယ္တုန္းကမွ မကုိးကြယ္ဖူးဘူး။

သူက အရင္က နတ္ဘုရားရဲ႕ တည္႐ွိမႈကို မယံုလို႔ဆို ထားပါေတာ့။

ဒါေပမဲ့ အခုသူက ေသခ်ာေပါက္ သိထားတယ္ေလ.....

ဒါကိုၾကားေတာ့ ဝမ္ေ႐ွာင္းယြင္က ခဏေလာက္ အသံတိတ္သြားတယ္။

ကၽြမ္းက်ိဳးက သူမေျဖခ်င္လို႔လို႔ ထင္သြားတယ္။ သူက ဒီအေၾကာင္းကို ရပ္လိုက္ေတာ့မယ့္အခ်ိန္မွာပဲ ဝမ္ေ႐ွာင္းယြင္ေျပာတာကို ၾကားလိုက္ရတယ္။

"ကိုယ္က သူကာကြယ္ေပးတာကို မခံခ်င္ဘူး။ သူက ဒီလူေတြအားလံုးကို ကာကြယ္ေပးေနရၿပီး သူ႔ကို ဘယ္သူမွ မကာကြယ္ေပးၾကဘူး" သူက ဆိုတယ္: "ကိုယ္က သူ႔ကို ကာကြယ္ေပးႏိုင္တဲ့ အဲဒီသူျဖစ္ခ်င္တာ"

................xxx.................

စာေရးသူမွာ ေျပာစရာ႐ွိပါတယ္: PS--

ေအာင္ျမင္စြာ လွည့္ျဖားလုိက္ႏိုင္တဲ့ ႂကြယ္ဝျခင္းနတ္ဘုရားေလး ကၽြမ္းက်ိဳး: အိုင္းယား ငါေျပာင္းလဲသြားၿပီ။ ငါက ကိုယ္က်ိဳးမၾကည့္ ဘက္မလိုက္တဲ့ ႂကြယ္ဝျခင္းနတ္ဘုရားမဟုတ္ေတာ့ဘူးပဲ.......

Aki - ဗိုလ္ခ်ဳပ္ႀကီးက တစ္ခြန္းဆို တစ္ခြန္းေနာ္ ေႁခြေနေတာ့တာပဲ ( 〃▽〃)

Continua llegint

You'll Also Like

49.3K 7.5K 61
Zawgyi version of your rival in love gets prettier every day
119K 19.3K 32
汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.
1.5M 189K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။