"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကိ...

By lila_210197

5.6K 414 45

- အိုလံပစ်စကိတ်သမား ပျောက်ဆုံးတဲ့အကြောင်း ရေးထားတဲ့ webtoonထဲ မတော်တဆ ရောက်ရှိလာတဲ့အခါ "ဘုရားရေ ငါဇာတ်ကြောင်း... More

"နိဒန်း"
"လည်နေတဲ့ ကမ္ဘာနှစ်ခု"
"တစုံတယောက်က ငါကို သတ်ချင်နေတယ်"
"ဇာတ်ကြောင်းပြောင်းသွားပြီ"
" သူက ဘာလဲ"
"ခက်ခဲတဲ့ ပုစ္ဆာ"
"Date"
~မသိဖူး~
တစုံတယောက်
"ဇာတ်လမ်းအစ"
"မင်းငါကိုကြိုက်နေတာလား?"
" Christmasဆုတောင်း"
"အခြားကမ္ဘာကလူ"
𝒀: 𝑴𝒆𝒂𝒏𝒔 𝒀𝒐𝒖
Umbrella When It Rains
"Unsolved Puzzles"
Jealous ??

"Heaven"

124 18 0
By lila_210197

"ယူအာ ဖြည်းဖြည်းထ " ယူဂျွန်းစီနီယာက သူမကို ထူပေးလိုက်တယ်

သူမရဲ့အမေနဲ့အဖေလည်း ဘေးမှာရှိနေခဲ့တယ်

"insomnia ဟုတ်လား?"

"အင်း insomniaတဲ့ "

'Insomniaဆိုတာ အိပ်မပျော်တဲ့ရောဂါ ဘယ်လိုလုပ် ငါက Insomniaဖြစ်နိုင်မှာလဲ?"

"ဒါဆို သမီးက ပြန်ကောင်းလာပါ့မလား?" ယူအာအမေက စိုးရိမ်စွာဖြင့် ယူဂျွန်းကိုမေးလိုက်တယ်

"အမေ အရမ်းစိတ်မပူပါနဲ့ ကျွန်တော် တာဝန်ကျဆရာဝန်နဲ့ပြောထားပါတယ် သူမက အလုပ်အရမ်းလုပ်ပြီး ပင်ပန်းနေလို့ ဖြစ်နေတာပါတဲ့ နားလိုက်ရင် ပြန်ကောင်းသွားမှာပါ" ယူဂျွန်းက အပြုံးချိုချိုဖြင့် ပြောနေလေသည်

"တော်သေးတာပေါ့ သမီးရယ် "သူမအမေက သူမလက်ကိုဆုပ်ရင်း ပြောလိုက်တယ်

"သမီးဘာမှမဖြစ်ပါဘူး"

"သမီးသတိမရတုန်းက ဒီဆရာဝန်လေးပဲ လာလာကြည့်ပေးတာ ခဏခဏ ကျေးဇူးအများကြီးတင်လို့မဆုံးဘူး " ယူဂျွန်းကို ကြည့်ရင်း ပြောနေကြလေသည်

ယူဂျွန်းစီနီယာက ယူအာကို ကြည့်နေရင်း ပြုံးနေလေသည်

'ဘာလို့ ငါက ဒီအခြေအနေမှာ နေရခက်နေသလိုခံစားနေရတာလဲ?'

"စီနီယာ" ယူအာက စီနီယာကို ကားဆီပြန်ပို့ပေးချင်ပေမယ့် အခန်းအပြင်ထိပဲလိုက်ပို့ရင်း စကားစလိုက်လေသည်

"ပြောလေ " သူက ပုံမှန်အသံနဲ့ သူမကိုကြည့်နေရင်း ပြောလိုက်သည်

"Caseက ..." သူမစကားမပြောခင်မှာပဲ

"ပြောင်းပြန်ဖြစ်နေတယ်မလား Insomniaကအိပ်မပျော်လို့ဖြစ်တဲ့ရောဂါပေမယ့် မင်းက အိပ်ပျော်နေတာမလား တားလို့ရမယ့်နည်းလမ်းလည်းမရှိသေးဘူး"

"ဒါဆို ခုနက ..."

"လိမ်ပြောခဲ့တာ မိဘတွေ စိတ်ပူနေမှာစိုးလို့ လက်တလောတော့ နားနေလိုက် ဘယ်အရာမှ စိတ်မဖိစီးစေနဲ့ အစားပုံမှန်စား ဖြေရှင်းရမယ့်နည်းလမ်းကို ငါကရှာလိုက်မယ် "

"ကျေးဇူးတင်ပါတယ် စီနီယာ" သူမက ယဥ်ယဥ်ကျေးကျေးပြန်ဖြေလေသည်

"မလိုပါဘူး " ပြောကာ ထွက်သွားလေသည်

ဂျယ်ဆောင်းဆီ ဖုန်းခေါ်လေတော့သည် "ရား သူငယ်ချင်းကမေ့လဲနေတာကို လာ..."

"မနေ့ကလာသွားတယ်လေ နင်အိမ်ရာဘေးက သစ်သီးခြင်းကငါပေးသွားတာ "

ယူအာ အပြစ်တင်မလို့ အပေါက်ပိတ်သွားလေသည်

"အဆင်ပြေတယ်မလား အဆင်ပြေတယ်လို့အခုလိုအော်နေတာပေါ့"

"နင်တကယ်ပဲ"

"ဘာ ဒီတခေါက်လည်းwebtoonထဲ ဝင်သွားတာလား?"

'Wbဆိုမှ ဘာဖြစ်သွားလဲမသိဘူး ကြည့်ရမှာ သတိရသွားပြီ '

"ချလိုက်ပြီနော် " ယူအာက ချက်ချင်းချလိုက်လေသည်

"ဟဲ့ဟဲ့ ကောင်မစုတ်လေးရဲ့ "

သူမမြင်လိုက်ရသည်က "ဤဇာတ်လမ်းအား ခေတ္တရပ်ဆိုင်းထားပါသည်ဆိုတာပဲ "

'အ့ဒါဆိုရင် သူကရော"

"သခင်လေး အလုပ်သွားဖို့ အချိန်ရောက်ပါပြီ "

"ကားအသင့်ပြင်ထားလိုက်"

"ဟုတ်ကဲ့ပါဆရာ"

ဆေးရုံရဲ့ ရှယ်ယာရှင်အသစ်တဦးဖြစ်တဲ့ Shanကို ကြိုဆိုလိုက်ကြရအောင်

လူတိုင်းကလက်ခုပ်ထတီးပြီးကြိုဆိုကြတယ်

Shanကဘာမှမဖြစ်သလို သူနေရာမှာဝင်ထိုင်လိုက်တယ် လူတိုင်းက သူကိုဝိုင်းကြည့်ပြီး တိတ်ဆိတ်နေကြသဖြင့် "အစည်းအဝေးစလို့ရပါပြီ"

တယောက်ချင်းစီရဲ့တင်ပြချက်တွေအပြီးမှာတော့
ဥက္ကဠ- "ဆေးရုံတွင်းဝန်ထမ်းတွေအရေးကိစ္စကရော ဒီလအတွက် ဘာတင်ပြဖို့ရှိလဲ?"

အသက်ကြီးကြီးဆရာဝန်တယောက်က လက်ကိုထောင်လိုက်တယ်

"ပြော " ဥက္ကဠက ရှန်ကိုတချက်ကြည့်လိုက်ရင်း တခုခုပေါ်သွားမှာစိုးတဲ့ပုံဖြင့် ပြောလိုက်လေသည်

"ဟိုတခေါက်က ကိစ္စထက်ဆိုးပါတယ် အခုက ဆေးရုံထဲမှာ ဘိန်းရောင်းနေတယ်လို့ သတင်းတွေထွက်နေတယ် " ထိုလူရဲ့ ပြောလက်စ စကားတောင်မပြီးသေး

ဥက္ကဠက မတ်တပ်ရပ်ကာ ခုံကိုအုန်းခနဲ ပုတ်လိုက်ရင်း "ဘာ" လို့ ထအော်ပါတော့တယ်

ရှန်က အစည်းအဝေးစာရွက်တွေ တရွက်ချင်းလှန်ကြည့်နေဆဲပဲ

"ဥက္ကဠ ကျွန်တော်တို့လည်း ဘယ်သူရောင်းမှန်းမသိလို့ ဖမ်းမရတာပါ တချို့ကတော့ အမျိုးသမီးလို့ ပြောနေကြတယ် "

"မကြားချင်ဘူး ဘာပဲဖြစ်ဖြစ် ခုအ့ကိစ္စကို မြန်မြန်ဖြေရှင်းလိုက် မင်းတို့ ငါဆေးရုံပိတ်စေချင်တာလား?"

"ဟုတ်ကဲ့ ဟုတ်ကဲ့" အကုန်လုံးက တုန်လှုပ်သွားဖြင့် ပြန်ဖြေကြလေသည်

ဥက္ကဠက ရှန်ဖက်လှည့်ကာ "အခုလိုကိစ္စအတွက် တောင်းပန်ပါတယ် ဒါမျိုးကဖြစ်နေကျ...."

"အ့ကိစ္စကို ကျွန်တော်ကို အပ်နိုင်မလား?"

"ဗျာ" ဥက္ကဠပါ ကြောင်သွားသည့်အပြင် အခြားရှယ်ယာရှင်များပါ အံ့သြနေကြသည်

ဘယ်ရှယ်ယာရှင်ကမှ ဆေးရုံရဲ့အမှုကိစ္စတွေကို ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ခြင်းမရှိ ဆေးရုံကတာဝန်ရှိသူကိုသာ ဖြေရှင်းခိုင်းကြခြင်းဖြစ်သည် အခု ရှန်က သူကိုယ်တိုင် ဖြေရှင်းချင်သည်ဟု ပြောနေခြင်းမလား?

"ဒါကိုကျွန်တော်လွဲပေးလိုက်ပါ"

"သခင်လေး အ့လိုလုပ်လို့မဖြစ်ပါဘူး" သီးသန့် အခန်းထဲမှ စကားသံ

"ငါရှာခိုင်းတာသာရှာလိုက်"

"သခင်လေး"

"___"

"ဟုတ်ကဲ့ ကျွန်တော်အခုချက်ချင်း သွားရှာလိုက်ပါ့မယ်"

အသစ်ရောက်လာတဲ့ရှယ်ယာရှင်မှာ ရှန်ဖြစ်နေသဖြင့် ဆေးရုံမှ ဝန်ထမ်းတိုင်း စိတ်ဝင်စားနေကြသည်

'တကယ်ပဲ စကိတ်မစီးတော့တာလား?'

'တကယ်ပဲ ရှန်က စီးပွားရေးလောကထဲကူးသွားပြီလား?' စသည်ဖြင်း ဆောင်းပါးအမျိုးမျိုးထွက်လာလေသည်

အမေတို့က နေ့လည်စာခဏသွားစားကြသည် ယူအာက သူမရှေ့က အသားစွပ်ပြုတ်ပန်းကန်းကို တစွန်းမြည်းလိုက်ပြီး စားချင်စိတ်မရှိသဖြင့် ပြန်ချထားလိုက်သည်

'တပတ်တောင်ရှိပြီ ရှန် နင်အဆင်ပြေနေရဲ့လား?'

ထိုအချိန်တွင် သတင်းအရ ဆေးရောင်းဝယ်ဖောက်ကားသူမှာ ဆေးရုံဝန်ထမ်းမဟုတ်ပဲ ဆေးရုံမှလူနာဖြစ်ပြီး ထိုလူနာမှာ သေကြောင်းကြံစည်ရန်ခဏခဏကြိုးစားတတ်သည့်အမျိုးသမီးဖြစ်ကြောင်း သိရသည် သူမက ယခုလည်းပဲ ဆေးရုံမှထပ်ပျောက်သွားပြန်လေပြီ

ဆရာဝန်နဲ့nurseမများက နေရာအနှံ့ရှာနေကြသော်လည်း မတွေ့ကြသေးချေ ရုတ်တရက် ရှန်မှ အခန်းထဲဝင်ချလာကာ လူနာရဲ့ ဗီရိုဖွင့်လိုက်လေသည်

အထဲ၌ ကုတ်အကျီတချို့သာရှိနေသည် သူက ကုတ်အကျီတချို့ကို လှန်လှောလိုက်လေသည် အနက်ရောင်ကုတ်အကျီအထဲမှ လိပ်စာတခုထွက်လာလေသည်
"To Heaven
Night Club"

ရှန်ကချက်ချင်း ထိုလိပ်စာကိုကိုင်ကာထွက်သွားလေသည်

ယူအာမှ ကော်ဖီထွက်သောက်ရန် တံခါးကိုတွန်းဖွင့်လိုက်လေသည် သူမခြေထောက် တဖက်ခြမ်းကိုရောက်သည်နှင့် ဆူညံ့သံတချို့ထွက်လာလေသည်

မီးရောင်စုံခန်းမနဲ့ လူများစွာ အသံတွေဆူလွန်းလို့ နားစည်ပေါက်ထွက်မထွက် ခံစားနေသည်

အခုထိ သူမကဆေးရုံအကျီနဲ့ရှိနေတုန်းဖြစ်ပြီး ဘယ်ကိုရောက်နေမှန်းလဲမသိသေးချေ

'WTH ဧကန webtoonထဲရောက်တာလားမဟုတ်ဘူးမလား?'

Heaven Night Club သဘော်ပေါ်မှာလုပ်တဲ့ Clubဖြစ်ပြီး သူကနေရာအတည်တကျမရှိတဲ့ clubမျိုးဖြစ်သည် Membersဖြစ်သူမှ ဝင်လို့ရမှာဖြစ်ပြီး သူတို့clubက ဂိုဏ်းပေါများလေသည်

"ဆရာ ဖြစ်ပါ့မလား?" သူစကားမဆုံးသေး ထိုလူသားက ကားတံခါးပိတ်ကာ ထွက်သွားချေသည်

"အနည်းဆုံး ဖမ်းရမယ့်လူမျက်နှာတောင်မကြည့်သွားဘူး ဆရာရေ"

အပေါက်မှ အစောင့်များက ရှန်အား ဝင်ခွင့်ကတ်တောင်းလေသည်

"မရှိဘူး" ရှန်က တိုတိုတုတ်တုတ်ဖြေလိုက်သည်

"မရှိရင် ဝင်လို့မရပါဘူးဆရာ"

"ရော့" ရှန်က သူပိုက်ဆံအိတ်ထဲက  ပိုက်ဆံအတော်များများအား ထုတ်ပေးလိုက်လေသည်

လုံခြုံရေးများ မျက်လုံးပြူးသွားကြကာ ပိုက်ဆံကိုအမြန်ယူလိုက်ရင်း "ဆရာလေး ကြွပါခင်ဗျ" ဆိုပြီး ဝင်ခွင့်ပေးကြလေသည်

ရှန်က မီးရောင်အောက်က အမျိုးသမီးတချို့ကို လိုက်ကြည့်နေဆဲပဲ 'သူမက ဖိနပ်မလဲသွားခဲ့ဘူး ဆေးရုံဖိနပ်နဲ့ပဲရှိရမယ် '

တဖက်မှ ယူအာက လူအုပ်ကြားထဲကတိုးထွက်နေရလေသည် "တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

"အလှလေး" ယောကျ်ားတယောက်က သူမနောက်ကနေ ချဥ်းကပ်လာကာ သူမနောက်ကျောကို ကိုင်လိုက်လေသည်

"လူမှားနေပါတယ် " ယူအာက ထိုလူလက်ကိုဖယ်ကာ အမြန်ထွက်သွားရင်း waiter စားပွဲနဲ့ ဝင်တိုက်မိကာ အအေးတွေ သူမအကျီပေါ်ရွဲသွားလေတော့သည်

အမျိုးသမီးတယောက်က သူမကိုဘယ်ကတည်းက ကြည့်နေလဲမသိ ရောက်လာရင်း  "လာ သန့်စင်ခန်းသွားကြမယ် "

"ရှင်" ထိုအမျိုးသမီးက သူမရဲ့တောက်တောက်ပြောင်ပြောင် အဝတ်အစားတွေချွတ်ကာ သူမအား လဲရန်ပေးနေခြင်းဖြစ်သည်

"ဝတ်လိုက်" စိတ်မရှည်ဟန်ဖြင့် ပေးနေလေသည်

"မဟုတ်ဘူး ကျွန်မ ပေးစရာ ဘာမှမရှိဘူး"

"အဆင်ပြေတယ် ဘာပဲဖြစ်ဖြစ် ငါကရူးနေတာလေ ဘယ်သူမှဂရုမစိုက်ကြဘူး အ့အစား ..."

အကျီလဲပြီးပြန်ထွက်လာတော့ နှစ်ယောက်သားအတော်ကွာဟသွားကြသည် ယူအာမှာ ကလပ်တက်ရန် မရောက်လာသော်လည်း ကလပ်တက်မယ့်လူပုံစံပေါက်နေလေပြီ

သူမက ဒီကလပ်ထဲကနေ ခပ်မြန်မြန်ထွက်ရမည့် အပေါက်ကိုရှာရန် ခပ်သုတ်သုတ်ထွက်သွားလေသည်

ရှန်မှ ကလပ်ထဲ၌ မွေနှောက်ရှာနေသော်လည်း မတွေ့သေးချေ သူမျက်စိထဲဝင်လာတဲ့ အမျိုးသမီးတယောက်တော့ ရှိလာပြီ

သူမက အပေါ်မှာ  dress အပေါ်မှာ လယ်သာကုတ်ကို   ဝတ်ဆင်ထားပြီး ဖိနပ်မှာ ဆေးရုံဖိနပ်နဲ့ဖြစ်လေသည်

စောစောက

"အ့အစား ဘာဖြစ်လဲဟင်?"

"အ့အစား နင်ဖိနပ်ပေး"

"ရှင် " ယူအာက သူမဖိနပ်သူမငုံကြည့်မိလေသည် သူမကဆေးရုံကဖိနပ်ကိုမကြိုက်သဖြင့် သူမအိမ်က ကွင်းထိုးညှပ်ဖိနပ်အမြဲဝတ်ခြင်းဖြစ်သည်

"မပေးနိုင်ဘူးလား မပေးလည်း ရတယ် နင်အထဲကဟာတွေမြင်နေရမှာနော်"

'ဖိနပ်ကပြန်ဝယ်လို့ရတယ် အခုအဆင်ပြေဖို့အရေးကြီးတယ် '

"ပေးပါ့မယ်"

ရှန်က ချက်ချင်းထိုအမျိုးသမီးနောက်လိုက်သွားလေသည်

ခုနက ဖိနပ်လဲသွားသည့်အမျိုးသမီး
သူမက သူမကိုယ်သူမစမ်းကြည့်လိုက်ရင်း "ချီးပဲ ငါဆေးသူထဲ ပါသွားပြီ"

"ဖတ်" သူမ ထွက်ပေါက်ကနေ ထွက်ခါနီးကျမှ တစုံတယောက်က သူမလက်ဆွဲလိုက်ခြင်းခံလိုက်ရလေသည်

'တကယ်ပါပဲ' သူမက စိတ်ကိုထိန်းလိုက်ကာ နောက်ကို ပြန်လှည့်ကြည့်လိုက်လေသည်

သူမမြင်လိုက်ရသည်က အလင်းတွေဘယ်လောက်ထိုးထိုး တောက်ပနေဆဲဖြစ်တဲ့ လူ ဒီလူကို ထပ်မတွေ့နိုင်တော့ဘူးထင်ထားခဲ့တာ

"ရှန်" သူမပါးစပ်က ထွက်လာလေသည်

သို့သော် သူမအေးစက်တဲ့အကြည့်တွေနဲ့ ကြည့်နေဆဲ ထို့နောက် သူပြောလိုက်သည့် စကားက

"မင်းအကျီကိုအခုချွတ်လိုက်"



"insomnia ဟုတ်လား?"

"အင်း insomniaတဲ့ "





"သမီးဘာမှမဖြစ်ပါဘူး"








"ဒါဆို ခုနက ..."








"နင်တကယ်ပဲ"






'အ့ဒါဆိုရင် သူကရော"



"ဟုတ်ကဲ့ပါဆရာ"




















"သခင်လေး"

"___"









"To Heaven
Night Club"
















"အလှလေး" ယောက်ျားတယောက်က သူမနောက်ကနေ ချဉ်းကပ်လာကာ သူမနောက်ကျောကို ကိုင်လိုက်လေသည်











စောစောက

"အ့အစား ဘာဖြစ်လဲဟင်?"

"အ့အစား နင်ဖိနပ်ပေး"




"ပေးပါ့မယ်"









Continue Reading

You'll Also Like

20.7K 2.9K 22
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
4.8K 252 32
Born into a strange pairing Jaune is the Natural Born son of Roboutte Guilliman and Yvraine, This union would make the Imperium stronger during their...
278K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
6.2K 934 21
Jungkook Atlas Francis - Taehyung Rowan Elliot