Zawgyi
အပိုင္း (၇၇၂) – အနက္ေရာင္ၾကိဳး
ထိုအဘြားၾကီးသည္ ေဒါသမ်ားတိုးပြားလာကာ သူမ စကတ္ပင္ပ်ံ တတ္မတတ္ ေပါက္ကြဲလုနီးပါးျဖစ္ေနသည္ကို ရီွမာယူယူေတြ႕လုိက္ရသည္။
ထိုအမ်ိဳးသမီးၾကီး၏ စကတ္တြင္ ၾကိဳးရွိေနသည္ကို သူမ ေနာက္ဆံုး တြင္ သတိထားမိသြားသည္။
အနက္ေရာင္ၾကိဳး...
သူမသည္ ေအာ့အန္မိေတာ့မလို အနည္းငယ္ခံစားလုိက္ရသည္။
အမ်ိဳးသမီးၾကီး၏ ေဒါသသည္ အခ်ိန္တိုအတြင္းမွာပင္ ရႈဂ်င္း၏ ဖိႏွိပ္ျခင္းကိုခံလိုက္ရသည္။ ရႈဂ်င္းသည္ လဲက်ေအာင္မလုပ္ေပ။ သူသည္ လက္ကိုေဝ့ရမ္းလုိက္သည္ႏွင့္ အမ်ိဳးသမီးၾကီးေနရာမွန္ေရာက္သြားသည္။
"မင္းအားက ဘယ္တုန္းကဒီေလာက္ျမင့္လာတာလဲ" အမ်ိဳးသမီးၾကီး သည္ ေနာက္ကို ေျခလွမ္းႏွစ္လွမ္းဆုတ္ကာ ရႈဂ်င္းအား ေၾကာက္ရြံ႕စြာ ၾကည့္ေလသည္။
"ဘယ္အခ်ိန္က ျမင့္တာလဲဆိုတာ မင္းစိုးရိမ္စရာမလိုပါဘူး" ရႈဂ်င္း သည္ ႏွာမႈတ္ေလသည္။
"အားလံုးပဲ အခ်ိန္မရဘူး၊ အားလံုးပဲ သြားဖို႔ုလုပ္ၾကပါ" အျပာေရာင္ ဓားသြားသခင္ ေဒါသထြက္လာသည္။ ထိုသည္မွာ သြယ္ဝိုက္ကာ ၾကားဝင္ ျဖန္ေျဖျခင္းျဖစ္သည္။ ထိုစကားေၾကာင့္ အဘြားၾကီးသည္ ေျခတစ္လွမ္းဆုတ္ လုိက္သည္။
"ဟုတ္တယ္ ဟုတ္တယ္ သြားရေအာင္ မဟုတ္ရင္ တေစၦမ်ိဳးႏြယ္က ထြက္သြားေတာ့မယ္" လူ တစ္ေယာက္က သေဘာတူလုိက္သည္။
"ဒါဆို ငါတို႔အခုပဲသြားျပီ" ေရွာင္ယိ ေျပာလုိက္သည္ "လူတစ္ဝက္က အနီေရာင္တိမ္တို္က္ေတာင္ထိပ္ ကိုသြားမယ္ ေနာက္တစ္ဝက္က ၾကံ႕ေတာင္ ၾကားကိုသြားမယ္ ဒီေန႔ကိစၥကို အားလံုးကိုပဲယံုျပီးအပ္လိုက္ပါျပီ"
ရွီမာယူယူသည္ လွည့္ကာ မွင္တက္ေနၾကေသာ ခ်ဴမိသားစုဝင္မ်ားကို ၾကည့္လိုက္သည္ "အရင္သြားၾကေတာ့ ကိစၥေတြအကုန္ရွင္းျပီးသြားရင္ မင္းတုိ႔ကိုလာေျပာလိုက္မယ္"
သူတုိ႔ကို မလိုက္ခိုင္းသည္မွာ အေကာင္းဆံုးျဖစ္သည္။ သူတို႔သည္ အားနည္းၾကသည္။ သူတို႔သာ လိုက္ခဲ့ပါက တိုက္ပြဲ၏ သက္ေရာက္မႈသည္ သူတို႔ကိုအဆံုးသတ္သြားေစမည္။
ခ်ဴလ်ဴႏွင့္ ခ်ဴရီတို႔သည္ လက္ရွိအေျခအေနကို နားလည္ၾကသည္။ "ဒါဆို ကၽြန္မတို႔ အရင္သြားႏွင့္ပါ မယ္"
"လာခဲ့ ၾကံ႕ေတာင္ၾကားကိုသြားမယ္" ရႈဂ်င္း ေျပာလုိက္သည္။
"ဆရာ ကၽြန္ေတာ္ တိမ္တို္က္နီေတာင္ထိပ္ကိုသြားခ်င္တယ္" ရွီမာယူယူ ေျပာလုိက္သည္။
တိမ္တိုက္နီေတာင္ထိပ္သည္ နယ္နိမိတ္မဟုတ္ပဲ ေတာင္တန္း၏ နာမည္ျဖစ္သည္။ အနီေရာင္ ေတာင္ထိပ္ႏွင့္ နာမည္ဆင္တူသည္။ သို႔ေသာ္ ကြဲျပားမႈမ်ားသည္။
"ဘာလို႔လဲ" ရႈဂ်င္းသည္ ရီွမာယူယူအား မရွင္းလင္းစြာၾကည့္ လုိက္သည္။ အဲလူေတြနဲ႔ အသြားခ်င္ဘူးဆိုတာ အခုေလးတင္ေျပာ လုိက္တာမလား။
"ဆရာ ကၽြန္ေတာ့အရည္အခ်င္းက တေစၦေတြနဲ႔ တုိက္ႏုိင္ပါတယ္၊ ကၽြန္ေတာ္တိမ္တိုက္နီေတာင္ထိပ္ကို သြားမယ္ဆိုရင္ ပိုအသံုးဝင္ပါလိမ့္မယ္" ရွီမာယူယူသည္ ရႈဂ်င္းအား မ်က္စိမွိတ္ျပလုိက္သည္။
သူမသည္ တေစၦတစ္ရာေအာင္လံေတာ္လိုခ်င္သည္ဟု ဝန္မခံလိုေပ။
သူမ ပံုစံကို ရႈဂ်င္းျမင္ေသာအခါ သူမတြင္ သတၱိရွိသည္ကို သူသိသည္။ သူ႔အမူအရာသည္ ရႈပ္ေထြးသြား သည္။ ေခတၱမွ်တိတ္ဆိတ္ျပီးေနာက္ သူ ေျပာလုိက္သည္ "ဒါဆိုလည္း ဂရုစိုက္"
"ဆရာရႈ သူ တစ္ေယာက္တည္းသြားလုိ႔ျဖစ္ပါ့မလား" ဆရာတစ္ ေယာက္သည္ သေဘာမတူေပ။
တျခားအဖြဲ႕မွ အဘိုးၾကီးမ်ားသည္ ရႈဂ်င္းေၾကာင့္ ေဒါသထြက္ေန ၾကျပီျဖစ္သည္။ အခု သူ႔ေက်ာင္းသား က ေနာက္တစ္ဖက္ကိုတစ္ေယာက္ တည္းသြားဦးမယ္။ အဲအဘြားၾကီးက သူမကို ထိခိုက္ေအာင္မလုပ္ပါဘူးလို႔ အာမခံဖို႔ကခက္ေနျပီ။
"ေၾကာက္လို႔လား" ရႈဂ်င္း ေျပာေလသည္ "အဲဒီရုပ္ဆိုးတဲ့အဘြားၾကီးရဲ႕ အရည္အခ်င္းနဲ႔ဆိုရင္ ယူယူ႔ကို ထိခိုက္ေအာင္လုပ္လုိ႔မရဘူး ေတာ္ျပီ သြားၾကမယ္"
သူသည္ ရွီမာယူယူအား လက္ေဝ့ရမ္းျပလုိက္သည္။
ရႈဂ်င္းသည္ ထိုအဘြားၾကီးအား ဘာေၾကာင့္ဒီေလာက္ဆန္႔က်င္ေန သလဲဆိုသည္ိကို ရွီမာယူယူ ေမးခ်င္မိသည္။ သူ႔ကိုေနာက္မွပင္ ေမးရ မည့္ပံုပင္။
"ဒါဆို တပည့္ကိုသြားခြင့္ျပဳပါဦး" ရီွမာယူယူသည္ ဂိုဏ္းအဖြဲ႕ဝင္မ်ားကို အရိုအေသေပးကာ တစ္ဖက္သို႔ သြားလိုက္သည္။
ထိုအမ်ိဳးသမီးၾကီးသည္ ရီွမာယူယူ ေလွ်ာက္လာသည္ကို စူးရွေသာ အၾကည့္ျဖင့္ ၾကည့္ေနေလသည္။
ဒီကေလးက ဒီဘက္ကိုတစ္ေယာက္တည္းလာရဲတာပဲ... ျပီးမွ သူမကို ဘာအျပစ္မတင္နဲ႔။
ရွီမာယူယူသည္ ထိုအမ်ိဳးသမီးၾကီးဆီမွ စူးရွေသာအၾကည့္ကိုအာရံု ခံမိသည္။ သူမသည္ ထိုအမ်ိဳးသမီးၾကီးအား ေက်ာေပးလုိက္သည္။
"ရႈဂ်င္းလာမွေတာ့ တျခားေက်ာင္းသားတစ္ေယာက္ကို ဘာလုိ႔ေခၚ မလာတာလဲ" သူမေဘးမွ တစ္ေယာက္သည္ တျခားသူမ်ားကိုေျပာ လုိက္သည္။
"မင္းေျပာတာ မိုးၾကိဳးေဘးသင့္မႈကို ဆင့္ေခၚျပီး ကၽြမ္းက်င္သူ တစ္ရာ ေလာက္ကိုသတ္ပစ္တဲ့ ေက်ာင္းသားလား"
"ဟုတ္တယ္ အဲေက်ာင္းသားရဲ႕ မိုးၾကိဳးေဘးသင့္မႈက အရမ္းအား ေကာင္းတယ္ သူ႔ကိုသာေခၚလာရင္ အဲလူေတြကို ရွင္းပစ္ဖို႔ မိုးၾကိဳးေဘးသင့္ မႈသံုးလုိ႔ရတယ္ အဲလိုဆို အားလံုးအဆင္ေခ်ာသြားမွာပဲ"
"ရႈဂ်င္းက အဲေက်ာင္းသားကို ေခၚထုတ္ရဲပါ့မလား၊ အဲေက်ာင္းသားကို ျမင္တာနဲ႔ အင္အားၾကီးေတြက ေသခ်ာေပါက္သတ္ၾကမွာပဲ၊ ေကာင္းကင္ ဂိုဏ္းက ေက်ာင္းသားေတြကိုကာကြယ္ေပးတယ္ဆိုေပမယ့္ အဲဒါက ေက်ာင္း အျပင္မွာျဖစ္သြားတာေလ၊ ဂိုဏ္းထဲမွာေနတာပဲပိုေကာင္းပါတယ္"
"အဲလူေတြလည္း တန္ပါတယ္ သူတို႔ကပဲ ဂိုဏ္းရဲ႕ မဂၤလာသားရဲ ကိုလုခ်င္ၾကတာ၊ ေနာက္ဆံုးေတာ့ အသတ္ပဲခံလုိက္ရျပီး၊ ကေလးကိုပဲ အျပစ္တင္ေနၾကတာ"
"ေအးေလ သူတို႔ကို အဲလိုသေဘာထားေသးဖို႔ ဘယ္သူေျပာလဲ၊ ငါ့အျမင္ေတာ့ သူတို႔ မဂၤလာသားရဲကို လုႏုိင္သြားရင္ မဂၤလာသားရဲကိုေရာ ကေလးရဲ႕အသက္ကိုပါ ခ်မ္းသာေပးမွာမဟုတ္ဘူး"
"ဟူး အဲကေလးမလာႏုိင္တာေတာ့ ႏွေျမာဖို႔ေကာင္းတယ္ မဟုတ္ရင္ ေကာင္းကင္မိုးၾကိဳးနဲ႔ဆိုရင္ ဒီ တေစၦမ်ိဳးႏြယ္ေတာ့ ထြက္ေျပးႏုိင္မွာမဟုတ္ဘူး"
ရွီမာယူယူသည္ မ်က္ခံုးပင့္မိသည္။ ဒီေနရာရွိလူတုိင္းကေတာ့ ထိုလူ မ်ားအတုိင္းမဟုတ္သည့္ပံုပင္။ သူတုိ႔သည္ လူသားဆန္ေသးသည္။
ထိုအခ်ိန္တြင္ အဖြဲ႕မ်ားခြဲျပီးသြားေလျပီ။ အားနည္းေသာလူမ်ားကို အဖြဲ႕ႏွစ္ဖြဲ႕တြင္ မွ်ထည့္လိုက္ျပီး အားေကာင္းသူမ်ားသည္ ပန္းတို္င္ေနရာသို႔ ဦးတည္သြားၾကမည္။
"ယူယူ ငါတုိ႔နဲ႔လိုက္ခဲ့၊ အဲအဘြားၾကီး မင္းကိုထိခိုက္ေအာင္လုပ္လို႔ မရပါဘူး" ခ်ံဳေရွာင္ထန္သည္ ရွီမာယူယူေဘးလာျပီး ျပံဳးျပေလသည္။
က်န္းယန္ဂိုဏ္းသည္ တိမ္တိုက္နီေတာင္ထိပ္သြားမည့္အဖြဲ႕ကို ဦးေဆာင္သည္။ သူတုိ႔သည္ အတူသြား ၾကမည္ျဖစ္သည္။
ရႈဂ်င္းႏွင့္ ထိုအမ်ိဳးသမီးၾကီးၾကားမွ အျဖစ္အပ်က္ကို ခ်ံဳေရွာင္ထန္ မအံ့ၾသသည္ကို ရီွမာယူယူ သတိထားမိသည္။ သူမ ေမးလုိက္သည္ "ငါ့ဆရာ က ဘာလုိ႔သူမနဲ႔ ဆန္႔က်င္ေနတာလဲသိလား"
ခ်ံဳေရွာင္ထန္သည္ သူမအား အံ့ၾသစြာ ၾကည့္လုိက္ျပီး "မင္း မသိဘူးလား"
ရီွမာယူယူသည္ ေခါင္းရမ္းကာ "ငါ့ဆရာကို သူမ တြန္းလိုက္လို႔ ငါ့ဆရာဒဏ္ရာရသြားဖူးလို႔လား"
"ဟုတ္တည္းဟုတ္တယ္ မဟုတ္လည္းမဟုတ္ဘူး၊ မင္းက သူ႔တပည့္ အေနနဲ႔ မသိဘူးလို႔မထင္မိဘူး၊ ဒါေပမဲ့ အဲဒါက မင္းဆရာဘဝရဲ႕ အဓိကျဖစ္ရပ္ပဲ" ခ်ံဳေရွာင္ထန္ ျပန္ေျဖလုိက္သည္။
"ဟုတ္တည္းဟုတ္တယ္ မဟုတ္လည္းမဟုတ္ဘူးဆိုတာက ဘာ အဓိပၸာယ္လဲ၊ ျမန္ျမန္ေျပာျပ" ရွီမာယူယူသည္ သူ႔လက္ေမာင္းကိုပုတ္ လုိက္သည္။
"အဲလူေၾကာင့္ လူတစ္ေယာက္ဒဏ္ရာရဖူးတာေတာ့ဟုတ္တယ္၊ ဒါေပမဲ့ မင္းဆရာေတာ့မဟုတ္ဘူး မင္းဆရာရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းပဲ ေနာက္ေတာ့ အဲလူေသသြားတယ္၊ ေျပာပံုအရေတာ့ သူမနဲ႔ ပတ္သတ္ တယ္ဆိုပဲ၊ မင္းဆရာက ဂိုဏ္းကိုသြားျပီး သူမကိုသြားရွာတယ္၊ ဒါေပမဲ့ ဂိုဏ္းက သူမကိုကာကြယ္ေပးထားတာ၊ ဒါေပမဲ့ အဲအခ်ိန္တုန္းကလည္း အဲဒါက အျဖစ္အပ်က္ၾကီးပဲ အဲေတာ့အားလံုးသိၾကတယ္" ခ်ံဳေရွာင္ထန္ ေျပာလုိက္ သည္။
ထိုအခါမွပင္ ထိုလူမ်ား ရႈဂ်င္း ထိုအမ်ိဳးသမီးၾကီးႏွင့္ မေက်မလည္ ျဖစ္သည္ကို ေတြ႕ေသာ္လည္း မအံံၾသသည္ကို ရီွမာယူယူနားလည္သြား သည္။
"သြားရေအာင္" ဝမ္ရွီသည္ ခ်ံဳေရွာင္ထန္ႏွင့္ တျခားသူမ်ားကို ေျပာ လုိက္သည္။
ရွီမာယူယူ ေမာ့ၾကည့္လုိက္ရာ အားလံုးသြားေနျပီကို ေတြ႕လုိက္ရ သည္။ က်န္းယန္ဂိုဏ္းတစ္ခုသာ က်န္ေနကာ ဝမ္ရွီသည္ သူတို႔အား ၾကည့္လ်က္ရွိသည္။
ဝမ္ရွီသည္ သူတို႔ႏွစ္ေယာက္စကားေျပာျပီးသည္အထိ ေစာင့္ေနသည့္ ပံုပင္။
ဂုိဏ္းသခင္ကို ေစာင့္ခုိင္းရသည္ကို စဥ္းစားလိုက္ေသာအခါ ရွီမာယူယူ ရွက္ရြံ႕စြာျပံဳးမိသည္။ အၾကိမ္တိုင္းတြင္ သူ႔အေပၚထားရွိသည့္ သေဘာထား မွာ ဘယ္ေလာက္ေကာင္းမြန္လာသည္ကိုမသိေတာ့ေပ။
ဝမ္ရွီသည္ ဝင္ေပါက္ဖြင့္လုိက္ရာ က်န္းယန္ဂိုဏ္းဝင္မ်ား ဝင္လုိက္ၾက သည္။ ရွီမာယူယူႏွင့္ ခ်ံဳေရွာင္ထန္ တို႔သည္ ေနာက္ဆံုးမွဝင္လုိက္ၾကသည္။ ယန္လင္းဝင္ခ်ိန္တြင္ သူမအား မေက်နပ္စြာျဖင့္ ျပန္ၾကည့္ေလသည္။
"စိတ္ထဲမထားနဲ႔ ဂ်ဴနီယာညီမေလးက တေစၦမ်ိဳးႏြယ္ကလူေတြကို မုန္းျပီး ျမန္ျမန္သြားခ်င္ေနလို႔" ခ်ံဳေရွာင္ထန္ ေျပာလုိက္သည္။
"ငါနားလည္ပါတယ္" ရွီမာယူယူ ေခါင္းညိမ့္လိုက္သည္။ မုန္းစရာ ေကာင္းေသာ ေကာင္မေလး၏ တိုက္ခိုက္မႈကို ရလုိက္သည္မွာ ဘာမွေတာ့ မဟုတ္ေပ။
ယန္လင္း ခ်ံဳေရွာင္ထန္ကို ႏွစ္သက္သည္မွာ သူ႔အတြက္ျပႆနာ မ်ားစြာျဖစ္ေစသည္ဟု ေျပာလုိ႔ရသည္။ ထိုဂ်ဴနီယာအစ္မႏွင့္ စီနီယာအစ္မ မ်ားသည္ သူႏွင့္ ေဝးရာတြင္ေနၾကျပီး စီနီယာအစ္ကိုမ်ားသည္ သူ႔အား ျပႆနာရွာၾကသည္။ သို႔ေသာ္ လက္ရွိတြင္ သူမသည္ ေယာက်္ားေလး ဝတ္စံုုဝတ္ထားသည္။ သူမကို အခ်စ္လုဖက္လို႔ေတာ့ ထည့္မတြက္ ေလာက္ပါဘူးေနာ္။
သူတုိ႔ ေလဟာျပင္ဝင္ေပါက္ထြက္လုိက္သည္ႏွင့္ ပထမဆံုးျမင္လုိက္ သည္မွာ ေမွ်ာ္လင့္ထားသလို နတ္ဆိုးတေစၦမ်ားမဟုတ္ပဲ ေတာင္ၾကားရွိပံု ေနေသာ အရိုးမ်ားျဖစ္သည္။ အရိုးမ်ားသည္ ေတာင္ၾကားတစ္ခုလံုး ျပည့္လုနီးပါပင္။ ပုပ္ေစာ္နံေသာ အနံ႔မ်ားသည္လည္း အျပည့္ပင္။
Unicode
အပိုင်း (၇၇၂) – အနက်ရောင်ကြိုး
ထိုအဘွားကြီးသည် ဒေါသများတိုးပွားလာကာ သူမ စကတ်ပင်ပျံ တတ်မတတ် ပေါက်ကွဲလုနီးပါးဖြစ်နေသည်ကို ရှီမာယူယူတွေ့လိုက်ရသည်။
ထိုအမျိုးသမီးကြီး၏ စကတ်တွင် ကြိုးရှိနေသည်ကို သူမ နောက်ဆုံး တွင် သတိထားမိသွားသည်။
အနက်ရောင်ကြိုး...
သူမသည် အော့အန်မိတော့မလို အနည်းငယ်ခံစားလိုက်ရသည်။
အမျိုးသမီးကြီး၏ ဒေါသသည် အချိန်တိုအတွင်းမှာပင် ရှုဂျင်း၏ ဖိနှိပ်ခြင်းကိုခံလိုက်ရသည်။ ရှုဂျင်းသည် လဲကျအောင်မလုပ်ပေ။ သူသည် လက်ကိုဝေ့ရမ်းလိုက်သည်နှင့် အမျိုးသမီးကြီးနေရာမှန်ရောက်သွားသည်။
"မင်းအားက ဘယ်တုန်းကဒီလောက်မြင့်လာတာလဲ" အမျိုးသမီးကြီး သည် နောက်ကို ခြေလှမ်းနှစ်လှမ်းဆုတ်ကာ ရှုဂျင်းအား ကြောက်ရွံ့စွာ ကြည့်လေသည်။
"ဘယ်အချိန်က မြင့်တာလဲဆိုတာ မင်းစိုးရိမ်စရာမလိုပါဘူး" ရှုဂျင်း သည် နှာမှုတ်လေသည်။
"အားလုံးပဲ အချိန်မရဘူး၊ အားလုံးပဲ သွားဖို့လုပ်ကြပါ" အပြာရောင် ဓားသွားသခင် ဒေါသထွက်လာသည်။ ထိုသည်မှာ သွယ်ဝိုက်ကာ ကြားဝင် ဖြန်ဖြေခြင်းဖြစ်သည်။ ထိုစကားကြောင့် အဘွားကြီးသည် ခြေတစ်လှမ်းဆုတ် လိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် သွားရအောင် မဟုတ်ရင် တစ္ဆေမျိုးနွယ်က ထွက်သွားတော့မယ်" လူ တစ်ယောက်က သဘောတူလိုက်သည်။
"ဒါဆို ငါတို့အခုပဲသွားပြီ" ရှောင်ယိ ပြောလိုက်သည် "လူတစ်ဝက်က အနီရောင်တိမ်တိုက်တောင်ထိပ် ကိုသွားမယ် နောက်တစ်ဝက်က ကြံ့တောင် ကြားကိုသွားမယ် ဒီနေ့ကိစ္စကို အားလုံးကိုပဲယုံပြီးအပ်လိုက်ပါပြီ"
ရှီမာယူယူသည် လှည့်ကာ မှင်တက်နေကြသော ချူမိသားစုဝင်များကို ကြည့်လိုက်သည် "အရင်သွားကြတော့ ကိစ္စတွေအကုန်ရှင်းပြီးသွားရင် မင်းတို့ကိုလာပြောလိုက်မယ်"
သူတို့ကို မလိုက်ခိုင်းသည်မှာ အကောင်းဆုံးဖြစ်သည်။ သူတို့သည် အားနည်းကြသည်။ သူတို့သာ လိုက်ခဲ့ပါက တိုက်ပွဲ၏ သက်ရောက်မှုသည် သူတို့ကိုအဆုံးသတ်သွားစေမည်။
ချူလျူနှင့် ချူရီတို့သည် လက်ရှိအခြေအနေကို နားလည်ကြသည်။ "ဒါဆို ကျွန်မတို့ အရင်သွားနှင့်ပါ မယ်"
"လာခဲ့ ကြံ့တောင်ကြားကိုသွားမယ်" ရှုဂျင်း ပြောလိုက်သည်။
"ဆရာ ကျွန်တော် တိမ်တိုက်နီတောင်ထိပ်ကိုသွားချင်တယ်" ရှီမာယူယူ ပြောလိုက်သည်။
တိမ်တိုက်နီတောင်ထိပ်သည် နယ်နိမိတ်မဟုတ်ပဲ တောင်တန်း၏ နာမည်ဖြစ်သည်။ အနီရောင် တောင်ထိပ်နှင့် နာမည်ဆင်တူသည်။ သို့သော် ကွဲပြားမှုများသည်။
"ဘာလို့လဲ" ရှုဂျင်းသည် ရှီမာယူယူအား မရှင်းလင်းစွာကြည့် လိုက်သည်။ အဲလူတွေနဲ့ အသွားချင်ဘူးဆိုတာ အခုလေးတင်ပြော လိုက်တာမလား။
"ဆရာ ကျွန်တော့အရည်အချင်းက တစ္ဆေတွေနဲ့ တိုက်နိုင်ပါတယ်၊ ကျွန်တော်တိမ်တိုက်နီတောင်ထိပ်ကို သွားမယ်ဆိုရင် ပိုအသုံးဝင်ပါလိမ့်မယ်" ရှီမာယူယူသည် ရှုဂျင်းအား မျက်စိမှိတ်ပြလိုက်သည်။
သူမသည် တစ္ဆေတစ်ရာအောင်လံတော်လိုချင်သည်ဟု ဝန်မခံလိုပေ။
သူမ ပုံစံကို ရှုဂျင်းမြင်သောအခါ သူမတွင် သတ္တိရှိသည်ကို သူသိသည်။ သူ့အမူအရာသည် ရှုပ်ထွေးသွား သည်။ ခေတ္တမျှတိတ်ဆိတ်ပြီးနောက် သူ ပြောလိုက်သည် "ဒါဆိုလည်း ဂရုစိုက်"
"ဆရာရှု သူ တစ်ယောက်တည်းသွားလို့ဖြစ်ပါ့မလား" ဆရာတစ် ယောက်သည် သဘောမတူပေ။
တခြားအဖွဲ့မှ အဘိုးကြီးများသည် ရှုဂျင်းကြောင့် ဒေါသထွက်နေ ကြပြီဖြစ်သည်။ အခု သူ့ကျောင်းသား က နောက်တစ်ဖက်ကိုတစ်ယောက် တည်းသွားဦးမယ်။ အဲအဘွားကြီးက သူမကို ထိခိုက်အောင်မလုပ်ပါဘူးလို့ အာမခံဖို့ကခက်နေပြီ။
"ကြောက်လို့လား" ရှုဂျင်း ပြောလေသည် "အဲဒီရုပ်ဆိုးတဲ့အဘွားကြီးရဲ့ အရည်အချင်းနဲ့ဆိုရင် ယူယူ့ကို ထိခိုက်အောင်လုပ်လို့မရဘူး တော်ပြီ သွားကြမယ်"
သူသည် ရှီမာယူယူအား လက်ဝေ့ရမ်းပြလိုက်သည်။
ရှုဂျင်းသည် ထိုအဘွားကြီးအား ဘာကြောင့်ဒီလောက်ဆန့်ကျင်နေ သလဲဆိုသညိကို ရှီမာယူယူ မေးချင်မိသည်။ သူ့ကိုနောက်မှပင် မေးရ မည့်ပုံပင်။
"ဒါဆို တပည့်ကိုသွားခွင့်ပြုပါဦး" ရှီမာယူယူသည် ဂိုဏ်းအဖွဲ့ဝင်များကို အရိုအသေပေးကာ တစ်ဖက်သို့ သွားလိုက်သည်။
ထိုအမျိုးသမီးကြီးသည် ရှီမာယူယူ လျှောက်လာသည်ကို စူးရှသော အကြည့်ဖြင့် ကြည့်နေလေသည်။
ဒီကလေးက ဒီဘက်ကိုတစ်ယောက်တည်းလာရဲတာပဲ... ပြီးမှ သူမကို ဘာအပြစ်မတင်နဲ့။
ရှီမာယူယူသည် ထိုအမျိုးသမီးကြီးဆီမှ စူးရှသောအကြည့်ကိုအာရုံ ခံမိသည်။ သူမသည် ထိုအမျိုးသမီးကြီးအား ကျောပေးလိုက်သည်။
"ရှုဂျင်းလာမှတော့ တခြားကျောင်းသားတစ်ယောက်ကို ဘာလို့ခေါ် မလာတာလဲ" သူမဘေးမှ တစ်ယောက်သည် တခြားသူများကိုပြော လိုက်သည်။
"မင်းပြောတာ မိုးကြိုးဘေးသင့်မှုကို ဆင့်ခေါ်ပြီး ကျွမ်းကျင်သူ တစ်ရာ လောက်ကိုသတ်ပစ်တဲ့ ကျောင်းသားလား"
"ဟုတ်တယ် အဲကျောင်းသားရဲ့ မိုးကြိုးဘေးသင့်မှုက အရမ်းအား ကောင်းတယ် သူ့ကိုသာခေါ်လာရင် အဲလူတွေကို ရှင်းပစ်ဖို့ မိုးကြိုးဘေးသင့် မှုသုံးလို့ရတယ် အဲလိုဆို အားလုံးအဆင်ချောသွားမှာပဲ"
"ရှုဂျင်းက အဲကျောင်းသားကို ခေါ်ထုတ်ရဲပါ့မလား၊ အဲကျောင်းသားကို မြင်တာနဲ့ အင်အားကြီးတွေက သေချာပေါက်သတ်ကြမှာပဲ၊ ကောင်းကင် ဂိုဏ်းက ကျောင်းသားတွေကိုကာကွယ်ပေးတယ်ဆိုပေမယ့် အဲဒါက ကျောင်း အပြင်မှာဖြစ်သွားတာလေ၊ ဂိုဏ်းထဲမှာနေတာပဲပိုကောင်းပါတယ်"
"အဲလူတွေလည်း တန်ပါတယ် သူတို့ကပဲ ဂိုဏ်းရဲ့ မင်္ဂလာသားရဲ ကိုလုချင်ကြတာ၊ နောက်ဆုံးတော့ အသတ်ပဲခံလိုက်ရပြီး၊ ကလေးကိုပဲ အပြစ်တင်နေကြတာ"
"အေးလေ သူတို့ကို အဲလိုသဘောထားသေးဖို့ ဘယ်သူပြောလဲ၊ ငါ့အမြင်တော့ သူတို့ မင်္ဂလာသားရဲကို လုနိုင်သွားရင် မင်္ဂလာသားရဲကိုရော ကလေးရဲ့အသက်ကိုပါ ချမ်းသာပေးမှာမဟုတ်ဘူး"
"ဟူး အဲကလေးမလာနိုင်တာတော့ နှမြောဖို့ကောင်းတယ် မဟုတ်ရင် ကောင်းကင်မိုးကြိုးနဲ့ဆိုရင် ဒီ တစ္ဆေမျိုးနွယ်တော့ ထွက်ပြေးနိုင်မှာမဟုတ်ဘူး"
ရှီမာယူယူသည် မျက်ခုံးပင့်မိသည်။ ဒီနေရာရှိလူတိုင်းကတော့ ထိုလူ များအတိုင်းမဟုတ်သည့်ပုံပင်။ သူတို့သည် လူသားဆန်သေးသည်။
ထိုအချိန်တွင် အဖွဲ့များခွဲပြီးသွားလေပြီ။ အားနည်းသောလူများကို အဖွဲ့နှစ်ဖွဲ့တွင် မျှထည့်လိုက်ပြီး အားကောင်းသူများသည် ပန်းတိုင်နေရာသို့ ဦးတည်သွားကြမည်။
"ယူယူ ငါတို့နဲ့လိုက်ခဲ့၊ အဲအဘွားကြီး မင်းကိုထိခိုက်အောင်လုပ်လို့ မရပါဘူး" ချုံရှောင်ထန်သည် ရှီမာယူယူဘေးလာပြီး ပြုံးပြလေသည်။
ကျန်းယန်ဂိုဏ်းသည် တိမ်တိုက်နီတောင်ထိပ်သွားမည့်အဖွဲ့ကို ဦးဆောင်သည်။ သူတို့သည် အတူသွား ကြမည်ဖြစ်သည်။
ရှုဂျင်းနှင့် ထိုအမျိုးသမီးကြီးကြားမှ အဖြစ်အပျက်ကို ချုံရှောင်ထန် မအံ့သြသည်ကို ရှီမာယူယူ သတိထားမိသည်။ သူမ မေးလိုက်သည် "ငါ့ဆရာ က ဘာလို့သူမနဲ့ ဆန့်ကျင်နေတာလဲသိလား"
ချုံရှောင်ထန်သည် သူမအား အံ့သြစွာ ကြည့်လိုက်ပြီး "မင်း မသိဘူးလား"
ရှီမာယူယူသည် ခေါင်းရမ်းကာ "ငါ့ဆရာကို သူမ တွန်းလိုက်လို့ ငါ့ဆရာဒဏ်ရာရသွားဖူးလို့လား"
"ဟုတ်တည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူး၊ မင်းက သူ့တပည့် အနေနဲ့ မသိဘူးလို့မထင်မိဘူး၊ ဒါပေမဲ့ အဲဒါက မင်းဆရာဘဝရဲ့ အဓိကဖြစ်ရပ်ပဲ" ချုံရှောင်ထန် ပြန်ဖြေလိုက်သည်။
"ဟုတ်တည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူးဆိုတာက ဘာ အဓိပ္ပာယ်လဲ၊ မြန်မြန်ပြောပြ" ရှီမာယူယူသည် သူ့လက်မောင်းကိုပုတ် လိုက်သည်။
"အဲလူကြောင့် လူတစ်ယောက်ဒဏ်ရာရဖူးတာတော့ဟုတ်တယ်၊ ဒါပေမဲ့ မင်းဆရာတော့မဟုတ်ဘူး မင်းဆရာရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ နောက်တော့ အဲလူသေသွားတယ်၊ ပြောပုံအရတော့ သူမနဲ့ ပတ်သတ် တယ်ဆိုပဲ၊ မင်းဆရာက ဂိုဏ်းကိုသွားပြီး သူမကိုသွားရှာတယ်၊ ဒါပေမဲ့ ဂိုဏ်းက သူမကိုကာကွယ်ပေးထားတာ၊ ဒါပေမဲ့ အဲအချိန်တုန်းကလည်း အဲဒါက အဖြစ်အပျက်ကြီးပဲ အဲတော့အားလုံးသိကြတယ်" ချုံရှောင်ထန် ပြောလိုက် သည်။
ထိုအခါမှပင် ထိုလူများ ရှုဂျင်း ထိုအမျိုးသမီးကြီးနှင့် မကျေမလည် ဖြစ်သည်ကို တွေ့သော်လည်း မအံံသြသည်ကို ရှီမာယူယူနားလည်သွား သည်။
"သွားရအောင်" ဝမ်ရှီသည် ချုံရှောင်ထန်နှင့် တခြားသူများကို ပြော လိုက်သည်။
ရှီမာယူယူ မော့ကြည့်လိုက်ရာ အားလုံးသွားနေပြီကို တွေ့လိုက်ရ သည်။ ကျန်းယန်ဂိုဏ်းတစ်ခုသာ ကျန်နေကာ ဝမ်ရှီသည် သူတို့အား ကြည့်လျက်ရှိသည်။
ဝမ်ရှီသည် သူတို့နှစ်ယောက်စကားပြောပြီးသည်အထိ စောင့်နေသည့် ပုံပင်။
ဂိုဏ်းသခင်ကို စောင့်ခိုင်းရသည်ကို စဉ်းစားလိုက်သောအခါ ရှီမာယူယူ ရှက်ရွံ့စွာပြုံးမိသည်။ အကြိမ်တိုင်းတွင် သူ့အပေါ်ထားရှိသည့် သဘောထား မှာ ဘယ်လောက်ကောင်းမွန်လာသည်ကိုမသိတော့ပေ။
ဝမ်ရှီသည် ဝင်ပေါက်ဖွင့်လိုက်ရာ ကျန်းယန်ဂိုဏ်းဝင်များ ဝင်လိုက်ကြ သည်။ ရှီမာယူယူနှင့် ချုံရှောင်ထန် တို့သည် နောက်ဆုံးမှဝင်လိုက်ကြသည်။ ယန်လင်းဝင်ချိန်တွင် သူမအား မကျေနပ်စွာဖြင့် ပြန်ကြည့်လေသည်။
"စိတ်ထဲမထားနဲ့ ဂျူနီယာညီမလေးက တစ္ဆေမျိုးနွယ်ကလူတွေကို မုန်းပြီး မြန်မြန်သွားချင်နေလို့" ချုံရှောင်ထန် ပြောလိုက်သည်။
"ငါနားလည်ပါတယ်" ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ မုန်းစရာ ကောင်းသော ကောင်မလေး၏ တိုက်ခိုက်မှုကို ရလိုက်သည်မှာ ဘာမှတော့ မဟုတ်ပေ။
ယန်လင်း ချုံရှောင်ထန်ကို နှစ်သက်သည်မှာ သူ့အတွက်ပြဿနာ များစွာဖြစ်စေသည်ဟု ပြောလို့ရသည်။ ထိုဂျူနီယာအစ်မနှင့် စီနီယာအစ်မ များသည် သူနှင့် ဝေးရာတွင်နေကြပြီး စီနီယာအစ်ကိုများသည် သူ့အား ပြဿနာရှာကြသည်။ သို့သော် လက်ရှိတွင် သူမသည် ယောကျ်ားလေး ဝတ်စုံဝတ်ထားသည်။ သူမကို အချစ်လုဖက်လို့တော့ ထည့်မတွက် လောက်ပါဘူးနော်။
သူတို့ လေဟာပြင်ဝင်ပေါက်ထွက်လိုက်သည်နှင့် ပထမဆုံးမြင်လိုက် သည်မှာ မျှော်လင့်ထားသလို နတ်ဆိုးတစ္ဆေများမဟုတ်ပဲ တောင်ကြားရှိပုံ နေသော အရိုးများဖြစ်သည်။ အရိုးများသည် တောင်ကြားတစ်ခုလုံး ပြည့်လုနီးပါပင်။ ပုပ်စော်နံသော အနံ့များသည်လည်း အပြည့်ပင်။