အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး...
By NangNang121
66.3K 3K 109
သဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘ... More
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 20
part 21end
part 19
2.3K 124 4
By NangNang121
နန်းသဲနဲ့တူတဲ့သူကိုရှမ်းပွဲခင်းမှာ တစ်ခါတွေ့လိုက်သည်မို့ နန်းမကျေနပ်နိုင်ပဲနောက်ရက်မှာ ထပ်တွေ့လေမလားလို့ သွားရှာကြည့်ပေမယ့် သဲနဲ့တူတဲ့ထိုကလေးမကိုထပ်မတွေ့ရတော့ပေ။
"တီချယ်"
"ဟင်"
ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ ဖြူ့တူမလေးကာရံဖြစ်နေသည်။
"သမီး ဘယ်လိုလုပ်ပြီး"
"လမ်းမှာကတည်းကတီချယ်ကိုတွေ့လိုက်လို့ နောက်ကလိုက်လာတာ"
"ဟုတ်လား ဗိုက်ဆာနေတော့မှာပဲ ဟိုမှာထမင်းကျွေးနေတယ်သွားစားကြမလား"
"ဟုတ်"
နန်း ထိုကလေးမကိုထမင်းကျွေးတဲ့မဏ္ဌပ်ဆီခေါ်သွားလိုက်သည်။ထိုမဏ္ဌပ်တွင် ပွဲလာသမျှပရိသတ်အားလုံးကို ရှမ်းထမင်း ရှမ်းဟင်းဖြင့်တည်ခင်းကျွေးမွေးနေတာဖြစ်သည်။
ဘူဖေးစနစ်လိုပဲ တန်းစီပြီးကိုယ်စားနိုင်သလောက်ထမင်းဟင်းကိုယူပြီး မဏ္ဌပ်အောက်မှာထမင်းသွားစားဖြစ်ကြလေသည်။
စားသောက်ပြီးတော့ ထိုကလေးမနဲ့ပွဲခင်းပတ်ရင်း သဲနဲ့တူတဲ့ကလေးမကိုမြင်လိုက်တော့ နန်းဝမ်းသာအားရဖြင့်ခေါ်လိုက်မိသည်။
"သဲ"
ထိုကလေးမနန်းကိုလှည့်ကြည့်လာသည့်အခါ နန်းအရမ်းအံ့ဩသွားရသည်။
"သဲ"
ဒါသူမရဲ့သဲအစစ်ပဲ။နန်းဝမ်းသာအားရဖြင့် သဲကိုပြေးဖက်ထားလိုက်သည်။သဲမသေဘူး။နန်းရဲ့သဲလေးမသေဘူး။
"ဟို...ဟို အစ်မ သဲကိုသိတာလား"
"ဟင်"
အစ်မတဲ့လား။အစ်မ သဲကိုသိတာလားတဲ့။သူစိမ်းဆန်သွားလိုက်တာ။
"သဲ မလေ၊မကိုမမှတ်မိဘူးလား"
"အစ်မ သဲကအစ်မကိုမှတ်မိမှာမဟုတ်ဘူး သဲကအတိတ်မေ့နေတာမို့ပါ"
သဲအနောက်ကလူငယ်လေးက ဖြေလာသည်။ဒီလူကရောဘာလဲ။သဲနဲ့ဘယ်လိုပက်သတ်နေတာလဲ။
"မောင်လေးက"
"ကျွန်တော်ကသဲရဲ့ချစ်သူပါ မကြာခင်လက်ထပ်ကြတော့မှာ"
"ဟင်"
ဘာတွေလဲ။နန်း အထိတ်တလန့်ဖြစ်သွားသည်။သေသွားပြီထင်ခဲ့တဲ့ သူကိုအခုမှသက်ရှိထင်ရှားရှိနေကြောင်းသိရလို့မှကောင်းကောင်းမပျော်ရသေးဘူး သဲကချစ်သူနဲ့တဲ့လား။နန်းထိတ်လန့်သွားမိသည်။
ကာရံတီချယ်တို့ကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေသည်။ဟိုကောင်လေးနဲ့အစ်မခပ်ချောချောက ဆုံးသွားပြီဆိုတဲ့တီချယ့်ချစ်သူလား။တီချယ့်ချစ်သူက accidentကြောင့်ဆုံးသွားခဲ့ပြီမဟုတ်ဘူးလား။
________________________________________________
နန်း အခြေအနေကိုသိပ်နားမလည်နိုင်ဖြစ်နေသည်မို့ သဲတို့အဖေအိမ်ကိုလိုက်သွားဖြစ်သည်။ဟိုကိုရောက်တော့ နန်းကိုမြင်ပြီး သဲအဖေမျက်နှာပျက်သွားရှာသည်။သဲအဖေက သဲမသေပဲအသက်ရှင်နေခဲ့တာ နန်းကိုဖုံးကွယ်ထားခဲ့တာလား။
"သမီး "
"နန်း အဖေတို့စကားခဏပြောရအောင် သားနဲ့သမီးသဲသဲကခဏရှောင်ပေးပါလား"
ထိုအခါ သဲနဲ့ထိုကောင်လေးက ရှောင်ထွက်သွားလေသည်။
"သဲ...သဲကအသက်ရှင်နေခဲ့တာလား"
"တောင်းပန်ပါတယ်သမီးနန်း၊အဖေလဲသမီးသဲသဲအသက်ရှင်နေခဲ့တာကိုနောက်မှသိခဲ့ရတာပါ"
သဲအဖေကတစ်ကယ်ပဲ သဲအသက်ရှင်နေတာကို သိရက်နန်းကိုဖုံးကွယ်ထားခဲ့တာပါလား။နန်းရင်ထဲမှာနာကျင်မိသည်။
"အဖေဘာလို့နန်းကိုမပြောခဲ့ရတာလဲ သဲကကျွန်မလက်ထပ်ထားတဲ့သူပါ ဘာပဲဖြစ်ဖြစ်သဲအသက်ရှင်နေတယ်ဆိုတာကိုကျွန်မကိုအသိပေးခဲ့သင့်တယ် မဟုတ်ဘူးလား"
ဦးရဲခေါင်သက်ပြင်းရှည်ကြီးချလိုက်သည်။
"အဖေပြောမယ်သမီး အဲ့ဒီတုန်းကအဖေလဲသမီးသဲသဲကိုဆုံးရှုံးလိုက်ရပြီဆိုပြီးခံစားနေခဲ့ရတာ တစ်လလောက်ကြာတော့မှ ခုနကမောင်မင်းသူကသမီးကိုအိမ်ခေါ်လာတယ် အဲ့ဒီအချိန်မှာသမီးနဲ့မောင်မင်းသူကချစ်နေကြပြီ ပြီးတော့သမီးကအတိတ်ကိုလဲမမှတ်မိဘူး"
"ဟင်"
ထိုကောင်လေးက သဲကိုကယ်ထားပေးခဲ့တဲ့သူလား။
"မောင်မင်းသူက အလုပ်ကိစ္စနဲ့ခရီးထွက်သွားရင်း လမ်းမှာaccidentဖြစ်တဲ့ကားထဲကလွှတ်မြောက်လာတဲ့တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူဖြစ်တဲ့သမီးသဲသဲကို ကယ်တင်ပေးထားခဲ့တဲ့သူပါ သမီးလေး အိမ်ပြန်ရောက်လာခဲ့ပေမယ့် ကောင်းကောင်းမကျန်းမာသေးတာကြောင့်မို့ မြို့မှာနှစ်ဝက်လောက်ဆေးသွားကုခဲ့ရတယ်"
"ဒါကြောင့် သဲသဲအသက်ရှင်နေသေးတဲ့အကြောင်းသမီးကိုအသိမပေးဖြစ်တာပါ ပြီးတော့သမီးဆီကိုဆက်သွယ်လိုက်ရင်လဲ သမီးသဲသဲကသမီးကိုမမှတ်မိတဲ့အပြင် သဲသဲမှာကချစ်သူပါရှိနေပြီဆိုတော့ သမီးကိုပိုပြီးနာကျင်စေမှာစိုးရိမ်မိလို့ပါ"
သဲအဖေပြောတာလဲမှန်တာပဲ။အဲ့ဒီအချိန်မှာ သဲကိုအဲ့လိုအခြေအနေနဲ့မြင်လိုက်ရရင်နန်းဘယ်လိုမှခံစားနိုင်မှာမဟုတ်ဘူး။အခုလဲနန်းနာကျင်ရပါသည်။သဲကသူစိမ်းယောက်ျားလေးတစ်ယောက်နဲ့ချစ်သူဖြစ်နေသည်တဲ့လား။
နန်းမျက်ဝန်းမှ မျက်ရည်တို့အလိုလိုစီးကျလာလေသည်။
သဲ ဖေဖေနဲ့ထိုအစ်မတို့စကားပြောနေသည် အဝေးကကြည့်နေရင်း ဘာတွေပြောနေကြလဲတွေးနေမိသည်။ထိုအစ်မငိုနေတာမြင်တော့ သဲရင်ဘတ်ထဲမှာနာကျင်လာသလိုခံစားရသည်။မမရဲ့မျက်ရည်တွေက သဲနှလုံးသားကိုတဆစ်ဆစ်နာကျင်စေသည်။ဒါဘာဖြစ်လို့များပါလိမ့်။
သဲ ရပ်ကြည့်မနေနိုင်တော့ပဲ မမရှေ့ကိုသွားလိုက်မိသည်။
"ဖေဖေ၊မမ ဘာဖြစ်လို့လဲ ဖေဖေ မမကိုငိုအောင်ဘာတွေပြောလိုက်တာလဲ"
"ဘာမှမဟုတ်ပါဘူး သမီး"
"သဲ"
"မမ"
သဲကသူမကိုသူစိမ်းဆန်စွာကြည့်လာသည်။သူမမျက်စိရှေ့ကသဲက နန်းနဲ့တစ်ကယ်ပဲမသက်ဆိုင်တော့ဘူးလား။နန်းနဲ့သဲကလက်ထပ်ထားခဲ့ကြပြီးပြီလေ။အခုတော့ သဲကိုတစ်ခြားကောင်လေးလက်ထဲ ထည့်ပေးလိုက်ရတော့မှာလား။သဲမျက်နှာလေးကို ငေးမောကြည့်နေရင်း မျက်ရည်တွေကျလာပြန်သည်။
"မမ ဘာလို့ငိုတာလဲ၊မမ မငိုပါနဲ့ မမငိုရင်သဲလဲငိုချင်တယ်သဲရင်ထဲမကောင်းလို့ မငိုပါနဲ့နော်"
"အင်း တို့မငိုတော့ဘူး၊တို့ကသဲအသက်ရှင်နေသေးတာကိုသိရလို့ ပျော်ပြီးငိုမိတာပါ"
နန်းမျက်ရည်တွေကို သုတ်လိုက်ပြီးသဲကိုပြုံးပြလိုက်သည်။ဟုတ်သည် နန်းအတွက်သဲအသက်ရှင်နေသေးတယ်ဆိုတာလေးတစ်ခုနဲ့တင် လုံလောက်ပါပြီ။နန်းဒီထက်ပိုပြီး ဘာမှမမျှော်လင့်တော့ပေ။သဲကျန်းကျန်းမာမာနဲ့အသက်ရှင်နေပြီး ပျော်ရွှင်နေရင်ပဲ နန်းကျေနပ်ပါပြီ။သဲလေးထာဝရပျော်ရွှင်စေဖို့ကို နန်းရင်ထဲကလှိုက်လှိုက်လှဲလှဲဆုတောင်းလိုက်မိသည်။
မမပြန်သွားပြီးတော့ သဲထိုအစ်မအကြောင်းကိုတွေးနေမိသည်။မမနန်းကဘယ်သူများပါလိမ့်။သဲနှလုံးသားထဲမှာအရမ်းရင်းနှီးခဲ့ဖူးသလိုခံစားရသည်။
ဖေဖေကိုမေးတော့ မမတို့အိမ်မှာသဲငှားနေခဲ့ဖူးသည်တဲ့။သဲကအိမ်ရှိရက်နဲ့ ဘာဖြစ်လို့များ မမတို့အိမ်မှာသွားငှားနေခဲ့ပါလိမ့်။သဲနားမလည်နိုင်ဖြစ်မိသည်။
21/11/2021
________________________________________________
Zawgyi
"တီချယ်"
"ဟင်"
"သမီး ဘယ်လိုလုပ်ပြီး"
"ဟုတ်"
"သဲ"
"သဲ"
"ဟင်"
"မောင်လေးက"
"ဟင်"
________________________________________________
"သမီး "
"ဟင်"
"ဘာမှမဟုတ်ပါဘူး သမီး"
"သဲ"
"မမ"
21/11/2021
________________________________________________
Continue Reading
You'll Also Like
24.7K 1.5K 44
စာမေးပွဲဖြေတုန်းကအခန်းစောင့်တဲ့ဆရာမကလည်း ကိုယ့်အချစ်ဆုံးလူသားဖြစ်လာနိုင်ပါတယ် တီချယ်ကိုလေသမီးအရမ်းချစ်တာ ...
34.6K 1.7K 15
စရိုက်မတူပဲ.. တစ်ယောက်နဲ့တစ်ယောက် ကြည့်မရအောင်မုန်းနေသော ကောင်မလေးနှစ်ဦးဟာ...နောက်ဆုံး...အဲ့ဒီ အမုန်းတွေက....
6.7K 464 21
ချစ်ရတဲ့ သတို့သား ဆုံးသွားခဲ့လို့.. လောကကြီးကို စိတ်ကုန်နေတဲ့.. Minaက တစ်နေ့မှာ Suicide လုပ်ဖို့ကြိုးစားရင်း.. မထင်မှတ်ပဲ Chaeyoung ဆိုတဲ့ ကောင်မလေး...
2.3K 71 4
"𝐲𝐨𝐮𝐫𝐞 𝐦𝐲 𝐰𝐨𝐧𝐝𝐞𝐫𝐰𝐚𝐥𝐥" 𝐢𝐧 𝐰𝐡𝐢𝐜𝐡 autumn jefferson is given a second chance in the love island villa a year later, after taking...