ချစ်မြဲ ချစ်ဆဲ

By smiling-Onion

264K 10K 54

ယခု ( ချစ်မြဲ ချစ်ဆဲ ) ဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း ဇာတ်ကောင်များသည် ကိုယ်တိုင်ဖန်တီးထားသော အရေးအသား အကြေ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
အပိုင်း ၇၁
အပိုင်း ၇၂
ဇာတ်သိမ်းပိုင်း

အပိုင်း ၂၇

2.8K 113 0
By smiling-Onion

(unicode)

နှုတ်ခမ်းလေးစူထော်ထားသော စွယ်သော်လင်းကို ဒေါင်းမာန်အရိပ်တကြည်ကြည်ဖြင့် ရှိနေလေသည်။ အလုပ်စားပွဲတွင်ထိုင်နေသော်လည်း စိတ်အစဥ်သည် အလုပ်၌အပြည့်အဝရှိမထားနိုင်ဘဲ ဆိုဖာထက်ရှိနေသော စူပုတ်ပုတ်မျက်နှာဖြင့် အဝတ်ထုပ်အနီထံ မကြာမကြာလှမ်းကြည်နေမိသည်။

ထိုင်နေသည်မှာ အတန်ကြာပြီးဖြစ်၍ ပျင်းရိလာပေပြီး။ ထိုပြင့် ဘာအကြောင်းများကြောင့် XZ အုပ်စု၏ဥက္ကဋ္ဌရုံးခန်းဝယ် အားယားစွာထိုင်နေမိတာလဲ။

အကြောင်းမှာ morning kiss တောင်း၍ ပြင်သစ်အနမ်းသို့ ကူးပြောင်းယူဆောင်သွားရုံမက လူတစ်ယောက်လုံးကိုလည်း ကုမ္ပဏီသို့သယ်ယူလာသော လူကြီးကြောင့်ပင်။

ငြိမ်သက်စွာထိုင်နေသူကြောင့် ဒေါင်းမာန်အလုပ်တို့ကို ခဏရပ်ထားလိုက်ပြီး ကလေးပေါက်ထိုင်နေရာ ဆိုဖာဆီသို့ လျှောက်သွားလိုက်သည်။

" ဘေဘီ "

ခေါ်လိုက်လျှင်မျက်နှာလေးကို တခြားဖက်သို့ လှည့်လိုက်သူကြောင့်

" ကိုယ်ကို ကြည်ပါအုန်း။ ဘေဘီပဲ တွေးကြည်၊
တိုက်ခန်းထဲ တစ်ယောက်တည်းနေခဲ့မယ်တူတူ အခုလို့နှစ်ယောက်အတူရှိတာ ပိုမကောင်းဘူးလား "

အပြောကတော့ ဟုတ်သလိုလိုရှိပေသည်။

" ဗိုက်ဆာလား။ ဘာစားချင်လဲ ကိုယ်ကိုပြော၊ ချက်ချင်းမှာ ခိုင်းလိုက်မယ် "

" ကုမ္ပဏီခေါ်လာမယ်ဆိုလည်း ကြိုပြောလေ၊ ပြင်ပြင်ဆင်ဆင်လေး ဝတ်ထားရအောင်၊ ခုကျကြည်အုန်း၊ ညအိပ်ထားတဲ့အဝတ်နဲ့ ပါလာရတယ် "

" ဟုတ်ပါပြီး ဟုတ်ပါပြီး။ ကိုယ်မှားသွားတယ် "

" ဘာမှားလဲ ပြော "

" ဟင် ! "

" ခင်ဗျား ဘာမှားလဲဆိုတာ ပြန်ပြောလို့ "

" အာ...ကိုယ် သဝန်တိုပြီး အတင်းအကျပ်မခေါ်လာသင့်ဘူး။ ဒါပေမယ့် အဲကောင်က ဘာလို့အားတိုင်းဖုန်းဆက်နေတာလဲ "

စကားပြောနေရင်းမှ မနက်က အကြောင်းရာသို့ ပြန်လည်ရောက်သွား၍ လေသံမှာ ဒေါသသံသို့ပြောင်းသွားရ၏။

" ကိုနေ့သစ်က တစ်ခါတလေမှဆက်တာပါ လူကြီးရာ "

" ဟုတ်လို့လား "

မသင်္ကာသလိုအမေးကြောင့် သေချာစိုက်ကြည်လိုက်လျှင် အနားပိုတိုးကပ်လာ၍ ရင်ခွင်ထဲဆွဲသွင်းပွေ့ပိုက်ဖက်လာ၏။ ဒေါင်းမာန်ရင်ခွင်ထဲရှိ ခေါင်းလုံးလေးပေါ် မေးအသာတင်လိုက်ပြီး

" ဘေဘီကို စိတ်မချတာမဟုတ်ဘူး၊ ဟိုကောင်ကို စိတ်မချတာ "

" ...... "

အတွေးလွန်နေသူအား ပြန်ပြောလည်း လက်ခံပေးမည်မထင်၍ ဘာမှပြန်မပြောဖြစ်။

" အကြည့်တွေကို ကိုယ်သိတယ်လေ "

" လူကြီးထင်လို့ပါ "

ဘေဘီပေါက်အပြောကြောင့် ဒေါင်းမာန်ထပ်မပြောဖြစ်တော့။ ဘေဘီက မမြင်သော်လည်း ဒေါင်းမာန်အဖို့မြွေမြွေချင်း ခြေမြင်ကြသည်မှာ သဘာဝပင်။ ထို့ကြောင့် နေ့သစ်ပိုင်အကြည်တို့ကို ဒေါင်းမာန် ခံစားနားလည်သည်။

" ငါ့နောက်ပဲ လိုက်မနေ့နဲ့လေ "

" ......."

ဇန်ငြိမ်းချမ်းကိုစိတ်အတော်လေနေမိသည်။ လူ ထင်ကျော်တစ်ယောက် စိတ်လွတ်သွားတာများလား။

" မင်းဘယ်လို့ဖြစ်နေတာလဲ၊ ငါလမ်းထိပ် ခဏသွားမလို့လေ၊ မင်းက ဘာလိုက်လုပ်ချင်ပြန်တာ
လဲ "

ကျွန်တော် ကျင့်သားမရနိုင်သေး။ အရင်က လူထင်အား ကောင်မလေးများနှင့်အတူ တွေ့ရသည်ကို မကြိုက်ပါ။ အခုလို့ကျပြန်တော့လည်း အနည်းငယ် စိတ်မရှည်ဖြစ်ရလေ၏။ မမနှင်းဆိုသူနှင့် လမ်းခွဲပြီးနောက်ပိုင်း ကောင်မလေးအ သစ်ထပ်မထားသေးသည့် လူထင်မှာ မမနှင်းဆိုသူအား အခြားရည်းစားများထက် ပိုချစ်ပုံရလေ၏။ ထို့ကြောင့်လည်း အသဲကွဲပြီးနောက် အခုကဲ့သို့ လွတ်ကျွတ်ကျွတ်ဖြစ်သွားပုံ ရ၏။

တီးလုံးသံများ၊ မီးရောင်များ ထိုးဖောက်မဝင်နိုင်အောင်ကာရံဖန်းတီထားသော အခန်းငယ်လေးထဲတွင် ​ ကဗွီးတစ်ယောက်ရှိနေပေသည်။ အရှေ့စား ပွဲထက်မှ ဓာတ်ပုံများကို တစ်ပုံချင်းစီ ယူကြည်နေမိသည်။ ဓာတ်ပုံတစ်ပုံယူကြည်လိုက်ချိန်တိုင်း
ကဗွီးမျက်နှာထက်၌ ဝမ်းနည်းခြင်း၊ အလိုမကျခြင်းမည်သောအပြုံးများ ပိုထင်ပေါ်လာပေသည်။

ထိုထဲမှ hoodie အနီပွကြီးဖြင့်ကောင်လေးအား အရပ်မြင့်မြင့်လူတစ်ယောက် ပွေ့ချီထားသော ဓာတ်ပုံသည် ကဗွီးအကြည့်ကို အပိုင်သိမ်းထားပေသည်။

ခဏတာခိုဝင်ခွင့်ရခဲ့သောထိုရင်ခွင်၌ ပိုင်ရှင်အ စစ်သည် နေရာပြန်ယူလာလေပေပြီး။ သို့သော် လက်မလွတ်ချင်သေး။ မျှော်လင့်ချက်လေး လည်း ထားမိပေသည်။

...📱..(တူ တူ တူ)..📱...

" Hello "

" hello ကိုကို၊ ကဗွီးကို လာကြိုပေးပါ "

" အိုကေ။ ကိုယ်အလုပ်ပြီးတာနဲ့ ချက်ချင်းလာခဲ့မယ် "

" အင်း "

ချသွားပြီးသောဖုန်းကိုကြည်လျက် နှုတ်ခမ်းသား
အစွန်းလေးတို့ အသာတွန့်တတ်သွား၏။

ရည်းစားသာရှိပြီး အလုပ်အကိုင်မရှိသော စွယ်သော်လင်းတစ်ယောက် အခန်းထဲဝယ် စားလိုက် အိပ်လိုက်ဖြင့် အနားယူနေလေသည်။

...📱..(ဖုန်းသံ)..📱...

contact name ကိုကြည်လိုက်လျှင် "ပိုင်ဆိုင်သူ" ဆိုသော စာသားကြောင့် အလိုလိုပြုံးမိပြန်၏။ ဘယ်သူရေးထားလဲဆိုသည်မှာ ပြောနေစရာပင် မလိုတော့ပေ။

" Hello "

" ကလေးငယ် ကိုယ်အပြန်နောက်ကျမယ်၊ ညစာစား မစောင့်နဲ့တော့နော် "

ခေါ်ပြန်လေပြီး နာမ်စားသစ်နောက်တစ်ခု။ သို့ သော်လည်း လူကြီးနှုတ်မှခေါ်လာသောနာမ်စားဟူသမျှကို နှစ်သက်နေမိ၍ ကျေကျေနပ်နပ်သာလက်ခံသဘောကျရပေသည်။

" ဟုတ်ကဲ့ "

" ကလေးငယ် "

" ဗျာ "

" ချစ်တယ် "

" အင်း။ ကျွန်တော်လည်း ချစ်တယ် "

(zawgyi)

ႏႈတ္ခမ္းေလးစူေထာ္ထားေသာ စြယ္ေသာ္လင္းကို ေဒါင္းမာန္အရိပ္တၾကည္ၾကည္ျဖင့္ ရွိေနေလသည္။ အလုပ္စားပြဲတြင္ထိုင္ေနေသာ္လည္း စိတ္အစဥ္သည္ အလုပ္၌အျပည့္အဝရွိမထားႏိုင္ဘဲ ဆိုဖာထက္ရွိေနေသာ စူပုတ္ပုတ္မ်က္ႏွာျဖင့္ အဝတ္ထုပ္အနီထံ မၾကာမၾကာလွမ္းၾကည္ေနမိသည္။

ထိုင္ေနသည္မွာ အတန္ၾကာၿပီးျဖစ္၍ ပ်င္းရိလာေပၿပီး။ ထိုျပင့္ ဘာအေၾကာင္းမ်ားေၾကာင့္ XZ အုပ္စု၏ဥကၠ႒႐ုံးခန္းဝယ္ အားယားစြာထိုင္ေနမိတာလဲ။

အေၾကာင္းမွာ morning kiss ေတာင္း၍ ျပင္သစ္အနမ္းသို႔ ကူးေျပာင္းယူေဆာင္သြား႐ုံမက လူတစ္ေယာက္လုံးကိုလည္း ကုမၸဏီသို႔သယ္ယူလာေသာ လူႀကီးေၾကာင့္ပင္။

ၿငိမ္သက္စြာထိုင္ေနသူေၾကာင့္ ေဒါင္းမာန္အလုပ္တို႔ကို ခဏရပ္ထားလိုက္ၿပီး ကေလးေပါက္ထိုင္ေနရာ ဆိုဖာဆီသို႔ ေလွ်ာက္သြားလိုက္သည္။

" ေဘဘီ "

ေခၚလိုက္လွ်င္မ်က္ႏွာေလးကို တျခားဖက္သို႔ လွည့္လိုက္သူေၾကာင့္

" ကိုယ္ကို ၾကည္ပါအုန္း။ ေဘဘီပဲ ေတြးၾကည္၊
တိုက္ခန္းထဲ တစ္ေယာက္တည္းေနခဲ့မယ္တူတူ အခုလို႔ႏွစ္ေယာက္အတူရွိတာ ပိုမေကာင္းဘူးလား "

အေျပာကေတာ့ ဟုတ္သလိုလိုရွိေပသည္။

" ဗိုက္ဆာလား။ ဘာစားခ်င္လဲ ကိုယ္ကိုေျပာ၊ ခ်က္ခ်င္းမွာ ခိုင္းလိုက္မယ္ "

" ကုမၸဏီေခၚလာမယ္ဆိုလည္း ႀကိဳေျပာေလ၊ ျပင္ျပင္ဆင္ဆင္ေလး ဝတ္ထားရေအာင္၊ ခုက်ၾကည္အုန္း၊ ညအိပ္ထားတဲ့အဝတ္နဲ႔ ပါလာရတယ္ "

" ဟုတ္ပါၿပီး ဟုတ္ပါၿပီး။ ကိုယ္မွားသြားတယ္ "

" ဘာမွားလဲ ေျပာ "

" ဟင္ ! "

" ခင္ဗ်ား ဘာမွားလဲဆိုတာ ျပန္ေျပာလို႔ "

" အာ...ကိုယ္ သဝန္တိုၿပီး အတင္းအက်ပ္မေခၚလာသင့္ဘူး။ ဒါေပမယ့္ အဲေကာင္က ဘာလို႔အားတိုင္းဖုန္းဆက္ေနတာလဲ "

စကားေျပာေနရင္းမွ မနက္က အေၾကာင္းရာသို႔ ျပန္လည္ေရာက္သြား၍ ေလသံမွာ ေဒါသသံသို႔ေျပာင္းသြားရ၏။

" ကိုေန႔သစ္က တစ္ခါတေလမွဆက္တာပါ လူႀကီးရာ "

" ဟုတ္လို႔လား "

မသကၤာသလိုအေမးေၾကာင့္ ေသခ်ာစိုက္ၾကည္လိုက္လွ်င္ အနားပိုတိုးကပ္လာ၍ ရင္ခြင္ထဲဆြဲသြင္းေပြ႕ပိုက္ဖက္လာ၏။ ေဒါင္းမာန္ရင္ခြင္ထဲရွိ ေခါင္းလုံးေလးေပၚ ေမးအသာတင္လိုက္ၿပီး

" ေဘဘီကို စိတ္မခ်တာမဟုတ္ဘူး၊ ဟိုေကာင္ကို စိတ္မခ်တာ "

" ...... "

အေတြးလြန္ေနသူအား ျပန္ေျပာလည္း လက္ခံေပးမည္မထင္၍ ဘာမွျပန္မေျပာျဖစ္။

" အၾကည့္ေတြကို ကိုယ္သိတယ္ေလ "

" လူႀကီးထင္လို႔ပါ "

ေဘဘီေပါက္အေျပာေၾကာင့္ ေဒါင္းမာန္ထပ္မေျပာျဖစ္ေတာ့။ ေဘဘီက မျမင္ေသာ္လည္း ေဒါင္းမာန္အဖို႔ေႁမြေႁမြခ်င္း ေျချမင္ၾကသည္မွာ သဘာဝပင္။ ထို႔ေၾကာင့္ ေန႔သစ္ပိုင္အၾကည္တို႔ကို ေဒါင္းမာန္ ခံစားနားလည္သည္။

" ငါ့ေနာက္ပဲ လိုက္မေန႔နဲ႔ေလ "

" ......."

ဇန္ၿငိမ္းခ်မ္းကိုစိတ္အေတာ္ေလေနမိသည္။ လူ ထင္ေက်ာ္တစ္ေယာက္ စိတ္လြတ္သြားတာမ်ားလား။

" မင္းဘယ္လို႔ျဖစ္ေနတာလဲ၊ ငါလမ္းထိပ္ ခဏသြားမလို႔ေလ၊ မင္းက ဘာလိုက္လုပ္ခ်င္ျပန္တာ
လဲ "

ကြၽန္ေတာ္ က်င့္သားမရႏိုင္ေသး။ အရင္က လူထင္အား ေကာင္မေလးမ်ားႏွင့္အတူ ေတြ႕ရသည္ကို မႀကိဳက္ပါ။ အခုလို႔က်ျပန္ေတာ့လည္း အနည္းငယ္ စိတ္မရွည္ျဖစ္ရေလ၏။ မမႏွင္းဆိုသူႏွင့္ လမ္းခြဲၿပီးေနာက္ပိုင္း ေကာင္မေလးအ သစ္ထပ္မထားေသးသည့္ လူထင္မွာ မမႏွင္းဆိုသူအား အျခားရည္းစားမ်ားထက္ ပိုခ်စ္ပုံရေလ၏။ ထို႔ေၾကာင့္လည္း အသဲကြဲၿပီးေနာက္ အခုကဲ့သို႔ လြတ္ကြၽတ္ကြၽတ္ျဖစ္သြားပုံ ရ၏။

တီးလုံးသံမ်ား၊ မီးေရာင္မ်ား ထိုးေဖာက္မဝင္ႏိုင္ေအာင္ကာရံဖန္းတီထားေသာ အခန္းငယ္ေလးထဲတြင္ ​ ကဗြီးတစ္ေယာက္ရွိေနေပသည္။ အေရွ႕စား ပြဲထက္မွ ဓာတ္ပုံမ်ားကို တစ္ပုံခ်င္းစီ ယူၾကည္ေနမိသည္။ ဓာတ္ပုံတစ္ပုံယူၾကည္လိုက္ခ်ိန္တိုင္း
ကဗြီးမ်က္ႏွာထက္၌ ဝမ္းနည္းျခင္း၊ အလိုမက်ျခင္းမည္ေသာအၿပဳံးမ်ား ပိုထင္ေပၚလာေပသည္။

ထိုထဲမွ hoodie အနီပြႀကီးျဖင့္ေကာင္ေလးအား အရပ္ျမင့္ျမင့္လူတစ္ေယာက္ ေပြ႕ခ်ီထားေသာ ဓာတ္ပုံသည္ ကဗြီးအၾကည့္ကို အပိုင္သိမ္းထားေပသည္။

ခဏတာခိုဝင္ခြင့္ရခဲ့ေသာထိုရင္ခြင္၌ ပိုင္ရွင္အ စစ္သည္ ေနရာျပန္ယူလာေလေပၿပီး။ သို႔ေသာ္ လက္မလြတ္ခ်င္ေသး။ ေမွ်ာ္လင့္ခ်က္ေလး လည္း ထားမိေပသည္။

...📱..(တူ တူ တူ)..📱...

" Hello "

" hello ကိုကို၊ ကဗြီးကို လာႀကိဳေပးပါ "

" အိုေက။ ကိုယ္အလုပ္ၿပီးတာနဲ႔ ခ်က္ခ်င္းလာခဲ့မယ္ "

" အင္း "

ခ်သြားၿပီးေသာဖုန္းကိုၾကည္လ်က္ ႏႈတ္ခမ္းသား
အစြန္းေလးတို႔ အသာတြန္႔တတ္သြား၏။

ရည္းစားသာရွိၿပီး အလုပ္အကိုင္မရွိေသာ စြယ္ေသာ္လင္းတစ္ေယာက္ အခန္းထဲဝယ္ စားလိုက္ အိပ္လိုက္ျဖင့္ အနားယူေနေလသည္။

...📱..(ဖုန္းသံ)..📱...

contact name ကိုၾကည္လိုက္လွ်င္ "ပိုင္ဆိုင္သူ" ဆိုေသာ စာသားေၾကာင့္ အလိုလိုၿပဳံးမိျပန္၏။ ဘယ္သူေရးထားလဲဆိုသည္မွာ ေျပာေနစရာပင္ မလိုေတာ့ေပ။

" Hello "

" ကေလးငယ္ ကိုယ္အျပန္ေနာက္က်မယ္၊ ညစာစား မေစာင့္နဲ႔ေတာ့ေနာ္ "

ေခၚျပန္ေလၿပီး နာမ္စားသစ္ေနာက္တစ္ခု။ သို႔ ေသာ္လည္း လူႀကီးႏႈတ္မွေခၚလာေသာနာမ္စားဟူသမွ်ကို ႏွစ္သက္ေနမိ၍ ေက်ေက်နပ္နပ္သာလက္ခံသေဘာက်ရေပသည္။

" ဟုတ္ကဲ့ "

" ကေလးငယ္ "

" ဗ်ာ "

" ခ်စ္တယ္ "

" အင္း။ ကြၽန္ေတာ္လည္း ခ်စ္တယ္ "

Continue Reading

You'll Also Like

39.7K 2.2K 14
[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 ] လူရှိုင်း x ရှေးရိုးစံ ကိုယ်စောင့်နတ်တောင် မသတီလို့ ကိုယ့်အနားမနေတာ ဒီကောင်လေးက သိပ်ကပ်တွယ်လွန်းတယ်။ (Z) လူရွိုင္း x ေရွးရိုးစံ...
4.3K 259 47
~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023
797K 51.4K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
6.5K 303 19
started date < 11 August 2021 end date < ...... " ေမာင္ ဒီနာမ္စားေလးသိပ္ေခၚခ်င္ခဲ့တာ " " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ "