(Unicode)
Big Warning🚨🚨🚨- တစ်ရှူးဆောင်ထားကြပါ
ချန်လီကောခန့်မှန်းထားသလိုမျိုး သူဒီကမ္ဘာကထွက်ခါရဖို့ ခြေတစ်လှမ်းပဲလိုတော့တာ ဖြစ်ခဲ့ရင်.......
ချန်လီကောက ကားမောင်းနေတဲ့တစ်လျှောက်လုံး systemနဲ့စကားပြောနေခဲ့သည်။အဲဒီအကြောင်းကတော့ သူနောက်ဝင်ရမယ့်
ကမ္ဘာအခြေအနေက ဘယ်လိုရှိလဲ ဆိုတာပင်။
systemက သူ့ရဲ့ စက်ရုပ်အသံနှင့်ပြောသည်။
"ကောင်းပါတယ်"
သို့သော်လည်း သူ့စကားက ချန်လီကော၏
ဆံပင်များသာ ထောင်သွားစေသည်။
"ထုံကျစ်၊ ပွင့်လင်းကြရအောင်၊ငါတို့က တစ်လှေတည်းစီးနေရတာ ငါအခက်အခဲကြုံရင် မင်းလည်း အေးဆေးနေရမှာ မဟုတ်ဘူး"
system-ဟီးဟီးဟီး
ချန်လီကောက ကြောက်လန့်သွားပြီး ကန့်သတ်ထားတဲ့လမ်းပေါ်သို့တောင် မောင်းမလို
ဖြစ်သွားသည်။
ဒီနေ့က တကယ့်နေ့ပါ၊ယွမ်အန်းကော မတော်တဆဖြစ်ပြီး သူ့မှတ်ဉာဏ်တွေပျောက်ဆုံးသွားမယ့်နေ့ပါ။
သူမှတ်ဉာဏ်တွေပျောက်သွားပြီး တခြားမိန်းမနဲ့ချစ်ကြိုက်သွားမှာ၊လုမိန်ချင်းကိုမေ့သွားမှာကို
ချန်လီကောက ခွင့်ပြုလို့မဖြစ်ဘူး။
ယွမ်အန်းကောရဲ့မတော်တဆမှုက လူလုပ်တဲ့မတော်တဆမှုပဲ ဖြစ်သည်။သူ့ကိုမလိုလားကြတဲ့
လူတွေက ဒီကိစ္စကို စီစဥ်ထားခဲ့တာဖြစ်သည်။
ဒီနေ့ ချန်လီကောက ပြဿနာရဲ့အမြစ်ကို
အပြတ်ရှင်းရမည်ဖြစ်သည်။
မတော်တဆဖြစ်တဲ့နေရာက မြို့တော်နဲ့အတန်
လှမ်းသည်။တစ်ချက်ကြည့်လိုက်ရုံနဲ့ချောင်ကျတဲ့နေရာဆိုတာ သိနိုင်သည်။ချန်လီကောက မြင်ကွင်းကောင်းသည့်နေရာတွင် ကားရပ်လိုက်ပြီး စီးကရက်တစ်လိပ်ကိုသောက်နေလိုက်သည်။
ဒီခန္ဓာကိုယ်က ဆေးလိပ်ဒဏ်မခံနိုင်ပေမယ့်
သူ့ဝိဉာဥ်က တောင့်တနေသည့်အတွက်ကြောင့်
ချောင်းနှစ်ခါလောက်ဆိုးပြီးခါမှ ဆက်သောက်လာနိုင်သည်။
သူ့ရဲ့ ခံစားချက်အစစ်အမှန်တွေကို ဖုံးကွယ်လျက် ပြောလာသည်။
"ထုံထုံ ငါနည်းနည်းနောင်တရတယ်သိလား"
systemက သူ့စကားကို ကြားတော့ ထူးဆန်းသလို ခံစားလာရသည်။ဒီခွေးကောင်က
ဘာကြောင့်များ နောင်တရတာပါလိမ့်။သူက
သိချင်စိတ်နဲ့မေးလာသည်။
"ဘာကိုနောင်တရတာလဲ"
"လုကျစ်ရန်ကို နှုတ်ဆက်စကားမပြောခဲ့တာ
နောင်တရတာ"
system-"မင်းကသေတော့မှာမှ မဟုတ်တာ"
"ယွမ်အန်းကောကို ကယ်ပြီးရင် ငါ့ကမ္ဘာကိုပြန်ပြီး လက်ထပ်တော့မယ်"
system-"........."
"ငါဒီအလုပ်တွေပြီးရင် ရွှေလက်ဆေးခွက်နဲ့ကို
လက်ဆေးပစ်မယ်"
system-".........."
"ငါကလူကောင်းတစ်ယောက် ဖြစ်ချင်ခဲ့တာပါ"
systemကတော့ ချန်လီကော သွေးထွက်ပြီးသေနိုင်သည့် သေမင်းအလံတွေကို ဖြည့်နေလိုက်သည်။
ထိုသို့ပြောနေရင်းနဲ့ ရင်းနှီးတဲ့ လိုင်စင်ပြားကပ်ထားတဲ့ကားတစ်စီး မောင်းလာတာကိုတွေ့လိုက်ရသည်။ဒီလိုင်စင်ပြားကို systemသူ့ကိုပြထားလို့ သူအကြိမ်ပေါင်းများစွာမှတ်ထားပြီးပြီ၊ယွမ်အန်းကောကို တိုက်ခဲ့တဲ့နံပါတ်ပဲလေ။
ချန်လီကောက သူ့နောက်မှာ "ဘုရားသခင်"တစ်ယောက်လုံး စောင့်ရှောက်နေသလို ပြုံးလာသည်။
"ငါကိုယ်တော် ယွမ်အန်းကောရဲ့အသက်ကို
ကယ်မရတော့မယ်"
system-".........."
ချန်လီကောက ဒရုိင်ဘာခုံမှာ ထိုင်လိုက်ပြီး
လီဗာကို အရှိန်ကုန်နင်းလိုက်သည်။တခြားကားကိုမောင်းလာသူက သူ့ရှေ့ကိုသေချင်လို့ ဝင်ချလာတဲ့ကားကို မယုံကြည်နိုင်စွာဖြင့် မတုန့်ပြန်မိပေ။
ချက်ချင်းဆိုသလို သေမင်းအလံတွေက ပြီးပြည့်စုံခြင်းကိုရောက်နေခဲ့ပြီ။ဒီလိုမတော်တဆမှုမျိုးက အသေးစားထိခိုက်ရမှာဖြစ်ပေမယ့် မမျှော်လင့်တာက စီယာတိုင်ပေါ်ကလေအိတ်က ခုန်ထွက်လာပြီး သူ့ရင်ဘတ်ကိုအရှိန်ပြင်းပြင်းပစ်ဝင်ကာ
နံရိုးများကိုချိုးပစ်လိုက်သည်။
သေမင်း၏တံခါးဝကို ရောက်နေသောချန်လီကော-
"အမေ သားမှားပါတယ် သားဘယ်တော့မှ
သေခြင်းတရားကို မရှာတော့ပါဘူး"
system-"သေသင့်တယ်"
ကားထဲကလူက သူ့ကိုဝင်တိုက်သူဟာ သာမန်လူတော့ မဟုတ်နိုင်ဘူးလို့ စဥ်းစားမိသည်။သူက ကားထဲကနေ တွားသွားထွက်လာပြီးနောက်
တစ်ဖက်ကားသို့အပြေးသွားလိုက်ပြီး
ဒရုိင်ဘာခုံပေါ်မှာ မလှုပ်နိုင်တော့သော
ချန်လီကောကို တွေ့လိုက်ရတော့ ချက်ချင်းပဲ
မေးလာသည်။
"မင်းအဆင်ပြေရဲ့လား"
ချန်လီကောက ထိုလူကိုလျစ်လျူရှုလျက်
systemကိုမေးလာသည်။
"ထုံထုံ အမှတ်ဘယ်လောက်ရှိသွားပြီလဲ"
system-၉၉
"အဲလောက်တောင် မြန်လား?????"
ချန်လီကောက ကားထဲကနေ ခက်ခက်ခဲခဲ
ထွက်လိုက်ပြီး ၁၂၀သို့အလန့်တကြားဖုန်းခေါ်နေသော ထိုလူကို ကြည့်ရင်းပြောလိုက်သည်။
"ငါအိမ်ပြန်ချင်တယ်"
"မင်းအိမ်ပြန်ချင်တာလား"
"ငါငါ့အဖေကို နောက်ဆုံးတစ်ခေါက်လောက်
တွေ့သွားချင်တယ်....."
"မင်းရူးနေလား????မင်းသေလိမ့်မယ်"
(ဒီအတိုင်း ဒီကမ္ဘာကထွက်သွားရင် ဘာအဓိပ္ပါယ်ရှိတော့မှာလဲ!!!ငါ့မှာ လုပ်စရာတစ်ခုရှိသေးတယ်)
ထိုလူက သူ့ကိုဆေးရုံသွားဖို့တိုက်တွန်းတော့မလိုမှာ သူကပြောလာသည်။
"မင်းဒီနေရာမှာ ရှိနေတာ ဘာကြောင့်ဆိုတာ ငါမသိဘူးများမှတ်နေလား????ယွမ်အန်းကောက
အခုဆို လုမိန်ချင်းကိုသွားတွေ့နေလောက်ပြီ"
ချန်လီကောရဲ့စကားကြောင့် ထိုလူတောင့်တင်းသွားသည်။
"မင်းငါ့ကိုအိမ်ပြန်လိုက်မပို့ရင် မင်းကိုငါထောင်ထဲပို့မယ်...."
သူကစကားတစ်ခွန်းမှမထွက်တော့ဘဲ ချန်လီကောကို ချီပြီးကားထဲထည့်ကာ ကားကိုလုအိမ်တော်ဆီသို့ပြန်လှည့်လာသည်။
သူတို့အိမ်နားကိုရောက်ခါနီးမှာ ချန်လီကောက
ထိုလူကို သူ့အဝတ်အစားတွေလဲပေးဖို့ ဖိအားပေးခဲ့သည်။
ထိုလူက နားမလည်နိုင်စွာနဲ့ မေးလာတော့သည်။
"မင်းတကယ်ပဲ ဘာလိုချင်တာလဲ"
"မြန်မြန်လုပ်၊ငါမင်းကိုချွတ်ခိုင်းရင် ချွတ်လိုက်ပေါ့!!!!"
systemက သူ့နာကျင်မှုကိုဖုံးကွယ်ထားပေးသဖြင့် သူဘာမှမခံစားရပေ။စက္ကူကျားလေးလို အရာအားလုံးကို ဖျက်ဆီးပစ်တော့မလို သန်မာသေးသည်။
ထိုလူရဲ့ မျက်ဝန်းထဲမှာတော့ သူကသေမင်းဆီကို
ခြေတစ်ဖက်လှမ်းနေတဲ့သူဖြစ်သည့်အတွက်
ထိုလူက တုန်ယင်စွာနဲ့မေးလာသည်။
"မင်း.....မင်းတကယ်ပဲ ဆေးရုံမသွားဘူးလား"
"ယောက်ျားပဲ ဘဝကို သူရဲကောင်းဆန်ဆန်နေရပြီး သေရင်လည်း ဒီလိုပဲသေရမယ်လေ"
system-"........."
ထိုလူ-ငါ့ကို စိတ်မရှိပါနဲ့၊ငါမင်းပြောတာ တစ်လုံးမှ နားမလည်ဘူး
"ငါ့မှာ တွေ့စရာလူတွေရှိသေးပြီး ငါလုပ်ရမယ့်အလုပ်တွေကျန်သေးတယ်"
ထိုလူကတော့ ရှုပ်ထွေးနေပြီ သူရှေ့ကကောင်လေးကတကယ်ပဲ ဘာတွေလုပ်ဦးမလဲဆိုတာ
ဘုရားပဲသိမယ်။
"တာ့တာ"
ချန်လီကောက နှုဆ်ဆက်လိုက်ပြီး ကားထဲကထွက်လာခဲ့သည်။
အိမ်ပြန်ရောက်တော့ စာကြည့်ခန်းထဲက
လုကျစ်ရန်က သူ့ခြေသံကိုကြားလိုက်ပြီး
ပြုံးလိုက်သည်။ထို့နောက် သူ့ကိုပြောလာသည်။
"မင်းပြန်လာပြီလား???"
ချန်လီကောက သူ့ဆီလမ်းလျှောက်လာပြီး
တိုးတိုးပြောလာသည်။
"ဒယ်ဒီ အဲဒါကိုအခုလုပ်ရအောင်လေ"
system-"wth..အဲဒါ မင်းလုပ်ရမယ့်အရာလား"
"ဟုတ်တယ် ဟုတ်တာပေါ့ မင်းရောliveကြည့်ချင်သေးလား??"
system-"........"
လုကျစ်ရန်က ချန်လီကောရဲ့စကားကြောင့် မှင်သက်သွားသည်။
"ကျားရှုး???"
သူ့ကလေးက အရင်တောင်းဆိုလိမ့်မယ်လို့
သူလုံးဝမထင်ထားခဲ့မိဘူး။
ချန်လီကောက ပြုံးရင်း ပြောလာသည်။
"ကျွန်တော် ဒယ်ဒီနဲ့ အသစ်အဆန်းကစားချင်တယ်"
လုကျစ်ရန်ရဲ့မျက်လုံးတွေဟာ မျှော်လင့်ခြင်း
ရောင်ခြည်များနှင့် ပြည့်နေခဲ့သည်။
ချန်လီကောက အချိန်ဆွဲမနေတော့ဘဲ လုကျစ်ရန်ရဲ့နှာခေါင်းကိုနမ်းလိုက်ပြီး သူ့ဘောင်းဘီကို
ချွတ်ပေးခဲ့သည်။
ချန်လီကောဒီလို စိတ်အားထက်သန်နေမှန်းမသိခဲ့တာကြောင့် လုကျစ်ရန် ဆွံ့အသွားသည်။
"ဘေဘီ ဘာဖြစ်ခဲ့တာလဲ???"
ချန်လီကောက မပြောပေ။
လုကျစ်ရန်က တင်းကျပ်နေတဲ့နေရာတစ်ခုကိုခံစားလိုက်ရပြီး သူ့နဖူးပေါ်၌ အေးစက်နေသော
ချွေးတို့စို့လာသည်။သူက ချန်လီကောရဲ့
ညည်းသံကို သူ့နားနှင့်ကြားလိုက်ရမှ သူ့နှလုံးသားတုန်လှုပ်လာခဲ့သည်။ချန်လီကော
မခံနိုင်သည်ဟုတွေးကာ ချန်လီကောရဲ့ခါးကို
ကိုင်ပြီး ချန်လီကောကို ရွေ့လျားစေခဲ့သည်။
(သိသာအောင်ပြောရရင် မြင်းစီးနေတာပါ😁)
ချန်လီကောက ကလေးတစ်ယောက်လိုအော်ငိုခဲ့သည်။သူဒီလိုအနေအထားအရင်က မလုပ်ဖူးသောကြောင့်ဖြစ်သည်။သူက systemကိုပြောလိုက်သည်။
"system ခွေးသားလေး မင်း နာကျင်မှုခလုတ်ကိုဖွင့်ထားတာလား????"
system-ငါဘယ်လိုလုပ် သိမလဲ
ချန်လီကော-"ငါဘာလို့ ခံစားရတာ မကောင်းတာလဲ"
system-မင်းထိခိုက်လာတာကြောင့်လည်း
ဖြစ်နိုင်တာပဲ
ချန်လီကော-(မင်းငါ့ကို ဒီလောက်မုန်းနေမှန်း
မသိခဲ့ဘူး)
တကယ်တော့ ချန်လီကော နာကျင်မှုကိုသာမက
ဖိအားကိုပါမခံစားရတော့တာဖြစ်သည်။
သူ့ခန္ဓာကိုယ်က အသားစတစ်စလိုဖြစ်လာသည့်အတွက်ကြောင့် ဦးနှောက်နှင့်မချိတ်ဆက်တော့တာသာဖြစ်သည်။လုကျစ်ရန်ဘယ်လောက်ပဲ
အသားချင်းရိုက်ခတ်နေပါစေ သူအဲဒါကိုမခံစားရတော့။
ချန်လီကောက သူ့အဖြစ်သူတွေးမိရင်း မျက်ရည်တွေ တွေတွေစီးကျလာသည်။လုကျစ်ရန်က
သူ့ကိုနာကျင်အောင်လုပ်မိတာ သူဆိုတာတွေးမိလိုက်ချိန်မှာ ချန်လီကောကရပ်တန့်သွားပြီး
ပြောလာသည်။
"မလှုပ်နဲ့"
"ကျားရှုး"
"စကားမပြောနဲ့"ဟုဆိုကာ လုကျစ်ရန်ရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်။
နှစ်ယောက်စလုံးက အချင်းချင်းဖက်တွယ်ထားပြီး လုကျစ်ရန်တောင်မှ ချန်လီကောသူ့ကိုချစ်နေပြီဟု တွေးလိုက်မိသည်။
ချန်လီကော၏ခန္ဓာကိုယ် တဖြည်းဖြည်း နှေးကွေးလာပြီး systemကသူ့ကို ပြီးပြည့်စုံမှုဘားတန်းက ၁၀၀ရါခိုင်နှုန်းဖြစ်သွားပြီ ဖြစ်ကြောင်း ပြောသံကိုကြားလိုက်ရသည်။
ကြည့်ရတာ ယွမ်အန်းကောနှင့် လုမိန်ချင်းတွေ့သွားကြပြီထင်သည်။
ယွမ်အန်းကောဘဝရဲ့ အဆိုးဝါးဆုံးဒုက္ခကြီးကို
ချန်လီကော ဖြေရှင်းပေးပြီးဖြစ်သည်။သူ့ဘဝလက်ကျန်အချိန်များ ထိခိုက်တော့မည်မဟုတ်။
ယွမ်အန်းကောရဲ့ကာကွယ်မှုအောက်မှာ လုမိန်ချင်းလည်း ဘဝတစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင် နေနိုင်ပြီဖြစ်သည်။
ချန်လီကောရဲ့ တာဝန်ဟာ နောက်ဆုံးတော့ ပြီးဆုံးသွားပြီး သူ့အသက်ရှူနှုန်းတဖြည်းဖြည်း
အားနည်းလာကာ နောက်ဆုံးမှာတော့ သူ့ခေါင်းက လုကျစ်ရန်ရဲ့ လက်ပေါ်သို့ ပြုတ်ကျသွားသည်။
သူသေသွားပေမယ့် သူ့မျက်လုံးတွေကမမှိတ်ခဲ့ဘူး။
"system ဒီကျက်သရေမရှိတဲ့AIကောင်ကတော့
ငါ့ကိုသေတာတောင် အေးအေးဆေးဆေး ပေးမသေဘူး"
သူ့ရင်ထဲက ခါးသီးမှုတွေနဲ့အတူ ချန်လီကောကို
systemက ဒီကမ္ဘာက ဆွဲထုတ်သွားသည်။
===============================
(Zawgyi)
"ကောင်းပါတယ်"
system-ဟီးဟီးဟီး
ဖြစ်သွားသည်။
"ဘာကိုနောင်တရတာလဲ"
နောင်တရတာ"
system-"........."
လက်ဆေးပစ်မယ်"
system-".........."
ကယ်မရတော့မယ်"
system-".........."
ချန်လီကောက ဒရိုငျဘာခုံမှာ ထိုင်လိုက်ပြီး
system-"သေသင့်တယ်"
ဒရိုငဘြာခုံပေါမြှာ မလှုပ်နိုင်တော့သော
မေးလာသည်။
"မင်းအဆင်ပြေရဲ့လား"
systemကိုမေးလာသည်။
system-၉၉
"အဲလောက်တောင် မြန်လား?????"
"ငါအိမ်ပြန်ချင်တယ်"
တွေ့သွားချင်တယ်....."
(ဒီအတိုင်း ဒီကမ္ဘာကထွက်သွားရင် ဘာအဓိပ်ပါယျရှိတော့မှာလဲ!!!ငါ့မှာ လုပ်စရာတစ်ခုရှိသေးတယ်)
system-"........."
ဘုရားပဲသိမယ်။
"တာ့တာ"
"မင်းပြန်လာပြီလား???"
တိုးတိုးပြောလာသည်။
system-"........"
"ကျားရှုး???"
ချွတ်ပေးခဲ့သည်။
"ဘေဘီ ဘာဖြစ်ခဲ့တာလဲ???"
ချန်လီကောက မပြောပေ။
ချွေးတို့စို့လာသည်။သူက ချန်လီကောရဲ့
ဖြစ်နိုင်တာပဲ
မသိခဲ့ဘူး)
ပြောလာသည်။
"မလှုပ်နဲ့"
"ကျားရှုး"