Zawgyi
အပိုင္း (၇၆၅) – ခင္ဗ်ားက ကၽြန္ေတာ့္ဆရာပဲ
ဟာစြန္သည္ ေနာက္ထပ္ေန႔တစ္ဝက္ ပ်ံသန္းသည္။ ဝိဥာဥ္မိစာၦမ်ားႏွင့္ အေတာ္အသင့္ကြာေဝးသည္ကို ရီွမာယူယူသိေသာအခါ ေတာင္ၾကား တစ္ခုတြင္ရပ္ရန္ ေျပာလုိက္သည္။
ဟာစြန္သည္ တစ္လမ္းလံုးေတာက္ေလွ်ာက္ပ်ံသန္းလာရာ ပ်ံသန္းျပီး နာရီအနည္းငယ္အတြင္းတြင္ ကံေကာင္းစြာပင္ ေတာင္ၾကားတစ္ခုကိုေတြ႕ ေလသည္။ ထို႔အျပင္ ထိုေတာင္ၾကားသည္ က်ယ္ဝန္းသည္။
ရီွမာယူယူသည္ သူ႔ေနာက္ေက်ာကိုပုတ္ျပီး ကမ္းပါးတစ္ခုတြင္ ခ်ေပး ရန္ေျပာလုိက္သည္။
"ညီအစ္ကိုရီွမာ ဒီမွာဘာလို႔ရပ္တာလဲ" ခ်ီေဝႏွင့္ တျခားသူမ်ားသည္ နားမလည္ၾကေပ။
သူတို႔သည္ ဝိဥာဥ္မိစာၦမ်ားႏွင့္ ေဝးေနသည္ကို အခြင့္ေကာင္းယူကာ ပိုေဝးေအာင္ ထြက္ေျပးသင့္တာ မဟုတ္ဘူးလား။ ဘာလုိ႔ရပ္လုိက္တာလဲ။ သူတို႔က ဝိဥာဥ္မိစာၦေတြမွီလာတာကို ေစာင့္ရမွာလား။
"တစ္သက္လံုးေျပးေနတာက နည္းဗ်ဴဟာမဟုတ္ဘူး၊ ျပႆနာ အရင္းအျမစ္ကို အရင္ရွင္းရမယ္" ရီွမာယူယူသည္ ဟာစြန္ေပၚမွဆင္း လုိက္သည္။ က်န္ေသာလူမ်ားသည္ ေတြေဝေနေသးေသာ္လည္း ဆင္းလုိက္ ၾကသည္။
"ျပႆနာအရင္းအျမစ္ကိုရွင္းခ်င္တယ္ဆိုရင္ ဝိဥာဥ္မိစာၦေတြကို သတ္ရံုအျပင္မရွိေတာ့ဘူး" က်ဴလန္ ေျပာလုိက္ရာ သူမ၏ ကေလးမ်က္ႏွာ ေလးသည္ လူသတ္မည့္အၾကည့္ေျပာင္းသြားသျဖင့္ မ်က္ႏွာႏွင့္ မလိုက္မဖက္ ျဖစ္သြားသည္။
"ဟုတ္တယ္ အဲဒီဝိဥာဥ္မိစာၦေတြကို မရွင္းရင္ ဘယ္ေလာက္ ေဝးေဝးေျပးႏုိင္မွာလဲ၊ သူတို႔ကမွီလာမွာပဲ" ရွီမာယူယူသည္ ပတ္ဝန္းက်င္အား အကဲခတ္ရင္းေျပာေလသည္ "တကယ္ေတာ့ တိုက္ရိုက္အျဖစ္ဆံုးနည္းက သူတို႔ကိုထိန္းခ်ဳပ္ေနတဲ့လူကိုသတ္ဖို႔ပဲ၊ ဒါေပမဲ့ အဲဒါကမျဖစ္ႏိုင္တဲ့ပံုပဲ"
"ဒါဆို ဘာလုပ္ၾကမလဲ" ယုခ်င္း ေမးလုိက္သည္။
"ေအာင္ျမင္ဖို႔အတြက္ ေသာ့ခ်က္က အခြင့္အေရး၊ ေနရာနဲ႔လူပဲ၊ အဲဒါေတြ... တစ္ခုမွမရွိဘူး" သူမ စေျပာလိုက္ေသာစကားမ်ားကို နားေထာင္ျပီးေနာက္ အားတက္သြားေသာ္လည္း ေနာက္ေျပာလိုက္ေသာ စကား ေၾကာင့္ မ်က္ႏွာထားမ်ားေျပာင္းသြားၾကေလသည္။
ခ်ီေဝသည္ ႏႈတ္ခမ္းတြန္႔လိုက္သည္။ ဒီလူက တကယ္ပဲ ဘယ္လို ကသိကေအာင့္ျဖစ္ေအာင္လုပ္ရမလဲ ဆိုတာကို သိတာပဲ။
သူ ေျပာျပီးသားေလ။ ဒါက တေစၦရဲ႕ အရိပ္ေတာင္မရွိဘူးလို႔။ လူမေျပာ ႏွင့္ ေတာင္ၾကားတြင္ ဟာလာဟင္းလင္း။ အခြင့္အေရးေကာင္း၊ ေနရာႏွင့္ လူရေအာင္ ဘယ္လိုလုပ္လို႔ရမွာလဲ။
"ကၽြႏ္ေတာ္တို႔မွာ အဲဒါေတြမရွိေပမယ့္ ဖန္တီးလို႔ရပါတယ္" ရီွမာယူယူ ဆက္ေျပာေလသည္။
"ဖန္တီးမယ္ ဘယ္လိုလဲ"
"ကၽြန္ေတာ့္နည္းလမ္းနဲ႔ ကၽြန္ေတာ္ရွိတာေပါ့၊ ဒီမွာေနျပီး ၾကည့္ေနရံုပဲ" ရွီမာယူယူသည္ ေျပာျပီးေနာက္ မိုးေပၚပ်ံသြားျပီး ေတာင္ၾကားအလယ္တြင္ ရပ္လိုက္သည္။ သူမသည္ အကြာအေဝးကို ဂရုတစိုက္တြက္ခ်က္ေလ သည္။
"သူဘာလုပ္ေနတာလဲ" ရွန္မင္လန္ နားမလည္ေပ။
"ၾကည့္ရင္သိမွာပဲ" ခ်ီေဝႏွင့္ တျခားသူမ်ားလည္း နားမလည္ၾကေပ။
"ဒါက... သူတည္ေဆာက္မႈလုပ္မလို႔မဟုတ္ဘူးမလား" ယုခ်င္းခန္႔မွန္း ေလသည္။
"တည္ေဆာက္မႈလုပ္မယ္ဟုတ္လား"
"ျပီးခဲ့တဲ့တစ္ေခါက္က ငါဆရာဘူနဲ႔ အျပင္သြားေတာ့ သူလည္းမိုးေပၚပ်ံ ၾကည့္ျပီး တည္ေဆာက္မႈလုပ္ေနတာပဲ" ယုခ်င္းသည္ ယံုၾကည္မႈမရွိစြာ ေျပာေလသည္။
"ဆရာဘူက ေတာ္တဲ့တည္ေဆာက္မႈသခင္ပဲ၊ သူက ပတ္ပတ္လည္ကို ၾကည့္ရံုၾကည့္ျပီး တည္ေဆာက္မႈ လုပ္တယ္ဆိုတာ အက်ိဳးအေၾကာင္း သင့္တယ္၊ ဒါေပမဲ့ညီအစ္ကိုရွီမာက ငယ္ေသးတယ္၊ သူက တည္ေဆာက္မႈ သခင္ဆိုရင္ေတာင္ အဲေလာက္မလုပ္ႏိုင္ေလာက္ဘူးမလား"
"သူသာ ေျမျပင္အေျခအေနကိုပဲၾကည့္ျပီး တည္ေဆာက္မႈလုပ္ႏုိင္ မယ္ဆိုရင္ သူ႔ကို အစ္ကိုၾကီးလို႔ေခၚျပီး ငါက သူ႔ညီေလးလုပ္လုိက္မယ္" ခ်ီေဝ အားရဝမ္းသာေျပာေလသည္။
သူသည္ ရီွမာယူယူ အမွန္တကယ္တည္ေဆာက္မႈလုပ္ေနသည္ကို မယံုၾကည္ေပ။ သူမသည္ တစ္စံုတစ္ရာကိုရွာေဖြေနျခင္းျဖစ္ရမည္။ မဟုတ္ လွ်င္ ဝိဥာဥ္မိစာၦေတြကို ျပန္တုိက္ဖို႔အတြက္ တစ္စံုတစ္ခု ရွာေန ျခင္းျဖစ္ရ မည္။
သူေျပာလုိက္သည့္စကားကိုရီွမာယူယူ ၾကားေသာအခါ သူမ၏ ေမာင္လုပ္ရန္ အရည္အခ်င္းျပည့္မွီမမွီ ဟူသည့္အေနႏွင့္ သူ႔ကိုတစ္ခ်က္ ၾကည့္လိုက္သည္။
ထို႔ေနာက္တြင္ အားလံုးအံ့ၾသသြားသည္မွာ သူမသည္ တည္ေဆာက္မႈ ေက်ာက္တံုးမ်ားထုတ္ျပီး နည္းစနစ္က်က်ေနရာခ်ေနေလသည္။
"သူကတကယ္ပဲ ၾကည့္ရံုနဲ႔ပဲ တည္ေဆာက္မႈလုပ္ႏုိင္တာလား" ရွန္မင္လန္သည္ ေနရာသစ္တစ္ခု ေရာက္သြားသလိုခံစားရေလသည္။
ခ်ီေဝသည္ အားသံုးကာ မ်က္လံုးပြတ္ၾကည့္ေလသည္။ ေနာက္ဆံုးတြင္ တည္ေဆာက္မႈအားျမင္လိုက္ ေသာအခါ သူေအာ္ေလသည္ "သူ လွည့္စား တာျဖစ္မယ္...."
"ဒီလူကေတာ့..." အျပာေရာင္ဓားသြားပင္လွ်င္ အံ့ၾသမႈကို မဖံုးကြယ္ ႏုိင္ေပ။
ယုခ်င္းသည္ ပထမဆံုးသတိျပန္ဝင္လာသူျဖစ္ကာ ရွီမာယူယူကို ၾကည့္ေသာ သူမမ်က္လံုးမွ အားက်မႈ မ်ားကို ဖံုးကြယ္မရေပ။
"ခ်ီေဝ မင္းေသျပီ" သူမ၏ တည္ျငိမ္ေသာအသံသည္ အားလံုးကို အသိစိတ္ျပန္ဝင္ေစသည္။
"ဘာေျပာခ်င္တာလဲ" ခ်ီေဝ၏ ဦးေႏွာက္မွာ မလည္ပတ္ႏုိင္ဆဲျဖစ္ကာ သူမ ဆိုလိုသည့္အေၾကာင္းအရာ ကို မသိေသးေပ။
"သခင္သခင့္ေလးခ်ီက သူ႔ညီလုပ္မယ္ဆိုေတာ့ မင္းအစ္ကိုၾကီးက သိရင္ မင္းကိုဘယ္လိုအျပစ္ေပးမလဲသိခ်င္လို႔" ယုခ်င္းသည္ ရယ္ေမာ ေလသည္။
"အာ" ခ်ီေဝသည္ အေစာကစေနာက္ေျပာခဲ့ေသာ စကားမ်ားကို ေတြးမိျပီး နားလည္သြားကာ ရယ္ေမာ ေလသည္ "ငါသာ ညီအစ္ကိုရီွမာရဲ႕ ညီျဖစ္မယ္ဆိုရင္ သူတို႔ငါ့ကို အျပစ္မေပးပါဘူး၊ သူတို႔က ဒီေလာက္ မိုက္တဲ့ လူျဖစ္ေနလို႔ ခ်ီးေတာင္ခ်ီးက်ဴးဦးမယ္"
"အဲလိုုျဖစ္ပါေစလို႔" က်ဴလန္သည္ သူမေမာင္အျဖစ္ကိုေတြးကာ ခ်ီတံုခ်တံုျပံဳးေလသည္။
"ဒီေလာက္ငယ္တဲ့ တည္ေဆာက္မႈသခင္... ဘယ္မ်ိဳးႏြယ္ကမ်ား ဒီလို လူကို ေမြးထုတ္လိုက္တာလဲမသိဘူး" အျပာေရာင္ဓားသြား၏ မ်က္လံုးမ်ား သည္ စိတ္အားထက္သန္မႈမ်ားအျပည့္ျဖင့္ ရွီမာယူယူအား ၾကည့္ ေလသည္။
ရွီမာယူယူသည္ တည္ေဆာက္မႈလုပ္ရာတြင္ အာရံုႏွစ္ထားသည္။ သူမသည္ ဝိဥာဥ္မိစာၦမ်ားထိုေနရာသို႔ ေရာက္မလာခင္ ျပီးေအာင္ေသခ်ာ လုပ္ရမည္။ မဟုတ္လွ်င္ အားလံုးသည္ အေျပာသက္သက္ျဖစ္သြားမည္။ သည္လိုႏွင့္ သူမသည္ သူတို႔၏ စိတ္အားထက္သန္ေသာအၾကည့္မ်ားကို တုန္႔ျပန္ရန္အခ်ိန္မရွိေပ။
ထိုအခ်ိန္တြင္ သူမသည္ နဂါးေထာင္ေခ်ာက္တည္ေဆာက္မႈကို လုပ္ေနေလသည္။ သို႔ေသာ္ တည္ေဆာက္မႈအေပၚတြင္ တည္ေဆာက္မႈထပ္ လုပ္ရသျဖင့္ အရင္ကထက္ အခ်ိန္ပိုသံုးရသည္။ သို႔ေသာ္ အျပင္မွၾကည့္လွ်င္ သူမသည္ အလြန္လ်င္ျမန္ေသာ အရွိန္ႏႈန္းျဖင့္လုပ္လုိက္ျခင္းျဖစ္သည္။
သူမ တည္ေဆာက္မႈလပ္ျပီးေသာအခါ ေနာက္ေျမျပန္႔တစ္ေနရာသို႔ သြားျပီး ေနာက္တစ္ခုေဆာက္လုပ္ေလသည္။ ထို႔ေနာက္တြင္ သူမ သူတုိ႔အားလက္ျပရာ အားလံုးပ်ံလာၾကေလသည္။
"ဆရာ တည္ေဆာက္မႈလုပ္ျပီးသြားျပီလား" အားလံုးသည္ ပ်ံလာၾကရာ ခ်ီေဝသည္ ရွီမာယူယူေဘးတြင္ ဆင္းသက္လုိက္သည္။ သူသည္ သူမကို ဆရာဟု က်ယ္ေလာင္စြာေခၚရသည္ကို မရွက္ေပ။
ရွီမာယူယူသည္ သူ႔အားမ်က္ေစာင္းထုိးျပီး စေနာက္ကာ ေျပာေလသည္ "ကၽြန္ေတာ္က ခင္ဗ်ား ရဲ႕ဆရာမဟုတ္ဘူး ကၽြန္ေတာ့္ကို ေတြ႕ကရာမေခၚနဲ႔"
"ခင္ဗ်ားက ဘယ္လိုလုပ္ကၽြန္ေတာ့္ဆရာမဟုတ္ရမွာလဲ၊ လွည့္ပတ္ ၾကည့္ရံုနဲ႔ တည္ေဆာက္မႈလုပ္ႏိုင္ တယ္ဆိုရင္ ကၽြန္ေတာ္က ခင္ဗ်ားညီ လုပ္မယ္လုိ႔ ေျပာခဲ့တာပဲ အခု ကၽြန္ေတာ္က ခင္ဗ်ားကို ဆရာလုိ႔ေခၚေနတာ ေလ၊ ကၽြႏ္ေတာ့္ကို ပစ္သြားလို႔မရဘူး၊ ျပီ္းေတာ့ ကိုယ့္စကားကိုယ္မတည္တဲ့ လူျဖစ္ေအာင္ မလုပ္နဲ႔" ခ်ီေဝသည္ သူမလည္ပင္းအား သိုင္းဖက္ရင္း ေျပာေလသည္။
သူ႔ကိုယ္ပုိင္အမွန္တရားႏွင့္ ေျပာေနသည္ကို ရွီမာယူယူျမင္ေသာအခါ သူႏွင့္ပတ္သတ္ျပီး ဘာမွ ဆက္မေျပာေတာ့ေပ။ ဒီလူသည္ ထူးဆန္းသည္ဟု သူမ ခံစားရသည္။
သူမ သူ႔အားဆြဲျပီး ေျပာလုိက္သည္ "ခင္ဗ်ား မုတ္ဆိတ္ရိတ္မယ္ဆိုရင္ ကၽြန္ေတာ့္ညီအျဖစ္အသိအမွတ္ ျပဳမယ္"
"ဟား"
ယုခ်င္းႏွင့္ တျခားသူမ်ားသည္ ရယ္ေမာၾကေလသည္။ ဒီလူသည္ သူ႔မုတ္ဆိတ္ကို မည္မွ်တန္ဖိုးထားသည္ကို သူတို႔သိၾကသည္။ အခု သူမသည္ သူ႔ကိုရိတ္ပစ္ရန္ ေတာင္းဆိုေနသည္။ ဒါက သူ႔ကို အိမ္ျပန္တဲ့ တစ္လမ္းလံုး ငိုသြားေအာင္လုပ္တာပဲ။
သူသည္ သူ႔မုတ္ဆိတ္ကို ရတနာတစ္ပါးလိုသေဘာထားသည္ကို ရွီမာယူယူ ခန္႔မွန္းမိေသာေၾကာင့္ ျခိမ္းေျခာက္လုိက္ျခင္းျဖစ္သည္။ သူ၏ အမူအရာကို သူမျမင္ေသာအခါ ေနာက္ေက်ာကို ပုတ္ျပီး ေျပာလိုက္ သည္ "မရိတ္ႏုိင္လည္း အဆင္ေျပပါတယ္၊ အၾကီးၾကီးေတာင္းဆိုတာက ကၽြန္ေတာ္ ပါ ဘယ္သူမွ ခင္ဗ်ားကို မေကာင္းမေျပာဘူးရယ္"
"မရိတ္ႏုိင္ဘူးလို႔ဘယ္သူေျပာလဲ" ခ်ီေဝသည္ ဓားထုတ္ကာ ခ်က္ခ်င္း ပင္ မုတ္ဆိတ္ကို ျဖတ္လုိက္ေလသည္။
"ခင္ဗ်ား..." သူဒီေလာက္လုပ္မည္ဟု ရီွမာယူယူထင္မ်ားသျဖင့္ သူ႔ အျပဳအမူကိုျမင္လုိက္သည္ႏွင့္ တုန္႔ျပန္မႈျဖစ္သြားသည္။
ခ်ီေဝ၏ မုတ္ဆိတ္သည္ ၾကံဳသလိုညွပ္လုိက္သျဖင့္ ရယ္စရာေကာင္း ေနေလသည္။ က်န္ရွိေနေသာ မုတ္ဆိတ္ကိုသာ မရိတ္ပါက သူအျပင္ကို သြားရဲမည္မဟုတ္ေပ။
ရီွမာယူယူသည္ အျပစ္ရွိသည္ဟု ခံစားရေသာ္လည္း သူ႔အက်င့္မွာ မဆိုးလွဟု ခံစားရသည္။ သူမ ဆက္ရယ္ေမာေနခ်ိန္တြင္ အျပာေရာင္ ဓားသြားႏွင့္ တျခားသူမ်ားသည္ တမင္သက္သက္ရယ္ေမာၾကေလသည္။
"ခ်ီေဝ မင္းတကယ္ပဲ မုတ္ဆိတ္ရိတ္လိုက္တာပဲ မင္းျပန္သြားရင္ေတာ့ က်န္တဲ့လူေတြ ေသခ်ာေပါက္ အံ့ၾသၾကမွာပဲ" ရွန္မင္လန္သည္ ဗိုက္ကိုဖိကာ ဟားတိုက္ရယ္ေလသည္။
ရုတ္တရက္ပင္ ရွီမာယူယူ၏ အမူအရာေျပာင္းသြားကာ သူတို႔ေ နာက္ေျပာင္ေနသည္ကို စကားျဖတ္ေျပာကာ သတိေပးလိုက္သည္ "ဝိဥာဥ္ မိစာၦေတြေရာက္လာျပီ"
Unicode
အပိုင်း (၇၆၅) – ခင်ဗျားက ကျွန်တော့်ဆရာပဲ
ဟာစွန်သည် နောက်ထပ်နေ့တစ်ဝက် ပျံသန်းသည်။ ဝိဉာဉ်မိစ္ဆာများနှင့် အတော်အသင့်ကွာဝေးသည်ကို ရှီမာယူယူသိသောအခါ တောင်ကြား တစ်ခုတွင်ရပ်ရန် ပြောလိုက်သည်။
ဟာစွန်သည် တစ်လမ်းလုံးတောက်လျှောက်ပျံသန်းလာရာ ပျံသန်းပြီး နာရီအနည်းငယ်အတွင်းတွင် ကံကောင်းစွာပင် တောင်ကြားတစ်ခုကိုတွေ့ လေသည်။ ထို့အပြင် ထိုတောင်ကြားသည် ကျယ်ဝန်းသည်။
ရှီမာယူယူသည် သူ့နောက်ကျောကိုပုတ်ပြီး ကမ်းပါးတစ်ခုတွင် ချပေး ရန်ပြောလိုက်သည်။
"ညီအစ်ကိုရှီမာ ဒီမှာဘာလို့ရပ်တာလဲ" ချီဝေနှင့် တခြားသူများသည် နားမလည်ကြပေ။
သူတို့သည် ဝိဉာဉ်မိစ္ဆာများနှင့် ဝေးနေသည်ကို အခွင့်ကောင်းယူကာ ပိုဝေးအောင် ထွက်ပြေးသင့်တာ မဟုတ်ဘူးလား။ ဘာလို့ရပ်လိုက်တာလဲ။ သူတို့က ဝိဉာဉ်မိစ္ဆာတွေမှီလာတာကို စောင့်ရမှာလား။
"တစ်သက်လုံးပြေးနေတာက နည်းဗျူဟာမဟုတ်ဘူး၊ ပြဿနာ အရင်းအမြစ်ကို အရင်ရှင်းရမယ်" ရှီမာယူယူသည် ဟာစွန်ပေါ်မှဆင်း လိုက်သည်။ ကျန်သောလူများသည် တွေဝေနေသေးသော်လည်း ဆင်းလိုက် ကြသည်။
"ပြဿနာအရင်းအမြစ်ကိုရှင်းချင်တယ်ဆိုရင် ဝိဉာဉ်မိစ္ဆာတွေကို သတ်ရုံအပြင်မရှိတော့ဘူး" ကျူလန် ပြောလိုက်ရာ သူမ၏ ကလေးမျက်နှာ လေးသည် လူသတ်မည့်အကြည့်ပြောင်းသွားသဖြင့် မျက်နှာနှင့် မလိုက်မဖက် ဖြစ်သွားသည်။
"ဟုတ်တယ် အဲဒီဝိဉာဉ်မိစ္ဆာတွေကို မရှင်းရင် ဘယ်လောက် ဝေးဝေးပြေးနိုင်မှာလဲ၊ သူတို့ကမှီလာမှာပဲ" ရှီမာယူယူသည် ပတ်ဝန်းကျင်အား အကဲခတ်ရင်းပြောလေသည် "တကယ်တော့ တိုက်ရိုက်အဖြစ်ဆုံးနည်းက သူတို့ကိုထိန်းချုပ်နေတဲ့လူကိုသတ်ဖို့ပဲ၊ ဒါပေမဲ့ အဲဒါကမဖြစ်နိုင်တဲ့ပုံပဲ"
"ဒါဆို ဘာလုပ်ကြမလဲ" ယုချင်း မေးလိုက်သည်။
"အောင်မြင်ဖို့အတွက် သော့ချက်က အခွင့်အရေး၊ နေရာနဲ့လူပဲ၊ အဲဒါတွေ... တစ်ခုမှမရှိဘူး" သူမ စပြောလိုက်သောစကားများကို နားထောင်ပြီးနောက် အားတက်သွားသော်လည်း နောက်ပြောလိုက်သော စကား ကြောင့် မျက်နှာထားများပြောင်းသွားကြလေသည်။
ချီဝေသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလူက တကယ်ပဲ ဘယ်လို ကသိကအောင့်ဖြစ်အောင်လုပ်ရမလဲ ဆိုတာကို သိတာပဲ။
သူ ပြောပြီးသားလေ။ ဒါက တစ္ဆေရဲ့ အရိပ်တောင်မရှိဘူးလို့။ လူမပြော နှင့် တောင်ကြားတွင် ဟာလာဟင်းလင်း။ အခွင့်အရေးကောင်း၊ နေရာနှင့် လူရအောင် ဘယ်လိုလုပ်လို့ရမှာလဲ။
"ကျွန်တော်တို့မှာ အဲဒါတွေမရှိပေမယ့် ဖန်တီးလို့ရပါတယ်" ရှီမာယူယူ ဆက်ပြောလေသည်။
"ဖန်တီးမယ် ဘယ်လိုလဲ"
"ကျွန်တော့်နည်းလမ်းနဲ့ ကျွန်တော်ရှိတာပေါ့၊ ဒီမှာနေပြီး ကြည့်နေရုံပဲ" ရှီမာယူယူသည် ပြောပြီးနောက် မိုးပေါ်ပျံသွားပြီး တောင်ကြားအလယ်တွင် ရပ်လိုက်သည်။ သူမသည် အကွာအဝေးကို ဂရုတစိုက်တွက်ချက်လေ သည်။
"သူဘာလုပ်နေတာလဲ" ရှန်မင်လန် နားမလည်ပေ။
"ကြည့်ရင်သိမှာပဲ" ချီဝေနှင့် တခြားသူများလည်း နားမလည်ကြပေ။
"ဒါက... သူတည်ဆောက်မှုလုပ်မလို့မဟုတ်ဘူးမလား" ယုချင်းခန့်မှန်း လေသည်။
"တည်ဆောက်မှုလုပ်မယ်ဟုတ်လား"
"ပြီးခဲ့တဲ့တစ်ခေါက်က ငါဆရာဘူနဲ့ အပြင်သွားတော့ သူလည်းမိုးပေါ်ပျံ ကြည့်ပြီး တည်ဆောက်မှုလုပ်နေတာပဲ" ယုချင်းသည် ယုံကြည်မှုမရှိစွာ ပြောလေသည်။
"ဆရာဘူက တော်တဲ့တည်ဆောက်မှုသခင်ပဲ၊ သူက ပတ်ပတ်လည်ကို ကြည့်ရုံကြည့်ပြီး တည်ဆောက်မှု လုပ်တယ်ဆိုတာ အကျိုးအကြောင်း သင့်တယ်၊ ဒါပေမဲ့ညီအစ်ကိုရှီမာက ငယ်သေးတယ်၊ သူက တည်ဆောက်မှု သခင်ဆိုရင်တောင် အဲလောက်မလုပ်နိုင်လောက်ဘူးမလား"
"သူသာ မြေပြင်အခြေအနေကိုပဲကြည့်ပြီး တည်ဆောက်မှုလုပ်နိုင် မယ်ဆိုရင် သူ့ကို အစ်ကိုကြီးလို့ခေါ်ပြီး ငါက သူ့ညီလေးလုပ်လိုက်မယ်" ချီဝေ အားရဝမ်းသာပြောလေသည်။
သူသည် ရှီမာယူယူ အမှန်တကယ်တည်ဆောက်မှုလုပ်နေသည်ကို မယုံကြည်ပေ။ သူမသည် တစ်စုံတစ်ရာကိုရှာဖွေနေခြင်းဖြစ်ရမည်။ မဟုတ် လျှင် ဝိဉာဉ်မိစ္ဆာတွေကို ပြန်တိုက်ဖို့အတွက် တစ်စုံတစ်ခု ရှာနေ ခြင်းဖြစ်ရ မည်။
သူပြောလိုက်သည့်စကားကိုရှီမာယူယူ ကြားသောအခါ သူမ၏ မောင်လုပ်ရန် အရည်အချင်းပြည့်မှီမမှီ ဟူသည့်အနေနှင့် သူ့ကိုတစ်ချက် ကြည့်လိုက်သည်။
ထို့နောက်တွင် အားလုံးအံ့သြသွားသည်မှာ သူမသည် တည်ဆောက်မှု ကျောက်တုံးများထုတ်ပြီး နည်းစနစ်ကျကျနေရာချနေလေသည်။
"သူကတကယ်ပဲ ကြည့်ရုံနဲ့ပဲ တည်ဆောက်မှုလုပ်နိုင်တာလား" ရှန်မင်လန်သည် နေရာသစ်တစ်ခု ရောက်သွားသလိုခံစားရလေသည်။
ချီဝေသည် အားသုံးကာ မျက်လုံးပွတ်ကြည့်လေသည်။ နောက်ဆုံးတွင် တည်ဆောက်မှုအားမြင်လိုက် သောအခါ သူအော်လေသည် "သူ လှည့်စား တာဖြစ်မယ်...."
"ဒီလူကတော့..." အပြာရောင်ဓားသွားပင်လျှင် အံ့သြမှုကို မဖုံးကွယ် နိုင်ပေ။
ယုချင်းသည် ပထမဆုံးသတိပြန်ဝင်လာသူဖြစ်ကာ ရှီမာယူယူကို ကြည့်သော သူမမျက်လုံးမှ အားကျမှု များကို ဖုံးကွယ်မရပေ။
"ချီဝေ မင်းသေပြီ" သူမ၏ တည်ငြိမ်သောအသံသည် အားလုံးကို အသိစိတ်ပြန်ဝင်စေသည်။
"ဘာပြောချင်တာလဲ" ချီဝေ၏ ဦးနှောက်မှာ မလည်ပတ်နိုင်ဆဲဖြစ်ကာ သူမ ဆိုလိုသည့်အကြောင်းအရာ ကို မသိသေးပေ။
"သခင်သခင့်လေးချီက သူ့ညီလုပ်မယ်ဆိုတော့ မင်းအစ်ကိုကြီးက သိရင် မင်းကိုဘယ်လိုအပြစ်ပေးမလဲသိချင်လို့" ယုချင်းသည် ရယ်မော လေသည်။
"အာ" ချီဝေသည် အစောကစနောက်ပြောခဲ့သော စကားများကို တွေးမိပြီး နားလည်သွားကာ ရယ်မော လေသည် "ငါသာ ညီအစ်ကိုရှီမာရဲ့ ညီဖြစ်မယ်ဆိုရင် သူတို့ငါ့ကို အပြစ်မပေးပါဘူး၊ သူတို့က ဒီလောက် မိုက်တဲ့ လူဖြစ်နေလို့ ချီးတောင်ချီးကျူးဦးမယ်"
"အဲလိုဖြစ်ပါစေလို့" ကျူလန်သည် သူမမောင်အဖြစ်ကိုတွေးကာ ချီတုံချတုံပြုံးလေသည်။
"ဒီလောက်ငယ်တဲ့ တည်ဆောက်မှုသခင်... ဘယ်မျိုးနွယ်ကများ ဒီလို လူကို မွေးထုတ်လိုက်တာလဲမသိဘူး" အပြာရောင်ဓားသွား၏ မျက်လုံးများ သည် စိတ်အားထက်သန်မှုများအပြည့်ဖြင့် ရှီမာယူယူအား ကြည့် လေသည်။
ရှီမာယူယူသည် တည်ဆောက်မှုလုပ်ရာတွင် အာရုံနှစ်ထားသည်။ သူမသည် ဝိဉာဉ်မိစ္ဆာများထိုနေရာသို့ ရောက်မလာခင် ပြီးအောင်သေချာ လုပ်ရမည်။ မဟုတ်လျှင် အားလုံးသည် အပြောသက်သက်ဖြစ်သွားမည်။ သည်လိုနှင့် သူမသည် သူတို့၏ စိတ်အားထက်သန်သောအကြည့်များကို တုန့်ပြန်ရန်အချိန်မရှိပေ။
ထိုအချိန်တွင် သူမသည် နဂါးထောင်ချောက်တည်ဆောက်မှုကို လုပ်နေလေသည်။ သို့သော် တည်ဆောက်မှုအပေါ်တွင် တည်ဆောက်မှုထပ် လုပ်ရသဖြင့် အရင်ကထက် အချိန်ပိုသုံးရသည်။ သို့သော် အပြင်မှကြည့်လျှင် သူမသည် အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့်လုပ်လိုက်ခြင်းဖြစ်သည်။
သူမ တည်ဆောက်မှုလပ်ပြီးသောအခါ နောက်မြေပြန့်တစ်နေရာသို့ သွားပြီး နောက်တစ်ခုဆောက်လုပ်လေသည်။ ထို့နောက်တွင် သူမ သူတို့အားလက်ပြရာ အားလုံးပျံလာကြလေသည်။
"ဆရာ တည်ဆောက်မှုလုပ်ပြီးသွားပြီလား" အားလုံးသည် ပျံလာကြရာ ချီဝေသည် ရှီမာယူယူဘေးတွင် ဆင်းသက်လိုက်သည်။ သူသည် သူမကို ဆရာဟု ကျယ်လောင်စွာခေါ်ရသည်ကို မရှက်ပေ။
ရှီမာယူယူသည် သူ့အားမျက်စောင်းထိုးပြီး စနောက်ကာ ပြောလေသည် "ကျွန်တော်က ခင်ဗျား ရဲ့ဆရာမဟုတ်ဘူး ကျွန်တော့်ကို တွေ့ကရာမခေါ်နဲ့"
"ခင်ဗျားက ဘယ်လိုလုပ်ကျွန်တော့်ဆရာမဟုတ်ရမှာလဲ၊ လှည့်ပတ် ကြည့်ရုံနဲ့ တည်ဆောက်မှုလုပ်နိုင် တယ်ဆိုရင် ကျွန်တော်က ခင်ဗျားညီ လုပ်မယ်လို့ ပြောခဲ့တာပဲ အခု ကျွန်တော်က ခင်ဗျားကို ဆရာလို့ခေါ်နေတာ လေ၊ ကျွန်တော့်ကို ပစ်သွားလို့မရဘူး၊ ပြီ်းတော့ ကိုယ့်စကားကိုယ်မတည်တဲ့ လူဖြစ်အောင် မလုပ်နဲ့" ချီဝေသည် သူမလည်ပင်းအား သိုင်းဖက်ရင်း ပြောလေသည်။
သူ့ကိုယ်ပိုင်အမှန်တရားနှင့် ပြောနေသည်ကို ရှီမာယူယူမြင်သောအခါ သူနှင့်ပတ်သတ်ပြီး ဘာမှ ဆက်မပြောတော့ပေ။ ဒီလူသည် ထူးဆန်းသည်ဟု သူမ ခံစားရသည်။
သူမ သူ့အားဆွဲပြီး ပြောလိုက်သည် "ခင်ဗျား မုတ်ဆိတ်ရိတ်မယ်ဆိုရင် ကျွန်တော့်ညီအဖြစ်အသိအမှတ် ပြုမယ်"
"ဟား"
ယုချင်းနှင့် တခြားသူများသည် ရယ်မောကြလေသည်။ ဒီလူသည် သူ့မုတ်ဆိတ်ကို မည်မျှတန်ဖိုးထားသည်ကို သူတို့သိကြသည်။ အခု သူမသည် သူ့ကိုရိတ်ပစ်ရန် တောင်းဆိုနေသည်။ ဒါက သူ့ကို အိမ်ပြန်တဲ့ တစ်လမ်းလုံး ငိုသွားအောင်လုပ်တာပဲ။
သူသည် သူ့မုတ်ဆိတ်ကို ရတနာတစ်ပါးလိုသဘောထားသည်ကို ရှီမာယူယူ ခန့်မှန်းမိသောကြောင့် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ သူ၏ အမူအရာကို သူမမြင်သောအခါ နောက်ကျောကို ပုတ်ပြီး ပြောလိုက် သည် "မရိတ်နိုင်လည်း အဆင်ပြေပါတယ်၊ အကြီးကြီးတောင်းဆိုတာက ကျွန်တော် ပါ ဘယ်သူမှ ခင်ဗျားကို မကောင်းမပြောဘူးရယ်"
"မရိတ်နိုင်ဘူးလို့ဘယ်သူပြောလဲ" ချီဝေသည် ဓားထုတ်ကာ ချက်ချင်း ပင် မုတ်ဆိတ်ကို ဖြတ်လိုက်လေသည်။
"ခင်ဗျား..." သူဒီလောက်လုပ်မည်ဟု ရှီမာယူယူထင်များသဖြင့် သူ့ အပြုအမူကိုမြင်လိုက်သည်နှင့် တုန့်ပြန်မှုဖြစ်သွားသည်။
ချီဝေ၏ မုတ်ဆိတ်သည် ကြုံသလိုညှပ်လိုက်သဖြင့် ရယ်စရာကောင်း နေလေသည်။ ကျန်ရှိနေသော မုတ်ဆိတ်ကိုသာ မရိတ်ပါက သူအပြင်ကို သွားရဲမည်မဟုတ်ပေ။
ရှီမာယူယူသည် အပြစ်ရှိသည်ဟု ခံစားရသော်လည်း သူ့အကျင့်မှာ မဆိုးလှဟု ခံစားရသည်။ သူမ ဆက်ရယ်မောနေချိန်တွင် အပြာရောင် ဓားသွားနှင့် တခြားသူများသည် တမင်သက်သက်ရယ်မောကြလေသည်။
"ချီဝေ မင်းတကယ်ပဲ မုတ်ဆိတ်ရိတ်လိုက်တာပဲ မင်းပြန်သွားရင်တော့ ကျန်တဲ့လူတွေ သေချာပေါက် အံ့သြကြမှာပဲ" ရှန်မင်လန်သည် ဗိုက်ကိုဖိကာ ဟားတိုက်ရယ်လေသည်။
ရုတ်တရက်ပင် ရှီမာယူယူ၏ အမူအရာပြောင်းသွားကာ သူတို့ေ နာက်ပြောင်နေသည်ကို စကားဖြတ်ပြောကာ သတိပေးလိုက်သည် "ဝိဉာဉ် မိစ္ဆာတွေရောက်လာပြီ"