Zawgyi
အပိုင္း (၇၆၀) – လွ်ိဳ႕ဝွက္လမ္းေၾကာင္းရွာေတြ႕ျခင္း
အားလံုးသည္ ျခံအေနာက္ဘက္သို႔ေျပးသြားၾကျပီး က်ဴလန္သည္ အိမ္ ထဲသို႔တိုက္ရိုက္ေျပးဝင္သြားသည္။ လန္က်န္းႏွင့္ ခ်ီေဝတို႔သည္ ဝင္မသြားပဲ အိမ္အျပင္တြင္ေနခဲ့သည္။
"ယုခ်င္း ဘာျဖစ္တာလဲ" အျပာေရာင္ဓားသြားသည္ အျပင္မွေမး ေလသည္။
အျဖဴေရာင္ဝတ္ထားသာ လူငယ္သည္ အိမ္အျပင္သို႔ တဟုန္ထိုးေျပး လာျပီးမွ အေပၚဝတ္ကို ေသခ်ာျပင္ေလသည္။ သူထြက္လာသည္ႏွင့္ အေလာတၾကီးေမးေလသည္ "ဘာလဲ ဘာျဖစ္တာလဲ"
"ဘာမွမဟုတ္ဘူး" က်ဴလန္၏ အသံသည္ ဟာသေႏွာကာအျပင္မွ ထြက္လာေလသည္။
"တကယ္လား" ခ်ီေဝသည္ မေသခ်ာစြာေမးေလသည္။
"ဟုတ္တယ္ အျပင္မွာသာေစာင့္ေန" က်ဴလန္ ေျပာလုိက္သည္။
"ဒါဆိုလည္း ေစာင့္ၾကတာေပါ့" အျပာေရာင္လန္သည္ ခ်ီေဝႏွင့္ ရီွမာယူယူကို ေျပာေလသည္။ သူ႔အဝတ္ မ်ား ေသခ်ာစြာဝတ္ဆင္ထား ျခင္းမရွိသည္ကို ေတြ႕ေသာအခါ သူေျပာလုိက္သည္ "မင္လန္ မင္းကိုယ့္ အဝတ္ ကိုယ္ေတာင္ ေသခ်ာမဝတ္ဘူးလား"
ရွန္မင္လန္သည္ ႏႈတ္ခမ္းဆူကာ အဝတ္မ်ားကို အလ်င္စလိုဝတ္ ေလသည္။ ထိုအခ်ိန္တြင္ က်ဴလန္ အသံထြက္လာသည္ "ဝင္ခဲ့"
အားလံုးဝင္လိုက္ခ်ိန္တြင္ ၾကီးမားေသာ ေရခ်ိဳးကန္ကိုေတြ႕လိုက္ရ သည္။ ယုခ်င္းႏွင့္ က်ဴလန္တို႔သည္ ကန္ေဘးတြင္ရပ္ေနသည္။
"ဘာျဖစ္သြားတာလဲ" အျပာေရာင္ဓားသြားေမးလိုက္သည္။
"တကယ္ေတာ့ တကယ္ေတာ့ ဘာမွမျဖစ္ဘူး" ယုခ်င္းသည္ နီရဲေနဆဲ ျဖစ္ကာ ေျပာေလသည္ "ၾကြက္ ေတြ႕ျပီးလန္႔သြားလို႔"
"ဟား" ခ်ီေဝသည္ ခ်က္ခ်င္းပင္ရယ္ေမာကာ ေျပာေလသည္ "ၾကြက္ဟ ဟုတ္လား ယုခ်င္း ငါက မင္းကို ရယ္တာမဟုတ္ဘူး ဒါေပမဲ့ မင္းက ဝိဥာဥ္သခင္ေလ၊ ဘယ္လိုျဖစ္ျပီးၾကြက္လိုအေကာင္ကိုေတာင္ေၾကာက္ရတာ လဲ"
ယုခ်င္းသည္ ပိုရွက္လာကာ ရွင္းျပန္ရန္ ၾကိဳးစားေလသည္ "အဲဒါက အဲဒါက..."
"ေကာင္းျပီ ခ်ီေဝ၊ သူမကိုမရယ္နဲ႔ေတာ့၊ ယုခ်င္းက ငယ္ငယ္ ကတည္းက အျမဲေၾကာက္တတ္တာကို၊ ဒါကို မသိတာလည္းမဟုတ္ပဲနဲ႔" အျပာေရာင္ဓားသြားသည္ သူမအျပဳအမူကိုျမင္ေသာအခါ ႏူးညံ့စြာေျပာေလ သည္။ သူသည္ သူမကုိကယ္ထုတ္ေပးေနျခင္းျဖစ္သည္။
ယုခ်င္းသည္ ဘာမွမေျပာေပ။ တကယ္ေတာ့ အမွန္ေျပာရန္ခက္သည္။ သူမရင္သားကို ဝိဥာဥ္မိစာၦ တစ္ေကာင္က ထိပါးသည္ဟု ေယာက်္ားေလး တစ္သိုက္ကို ေျပာရန္နည္းလမ္းမရွိေပ။
"ဒီေနရာက ေတာ္ေတာ္တိတ္ဆိတ္တယ္၊ ျပီးေတာ့ ၾကြက္ရုတ္တရက္ ေပၚလာရင္လည္း လန္႔သြားမွာပဲ အထူးသျဖင့္ ဒီၾကြက္က သာမန္ အရြယ္အစားမဟုတ္ဘူး၊ သာမန္ဝိဥာဥ္ယုန္ထက္ေတာင္ ၾကီးေသးတယ္" က်ဴလန္ ေျပာလိုက္သည္။
"ဟုတ္တယ္ အရမ္းေၾကာက္ဖုိ႔ေကာင္းတယ္ ရုတ္တရက္ျမင္လုိက္ရင္ မင္းတို႔လည္း ေၾကာက္သြားမွာပဲ" ယုခ်င္း ေျပာလုိက္သည္။
"ဟင္း ငါကမင္းမွမဟုတ္တာ" ခ်ီေဝသည္ ႏွာမႈတ္ကာ လက္ပိုက္ေလ သည္။
"ခ်ီေဝသာဆိုရင္ေတာ့ ေသခ်ာေပါက္ အႏုိင္ရျပီး ငါတို႔ေရွ႕မွာကေတာင္ ကႏို္င္တယ္" က်ဴလန္ ေျပာ လုိက္သည္။
"စီနီယာက်ဴ ငါ့ကိုေတာ္ေတာ္နားလည္တာပဲ" ခ်ီေဝ ျပံဳးေလသည္။
"အဲဒါက..." ရီွမာယူယူသည္ သူတုိ႔ေနာက္ေျပာင္ေနသည္ကို ေႏွာင့္ ယွက္ေလသည္ "ကၽြန္ေတာ္တို႔ ျပႆနာရွိေနတယ္"
"သခင္ေလးရီွမာ ေျပာပါ" အျပာေရာင္ဓားသြား ေျပာလုိက္သည္။
"အဲဒါက" ရီွမာယူယူသည္ အရိုက္ခံထားရျပီး အေၾကာေသေနေသာ ၾကြက္ကိုညြန္ျပျပီး ေမးေလသည္ "တစ္ျမိဳ႕လံုးမွာ ဝိဥာဥ္မိစာၦေရာ လူေတြေရာ မရွိဘူးေလ၊ အခု ၾကြက္တစ္ေကာင္ေပၚလာတယ္၊ သူဘယ္ကလာ တာလဲ"
"ဟုတ္သားပဲ" အျပာေရာင္ဓားသြားသည္ မ်က္ေမွာင္ၾကဳတ္လုိက္သည္ "ကၽြန္ေတာ္တို႔ ဒီေနရာကို ဝင္လာေတာ့ သက္ရွိမရွိပါဘူး၊ ဒီၾကြက္က ဘယ္ကလာတာလဲ"
က်ဴလန္ႏွင့္ တျခားသူမ်ားလည္း ေသခ်ာအာရံုစိုက္ထားသည္။ ၾကြက္ကတစ္ေကာင္သည္ ဗလာက်င္းေနေသာ ျမိဳ႕ထဲတြင္ ရုတ္တရက္ ေပၚလာသည္။ ထိုသည္မွာ မည္မွ်ပင္စဥ္းစားေစကာမူ ထူးဆန္းေနသည္။
"ဟာစြန္" ရွီမာယူယူ ေခၚထုတ္လိုက္သည္။
ဟာစြန္သည္ သူမအေနာက္မွေပၚလာျပီး မ်က္စိမွိတ္ကာ အိမ္ကိုတစ္ ပတ္ပတ္ၾကည့္ျပီး အာရံုခံေလသည္။
"သူဘာလုပ္ေနတာလဲ" ခ်ီေဝသည္ သိခ်င္စိတ္ျဖင့္ သူ႔ကိုၾကည့္ျပီးေမး ေလသည္။
"စကားမေျပာနဲ႔" အျပာေရာင္ဓားသြားသည္ သူ႔ကိုၾကည့္ျပီး ေျပာမည့္ စကားမ်ားကို မ်ိဳသိပ္ထားလိုက္ သည္။
ဟာစြန္သည္ ပတ္ဝန္းက်င္ကိုအာရံုခံျပီးသည္ႏွင့္ နံရံတစ္ခုသို႔လာလုိက္ သည္။ သူသည္ နံရံကိုစမ္းၾကည့္ရာ အုတ္တစ္ခ်ပ္ကို ခံစားမိျပီး ဖိၾကည့္ လိုက္သည္။ ထို႔ေနာက္တြင္ နံရံသည္ ေဘးသို႔ကြဲသြားျပီး လမ္းေပၚလာ သည္။
ထိုအခ်ိန္တြင္ အားလံုးသည္ သိလိုက္ရသည္။ ထိုေနရာေအာက္တြင္ ေျမေအာက္ခန္းရွိလိမ့္မည္ဟု ဘယ္သူမွမထင္မိေပ။
"ေအာက္ဆင္းျပီး ၾကည့္ရေအာင္" ရီွမာယူယူ ေျပာလုိက္သည္။
"ေကာင္းျပီ"
ေလွကားမွာမျမင့္ပဲ ေအာက္ေရာက္ရန္ အဆင့္၂၀ေလာက္သာ ရွိသည္။ ေအာက္ပိုင္းလမ္းေၾကာင္းတြင္ ဆီမီးအိမ္မ်ား ေဘးတြင္စီထားသည္။
ရီွမာယူယူသည္ လက္ေခ်ာင္းမ်ားကစားလိုက္ရာ မီးေတာက္လံုးထြက္ လာျပီး ဆီမီးအိမ္မ်ားကို မီးညွိလုိက္သည္။ တစ္လမ္းလံုးမီးလင္းသြားသည္။
အားလံုးသည္ ေအာက္သို႔လိုက္ဆင္းျပီး အေရွ႕တြင္ရွိေသာ ခ်ီေဝသည္ ေျပာလုိက္သည္ "အေရွ႕မွာ အတားအဆီးရွိတယ္ ငါဝင္လုိ႔မရဘူး"
"ၾကည့္ၾကည့္မယ္" ခ်ီေဝေနာက္တြင္ရွိေသာ က်ဴလန္သည္ အေရွ႕ သို႔ထြက္လိုက္သည္။ သူမ လက္ဆန္႔ လုိက္ရာ အမွန္တကယ္ပင္ မျမင္ရ ေသာ ကာကြယ္ေရးဖန္သားျပင္သည္ လမ္းကိုပိတ္ထားသည္။
"ဒီမွာ အတားအဆီးကဘာလုပ္ေနတာလဲ" ယုခ်င္းသည္ သိခ်င္စိတ္ျဖင့္ ေမးေလသည္။
"ပံုမွန္ဆိုရင္ ပိုင္ရွင္ကခ်န္ထားခဲ့တာပဲ" အျပာေရာင္ဓားသြား ေျပာလုိက္ သည္ "ဒီဟာေၾကာင့္သာမဟုတ္ရင္ ငါတုိ႔လွ်ိဳ႕ဝွက္ေျမေအာက္ခန္းရွိတာ သိမွာပဲ"
ရွီမာယူယူ အေရွ႕သို႔ေလွ်ာက္သြားျပီး အတားအဆီးကိုထိကာ ေျပာ လုိက္သည္ "ဒါကတကယ္ပဲ အထဲကို သီးသန္႔ခြဲထားတဲ့အတားအဆီးပဲ ဒါေပမဲ့ဒါမ်ိဳးအတားအဆီးက ထိန္းသိမ္းဖို႔အမ်ားၾကီးလိုတယ္၊ အၾကာၾကီး မခံဘူး"
"ရွင္က အတားအဆီးေတြကို သိတာပဲ၊ ကၽြန္မတို႔ေတာင္ ဘာကြာလဲ ဆိုတာ မသိဘူး" က်ဴလန္ ခ်ီးက်ဴး ေလသည္။
"ဟုတ္တယ္ ရွင္က တကယ္အားေကာင္းတာပဲ" ယုခ်င္းသည္ ရွီမာယူယူအား အားက်စြာၾကည့္ေလ သည္။
"ဒီလိုပါပဲ" ရွီမာယူယူ ျပံဳးလုိက္သည္။
ထိုအရာေတြအားလံုးသည္ ဟိန္းသံေလး ဝိဥာဥ္ေစတီအတြင္း တြင္ရွိစဥ္က ေျပာခဲ့ျခင္းျဖစ္သည္။ သူမ မသိစရာအေၾကာင္းမရွိေပ။
"စီနီယာ ဒါကိုဖ်က္ႏုိင္မလား" ခ်ီေဝ ေမးလုိက္သည္။
"စမ္းၾကည့္မယ္" အျပာေရာင္လန္သည္ ဓားရွည္ထုတ္လိုက္သည္။
"အသံုးမဝင္ဘူး" ရွီမာယူယူ ေျပာလိုက္သည္။
"ဘာလို႔လဲ"
"ဒီလိုအတားအဆီးအမ်ိဳးအစားက အျပင္ကတုိက္ခိုက္မႈအကုန္လံုးကို စုပ္ယူႏုိင္တယ္၊ မဟုတ္ရင္ အျပင္ကလူေတြက ဒါရွိေနတာ ဘယ္သိမလဲ" ရီွမာယူယူ ေျပာလုိက္သည္။
"ဒါဆို ဘာလုပ္ၾကမလဲ"
"ဒီလိုအမ်ိဳးအစားေတြ႕ရင္ ေရြးခ်ယ္စရာမရွိ အတားအဆီးရဲ႕လုပ္ ႏိုင္စြမ္းကုန္ျပီး သူ႔ဘာသာသူပြင့္ေအာင္ ေစာင့္ရမယ္ မဟုတ္ရင္ အထဲကလူ သူ႔ဘာသာသူထြက္လာတဲ့အထိ ေစာင့္ရမယ္" ရွီမာယူယူ ေျပာလိုက္သည္။
"တျခားနည္းလမ္းမရွိေတာ့ဘူးလား" က်ဴလန္သည္ လမ္းေထာင့္ကို စိတ္ပ်က္လက္ပ်က္ၾကည့္ျပီး ေမး ေလသည္။
"ရွိတယ္ ဒါေပမဲ့ လိုအပ္ခ်က္မျပည့္မွီေလာက္ဘူး" ရွီမာယူယူ ေျပာ လိုက္သည္။
"ဘာနည္းလမ္းလဲ"
"ခင္ဗ်ားတို႔ အတားအဆီးေတြကို ကင္းလြတ္ရမယ္" ရွီမာယူယူ ေျပာ လုိက္သည္။
"အာ အဲဒါဘယ္လိုလုပ္ျဖစ္ႏုိင္မွာလဲ" ရွန္မင္လန္သည္ ႏႈတ္ခမ္း တြန္႔ရင္းေျပာေလသည္။
"ဘာလို႔လဲ" ရွီမာယူယူ ေျပာလုိက္သည္ "ဒီမွာေစာင့္ေန ကၽြန္ေတာ ္အထဲသြားျပီးၾကည့္လုိက္မယ္"
ရွီမာယူယူသည္ ေျပာျပီးသည္ႏွင့္ ဟာစြန္ႏွင့္ အိမ္မက္ေလးကို ျပန္သိမ္းျပီး ဟိန္းသံေလးကိုေခၚထုတ္ကာ ေပါင္းစပ္လုိက္သည္။ ထို႔ေနာက္ တြင္ သူမသည္ အတားအဆီးထဲသို႔ဝင္သြားေလသည္။
"သူတကယ္ပဲဝင္သြားတာလား" ရွန္မင္လန္သည္ ရွီမာယူယူအား မ်က္လံုးျပဴးကာၾကည့္ျပီး သူမ ေထာင့္ဘက္သို႔ လွည့္ပတ္သြားလာျပီးေနာက္ ျပန္လာသည္ကို ေစာင့္ၾကည့္ေနလုိက္သည္။
"ကၽြန္ေတာ္အခုပဲလုပ္ၾကည့္ခဲ့တယ္ ခင္ဗ်ားတို႔ အတားအဆီးကိုဝင္လို႔ မရဘူး သူတကယ္ဝင္သြားလို႔ရတယ္လို႔ မထင္ဘူး" ခ်ီေဝေျပာလုိက္သည္။
"သူ ခုနကေျပာသြားတာ အတားအဆီးေတြကို လြတ္ကင္းတဲ့လူလို႔ေျပာ သြားတယ္၊ သူကအဲလိုလူမ်ိဳး ျဖစ္ႏုိင္လား"
"သူမဟုတ္ဘူး သူ႔ဝိဥာဥ္မိစာၦကျဖစ္ေလာက္တယ္" အျပာေရာင္ဓား သြားေျပာလုိက္သည္။
"ဒါေပမဲ့ သူ႔ဝိဥာဥ္မိစာၦက ဟုတ္ေနတယ္ဆိုရင္ေတာင္ သူဝင္သြားလို႔မရ ဘူးေလ" ယုခ်င္း ေျပာလိုက္သည္။
"မင္းတို႔မွတ္မိၾကေသးလား လြန္ခဲ့တဲ့ ႏွစ္၁၀၀က အနီေရာင္ဓားသြား သခင္က လူတစ္ေယာက္နဲ႔ တိုက္ပြဲၾကီးျဖစ္ခဲ့တာ" အျပာေရာင္ဓားသြား ေမးလိုက္သည္။
"မွတ္မိတာေပါ့၊ အနီေရာင္ဓားသြားရဲ႕ တပည့္တစ္ေယာက္က အဓိက စည္းမ်ဥ္းကိုခ်ိဳးေဖာက္ျပီး မေကာင္းတာလုပ္ခဲ့လို႔ေလ၊ အနီေရာင္ဓားသြားကို အေမွာင္ေတာထဲမွာထားျပီး သူမကိုကာကြယ္လို႔ ေတာင္ေပၚမွာ တိုက္ပြဲၾကီး ျဖစ္ခဲ့တာ၊ ေနာက္ေတာ့ အနီေရာင္ဓားသြားက အျပင္းအထန္ဒဏ္ရာရခဲ့တယ္ ေနာက္ဆံုးေတာ့ သူတုိ႔ႏွစ္ေယာက္လံုး သူငယ္ခ်င္းေကာင္းေတြျဖစ္သြား ၾကတာ" ခ်ီေဝေျပာေလသည္။
"အဲတုန္းက အဲလူက အနီေရာင္ဓားသြားသခင္ေလာက္ အင္အားမၾကီး ဘူး၊ ဒါေပမဲ့ သူ႔ကိုႏုိင္ခဲ့တယ္ ဘာလို႔လဲဆိုေတာ့ အဲလူက ငါတုိ႔မသိတဲ့ ေပါင္းစပ္ျခင္းမႏၱာန္သံုးခဲ့တာ" အျပာေရာင္ဓားသြား ေျပာလုိက္သည္ "ျပီး ေတာ့ အဲလူက ရွီမာလ်ဴယြမ္လို႔ေခၚတယ္"
Unicode
အပိုင်း (၇၆၀) – လျှို့ဝှက်လမ်းကြောင်းရှာတွေ့ခြင်း
အားလုံးသည် ခြံအနောက်ဘက်သို့ပြေးသွားကြပြီး ကျူလန်သည် အိမ် ထဲသို့တိုက်ရိုက်ပြေးဝင်သွားသည်။ လန်ကျန်းနှင့် ချီဝေတို့သည် ဝင်မသွားပဲ အိမ်အပြင်တွင်နေခဲ့သည်။
"ယုချင်း ဘာဖြစ်တာလဲ" အပြာရောင်ဓားသွားသည် အပြင်မှမေး လေသည်။
အဖြူရောင်ဝတ်ထားသာ လူငယ်သည် အိမ်အပြင်သို့ တဟုန်ထိုးပြေး လာပြီးမှ အပေါ်ဝတ်ကို သေချာပြင်လေသည်။ သူထွက်လာသည်နှင့် အလောတကြီးမေးလေသည် "ဘာလဲ ဘာဖြစ်တာလဲ"
"ဘာမှမဟုတ်ဘူး" ကျူလန်၏ အသံသည် ဟာသနှောကာအပြင်မှ ထွက်လာလေသည်။
"တကယ်လား" ချီဝေသည် မသေချာစွာမေးလေသည်။
"ဟုတ်တယ် အပြင်မှာသာစောင့်နေ" ကျူလန် ပြောလိုက်သည်။
"ဒါဆိုလည်း စောင့်ကြတာပေါ့" အပြာရောင်လန်သည် ချီဝေနှင့် ရှီမာယူယူကို ပြောလေသည်။ သူ့အဝတ် များ သေချာစွာဝတ်ဆင်ထား ခြင်းမရှိသည်ကို တွေ့သောအခါ သူပြောလိုက်သည် "မင်လန် မင်းကိုယ့် အဝတ် ကိုယ်တောင် သေချာမဝတ်ဘူးလား"
ရှန်မင်လန်သည် နှုတ်ခမ်းဆူကာ အဝတ်များကို အလျင်စလိုဝတ် လေသည်။ ထိုအချိန်တွင် ကျူလန် အသံထွက်လာသည် "ဝင်ခဲ့"
အားလုံးဝင်လိုက်ချိန်တွင် ကြီးမားသော ရေချိုးကန်ကိုတွေ့လိုက်ရ သည်။ ယုချင်းနှင့် ကျူလန်တို့သည် ကန်ဘေးတွင်ရပ်နေသည်။
"ဘာဖြစ်သွားတာလဲ" အပြာရောင်ဓားသွားမေးလိုက်သည်။
"တကယ်တော့ တကယ်တော့ ဘာမှမဖြစ်ဘူး" ယုချင်းသည် နီရဲနေဆဲ ဖြစ်ကာ ပြောလေသည် "ကြွက် တွေ့ပြီးလန့်သွားလို့"
"ဟား" ချီဝေသည် ချက်ချင်းပင်ရယ်မောကာ ပြောလေသည် "ကြွက်ဟ ဟုတ်လား ယုချင်း ငါက မင်းကို ရယ်တာမဟုတ်ဘူး ဒါပေမဲ့ မင်းက ဝိဉာဉ်သခင်လေ၊ ဘယ်လိုဖြစ်ပြီးကြွက်လိုအကောင်ကိုတောင်ကြောက်ရတာ လဲ"
ယုချင်းသည် ပိုရှက်လာကာ ရှင်းပြန်ရန် ကြိုးစားလေသည် "အဲဒါက အဲဒါက..."
"ကောင်းပြီ ချီဝေ၊ သူမကိုမရယ်နဲ့တော့၊ ယုချင်းက ငယ်ငယ် ကတည်းက အမြဲကြောက်တတ်တာကို၊ ဒါကို မသိတာလည်းမဟုတ်ပဲနဲ့" အပြာရောင်ဓားသွားသည် သူမအပြုအမူကိုမြင်သောအခါ နူးညံ့စွာပြောလေ သည်။ သူသည် သူမကိုကယ်ထုတ်ပေးနေခြင်းဖြစ်သည်။
ယုချင်းသည် ဘာမှမပြောပေ။ တကယ်တော့ အမှန်ပြောရန်ခက်သည်။ သူမရင်သားကို ဝိဉာဉ်မိစ္ဆာ တစ်ကောင်က ထိပါးသည်ဟု ယောကျ်ားလေး တစ်သိုက်ကို ပြောရန်နည်းလမ်းမရှိပေ။
"ဒီနေရာက တော်တော်တိတ်ဆိတ်တယ်၊ ပြီးတော့ ကြွက်ရုတ်တရက် ပေါ်လာရင်လည်း လန့်သွားမှာပဲ အထူးသဖြင့် ဒီကြွက်က သာမန် အရွယ်အစားမဟုတ်ဘူး၊ သာမန်ဝိဉာဉ်ယုန်ထက်တောင် ကြီးသေးတယ်" ကျူလန် ပြောလိုက်သည်။
"ဟုတ်တယ် အရမ်းကြောက်ဖို့ကောင်းတယ် ရုတ်တရက်မြင်လိုက်ရင် မင်းတို့လည်း ကြောက်သွားမှာပဲ" ယုချင်း ပြောလိုက်သည်။
"ဟင်း ငါကမင်းမှမဟုတ်တာ" ချီဝေသည် နှာမှုတ်ကာ လက်ပိုက်လေ သည်။
"ချီဝေသာဆိုရင်တော့ သေချာပေါက် အနိုင်ရပြီး ငါတို့ရှေ့မှာကတောင် ကနိုင်တယ်" ကျူလန် ပြော လိုက်သည်။
"စီနီယာကျူ ငါ့ကိုတော်တော်နားလည်တာပဲ" ချီဝေ ပြုံးလေသည်။
"အဲဒါက..." ရှီမာယူယူသည် သူတို့နောက်ပြောင်နေသည်ကို နှောင့် ယှက်လေသည် "ကျွန်တော်တို့ ပြဿနာရှိနေတယ်"
"သခင်လေးရှီမာ ပြောပါ" အပြာရောင်ဓားသွား ပြောလိုက်သည်။
"အဲဒါက" ရှီမာယူယူသည် အရိုက်ခံထားရပြီး အကြောသေနေသော ကြွက်ကိုညွန်ပြပြီး မေးလေသည် "တစ်မြို့လုံးမှာ ဝိဉာဉ်မိစ္ဆာရော လူတွေရော မရှိဘူးလေ၊ အခု ကြွက်တစ်ကောင်ပေါ်လာတယ်၊ သူဘယ်ကလာ တာလဲ"
"ဟုတ်သားပဲ" အပြာရောင်ဓားသွားသည် မျက်မှောင်ကြုတ်လိုက်သည် "ကျွန်တော်တို့ ဒီနေရာကို ဝင်လာတော့ သက်ရှိမရှိပါဘူး၊ ဒီကြွက်က ဘယ်ကလာတာလဲ"
ကျူလန်နှင့် တခြားသူများလည်း သေချာအာရုံစိုက်ထားသည်။ ကြွက်ကတစ်ကောင်သည် ဗလာကျင်းနေသော မြို့ထဲတွင် ရုတ်တရက် ပေါ်လာသည်။ ထိုသည်မှာ မည်မျှပင်စဉ်းစားစေကာမူ ထူးဆန်းနေသည်။
"ဟာစွန်" ရှီမာယူယူ ခေါ်ထုတ်လိုက်သည်။
ဟာစွန်သည် သူမအနောက်မှပေါ်လာပြီး မျက်စိမှိတ်ကာ အိမ်ကိုတစ် ပတ်ပတ်ကြည့်ပြီး အာရုံခံလေသည်။
"သူဘာလုပ်နေတာလဲ" ချီဝေသည် သိချင်စိတ်ဖြင့် သူ့ကိုကြည့်ပြီးမေး လေသည်။
"စကားမပြောနဲ့" အပြာရောင်ဓားသွားသည် သူ့ကိုကြည့်ပြီး ပြောမည့် စကားများကို မျိုသိပ်ထားလိုက် သည်။
ဟာစွန်သည် ပတ်ဝန်းကျင်ကိုအာရုံခံပြီးသည်နှင့် နံရံတစ်ခုသို့လာလိုက် သည်။ သူသည် နံရံကိုစမ်းကြည့်ရာ အုတ်တစ်ချပ်ကို ခံစားမိပြီး ဖိကြည့် လိုက်သည်။ ထို့နောက်တွင် နံရံသည် ဘေးသို့ကွဲသွားပြီး လမ်းပေါ်လာ သည်။
ထိုအချိန်တွင် အားလုံးသည် သိလိုက်ရသည်။ ထိုနေရာအောက်တွင် မြေအောက်ခန်းရှိလိမ့်မည်ဟု ဘယ်သူမှမထင်မိပေ။
"အောက်ဆင်းပြီး ကြည့်ရအောင်" ရှီမာယူယူ ပြောလိုက်သည်။
"ကောင်းပြီ"
လှေကားမှာမမြင့်ပဲ အောက်ရောက်ရန် အဆင့်၂၀လောက်သာ ရှိသည်။ အောက်ပိုင်းလမ်းကြောင်းတွင် ဆီမီးအိမ်များ ဘေးတွင်စီထားသည်။
ရှီမာယူယူသည် လက်ချောင်းများကစားလိုက်ရာ မီးတောက်လုံးထွက် လာပြီး ဆီမီးအိမ်များကို မီးညှိလိုက်သည်။ တစ်လမ်းလုံးမီးလင်းသွားသည်။
အားလုံးသည် အောက်သို့လိုက်ဆင်းပြီး အရှေ့တွင်ရှိသော ချီဝေသည် ပြောလိုက်သည် "အရှေ့မှာ အတားအဆီးရှိတယ် ငါဝင်လို့မရဘူး"
"ကြည့်ကြည့်မယ်" ချီဝေနောက်တွင်ရှိသော ကျူလန်သည် အရှေ့ သို့ထွက်လိုက်သည်။ သူမ လက်ဆန့် လိုက်ရာ အမှန်တကယ်ပင် မမြင်ရ သော ကာကွယ်ရေးဖန်သားပြင်သည် လမ်းကိုပိတ်ထားသည်။
"ဒီမှာ အတားအဆီးကဘာလုပ်နေတာလဲ" ယုချင်းသည် သိချင်စိတ်ဖြင့် မေးလေသည်။
"ပုံမှန်ဆိုရင် ပိုင်ရှင်ကချန်ထားခဲ့တာပဲ" အပြာရောင်ဓားသွား ပြောလိုက် သည် "ဒီဟာကြောင့်သာမဟုတ်ရင် ငါတို့လျှို့ဝှက်မြေအောက်ခန်းရှိတာ သိမှာပဲ"
ရှီမာယူယူ အရှေ့သို့လျှောက်သွားပြီး အတားအဆီးကိုထိကာ ပြော လိုက်သည် "ဒါကတကယ်ပဲ အထဲကို သီးသန့်ခွဲထားတဲ့အတားအဆီးပဲ ဒါပေမဲ့ဒါမျိုးအတားအဆီးက ထိန်းသိမ်းဖို့အများကြီးလိုတယ်၊ အကြာကြီး မခံဘူး"
"ရှင်က အတားအဆီးတွေကို သိတာပဲ၊ ကျွန်မတို့တောင် ဘာကွာလဲ ဆိုတာ မသိဘူး" ကျူလန် ချီးကျူး လေသည်။
"ဟုတ်တယ် ရှင်က တကယ်အားကောင်းတာပဲ" ယုချင်းသည် ရှီမာယူယူအား အားကျစွာကြည့်လေ သည်။
"ဒီလိုပါပဲ" ရှီမာယူယူ ပြုံးလိုက်သည်။
ထိုအရာတွေအားလုံးသည် ဟိန်းသံလေး ဝိဉာဉ်စေတီအတွင်း တွင်ရှိစဉ်က ပြောခဲ့ခြင်းဖြစ်သည်။ သူမ မသိစရာအကြောင်းမရှိပေ။
"စီနီယာ ဒါကိုဖျက်နိုင်မလား" ချီဝေ မေးလိုက်သည်။
"စမ်းကြည့်မယ်" အပြာရောင်လန်သည် ဓားရှည်ထုတ်လိုက်သည်။
"အသုံးမဝင်ဘူး" ရှီမာယူယူ ပြောလိုက်သည်။
"ဘာလို့လဲ"
"ဒီလိုအတားအဆီးအမျိုးအစားက အပြင်ကတိုက်ခိုက်မှုအကုန်လုံးကို စုပ်ယူနိုင်တယ်၊ မဟုတ်ရင် အပြင်ကလူတွေက ဒါရှိနေတာ ဘယ်သိမလဲ" ရှီမာယူယူ ပြောလိုက်သည်။
"ဒါဆို ဘာလုပ်ကြမလဲ"
"ဒီလိုအမျိုးအစားတွေ့ရင် ရွေးချယ်စရာမရှိ အတားအဆီးရဲ့လုပ် နိုင်စွမ်းကုန်ပြီး သူ့ဘာသာသူပွင့်အောင် စောင့်ရမယ် မဟုတ်ရင် အထဲကလူ သူ့ဘာသာသူထွက်လာတဲ့အထိ စောင့်ရမယ်" ရှီမာယူယူ ပြောလိုက်သည်။
"တခြားနည်းလမ်းမရှိတော့ဘူးလား" ကျူလန်သည် လမ်းထောင့်ကို စိတ်ပျက်လက်ပျက်ကြည့်ပြီး မေး လေသည်။
"ရှိတယ် ဒါပေမဲ့ လိုအပ်ချက်မပြည့်မှီလောက်ဘူး" ရှီမာယူယူ ပြော လိုက်သည်။
"ဘာနည်းလမ်းလဲ"
"ခင်ဗျားတို့ အတားအဆီးတွေကို ကင်းလွတ်ရမယ်" ရှီမာယူယူ ပြော လိုက်သည်။
"အာ အဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရှန်မင်လန်သည် နှုတ်ခမ်း တွန့်ရင်းပြောလေသည်။
"ဘာလို့လဲ" ရှီမာယူယူ ပြောလိုက်သည် "ဒီမှာစောင့်နေ ကျွန်တော ်အထဲသွားပြီးကြည့်လိုက်မယ်"
ရှီမာယူယူသည် ပြောပြီးသည်နှင့် ဟာစွန်နှင့် အိမ်မက်လေးကို ပြန်သိမ်းပြီး ဟိန်းသံလေးကိုခေါ်ထုတ်ကာ ပေါင်းစပ်လိုက်သည်။ ထို့နောက် တွင် သူမသည် အတားအဆီးထဲသို့ဝင်သွားလေသည်။
"သူတကယ်ပဲဝင်သွားတာလား" ရှန်မင်လန်သည် ရှီမာယူယူအား မျက်လုံးပြူးကာကြည့်ပြီး သူမ ထောင့်ဘက်သို့ လှည့်ပတ်သွားလာပြီးနောက် ပြန်လာသည်ကို စောင့်ကြည့်နေလိုက်သည်။
"ကျွန်တော်အခုပဲလုပ်ကြည့်ခဲ့တယ် ခင်ဗျားတို့ အတားအဆီးကိုဝင်လို့ မရဘူး သူတကယ်ဝင်သွားလို့ရတယ်လို့ မထင်ဘူး" ချီဝေပြောလိုက်သည်။
"သူ ခုနကပြောသွားတာ အတားအဆီးတွေကို လွတ်ကင်းတဲ့လူလို့ပြော သွားတယ်၊ သူကအဲလိုလူမျိုး ဖြစ်နိုင်လား"
"သူမဟုတ်ဘူး သူ့ဝိဉာဉ်မိစ္ဆာကဖြစ်လောက်တယ်" အပြာရောင်ဓား သွားပြောလိုက်သည်။
"ဒါပေမဲ့ သူ့ဝိဉာဉ်မိစ္ဆာက ဟုတ်နေတယ်ဆိုရင်တောင် သူဝင်သွားလို့မရ ဘူးလေ" ယုချင်း ပြောလိုက်သည်။
"မင်းတို့မှတ်မိကြသေးလား လွန်ခဲ့တဲ့ နှစ်၁၀၀က အနီရောင်ဓားသွား သခင်က လူတစ်ယောက်နဲ့ တိုက်ပွဲကြီးဖြစ်ခဲ့တာ" အပြာရောင်ဓားသွား မေးလိုက်သည်။
"မှတ်မိတာပေါ့၊ အနီရောင်ဓားသွားရဲ့ တပည့်တစ်ယောက်က အဓိက စည်းမျဉ်းကိုချိုးဖောက်ပြီး မကောင်းတာလုပ်ခဲ့လို့လေ၊ အနီရောင်ဓားသွားကို အမှောင်တောထဲမှာထားပြီး သူမကိုကာကွယ်လို့ တောင်ပေါ်မှာ တိုက်ပွဲကြီး ဖြစ်ခဲ့တာ၊ နောက်တော့ အနီရောင်ဓားသွားက အပြင်းအထန်ဒဏ်ရာရခဲ့တယ် နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံး သူငယ်ချင်းကောင်းတွေဖြစ်သွား ကြတာ" ချီဝေပြောလေသည်။
"အဲတုန်းက အဲလူက အနီရောင်ဓားသွားသခင်လောက် အင်အားမကြီး ဘူး၊ ဒါပေမဲ့ သူ့ကိုနိုင်ခဲ့တယ် ဘာလို့လဲဆိုတော့ အဲလူက ငါတို့မသိတဲ့ ပေါင်းစပ်ခြင်းမန္တာန်သုံးခဲ့တာ" အပြာရောင်ဓားသွား ပြောလိုက်သည် "ပြီး တော့ အဲလူက ရှီမာလျူယွမ်လို့ခေါ်တယ်"