ေနျခည္နမ္းသည့္ပန္းေလျပည္ နေခြ...

Per NwayOo_ALinkar

37.9K 2.4K 457

မင္းကအင္းေရျပင္ႀကီးဆိုရင္ ကိုယ္ကမင္းနဲ႔ အၿမဲတမ္းမ်က္ႏွာခ်င္းဆိုင္ပဲရွိေနမယ့္ ေကာင္းကင္ျပာျကီးေပါ့ မင်းကအင်းရ... Més

ဇာတ္လမ္းမိတ္ဆက္
အခန္း-၁{အင္းေလးေျမ}
အခန္း-၂ {ေတြ႕ဆံုျခင္းရဲ႕ကံၾကမၼာအစ}
အခန္း-၃ {ႏွဖူးစာရြာလည္}
အခန္း-၄ {ႏွလံုးသားနိဒါန္း}
အခန္း-၅ {ႏွလံုးသားပံုရိပ္}
အခန္း-၆ {ဘုရားလည္းဖူးလိပ္ဥလည္းတူး}
အပိုင္း-၇ {အခ်စ္က္ိုစတင္ခံစားမိျခင္း}
အပ္ိုင္း-၈ {ၾကာပန္းေလးလႉေပးခ်င္လို႔}
အခန္း-၉{ရြာမေရေပၚေစ်းေန႔မွဂယက္}
အခန္း-၁၀{ခ်စ္ျခင္းထက္ပိုေသာျမတ္ႏိုးမႈ}
အပိုင္း-၁၁{ေဗဒါပင္ေလးလ္ိုလူ}
အပိုင္း-၁၂ {မင္းရဲ႕ျဖစ္တည္မႈတိုင္းကိုခ်စ္တယ္}
အပ္ိုင္း-၁၃{ခ်စ္စဖြယ္တိုက္ေတးပြဲဓေလ့}
အပိုင္း-၁၄{အင္းေလးဆိုတာေရစက္ေတြနဲ႔ခင္းထားတဲ့လမ္းျဖစ္ေနတယ္}
အပိုင္း-၁၅{ႏွလံုးသားတစ္စံုသာကိုယ့္ထံအပ္ႏွံပါ}
အပ္ိုင္း-၁၆{ျမတ္ေဖာင္ေတာ္ဦးေစတီဦးဝယ္}
အပိုင္း-၁၇{ဒီတစ္သက္လံုးတို႔မခြဲဘူး}
အပိုင္း-၁၈{ခ်စ္ျခင္း၏႐ိုးသားမႈ}
အပ္ိုင္း-၁၉{ႏွလံုးသားေလးကိုခ်ည္ေႏွာင္ထားခ်င္လို႔}
အပိုင္း-၂၀{သေဘာမတူရင္ခိုးေျပးၾကမယ္}
အပိုင္း-၂၁{မဂၤလာဦးည}
အပိုင္း-၂၂{ခ်စ္ျခင္းေန႔ရက္အေစာပိုင္း}
အပိုင္း-၂၃{ခ်စ္ျခင္းႀက္ိဳးေလးခိ္ုင္ၿမဲေစ}
အပိုင္း-၂၄{တြဲလက္တို႔ခိုင္ၿမဲေစ}
အပိုင္း-၂၅{မင္းနဲ႔ခ်စ္တတ္ၿပီေပါ့}
အပိုင္း-၂၇{ကိုယ္မညာေတာ့ဘူးမင္းကိုခ်စ္သည္}
အပိုင္း-၂၈{ရင္ခုန္သံရပ္ဝန္း}{ဇာတ္သိမ္းပိုင္း}

အပ္ိုင္း-၂၆{အလြမ္းေန႔ရက္}

582 54 17
Per NwayOo_ALinkar

{Zawgyi}

အင္းေလးကန္သည္ ရာသီေတြဘယ္လိုေျပာင္း
လဲေနပါေစ စိမ္းစိုလွပေနဆဲပင္။ ေကာင္းကင္
ျပာျပာေနာက္ခံထားေသာ စိမ္းညိဳ႕ညိဳ႕ ေတာင္
တန္းမ်ားကလည္း အင္းေလးကန္ကိုဝန္းရံေန
ပံုမွာ လွပလြန္းလွ၏။

ေရစပ္နားတြင္ပ်ံဝဲေနေသာ ေငြစင္ေရာ္မ်ား
ကလည္း အင္းေလးသို႔လာေသာ သူတိုင္းကို
ႀကိဳဆိုေနသေယာင္။ စက္ေလွသည္ ေရလႊာ
ကို ထိုးခြဲကာ ေရစက္မ်ားဖြာခနဲျဖစ္ေအာင္
အရွိန္ျပင္းစြာ ခုတ္ေမာင္းေန၏။ အင္းေလး
ေရျပင္ကို ေငးၾကည့္ေနရင္း ဒီပါ့ မ်က္ဝန္း
အိမ္မွ မ်က္ရည္စေလးတို႔က ပါးျပင္ေပၚသို႔
လိမ့္ဆင္းက်လာ၏။ ရင္ထဲရွိႏွလံုးသားတစ္ခု
လံုး ေၾကမြေနသလို နာက်င္ေနရ၏။

ေနာက္ရွိ တာရာႏွင့္ စက္ေလွေမာင္းေနေသာ
လင္းဦးက ဒီပါ့ကို နားလည္ေပးစြာပင္ အသံ
ဆိတ္ေနၾက၏။

စက္ေလွေလးသည္ နန္းပန္ရြာထဲသို႔ဝင္လာခဲ့၏။

"ဒီပါ..လာ..! အေပၚမွာ ေစာမူေကာ..ဦးၾကာရံု
ေကာ ေစာင့္ေနၾကတယ္။ အေပၚေရာက္သြား
ရင္ေတာ့ မင့္အစ္မကိုၾကည့္ၿပီး အံ့ၾသမေနနဲ႔
ေနာ္"

တာရာက ျပံဳးရႊင္ရႊင္ျဖင့္ ေျပာေသာ္လည္း
ဒီပါ့ မ်က္ႏွာသည္ ရႊင္လန္းမလာခဲ့ေပ။ အိမ္
ေပၚသို႔ တက္လာခဲ့ေလေတာ့ အိမ္ထဲရွိ ႀကိမ္
ကုလားထိုင္တြင္ ထိုင္ေနေသာ ဦးၾကာရံုႏွင့္
ေဘးတြင္ အစ္မျဖစ္သူေစာမူကိုေတြ႕လိုက္ရ
သည္။ သေဘာမတူၾကသည့္ၾကားမွ ခိုးေျပး
ခဲ့ၾကသည္မို႔ ဦးႀကီးေရွ႕ရပ္ရမွာ သူမဝံ့မရဲျဖစ္
ေန၏။ တာရာ့ ကိုယ္ေလးကို အကာအကြယ္
ျပဳကာ အေနာက္ကေန မဝံ့မရဲေလွ်ာက္လာခဲ့
ၿပီး ဦးႀကီးေရွ႕တြင္ ေခါင္းေလးငံု႔ကာထိုင္လိုက္
၏။

"သား ဒီပါ..! ေနေကာင္းရဲ႕လား? သားျပန္လာ
မယ္ဆိုတာကို ေမာင္တာရာက ဖုန္းဆက္ထား
လို႔ သား ႀကိဳက္တဲ့ ဟင္းေတြကို မင့္အစ္မက
မနက္ထဲကခ်က္ေနတာ..။ ေစာမူေလးလက္ရာ
က အရင္ကထက္ပိုၿပီး ေကာင္းလာတာ..။ မင့္
အစ္မလက္ရာကို ျမည္းမၾကည့္ခ်င္ဘူးလား"

ဦးႀကီးစကားထဲတြင္ စိတ္ဆိုးေဒါသထြက္
သည့္ အသံတို႔မပါ။ ေႏြးေထြးစြာပင္ ျပန္လည္
ႀကိဳဆိုၾကေတာ့ သူ င္ိုခ်င္လာ၏။

"ဦးႀကီးက ဒီပါ့ကို စိတ္မဆိုးဘူးလားဟင္!
ဒီပါ ထြက္သြားခဲ့တဲ့အတြက္ ၿပီးေတာ့ အခုလို
ျပန္ေရာက္လာတဲ့အတြက္ေကာ ဒီပါ့ကိုဆူစရာ
မ်ားမရွိဘူးလားဟင္"

"ဘာလို႔ ဆူရမွာလဲ ဒီပါရယ္..! ဦးႀကီးတို႔က
မိသားစုဝင္ေတြပဲ ခြင့္လႊတ္နားလည္ေပးရမွာ
ေပါ့။ ၿပီးေတာ့ ဒီလမ္းက ဒီပါေရြးခ်ယ္တဲ့လမ္း
ေလ။ ဘာပဲျဖစ္ျဖစ္ ဦးႀကီးတို႔က ဒီပါ့ရဲ႕ေရြးခ်ယ္
မႈကို ေလးစားရမွာေပါ့..မဟုတ္ဘူးလား?"

ဒီပါက မ်က္ႏွာကိုငံု႔လ်က္ ႐ွိဳက္သံေလးထြက္
ကာ ငိုေလ၏။

"ဒီပါရယ္..ငိုမေနပါနဲ႔ေတာ့ေနာ္။ မၾကာခင္
အားလံုးအဆင္ေျပသြားမွာပါ..ကိုကိုလည္း
အန္တီဟန္ က်န္းမာေရးျပန္ေကာင္းရင္ျပန္လာ
ခဲ့မွာပဲေလ။ အဲ့ေတာ့ ဒီအင္းေလးမွာပဲ ကိုကို
ျပန္အလာကို ေစာင့္ၾကတာေပါ့။ ဒါနဲ႔..ေျပာရ
အံုးမယ္..႐ိုး႐ိုးေစာင့္ရမွာ မဟုတ္ဘူးေနာ္..
ကေလးထိန္းၿပီးေစာင့္ရမွာ"

"ဟမ္း..! ဘယ္က ကေလးလဲ"

ဒီပါက ငိုလ်က္ႏွင့္ပင္ တာရာ့ကိုေမး
လိုက္၏။

"မင့္အစ္မရဲ႕ က္ိုယ္ဝန္ကေလ..၆လေတာင္
ေက်ာ္ေနၿပီ..."

တာရာက ျပံဳးဖီးဖီးမ်က္ႏွာျဖင့္ေျပာေလ
ေတာ့ ဒီပါက အစ္မျဖစ္သူရဲ႕ ဗိုက္ပူပူေလး
ကို လွမ္းၾကည့္လိုက္၏။

"အစ္မမွာ တကယ္ကိုယ္ဝန္ရွိေနတာလား"

"ဒါေပါ့..ဒီပါ့ရဲ႕။ ဒီပါက ေရာက္ထဲက ေခါင္း
ကိုငံု႔ထားတာေကာ ဘယ္ျမင္ပါ့မလဲ"

"ဒါဆို..ကၽြန္ေတာ္ ဦးေလးျဖစ္ေတာ့မွာေပါ့
ေနာ္..."

ပါးျပင္ေပၚက မ်က္ရည္မ်ားကို ပြတ္ဆြဲသုတ္
လိုက္ၿပီး ေမးလိုက္ေတာ့ အစ္မျဖစ္သူက သူ႔
ကို ေႏြးေထြးစြာပင္ ျပံဳးၿပီး ေခါင္းညိမ့္ျပ၏။

"မင့္အစ္မ မဗိုက္ကေလ အခုတစ္ေလာ ငါ့
အေပၚကိုအရမ္းကို စိတ္ဆိုးစိတ္ေကာက္သိပ္
လြယ္ေနတာ။ ၾကည့္ေန..! အဲ့တာ မိန္းကေလးပဲ
ျဖစ္မွာ"

တာရာက ဒီပါ့ကိုၾကည့္ရင္းေျပာလိုက္ေတာ့
ေစာမူက တာရာ့ ဗိုက္ေခါက္ကို လွမ္းဆြဲဆိတ္
လိုက္၏။

"တာရာ..ရွင္ကေတာ့ေလ..တကယ္ပဲေနာ္!
ဘာလဲ သမီးေလးဆိုရင္ေရာ မခ်စ္ဘူးလား"

"ေဟာဗ်ာ..အဲ့လိုေျပာတာမဟုတ္ပါဘူး။
ကိုယ္က သမီးေလးပဲျဖစ္ျဖစ္၊ သားေလးပဲ
ျဖစ္ျဖစ္ ခ်စ္မွာပါ။ ဒါမဲ့ အခုတေလာ ေစာမူ
က ကိုယ့္အေပၚကိုအရမ္းစိတ္ဆက္လာတယ္။
ဒီမွာၾကည့္ပါလား..မေန႔က ေခါင္းကိုေခါက္ထား
တဲ့ ဒဏ္ရာေတာင္အခုထိဖုေနတုန္းပဲ"

"ဘာလဲ? ရွင္က အခုက်ေတာ့ ကၽြန္မကိုအခု
လို အျပစ္ျမင္ၿပီေပါ့။ အရင္တုန္းကက်ေတာ့
ကၽြန္မကို ဘယ္လိုျဖစ္ျဖစ္ အျပစ္မျမင္ဘဲခ်စ္
ေနပါ့မယ္ဆို..အခုက်ေတာ့ ေျပာင္းလဲသြားၿပီ
ေပါ့။ ေတာ္ၿပီ..ရွင္စားဖို႔ခ်က္ထားတဲ့ ဟင္းကို
မေကၽြးေတာ့ဘူး"

"ဟာ..မဟုတ္ေသးဘူးေလ..ေစာမူရယ္"

ေစာမူက ေျပာေျပာဆိုဆိုပင္ တာရာ့ကို
မ်က္ေစာင္းထိုးရင္း ထ,သြား၏။ မ်က္ႏွာ
ေလးရွံု႔မဲ့ကာ က်န္ခဲ့ေသာ တာရာ့ကိုၾကည့္
ရင္း ဒီပါ ျပံဳးလိုက္မိ၏။

"ကဲ..ေတြ႕ၿပီမလား? တစ္ေန႔တစ္ေန႔ ငါက
စမိလိုက္..ေစာမူက စိတ္ဆိုးလိုက္၊ ငါ့ကို
ေခါက္လိုက္ဆြဲဆိတ္လိုက္..ၿပီးရင္ သူကပဲ
ျပန္စိတ္ဆိုးသြားလိုက္၊ ၿပီးရင္ ငါကျပန္ေခ်ာ့
လိုက္နဲ႔ သံသရာေတြကိုလည္ေနေရာ..။ ေစာမူ
လက္ေလးေတြက ရက္ကန္းရက္ခဲ့တာေကာ
ဟုတ္ရဲ႕လားလို႔ ေတြးမိေနတာ။ တစ္ခ်က္တစ္
ခ်က္ ေခါက္လိုက္ရင္ ကိ္ုယ့္နာမည္ကို ကိ္ုယ္ျပန္
ျမင္သြားရတယ္"

"တာရာ့..စကားက အဆန္းပါလား? ဘာကို
ဆိုလိုတာလဲ"

"ဪ..ငါ့နာမည္က ၾကယ္တာရာလင္းေလ။
အဲ့ေတာ့ ငါ့မ်က္လံုးထဲ ၾကယ္ေတြ ၊ လေတြ ၊
တာရာေတြ၊ စၾကဝဠာေတြေတာင္ ျမင္ကုန္
တယ္လို႔ ေျပာခ်င္တာ"

တာရာ့စကားေၾကာင့္ ဦးၾကားရံုႏွင့္ ဒီပါတို႔
ရယ္မိၾကေလသည္။

"ဒါနဲ႔ ဒီပါ့ကိုေျပာရအံုးမယ္။ အခု ငါက
ဒီအင္းေလးထဲမွာပဲ ဟိုတယ္ေဆာက္ၿပီး
ဖြင့္ထားတာ။ အရင္ကေတာ့ ေစာမူက
ကူေသးတယ္။ အခုေတာ့ မေပါ့မပါးနဲ႔ဆို
ေတာ့ အရင္လို ငါ့ရဲ႕ဟိုတယ္အလုပ္ေတြကို
မကူႏိုင္ေတာ့ဘူး။ ဒီပါ အလုပ္အားတဲ့အခ်ိ္န္
က်ရင္ ငါ့ဟိုတယ္အလုပ္ေတြကို လာကူေလ။
အလုပ္မ်ားမ်ားလုပ္ေနရေတာ့ အလြမ္းဒဏ္
နည္းနည္းသက္သာတာေပ့ါ"

"ေကာင္းတာပဲ..! ဒီပါ လာကူမယ္ေလ..
အဲ့တာဆို ဦးႀကီး ဒီပါ သြားနားလိုက္အံုးမယ္
ေနာ္"

"အင္းပါကြယ္..ေကာင္းေကာင္းအနားယူလိုက္
ေနာ္"

ဒီပါ အခန္းထဲသို႔ဝင္လာခဲ့၏။ သန္႔ရွင္းေရး
လုပ္ေပးထားျခင္းေၾကာင့္ အခန္းေလးသည္
နဂိုအတိုင္းပင္ မေျပာင္းလဲေခ်။ ေခါင္းအံုး
ကို ဆြဲယူလိုက္ကာ စိတ္ကိုေလ်ာ့ခ်လိုက္ၿပီး
အိပ္ေရးဝေအာင္ သူ အိပ္ပစ္လိုက္မိ၏။

---------------------------------------------------
-------------------------------------------------

ေမွ်ာ္လင့္ရျခင္းဆိုတာက ေစာင့္ေမွ်ာ္ေနရ
တဲ့သူအတြက္ ဘယ္ေလာက္ေတာင္ခါးသီး
သည့္ အရာတစ္ခုလဲဆိုတာ အခုမွ သူသိရွိ
လာေတာ့၏။ အလြမ္းေဝဒနာကိုေျဖေဖ်ာက္
ဖို႔ အလုပ္ေတြဆီကိုသာ စိတ္ကိုပို႔ထားမိ၏။

ညေနခင္းေနေရာင္ျခည္သည္ အင္းေလး
ကန္ေရျပင္ေပၚသို႔ ျဖာက်ေန၏။ ေလျပည္
သည္ မ်က္ႏွာေလးဆီသို႔တိုးေဝွ႕ေန၏။

ေဘာင္လက္ရန္းေလးေပၚတြင္ လက္တင္
ထားရင္း အင္းေလးကန္ေရျပင္ဆီသို႔ငံု႔ၾကည့္
လိုက္မိ၏။

သူ႔ကို ျပံဳးျပေနသည့္ မေဟာ့္ မ်က္ႏွာပံုရိပ္
ေယာင္ေလးကိုေတြ႕ေတာ့ သူပါ လိုက္ျပံဳးမိ၏။

"မေဟာ့္ကို ဒီပါ သိပ္သတိရတာပဲ။ မေဟာ္
မရွိတဲ့ ေန႔ေတြက ဒီပါ့အတြက္ သိပ္ကို
အဓိပၸာယ္မဲ့ေနသလိုပဲ။ မေဟာ္..ဒီပါ့ဆီကို
အျမန္ဆံုးျပန္လာေပးပါ"

အင္းေလကန္ေရျပင္ကိုေငးၾကည့္ရင္း
စိတ္တို႔ပ်ံ႕လြင့္ေနခိုက္ တာရာေရာက္လာ၏။

"ဒီပါ..! မေဟာ္ ဖုန္းဆက္တယ္..သြားကိုင္
လိုက္ပါအံုး"

"မေဟာ္..ဖုန္းဆက္လာတာလား?"

"ဟုတ္တယ္..! အန္တီဟန္ ခြဲစိတ္ၿပီးသြား
ၿပီလို႔ေျပာတယ္။ အဲ့တာ ဒီပါနဲ႔ ဖုန္းေျပာခ်င္
လို႔တဲ့"

ဒီပါက တာရာ့ေရွ႕ကေန လစ္ခနဲပင္ေျပးထြက္
သြား၏။ မေဟာ့္ နာမည္ကိုၾကားလိုက္တာနဲ႔သူ႔
ပါးျပင္ေပၚကို မ်က္ရည္ေတြအဆက္မျပက္ကို
စီးက်လာ၏။

"ဟဲလို..! မေဟာ္..မေဟာ္ဟုတ္တယ္မလား"

"ဟုတ္ပါတယ္..ကိုယ္ပါ ဒီပါရယ္။ ကိုယ့္ရဲ႕
အသံကိုေတာင္ မမွတ္မိေတာ့ဘူးလား? "

"ဘာလို႔ အခုမွအဆက္အသြယ္လုပ္ရတာလဲ?
ဒီပါေလ မေဟာ့္ကို ဘယ္ေလာက္ထိ လြမ္းေန
လဲသိရဲ႕လား"

"သိတာေပါ့..ဒီပါလြမ္းသေလာက္ ကိုယ္လည္း
ထပ္တူလြမ္းေနခဲ့တာပါ။ ေမေမက ခြဲစိတ္ၿပီး
ေတာ့ အခုမွ နည္းနည္းေလးျပန္ၿပီး စကားေျပာ
လာႏိုင္တာ။ မၾကာခင္ ႐ိုး႐ိုးအေဆာင္ကိုေရြ႕
လို႔ရေတာ့မယ္။ ကိုယ္မၾကာခင္ျပန္လာခဲ့မွာ
ပါ"

"မေဟာ္..ျပန္လာရင္ ဒီပါ့ကို ဘယ္ေတာ့မွ
ထပ္ၿပီးခြဲမသြားနဲ႔ေတာ့ေနာ္"

"ဒါေပါ့..ဒီပါရယ္...ကိုယ္ျပန္လာရင္
တာရာ့ ဟိုတယ္မွာ လက္ထပ္ပြဲက်င္းပ
ၾကမယ္။ ဒီပါ့ရဲ႕ စိတ္ကူးထဲက ဒီပါ ျဖစ္ခ်င္
တဲ့ လက္ထပ္ပြဲပံုစံမ်ိဳးကိုယ္ရေအာင္ဖန္တီး
ေပးမယ္"

မေဟာ့္စကားေၾကာင့္ ဒီပါ မ်က္ရည္မ်ားၾကား
ကပင္ ျပံဳးလိုက္မိ၏။

"သား..ဘယ္သူနဲ႔ဖုန္းေျပာေနတာလဲ?"

"ေမေမ! ။ သား..ဒီပါနဲ႔ေျပာေနတာပါ"

"မေဟာ္..မင္း.ငါ့ကို မင္းမ်က္စိေရွ႕မွာပဲ
ေသသြားတာ ျမင္ခ်င္လို႔လား"

"ဒီပါ..ကိုယ္ေနာက္ေတာ့မွ ျပန္ဆက္လိုက္
မယ္ေနာ္"

ေမေမ့ရဲ႕ စကားမ်ားကို ဒီပါ့ ၾကားၿပီး
ဝမ္းမနည္းေစခ်င္တာမို႔ သူ ဖုန္းခ်လိုက္
မိ၏။

"ေမေမရယ္..ဘာလို႔ အခုထိ ဒီလိုမ်ိဳးျငင္းေန
ရတာလဲဗ်ာ..သားတို႔က အခုဆို လက္ထပ္ၿပီး
ခဲ့ၾကၿပီ။ ဘာလို႔ ေမေမ သေဘာမတူႏိုင္ရတာ
လဲ"

"ေမေမေျပာၿပီးၿပီေလ..သူက ေယာက်ၤားေလး
သားကလည္း ေယာက်ၤားေလး။ ေမေမ့မွာသား
တစ္ေယာက္ထဲရွိတာ..ေမေမ့အတြက္ ေမေမ
တို႔ မိသားစုအတြက္ ေနာက္ဆံုးမ်ိဳးဆက္
ကေလးကို သူက မေမြးေပးႏိုင္ဘူးေလ"

"ေမေမရယ္..သားတို႔က ဘာကိုမွမေတြးဘဲ
တစ္ေယာက္ကိုတစ္ေယာက္တကယ္ခ်စ္ၾက
တာပါ။ ဒီပါကေလ သားရဲ႕ဘဝမွာ ပထမဆံုး
အျမတ္ႏိုးဆံုးခ်စ္မိတဲ့ သူ။ အဲ့ဒီေကာင္ေလး
ကို သား ႏွလံုးသား တစ္ခုလံုးနဲ႔ခ်စ္ခဲ့တာ။
သားဘယ္လိုစြန္႔လႊတ္ရမွာလဲ? ဒီပါ့ကို
စြန္႔လႊတ္ရတာက သားႏွလံုးသားတစ္ခုလံုး
ကို အေသသတ္လိုက္တာနဲ႔အတူတူပဲဆိုတာ
ေမေမသိရဲ႕လား"

"မေဟာ္! "

ေဒၚပန္းသုဟန္ရဲ႕အသံေလးအနည္းငယ္
က်ယ္ သြား၏။ စကားအေခ်အတင္မ်ား
ေနခိုက္ ရင္ဘက္ကိုဖိကာ ႐ုတ္တရက္ပင္
ကိုယ္ေလးၫႊတ္က်သြားေသာ မိခင္ျဖစ္သူကို
ၾကည့္ရင္း သူ ပ်ာပ်ာသလဲ ျဖစ္သြား၏။

"ေဒါက္တာ..! ေဒါက္တာ ! ကၽြန္ေတာ့္ေမေမ
ကိုလာၾကည့္ေပးပါအံုး"

သူလွမ္းေခၚလိုက္ေတာ့ ဆရာဝန္ႏွင့္ nurse
ဆရာဝန္မ်ား အခန္းထဲသို႔ဝင္လာၾက၏။
အတန္ၾကာမွ ေဆးရွိန္ရၿပီး ေဒၚပန္းသုဟန္
အိပ္ေပ်ာ္သြား၏။ မိခင္ျဖစ္သူကိုၾကည့္ရင္း
စိတ္ပူေနသည့္ သူ႔ကို ဆရာဝန္က သတိေပး
စကားေျပာလာ၏။

"ခြဲစိတ္မႈေအာင္ျမင္တယ္ဆိုေပမဲ့ သူမရဲ႕
ႏွလံုးက အခုထိ အေကာင္းပကတိျဖစ္ေသး
တာမဟုတ္ေသးဘူး။ အသက္အရြယ္ရယ္၊
ခြဲစိတ္ထားတဲ့ ဒဏ္ေတြေၾကာင့္ သူမ ေတာ္
ေတာ္ေလးကို ပင္ပန္းေနတာ။ အဲ့တာေၾကာင့္
သူမကို စိတိပင္ပန္းစရာေတြ၊ စိတ္ညစ္စရာ
ေတြ ေပးလို႔မျဖစ္ဘူး။ လူနာကို ဒီထက္ပိုၿပီး
ဂ႐ုစိုက္ေပးပါ"

"ဟုတ္ကဲ့..ေက်းဇူးပါ ေဒါက္တာ"

ဆရာဝန္ႀကီးထြက္သြားေတာ့ ဆိုဖာခံုေပၚ
တြင္ စိတ္ပင္ပန္းစြာ ထိုင္လိုက္မိရင္း ေဆး
အရွိန္ေၾကာင့္ အိပ္ေပ်ာ္ေနသည့္ မိခင္ျဖစ္သူ
က္ိုၾကည့္ရင္း သူ႔စိတ္ထဲတြင္အေၾကာင္းအရာ
ႏွစ္ခုက လြန္ဆြဲလာ၏။

ေမေမ့ရဲ႕ က်န္းမာေရးနဲ႔ တစ္ဖက္က
ခ်စ္ရသူၾကားထဲမွာ သူ႔စိတ္တို႔႐ွဳပ္ေထြး
လာရ၏။ ဒီအေျခအေနမွာ ဒီပါ့နဲ႔ကိစၥကို
ေရွ႕ဆက္တိုးေလ ေမေမ့ရဲ႕ က်န္းမာေရး
ပိုမိုဆိုးလာေလျဖစ္သလို၊ အျမန္ဆံုးျပန္
လာခဲ့ပါ့မယ္ဆိုတဲ့ စကားေၾကာင့္ သူ႔ကို
ေစာင့္ဆိုင္းေနမဲ့ ဒီပါ တို႔ၾကား သူေရြးခ်ယ္
မႈတစ္ခုခုကို ေသခ်ာလုပ္ရေတာ့မွာေလ။

"ကိုယ့္ကို ခြင့္လႊတ္ပါ ဒီပါရယ္..."

-----------------------------------------------------
-----------------------------------------------------

"ေစာမူ..ခြဲခန္းထဲဝင္သြားတာ ၾကာေနၿပီ..
အဆင္ေျပရဲ႕လားမသိဘူး"

ဆံပင္ကိုထိုးဖြကာ ခြဲခန္းေရွ႕တြင္ ေခါက္တံု႔
ေခါက္ျပန္ျဖင့္ ဂဏာမၿငိမ္ျဖစ္ေနသည့္ တာရာ့
က္ိုျကည့္ရင္း...၊

"အစ္မ..အဆင္ေျပသြားမွာပါ..! တာရာ
ခဏေလာက္ေတာ့ ထိုင္ပါအံုး။ တာရာ့ကို
ၾကည့္ၿပီး ဒီပါ မူးလဲေတာ့မယ္"

ဒီပါ ေျပာလိုက္မွ တာရာက ထိုင္ခံုေပၚတြင္
ခဏထိုင္လိုက္၏။

"ေမေမတို႔ကို အေၾကာင္းၾကားေတာ့ ေမေမ
က ေရွ႕အပတ္ေလာက္မွ ျပန္ေရာက္မယ္တဲ့။
အလုပ္ကိစၥနဲ႔သြားရင္း အန္တီဟန္ကိုလည္း
ဝင္ေတြ႕မယ္တဲ့ေလ။ မေဟာ္ေကာ ဒီပါ့ကိုဖုန္း
ဆက္ေသးလား"

"ဟင့္အင္း..! မဆက္တာၾကာၿပီ။ ဖုန္းဆက္
ရင္လည္း ခဏေလာက္ပဲေျပာၿပီး ဖုန္းခ်
သြားတယ္။ အေမရိကားမွာ မေဟာ္ အဆင္မွ
ေျပရဲ႕လားမသိဘူး"

"အန္တီဟန္ က်န္းမာေရးျပန္ၿပီး ထူထူ
ေထာင္ေထာင္ရွိလာရင္ေတာ့ ျမန္မာျပည္ကို
ျပန္လာၾကမွာပါ"

တာရာက ဒီပါ့ ပုခံုးေလးကို ပုတ္ကာႏွစ္သိမ့္
ေနရင္း ခြဲခန္းတံခါးပြင့္လာၿပီး ဆရာဝန္ထြက္
လာေတာ့ တာရာ ပ်ာပ်ာသလဲပင္ထ,ရပ္ကာ
ခလုတ္တိုက္မတတ္ေလွ်ာက္သြားရင္း....၊

"ေဒါက္တာ..ကၽြန္ေတာ့္ မိန္းမအဆင္ေျပရဲ႕
လား? ဘယ္လိုရွိလဲဟင္"

"ခြဲစိတ္မႈေအာင္ျမင္ပါတယ္။ ကေလးေရာ..
မိခင္ေကာ က်န္းမာပါတယ္"

"ေဒါက္တာ..ဘာေလးလဲဟင္? ကၽြန္ေတာ္
တို႔က အန္ထရာေဆာင္း မ႐ိုက္ၾကည့္ထား
ေတာ့ ဘာေလးေမြးမယ္မွန္းႀကိဳမသ္ိဘူး"

"မိန္းကေလးအမႊာေလး..ေမြးတာပါ။ ကေလး
က ေပါင္လည္းျပည့္တယ္။ ခဏေရြ႕ၿပီးရင္
သြားၾကည့္လို႔ရပါၿပီ"

႐ိုး႐ိုးအေဆာင္သို႔ေျပာင္းလိုက္ၿပီး ပုခက္ထဲ
ရွိ အိပ္ေပ်ာ္ေနေသာ ကေလးငယ္ေလးက္ို
တာရာက ၾကည့္ရင္း....၊

"သမီးေလးေတြက တကယ္ကို ကိုယ္နဲ႔တူ
တာပဲ။ နာမည္ဘယ္လိုေပးရင္ေကာင္းမလဲ
ဒီပါ စဥ္းစားၾကည့္ေပးပါလား"

"ေႏြဆည္းဆာနဲ႔ ပန္းဆည္းလည္းဆိုရင္
ေရာ..လွလား? ဒီပါ့ရဲ႕ တူမေလးႏွစ္ေယာက္
က သိပ္ကိုခ်စ္စရာေကာင္းေတာ့ အစ္မႏိုး
လာလို႔ေတြ႕ရင္ သိပ္ေပ်ာ္ေနမွာပဲ။ မိသားစု
ဘဝေလးက တကယ္ကိုေႏြးေထြးရတာပဲေနာ္"

"ကိုကိုနဲ႔ေကာ ဒီလိုမိသားစု ဘဝေလး ဒီပါ
မတည္ေဆာင္ခ်င္ဘူးလား"

"အဲ့တာက..ဒီပါက ကေလးေမြးႏိုင္တဲ့ သူမွ
မဟုတ္တာ..မေဟာ့္အေမ သေဘာမတူႏိုင္
တာလဲ သဘာဝေတာ့က်ပါတယ္"

"ကိုကိုနဲ႔ ဒီပါတို႔ ခ်စ္ေနသမွ်အရာအားလံုးကို
ျဖတ္ေက်ာ္ေနႏိုင္မွာပါ။ ၿပီးေတာ့ ဒီေလာက္
နည္းပညာေတြေခတ္မွီေနတဲ့ ေခတ္မွာ ေဆး
ပညာ အကူအညီနဲ႔ ကေလးယူၾကေပါ့"

တာရာ့အၾကံေပးစကားကို နားေထာင္
ေနရင္း ေမ့ေဆးအရွိန္ေျပကာ ႏိုးလာသည့္
အစ္မျဖစ္သူေၾကာင့္ တာရာႏွင့္အတူထားခဲ့
ၿပီး အခန္းထဲမွထြက္လာခဲ့၏။

"ကလင္း...! ကလင္း...! "

ေဆးရံုအခန္းဝရွိ ထိုင္ခံုတြင္ထိုင္ရင္း
တုန္ျမည္လာေသာ ဖုန္းေၾကာင့္ ဖုန္းကို
ၾကည့္လိုက္ေတာ့ မေဟာ္ ျဖစ္ေန၏။

"ဟဲလို..မေဟာ္ရယ္..ဒီပါက သတိရေန
တာ။ ဒီေန႔ကေလ အစ္မေစာမူ ကေလးေမြး
တာ။ သမီးေလးအမႊာေလး သိပ္ခ်စ္စရာ
ေကာင္းတာပဲ။ ဒီပါက စဆက္ရင္ မေဟာ္
အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ မေဟာ့္
ဘက္က ဆက္လာမဲ့အခ်ိန္ကို ဒီပါေစာင့္ေန
တာ။ မေဟာ္ ထမင္းေကာအခ်ိန္မွန္စားရဲ႕
လား? ဟိုမွာက ရာသီဥတုအရမ္းေအးေန
လား? မေဟာ္..က်န္းမာေရးဂ႐ုစိုက္ေနာ္"

ဒီပါက စကားေတြ တရစပ္ေျပာေန
ေသာ္လည္း မေဟာ့္ ဘက္က အသံတိတ္
ေန၏။

"မေဟာ္..ဘာျဖစ္လို႔လဲဟင္! မေဟာ္က
ဒီပါ့ကို မလြမ္းဘူးလား"

"ဒီပါ...ကိုယ္တို႔ ခဏေလာက္ လမ္းခြဲျက
ရေအာင္"

"မေဟာ္..မေဟာ္ ဘာေတြေျပာေနတာလဲ?
ဒီပါ နားမလည္ေတာ့ဘူး။ ဘာလို႔ လမ္းခြဲ
ၾကမွာလဲ"

"ကိုယ့္ေမေမရဲ႕ က်န္းမာေရးေၾကာင့္
ကိုယ္ဘယ္ေတာ့မွ ျပန္လာျဖစ္မယ္လို႔
မေျပာႏိုင္ဘူး။ က္ိုယ့္ကို ေစာင့္ေနရင္း
ဒီပါ ပင္ပန္းေနရမွာကို ကိုယ္စိုးတယ္။
ၿပီးေတာ့ ကိုယ့္ေမေမက ကိုယ္တို႔
ဆက္သြယ္ေနတာကို ေမေမသိရင္ ေမေမ့
အေျခအေနက ပိုဆိုးရြားလာႏိုင္တယ္။
အဲ့တာေၾကာင့္ ကိုယ့္တို႔ ခဏေလာက္ လမ္းခြဲ
ၾကရေအာင္"

"မေဟာ္ရယ္.. ဒီပါ့ရဲ႕ ခံစားခ်က္ကိုဘာလို႔
မစဥ္းစားရတာလဲ? ဒီပါကေလ မေဟာ္
အခက္ေတြ႕မွာစိုးလို႔ မေဟာ္ ထြက္သြားခဲ့
တာေတာင္ တစ္ခြန္းမတားရက္ခဲ့တာပါ။
ခဏလမ္းခြဲမယ္လို႔ မေဟာ္ ေျပာရက္တယ္။
ဒီပါကသာ မေဟာ့္ဘဝမွာ အေႏွာင့္အယွက္
ျဖစ္ေနရင္ ဒီပါတို႔ရဲ႕ ဇာတ္လမ္းကို ဒီမွာပဲ
အဆံုးသတ္ၾကတာေပါ့"

"ဒီပါရယ္..ကိုယ္မင္းကိုမခ်စ္လို႔မဟုတ္ပါ
ဘူးကြာ..ကိုယ့္ဘဝမွာ ဒီပါ့ကို ပထမဆံုး
နဲ႔ေနာက္ဆံုးအခ်စ္မ်ိဳးနဲ႔ ခ်စ္ခဲ့တာပါ"

"မေဟာ္သာခ်စ္ရင္ ဒီပါ့ကို ဒီလိုရက္စက္ပါ့
မလား? မေဟာ့္ အေမက္ိုပဲ ေကာင္းေကာင္း
ေစာင့္ေရွာက္လိုက္ပါ..ဒီပါ ဖုန္းခ်လိုက္ေတာ့
မယ္"

ပါးျပင္ေပၚသို႔စီးက်လာသည့္ မ်က္ရည္မ်ား
ကို လြတ္လပ္ခြင့္ျပဳလိုက္ၿပီး ေခါင္းေလးငံု႔
ကာ ႐ွိဳက္ငင္ရင္း ငိုေႂကြးေနရင္း သူ႔ႏွလံုးသား
တစ္စံုဟာလည္း ေၾကမြကြဲေၾကလို႔ေနပါေတာ့
တယ္။

"မေဟာ္..ဒီပါ့ကို ရက္စက္တယ္"

-------------------------------------------------
-------------------------------------------------

၁ႏွစ္ခန္႔ၾကာၿပီးေနာက္>>>>>>

"ေမေမ့မ်က္ႏွာက ဒီေန႔အရမ္းကို ေပ်ာ္ေန
သလိုပဲ။ ဘာဝမ္းသာစရာကိစၥမ်ားရွိလို႔လဲ"

"ရွိတာေပါ့ သားရယ္..။ ေမေမစိတ္မခ်ခဲ့ရတဲ့
ကိစၥႀကီးတစ္ခု မၾကာခင္အဆင္ေျပေတာ့မွာ
မို႔ ေမေမ မ်က္စိမွိတ္သြားရင္ေတာင္ စိတ္ခ်
ႏိုင္ပါၿပီ"

အေမရိကားမွာပဲ ေမေမ့ရဲ႕ ႏွလံုးစိတ္ခ်ရတဲ့
အေျခအေနတစ္ခုကိုေရာက္လာတဲ့အခ်ိန္ထိ
ေနခဲ့ရၿပီး ၁ႏွစ္ၾကာၿပီးမွ ျမန္မာျပည္သို႔ျပန္
လာခဲ့ရ၏။ ရန္ကုန္ကို ျပန္ေရာက္လာသည္မွာ
တစ္ပတ္ခန္႔ပင္ရွိေသး၏။

ဒီေန႔တြင္ အရင္ကထက္ မိခင္ျဖစ္သူမ်က္ႏွာ
ကပိုၿပီး ရႊင္လန္းေန၏။ ဧည့္ခန္းတြင္ ထိုင္
ေနရင္း ကားရပ္သံေၾကာင့္ မေဟာ္ ထ,ၾကည့္
လိုက္မိ၏။

"ဘယ္သူလာတာလဲ မသိဘူး"

"ကိုမေဟာ္ မေတြ႕ရတာေတာင္ၾကာၿပီေနာ္။
မေတြ႕ရတဲ့ ႏွစ္ေတြအတြင္း ကိုမေဟာ္က
အရင္ကထက္ပိုၿပီး ခန္႔လာတာပဲေနာ္"

"ႏြယ္..! ႏြယ္ ဘယ္လိုလုပ္ ကိုယ့္ရဲ႕အိမ္ကို"

"ေမေမ..ေခၚထားတာ! သား..ႏြယ့္နဲ႔ဆံုဖူး
တယ္မလား? သမီးႏြယ္ေရ လာေလ..
အိမ္ထဲဝင္"

မေဟာ္က ႏြယ္နဲ႔ ေမေမ့ကို နားမလည္သလို
ၾကည့္ေနရင္း...၊

"ေမေမနဲ႔ ႏြယ္က ဘယ္လိုရင္းႏွီးလာတာလဲ?
ၿပီးေတာ့ ႏြယ္က တာခ်ီလိတ္မွာ မဟုတ္ဘူး
လား..ဘယ္လိုလုပ္ ရန္ကုန္ေရာက္လာတာလဲ"

"ႏြယ္က ဒီမွာ ဟိုတယ္အသစ္ဖြင့္ဖို႔ စီစဥ္ေန
တာေလ..ေဒၚေလးဟန္က ႏြယ့္ကို အိမ္လာ
ခဲ့ဖို႔ ေျပာလို႔"

"ႏႈတ္က်ိဳးေအာင္ ေမေမလို႔ပဲ ေခၚပါဆို
သမီးႏြယ္ရယ္။ ေနာင္လဲ အဲ့လိုပဲ ေခၚရမွာ
ပဲကို။ သမီးေဖေဖေကာ ေနေကာင္းရဲ႕လား?
ေနာက္က်မွ ေမေမတို႔လူႀကီးခ်င္းေတြ႕ၿပီး
စကားေသခ်ာေျပာၾကတာေပါ့"

"ေမေမတို႔ဘာေတြေျပာေနၾကတာလဲ..သား
နားမလည္ေတာ့ဘူး"

"သမီးႏြယ္ရဲ႕အေဖနဲ႔ ေမေမတို႔ လူႀကီးခ်င္း
စကားေျပာၿပီးသြားၾကၿပီ။ မၾကာခင္ သားနဲ႔
ႏြယ္ေလးကို ေစ့စပ္ေပးၾကမလို႔"

"ေမေမ..သားရဲ႕ဆႏၵကိုဘာလို႔မေမးရတာ
လဲ? သားခ်စ္တာ ဒီပါ တစ္ေယာက္ထဲရွိတာ
ကို ေမေမလည္း သိပါတယ္။ ၿပီးေတာ့ ႏြယ္
လည္း ေကာင္းေကာင္းေနတာပဲေလ..ဒီပါနဲ႔
ကိုယ္က ခ်စ္သူေတြေတာင္ မဟုတ္ဘဲ
လက္ထပ္ထားၾကတဲ့ သူေတြဆိုတာကို
ႏြယ့္ေရွ႕မွာပဲ ကိုယ္ေျပာခဲ့တာေလ မဟုတ္ဘူး
လား? အဲ့တာကို ႏြယ္က လက္ခံတယ္ေပါ့"

"ဘာပဲျဖစ္ျဖစ္ သားတို႔က စာခ်ဳပ္ေပၚမွာ
တရားဝင္လက္ထပ္ထားၾကတာမွမဟုတ္တာ"

"သားတို႔ရဲ႕ ခ်စ္ျခင္းက စာခ်ဳပ္ေပၚမွာရွိတဲ့
စာလံုးေတြထက္ပိုၿပီး ခိုင္ၿမဲတယ္"

"ႏြယ္..အလုပ္ကိစၥေလးရွိလို႔ ခြင့္ျပဳပါအံုးေနာ္"

မေဟာ္ႏွင့္ ေဒၚပန္းသုဟန္တို႔စကားအေခ်
အတင္ျဖစ္ေနျခင္းေၾကာင့္ ႏြယ္က ေရွာင္
ထြက္သြား၏။

"ေမေမ့ကိုေဆးကုဖို႔ ကၽြန္ေတာ္ထြက္လာခဲ့
တာကို ဒီပါက တစ္ခြန္း မတားခဲ့ဘူး။
ေမေမ့ရဲ႕ က်န္းမာေရးေၾကာင့္ ေမေမ စိတ္
ဆင္းရဲမွာစိုးလို႔ ဒီပါ့ကို ကၽြန္ေတာ္ ရင္အကြဲခံ
ၿပီး စြန္႔လႊတ္ခဲ့တာ။ ေမေမ သေဘာမက်ဘူး
ဆိုတဲ့ သူက ကၽြန္ေတာ့္ဘဝမွာ ပထမဆံုးခ်စ္
မိခဲ့တဲ့သူ။ အဲ့တာကို ဘာလို႔ ကၽြန္ေတာ့္ရင္ကို
ခဏခဏနာက်င္ေအာင္ လုပ္ဖို႔ စီစဥ္ရတာလဲ?
ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုး သိပ္ကိုနာက်င္
ခဲ့ရတာ ေမေမ သိရဲ႕လား? ဒီေန႔မွ ကၽြန္ေတာ္
သေဘာေပါက္သြားခဲ့တယ္။ ဘာလို႔ ေမေမက
ကၽြန္ေတာ္ ေနတဲ့ အိမ္လိပ္စာအထိကိုပါ သိေန
ရတာလဲဆိုတာကိုေပါ့"

"..............."

"နန္းကဗ်ာႏြယ္က သားတို႔ရဲ႕အေၾကာင္းကို
ေမေမသိေအာင္ လုပ္ခဲ့တဲ့ အဓိကလူမဟုတ္
ဘူးလား? အဲ့တာေၾကာင့္ ေမေမက ႏြယ့္ကို
သေဘာက်ၿပီး သားနဲ႔ ေစ့စပ္ဖို႔ စီစဥ္ေနတာ
မဟုတ္လား? ေမေမေျဖေလ ဟုတ္တယ္
မလားလို႔"

"ဟုတ္တယ္..ေမေမမျငင္းပါဘူး။ ႏြယ္က
ေမေမ့ကိုဆက္သြယ္ၿပီး သားဘယ္မွာရွိတာ
ကိုေျပာျပခဲ့တာ။ အဲ့တာေၾကာင့္ သားက္ိုရွာ
ေတြ႕ခဲ့တာေပါ့။ ဘာပဲျဖစ္ျဖစ္ သားလည္း
သူနဲ႔ လမ္းခြဲခဲ့ၿပီးၿပီမလား? ၿပီးေတာ့ ျမန္မာ
ျပည္ကိုျပန္ေရာက္ထဲက ဒီပါ့ကို ေမေမ
အသိေပးၿပီးသြားၿပီ မၾကာခင္ သားကႏြယ္
နဲ႔ေစ့စပ္ေတာ့မယ္ဆိုတာကိုေပါ့။ သားတို႔
ႏွစ္ေယာက္က ထပ္ေတြ႕စရာအေၾကာင္းမွ
မရွိေတာ့တာ။ အခ်ိန္တစ္ခုေရာက္ရင္ သား
လည္း ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားမွာပါ"

"ေမေမ..သိပ္ရက္စက္တယ္။ သား..ဒီပါ့ကို
ဘယ္ေလာက္ထိ ခ်စ္တယ္ဆိုတာကို ေမေမ
သိရက္နဲ႔ဗ်ာ။ ေမေမ့ က်န္းမာေရးေၾကာင့္
ေမေမ့အတြက္ သား ရင္နာနာနဲ႔ ဒီပါ့ကို
နာက်င္ရေအာင္ လုပ္ခဲ့မိတာကို ေမေမ
သားကိုျပန္ေပးခဲ့တာ ဒါလား? ေက်းဇူးျပဳၿပီး
သားတို႔ရဲ႕ခ်စ္ျခင္းကို နားလည္ေပးလို႔မရဘူး
လား ေမေမရယ္"

ပါးျပင္ေပၚသို႔ စီးက်လုဆဲဆဲ မ်က္ရည္မ်ား
ကို ထိန္းကာ ေမေမ့ေရွ႕ကေန သူထြက္လာခဲ့
၏။ သူ႔ရင္ေတြနာက်င္ေနရသလို ဒီပါ့လည္း
သူ႔လိုပဲ နာက်င္ခဲ့ရမွာပါပဲ။

' အႀကိမ္ႀကိမ္ နာက်င္ေစခဲ့တဲ့ကိုယ့္ကို
မုန္းေနၿပီလား ဒီပါရယ္...'

To be continued >>>>>>

အဆင္ေျပရဲ႕လားမသိဘူးရယ္..ဇာတ္သိမ္း
ခါနီးမွ ေရးဖို႔ကိုပ်င္းေနမိတာ🥲

--------------------------------------------------
--------------------------------------------------

{Unicode}

အင်းလေးကန်သည် ရာသီတွေဘယ်လို
ပြောင်းလဲနေပါစေ စိမ်းစိုလှပနေဆဲပင်။
ကောင်းကင်ပြာပြာနောက်ခံထားသော
စိမ်းညို့ညို့ တောင်တန်းများကလည်း
အင်းလေးကန်ကိုဝန်းရံနေပုံမှာ လှပလွန်း
လှ၏။

ရေစပ်နားတွင်ပျံဝဲနေသော ငွေစင်ရော်များ
ကလည်း အင်းလေးသို့လာသော သူတိုင်းကို
ကြိုဆိုနေသယောင်။ စက်လှေသည် ရေလွှာ
ကို ထိုးခွဲကာ ရေစက်များဖွာခနဲဖြစ်အောင်
အရှိန်ပြင်းစွာ ခုတ်မောင်းနေ၏။ အင်းလေး
ရေပြင်ကို ငေးကြည့်နေရင်း ဒီပါ့ မျက်ဝန်း
အိမ်မှ မျက်ရည်စလေးတို့က ပါးပြင်ပေါ်သို့
လိမ့်ဆင်းကျလာ၏။ ရင်ထဲရှိနှလုံးသားတစ်ခု
လုံး ကြေမွနေသလို နာကျင်နေရ၏။

နောက်ရှိ တာရာနှင့် စက်လှေမောင်းနေသော
လင်းဦးက ဒီပါ့ကို နားလည်ပေးစွာပင် အသံ
ဆိတ်နေကြ၏။

စက်လှေလေးသည် နန်းပန်ရွာထဲသို့ဝင်လာ
ခဲ့၏။

"ဒီပါ..လာ..! အပေါ်မှာ စောမူကော..ဦးကြာရုံ
ကော စောင့်နေကြတယ်။ အပေါ်ရောက်သွား
ရင်တော့ မင့်အစ်မကိုကြည့်ပြီး အံ့သြမနေနဲ့
နော်"

တာရာက ပြုံးရွှင်ရွှင်ဖြင့် ပြောသော်လည်း
ဒီပါ့ မျက်နှာသည် ရွှင်လန်းမလာခဲ့ပေ။ အိမ်
ပေါ်သို့ တက်လာခဲ့လေတော့ အိမ်ထဲရှိ ကြိမ်
ကုလားထိုင်တွင် ထိုင်နေသော ဦးကြာရုံနှင့်
ဘေးတွင် အစ်မဖြစ်သူစောမူကိုတွေ့လိုက်ရ
သည်။ သဘောမတူကြသည့်ကြားမှ ခိုးပြေး
ခဲ့ကြသည်မို့ ဦးကြီးရှေ့ရပ်ရမှာ သူမဝံ့မရဲဖြစ်
နေ၏။ တာရာ့ ကိုယ်လေးကို အကာအကွယ်
ပြုကာ အနောက်ကနေ မဝံ့မရဲလျှောက်လာခဲ့
ပြီး ဦးကြီးရှေ့တွင် ခေါင်းလေးငုံ့ကာထိုင်လိုက်
၏။

"သား ဒီပါ..! နေကောင်းရဲ့လား? သားပြန်လာ
မယ်ဆိုတာကို မောင်တာရာက ဖုန်းဆက်ထား
လို့ သား ကြိုက်တဲ့ ဟင်းတွေကို မင့်အစ်မက
မနက်ထဲကချက်နေတာ..။ စောမူလေးလက်ရာ
က အရင်ကထက်ပိုပြီး ကောင်းလာတာ..။ မင့်
အစ်မလက်ရာကို မြည်းမကြည့်ချင်ဘူးလား"

ဦးကြီးစကားထဲတွင် စိတ်ဆိုးဒေါသထွက်
သည့် အသံတို့မပါ။ နွေးထွေးစွာပင် ပြန်လည်
ကြိုဆိုကြတော့ သူ င်ိုချင်လာ၏။

"ဦးကြီးက ဒီပါ့ကို စိတ်မဆိုးဘူးလားဟင်!
ဒီပါ ထွက်သွားခဲ့တဲ့အတွက် ပြီးတော့ အခုလို
ပြန်ရောက်လာတဲ့အတွက်ကော ဒီပါ့ကိုဆူစရာ
များမရှိဘူးလားဟင်"

"ဘာလို့ ဆူရမှာလဲ ဒီပါရယ်..! ဦးကြီးတို့က
မိသားစုဝင်တွေပဲ ခွင့်လွှတ်နားလည်ပေးရမှာ
ပေါ့။ ပြီးတော့ ဒီလမ်းက ဒီပါရွေးချယ်တဲ့လမ်း
လေ။ ဘာပဲဖြစ်ဖြစ် ဦးကြီးတို့က ဒီပါ့ရဲ့ရွေးချယ်
မှုကို လေးစားရမှာပေါ့..မဟုတ်ဘူးလား?"

ဒီပါက မျက်နှာကိုငုံ့လျက် ရှိုက်သံလေးထွက်
ကာ ငိုလေ၏။

"ဒီပါရယ်..ငိုမနေပါနဲ့တော့နော်။ မကြာခင်
အားလုံးအဆင်ပြေသွားမှာပါ..ကိုကိုလည်း
အန်တီဟန် ကျန်းမာရေးပြန်ကောင်းရင်
ပြန်လာခဲ့မှာပဲလေ။ အဲ့တော့ ဒီအင်းလေးမှာပဲ
ကိုကို ပြန်အလာကို စောင့်ကြတာပေါ့။ ဒါနဲ့..
ပြောရအုံးမယ်..ရိုးရိုးစောင့်ရမှာ မဟုတ်ဘူး
နော်..ကလေးထိန်းပြီးစောင့်ရမှာ"

"ဟမ်း..! ဘယ်က ကလေးလဲ"

ဒီပါက ငိုလျက်နှင့်ပင် တာရာ့ကိုမေး
လိုက်၏။

"မင့်အစ်မရဲ့ က်ိုယ်ဝန်ကလေ..၆လတောင်
ကျော်နေပြီ..."

တာရာက ပြုံးဖီးဖီးမျက်နှာဖြင့်ပြောလေ
တော့ ဒီပါက အစ်မဖြစ်သူရဲ့ ဗိုက်ပူပူလေး
ကို လှမ်းကြည့်လိုက်၏။

"အစ်မမှာ တကယ်ကိုယ်ဝန်ရှိနေတာလား"

"ဒါပေါ့..ဒီပါ့ရဲ့။ ဒီပါက ရောက်ထဲက ခေါင်း
ကိုငုံ့ထားတာကော ဘယ်မြင်ပါ့မလဲ"

"ဒါဆို..ကျွန်တော် ဦးလေးဖြစ်တော့မှာပေါ့
နော်..."

ပါးပြင်ပေါ်က မျက်ရည်များကို ပွတ်ဆွဲသုတ်
လိုက်ပြီး မေးလိုက်တော့ အစ်မဖြစ်သူက သူ့
ကို နွေးထွေးစွာပင် ပြုံးပြီး ခေါင်းညိမ့်ပြ၏။

"မင့်အစ်မ မဗိုက်ကလေ အခုတစ်လော
ငါ့အပေါ်ကိုအရမ်းကို စိတ်ဆိုးစိတ်ကောက်
သိပ်လွယ်နေတာ။ ကြည့်နေ..! အဲ့တာ
မိန်းကလေးပဲဖြစ်မှာ"

တာရာက ဒီပါ့ကိုကြည့်ရင်းပြောလိုက်တော့
စောမူက တာရာ့ ဗိုက်ခေါက်ကို လှမ်းဆွဲဆိတ်
လိုက်၏။

"တာရာ..ရှင်ကတော့လေ..တကယ်ပဲနော်!
ဘာလဲ သမီးလေးဆိုရင်ရော မချစ်ဘူးလား"

"ဟောဗျာ..အဲ့လိုပြောတာမဟုတ်ပါဘူး။
ကိုယ်က သမီးလေးပဲဖြစ်ဖြစ်၊ သားလေးပဲ
ဖြစ်ဖြစ် ချစ်မှာပါ။ ဒါမဲ့ အခုတလော စောမူ
က ကိုယ့်အပေါ်ကိုအရမ်းစိတ်ဆက်လာ
တယ်။ ဒီမှာကြည့်ပါလား..မနေ့က ခေါင်းကို
ခေါက်ထားတဲ့ ဒဏ်ရာတောင်အခုထိဖုနေ
တုန်းပဲ"

"ဘာလဲ? ရှင်က အခုကျတော့ ကျွန်မကိုအခု
လို အပြစ်မြင်ပြီပေါ့။ အရင်တုန်းကကျတော့
ကျွန်မကို ဘယ်လိုဖြစ်ဖြစ် အပြစ်မမြင်ဘဲ
ချစ်နေပါ့မယ်ဆို..အခုကျတော့ ပြောင်းလဲ
သွားပြီပေါ့။ တော်ပြီ..ရှင်စားဖို့ချက်ထားတဲ့
ဟင်းကို မကျွေးတော့ဘူး"

"ဟာ..မဟုတ်သေးဘူးလေ..စောမူရယ်"

စောမူက ပြောပြောဆိုဆိုပင် တာရာ့ကို
မျက်စောင်းထိုးရင်း ထ,သွား၏။ မျက်နှာ
လေးရှုံ့မဲ့ကာ ကျန်ခဲ့သော တာရာ့ကိုကြည့်
ရင်း ဒီပါ ပြုံးလိုက်မိ၏။

"ကဲ..တွေ့ပြီမလား? တစ်နေ့တစ်နေ့ ငါက
စမိလိုက်..စောမူက စိတ်ဆိုးလိုက်၊ ငါ့ကို
ခေါက်လိုက်ဆွဲဆိတ်လိုက်..ပြီးရင် သူကပဲ
ပြန်စိတ်ဆိုးသွားလိုက်၊ ပြီးရင် ငါကပြန်ချော့
လိုက်နဲ့ သံသရာတွေကိုလည်နေရော..။ စောမူ
လက်လေးတွေက ရက်ကန်းရက်ခဲ့တာကော
ဟုတ်ရဲ့လားလို့ တွေးမိနေတာ။ တစ်ချက်တစ်
ချက် ခေါက်လိုက်ရင် ကိ်ုယ့်နာမည်ကို
ကိ်ုယ်ပြန်မြင်သွားရတယ်"

"တာရာ့..စကားက အဆန်းပါလား? ဘာကို
ဆိုလိုတာလဲ"

"ဪ..ငါ့နာမည်က ကြယ်တာရာလင်းလေ။
အဲ့တော့ ငါ့မျက်လုံးထဲ ကြယ်တွေ ၊ လတွေ ၊
တာရာတွေ၊ စကြဝဠာတွေတောင် မြင်ကုန်
တယ်လို့ ပြောချင်တာ"

တာရာ့စကားကြောင့် ဦးကြားရုံနှင့် ဒီပါတို့
ရယ်မိကြလေသည်။

"ဒါနဲ့ ဒီပါ့ကိုပြောရအုံးမယ်။ အခု ငါက
ဒီအင်းလေးထဲမှာပဲ ဟိုတယ်ဆောက်ပြီး
ဖွင့်ထားတာ။ အရင်ကတော့ စောမူက
ကူသေးတယ်။ အခုတော့ မပေါ့မပါးနဲ့ဆို
တော့ အရင်လို ငါ့ရဲ့ဟိုတယ်အလုပ်တွေကို
မကူနိုင်တော့ဘူး။ ဒီပါ အလုပ်အားတဲ့အချိ်န်
ကျရင် ငါ့ဟိုတယ်အလုပ်တွေကို လာကူလေ။
အလုပ်များများလုပ်နေရတော့ အလွမ်းဒဏ်
နည်းနည်းသက်သာတာပေ့ါ"

"ကောင်းတာပဲ..! ဒီပါ လာကူမယ်လေ..
အဲ့တာဆို ဦးကြီး ဒီပါ သွားနားလိုက်အုံးမယ်
နော်"

"အင်းပါကွယ်..ကောင်းကောင်းအနားယူလိုက်
နော်"

ဒီပါ အခန်းထဲသို့ဝင်လာခဲ့၏။ သန့်ရှင်းရေး
လုပ်ပေးထားခြင်းကြောင့် အခန်းလေးသည်
နဂိုအတိုင်းပင် မပြောင်းလဲချေ။ ခေါင်းအုံး
ကို ဆွဲယူလိုက်ကာ စိတ်ကိုလျော့ချလိုက်ပြီး
အိပ်ရေးဝအောင် သူ အိပ်ပစ်လိုက်မိ၏။

---------------------------------------------------
-------------------------------------------------

မျှော်လင့်ရခြင်းဆိုတာက စောင့်မျှော်နေရ
တဲ့သူအတွက် ဘယ်လောက်တောင်ခါးသီး
သည့် အရာတစ်ခုလဲဆိုတာ အခုမှ သူသိရှိ
လာတော့၏။ အလွမ်းဝေဒနာကိုဖြေဖျောက်
ဖို့ အလုပ်တွေဆီကိုသာ စိတ်ကိုပို့ထားမိ၏။

ညနေခင်းနေရောင်ခြည်သည် အင်းလေး
ကန်ရေပြင်ပေါ်သို့ ဖြာကျနေ၏။ လေပြည်
သည် မျက်နှာလေးဆီသို့တိုးဝှေ့နေ၏။

ဘောင်လက်ရန်းလေးပေါ်တွင် လက်တင်
ထားရင်း အင်းလေးကန်ရေပြင်ဆီသို့ငုံ့ကြည့်
လိုက်မိ၏။

သူ့ကို ပြုံးပြနေသည့် မဟော့် မျက်နှာပုံရိပ်
ယောင်လေးကိုတွေ့တော့ သူပါ လိုက်ပြုံးမိ၏။

"မဟော့်ကို ဒီပါ သိပ်သတိရတာပဲ။ မဟော်
မရှိတဲ့ နေ့တွေက ဒီပါ့အတွက် သိပ်ကို
အဓိပ္ပာယ်မဲ့နေသလိုပဲ။ မဟော်..ဒီပါ့ဆီကို
အမြန်ဆုံးပြန်လာပေးပါ"

အင်းလေကန်ရေပြင်ကိုငေးကြည့်ရင်း
စိတ်တို့ပျံ့လွင့်နေခိုက် တာရာရောက်လာ၏။

"ဒီပါ..! မဟော် ဖုန်းဆက်တယ်..သွားကိုင်
လိုက်ပါအုံး"

"မဟော်..ဖုန်းဆက်လာတာလား?"

"ဟုတ်တယ်..! အန်တီဟန် ခွဲစိတ်ပြီးသွား
ပြီလို့ပြောတယ်။ အဲ့တာ ဒီပါနဲ့ ဖုန်းပြောချင်
လို့တဲ့"

ဒီပါက တာရာ့ရှေ့ကနေ လစ်ခနဲပင်ပြေးထွက်
သွား၏။ မဟော့် နာမည်ကိုကြားလိုက်တာနဲ့သူ့
ပါးပြင်ပေါ်ကို မျက်ရည်တွေအဆက်မပြက်ကို
စီးကျလာ၏။

"ဟဲလို..! မဟော်..မဟော်ဟုတ်တယ်မလား"

"ဟုတ်ပါတယ်..ကိုယ်ပါ ဒီပါရယ်။ ကိုယ့်ရဲ့
အသံကိုတောင် မမှတ်မိတော့ဘူးလား? "

"ဘာလို့ အခုမှအဆက်အသွယ်လုပ်ရတာလဲ?
ဒီပါလေ မဟော့်ကို ဘယ်လောက်ထိ လွမ်းနေ
လဲသိရဲ့လား"

"သိတာပေါ့..ဒီပါလွမ်းသလောက် ကိုယ်
လည်းထပ်တူလွမ်းနေခဲ့တာပါ။ မေမေက
ခွဲစိတ်ပြီးတော့ အခုမှ နည်းနည်းလေးပြန်ပြီး
စကားပြောလာနိုင်တာ။ မကြာခင် ရိုးရိုး
အဆောင်ကိုရွေ့လို့ရတော့မယ်။ ကိုယ်
မကြာခင်ပြန်လာခဲ့မှာပါ"

"မဟော်..ပြန်လာရင် ဒီပါ့ကို ဘယ်တော့မှ
ထပ်ပြီးခွဲမသွားနဲ့တော့နော်"

"ဒါပေါ့..ဒီပါရယ်...ကိုယ်ပြန်လာရင်
တာရာ့ ဟိုတယ်မှာ လက်ထပ်ပွဲကျင်းပ
ကြမယ်။ ဒီပါ့ရဲ့ စိတ်ကူးထဲက ဒီပါ ဖြစ်ချင်
တဲ့ လက်ထပ်ပွဲပုံစံမျိုးကိုယ်ရအောင်ဖန်တီး
ပေးမယ်"

မဟော့်စကားကြောင့် ဒီပါ မျက်ရည်များကြား
ကပင် ပြုံးလိုက်မိ၏။

"သား..ဘယ်သူနဲ့ဖုန်းပြောနေတာလဲ?"

"မေမေ! ။ သား..ဒီပါနဲ့ပြောနေတာပါ"

"မဟော်..မင်း.ငါ့ကို မင်းမျက်စိရှေ့မှာပဲ
သေသွားတာ မြင်ချင်လို့လား"

"ဒီပါ..ကိုယ်နောက်တော့မှ ပြန်ဆက်လိုက်
မယ်နော်"

မေမေ့ရဲ့ စကားများကို ဒီပါ့ ကြားပြီး
ဝမ်းမနည်းစေချင်တာမို့ သူ ဖုန်းချလိုက်
မိ၏။

"မေမေရယ်..ဘာလို့ အခုထိ ဒီလိုမျိုးငြင်းနေ
ရတာလဲဗျာ..သားတို့က အခုဆို လက်ထပ်ပြီး
ခဲ့ကြပြီ။ ဘာလို့ မေမေ သဘောမတူနိုင်ရတာ
လဲ"

"မေမေပြောပြီးပြီလေ..သူက ယောကျင်္ားလေး
သားကလည်း ယောကျင်္ားလေး။ မေမေ့မှာ
သားတစ်ယောက်ထဲရှိတာ..မေမေ့အတွက်
မေမေတို့ မိသားစုအတွက် နောက်ဆုံးမျိုးဆက်
ကလေးကို သူက မမွေးပေးနိုင်ဘူးလေ"

"မေမေရယ်..သားတို့က ဘာကိုမှမတွေးဘဲ
တစ်ယောက်ကိုတစ်ယောက်တကယ်ချစ်ကြ
တာပါ။ ဒီပါကလေ သားရဲ့ဘဝမှာ ပထမဆုံး
အမြတ်နိုးဆုံးချစ်မိတဲ့ သူ။ အဲ့ဒီကောင်လေး
ကို သား နှလုံးသား တစ်ခုလုံးနဲ့ချစ်ခဲ့တာ။
သားဘယ်လိုစွန့်လွှတ်ရမှာလဲ? ဒီပါ့ကို
စွန့်လွှတ်ရတာက သားနှလုံးသားတစ်ခုလုံး
ကို အသေသတ်လိုက်တာနဲ့အတူတူပဲဆိုတာ
မေမေသိရဲ့လား"

"မဟော်! "

ဒေါ်ပန်းသုဟန်ရဲ့အသံလေးအနည်းငယ်
ကျယ် သွား၏။ စကားအချေအတင်များ
နေခိုက် ရင်ဘက်ကိုဖိကာ ရုတ်တရက်ပင်
ကိုယ်လေးညွှတ်ကျသွားသော မိခင်ဖြစ်သူကို
ကြည့်ရင်း သူ ပျာပျာသလဲ ဖြစ်သွား၏။

"ဒေါက်တာ..! ဒေါက်တာ ! ကျွန်တော့်မေမေ
ကိုလာကြည့်ပေးပါအုံး"

သူလှမ်းခေါ်လိုက်တော့ ဆရာဝန်နှင့် nurse
ဆရာဝန်များ အခန်းထဲသို့ဝင်လာကြ၏။
အတန်ကြာမှ ဆေးရှိန်ရပြီး ဒေါ်ပန်းသုဟန်
အိပ်ပျော်သွား၏။ မိခင်ဖြစ်သူကိုကြည့်ရင်း
စိတ်ပူနေသည့် သူ့ကို ဆရာဝန်က သတိပေး
စကားပြောလာ၏။

"ခွဲစိတ်မှုအောင်မြင်တယ်ဆိုပေမဲ့ သူမရဲ့
နှလုံးက အခုထိ အကောင်းပကတိဖြစ်သေး
တာမဟုတ်သေးဘူး။ အသက်အရွယ်ရယ်၊
ခွဲစိတ်ထားတဲ့ ဒဏ်တွေကြောင့် သူမ တော်
တော်လေးကို ပင်ပန်းနေတာ။ အဲ့တာကြောင့်
သူမကို စိတိပင်ပန်းစရာတွေ၊ စိတ်ညစ်စရာ
တွေ ပေးလို့မဖြစ်ဘူး။ လူနာကို ဒီထက်ပိုပြီး
ဂရုစိုက်ပေးပါ"

"ဟုတ်ကဲ့..ကျေးဇူးပါ ဒေါက်တာ"

ဆရာဝန်ကြီးထွက်သွားတော့ ဆိုဖာခုံပေါ်
တွင် စိတ်ပင်ပန်းစွာ ထိုင်လိုက်မိရင်း ဆေး
အရှိန်ကြောင့် အိပ်ပျော်နေသည့် မိခင်ဖြစ်သူ
က်ိုကြည့်ရင်း သူ့စိတ်ထဲတွင်အကြောင်းအရာ
နှစ်ခုက လွန်ဆွဲလာ၏။

မေမေ့ရဲ့ ကျန်းမာရေးနဲ့ တစ်ဖက်က
ချစ်ရသူကြားထဲမှာ သူ့စိတ်တို့ရှုပ်ထွေး
လာရ၏။ ဒီအခြေအနေမှာ ဒီပါ့နဲ့ကိစ္စကို
ရှေ့ဆက်တိုးလေ မေမေ့ရဲ့ ကျန်းမာရေး
ပိုမိုဆိုးလာလေဖြစ်သလို၊ အမြန်ဆုံးပြန်
လာခဲ့ပါ့မယ်ဆိုတဲ့ စကားကြောင့် သူ့ကို
စောင့်ဆိုင်းနေမဲ့ ဒီပါ တို့ကြား သူရွေးချယ်
မှုတစ်ခုခုကို သေချာလုပ်ရတော့မှာလေ။

"ကိုယ့်ကို ခွင့်လွှတ်ပါ ဒီပါရယ်..."

-----------------------------------------------------
-----------------------------------------------------

"စောမူ..ခွဲခန်းထဲဝင်သွားတာ ကြာနေပြီ..
အဆင်ပြေရဲ့လားမသိဘူး"

ဆံပင်ကိုထိုးဖွကာ ခွဲခန်းရှေ့တွင်
ခေါက်တုံ့ခေါက်ပြန်ဖြင့် ဂဏာမငြိမ်ဖြစ်
နေသည့် တာရာ့ က်ိုကြည့်ရင်း...၊

"အစ်မ..အဆင်ပြေသွားမှာပါ..! တာရာ
ခဏလောက်တော့ ထိုင်ပါအုံး။ တာရာ့ကို
ကြည့်ပြီး ဒီပါ မူးလဲတော့မယ်"

ဒီပါ ပြောလိုက်မှ တာရာက ထိုင်ခုံပေါ်တွင်
ခဏထိုင်လိုက်၏။

"မေမေတို့ကို အကြောင်းကြားတော့ မေမေ
က ရှေ့အပတ်လောက်မှ ပြန်ရောက်မယ်တဲ့။
အလုပ်ကိစ္စနဲ့သွားရင်း အန်တီဟန်ကိုလည်း
ဝင်တွေ့မယ်တဲ့လေ။ မဟော်ကော ဒီပါ့ကိုဖုန်း
ဆက်သေးလား"

"ဟင့်အင်း..! မဆက်တာကြာပြီ။ ဖုန်းဆက်
ရင်လည်း ခဏလောက်ပဲပြောပြီး ဖုန်းချ
သွားတယ်။ အမေရိကားမှာ မဟော် အဆင်မှ
ပြေရဲ့လားမသိဘူး"

"အန်တီဟန် ကျန်းမာရေးပြန်ပြီး ထူထူ
ထောင်ထောင်ရှိလာရင်တော့ မြန်မာပြည်ကို
ပြန်လာကြမှာပါ"

တာရာက ဒီပါ့ ပုခုံးလေးကို ပုတ်ကာနှစ်သိမ့်
နေရင်း ခွဲခန်းတံခါးပွင့်လာပြီး ဆရာဝန်ထွက်
လာတော့ တာရာ ပျာပျာသလဲပင်ထ,ရပ်ကာ
ခလုတ်တိုက်မတတ်လျှောက်သွားရင်း....၊

"ဒေါက်တာ..ကျွန်တော့် မိန်းမအဆင်ပြေရဲ့
လား? ဘယ်လိုရှိလဲဟင်"

"ခွဲစိတ်မှုအောင်မြင်ပါတယ်။ ကလေးရော..
မိခင်ကော ကျန်းမာပါတယ်"

"ဒေါက်တာ..ဘာလေးလဲဟင်? ကျွန်တော်
တို့က အန်ထရာဆောင်း မရိုက်ကြည့်ထား
တော့ ဘာလေးမွေးမယ်မှန်းကြိုမသ်ိဘူး"

"မိန်းကလေးအမွှာလေး..မွေးတာပါ။ ကလေး
က ပေါင်လည်းပြည့်တယ်။ ခဏရွေ့ပြီးရင်
သွားကြည့်လို့ရပါပြီ"

ရိုးရိုးအဆောင်သို့ပြောင်းလိုက်ပြီး ပုခက်ထဲ
ရှိ အိပ်ပျော်နေသော ကလေးငယ်လေးက်ို
တာရာက ကြည့်ရင်း....၊

"သမီးလေးတွေက တကယ်ကို ကိုယ်နဲ့တူ
တာပဲ။ နာမည်ဘယ်လိုပေးရင်ကောင်းမလဲ
ဒီပါ စဉ်းစားကြည့်ပေးပါလား"

"နွေဆည်းဆာနဲ့ ပန်းဆည်းလည်းဆိုရင်
ရော..လှလား? ဒီပါ့ရဲ့ တူမလေးနှစ်ယောက်
က သိပ်ကိုချစ်စရာကောင်းတော့ အစ်မနိုး
လာလို့တွေ့ရင် သိပ်ပျော်နေမှာပဲ။ မိသားစု
ဘဝလေးက တကယ်ကိုနွေးထွေးရတာပဲနော်"

"ကိုကိုနဲ့ကော ဒီလိုမိသားစု ဘဝလေး ဒီပါ
မတည်ဆောင်ချင်ဘူးလား"

"အဲ့တာက..ဒီပါက ကလေးမွေးနိုင်တဲ့ သူမှ
မဟုတ်တာ..မဟော့်အမေ သဘောမတူနိုင်
တာလဲ သဘာဝတော့ကျပါတယ်"

"ကိုကိုနဲ့ ဒီပါတို့ ချစ်နေသမျှအရာအားလုံးကို
ဖြတ်ကျော်နေနိုင်မှာပါ။ ပြီးတော့ ဒီလောက်
နည်းပညာတွေခေတ်မှီနေတဲ့ ခေတ်မှာ ဆေး
ပညာ အကူအညီနဲ့ ကလေးယူကြပေါ့"

တာရာ့အကြံပေးစကားကို နားထောင်
နေရင်း မေ့ဆေးအရှိန်ပြေကာ နိုးလာသည့်
အစ်မဖြစ်သူကြောင့် တာရာနှင့်အတူထားခဲ့
ပြီး အခန်းထဲမှထွက်လာခဲ့၏။

"ကလင်း...! ကလင်း...! "

ဆေးရုံအခန်းဝရှိ ထိုင်ခုံတွင်ထိုင်ရင်း
တုန်မြည်လာသော ဖုန်းကြောင့် ဖုန်းကို
ကြည့်လိုက်တော့ မဟော် ဖြစ်နေ၏။

"ဟဲလို..မဟော်ရယ်..ဒီပါက သတိရနေ
တာ။ ဒီနေ့ကလေ အစ်မစောမူ ကလေးမွေး
တာ။ သမီးလေးအမွှာလေး သိပ်ချစ်စရာ
ကောင်းတာပဲ။ ဒီပါက စဆက်ရင် မဟော်
အနှောင့်အယှက်ဖြစ်မှာစိုးလို့ မဟော့်
ဘက်က ဆက်လာမဲ့အချိန်ကို ဒီပါစောင့်နေ
တာ။ မဟော် ထမင်းကောအချိန်မှန်စားရဲ့
လား? ဟိုမှာက ရာသီဥတုအရမ်းအေးနေ
လား? မဟော်..ကျန်းမာရေးဂရုစိုက်နော်"

ဒီပါက စကားတွေ တရစပ်ပြောနေ
သော်လည်း မဟော့် ဘက်က အသံတိတ်
နေ၏။

"မဟော်..ဘာဖြစ်လို့လဲဟင်! မဟော်က
ဒီပါ့ကို မလွမ်းဘူးလား"

"ဒီပါ...ကိုယ်တို့ ခဏလောက် လမ်းခွဲကြ
ရအောင်"

"မဟော်..မဟော် ဘာတွေပြောနေတာလဲ?
ဒီပါ နားမလည်တော့ဘူး။ ဘာလို့ လမ်းခွဲ
ကြမှာလဲ"

"ကိုယ့်မေမေရဲ့ ကျန်းမာရေးကြောင့်
ကိုယ်ဘယ်တော့မှ ပြန်လာဖြစ်မယ်လို့
မပြောနိုင်ဘူး။ က်ိုယ့်ကို စောင့်နေရင်း
ဒီပါ ပင်ပန်းနေရမှာကို ကိုယ်စိုးတယ်။
ပြီးတော့ ကိုယ့်မေမေက ကိုယ်တို့
ဆက်သွယ်နေတာကို မေမေသိရင် မေမေ့
အခြေအနေက ပိုဆိုးရွားလာနိုင်တယ်။
အဲ့တာကြောင့် ကိုယ့်တို့ ခဏလောက် လမ်းခွဲ
ကြရအောင်"

"မဟော်ရယ်.. ဒီပါ့ရဲ့ ခံစားချက်ကိုဘာလို့
မစဉ်းစားရတာလဲ? ဒီပါကလေ မဟော်
အခက်တွေ့မှာစိုးလို့ မဟော် ထွက်သွားခဲ့
တာတောင် တစ်ခွန်းမတားရက်ခဲ့တာပါ။
ခဏလမ်းခွဲမယ်လို့ မဟော် ပြောရက်တယ်။
ဒီပါကသာ မဟော့်ဘဝမှာ အနှောင့်အယှက်
ဖြစ်နေရင် ဒီပါတို့ရဲ့ ဇာတ်လမ်းကို ဒီမှာပဲ
အဆုံးသတ်ကြတာပေါ့"

"ဒီပါရယ်..ကိုယ်မင်းကိုမချစ်လို့မဟုတ်ပါ
ဘူးကွာ..ကိုယ့်ဘဝမှာ ဒီပါ့ကို ပထမဆုံး
နဲ့နောက်ဆုံးအချစ်မျိုးနဲ့ ချစ်ခဲ့တာပါ"

"မဟော်သာချစ်ရင် ဒီပါ့ကို ဒီလိုရက်စက်ပါ့
မလား? မဟော့် အမေက်ိုပဲ ကောင်းကောင်း
စောင့်ရှောက်လိုက်ပါ..ဒီပါ ဖုန်းချလိုက်တော့
မယ်"

ပါးပြင်ပေါ်သို့စီးကျလာသည့် မျက်ရည်များ
ကို လွတ်လပ်ခွင့်ပြုလိုက်ပြီး ခေါင်းလေးငုံ့
ကာ ရှိုက်ငင်ရင်း ငိုကြွေးနေရင်း သူ့နှလုံးသား
တစ်စုံဟာလည်း ကြေမွကွဲကြေလို့နေပါတော့
တယ်။

"မဟော်..ဒီပါ့ကို ရက်စက်တယ်"

-------------------------------------------------
-------------------------------------------------

၁နှစ်ခန့်ကြာပြီးနောက်>>>>>>

"မေမေ့မျက်နှာက ဒီနေ့အရမ်းကို ပျော်နေ
သလိုပဲ။ ဘာဝမ်းသာစရာကိစ္စများရှိလို့လဲ"

"ရှိတာပေါ့ သားရယ်..။ မေမေစိတ်မချခဲ့ရတဲ့
ကိစ္စကြီးတစ်ခု မကြာခင်အဆင်ပြေတော့မှာ
မို့ မေမေ မျက်စိမှိတ်သွားရင်တောင် စိတ်ချ
နိုင်ပါပြီ"

အမေရိကားမှာပဲ မေမေ့ရဲ့ နှလုံးစိတ်ချရတဲ့
အခြေအနေတစ်ခုကိုရောက်လာတဲ့အချိန်ထိ
နေခဲ့ရပြီး ၁နှစ်ကြာပြီးမှ မြန်မာပြည်သို့ပြန်
လာခဲ့ရ၏။ ရန်ကုန်ကို ပြန်ရောက်လာသည်
မှာ တစ်ပတ်ခန့်ပင်ရှိသေး၏။

ဒီနေ့တွင် အရင်ကထက် မိခင်ဖြစ်သူမျက်နှာ
ကပိုပြီး ရွှင်လန်းနေ၏။ ဧည့်ခန်းတွင် ထိုင်
နေရင်း ကားရပ်သံကြောင့် မဟော် ထ,ကြည့်
လိုက်မိ၏။

"ဘယ်သူလာတာလဲ မသိဘူး"

"ကိုမဟော် မတွေ့ရတာတောင်ကြာပြီနော်။
မတွေ့ရတဲ့ နှစ်တွေအတွင်း ကိုမဟော်က
အရင်ကထက်ပိုပြီး ခန့်လာတာပဲနော်"

"နွယ်..! နွယ် ဘယ်လိုလုပ် ကိုယ့်ရဲ့အိမ်ကို"

"မေမေ..ခေါ်ထားတာ! သား..နွယ့်နဲ့ဆုံဖူး
တယ်မလား? သမီးနွယ်ရေ လာလေ..
အိမ်ထဲဝင်"

မဟော်က နွယ်နဲ့ မေမေ့ကို နားမလည်သလို
ကြည့်နေရင်း...၊

"မေမေနဲ့ နွယ်က ဘယ်လိုရင်းနှီးလာတာလဲ?
ပြီးတော့ နွယ်က တာချီလိတ်မှာ မဟုတ်ဘူး
လား..ဘယ်လိုလုပ် ရန်ကုန်ရောက်လာတာလဲ"

"နွယ်က ဒီမှာ ဟိုတယ်အသစ်ဖွင့်ဖို့ စီစဉ်နေ
တာလေ..ဒေါ်လေးဟန်က နွယ့်ကို အိမ်လာ
ခဲ့ဖို့ ပြောလို့"

"နှုတ်ကျိုးအောင် မေမေလို့ပဲ ခေါ်ပါဆို
သမီးနွယ်ရယ်။ နောင်လဲ အဲ့လိုပဲ ခေါ်ရမှာ
ပဲကို။ သမီးဖေဖေကော နေကောင်းရဲ့လား?
နောက်ကျမှ မေမေတို့လူကြီးချင်းတွေ့ပြီး
စကားသေချာပြောကြတာပေါ့"

"မေမေတို့ဘာတွေပြောနေကြတာလဲ..သား
နားမလည်တော့ဘူး"

"သမီးနွယ်ရဲ့အဖေနဲ့ မေမေတို့ လူကြီးချင်း
စကားပြောပြီးသွားကြပြီ။ မကြာခင် သားနဲ့
နွယ်လေးကို စေ့စပ်ပေးကြမလို့"

"မေမေ..သားရဲ့ဆန္ဒကိုဘာလို့မမေးရတာ
လဲ? သားချစ်တာ ဒီပါ တစ်ယောက်ထဲရှိတာ
ကို မေမေလည်း သိပါတယ်။ ပြီးတော့ နွယ်
လည်း ကောင်းကောင်းနေတာပဲလေ..ဒီပါနဲ့
ကိုယ်က ချစ်သူတွေတောင် မဟုတ်ဘဲ
လက်ထပ်ထားကြတဲ့ သူတွေဆိုတာကို
နွယ့်ရှေ့မှာပဲ ကိုယ်ပြောခဲ့တာလေ မဟုတ်ဘူး
လား? အဲ့တာကို နွယ်က လက်ခံတယ်ပေါ့"

"ဘာပဲဖြစ်ဖြစ် သားတို့က စာချုပ်ပေါ်မှာ
တရားဝင်လက်ထပ်ထားကြတာမှမဟုတ်တာ"

"သားတို့ရဲ့ ချစ်ခြင်းက စာချုပ်ပေါ်မှာရှိတဲ့
စာလုံးတွေထက်ပိုပြီး ခိုင်မြဲတယ်"

"နွယ်..အလုပ်ကိစ္စလေးရှိလို့ ခွင့်ပြုပါအုံးနော်"

မဟော်နှင့် ဒေါ်ပန်းသုဟန်တို့စကားအချေ
အတင်ဖြစ်နေခြင်းကြောင့် နွယ်က ရှောင်
ထွက်သွား၏။

"မေမေ့ကိုဆေးကုဖို့ ကျွန်တော်ထွက်လာခဲ့
တာကို ဒီပါက တစ်ခွန်း မတားခဲ့ဘူး။
မေမေ့ရဲ့ ကျန်းမာရေးကြောင့် မေမေ စိတ်
ဆင်းရဲမှာစိုးလို့ ဒီပါ့ကို ကျွန်တော် ရင်အကွဲခံ
ပြီး စွန့်လွှတ်ခဲ့တာ။ မေမေ သဘောမကျဘူး
ဆိုတဲ့ သူက ကျွန်တော့်ဘဝမှာ ပထမဆုံးချစ်
မိခဲ့တဲ့သူ။ အဲ့တာကို ဘာလို့ ကျွန်တော့်ရင်ကို
ခဏခဏနာကျင်အောင် လုပ်ဖို့ စီစဉ်ရတာလဲ?
ကျွန်တော်တို့နှစ်ယောက်လုံး သိပ်ကိုနာကျင်
ခဲ့ရတာ မေမေ သိရဲ့လား? ဒီနေ့မှ ကျွန်တော်
သဘောပေါက်သွားခဲ့တယ်။ ဘာလို့ မေမေက
ကျွန်တော် နေတဲ့ အိမ်လိပ်စာအထိကိုပါ သိနေ
ရတာလဲဆိုတာကိုပေါ့"

"..............."

"နန်းကဗျာနွယ်က သားတို့ရဲ့အကြောင်းကို
မေမေသိအောင် လုပ်ခဲ့တဲ့ အဓိကလူမဟုတ်
ဘူးလား? အဲ့တာကြောင့် မေမေက နွယ့်ကို
သဘောကျပြီး သားနဲ့ စေ့စပ်ဖို့ စီစဉ်နေတာ
မဟုတ်လား? မေမေဖြေလေ ဟုတ်တယ်
မလားလို့"

"ဟုတ်တယ်..မေမေမငြင်းပါဘူး။ နွယ်က
မေမေ့ကိုဆက်သွယ်ပြီး သားဘယ်မှာရှိတာ
ကိုပြောပြခဲ့တာ။ အဲ့တာကြောင့် သားက်ိုရှာ
တွေ့ခဲ့တာပေါ့။ ဘာပဲဖြစ်ဖြစ် သားလည်း
သူနဲ့ လမ်းခွဲခဲ့ပြီးပြီမလား? ပြီးတော့ မြန်မာ
ပြည်ကိုပြန်ရောက်ထဲက ဒီပါ့ကို မေမေ
အသိပေးပြီးသွားပြီ မကြာခင် သားကနွယ်
နဲ့စေ့စပ်တော့မယ်ဆိုတာကိုပေါ့။ သားတို့
နှစ်ယောက်က ထပ်တွေ့စရာအကြောင်းမှ
မရှိတော့တာ။ အချိန်တစ်ခုရောက်ရင် သား
လည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပါ"

"မေမေ..သိပ်ရက်စက်တယ်။ သား..ဒီပါ့
ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို
မေမေသိရက်နဲ့ဗျာ။ မေမေ့ ကျန်းမာရေး
ကြောင့်မေမေ့အတွက် သား ရင်နာနာနဲ့
ဒီပါ့ကို နာကျင်ရအောင် လုပ်ခဲ့မိတာကို
မေမေသားကိုပြန်ပေးခဲ့တာ ဒါလား?
ကျေးဇူးပြုပြီးသားတို့ရဲ့ချစ်ခြင်းကို နားလည်
ပေးလို့မရဘူးလား မေမေရယ်"

ပါးပြင်ပေါ်သို့ စီးကျလုဆဲဆဲ မျက်ရည်များ
ကို ထိန်းကာ မေမေ့ရှေ့ကနေ သူထွက်လာခဲ့
၏။ သူ့ရင်တွေနာကျင်နေရသလို ဒီပါ့လည်း
သူ့လိုပဲ နာကျင်ခဲ့ရမှာပါပဲ။

' အကြိမ်ကြိမ် နာကျင်စေခဲ့တဲ့ကိုယ့်ကို
မုန်းနေပြီလား ဒီပါရယ်...'

To be continued >>>>>>

အဆင်ပြေရဲ့လားမသိဘူးရယ်..ဇာတ်သိမ်း
ခါနီးမှ ရေးဖို့ကိုပျင်းနေမိတာ🥲

--------------------------------------------------
--------------------------------------------------

Continua llegint

You'll Also Like

You are My Bone Per ✍💭✍

Literatura romàntica

2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
226K 37K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
Just Only For You Per Thae Pearl

Literatura romàntica

141K 9.4K 55
ပထမဆံုးစ​ေရးဖူးတဲ့Fic​ေလးပါ။ သဲစိန္​ရဲ႕စိတ္​ကူးသက္​သက္​ျဖစ္​တာမို႔ အမွား​ေတြပါသြားခဲ့ရင္​နားလည္​​ေပးၾကဖို႔​ေမတၱာရပ္​ခံပါတယ္​႐ွင္​့။ ​ေကာင္​​ေလးႏွစ္​...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...