အပိုင်း-၁၇{ဒီတစ်သက်လုံးတို့မခွဲဘူး}
561 57 7
{Zawgyi}
ချစ်သူတွေဖြစ်သွားခဲ့သော မဟော်နှင့်ဒီပါတို့
၏ အချစ်ရေးခရီးလမ်းသည် အဖုအထစ်မရှိ
ဘဲ ယခုချိန်ထိ ဖြောင့်ဖြူးနေဆဲဖြစ်သော်လည်း
လွယ်တော့မလွယ်ကူလှပေ။ တစ်ခါတစ်လေ
တွင် မရည်ရွယ်ခဲ့သော စကားအမှားလေး
တစ်ခွန်းသည်ပင်လျှင် နာကျင်ဝမ်းနည်စရာ
များအဖြစ်သို့ကူးပြောင်းလာခဲ့၏။
တစ်နေ့တွင် လင်းညို ညီလေး ရှင်သာမဏေ
ဘောင်အတွင်းသို့ မသွတ်သွင်းမီ ကျင်းပသည့်
အင်းလူမျိုးတို့၏ရိုးရာလက်ဖွဲ့ချည်မျှင်စွပ်ပွဲသို့
မဟော်နှင့် ဒီပါရောက်လာခဲ့ကြသည်။
အင်းလေးဒေသရှိအင်းလူမျိုးတို့သည်
ဘာသာရေးကိုင်းရှိုင်းသူများဖြစ်ကြသည်။
အသက်၉နှစ်ကနေ ၁၅နှစ်အတွင်း ကလေးများ
ကို ရှင်သာမဏေဘောင်အတွင်းသို့သွတ်သွင်း
ကြသည်။
ရှင်မပြုမီတွင် ဘုန်းကြီးကျောင်းသို့ပို့ပြီး
ရှင်ကျင့်ဝတ်များနှင့် သင်္ကန်တောင်းစာများ
ကို သင်ကြားရန်အတွက် ဘုန်းကြီးကျောင်း
သို့ အပ်နှံကြရသည်။ ထို့နောက် ပထမနေ့တွင်
ဘုန်းကြီးထံခွင့်ပန်ကာ နေအိမ်ပြန်ခေါ်ကြ
ပြီး မိဘများကိုကန်တော့ကြရသည်။
နောက်တစ်နေ့တွင်တော့ ရှင်လောင်းအိမ်တွင်
ချည်မျှင်စွပ်ပွဲကျင်းပကြသည်။
"မဟော်နဲ့ ဒီပါ ရောက်လာပြီလား ? လာ..ဒီမှာ
ထိုင်ကြ"
လင်းညိုက ထိုင်ရန်နေရာစီစဉ်ပေး၏။
လင်းညို၏အိမ်သည် ပြတင်းပေါက်များ
အတော်လေးများသဖြင့် အိမ်သည် အလင်း
ရောင်တို့ ကောင်းစွာရသလို လေကောင်းလေ
သန့်လည်းရလှသည်။ အိမ်ထဲတွင် ရှင်လောင်း
၏ ဆွေမျိုးများနှင့် လူကြီးများက ဝိုင်းဖွဲ့စုထိုင်
ရင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြန်လည်ပြော
ဆိုနေကြ၏။
တစ်အောင့်အကြာတွင် ရှင်လောင်းက
စော်ဘွားတန်စာများနှင့် လက်ဝတ်လက်စား
များဝတ်ဆင်ကာ ထွက်လာပြီး အိမ်ဦးခန်းတွင်
ထိုင်လေသည်။
"ဒီပါ..ကိုယ်လေ ရှင်ပြုခါနီး ချည်မျှင်စွပ်ပွဲ
ကျင်းပတာကို တစ်ခါမှမကြုံဖူးဘူး "