အပိုင်း-၂၇{ကိုယ်မညာတော့ဘူးမင်းကိုချစ်သည်}
762 58 3
{Zawgyi}
"ဒီပါရေ...ညကျရင် အင်းပေါ်ခုံးမှာ ဆီမီးမျှော
ပွဲရှိတယ်နော်။ စောစောလာခဲ့ နောက်မကျစေ
နဲ့"
ဦးကြီးရဲ့ ခြေထောက်ကို ဆေးလိမ်းပေးနေ
ခိုက် လှေပေါ်ကနေ လှမ်းအော်ပြောနေသော
လင်းဦးအသံကြောင့် သူ ပြတင်းပေါက်ကနေ
ခေါင်းလေးထွက်ပြူလိုက်ကာ အိမ်အောက်ကို
ငုံ့ကြည့်လိုက်ရင်း..၊
"အေးပါ..ငါသိပါတယ်။ မင်းသာ နောက်မကျ
စေနဲ့.."
"ငါဘယ်တုန်းက နောက်ကျဖူးလို့လဲ"
"အမြဲတမ်းနောက်ကျနေပြီး ဘာကိုနောက်
မကျဘူးလဲ? အပြင်သွားခါနီးတိုင်း ရှိုးထုတ်
လို့ကို မပြီးနိုင်မစီးနိုင်နဲ့ ဘယ်ပွဲဖြစ်ဖြစ်
နောက်ကျတတ်တာကို ကိုယ့်ကိုယ်ကိုယ်
မသိဘူးလား"
"မင်းကတော့လေ..တကယ်ပါပဲ။ တော်ပြီ
ငါသွားတော့မယ်"
လင်းဦး လှေလှော်ပြီးထွက်သွားတော့မှ
ဒီပါ ရယ်လိုက်ပြီး ဦးကြီးရဲ့ဘေးတွင်ပြန်
ထိုင်လိုက်၏။
"ညကျရင်..သား ဒီပါ အင်းပေါ်ခုံးကိုသွားမှာ
လား"
"ဟုတ်ကဲ့..ဦးကြီး။ ညကျရင် ဆီမီးမျှောပွဲရှိ
တယ်လေ။ မနှစ်ကလည်း ဒီပါ မသွားရဘူး
လေ"
"ဒီလိုမျိုး ပွဲနေ့တွေရောက်လာရင် လွန်ခဲ့တဲ့
နှစ်တွေက မဟော် ဒီအင်းလေးကိုရောက်လာ
ခဲ့တာကိုတောင် အမှတ်ရမိတယ်။ အဲ့တုန်းက
ဒီအိမ်လေးက ရယ်သံတွေစည်ဝေနေခဲ့တာပဲ
နော်။ သား ဒီပါကော မဟော့်ကို သတိမရဘူး
လား"
"ဟင့်အင်း...! ဒီပါ သူ့ကို သတိမရချင်တော့
ဘူး။ ဘာတွေပဲဖြစ်လာဖြစ်လာ ဒီပါကိုမခွဲ
သွားဘူးလို့ ကတိပေးခဲ့တဲ့သူက ဒီပါ့ကိုထား
ခဲ့တယ်။ မဟော့်ကို ဒီပါ ရူးမတတ်လွမ်းနေမိ
ပေမဲ့ အဲ့ဒီလွမ်းတဲ့စိတ်ကို ဒီပါ့ ရင်ထဲကနေ
ထုတ်ပစ်လို့ရရင်ကောင်းမယ် ဦးကြီးရယ်"
"နာကျင်နေတယ်မလား? ဒီရင်ထဲမှာ"
ဦးကြီးက ရင်ဘက်ပေါ်ကို လက်ကလေး
တင်ကာ သူ့မျက်နှာလေးကို စိုက်ကြည့်ပြီး
ပြောတော့ မျက်ရည်တို့ဝဲခနဲဖြစ်သွားရ၏။
"သားဒီပါ..! ဦးကြီးပြောတာနားထောင်
နော်။ လူတိုင်းမှာ အကြောင်းပြချက်ကိုယ်စီ
ရှိတယ်။ မဟော့်မှာလည်း သားကို ဒီလိုပြော
ခဲ့တဲ့ အကြောင်းပြချက်ရှိမှာပဲ။ ဒါပေမဲ့ သား
ရင်ထဲမှာ ဝမ်းနည်းစရာတွေကိုအချိန်အကြာ
ကြီး သိမ်းဆည်းထားရင် သားရင်ပဲနာကျင်
ရမှာပေါ့။ ဦးကြီးကတော့ သားကို အရင်လို
မျိုး ပျော်ပျော်နေတတ်တဲ့ ဒီပါ အဖြစ်နဲ့ပဲ
ပြန်မြင်ချင်တယ်ကွယ်"