แ€€แ€™แ€นแ€˜แ€ฌแ€€แ€ผแ€ฎแ€ธแ€กแ€ฝแ€”แ€บแ€œแ€ญแ€ฏแ€„แ€บแ€ธโ€‹แ€•แ€ฑแ€ซแ€บแ€แ€€แ€บแ€œแ€ฌ...

By greenlittlefrog

21.7K 3.9K 142

Original Title - The Earth Is Online. Original Author - Mo Chen Huan Year - 2017 Status In COO - 240chps+5ext... More

Description
//Chp-1// P-1
//Chp-1// P-2
//Chp-2// P-1
//Chp-2//P-2
//Chp-3//P-1
//Chp-3//P-2
//Chp-4//P-1
//Chp-4//P-2
//Chp-5//P-1
//Chp-5//P-2
//Chp-6//P-1
All About Black Tower
//Chp-6//P-2
//Chp-7//P-1
//Chp-7//P-2
//Chp-8//P-full
//Chp-9//P-full
//Chp-10//P-1
//Chp-10//P-2
//Chp-11//P-1
//Chp-11//P-2
//Chp-12//P-1
//Chp-12//P-2
//Chp-13//P-1
//Chp-13//P-2
//Chp-14//P-1
//Chp-14//P-2
//Chp-15//P-1
//Chp-15//P-2
//Chp-16//full
//Chp-17//P-1
//Chp-17//P-2
//Chp-18//P-2
//Chp-18//P-3
notice

//Chp-18//P-1

349 90 1
By greenlittlefrog

ရုတ်တရက် ထန်မော့ခြေကိုကြွလျက်
ဘယ်ဘက်သို့်နှစ်လှမ်းလှမ်းလိုက်သည်။
သူမကြာသေးခင်လေးတင် နင်းမိခဲ့သောနေရာတွင် လက်ညှိုးတစ်ချောင်းစာခန့်ရှည်လျားသော
သံတစ်ချောင်းကလျင်မြန်စွာထွက်ပေါ်လာသည်၊
နင်းများနင်းမိလိုက်လျှင် သူ၏ခြေဖဝါးအထိထုတ်ချင်းဖောက်၀င်သွားမည်မှာ
ပြောစရာတောင်မလို​ချေ။

ထန်မော့ခေါင်းကိုမော့လျက် ပါတ်၀န်းကျင်အား သတိအနေအထားဖြင့်ကြည့်လိုက်သည်။

အလွန်စောသည့်မနက်ပိုင်းသာဖြစ်သေးသည်မို့
ညလေအေးတို့ကတိုက်ခတ်နေဆဲပင်။
အနီးအနားတွင်မူ လူတစ်ဦးမှရှိမနေသယောင်ထင်ရသည်။
ထန်မော့ရှေ့သို့ဆက်၍လျှောက်လိုက်သည်။
ရုတ်တရက်ပေါ်လာသော မှော်သံချောင်းရှည်ကို နောက်ထပ် နှစ်ခေါက်ခန့်ရှောင်ရှားလိုက်ရသေးသည်။
ထိုထဲကတစ်ချောင်းဆိုလျှင် သူ၏မျက်နှာရှေ့ကိုတောင် ပျံသန်းလာခဲ့သေးသည်။
သူသာသတိမထားနေခဲ့ဘူး ဆိုလျှင်ထိုသံချောင်းက သူ၏မျက်လုံးကိုဖောက်၀င်သွားလိမ့်မည်။
ကံကောင်းတာက သူကသတိကြီးသူမို့
ရှောင်နိုင်ခြင်းပင်။

ဤထူးခြားသောဖြစ်ရပ်များမှာ သူကျောင်းနှင့်တဖြည်းဖြည်း နီးကပ်လာသောအခါမှကြုံတွေ့ရခြင်းဖြစ်ကြောင်းလည်း သတိထားမိလိုက်သည်။
ယခုတွင် သူကျောင်းနှင့်မီတာ၈၀ကျော်သာေ၀းတော့သည်။

ခဏမျှတွန့်ဆုတ်ပြီးနောက် ထန်မော့ ကျောင်းထဲသို့၀င်၍စူးစမ်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ဤတွင် အလွန်အထိန်တလန့်ဖြစ်နေဟန်
အသံတစ်ခုကရုတ်တရက်ပင်

"မလာနဲ့"

အသံမှာ အနည်းငယ်စူးသော ကလေးငယ်တစ်ဦး၏အသံပင်။

ထန်မော့အလျင်အမြန်ပင်တုန့်ပြန်လိုက်သည်။

"မင်းကဒီကျောင်းကကျောင်းသားလား"

"မလာနဲ့ ခင်ဗျကဘယ်သူလဲ"

"ငါ့မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။
ငါဒီကိုကျောင်းသူတစ်ယောက်ရှာမလို့လာတာ။
သူကငါ့သူငယ်ချင်းရဲ့သမီးပါ"

ထန်မော့၏မျက်နှာရှေ့တွင် ပျံ၀ဲနေသော သံချောင်းကြီးမှာလည်း အားကုန်သွားသလိုမျိုး အောက်သို့ပြုတ်ကျသွားတော့သည်။ထန်မော့လည်းရှေ့သို့ဆက်လျှောက်လိုက်ပြီး ကျောင်းတံခါး၀ထံသို့ရောက်လာခဲ့သည်။
ထိုနေရာမှတဆင့်စူးစမ်းကြည့်ရာ အထဲတွင်
မည်သူကိုမှမမြင်ရ။
အခုလေးတင်သူ့နဲ့စကားပြောနေသော
ကျောင်းသားလေးကိုပင်မတွေ့ရပေ

ထန်မော့ကမျက်မှောင်ကျုံ့လိုက်မိကာ ခပ်ကျယ်ကျယ်အော်မေးလိုက်သည်။
"မင်းဘယ်မှာလဲ"

ကောင်လေးကမူ ခေါင်းမာမာနှင့်မေးနေဆဲ။
"ခင်..ခင်ဗျားက လူဆိုးမဟုတ်ဘူးလား"

"မဟုတ်ဘူး၊ မင်းတို့ဒုက္ခရောက်နေတာလား
အကူအညီလိုလား ငါ့မှာစားစရာနဲ့ရေပါတယ်"

"ကျွန်..ကျွန်တော်က ဂိတ်စောင့်ရုံးထဲမှာ ခင်ဗျား အစာနဲ့ရေကိုအပြင်မှာချခဲ့ ၀င်လာဖို့တော့မကြိုးစားနဲ့"

ထန်မော့လည်းသူ၏လွယ်အိတ်ထဲမှ ရေတစ်ဘူးနှင့် ဘီစကစ်တစ်ထုပ်အား ထုတ်ယူလိုက်ကာ အစောင့်ရုံးခန်းဆီသို့လျှောက်သွားလိုက်သည်။ သို့သော်သူ၏ဖြည်းညင်းသောခြေလှမ်းများက
လမ်းတစ်၀က်ခန့်တွင်ရပ်လို့သွားသည်။

ကောင်လေးကမေးလာသည်။

"ခင်ဗျား.. ဘာလို့မလာတာလဲ"

ထန်မော့ပြုံးလိုက်ပြီး ဆက်သွားလိုက်သည်။
ကောင်ငယ်လေးအသံတိတ်သွားတော့ ပါတ်၀န်းကျင်မှာလည်း လေတိုးသံမှအပအလွန်တိတ်ဆိတ်နေတော့သည်။
ထန်မော့ကိုယ်တိုင်လည်း လမ်းကိုသာအမြန်လျှောက်ကာ စကားတစ်ခွန်းမှမဆိုပေ။ ဂိတ်စောင့်ရုံးခန်း၏တံခါး၀သို့ ရောက်သည်နှင့် ထန်မော့သူ၏ခြေလှမ်းအားအရှိန်မြှင့်လိုက်သည်။
သူသည်ဘေးတံခါးထံအမြန်ရွေ့လျားလိုက်ပြီး
မှန်တံခါးကိုခွဲလိုက်ပြီး လျင်မြန်သောအရှိန်ဖြင့် အခန်းအတွင်းသို့ခုန်၀င်လိုက်တော့သည်။

မှန်ကွဲစများကပြန့်ကျဲနေပြီး ထန်မော့အလျင်အမြန်ထရပ်လိုက်သည်။

သို့သော်သူရှေ့သို့ဆက်လျှောက်ဖို့ခြေတစ်လှမ်းသာလှမ်းလိုက်မိကာ နောက်သို့ချက်ချင်းပြန်ဆုတ်လိုက်ရသည်။
ယခုလေးတင်သူနင်းလိုက်သောနေရာမှ ကြမ်းပြင်မှာ တမဟုတ်ချင်းပြိုကျသွားပြီး ခုနှစ်မီတာရှစ်မီတာခန့်နက်သော တွင်းပေါက်ကြီးတစ်ခုတမဟုတ်ချင်း ပေါ်လာခဲ့သည်။
တွင်း၏အောက်ခြေတွင် ချွန်ထက်သော
ဓားများကို အပေါ်သို့ထောင်၍စိုက်ထားသည်။

"ဆရာ သူသိသွားပြီ ဆရာ ကျွန်တော့်ကိုကယ်ပါဦး"

သာမာန်သံချွန်များက​တော့ ထန်မော့အရေပြားကို မထိုးဖောက်နိုင်ပေ။
သူ၏အလျင်မှာ သာမာန်လူများ
ထက်တောင် မြန်နေသေးသည်။
၀တုတ်တုတ်ကောင်ငယ်လေးမှာ ထန်မော့အား မြင်သည်နှင့် အော်တော့သည်။
သူကထွက်ပြေးရန်ပြင်လိုက်သော်လည်း
မလွတ်တော့။ ထန်မော့က၀တုတ်လေးအားလက်မောင်းကနေ လျှင်မြန်စွာဆွဲထားလိုက်သည်။

"မလှုပ်နဲ့ မင်းကဘယ်သူလဲ ဘာလိုချင်လို့လဲ"

အထိတ်တလန့်နှင့်အမျိုးသားအသံတစ်ခုက
ထွက်လာခဲ့သည်။
ထန်မော့ မော်ကြည့်လိုက်သည်တွင်
ရှပ်အင်္ကျီအဖြူနှင့်
လူငယ်လေးတစ်ဦးအားတွေ့လိုက်ရသည်။
နီရဲနေသောမျက်နှာနှင့်ရှုပ်ပွနေသောဆံပင်ကိုကြည့်ရတာ အခုမှအိပ်ယာကနိုးလာပုံပင်။
ထိုသူက အစောင့်ရုံးခန်းထံပြေးလာသည်။

ထန်မော့ပြန်၍မေးလိုက်သည်။

"ခင်ဗျားတို့ လုပ်ပုံကရော ကျွန်တော့်ကိုသတ်ဖို့ကြိုးစားနေတာလား"

လူငယ်လေးက အထိတ်ထိတ်အလန့်လန့်ပင်

"သူ့ကိုအရင်ချပေးလိုက်ပါ၊ ဘာမှမလုပ်ပါနဲ့၊
ကျွန်တော်တို့ ခင်ဗျားလိုချင်တာဘာမဆိုပေးပါ့မယ်"

ထန်မော့လည်းတစ်ခုခုမှားနေတာကိုသတိထားမိလိုက်သည်။
သို့သော်သူမမေးလိုက်ရသေးခင် ရင်းနှီးနေသောအသံတစ်ခုကိုကြားလိုက်ရတော့သည်။

"ထန်မော့ မင်းလား မင်းရောက်လာပြီလား
ဟေး ဟေး.. မစ္စတာလီ စိတ်မပူပါနဲ့
သူကလူဆိုးမဟုတ်ပါဘူး၊
သူကထန်မော့လေ ၊ ကျွန်တော်ခဗျားတို့ကိုပြောပြောနေတဲ့ ကျွန်တော့်သူငယ်ချင်းဆိုတာ၊
သူကဒီကိုလာပြီး တစ်ယောက်ယောက်ကိုရှာချင်တာ၊
ဒါပေမယ့် ကျွန်တော်တို့လူချင်းကွဲသွားလို့၊
ဒါကြောင့်သူ့ကိုများတွေ့ရဦးမလားလို့ ကျွန်တော် ကျောင်းမှာလာစောင့်နေတာ၊"

ထန်မော့လည်းထိုလူအားကြည့်လိုက်မိတော့သည်။
"လီ၀မ်"

လီ၀မ်သည် ကျောင်းဆရာဖြစ်ဟန်တူသော လူနောက်ကနေတဆင့် ဂိတ်စောင့်ရုံးထဲသို့ ၀င်လာခဲ့သည်။ ၄င်း၏နောက်မှာတော့ အလယ်တန်းကျောင်းသားများဖြစ်ပုံပေါ်သော လူငယ်လေးယောက်ခန့်ရှိသည်။

ထန်မော့လည်းဆွဲထားသော ၀တုတ်လေးအား လွှတ်ပေးလိုက်သည်နှင့် ၄င်းမှာ သူ့ဆရာနောက်သို့ လုံးနေအောင်ပြေးသွားတော့သည်။

လီ၀မ်ကဆက်ပြောလာသည်။

"နောက်ဆုံးတော့မင်းရောက်လာပြီပေါ့၊ ငါဒီနေ့မျှော်စင်ဂိမ်းထဲကထွက်လာလာခြင်းမျက်လုံးကို ဖွင့်လိုက်တော့ ဒီလမ်းပေါ်ရောက်နေတာသိလိုက်ရရော။
ငါတို့ဂိမ်းထဲကိုမ၀င်ခင်က ဖုကျိုးနဲ့ ချန်းနဥ်ခရိုင်ကြားမှာပဲ ရှိသေးတာလေ။ ဂိမ်းထဲကလည်းထွက်လာရော ငါက ကျင်းအန်ကိုတန်းရောက်နေတာ။ အဲဒါနဲ့ငါလည်း ရှီပေ့ကျောင်းကိုအရင်သွားဦးမယ်တွေးလိုက်တာ။"

ထန်မော့က ယခုအချိန်အထိ သတိအနေအထားနှင့် သူ့ကိုကြည့်နေသေးသော ဆရာနှင့်တပည့်များအား တစ်ချက်ကြည့်လိုက်ကာ ထပ်မေးလိုက်သည်။

"မင်းဘယ်အချိန်ကရောက်တာလဲ"

"ခုနှစ်နာရီလောက်ကပဲ ဒီနားတစ်၀ိုက်က
ငါသွားလာဖူးနေကြမို့
လမ်းကောင်းကောင်းသိတယ်လေ"

လီ၀မ် ကျောင်းဆရာနှင့် ကျောင်းသာလေးများက ဘာမှ၀င်မပြောသည်ကိုသတိထားမိတော့ အလျင်အမြန်မိတ်ဆက်ပေးလိုက်သည်။

"မစ္စတာလီ ဒါကထန်မော့
ကျွန်တော်ခင်ဗျားကိုပြောဖူးတဲ့ တစ်ယောက်လေ၊
သူကမကောင်းတဲ့သူမဟုတ်ပါဘူး
ခိုး၀င်သူလည်းမဟုတ်လို့ စိတ်မပူပါနဲ့"

ကျောင်းဆရာ လီက ကျောင်းသားများကို သူ့ကိုယ်နှင့် ကွယ်ထားရန် ကြိုးစားလိုက်ပြီး ထန်မော့အား သိပ်မလိုလစွာမေးလာခဲ့သည်။

"လီ၀မ်ပြောတော့၊ မင်းကတစ်ယောက်ယောက်ကို ရှာနေတာဆို၊ ဘယ်သူ့ကိုလဲ"

ထန်မော့လည်း လီ၀မ်ကသူ့ကိုခိုး၀င်သူလို့အထင်မှားမှာ စိုး၍ ရှင်းပြပေးနေတာကို ကြားလိုက်ပါသည်။
သူကမျက်ခုံးကိုပင့်လိုက်ကာ

"ကျွန်တော်ချန်ရှန်းရှန်းကို ရှာနေတာ၊
သူကပထမနှစ်ကဖြစ်လိမ့်မယ်"

"အာ.. ရှန်းရှန်း"

"မင်းက ရှန်းရှန်းကိုရှာနေတာလား"

ထန်မော့လည်းအနည်းငယ်အံ့ဩသွားပြီး
၁.၆မီတာခန့်ရှည်ပြီး ဆံပင်တိုတိုနှင့်မိန်းကလေးက ရှေ့သို့ထွက်လာခဲ့သည်။
သူမကထန်မော့အား မယုံသင်္ကာစွာကြည့်လျက်
"ကျွန်မကချန်ရှန်းရှန်းပဲ၊ ရှီပေ့ကို ကျွန်မကိုရှာဖို့အတွက်သက်သက်လာတယ်ပေါ့
ရှင့်ရည်ရွယ်ချက်ကဘာလဲ"

ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လဲ

လီ၀မ်လည်းအံ့ဩသွားခဲ့သည်။

"မင်းကရှန်းရှန်းကိုရှာနေတာလို့မထင်ထားဘူး
မင်းငါ့ကိုနာမည်လေးပြောခဲ့သင့်တယ်၊
ဒါဆို ငါစောစောရှာတွေ့ပြီးလောက်ပြီ၊ "

ထန်မော့က အလွန်တည်ငြိမ်နေသော က​လေးမ​လေးအား ငုံ့ကြည့်လိုက်ကာ

"မင်းအဖေနဲ့ငါနဲ့ကသူငယ်ချင်းတွေ၊ မင်းအဖေက ချန်ဖန်ကျီးလို့ခေါ်တယ်၊ ငါကစုကျိုးစာကြည့်တိုက်မှာ အလုပ်လုပ်ပြီးတော့
သူကစာခဏခဏလာဖတ်တဲ့သူ၊
သူကငါ့ကို ရှန်ဟိုင်းကိုသွားပြီး
မင်းအဆင်ပြေမပြေ အတည်ပြုစေချင်တယ်၊"

"ကျွန်မအဖေနာမည်ကိုသိတာကတော့ဟုတ်ပါပြီ၊
ဒါပေမယ့်ရှင်ကကျွန်မအဖေနဲ့ရင်းနှီးတယ်ဆိုတဲ့ သက်သေရောရှိလား"

"ရှန်းရှန်း"

လီ၀မ်နှင့် ကျောင်းဆရာလီ နှစ်ယောက်စလုံး မျက်မှောင်ကျုံ့မိသွားကြသည်။
လီ၀မ်အနေနှင့် ထန်မော့ကိုအမြဲယုံကြည်ကာ
သံသယမ၀င်ခဲ့၊ ကျောင်းဆရာလီကလည်း ထန်မော့၏စကားများကို နားထောင်ပြီးသည်နောက် လိမ်နေတာမဟုတ်လောက်ဟု ထင်သည်။

ဒါတောင် ရှန်းရှန်းက သံသယ၀င်နေသေးတာလား

ထန်မော့လည်းကလေးမလေးကိုကြည့်လျက်
ပြုံးလိုက်သည်။
ထို့နောက်သူကပို၍အလေးအနက်ထားပြီး ရှင်းပြလိုက်သည်။

"မင်းအဖေက ၁.၇၅ မီတာလောက်ရှည်တယ်။ သူကတစ်နှစ်ပါတ်လုံးလိုလို အလုပ်လက်မဲ့ဖြစ်နေတာ။
သူပြောတာကတော့ သူ့အဖေ မင်းအဘိုးပေါ့၊ သူကဆရာ၀န်တဲ့၊ ပြီးတော့ မင်းအဖေက ဘာသာရေးတအားကိုင်းရှိုင်းတဲ့သူပဲ၊ သူ့လက်မှာတောင် ကျောက်နီပုတီးတစ်ခုကို၀တ်ထားသေးတယ်၊"
ထို့နောက်ထန်မော့ကပြုံး၍ဆက်ပြောလိုက်သည်။

"ဒါတွေက ငါကမင်းအဖေကိုသိတယ်ဆိုတာကိုပဲ သက်သေပြနိုင်တယ်၊ ငါဘာလို့သူ့ဆန္ဒအတိုင်း ရှန်ဟိုင်းမှာမင်းကိုလာရှာရတာလဲ၊ ငါ့မှာတခြားရည်ရွယ်ချက်တွေမရှိဘူးလားဆိုတာကိုတော့ သက်သေမပြနိုင်ဘူးဟုတ်တယ်ဟုတ်"

"ဒါက သူ့ရဲ့တောင်းဆိုမှုတစ်ခုလား ဒါမှမဟုတ် နောက်ဆုံးဆန္ဒလား"

ထန်မော့၏အပြုံးကတဖြည်းဖြည်းမှိန်ဖျော့
ပျောက်သွားသွားခဲ့သည်။

"နောက်ဆုံးဆန္ဒပါ"

ကလေးမလေး၏အမူအယာမှာလည်း​
ပြေလျော့သွားကာ
သူမသည် တခြားကလေးများထံလျှောက်သွားရင်း ဆိုလာသည်။

"ကျွန်မရှင့်ကိုယုံတယ်"

လီ၀မ်ကထိုတော့မှ သက်ပြင်းချမိသွားသည်။

"ဘာလို့ရှုပ်ထွေးအောင်လုပ်နေရတာလဲ
ငါမပြောခဲ့ဘူးလား ငါရှန်ဟိုင်းကိုလာနေတုန်း
လမ်းမှာထန်မော့နဲ့တွေ့ခဲ့တယ်လို့၊
သူသာမကောင်းတဲ့သူဆိုရင်တောင်
သူမရင်းနှီးတဲ့ရှန်ဟိုင်းမြို့က ကျောင်းတစ်ကျောင်းကိုလာပြီး သူမသိတဲ့ကျောင်းသူလေးကို တကူးတကလာအန္တရာယ်ပြုစရာမလိုပါဘူး၊
သူလုပ်ချင်သပဆို စုကျိုးမှာအဲလိုတွေလုပ်နေလောက်ရောပေါ့၊
သူကတကယ်ခိုး၀င်သူမဟုတ်ပါဘူးဆို"

ထန်မော့မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ဆရာလီက ဖြတ်ပြောလိုက်သည်။

"ဒီနေရာမှာ စကားပြောလို့မကောင်းဘူး။
ကျောက်ကျန်း လျိုချန်းကိုကူညီပြီး
ထောင်ခြောက်တွေကို ပြန်ပြင်ထားလိုက်။ 
ဆရာတို့အထဲမှစကားပြောလိုက်ဦးမယ်"

ဖက်ထီးလေး ကျောက်ကျန်းက ခေါင်းငြိမ့်လိုက်ပြီး တခြားအရပ်ရှည်ရှည်ကောင်လေးတစ်ယောက်နဲ့ အတူထွက်သွားခဲ့သည်။ ၄င်းမှာ ထန်မော့ကြောင့်ပျက်သွားသော တွင်းပေါက်ထောင်ခြောက်ကို ပြင်ရန်ဖြစ်နိုင်ပါသည်။ ထန်မော့ကမူ ဆရာလီနောက်ကလိုက်၍ ကျောင်းတွင်းသို့၀င်လိုက်တော့သည်။

လျှောက်သွားရင်းနှင့် ဆရာလီကရှင်းပြလာသည်။

"တောင်းပန်ပါတယ်
ငါတို့ကမင်းကို မကောင်းတဲ့ခိုး၀င်သူတချို့ဖြစ်မှာစိုးနေကြလို့၊ ငါတို့မစွန့်စားရဲဘူးလေ၊
အခုကအန္တရာယ်အများဆုံးအချိန်ပဲ၊
မင်းကဒီအချိန်မှရောက်လာတော့
ငါတို့အတွက်လည်း ခွဲခြားဖို့ခက်တယ်၊
ငါတို့ကိုယ်ငါတို့ တစ်ခုခုအဖြစ်ခံမယ့်အစား
မင်းကိုပဲလူမှားပြီးသတ်လိုက်ဖို့ရွေးချယ်မှာပဲ၊"

ထန်မော့ကခေါင်းငြိမ့်လိုက်သည်။

"၁၁နာရီက​နေ ၂နာရီအထိက လူတွေနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ပဲလေ၊ တကယ်အန္တာရယ်များတဲ့အချိန်ကတော့ အမှန်ပဲ၊ တစ်ယောက်ယောက်က တစ်ခုခုလုပ်ဖို့ရည်ရွယ်ချက်ရှိခဲ့ရင်လည်း ဒီအချိန်ကိုပဲရွေးမှာ"

ကျောင်းသားငယ်တစ်ဦးက၀င်ပြောလာသည်။
"ခင်ဗျားပြောတာလည်း ရှန်းရှန်းပြောတာနဲ့အတူတူပဲ"

ထန်မော့လည်း ဆံပင်တိုနှင့်ကလေးမလေးကို လှည့်ကြည့်လိုက်မိသည်။

ဂိတ်စောင့်ရုံးတွင်နေခဲ့သော ကောင်လေးနှစ်ယောက်နှင့် ချန်ရှန်းရှန်းလွဲလျှင် နောက်ထပ်မိန်းကလေးတစ်ဦးနှင့် ယောကျ်ားလေးတစ်ဦးသာရှိတော့သည်။
ချန်ရှန်းရှန်းကခေါင်းကိုငုံ့လျက် ဘာမှပြောမလာ၊
သူ့၏ဘေးမှ ကောင်လေးနှင့်ကောင်မလေးက
သူမအား နှစ်သိမ့်ပေးနေကြသည်။
အဆုံးမှာတော့ ထန်မော့အခုလေးတင်
သူမအ​ဖေ မရှိတော့ဘူးဖြစ်ကြောင်းပြောလိုက်ရသည် မဟုတ်လား။
က​လေးမ​လေးမှာ မငိုပေမယ့် သူမကကလေးပဲရှိသေးတာကြောင့် သူမ၏၀မ်းနည်းမှုကိုတော့လုံး၀ကြီး ဖုံးကွယ်မထားနိုင်ခဲ့ချေ။

ဆရာလီက သက်ပြင်းချလျက်

"မင်းမှန်ပါတယ်၊ ငါတို့တကယ်ပဲ ကျောင်းထဲကိုတစ်ယောက်ယောက်ခိုး၀င်လာပြီး ငါတို့ကိုသတ်မှာကြောက်နေရတာ၊ အစကကျောင်းမှာ
ကျောင်းသားနဲ့ဆရာ ၁၀၀၀ကျော်တောင်ရှိခဲ့တာ၊
အနက်ရောင်မျှော်စင်ဂိမ်းတွေ တရား၀င်စလိုက်တာနဲ့ ငါတို့ကျောင်းကလူဦးရေအကုန်နီးပါး ပျောက်သွားတယ်၊
ငါတို့မှာ ဆရာနှစ်ယောက်နဲ့
ကျောင်းသား၁၆ယောက်ပဲကျန်တယ်"

"တခြားသူတွေကဘယ်မှာလဲ" ထန်မော့ကမေးလိုက်သည်။

"သူတို့ကဒီမှာပါ" ဆရာလီကပြန်ဖြေလာသည်။

အားကစားခန်းမထံရောက်တော့ ဆရာလီကတံခါးကိုတွန်းဖွင့်လိုက်ပြီး ထန်မော့လည်းအထဲသို့ကြည့်လိုက်သည်။

အားကစားခန်းမ၏ကြမ်းပြင်တွင် မျက်နှာကို ကုတ်အင်္ကျီတို့နှင့် အသီးသီးအုပ်ထားသော ခန္ဓာကိုယ်ခြောက်ခုလဲလျောင်းလျက် ရှိနေခဲ့သည်။ ခန္ဓာကိုယ်သုံးခုမှာ အရပ်တိုတိုနှင့်ပိန်ပိန်ပါးပါးပင်၊ တချက်ကြည့်ရုံနှင့်ဤသည်မှာ ကလေးတွေဖြစ်ကြောင်းပြောနိုင်သည်။
ကျန်ကိုယ်သုံးခုမှာတော့ ၁.၇မီတာနီပါးရှည်ကြသည်။
သူတို့အားလုံးမှာ အေးစက်သောကြမ်းပြင်တွင် တိတ်တဆိတ်လဲလျောင်းနေကြပြီး လရောင်က ပြတင်းပေါက်မှတဆင့်ဖြာကျလျက်။

Continue Reading

You'll Also Like

The Whole Truth By jaxharlow

Mystery / Thriller

437K 20.2K 52
Adele knows she witnessed a murder - what she doesn't know is just how personal it is. ...