(Unicode)
"ဘေဘီကောရဲ့ စွန့်စားခန်း( 10 )"
လုကျစ်ရန်က သူ့အိမ်က ကလေးကို ခြောက်လှန့်မိခဲ့တယ်။
နောက်နေ့ ချန်လီကော ကျောင်းကို ပြန်တော့
သူ့ကိုတောင် နှုတ်မဆက်သွားဘဲ တိတ်တဆိတ်ပဲ ပြန်သွားတယ်။
ချန်လီကောကို တွန်းအားပေးလို့မဖြစ်ဘူးဆိုတာ
လုကျစ်ရန်သိတော့ သူကျေနပ်သလိုပဲ လွှတ်ထားပေးတယ်။
ချန်လီကောက ကျောင်းကိုပြန်ရောက်တော့
သူ့အခန်းဖော် အရှေ့မြောက်ပိုင်းသားနဲ့
အပြင်ထွက် သောက်ကြတယ်။
သူ့အခန်းဖော်က အခုလေးတင်လှပတဲ့ချစ်သူလေးရထားတာကို ဘာလို့မပျော်မရွှင်ဖြစ်နေရတာလဲလို့ နောက်ပြောင်လိုက်တယ်။
ချန်လီကောက ဝိုင်ကိုပါးစပ်ထဲ ပြည့်လုမတတ်သောက်ပြီး ဘာမှမပြောခဲ့ဘူး။
သူ့အခန်းဖော်က ဆက်ပြောလိုက်တယ်။
"တကယ်ကြီး ဘာတွေများ ဖြစ်လာတာလဲ"
ချန်လီကောက ခါးသက်သက်ရယ်ရင်း
ပြောလိုက်တယ်။
"သူတို့ငါ့ကို ဘာကြောင့်ကြိုက်တာလဲ"
သူ့အခန်းဖော်က "သူတို့"ဆိုတဲ့စကားကို
သူ့ကိုဝန်ခံခဲ့တဲ့ လဲ့ကျစ်ထောင်လို့ မှတ်လိုက်ပြီး
ပြောလိုက်တယ်။
"ဘယ်သူက မင်းကို ဒီလောက်ကြီး ကြည့်ကောင်းခိုင်းလို့လဲ"
သူ့မျက်နှာ အကြောင်းကို တွေးမိသွားပြီး
ချန်လီကောက system ကိုပြောပြနေတယ်။
အလှအပဆိုတာ အပြစ်ဖြစ်ကြောင်း၊သူဒီအလှအတွက် ကြာရှည်စွာ လိပ်ပြာမလုံခဲ့ရကြောင်း။
ဒီစကားကို ကြားတော့ systemက သူမနေ့ညက
စားခဲ့တဲ့ညစာတောင် အစာမကြေချင်သလိုဖြစ်သွားတယ်။
သူ့အခန်းဖော်က သူ့ကို သေချာကြည့်လိုက်ပြီး
မေးလာတယ်။
"မင်းဘာဖြစ်နေတာလဲ ဘာဖြစ်ခဲ့လို့လဲ"
ချန်လီကောက စိတ်မပါစွာ ရယ်လိုက်ရင်း
ပြောလာတယ်။
"ဘာမှမဖြစ်ပါဘူး"
လူအုပ်ကြီးရဲ့ရှေ့မှာ မိန်းကလေးတစ်ယောက်ကို
ငြင်းရင် ရက်စက်ရာကျမယ်လေ။ဒီအကြောင်းကြောင့်သာ သူလဲ့ကျစ်ထောင်ကို လက်ခံခဲ့တာဖြစ်တယ်။
လုကျစ်ရန်က ဒီလိုဖြစ်လာမှတော့ သူနဲ့လဲ့ကျစ်ထောင် လမ်းခွဲရတော့မယ်။လုကျစ်ရန်ရဲ့
စိတ်နဲ့ဆို ပြောမရတာ တစ်ခုခုဖြစ်လာနိုင်တယ်။
အကြာကြီး စဥ်းစားပြီးနောက် သူလဲ့ကျစ်ထောင်ကိုရှာပြီး အရာအားလုံးကို ရှင်းလင်းအောင်
လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
လဲ့ကျစ်ထောင်က သူနဲ့ချန်လီကောရဲ့ ချစ်သူဘဝကို ရိုမန့်တစ်အဆန်ဆုံး အတွဲတွေနဲ့တူတူ
ဖြတ်သန်းဖို့ အစီစဥ်တွေချထားပေမယ့်
ဘယ်သူကထင်မလဲ ရက်အနည်းငယ်ကြာတော့
ချန်လီကောက သူမကိုလမ်းခွဲဖို့ ပြောလိမ့်မယ်လို့။
"ဘာလို့လဲ "
သူမက မယုံကြည်နိုင်စွာနဲ့ မေးခဲ့တယ်။
"ကျားရှုး နင်တကယ်ပဲ ဘာဖြစ်လာတာလဲ"
ချန်လီကောက လဲ့ကျစ်ထောင်ကို စိုက်ကြည့်ရင်း
သူ့အတွေးထဲမှာ ပြောနေမိတယ်။
"ငါ့ခန္ဓာကိုယ်က စွန်းထင်းသွားပြီး မသန့်ရှင်းတော့ဘူး ငါကြောင့်နင့်အချိန်တွေကို
မဖြုန်းတီးစေချင်ဘူး"
သို့ပေမယ့် သူ့ပါးစပ်ကတော့
"ငါ့အဖေက ငါချိန်းတွေ့တာကို တားမြစ်နေလို့"
လို့ ပြောလိုက်တယ်။
လဲ့ကျစ်ထောင်-"..........."
ချန်လီကောက စိတ်မကောင်းဖြစ်စွာနဲ့ ပြောလာတယ်။
"ငါတောင်းပန်ပါတယ်"
လဲ့ကျစ်ထောင်- "ဒီလိုအကြောင်းပြချက်နဲ့ဆိုရင်တော့ ငါနင့်ကို ဇီးရိုးမှတ်ပဲ ပေးမယ်"
ချန်လီကော-"........."
လဲ့ကျစ်ထောင်-"အကြောင်းပြချက်ကိုပြော ဘာလို့လဲ"
ချန်လီကော-"........."
(ငါအမှန်တွေပြောနေတာ ငါမညာဘူးဟ)
လဲ့ကျစ်ထောင်က စိတ်မရှည်တော့ဘဲ ချန်လီကောရဲ့ ခြေသလုံးကို ကန်လိုက်ရင်း
ပြောလာတယ်။
"အရူးကောင် ပြောလေ"
ချန်လီကောက မျက်လုံးစုံမှိတ်လိုက်ရင်း ပြောချလိုက်တယ်။
"ငါနင့်ကို သဘောမကျဘူးထင်လို့ပါ"
လဲ့ကျစ်ထောင်က သက်ပြင်းချလိုက်တယ်။
ချန်လီကော-ငါတောင်းပန်ပါတယ်
လဲ့ကျစ်ထောင်က သူ့လျှာကိုသပ်ရင်း ပြောလာတယ်။
"မယုံနိုင်စရာပဲ၊ဂါး၊မယုံနိုင်စရာပဲ။လုကျားရှုး
နင်ငါ့ကို ပြတ်ပြတ်သားသား လမ်းခွဲရဲတယ်ပေါ့"
ချန်လီကောက သူ့ခေါင်းထဲမှာ အတွေးတစ်ခုဖြတ်ဝင်လာတယ်။အဲဒါကတော့ အရင်ကနူးညံ့တဲ့ပုံစံနဲ့လဲ့ကျစ်ထောင်ဟာ အခုပုံစံနဲ့လားလားမှမသက်ဆိုင်သလိုပဲ။
"ငါထင်တာ နင့်ရဲ့ချီတုံချတုံဖြစ်နေတဲ့ပုံစံနဲ့ဆို
တခြားအစီအစဥ်တွေလုပ်ဖို့ နင့်ကိုဆွဲထားနိုင်လိမ့်မယ်ပေါ့ အခုလို နင်ငါ့ကို ပြတ်ပြတ်သားသား လမ်းခွဲစကားပြောလိမ့်မယ်လို့ မထင်ထားဘူး"
ချန်လီကော-"........"
(ကောင်းလိုက်တာ ဒီညီမလေးက တော်တော်သတ္တိရှိတာပဲ)
"ကောင်းပြီလေ...လမ်းခွဲကြတာပေါ့ ဒါပေမဲ့ နင်ဒီခြောက်လအတွင်း မှာ ချစ်သူအသစ်ရှာခွင့်မရှိဘူး......မဟုတ်ရင်....."
"မဟုတ်ရင်...ဘာလဲ"
လဲ့ကျစ်ထောင်က ခဏတွေးလိုက်ပြီး ပြောလာတယ်။
"မဟုတ်ရင်...အင်း...မဟုတ်ရင်လည်း ငါနင့်ကို
ဘာမှမလုပ်နိုင်ပါဘူး"
အံ့သြစရာက ချက်ချင်းဆိုသလို ချန်လီကောရဲ့မျက်ဝန်းထဲမှာ လဲ့ကျစ်ထောင်က သူလုကျားရှုးမဖြစ်ခင်အရင်ကမ္ဘာက ယွမ်ဖေးဖေးနဲ့ တူလာသလိုခံစားလာရတယ်။
လဲ့ကျစ်ထောင်လည်း ထွက်သွားရော ချန်လီကောက မြေကြီးပေါ်ကို ချက်ချင်း လဲကျသွားတယ်။
"သူတို့ဘာဖြစ်လို့ ငါ့ကိုဒီလိုလုပ်နိုင်ရတာလဲကွာ"
system-အဲဒီတော့
ချန်လီကောက သူ့မျက်နှာကို အုပ်ရင်းအော်လိုက်တယ်။
"ဒီလူက ပျော်လွန်းလို့ သေတော့မယ်လေ"
system-Damm ဒီငနာကတော့
လဲ့ကျစ်ထောင်နဲ့ လမ်းခွဲတဲ့ကိစ္စက အဆင်ပြေပြေနဲ့ပြီးသွားတယ်။
ချန်လီကော ပြန်ပြီး တစ်ကိုယ်တည်းသမားဘဝကိုရောက်လာတယ်။
လုကျစ်ရန်က ချန်လီကောကို ဒီနှစ်ရက်အတောအတွင်း ဖုန်းမဆက်ပေမယ့်
နှစ်ရက်လည်းကျော်ရော စတင်ဖုန်းဆက်လာတယ်။
ချန်လီကောက ဖုန်းကိုကိုင်ချိန် စိတ်လှုပ်ရှားနေတာမြင်တော့ သူ့အခန်းဖော်က သူလမ်းခွဲလိုက်တာမသိသေးဘဲ မေးလာတယ်။
"လဲ့ကျစ်ထောင်ခေါ်တာလား"
ချန်လီကောက သူ့အခန်းဖော်ကို လျစ်လျူရှုလိုက်ပြီး ဖုန်းဖြေဖို့ ဝရန်တာဘက်ကိုထွက်လိုက်တယ်။
"ကျားကျား"
လုကျစ်ရန်ရဲ့အသံက နူးညံ့နေတယ်။
"မင်းဘာလုပ်နေလဲ"
"ဘာမှမလုပ်ပါဘူး"
"မင်းဒီနေ့ အတန်းမတက်ရရင် အိမ်ပြန်လာခဲ့ပါ့လား"
သူက ချန်လီကောရဲ့ နှစ်စကတည်းက အချိန်ဇယားကို အကုန်သိတယ်လေ။
ချန်လီကောက တုန်လှုပ်စွာနဲ့ဖြေလိုက်တယ်။
"မ...မနက်ဖြန်..ကျွန်တော်တို့ကလပ်က လှုပ်ရှားမှုတစ်ခုလှုပ်မှာ"
လုကျစ်ရန်က ရုတ်တရက် တိတ်ဆိတ်သွားပြီးမှ
ပြန်ပြောလာတယ်။
"ဒါဆို သဘက်ခါ အိမ်ပြန်လာခဲ့လေ"
ချန်လီကောက သွားကြိတ်လိုက်ရင်း ဆက်ပြောလိုက်တယ်။
"သဘက်ခါ....သဘက်ခါလည်း...."
ဒါပေမဲ့ လုကျစ်ရန်က သူ့စကားကိုဖြတ်ပြောလိုက်တယ်။
"သဘက်ခါမှ အချိန်ရှိနေသေးလည်း ကိုယ်မင်းတို့ကျောင်းကို တိုက်ရိုက်လာကြိုလိုက်မှာနော်"
"အဖေ အရမ်းကို ကြင်နာလွန်းနေပြန်ပြီ"
"လိမ္မာပါကွာ" လုကျစ်ရန်က ပြောလိုက်တော့
ချန်လီကောက ဘာမှမပြောဘဲ ဖုန်းချပစ်လိုက်တယ်။
ထို့နောက် သူက သူ့အိပ်ရာပေါ် လှဲလိုက်တယ်။
သူ့အခန်းဖော်က သူ့အမူအရာပေါ်ကြည့်ပြီး မေးလာတယ်။
"ဘာဖြစ်လို့လဲ"
ချန်လီကောရဲ့ နှလုံးတွေဟာ မြင်းတွေကဆုန်ပေါက်နေသလိုခုန်နေတယ်။သူ့အခန်းဖော်ရဲ့မေးသံကိုကြားတော့ သူကပြန်ဖြေလိုက်တယ်။
"ဘာမှမဟုတ်ပါဘူး"
"ဘာဖြစ်လို့လဲ မင်းငိုနေတာလား"
(အစ်ကိုကြီး ငါမငိုချင်ပါဘူး ဒါပေမဲ့ ဒီခန္ဓာကိုယ်ရဲ့မျက်ရည်တွေက အရမ်းများလွန်းတယ်လေ
ငါဟာသဖတ်ရင်တောင် ထွက်လာတာပဲ)
ချန်လီကောက သူ့စိတ်ထဲမှာ ပြောရင်း သူ့ကိုကြည့်နေလိုက်တယ်။
"ဟေ့ ဘော်ဒါကြီး ငါ့ကိုအဲလိုကြီးမကြည့်စမ်းပါနဲ့ ငါလည်းမင်းနည်းတူငိုမိလိမ့်မယ်"
သူ့အခန်းဖော်ရဲ့စကားကိုကြားတော့ ချန်လီကောက သူ့းအခန်းဖော် ဒီလောက်နှလုံးသားနူးညံ့မှန်း
အခုမှ သိတော့တယ်။
ဒီလိုနဲ့ ကျောင်းပိတ်ရက် တနင်္ဂနွေနေ့ကိုရောက်လာတယ်။
ချန်လီကောက သူ့ရဲ့အားလပ်ရက်မှာ အိပ်ရာကနေ ပျော်ရွှင်စွာ စောစောနိုးလာတယ်။
system ကတော့ သူဘာလို့စောစောထတာလဲဆိတာ သိနေတယ်။ဒါပေမဲ့သူက အမြင်ကတ်စွာနဲ့
"မင်းဘာလို့ စောစောထတာလဲ"လို့မေးလိုက်တယ်။
ချန်လီကောက ဘာမှမသိတဲ့ပုံစံနဲ့ မေးလာတယ်။
"မင်းမနေ့ညက ကောင်းကောင်း မအိပ်ရလို့လား"
system-"........"
"အိုး ကလေးလေး ကြည့်ရတာ မင်းမနေ့ညက
အိပ်မပျော်ဘူးထင်တယ် မင်းဘာတွေတွေးနေလို့လဲ"
ချန်လီကောက ဆက်ပြောလိုက်တယ်။
system-"......."
ချန်လီကော-"ငါ့ကိုစိတ်ပူနေလို့များလား"
system-(မင်းယောက်ျားမရမှာ စိုးလို့)
ချန်လီကော-"စိတ်မပူပါနဲ့ ငါတကယ်ချစ်တဲ့သူကိုပဲ ငါရှာမှာပါ"
system-"........"
ချန်လီကော သွားတိုက်နေတုန်း လုကျစ်ရန်ဆီကဖုန်းဝင်လာတယ်။
ထင်ထားတဲ့အတိုင်းပဲ သူကိုယ်တိုင်ကားကိုမောင်းချလာပြီး ကျောင်းဂိတ်ပေါက်ဝမှာစောင့်နေပြီဖြစ်တယ်။
Note-Reader nimတစ်ယောက်အကြံပေးတဲ့
gapp installerက mapတော့သုံးလို့ရပေမယ့်
play storeရဲ့ sign inက နှိပ်လို့ကိုမရဘူး
စိတ်တကယ်ညစ်ပါတယ်😴။BTW ကျွန်တော့်ရဲ့
faသက်တမ်းအတွေ့အကြုံအရ အစ်မကြီးလဲ့ကျစ်ထောင်ကလည်း faဖြစ်ရာကနေ ပျော့ညံ့တယ်ထင်တဲ့လုကျားရှုးကို အပိုင်ကိုင်ရာကနေ
ရှသွားတာဖြစ်ပါလိမ့်မယ်။အားလုံးပဲ သင်ခန်းစာ
ယူကြပါ uke typeတွေကိုမကြိုက်မိကြပါစေနဲ့😆။
***************************************
(Zawgyi)
"ေဘဘီေကာရဲ႕ စြန့္စားခန္း( 10 )"
လုက်စ္ရန္က သူ႕အိမ္က ကေလးကို ေျခာက္လွန့္မိခဲ့တယ္။
ေနာက္ေန႕ ခ်န္လီေကာ ေက်ာင္းကို ျပန္ေတာ့
သူ႕ကိုေတာင္ ႏႈတ္မဆက္သြားဘဲ တိတ္တဆိတ္ပဲ ျပန္သြားတယ္။
ခ်န္လီေကာကို တြန္းအားေပးလို႔မျဖစ္ဘူးဆိုတာ
လုက်စ္ရန္သိေတာ့ သူေက်နပ္သလိုပဲ လႊတ္ထားေပးတယ္။
ခ်န္လီေကာက ေက်ာင္းကိုျပန္ေရာက္ေတာ့
သူ႕အခန္းေဖာ္ အေရွ႕ေျမာက္ပိုင္းသားနဲ႕
အျပင္ထြက္ ေသာက္ၾကတယ္။
သူ႕အခန္းေဖာ္က အခုေလးတင္လွပတဲ့ခ်စ္သူေလးရထားတာကို ဘာလို႔မေပ်ာ္မ႐ႊင္ျဖစ္ေနရတာလဲလို႔ ေနာက္ေျပာင္လိုက္တယ္။
ခ်န္လီေကာက ဝိုင္ကိုပါးစပ္ထဲ ျပည့္လုမတတ္ ေသာက္ၿပီး ဘာမွမေျပာခဲ့ဘူး။
သူ႕အခန္းေဖာ္က ဆက္ေျပာလိုက္တယ္။
"တကယ္ႀကီး ဘာေတြမ်ား ျဖစ္လာတာလဲ"
ခ်န္လီေကာက ခါးသက္သက္ရယ္ရင္း
ေျပာလိုက္တယ္။
"သူတို႔ငါ့ကို ဘာေၾကာင့္ႀကိဳက္တာလဲ"
သူ႕အခန္းေဖာ္က "သူတို႔"ဆိုတဲ့စကားကို
သူ႕ကိုဝန္ခံခဲ့တဲ့ လဲ့က်စ္ေထာင္လို႔ မွတ္လိုက္ၿပီး
ေျပာလိုက္တယ္။
"ဘယ္သူက မင္းကို ဒီေလာက္ႀကီး ၾကည့္ေကာင္းခိုင္းလို႔လဲ"
သူ႕မ်က္ႏွာ အေၾကာင္းကို ေတြးမိသြားၿပီး
ခ်န္လီေကာက system ကိုေျပာျပေနတယ္။
အလွအပဆိုတာ အျပစ္ျဖစ္ေၾကာင္း၊သူဒီအလွအတြက္ ၾကာရွည္စြာ လိပ္ျပာမလုံခဲ့ရေၾကာင္း။
ဒီစကားကို ၾကားေတာ့ systemက သူမေန႕ညက
စားခဲ့တဲ့ညစာေတာင္ အစာမေၾကခ်င္သလိုျဖစ္သြားတယ္။
သူ႕အခန္းေဖာ္က သူ႕ကို ေသခ်ာၾကည့္လိုက္ၿပီး
ေမးလာတယ္။
"မင္းဘာျဖစ္ေနတာလဲ ဘာျဖစ္ခဲ့လို႔လဲ"
ခ်န္လီေကာက စိတ္မပါစြာ ရယ္လိုက္ရင္း
ေျပာလာတယ္။
"ဘာမွမျဖစ္ပါဘူး"
လူအုပ္ႀကီးရဲ႕ေရွ႕မွာ မိန္းကေလးတစ္ေယာက္ကို
ျငင္းရင္ ရက္စက္ရာက်မယ္ေလ။ဒီအေၾကာင္းေၾကာင့္သာ သူလဲ့က်စ္ေထာင္ကို လက္ခံခဲ့တာျဖစ္တယ္။
လုက်စ္ရန္က ဒီလိုျဖစ္လာမွေတာ့ သူနဲ႕လဲ့က်စ္ေထာင္ လမ္းခြဲရေတာ့မယ္။လုက်စ္ရန္ရဲ႕
စိတ္နဲ႕ဆို ေျပာမရတာ တစ္ခုခုျဖစ္လာနိုင္တယ္။
အၾကာႀကီး စဥ္းစားၿပီးေနာက္ သူလဲ့က်စ္ေထာင္ကိုရွာၿပီး အရာအားလုံးကို ရွင္းလင္းေအာင္
လုပ္ဖို႔ ဆုံးျဖတ္လိုက္တယ္။
လဲ့က်စ္ေထာင္က သူနဲ႕ခ်န္လီေကာရဲ႕ ခ်စ္သူဘဝကို ရိုမန့္တစ္အဆန္ဆုံး အတြဲေတြနဲ႕တူတူ
ျဖတ္သန္းဖို႔ အစီစဥ္ေတြခ်ထားေပမယ့္
ဘယ္သူကထင္မလဲ ရက္အနည္းငယ္ၾကာေတာ့
ခ်န္လီေကာက သူမကိုလမ္းခြဲဖို႔ ေျပာလိမ့္မယ္လို႔။
"ဘာလို႔လဲ "
သူမက မယုံၾကည္နိုင္စြာနဲ႕ ေမးခဲ့တယ္။
"က်ားရႈး နင္တကယ္ပဲ ဘာျဖစ္လာတာလဲ"
ခ်န္လီေကာက လဲ့က်စ္ေထာင္ကို စိုက္ၾကည့္ရင္း
သူ႕အေတြးထဲမွာ ေျပာေနမိတယ္။
"ငါ့ခႏၶာကိုယ္က စြန္းထင္းသြားၿပီး မသန့္ရွင္းေတာ့ဘူး ငါေၾကာင့္နင့္အခ်ိန္ေတြကို
မျဖဳန္းတီးေစခ်င္ဘူး"
သို႔ေပမယ့္ သူ႕ပါးစပ္ကေတာ့
"ငါ့အေဖက ငါခ်ိန္းေတြ႕တာကို တားျမစ္ေနလို႔"
လို႔ ေျပာလိုက္တယ္။
လဲ့က်စ္ေထာင္-"..........."
ခ်န္လီေကာက စိတ္မေကာင္းျဖစ္စြာနဲ႕ ေျပာလာတယ္။
"ငါေတာင္းပန္ပါတယ္"
လဲ့က်စ္ေထာင္- "ဒီလိုအေၾကာင္းျပခ်က္နဲ႕ဆိုရင္ေတာ့ ငါနင့္ကို ဇီးရိုးမွတ္ပဲ ေပးမယ္"
ခ်န္လီေကာ-"........."
လဲ့က်စ္ေထာင္-"အေၾကာင္းျပခ်က္ကိုေျပာ ဘာလို႔လဲ"
ခ်န္လီေကာ-"........."
(ငါအမွန္ေတြေျပာေနတာ ငါမညာဘူးဟ)
လဲ့က်စ္ေထာင္က စိတ္မရွည္ေတာ့ဘဲ ခ်န္လီေကာရဲ႕ ေျခသလုံးကို ကန္လိုက္ရင္း
ေျပာလာတယ္။
"အ႐ူးေကာင္ ေျပာေလ"
ခ်န္လီေကာက မ်က္လုံးစုံမွိတ္လိုက္ရင္း ေျပာခ်လိဳက္တယ္။
"ငါနင့္ကို သေဘာမက်ဘဴးထင္လို႔ပါ"
လဲ့က်စ္ေထာင္က သက္ျပင္းခ်လိဳက္တယ္။
ခ်န္လီေကာ-ငါေတာင္းပန္ပါတယ္
လဲ့က်စ္ေထာင္က သူ႕လွ်ာကိုသပ္ရင္း ေျပာလာတယ္။
"မယုံနိုင္စရာပဲ၊ဂါး၊မယုံနိုင္စရာပဲ။လုက်ားရႈး
နင္ငါ့ကို ျပတ္ျပတ္သားသား လမ္းခြဲရဲတယ္ေပါ့"
ခ်န္လီေကာက သူ႕ေခါင္းထဲမွာ အေတြးတစ္ခုျဖတ္ဝင္လာတယ္။အဲဒါကေတာ့ အရင္ကႏူးညံ့တဲ့ပုံစံနဲ႕လဲ့က်စ္ေထာင္ဟာ အခုပုံစံနဲ႕လားလားမွမသက္ဆိုင္သလိုပဲ။
"ငါထင္တာ နင့္ရဲ႕ခ်ီတုံခ်တဳံျဖစ္ေနတဲ့ပုံစံနဲ႕ဆို
တျခားအစီအစဥ္ေတြလုပ္ဖို႔ နင့္ကိုဆြဲထားနိုင္လိမ့္မယ္ေပါ့ အခုလို နင္ငါ့ကို ျပတ္ျပတ္သားသား လမ္းခြဲစကားေျပာလိမ့္မယ္လို႔ မထင္ထားဘူး"
ခ်န္လီေကာ-"........"
(ေကာင္းလိုက္တာ ဒီညီမေလးက ေတာ္ေတာ္သတၱိရွိတာပဲ)
"ေကာင္းၿပီေလ...လမ္းခြဲၾကတာေပါ့ ဒါေပမဲ့ နင္ဒီေျခာက္လအတြင္း မွာ ခ်စ္သူအသစ္ရွာခြင့္မရွိဘူး......မဟုတ္ရင္....."
"မဟုတ္ရင္...ဘာလဲ"
လဲ့က်စ္ေထာင္က ခဏေတြးလိုက္ၿပီး ေျပာလာတယ္။
"မဟုတ္ရင္...အင္း...မဟုတ္ရင္လည္း ငါနင့္ကို
ဘာမွမလုပ္နိုင္ပါဘူး"
အံ့ၾသစရာက ခ်က္ခ်င္းဆိုသလို ခ်န္လီေကာရဲ႕မ်က္ဝန္းထဲမွာ လဲ့က်စ္ေထာင္က သူလုက်ားရႈးမျဖစ္ခင္အရင္ကမၻာက ယြမ္ေဖးေဖးနဲ႕ တူလာသလိုခံစားလာရတယ္။
လဲ့က်စ္ေထာင္လည္း ထြက္သြားေရာ ခ်န္လီေကာက ေျမႀကီးေပၚကို ခ်က္ခ်င္း လဲက်သြားတယ္။
"သူတို႔ဘာျဖစ္လို႔ ငါ့ကိုဒီလိုလုပ္နိုင္ရတာလဲကြာ"
system-အဲဒီေတာ့
ခ်န္လီေကာက သူ႕မ်က္ႏွာကို အုပ္ရင္းေအာ္လိုက္တယ္။
"ဒီလူက ေပ်ာ္လြန္းလို႔ ေသေတာ့မယ္ေလ"
system-Damm ဒီငနာကေတာ့
လဲ့က်စ္ေထာင္နဲ႕ လမ္းခြဲတဲ့ကိစၥက အဆင္ေျပေျပနဲ႕ၿပီးသြားတယ္။
ခ်န္လီေကာ ျပန္ၿပီး တစ္ကိုယ္တည္းသမားဘဝကိုေရာက္လာတယ္။
လုက်စ္ရန္က ခ်န္လီေကာကို ဒီႏွစ္ရက္အေတာအတြင္း ဖုန္းမဆက္ေပမယ့္
ႏွစ္ရက္လည္းေက်ာ္ေရာ စတင္ဖုန္းဆက္လာတယ္။
ခ်န္လီေကာက ဖုန္းကိုကိုင္ခ်ိန္ စိတ္လႈပ္ရွားေနတာျမင္ေတာ့ သူ႕အခန္းေဖာ္က သူလမ္းခြဲလိုက္တာမသိေသးဘဲ ေမးလာတယ္။
"လဲ့က်စ္ေထာင္ေခၚတာလား"
ခ်န္လီေကာက သူ႕အခန္းေဖာ္ကို လ်စ္လ်ဴရႈလိုက္ၿပီး ဖုန္းေျဖဖို႔ ဝရန္တာဘက္ကိုထြက္လိုက္တယ္။
"က်ားက်ား"
လုက်စ္ရန္ရဲ႕အသံက ႏူးညံ့ေနတယ္။
"မင္းဘာလုပ္ေနလဲ"
"ဘာမွမလုပ္ပါဘူး"
"မင္းဒီေန႕ အတန္းမတက္ရရင္ အိမ္ျပန္လာခဲ့ပါ့လား"
သူက ခ်န္လီေကာရဲ႕ ႏွစ္စကတည္းက အခ်ိန္ဇယားကို အကုန္သိတယ္ေလ။
ခ်န္လီေကာက တုန္လႈပ္စြာနဲ႕ေျဖလိုက္တယ္။
"မ...မနက္ျဖန္..ကြၽန္ေတာ္တို႔ကလပ္က လႈပ္ရွားမႈတစ္ခုလႈပ္မွာ"
လုက်စ္ရန္က ႐ုတ္တရက္ တိတ္ဆိတ္သြားၿပီးမွ
ျပန္ေျပာလာတယ္။
"ဒါဆို သဘက္ခါ အိမ္ျပန္လာခဲ့ေလ"
ခ်န္လီေကာက သြားႀကိတ္လိုက္ရင္း ဆက္ေျပာလိုက္တယ္။
"သဘက္ခါ....သဘက္ခါလည္း...."
ဒါေပမဲ့ လုက်စ္ရန္က သူ႕စကားကိုျဖတ္ေျပာလိုက္တယ္။
"သဘက္ခါမွ အခ်ိန္ရွိေနေသးလည္း ကိုယ္မင္းတို႔ေက်ာင္းကို တိုက္ရိုက္လာႀကိဳလိုက္မွာေနာ္"
"အေဖ အရမ္းကို ၾကင္နာလြန္းေနျပန္ၿပီ"
"လိမၼာပါကြာ" လုက်စ္ရန္က ေျပာလိုက္ေတာ့
ခ်န္လီေကာက ဘာမွမေျပာဘဲ ဖုန္းခ်ပစ္လိုက္တယ္။
ထို႔ေနာက္ သူက သူ႕အိပ္ရာေပၚ လွဲလိုက္တယ္။
သူ႕အခန္းေဖာ္က သူ႕အမူအရာေပၚၾကည့္ၿပီး ေမးလာတယ္။
"ဘာျဖစ္လို႔လဲ"
ခ်န္လီေကာရဲ႕ ႏွလုံးေတြဟာ ျမင္းေတြကဆုန္ေပါက္ေနသလိုခုန္ေနတယ္။သူ႕အခန္းေဖာ္ရဲ႕ေမးသံကိုၾကားေတာ့ သူကျပန္ေျဖလိုက္တယ္။
"ဘာမွမဟုတ္ပါဘူး"
"ဘာျဖစ္လို႔လဲ မင္းငိုေနတာလား"
(အစ္ကိုႀကီး ငါမငိုခ်င္ပါဘူး ဒါေပမဲ့ ဒီခႏၶာကိုယ္ရဲ႕မ်က္ရည္ေတြက အရမ္းမ်ားလြန္းတယ္ေလ
ငါဟာသဖတ္ရင္ေတာင္ ထြက္လာတာပဲ)
ခ်န္လီေကာက သူ႕စိတ္ထဲမွာ ေျပာရင္း သူ႕ကိုၾကည့္ေနလိုက္တယ္။
"ေဟ့ ေဘာ္ဒါႀကီး ငါ့ကိုအဲလိုႀကီးမၾကည့္စမ္းပါနဲ႕ ငါလည္းမင္းနည္းတူငိုမိလိမ့္မယ္"
သူ႕အခန္းေဖာ္ရဲ႕စကားကိုၾကားေတာ့ ခ်န္လီေကာက သူ႕းအခန္းေဖာ္ ဒီေလာက္ႏွလုံးသားႏူးညံ့မွန္း
အခုမွ သိေတာ့တယ္။
ဒီလိုနဲ႕ ေက်ာင္းပိတ္ရက္ တနဂၤႏြေေန႕ကိုေရာက္လာတယ္။
ခ်န္လီေကာက သူ႕ရဲ႕အားလပ္ရက္မွာ အိပ္ရာကေန ေပ်ာ္႐ႊင္စြာ ေစာေစာနိုးလာတယ္။
system ကေတာ့ သူဘာလို႔ေစာေစာထတာလဲဆိတာ သိေနတယ္။ဒါေပမဲ့သူက အျမင္ကတ္စြာနဲ႕
"မင္းဘာလို႔ ေစာေစာထတာလဲ"လို႔ေမးလိုက္တယ္။
ခ်န္လီေကာက ဘာမွမသိတဲ့ပုံစံနဲ႕ ေမးလာတယ္။
"မင္းမေန႕ညက ေကာင္းေကာင္း မအိပ္ရလို႔လား"
system-"........"
"အိုး ကေလးေလး ၾကည့္ရတာ မင္းမေန႕ညက
အိပ္မေပ်ာ္ဘူးထင္တယ္ မင္းဘာေတြေတြးေနလို႔လဲ"
ခ်န္လီေကာက ဆက္ေျပာလိုက္တယ္။
system-"......."
ခ်န္လီေကာ-"ငါ့ကိုစိတ္ပူေနလို႔မ်ားလား"
system-(မင္းေယာက္်ားမရမွာ စိုးလို႔)
ခ်န္လီေကာ-"စိတ္မပူပါနဲ႕ ငါတကယ္ခ်စ္တဲ့သူကိုပဲ ငါရွာမွာပါ"
system-"........"
ခ်န္လီေကာ သြားတိုက္ေနတုန္း လုက်စ္ရန္ဆီကဖုန္းဝင္လာတယ္။
ထင္ထားတဲ့အတိုင္းပဲ သူကိုယ္တိုင္ကားကိုေမာင္းခ်လာၿပီး ေက်ာင္းဂိတ္ေပါက္ဝမွာေစာင့္ေနၿပီျဖစ္တယ္။
Note-Reader nimတစ္ေယာက္အႀကံေပးတဲ့
gapp installerက mapေတာ့သုံးလို႔ရေပမယ့္
play storeရဲ႕ sign inက ႏွိပ္လို႔ကိုမရဘူး
စိတ္တကယ္ညစ္ပါတယ္😴။BTW ကြၽန္ေတာ့္ရဲ႕
faသက္တမ္းအေတြ႕အႀကဳံအရ အစ္မႀကီးလဲ့က်စ္ေထာင္ကလည္း faျဖစ္ရာကေန ေပ်ာ့ညံ့တယ္ထင္တဲ့လုက်ားရႈးကို အပိုင္ကိုင္ရာကေန
ရွသြားတာျဖစ္ပါလိမ့္မယ္။အားလုံးပဲ သင္ခန္းစာ
ယူၾကပါ uke typeေတြကိုမႀကိဳက္မိၾကပါေစနဲ႕😆။