Zawgyi
အပိုင္း (၇၅၆) – ျဖည္းျဖည္းခ်င္းေပ်ာ္ေမြ႕ေစျခင္း
ရွီမာယူယူသည္ တက္ၾကြေနေသာ ဝိဥာဥ္ေလးကိုျမင္ေသာအခါ မတား ေပ။ သူမသည္ လက္ပိုက္ကာ ေျပာလုိက္သည္ "သူ႔ကို အရွင္ထားရဦးမယ္ဆို တာ မေမ့နဲ႔ဦး"
"စိတ္ခ်ပါ သူမေသေစရဘူး ငါနဲ႔ဆိုရင္ သူေသခ်င္ရင္ေတာင္ ေသ တယ္ဆိုတာ ဘာလဲမသိေအာင္လုပ္ ေပးလုိက္မယ္" ဝိဥာဥ္ေလးသည္ ယံုၾကည္ခ်က္အျပည့္ျဖင့္ ေျပာေလသည္။
"ေကာင္းတယ္ ငါဒီေန႔ ပင္ပန္းေနတယ္ သြားနားလိုက္ဦးမယ္၊ သူ႔ကို မင္းနဲ႔ထားေပးခဲ့မယ္၊ သူ႔ဆီက သတင္းရလာလည္း ေကာင္းတာပဲ" ရီွမာယူယူ ေျပာလုိက္သည္။
"ေကာင္းျပီ ယူယူသြားလုိက္ပါ"
ရွီမာယူယူသည္ အိမ္မက္ေလးကိုၾကည့္ျပီးေမးေလသည္ "မင္းလည္း ငါနဲ႔လိုက္ျပီး နားခ်င္လား"
အိမ္မက္ေလးသည္ ထိုလူအား ေခၚသြားေသာ ဝိဥာဥ္ေလးကို ၾကည့္ေန သည္။ ရီွမာယူယူ ေျပာလိုက္ေသာစကားကိုၾကားေသာအခါ သူမသည္ မၾကည့္ပဲ "ယူယူ သြားလိုက္ပါ၊ အိမ္မက္ေလး ဝိဥာဥ္ေလးနဲ႔ အတူ ေပ်ာ္စရာ ၾကည့္ခ်င္တယ္"
ရီွမာယူယူသည္ သူမ၏ မ်က္လံုးမ်ားေတာက္ပေနသည္ကိုၾကည့္ျပီး ေခါင္းရမ္းကာ ထြက္သြားေလ သည္။
သည္လိုႏွင့္ ခဏအၾကာတြင္ နတ္ဆိုးမ်ိဳးႏြယ္ဝင္သည္ နာက်င္မႈကို အဆံုးသတ္ရန္ ကိုယ့္ကိုယ္စေတး ရန္ၾကိဳးစားေသာ္လည္း သူခႏၶာကိုယ္မွ ေသဆံုးျခင္းေရာင္ဝါမွာ လႈပ္ရွား၍မရသည္ကိုသိလုိက္ရသည္။
"ကိုယ့္ကိုယ္ကို စေတးခ်င္တယ္ဟုတ္လား၊ စိတ္ကူးယဥ္မေနနဲ႔" ဝိဥာဥ္ေလးသည္ သူ႔ကိုၾကည့္ျပီး ေနာက္ေျပာေလသည္ "ငါထြက္သြား တာကိုေစာင့္ျပီး သတ္ေသခ်င္ေနတယ္ဟုတ္လား စိတ္ပ်က္သြားျပီ ငါ ဘယ္ေရာက္ေရာက္ ဒီေနရာတစ္ခုလံုးက ငါ့ထိန္းခ်ဳပ္မႈေအာက္မွာပဲ"
"ငါစဥ္းစားတာကို မင္းဘယ္လိုသိတာလဲ" တေစၦမ်ိဳးႏြယ္ဝင္သည္ ဝိဥာဥ္ေလးအား တအံ့တၾသၾကည့္ ေလသည္။
ဝိဥာဥ္ေလးသည္ ေခ်ငံစြာျပံဳးလုိက္ျပီး "ငါတုိ႔ဘယ္ေရာက္ေနလဲဆိုတာ သိလား၊ ငါဘယ္သူလဲဆိုတာ မင္း မသိဘူးလား"
"ဒီေနရာက ဘယ္ေနရာလဲ"
"မင္းက ဝိဥာဥ္ေစတီထဲမွာပဲ ငါက ဝိဥာဥ္လက္နက္ပဲ၊ မင္းက အခုငါ့ခႏၶာကိုယ္ထဲမွာ မင္းဘာစဥ္းစားေနတာလဲဆိုတာ ငါသိတာေပါ့" ဝိဥာဥ္ေလးသည္ ေျပာလုိက္သည္ "ငါသြားခ်င္တဲ့ေနရာကို ေျပာလိုက္ရံုပဲ၊ အဲဒါေၾကာင့္ မင္းခုခံေနလည္း အခ်ည္းႏွီးပဲ၊ ယူယူသိခ်င္တာကို လိမ္လိမ္မာမာနဲ႔ ေျပာလိုက္၊ မင္း အသက္ရွည္ရွည္ ေနရႏုိင္တာပဲ"
"ဟင္း အဲလိုဆိုမွေတာ့ ငါေသလိုက္ေတာ့မယ္" တေစၦမ်ိဳးႏြယ္ဝင္သည္ ေသျခင္းကိုၾကိဳဆိုေနသည့္ အေတြးေတြးေနသည္။
"ဒါဆို ဒီလိုလုပ္ရေအာင္ အခ်ိန္က်ရင္လည္း မင္းအဲလိုပဲေျပာဖုိ႔ ေမွ်ာ္လင့္တယ္" ဝိဥာဥ္ေလးသည္ ဟိန္းေဟာက္ျခင္းမျပဳေတာ့ပဲ သူ႔ကို ေအးစက္စြာၾကည့္ေလသည္။
အိမ္မက္ေလးသည္ ဝိဥာဥ္အသီးစားျခင္းျပီးသြားေသာအခါ ဝိဥာဥ္ေလး ကိုေအာ္လုိက္သည္ "ငါစားလုိ႔ ျပီးျပီ"
ဝိဥာဥ္ေလး စဥ္းစားလိုက္သည္ႏွင့္ ဝိဥာဥ္အသီးေနာက္တစ္ပံုသည္ အိမ္မက္ေလးေရွ႕တြင္ေပၚလာသည္။ သူမသည္ အားရပါးရျပံဳးကာ အားလံုး ကိုကိုင္ျပီး ေရြးေနေလသည္။ သူမသည္ ခံုတစ္ခံုေရြ႕ကာ ထိုင္ျပီး ဝိဥာဥ္ေလး ထိုလူကို ေျဖရွင္းေနသည္ကို ေစာင့္ၾကည့္ေလသည္။
ရာေဟြာင္ႏွင့္တျခားသူမ်ားလည္း တေစၦေလာကသားကိုဖမ္းမိသည္ဟု သတင္းၾကားသည္ႏွင့္ ဇာတ္လမ္းၾကည့္ရန္ ေရာက္လာၾကေလသည္။ ထိုလူ သည္ ဝိဥာဥ္မိစာၦမ်ားကိုသံုးကာ ရွီမာယူယူူကို သတ္ရန္ ၾကိဳးစားခဲ့သည္ကို သူတို႔ၾကားေသာအခါ ေဒါသထြက္ၾကျပီး သူ႔ကိုဆံုးမရန္ ဝိဥာဥ္ေလးအား ခြင့္ေတာင္းၾကေလသည္။
အားလံုးဆီမွ ေတာင္းဆိုမႈကို ရျခင္းမွာ ဝိဥာဥ္ေလးအတြက္ပထမဆံုး အၾကိမ္ျဖစ္သျဖင့္ သူ ေခါင္းညိမ့္ကာ "စိတ္ခ်ပါ သူဒီကမာၻကိုလာတာ ေနာင္တရေအာင္လုပ္ေပးလုိက္မယ္..."
ရွီမာယူယူသည္ က်င့္ၾကံျခင္းအခန္းသို႔သြားလိုက္သည္။ သူမသည္ ဝိဥာဥ္စုစည္းမႈတည္ေဆာက္မႈကို ေဆာက္လုပ္လုိက္သည္။ ဝိဥာဥ္စြမ္းအင္ မ်ား စုေဝးလာကာ သူမသည္ လ်င္ျမန္စြာစုပ္ယူလုိက္သည္။
တစ္ရက္အၾကာ သူမထြက္လာေသာအခါ သူမ၏ ျဖတ္လတ္မႈသည္ ျပန္ေကာင္းသြားေလသည္။ သူမ မ်က္စိမွိတ္ျပီး ပတ္ဝန္းက်င္ကို အာရံုခံ ၾကည့္ရာ ဝိဥာဥ္ေလးႏွင့္ တျခားသူမ်ား ရွိသည့္ေနရာကို အာရံုခံမိေလ သည္။
"ယူယူ လာျပီလား" ဟိန္းသံေလးသည္ သူမရင္ခြင္ထဲ ခုန္တက္ကာ သူမအားၾကည့္ျပီးေမးေလသည္ "ယူယူ မင္းအျပင္ထြက္ရင္ ငါ့ကိုေခၚသြား သင့္တယ္ ငါဒီလိုမ်ိဳး ညစ္ပတ္တာေတြကို ရွင္းတဲ့ေနရာမွာ ေတာ္တယ္"
"ယူယူ ငါလည္းအျပင္ထြက္ခ်င္တယ္" လင္းလံုသည္ ဝိဥာဥ္ေလး၏ ေခါင္းထိပ္ကိုတက္ျပီး ပ်င္းရိစြာ ေျပာေလသည္။
"မင္းတို႔ စိတ္ခ်" ရွီမာယူယူသည္ ဟိန္းသံေလး၏ ႏူးညံ့ေသာ အေမြး ကိုပြတ္သတ္ျပီး ေျပာေလသည္ "ငါ ဘယ္သြားသြား တိုက္ႏုိင္တယ္၊ မင္းတို႔ ဒီမွာေနျပီးေစာင့္ပဲၾကည့္ေန မင္းတို႔အျပင္ထြက္ရင္ တျခားသူေတြ မင္းတို႔ အေၾကာင္းသိသြားရင္ ငါ့ကိုပစ္မွတ္ထားၾကလိမ့္မယ္"
"ဒါေပမဲ့ ယူယူတစ္ေယာက္တည္းလုပ္ဖို႔က် အႏၱရာယ္မ်ားတယ္" ဟိန္းသံေလး ျငင္းဆန္ေလသည္။
"အိမ္မက္ေလးရွိေနရင္ အႏၱရာယ္မမ်ားပါဘူး" ရွီမာယူယူ ေျပာလုိက္ သည္ "အႏၱရာယ္မ်ားတယ္ဆိုရင္ မင္းတို႔ကို ငါေခၚလိုက္မယ္၊ ငါက မျပင္ဆင္ ပဲအဖမ္းမခံဘူးရယ္"
"အမွန္ပဲ" လင္းလံုေခါင္းညိမ့္ေလသည္ "ဒါေပမဲ့ အဲလိုကန္းေနတဲ့ ဝိဥာဥ္မိစာၦေတြနဲ႔ေတြ႕တယ္ဆိုရင္ သူတို႔ကို အပိုင္းပိုင္းျဖတ္ဖို႔ လင္းလံုတို႔ကို သာေခၚလိုက္ လင္းလံုက ေကာင္းေကာင္းထိန္းခ်ဳပ္လုိက္ရင္ ပိုျပီး သက္ ေတာင့္သက္သာျဖစ္သြားမွာပါ"
"မင္းတုိ႔ဘာသိလို႔လဲ ဝိဥာဥ္မိစာၦေတြအဲေလာက္အမ်ားၾကီးဆိုရင္ ေနာက္ဆိုရင္ ယူယူတိုက္တဲ့အခါမွာ အုပ္စုေတာင့္တယ္" အိမ္မက္ေလးသည္ ေျပာဆိုေလသည္။
"ရႊတ္"
အိမ္မက္ေလး ေျပာလုိက္ေသာစကားကိုၾကားေသာအခါ ရီွမာယူယူ ရယ္ေမာေလသည္။ သူမသည္ အရင္က အသက္ကိုရင္းျပီးလုပ္ေဆာင္ တတ္ေသာ အဖြဲ႕အေၾကာင္းေျပာျပဖူးသည္ကို အိမ္မက္ေလးမွတ္မိေန လိမ့္မည္ဟု မထင္မိေပ။
အိမ္မက္ေလးေျပာလုိက္ေသာစကားမ်ားေၾကာင့္ ထိုအခ်ိန္သို႔ျပန္ ေရာက္သြားသလိုခံစားရသည္။
"ေကာင္းျပီေတာ္ျပီ ဒါကိုေနာက္မွ ေျပာၾကမယ္" သူမသည္ သူတုိ႔ ႏွစ္ေယာက္အားေျပာျပီးေနာက္ ဝိဥာဥ္ေလးကိုေမးလုိက္သည္ "သတင္းသိရ ျပီလား"
"ငါ့ကိုသာေမးခိုင္းရင္ ျပႆနာမရွိေစရဘူး" ဝိဥာဥ္ေလးေျပာလိုက္ သည္ "သူေျပာေတာ့ ေျပာတယ္ ဒါေပမဲ့ အျပည့္အစံုမဟုတ္ဘူး တျခား ေမးခြန္းေမးစရာရွိရင္ သူ႔ကိုအခုေမးလို႔ရတယ္"
"ငါ့ကိုသတင္းရတာေတြေျပာလုိက္" ရီွမာယူယူ ေျပာလုိက္သည္။
ဝိဥာဥ္ေလးသည္ ေခါင္းညိမ့္လိုက္ျပီး ေတြးလိုက္သည္ႏွင့္ ရွီမာယူယူ သည္သိခ်င္ေသာ သတင္းမ်ားကို သိရေလသည္။
"အဲေတာ့ လူနည္းနည္းေလးနဲ႔ သူတို႔က အနီေရာင္ေတာင္ထိပ္ ကလူေတြအားလံုးကို တကယ္ပဲသတ္ လိုက္တာေပါ့" သူမသည္ သတင္း ၾကားရေသာအခါ ပို၍အံ့ၾသရေလသည္။
"သူတို႔က လူနည္းေပမယ့္ အားမနည္းဘူးေလ၊ ဒါေပမဲ့ ပိုင္ရွင္က ဘယ္သူလဲဆိုတာ မသိရေသးဘူး သူကလူေတြကိုထိန္းခ်ဳပ္ႏုိင္စြမ္း ရွိ ေနတယ္"
"အဲလူက လူသားေလာကကဟုတ္လား မဟုတ္လားဆိုတာကို ပိုသိခ်င္ေနတယ္" ရီွမာယူယူ ေျပာလုိက္သည္ "တေစၦေလာကကလူေတြ ဒီကိုလာရတာေတာင္ ခက္ေနတာကို သူက အဲလူေတြကို ဒီကိုေခၚလာတယ္ ေရာက္လာတဲ့လူေတြကိုလည္း သတ္ပစ္ဖို႔အတြက္ ေၾကာက္ရြံ႕မႈမရွိဘူး"
"ဒီလူက အဆင့္မျမင့္တာေတာ့ ႏွေျမာစရာေကာင္းတယ္၊ သူက အခိုင္းအေစသာသာပဲဆိုေတာ့ အဓိက သတင္းကိုမသိရဘူး" အိမ္မက္ေလး ေျပာလုိက္သည္။
"ကိစၥမရွိဘူး ငါအမ်ားၾကီးသိျပီးေနျပီပဲ" ရီွမာယူယူ ေျပာလိုက္သည္ "အနည္းဆံုးေတာ့ ေခါင္းမပါတဲ့ ၾကက္လိုမ်ိဳး ေနရာတစ္ခုလံုးကိုလွည့္ပတ္ သြားစရာမလိုေတာ့ဘူး"
"ဒါေပမဲ့ အဲလူေတြဘယ္ေလာက္အားေကာင္းလဲဆိုတာ ငါတို႔မသိရဘူး၊ ဒီအတို္င္းသြားမယ္ဆိုရင္ အႏၱရာယ္မမ်ားဘူးလား" ဟိန္းသံေထာင္ခ်ီ ေျပာ လုိက္သည္။
"ဒါဆိုရင္ အဓိကသတင္းသိတဲ့လူကိုဖမ္းျပီးသြားရမွာေပါ့" ရွီမာယူယူ ေျပာလုိက္သည္ "ငါတို႔ နီးနီးကပ္ကပ္ သြားလိုက္ရင္ တစ္ေယာက္ေတာ့ ဖမ္းမိမွာပဲ"
အဆင့္ျမင့္သူသည္ သိသည့္အခ်က္အလက္ပိုမ်ားမည္။ ထိုအခ်ိန္တြင္ သူ႔ကိုဖမ္းျပီး ေမးရမည္။
"အဲဝိဥာဥ္ေတြကို မိုရွားစုပ္ယူလို႔ရမရကို မသိတာ၊ စုပ္ယူရင္လည္း အကူအညီျဖစ္လား မျဖစ္လား မသိ ဘူး" ရွီမာယူယူ သက္ျပင္းခ်ေလသည္ "သြားၾကမယ္ ဒါကိုေျဖရွင္းတာ ေစာေလေလ ငါတို႔ပန္းတုိင္ကို ေစာေစာ ေရာက္ေလပဲ"
"ေကာင္းျပီ"
သူမထြက္သြားခ်ိန္တြင္ အိမ္မက္ေလးကို သူမႏွင့္အတူ ေခၚမသြား ေတာ့ေပ။ သူမကို ဝိဥာဥ္ေစတီ အတြင္းထားခဲ့ကာ ဝိဥာဥ္မိစာၦမ်ားကို ထိန္းခ်ဳပ္ေစသည္။ ေနာက္တစ္ခါ တိုက္ခိုက္ခံရပါက သူတို႔ကို တုိက္ပြဲေျမျပင္ သို႔ ေစလႊတ္ရမည္။
သူမသည္ ဝိဥာဥ္ေစတီတြင္ ၁ရက္ေနရာ အျပင္တြင္ ၂နာရီကုန္ဆံုး သြားေလသည္။ သူမသည္ ဟာစြန္ကိုေခၚထုတ္ျပီး ထုိလူေျပာေသာ ဦးတည္ဘက္သို႔သြားလိုက္သည္။
ရက္အနည္းငယ္ကုန္ဆံုးသြားကာ ထိုရက္မ်ားတြင္ သူမအားသတ္ရန္ ၾကိဳးစားသည့္ တုိက္ခုိက္မႈမ်ားကို ၾကံဳေတြ႕ရေလသည္။ တိုက္ခုိက္ရန္ အတြက္ ထိန္းခ်ဳပ္ထားေသာ ဝိဥာဥ္မိစာၦမ်ားကို ၂ၾကိမ္အသံုးျပဳခဲ့ရသည္။ ရွီမာယူယူ မလႈပ္ရွားလိုက္ရပဲ အိမ္မက္ေလးသည္ ထိုဝိဥာဥ္မိစာၦမ်ားကို ထိန္းခ်ဳပ္ကာ တိုက္ခုိက္ေပးသည္။ သူမ အတြက္ေတာ့ ထိန္းခ်ဳပ္ထားေသာ လူကို အာရံုစိုက္ကာ ထိုလူရွိရာဘက္သို႔ မိုးၾကိဳးလွ်ပ္စီးပစ္သည္။ သူမသည္ ေနာက္သံု႔ပန္းတစ္ေယာက္ကို ေအာင္ျမင္စြာဖမ္းမိေလသည္။
ႏွေျမာစရာေကာင္းသည္မွာ ထိုလူသည္ အရင္ကလူကဲ့သို႔ပင္ အဆင့္ နိမ့္တစ္ေယာက္ျဖစ္ေနျခင္းပင္။ သူ သည္လည္း တျခားသတင္းကိုမသိေပ။
Unicode
အပိုင်း (၇၅၆) – ဖြည်းဖြည်းချင်းပျော်မွေ့စေခြင်း
ရှီမာယူယူသည် တက်ကြွနေသော ဝိဉာဉ်လေးကိုမြင်သောအခါ မတား ပေ။ သူမသည် လက်ပိုက်ကာ ပြောလိုက်သည် "သူ့ကို အရှင်ထားရဦးမယ်ဆို တာ မမေ့နဲ့ဦး"
"စိတ်ချပါ သူမသေစေရဘူး ငါနဲ့ဆိုရင် သူသေချင်ရင်တောင် သေ တယ်ဆိုတာ ဘာလဲမသိအောင်လုပ် ပေးလိုက်မယ်" ဝိဉာဉ်လေးသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။
"ကောင်းတယ် ငါဒီနေ့ ပင်ပန်းနေတယ် သွားနားလိုက်ဦးမယ်၊ သူ့ကို မင်းနဲ့ထားပေးခဲ့မယ်၊ သူ့ဆီက သတင်းရလာလည်း ကောင်းတာပဲ" ရှီမာယူယူ ပြောလိုက်သည်။
"ကောင်းပြီ ယူယူသွားလိုက်ပါ"
ရှီမာယူယူသည် အိမ်မက်လေးကိုကြည့်ပြီးမေးလေသည် "မင်းလည်း ငါနဲ့လိုက်ပြီး နားချင်လား"
အိမ်မက်လေးသည် ထိုလူအား ခေါ်သွားသော ဝိဉာဉ်လေးကို ကြည့်နေ သည်။ ရှီမာယူယူ ပြောလိုက်သောစကားကိုကြားသောအခါ သူမသည် မကြည့်ပဲ "ယူယူ သွားလိုက်ပါ၊ အိမ်မက်လေး ဝိဉာဉ်လေးနဲ့ အတူ ပျော်စရာ ကြည့်ချင်တယ်"
ရှီမာယူယူသည် သူမ၏ မျက်လုံးများတောက်ပနေသည်ကိုကြည့်ပြီး ခေါင်းရမ်းကာ ထွက်သွားလေ သည်။
သည်လိုနှင့် ခဏအကြာတွင် နတ်ဆိုးမျိုးနွယ်ဝင်သည် နာကျင်မှုကို အဆုံးသတ်ရန် ကိုယ့်ကိုယ်စတေး ရန်ကြိုးစားသော်လည်း သူခန္ဓာကိုယ်မှ သေဆုံးခြင်းရောင်ဝါမှာ လှုပ်ရှား၍မရသည်ကိုသိလိုက်ရသည်။
"ကိုယ့်ကိုယ်ကို စတေးချင်တယ်ဟုတ်လား၊ စိတ်ကူးယဉ်မနေနဲ့" ဝိဉာဉ်လေးသည် သူ့ကိုကြည့်ပြီး နောက်ပြောလေသည် "ငါထွက်သွား တာကိုစောင့်ပြီး သတ်သေချင်နေတယ်ဟုတ်လား စိတ်ပျက်သွားပြီ ငါ ဘယ်ရောက်ရောက် ဒီနေရာတစ်ခုလုံးက ငါ့ထိန်းချုပ်မှုအောက်မှာပဲ"
"ငါစဉ်းစားတာကို မင်းဘယ်လိုသိတာလဲ" တစ္ဆေမျိုးနွယ်ဝင်သည် ဝိဉာဉ်လေးအား တအံ့တသြကြည့် လေသည်။
ဝိဉာဉ်လေးသည် ချေငံစွာပြုံးလိုက်ပြီး "ငါတို့ဘယ်ရောက်နေလဲဆိုတာ သိလား၊ ငါဘယ်သူလဲဆိုတာ မင်း မသိဘူးလား"
"ဒီနေရာက ဘယ်နေရာလဲ"
"မင်းက ဝိဉာဉ်စေတီထဲမှာပဲ ငါက ဝိဉာဉ်လက်နက်ပဲ၊ မင်းက အခုငါ့ခန္ဓာကိုယ်ထဲမှာ မင်းဘာစဉ်းစားနေတာလဲဆိုတာ ငါသိတာပေါ့" ဝိဉာဉ်လေးသည် ပြောလိုက်သည် "ငါသွားချင်တဲ့နေရာကို ပြောလိုက်ရုံပဲ၊ အဲဒါကြောင့် မင်းခုခံနေလည်း အချည်းနှီးပဲ၊ ယူယူသိချင်တာကို လိမ်လိမ်မာမာနဲ့ ပြောလိုက်၊ မင်း အသက်ရှည်ရှည် နေရနိုင်တာပဲ"
"ဟင်း အဲလိုဆိုမှတော့ ငါသေလိုက်တော့မယ်" တစ္ဆေမျိုးနွယ်ဝင်သည် သေခြင်းကိုကြိုဆိုနေသည့် အတွေးတွေးနေသည်။
"ဒါဆို ဒီလိုလုပ်ရအောင် အချိန်ကျရင်လည်း မင်းအဲလိုပဲပြောဖို့ မျှော်လင့်တယ်" ဝိဉာဉ်လေးသည် ဟိန်းဟောက်ခြင်းမပြုတော့ပဲ သူ့ကို အေးစက်စွာကြည့်လေသည်။
အိမ်မက်လေးသည် ဝိဉာဉ်အသီးစားခြင်းပြီးသွားသောအခါ ဝိဉာဉ်လေး ကိုအော်လိုက်သည် "ငါစားလို့ ပြီးပြီ"
ဝိဉာဉ်လေး စဉ်းစားလိုက်သည်နှင့် ဝိဉာဉ်အသီးနောက်တစ်ပုံသည် အိမ်မက်လေးရှေ့တွင်ပေါ်လာသည်။ သူမသည် အားရပါးရပြုံးကာ အားလုံး ကိုကိုင်ပြီး ရွေးနေလေသည်။ သူမသည် ခုံတစ်ခုံရွေ့ကာ ထိုင်ပြီး ဝိဉာဉ်လေး ထိုလူကို ဖြေရှင်းနေသည်ကို စောင့်ကြည့်လေသည်။
ရာဟွောင်နှင့်တခြားသူများလည်း တစ္ဆေလောကသားကိုဖမ်းမိသည်ဟု သတင်းကြားသည်နှင့် ဇာတ်လမ်းကြည့်ရန် ရောက်လာကြလေသည်။ ထိုလူ သည် ဝိဉာဉ်မိစ္ဆာများကိုသုံးကာ ရှီမာယူယူူကို သတ်ရန် ကြိုးစားခဲ့သည်ကို သူတို့ကြားသောအခါ ဒေါသထွက်ကြပြီး သူ့ကိုဆုံးမရန် ဝိဉာဉ်လေးအား ခွင့်တောင်းကြလေသည်။
အားလုံးဆီမှ တောင်းဆိုမှုကို ရခြင်းမှာ ဝိဉာဉ်လေးအတွက်ပထမဆုံး အကြိမ်ဖြစ်သဖြင့် သူ ခေါင်းညိမ့်ကာ "စိတ်ချပါ သူဒီကမ္ဘာကိုလာတာ နောင်တရအောင်လုပ်ပေးလိုက်မယ်..."
ရှီမာယူယူသည် ကျင့်ကြံခြင်းအခန်းသို့သွားလိုက်သည်။ သူမသည် ဝိဉာဉ်စုစည်းမှုတည်ဆောက်မှုကို ဆောက်လုပ်လိုက်သည်။ ဝိဉာဉ်စွမ်းအင် များ စုဝေးလာကာ သူမသည် လျင်မြန်စွာစုပ်ယူလိုက်သည်။
တစ်ရက်အကြာ သူမထွက်လာသောအခါ သူမ၏ ဖြတ်လတ်မှုသည် ပြန်ကောင်းသွားလေသည်။ သူမ မျက်စိမှိတ်ပြီး ပတ်ဝန်းကျင်ကို အာရုံခံ ကြည့်ရာ ဝိဉာဉ်လေးနှင့် တခြားသူများ ရှိသည့်နေရာကို အာရုံခံမိလေ သည်။
"ယူယူ လာပြီလား" ဟိန်းသံလေးသည် သူမရင်ခွင်ထဲ ခုန်တက်ကာ သူမအားကြည့်ပြီးမေးလေသည် "ယူယူ မင်းအပြင်ထွက်ရင် ငါ့ကိုခေါ်သွား သင့်တယ် ငါဒီလိုမျိုး ညစ်ပတ်တာတွေကို ရှင်းတဲ့နေရာမှာ တော်တယ်"
"ယူယူ ငါလည်းအပြင်ထွက်ချင်တယ်" လင်းလုံသည် ဝိဉာဉ်လေး၏ ခေါင်းထိပ်ကိုတက်ပြီး ပျင်းရိစွာ ပြောလေသည်။
"မင်းတို့ စိတ်ချ" ရှီမာယူယူသည် ဟိန်းသံလေး၏ နူးညံ့သော အမွေး ကိုပွတ်သတ်ပြီး ပြောလေသည် "ငါ ဘယ်သွားသွား တိုက်နိုင်တယ်၊ မင်းတို့ ဒီမှာနေပြီးစောင့်ပဲကြည့်နေ မင်းတို့အပြင်ထွက်ရင် တခြားသူတွေ မင်းတို့ အကြောင်းသိသွားရင် ငါ့ကိုပစ်မှတ်ထားကြလိမ့်မယ်"
"ဒါပေမဲ့ ယူယူတစ်ယောက်တည်းလုပ်ဖို့ကျ အန္တရာယ်များတယ်" ဟိန်းသံလေး ငြင်းဆန်လေသည်။
"အိမ်မက်လေးရှိနေရင် အန္တရာယ်မများပါဘူး" ရှီမာယူယူ ပြောလိုက် သည် "အန္တရာယ်များတယ်ဆိုရင် မင်းတို့ကို ငါခေါ်လိုက်မယ်၊ ငါက မပြင်ဆင် ပဲအဖမ်းမခံဘူးရယ်"
"အမှန်ပဲ" လင်းလုံခေါင်းညိမ့်လေသည် "ဒါပေမဲ့ အဲလိုကန်းနေတဲ့ ဝိဉာဉ်မိစ္ဆာတွေနဲ့တွေ့တယ်ဆိုရင် သူတို့ကို အပိုင်းပိုင်းဖြတ်ဖို့ လင်းလုံတို့ကို သာခေါ်လိုက် လင်းလုံက ကောင်းကောင်းထိန်းချုပ်လိုက်ရင် ပိုပြီး သက် တောင့်သက်သာဖြစ်သွားမှာပါ"
"မင်းတို့ဘာသိလို့လဲ ဝိဉာဉ်မိစ္ဆာတွေအဲလောက်အများကြီးဆိုရင် နောက်ဆိုရင် ယူယူတိုက်တဲ့အခါမှာ အုပ်စုတောင့်တယ်" အိမ်မက်လေးသည် ပြောဆိုလေသည်။
"ရွှတ်"
အိမ်မက်လေး ပြောလိုက်သောစကားကိုကြားသောအခါ ရှီမာယူယူ ရယ်မောလေသည်။ သူမသည် အရင်က အသက်ကိုရင်းပြီးလုပ်ဆောင် တတ်သော အဖွဲ့အကြောင်းပြောပြဖူးသည်ကို အိမ်မက်လေးမှတ်မိနေ လိမ့်မည်ဟု မထင်မိပေ။
အိမ်မက်လေးပြောလိုက်သောစကားများကြောင့် ထိုအချိန်သို့ပြန် ရောက်သွားသလိုခံစားရသည်။
"ကောင်းပြီတော်ပြီ ဒါကိုနောက်မှ ပြောကြမယ်" သူမသည် သူတို့ နှစ်ယောက်အားပြောပြီးနောက် ဝိဉာဉ်လေးကိုမေးလိုက်သည် "သတင်းသိရ ပြီလား"
"ငါ့ကိုသာမေးခိုင်းရင် ပြဿနာမရှိစေရဘူး" ဝိဉာဉ်လေးပြောလိုက် သည် "သူပြောတော့ ပြောတယ် ဒါပေမဲ့ အပြည့်အစုံမဟုတ်ဘူး တခြား မေးခွန်းမေးစရာရှိရင် သူ့ကိုအခုမေးလို့ရတယ်"
"ငါ့ကိုသတင်းရတာတွေပြောလိုက်" ရှီမာယူယူ ပြောလိုက်သည်။
ဝိဉာဉ်လေးသည် ခေါင်းညိမ့်လိုက်ပြီး တွေးလိုက်သည်နှင့် ရှီမာယူယူ သည်သိချင်သော သတင်းများကို သိရလေသည်။
"အဲတော့ လူနည်းနည်းလေးနဲ့ သူတို့က အနီရောင်တောင်ထိပ် ကလူတွေအားလုံးကို တကယ်ပဲသတ် လိုက်တာပေါ့" သူမသည် သတင်း ကြားရသောအခါ ပို၍အံ့သြရလေသည်။
"သူတို့က လူနည်းပေမယ့် အားမနည်းဘူးလေ၊ ဒါပေမဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ မသိရသေးဘူး သူကလူတွေကိုထိန်းချုပ်နိုင်စွမ်း ရှိ နေတယ်"
"အဲလူက လူသားလောကကဟုတ်လား မဟုတ်လားဆိုတာကို ပိုသိချင်နေတယ်" ရှီမာယူယူ ပြောလိုက်သည် "တစ္ဆေလောကကလူတွေ ဒီကိုလာရတာတောင် ခက်နေတာကို သူက အဲလူတွေကို ဒီကိုခေါ်လာတယ် ရောက်လာတဲ့လူတွေကိုလည်း သတ်ပစ်ဖို့အတွက် ကြောက်ရွံ့မှုမရှိဘူး"
"ဒီလူက အဆင့်မမြင့်တာတော့ နှမြောစရာကောင်းတယ်၊ သူက အခိုင်းအစေသာသာပဲဆိုတော့ အဓိက သတင်းကိုမသိရဘူး" အိမ်မက်လေး ပြောလိုက်သည်။
"ကိစ္စမရှိဘူး ငါအများကြီးသိပြီးနေပြီပဲ" ရှီမာယူယူ ပြောလိုက်သည် "အနည်းဆုံးတော့ ခေါင်းမပါတဲ့ ကြက်လိုမျိုး နေရာတစ်ခုလုံးကိုလှည့်ပတ် သွားစရာမလိုတော့ဘူး"
"ဒါပေမဲ့ အဲလူတွေဘယ်လောက်အားကောင်းလဲဆိုတာ ငါတို့မသိရဘူး၊ ဒီအတိုင်းသွားမယ်ဆိုရင် အန္တရာယ်မများဘူးလား" ဟိန်းသံထောင်ချီ ပြော လိုက်သည်။
"ဒါဆိုရင် အဓိကသတင်းသိတဲ့လူကိုဖမ်းပြီးသွားရမှာပေါ့" ရှီမာယူယူ ပြောလိုက်သည် "ငါတို့ နီးနီးကပ်ကပ် သွားလိုက်ရင် တစ်ယောက်တော့ ဖမ်းမိမှာပဲ"
အဆင့်မြင့်သူသည် သိသည့်အချက်အလက်ပိုများမည်။ ထိုအချိန်တွင် သူ့ကိုဖမ်းပြီး မေးရမည်။
"အဲဝိဉာဉ်တွေကို မိုရှားစုပ်ယူလို့ရမရကို မသိတာ၊ စုပ်ယူရင်လည်း အကူအညီဖြစ်လား မဖြစ်လား မသိ ဘူး" ရှီမာယူယူ သက်ပြင်းချလေသည် "သွားကြမယ် ဒါကိုဖြေရှင်းတာ စောလေလေ ငါတို့ပန်းတိုင်ကို စောစော ရောက်လေပဲ"
"ကောင်းပြီ"
သူမထွက်သွားချိန်တွင် အိမ်မက်လေးကို သူမနှင့်အတူ ခေါ်မသွား တော့ပေ။ သူမကို ဝိဉာဉ်စေတီ အတွင်းထားခဲ့ကာ ဝိဉာဉ်မိစ္ဆာများကို ထိန်းချုပ်စေသည်။ နောက်တစ်ခါ တိုက်ခိုက်ခံရပါက သူတို့ကို တိုက်ပွဲမြေပြင် သို့ စေလွှတ်ရမည်။
သူမသည် ဝိဉာဉ်စေတီတွင် ၁ရက်နေရာ အပြင်တွင် ၂နာရီကုန်ဆုံး သွားလေသည်။ သူမသည် ဟာစွန်ကိုခေါ်ထုတ်ပြီး ထိုလူပြောသော ဦးတည်ဘက်သို့သွားလိုက်သည်။
ရက်အနည်းငယ်ကုန်ဆုံးသွားကာ ထိုရက်များတွင် သူမအားသတ်ရန် ကြိုးစားသည့် တိုက်ခိုက်မှုများကို ကြုံတွေ့ရလေသည်။ တိုက်ခိုက်ရန် အတွက် ထိန်းချုပ်ထားသော ဝိဉာဉ်မိစ္ဆာများကို ၂ကြိမ်အသုံးပြုခဲ့ရသည်။ ရှီမာယူယူ မလှုပ်ရှားလိုက်ရပဲ အိမ်မက်လေးသည် ထိုဝိဉာဉ်မိစ္ဆာများကို ထိန်းချုပ်ကာ တိုက်ခိုက်ပေးသည်။ သူမ အတွက်တော့ ထိန်းချုပ်ထားသော လူကို အာရုံစိုက်ကာ ထိုလူရှိရာဘက်သို့ မိုးကြိုးလျှပ်စီးပစ်သည်။ သူမသည် နောက်သုံ့ပန်းတစ်ယောက်ကို အောင်မြင်စွာဖမ်းမိလေသည်။
နှမြောစရာကောင်းသည်မှာ ထိုလူသည် အရင်ကလူကဲ့သို့ပင် အဆင့် နိမ့်တစ်ယောက်ဖြစ်နေခြင်းပင်။ သူ သည်လည်း တခြားသတင်းကိုမသိပေ။