Zawgyi
အပိုင္း (၇၄၅) – ထူးဆန္းေသာအနီေရာင္ေတာင္ထိပ္
အနီေရာင္ေတာင္ထိပ္ဟု ၾကိဳးၾကာနီဘုရင္ၾကားသည္ႏွင့္ မ်က္ႏွာ အမူအရာေျပာင္းသြားျပီး မသိမသာ တုန္ယင္ေနသည္။
"သခင္ေလးက အနီေရာင္ေတာင္ထပ္ကိုသြားမလုိ႔လား"
ရွီမာယူယူ ေခါင္းညိမ့္လုိက္သည္။
အနီေရာင္ေတာင္ထိပ္တြင္ျဖစ္ခဲ့ေသာ ထူးဆန္းေသာ ေနာက္ဆံုး အျဖစ္အပ်က္ကို စံုစမ္းရမည္မွာ ဒီတစ္ေခါက္ သူတို႔၏ ေနာက္ဆံုးမစ္ရွင္ ျဖစ္သည္။
"သခင္ေလး မသြားသင့္ဘူး" ၾကိဳးၾကာနီဘုရင္ ဟန္႔တားေလသည္။
"ဘာလို႔လဲ" ဖက္တီးက်ဴေမးလိုက္သည္။
"ဘာလို႔လဲဆိုေတာ့ ထူးဆန္းျပီး အႏၱရာယ္မ်ားတယ္" ၾကိဳးၾကာနီဘုရင္ ျပန္ေျဖလုိက္သည္။
"အဲဒီမွာဘာေတြျဖစ္ေနလဲဆိုတာ ငါတို႔သြားၾကည့္မလို႔" ရွီမာယူယူ ေျပာလုိက္သည္ "ငါတို႔မျပန္ခင္ ထူးဆန္းတဲ့အျဖစ္အပ်က္ကို စံုစမ္းရမွာ ငါတုိ႔မစ္ရွင္ပဲ"
"ျငင္းလို႔မရဘူးလား" ၾကိဳးၾကာနီဘုရင္သည္ ထိုသုိ႔ေျပာျပီးမွ ေျပာရန္ မသင့္ေတာ္ဟု အမွတ္ရသြားသည္။ သူ ရွင္းျပေလသည္ "အနီေရာင္ ေတာင္ထိပ္က ဒီကေနေတာ္ေတာ္ေဝးတယ္၊ ကၽြန္ေတာ္တို႔လည္း အရင္က မၾကားဖူးဘူး၊ ဒါေပမဲ့ အဲေတာင္ထိပ္ဘယ္ေနရာရွိတယ္ဆိုတာ အလယ္ပိုင္း နယ္ပယ္ေတြမွာ သိတဲ့လူမရွိေလာက္ဘူး"
"အဲဒီမွာဘာေတြထူးဆန္းေနလဲဆိုတာ သိလား" ရွီမာယူယူသည္ သိခ်င္စိတ္ျဖင့္ေမးလုိက္သည္။
"ကၽြန္ေတာ္ကေတာ့ ကိုယ္တုိင္မ်က္လံုးနဲ႔ျမင္ခဲ့ရတယ္" ၾကိဳးၾကာ နီဘုရင္ ျပန္ေျဖေလသည္ "လြန္ခဲ့တဲ့ လပိုင္းေလာက္က ကၽြန္ေတာ္အျပင္မွာ ခရီးလွည့္သြားေနတုန္းက အနီေရာင္ေတာင္ထိပ္နားက ေတာင္ကို ေရာက္သြားတယ္၊ အနီေရာင္ေတာင္ထိပ္မွာ ထူးဆန္းတာေတြျဖစ္ေနလို႔ စံုစမ္းဖုိ႔သြားမယ္လို႔ လူတစ္စုေျပာတာ ကိုၾကားခဲ့ရတယ္၊ ေနာက္လတစ္ဝက္ ၾကာေတာ့ လူတစ္ေယာက္ပဲျပန္လာႏုိင္တယ္၊ အဲလူကလည္း ေသြးေတြ ခ်ည္းပဲ မ်က္လံုးေတြလည္းေယာင္ကိုင္းေနတာ၊ ျပီးေတာ့ သူနဲ႔ပါသြား တဲ့လူေတြကိုေမးၾကည့္ေတာ့ အကုန္ေသကုန္ျပီတဲ့ အသတ္ခံလိုက္ရတယ္ တဲ့၊ အဲလူလည္း ရူးသြားတယ္"
"အဲေလာက္ထူးဆန္းတာလား၊ သူနဲ႔ သူ႔လူေတြ တျခားဟာကိုမ်ားေတြ႕ ခဲ့တာလား" ေဝက်ိရႊီ ေမးလုိက္ သည္။
"အဲအဖြဲ႕တင္မဟုတ္ေသးဘူး" ၾကိဳးၾကာနီဘုရင္ ျပန္ေျဖေလသည္ "အဲတုန္းက ကၽြန္ေတာ္လည္း ခင္ဗ်ား လိုေတြးတာပဲ သူတို႔ရန္သူနဲ႔ေတြ႕တာ လားေပါ့၊ ဘာလုိ႔လဲဆိုေတာ့ သူ႔လူေတြေသျပီးေတာ့ သူျပန္လာတဲ့အခ်ိန္ မွာ ဘဝမဲ့သြားတယ္ေလ၊ ဒါေပမဲ့ ကၽြန္ေတာ့္ေဘးက စားပြဲထိုးက သက္ျပင္းခ်ျပီး ေနာက္ထပ္ အယံုအၾကည္မရွိ တဲ့လူတစ္ဖြဲ႕ပါလားလို႔ ေျပာခဲ့တယ္၊ အဲဒါနဲ႔ ကၽြန္ေတာ္စားပြဲထိုးကိုေမးၾကည့္ခဲ့တယ္၊ သူေျပာတာက အဲဒါက ပထမဆံုး သြားခဲ့တဲ့အဖြဲ႕မဟုတ္ဘူးတဲ့ သိပ္မၾကာခင္က ေတာ္ေတာ္မ်ားမ်ားသြားခဲ့ ၾကတယ္တဲ့ တခ်ိဳ႕ကသြားျပီး ရူးျပီးျပန္လာၾကတယ္၊ ဒါေပမဲ့ တခ်ိဳ႕ကေတာ့ သြားျပီး ျပန္မလာႏုိင္ၾကဘူး"
ရီွမာယူယူ ပင့္သက္ရိႈက္မိသည္။
"အဲဒါတကယ္လား ခရီးသြားလိုက္တာနဲ႔ အရူးျဖစ္သြားတယ္၊ အဲေလာက္ထူးဆန္းတယ္" ဖက္တီးက်ဴ အံ့အားသင့္စြာေျပာေလသည္။
"အဲဒါပဲမလား" ၾကိဳးၾကာနီဘုရင္ အတည္ျပဳေလသည္ "အဲသြားတဲ့လူ ေတြက အားအင္ကိုဂရုမစိုက္ရင္ အဲလိုျဖစ္သြားၾကတာခ်ည္းပဲ၊ အဲဒါေၾကာင့္ သခင္ေလးက သန္မာတယ္ဆိုတာ သိေပမယ့္ မသြားဖို႔ ကၽြန္ေတာ္ ေျပာတာ"
ၾကိဳးၾကာနီဘုရင္ ေျပာစကားမ်ားကိုနားေထာင္ျပီးေနာက္တြင္ အားလံုး သည္ ျငိမ္က်သြားၾကသည္။
"ယူယူ ဘယ္လိုထင္လဲ" ရွီမာယူလင္း ေမးလုိက္သည္။
"ဒီအေျခအေနက ငါတို႔ထင္ထားတာထက္ ပိုဆိုးေနတယ္" ရွီမာယူယူ သည္လည္း သြားသင့္မသြားသင့္ မေသခ်ာေတာ့ေပ။ သူမသည္ ေခတၱမွ် ေတြေဝေနသည္။ သူမ တစ္ေယာက္တည္းသာဆိုပါက သြားၾကည့္ခ်င္ ၾကည့္မည္၊ သို႔ေသာ္ သူမသည္ သူတုိ႔ႏွင့္ရွိေနသျဖင့္ မေသခ်ာေတာ့ေပ။
ဖက္တီးက်ဴႏွင့္ တျခားသူမ်ားလည္း ေတြေဝေနၾကသည္။ ကၽြမ္းက်င္သူ အမ်ားအျပားသြားၾကေသာ္လည္း တူညီစြာအဆံုးသတ္ခဲ့ၾကသည္။ သူတို႔ အင္အားသည္ မျမင့္ၾကေသာေၾကာင့္ သူတုိ႔လည္း ထိုနည္းအတုိင္း ပဲျဖစ္သြား မွာမဟုတ္ဘူးလား။
"ဒါက ဂိုဏ္းရဲ႕မစ္ရွင္လို႔ေျပာတယ္မလား၊ မလုပ္ရင္ဘာျဖစ္မွာလဲ" ယူရွီ ေမးလုိက္သည္။
"မလုပ္လည္း ဘာမွမျဖစ္ပါဘူး၊ ငါတို႔ဒုတိယမစ္ရွင္ကို လက္ေလ်ာ့ခဲ့ တယ္မလား" ဖက္တီးက်ဴ ေျပာလိုက္သည္။
"ဒုတိယမစ္ရွင္ကဘာလဲ" နီအန္းယီသည္ သူ႔စကားကိုနားေထာင္ျပီး ျပန္ေမးေလသည္။
"အဲဒါက..." ဖက္တီးက်ဴသည္ ေျပာမည္ျပဳျပီးမွ တစ္ဝက္တစ္ျပတ္ ရပ္လိုက္သည္။ သူသည္ နီအန္းယီကို သြားျဖဲျပလုိက္သည္။
"ဘာရယ္တာလဲ" နီအန္းယီ သူရယ္သည္ကို ေတြ႕ေသာအခါ ေဒါသထြက္ေလသည္။
"ဘာမွမဟုတ္ပါဘူး ဘာမွမဟုတ္ဘူး" ဖက္တီးက်ဴသည္ အရယ္ရပ္ သြားေသာ္လည္း မစ္ရွင္အေၾကာင္း ကိုမေျပာေပ။
"ဒုတိယမစ္ရွင္က ငါတို႔ကိုသတ္ဖို႔ျဖစ္ႏုိင္ေလာက္တယ္" ရွီခ်န္းျပံဳးလိုက္ သည္။
"ဟီးဟီး..." ဖက္တီးက်ဴသည္ ရွက္ရြံ႕စြာရယ္ျပီးေနာက္ သူ႔စကားမ်ားကို အတည္ျပဳလုိက္သည္။
"ငါ့တို႔ကိုသတ္ခ်င္တာလား" နီအန္းယီသည္ ဖက္တီးက်ဴ၏ ပခံုးကို ထိုးလိုက္သည္။ ဖက္တီးက်ဴအသား နာမသြားပဲ သူ႔လက္သာနာသြားသည္။ သူႏွစ္ၾကိမ္ေခါင္းရမ္းျပီးေနာက္ သက္သာသြားေလသည္ "ဘုရားေရ မင္းဘာ ေတြလုုပ္တာလဲ ဘာလို႔ဒီေလာက္မာရတာလဲ နာလိုက္တာ"
"ဖက္တီးက ခႏၶာကိုယ္လမ္းေၾကာင္းကို သန္႔စင္ေနတာ၊ သူ႔ကိုသြား ရိုက္ရင္ေတာ့ ကိုယ့္အနာကိုယ္ရွာ တာပဲ" ရီွမာယူယူသည္ သူ႔အားတံုး သည္ဟူေသာအၾကည့္ျဖင့္ ၾကည့္ေလသည္။
"အနီေရာင္ေတာင္ထိပ္ကအေျခအေနက မရွင္းလင္းဘူး၊ ဂိုဏ္းက မစ္ရွင္ျဖစ္တဲ့အတြက္ မင္းတို႔ လက္ေလ်ာ့လို႔ရတယ္" ရွီခ်န္းသည္ သူ႔အေတြး မ်ားကိုေျပာျပေလသည္။
"ငါလည္းအဲလိုေတြးတယ္၊ မသိႏုိင္တဲ့စြန္႔စားမႈက အႏၱရာယ္အမ်ားဆံုး ပဲ" ဖန္ဇီ သေဘာတူေလသည္ "အဲဒီက အေျခအေနကိုသိရရင္တစ္မ်ိဳး... သန္မာတဲ့ျပိဳင္ဘက္ရွိတယ္ဆိုရင္ေတာင္ ၾကိဳျပီးျပင္ဆင္လို႔ရတယ္၊ ဒါေပမဲ့ အေျခအေနက မရွင္းလင္းေတာ့ ျပႆနာမရွာတာအေကာင္းဆံုးပဲ"
ညီအစ္ကို၁၀ေယာက္ထဲမွ အဓိကလူ၂ေယာက္မွ ထိုသုိ႔ေျပာသျဖင့္ သူမ ရင္ထဲထိမိသည္။ သူမသည္ ရွီမာယူမင္အားၾကည့္ျပီး ေမးလိုက္သည္ "အစ္ကိုၾကီး ဘယ္လိုထင္လဲ"
"ၾကိဳးၾကာနီဘုရင္ အဲဒီကိုသြားခဲ့တာ လပိုင္းအနည္းငယ္ရွိေလာက္ ျပီထင္တယ္၊ ဒီလေတြအတြင္းကို အဲဒီမွာ ဘာေတြျဖစ္လဲဆိုတာ ငါတို႔မသိ ႏိုင္ဘူးေလ၊ အဲဒီကို သြားသြား မသြားသြား အဲနားကိုသြားျပီး အေျခအေနကို စံုစမ္းျပီးမွ ဆံုးျဖတ္ခ်က္ခ်တာေကာင္းမယ္" ရွီမာယူမင္ ေျပာေလသည္ "အရင္ကနဲ႔ မတူေတာ့တာလည္း ျဖစ္ႏုိင္ တယ္"
"ငါလည္း အစ္ကိုၾကီးနဲ႔ သေဘာထားတူတယ္" ရွီမာယူရန္ သေဘာတူ ေလသည္ "ငါတုိ႔ လက္ရွိ အေျခအေနကိုစံုစမ္းဖို႔သြားမယ္၊ သူေျပာသလို ရႈပ္ေထြးတယ္ဆိုရင္ေတာ့ မသြားလည္း ကိစၥမရွိဘူးေလ၊ အေျခအေန ေျပာင္း သြားတယ္ဆိုရင္ေတာ့ ငါတုိ႔သြားၾကည့္လုိ႔ရတယ္"
အားလံုးကိုယံုၾကည္ေသာ္လည္း သတိႏွင့္သြားရမည္။ သူတုိ႔ကိုယ္တုိင္ သြားျခင္းမွာ အေကာင္းဆံုးျဖစ္သည္။
"အဲဒါလည္းျဖစ္ႏုိင္တယ္" ရွီခ်န္း ေျပာလုိက္သည္ "ဒီထူးဆန္းတဲ့ လကၡဏာေတြက အနီေရာင္ေတာင္ ထိပ္မွာပဲေတြ႕ႏုိ္င္တာ၊ ငါတို႔ အနီေရာင္ ေတာင္ထိပ္ကိုမဝင္ႏုိင္ရင္ေတာင္ အနီးနားက သတင္းေတြနားေထာင္ တာ လည္း လံုျခံဳတာပဲ"
"ဒါဆို သြားၾကည့္ၾကတာေပါ့ ထူးဆန္းတာေတြၾကားလို႔ လက္ေလ်ာ့ တာေတာ့ ငါတို႔စတုိင္မဟုတ္ဘူး" ဝူရန္ေဖေျပာလုိက္သည္။
"ေကာင္းျပီ အနီေရာင္ေတာင္ထိပ္အနီးအနားကိုသြားၾကတာေပါ့" ရွီမာ ယူယူ ေျပာလုိက္သည္။
"ငါ ဒါမ်ိဳးတစ္ခါမွမျမင္ဖူးဘူး" ဒိုင္ယိ္သည္ စိတ္လႈပ္ရွားစြာေျပာ ေလသည္။
"သြားႏုိင္ပါ့မလား" ဖက္တီးက်ဴေမးလုိက္သည္ "ခင္ဗ်ားတို႔ လူၾကားထဲ သြားလိုက္တာနဲ႔ ေပါက္ၾကား သြားျပီး အတိုက္ခံရမွာမဟုတ္ဘူးလား"
"အဲဒါ ျဖစ္ႏုိ္င္ေခ်ရွိတယ္" ရွီမာယူလီ ေျပာလုိက္သည္။
"ငါတို႔မသြားရဘူးလား" ဒိုင္ယိသည္ အံ့ၾသစြာေမးေလသည္။
"ေနာက္ပိုင္းကိုလူေတြေရွ႕ထြက္မလာတာ ပိုေကာင္းမယ္" ရီွမာယူယူ ေျပာလိုက္သည္ "ခင္ဗ်ားတို႔ သတင္းရတာ လုဆယ္ျမိဳ႕ကိုလာတဲ့လူေတြ ခ်ည္းပဲဟုတ္မယ္မထင္ဘူး၊ ခင္ဗ်ားတို႔ လူျမင္ကြင္းကိုေရွာင္သင့္ တယ္"
"ဒါေပမဲ့ ငါတို႔က မင္းေနာက္လိုက္လာတာေလ" နီအန္းယီ ေျပာ လုိက္သည္။
ရွီမာယူယူ ေခါင္းရမ္းလုိက္သည္။ "အခုေတာ့ ခင္ဗ်ားတို႔လိုက္လို႔မရဘူး၊ ခင္ဗ်ားတို႔ကို လုပ္ေစခ်င္တာရွိတယ္၊ အဲဒါလုပ္ဖို႔အတြက္ ဒီကထြက္သြား ရမယ္"
သူမ လုပ္ခုိင္းမည့္အရာကိုခန္႔မွန္းမိသျဖင့္ ေခါင္းညိမ့္လိုက္ၾကသည္။ သူတို႔သည္ အနီေရာင္ေတာင္ထိပ္ သို႔သြားခ်င္ေသာ နီအန္းယီႏွင့္မတူေပ။
"ငါတို႔က အခု၂ရက္မွ လုဆယ္ျမိဳ႕ကေနထြက္လာတာ၊ ျပီးေတာ့ အဲလူေတြက အနီးအနားမွာ ရွာေနၾကမွာပဲ၊ ရက္နည္းနည္းေလာက္ ေစာင့္ျပီးမွ ခင္ဗ်ားတို႔သြားသင့္တယ္၊ အင္အားၾကီးတစ္ခုေထာင္ဖို႔အတြက္ လိုအပ္ တာေတြ ေဆြးေႏြးရဦးမယ္..."
Unicode
အပိုင်း (၇၄၅) – ထူးဆန်းသောအနီရောင်တောင်ထိပ်
အနီရောင်တောင်ထိပ်ဟု ကြိုးကြာနီဘုရင်ကြားသည်နှင့် မျက်နှာ အမူအရာပြောင်းသွားပြီး မသိမသာ တုန်ယင်နေသည်။
"သခင်လေးက အနီရောင်တောင်ထပ်ကိုသွားမလို့လား"
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။
အနီရောင်တောင်ထိပ်တွင်ဖြစ်ခဲ့သော ထူးဆန်းသော နောက်ဆုံး အဖြစ်အပျက်ကို စုံစမ်းရမည်မှာ ဒီတစ်ခေါက် သူတို့၏ နောက်ဆုံးမစ်ရှင် ဖြစ်သည်။
"သခင်လေး မသွားသင့်ဘူး" ကြိုးကြာနီဘုရင် ဟန့်တားလေသည်။
"ဘာလို့လဲ" ဖက်တီးကျူမေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ထူးဆန်းပြီး အန္တရာယ်များတယ်" ကြိုးကြာနီဘုရင် ပြန်ဖြေလိုက်သည်။
"အဲဒီမှာဘာတွေဖြစ်နေလဲဆိုတာ ငါတို့သွားကြည့်မလို့" ရှီမာယူယူ ပြောလိုက်သည် "ငါတို့မပြန်ခင် ထူးဆန်းတဲ့အဖြစ်အပျက်ကို စုံစမ်းရမှာ ငါတို့မစ်ရှင်ပဲ"
"ငြင်းလို့မရဘူးလား" ကြိုးကြာနီဘုရင်သည် ထိုသို့ပြောပြီးမှ ပြောရန် မသင့်တော်ဟု အမှတ်ရသွားသည်။ သူ ရှင်းပြလေသည် "အနီရောင် တောင်ထိပ်က ဒီကနေတော်တော်ဝေးတယ်၊ ကျွန်တော်တို့လည်း အရင်က မကြားဖူးဘူး၊ ဒါပေမဲ့ အဲတောင်ထိပ်ဘယ်နေရာရှိတယ်ဆိုတာ အလယ်ပိုင်း နယ်ပယ်တွေမှာ သိတဲ့လူမရှိလောက်ဘူး"
"အဲဒီမှာဘာတွေထူးဆန်းနေလဲဆိုတာ သိလား" ရှီမာယူယူသည် သိချင်စိတ်ဖြင့်မေးလိုက်သည်။
"ကျွန်တော်ကတော့ ကိုယ်တိုင်မျက်လုံးနဲ့မြင်ခဲ့ရတယ်" ကြိုးကြာ နီဘုရင် ပြန်ဖြေလေသည် "လွန်ခဲ့တဲ့ လပိုင်းလောက်က ကျွန်တော်အပြင်မှာ ခရီးလှည့်သွားနေတုန်းက အနီရောင်တောင်ထိပ်နားက တောင်ကို ရောက်သွားတယ်၊ အနီရောင်တောင်ထိပ်မှာ ထူးဆန်းတာတွေဖြစ်နေလို့ စုံစမ်းဖို့သွားမယ်လို့ လူတစ်စုပြောတာ ကိုကြားခဲ့ရတယ်၊ နောက်လတစ်ဝက် ကြာတော့ လူတစ်ယောက်ပဲပြန်လာနိုင်တယ်၊ အဲလူကလည်း သွေးတွေ ချည်းပဲ မျက်လုံးတွေလည်းယောင်ကိုင်းနေတာ၊ ပြီးတော့ သူနဲ့ပါသွား တဲ့လူတွေကိုမေးကြည့်တော့ အကုန်သေကုန်ပြီတဲ့ အသတ်ခံလိုက်ရတယ် တဲ့၊ အဲလူလည်း ရူးသွားတယ်"
"အဲလောက်ထူးဆန်းတာလား၊ သူနဲ့ သူ့လူတွေ တခြားဟာကိုများတွေ့ ခဲ့တာလား" ဝေကျိရွှီ မေးလိုက် သည်။
"အဲအဖွဲ့တင်မဟုတ်သေးဘူး" ကြိုးကြာနီဘုရင် ပြန်ဖြေလေသည် "အဲတုန်းက ကျွန်တော်လည်း ခင်ဗျား လိုတွေးတာပဲ သူတို့ရန်သူနဲ့တွေ့တာ လားပေါ့၊ ဘာလို့လဲဆိုတော့ သူ့လူတွေသေပြီးတော့ သူပြန်လာတဲ့အချိန် မှာ ဘဝမဲ့သွားတယ်လေ၊ ဒါပေမဲ့ ကျွန်တော့်ဘေးက စားပွဲထိုးက သက်ပြင်းချပြီး နောက်ထပ် အယုံအကြည်မရှိ တဲ့လူတစ်ဖွဲ့ပါလားလို့ ပြောခဲ့တယ်၊ အဲဒါနဲ့ ကျွန်တော်စားပွဲထိုးကိုမေးကြည့်ခဲ့တယ်၊ သူပြောတာက အဲဒါက ပထမဆုံး သွားခဲ့တဲ့အဖွဲ့မဟုတ်ဘူးတဲ့ သိပ်မကြာခင်က တော်တော်များများသွားခဲ့ ကြတယ်တဲ့ တချို့ကသွားပြီး ရူးပြီးပြန်လာကြတယ်၊ ဒါပေမဲ့ တချို့ကတော့ သွားပြီး ပြန်မလာနိုင်ကြဘူး"
ရှီမာယူယူ ပင့်သက်ရှိုက်မိသည်။
"အဲဒါတကယ်လား ခရီးသွားလိုက်တာနဲ့ အရူးဖြစ်သွားတယ်၊ အဲလောက်ထူးဆန်းတယ်" ဖက်တီးကျူ အံ့အားသင့်စွာပြောလေသည်။
"အဲဒါပဲမလား" ကြိုးကြာနီဘုရင် အတည်ပြုလေသည် "အဲသွားတဲ့လူ တွေက အားအင်ကိုဂရုမစိုက်ရင် အဲလိုဖြစ်သွားကြတာချည်းပဲ၊ အဲဒါကြောင့် သခင်လေးက သန်မာတယ်ဆိုတာ သိပေမယ့် မသွားဖို့ ကျွန်တော် ပြောတာ"
ကြိုးကြာနီဘုရင် ပြောစကားများကိုနားထောင်ပြီးနောက်တွင် အားလုံး သည် ငြိမ်ကျသွားကြသည်။
"ယူယူ ဘယ်လိုထင်လဲ" ရှီမာယူလင်း မေးလိုက်သည်။
"ဒီအခြေအနေက ငါတို့ထင်ထားတာထက် ပိုဆိုးနေတယ်" ရှီမာယူယူ သည်လည်း သွားသင့်မသွားသင့် မသေချာတော့ပေ။ သူမသည် ခေတ္တမျှ တွေဝေနေသည်။ သူမ တစ်ယောက်တည်းသာဆိုပါက သွားကြည့်ချင် ကြည့်မည်၊ သို့သော် သူမသည် သူတို့နှင့်ရှိနေသဖြင့် မသေချာတော့ပေ။
ဖက်တီးကျူနှင့် တခြားသူများလည်း တွေဝေနေကြသည်။ ကျွမ်းကျင်သူ အများအပြားသွားကြသော်လည်း တူညီစွာအဆုံးသတ်ခဲ့ကြသည်။ သူတို့ အင်အားသည် မမြင့်ကြသောကြောင့် သူတို့လည်း ထိုနည်းအတိုင်း ပဲဖြစ်သွား မှာမဟုတ်ဘူးလား။
"ဒါက ဂိုဏ်းရဲ့မစ်ရှင်လို့ပြောတယ်မလား၊ မလုပ်ရင်ဘာဖြစ်မှာလဲ" ယူရှီ မေးလိုက်သည်။
"မလုပ်လည်း ဘာမှမဖြစ်ပါဘူး၊ ငါတို့ဒုတိယမစ်ရှင်ကို လက်လျော့ခဲ့ တယ်မလား" ဖက်တီးကျူ ပြောလိုက်သည်။
"ဒုတိယမစ်ရှင်ကဘာလဲ" နီအန်းယီသည် သူ့စကားကိုနားထောင်ပြီး ပြန်မေးလေသည်။
"အဲဒါက..." ဖက်တီးကျူသည် ပြောမည်ပြုပြီးမှ တစ်ဝက်တစ်ပြတ် ရပ်လိုက်သည်။ သူသည် နီအန်းယီကို သွားဖြဲပြလိုက်သည်။
"ဘာရယ်တာလဲ" နီအန်းယီ သူရယ်သည်ကို တွေ့သောအခါ ဒေါသထွက်လေသည်။
"ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ဘူး" ဖက်တီးကျူသည် အရယ်ရပ် သွားသော်လည်း မစ်ရှင်အကြောင်း ကိုမပြောပေ။
"ဒုတိယမစ်ရှင်က ငါတို့ကိုသတ်ဖို့ဖြစ်နိုင်လောက်တယ်" ရှီချန်းပြုံးလိုက် သည်။
"ဟီးဟီး..." ဖက်တီးကျူသည် ရှက်ရွံ့စွာရယ်ပြီးနောက် သူ့စကားများကို အတည်ပြုလိုက်သည်။
"ငါ့တို့ကိုသတ်ချင်တာလား" နီအန်းယီသည် ဖက်တီးကျူ၏ ပခုံးကို ထိုးလိုက်သည်။ ဖက်တီးကျူအသား နာမသွားပဲ သူ့လက်သာနာသွားသည်။ သူနှစ်ကြိမ်ခေါင်းရမ်းပြီးနောက် သက်သာသွားလေသည် "ဘုရားရေ မင်းဘာ တွေလုပ်တာလဲ ဘာလို့ဒီလောက်မာရတာလဲ နာလိုက်တာ"
"ဖက်တီးက ခန္ဓာကိုယ်လမ်းကြောင်းကို သန့်စင်နေတာ၊ သူ့ကိုသွား ရိုက်ရင်တော့ ကိုယ့်အနာကိုယ်ရှာ တာပဲ" ရှီမာယူယူသည် သူ့အားတုံး သည်ဟူသောအကြည့်ဖြင့် ကြည့်လေသည်။
"အနီရောင်တောင်ထိပ်ကအခြေအနေက မရှင်းလင်းဘူး၊ ဂိုဏ်းက မစ်ရှင်ဖြစ်တဲ့အတွက် မင်းတို့ လက်လျော့လို့ရတယ်" ရှီချန်းသည် သူ့အတွေး များကိုပြောပြလေသည်။
"ငါလည်းအဲလိုတွေးတယ်၊ မသိနိုင်တဲ့စွန့်စားမှုက အန္တရာယ်အများဆုံး ပဲ" ဖန်ဇီ သဘောတူလေသည် "အဲဒီက အခြေအနေကိုသိရရင်တစ်မျိုး... သန်မာတဲ့ပြိုင်ဘက်ရှိတယ်ဆိုရင်တောင် ကြိုပြီးပြင်ဆင်လို့ရတယ်၊ ဒါပေမဲ့ အခြေအနေက မရှင်းလင်းတော့ ပြဿနာမရှာတာအကောင်းဆုံးပဲ"
ညီအစ်ကို၁၀ယောက်ထဲမှ အဓိကလူ၂ယောက်မှ ထိုသို့ပြောသဖြင့် သူမ ရင်ထဲထိမိသည်။ သူမသည် ရှီမာယူမင်အားကြည့်ပြီး မေးလိုက်သည် "အစ်ကိုကြီး ဘယ်လိုထင်လဲ"
"ကြိုးကြာနီဘုရင် အဲဒီကိုသွားခဲ့တာ လပိုင်းအနည်းငယ်ရှိလောက် ပြီထင်တယ်၊ ဒီလတွေအတွင်းကို အဲဒီမှာ ဘာတွေဖြစ်လဲဆိုတာ ငါတို့မသိ နိုင်ဘူးလေ၊ အဲဒီကို သွားသွား မသွားသွား အဲနားကိုသွားပြီး အခြေအနေကို စုံစမ်းပြီးမှ ဆုံးဖြတ်ချက်ချတာကောင်းမယ်" ရှီမာယူမင် ပြောလေသည် "အရင်ကနဲ့ မတူတော့တာလည်း ဖြစ်နိုင် တယ်"
"ငါလည်း အစ်ကိုကြီးနဲ့ သဘောထားတူတယ်" ရှီမာယူရန် သဘောတူ လေသည် "ငါတို့ လက်ရှိ အခြေအနေကိုစုံစမ်းဖို့သွားမယ်၊ သူပြောသလို ရှုပ်ထွေးတယ်ဆိုရင်တော့ မသွားလည်း ကိစ္စမရှိဘူးလေ၊ အခြေအနေ ပြောင်း သွားတယ်ဆိုရင်တော့ ငါတို့သွားကြည့်လို့ရတယ်"
အားလုံးကိုယုံကြည်သော်လည်း သတိနှင့်သွားရမည်။ သူတို့ကိုယ်တိုင် သွားခြင်းမှာ အကောင်းဆုံးဖြစ်သည်။
"အဲဒါလည်းဖြစ်နိုင်တယ်" ရှီချန်း ပြောလိုက်သည် "ဒီထူးဆန်းတဲ့ လက္ခဏာတွေက အနီရောင်တောင် ထိပ်မှာပဲတွေ့နိုင်တာ၊ ငါတို့ အနီရောင် တောင်ထိပ်ကိုမဝင်နိုင်ရင်တောင် အနီးနားက သတင်းတွေနားထောင် တာ လည်း လုံခြုံတာပဲ"
"ဒါဆို သွားကြည့်ကြတာပေါ့ ထူးဆန်းတာတွေကြားလို့ လက်လျော့ တာတော့ ငါတို့စတိုင်မဟုတ်ဘူး" ဝူရန်ဖေပြောလိုက်သည်။
"ကောင်းပြီ အနီရောင်တောင်ထိပ်အနီးအနားကိုသွားကြတာပေါ့" ရှီမာ ယူယူ ပြောလိုက်သည်။
"ငါ ဒါမျိုးတစ်ခါမှမမြင်ဖူးဘူး" ဒိုင်ယိသည် စိတ်လှုပ်ရှားစွာပြော လေသည်။
"သွားနိုင်ပါ့မလား" ဖက်တီးကျူမေးလိုက်သည် "ခင်ဗျားတို့ လူကြားထဲ သွားလိုက်တာနဲ့ ပေါက်ကြား သွားပြီး အတိုက်ခံရမှာမဟုတ်ဘူးလား"
"အဲဒါ ဖြစ်နိုင်ချေရှိတယ်" ရှီမာယူလီ ပြောလိုက်သည်။
"ငါတို့မသွားရဘူးလား" ဒိုင်ယိသည် အံ့သြစွာမေးလေသည်။
"နောက်ပိုင်းကိုလူတွေရှေ့ထွက်မလာတာ ပိုကောင်းမယ်" ရှီမာယူယူ ပြောလိုက်သည် "ခင်ဗျားတို့ သတင်းရတာ လုဆယ်မြို့ကိုလာတဲ့လူတွေ ချည်းပဲဟုတ်မယ်မထင်ဘူး၊ ခင်ဗျားတို့ လူမြင်ကွင်းကိုရှောင်သင့် တယ်"
"ဒါပေမဲ့ ငါတို့က မင်းနောက်လိုက်လာတာလေ" နီအန်းယီ ပြော လိုက်သည်။
ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။ "အခုတော့ ခင်ဗျားတို့လိုက်လို့မရဘူး၊ ခင်ဗျားတို့ကို လုပ်စေချင်တာရှိတယ်၊ အဲဒါလုပ်ဖို့အတွက် ဒီကထွက်သွား ရမယ်"
သူမ လုပ်ခိုင်းမည့်အရာကိုခန့်မှန်းမိသဖြင့် ခေါင်းညိမ့်လိုက်ကြသည်။ သူတို့သည် အနီရောင်တောင်ထိပ် သို့သွားချင်သော နီအန်းယီနှင့်မတူပေ။
"ငါတို့က အခု၂ရက်မှ လုဆယ်မြို့ကနေထွက်လာတာ၊ ပြီးတော့ အဲလူတွေက အနီးအနားမှာ ရှာနေကြမှာပဲ၊ ရက်နည်းနည်းလောက် စောင့်ပြီးမှ ခင်ဗျားတို့သွားသင့်တယ်၊ အင်အားကြီးတစ်ခုထောင်ဖို့အတွက် လိုအပ် တာတွေ ဆွေးနွေးရဦးမယ်..."