Perfect destiny Arc4 မြန်မာဘာ...
By RedBlood481
166K 22.2K 684
♥Complete♥ system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေ... More
Synopsis
Arc ရှင်းတမ်း(Arc ရွင္းတမ္း)
Please Read🙏🙏
1.1(ငါကလေးတစ်ယောက် ဖြစ်လာတယ်)
1.2
1.3
2.1(ဘေဘီကောရဲ့ နှလုံးရောဂါက ဒါနဲ့မသက်ဆိုင်ဘူး)
2.2
2.3
3.1(အိုက်ယား အရမ်းလှုံ့ဆော်နေတယ်)
3.2
3.3
4.1(အိမ်နီးချင်းရဲ့ကလေး)
4.2
4.3
5.1(သွေးသားမတော်စပ်ဘူး)
5.2
5.3
6.1(ဒါက ဝမ်းနည်းစရာ ဇာတ်လမ်းလေးပဲ)
6.2
6.3
7.1(ဆိုးဝါးလိုက်တဲ့ဘဝ)
7.2
7.3
8.1(ငါကလေးတစ်ယောက် မဖြစ်ချင်တော့ဘူး)
8.2
9.1(ရီမုတ်ကွန်ထရိုနဲ့ အရုပ်ကားလေး)
9.2
9.3
10.1(0.0)
10.2
10.3
11.1(အချိန်ဖြုန်းခဲ့တဲ့နောက်တစ်နေ့)
11.2
11.3
11.4
Let's speak
12.1(final)
12.2(final)
12.3(final)
8.3
3.8K 562 24
By RedBlood481
(Unicode)
ချန်လီကောက Zကောလိပ်ကို ဝင်ခွင့်ဖောင်မဖြည့်ခင် မတော်တဆ တစ်ခုဖြစ်လာတယ်။
အဲဒါက သူ့ဆီမှာ မဟုတ်ဘူး၊လုမိန်ချင်းဆီမှာသာဖြစ်တယ်။
မူလဇာတ်ကြောင်းက အရာတွေက မပြောင်းလဲသွားဘဲ လုမိန်ချင်းရဲ့မိသားစုဟာ အကြွေးပုံထဲနစ်ပြီး လုပ်ငန်းတွေယိုင်နဲ့လာတယ်။ နောက်ဆုံးသူတို့လုပ်နိုင်တာက အိမ်နဲ့ကားကိုရောင်းပြီး
မြို့က ထွက်ပြေးဖို့ဖြစ်လာတယ်။
ချန်လီကောက ဒါကိုကြားတော့ လန့်ပြီးမေးလာတယ်။
"ငါ့အဖေကို ကူညီဖို့ပြောလိုက်ရမလား"
လုမိန်ချင်းက ရှုိက်သံနဲ့ပြောလာတယ်။
"ငါ ငါမသိဘူး"
ချန်လီကောက ခဏတွေးလိုက်ပြီး ပြောလိုက်တယ်။
"ငါငါ့အဖေကို ပြောပေးမယ်"
လုမိန်ချင်း-ကျေးဇူးတင်ပါတယ်
ချန်လီကောက ဖုန်းချပြီးတာနဲ့ စာကြည့်ခန်းတံခါးကို သွားခေါက်လိုက်တယ်။
လုကျစ်ရန်-အထဲဝင်ခဲ့
"ဘာဖြစ်လို့လဲ"
"အဖေ ကျွန်တော် မိန်ချင်းရဲ့မိသားစုအကြောင်း
မေးချင်လို့"
"အိုး သူတို့မိသားစုလား............ကြည့်ရတာ........
သူမင်းနဲ့ Zကောလိပ်ကို မတက်နိုင်တော့ဘူးထင်တယ်"
ချန်လီကောက ယုံကြည်ချက်တွေ ပျောက်ဆုံးလာသလိုခံစားလာရတယ်။
"အဖေ မင်း မိန်ချင်းတို့ မိသားစုကို ကူညီပေးနိုင်မလား"
လုကျစ်ရန်က ဘောပင်ကိုချလိုက်ပြီး မေးလာတယ်။
"မင်းက သူမကို ကူညီစေ့ချင်တာလား"
ချန်လီကောက ခေါင်းညိမ့်ပြလိုက်တယ်။
လုကျစ်ရန်က ပြုံးပြီး ပြောလိုက်တယ်။
"ဒါပေမဲ့ ငါက ဘာလို့ သူ့ကိုကူညီရမှာလဲ"
"အဖေ"
လုကျစ်ရန်က သူ့ခုံကနေ ထလိုက်ပြီး ချန်လီကောဆီ လမ်းလျှောက်လာတယ် ထို့နောက်
အပေါ်စီးကနေ ပြောလိုက်တယ်။
"သူက ငါ့သမီးလည်း မဟုတ်"
ချန်လီကောက အရပ် ၁.၇၂မီတာ ရှည်ပေမယ့်
၁.၈မီတာ ရှည်တဲ့လုကျစ်ရန်ထက်တော့ နည်းနည်း ပုနေသေးတယ်။ဒီပုံစံက သူ့ကို နေရခက်စေပြီးတော့ သူ့နှုတ်ခမ်းတွေ ဖြူဖျော့လာစေတယ်။
ပြီးတော့ တိုးတိတ်စွာပြောလာတယ်။
"အဖေ ကျေးဇူးပြုပြီး သူ့ကိုကူညီပေးပါ"
"ကောင်းပြီလေ"
"တကယ်လား"
"ဒါပေမဲ့ မင်းZကောလိပ်ကို မတက်ရဘူး"
ချန်လီကော-(ဒါက ထောင်ချောက်ပဲ၊ထောင်ချောက်ပဲဟေ့။ဒီကမ္ဘာကလူတွေက အတွင်းပုတ်ရတာ ခရေဇီဖြစ်နေတာလားဟေ့)
လုကျစ်ရန်က မေးလာတယ်။
"ဘယ်လိုလဲ"
"အဖေ ဘာလို့လဲ"
လုကျစ်ရန်က သူ့ခေါင်းကို ဖွဖွလေး ပွတ်ပေးလိုက်ပြီး နူးညံ့စွာ ပြောလာတယ်။
"ဘာလို့လဲဆိုတော့ အဖေက မင်းကို စိုးရိမ်လို့လေ"
ချန်လီကော-(ငါဂေးတစ်ယောက်ဖြစ်လာမှာကို
ငါ့အဖေဟောင်းကြီးက အင်တိုက်အားတိုက်
တားနေတာပဲ)
ချန်လီကော နှလုံးသားလေး ကျကွဲသွားတယ်။
သေချာတယ် လုကျစ်ရန်က system လွှတ်လိုက်တဲ့ အထူးအေးဂျင့်ပဲဆိုတာ။မိုးနတ်မင်းကြီးရယ်
ဘာလို့များ သူ့ကိုလှည့်စားရတာပါလဲ ကတုံးပြောင်အောင်ထိ စာကြိုးစားခဲ့ရတာတွေက သဲထဲရေသွန်ဖြစ်သွားခဲ့ပြီ။သူ့ဘဝတစ်လျှောက်လုံး spongebob ကြည့်ပြီး ကြီးပျင်းရတော့မှာပဲ။
သို့သော်လည်း သူကခေါင်းညိမ့်ခဲ့တယ်။
"ကောင်းပါပြီ"
လုကျစ်ရန်-လိမ်မာလိုက်တာ
ချန်လီကောက ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာခဲ့တယ်။တာ့တာ ငါ့ရဲ့ ငယ်ရွယ်မှုလေး။
လုကျစ်ရန်က သူငိုလိမ့်မယ်လို့မထင်ခဲ့ဘူး။
သူက အံ့သြသွားပြီး ပြောလာတယ်။
"မင်းက အရွယ်ရောက်နေပြီ၊ ဘာလို့​ကလေးလို
ငိုရတာလဲ"
ချန်လီကောက စကားမပြောတော့ဘဲ ပြန်လှည့်ထွက်လာတော့ လုကျစ်ရန်က နောက်ဘက်ကနေ ဖက်လိုက်တယ်။
"မငိုပါနဲ့ မင်းငိုနေတာမြင်ရင် အဖေ့နှလုံးသားတွေနာကျင်ရတယ်"
ချန်လီကောက ဆက်ငိုနေခဲ့တယ်။
လုကျစ်ရန်ကသူ့ခေါင်းကိုဖွဖွလေးပွတ်ပေးလိုက်ပြီးနူးညံ့စွာ ပြောလိုက်တယ်။
"မင်းရဲ့ ကျန်းမာရေးက မကောင်းတော့ ငါနဲ့ဝေးရာအရပ်မှာ မင်းကိုမထားနိုင်လို့ပါ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ"
ချန်လီကောက သူ့ဘက်ပြန်လှည့်လိုက်ပြီး
သူ့ရင်ခွင်ထဲမှာငိုလိုက်တယ်။သူ့အင်္ကျီတွေစွန်းနေအောင်ငိုလိုက်ပြီးနောက် အိပ်ပျော်သွားတယ်။
လုကျစ်ရန်က သူ့ကိုနှိုးလိုက်ပြီး ပြောလာတယ်။
"မအိပ်တော့နဲ့၊မင်းတစ်နေ့လုံးအိပ်နေတာ၊နွေရာသီအားလပ်ရက် မင်းဘယ်သွားချင်လဲ
စဥ်းစားထား"
လုကျစ်ရန်က ကတိတည်ခဲ့တယ်၊သူလုမိန်ချင်းတို့မိသားစုကိုကူညီပေးခဲ့တယ်။
၃ရက်ကြာတော့ လုမိန်ချင်းက ချန်လီကောကို ဖုန်းခေါ်လာပြီး ကျေးဇူးတင်စကားဆိုခဲ့တယ်။
ချန်လီကောက ရယ်လိုက်ပြီး ပြောလိုက်တယ်။
"နင်တို့မိသားစုအဆင်ပြေရင် ပြီးတာပါပဲ"
လုမိန်ချင်းက ယွမ်အန်းကော ပြန်လာတော့မဲ့အကြောင်းနဲ့ ယွမ်အန်းကောကို သူနဲ့အတူလိုက်ကြိုစေချင်ကြောင်း ပြောလာတယ်။
"နင်တို့နှစ်ယောက်တွေ့ဖို့မလွယ်တာ နင်ပဲသွားကြိုလိုက်ပါ။ငါနင်တို့ကြား တတိယဘီးမဖြစ်ချင်ပါဘူး နင်တို့ငါ့ကိုdinnerကြမှ ဖိတ်ချင်ဖိတ်ပေါ့"
လုမိန်ချင်းက ကောင်းပြီလို့ ပြောရင်း ဖုန်းချလိုက်တယ်။
ဖုန်းခေါ်ပြီးတဲ့နောက် ချန်လီကောက အိပ်ရာထဲလှဲခဲ့တယ်။လုကျစ်ရန် ဘာကောလိပ်ဖောင်ဖြည့်လဲလဲ သူမသိချင်တော့ဘူး။
ချန်လီကော-"လုကျစ်ရန်၊systemရဲ့ ဘက်တော်သား၊အကျင့်မကောင်းတဲ့ လူကြီး"
system-မင်းသိသွားတော့ ကောင်းတာပေါ့
ချန်လီကော-ငါဘဝသစ်စမယ်လို့ ဆုံးဖြတ်လိုက်ပြီ
system-ဘယ်လိုလဲ
ချန်လီကော-သူငါ့ကို ယောက်ျားလေးချစ်သူမရှာခိုင်းမှတော့ မိန်းကလေးချစ်သူရှာရမှာပေါ့။
system-(ပြည့်စုံလိုက်တာ ဒီလောက်ပြည့်စုံတဲ့အဖြေ မမြင်ဘူးသေးဘူး)
စာရေးသူမှာ ပြောစရာရှိပါတယ်..................
ကားအမြန်မောင်းရင် ဒီဒရိုင်ဘာကြီး မတော်တဆမှုဖြစ်ပါလိမ့်မယ်။အပြင်ထွက်ဖို့၊အသားစားဖို့နဲ့ အဆင့်မြင့်ဖို့လိုအပ်ပါသေးတယ်။
မင်းတို့ ဒီဒရိုင်ဘာကြီးကို သေအောင်တွန်းပို့နေကြတာလား??????
Note-ညနေခင်းအပြေးလေ့ကျင့်တာ တိုင်နဲ့ခေါင်းနဲ့ဆောင့်မိရာကနေ လက်ယားသွားတယ်ထင်တယ်😆
***************************************
(Zawgyi)
လုမိန်ချင်းက ရှိုကျသံနဲ့ပွောလာတယျ။
"ငါ ငါမသိဘူး"
လုကျစ်ရန်-အထဲဝင်ခဲ့
"ဘာဖြစ်လို့လဲ"
မေးချင်လို့"
"အဖေ"
"သူက ငါ့သမီးလည်း မဟုတ်"
"ကောင်းပြီလေ"
"တကယ်လား"
လုကျစ်ရန်က မေးလာတယ်။
"ဘယ်လိုလဲ"
"အဖေ ဘာလို့လဲ"
တားနေတာပဲ)
"ကောင်းပါပြီ"
ငိုရတာလဲ"
"မအိပ်တော့နဲ့၊မင်းတစ်နေ့လုံးအိပ်နေတာ၊နွရောသီအားလပ်ရက် မင်းဘယ်သွားချင်လဲ
စဉ်းစားထား"
system-ဘယ်လိုလဲ
***************************************
Continue Reading
You'll Also Like
76K 6.6K 199
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
544K 74.6K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
63.7K 5.7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး