(Unicode)
ချန်လီကော-ငါမယုံဘူး၊သူငါ့ကိုချစ်နေသေးတယ်၊ဟိုမိန်းမဆွဲဆောင်ခံနေရတာပါ သူက
system-"......"
ချန်လီကော-"မိုးနတ်မင်းကြီးရေ ဘာလို့များ ကျွန်တော့်ကို ကလေးတစ်ယောက်ဖြစ်စေရတာလဲ
system -"....."
ချန်လီကော-ဒီနေ့ည ညစာက ဘာလဲ???
system-(ဒီအရူး ခေါင်းစဉ်က ပြောင်းလွယ်တာပဲ)
အပေါ်က စကားတွေဟာ ချန်လီကော အိမ်ကနေကျောင်းကိုပြန်ရင် system နဲ့ပြောနေကြစကားတွေပါ။ဒီလူက အရမ်းကို ပျင်းနေပြီ။ သူပျင်းလာတဲ့အချိန်မှာ တစ်ခုခုဖြစ်လာတော့မလိုပဲ။မင်းက
နေ့တိုင်းအလုပ်လုပ်လိုက်အိပ်လိုက်နဲ့ ဆောင်းဦးသို့မဟုတ်နွေဦးကိုတောင် ခံစားမှုမရှိတော့သလိုပဲ။
တစ်နေ့ ချန်လီကော အိမ်ပြန်တဲ့လမ်းပေါ်မှာ သူ့ဖုန်းက မြည်လာခဲ့တယ်။သူက ထုတ်ပြီး ကြည့်လိုက်တော့ ထုံးစံအတိုင်း ချန်းကျွင်းဖြစ်နေခဲ့တယ်။သူပဲ သူ့ကို ခဏခဏခေါ်မယ့်သူလေ။
သူက ဖုန်းကိုင်လိုက်ပြီး
"ဟယ်လို"လို့ ပြောလိုက်တယ်။
"အပြင်ခဏထွက်ခဲ့ဦး"
သူနဲ့ချန်းကျွင်းနဲ့ခင်တာ အခုဆို နှစ်ဝက်တောင်ရှိပြီ။ဒီအတောအတွင်းမှာ သူချန်းကျွင်းနဲ့ ဘာမှမဖြစ်သေးဘူး။ ဒါက ချန်လီကောလိုလူကို
သံသယဝင်လာစေတယ် သူ့ကိုချန်းကျွင်းက
တကယ်စိတ်မဝင်စားဘဲ သူကပဲအတွေးများနေလားဆိုတာ။
"ဒီနေ့လား မလာတော့ဘူး"
ချန်လီကောက တွေးနေတာ ရပ်ပြီး ပြောလိုက်တယ်။
"ဘာလို့လဲ"
"အင်း...........ဘာလို့လဲဆိုတော့"
ရုတ်တရက် သူ့ပုခုံးပေါ် တစ်ယောက်ယောက်က
လက်တင်လာခဲ့တယ်။
"မင်းအခုထိ ခွင့်ပြုချက်မရသေးလို့လား"
ချန်လီကော-"ရပါတယ်"
ချန်းကျွင်းထင်ခဲ့တာက ချန်လီကောက သူ့ကို
ရုတ်တရက်တွေ့လိုက်ရင် လိပ်ပြာမလုံသလို
ခံစားရလိမ့်မယ်လို့ ဒါပေမဲ့ ချန်လီကောက
သူထင်သလိုမဟုတ်ဘဲ တည်ငြိမ်နေတယ်။
ချန်းကျွင်း-"ခွင့်ပြုချက် ရပြီလား"
ချန်လီကော-မင်းအဆင်မပြေလို့လား
ချန်းကျွင်းက သူ့စကားကို လျစ်လျူရှုလိုက်ပြီး
ရယ်လိုက်တယ်။
"လာပါ၊ငါမင်းကို စိတ်ဝင်စားစရာနေရာကိုခေါ်သွားမယ်"
ချန်းကျွင်းက ချန်လီကောကို မြို့ထဲမှာ ရှိတဲ့
စိတ်ဝင်စားစရာနေရာအကုန်ကို ခေါ်သွားခဲ့ပြီးပြီ။အချိန်ကန့်သတ်ချက်သာမရှိရင် နိုင်ငံခြားပါ
ခေါ်သွားလောက်ပြီ။
ဒီနေ့ ချန်းကျွင်းက ချန်လီကောကို ဘားတစ်ခုကို
ခေါ်သွားတယ်။
အထဲကိုဝင်လိုက်တဲ့အချိန်မှာ ဂေးဘားမှန်းသူတန်းသိတယ်။သို့ပေမဲ့ သူသိပ်နားမလည်ဘဲ
အကုန်လုံးကလည်း သူတို့ကို စူးစမ်းသလို
ကြည့်နေကြတယ်။
ချန်းကျွင်းက ချန်လီကောကို သူဘာသောက်ချင်လဲမေးခဲ့တယ်။
ချန်လီကောက အရက်မပါတဲ့ တစ်ခုခု လို့ပြောလိုက်တယ်။
ချန်းကျွင်းက ခေါင်းညိမ့်ပြီး အလွန့်ကိုထူးဆန်းတဲ့ နာမည်ရှိတဲ့ သောက်စရာတစ်ခုကိုမှာလိုက်တယ်။အဲဒါနာမည်က "အဖြူနဲ့အမည်း"တဲ့။
သောက်စရာက ရောက်လာတော့ သူ့နာမည်အတိုင်းပဲ၊ဘယ်ဘက်မှာ အမည်းရောင်နဲ့ညာဘက်မှာအဖြူရောင်တွေ ရစ်ဝဲနေတယ်။
ချန်လီကောက တစ်ငုံသောက်လိုက်ရင်း
ပြောလိုက်တယ်။
"ဒီထဲမှာ ဝိုင်တွေပါသေးလား"
"အများကြီးတော့ မပါဘူး"
သူက ချန်းကျွင်းစကားကို မယုံတော့ တစ်ငုံပဲသောက်လိုက်ပြီး အသီးတွေပဲစားနေလိုက်တယ်။
ဒီဘားက အသီးတွေက အရသာအတော်ရှိတယ်။အထူးစိုက်ပျိုးထားတာဖြစ်ပြီး ပါးစပ်ပေါ်တင်လိုက်တာနဲ့စွဲသွားသလိုပဲ။ချန်လီကောက စားကောင်းကောင်းနဲ့ ပန်းကန်တစ်ဝက်လောက်
စားလိုက်တယ်။
ချန်လီကော မသောက်တာကို သူကဖိအားမပေးတော့ဘဲ ချန်လီကောနဲ့ပဲ စကားဆက်ပြောနေလိုက်တယ်။
၈နာရီထိုးလောက်မှာ ဘားရဲ့ ဖျော်ဖြေမှုတွေ
စတင်လာတယ်။
အလင်းရောင်က မှိန်သွားပြီး ပျင်းရိစရာသီချင်းက စတင်ထွက်လာတယ်။
ချန်းကျွင်းက ရယ်လိုက်ပြီး မေးလိုက်တယ်။
"မင်းဘာသီချင်း နားထောင်ချင်လဲ ငါမင်းအတွက်ဆိုပေးမယ်လေ"
"ဘာပဲဖြစ်ဖြစ် ရတယ်"
ချန်းကျွင်းက ချက်ချင်းပဲ စင်ပေါ်တက်ပြီး မိုက်ကိုကိုင်လိုက်တယ်။
ချန်းကျွင်းက သီချင်းစဆိုလိုက်တော့ ချန်လီကောက အံ့သြသွားတယ်။သူဆိုတဲ့သီချင်းဟာ
အသံနိမ့်ပြီး ခေတ်ဟောင်းသီချင်းဖြစ်ပေမယ့်
အခုဘားထဲက အခြေအနေနဲ့ အလွန်ကိုက်တယ်။
ချန်လီကောက ဘေးဘီကြည့်လိုက်တော့
ယောက်ျားနှစ်ယောက်ဟာ ပွေ့ဖက်ပြီး နမ်းရှိုက်နေကြတယ်။ရုတ်တရက် သူ့ခေါင်းက ထိုးကိုက်လာတယ်။
ပထမတော့ အထဲက လေထုကြောင့်လို့ထင်ခဲ့ပေမယ့် တဖြည်းဖြည်း သိလာတာက သူ့ခန္ဓာကိုယ် တစ်နေရာရာက မူမမှန်တော့ဘူးဆိုတာပဲ။
ချန်ကျွင်းက သီချင်းဆိုပြီး ဆင်းလာတော့
ချန်လီကောကို ထိန်းကိုင်လိုက်တယ်။
"ငါအရက်ထဲဆေးခပ်မယ်လို့များ မင်းထင်နေတာလား"
ချန်လီကောက စတင်ပြီး နှစ်ထပ်တွေမြင်လာတယ်။
ချန်းကျွင်းက ပြုံးပြီး ရှေ့က ပန်းကန်ထဲက သစ်သီးတွေကို တူနဲ့ညှပ်ယူပြလိုက်တယ်။
"ဒီပန်းကန်ထဲက သစ်သီးတွေက ဒီဘားရဲ့
စပါယ်ရှယ်မီနူးပဲ သူတို့က ဝိုင်နဲ့စိမ်ထားတာ
ငါ့အရက်ခံနိုင်စွမ်းနဲ့ဆိုရင်မှ တစ်ခုတောင်
မကုန်ဘူး"
ချန်လီကော-(အားယား ဒီခေတ်လူငယ်တွေက
တယ် သတင်းစာခေါင်းကြီးပိုင်း ပါချင်ကြသကိုး)
ချန်လီကော-"မင်းဘာလိုချင်တာလဲ"
ချန်းကျွင်းက သစ်သီးတစ်စိတ်ကို ယူဝါးလိုက်ရင်း ပြောလိုက်တယ်။
"ကိုယ်မင်းကို အပြည့်အဝလိုချင်တယ် ကလေးလေး"
ချန်လီကောက စကားကို မပြောနိုင်တော့ဘူး။သူ့ရဲ့ဒီခန္ဓာကိုယ်က အရက်ဒဏ်မခံနိုင်တော့ သူ့ပတ်ဝန်းကျင်တစ်ခုလုံးက လည်ထွက်နေပြီ။
"ကျားရှုး မကြောက်ပါနဲ့"သူကပြောလိုက်ပြီး
သူ့ခန္ဓာကိုယ်ကို ကောက်မလိုက်တယ်။
ပြီးနောက် သူ့ကို ကားထဲထည့်လိုက်ပြီး
နီးစပ်ရာဟိုတယ်ကိုမောင်းလိုက်တယ်။
ချန်းကျွင်းဟာသူ့ပါးကို နမ်းလိုက်ပြီး ပါကင်မဖောက်ရသေးတဲ့ကလေးတစ်ယောက်လို
ကြည့်နေတယ်။
ဟိုတယ်ရောက်တော့ ချန်လီကောကိုအိပ်ရာပေါ်ညင်ညင်သာသာချလိုက်တယ်၊အဲဒီနောက်
သူ့မျက်ခွံတွေလေးလံလာပြီး သူ့ပတ်ဝန်းကျင်ဟာ လုံးဝ မဲမှောင်သွားတယ်။
နောက်နေ့မနက် သူနိုးလာတော့ သူထင်တာက
အမှိုက်ကောင် ချန်းကျွင်းရဲ့စားတာခံရပြီလို့
ထင်လိုက်ပေမယ့် တစ်နေရာရာက မသက်သာတာမျိုးလုံးဝမရှိနေဘူး။
သူက system ကိုမေးလိုက်တယ်။
"ထုံထုံ မနေ့ကဘာဖြစ်ခဲ့တာလဲ"
system-မင်းအဖေ ရောက်လာတယ်။
ချန်လီကော-"......"
system-ချန်းကျွင်းက တစ်ခုခုလုပ်တော့မယ့်အချိန်မှာ လုကျစ်ရန်ရောက်လာပြီး သူ့ကိုထိုးခဲ့တယ်။
ချန်လီကော-"......"
system-မင်းမှာ မေးစရာရှိသေးလား??
ချန်လီကော-သူစိတ်ဆိုးနေသေးလား
system-သူစိတ်တော့ဆိုးပုံ မပေါ်ပေမယ့် အခန်းတစ်ခုလုံးတော့ ဖျက်ဆီးထားတယ်
ချန်လီကော-အား ငါ့နှလုံးသားလေး နေရခက်နေတယ် ငါဆရာဝန်ပြမှဖြစ်မယ်
system-လုကျစ်ရန်ကိုပြောလိုက်လေ သူဒီမှာရှိတယ်
ချန်လီကော-သွားပြီ သွားပြီ
တံခါးကိုတောင်ချိုးပြီးဝင်လာတယ်ဆိုတော့
သူ့အခြေအနေ တော်တော်ဆိုးမှာပဲ။
ချန်လီကော-ငါဘာလုပ်သင့်လဲ
system-စားပွဲပေါ်မှာ ကပ်ကြေးတွေရှိတယ်
ရေချိုးခန်းထဲသွားပြီး သတ်သေလိုက်
ချန်လီကော-ကောင်းတာပေါ့ ရွေးချယ်စရာရှိသေးတာပဲ ဒါပေမဲ့ တခြားနည်းမရှိဘူးလား
system-အပြင်ထွက်ပြီး လုကျစ်ရန်ကို
အမှားဝန်ခံလိုက်ပေါ့
လုကျစ်ရန်ကို ဝန်ခံတာ သတ်သေတာထက်ကောင်းသေးပါတယ်တွေးလျက် ဖိနပ်ကိုဝတ်ပြီး
အိပ်ခန်းထဲက ထွက်လာတယ်။
ဧည့်ခန်းထဲမှာက system ပြောသလို ရှုပ်ပွနေတာပဲ။
ချန်လီကောခြေသံကိုကြားနေပေမယ့် လုကျစ်ရန်ကမကြားသလို ဆိုဖာပေါ်မှာ ဆေးလိပ်သောက်နေတယ်။
"အဖေ"
ချန်လီကောက အားလျော့စွာ ေခါ်လိုက်တယ်။
"အဖေတဲ့လား.........ငါမင်းအဖေ မလုပ်နိုင်တော့မှာ စိုးရတယ်"
ချန်လီကောက ဒါကိုကြားတော့ အိပ်ခန်းထဲပြန်ပြီးပဲ ကပ်ကြေးနဲ့ သတ်သေချင်စိတ်ပေါက်လာတယ်။
"လာပြီး ဒူးထောက်လှည့်"
သူကတဖြည်းဖြည်း လုကျစ်ရန်နားတိုးသွားလိုက်တယ်။
လုကျစ်ရန်က ချန်လီကောရဲ့ မေးစေ့ကို ဆွဲမလိုက်ပြီး ဒေါသသံနဲ့ မေးလိုက်တယ်။
"မနေ့ကငါသာမလာရင် မင်းဘယ်လိုများ
ဖြစ်သွားမယ်ထင်လဲ"
ချန်လီကောက သူ့ရဲ့ အောက်နှုတ်ခမ်းကိုစေ့ပြီး
စတင်ငိုလာတယ်။
လုကျစ်ရန်က ချန်လီကောနားနားကိုကပ်ပြောလိုက်တယ်။
"မင်းကို ယောက်ျားတစ်ယောက်က တစ်ညလုံးစော်ကားခံရလောက်ပြီးပြီ"
ချန်လီကောက အကျယ်ကြီး ငိုခဲ့တယ်။
လုကျစ်ရန်က ပြောခဲ့တယ်။
"ဘာဖြစ်ခဲ့တာလဲဆိုတာ ငါ့ကိုပြောလေ"
မနေ့က သူဘာဖြစ်ခဲ့လဲဆိုတာ လုကျစ်ရန်ကို
တဖြည်းဖြည်း ပြောပြခဲ့ရတယ်။
Note-ep8တွင် အချဥ်ပေါင်းမျိုးစုံရောင်းပါမည်။
***************************************
(Zawgyi)
ခ်န္လီေကာ-ငါမယုံဘူး၊သူငါ့ကိုခ်စ္ေနေသးတယ္၊ဟိုမိန္းမဆြဲေဆာင္ခံေနရတာပါ သူက
system-"......"
ခ်န္လီေကာ-"မိုးနတ္မင္းႀကီးေရ ဘာလို႔မ်ား ကြၽန္ေတာ့္ကို ကေလးတစ္ေယာက္ျဖစ္ေစရတာလဲ
system -"....."
ခ်န္လီေကာ-ဒီေန႕ည ညစာက ဘာလဲ???
system-(ဒီအ႐ူး ေခါင္းစဥ္က ေျပာင္းလြယ္တာပဲ)
အေပၚက စကားေတြဟာ ခ်န္လီေကာ အိမ္ကေနေက်ာင္းကိုျပန္ရင္ system နဲ႕ေျပာေနၾကစကားေတြပါ။ဒီလူက အရမ္းကို ပ်င္းေနၿပီ။ သူပ်င္းလာတဲ့အခ်ိန္မွာ တစ္ခုခုျဖစ္လာေတာ့မလိုပဲ။မင္းက
ေန႕တိုင္းအလုပ္လုပ္လိုက္အိပ္လိုက္နဲ႕ ေဆာင္းဦးသို႔မဟုတ္ႏြေဦးကိုေတာင္ ခံစားမႈမရွိေတာ့သလိုပဲ။
တစ္ေန႕ ခ်န္လီေကာ အိမ္ျပန္တဲ့လမ္းေပၚမွာ သူ႕ဖုန္းက ျမည္လာခဲ့တယ္။သူက ထုတ္ၿပီး ၾကည့္လိုက္ေတာ့ ထုံးစံအတိုင္း ခ်န္းကြၽင္းျဖစ္ေနခဲ့တယ္။သူပဲ သူ႕ကို ခဏခဏေခၚမယ့္သူေလ။
သူက ဖုန္းကိုင္လိုက္ၿပီး
"ဟယ္လို"လို႔ ေျပာလိုက္တယ္။
"အျပင္ခဏထြက္ခဲ့ဦး"
သူနဲ႕ခ်န္းကြၽင္းနဲ႕ခင္တာ အခုဆို ႏွစ္ဝက္ေတာင္ရွိၿပီ။ဒီအေတာအတြင္းမွာ သူခ်န္းကြၽင္းနဲ႕ ဘာမွမျဖစ္ေသးဘူး။ ဒါက ခ်န္လီေကာလိုလူကို
သံသယဝင္လာေစတယ္ သူ႕ကိုခ်န္းကြၽင္းက
တကယ္စိတ္မဝင္စားဘဲ သူကပဲအေတြးမ်ားေနလားဆိုတာ။
"ဒီေန႕လား မလာေတာ့ဘူး"
ခ်န္လီေကာက ေတြးေနတာ ရပ္ၿပီး ေျပာလိုက္တယ္။
"ဘာလို႔လဲ"
"အင္း...........ဘာလို႔လဲဆိုေတာ့"
႐ုတ္တရက္ သူ႕ပုခုံးေပၚ တစ္ေယာက္ေယာက္က
လက္တင္လာခဲ့တယ္။
"မင္းအခုထိ ခြင့္ျပဳခ်က္မရေသးလို႔လား"
ခ်န္လီေကာ-"ရပါတယ္"
ခ်န္းကြၽင္းထင္ခဲ့တာက ခ်န္လီေကာက သူ႕ကို
႐ုတ္တရက္ေတြ႕လိုက္ရင္ လိပ္ျပာမလုံသလို
ခံစားရလိမ့္မယ္လို႔ ဒါေပမဲ့ ခ်န္လီေကာက
သူထင္သလိုမဟုတ္ဘဲ တည္ၿငိမ္ေနတယ္။
ခ်န္းကြၽင္း-"ခြင့္ျပဳခ်က္ ရၿပီလား"
ခ်န္လီေကာ-မင္းအဆင္မေျပလို႔လား
ခ်န္းကြၽင္းက သူ႕စကားကို လ်စ္လ်ဴရႈလိုက္ၿပီး
ရယ္လိုက္တယ္။
"လာပါ၊ငါမင္းကို စိတ္ဝင္စားစရာေနရာကိုေခၚသြားမယ္"
ခ်န္းကြၽင္းက ခ်န္လီေကာကို ၿမိဳ႕ထဲမွာ ရွိတဲ့
စိတ္ဝင္စားစရာေနရာအကုန္ကို ေခၚသြားခဲ့ၿပီးၿပီ။အခ်ိန္ကန့္သတ္ခ်က္သာမရွိရင္ နိုင္ငံျခားပါ
ေခၚသြားေလာက္ၿပီ။
ဒီေန႕ ခ်န္းကြၽင္းက ခ်န္လီေကာကို ဘားတစ္ခုကို
ေခၚသြားတယ္။
အထဲကိုဝင္လိုက္တဲ့အခ်ိန္မွာ ေဂးဘားမွန္းသူတန္းသိတယ္။သို႔ေပမဲ့ သူသိပ္နားမလည္ဘဲ
အကုန္လုံးကလည္း သူတို႔ကို စူးစမ္းသလို
ၾကည့္ေနၾကတယ္။
ခ်န္းကြၽင္းက ခ်န္လီေကာကို သူဘာေသာက္ခ်င္လဲေမးခဲ့တယ္။
ခ်န္လီေကာက အရက္မပါတဲ့ တစ္ခုခု လို႔ေျပာလိုက္တယ္။
ခ်န္းကြၽင္းက ေခါင္းညိမ့္ၿပီး အလြန့္ကိုထူးဆန္းတဲ့ နာမည္ရွိတဲ့ ေသာက္စရာတစ္ခုကိုမွာလိုက္တယ္။အဲဒါနာမည္က "အျဖဴနဲ႕အမည္း"တဲ့။
ေသာက္စရာက ေရာက္လာေတာ့ သူ႕နာမည္အတိုင္းပဲ၊ဘယ္ဘက္မွာ အမည္းေရာင္နဲ႕ညာဘက္မွာအျဖဴေရာင္ေတြ ရစ္ဝဲေနတယ္။
ခ်န္လီေကာက တစ္ငုံေသာက္လိုက္ရင္း
ေျပာလိုက္တယ္။
"ဒီထဲမွာ ဝိုင္ေတြပါေသးလား"
"အမ်ားႀကီးေတာ့ မပါဘူး"
သူက ခ်န္းကြၽင္းစကားကို မယုံေတာ့ တစ္ငုံပဲေသာက္လိုက္ၿပီး အသီးေတြပဲစားေနလိုက္တယ္။
ဒီဘားက အသီးေတြက အရသာအေတာ္ရွိတယ္။အထူးစိုက္ပ်ိဳးထားတာျဖစ္ၿပီး ပါးစပ္ေပၚတင္လိုက္တာနဲ႕စြဲသြားသလိုပဲ။ခ်န္လီေကာက စားေကာင္းေကာင္းနဲ႕ ပန္းကန္တစ္ဝက္ေလာက္
စားလိုက္တယ္။
ခ်န္လီေကာ မေသာက္တာကို သူကဖိအားမေပးေတာ့ဘဲ ခ်န္လီေကာနဲ႕ပဲ စကားဆက္ေျပာေနလိုက္တယ္။
၈နာရီထိုးေလာက္မွာ ဘားရဲ႕ ေဖ်ာ္ေျဖမႈေတြ
စတင္လာတယ္။
အလင္းေရာင္က မွိန္သြားၿပီး ပ်င္းရိစရာသီခ်င္းက စတင္ထြက္လာတယ္။
ခ်န္းကြၽင္းက ရယ္လိုက္ၿပီး ေမးလိုက္တယ္။
"မင္းဘာသီခ်င္း နားေထာင္ခ်င္လဲ ငါမင္းအတြက္ဆိုေပးမယ္ေလ"
"ဘာပဲျဖစ္ျဖစ္ ရတယ္"
ခ်န္းကြၽင္းက ခ်က္ခ်င္းပဲ စင္ေပၚတက္ၿပီး မိုက္ကိုကိုင္လိုက္တယ္။
ခ်န္းကြၽင္းက သီခ်င္းစဆိုလိုက္ေတာ့ ခ်န္လီေကာက အံ့ၾသသြားတယ္။သူဆိုတဲ့သီခ်င္းဟာ
အသံနိမ့္ၿပီး ေခတ္ေဟာင္းသီခ်င္းျဖစ္ေပမယ့္
အခုဘားထဲက အေျခအေနနဲ႕ အလြန္ကိုက္တယ္။
ခ်န္လီေကာက ေဘးဘီၾကည့္လိုက္ေတာ့
ေယာက္်ားႏွစ္ေယာက္ဟာ ေပြ႕ဖက္ၿပီး နမ္းရွိုက္ေနၾကတယ္။႐ုတ္တရက္ သူ႕ေခါင္းက ထိုးကိုက္လာတယ္။
ပထမေတာ့ အထဲက ေလထုေၾကာင့္လို႔ထင္ခဲ့ေပမယ့္ တျဖည္းျဖည္း သိလာတာက သူ႕ခႏၶာကိုယ္ တစ္ေနရာရာက မူမမွန္ေတာ့ဘူးဆိုတာပဲ။
ခ်န္းကြၽင္း သီခ်င္းဆိုၿပီး ဆင္းလာေတာ့
ခ်န္လီေကာကို ထိန္းကိုင္လိုက္တယ္။
"ငါအရက္ထဲေဆးခပ္မယ္လို႔မ်ား မင္းထင္ေနတာလား"
ခ်န္လီေကာက စတင္ၿပီး ႏွစ္ထပ္ေတြျမင္လာတယ္။
ခ်န္းကြၽင္းက ၿပဳံးၿပီး ေရွ႕က ပန္းကန္ထဲက သစ္သီးေတြကို တူနဲ႕ညွပ္ယူျပလိုက္တယ္။
"ဒီပန္းကန္ထဲက သစ္သီးေတြက ဒီဘားရဲ႕
စပါယ္ရွယ္မီႏူးပဲ သူတို႔က ဝိုင္နဲ႕စိမ္ထားတာ
ငါ့အရက္ခံနိုင္စြမ္းနဲ႕ဆိုရင္မွ တစ္ခုေတာင္
မကုန္ဘူး"
ခ်န္လီေကာ-(အားယား ဒီေခတ္လူငယ္ေတြက
တယ္ သတင္းစာေခါင္းႀကီးပိုင္း ပါခ်င္ၾကသကိုး)
ခ်န္လီေကာ-"မင္းဘာလိုခ်င္တာလဲ"
ခ်န္းကြၽင္းက သစ္သီးတစ္စိတ္ကို ယူဝါးလိုက္ရင္း ေျပာလိုက္တယ္။
"ကိုယ္မင္းကို အျပည့္အဝလိုခ်င္တယ္ ကေလးေလး"
ခ်န္လီေကာက စကားကို မေျပာနိုင္ေတာ့ဘူး။သူ႕ရဲ႕ဒီခႏၶာကိုယ္က အရက္ဒဏ္မခံနိုင္ေတာ့ သူ႕ပတ္ဝန္းက်င္တစ္ခုလုံးက လည္ထြက္ေနၿပီ။
"က်ားရႈး မေၾကာက္ပါနဲ႕"သူကေျပာလိုက္ၿပီး
သူ႕ခႏၶာကိုယ္ကို ေကာက္မလိုက္တယ္။
ၿပီးေနာက္ သူ႕ကို ကားထဲထည့္လိုက္ၿပီး
နီးစပ္ရာဟိုတယ္ကိုေမာင္းလိုက္တယ္။
ခ်န္းကြၽင္းဟာသူ႕ပါးကို နမ္းလိုက္ၿပီး ပါကင္မေဖာက္ရေသးတဲ့ကေလးတစ္ေယာက္လို
ၾကည့္ေနတယ္။
ဟိုတယ္ေရာက္ေတာ့ ခ်န္လီေကာကိုအိပ္ရာေပၚညင္ညင္သာသာခ်လိဳက္တယ္၊အဲဒီေနာက္
သူ႕မ်က္ခြံေတြေလးလံလာၿပီး သူ႕ပတ္ဝန္းက်င္ဟာ လုံးဝ မဲေမွာင္သြားတယ္။
ေနာက္ေန႕မနက္ သူနိုးလာေတာ့ သူထင္တာက
အမွိုက္ေကာင္ ခ်န္းကြၽင္းရဲ႕စားတာခံရၿပီလို႔
ထင္လိုက္ေပမယ့္ တစ္ေနရာရာက မသက္သာတာမ်ိဳးလုံးဝမရွိေနဘူး။
သူက system ကိုေမးလိုက္တယ္။
"ထုံထုံ မေန႕ကဘာျဖစ္ခဲ့တာလဲ"
system-မင္းအေဖ ေရာက္လာတယ္။
ခ်န္လီေကာ-"......"
system-ခ်န္းကြၽင္းက တစ္ခုခုလုပ္ေတာ့မယ့္အခ်ိန္မွာ လုက်စ္ရန္ေရာက္လာၿပီး သူ႕ကိုထိုးခဲ့တယ္။
ခ်န္လီေကာ-"......"
system-မင္းမွာ ေမးစရာရွိေသးလား??
ခ်န္လီေကာ-သူစိတ္ဆိုးေနေသးလား
system-သူစိတ္ေတာ့ဆိုးပုံ မေပၚေပမယ့္ အခန္းတစ္ခုလုံးေတာ့ ဖ်က္ဆီးထားတယ္
ခ်န္လီေကာ-အား ငါ့ႏွလုံးသားေလး ေနရခက္ေနတယ္ ငါဆရာဝန္ျပမွျဖစ္မယ္
system-လုက်စ္ရန္ကိုေျပာလိုက္ေလ သူဒီမွာရွိတယ္
ခ်န္လီေကာ-သြားၿပီ သြားၿပီ
တံခါးကိုေတာင္ခ်ိဳးၿပီးဝင္လာတယ္ဆိုေတာ့
သူ႕အေျခအေန ေတာ္ေတာ္ဆိုးမွာပဲ။
ခ်န္လီေကာ-ငါဘာလုပ္သင့္လဲ
system-စားပြဲေပၚမွာ ကပ္ေၾကးေတြရွိတယ္
ေရခ်ိဳးခန္းထဲသြားၿပီး သတ္ေသလိုက္
ခ်န္လီေကာ-ေကာင္းတာေပါ့ ေ႐ြးခ်ယ္စရာရွိေသးတာပဲ ဒါေပမဲ့ တျခားနည္းမရွိဘူးလား
system-အျပင္ထြက္ၿပီး လုက်စ္ရန္ကို
အမွားဝန္ခံလိုက္ေပါ့
လုက်စ္ရန္ကို ဝန္ခံတာ သတ္ေသတာထက္ေကာင္းေသးပါတယ္ေတြးလ်က္ ဖိနပ္ကိုဝတ္ၿပီး
အိပ္ခန္းထဲက ထြက္လာတယ္။
ဧည့္ခန္းထဲမွာက system ေျပာသလို ရႈပ္ပြေနတာပဲ။
ခ်န္လီေကာေျခသံကိုၾကားေနေပမယ့္ လုက်စ္ရန္ကမၾကားသလို ဆိုဖာေပၚမွာ ေဆးလိပ္ေသာက္ေနတယ္။
"အေဖ"
ခ်န္လီေကာက အားေလ်ာ့စြာ ေခါႀလိဳကၾတၾယ။
"အေဖတဲ့လား.........ငါမင္းအေဖ မလုပ္နိုင္ေတာ့မွာ စိုးရတယ္"
ခ်န္လီေကာက ဒါကိုၾကားေတာ့ အိပ္ခန္းထဲျပန္ၿပီးပဲ ကပ္ေၾကးနဲ႕ သတ္ေသခ်င္စိတ္ေပါက္လာတယ္။
"လာၿပီး ဒူးေထာက္လွည့္"
သူကတျဖည္းျဖည္း လုက်စ္ရန္နားတိုးသြားလိုက္တယ္။
လုက်စ္ရန္က ခ်န္လီေကာရဲ႕ ေမးေစ့ကို ဆြဲမလိုက္ၿပီး ေဒါသသံနဲ႕ ေမးလိုက္တယ္။
"မေန႕ကငါသာမလာရင္ မင္းဘယ္လိုမ်ား
ျဖစ္သြားမယ္ထင္လဲ"
ခ်န္လီေကာက သူ႕ရဲ႕ ေအာက္ႏႈတ္ခမ္းကိုေစ့ၿပီး
စတင္ငိုလာတယ္။
လုက်စ္ရန္က ခ်န္လီေကာနားနားကိုကပ္ေျပာလိုက္တယ္။
"မင္းကို ေယာက္်ားတစ္ေယာက္က တစ္ညလုံးေစာ္ကားခံရေလာက္ၿပီးၿပီ"
ခ်န္လီေကာက အက်ယ္ႀကီး ငိုခဲ့တယ္။
လုက်စ္ရန္က ေျပာခဲ့တယ္။
"ဘာျဖစ္ခဲ့တာလဲဆိုတာ ငါ့ကိုေျပာေလ"
မေန႕က သူဘာျဖစ္ခဲ့လဲဆိုတာ လုက်စ္ရန္ကို
တျဖည္းျဖည္း ေျပာျပခဲ့ရတယ္။
Note-ep8တြင္ အခ်ဥ္ေပါင္းမ်ိဳးစုံေရာင္းပါမည္။
**************************************