Ride or Die

By Phyo99

2.6K 195 3

ဘုန်းသွေးသစ်မောင်: မောင့်ကိုပဲချစ်တယ် မောင့်ကိုပဲမြတ်နိုးတယ် မောင့်ကိုပဲယူမယ် စိုင်းဧကရာဇ်မောင်: ကိုကမောင်တယေ... More

Ride or Die
part 1 (ငါ သစ်ကုလားအုတ် ဖြစ်တော့မယ်)
part 2 (ရာဇ် ငါ့ကိုငမ်းလို့ ပြီးဦးမှာလား)
part 3 (ချောလိုက်တဲ့ ငါလေး)
part 4 (မင်း Bထိုင်လာတာလား)
part 6 (မင်းရှိတာပဲ သူတို့ကိူ မလိုဘူး)
part 5 (Black princeလား)
part 7 (မောင့် သဘော)
part 8 (မောင်က မောင့်ဘုရင်လေးနားမှာပဲ တသက်လုံးခစားမှာ)
part 9 (ပုဂံ ခရီးစဥ် ၁)
part 10 (ပုဂံ ခရီးစဥ် ၂)
တောင်းပန်စာ

part 11 (ပုဂံခရီးစဥ် ၃)

150 11 0
By Phyo99

မနက် ၁၁နာရီလောက်မှာ
ရှင်းနဲ့ လင်းတို့က
အကုန်လုံးကို လိုက်နှိုးပြီး
မနက်စာစားဖို့ လိုက်ခေါ် တယ်
နောက်တော့ အကုန်လုံး
ဟိုတယ် restaurantမှာပဲ
ထမင်းစားလိုက်ပြီး
ပုဂံ ခရီးစဥ်ကို ဘယ်ကစမလဲ
ဆွေးနွေးကြတယ်

"ငါတို့ နာမည်အကြီးဆုံးဖြစ်တဲ့
ရွှေစည်းခုံ ကိုအရင် သွားကြမလား"

လက်ယာက အရင် ဝင်ပြောတယ်

"ငါတော့ ဖြစ်ကမ်းနားက ဗူးဘုရားကို အရင်သွားချင်တယ်"

ရာဇ် ကပါပြောလာတယ်

"ရာဇ် အကိုတို့ အဲဘုရားကိုတော့ နောက်နေ့မှသွားချင်တယ်
ဘာလို့လဲဆိုတော့ ဗူးဘုရားကနေ လှေစီးပြီ ဟိုဘက်ကမ်းက ဘုရားတခုကို သွားရဦးမှာ မလို့"

ဆိုပြီး ကိုလင်းက ပြောလာတယ်

"ရတယ်လေ အဲတာဆို ရွှေစည်းခုံကနေပဲ စကြရအောင်လေ"

"OK အဲတာဆို ဘာကိုစောင့်နေတာလဲ သွားကြစို့လေ"

ဆိုပြီး သွေးကပြောပြီး ရာဇ်လက်ကိုဆွဲကာ ပထမဆုံး ထွက်လာပြီး
နောက်က ပြည့်စုံရဲ့ ရွဲ့သံထွက်လာတယ်

"အမလေးကွာ ရည်းစားတွေဖြစ်တဲ့ ငါ့အကိုတို့၂ယောက်တောင်
အဲလောက် မဖြစ်ဘူး သူတို့၂ကောင်က အမြင်ကိုကပ်စရာကောင်းတယ်"

"ဘာလဲ ညီလေး အဲလိုလူတယောက်လောက်မရှိလို့ အားကျနေတာလား"

ကိုရှင်းက ပြည့်စုံကိုစရင်း လင်းရဲ့လက်ကို ဆွဲ ပြီး ထွက်လာတယ်

"မလိုပါဘူး ဂရုစိုက်ပေးမဲ့သူမရှိလည်း ကို့ကာကိုဂရုစိုက်နိုင်တယ်"

ဆိုပြီး လက်ယာ လက်ကိုဆွဲ ပြီး
ထွက်သွားတယ် ကျန်ခဲ့တဲ့
၂ယောက်ခမျာတော့
ကြောင်တောင်တောင်နဲ့ ကျန်ခဲ့တယ်

"ကိုကိုတို့ မလိုက်တော့ဘူးလား
လာလေ"

ဆိုပြီး လက်ယာက ခေါ် မှ
အသိဝင်လာတယ်

နောက်တော့
ကိုရှင်းနဲ့ကိုလင်းကတစီး
ရာဇ်နဲ့ သွေးကတစီး
လက်ယာနဲ့ ယဇ်ကတစီး
ပြညိ့စုံနဲ့ အဝူးတို့က တစီး
ထွက်လာခဲ့တယ်

အရင်ဆုံ ရွှေစည်းခုံ ဘုရားကို
သွားကြတယ်
ဘုရားပေါ် တက်ခါနီးမှ
ပုဆိုးနဲ့ပဲ တက်ရမယ်ဆိုပြီး
ဆိုင်းပုဒ်ကို မြင်ပြီး
ခေါင်းမီးတောက် ကုန်တယ်
ဘာလို့ဆို ၈ယောက်လုံးက
T shirtနဲ့Jeansတွေချည်းပဲ
ဝတ်လာလို့ ဖြစ်တယ်

"ဘယ်လိုလုပ်မှာလဲ ဒီတိုင်းကြီးတက်လို့မရဘူးထင်တယ်
ဟိုနားက ဘုရားဂေါပက ကြီးက မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ်"

ဆိုပြီး လက်ယာက မေးပစ်ပြပြီးပြောလာတယ်

"အေး အောက်မှာတော့ ပုဆိုးဆိုင်ရှိလောက်ပါတယ် သွားကြည့်ရအောင်"

ဆိုပြီး ယဇ်ကပြောပြီး
အကုန်အောက်ဆင်းလာလိုက်ကြတယ် နောက်တော့ တွေ့တဲ့ဆိုင်က
ပုဆိုးဝယ်ဝတ်ပြီး ဘုရားပေါ် ကိုပြန်တက်လာခဲ့တယ်

ဘုရားကို လက်ယာရစ်ပတ်ဖူးပြီး
ကို့နေ့နံမှာ လုရားရှိခိုးဖို့ စဥ်းစားထားပေမဲ့ အညာဒေသရဲ့ နေ့ခင်းပိုင်ဆိုတော့ နေပူနေတာနဲ့
စောင်းတန်းထဲကနေပဲ ရှိခိုးလိုက်ကြတယ် ပုရားရှိခိုးပြီးတော့
ပြည့်စုံက

"ဒီဘုရား သမိုင်းကြောင်းကို ဘယ်သူသိလဲ သိတဲ့သူ ရှင်းပြပါလား ငါသိချင်လိူ့"

ဆိုပြီး ပြောလာတော့
ကျန်တဲ့၇ယောက်မှာ မင်းပြောလိုက်ဆိုတဲ့ ပုံနဲ့ တယောက်မျက်နှာတယောက်ကြည့်ပြီး
ရာဇ်အသံက အစဆုံးထွက်လာတယ်

"ပြည့်စုံ ငါတို့၃ယောက်ကိုတော့ မမေးနဲ့ ငါတို့က သမိုင်းချိန်ရောက်တိုင်း ငိုက်နေတက်တာမင်းလည်းသိရဲ့သားရဲ့ နော်လက်ယာ"

ဆိုပြီး လက်ယာကို ပါအဖော် ခေါ် ပြီးပြောလာတယ်
လက်ယာနဲ့ သွေးကလည်း ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြီးကို
လက်ခံနေတယ်

"အကိုတို့ကိူလည်း မမေးနဲ့
အကိုတို့က ကျောင်းပြီးတာကြာပြီလေ"

ဆိုပြီး ကိုလင်းဆီက အသံထွက်လာပြန်တယ်
နောက်တော့ အဝူးဆီက

"ယဇ် ရှင်းပြလိမ့်မယ် သူက သမိုင်းကို စိတ်ဝင်စားတော့
သူရှင်းပြနိုင်လောက်ပါတယ်"

"ဟာ အကိုကလည်း ကျနော်
မသိပါဘူးဆို"

ဆိုပြီး ရာဇ်ဆီက အသံထွက်လာတယ်

"အယ် ငါကမင်းကိုပြောတာ မဟုတ်ပါဘုးကွာ ယပလက်နဲ့ ယဇ်တဲ့ကောင်ကိုပြောတာ"

"ေအာ် အဲလိုလား
အသံထွက်ချင်းက ဆင်နေတာကိုး"

"ေအး ဟုတ်တယ်
မင်းတို့၂ယောက်ထဲကတယောက်ပြောင်းလိုက်ပါလား"

ဆိုပြီး ကိုလင်းဆီက အသံထွက်လာတယ်

ယဇ်က ရာဇ် ဘက်လှည့်ပြီး

"ညီ မင်းက အငယ်ဆိုတော့ မင်းပြောင်းလိုက်​နော်"

ဆိုပြီး ပြောလာတယ်

"အကိုကလည်း အကိုက အကြီးဆိုတေယ့ အကိုပြောင်းသင့်တာပေါ့ နော့်သွေး"

ဆိုပြီး သွေးကိုပါ အဖော် ခေါ် ပြီးပြောတယ်
သွေးကတော့ ရာဇ် ဘာပြောပြောပြောထောက်ခံနေဆဲ

"ဟိုကောင် မင်းလင်ပြောတာကိုပဲ ထောက်ခံမနေနဲ့ကွ"

ဆိုပြီး ပြည်စုံက ဝင်ပြောလာတယ်

"ဒီလိုလုပ်ပါလား မင်းတို့၂ယောက်စုံစမ်စိ ကစားလိုက်လေရှုံးတဲ့သူ ပြောင်းပေါ့"

ဆိုပြီး ကိုရှင်းက ဝင်ပြောတယ်

"အင်း ရတယ်လေ"

ဆိုပြီး ကစားလိုက်တာ
ယဇ်နိုင်သွားတာမို့
ရာဇ်က သူ့ကို ကပြောင်းလိုက်ရတယ်

A/N ခုကစပြီး စိုင်းဧကရာဇ်မောင်ကို စိုင်းလို့သုံးတော့မယ်နော်

"ဒီဘုရားအကြောင်း မေးနေတာကို ဘယ်လိုလို့ နာမည်ပြောင်းပွဲ ဖြသ်သွားရတာလဲ"

ဆိုပြီး ပြည့်စုံက မေးလာတယ်

"အယ် ဟုတ်သားပဲ အကိုပြောပြမယ် သေချာနားထောင်
ဒီဘုရားကို အနော်ရထာမင်းကြီးက သိကြားမင်းပေးတဲ့ အိမ်မက်အရ သီဟိုဠ်ကျွန်းမှာရှိတဲ့ စွယ်တော်ကို သံတမန်တယောက်ကို သွားပင့်ခိုင်းတယ် သီဟိုဠ်မင်းကြီးကလည်း ပေးလိုက်တယ်နောက်တော့ အနော်ရထာမင်းကြီးက အဲစွယ်တော်ကို ဆင်ဖြူတော် ပေါ် တင်ပြီး အဲဆင်ရပ်တဲ့နေရာမှာ ဘုရားတည်ဖို့လုပ်တယ်
အရင်က ဒီနေရာက သဲစည်းခုံဆိုလားပဲ အဲတာကြောင့် မင်းကြီးကမတည်ချင်ဘူး ဒါမဲ့ သိကြားမင်းက ဒီနေရာက နောင်နှစ်ပေါင်း၅၀၀၀ကြာအောင် သာသနာတည်မယ်ဆိုလို့ ဒီနေရာမှာပဲ တည်လိုက်တာ"

ဆိုပြီး ရှင်းပြသံ အဆုံးမှာ ကျန်တဲ့၆ယောက်ဆီက လက်ခုပ်သံနဲ့ ဝိုးဆိုတဲ့ အသံ အကျယ်ကြီးကြားလိုက်ရတယ်

"တော်လိုက်တာ အကိုက
သမိုင်းကို တော်တော် စိတ်ဝင်စားတယ်နဲ့ တူတယ်"

ဆိုပြီး ပြည့်စုံက လေးစားအားကျတဲ့ မျက်လုံနဲ့ ကြည့်နေတယ်

"ဟဲ ဟဲ မမြှောက်ပါနဲ့ ဟိုမှာကြည့်ပါလား နံရံ ပေါ် မှာရေးထားတာတွေ ဟိုမှာကြည့်"

ဆိုပြီး လက်ညှိုးထိုးပြတယ်
အဲကျမှ

"အော် ငါတို့မှာတော့ အရမ်းတော်တာပဲ ဆိုပြီး အထင်ကြီးနေတာကွာ တကယ့်ကောင်ပဲ"

ဆိုပြီး အကုန်လုံး ရီလိုက်ကြတယ်

နောက်တော့ ဘုရားပေါ် မှာ နာရီဝက်လောက်နေပြီး
နောက်ဘုရားတခုကို သွားဖို့
ထွက်လာခဲ့ကြတယ်
နောက်တနေရာကတော့
အလိုတော်ပြည့်ဘုရား

A/N ဘုရားသမိုင်းက ရွှေစည်းခုံတခုပဲ ပါမှာပါနော် ကိုကလည်း သွေးတို့နဲ့ ဘဝတူတွေဆိုတော့
ပုဂံက မရောက်တာကြာပြီမို့ ဝေးလိုက်နီးလိုက်တွေ ဖြစ်ကုန်ရင် sorryပါနော်

အလိုတော်ပြည့်ဘုရားမှာ ယောက်ကျားလေးတွေဆိုတဲ့အတိုင်း ခဏလောက်ရှိခိုးပြီး နောက်ဘုရားတခုကို ထွက်လာခဲ့တယ်
နောက်တော့ သိပ်ပြီးနာမည်မကြီးတဲ့ ဘုရား၂ဆူလောက်ကို ဝင်ဖူးပြီး ပထမနေ့ကို အဆုံးသတ်လိုက်ကြတယ်
ဟိုတယ်ပြန်​ေရာက်တော့
ထမင်းကို အခန်းထဲထိလာပို့ဖို့ ပြောပြီး ကိုရှင်းတို့ အခန်းထဲမှာပဲစုစားလိုက်ကြတယ်
ကားစီးလို့ ပင်ပန်းလာတာရော
နောက်တနေ်ကျရင် sun riseသွားကြည့်မှာရောကြောင့် အကုန်လုံး အိပ်ရာ စောစောဝင်ခဲ့ကြတယ်

နောက်တနေ့ မနက်၄နာရီ

ကိုရှင်းတို့က အကြီးပီပီ အကုန်လုံးကို ဖုန်းဆက်နှိုးပြီး
၄နာရီ ခွဲလောက်မှာ
စထွက်လာခဲ့တယ်
Sun rise ကြည့်လို့ရတဲ့ နာမည်ကြီးဘုရားတွေ ရှိပေမဲ့
သွေးတို့ကတော့ မင်းအိုချမ်းသာဘုရားလို့ ခေါ် တဲ့ ကျန်စစ်မင်းကြီးတည်တဲ့ ဘုရားကိုပဲ လာခဲ့ကြတယ် မင်းအိုချမ်းသာ ဘုရားက နည်းနည်းမြင့်တဲ့ တောင်ကုန်းလေပေါ် မှာတည်ထားတာကြောင့်
မနက်နေထွက်လာတဲ့ viewက
အံသြစရာကောင်း လောက်အောင်လှပတယ် ပြီးတော့ ဘုရားတခုလုံးမှာ သွေးတို့ ၈ယောက်ပဲ ရှိတာကြေ​ာင့် တိတ်ဆိတ်အေးချမ်းနေတယ်

"ဘုရားရိပ် တရာရိပ်က အေးချမ်းတယ်ဆိုတာ အမှန်ပဲနော်"

ယဇ်က ပြောလာတယ်

*ယဇ်က လွင်ယဇ်ခေါင်ပါနော်*

"အမယ် ခွေးပါးစပ်က နတ်စကားထွက်လို့ မင်းမွေးကတည်းကတိုင်ခုမှ ဘုရားရောက်ဖူးတယမလား"

အဝူးက ပြန်ပြောလာတယ်

"အေးလေ အဲတာကြောင့် အေးချမ်းတယ်လို့ ပြောတာပေါ့"

"အော် အဲတာဆို မင်းက အေးချမ်းအောင်ဘုရားတရားပဲ လုပ်တော့မယ်ပေါ့ အဲလိုလား"

"မင်းကလည်း ငါကရာသီဥတုထဲမှာတောင် နွေရာသီကိုကြိုက်တာ
အေးချမ်းလွန်း​နေရင်လည်း အအေးပတ်မှာကြောက်ရတယ်လေ ဟဲဟဲ"

"အော် အေးပါ"

ဆိုပြီး ကိုရှင်းက ​ပြောလိုက်တယ်
ကိုရှင်းကပဲ ဆက်ပြီး

"မင်းတို့ ၂ယောက်က အသက်ဘယ်လောက်ရှိပီလဲ"

"ကျနော်တို့လား ၁၉နှစ်ပြည့်ပြီးတာမကြာသေးဘူး
ကျနော်တို့ အကြောင်းငိချင်လား ပြောပြမယ်"

"အင်း အင်း သိချင်တယ် ကိုကိုတို့အကြောင်းသိချင်တယ်"

ဆိုပြီး ပြည့်စုံနဲ့ လက်ယာက ခေါင်းပြုတ်မတက်ညိတ် နေကြတယ်

"အကိုတို့ ၂ယောက်က
အရိပ်ဆိုတဲ့ မိဘမဲ့ဂေဟာမှာ ကြီးလာတာ အကိုတို့ ၂ယောက်ရောက်တဲ့နေ့က အတူတူပဲ
အကိုက မိဘတွေကိုယ်တိုင်
လာစွန့်ပစ်သွားတာ ယဇ်ကတော့
ဆရာမကြီး ကောက်ရတာ
အဲတာကြောင့် အကိုတို့၂ယောက်ရဲ့မွေးနေ့က အတူတူပဲ
အကိုတို့၂ယောက်လုံက အရမ်းစကားနည်းတယ် ဂေဟာမှာကတည်းက ကျန်တဲ့သူငယ်ချင်းမရှိဘူး ၁၆နှစ်လောက်ရောက်တော့
အကိုတို့ဂေဟာက ထွက်လာပြီး
အလုပ်လုပ်ရင်း ကျောင်းတက်တယ် ခု နည်းပညာနဲ့ ပတ်သတ်တဲ့ uniမှာ second yearတက်နေတာ အဲတာပါပဲ ပြီးတော့ မင်းတို့၆ယောက်က အကိုတို့၂ယောက်နဲ့ ပထမဆုံးခင်တဲ့ လူတွေပဲ"

"ဝိုး တူရာတူရာတွေ စုတာပဲ"

ဆိုပြီး သွေးကဝင်ပြောတယ်

"ဘာပြောတာလဲ သွေး"

ဆိုပြီး အဝူးက မေးတော့

"ဒီလိုလေ ကိုရှင်းနဲ့ပြည့်စုံဆိုလည်း မိဘတွေက ငယ်ငယ်ကတည်းက ဆုံးသွားတာ
ကျနော့်မိဘတွေ ဆိုလည်း ဆုံးသွားတာမကြာသေးဘူး ကိုရှင်းကတော့ အဖေအရင်း ဘယ်သူဆိုတာတောင်မသိဘဲ အမေကလည်း မီးတွင်းထဲတွင်ဆုံးသွားတာ
ရာဇ် အဲလေ စိုင်းဆိုလည်း
သူ့အမေအရင်းကိုတိုင်က အဖေအရင်းကို သတ်ပြီး သူ့သားပိုင်ဆိုင်မှုတွေကို နောက်ယောက်ကျားနဲ့ ရတဲ့ သမီးကို ပေးချင်နေတာ လက်ယာကတော့ သူတယောက်ပဲ ကွဲထွက်နေတာ
သူက မိဘ၂ယောက်လုံးရဲ့ အချစ်ခံသားလေးလေ"

"အာ အဲလိုလား
ဟား ဟားတကယ်ဘဝတူတွေ
စုနေတာပဲ ဟိုဖြူလုံးလေက လွဲလို့ပေါ့"

ဆိုပြီး ယဇ်က ပြောလာတယ်
ယဇ်က လက်ယာကို အသားဖြူဖြူ အရပ်ကလည်း သူ့မေးစေ့လောက်ပဲ ရှိတော့ အသဲယားလွန်းလို့တဲ့ ဖြူလုံးဆိုပြီး ခေါ် တယ်
ဟိုကလည်း ကျေကျေနပ်နပ်ကြီးကို လက်ခံတာ

"တကယ်တော့ မဟုတ်ပါဘူး.."

"ဟမ် လက်ယာ ဘာပြောလိုက်တာလဲ"

ပြည့်စုံက ပြန်မေးတယ်

"တကယ်တော့ ငါလည်း မင်းတို့နဲ့အတူတူပါပဲ ငါ့ကို ငါ့မိဘတွေက မွေးစားထားတာတဲ့ ငါတောင်
ဒီခရီးမထွက်ခင် လေးကမှသိတာ"

"အား ငါတို့စိတ်မကောင်းပါဘူးကွာ"

ဆိုပြီး ပြည့်စုံကပြောလာတော့

"No Noဒာက စိတ်မကောင်းစရာမဟုတ်ဘူး ဝမ်းသာစရာ"

"ဟမ် မင်းကသားအရင်း မဟုတ်တာကို ဝမ်းသာနေတာလား"

အဝူးက အလတ့်တကြားမေးလာတယ်

"ဟာအကိုကလည်း သားအရင်း မဟုတ်တာကိုတော့ နည်းနည်း ဝမ်းနည်းတာပေါ့ ဒါမဲ့ ဒီအုပ်စုထဲမှာ ကျနော်တယောက်တည်း ကွဲထွက်မနေတာကို ဝမ်းသာတာပါ"

"တကယ့်ကောင်လေးပဲ"

"ကိုရှင်းတို့ အတွဲ ဒီနေ့တော်တော်ငြိမ်နေတာပဲ"

လို့ စိုင်းကပြောပြီး အကုန်လုံး
ကိုရှင်းတို့ကို လှည့်ကြည့်လိုက်ချိန်မှာ ကိုလင်းက ကိုရှင်းရင်ခွင်ထဲမှာ အိပ်ပျော်နေတာကို တွေ့ရတယ် ကိုရှင်းကလည်း ကိုလင်းရဲ့ ဆံပင်လေးတွေကို
ကြင်ကြင်နာနာလေး လှန်တင်ပေးနေတာကို တွေ့လိုက်ရတော့
စိုင်းတို့လည်း ဘာမှမပြောဘဲ
ပြန်လှည့်လာလိုက်တယ်

A/N ဘုရားရင်ပြင် ပေါ် မှာ
စိုင်းတို့ ထိုင်နေတာပါနော်
ကိုရှင်းတို့အတွဲက နောက်မှာ၂ယောက်တည်းထိုင်ပြီး
ကျန်တဲ့၆ယောက်က ရှေ့မှာထိုင်ပြီး စကားပြောနေကြတာပါ

"အဲတာကြောင့်ပြောကြတာပေါ့
Right personတွေ့တဲ့သူတွေက တုန်နေအောင် ချစ်ခံရတယ်"

ဆိုပြီး လက်ယာက အားကျသံကြီးနဲ့ပြောလာတယ်

"စိုင်းငါ့ကိုလည်း ဖက်ထားပေး"

ဆိုပြီး လက်ယာကပြောတော့
သွေးက

"ဟျောင့် မင်းဘေးက ကိုယဇ်ကို ဖက်ခိုင်း စိုင်းက ငါ့ဟာကွ"

ဆိုပြီး သွေးကစိုင်းရင်ခွင်ထဲကို
ခေါင်းတိုဝင်သွားတယ်
လက်ယာကလည်း

"အကို့ ကျနော့်ကို ဖက်ထားပေးပါ
Faဖြစ်တဲ့သူအချင်ချင်း အားပေးကြတာပေါ့"

ဆိုပြီး ဖက်လိုက်ကြပေမဲ့
ပြညိ့စုံနဲ့ အဝူးမှာတော့ သူတို့၂ယောက်ပဲ ပြေးဖက်ရတော့ မလိုလို မဖက်ရဘူးလိုလို
ဖြစ်နေကြတယ်

သွေးတို့လည်း မနက်၇နာရီလောက်ရောက်တော့
မနက်စာစားဖို့ စားသောက်ဆိုင်တခုဆီ ထွက်လာခဲ့ကြတယ်
မနက်စာစားပြီးကြတော့
ထီလိုမင်းလို ဘုရား​​ကြီးဆီ ခရီးဆက်ခဲ့ကြတယ်


/
နောက်တပိုင်းဆို ပုဂံခရီးစဥ်ပြီးပါပြီနော်
ဖတ်ပေးတဲ့ တယောက်ချင်းစီတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်နော် ♥♥

Continue Reading

You'll Also Like

257K 17.9K 55
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
5.5M 224K 67
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
799K 8K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
2.9M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...