part 7 (မောင့် သဘော)

131 14 0
                                    

ရှင်း​ပြည့်စုံမောင်
Tမြို့တော် ဘက်ကပြောင်းလာတဲ့
ကျောင်းသားသစ်တယောက်
ကျောင်းဖွင့်ပြီး ၃လလောက်နေမှ
ပြောင်းလာတာမို့ ရာဇ်တို့ တောင်
အံသြနေတာ

"ကဲ သားတို့သမီးတို့ ဒီနေ့
ဆရာတို့ အခန်းထဲကို ကျောင်းသားသစ် တယောက်
ရောက်တယ်
လာ သား"

လို့ပြောပြီး ဆရာက ခေါ် လိုက်တယ်
ကျောင်းသားသစ်ဟာ ဝင်ဝင်လာချင်း ဆရာ့တောင် နှုတ်ဆက်လိုက်တယ်
နောက်တော့ သူ့နာမည်က
"ရှင်းပြည့်စုံမောင်"လို့ မိတ်ဆက်ပြီး ကျနော်တို့ခုံပဲ လာထိုင်တယ်

နောက်တော့ ဆရာက စာဆက်သင်တယ်
ထမင်းစားချိန်ရောက်မှ သွေးက

"ဟျောငိ့ ပြည့်စုံ မင်းကွာ ကျောင်းပြောင်းလာမှာကို ငါ့ကိုဖုန်းလေး တချက်တောင် ကြိုမဆက်ဘူး"

"အေး ငါလည်းချက်ချင်းကြီး
ဖြစ်သွားလို့ပါကွာ
ကိုရှင်းက မေမေကြီး ဆုံတော့
ဒီကိုလာခဲ့ ဆိုလို့ လာလိုက်တာ
ကျောင်းပြောင်းတာတွေ ဘာတွေ အကုန်သူလုပ်ပေးထာတာ"

"အော် မင်း မေမေကြီးဆုံးသွားတာအတွက် စိတ်မကောင်းပါဘူးကွာ"

"ရပါတယ် လူဆိုတာ သေမျိုးပဲလေ တချိန်သေရမှာ ချည်းပဲ"

"မင်းတို့ ၂ယောက်က သိနေတာလား"
မနေနိုင်တဲ့ အဆုံး လက်ယာကဝင်မေးတယ်
ရာဇ်ကလည်း ငါလည်းသိချင်တယ် ဆိုတဲ့ ပုံစံနဲ့ ကြည့်နေတယ်

"ရာဇ် မင်း မသိမထားမိဘူးလား
ဒါ ကိုရှငိး ညီလေ
'ရှင်းပြည့်စုံနောင်' နဲ့
'ရှင်းပြည့်စုံမောင်'
ညီကိုတွေလေ
သူ့ ကိုစောင့်ရှောက်နေတဲ့
မေမေကြီးဆုံးသွားလို့
ကိုရှင်း ကဒီခေါ် လိုက်တာနေမယ်"

ဟုတ်ပါတယ် ကိုရှင်းတိူ့ ညီကိုက
ကိုရှင်း၆နှစ်သား
ပြည့်စုံ လေးမွေးကာစကတိုင်
accident တခုကြောင့် ဆုံးသွားတာကြောင့် အဒေါ် ကြီးတယောက်က လခယူပြီး နို့ထိန်းအမေလို စောင့်ရှောက်ပေးလာတာ

ကိုရှင်းက ၁၈နှစ်လောက်ကတိုင်
Yမြို့တော် ကိုပြောင်းလာပြီး
ကို့ခြေထောက် ပေါ် ကိုရက်တည်တယ် ပြည့်စုံကို ခေါ် ပေမယ့်
မလာချင်ဘူး ဆိုလို့ အဲမှာပဲ
နေခိုင်းထားတာ
အခုက သူတို့ကို ထိန်းတဲ့
အဒေါ် ကြီး ဆုံးလို့ ပြည့်စုံ
ဒီရောက်လာ ခြင်းပင်

Ride or DieWhere stories live. Discover now