part 9 (ပုဂံ ခရီးစဥ် ၁)

90 11 0
                                    

ခရီးသွားမယ့်နေ့

သွေးတို့၂ယောက်
မနက်ကို နောက်ကျအောင်ထိ အိပ်ပြီးမှ အဝတ်စားတွေ
သေချာထည့်ပြီး
မနက်စာနဲ့ နေ့လည်စာ ပေါင်းစားလိုက်တယ်
​နောက်တော့ အဝတ်အစားတွေ
ပစ္စည်းတွေ သေချာပြန်စစ်
မုန့်ဝယ်ပြီး ခဏနား
ည၇နာရီလောက် မှ ကားဂိတ်ကို
ထွက်လာခဲ့လိုက်တယ်

/
"ဟေး လက်ယာ မင်းရောက်နေတာကြာပြီလား"

လက်ယာကိုတွေ့တာနဲ့
ရာဇ်က လက်ပြပြီး မေးလိုက်တယ်
ရာဇ်နဲ့ သွေးက နှစ်ယောက်ပေါင်းမှ လွယ်အိတ်တလုံးစီနဲ့
အိတ်တလုံးပဲ ပါပေမဲ့
လက်ယာဆိုသည်မှာတော့
အိပ် ပေါ် ကဆင်းလာသလား
အောက်မေ့ရအောင်
အထုပ်တွေမှာ အများအပြား

"ဟျောင့် လက်ယာ မင်းအိမ် ပေါ် က ဆင်းလာတာလား
အထုပ်တွေကလည်း များလိုက်တာ"

သွေးက ရွဲ့မေးလိုက်တယ်

"မင်းကလည်း ငါက သောက်ချောကြီးဆိုတော့ သေချာလေး ဝတ်ရမယ်လေကွာ"

"အေးပါ ကိုရှင်းတို့ မရောက်သေးဘူးလား"

"အေး ခုနက ငါပြည့်စုံဆီ ဖုန်းဆက်ပြီးပြီ
ရောက်တော့မယ်တဲ့"

"ဟိုမှာ ရောက်လာပြီ"

ရာဇ်က လက်ပြရင်း ေပြာတယ်

"ဟေး မင်းတို့ရောက်တာ ကြာပြီလား"

ပြည့်စုံ ကမေးလာတယ်

"မကြာသေးပါဘူး
ခုနကမှ ရောက်တာ"

"လာပါ ငါ့ညီတို့ရာ
ကားပေါ်မှာ ဆက်ပြောရအောင်
အထုပ်တွေလည်း တင်ရဦးမယ်"

ကိုရှင်းက ကိုပြည့်ကိုဖက်ပြီး
ပြောလာတယ်

"အေး တက်ရအောင် လာ"

လက်ယာက ပြောပြီး အရင်ဆုံးတက်သွားတယ်

ရာဇ်တို့က ဘယ်ညာ ၄တန်း
လက်မှတ်ဖြတ်ထားတာမို့
ရာဇ်တို့နဲ့ ကိုရှင်းတို့က
၂ယောက် တခုံစီ တဖက်တချက်
ဝင်ထိုင်လိုက်တယ်
လက်ယာတို့ ၂ယောက်က
နောက်မှာ ၂ယောက်တခုံ
ထိုင်တော့ မဲ့ အချိန် ရာဇ်က

"မင်းတို့ ၂ကောင်
တယောက်တခုံစီ ထိုင်စမ်း
မင်းတို့ကြောင့် ၂ခုံ
ပိုဖြတ်ထားရတာ ပိုက်ဆံကို
သက်သက်ဖြုန်းကြတာ
တယောက်တခုံထိုင်ကြ"

Ride or DieWhere stories live. Discover now