part 11 (ပုဂံခရီးစဥ် ၃)

137 11 0
                                    

မနက် ၁၁နာရီလောက်မှာ
ရှင်းနဲ့ လင်းတို့က
အကုန်လုံးကို လိုက်နှိုးပြီး
မနက်စာစားဖို့ လိုက်ခေါ် တယ်
နောက်တော့ အကုန်လုံး
ဟိုတယ် restaurantမှာပဲ
ထမင်းစားလိုက်ပြီး
ပုဂံ ခရီးစဥ်ကို ဘယ်ကစမလဲ
ဆွေးနွေးကြတယ်

"ငါတို့ နာမည်အကြီးဆုံးဖြစ်တဲ့
ရွှေစည်းခုံ ကိုအရင် သွားကြမလား"

လက်ယာက အရင် ဝင်ပြောတယ်

"ငါတော့ ဖြစ်ကမ်းနားက ဗူးဘုရားကို အရင်သွားချင်တယ်"

ရာဇ် ကပါပြောလာတယ်

"ရာဇ် အကိုတို့ အဲဘုရားကိုတော့ နောက်နေ့မှသွားချင်တယ်
ဘာလို့လဲဆိုတော့ ဗူးဘုရားကနေ လှေစီးပြီ ဟိုဘက်ကမ်းက ဘုရားတခုကို သွားရဦးမှာ မလို့"

ဆိုပြီး ကိုလင်းက ပြောလာတယ်

"ရတယ်လေ အဲတာဆို ရွှေစည်းခုံကနေပဲ စကြရအောင်လေ"

"OK အဲတာဆို ဘာကိုစောင့်နေတာလဲ သွားကြစို့လေ"

ဆိုပြီး သွေးကပြောပြီး ရာဇ်လက်ကိုဆွဲကာ ပထမဆုံး ထွက်လာပြီး
နောက်က ပြည့်စုံရဲ့ ရွဲ့သံထွက်လာတယ်

"အမလေးကွာ ရည်းစားတွေဖြစ်တဲ့ ငါ့အကိုတို့၂ယောက်တောင်
အဲလောက် မဖြစ်ဘူး သူတို့၂ကောင်က အမြင်ကိုကပ်စရာကောင်းတယ်"

"ဘာလဲ ညီလေး အဲလိုလူတယောက်လောက်မရှိလို့ အားကျနေတာလား"

ကိုရှင်းက ပြည့်စုံကိုစရင်း လင်းရဲ့လက်ကို ဆွဲ ပြီး ထွက်လာတယ်

"မလိုပါဘူး ဂရုစိုက်ပေးမဲ့သူမရှိလည်း ကို့ကာကိုဂရုစိုက်နိုင်တယ်"

ဆိုပြီး လက်ယာ လက်ကိုဆွဲ ပြီး
ထွက်သွားတယ် ကျန်ခဲ့တဲ့
၂ယောက်ခမျာတော့
ကြောင်တောင်တောင်နဲ့ ကျန်ခဲ့တယ်

"ကိုကိုတို့ မလိုက်တော့ဘူးလား
လာလေ"

ဆိုပြီး လက်ယာက ခေါ် မှ
အသိဝင်လာတယ်

နောက်တော့
ကိုရှင်းနဲ့ကိုလင်းကတစီး
ရာဇ်နဲ့ သွေးကတစီး
လက်ယာနဲ့ ယဇ်ကတစီး
ပြညိ့စုံနဲ့ အဝူးတို့က တစီး
ထွက်လာခဲ့တယ်

အရင်ဆုံ ရွှေစည်းခုံ ဘုရားကို
သွားကြတယ်
ဘုရားပေါ် တက်ခါနီးမှ
ပုဆိုးနဲ့ပဲ တက်ရမယ်ဆိုပြီး
ဆိုင်းပုဒ်ကို မြင်ပြီး
ခေါင်းမီးတောက် ကုန်တယ်
ဘာလို့ဆို ၈ယောက်လုံးက
T shirtနဲ့Jeansတွေချည်းပဲ
ဝတ်လာလို့ ဖြစ်တယ်

Ride or DieWhere stories live. Discover now