part 6 (မင်းရှိတာပဲ သူတို့ကိူ မလိုဘူး)

114 13 0
                                    

သွေးမြင်လိုက်ရတာက ကောင်မလေး တယောက်နဲ့ သူ့မိဘတွေ နေ့လည်စာ hot potစားနေပုံ ကြည့်ရတာ တော်တော်နွေးထွေးမယ့်ပုံပဲ
အဖေက ကင်ပြီးသားတွေ ကောင်မလေးကိုကျွေးလိုက်
အမေက ပါးစပ်သုတ်ပေးလိုက်နဲ့

ရာဇ်က ဘာလို့ အဲတာကို
ပြတာလဲ

"ရာဇ် ဘာလို့လဲ သူတို့ဘာသာ hot potစားနေတာကို"

"အဲတာငါ့ မိဘတွေနဲ့ ညီမ
ဘယ်တုန်းကမှ ငါ့ အပေါ် ဆို
နွေးထွေးမှု မပေးခဲ့တဲ့ အရင်းနှီးဆုံး သူစိမ်းတွေ"

"အော် ဘာလဲ မင်းကခံစားနေရတာလား ငိုချင်တာလား
ပခုံးငှားပေးရမှာလား"

"ဟာသတွေ ပြောမနေစမ်းပါနဲ့ကွာ ငါအဲလောက်မနုပါဘူး
မင်းမြင်ဖူးအောင် ပြတာ"

"မသိဘူးလေကွာ
မင်းက ဝမ်းနည်းသံကြီးနဲ့ ပြောနေလို့ အားကျနေတာလား"

"ဘယ်ကသာကွာ ငါ့ အပေါ် နွေးထွေးမှု မပေးတဲ့ သူကို ပြန်နွေးထွေးနေရအောင် ငါမအဘူး
အားလည်းမကျပါဘူး
ငါ့ဘေးမှာ မင်းတယောက်လုံးရှိနေတာပဲ သူတို့ကို မလိုအပ်ပါဘူး"

ရာဇ် စကားကိုကြားတော့ သွေးတယောင် ပါးချိုင့်တွေ ပေါ် အောင်ပြုံးပြီး

"အဲတာဆိုလည်း သွားစားရအောင်ကွာ ငါဗိုက်ဆာလာပြီ"

လို့ပြောပြီး ရာဇ်ကို ဆွဲခေါ်
လာခဲ့တယ်

ဆိုင်ထဲရောက်တော့ ရာဇ် မိဘတွေက သူတို့ကိုမြင်ပေမဲ့ မသိချင်ယောင်ဆောင်သွားတယ်
ရာဇ်လည်း အတူတူပါပဲ
ထောင့်ကျကျစားပွဲမှာ
နေရာယူလိုက်ပြီး
Waiterကို စားစရာတွေ
မှာလိုက်တယ်

"ရာဇ် ငါတို့earrings တပ်ရအောင် ငါ့ကို တဖက်ပေး"

earrings အထုပ်ကို ရာဇ်က ကိုင်လာတာမို့ သွေးကတောင်း
လိုက်တယ်
ရာဇ်က ထုတ်ပေးတော့
သွေးကို့ဟာကို တပ်လိုက်တယ်
ရာဇ်လည်း တပ်ပေမဲ့
တပ်မရတာကို မြင်တော့ သွေးက
ခုံ ပေါ် ကနေထပြီး ရာဇ် ဘက်ကိုလာပြီး သေသေချာချာ ဝတ်ပေးလိုက်တယ်

"ရာဇ် မင်းက နားကပ်နဲ့ တော်တော်လိုက်တယ်
နောက်ကျရင် နားကပ်များများဝယ်ထားရမယ်"

Ride or DieWhere stories live. Discover now