Clover your'e my clover[Compl...

By Johnmyat

2.6M 252K 16.8K

What is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အခ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
moti..🍀
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
🍀🍀
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Blah Blah 🤧
Part-53
Part-54
Part-55
Part-56
Part-57(အသားယူခံလိုက်ရသော အိကျိအိကျိလေးနှစ်ခု)
Part-58(ဒီရေလှိုင်းကိုယောက်ဖတော်ချင် နေသော ကိုကြီးလင်းနေ)
Part-59 (Sob* ကျွန်တော်ကြောက်တယ်ဖက်ထားပေးပါ)
Part-60(လိုချင်တာသာပြောလိုက် ကိုကို ဖန်ဆင်းပေးမယ်)
Part- 61(ကိုကို့အား အူးမွပြစ်လိုက်သည့်ရွက်စိမ်းပေါက်စ❤)
Part- 62(ကိုကို့ကို လက်ထပ်ပြီးရွက်စိမ်းလေးအပိုင်လုပ်ပြစ်မယ်)🍉
Part- 63(သုံးနှစ်ကတိုတယ် သင်ပေးစရာတွေကအများကြီး..!)
Part-64(သဝန်တိုလူကြီးမင်း သစ်မိုးအိမ်)🖤
Part-65(သဝန်တိုလူကြီးမင်း သစ်မိုးအိမ် ၂)
Part-66(သုံးခါနမ်း ချစ်တယ်သုံးခါပြော..!!..)
Part-67(ဝံပုလွေလေးရယ်..အစ်ကိုကြီးရယ်..အသားယူလွန်းသော ကိုကိုရယ်)❤💙🖤
Part-68(ကျောင်းလူမိုက်ပေါက်စလေးရာထူးရသွားခြင်း)
Part-69(ရွက်စိမ်းလေး ဆိုးရင်ကိုကိုကမချစ်ဘူးလား..?..)
Part-70(High Boss daddy နှင့်ကိုကိုကို ပိုင်ဆိုင်သောရွက်စိမ်းလေး)
Part-71(သဘောကောင်းတ့ဲ ice-cream ကိုကြီးနှင့်တွေ့ဆုံခြင်း)🍦🍨🍧
Part-72(ကိုကိုကဆိုးတယ် ရွက်စိမ်းလေးကိုကို့ညီလေးမလုပ်ချင်တော့ဘူး..)
Part-73(ညီလေးကို Level မြှင့်လိုက်ရင်ဘာဖြစ်သွားလဲသိချင်လား..)
Patrt-74(သူ၏အစီအစဉ်များ စတင်လေပြီ)
Part-75(ကိုယ်သဝန်တိုမိလိမ့်မယ်)
Part-76(ဒီကိုအနမ်းပေး မဟုတ်ရင် ကိုကိုဝမ်းနည်းရလိမ့်မယ် clover)
Part-77(ရွက်စိမ်းလေးနေမကောင်းဖြစ်နေတယ်)
Part-78(ချိုမြိန်သော ချစ်ခြင်းအားစတင်ထိတွေ့မိခြင်း)
Part-79(ပန်းဖျော့ရောင်နေ့စွဲများ..)
Part-80(သက်သေပြုကာတိုင်တည်ပါသည်)
Part-81(ချစ်ခြင်း၏ရှိန်းမြမြသံစဉ်..)
Part-82(အလွှားပါး၏နောက်ကွယ်မှ..)
Part-83(မသေချင်ရင် ထွက်သွားစမ်း!!)
Part-84(ကောင်လေးစာမပြန်သောကြောင့် ကြေကွဲနေသောအစ်ကိုကြီး)
Part-85(cloverက ခွင့်ပြုမယ်မလားဟင်)
Part-86(မြတ်နိုးရာလေး)
Part-87(အတန်ကြာငြိမ်သက်နေခ့ဲသော ဧကရာဇ်ကိုနန်းအမှုထမ်းတွေကမေ့လျော့လာတ့ဲအခါ)
Part-88 (စတင်ခ့ဲလေသော)
Part-89(ဒူးထောက်လိုက်သော အစ်ကိုကြီး)
Part-90(အတိတ်သို့ တစ်ကျော့)
Part-91(ကောင်လေးကိုသင်တန်းကြိုခွင့်ရသွားတ့ဲ အစ်ကိုကြီး)
Part-92(Blind Date ခဏခဏသွားသော အစ်ကိုကြီး)
Part-94(သူ..Mr.X)
Part-95(ချိုမြိန်သော အခိုက်အတန့်များ)
Part-96(အဟွန်း! အဆိုးလေးကိုဖမ်းမိပြီ)
Part-97(Happy 18th Birthday my clover)
Part-98(clover..smile~!)
Part-99(၁၃နှစ်တာယုံကြည်မှု)
Part-100 (Final)
Final(1)
Final(2)
[Conclusion]🍉
Serect things

Part-93(အဆိပ်ပြင်းသော သူမ)

13.8K 1.5K 63
By Johnmyat

(Zawgyi)🍀🍀🍀🍀

(အဆိပ္ျပင္းေသာ သူမ..)

Part-93
(ကိုယ္..ခ်စ္ေသာ clover..!!..)

"အနည္းဆံုးေတာ့ ကိစၥအားလံုးရ႕ဲတရားခံကို
ဦးေသာ္ထက္ဆိုတ့ဲ ဦးေလးကိုမျဖစ္ေစခ်င္ခ့ဲဘူး။
ေဖေဖ့ကိုသတ္တ့ဲသူ ကြၽန္ေတာ့္တစ္ဘဝလံုးကိုလွည့္စားဖို႔ႀကိဳးစားေနတ့ဲတရားခံက ဦးေလးမျဖစ္ေစခ်င္ခ့ဲဘူး..။ အျမဲတမ္းေမးခြန္းထုတ္​ေနမိတာ.ဘာလို႔လဲ ဘာလို႔လဲလို႔.. တစ္ရက္ေတာ့​ေမးခ်င္ခ့ဲမိတာ။ ဦးေလးအေပၚအျမဲေကာင္းေပးခ့ဲတ့ဲ ေဖေဖ့ကိုေရာ ဦေလး
အေပၚအေဖတစ္ေယာက္လိုခင္တြယ္ခ့ဲတ့ဲ ကြၽန္ေတာ့္ကိုေရာ ဘာလို႔မ်ားလုပ္ရက္ရတာလဲ..ဟား..!"

သစ္မိုးအိမ္က ဆက္ကာေျပာေနမိသည္။

"ဦးေလးကေတာ့ မိသားစုေသြးေႂကြးဆပ္ရလို႔ေပ်ာ္
ေနမယ္ထင္တယ္.. ဟက္! ထားလိုက္ပါေတာ့..
ရီစရာေကာင္းလိုက္တာ အျမဲေမးခ်င္ေနခ့ဲတ့ဲေမးခြန္း
ေတြကိုထုတ္ေဖာ္မိတ့ဲအခ်ိန္ကအခုလိုအခ်ိန္ျဖစ္ေန
မယ္မထင္ထားဘူး.."

အခန္းကတိတ္ဆိတ္ေနသည္။ ႏွလံုးႀကိမ္ႏႈန္းျပေသာ
စက္ဆီမွအသံသာထြက္ေပၚေနသည္။ သစ္မိုးအိမ္..
လူနာေဘးခံုတြင္ထိုင္ေနရာမွထရပ္လိုက္သည္။ လက္
တစ္ဖက္ကိုေဘာင္းဘီအိပ္ကပ္ထဲထည့္လိုက္ကာ..
လူနာကုတင္ေပၚမွ ေမ့ေျမာေနဆဲျဖစ္ေသာ ဦးေသာ္
ထက္ကိုၾကည့္လိုက္သည္။

"ႏႈတ္ဆက္ပါတယ္ ဦးေလး ေကာင္းေကာင္းေနရစ္ပါ"

သစ္မိုးအိမ္ ကုတင္ေပၚမွသူကိုေက်ာခိုင္းကာထြက္လာ
လိုက္သည္။ လူနာကုတင္ေဘးတြင္ေတာ့ သစ္မိုးအိမ္
ယူလာခ့ဲေသာ ပန္းစည္းကေနရာယူထားသည္။ ပန္းပြင့္
မ်ား၏ ပြင့္ဖတ္ကအေရာင္ေဖ်ာ့ေသာ္လည္းထိပ္ဖ်ားသို႔
ေရာက္ေလပိုအေရာင္ရင့္ေလပင္..။ သူကႀကိဳးစား႐ုန္း
ကန္ကာ လက္မေလ်ာ့လိုေသာခံစားခ်က္ကိုေပးစြမ္းေန
သေယာင္ပင္..။

ကုတင္ေပၚမွအမ်ိဳးသား၏ မ်က္ခြံမ်ားသည္ အနည္း
ငယ္လႈပ္ခတ္သြားကာ တစ္စံုတစ္ခုဆီမွႀကိဳးစား႐ုန္း
ကန္ေနဟန္႐ွိသည္။ ထိုစဥ္အခန္းတံခါးဖြင့္သံႏွင့္အတူ
အနီရင့္ဝင္လာသည္။ မိုင္းက ဦးေသာ္ထက္အခန္းတြင္
အေစာင့္မ်ားထားခ့ဲေသာ္လည္း သူမက သခင္မေလး
ရာထူးျဖင့္ထိုသူမ်ားကိုပထုတ္ၿပီးျဖစ္သည္။

သူမက သစ္မိုးအိမ္ႏွင့္ဦးေသာ္ထက္ကိုႏွစ္ေယာက္ထဲ
႐ွိႏိုင္ရန္ဖန္တီးေပးၿပီး သစ္မိုးအိမ္ျပန္သြားေသာအခါမွ
အခန္းထဲဝင္လာခ့ဲျခင္းျဖစ္သည္။ အနီရင့္က ဦးေသာထက္၏ လူနာကုတင္နားသို႔ေလ်ာက္သြားလိုက္၏။
တိတ္ဆိတ္ေသာလူနာခန္းထဲတြင္အနီရင့္၏ေဒါက္ဖိနပ္
သံသာ ထြက္ေပၚေနသည္။

အနီရင့္က သူမ၏သြယ္လ်ေသာလက္ေမာင္းမ်ားကို
ယွက္ကာလက္ပိုက္ေသာပံုစံျဖင့္ ဦးေသာ္ထက္ကို
မမွိတ္မသုန္ၾကည့္သည္။ သူမ၏ႏႈတ္ခမ္းမ်ားက
အနည္းငယ္ေကာ့တက္ေနၿပီးေက်ာခ်မ္းဖြယ္အျပံဳး
တစ္ခုကိုျပံဳးထားသည္။

"စိတ္မေကာင္းပါဘူး ဦးေလး.. ဦးေလးကအ့ဲဒီလူ
အတြက္ အေကာင္းဆံုးေလာင္စာျဖစ္ေနလို႔ပါ..
အဟင္း.. ကြၽန္မေတြးထားသလိုအားလံုးျဖစ္လာ
ေတာ့မွာ.. ဦးေလးကေျပာဖူးတယ္ေလ တစ္ခုခုလို
ခ်င္တာ႐ွိရင္ ဦးေလးကိုေျပာရမယ္ဆို.."

ေျပာၿပီးေသာအခါ အနီရင့္၏မ်က္ႏွာသည္ျဖဴစင္
ေသာပံုစံေလးအျဖစ္ေျပာင္းသြားသည္။ သူမက
အမ်ိဳးစံုေသာမ်က္ႏွာအမူအရာကိုေျပာင္းရန္အခ်ိန္
တစ္ခဏသာလိုက္သည္။အနီရင့္ကေျပာလာသည္။

"အခုရင့္ ရင့္ေလ ဦးေလးရ႕ဲအသက္ကိုလိုခ်င္တယ္..
အဟင္းဟင္း..ဦးေလးကခ်စ္ရတ့ဲတူမေလးအတြက္
ျဖည့္ဆည္းေပးမယ္မလားဟင္ ေနာ္.."

သူမကလက္သည္း႐ွည္တြင္ဆိုးေဆးနီနီဆိုးထား
ေသာလက္တစ္ဖက္ျဖင့္ႏႈတ္ခမ္းကိုအုပ္ကာခပ္သာ
သာရယ္ေမာသည္။ သူမကခြၽဲႏြဲ႔ေနေသာ တူမေလး
တစ္ေယာက္ပံုေပါက္ကာ အလိုလိုက္ခ်င္ဖြယ္ေကာင္း
သည္။ အေျပာင္းအလဲျမန္ေသာသူမ၏မ်က္ႏွာအမူအ
ရာက တည္သြားျပန္သည္။

"ဦးေလးမ႐ွိေတာ့တာန႔ဲ ကစားပြဲကိုေကာင္းေကာင္း
ထိန္းခ်ဳပ္ႏိုင္သြားလိမ့္မယ္။ အ့ဲဒီသူကလည္း စိတ္
လြတ္သြားလိမ့္မယ္။ ၿပီးရင္သူတို႔တိုက္ခိုက္ၾကလိမ့္
မယ္..။ သူတို႔ပ်က္စီးေလ ကြၽန္မေပ်ာ္ေလဘဲ...။
ဘယ္သူက ကြၽန္မကို လစ္လ်ဴ႐ႈဖို႔ စြန္႔ျပစ္ဖို႔အခြင့္႐ွိ
လို႔လဲ"

ေနာက္ဆံုးစကားကိုေျပာေနစဥ္တြင္ အနီရင့္သည္
စိတ္လြတ္သြားေသာသူတစ္ဦးႏွင့္ပင္တူေသးသည္။
စကၠန္႔ပိုင္းအတြင္းသူမကညင္သာေသာပံုစံျပန္ျဖစ္
သြားသည္။

"ကြၽန္မေပ်ာ္ရႊင္ဖို႔ ဦးေလးေသေပးရလိမ့္မယ္.."

ဦးေသာ္ထက္က ပံုမွန္အဆိပ္ေလာက္ဆို ျမန္ျမန္
ေကာင္းလာႏိုင္ေသာ္လည္း ဘယ္သူမွသတိမထား
မိခင္ ဦးေသာ္ထက္ကိုယ္ထဲနည္းနည္းစီထိုးေပး
ထားေသာ ေဆးေၾကာင့္သတိမလည္ႏိုင္ျဖစ္ေနျခင္း
ျဖစ္သည္။ သူမက ေမွာင္ခိုေစ်းကြက္မွေၾကးႀကီးေပး
ကာဝယ္ထားခ့ဲျခင္းျဖစ္ေသာေၾကာင့္ မည္သူကမွ
အေစာတလ်င္သတိထားမိမည္မဟုတ္။

ထိုသူေသသြားၿပီး အေလာင္းကိုရင္ခြဲစစ္ေဆးခ့ဲ
လ်ွင္ေတာ့ မဲညစ္ေနေသာကိုယ္တြင္းအဂၤါမ်ားကို
ျမင္ႏိုင္မည္ျဖစ္သည္။ သို႔ေသာ္ အနီရင့္အတြက္
သူမကိုယ္သူမကာကြယ္ရန္နည္းလမ္းမ်ားစြာ႐ွိ
သည္။ လူေသကစကားမေျပာႏိုင္မွေတာ့ ဘယ္သူ
က ဦးေသာ္ထက္ေသရတာသူမလက္ခ်က္ဆိုတာ
သိမွာလဲ..။ အနီရင့္က ဦးေသာ္ထက္ကုတင္ေဘး
တြင္ရပ္ကာ ဦးေသာ္ထက္ကို ၾကည့္ေနျခင္းျဖစ္
ေသာေၾကာင့္ ဦးေသာ္ထက္၏မ်က္ခြံမ်ားလႈပ္ကာ
ႏိုးထရန္ႀကိဳးစားေနမႈကိုျမင္သည္။

ႀကိဳးစားကာ႐ုန္းကန္ေနေသာ အမူအရာမ်ားက
ၾကည့္ေကာင္းသည္ဟုထင္သည္။ သူမႏႈတ္ခမ္းေလးမ်ားတြန္႔ေကြးသြားရသည္။ သူမက ေပ်ာ္စရာေကာင္း
​ေသာအရာတစ္ခုကိုေတြ႔လိုက္သလိုပင္။ အရက္စက္
ဆံုးမေကာင္းဆိုးဝါးတစ္ေကာင္က သူ၏သားေကာင္ ကိုေနာက္ဆံုးထြက္သက္တြင္ပင္ ညႇာတာ႐ိုးထံုးစံ
မ႐ွိေပ။

သူမကကိုယ္ကိုငံု႔ကိုင္းလိုက္ကာ ဦးေသာ္ထက္၏
နားနားသို႔ကပ္ကာတီးတိုးေရရြတ္သလိုေျပာလိုက္
သည္။ ခ်ိဳသာေသာသူမအသံေလးႏွင့္မလိုက္ဖက္
စြာပင္ သူမ၏စကားမ်ားကေတာ့ အဆိပ္မ်ားျဖင့္
ျပည့္ေနသည္။

"ေနာက္ဆံုးအခ်ိန္ေလးမွာ ဘဝမကူးခင္ေလး
ကိစၥတစ္ခ်ိဳ႕ကိုေျပာျပရမလား.. အင္း နားေထာင္
တာက ဒီအတိုင္းဘဲဆို ပ်င္းစရာႀကီး..ဆိုေတာ့ကာ
ေအာက္ဆီဂ်င္ပိုက္ေလးျဖဳတ္လိုက္မယ္ေနာ္.."

အနီရင့္က ေအာက္ဆီဂ်င္ပိုက္ကိုျဖဳတ္လိုက္ကာ
ဦးေသာ္ထက္၏ေဘးခံုတြင္ဝင္ထိုင္သည္။

​ေအာက္ဆီဂ်င္ မလံုေလာက္မႈေၾကာင့္ ဦးေသာ္ထက္
၏ ႏွလံုးခုန္ႏႈန္းမ်ားမၿငိမ္ျဖစ္လာေသာအခါ အနီရင့္က
ဦးေသာ္ထက္လက္ညိ္ုးေလးတြင္တပ္ဆင္ထားေသာ
စက္ကေလးကိုျဖဳတ္ကာ သူမလက္တြင္ခ်ိတ္လိုက္၏။
ဒါဆို မည္သည့္အေရးေပၚအခ်က္ျပမႈမွ ျမည္လာမည္
မဟုတ္ေတာ့သလို သူမတို႔ကိုမည္သူမွ မေႏွာင့္ယွက္
ႏိုင္ေတာ့ေပ..။

ႀကိမ္ႏႈန္းျပစက္တြင္ေတာ့ ႏွလံုးခုန္ႏႈန္းၿငိမ္ၿငိမ္က
ျပသေနၿပီး ကုတင္ေပၚမွ ဦးေသာ္ထက္ကေတာ့
မၿငိမ္မသက္ေသာအေျခအေနကို ရင္ဆိုင္ေနရသည္။
အနီရင့္က ေအးေဆးပင္။ သူမက ကေလးတစ္ေယာက္ကို ပံုျပင္ေျပာျပေတာ့မယ္ မူႀကိဳဆရာမလို ေခ်ာင္း
အသာဟမ့္ကာ အသံကိုအရင္စမ္းလိုက္သည္။

"အင္း..ဘယ္ကစေျပာရမလဲ ေသြးစြန္းေနတ့ဲလက္
ေတြန႔ဲ ဦးေလးရ႕ဲခ်စ္လွစြာေသာအစ္ကိုအေၾကာင္း
လား.. ဒါမွမဟုတ္ ဦးေလးရ႕ဲခ်စ္လွစြာေသာအစ္ကို
က ဦးေလးန႔ဲမ်က္ႏွာတစ္ပံုစံတည္းတူတာကိုအသံုးခ်
ၿပီး ဦးေလးရ႕ဲတူေလးကိုသတ္ဖို႔ႀကိဳးစားေနပါတယ္
လို႔လား.. အယ္.. သူက ဦးေလးရ႕ဲေမြးစားအစ္ကို
ဦးရန္မင္းကိုလဲ သတ္ခ့ဲေသးတာ.."

"စဥ္းစားၾကည့္ ဒီကမၻာေပၚမွာသူ႐ွိေနမွန္းဘယ္သူမွ
မသိဘူး..သူက အားလံုးကိုသတ္ၿပီးတိတ္တဆိတ္
ထြက္သြားရင္ အျပစ္ေတြအားလံုးက သူန႔ဲမ်က္ႏွာ
တူတ့ဲ႐ွင္ဘဲခံရမယ္ထင္တယ္။ အဟင္း ေတြးၾကည့္
တာန႔ဲတင္ စ္တ္ဝင္စားစရာေကာင္းတာဘဲ.."

အနီရင့္ကႏႈတ္ခမ္းကိုအုပ္ကာ ခ်ိဳၿမိန္စြာရီသည္။
သူမက ရည္ရြယ္ခ်က္႐ွိစြာပင္ ဦးေသာ္ထက္ကို
စကားလံုးမ်ားေရြးခ်ယ္ကာေျပာေနျခင္းျဖစ္၏..။

"ဒါေတြထားလိုက္ပါ..အေစာက ႐ွင့္ရဲ႕တူေလးလာ
သြားတယ္မလား။ သူျပန္သြားၿပီးမၾကာခင္ ႐ွင္သာ
ေသသြားခ့ဲရင္......ဘင္ဂို! ပြဲၿပီးၿပီ.."

အနီရင့္က ေနာက္ဆံုးစကားကိုတစ္ခဏရပ္လိုက္ၿပီး
ေက်နပ္ဟန္ျပံဳးၿပီးမွဆက္ေျပာလာျခင္းျဖစ္သည္..။
သူမက ဦးေသာ္ထက္ကို တစ္ခ်က္ၾကည့္ကာ ထရပ္
လိုက္ၿပီးေနရာမွထြက္သြားရန္ျပင္လိုက္သည္။

"ႏႈတ္ဆက္ပါတယ္ ခ်စ္လွစြာေသာဦးေလး.."

အနီရင့္၏ အျပံဳးျဖင့္ႏႈတ္ဆက္စကားအဆံုး ဦးေသာ္ထက္၏ ႐ုန္းကန္ေနမႈမ်ားသည္တစ္ျဖည္းျဖည္းၿငိမ္သက္
လာက မ်က္ဝန္းေထာင့္မွမ်က္ရည္ၾကည္မ်ားက်ဆင္း
သြားသည္။ သူကမလႈပ္႐ွားႏိုင္ေသာ္လည္း ၾကားႏိုင္
ေသးသည္။

အနီရင့္၏ဖိနပ္သံသည္ တစ္စတစ္စေဝးသြားသည္ႏွင့္အၿပိဳင္ ဦးေသာ္ထက္သည္လည္းတစ္ျဖည္းျဖည္းၿငိမ္
သက္သြားကာ လႈပ္႐ွားမႈမ့ဲလာေတာ့သည္။

.............

"ဒီပစၥည္းရယ္ ဟိုတစ္ခု ဟိုတစ္ခု ဟိုးနားကတစ္ခု
ပါအကုန္ထုပ္ပိုးေပးပါ.."

အေရာင္းဝန္ထမ္းေလးက သူ႔စကားအတိုင္းပင္
ပစၥည္မ်ားကိုထုပ္ပိုးေပးရန္ယူသြားသည္..။

"ကိုႀကီးသူငယ္ခ်င္း ဘာလို႔အမ်ားႀကီးဝယ္ေနတာလဲ
ဟင္.. တအားမ်ားေနၿပီ.."

"မင္းသေဘာက်တယ္မလား ပမာဏနည္းနည္းက
ကိစၥမ႐ွိပါဘူး.. ဘာလိုခ်င္ေသးလဲ"

"ဟင့္အင္း ဟင့္အင္း တိမ္ငယ္ဘာမွမလိုခ်င္ေတာ့
ပါဘူး.. အခုေတာင္အရမ္းမ်ားေနၿပီ.."

တိမ္ငယ္က အမွန္တကယ္အားနာေနဟန္႐ွိသည္။
တစ္ပါးသူေပးေသာမည္သည့္အရာကိုမွ အခြင့္အေရး
မယူတတ္ေသာအက်င့္စ႐ိုက္အတိုင္းပင္ျဖစ္သည္။
ဒီေရလိႈင္းက တိမ္ငယ္ကိုအဝတ္အစားတစ္ခ်ိဳ႕ဝယ္
ေပးမည္ဆိုကာ ေခၚလာျခင္းျဖစ္ၿပီး တိမ္ငယ္ၾကည့္မိ
သမ်ွကိုအကုန္ဝယ္ေပးေနျခင္း.. ဆိုင္ဝန္ထမ္းေလး၏
လက္ႏွစ္ဖက္လံုးတြင္ ပစၥည္းမ်ားျဖင့္ျပည့္ေနၿပီျဖစ္၏။

အဆံုးတြင္ေတာ့ တိမ္ငယ္သည္သူ၏မ်က္လံုးဝိုင္းႀကီး
မ်ားကို မကစားရဲေတာ့ဘဲ ေႂကြျပားမ်ားျဖင့္ေတာက္
ေျပာင္ေနေသာ ၾကမ္းျပင္ကိုသာအၾကည့္ပို႔ရင္း ေခါင္း
ေလးကိုငံု႔ထားသည္။လက္တစ္ဖက္ကေတာ့ ဒီေရလိႈင္း
၏ အက်ႌခါးနားစကိုအသာဆြဲကာဆုပ္ကိုင္ထားသည္။

ဒီေရလိႈင္းက ထိုလက္ကေလးကိုဆုပ္ကိုင္လိုက္ၿပီး
သူ႔လက္ဖဝါးႀကီးမ်ားၾကားနစ္ျမဳပ္ေစလိုက္သည္။
သူကႏႈတ္ခမ္းမ်ားကိုတင္းတင္းေစ့ထားၿပီး အျမဲ
ဂုဏ္ယူစြာဝင့္ထားေသာေမးကိုအနည္းငယ္ေအာက္
ခ်ကာ ေကာင္ေလးကိုၾကည့္လိုက္သည္။ ေကာင္ေလး
၏အမူအရာကိုသူက သေဘာေပါက္သည္။

ဒီေရလိႈင္း သူ႔လက္အတြင္း႐ွိလက္ကေလးကိုအနည္း
ငယ္ဖ်စ္ညစ္လိုက္ကာ ေကာင္ေလးကိုသူ႔ကိုေမာ့ၾကည့္
လာေစလိုက္သည္။ ေကာင္ေလးေမာ့ၾကည့္လာေသာအခါ သူေျပာလိုက္သည္။

"ေနသားက်မွျဖစ္မယ္ ခရမ္းခ်ဥ္သီး ငါကအျမဲအလို
လိုက္မွာမို႔ မင္းေနသားက်ေနမွျဖစ္မွာ.."

ဒီေရလိႈင္းက တိမ္ငယ္သူေျပာတာကိုနားလည္မလည္
ဂ႐ုမစိုက္ေပ။ နားလည္လ်ွင္ေကာင္းသည္။ နားမလည္
လ်ွင္လည္း တျဖည္းျဖည္းနားလည္သြားမည္မွာေသခ်ာ
သည္ပင္။ ဒီေရလိႈင္းေကာင္ေလးလက္ကိုမလႊတ္တန္း
ဆုပ္ကိုင္ကာ က်သင့္ေငြ႐ွင္းရန္ေကာင္တာဘက္သို႔
ဦးတည္ကာသြားလိုက္သည္။

ေငြ႐ွင္းၿပီးေသာအခါ ဆိုင္မွဝန္ထမ္းေလးမ်ားအကူအညီ
ျဖင့္ပစၥည္းမ်ားကို ကားေနာက္ခန္းတြင္ေနရာခ်လိုက္ၿပီး
ႏွစ္ေယာက္သားအစားအေသာက္တန္းမ်ား႐ွိရာဘက္ကို
ဦးတည္လိုက္သည္။

သူ႔လက္ဖဝါးထဲတြင္ အ့ံဝင္ခြင္က်ေနေသာ လက္
ကေလးကိုသေဘာက်သည္။ အစားအေသာက္မက္
ေသာ တိမ္ငယ္၏မ်က္လံုးေလးမ်ာေရြ႔လ်ားေနပံုကို
လည္း သေဘာက်သည္။ ၿပီးေတာ့ ထိုေကာင္ေလး
ျပံဳးေနတာကိုလည္း သူသေဘာက်သည္..။

ဒီေရလိႈင္းျပံဳးကာ တိမ္ငယ္၏ေခါင္းလံုးလံုးေလး
ကိုပြတ္သပ္လိုက္သည္။

.............

C ႏိုင္ငံ၏ေလဆိပ္က ခန္းနားစြာတည္ေဆာက္ထား
ၿပီး အလူအမ်ားျဖင့္စည္ကားေနသည္။ ဝမ္ဟိုင္ႏွင့္
လင္းေနတို႔ ေလယာဥ္ေပၚမွဆင္းလာၿပီျဖစ္သည္။
လင္းေနက ဘယ္ကိုဆက္သြားမည္မသိေသာေၾကာင့္
ဝမ္ဟိုင္ကိုေမးခ်င္ေသာ္လည္း မေမးျဖစ္ေတာ့..။

တစ္ျခားမိသားစုမ်ားမွာ လာႀကိဳသူမ်ား႐ွိေနေသာ္
လည္း ဒီေကာင္ေလးတြင္႐ွိဟန္မတူ..။ လင္းေန
ဝမ္ဟိုင္ လက္တစ္ဖက္ကိုဆုပ္ကိုင္ကာအနည္းငယ္
ဖ်စ္ညစ္လိုက္ရင္း ႏွစ္သိမ့္ေပးလိုက္သည္။

ဝမ္ဟိုင္၏ ႏႈတ္ခမ္းေထာင့္မ်ားအနည္းငယ္တြန္႔ေကြး
သြားရသည္။ သူက လင္းေန၏လက္တစ္ဖက္ကိုယူ
ကာ လက္ေကာက္ဝတ္ေလးကိုတစ္႐ိႈက္မက္မက္နမ္း
သည္။ ႐ုတ္တရက္ဆန္ေသာ အျပဳအမူေၾကာင့္
လင္းေန ေၾကာင္အကာဝမ္ဟိုင္ကိုၾကည့္လိုက္မိေသာ
အခါ အနည္းငယ္ေမွးက်ဥ္းထားေသာအ႐ိုင္းဆန္ေသာ
အၾကည့္မ်ားႏွင့္ရင္ဆိုင္လိုက္ရသည္။

လင္းေနမ်က္ႏွာတစ္ခုလံုး ထူပူသြားသလိုခံစားလိုက္
ရသည္။ ဒီေကာင္ေလးက တစ္ေန႔တစ္ျခားဆိုးဆိုး
လာကာ အသားယူတတ္သည္။ ေကာင္စုတ္ေလး!
လင္းေန တိတ္တဆိတ္သာ ဆူပူလိုက္သည္။

လင္းေန ႏႈတ္ခမ္းလႈပ္ယံုျဖင့္ဆူပူသည္ကို ဝမ္ဟိုင္က
ရယ္ကာ လက္ေကာက္ဝတ္ေလးကိုထပ္နမ္းျပသည္။
သူကလ်ွာဖ်ားျဖင့္ပင္က်ီဆယ္လိုက္ေသးသည္။
လင္းေန ဆိုးဝါးေသာထိုကေလးလက္မွသူ႔လက္မ်ား
ကို ႐ုန္းလိုက္ေသာ္လည္း ဝမ္ဟိုင္ကလႊတ္မေပးေပ။

လင္းေန..ဝမ္ဟိုင္ကို လႊတ္ေပးရန္မ်က္ႏွာရိပ္မ်က္ႏွာကဲ
ျပေသာ္လည္း ဝမ္ဟိုင္က ျပံဳးစစျဖင့္သာမလြတ္ေပး..။
သူတို႔ကေလဆိပ္ထဲတြင္႐ွိေနေသးသည္ကိုပင္ ဝမ္ဟိုင္
က တစ္ကယ္ကိုဆိုးသည္။ အျမဲတမ္းနာခံတတ္ေသာ ထိုကေလးကဘာေၾကာင့္မ်ား လင္းေနစကားကိုနား
​ေထာင္ရန္ျငင္းဆန္ေနသည္ကိုတစ္ကယ္ကိုနားမလည္
ေတာ့..။

"အိမ္ေတာ္သခင္ကိုႀကိဳဆိုပါတယ္"

တူညီဝတ္စံုမ်ားျဖင့္ လူစုက လင္းေနႏွင့္ဝမ္ဟိုင္ေ႐ွ႕
တြင္ရပ္ကာ ႐ိုက်ိဳးေသာအမူအရာျဖင့္ေျပာလာျခင္း
ျဖစ္သည္။ ႐ိုက်ိဳးလြန္ေသာ အမူအရာမ်ားက အသား
က်ေနသလိုပင္ လင္းေန ထိုသူမ်ားမည္သူျဖစ္သည္
ကိုဝမ္ဟိုင္ကိုေမးရန္လုပ္လိုက္ေသာ္လည္း ဝမ္ဟိုင္
၏လက္တစ္ဖက္ကလင္းေန၏ခါးတြင္ပိုင္စိုးစြာရစ္ပတ္
လာသည္။

ဝမ္ဟိုင္က ေ႐ွ႕မွလူတစ္စုကို ၾကည့္လိုက္ကာ..
ေျပာလိုက္သည္။

"ေ႐ွ႕ကလမ္းျပ"

လူတစ္စု၏ဦးေဆာင္မႈႏွင့္တူတူ အနက္ေရာင္ကား
အ႐ွည္ႀကီးအတြင္းသို႔ဝင္ထိုင္လိုက္ၾကသည္။ ထိုသူ
မ်ားက တံခါးကိုကိုယ္တိုင္ဖြင့္ေပးသလို ဂ႐ုတစိုက္
ျပန္ပိတ္သည္။

ကား၏အတြင္းတြင္ေတာ့ အသီးအႏွံတစ္ခ်ိဳ႕ႏွင့္
ဝိုင္မ်ားအျပင္ အျခားျပင္ဆင္ထားသည္မ်ားလည္း
႐ွိသည္။ တန္ဖိုးႀကီးကာ ဇိမ္ခံကားမွန္းသိသာလွ
သည္။

လင္းေနသူ႔ခါးမ်ားတြင္ ႐ွိေနဆဲဝမ္ဟိုင္၏လက္မ်ား
ကိုဖယ္လိုက္ကာ ဝမ္ဟိုင္၏မ်က္လံုးမ်ားကိုတည့္တည့္
ၾကည့္လိုက္သည္..။

"သူတို႔က ဘယ္သူေတြလဲ ဝမ္ဟိုင္.. ဝမ္မိသားစု
ကလား?.."

ဝမ္ဟိုင္က ႏႈတ္ခမ္းမ်ားကိုတင္းတင္းေစ့ကာ ေခါင္းၿငိမ့္
ၿပီးျပန္ေျဖလာသည္။

"ဟုတ္တယ္..ဝမ္မိသားစုက အတြင္းမွာလိႈက္စားေန
တာ.. အေရးမပါတ့ဲကေလးတစ္ေယာက္ကိုေတာင္..
အမ်ားအျမင္မွာေတာ့ အခြင့္ထူးေတြေပးထားဖို႔ မတြန္႔
ဆုတ္ၾကဘူး.."

ဝမ္ဟိုင္ကေျပာရင္းမ်က္လံုးမ်ားကိုမွိတ္ခ်လိုက္သည္။
လင္းေနလည္း ဆက္မေမးေတာ့ဘဲ သူ႔ပုခံုးကိုမွီလာ
ေသာ ဝမ္ဟိုင္၏ေရလိႈင္းလိုဆံပင္ေလးမ်ားၾကားကို
သာ လက္ေခ်ာင္းမ်ားျဖင့္တိုးဝင္ၿဖီးသင္ေပးေနလိုက္
သည္။

"ကိုယ္႐ွိတယ္ စိတ္မေကာင္းမျဖစ္န႔ဲ.."

ဝမ္ဟိုင္ ေခါင္းၿငိမ့္လိုက္သည္။ လင္းေနကိုအနည္းငယ္
ေခါင္းေလးေစာင္းကာေမာ့ၾကည့္ရင္း ေျပာရန္လည္းမ
ေမ့.."

"ကြၽန္ေတာ့္မွာ လင္းေနဘဲ႐ွိတာ.."

လင္းေနတစ္ေယာက္ကေတာ့ နာခံလြယ္ေသာ ပံုစံ
ေလးအျဖစ္ေျပာင္းသြားကာ စိတ္ထိခိုက္ေနေသာ သူ
၏ယုန္ငယ္ေလးကိုေပြ႔ဖက္ကာ ႏွစ္သိမ့္ေပးေနလိုက္ၿပီး
အေစာက သူ၏ေမးခြန္းမ်ားစြာျဖင့္အေတြးမ်ားကိုလြယ္
လြယ္ပင္ေမ့ျပစ္လိုက္သည္။

...........

(A/N-မေန႔က ေနမေကာင္းခ်င္သလိုျဖစ္ၿပီး ေစာေစာ
အိပ္ေပ်ာ္သြားလို႔ပါ..မနက္ပိုင္းလက္စသတ္ၿပီးတင္ေပး
တာပါေရာ..အ့ဲဒီအစား မနက္ျဖန္ Sunady ပိတ္ရက္
မို႔ update တစ္ပိုင္းထပ္႐ွိပါမယ္။ေနမေကာင္းမျဖစ္
ေအာင္ ဂ႐ုစိုက္ၾကပါေနာ္..><♥)

JM(21Nov13)
Next>>>>>

(Unicode)🍀🍀🍀🍀

(အဆိပ်ပြင်းသော သူမ..)

Part-93
(ကိုယ်..ချစ်သော clover..!!..)

"အနည်းဆုံးတော့ ကိစ္စအားလုံးရဲ့တရားခံကို
ဦးသော်ထက်ဆိုတဲ့ ဦးလေးကိုမဖြစ်စေချင်ခဲ့ဘူး။
ဖေဖေ့ကိုသတ်တဲ့သူ ကျွန်တော့်တစ်ဘဝလုံးကိုလှည့်စားဖို့ကြိုးစားနေတဲ့တရားခံက ဦးလေးမဖြစ်စေချင်ခဲ့ဘူး..။ အမြဲတမ်းမေးခွန်းထုတ်နေမိတာ.ဘာလို့လဲ ဘာလို့လဲလို့.. တစ်ရက်တော့မေးချင်ခဲ့မိတာ။ ဦးလေးအပေါ်အမြဲကောင်းပေးခဲ့တဲ့ ဖေဖေ့ကိုရော ဦလေး
အပေါ်အဖေတစ်ယောက်လိုခင်တွယ်ခဲ့တဲ့ ကျွန်တော့်ကိုရော ဘာလို့များလုပ်ရက်ရတာလဲ..ဟား..!"

သစ်မိုးအိမ်က ဆက်ကာပြောနေမိသည်။

"ဦးလေးကတော့ မိသားစုသွေးကြွေးဆပ်ရလို့ပျော်
နေမယ်ထင်တယ်.. ဟက်! ထားလိုက်ပါတော့..
ရီစရာကောင်းလိုက်တာ အမြဲမေးချင်နေခဲ့တဲ့မေးခွန်း
တွေကိုထုတ်ဖော်မိတဲ့အချိန်ကအခုလိုအချိန်ဖြစ်နေ
မယ်မထင်ထားဘူး.."

အခန်းကတိတ်ဆိတ်နေသည်။ နှလုံးကြိမ်နှုန်းပြသော
စက်ဆီမှအသံသာထွက်ပေါ်နေသည်။ သစ်မိုးအိမ်..
လူနာဘေးခုံတွင်ထိုင်နေရာမှထရပ်လိုက်သည်။ လက်
တစ်ဖက်ကိုဘောင်းဘီအိပ်ကပ်ထဲထည့်လိုက်ကာ..
လူနာကုတင်ပေါ်မှ မေ့မြောနေဆဲဖြစ်သော ဦးသော်
ထက်ကိုကြည့်လိုက်သည်။

"နှုတ်ဆက်ပါတယ် ဦးလေး ကောင်းကောင်းနေရစ်ပါ"

သစ်မိုးအိမ် ကုတင်ပေါ်မှသူကိုကျောခိုင်းကာထွက်လာ
လိုက်သည်။ လူနာကုတင်ဘေးတွင်တော့ သစ်မိုးအိမ်
ယူလာခဲ့သော ပန်းစည်းကနေရာယူထားသည်။ ပန်းပွင့်
များ၏ ပွင့်ဖတ်ကအရောင်ဖျော့သော်လည်းထိပ်ဖျားသို့
ရောက်လေပိုအရောင်ရင့်လေပင်..။ သူကကြိုးစားရုန်း
ကန်ကာ လက်မလျော့လိုသောခံစားချက်ကိုပေးစွမ်းနေ
သယောင်ပင်..။

ကုတင်ပေါ်မှအမျိုးသား၏ မျက်ခွံများသည် အနည်း
ငယ်လှုပ်ခတ်သွားကာ တစ်စုံတစ်ခုဆီမှကြိုးစားရုန်း
ကန်နေဟန်ရှိသည်။ ထိုစဉ်အခန်းတံခါးဖွင့်သံနှင့်အတူ
အနီရင့်ဝင်လာသည်။ မိုင်းက ဦးသော်ထက်အခန်းတွင်
အစောင့်များထားခဲ့သော်လည်း သူမက သခင်မလေး
ရာထူးဖြင့်ထိုသူများကိုပထုတ်ပြီးဖြစ်သည်။

သူမက သစ်မိုးအိမ်နှင့်ဦးသော်ထက်ကိုနှစ်ယောက်ထဲ
ရှိနိုင်ရန်ဖန်တီးပေးပြီး သစ်မိုးအိမ်ပြန်သွားသောအခါမှ
အခန်းထဲဝင်လာခဲ့ခြင်းဖြစ်သည်။ အနီရင့်က ဦးသောထက်၏ လူနာကုတင်နားသို့လျောက်သွားလိုက်၏။
တိတ်ဆိတ်သောလူနာခန်းထဲတွင်အနီရင့်၏ဒေါက်ဖိနပ်
သံသာ ထွက်ပေါ်နေသည်။

အနီရင့်က သူမ၏သွယ်လျသောလက်မောင်းများကို
ယှက်ကာလက်ပိုက်သောပုံစံဖြင့် ဦးသော်ထက်ကို
မမှိတ်မသုန်ကြည့်သည်။ သူမ၏နှုတ်ခမ်းများက
အနည်းငယ်ကော့တက်နေပြီးကျောချမ်းဖွယ်အပြုံး
တစ်ခုကိုပြုံးထားသည်။

"စိတ်မကောင်းပါဘူး ဦးလေး.. ဦးလေးကအဲ့ဒီလူ
အတွက် အကောင်းဆုံးလောင်စာဖြစ်နေလို့ပါ..
အဟင်း.. ကျွန်မတွေးထားသလိုအားလုံးဖြစ်လာ
တော့မှာ.. ဦးလေးကပြောဖူးတယ်လေ တစ်ခုခုလို
ချင်တာရှိရင် ဦးလေးကိုပြောရမယ်ဆို.."

ပြောပြီးသောအခါ အနီရင့်၏မျက်နှာသည်ဖြူစင်
သောပုံစံလေးအဖြစ်ပြောင်းသွားသည်။ သူမက
အမျိုးစုံသောမျက်နှာအမူအရာကိုပြောင်းရန်အချိန်
တစ်ခဏသာလိုက်သည်။အနီရင့်ကပြောလာသည်။

"အခုရင့် ရင့်လေ ဦးလေးရဲ့အသက်ကိုလိုချင်တယ်..
အဟင်းဟင်း..ဦးလေးကချစ်ရတဲ့တူမလေးအတွက်
ဖြည့်ဆည်းပေးမယ်မလားဟင် နော်.."

သူမကလက်သည်းရှည်တွင်ဆိုးဆေးနီနီဆိုးထား
သောလက်တစ်ဖက်ဖြင့်နှုတ်ခမ်းကိုအုပ်ကာခပ်သာ
သာရယ်မောသည်။ သူမကချွဲနွဲ့နေသော တူမလေး
တစ်ယောက်ပုံပေါက်ကာ အလိုလိုက်ချင်ဖွယ်ကောင်း
သည်။ အပြောင်းအလဲမြန်သောသူမ၏မျက်နှာအမူအ
ရာက တည်သွားပြန်သည်။

"ဦးလေးမရှိတော့တာနဲ့ ကစားပွဲကိုကောင်းကောင်း
ထိန်းချုပ်နိုင်သွားလိမ့်မယ်။ အဲ့ဒီသူကလည်း စိတ်
လွတ်သွားလိမ့်မယ်။ ပြီးရင်သူတို့တိုက်ခိုက်ကြလိမ့်
မယ်..။ သူတို့ပျက်စီးလေ ကျွန်မပျော်လေဘဲ...။
ဘယ်သူက ကျွန်မကို လစ်လျူရှုဖို့ စွန့်ပြစ်ဖို့အခွင့်ရှိ
လို့လဲ"

နောက်ဆုံးစကားကိုပြောနေစဉ်တွင် အနီရင့်သည်
စိတ်လွတ်သွားသောသူတစ်ဦးနှင့်ပင်တူသေးသည်။
စက္ကန့်ပိုင်းအတွင်းသူမကညင်သာသောပုံစံပြန်ဖြစ်
သွားသည်။

"ကျွန်မပျော်ရွှင်ဖို့ ဦးလေးသေပေးရလိမ့်မယ်.."

ဦးသော်ထက်က ပုံမှန်အဆိပ်လောက်ဆို မြန်မြန်
ကောင်းလာနိုင်သော်လည်း ဘယ်သူမှသတိမထား
မိခင် ဦးသော်ထက်ကိုယ်ထဲနည်းနည်းစီထိုးပေး
ထားသော ဆေးကြောင့်သတိမလည်နိုင်ဖြစ်နေခြင်း
ဖြစ်သည်။ သူမက မှောင်ခိုဈေးကွက်မှကြေးကြီးပေး
ကာဝယ်ထားခဲ့ခြင်းဖြစ်သောကြောင့် မည်သူကမှ
အစောတလျင်သတိထားမိမည်မဟုတ်။

ထိုသူသေသွားပြီး အလောင်းကိုရင်ခွဲစစ်ဆေးခဲ့
လျှင်တော့ မဲညစ်နေသောကိုယ်တွင်းအင်္ဂါများကို
မြင်နိုင်မည်ဖြစ်သည်။ သို့သော် အနီရင့်အတွက်
သူမကိုယ်သူမကာကွယ်ရန်နည်းလမ်းများစွာရှိ
သည်။ လူသေကစကားမပြောနိုင်မှတော့ ဘယ်သူ
က ဦးသော်ထက်သေရတာသူမလက်ချက်ဆိုတာ
သိမှာလဲ..။ အနီရင့်က ဦးသော်ထက်ကုတင်ဘေး
တွင်ရပ်ကာ ဦးသော်ထက်ကို ကြည့်နေခြင်းဖြစ်
သောကြောင့် ဦးသော်ထက်၏မျက်ခွံများလှုပ်ကာ
နိုးထရန်ကြိုးစားနေမှုကိုမြင်သည်။

ကြိုးစားကာရုန်းကန်နေသော အမူအရာများက
ကြည့်ကောင်းသည်ဟုထင်သည်။ သူမနှုတ်ခမ်းလေးများတွန့်ကွေးသွားရသည်။ သူမက ပျော်စရာကောင်း
သောအရာတစ်ခုကိုတွေ့လိုက်သလိုပင်။ အရက်စက်
ဆုံးမကောင်းဆိုးဝါးတစ်ကောင်က သူ၏သားကောင် ကိုနောက်ဆုံးထွက်သက်တွင်ပင် ညှာတာရိုးထုံးစံ
မရှိပေ။

သူမကကိုယ်ကိုငုံ့ကိုင်းလိုက်ကာ ဦးသော်ထက်၏
နားနားသို့ကပ်ကာတီးတိုးရေရွတ်သလိုပြောလိုက်
သည်။ ချိုသာသောသူမအသံလေးနှင့်မလိုက်ဖက်
စွာပင် သူမ၏စကားများကတော့ အဆိပ်များဖြင့်
ပြည့်နေသည်။

"နောက်ဆုံးအချိန်လေးမှာ ဘဝမကူးခင်လေး
ကိစ္စတစ်ချို့ကိုပြောပြရမလား.. အင်း နားထောင်
တာက ဒီအတိုင်းဘဲဆို ပျင်းစရာကြီး..ဆိုတော့ကာ
အောက်ဆီဂျင်ပိုက်လေးဖြုတ်လိုက်မယ်နော်.."

အနီရင့်က အောက်ဆီဂျင်ပိုက်ကိုဖြုတ်လိုက်ကာ
ဦးသော်ထက်၏ဘေးခုံတွင်ဝင်ထိုင်သည်။

အောက်ဆီဂျင် မလုံလောက်မှုကြောင့် ဦးသော်ထက်
၏ နှလုံးခုန်နှုန်းများမငြိမ်ဖြစ်လာသောအခါ အနီရင့်က
ဦးသော်ထက်လက်ညိုးလေးတွင်တပ်ဆင်ထားသော
စက်ကလေးကိုဖြုတ်ကာ သူမလက်တွင်ချိတ်လိုက်၏။
ဒါဆို မည်သည့်အရေးပေါ်အချက်ပြမှုမှ မြည်လာမည်
မဟုတ်တော့သလို သူမတို့ကိုမည်သူမှ မနှောင့်ယှက်
နိုင်တော့ပေ..။

ကြိမ်နှုန်းပြစက်တွင်တော့ နှလုံးခုန်နှုန်းငြိမ်ငြိမ်က
ပြသနေပြီး ကုတင်ပေါ်မှ ဦးသော်ထက်ကတော့
မငြိမ်မသက်သောအခြေအနေကို ရင်ဆိုင်နေရသည်။
အနီရင့်က အေးဆေးပင်။ သူမက ကလေးတစ်ယောက်ကို ပုံပြင်ပြောပြတော့မယ် မူကြိုဆရာမလို ချောင်း
အသာဟမ့်ကာ အသံကိုအရင်စမ်းလိုက်သည်။

"အင်း..ဘယ်ကစပြောရမလဲ သွေးစွန်းနေတဲ့လက်
တွေနဲ့ ဦးလေးရဲ့ချစ်လှစွာသောအစ်ကိုအကြောင်း
လား.. ဒါမှမဟုတ် ဦးလေးရဲ့ချစ်လှစွာသောအစ်ကို
က ဦးလေးနဲ့မျက်နှာတစ်ပုံစံတည်းတူတာကိုအသုံးချ
ပြီး ဦးလေးရဲ့တူလေးကိုသတ်ဖို့ကြိုးစားနေပါတယ်
လို့လား.. အယ်.. သူက ဦးလေးရဲ့မွေးစားအစ်ကို
ဦးရန်မင်းကိုလဲ သတ်ခဲ့သေးတာ.."

"စဉ်းစားကြည့် ဒီကမ္ဘာပေါ်မှာသူရှိနေမှန်းဘယ်သူမှ
မသိဘူး..သူက အားလုံးကိုသတ်ပြီးတိတ်တဆိတ်
ထွက်သွားရင် အပြစ်တွေအားလုံးက သူနဲ့မျက်နှာ
တူတဲ့ရှင်ဘဲခံရမယ်ထင်တယ်။ အဟင်း တွေးကြည့်
တာနဲ့တင် စ်တ်ဝင်စားစရာကောင်းတာဘဲ.."

အနီရင့်ကနှုတ်ခမ်းကိုအုပ်ကာ ချိုမြိန်စွာရီသည်။
သူမက ရည်ရွယ်ချက်ရှိစွာပင် ဦးသော်ထက်ကို
စကားလုံးများရွေးချယ်ကာပြောနေခြင်းဖြစ်၏..။

"ဒါတွေထားလိုက်ပါ..အစောက ရှင့်ရဲ့တူလေးလာ
သွားတယ်မလား။ သူပြန်သွားပြီးမကြာခင် ရှင်သာ
သေသွားခဲ့ရင်......ဘင်ဂို! ပွဲပြီးပြီ.."

အနီရင့်က နောက်ဆုံးစကားကိုတစ်ခဏရပ်လိုက်ပြီး
ကျေနပ်ဟန်ပြုံးပြီးမှဆက်ပြောလာခြင်းဖြစ်သည်..။
သူမက ဦးသော်ထက်ကို တစ်ချက်ကြည့်ကာ ထရပ်
လိုက်ပြီးနေရာမှထွက်သွားရန်ပြင်လိုက်သည်။

"နှုတ်ဆက်ပါတယ် ချစ်လှစွာသောဦးလေး.."

အနီရင့်၏ အပြုံးဖြင့်နှုတ်ဆက်စကားအဆုံး ဦးသော်ထက်၏ ရုန်းကန်နေမှုများသည်တစ်ဖြည်းဖြည်းငြိမ်သက်
လာက မျက်ဝန်းထောင့်မှမျက်ရည်ကြည်များကျဆင်း
သွားသည်။ သူကမလှုပ်ရှားနိုင်သော်လည်း ကြားနိုင်
သေးသည်။

အနီရင့်၏ဖိနပ်သံသည် တစ်စတစ်စဝေးသွားသည်နှင့်အပြိုင် ဦးသော်ထက်သည်လည်းတစ်ဖြည်းဖြည်းငြိမ်
သက်သွားကာ လှုပ်ရှားမှုမဲ့လာတော့သည်။

.............

"ဒီပစ္စည်းရယ် ဟိုတစ်ခု ဟိုတစ်ခု ဟိုးနားကတစ်ခု
ပါအကုန်ထုပ်ပိုးပေးပါ.."

အရောင်းဝန်ထမ်းလေးက သူ့စကားအတိုင်းပင်
ပစ္စည်များကိုထုပ်ပိုးပေးရန်ယူသွားသည်..။

"ကိုကြီးသူငယ်ချင်း ဘာလို့အများကြီးဝယ်နေတာလဲ
ဟင်.. တအားများနေပြီ.."

"မင်းသဘောကျတယ်မလား ပမာဏနည်းနည်းက
ကိစ္စမရှိပါဘူး.. ဘာလိုချင်သေးလဲ"

"ဟင့်အင်း ဟင့်အင်း တိမ်ငယ်ဘာမှမလိုချင်တော့
ပါဘူး.. အခုတောင်အရမ်းများနေပြီ.."

တိမ်ငယ်က အမှန်တကယ်အားနာနေဟန်ရှိသည်။
တစ်ပါးသူပေးသောမည်သည့်အရာကိုမှ အခွင့်အရေး
မယူတတ်သောအကျင့်စရိုက်အတိုင်းပင်ဖြစ်သည်။
ဒီရေလှိုင်းက တိမ်ငယ်ကိုအဝတ်အစားတစ်ချို့ဝယ်
ပေးမည်ဆိုကာ ခေါ်လာခြင်းဖြစ်ပြီး တိမ်ငယ်ကြည့်မိ
သမျှကိုအကုန်ဝယ်ပေးနေခြင်း.. ဆိုင်ဝန်ထမ်းလေး၏
လက်နှစ်ဖက်လုံးတွင် ပစ္စည်းများဖြင့်ပြည့်နေပြီဖြစ်၏။

အဆုံးတွင်တော့ တိမ်ငယ်သည်သူ၏မျက်လုံးဝိုင်းကြီး
များကို မကစားရဲတော့ဘဲ ကြွေပြားများဖြင့်တောက်
ပြောင်နေသော ကြမ်းပြင်ကိုသာအကြည့်ပို့ရင်း ခေါင်း
လေးကိုငုံ့ထားသည်။လက်တစ်ဖက်ကတော့ ဒီရေလှိုင်း
၏ အကျႌခါးနားစကိုအသာဆွဲကာဆုပ်ကိုင်ထားသည်။

ဒီရေလှိုင်းက ထိုလက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး
သူ့လက်ဖဝါးကြီးများကြားနစ်မြုပ်စေလိုက်သည်။
သူကနှုတ်ခမ်းများကိုတင်းတင်းစေ့ထားပြီး အမြဲ
ဂုဏ်ယူစွာဝင့်ထားသောမေးကိုအနည်းငယ်အောက်
ချကာ ကောင်လေးကိုကြည့်လိုက်သည်။ ကောင်လေး
၏အမူအရာကိုသူက သဘောပေါက်သည်။

ဒီရေလှိုင်း သူ့လက်အတွင်းရှိလက်ကလေးကိုအနည်း
ငယ်ဖျစ်ညစ်လိုက်ကာ ကောင်လေးကိုသူ့ကိုမော့ကြည့်
လာစေလိုက်သည်။ ကောင်လေးမော့ကြည့်လာသောအခါ သူပြောလိုက်သည်။

"နေသားကျမှဖြစ်မယ် ခရမ်းချဉ်သီး ငါကအမြဲအလို
လိုက်မှာမို့ မင်းနေသားကျနေမှဖြစ်မှာ.."

ဒီရေလှိုင်းက တိမ်ငယ်သူပြောတာကိုနားလည်မလည်
ဂရုမစိုက်ပေ။ နားလည်လျှင်ကောင်းသည်။ နားမလည်
လျှင်လည်း တဖြည်းဖြည်းနားလည်သွားမည်မှာသေချာ
သည်ပင်။ ဒီရေလှိုင်းကောင်လေးလက်ကိုမလွှတ်တန်း
ဆုပ်ကိုင်ကာ ကျသင့်ငွေရှင်းရန်ကောင်တာဘက်သို့
ဦးတည်ကာသွားလိုက်သည်။

ငွေရှင်းပြီးသောအခါ ဆိုင်မှဝန်ထမ်းလေးများအကူအညီ
ဖြင့်ပစ္စည်းများကို ကားနောက်ခန်းတွင်နေရာချလိုက်ပြီး
နှစ်ယောက်သားအစားအသောက်တန်းများရှိရာဘက်ကို
ဦးတည်လိုက်သည်။

သူ့လက်ဖဝါးထဲတွင် အံ့ဝင်ခွင်ကျနေသော လက်
ကလေးကိုသဘောကျသည်။ အစားအသောက်မက်
သော တိမ်ငယ်၏မျက်လုံးလေးမျာရွေ့လျားနေပုံကို
လည်း သဘောကျသည်။ ပြီးတော့ ထိုကောင်လေး
ပြုံးနေတာကိုလည်း သူသဘောကျသည်..။

ဒီရေလှိုင်းပြုံးကာ တိမ်ငယ်၏ခေါင်းလုံးလုံးလေး
ကိုပွတ်သပ်လိုက်သည်။

.............

C နိုင်ငံ၏လေဆိပ်က ခန်းနားစွာတည်ဆောက်ထား
ပြီး အလူအများဖြင့်စည်ကားနေသည်။ ဝမ်ဟိုင်နှင့်
လင်းနေတို့ လေယာဉ်ပေါ်မှဆင်းလာပြီဖြစ်သည်။
လင်းနေက ဘယ်ကိုဆက်သွားမည်မသိသောကြောင့်
ဝမ်ဟိုင်ကိုမေးချင်သော်လည်း မမေးဖြစ်တော့..။

တစ်ခြားမိသားစုများမှာ လာကြိုသူများရှိနေသော်
လည်း ဒီကောင်လေးတွင်ရှိဟန်မတူ..။ လင်းနေ
ဝမ်ဟိုင် လက်တစ်ဖက်ကိုဆုပ်ကိုင်ကာအနည်းငယ်
ဖျစ်ညစ်လိုက်ရင်း နှစ်သိမ့်ပေးလိုက်သည်။

ဝမ်ဟိုင်၏ နှုတ်ခမ်းထောင့်များအနည်းငယ်တွန့်ကွေး
သွားရသည်။ သူက လင်းနေ၏လက်တစ်ဖက်ကိုယူ
ကာ လက်ကောက်ဝတ်လေးကိုတစ်ရှိုက်မက်မက်နမ်း
သည်။ ရုတ်တရက်ဆန်သော အပြုအမူကြောင့်
လင်းနေ ကြောင်အကာဝမ်ဟိုင်ကိုကြည့်လိုက်မိသော
အခါ အနည်းငယ်မှေးကျဉ်းထားသောအရိုင်းဆန်သော
အကြည့်များနှင့်ရင်ဆိုင်လိုက်ရသည်။

လင်းနေမျက်နှာတစ်ခုလုံး ထူပူသွားသလိုခံစားလိုက်
ရသည်။ ဒီကောင်လေးက တစ်နေ့တစ်ခြားဆိုးဆိုး
လာကာ အသားယူတတ်သည်။ ကောင်စုတ်လေး!
လင်းနေ တိတ်တဆိတ်သာ ဆူပူလိုက်သည်။

လင်းနေ နှုတ်ခမ်းလှုပ်ယုံဖြင့်ဆူပူသည်ကို ဝမ်ဟိုင်က
ရယ်ကာ လက်ကောက်ဝတ်လေးကိုထပ်နမ်းပြသည်။
သူကလျှာဖျားဖြင့်ပင်ကျီဆယ်လိုက်သေးသည်။
လင်းနေ ဆိုးဝါးသောထိုကလေးလက်မှသူ့လက်များ
ကို ရုန်းလိုက်သော်လည်း ဝမ်ဟိုင်ကလွှတ်မပေးပေ။

လင်းနေ..ဝမ်ဟိုင်ကို လွှတ်ပေးရန်မျက်နှာရိပ်မျက်နှာကဲ
ပြသော်လည်း ဝမ်ဟိုင်က ပြုံးစစဖြင့်သာမလွတ်ပေး..။
သူတို့ကလေဆိပ်ထဲတွင်ရှိနေသေးသည်ကိုပင် ဝမ်ဟိုင်
က တစ်ကယ်ကိုဆိုးသည်။ အမြဲတမ်းနာခံတတ်သော ထိုကလေးကဘာကြောင့်များ လင်းနေစကားကိုနား
ထောင်ရန်ငြင်းဆန်နေသည်ကိုတစ်ကယ်ကိုနားမလည်
တော့..။

"အိမ်တော်သခင်ကိုကြိုဆိုပါတယ်"

တူညီဝတ်စုံများဖြင့် လူစုက လင်းနေနှင့်ဝမ်ဟိုင်ရှေ့
တွင်ရပ်ကာ ရိုကျိုးသောအမူအရာဖြင့်ပြောလာခြင်း
ဖြစ်သည်။ ရိုကျိုးလွန်သော အမူအရာများက အသား
ကျနေသလိုပင် လင်းနေ ထိုသူများမည်သူဖြစ်သည်
ကိုဝမ်ဟိုင်ကိုမေးရန်လုပ်လိုက်သော်လည်း ဝမ်ဟိုင်
၏လက်တစ်ဖက်ကလင်းနေ၏ခါးတွင်ပိုင်စိုးစွာရစ်ပတ်
လာသည်။

ဝမ်ဟိုင်က ရှေ့မှလူတစ်စုကို ကြည့်လိုက်ကာ..
ပြောလိုက်သည်။

"ရှေ့ကလမ်းပြ"

လူတစ်စု၏ဦးဆောင်မှုနှင့်တူတူ အနက်ရောင်ကား
အရှည်ကြီးအတွင်းသို့ဝင်ထိုင်လိုက်ကြသည်။ ထိုသူ
များက တံခါးကိုကိုယ်တိုင်ဖွင့်ပေးသလို ဂရုတစိုက်
ပြန်ပိတ်သည်။

ကား၏အတွင်းတွင်တော့ အသီးအနှံတစ်ချို့နှင့်
ဝိုင်များအပြင် အခြားပြင်ဆင်ထားသည်များလည်း
ရှိသည်။ တန်ဖိုးကြီးကာ ဇိမ်ခံကားမှန်းသိသာလှ
သည်။

လင်းနေသူ့ခါးများတွင် ရှိနေဆဲဝမ်ဟိုင်၏လက်များ
ကိုဖယ်လိုက်ကာ ဝမ်ဟိုင်၏မျက်လုံးများကိုတည့်တည့်
ကြည့်လိုက်သည်..။

"သူတို့က ဘယ်သူတွေလဲ ဝမ်ဟိုင်.. ဝမ်မိသားစု
ကလား?.."

ဝမ်ဟိုင်က နှုတ်ခမ်းများကိုတင်းတင်းစေ့ကာ ခေါင်းငြိမ့်
ပြီးပြန်ဖြေလာသည်။

"ဟုတ်တယ်..ဝမ်မိသားစုက အတွင်းမှာလှိုက်စားနေ
တာ.. အရေးမပါတဲ့ကလေးတစ်ယောက်ကိုတောင်..
အများအမြင်မှာတော့ အခွင့်ထူးတွေပေးထားဖို့ မတွန့်
ဆုတ်ကြဘူး.."

ဝမ်ဟိုင်ကပြောရင်းမျက်လုံးများကိုမှိတ်ချလိုက်သည်။
လင်းနေလည်း ဆက်မမေးတော့ဘဲ သူ့ပုခုံးကိုမှီလာ
သော ဝမ်ဟိုင်၏ရေလှိုင်းလိုဆံပင်လေးများကြားကို
သာ လက်ချောင်းများဖြင့်တိုးဝင်ဖြီးသင်ပေးနေလိုက်
သည်။

"ကိုယ်ရှိတယ် စိတ်မကောင်းမဖြစ်နဲ့.."

ဝမ်ဟိုင် ခေါင်းငြိမ့်လိုက်သည်။ လင်းနေကိုအနည်းငယ်
ခေါင်းလေးစောင်းကာမော့ကြည့်ရင်း ပြောရန်လည်းမ
မေ့.."

"ကျွန်တော့်မှာ လင်းနေဘဲရှိတာ.."

လင်းနေတစ်ယောက်ကတော့ နာခံလွယ်သော ပုံစံ
လေးအဖြစ်ပြောင်းသွားကာ စိတ်ထိခိုက်နေသော သူ
၏ယုန်ငယ်လေးကိုပွေ့ဖက်ကာ နှစ်သိမ့်ပေးနေလိုက်ပြီး
အစောက သူ၏မေးခွန်းများစွာဖြင့်အတွေးများကိုလွယ်
လွယ်ပင်မေ့ပြစ်လိုက်သည်။

...........

(A/N-မနေ့က နေမကောင်းချင်သလိုဖြစ်ပြီး စောစော
အိပ်ပျော်သွားလို့ပါ..မနက်ပိုင်းလက်စသတ်ပြီးတင်ပေး
တာပါရော..အဲ့ဒီအစား မနက်ဖြန် Sunady ပိတ်ရက်
မို့ update တစ်ပိုင်းထပ်ရှိပါမယ်။နေမကောင်းမဖြစ်
အောင် ဂရုစိုက်ကြပါနော်..><♥)

JM(21Nov13)
Next>>>>>













Continue Reading

You'll Also Like

332K 24K 24
"ရင်ဘတ်ထဲကနှလုံးသား​လေးကမင်းကိုချစ်ပါတယ်ဆိုတဲ့​အော်သံ​လေးဟာငါ့ရဲ့ဦး​နှောက်တဲ့နားကိုလာရိုက်ခတ်တဲ့အချိန်ငါဟာသိပ်​နောက်ကျသွားပြီလား....." ...
9.3K 322 21
Butterfly... ဘဝဟောင်းက အကြောင်းအရာတွေကို ခနတိုင်း အိပ်မက္မက္ပြီး မှတ်မိနေတတ်တဲ့ ကောင်လေးတယောက် အတိတ်ဘဝက သူ့ကို သတ်ခဲ့တဲ့ လူသတ်သမားကို မှတ်မိလာပြီး ပ...
565K 35.6K 35
ထင္မွတ္မထားေသာကိစၥရပ္ေတြနဲ႔ အမွန္တကယ္ ၾကံဳေတြ႔ရေသာအခါ... Written by ShinnNge * Own Creation * Start Date - 22.2.2018 End Date - 12.6.2018
583K 57.5K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...