Zawgyi
အပိုင္း (၇၃၈) – ရွီခ်န္း၏က်န္းမာေရးပိုခ်ိဳ႕ယြင္းလာျခင္း
ရွီမာယူယူသည္ အျပစ္ကင္းစြာ မ်က္ေတာင္ခတ္လိုက္ျပီး ေျပာေလ သည္ "ဟုတ္လား မင္းျမင္တာမွားတာေနမွာပါ"
"ငါျမင္တာမွားတာလား ဘယ္လိုလုပ္ျဖစ္ႏုိင္မွာလဲ" ဖက္တီးက်ဴသည္ ထိုကဲ့သို႔အရာမ်ိဳးကိုပင္ မသိေလာက္ေအာင္ မတံုးအေပ။
ရွီမာယူယူသည္ သူ႔ကိုလ်စ္လ်ဴရႈျပီး ေဆးစားျပီးေနာက္ ေျပာေလသည္ "ငါ သက္တန္႔ရဲ႕ဦးေလးကို သြား ၾကည့္ဦးမယ္ မင္းကဒီမွာေနခ်င္တာလား"
"အဟြတ္ အဟြတ္ ငါတို႔မင္းနဲ႔လိုက္ခဲ့မယ္" ယြမ္ေရွာင္ဂ်ီ ေျပာေလ သည္။
သူတုိ႔သည္ စာခ်ဳပ္မိစာၦႏွင့္ သခင္တုိ႔ စာခ်ဳပ္ဖ်က္သည္ကို အရင္က တစ္ခါမွ မျမင္ဖူးခဲ့ေပ။
ေက်ာင္းအုပ္ၾကီးေတာင္းဆိုလာသျဖင့္ ရွီမာယူယူ ျငင္းဆန္ရန္ မတတ္ႏုိ္င္ေပ။ "ေက်ာင္းအုပ္ၾကီးတို႔က ေတာ့လုိက္ခဲ့ပါ က်န္တဲ့သူေတြ လုိက္စရာမလိုဘူး ရႈပ္တယ္"
ေျပာျပီးေနာက္တြင္ လုေဖတုိ႔ေစာင့္ေနေသာ အိမ္သို႔လာလုိက္သည္။
စာခ်ဳပ္ဖ်က္ျခင္းသည္ သူမေျပာသကဲ့သို႔ သူ႔ခႏၶာကိုယ္ကို မ်ားစြာ ထိခုိက္ေစသည္။ သူမ ေဘးသင့္မႈ တိမ္တုိက္ကို ေမာင္းထုတ္လိုက္ ျခင္းေၾကာင့္သာမဟုတ္လွ်င္ သူထပ္ျပီးေတာင့္ခံႏုိ္င္ေတာ့မည္မဟုတ္ေပ။
ရွီမာယူယူ ဝင္လာသည္ကိုျမင္သည္ႏွင့္ လုေဖသည္ ေခါင္းငိုက္စိုက္က် ကာ ထရန္အေကာင္းဆံုးၾကိဳးစားကာ အားေလ်ာ့စြာေျပာေလသည္ "ေက်းဇူး တင္ပါတယ္"
စာခ်ဳပ္ဖ်က္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္... ေဘးသင့္မႈ တိမ္တုိက္ကိုေရွာင္ႏိုင္ေအာင္လုပ္ေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္...
"ကၽြန္ေတာ္ သက္တန္႔အတြက္လုပ္ေပးတာပါ" ရွီမာယူယူ ေျပာ လုိက္သည္။ သူမသည္ ဟာစြန္ကို သူ႔ကို တြဲခုိင္းကာ အိမ္အတြင္းသို႔အိပ္ရန္ ေခၚသြားခိုင္းလိုက္သည္။ သူမသည္ ခန္းမ၏ အေပါက္ျဖစ္ေနေသာ မ်က္ႏွာ က်က္ကို မတ္တပ္ရပ္ရင္း ေခါင္းေမာ့ကာ မိုးေကာင္းကင္ကိုၾကည့္ေလသည္။
သူမ ေလွ်ာက္သြားျပီး သူ႔ကိုေဆးတုိက္ကာ ေျပာေလသည္ "မင္းရဲ႕ မူလပံုစံအတုိင္းျပန္ေျပာင္းသင့္တယ္ အဲဒါက အကူအညီပိုျဖစ္လိမ့္မယ္"
လုေဆသည္ ေခါင္းညိမ့္လိုက္သည္ႏွင့္ အလင္းတန္းလက္လာကာ ငွက္အသြင္မွ ေခ်ာေမာေသာ လူငယ္ တစ္ေယာက္အသြင္ေျပာင္းေလသည္။
ယြမ္ေရွာင္ဂ်ီႏွင့္ တျခားသူမ်ားသည္ သူ႔အားျမင္လုိက္ရခ်ိန္တြင္ ရွီမာယူယူ သူ႔ကို စာခ်ဳပ္ပယ္ဖ်က္ေပး လုိက္ျပီျဖစ္ေၾကာင္းကို ယံုၾကည္သြား ၾကသည္။ ရွီမာယူယူ သူ႔ဒဏ္ရာမ်ားကို ကုသေပးရန္လိုေသးေၾကာင္းေတြ႕ ေသာအခါ သူတို႔ထြက္လာခဲ့ၾကသည္။
ရွီမာယူယူသည္ သူတုိ႔ထြက္သြားသည္အထိေစာင့္ျပီး ဝိဥာဥ္ေစတီမွ ဝိဥာဥ္အရည္ထုတ္လုိက္သည္။
"ဒီေဆးေတြစားျပီး ဒါေသာက္လုိက္၊ ၁၀ရက္ကေန ၁၅ရက္အထိ နားေပး၊ မင္းႏိုးလာတာနဲ႔ လံုးဝ ျပန္ေကာင္းမွာေတာ့မဟုတ္ေသးဘူး၊ နည္းနည္းအားနည္းတယ္လို႔ ခံစားရတာနဲ႔ အေျခခံလႈပ္ရွားမႈေတာ့ လုပ္ေပး ရမယ္၊ ျပီးေတာ့ နာလန္ထူဖို႔ ၂ႏွစ္ေလာက္အခ်ိန္လိုမယ္" ရွီမာယူယူ ေျပာလုိက္သည္။
လုေဖသည္ မ်က္ခြံေလးလာသည္ကို ခံစားရကာ မခံႏို္င္ေတာ့ေပ။ သူသည္ လ်င္ျမန္စြာပင္ အိပ္ေမာက် သြားေလသည္။
အဘြားဇူထြက္လာခ်ိန္တြင္ လုေဖသည္အိပ္ေပ်ာ္ေနသည္ကို ေတြ႕လိုက္ရျပီး ေမးေလသည္ "ဘုရင္ၾကီး ဘယ္လိုေနလဲ"
"အစ္ကိုၾကီးေပးတဲ့ေဆးစားျပီးေတာ့ အိပ္ေပ်ာ္သြားျပီ၊ သူ ၁၀ရက္ကေန ၁၅ရက္အတြင္းျပန္ေကာင္းမယ္ လို႔အစ္ကိုၾကီးေျပာတယ္" သက္တန္႔ေျပာ ေလသည္။
"ဘုရင္ၾကီးဟုတ္လား" အဘြားဇူ လုေဖကိုေခၚလုိက္ပံုကို ရီွမာယူယူ ၾကားေသာအခါ သက္တန္႔ကို တအံ့တၾသၾကည့္ေလသည္။
"ဦးေလးက မီးငွက္မ်ိဳးႏြယ္ပါ၊ အစ္ကိုၾကီး အဲဒါကိုမသိဘူးလား" သက္တန္႔သည္ ျပန္ေမးေလသည္။
ရွီမာယူယူ ေခါင္းရမ္းကာ "မင္းငါ့ကို တစ္ခါမွမေျပာဖူးဘူးေလ၊ သူ႔ကို အဲလိုေခၚတာလည္း တစ္ခါမွ မၾကားဖူးဘူး၊ အဲေတာ့ မီးငွက္မ်ိဳးႏြယ္ရဲ႕ ဘုရင္က လူသားနဲ႔စာခ်ဳပ္ခ်ဳပ္လိုက္ရတယ္ေပါ့၊ အဲဒါေၾကာင့္ အဲေလာက္ နာတာကိုး"
မ်ိဳးစိတ္တုိင္းတြင္ ကိုယ္ပိုင္မာနမ်ားရွိၾကသည္။ ဘုရင္မ်ားဆိုလွ်င္ ပိုမာနၾကီးၾကသည္။ ထို႔အျပင္ မီးငွက္မ်ိဳးႏြယ္သည္ မာနအၾကီးဆံုးျဖစ္သည္။ ဘုရင္တစ္ပါးအေနႏွင့္ အရိုးေၾကေလာက္ေအာင္ မာနထိခိုက္မည္ ကိုေတာ့ ေျပာရန္ပင္မလိုေတာ့ေပ။
သူမသည္ သက္တန္႔ကို ဝိဥာဥ္အရည္တစ္ပုလင္းေပးျပီး ေျပာ လိုက္သည္ "မင္း ငယ္ငယ္တုန္းက ဒါ ေသာက္ဖူးတယ္၊ ၅ရက္တစ္ခါ ၃စက္တိုက္ေပး အဲထက္မပိုနဲ႔"
သက္တန္႔သည္ ဝိဥာဥ္အရည္ယူျပီး ေခါင္းညိမ့္ေလသည္။
"ေက်းဇူးတင္ပါတယ္ အစ္ကိုၾကီး... အစ္ကိုၾကီးလည္း နားျပီး ကုသင့္ တယ္၊ ဒီေန႔ကို အမ်ားၾကီး မုိးၾကိဳး အပစ္ခံထားရတာ အစ္ကိုၾကီးလည္း ဒဏ္ရာရထားမွာပဲ" သက္တန္႔ေျပာေလသည္။
"အင္း" ရွီမာယူယူသည္ အမွန္တကယ္ပင္ ေနလို႔မေကာင္း ေသာေၾကာင့္ သက္တန္႔ကို ဝိဥာဥ္အရည္ ေပးျပီး ထြက္ခဲ့လိုက္သည္။
ဖန္၁ႏွင့္ ၂သည္ သူမအား အျပင္မွေစာင့္ေနၾကသည္။ သူမကိုျမင္ ေသာအခါ ေမးၾကေလသည္ "သခင္ေလး ဘယ္လိုေနလဲ"
"အဆင္ေျပပါတယ္ အခုေတာ့ မိုးၾကိဳးေဘးသင့္မႈကို အေၾကာက္နည္း သြားျပီ" ရီွမာယူယူ ေျပာလုိက္သည္ "ဒါေပမဲ့ ဒီတစ္ေခါက္ကို အပစ္ခံရတာ ရက္စက္တယ္ အဲဒါေၾကာင့္ နည္းနည္းနာတယ္၊ ဟူး ခဏေလာက္ ျပန္နား လိုက္ရင္ေတာ့ အဆင္ေျပသြားမွာပါ"
သူမကို ကာကြယ္ရန္ ဖန္၁ႏွင့္ ၂တို႔ကိုေရြးခ်ယ္လိုက္ရျခင္းမွာ သူတို႔ သည္ တည္ျငိမ္ကာ ဂရုစိုက္တတ္ ျပီး သန္မာေသာၾကာင့္ျဖစ္သည္။ သို႔ေသာ္ သူတို႔လိုလူမ်ားပင္ သူမကိုထိုပံုစံအတုိင္းေတြ႕လုိက္ေသာအခါ ဆြံ႕အ သြားၾကသည္။
သခင္ေလး... သခင္ေလးက တကယ္ပဲအံ့ၾသေလာက္စရာပဲ။ ေကာင္းကင္ရဲ႕ မိုးၾကိဳးေဘးသင့္မႈ အပစ္ခံ ရတာေတာင္ အသက္ရွင္ေနေ ေသးတယ္... နာက်င္မႈအနည္းငယ္ပဲရသည္ဟု ေျပာကာ နည္းနည္းေလာက္ နားလိုက္ရင္ အဆင္ေျပမွာပါဟုေတာင္ ေျပာလိုက္ေသးသည္။ မိုးၾကိဳး ေဘးသင့္မႈသည္ သူတို႔အစား သူမကို လက္စားေခ်ေပးသည္ကို အေမွာင္ ေတာတြင္ေသဆံုးသြားခဲ့ေသာ လူမ်ားသိမည္မဟုတ္ေပ။
လူဆိုးၾကီး၁၀ေယာက္သည္ ရႈပ္ေထြးေသာခံစားခ်က္မ်ားျဖင့္ ျပန္လာ ၾကသည္။ သူမသည္ သူတုိ႔ကို မ်ားစြာေသာ အံ့ၾသမႈကိုေပးခဲ့သည္။ သူမ ကိုယ္တိုင္လာျပီး သူတို႔ကိုကမ္းလွမ္းသည္ကိုပင္ ဂုဏ္ယူရမည္ဟု ခံစား ရသည္။
"အစ္ကိုၾကီး ကၽြႏ္ေတာ္တို႔ သူ႔လိုလူမ်ိဳးေနာက္ကိုလိုက္ရင္ အနာဂတ္ ေျပာင္းသြားႏိုင္တယ္" ရွီခ်န္းသည္ ေျဖးညင္းစြာေျပာေလသည္။
ဖန္ဇီသည္ ေခါင္းညိမ့္ေလသည္။ သူဘာမွမေျပာေသာ္လည္း ထို အတုိင္းပင္ခံစားရသည္။
"ငါ သူ႔ကိုတည္ေဆာက္မႈေတြအေၾကာင္းေမးခ်င္တယ္" ဟုန္ဝူေျပာ လုိက္သည္။
"ငါကေတာ့ သူ႔ကို အဂၢိရတ္ပညာအေၾကာင္းေမးခ်င္တယ္" ကုန္ထန္ ေျပာလုိက္သည္။
"သူက တကယ့္လူထူးလူဆန္းပဲ" ဖန္ခိုင္ေျပာလုိက္သည္။
"အဲေတာ့ အားလံုးသေဘာတူလို႔ေျပာၾကတာလား" ဖန္ဇီ ေမးလိုက္ သည္။ အားလံုးေခါင္းညိမ့္သည္ကို ေတြ႕ေသာအခါ သူထပ္ေမးျပန္သည္ "ဒါေပမဲ့ သူဆိုလိုတာက ငါတို႔က သူ႔ကိုသခင္အျဖစ္ အသိအမွတ္ျပဳရမွာ ေနာ္"
"သူ႔ကိုလူမ်ိဳးကို သခင္တစ္ေယာက္အျဖစ္ အသိအမွတ္ျပဳမယ္ဆိုရင္ ဆိုးတဲ့ကိစၥမဟုတ္ဘူး၊ ငါ ေထာက္ခံတယ္၊ သူက သူ႔လူေတြကိုလည္း ေကာင္းေကာင္း ဆက္ဆံတဲ့ပံုပဲ" ဒိုင္ယိသည္ ပိုျပီးအေကာင္းျမင္ တတ္လာ သည္။
"သူ ေနာက္ကို ေနရာျမင့္တစ္ခုမွာ ရပ္တည္မယ္လုိ႔ငါထင္တယ္၊ သူ႔လိုသခင္ရွိတဲ့ေနရာတစ္ခုဟာ ငါတို႔ အတြက္ ဂုဏ္ယူစရာပဲ" ရွီခ်န္းသည္ စကားေျပာလိုက္သည္ႏွင့္ ေခ်ာင္းအနည္းငယ္ဆိုးေလသည္ "မဟုတ္ရင္ ငါ အဲေန႔ကို အသက္ရွင္လ်က္မျမင္လုိက္ရမွာလည္းျဖစ္ႏုိင္တယ္"
"အစ္ကို၃ အထူးအဆန္းေတြဘာမွမေတြးနဲ႔၊ သူ အစ္ကို၃ကိုေပး တဲ့ေဆးက ၃လေတာ့ ျငိမ္ေစမွာပဲ၊ သူ ယံုၾကည္မႈအျပည့္နဲ႔ေျပာခဲ့တာဆိုေတာ့ အစ္ကို၃ကို သူကုႏုိင္မွာပါ" နီအန္းယီ ေျပာလုိက္သည္။
"အင္း" ရွီခ်န္းသည္ ေခ်ာင္းအနည္းငယ္ဆိုးျပီးေနာက္ဆံုးတြင္ ရပ္သြား ေလသည္။
"အစ္ကို၃ အခုတေလာ ေခ်ာင္းမဆိုးတာၾကာပါျပီ၊ ဘာလို႔ျပန္ျပီး စလာတာလဲ ၾကည့္ရေအာင္" ကုန္ထန္သည္ ေလွ်ာက္လာကာ သူ႔လက္ကို ကိုင္ျပီး စမ္းသပ္ေလသည္။
"ညီ၁၀ အစ္ကို၃ဘယ္လိုလဲ" ယူရွီေမးလုိက္သည္။
"အစ္ကို၃ အေျခအေနပိုဆိုးလာျပီ" ကုန္ထန္ ေျပာလုိက္သည္ "ေဆးက အနည္းဆံုး၃လေတာ့ ခံပါတယ္၊ ဒါေပမဲ့ အစ္ကို၃က အေမွာင္ေတာမွာ ေနတုန္းက ဝိဥာဥ္စြမ္းအင္ေတြအမ်ားၾကီးသံုးလိုက္တယ္ အဲေတာ့ သူ႔က်န္းမာ ေရးမေကာင္းတာ ပိုျမန္လာတယ္"
ျပီးခဲ့သည့္တစ္ေခါက္ သူတို႔အေမွာင္ေတာတြင္ရွိစဥ္က သူတုိ႔သည္ လူအမ်ားလုိက္ျခင္းခံရကာ ေတာဗဟိုသို႔ေရာက္သြားခဲ့သည္။ ရွီခ်န္းသည္ လည္း ကိုယ္တုိင္ပါဝင္ခဲ့သည္။ အႏၱရာယ္မ်ားေသာ အေျခအေနတစ္ခု တြင္ နီအန္းယီႏွင့္ ကုန္ထ်န္ကို ကယ္ရန္ လႈပ္ရွားမႈကိုခက္ခက္ခဲခဲလုပ္ခဲ့ရသည္။
"အခုငါတို႔ဘာလုပ္ၾကမလဲ" နီအန္းယီသည္ ရွီခ်န္းျဖစ္ခဲ့သည္ကို ျပန္ေတြးျပီးေနာက္ အျပစ္ရွိသလိုခံစားရေလသည္။ သူတုိ႔အဝိုင္းခံရေ ေသာအေၾကာင္းေတြးလိုက္လွ်င္ မ်က္ႏွာပ်က္ရသည္။
"မင္းက ငါ့ေမးတာ ငါလည္းမသိဘူးေလ" ကုန္ရန္ ျပန္ေျဖေလသည္ "ငါတုိ႔ သူ႔ကိုရွာရံုအျပင္မရွိေတာ့ တာလည္းျဖစ္ႏုိ္င္တာပဲ"
"ငါတုိ႔က သူ႔ေနာက္ကိုလိုက္မယ္လို႔ဆံုးျဖတ္ျပီးေတာ့ သူ႔ကိုသြားရွာရမွာ ေပါ့၊ သူ အစ္ကို၃ကို ကုႏုိိင္ေလာက္တယ္" ဟုန္ဝူေျပာလိုက္သည္။
"ငါတုိ႔ တျခားသမားေတာ္ကို ရွာလို႔မရဘူး အခုဆိုရင္ ရႈဂ်င္းေတာင္ဒီ ေရာက္ေနျပီ၊ ငါတုိ႔ကို ျမင္တဲ့ေနရာမွာပဲ သူသတ္မပစ္တာ ကံေကာင္းေနျပီ၊ သူ အစ္ကို၃ကို ကုေပးဖို႔အျပင္ နည္းမရွိေတာ့ဘူး၊ သူ႔ကိုသြားရွာရံုအျပင္ မရွိေတာ့ဘူး"
"အခုသြားၾကတာေပါ့" နီအန္းယီသည္ ရွီခ်န္းအားတြဲပီး ရီွမာယူယူ ကိုသြားရွာၾကေလသည္။
"ညီ၆ ေနဦး" ရွီခ်န္းသည္ သူ႔အားဆြဲလုိက္သည္ "သူက ဒီေန႔မိုးၾကိဳး ေဘးသင့္မႈေတြ႕ျပီး နလန္ျပန္ထူ ေအာင္လုပ္ေနတုန္း အခုသူ႔ကိုသြား ရွာလည္း အသံုးဝင္မွာမဟုတ္ဘူး ငါ ဒီ၁ရက္ ၂ရက္အတြင္းကို မေသႏုိင္ ပါဘူး ေနာက္ရက္နည္းနည္းေလာက္မွ သြားရွာၾကတာေပါ့"
Unicode
အပိုင်း (၇၃၈) – ရှီချန်း၏ကျန်းမာရေးပိုချို့ယွင်းလာခြင်း
ရှီမာယူယူသည် အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်ပြီး ပြောလေ သည် "ဟုတ်လား မင်းမြင်တာမှားတာနေမှာပါ"
"ငါမြင်တာမှားတာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ဖက်တီးကျူသည် ထိုကဲ့သို့အရာမျိုးကိုပင် မသိလောက်အောင် မတုံးအပေ။
ရှီမာယူယူသည် သူ့ကိုလျစ်လျူရှုပြီး ဆေးစားပြီးနောက် ပြောလေသည် "ငါ သက်တန့်ရဲ့ဦးလေးကို သွား ကြည့်ဦးမယ် မင်းကဒီမှာနေချင်တာလား"
"အဟွတ် အဟွတ် ငါတို့မင်းနဲ့လိုက်ခဲ့မယ်" ယွမ်ရှောင်ဂျီ ပြောလေ သည်။
သူတို့သည် စာချုပ်မိစ္ဆာနှင့် သခင်တို့ စာချုပ်ဖျက်သည်ကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ကျောင်းအုပ်ကြီးတောင်းဆိုလာသဖြင့် ရှီမာယူယူ ငြင်းဆန်ရန် မတတ်နိုင်ပေ။ "ကျောင်းအုပ်ကြီးတို့က တော့လိုက်ခဲ့ပါ ကျန်တဲ့သူတွေ လိုက်စရာမလိုဘူး ရှုပ်တယ်"
ပြောပြီးနောက်တွင် လုဖေတို့စောင့်နေသော အိမ်သို့လာလိုက်သည်။
စာချုပ်ဖျက်ခြင်းသည် သူမပြောသကဲ့သို့ သူ့ခန္ဓာကိုယ်ကို များစွာ ထိခိုက်စေသည်။ သူမ ဘေးသင့်မှု တိမ်တိုက်ကို မောင်းထုတ်လိုက် ခြင်းကြောင့်သာမဟုတ်လျှင် သူထပ်ပြီးတောင့်ခံနိုင်တော့မည်မဟုတ်ပေ။
ရှီမာယူယူ ဝင်လာသည်ကိုမြင်သည်နှင့် လုဖေသည် ခေါင်းငိုက်စိုက်ကျ ကာ ထရန်အကောင်းဆုံးကြိုးစားကာ အားလျော့စွာပြောလေသည် "ကျေးဇူး တင်ပါတယ်"
စာချုပ်ဖျက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဘေးသင့်မှု တိမ်တိုက်ကိုရှောင်နိုင်အောင်လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်...
"ကျွန်တော် သက်တန့်အတွက်လုပ်ပေးတာပါ" ရှီမာယူယူ ပြော လိုက်သည်။ သူမသည် ဟာစွန်ကို သူ့ကို တွဲခိုင်းကာ အိမ်အတွင်းသို့အိပ်ရန် ခေါ်သွားခိုင်းလိုက်သည်။ သူမသည် ခန်းမ၏ အပေါက်ဖြစ်နေသော မျက်နှာ ကျက်ကို မတ်တပ်ရပ်ရင်း ခေါင်းမော့ကာ မိုးကောင်းကင်ကိုကြည့်လေသည်။
သူမ လျှောက်သွားပြီး သူ့ကိုဆေးတိုက်ကာ ပြောလေသည် "မင်းရဲ့ မူလပုံစံအတိုင်းပြန်ပြောင်းသင့်တယ် အဲဒါက အကူအညီပိုဖြစ်လိမ့်မယ်"
လုဆေသည် ခေါင်းညိမ့်လိုက်သည်နှင့် အလင်းတန်းလက်လာကာ ငှက်အသွင်မှ ချောမောသော လူငယ် တစ်ယောက်အသွင်ပြောင်းလေသည်။
ယွမ်ရှောင်ဂျီနှင့် တခြားသူများသည် သူ့အားမြင်လိုက်ရချိန်တွင် ရှီမာယူယူ သူ့ကို စာချုပ်ပယ်ဖျက်ပေး လိုက်ပြီဖြစ်ကြောင်းကို ယုံကြည်သွား ကြသည်။ ရှီမာယူယူ သူ့ဒဏ်ရာများကို ကုသပေးရန်လိုသေးကြောင်းတွေ့ သောအခါ သူတို့ထွက်လာခဲ့ကြသည်။
ရှီမာယူယူသည် သူတို့ထွက်သွားသည်အထိစောင့်ပြီး ဝိဉာဉ်စေတီမှ ဝိဉာဉ်အရည်ထုတ်လိုက်သည်။
"ဒီဆေးတွေစားပြီး ဒါသောက်လိုက်၊ ၁၀ရက်ကနေ ၁၅ရက်အထိ နားပေး၊ မင်းနိုးလာတာနဲ့ လုံးဝ ပြန်ကောင်းမှာတော့မဟုတ်သေးဘူး၊ နည်းနည်းအားနည်းတယ်လို့ ခံစားရတာနဲ့ အခြေခံလှုပ်ရှားမှုတော့ လုပ်ပေး ရမယ်၊ ပြီးတော့ နာလန်ထူဖို့ ၂နှစ်လောက်အချိန်လိုမယ်" ရှီမာယူယူ ပြောလိုက်သည်။
လုဖေသည် မျက်ခွံလေးလာသည်ကို ခံစားရကာ မခံနိုင်တော့ပေ။ သူသည် လျင်မြန်စွာပင် အိပ်မောကျ သွားလေသည်။
အဘွားဇူထွက်လာချိန်တွင် လုဖေသည်အိပ်ပျော်နေသည်ကို တွေ့လိုက်ရပြီး မေးလေသည် "ဘုရင်ကြီး ဘယ်လိုနေလဲ"
"အစ်ကိုကြီးပေးတဲ့ဆေးစားပြီးတော့ အိပ်ပျော်သွားပြီ၊ သူ ၁၀ရက်ကနေ ၁၅ရက်အတွင်းပြန်ကောင်းမယ် လို့အစ်ကိုကြီးပြောတယ်" သက်တန့်ပြော လေသည်။
"ဘုရင်ကြီးဟုတ်လား" အဘွားဇူ လုဖေကိုခေါ်လိုက်ပုံကို ရှီမာယူယူ ကြားသောအခါ သက်တန့်ကို တအံ့တသြကြည့်လေသည်။
"ဦးလေးက မီးငှက်မျိုးနွယ်ပါ၊ အစ်ကိုကြီး အဲဒါကိုမသိဘူးလား" သက်တန့်သည် ပြန်မေးလေသည်။
ရှီမာယူယူ ခေါင်းရမ်းကာ "မင်းငါ့ကို တစ်ခါမှမပြောဖူးဘူးလေ၊ သူ့ကို အဲလိုခေါ်တာလည်း တစ်ခါမှ မကြားဖူးဘူး၊ အဲတော့ မီးငှက်မျိုးနွယ်ရဲ့ ဘုရင်က လူသားနဲ့စာချုပ်ချုပ်လိုက်ရတယ်ပေါ့၊ အဲဒါကြောင့် အဲလောက် နာတာကိုး"
မျိုးစိတ်တိုင်းတွင် ကိုယ်ပိုင်မာနများရှိကြသည်။ ဘုရင်များဆိုလျှင် ပိုမာနကြီးကြသည်။ ထို့အပြင် မီးငှက်မျိုးနွယ်သည် မာနအကြီးဆုံးဖြစ်သည်။ ဘုရင်တစ်ပါးအနေနှင့် အရိုးကြေလောက်အောင် မာနထိခိုက်မည် ကိုတော့ ပြောရန်ပင်မလိုတော့ပေ။
သူမသည် သက်တန့်ကို ဝိဉာဉ်အရည်တစ်ပုလင်းပေးပြီး ပြော လိုက်သည် "မင်း ငယ်ငယ်တုန်းက ဒါ သောက်ဖူးတယ်၊ ၅ရက်တစ်ခါ ၃စက်တိုက်ပေး အဲထက်မပိုနဲ့"
သက်တန့်သည် ဝိဉာဉ်အရည်ယူပြီး ခေါင်းညိမ့်လေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... အစ်ကိုကြီးလည်း နားပြီး ကုသင့် တယ်၊ ဒီနေ့ကို အများကြီး မိုးကြိုး အပစ်ခံထားရတာ အစ်ကိုကြီးလည်း ဒဏ်ရာရထားမှာပဲ" သက်တန့်ပြောလေသည်။
"အင်း" ရှီမာယူယူသည် အမှန်တကယ်ပင် နေလို့မကောင်း သောကြောင့် သက်တန့်ကို ဝိဉာဉ်အရည် ပေးပြီး ထွက်ခဲ့လိုက်သည်။
ဖန်၁နှင့် ၂သည် သူမအား အပြင်မှစောင့်နေကြသည်။ သူမကိုမြင် သောအခါ မေးကြလေသည် "သခင်လေး ဘယ်လိုနေလဲ"
"အဆင်ပြေပါတယ် အခုတော့ မိုးကြိုးဘေးသင့်မှုကို အကြောက်နည်း သွားပြီ" ရှီမာယူယူ ပြောလိုက်သည် "ဒါပေမဲ့ ဒီတစ်ခေါက်ကို အပစ်ခံရတာ ရက်စက်တယ် အဲဒါကြောင့် နည်းနည်းနာတယ်၊ ဟူး ခဏလောက် ပြန်နား လိုက်ရင်တော့ အဆင်ပြေသွားမှာပါ"
သူမကို ကာကွယ်ရန် ဖန်၁နှင့် ၂တို့ကိုရွေးချယ်လိုက်ရခြင်းမှာ သူတို့ သည် တည်ငြိမ်ကာ ဂရုစိုက်တတ် ပြီး သန်မာသောကြာင့်ဖြစ်သည်။ သို့သော် သူတို့လိုလူများပင် သူမကိုထိုပုံစံအတိုင်းတွေ့လိုက်သောအခါ ဆွံ့အ သွားကြသည်။
သခင်လေး... သခင်လေးက တကယ်ပဲအံ့သြလောက်စရာပဲ။ ကောင်းကင်ရဲ့ မိုးကြိုးဘေးသင့်မှု အပစ်ခံ ရတာတောင် အသက်ရှင်နေေ သေးတယ်... နာကျင်မှုအနည်းငယ်ပဲရသည်ဟု ပြောကာ နည်းနည်းလောက် နားလိုက်ရင် အဆင်ပြေမှာပါဟုတောင် ပြောလိုက်သေးသည်။ မိုးကြိုး ဘေးသင့်မှုသည် သူတို့အစား သူမကို လက်စားချေပေးသည်ကို အမှောင် တောတွင်သေဆုံးသွားခဲ့သော လူများသိမည်မဟုတ်ပေ။
လူဆိုးကြီး၁၀ယောက်သည် ရှုပ်ထွေးသောခံစားချက်များဖြင့် ပြန်လာ ကြသည်။ သူမသည် သူတို့ကို များစွာသော အံ့သြမှုကိုပေးခဲ့သည်။ သူမ ကိုယ်တိုင်လာပြီး သူတို့ကိုကမ်းလှမ်းသည်ကိုပင် ဂုဏ်ယူရမည်ဟု ခံစား ရသည်။
"အစ်ကိုကြီး ကျွန်တော်တို့ သူ့လိုလူမျိုးနောက်ကိုလိုက်ရင် အနာဂတ် ပြောင်းသွားနိုင်တယ်" ရှီချန်းသည် ဖြေးညင်းစွာပြောလေသည်။
ဖန်ဇီသည် ခေါင်းညိမ့်လေသည်။ သူဘာမှမပြောသော်လည်း ထို အတိုင်းပင်ခံစားရသည်။
"ငါ သူ့ကိုတည်ဆောက်မှုတွေအကြောင်းမေးချင်တယ်" ဟုန်ဝူပြော လိုက်သည်။
"ငါကတော့ သူ့ကို အဂ္ဂိရတ်ပညာအကြောင်းမေးချင်တယ်" ကုန်ထန် ပြောလိုက်သည်။
"သူက တကယ့်လူထူးလူဆန်းပဲ" ဖန်ခိုင်ပြောလိုက်သည်။
"အဲတော့ အားလုံးသဘောတူလို့ပြောကြတာလား" ဖန်ဇီ မေးလိုက် သည်။ အားလုံးခေါင်းညိမ့်သည်ကို တွေ့သောအခါ သူထပ်မေးပြန်သည် "ဒါပေမဲ့ သူဆိုလိုတာက ငါတို့က သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုရမှာ နော်"
"သူ့ကိုလူမျိုးကို သခင်တစ်ယောက်အဖြစ် အသိအမှတ်ပြုမယ်ဆိုရင် ဆိုးတဲ့ကိစ္စမဟုတ်ဘူး၊ ငါ ထောက်ခံတယ်၊ သူက သူ့လူတွေကိုလည်း ကောင်းကောင်း ဆက်ဆံတဲ့ပုံပဲ" ဒိုင်ယိသည် ပိုပြီးအကောင်းမြင် တတ်လာ သည်။
"သူ နောက်ကို နေရာမြင့်တစ်ခုမှာ ရပ်တည်မယ်လို့ငါထင်တယ်၊ သူ့လိုသခင်ရှိတဲ့နေရာတစ်ခုဟာ ငါတို့ အတွက် ဂုဏ်ယူစရာပဲ" ရှီချန်းသည် စကားပြောလိုက်သည်နှင့် ချောင်းအနည်းငယ်ဆိုးလေသည် "မဟုတ်ရင် ငါ အဲနေ့ကို အသက်ရှင်လျက်မမြင်လိုက်ရမှာလည်းဖြစ်နိုင်တယ်"
"အစ်ကို၃ အထူးအဆန်းတွေဘာမှမတွေးနဲ့၊ သူ အစ်ကို၃ကိုပေး တဲ့ဆေးက ၃လတော့ ငြိမ်စေမှာပဲ၊ သူ ယုံကြည်မှုအပြည့်နဲ့ပြောခဲ့တာဆိုတော့ အစ်ကို၃ကို သူကုနိုင်မှာပါ" နီအန်းယီ ပြောလိုက်သည်။
"အင်း" ရှီချန်းသည် ချောင်းအနည်းငယ်ဆိုးပြီးနောက်ဆုံးတွင် ရပ်သွား လေသည်။
"အစ်ကို၃ အခုတလော ချောင်းမဆိုးတာကြာပါပြီ၊ ဘာလို့ပြန်ပြီး စလာတာလဲ ကြည့်ရအောင်" ကုန်ထန်သည် လျှောက်လာကာ သူ့လက်ကို ကိုင်ပြီး စမ်းသပ်လေသည်။
"ညီ၁၀ အစ်ကို၃ဘယ်လိုလဲ" ယူရှီမေးလိုက်သည်။
"အစ်ကို၃ အခြေအနေပိုဆိုးလာပြီ" ကုန်ထန် ပြောလိုက်သည် "ဆေးက အနည်းဆုံး၃လတော့ ခံပါတယ်၊ ဒါပေမဲ့ အစ်ကို၃က အမှောင်တောမှာ နေတုန်းက ဝိဉာဉ်စွမ်းအင်တွေအများကြီးသုံးလိုက်တယ် အဲတော့ သူ့ကျန်းမာ ရေးမကောင်းတာ ပိုမြန်လာတယ်"
ပြီးခဲ့သည့်တစ်ခေါက် သူတို့အမှောင်တောတွင်ရှိစဉ်က သူတို့သည် လူအများလိုက်ခြင်းခံရကာ တောဗဟိုသို့ရောက်သွားခဲ့သည်။ ရှီချန်းသည် လည်း ကိုယ်တိုင်ပါဝင်ခဲ့သည်။ အန္တရာယ်များသော အခြေအနေတစ်ခု တွင် နီအန်းယီနှင့် ကုန်ထျန်ကို ကယ်ရန် လှုပ်ရှားမှုကိုခက်ခက်ခဲခဲလုပ်ခဲ့ရသည်။
"အခုငါတို့ဘာလုပ်ကြမလဲ" နီအန်းယီသည် ရှီချန်းဖြစ်ခဲ့သည်ကို ပြန်တွေးပြီးနောက် အပြစ်ရှိသလိုခံစားရလေသည်။ သူတို့အဝိုင်းခံရေ သောအကြောင်းတွေးလိုက်လျှင် မျက်နှာပျက်ရသည်။
"မင်းက ငါ့မေးတာ ငါလည်းမသိဘူးလေ" ကုန်ရန် ပြန်ဖြေလေသည် "ငါတို့ သူ့ကိုရှာရုံအပြင်မရှိတော့ တာလည်းဖြစ်နိုင်တာပဲ"
"ငါတို့က သူ့နောက်ကိုလိုက်မယ်လို့ဆုံးဖြတ်ပြီးတော့ သူ့ကိုသွားရှာရမှာ ပေါ့၊ သူ အစ်ကို၃ကို ကုနိုင်လောက်တယ်" ဟုန်ဝူပြောလိုက်သည်။
"ငါတို့ တခြားသမားတော်ကို ရှာလို့မရဘူး အခုဆိုရင် ရှုဂျင်းတောင်ဒီ ရောက်နေပြီ၊ ငါတို့ကို မြင်တဲ့နေရာမှာပဲ သူသတ်မပစ်တာ ကံကောင်းနေပြီ၊ သူ အစ်ကို၃ကို ကုပေးဖို့အပြင် နည်းမရှိတော့ဘူး၊ သူ့ကိုသွားရှာရုံအပြင် မရှိတော့ဘူး"
"အခုသွားကြတာပေါ့" နီအန်းယီသည် ရှီချန်းအားတွဲပီး ရှီမာယူယူ ကိုသွားရှာကြလေသည်။
"ညီ၆ နေဦး" ရှီချန်းသည် သူ့အားဆွဲလိုက်သည် "သူက ဒီနေ့မိုးကြိုး ဘေးသင့်မှုတွေ့ပြီး နလန်ပြန်ထူ အောင်လုပ်နေတုန်း အခုသူ့ကိုသွား ရှာလည်း အသုံးဝင်မှာမဟုတ်ဘူး ငါ ဒီ၁ရက် ၂ရက်အတွင်းကို မသေနိုင် ပါဘူး နောက်ရက်နည်းနည်းလောက်မှ သွားရှာကြတာပေါ့"