Chapter 99- ပြဿနာရှာတဲ့ သူဆင်းရဲ
စနေနေ့ နံနက်မှာ GuHaဟာ သားသားနားနား ဝတ်ဆင်ပြီးတဲ့နောက် အိပ်ယာဘေးမှာ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ ပြီးမှ BaiLuoYinရဲ့ပါးလေးကို ဆွဲညှစ်လိုက်တယ်။
( ငါ အပြင်ခဏသွားဦးမယ်)
BaiLuoYin အိပ်ယာနိုးကာစ အိပ်မှုံစုံဖွားဖြစ်နေတယ်။ အိပ်ငိုက်နေတဲ့ သူ့အသံက လေးတွဲတွဲနဲ့။
( ဘယ် သွား မှာ လဲ?)
( ငါ့အစ်ကို ဒီနေ့ပြန်လာလို့။ သူ့ကို လေယာဉ်ကွင်းမှာ ငါသွားကြိုမလို့)
BaiLuoYinက မျက်လုံးကို ပွတ်ရင်း ( မင်း အစ်ကို? အစ်ကိုအရင်းလား? သူ့အကြောင်း မင်းပြောတာလည်း တခါမှ မကြားဖူးပါဘူး)
( အရင်းတော့ မဟုတ်ဘူး။ ဝမ်းကွဲ။ သူက နိုင်ငံခြားမှာနေတာ။ ငါတို့ညီအစ်ကိုတွေ တွေ့ကဖြို့ဆိုတာ ခဲယဉ်းတယ်။ ဒီတခါ သူကလည်း အလုပ်ကိစ္စနဲ့မို့ ပြန်လာတာ။ ဒီမှာ သူ ရက်ပိုင်းလောက်နေပြီးတာနဲ့ ပြန်မှာ)
BaiLuoYin အိပ်ယာပေါ် ထိုင်လျက် ( အင်း.... ဒါဖြင့် နောက်ကျနေမယ်... သွားတော့လေ)
GuHaiက BaiLuoYinကို ခဏလောက် စိုက်ကြည့်နေပြီး ( မင်း ဒီနေ့ ဘာလုပ်စရာရှိလဲ?)
( ဘာအစီအစဉ်မှတော့မရှိဘူး။ ငါ အိမ်စာလုပ်ဖြစ်ချင် လုပ်မယ်။ ဒါမှမဟုတ် အန်တီZhouတို့ဆိုင်မှာ ငါကူညီလို့ရတဲ့ဟာ ရှိမလား ကြည့်ဦးမယ်)
( အခြားဘယ်မှ လျှောက်သွားမနေနဲ့နော်!) GuHaiဟာ ကလေးငယ်လေးတစ်ယောက်ကို ချော့မော့ပြောနေသလို ပြောတာ။
BaiLuoYinက မျက်ခုံးကြီးတွန့်လျက် ( ငါ့အတွက် ပူမနေနဲ့။ မင်းကိစ္စသာ မင်းလုပ်)
GuHaiဟာ BaiLuoYinရဲ့ပါးပြင်ကို အသာလေး ပုတ်လိုက်ပြီးမှ အပြင်ကိုထွက်သွားတော့တယ်။
GuHai ထွက်သွားချိန်ကျ BaiLuoYin မျက်စိကျယ်ပြီး အိပ်မပျော်တော့။ ဒါ့ကြောင့် သူလည်း အဝတ်အစားလဲပြီး အပြင်ထွက်လာခဲ့တော့တယ်။
( အန်တီ)
အန်တီ Zhouဟာ သူမရဲ့ဆိုင်ထဲမှာ စားစရာတွေပြင်နေတဲ့အခိုက်အတန့်ဖြစ်တယ်။ သူမ BaiLuoYinကိုလည်းမြင်ရော၊ သူမရဲ့မျက်နှာမှာ အပြုံးပန်းများ ပွင့်လန်းလာပါတယ်။
( YinZi သားရောက်လာပြီလား?)
BaiLuoYin ခေါင်းညိတ်ပလြိုက်ပြီး၊ မီးဖိုချောင်းထဲထိ သူလျှောက်လာတော့၊ မီဖိုချောင်အတွင်းမှာ စားဖိုမှူးတွေ အများကြီးအလုပ်ကိုယ်စီနဲ့ အသီးသီး အလုပ်ရှုပ်နေကတြယ်။ အခုတော့ အန်တီZhouရဲ့ဆိုင်လေးက မနက်စာတင် ရောင်းတာမဟုတ်တော့။ နေ့လည်စာ ညစာတွေပါ ရောင်းနေပါပြီ။ တွန်းလှည်းဆိုင်မဟုတ်တော့တဲ့အပြင် စားတော်ဆက် အသေးလေးနဲ့တောင် တူနေပါတော့တယ်။ အကြောင်းရင်းကတော့ ဈေးလည်း ချိုတယ်။ သန့်ရှင်းသပ်ရပ်တယ်။ ပြီးတော့ အရသာလည်း ကောင်းတယ်။ ဒီတော့ နေ့စဉ်နေ့တိုင်း စားသောက်သူအပြည့်နဲ့ စည်းကားလို့နေတယ်။ ထိုင်ခုံနေရာမရတဲ့ အချို့လူတွေကတော့ အိမ်ကို ပါဆယ်ဆွဲသွားတတ်ကတြယ်။
BaiLuoYin ဆိုင်ကိုလာတိုင်း အန်တီZhouက မီးဖိုချောင်ထဲဝင်ပြီး ကိုယ်တိုင်ကိုယ်ကျ ချက်ကျွေးနေကျ။
( အန်တီZhou အဲ့လိုလုပ်ဖို့ မလိုဘူးရယ်။ ကျွန်တော်က ဘာဖြစ်ဖြစ်စားတယ်)
အန်တီZhouက ခေါင်းခါပြပြီး ( ဒုက္ခမများပါဘူးကွယ်)
သူမပြောနေတုန်း၊ အပြင်ကနေ ဧည့်သည်တစ်ယောက်က အသံကျယ်ကြီးနဲ့ လှမ်းအော်တယ်။ ( ငါ့ကို အမဲသားခေါက်ဆွဲပြုတ် တစ်ပွဲထပ်ပေးဟေ့)
အန်တီZhouရဲ့မျက်လုံးအရောင် ပြောင်းသွားတယ်။ သူ့မျက်လုံးမှာ စိတ်ဆင်းရဲနေတဲ့ အရိပ်အယောင်တွေ ရှိနေသလိုပဲ။ ဒါပေမယ့် BaiLuoYin သိသွားမှာစိုးတာနဲ့၊ သူမဟာ မီးဖိုချောင်က စားဖိုမှူးတစ်ယောက်ကို ထိုဧည်သည်မှာတဲ့ ဟင်းပွဲ သွားချပေးဖို့ အချက်ပလြိုက်တယ်။
ခိုင်းခံရတဲ့ စားဖိုမှူးဟာ မလုပ်ချင်ဘူး။ ( ဒီလူ ပိုက်ဆံမပေးဘဲ မှာစားနေတာ ဘယ်နှစ်ရက်တောင်ရှိပြီလဲ?)
ဒီစကားကို BaiLuoYinကြားတော့ အံ့သမြိတယ်။ ( အန်တီZhou အဲ့ဒီလူက ပိုက်ဆံမပေးဘဲ လာစားနေတာလား?)
( သူ့ကို စိတ်ထဲထားမနေနဲ့) အန်တီZhouက BaiLuoYinရဲ့လက်မောင်းကို ကိုင်ထားလျက် ( ရပါတယ် သူတစ်ယောက်တည်း ပြောသလောက်လည်း မစားနိုင်ပါဘူး။ လာလာ ဒီမှာထိုင်နေ။ မင်းအတွက် အန်တီချက်ပြီးပြီ)
BaiLuoYin ဘယ်နှလုံးသားနဲ့ မုန့်စားနိုင်တော့မှာလဲ? BaiLuoYinဟာ အလုပ်တွေရှုပ်နေတဲ့ အန်တီZhouရဲ့ လက်ကို ဖမ်းကိုင်လိုက်ပြီး အတည်ပေါက် မေးလိုက်တာက ( အန်တီ ကျွန်တော့်ကိုအမှန်တိုင်း ပြောပါ။ ဘာတွေဖြစ်နေတာလဲလို့?)
အန်တီZhouရဲ့နှုတ်ခမ်းအစုံတို့ လှုပ်လာကတြယ။် ဒါပေမယ့် ဘာစကားမှတော့ ထွက်မလာကြ။
BaiLuoYinဟာ စားသောက်ခန်းမထဲကို ခေလြှမ်းကျဲကျဲနဲ့ လျှောက်ထွက်သွားတော့၊ အစောကလူ အော်ဟစ်နေတုန်းပဲ။ ( မင်းတို့ကောင််တွေ ဒီထက် မမြန်နိုင်တော့ဘူးလား? ငါက ဘယ်လောက်တောင် စောင့်နေရမှာလဲ?)
ထိုသူ့ဘေးက လူတွေဟာ ကောင်တာမှာငွေရှင်းပြီး၊ စားသောက်ဖို့ အလှည့်ကျနံပါတ်ကို စောင့်နေကတြယ်။ ထိုသူတစ်ယောက်တည်း စားပွဲဝိုင်းတဝိုင်းလုံးကို မောင်ပိုင်စီးထားတာ။ ဒါတောင် သူက အရှက်မရှိ စားပွဲထိုးတွေကို အော်ဟစ် ကြိမ်းမောင်းနေသေးတယ်။ BaiLuoYinက အဲ့ဒီလူကို တမင်တကာ စိုက်ကြည့်နေတယ်။ အဲ့ဒီလူဟာ သူခိုးကြမ်းပိုးနဲ့မတူပါဘူး။ လောကဓံကို အလူးအလဲခံနေရတဲ့ပုံပဲ။ နံရိုးတွေလည်း ပေါ်လို့။ သူ့ကြည့်ရတာ စိတ်ထောင်းလို့ ကိုယ်ကေနြဲ့တဲ့ ရုပ်နဲ့။ ဒီလူ လူလည်လုပ်နေတာကို BaiLuoYin ခံစားမိတယ်။
စားပွဲထိုးလေးက ခေါက်ဆွဲပန်းကန်ကိုကိုင်ပြီး ဒီဘက်လျှောက်လာတော့၊ အဲ့ဒီလူက စားပွဲထိုးလေးကို မျက်စောင်းကြီး ထိုးကြည့်ပြီး ( မင်းက ဘယ်တွေ သဝေထိုးနေရတာလဲ? ငါ့မှာ ခဏခဏ အော်မှာနေရတာကွ!)
စားပွဲထိုးလေးက စားပွဲပေါ်ကို စိတ်မပါဘဲ ပန်းကန်ကိုချကာ၊ စိတ်ညစ်တဲ့ပုံနဲ့ လှည့်ထွက်သွားတယ်။
ဒီလူ့ကြောင့် ဘယ်သူစိတ်မညစ်ဘဲ နေမလဲ? ဒီလူဟာ ဆိုင်က စားပွဲထိုးအားလုံးကို တမင်တကာ ပြဿနာရှာနေတာပဲ။ စာဖိုမှူးလည်း သူ့ကြောင့် တနေကုန် အလုပ်ရှုပ်နေရတယ်။ ဒါတောင် သူက စားလို့မကောင်းဘူးပြောသေးတယ်။ အခြား စားသုံးသူတွေဟာ ဝိုင်းရဖို့အတွက် အလှည့်ကျနံပါတ်ကို စောင့်နေရတယ်။ သူကတော့ ဝုိုင်းမှာ သူတစ်ယောက်တည်း။ သူ့နားလာထိုင်တဲ့ လူတွေကိုလည်း အဲ့ဒီလူက မောင်းထုတ်သေးတာ။
BaiLuoYin ကထိုင်ခုံဆွဲထုတ်ပြီး သူ့ရှေ့ဝင်ထိုင်လိုက်တယ်။
( မင်းကို ဒီမှာ ဘယ်သူက ပေးထိုင်လို့တုန်း?) အဲ့ဒီလူက ခေါက်ဆွဲစားရင်း BaiLuoYinကို ဂြိုလ်ကြည့်လှမ်းကြည့်တယ်။
BaiLuoYinက ခပ်တည်တည်နဲ့ပြန်ဖေတြာက ( ကျွန်တော့်ဖာသာ ကျွန်တော်ဝင်ထိုင်တာ ဘာဖြစ်လဲ?)
အဲ့လူက စားပွဲခုံကို ဖြန်းခနဲ ရိုက်လိုက်တော့ အန်တီZhou ရုတ်တရက် ပြေးထွက်လာတယ်။
( MengJianZhi ရှင် ကျေးဇူးမကန်းနဲ့)
MengJianZhi လို့ခေါ်တဲ့လူဟာ ပါးစပ်ထဲက ခေါက်ဆွဲတွေကို ပန်းကန်ထဲ ပြန်ထွေးချပြီး အန်တီZhouကို လက်ညှိုးကြီး ငေါက်ငေါက်ထိုးလျက် ဆဲရေးတယ်။ ( အပေါစားမ၊ နင်က ငါ့ကိုရန်ထောင်ရဲတယ်ပေါ့? ရွှံ့ဖို့ကောင်းတဲ့ မိန်းမပျက်! ဒီမှာ ငါ အလာကားလာစားတော့ ဘာဖြစ်သလဲ? ငါ့ကို ကျွေးမွေးရမှာ နင့်တာဝန်ပဲမလား? ဒါတောင် နင်က ငါ့ကို ရန်တွေ့ချင်သေးတယ်။ ရွှံ့စရာကောင်းတဲ့ မိန်းမ...)
BaiLuoYinက MengJianZhiရဲ့ ကော်လံကို ဆွဲပြီး၊ စားပွဲကိုမှောက်သွာတဲ့အထိ သူပိတ်ကန်လိုက်တယ်။
( ခင်ဗျားကများ ဘယ်သူက ဆဲနေတာလဲ?)
MengJianZhiဟာ BaiLuoYinကို ပြန်မလုပ်။ သူဟာ စားပွဲအောက်မှာ လူးလိမ့်နေပြီး နာလွန်းလို့ အော်နေတယ်။ ( သေပါပြီဗျ! သေပါပြီ! လူကို အနိုင်ကျင့်တယ်ဗျ!)
စားသုံးသူဧည့်သည်တွေအားလုံး ပြန်ပြေးကုန်ပြီ။ တံခါးကို ပိတ်ထားလိုက်တယ်။ အချို့က ပတြင်းပေါက်ကနေ ချောင်းကြည့်နေကတြယ်။
( MengJianZhi ရှင် ပြန်ပါတော့!!!!) အန်တီZhouက ရုတ်တရက် ငိုသံပါကြီးနဲ့ အော်ပြောတယ်။
BaiLuoYin တွေးမိတာက သူတို့နှစ်ယောက်ကြားမှာ တခုခုရှိရမယ်ပေါ့။
MengJianZhiဟာ စားပွဲခြေထောက်တစ်ချောင်းကို ဖက်ထားပြီး မျက်နှာက ဒုက္ခအတိပြီးတဲ့ အမူအရာနဲ့့။ ( မင်းရိုက်လို့ ငါ့မှာ သေလုမြောပါးဖြစ်နေပြီ။ မင်း ငါ့ကို အလျှော်ပေးရမယ်။ မင်း အလျှော်မပေးမချင်း ငါမသွားဘူး)
ဒီလူဟာ ရံှုးမဲမဲနေတာလို့ပဲ BaiLuoYin ခန့်မှန်းမိပါတယ်။ သူဟာ အပြစ်မရှိတဲ့လူတွေကို ရန်ရှာတတ်တဲ့ သူရဲဘောကြောင်တဲ့လူပဲ။ ဒီလိုလူမျိုးရဲ့ အဆိုးဆုံး စရိုက်လက္ခဏာကတော့ တစ်ယောက်ယောက်ကို အပြစ်မရှိအပြစ်ရှာပြီး အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုတွေကို လုပ်တာပဲ။ သူ့ဖာသာသူ အသုံးမကျတာကို သူများတွေအပေါ် အပြစ်ပုံချတတ်တယ်။ အတိုချုပ်ပြောရရင် သူတို့ဒုက္ခရောက်သလို အခြားသူတွေကိုပါ လိုက်ဒုက္ခရောက်စေချင်တဲ့ သဘောပါပဲ။
BaiLuoYinရဲ့အဟန့်ကြောင့်မို့ပဲလား... ဒါမှမဟုတ် ဆိုင်ထဲမှာ ဝိုင်းကြည့်မယ့်သူတွေ မရှိတော့လို့ပဲလား.... စားပွဲထိုးအချို့ဟာ MengJianZhi ဆီ ချက်ချင်းပဲ ချီတက်လာကြပြီး၊ သူ့ကို ဝိုင်းပိတ်ကန်ကြတော့တယ်။ အရှိထက် ပိုအော်နေတဲ့ သူ့အသံဟာ လူတွေအတွက်တော့ နားမချမ်းသာစရာပါ။
အန်တီZhouက ဒါကိုဆက်မကြည့်နိုင်တော့ပဲ ရှေ့ကိုတိုးလာကာ အားလုံးကိုတားတယ်။ ( သူ့ကို မရိုက်ကပြါနဲ့တော့။ မရိုက်ကပြါနဲ့တော့)
ရိုက်နေတဲ့လူတွေ ရပ်သွားကတြယ်။ အန်တီZhouရဲ့ပါးပေါ်ကနေ မျက်ရည်တွေစီးကျနေတယ်။
( သူ့ကို ဆိုင်အပြင် ဆွဲထုတ်လိုက်)
အဲ့ဒီစကားကို ဒီလူကြားတော့ ချက်ချင်းအအော်ရပ်သွားပြီး ဒေါသတကြီးနဲ့ ဆဲရေးလာပြန်တယ်။ ( ZjouXiuYun၊ ခွေးမ။ ငါ့ကို နင်က မောင်းထုတ်ရဲဲတယ်ပေါ့! နင်က အလကားဟာမ။ စိတ်ရင်းယုုတ်တဲ့ဟာမ။ ငါတို့သားလေးသာ မင်းလုပ်ရပ်တွေကိုတွေ့့ရင်.....)
( ရှင့်မှာ သားတစ်ယောက်ရှိသေးတာတော့ သတိရသေးတယ်ပေါ့လေ?) အန်တီZhouက အော်ပြောတယ်။ ( ထွက်သွားစမ်း!)
လူအချို့ MengJianZhiကို ဆွဲခေါ်ထုတ်သွားကတြယ်။
BaiLuoYinက အန်တီZhuoကို ဒုတိယအထပ်ခေါ်လာတယ်။ သူမရဲ့မျက်ရည်တွေဟာ အခုထိ စီးကျနေတုန်းပဲ။
( YinZiရယ်၊ သားကို ဟားတိုက်စရာမြင်ကွင်း ပသြလိုဖြစ်သွားပြီကွယ်။ အော် မင်းကိုတောင် မနက်စာမကျွေးရသေးဘူး။ ဒီမှာစောင့် အန်တီသွားယူပေးမယ်)
( ထားလိုက်ပါ) BaiLuoYinက အန်တီZhouကို တားလိုက်တယ်။ ( ကျွန်တော် မဆာဘူး)
အခုတော့ အဓိကအချက်ကို BaiLuoYinသိသွားပြီ။ MengJianZhiဆိုတဲ့လူဟာ တနယ်တကျေးမှာ အလုပ်သွားလုပ်တယ်ဆိုတဲ့ လူပဲဖြစ်ရမယ်လို့။
အခုမှ အန်တီZhou စားသောက်ဆိုင်လေး ဖွင့်ထားတယ်လို့ သတင်းရလို့ ဒီလူ ဗြုန်းစားကြီးပေါ်လာတာဖြစ်လိမ့််မယ်။ ဗူးသီးသီးမှ အရီးလာတော်တာမျိုးလေ။
ဒီလိုလူမျိုးဟာ မုန်းစရာအကောင်းဆုံးပဲ။
( အန်တီZhou ဒီကိစ္စကို အဖေသိလား?)
BaiHanQiရဲ့နာမည်ကို ကြားတော့ အန်တီZhouရဲ့ အမူအရာပျက်သွားတယ်။ သူ ချက်ချင်းပဲ BaiLuoYinရဲ့လက်ကို ကိုင်ပြီး အသံတိုးတိုးနဲ့ သတိပေးတယ်။ ( သားအဖေကိုတော့ ဒီကိစ္စသွားမပြောလိုက်ပါနဲ့နော်။ သူ့စိတ်နဲ့သာဆို MengJianZhiကို အသေရိုက်သတ်ပစ်နေမှာ)
( အန်တီ့စကားသံ နားထောင်ကြည့်ရတာ၊ အန်တီ သူ့အပေါ်များ မေတ္တာရှိနေသေးလို့လား?0
( မေတ္တာရှိနေသေးလို့ မဟုတ်ပါဘူးကွယ်) အန်တီZhouရဲ့မျက်နှာမှာ စိုးရိမ်စိတ်တွေ လွှမ်းမိုးလာတယ်။ ( သားအဖေကို ဒီလူ ခြိမ်းခြောက်ငွေညှစ်မှာစိုးလို့ပါ! အဲ့ဒီလူ ဘယ်လောက် အကျင့်ယုတ်သလဲဆိုတာ သားအမြင်ပဲလေ။ သူ့မှာ လူစိတ်ရှိသေးလို့လား? နေ့တိုင်း ဆိုင်မှာလာပြီး ပြဿနာရှာနေတာဟာ... အန်တီတို့က မခံနိုင်တဲ့အဆုံး ရိုက်လွှတ်လိုက််ရင်၊ သူ့ရဲ့လက်ကျန်ဘဝသာယာဖို့ အန်တီတို့ဆီ လျှော်ကြေးကို မျှော်လင့်နေတာ သားရဲ့!)
( ဒါပေမယ့် အန်တီရယ်၊ အခုလို သူဒုက္ခပေးနေတာတွေကို ဒီအတိုင်းကြည့်နေလို့ ဘယ်ဖြစ်မလဲ? အန်တီ ဒုက္ခရောက်နေတုန်းက အဲ့ဒီလူက ပြန်ငဲ့မကြည့်ခဲ့ဘူး။ အခု အန်တီ ကောင်းစားလာတော့မှ ဒင်းက အရှက်မရှိရောက်ချလာတာ။ အန်တီ၊ ဒီလိုလူမျိုးပေါ်ကို သက်သက်ညှာညှာ လုပ်နေလို့ မရဘူးနော်၊ ဒါဆို အလုပ်ဖြစ်မှာ မဟုတ်ဘူး!)
( YinZiရယ်) အန်တီZhouက BaiLuoYinရဲ့လက်ကို ဆွဲပြီး ( သားစေတနာကို အန်တီနားလည်ပါတယ်။ ဒါပေမယ့် သူက ကလေးရဲ့ဖခင်ပဲလေ။ ဒါက အန်တီရဲ့ဝဋ်ကြွေးဆိုတော့ အန်တီပဲ ဆပ်ရမှာပေါ့။ YinZi အန်တီ့စကားနားထောင်နော်၊ သားအဖေကို ဒီကိစ္စတွေ လုံးဝ ပြောမပပြါနဲ့။ အန်တီ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖေရြှင်းလိုက်ပါ့မယ်)
ဒီစကားတွေကြားတော့ BaiLuoYin ငိုင်သွားတယ်။
( အန်တီကို ကျွန်တော် တခုတော့ မေးဦးမယ်။ အန်တီ သူနဲ့ ကွာရှင်းပြီးပြီလား?)
အန်တီZhouက မျက်လွှာချပြီး စားပွဲခင်းပြောင်ပြောင်လက်လက်ကို စိုက်ကြည့်ရင်း သက်ပြင်းတိုးတိုးချလိုက်တယ်။ ( တကယ်တမ်းပြောရမယ်ဆိုရင် အန်တီတို့က လက်တောင်မထပ်ခဲ့ရဘူး။ အန်တီတို့က အရမ်းဆင်းရဲတော့ လက်ထပ်မှတ်ပုံတင် မလုပ်နိုင်ဘူး။ နှစ်ယောက်သား တွဲသွားတွဲလာလုပ်ရင်းနဲ့ ပတ်ဝန်းကျင်က လင်မယားအဖြစ် အသိအမှတ်ပြုခဲ့ကတြာ။ အစပိုင်းကတော့ လက်ထပ်မှတ်ပုံတင်လုပ်ချင်လို့ပဲ၊ သူက တနယ်တကျေးမှာ အလုပ်သွားလုပ်တာ။ ဒါပေမယ့် သူ အခြားမိန်းမတစ်ယောက်နဲ့ ထွက်ပြေးသွားပြီး ၃နှစ်လောက် အိမ်ပြန်မလာတော့ဘူးလေ။ ဒီတော့ မှတ်ပုံတင်ကိစ္စလည်း မပြီးပြတ်ခဲ့ဘူးပေါ့။ အဲ့တုန်းကဆို တော်တော့်ကို ဒုက္ခတွေများခဲ့တာ။ အန်တီ့ ယောက္ခကြီးကလည်း အန်တီ့ကို အချိန်တိုင်း ပြောဆိုနေတာ။ သူ့သားပြန်မလာတာ အန်တီကြောင့်ဆိုပြီလေ။ ဒါနဲ့ အန်တီလည်း စိတ်နာနာနဲ့ သားကိုခေါ်ပြီး ဘေဂျင်းတက်လာခဲ့တာပဲ။ အဲ့ဒီကတည်းကဆို ၅နှစ်တောင်ရှိခဲ့ပြီလေ။ သူ အန်တီကို အဆက်အသွယ်မလုပ်ခဲ့တာ ၅နှစ်ရှိသွားပြီ။ သူနဲ့အန်တီ လုံးဝပြတ်ပြီလို့ ထင်ခဲ့တာပေါ့။ ဘယ်သူကတွေးဆမိမှာလဲ.... အို ဒါတွေ ထပ်မပြောချင်တော့ပါဘူး။ ပြောလေပြောလေ၊ စိတ်တွေ နောက်ကျိလာလေလေပဲ )
BaiLuoYin ပြန်တောင် မဖေရြသေးခင် အောက်ထပ််က BaiHanQiရဲ့အသံကို ကြားလိုက်ရတယ်။
( သား၊ ငါ့သား အပေါ်ထပ်မှာလား?)
အန်တီZhouက မျက်ရည်တွေ အမြန်သုတ်ပြီး အင်္ကျ ီကို ပြန်ဖြန့်နေတယ်။ နောက် BaiLuoYinကို အသံတိုးတိုးနဲ့ သတိပေးလိုက်တယ်။ ( သားအဖေကို ဘာမှမပြောပပြါနဲ့နော်။ နော် သား)
BaiLuoYinက ခေါင်းကို တွေဝေစွာနဲ့ ညိတ်ပလြိုက်တယ်။
BaiHanQi အပေါ်ထပ် တက်လာပြီး အသက်ကို ခပ်ပြင်းပြင်းရှူနေတယ်။ နောက်မှ BaiLuoYinကို ပြောတာ။ ( DaHai အခုလေးတင် ဖုန်းဆက်တယ်။ သူ ဒီကိုလာပြီး မင်းကိုလာခေါ်မယ်တဲ့။ သူက မင်းနဲ့အတူတူ အပြင်ထွက်စားမလို့တဲ့)
BaiLuoYinကညြ့်ရတာ စိတ်မဝင်စားသလိုကြီးပဲ ( မသွားချင်ပါဘူး အဖေရာ)
( အဖေက မင်းအစား သဘောတူပြီးသွားပြီ) BaiHanQiက BaiLuoYinခေါင်းလေးကို ပွတ်ပေးပြီး ( သွားလိုက်ပါကွာ။ သူကလည်း မင်းအတွက် စေတနာနဲ့ပါ)
BaiLuoYin ဘာမှ မပြောတော့ဘဲ၊ အောက်ထပ်ကို ချက်ချင်းဆင်းသွားလိုက်တယ်။
BaiHanQiက အန်တီZhouကို အကြာကြီး စိုက်ကြည့်နေရင်းမှ မေးလိုက််တယ်။ ( ဆိုင်ရှေ့မှာ ယောက်ျားတစ်ယောက် လှဲအိပ်နေတယ်။ ဘာဖြစ်တာလဲ?)
အန်တီZhouက ဖုံးကွယ်ဖို့ ကြိုးစားတယ်။ ( သူတောင်းစားနေမှာပါ)
( ဘာလို့ သူတောင်းစားက ငါတို့ဆိုင်ရှေ့မှ လာနေနေတာလဲ? ဒီမှာခဏစောင့်၊ ငါ သွားမောင်းထုတ်ခိုင်းလိုက်မယ်)
( မလုပ်နဲ့!) အန်တီZhou ရုတ်တရက်ကြီး BaiHanQiရဲ့ အင်္ကျ ီစကိုလှမ်းဆွဲတယ်။ အံ့သသြွားတဲ့ BaiHanQiရဲ့မျက်နှာကို မြင်မှ၊ အန်တီZhouဟာ သူမရဲ့ကယောင်ကတမ်းဖြစ်နေတဲ့ အမူအရာတွေကို ထိန်းပြီး ( သူတောင်းစားတစ်ယောက်ပဲဟာ။ ပစ်ထားလိုက်စမ်းပါ။ ရက်ပိုင်းလောက်နေရင် သူထွက်သွားလိမ့်မယ်ပေါ့)
( မင်း... မင်းက သိပ်သဘောကောင်းလွန်းတယ်ကွာ)BaiHanQiတစ်ယောက် အန်တီZhouကို စိတ်ဆိုးဟန် ဆောင်ပြီး ပြောလိုက်တယ်။
အန်တီZhouဟာ အတင်းလုပ်ပြုံးလျက် BaiHanQiနောက်ကလိုက်ကာ အောက်ထပ်ကို ဆင်းသွားခဲ့လိုက်တယ်။
End of Chapter 99