"လမ်ခွဲကြရအောင်......jeon"
ကျွန်တော်ဒီစကားကိုထွက်မိလိုက်သည့်အချိန်မှာအရာအားလုံးကျွန်တော်နားမရှိတော့သလို။ဆုံးရှုံးလိုက်ရသလို။ရင်ထဲဓားအချွန်နဲ့ထိုးခံလိုက်ရသလိုဆူးနစ်နေအောင်ခံစားရသည်။
ဆုပ်ကိုင်ထားချင်တာ၊မလွှတ်ပေးချင်ခဲ့တာ၊ဒါပင်မဲ့လည်းကိုယ်ကမင်းဘဝအတွက်ခလုတ်ဖြစ်နေတာမရည်ခဲ့ပဲပေါ့။
အခြားတစ်ယောက်ကိုချစ်လိုက်ပါ။အခြားတစ်ယောက်နဲ့ပျော်လိုက်ပါကိုယ့်အတွက်မပူနဲ့။လှည့်မကြည့်ပါနဲ့ကိုယ်ကတစ်ကောင်ကြွက်ပါ။
အခြားတစ်ယောက်ကိုကိုယ့်ထက်ပိုချစ်ပေးပါ၊ကိုယ့်ထက်ဂရုစိုက်ပေးပါ၊ကိုယ့်ထက်ပိုနမ်းပေးပါ၊ဒါပင်မဲ့ကိုယ့်ကိုလုပ်သလိုသစ္စာမမဲ့လိုက်ပါနဲ့jeon၊
"ဘာေပြာလိုက်တာလဲ Min"
ကျွန်တော်လက်ကိုကျစ်ကျစ်ပါအောင်ကိုင်ထားရင်းကြောင်အအကြီးဖြစ်နေသည့်jeon။မင်းကိုယ်မင်းအထင်တွေသိပ့်ကြီးထားတာလားကိုယ်ဒီလိုမပြောလောက်ပါဘူးလို့ပဲခပ်အေးအေးတွေးထားတာလားကွာ။
"ငါ့လက်ကိုကိုလွှတ်ပါ ငါတို့ဘာမှမပတ်သက်တော့ဘူး"
ကျွန်တော်လက်ကိုကိုင်ထားသည့်jeonလက်တွေကိုအတင်းဆွဲဖယ်နေသည်။မရမှန်းသိပင်မဲ့လည်းဆွဲဖယ်နေမိသည်။
"ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ"
"ဟင်"
"ဘယ်သူ့ခွင်ပြုချက်နဲ့ လမ်းခွဲမယ်လို့ပြောနေတာလဲလို့...ကိုယ်လမ်းမခွဲပေးဘူး"
တော်ပါတော့သူ့အပေါ်သာနေတဲ့ကျွန်တော်စိတ်တွေရယ်တော်ပါတော့။လမ်းမခွဲပေးဘူးလို့ပြောတာနဲ့ချက်ချင်ယိုင်သွားချင်တဲ့စိတ်တွေရယ်တော်လိုက်ပါတော့လို့။
သူညာနေတာ။အဲ့စကားတွေကညာနေတာနောက်နေ့ရောက်တာနဲ့မင်းကအခန်းကျဉ်းလေးထဲမှာတိတ်တိတ်လေးငိုရမှာ။မင်းလက်ခံလိုက်တာနဲ့နောက်ထပ်အကြိမ်းကြိမ်းငိုကြွေးရမှာကိုယ့်ကိုယ်ကိုချစ်သင့်နေပြီ park jiminရဲ့။
ကိုယ့်ကိုယ်ကိုသတိတွေအထပ်ထပ်ပေးနေရတဲ့အထိကိုကျွန်တော်မပျက်သားနိုင်။သူမှသူဖြစ်နေတာအရူးလိုပဲ။
"တော်ပါတော့ တော်ပါတော့ jeonရယ် လမ်းခွဲပေးပါ"
မျက်ရည်တွေကမကျချင်ပင်မဲ့ပါးပေါ်သို့စီးကျလာသည်။jeonမြင်မှာပေါ့ကျွန်တော်မျက်ရည်တွေကို။
"အဲ့တာဘာလုပ်တာလဲ jeon"
မြေပြင်ပေါ်သို့ဒူးထောက်လိုက်သည့်jeon။ဒါဘာလုပ်တာလဲမင်းရူးနေတာလားမချစ်ပဲအပိုတွေလာလုပ်ပြနေတာလား။ဟင့်အင်းjeonကဒီလိုလုပ်မဲ့သူမှမဟုတ်တာ။
ကျွန်တော်လက်ကိုကိုင်ထားဆဲဖြစ်သည့်jeonကဒူးထောက်လျှက်။ပြီနောက်ကျွန်တော်လက်ကိုသူ့လက်နှစ်ဖက်နဲ့ဆုတ်ကိုင်ရင်းမျက်နှာအပ်ကာ။
"လမ်းမခွဲပေးချင်ဘူး......ကိုယ်မှားတာ..ကိုယ်မှားပါတယ်....နောက်အဲ့လို.....မဖြစ်စေရဘူးလေ......နော်နော်. ဟင့်"
Jeonငိုနေတာပဲ။jeonငိုတာဒါပထမဆုံးမြင်ဖူးချင်ပဲ။မင်းကိုအဲ့လိုငိုတာမကြည့်ချင်ပါဘူး။ငါငိုတာတွေရောမင်းကိုမပြချင်ဘူး။
"ထပါ....မင်းမရှက်ဘူးလား အခြားသူတွေကြည့်နေတာ"
"မရှက်ဘူး Minခွင့်.....ဟင့် ခွင့်လွှတ်ဖို့ပဲလိုတာ ဟင့်....အဲ့ကြောင့်.....ဒူးထောက်တောင်းပန်တာ...ဟင့်"
"မင်းကိုဘယ်သူကလည်းဒူးေထာက်ေတာင်းပန်ခိုင်းလုိ့လဲ..ငိုတာယောကျာ်းအလုပ်မဟုတ်ဘူးနော်......အေး နောက်ပြီးငါပြောမယ် လမ်းခွဲ...ကြ...ရ....အောင်"
ထက်ခါထပ်ခါပြောမနေချင်နဲ့လမ်းခွဲစကား။ပြောလိုက်တာလစ်ဟာသွားသည့်ခံစားချက်ဆူးခနဲဖြစ်သွားသည့်ဝဲဘက်ရင်အုံတို့လူကိုရူးသွားနိုင်သည်။ချစ်လျှက်နဲ့လမ်းခွဲပေးရမှာကအရှက်လပ်လပ်ငရဲကျသလိုပဲ။
"တောင်းပန်ပါတယ် လမ်းမခွဲနဲ့ နော် ကိုယ်ဘယ်လိုတောင်းပန်ရမလဲဟင် ခြေထောက်ကိုင်ပြီးလား တောင်းပန်မယ်လေ ထားမခဲ့ပါနဲ့"
လက်ကိုကိုင်ထားရာကနေခြေထောက်ကိုပြောင်းကိုင်မလို့လုပ်နေတဲ့jeonကြောင့်ခြေထောက်တွေနောက်သို့ဆုတ်မိတယ်။
"ဘာလုပ်တာလဲ jeon တော်သင့်ပြီး အရူးလိုလုပ်မနေနဲ့ ငါ့ဆုံးဖျက်ချက်ကိုလည်းပြင်မှာမဟုတ်ဘူး နောက်ပြီးငါမင်းကိုချစ်ရတာ သိပ့်ပင်ပန်းတယ်......."
ကျွန်တော်ပြောလိုက်သည့်စကားမှာjeonငြိမ်ကျသွားသည်။ဒီလိုစကားတွေမပြောချင်ပင်မဲ့ငါထပ်ပြီးမင်းကိုမဆွဲထားချင်ဘူး။
တောင်ပန်ဖို့မလိုဘူးတောင်းဆိုဖို့မလိုဘူးငါတို့နှစ်ယောက်ကမဖြစ်သင့်တော့ဘူး။
ကံတရားအရလည်းမဖြစ်နိုင်သလိုအဆင့်တန်းချင်ကလည်းမတူ။လူတွေကမြေနိမ့်ရာဘက်ကိုပဲလှံစိုက်ချင်ကြတာ။အဲ့တာကြောင့်ငါအခြေနေနဲ့မင်းနဲ့မဖြစ်နိုင်ပါဘူး။ငါကမိဘမဲ့တစ်ယောက်ပင်မဲ့မင်းအဖေရဲ့ေမတ္တာကိုတော့နာူလည်နိုင်ပါသေးတယ်။ငါစာတွေအများဖတ်ဖူးတယ်သိလား။
"ငါသွားတော့မယ် ထာဝရအတွက် လမ်းခွဲခြင်းပါ"
မြေပေါ်ဒူးထောက်ထားသည့်jeonကိုဂရုမစိုက်စွာကျော်ခိုင်းခဲ့သည်။ကျော်ခိုင်ဖို့မလုံလောက်သေးသည့်ခံစားချက်တွေရှိသေးပင်မဲ့လည်းjeonကိုယ်လွှတ်ချခဲ့ပြီ။
သိပ်ချစ်တာရူးအောင်ချစ်တာ။နောက်ထက်ဘယ်သူ့ကိုမှရင်ခွင်ထဲမထည့်နိုင်လောက်တော့တဲ့ထိချစ်တာ။
ငိုရသည်။လူတွေကြည့်ေနတာလည်းဂရုမစိုက်စွာငိုရသည်။အသည်းကွဲသွားတာလားဒါကိုအသည်းကွဲတယ်လို့ခေါ်လား။မငိုနိုင်တော့ဘူးထင်ပင်မဲ့မျက်ရည်တွေကဘယ်ကထွက်လာမှန်းမသိ။
အိမ်ရောက်တော့လည်းအခန်းကျဉ်းထဲအရူးတစ်ယောက်လိုအော်ငိုနေမိသည်။မြင်သမျှလည်းဘာမှအဆင်မပြေ။ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမလဲမသိလောက်အောင်ပဲ။
တော်ပါပြီးဒီမြို့ကိုကြောက်သွားပါပြီ။အချစ်တွေပေါလိုက်တဲ့မြို့၊ဂရုစိုက်မှုတွေပေါလိုက်တဲ့မြို့၊သစ္စာမဲ့မှုတွေပေါ်လိုက်တဲ့မြို့။နေရာမရှိဘူးကျွန်တော်လိုလူမျိုးအတွက်ဒီမြို့လေးမှာနေရာမရှိဘူး။
အရင်ကနေခဲ့တဲ့Busanမြို့လေးကိုသာကျောင်းပြီးရင်ပြန်ဖို့ဆုံးဖျက်လိုက်သည်။နောက်ဘယ်တော့မှဒီမြို့ကိုလာဖြစ်တော့မယ်မထင်။
ဒီဇာတ်လမ်းလေးစာတန်းထိုးခဲ့ပြီ။
******************************
"Jungkookမင်းအခုဘယ်ကပြန်လာတလဲ"
"အပြင်ပြန်လာတာဗျာ...".
"စကားကိုဘယ်လိုပြောနေတာလဲ.....မင်း သမီးMarryကိုတစ်ယောက်ထဲထားခဲ့တယ်ဆို"
ဒါပဲအပိုတွေပြောတတ်တာသူမအကျင့်။သူမကြောင့်ပဲကျွန်တော်နှလုံးသားမရှိတဲ့လူတစ်ယောက်ဖြစ်ခဲ့ရပြီ။ရူးလောက်အောင်ချစ်ခဲ့ရသူကလမ်းခွဲခဲ့ပြီခြေထောက်ကိုင်ပြီးတောင်းပန်တာတောင်မရတော့ပေ။
မာယာတွေများတဲ့သူမ။ကျွန်တော်ကြည့်မရလိုက်တာ။
"သားစိတ်ညစ်နေလို့ ခနလောက်လွှတ်ထားပေးပါ "
"မင်းကွာ......"
Appaစကားတွေကိုလည်းမကြားနိုင်ပါရင်ထဲဆူးနစ်နေအောင်နာရပါသည်။
Minကိုချစ်တာပေါ့ချစ်လွန်းလို့နှစ်ပေါက်တဲ့အထိလိုက်ခဲ့ရတာ။ချစ်လွန်းလို့သူဘာပြောပြောနားထောင်ခဲ့တာ။သိပ်ချစ်တာပေါ့Minရယ်သိပ့်ချစ်တာပေါ့။
အခန်းထဲဝင်လိုက်တော့Minသုံးနေကျရေမွှေးနံ့လေး။သေချာတာပေါ့Minနံ့ေလးကုိကြိုက်လွန်းလို့တမင်ရှာဝယ်ပြီးဖြန်းခဲ့တာအဲ့လောက်ထိရူးခဲ့တာပါ။
အခန်းနံရံပြည့်နေသည့်နေသည့်Minရဲ့လှုပ်ရှားမှုမှတ်တမ်းလေးတွေ။ဓာတ်ပုံရိုက်တာမကြိုက်တဲ့လူသားလေးမို့ခိုးခိုးရိုက်ပြီးသိမ်းထားခဲ့တာ။
အခုတော့ကျွန်တော်သိမ်းထားတဲ့ဒီပုံလေးတွေပဲကြည့်ရင်းဆွေးနေရမှာလား။
ဒါေတွကျွန်တော်မကောင်းတာပါ။
ခင်ဗျာအမြင်ကျွန်တော်ကလူယုတ်မာပေါ့။တကယ်တမ်းကျကျွန်တော်နေ့တိုင်းငိုခဲ့ရတာ။ဟော့ဒီ့Minအနံ့အသက်တွေMinဓာတ်ပုံေတွနဲ့ပြည့်နေတဲ့အခန်းလေးသာအသိဆုံးပါ။
စတွေ့ချင်မှာပဲရူးခဲ့ရသူကဒီကောင်ပါ။
သူ့အနံ့လေးကိုရူးရူးမူးမူးစွဲလမ်းခဲ့ရသူကဒီကောင်ပါ။
မျက်နှာလေးတစ်ချက်ပျက်သွားမှာဆိုလို့ဘာပြောပြောခေါင်းငြိတ်ခဲ့ရသူကဒီကောင်ပါ။
သူနဲ့အတူဆိုပြီးစိတ်ကူတွေနဲ့ရောလက်ေတွနဲ့ရောတွေးပြီးရူးခဲ့ရသူကဒီကောင်ပါ။
နောက်ဆုံးလမ်းခွဲခံရတဲ့သူကလည်းဒီကောင်ပါ။
"Min........ရယ်မထားခဲ့ပါနဲ့သေသွားလိပ့်မယ် ဒီကောင်ကြီး"
တိုးတိုးလေးရေရွတ်ခါငိုနေမိသည်။ယောကျာ်းကြီးဖြစ်ပြီးငိုနေခဲ့တာအကြိမ်းကြိမ်းပါ။Minနဲ့ပတ်သက်ရင်ပျော့ညံ့နေတုန်းပဲဒီကကောင်က။
ကိုယ်Minနားမှာပဲနေချင်ခဲ့တာလေ။မတွေ့ရတဲ့နေ့တွေဆိုပြေးလာပြီးတွေချင်နေတာလေ။အဲ့တာMinသိလားMinသိတာကိုယ်မကောင်းဘူးဆိုတာပဲ။
အခုလည်းကိုယ်ရှင်းပြတာလေးတော့နားထောင်ပေးအုန်းလေကွာ။ဒီကောင်ကြီးကိုရှင်လျှက်နဲ့သေအောင်လုပ်နေတာပဲ။
"Min .ရေပြန်လာခဲ့ကွာ"
Minကကျွန်တော်ကိုချစ်ရတာပင်ပန်းတယ်တဲ့။
"လမ်ခွဲကြရအောင်......jeon"
"ဘာပြောလိုက်တာလဲ Min"
"ဟင်"
"အဲ့တာဘာလုပ်တာလဲ jeon"
"လမ်းမခွဲပေးချင်ဘူး......ကိုယ်မှားတာ..ကိုယ်မှာပါတယ်....နောက်အဲ့လို.....မဖြစ်စေရဘူးလေ......နော်နော်. ဟင့်"
"မင်းကိုဘယ်သူကလည်းဒူးထောက်တောင်းပန်ခိုင်းလို့လဲ..ငိုတာယောကျာ်းအလုပ်မဟုတ်ဘူးနော်......အေး နောက်ပြီးငါပြောမယ် လမ်းခွဲ...ကြ...ရ....အောင်"
"တောင်ပန်းပါတယ် လမ်းမခွဲနဲ့ နော် ကိုယ်ဘယ်လိုတောင်ပန်းရမလဲဟင် ခြေထောက်ကိုင်ပြီးလား တောင်းပန်မယ်လေ ခွင့်လွှတ်နော်"
******************************
"အပြင်ပြန်လာတာဗျာ...".
"မင်းကွာ......"
ဒါတွေကျွန်တော်မကောင်းတာပါ။
သူနဲ့အတူဆိုပြီးစိတ်ကူတွေနဲ့ရောလက်တွေနဲ့ရောတွေးပြီးရူးခဲ့ရသူကဒီကောင်ပါ။
"Min .ရေပြန်လာခဲ့ကွာ"