နန်း စာဖတ်နေတုန်းမှာသဲကအခန်းထဲကိုဝင်လာလေသည်။လက်ထဲမှာလဲ
"မ...အင်္ကျီအပ်ထားတာရပြီ"
"ဟုတ်လားသဲ တို့ကြည့်ရအောင်"
သဲယူလာတဲ့အင်္ကျီလေးကိုဒီအတိုင်းဖြန့်ကြည့်လိုက်တာတောင် အတော်လေးလှပါသည်။
"လှတယ်ကလေး..."
"မ...စမ်းဝတ်ကြည့်ပါလား အဆင်မပြေတာရှိရင်သဲပြန်ပြင်ပေးမယ်"
သူမရဲ့သဲက စမ်းဝတ်ကြည့်ဖို့ပြောတော့ နန်းအင်္ကျီကိုစမ်းဝတ်ကြည့်လိုက်သည်။သဲကတော့တစ်ဖက်ကိုမျက်နှာလှည့်ထားလေသည်။
"မ...ပြီးပြီလား"
"အင်း"
သဲချုပ်တာကိုပထမဆုံးဝတ်တာဖြစ်ပေမယ့် နန်းနဲ့အဆင်မပြေတာမရှိပေ။သဲကသူမတစ်ကိုယ်လုံးကိုသေချာစိုက်ကြည့်နေသည်မို့ နန်းနဲနဲတော့အနေခက်မိသည်။
"သဲ..."
သဲရဲ့လက်ကသူမရင်ဘတ်နားကိုရောက်လာတော့ နန်းအသက်ရဲရဲပင်မရှူရဲအောင်ဖြစ်သွားသည်။
"မ...ရင်ဘတ်နားမှာနဲနဲပွသွားသလိုပဲ သဲတိုင်းတုန်းကစိတ်လှုပ်ရှားပြီးလက်နဲနဲတုန်နေလို့"
"သဲဒီနားနဲနဲပြန်စားပေးလိုက်မယ်"
"အင်း မသိသာပါဘူးသဲ"
သဲလက်ဖယ်သွားတော့မှ နန်းအသက်ရဲရဲရှူမိတော့သည်။ထိုအဖြစ်ကိုကြည့်ရင်း သဲကရယ်နေသည်။
သဲ မရဲ့ခါးသွယ်သွယ်လေးကိုဆွဲဖက်လိုက်တော့ မရဲ့လက်လေးနှစ်ဖက်က သဲရဲ့လည်ပင်းကိုသိုင်းဖက်လာသည်။
"သဲကို ချုပ်ခဘယ်လိုပေးရမလဲပြော"
"အင်း မဆီဘယ်လောက်တောင်းရမလဲ"
သဲ စဉ်းစားသည့်ဟန်လုပ်လိုက်ပြီး
"အင်း..."မ"ကိုသဲအပိုင်ပေးလိုက်လေ၊ဒါဆိုသဲကမရဲ့ရာသက်ပန် ဒီဇိုင်နာလုပ်ပေးမယ်"
"ရှင်လေးက လူလည်မလေးပဲ"
"သဲကမလည်ပါဘူးနော် သဲကတုံးတယ် သဲဒီအသက်အရွယ်ထိချစ်သူလဲမထားခဲ့ဖူးဘူး ဘာမှလဲမဘာခဲ့ဖူးဘူး မသိရဲ့လား"
ထိုအခါ မရဲ့ချစ်မျက်စောင်းလေး ဒိုင်းခနဲရောက်လာလေသည်။မရဲ့မျက်စောင်းလေးက အသဲယားဖို့ကောင်းလွန်းလှသလို မရဲ့အကြည့်တွေကလဲ ရူးလောက်သည်။မရဲ့အရာရာတိုင်းကို သဲမြတ်နိုးမိသည်။
*******************************************
ဘာလိုလိုနဲ့သင်္ကြန်အခါတောင်ရောက်တော့မည်ဖြစ်သည်။လမ်းတွေမှာ သင်္ကြန်မဏ္ဍပ်လေးတွေဆောက်လုပ်နေကြသည်။ပိတောက်ပင်မှ ပိတောက်ဖူးလေးများလည်း ဝေဆာစွာဖူးပွင့်လျှက်ရှိကြလေပြီ။
"သဲလေး ဘာတွေတွေးနေတာတုန်း"
"သင်္ကြန်တောင်ရောက်တော့မယ် မရယ် အဲ့ချိန်ကျရင်မနဲ့လည်ဖို့တွေးနေတာလေ "
"ဟုတ်လား သဲ၊ဘယ်လိုလုပ်ရမလဲမကနှစ်တိုင်း သင်္ကြန်အခါအတွင်းဆို ရိပ်သာဝင်တာလေ"
"ဟင်"
သဲမျက်နှာကြီးရှုံ့သွားလေသည်။
"ဒါဆို မနဲ့မလည်ရတော့ဘူးလား"
သဲမျက်နှာလေးညိုးသွားတာမြင်တော့ နန်းမနေနိုင်ဖြစ်ရပြန်သည်။
"အင်း ဒီနှစ်တော့တို့ရိပ်သာမဝင်တော့ဘူးလေ၊ဥပုသ်ပဲယူလိုက်တော့မယ် အကြိုနေ့နဲ့အကျနေ့နှစ်ရက်ကိုမဥပုသ်စောင့်လိုက်မယ် အကြတ်နေ့နဲ့အတတ်နေ့ လည်ကြတာပေါ့"
"တစ်ကယ်လားမ"
"အင်း သဲလေး"
"ဒါဆို သဲလဲ အကြိုနဲ့အကျ နှစ်ရက်ကိုမနဲ့အတူဥပုသ်စောင့်မယ် အကြတ်နေ့ကျရင်သဲတို့နမ္မတီးချောင်းသာသွားရအောင်နော်မ"
သဲလေးကဝမ်းသာအားရပြောလာသည်။
"ဟုတ်ပါပြီ ဒါနဲ့သဲအကြိုနေ့ကိုအိမ်ပြန်မယ်မဟုတ်လား သဲဖေဖေကိုကန်တော့ရမယ်လေ"
ပျော်နေတဲ့သဲမျက်နှာလေးတည်သွားသည်။
"သွားရမှာပေါ့ သဲအဖေပဲလေမတော်ချင်လို့မှမရတာ"
"သဲကလဲ ကိုယ့်အဖေကိုအဲ့လိုမပြောရဘူးလေ..."
"ဘယ်လိုပဲဖြစ်ဖြစ်မိဘဟာမိဘပဲ မပစ်မှားရဘူးဟုတ်တယ်မှလားမ မအဲ့လိုပြောချင်တာမဟုတ်လား သဲသိပါတယ်"
သူမရဲ့သဲကတော့လေ။နန်း သဲရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။
"သဲ ထပ်မဆိုးနဲ့တော့နော်၊သဲကအခုအရွယ်ရောက်နေပြီ...သဲအခုလိုကောင်းကောင်းမွန်မွန်ရပ်တည်နေနိုင်တယ်ဆိုတာလဲ သဲအဖေရဲ့ပံ့ပိုးပေးခဲ့မှုကြောင့်ပဲမဟုတ်လား သဲအဖေဘယ်လိုပဲဖြစ်နေပါစေ အဖေဟာအဖေပဲလေ သဲမပစ်မှားရဘူး သဲကံကြီးထိုက်လိမ့်မယ် မပြောတာနားလည်လားသဲလေး"
"အခုကစပြီး သဲအဖေနဲ့အဆင်ပြေပြေနေနိုင်ဖို့သဲကြိုးစားကြည့် လိမ်လိမ်မာမာနေပါတော့ကလေးရယ်"
မ ပြောတဲ့စကားကိုကြားပြီးသဲမျက်ရည်လည်လာသည်။သဲတစ်ကယ်ပဲဆိုးခဲ့မိတာလား။မ ပြောတာလဲမှန်ပါသည်။သဲအခုလိုနေနိုင်တာဟာလဲ ဖေဖေ့ကျေးဇူးကြောင့်ပင်ဖြစ်သည်။
"သဲ..."
သူမရဲ့သဲငိုနေတာလား။နန်း ဒီကလေးမကိုငိုအောင်လုပ်လိုက်မိပြီလား။ထိုသို့တွေးနေစဉ်မှာ သဲလေးကသူမရင်ခွင်ထဲတိုးဝင်လာလေသည်။ထင်မှတ်မထားတော့ နဲနဲအံ့ဩသွားမိပြီး နောက်မှ သဲရဲ့ကျောလေးကိုသပ်ကာနှစ်သိမ့်ပေးမိသည်။
*******************************************
အလှူစာပို့ရမည်မို့ ဈေးမှာသဲနဲ့အတူလိုအပ်တာတွေသွားဝယ်ဖြစ်ကြသည်။သင်္ကြန်အကြိုပန်း၊မုန့်ပုံးတွေနှင့်ဖယောင်းထုပ်၊အမွှေးတိုင်၊ဖျော်ရည်တို့ဝယ်ပြီးတဲ့နောက်မှာ အိမ်ကိုပြန်လာဖြစ်ကြသည်။
နောက်တစ်နေ့မနက် အိပ်ရာထချိန် မနဲ့ရေချိုးခန်းမှာဆုံဖြစ်ကြတော့ မကိုကြည့်ပြီးရေလောင်းချင်စိတ်ဖြစ်လာကာ ရေခွက်နဲ့အပြည့်ခပ်ပြီး မရဲ့ဂုတ်ကနေဖြည်းဖြည်းချင်းလောင်းချလိုက်သည်။
ထင်မှတ်မထားတော့ နန်းလန့်သွားမိသည်။
"အာ...သဲအကျင့်ပုတ်လေး တို့တစ်ကိုယ်လုံးစိုကုန်ပြီ"
"ဟီး မကိုရေမလောင်းလိုက်ရမှာစိုးလို့ ခဏနေကျောင်းတက်သွားရတော့မှာလေ ပြန်လာရင်လဲမကိုရေလောင်းလို့မရတော့ဘူး"
သဲပြောတာလဲမှန်ပါသည်။ခဏနေကျောင်းကပြန်လာရင်လဲဥပုသ်ကြီးနဲ့မို့ နန်းကိုရေလောင်းလို့ရမှာမဟုတ်တော့ဘူးလေ။ထို့နောက် အဝတ်စားလဲကာအိမ်သော့ခတ်ပြီးတစ်အိမ်သားလုံးဘုန်းကြီးကျောင်းတက်သွားကာ ဥပုသ်ယူဖြစ်ကြသည်။
အဲ့ဒီနောက် မုန့်လုံးရေပေါ်လုပ်ကာ အိမ်နီးနားချင်းတွေအိမ်ကိုသွားပို့ဖြစ်သည်။
ညနေကျတော့ နန်းမိဘတွေကို ကန်တော့ဖြစ်သည်။နန်း ဖေဖေနဲ့မေမေကိုကန်တော့ဖို့ပြင်နေစဉ်မှာ သဲရောက်လာလေသည်။သဲကဒီနေ့တော့ မြန်မာဆန်ဆန်လေးနှင့် တစ်မျိုးလှနေပြန်သည်။
"မ...အန်တီနဲ့အန်ကယ်လ် သဲရောကန်တော့မယ်နော်"
"ဟုတ်ပါပြီ လာ...သမီး"
ထို့နောက်မနဲ့အတူ မရဲ့မိဘတွေကိုကန်တော့ဖြစ်ကြလေသည်။ကန်တော့ပြီးတဲ့နောက်မှာ မတို့အဖေမှဆုအရှည်ကြီး ပေးလေသည်။မနဲ့အတူ မရဲ့မိဘတွေကိုကန်တော့ရတော့ မင်္ဂလာဆောင်လို့မိဘကန်တော့ကြသလိုခံစားချက်မျိုးဝင်လာလေသည်။မတို့ဖေဖေမှ ဆုပေးတော့သဲရင်ထဲအတိုင်းမသိကြည်နူးမိသည်။
ကန်တော့ပြီးတော့ မအပေါ်ထပ်ကိုတက်သွားတော့ သဲလဲမနောက်လိုက်သွားဖြစ်သည်။
"သဲ ဒီနေ့အရမ်းလှနေတယ်သိလား"
"ဟီး ဟုတ်လားမ"
"ဒါနဲ့ သဲအခုအိမ်ပြန်မှာမဟုတ်လား မလိုက်ပို့မယ်"
"ဟုတ် မပြန်ခင်သဲလုပ်စရာရှိသေးလို့"
"ဘာများလဲသဲ"
"မကိုကန်တော့မလို့လေ"
"ဘယ်လို"
သူမရဲ့သဲကသူမကိုကန်တော့မယ်တဲ့လား။အင်းနန်းတို့က ဆယ်နှစ်ကျော်ကွာတာပဲ။ကန်တော့မယ်ဆိုလဲဖြစ်တာပဲလေ။
"မ လို့ကန်တော့မယ်နော်"
"ဪ...အင်း"
နန်း အယောင်ယောင်အမှားမှားဖြင့် ခေါင်းညိတ်လိုက်သည်။သဲလေးသူမရှေ့ဒူးတုပ်ကာကန်တော့တော့ နန်းရင်ထဲအတိုင်းမသိတဲ့ကြည်နူးမိသည်။သူမရဲ့ချစ်သူလေးက သူမကိုကန်တော့နေတယ်တဲ့လား။
"မ ဆုပေးဦးလေ"
"ဪ"
"အခုလိုမကိုကန်တော့ရတဲ့အကျိုးအားကြောင့် မရဲ့သဲလေးအသက်ရှည် ၊အနာမဲ့၊ စိတ်ဆင်းရဲခြင်းကင်းပြီး ဘဝမှာအမြဲတမ်းပျော်ရွှင်ပါစေ သဲလေးချစ်တဲ့မနဲ့လဲအမြန်ဆုံးပေါင်းဖက်ရပါစေ"
"ဟုတ် ပေးတဲ့ဆုနဲ့ပြည့်စုံရပါစေမ"
မ ပေးတဲ့ဆုကိုသဲတစ်ကယ်သဘောကျမိသည်။နောက်ဆုံးဆုကိုတော့အကြိုက်ဆုံးပဲဖြစ်သည်။မကသူ့ဘက်သူယက်သွားတာပဲ...ဟီး။
"မ သဲနဲ့ဟိုမှာတစ်ညလိုက်အိပ်လိုက်လေ၊မနက်ဟိုမှာပဲဘုန်းကြီးကျောင်းတက်ဥပုသ်ယူကြတာပေါ့ အဲ့ဒါပြီးမှမိုးညှင်းပြန်ကြရအောင်လေ အခုကမှောင်လာတော့မယ် မ သဲကိုလိုက်ပို့ပြီးမှ ပြန်မယ်ဆိုညကြီးအဆင်မပြေလောက်ဘူး "
"မကိုညဘက်ကြီးတစ်ယောက်ထဲ သဲပြန်မလွှတ်နိုင်ဘူး"
သဲပြောတာလဲမှန်သည်။သဲကိုပို့ပြီး နန်းတစ်ယောက်ထဲညဘက်ကြီးမိုးညှင်းပြန်ဖို့အဆင်မပြေလောက်ဘူး။အဲ့ဒါနှင့်သဲတို့အိမ်တစ်ညအိပ်သွားဖို့ ဖေဖေနဲ့မေမေဆီမှာခွင့်တောင်းလိုက်သည်။
သမီးဖြစ်သူက သဲသဲတို့အိမ်ညအိပ်လိုက်သွားမယ် ဆိုတော့ဒေါ်နန်းယဉ် စိတ်ထဲသံသယဝင်လာသည်။ဒီသမီးနဲ့သဲသဲကရိုးရော ရိုးကြသေးရဲ့လား။
"သမီးတို့တစ်ညပဲနေမှာမဟုတ်လား"
"ဟုတ် အန်တီနန်း၊သဲ ဖေဖေကိုကန်တော့ပြီး မနက်ကိုဟိုမှာပဲကျောင်းတက်ဥပုသ်ယူမလို့ အဲ့ဒါပြီးမှ ပြန်လာမလို့"
"အေအေ ဟုတ်ပြီဒါဆိုသမီးတို့ဂရုစိုက်သွားကြဦး"
"ဟုတ်ဖေဖေ"
ထို့နောက် သဲနဲ့အတူဟိုပင်သို့ထွက်လာလိုက်ကြသည်။သဲအိမ်ကိုရောက်တော့ ဖေဖေကအံ့ဩနေသည်။သဲအခန်းထဲမှာ မနက်ကိုလဲဝတ်မယ့် အဝတ်စားတွေသွားထားပြီးတော့ဖေဖေ့ဆီထွက်လာလိုက်သည်။မကိုတော့သဲအခန်းမှာပဲနေခိုင်းထားလိုက်သည်။
"ဖေဖေ သဲကန်တော့မယ်နော်"
ဦးရဲခေါင်အံ့ဩနေမိသည်။သမီးသဲဆုကသူ့ရှေ့မှာဒူးလေးတုပ်ကာထိုင်လျှက်ရှိနေသည်။
"ဖေဖေ သဲဖေဖေ့အပေါ်ကာယကံ၊ဝစီကံ၊မနောကံနဲ့ပစ်မှားခဲ့မိသမျှတောင်းပန်ပါတယ်"
သဲ ဖေဖေ့အပေါ်မှားခဲ့မိသမျှ ဝန်ချတောင်းပန်ကာကန်တော့ဖြစ်သည်။
"သာဓု...သာဓု...သာဓု"
"ငါ့သမီးလေးကျန်းမာချမ်းသာပြီး ဘဝမှာအမြဲတမ်းပျှော်ရွှင်နိုင်ပါစေ"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဖေဖေ"
သဲ ဖေဖေ့ကိုဦးချကန်တော့လိုက်သည်။
"သမီး"
ဒီသမီးရဲ့အပြုအမူကထူးဆန်းနေသည်။အကြောင်းတစ်ခုခုတော့ရှိရမည်။သမီးသဲဆုအခုလိုပြောင်းလဲလာရခြင်း အကြောင်းရင်းက ဟိုမိန်းကလေးနဲ့များပက်သတ်နေလေသလား။
"ဖေဖေ ဒီအတောအတွင်းသဲဖေဖေ့ကိုစိတ်ဆင်းရဲစေအောင်ပြောဆိုခဲ့မိတာတွေအတွက်သဲတောင်းပန်ပါတယ်"
"မဟုတ်တာ သမီးအမှားမဟုတ်ပါဘူး၊ပြီးတော့သမီးကိုဖေဖေအပြစ်မယူပါဘူး"
"ဟုတ်"
"ဒါနဲ့သမီး ဟိုမိန်းကလေးကသမီးနဲ့...."
ဖေဖေ့ကြည့်ရတာ မနဲ့သဲကိုသံသယဝင်နေပုံရသည်။သဲလဲဒါကိုဖုံးကွယ်ထားစရာအကြောင်းမရှိပေ။
"သဲချစ်သူပါဖေဖေ"
"ဪ"
သူထင်ထားတဲ့အတိုင်းပါပဲလား။အင်းလေ သမီးကသူ့ရွေးချယ်မှုနဲ့သူပဲလေ။သူဘာပြောနိုင်မှာမို့လဲ။အဲ့ဒီမိန်းကလေးကြည့်ရတာ သမီးအပေါ်မှာလဲသံယောဇဉ်ကြီးပုံရပြီး သမီးသဲဆုကိုလဲ ပြုပြင်ပေးနိုင်စွမ်းကရှိနေသည်ပဲ။ဒီ
လောက်ဆိုရင်သမီးအတွက် စိတ်ချလို့ရပါပြီ။
သဲအခန်းထဲရောက်တော့ မကညအိပ်ဝတ်တဲ့ အဝတ်စားပင်လဲထားပြီဖြစ်သည်။သဲရဲ့မမနန်းကညအိပ်ဂါဝန်လေးနဲ့လှလို့နေသည်။
"သဲ"
"မ"
"သဲ ဖေဖေ့ကိုဖွင့်ပြောလိုက်ပြီ"
မကိုယ်လေးကိုဖက်ထားရင်းဆိုမိသည်။
"ဘာကိုလဲသဲ"
"သဲနဲ့မ ချစ်သူတွေဖြစ်ကြောင်းကိုပေါ့"
"ဟင်"
နန်းမျက်နှာပူသွားသည်။
"သဲအဖေ ဘာပြောသေးလဲသဲ"
"ဖေဖေဘာမှမပြောပါဘူး သဲနဲ့မကိုသဘောတူပုံရပါတယ်၊သဘောမတူလဲကိစ္စမရှိပါဘူး သဲကမကိုပဲယူမှာ"
"အဟင်း"
"အိပ်စို့လေသဲ မနက်စောစောထရဦးမှာ"
"ဟုတ်"
သဲညအိပ်ဝတ်အဝတ် အဝတ်စားနဲ့လဲဝတ်လိုက်ပြီး မနဲ့အတူအိပ်လိုက်သည်။
ဒါကချစ်သူဖြစ်ပြီးပထမဆုံးအကြိမ် မနဲ့အတူအိပ်ရတာပါလား။သဲစိတ်လှုပ်ရှားသလို မရောစိတ်လှုပ်ရှားနေမလား။
ဒီလိုနှင့်တစ်ညတာကုန်ဆုံးသွားခဲ့သည်။
မနက်မိုးလင်းတော့ သဲရဲ့လက်ကနန်းရဲ့ရင်ဘတ်ပေါ်ရောက်နေသည်။နန်းအသက်ပင်ရဲရဲမရှူရဲပေ။
ထိုစဉ်မှာပဲ သဲနိုးလာလေသည်။
"မ နိုးနေပြီလား"
"အင်း...သဲ...သဲရဲ့လက်"
"ဟင်"
"မ"ပြောမှသတိထားမိသွားသည်။သဲလက်ကမရဲ့ရင်ဘတ်ပေါ်ရောက်နေသည်ပဲ။
"ဟာ sorryနော်မ သဲတမင်လုပ်တာမဟုတ်ပါဘူး၊သဲတောင်းပန်ပါတယ်နော်"
သဲလေးပြာပြာသလဲတောင်းပန်ရှာသည်။ သူမရဲ့သဲလေးကတစ်ကယ်ကို ဖြူစင်တဲ့ကလေးမလေးပါလား။
"ရပါတယ် သဲကမတော်တဆပဲ၊သဲကိုစိတ်ဆိုးစရာလား"
"တမင်တကာဆိုရင်ရော သဲကိုစိတ်ဆိုးမှာလား"
"ဟာ"
အခုပဲချီးကျူးလို့မဆုံးရသေးဘူး ကလေးစုတ်လေးကဇာတ်လမ်းစလာပြီ။
"မ"မျက်နှာကြီးရဲခနဲဖြစ်ကာ ရှက်သွေးဖြာသွားလေသည်။
စောစောက တဒင်္ဂလေးပေမယ့် နူးညံ့တဲ့အထိအတွေ့ကို သဲခံစားမိသည်။ဒီလိုအခွင့်အရေး နောက်တစ်ကြိမ်ထပ်လိုချင်မိသည်။
"မ...ရှက်သွားတာလား"
"သဲစုတ်လေး ဒီနေ့ဥပုသ်ယူရမှာနော်၊မဟုတ်တာတွေမတွေးနဲ့"
"ဟီး...ဟုတ်ကဲ့ပါ၊သဲသိပါတယ်"
ထို့နောက် မျက်နှာသစ်ရေမိုးချိူးပြီး ဘုန်းကြီးကျောင်းတက်သွားဖို့အဝတ်စားလဲဝတ်ပြီး ထွက်လာခဲ့လိုက်သည်။ဘုန်းကြီးကျောင်းကအိမ်နဲ့နီးတော့ ခြေလျှင်ပဲ ထွက်လာလိုက်ကြသည်။
ကျောင်းကိုရောက်တော့ အာဟာရဒါနသုံးဆောင်ပြီး တရားနာဖြစ်ကြသည်။ကျောင်းမှာဥပုသ်ယူပြီးမှ အိမ်ကိုပြန်လာဖြစ်ကြသည်။
အိမ်ရောက်ပြီး မိုးညှင်းပြန်ဖို့ပြင်တော့ဖေဖေက
"သမီး ပြန်တော့မလို့လား၊တစ်ရက်လောက်ထပ်မနေတော့ဘူးလား"
ဖေဖေကသဲကိုပြန်စေချင်ပုံမရပေ။
"သဲပြန်မှဖြစ်မှာဖေဖေ မဟုတ်ရင်မကိုမမိဘတွေစိတ်ပူကြလိမ့်မယ်"
"ဟုတ်ပါပြီ ဒါဆိုရင်လဲဂရုစိုက်ပြီးပြန်ကြပါ"
"ဟုတ်ကဲ့ ဦး"
ထိုသို့ သဲရဲ့အဖေကိုနှုတ်ဆက်ပြီးနောက် မိုးညှင်းပြန်ဖြစ်ခဲ့ကြသည်။မဏ္ဍပ်မှာရေကစားနေကြတဲ့သူတွေကိုမြင်တော့ သဲမနဲစိတ်ထိန်းထားရသည်။
သဲကိုကြည့်ပြီး နန်းရယ်မိသည်။
"ရေကစားချင်လို့လား သဲ"
"ဟင့်အင်း မကစားချင်ပါဘူး၊သဲကဥပုသ်ယူထားတယ် သဲသီလလုံအောင်စောင့်ထိန်းမှာ"
"အဟင်း"
အိမ်ပြန်ရောက်တော့ သူ့အခန်းကိုယ့်အခန်းပြန်ကာအနားယူဖြစ်ကြသည်။
4/11/2021
_________________________________________________
Zawgyi
နန္း စာဖတ္ေနတုန္းမွာသဲကအခန္းထဲကိုဝင္လာေလသည္။လက္ထဲမွာလဲ
"မ...အကၤ်ီအပ္ထားတာရၿပီ"
"ဟုတ္လားသဲ တို႔ၾကည့္ရေအာင္"
သဲယူလာတဲ့အကၤ်ီေလးကိုဒီအတိုင္းျဖန႔္ၾကည့္လိုက္တာေတာင္ အေတာ္ေလးလွပါသည္။
"လွတယ္ကေလး..."
"မ...စမ္းဝတ္ၾကည့္ပါလား အဆင္မေျပတာရွိရင္သဲျပန္ျပင္ေပးမယ္"
သူမရဲ႕သဲက စမ္းဝတ္ၾကည့္ဖို႔ေျပာေတာ့ နန္းအကၤ်ီကိုစမ္းဝတ္ၾကည့္လိုက္သည္။သဲကေတာ့တစ္ဖက္ကိုမ်က္ႏွာလွည့္ထားေလသည္။
"မ...ၿပီးၿပီလား"
"အင္း"
သဲခ်ဳပ္တာကိုပထမဆုံးဝတ္တာျဖစ္ေပမယ့္ နန္းနဲ႕အဆင္မေျပတာမရွိေပ။သဲကသူမတစ္ကိုယ္လုံးကိုေသခ်ာစိုက္ၾကည့္ေနသည္မို႔ နန္းနဲနဲေတာ့အေနခက္မိသည္။
"သဲ..."
သဲရဲ႕လက္ကသူမရင္ဘတ္နားကိုေရာက္လာေတာ့ နန္းအသက္ရဲရဲပင္မရႉရဲေအာင္ျဖစ္သြားသည္။
"မ...ရင္ဘတ္နားမွာနဲနဲပြသြားသလိုပဲ သဲတိုင္းတုန္းကစိတ္လႈပ္ရွားၿပီးလက္နဲနဲတုန္ေနလို႔"
"သဲဒီနားနဲနဲျပန္စားေပးလိုက္မယ္"
"အင္း မသိသာပါဘူးသဲ"
သဲလက္ဖယ္သြားေတာ့မွ နန္းအသက္ရဲရဲရႉမိေတာ့သည္။ထိုအျဖစ္ကိုၾကည့္ရင္း သဲကရယ္ေနသည္။
သဲ မရဲ႕ခါးသြယ္သြယ္ေလးကိုဆြဲဖက္လိုက္ေတာ့ မရဲ႕လက္ေလးႏွစ္ဖက္က သဲရဲ႕လည္ပင္းကိုသိုင္းဖက္လာသည္။
"သဲကို ခ်ဳပ္ခဘယ္လိုေပးရမလဲေျပာ"
"အင္း မဆီဘယ္ေလာက္ေတာင္းရမလဲ"
သဲ စဥ္းစားသည့္ဟန္လုပ္လိုက္ၿပီး
"အင္း..."မ"ကိုသဲအပိုင္ေပးလိုက္ေလ၊ဒါဆိုသဲကမရဲ႕ရာသက္ပန္ ဒီဇိုင္နာလုပ္ေပးမယ္"
"ရွင္ေလးက လူလည္မေလးပဲ"
"သဲကမလည္ပါဘူးေနာ္ သဲကတုံးတယ္ သဲဒီအသက္အ႐ြယ္ထိခ်စ္သူလဲမထားခဲ့ဖူးဘူး ဘာမွလဲမဘာခဲ့ဖူးဘူး မသိရဲ႕လား"
ထိုအခါ မရဲ႕ခ်စ္မ်က္ေစာင္းေလး ဒိုင္းခနဲေရာက္လာေလသည္။မရဲ႕မ်က္ေစာင္းေလးက အသဲယားဖို႔ေကာင္းလြန္းလွသလို မရဲ႕အၾကည့္ေတြကလဲ ႐ူးေလာက္သည္။မရဲ႕အရာရာတိုင္းကို သဲျမတ္နိုးမိသည္။
*******************************************
ဘာလိုလိုနဲ႕သၾကၤန္အခါေတာင္ေရာက္ေတာ့မည္ျဖစ္သည္။လမ္းေတြမွာ သၾကၤန္မ႑ပ္ေလးေတြေဆာက္လုပ္ေနၾကသည္။ပိေတာက္ပင္မွ ပိေတာက္ဖူးေလးမ်ားလည္း ေဝဆာစြာဖူးပြင့္လွ်က္ရွိၾကေလၿပီ။
"သဲေလး ဘာေတြေတြးေနတာတုန္း"
"သၾကၤန္ေတာင္ေရာက္ေတာ့မယ္ မရယ္ အဲ့ခ်ိန္က်ရင္မနဲ႕လည္ဖို႔ေတြးေနတာေလ "
"ဟုတ္လား သဲ၊ဘယ္လိုလုပ္ရမလဲမကႏွစ္တိုင္း သၾကၤန္အခါအတြင္းဆို ရိပ္သာဝင္တာေလ"
"ဟင္"
သဲမ်က္ႏွာႀကီးရႈံ႕သြားေလသည္။
"ဒါဆို မနဲ႕မလည္ရေတာ့ဘူးလား"
သဲမ်က္ႏွာေလးညိုးသြားတာျမင္ေတာ့ နန္းမေနနိုင္ျဖစ္ရျပန္သည္။
"အင္း ဒီႏွစ္ေတာ့တို႔ရိပ္သာမဝင္ေတာ့ဘူးေလ၊ဥပုသ္ပဲယူလိုက္ေတာ့မယ္ အႀကိဳေန႕နဲ႕အက်ေန႕ႏွစ္ရက္ကိုမဥပုသ္ေစာင့္လိုက္မယ္ အၾကတ္ေန႕နဲ႕အတတ္ေန႕ လည္ၾကတာေပါ့"
"တစ္ကယ္လားမ"
"အင္း သဲေလး"
"ဒါဆို သဲလဲ အႀကိဳနဲ႕အက် ႏွစ္ရက္ကိုမနဲ႕အတူဥပုသ္ေစာင့္မယ္ အၾကတ္ေန႕က်ရင္သဲတို႔နမၼတီးေခ်ာင္းသာသြားရေအာင္ေနာ္မ"
သဲေလးကဝမ္းသာအားရေျပာလာသည္။
"ဟုတ္ပါၿပီ ဒါနဲ႕သဲအႀကိဳေန႕ကိုအိမ္ျပန္မယ္မဟုတ္လား သဲေဖေဖကိုကန္ေတာ့ရမယ္ေလ"
ေပ်ာ္ေနတဲ့သဲမ်က္ႏွာေလးတည္သြားသည္။
"သြားရမွာေပါ့ သဲအေဖပဲေလမေတာ္ခ်င္လို႔မွမရတာ"
"သဲကလဲ ကိုယ့္အေဖကိုအဲ့လိုမေျပာရဘူးေလ..."
"ဘယ္လိုပဲျဖစ္ျဖစ္မိဘဟာမိဘပဲ မပစ္မွားရဘူးဟုတ္တယ္မွလားမ မအဲ့လိုေျပာခ်င္တာမဟုတ္လား သဲသိပါတယ္"
သူမရဲ႕သဲကေတာ့ေလ။နန္း သဲရဲ႕လက္ကေလးကိုဆုပ္ကိုင္လိုက္သည္။
"သဲ ထပ္မဆိုးနဲ႕ေတာ့ေနာ္၊သဲကအခုအ႐ြယ္ေရာက္ေနၿပီ...သဲအခုလိုေကာင္းေကာင္းမြန္မြန္ရပ္တည္ေနနိုင္တယ္ဆိုတာလဲ သဲအေဖရဲ႕ပံ့ပိုးေပးခဲ့မႈေၾကာင့္ပဲမဟုတ္လား သဲအေဖဘယ္လိုပဲျဖစ္ေနပါေစ အေဖဟာအေဖပဲေလ သဲမပစ္မွားရဘူး သဲကံႀကီးထိုက္လိမ့္မယ္ မေျပာတာနားလည္လားသဲေလး"
"အခုကစၿပီး သဲအေဖနဲ႕အဆင္ေျပေျပေနနိုင္ဖို႔သဲႀကိဳးစားၾကည့္ လိမ္လိမ္မာမာေနပါေတာ့ကေလးရယ္"
မ ေျပာတဲ့စကားကိုၾကားၿပီးသဲမ်က္ရည္လည္လာသည္။သဲတစ္ကယ္ပဲဆိုးခဲ့မိတာလား။မ ေျပာတာလဲမွန္ပါသည္။သဲအခုလိုေနနိုင္တာဟာလဲ ေဖေဖ့ေက်းဇူးေၾကာင့္ပင္ျဖစ္သည္။
"သဲ..."
သူမရဲ႕သဲငိုေနတာလား။နန္း ဒီကေလးမကိုငိုေအာင္လုပ္လိုက္မိၿပီလား။ထိုသို႔ေတြးေနစဥ္မွာ သဲေလးကသူမရင္ခြင္ထဲတိုးဝင္လာေလသည္။ထင္မွတ္မထားေတာ့ နဲနဲအံ့ဩသြားမိၿပီး ေနာက္မွ သဲရဲ႕ေက်ာေလးကိုသပ္ကာႏွစ္သိမ့္ေပးမိသည္။
*******************************************
အလႉစာပို႔ရမည္မို႔ ေဈးမွာသဲနဲ႕အတူလိုအပ္တာေတြသြားဝယ္ျဖစ္ၾကသည္။သၾကၤန္အႀကိဳပန္း၊မုန႔္ပုံးေတြႏွင့္ဖေယာင္းထုပ္၊အေမႊးတိုင္၊ေဖ်ာ္ရည္တို႔ဝယ္ၿပီးတဲ့ေနာက္မွာ အိမ္ကိုျပန္လာျဖစ္ၾကသည္။
ေနာက္တစ္ေန႕မနက္ အိပ္ရာထခ်ိန္ မနဲ႕ေရခ်ိဳးခန္းမွာဆုံျဖစ္ၾကေတာ့ မကိုၾကည့္ၿပီးေရေလာင္းခ်င္စိတ္ျဖစ္လာကာ ေရခြက္နဲ႕အျပည့္ခပ္ၿပီး မရဲ႕ဂုတ္ကေနျဖည္းျဖည္းခ်င္းေလာင္းခ်လိဳက္သည္။
ထင္မွတ္မထားေတာ့ နန္းလန႔္သြားမိသည္။
"အာ...သဲအက်င့္ပုတ္ေလး တို႔တစ္ကိုယ္လုံးစိုကုန္ၿပီ"
"ဟီး မကိုေရမေလာင္းလိုက္ရမွာစိုးလို႔ ခဏေနေက်ာင္းတက္သြားရေတာ့မွာေလ ျပန္လာရင္လဲမကိုေရေလာင္းလို႔မရေတာ့ဘူး"
သဲေျပာတာလဲမွန္ပါသည္။ခဏေနေက်ာင္းကျပန္လာရင္လဲဥပုသ္ႀကီးနဲ႕မို႔ နန္းကိုေရေလာင္းလို႔ရမွာမဟုတ္ေတာ့ဘူးေလ။ထို႔ေနာက္ အဝတ္စားလဲကာအိမ္ေသာ့ခတ္ၿပီးတစ္အိမ္သားလုံးဘုန္းႀကီးေက်ာင္းတက္သြားကာ ဥပုသ္ယူျဖစ္ၾကသည္။
အဲ့ဒီေနာက္ မုန႔္လုံးေရေပၚလုပ္ကာ အိမ္နီးနားခ်င္းေတြအိမ္ကိုသြားပို႔ျဖစ္သည္။
ညေနက်ေတာ့ နန္းမိဘေတြကို ကန္ေတာ့ျဖစ္သည္။နန္း ေဖေဖနဲ႕ေမေမကိုကန္ေတာ့ဖို႔ျပင္ေနစဥ္မွာ သဲေရာက္လာေလသည္။သဲကဒီေန႕ေတာ့ ျမန္မာဆန္ဆန္ေလးႏွင့္ တစ္မ်ိဳးလွေနျပန္သည္။
"မ...အန္တီနဲ႕အန္ကယ္လ္ သဲေရာကန္ေတာ့မယ္ေနာ္"
"ဟုတ္ပါၿပီ လာ...သမီး"
ထို႔ေနာက္မနဲ႕အတူ မရဲ႕မိဘေတြကိုကန္ေတာ့ျဖစ္ၾကေလသည္။ကန္ေတာ့ၿပီးတဲ့ေနာက္မွာ မတို႔အေဖမွဆုအရွည္ႀကီး ေပးေလသည္။မနဲ႕အတူ မရဲ႕မိဘေတြကိုကန္ေတာ့ရေတာ့ မဂၤလာေဆာင္လို႔မိဘကန္ေတာ့ၾကသလိုခံစားခ်က္မ်ိဳးဝင္လာေလသည္။မတို႔ေဖေဖမွ ဆုေပးေတာ့သဲရင္ထဲအတိုင္းမသိၾကည္ႏူးမိသည္။
ကန္ေတာ့ၿပီးေတာ့ မအေပၚထပ္ကိုတက္သြားေတာ့ သဲလဲမေနာက္လိုက္သြားျဖစ္သည္။
"သဲ ဒီေန႕အရမ္းလွေနတယ္သိလား"
"ဟီး ဟုတ္လားမ"
"ဒါနဲ႕ သဲအခုအိမ္ျပန္မွာမဟုတ္လား မလိုက္ပို႔မယ္"
"ဟုတ္ မျပန္ခင္သဲလုပ္စရာရွိေသးလို႔"
"ဘာမ်ားလဲသဲ"
"မကိုကန္ေတာ့မလို႔ေလ"
"ဘယ္လို"
သူမရဲ႕သဲကသူမကိုကန္ေတာ့မယ္တဲ့လား။အင္းနန္းတို႔က ဆယ္ႏွစ္ေက်ာ္ကြာတာပဲ။ကန္ေတာ့မယ္ဆိုလဲျဖစ္တာပဲေလ။
"မ လို႔ကန္ေတာ့မယ္ေနာ္"
"ဪ...အင္း"
နန္း အေယာင္ေယာင္အမွားမွားျဖင့္ ေခါင္းညိတ္လိုက္သည္။သဲေလးသူမေရွ႕ဒူးတုပ္ကာကန္ေတာ့ေတာ့ နန္းရင္ထဲအတိုင္းမသိတဲ့ၾကည္ႏူးမိသည္။သူမရဲ႕ခ်စ္သူေလးက သူမကိုကန္ေတာ့ေနတယ္တဲ့လား။
"မ ဆုေပးဦးေလ"
"ဪ"
"အခုလိုမကိုကန္ေတာ့ရတဲ့အက်ိဳးအားေၾကာင့္ မရဲ႕သဲေလးအသက္ရွည္ ၊အနာမဲ့၊ စိတ္ဆင္းရဲျခင္းကင္းၿပီး ဘဝမွာအၿမဲတမ္းေပ်ာ္႐ႊင္ပါေစ သဲေလးခ်စ္တဲ့မနဲ႕လဲအျမန္ဆုံးေပါင္းဖက္ရပါေစ"
"ဟုတ္ ေပးတဲ့ဆုနဲ႕ျပည့္စုံရပါေစမ"
မ ေပးတဲ့ဆုကိုသဲတစ္ကယ္သေဘာက်မိသည္။ေနာက္ဆုံးဆုကိုေတာ့အႀကိဳက္ဆုံးပဲျဖစ္သည္။မကသူ႕ဘက္သူယက္သြားတာပဲ...ဟီး။
"မ သဲနဲ႕ဟိုမွာတစ္ညလိုက္အိပ္လိုက္ေလ၊မနက္ဟိုမွာပဲဘုန္းႀကီးေက်ာင္းတက္ဥပုသ္ယူၾကတာေပါ့ အဲ့ဒါၿပီးမွမိုးညွင္းျပန္ၾကရေအာင္ေလ အခုကေမွာင္လာေတာ့မယ္ မ သဲကိုလိုက္ပို႔ၿပီးမွ ျပန္မယ္ဆိုညႀကီးအဆင္မေျပေလာက္ဘူး "
"မကိုညဘက္ႀကီးတစ္ေယာက္ထဲ သဲျပန္မလႊတ္နိုင္ဘူး"
သဲေျပာတာလဲမွန္သည္။သဲကိုပို႔ၿပီး နန္းတစ္ေယာက္ထဲညဘက္ႀကီးမိုးညွင္းျပန္ဖို႔အဆင္မေျပေလာက္ဘူး။အဲ့ဒါႏွင့္သဲတို႔အိမ္တစ္ညအိပ္သြားဖို႔ ေဖေဖနဲ႕ေမေမဆီမွာခြင့္ေတာင္းလိုက္သည္။
သမီးျဖစ္သူက သဲသဲတို႔အိမ္ညအိပ္လိုက္သြားမယ္ ဆိုေတာ့ေဒၚနန္းယဥ္ စိတ္ထဲသံသယဝင္လာသည္။ဒီသမီးနဲ႕သဲသဲကရိုးေရာ ရိုးၾကေသးရဲ႕လား။
"သမီးတို႔တစ္ညပဲေနမွာမဟုတ္လား"
"ဟုတ္ အန္တီနန္း၊သဲ ေဖေဖကိုကန္ေတာ့ၿပီး မနက္ကိုဟိုမွာပဲေက်ာင္းတက္ဥပုသ္ယူမလို႔ အဲ့ဒါၿပီးမွ ျပန္လာမလို႔"
"ေအေအ ဟုတ္ၿပီဒါဆိုသမီးတို႔ဂ႐ုစိုက္သြားၾကဦး"
"ဟုတ္ေဖေဖ"
ထို႔ေနာက္ သဲနဲ႕အတူဟိုပင္သို႔ထြက္လာလိုက္ၾကသည္။သဲအိမ္ကိုေရာက္ေတာ့ ေဖေဖကအံ့ဩေနသည္။သဲအခန္းထဲမွာ မနက္ကိုလဲဝတ္မယ့္ အဝတ္စားေတြသြားထားၿပီးေတာ့ေဖေဖ့ဆီထြက္လာလိုက္သည္။မကိုေတာ့သဲအခန္းမွာပဲေနခိုင္းထားလိုက္သည္။
"ေဖေဖ သဲကန္ေတာ့မယ္ေနာ္"
ဦးရဲေခါင္အံ့ဩေနမိသည္။သမီးသဲဆုကသူ႕ေရွ႕မွာဒူးေလးတုပ္ကာထိုင္လွ်က္ရွိေနသည္။
"ေဖေဖ သဲေဖေဖ့အေပၚကာယကံ၊ဝစီကံ၊မေနာကံနဲ႕ပစ္မွားခဲ့မိသမွ်ေတာင္းပန္ပါတယ္"
သဲ ေဖေဖ့အေပၚမွားခဲ့မိသမွ် ဝန္ခ်ေတာင္းပန္ကာကန္ေတာ့ျဖစ္သည္။
"သာဓု...သာဓု...သာဓု"
"ငါ့သမီးေလးက်န္းမာခ်မ္းသာၿပီး ဘဝမွာအၿမဲတမ္းေပွ်ာ္႐ႊင္နိုင္ပါေစ"
"ေပးတဲ့ဆုနဲ႕ျပည့္ပါေစ ေဖေဖ"
သဲ ေဖေဖ့ကိုဦးခ်ကန္ေတာ့လိုက္သည္။
"သမီး"
ဒီသမီးရဲ႕အျပဳအမူကထူးဆန္းေနသည္။အေၾကာင္းတစ္ခုခုေတာ့ရွိရမည္။သမီးသဲဆုအခုလိုေျပာင္းလဲလာရျခင္း အေၾကာင္းရင္းက ဟိုမိန္းကေလးနဲ႕မ်ားပက္သတ္ေနေလသလား။
"ေဖေဖ ဒီအေတာအတြင္းသဲေဖေဖ့ကိုစိတ္ဆင္းရဲေစေအာင္ေျပာဆိုခဲ့မိတာေတြအတြက္သဲေတာင္းပန္ပါတယ္"
"မဟုတ္တာ သမီးအမွားမဟုတ္ပါဘူး၊ၿပီးေတာ့သမီးကိုေဖေဖအျပစ္မယူပါဘူး"
"ဟုတ္"
"ဒါနဲ႕သမီး ဟိုမိန္းကေလးကသမီးနဲ႕...."
ေဖေဖ့ၾကည့္ရတာ မနဲ႕သဲကိုသံသယဝင္ေနပုံရသည္။သဲလဲဒါကိုဖုံးကြယ္ထားစရာအေၾကာင္းမရွိေပ။
"သဲခ်စ္သူပါေဖေဖ"
"ဪ"
သူထင္ထားတဲ့အတိုင္းပါပဲလား။အင္းေလ သမီးကသူ႕ေ႐ြးခ်ယ္မႈနဲ႕သူပဲေလ။သူဘာေျပာနိုင္မွာမို႔လဲ။အဲ့ဒီမိန္းကေလးၾကည့္ရတာ သမီးအေပၚမွာလဲသံေယာဇဥ္ႀကီးပုံရၿပီး သမီးသဲဆုကိုလဲ ျပဳျပင္ေပးနိုင္စြမ္းကရွိေနသည္ပဲ။ဒီ
ေလာက္ဆိုရင္သမီးအတြက္ စိတ္ခ်လိဳ႕ရပါၿပီ။
သဲအခန္းထဲေရာက္ေတာ့ မကညအိပ္ဝတ္တဲ့ အဝတ္စားပင္လဲထားၿပီျဖစ္သည္။သဲရဲ႕မမနန္းကညအိပ္ဂါဝန္ေလးနဲ႕လွလို႔ေနသည္။
"သဲ"
"မ"
"သဲ ေဖေဖ့ကိုဖြင့္ေျပာလိုက္ၿပီ"
မကိုယ္ေလးကိုဖက္ထားရင္းဆိုမိသည္။
"ဘာကိုလဲသဲ"
"သဲနဲ႕မ ခ်စ္သူေတြျဖစ္ေၾကာင္းကိုေပါ့"
"ဟင္"
နန္းမ်က္ႏွာပူသြားသည္။
"သဲအေဖ ဘာေျပာေသးလဲသဲ"
"ေဖေဖဘာမွမေျပာပါဘူး သဲနဲ႕မကိုသေဘာတူပုံရပါတယ္၊သေဘာမတူလဲကိစၥမရွိပါဘူး သဲကမကိုပဲယူမွာ"
"အဟင္း"
"အိပ္စို႔ေလသဲ မနက္ေစာေစာထရဦးမွာ"
"ဟုတ္"
သဲညအိပ္ဝတ္အဝတ္ အဝတ္စားနဲ႕လဲဝတ္လိုက္ၿပီး မနဲ႕အတူအိပ္လိုက္သည္။
ဒါကခ်စ္သူျဖစ္ၿပီးပထမဆုံးအႀကိမ္ မနဲ႕အတူအိပ္ရတာပါလား။သဲစိတ္လႈပ္ရွားသလို မေရာစိတ္လႈပ္ရွားေနမလား။
ဒီလိုႏွင့္တစ္ညတာကုန္ဆုံးသြားခဲ့သည္။
မနက္မိုးလင္းေတာ့ သဲရဲ႕လက္ကနန္းရဲ႕ရင္ဘတ္ေပၚေရာက္ေနသည္။နန္းအသက္ပင္ရဲရဲမရႉရဲေပ။
ထိုစဥ္မွာပဲ သဲနိုးလာေလသည္။
"မ နိုးေနၿပီလား"
"အင္း...သဲ...သဲရဲ႕လက္"
"ဟင္"
"မ"ေျပာမွသတိထားမိသြားသည္။သဲလက္ကမရဲ႕ရင္ဘတ္ေပၚေရာက္ေနသည္ပဲ။
"ဟာ sorryေနာ္မ သဲတမင္လုပ္တာမဟုတ္ပါဘူး၊သဲေတာင္းပန္ပါတယ္ေနာ္"
သဲေလးျပာျပာသလဲေတာင္းပန္ရွာသည္။ သူမရဲ႕သဲေလးကတစ္ကယ္ကို ျဖဴစင္တဲ့ကေလးမေလးပါလား။
"ရပါတယ္ သဲကမေတာ္တဆပဲ၊သဲကိုစိတ္ဆိုးစရာလား"
"တမင္တကာဆိုရင္ေရာ သဲကိုစိတ္ဆိုးမွာလား"
"ဟာ"
အခုပဲခ်ီးက်ဴးလို႔မဆုံးရေသးဘူး ကေလးစုတ္ေလးကဇာတ္လမ္းစလာၿပီ။
"မ"မ်က္ႏွာႀကီးရဲခနဲျဖစ္ကာ ရွက္ေသြးျဖာသြားေလသည္။
ေစာေစာက တဒဂၤေလးေပမယ့္ ႏူးညံ့တဲ့အထိအေတြ႕ကို သဲခံစားမိသည္။ဒီလိုအခြင့္အေရး ေနာက္တစ္ႀကိမ္ထပ္လိုခ်င္မိသည္။
"မ...ရွက္သြားတာလား"
"သဲစုတ္ေလး ဒီေန႕ဥပုသ္ယူရမွာေနာ္၊မဟုတ္တာေတြမေတြးနဲ႕"
"ဟီး...ဟုတ္ကဲ့ပါ၊သဲသိပါတယ္"
ထို႔ေနာက္ မ်က္ႏွာသစ္ေရမိုးခ်ိဴးၿပီး ဘုန္းႀကီးေက်ာင္းတက္သြားဖို႔အဝတ္စားလဲဝတ္ၿပီး ထြက္လာခဲ့လိုက္သည္။ဘုန္းႀကီးေက်ာင္းကအိမ္နဲ႕နီးေတာ့ ေျခလွ်င္ပဲ ထြက္လာလိုက္ၾကသည္။
ေက်ာင္းကိုေရာက္ေတာ့ အာဟာရဒါနသုံးေဆာင္ၿပီး တရားနာျဖစ္ၾကသည္။ေက်ာင္းမွာဥပုသ္ယူၿပီးမွ အိမ္ကိုျပန္လာျဖစ္ၾကသည္။
အိမ္ေရာက္ၿပီး မိုးညွင္းျပန္ဖို႔ျပင္ေတာ့ေဖေဖက
"သမီး ျပန္ေတာ့မလို႔လား၊တစ္ရက္ေလာက္ထပ္မေနေတာ့ဘူးလား"
ေဖေဖကသဲကိုျပန္ေစခ်င္ပုံမရေပ။
"သဲျပန္မွျဖစ္မွာေဖေဖ မဟုတ္ရင္မကိုမမိဘေတြစိတ္ပူၾကလိမ့္မယ္"
"ဟုတ္ပါၿပီ ဒါဆိုရင္လဲဂ႐ုစိုက္ၿပီးျပန္ၾကပါ"
"ဟုတ္ကဲ့ ဦး"
ထိုသို႔ သဲရဲ႕အေဖကိုႏႈတ္ဆက္ၿပီးေနာက္ မိုးညွင္းျပန္ျဖစ္ခဲ့ၾကသည္။မ႑ပ္မွာေရကစားေနၾကတဲ့သူေတြကိုျမင္ေတာ့ သဲမနဲစိတ္ထိန္းထားရသည္။
သဲကိုၾကည့္ၿပီး နန္းရယ္မိသည္။
"ေရကစားခ်င္လို႔လား သဲ"
"ဟင့္အင္း မကစားခ်င္ပါဘူး၊သဲကဥပုသ္ယူထားတယ္ သဲသီလလုံေအာင္ေစာင့္ထိန္းမွာ"
"အဟင္း"
အိမ္ျပန္ေရာက္ေတာ့ သူ႕အခန္းကိုယ့္အခန္းျပန္ကာအနားယူျဖစ္ၾကသည္။
4/11/2021
_________________________________________________