Zawgyi
အပိုင္း (၇၂၃) – အရွက္မရွိေသာ အဘိုးၾကီးအုပ္စု
"သူမ ဒီကိစၥကိုေသခ်ာေပါက္ ေက်ာ္ျဖတ္ႏုိင္မွာ၊ ခင္ဗ်ားတို႔ေျပာထား တာကိုပဲ သတိရေပးရမွာ" ရွီမာယူလင္းသည္ သူ၏မိစာၦပ်ံကိုေခၚထုတ္ျပီး "သြားရေအာင္"
"ဒီကိစၥက ယူယူ႔အတြက္ဘာမွမဟုတ္ဘူး ဒါေပမဲ့ ထပ္ျပီးေတာ့ နာက်င္ မွာပဲ" ဖက္တီးက်ဴသည္ ရွီမာယူယူကိုလံုးဝစိတ္မပူပဲ ထိုလူမ်ား၏ ရလဒ္ကို ၾကိဳျမင္ေနသည္။
"တကယ္လား" သက္တန္႔သည္ သူတို႔အားမယံုၾကည္ႏုိင္ေသးပဲ သူမကိုျပန္ျပီး ကူညီေနခ်င္ေသးသည္။
"သက္တန္႔ ငါတို္႔ဒီမွာေနရင္ ယူယူ႔အတြက္ အေႏွာင့္အယွက္ပဲ ျဖစ္လိမ့္္မယ္" ေဘဂံုထန္သည္ အေၾကာင္းျပေလသည္ "ငါတုိ႔ေနခဲ့ရင္ ယူယူ အဲလူေတြကိုမရွင္းႏုိင္တဲ့အျပင္၊ ငါတို႔ကအသံုးမဝင္ျဖစ္လိမ့္မယ္၊ ဒီမွာေသဖို႔ေ စာင့္မယ့္အစား အရင္သြားျပီး အားျဖည့္ထားရမယ္၊ အဲဒါမွာ ေနာက္ကို ငါတုိ႔လည္း သူမကိုသန္မာ လာေအာင္လို႔"
"ဟုတ္တယ္" ရွီမာယူလီသည္ သေဘာတူညီစြာျဖင့္ ေခါင္းညိမ့္ လိုက္သည္။
ယူယူသည္ သူတို႔ကို ထိုစကားမ်ားကို ထပ္ခါထပ္ခါေျပာခဲ့ဖူးျပီ။ သူတုိ႔သာ တုိက္ႏုိင္သည့္ျပိဳင္ဘက္ မဟုတ္ပါက ေသလမ္းမရွာပဲ ထြက္ေျပးျပီး ေနာက္ကို လက္တုန္႔ျပန္ရမည္။ လူတစ္ေယာက္ေသသြားပါက ဘာမွက်န္ခဲ့ မည္မဟုတ္ေပ။
ထို႔ေၾကာင့္ သူတုိ႔သည္ အသံုးမဝင္ေသာအရာတြက္ အသက္မေပး ႏုိင္ေပ။
ေဟာ့ဘာဝူခ်န္းႏွင့္အဖြဲ႕သည္ ဖက္တီးက်ဴတို႔ ဘာေၾကာင့္ ရီွမာယူယူ ႏွင့္ပတ္သတ္လွ်င္ အဲေလာက္ ယံုၾကည္ခ်က္ရွိေနသည္ကို မသိေတာ့ေပ။ သို႔ေသာ္ သူတို႔က ထိုကဲ့သို႔ေျပာသျဖင့္ စိတ္ေအးသြားရသည္။
"သြားၾကမယ္" ရွီမာယူလင္း ထပ္ျပီးေလာျပန္သည္။
ဗ်ိဳင္းျဖဴမ်ိဳးႏြယ္အၾကီးအကဲမ်ား၊ လံုရိႏွင့္ တျခားသူမ်ားသည္ ရွီမာယူယူ လုပ္ခ်င္သည့္အရာကို သိၾကသည္။ ထုိ႔ေၾကာင့္ ငွက္ေလး သူတို႔ကို ထြက္သြားရန္အမိန္႔ေပးခ်ိန္တြင္ သူတို႔သည္ ေတြေဝမႈမရွိပဲ ထြက္ခြာခဲ့ၾက သည္။
သူတို႔သည္ ကီလိုမီတာမ်ားစြာကြာေဝးသည္အထိ ပ်ံသြားျပီး ေလထဲတြင္ေနကာ နီရဲကန္မွ အေျခအေန ကိုအကဲခတ္ေနခဲ့ၾကသည္။
တျခားအျပင္လူမ်ားလည္း အေဝးသို႔ဆုတ္ၾကသည္။ အင္အားၾကီး အုပ္စုမ်ား ပိုပိုေရာက္လာေလ ပိုျပင္းထန္လာသည္ကို သူတို႔ခံစားမိၾကသည္။ တိုက္ပြဲတစ္ခုျဖစ္ပြားပါက သူတို႔အရင္ေနခဲ့ေသာေနရာသည္ သက္ေရာက္မႈ ျဖစ္သြားမည္ကို သိၾကသည္။
ရီွမာယူယူႏွင့္ တုေလးသည္ ကန္အလယ္မွကၽြန္းငယ္တစ္ခုေပၚတြင္ ရပ္ေနၾကသည္။ ေရွာင္ခ်ီသည္ သူမေဘးမွထြက္သြားရန္ ျငင္းဆန္ေနကာ ငွက္ေလးသည္ သူမအားေစာင့္ၾကပ္ေပးေနသည္။ အခု ကၽြန္းေပၚတြင္ သူတုိ႔၄ေယာက္သာ က်န္ခဲ့ကာ ကန္ေဘာင္ႏွင့္ ေလထဲတြင္ လူရာခ်ီရွိ ေနသည္။ အားလံုးသည္ သူမထက္ အဆင့္ျမင့္ေသာ က်င့္စဥ္ပိုင္ရွင္မ်ား ျဖစ္ၾကသည္။
"တုေလး ဒီေလာက္လူအမ်ားၾကီးမင္းေၾကာင့္နဲ႔ေရာက္လာေအာင္ ဘယ္တုန္းက အဲေလာက္ေတာင္ နာမည္ၾကီးသြားတာလဲ" ဒီလိုအေျခအေန မ်ိဳးႏွင့္ ရင္ဆုိင္ရသည့္အခ်ိန္မွာပင္ သူမသည္ တုေလးႏွင့္ စကားေျပာ ႏုိင္ ေသးသည္။
"မသိဘူးေလ ငါပိုေခ်ာလာလို႔ေနမွာေပါ့" တုေလးသည္ ရႊတ္ ေနာက္ေနာက္ေျပာေလသည္။
"အဲလိုစကားေတြဘယ္တုန္းကသင္လုိက္တာလဲ" ရွီမာယူယူသည္ သူ႔ေခါင္းကိုပုတ္လုိက္သည္။ "အဲလူေတြအမ်ားၾကီးကို ဆြဲေဆာင္ႏိုင္တာ မင္းကအသံုးဝင္လုိ႔ေနမွာ၊ ဒါေပမဲ့ ဘာအသံုးဝင္တာလဲ"
"သိခ်င္လား၊ လြယ္ပါတယ္ သိခ်င္ရင္ သူတို႔ကိုေမးလုိက္ေပါ့" တုေလး ျပန္ေျဖေလသည္။
"ေမးတုိင္း သူတို႔ကေျပာျပပါ့မလား မင္းရူးေနတာလား" ေရွာင္ခ်ီသည္ အထင္ေသးစြာေျပာေလသည္။
"မစမ္းၾကည့္ပဲ ဘယ္လိုသိမွာလဲ" တုေလး ႏွာမႈတ္ေလသည္။ သူသည္ ေရွ႕တိုးကာ ရွီမာယူယူ၏ အေရွ႕ တြင္ ရပ္လုိက္သည္ "ငါ့ကိုရွာၾကတာလား၊ ငါကမဂၤလာသားရဲတစ္ေကာင္ပဲ၊ အဲေလာက္အင္အားၾကီးေတြေပၚ လာ ေအာင္ ငါလုပ္ႏုိင္တာထူးဆန္းတာပဲ"
"မဂၤလာသားရဲ ဒီေန႔ငါတို္႔လူေတြအမ်ားၾကီးေခၚလာတယ္ မင္း က်ိဳးက်ိဳးႏြံႏြံနဲ႔ ငါတို႔နဲ႔လိုက္ခဲ့လုိက္" လူတစ္ေယာက္ အမိန္႔ေပးေလသည္။
"ငါ လိုက္ခဲ့ရင္ ဘာအက်ိဳးရွိမွာလဲ" တုေလး ေမးေလသည္။
"မင္းသူငယ္ခ်င္း အသက္ရွင္ႏိုင္မယ္"
"အဲဒါ ငါ့အတြက္အကူအညီမျဖစ္ဘူး" တုေလး ေၾကညာေလသည္ "ငါက မဂၤလာသားရဲပဲ၊ အဲေလာက္ လူအမ်ားၾကီးကို ဆြဲေဆာင္ႏုိင္မွာ မဟုတ္ဘူး၊ ဟုတ္တယ္မလား ခင္ဗ်ားတို႔ကို စာခ်ဳပ္သခင္အျဖစ္သတ္မွတ္ေစ ခ်င္ရင္ အေၾကာင္းအရင္းကိုေျပာျပလုိ႔ရမလား၊ ေျပာျပတဲ့လူက ငါ့ကိုႏိုင္ရင္ အဲလူနဲ႔ လုိက္ခဲ့မယ္"
သူ႔စကားမ်ားသည္ သက္ေရာက္မႈရွိသည္။ တခ်ိဳ႕လူမ်ားသည္ စိတ္လႈပ္ရွားကာ ေဝဝါးသြားၾကျပီး "တုိင္းျပည္မွာ ပ်ံ႕ေနတဲ့ေကာလဟလ ရွိတယ္၊ ထာဝရနယ္ေျမပြင့္ေတာ့မယ္တဲ့ ဒါေပမဲ့ ဘယ္သူမွဝင္လို႔မရဘူး၊ အဲဒါပြင့္ဖို႔ မဂၤလာသားရဲလိုတယ္၊ မဂၤလာသားရဲေပၚလာျပီးကတည္းက အေမွာင္ေတာထဲမွာ မဂၤလသားရဲထပ္ေပၚမယ္လို႔ သတင္းထပ္ထြက္လာ တယ္၊ အဲေတာ့ လူတုိင္းဖမ္းၾကမွာပဲေလ၊ အေၾကာင္းအရင္းကိုေျပာျပရင္ ငါတို႔ နဲ႔လိုက္ခဲ့မယ္လို႔ေျပာတယ္မလား"
ထိုေနရာမွလူမ်ားသည္ ထိုလူတံုးအျခင္းအတြက္ ေငါက္ခ်င္ၾကသည္။ သူတုိ႔ေျပာလုိက္လွ်င္ သိသြားၾကမည္ကို အားလံုးနားလည္ၾကသည္။ အားလံုး က ဒီကိစၥအတြက္လာၾကျခင္းျဖစ္သျဖင့္ ထိုသတင္းမွာ အမွန္ျဖစ္ ေၾကာင္း မသိမသာ အတည္ျပဳလိုက္သလိုပင္။ ထို႔ေနာက္တြင္ သူတုိ႔သည္ ေသခ်ာ ေပါက္ဖမ္းရမည္ျဖစ္သည္။
ထိုလူသည္ တုေလးအားၾကည့္ေနကာ အမွန္တကယ္ပင္ သူ႔ကိုသခင္ အျဖစ္သတ္မွတ္မည္ဟုေတြးေနသည္။
"ဒီေန႔ႏုိင္ရင္ လိုက္ခဲ့မယ္လို႔ေျပာတာ၊ ငါတို႔ကိုမရိုက္ႏုိင္ရင္ေတာ့ ဘယ္လိုလုပ္လုိက္ရမွာလဲ" တုေလး၏ အမူအရာမွာ သူတံုးအသည္ဟု ေဖာ္ျပေနသည္။ ထိုလူသည္ ဥာဏ္ရည္နိမ့္သည္ဟု ခံစားမိကာ သူသည္ က်င့္ၾကံ လြန္းသျဖင့္ ဦးေႏွာက္ထိခိုက္သြားသည့္ပံုပင္။
"ဟင္ ဒီေလာက္လူေတြအမ်ားၾကီးကို အသက္ရွင္ႏုိင္မယ္လို႔ထင္ေန တာလား" ထိုလူသည္ ေအာ္ေလသည္ "ဒါေပမဲ့ ငါကမဂၤလာသားရဲ ေသြးလိုတယ္လို႔ေျပာတာ၊ အသက္ရွင္လ်က္လိုတယ္လို႔မေျပာဘူး မင္းေသ ရင္ေတာင္ ငါတုိ႔ မင္းရဲ႕ေသြးလတ္လတ္ဆတ္ဆတ္ေတြကို ခြဲယူၾကမွာ ငါတို႔တစ္ေယာက္နဲ႔တစ္ေယာက္ သတ္ၾက မွာမဟုတ္ဘူး"
ေသြးပဲလိုတာလား။
ရွီမာယူယူသည္ ထိုလူထြားၾကီးကိုၾကည့္လုိက္သည္။ ဒီလူက တကယ္ပဲ အ တာလား အ ခ်င္ေယာင္ ေဆာင္တာလား။ သူ မအပါက ဘာလုိ႔ အေၾကာင္းအရင္းကို တုေလးကိုရွင္းျပေနတာလဲ။ သူ အသည္ဆုိပါက ဘာလုိ႔ လူအုပ္ၾကားမွာ လြယ္လြယ္နဲ႔ေျပာႏုိင္ရတာလဲ။
အင္အားၾကီးမ်ားသည္ အစပိုင္းက တုေလးကိုဖမ္းခ်င္ေနၾကသည္။ သူ႔စကားမ်ားကိုၾကားေသာအခါ ျငိမ္က်သြားေလသည္။ ဟုတ္သားပဲ ထာဝရ နယ္ေျမကာ မဂၤလာသားရဲေသြးကိုပဲလိုတာပဲ၊ သူတုိ႔အားလံုးအတူ ခြဲယူရင္ရ တာပဲ။ ေသတဲ့အထိ တိုက္ဖို႔မွမလိုတာ။
"ကမာၻဦးနယ္ေျမမွာ မဂၤလာသားရဲေတြအမ်ားၾကီးပါ ဥပမာဆိုရင္ ပညာရွိစံအိမ္ေတာ္မွာဆိုရင္ မင္းတုိ႔ ျမင့္ျမတ္တဲ့သားေတာ္မွာ ရႊီလင္းမိစာၦ ရွိတယ္မလား၊ ဘာလုိ႔သူ႔ကိုသြားမရွာၾကတာလဲ၊ မင္းတို႔မွာ စံအိမ္ေတာ္ခြဲ ေတြအမ်ားၾကီးရွိတာပဲ၊ သူ႔ကိုထုတ္ခုိင္းလုိက္ေပါ့၊ မင္းတို႔မွ်မွ်တတ ခြဲလို႔ရ တယ္၊ ဘာလို႔သူမ်ားဟာကို လုခ်င္ေနၾကတာလဲ" ရွီမာယူယူ နားမလည္ေပ။
"မဂၤလာသားရဲက ငယ္မွျဖစ္မွာ၊ အခုခ်ိန္မွာ ဒီလိုမ်ိဳးရွာဖုိ႔ခက္ေနျပီ" လူတစ္ေယာက္က ေျဖလုိက္ေလသည္။
"မဂၤလာသားရဲရဲ႕ ေသြးကိုပဲလိုတယ္ဆိုေတာ့ ငါတုိ္႔တုိက္ဖို႔မလိုေတာ့ ဘူးပဲ၊ မဂၤလာသားရဲေသြး လတ္လတ္ဆတ္ဆတ္ကို အညီအမွ်ခြဲၾကမယ္ဆို ဘယ္လိုလဲ" ယုခ်န္းပီေျပာလိုက္သည္။
ေနာက္မွေရာက္လာၾကသူမ်ားသည္ သန္မာၾကသည္။ သူတို႔တစ္ ေယာက္ႏွင့္ တစ္ေယာက္တုိက္ခုိက္ၾကပါက ရလဒ္ေကာင္းမည္မဟုတ္ေပ။ ထာဝရနယ္ေျမရွာရန္ အခြင့္အေရးအတြက္ အားခ်န္ထားရမည္။
"အရမ္းေကာင္းတယ္"
တိုက္ဖို႔မလိုဘူးဆိုေတာ့ မတို္က္ဘူးေပါ့။ ပိုေကာင္းတဲ့အေျဖရွိေန မွေတာ့ ဘာလုိ႔တိုက္ေနၾကမွာလဲ။ မဂၤလာသားရဲတစ္ေကာင္သာသာပဲကို ဘယ္ေလာက္ေတာင္ တန္ဖိုးရွိမွာမို႔လို႔လဲ။ အဲအတြက္ အင္အားၾကီးေတြနဲ႔ အတုိက္မခံလုပ္လို႔မျဖစ္ဘူး၊ အညီအမွ်ခြဲလိုက္ရင္ ျဖစ္ျပီမလား။
"ဒါဆို ေရာက္တဲ့အစဥ္လိုက္နဲ႔ အင္အားအလိုက္စီမယ္" ယုခ်န္းပီသည္ အမိန္႔ေပးေလသည္။
ပညာရွိစံအိမ္ေတာ္ အားသည္အလြန္သန္မာသည္။ သူသည္ အရင္ ေရာက္ခဲ့ျခင္းျဖစ္သည္။ သူက အရင္ဆံုးျဖစ္ရမည္ေလ။
"ေကာင္းျပီ"
"သေဘာတူတယ္" ထိုအရွက္မရွိေသာလူမ်ားသည္ ရွီမာယူယူ၏ မ်က္ႏွာမည္းမည္းလာသည္ကို သတိ မထားမိၾကေပ။
"တုေလးရဲ႕ ေသြးကိုအညီအမွ်ေတာင္ ခြဲခ်င္ေနၾကတယ္ဟုတ္လား"
ရွီမာယူယူသည္ ထိုလူမ်ား ေဆြးေႏြးေနသည္ႏွင့္ ထိုလူမ်ား တုေလးကို ၾကည့္ေသာ လူသတ္မည့္ အၾကည့္မ်ားကို ျမင္လုိက္သည္။ သူမသည္ ေဒါသမ်ားပိုတိုးလာကာ ႏွာမႈတ္လုိက္သည္ "ေတာ္ၾကျပီလား၊ ဒီ တုိင္းျပည္က ခင္ဗ်ားတုိ႔အိမ္မ်ားထင္ေနတာလား၊ ခင္ဗ်ားတို႔လုပ္ခ်င္တာ အကုန္လုပ္လုိ႔ ရမယ္ထင္ေနတာလား၊ တုေလးကိုသတ္ျပီး သူ႔ေသြးကိုယူခ်င္တယ္ဆိုရင္ သူ႔အျမင္ကိုေတာ့ေမးရဦးမွာေပါ့"
Unicode
အပိုင်း (၇၂၃) – အရှက်မရှိသော အဘိုးကြီးအုပ်စု
"သူမ ဒီကိစ္စကိုသေချာပေါက် ကျော်ဖြတ်နိုင်မှာ၊ ခင်ဗျားတို့ပြောထား တာကိုပဲ သတိရပေးရမှာ" ရှီမာယူလင်းသည် သူ၏မိစ္ဆာပျံကိုခေါ်ထုတ်ပြီး "သွားရအောင်"
"ဒီကိစ္စက ယူယူ့အတွက်ဘာမှမဟုတ်ဘူး ဒါပေမဲ့ ထပ်ပြီးတော့ နာကျင် မှာပဲ" ဖက်တီးကျူသည် ရှီမာယူယူကိုလုံးဝစိတ်မပူပဲ ထိုလူများ၏ ရလဒ်ကို ကြိုမြင်နေသည်။
"တကယ်လား" သက်တန့်သည် သူတို့အားမယုံကြည်နိုင်သေးပဲ သူမကိုပြန်ပြီး ကူညီနေချင်သေးသည်။
"သက်တန့် ငါတို့်ဒီမှာနေရင် ယူယူ့အတွက် အနှောင့်အယှက်ပဲ ဖြစ်လိမ့််မယ်" ဘေဂုံထန်သည် အကြောင်းပြလေသည် "ငါတို့နေခဲ့ရင် ယူယူ အဲလူတွေကိုမရှင်းနိုင်တဲ့အပြင်၊ ငါတို့ကအသုံးမဝင်ဖြစ်လိမ့်မယ်၊ ဒီမှာသေဖို့ေ စာင့်မယ့်အစား အရင်သွားပြီး အားဖြည့်ထားရမယ်၊ အဲဒါမှာ နောက်ကို ငါတို့လည်း သူမကိုသန်မာ လာအောင်လို့"
"ဟုတ်တယ်" ရှီမာယူလီသည် သဘောတူညီစွာဖြင့် ခေါင်းညိမ့် လိုက်သည်။
ယူယူသည် သူတို့ကို ထိုစကားများကို ထပ်ခါထပ်ခါပြောခဲ့ဖူးပြီ။ သူတို့သာ တိုက်နိုင်သည့်ပြိုင်ဘက် မဟုတ်ပါက သေလမ်းမရှာပဲ ထွက်ပြေးပြီး နောက်ကို လက်တုန့်ပြန်ရမည်။ လူတစ်ယောက်သေသွားပါက ဘာမှကျန်ခဲ့ မည်မဟုတ်ပေ။
ထို့ကြောင့် သူတို့သည် အသုံးမဝင်သောအရာတွက် အသက်မပေး နိုင်ပေ။
ဟော့ဘာဝူချန်းနှင့်အဖွဲ့သည် ဖက်တီးကျူတို့ ဘာကြောင့် ရှီမာယူယူ နှင့်ပတ်သတ်လျှင် အဲလောက် ယုံကြည်ချက်ရှိနေသည်ကို မသိတော့ပေ။ သို့သော် သူတို့က ထိုကဲ့သို့ပြောသဖြင့် စိတ်အေးသွားရသည်။
"သွားကြမယ်" ရှီမာယူလင်း ထပ်ပြီးလောပြန်သည်။
ဗျိုင်းဖြူမျိုးနွယ်အကြီးအကဲများ၊ လုံရိနှင့် တခြားသူများသည် ရှီမာယူယူ လုပ်ချင်သည့်အရာကို သိကြသည်။ ထို့ကြောင့် ငှက်လေး သူတို့ကို ထွက်သွားရန်အမိန့်ပေးချိန်တွင် သူတို့သည် တွေဝေမှုမရှိပဲ ထွက်ခွာခဲ့ကြ သည်။
သူတို့သည် ကီလိုမီတာများစွာကွာဝေးသည်အထိ ပျံသွားပြီး လေထဲတွင်နေကာ နီရဲကန်မှ အခြေအနေ ကိုအကဲခတ်နေခဲ့ကြသည်။
တခြားအပြင်လူများလည်း အဝေးသို့ဆုတ်ကြသည်။ အင်အားကြီး အုပ်စုများ ပိုပိုရောက်လာလေ ပိုပြင်းထန်လာသည်ကို သူတို့ခံစားမိကြသည်။ တိုက်ပွဲတစ်ခုဖြစ်ပွားပါက သူတို့အရင်နေခဲ့သောနေရာသည် သက်ရောက်မှု ဖြစ်သွားမည်ကို သိကြသည်။
ရှီမာယူယူနှင့် တုလေးသည် ကန်အလယ်မှကျွန်းငယ်တစ်ခုပေါ်တွင် ရပ်နေကြသည်။ ရှောင်ချီသည် သူမဘေးမှထွက်သွားရန် ငြင်းဆန်နေကာ ငှက်လေးသည် သူမအားစောင့်ကြပ်ပေးနေသည်။ အခု ကျွန်းပေါ်တွင် သူတို့၄ယောက်သာ ကျန်ခဲ့ကာ ကန်ဘောင်နှင့် လေထဲတွင် လူရာချီရှိ နေသည်။ အားလုံးသည် သူမထက် အဆင့်မြင့်သော ကျင့်စဉ်ပိုင်ရှင်များ ဖြစ်ကြသည်။
"တုလေး ဒီလောက်လူအများကြီးမင်းကြောင့်နဲ့ရောက်လာအောင် ဘယ်တုန်းက အဲလောက်တောင် နာမည်ကြီးသွားတာလဲ" ဒီလိုအခြေအနေ မျိုးနှင့် ရင်ဆိုင်ရသည့်အချိန်မှာပင် သူမသည် တုလေးနှင့် စကားပြော နိုင် သေးသည်။
"မသိဘူးလေ ငါပိုချောလာလို့နေမှာပေါ့" တုလေးသည် ရွှတ် နောက်နောက်ပြောလေသည်။
"အဲလိုစကားတွေဘယ်တုန်းကသင်လိုက်တာလဲ" ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်လိုက်သည်။ "အဲလူတွေအများကြီးကို ဆွဲဆောင်နိုင်တာ မင်းကအသုံးဝင်လို့နေမှာ၊ ဒါပေမဲ့ ဘာအသုံးဝင်တာလဲ"
"သိချင်လား၊ လွယ်ပါတယ် သိချင်ရင် သူတို့ကိုမေးလိုက်ပေါ့" တုလေး ပြန်ဖြေလေသည်။
"မေးတိုင်း သူတို့ကပြောပြပါ့မလား မင်းရူးနေတာလား" ရှောင်ချီသည် အထင်သေးစွာပြောလေသည်။
"မစမ်းကြည့်ပဲ ဘယ်လိုသိမှာလဲ" တုလေး နှာမှုတ်လေသည်။ သူသည် ရှေ့တိုးကာ ရှီမာယူယူ၏ အရှေ့ တွင် ရပ်လိုက်သည် "ငါ့ကိုရှာကြတာလား၊ ငါကမင်္ဂလာသားရဲတစ်ကောင်ပဲ၊ အဲလောက်အင်အားကြီးတွေပေါ် လာ အောင် ငါလုပ်နိုင်တာထူးဆန်းတာပဲ"
"မင်္ဂလာသားရဲ ဒီနေ့ငါတို့်လူတွေအများကြီးခေါ်လာတယ် မင်း ကျိုးကျိုးနွံနွံနဲ့ ငါတို့နဲ့လိုက်ခဲ့လိုက်" လူတစ်ယောက် အမိန့်ပေးလေသည်။
"ငါ လိုက်ခဲ့ရင် ဘာအကျိုးရှိမှာလဲ" တုလေး မေးလေသည်။
"မင်းသူငယ်ချင်း အသက်ရှင်နိုင်မယ်"
"အဲဒါ ငါ့အတွက်အကူအညီမဖြစ်ဘူး" တုလေး ကြေညာလေသည် "ငါက မင်္ဂလာသားရဲပဲ၊ အဲလောက် လူအများကြီးကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား ခင်ဗျားတို့ကို စာချုပ်သခင်အဖြစ်သတ်မှတ်စေ ချင်ရင် အကြောင်းအရင်းကိုပြောပြလို့ရမလား၊ ပြောပြတဲ့လူက ငါ့ကိုနိုင်ရင် အဲလူနဲ့ လိုက်ခဲ့မယ်"
သူ့စကားများသည် သက်ရောက်မှုရှိသည်။ တချို့လူများသည် စိတ်လှုပ်ရှားကာ ဝေဝါးသွားကြပြီး "တိုင်းပြည်မှာ ပျံ့နေတဲ့ကောလဟလ ရှိတယ်၊ ထာဝရနယ်မြေပွင့်တော့မယ်တဲ့ ဒါပေမဲ့ ဘယ်သူမှဝင်လို့မရဘူး၊ အဲဒါပွင့်ဖို့ မင်္ဂလာသားရဲလိုတယ်၊ မင်္ဂလာသားရဲပေါ်လာပြီးကတည်းက အမှောင်တောထဲမှာ မင်္ဂလသားရဲထပ်ပေါ်မယ်လို့ သတင်းထပ်ထွက်လာ တယ်၊ အဲတော့ လူတိုင်းဖမ်းကြမှာပဲလေ၊ အကြောင်းအရင်းကိုပြောပြရင် ငါတို့ နဲ့လိုက်ခဲ့မယ်လို့ပြောတယ်မလား"
ထိုနေရာမှလူများသည် ထိုလူတုံးအခြင်းအတွက် ငေါက်ချင်ကြသည်။ သူတို့ပြောလိုက်လျှင် သိသွားကြမည်ကို အားလုံးနားလည်ကြသည်။ အားလုံး က ဒီကိစ္စအတွက်လာကြခြင်းဖြစ်သဖြင့် ထိုသတင်းမှာ အမှန်ဖြစ် ကြောင်း မသိမသာ အတည်ပြုလိုက်သလိုပင်။ ထို့နောက်တွင် သူတို့သည် သေချာ ပေါက်ဖမ်းရမည်ဖြစ်သည်။
ထိုလူသည် တုလေးအားကြည့်နေကာ အမှန်တကယ်ပင် သူ့ကိုသခင် အဖြစ်သတ်မှတ်မည်ဟုတွေးနေသည်။
"ဒီနေ့နိုင်ရင် လိုက်ခဲ့မယ်လို့ပြောတာ၊ ငါတို့ကိုမရိုက်နိုင်ရင်တော့ ဘယ်လိုလုပ်လိုက်ရမှာလဲ" တုလေး၏ အမူအရာမှာ သူတုံးအသည်ဟု ဖော်ပြနေသည်။ ထိုလူသည် ဉာဏ်ရည်နိမ့်သည်ဟု ခံစားမိကာ သူသည် ကျင့်ကြံ လွန်းသဖြင့် ဦးနှောက်ထိခိုက်သွားသည့်ပုံပင်။
"ဟင် ဒီလောက်လူတွေအများကြီးကို အသက်ရှင်နိုင်မယ်လို့ထင်နေ တာလား" ထိုလူသည် အော်လေသည် "ဒါပေမဲ့ ငါကမင်္ဂလာသားရဲ သွေးလိုတယ်လို့ပြောတာ၊ အသက်ရှင်လျက်လိုတယ်လို့မပြောဘူး မင်းသေ ရင်တောင် ငါတို့ မင်းရဲ့သွေးလတ်လတ်ဆတ်ဆတ်တွေကို ခွဲယူကြမှာ ငါတို့တစ်ယောက်နဲ့တစ်ယောက် သတ်ကြ မှာမဟုတ်ဘူး"
သွေးပဲလိုတာလား။
ရှီမာယူယူသည် ထိုလူထွားကြီးကိုကြည့်လိုက်သည်။ ဒီလူက တကယ်ပဲ အ တာလား အ ချင်ယောင် ဆောင်တာလား။ သူ မအပါက ဘာလို့ အကြောင်းအရင်းကို တုလေးကိုရှင်းပြနေတာလဲ။ သူ အသည်ဆိုပါက ဘာလို့ လူအုပ်ကြားမှာ လွယ်လွယ်နဲ့ပြောနိုင်ရတာလဲ။
အင်အားကြီးများသည် အစပိုင်းက တုလေးကိုဖမ်းချင်နေကြသည်။ သူ့စကားများကိုကြားသောအခါ ငြိမ်ကျသွားလေသည်။ ဟုတ်သားပဲ ထာဝရ နယ်မြေကာ မင်္ဂလာသားရဲသွေးကိုပဲလိုတာပဲ၊ သူတို့အားလုံးအတူ ခွဲယူရင်ရ တာပဲ။ သေတဲ့အထိ တိုက်ဖို့မှမလိုတာ။
"ကမ္ဘာဦးနယ်မြေမှာ မင်္ဂလာသားရဲတွေအများကြီးပါ ဥပမာဆိုရင် ပညာရှိစံအိမ်တော်မှာဆိုရင် မင်းတို့ မြင့်မြတ်တဲ့သားတော်မှာ ရွှီလင်းမိစ္ဆာ ရှိတယ်မလား၊ ဘာလို့သူ့ကိုသွားမရှာကြတာလဲ၊ မင်းတို့မှာ စံအိမ်တော်ခွဲ တွေအများကြီးရှိတာပဲ၊ သူ့ကိုထုတ်ခိုင်းလိုက်ပေါ့၊ မင်းတို့မျှမျှတတ ခွဲလို့ရ တယ်၊ ဘာလို့သူများဟာကို လုချင်နေကြတာလဲ" ရှီမာယူယူ နားမလည်ပေ။
"မင်္ဂလာသားရဲက ငယ်မှဖြစ်မှာ၊ အခုချိန်မှာ ဒီလိုမျိုးရှာဖို့ခက်နေပြီ" လူတစ်ယောက်က ဖြေလိုက်လေသည်။
"မင်္ဂလာသားရဲရဲ့ သွေးကိုပဲလိုတယ်ဆိုတော့ ငါတို့်တိုက်ဖို့မလိုတော့ ဘူးပဲ၊ မင်္ဂလာသားရဲသွေး လတ်လတ်ဆတ်ဆတ်ကို အညီအမျှခွဲကြမယ်ဆို ဘယ်လိုလဲ" ယုချန်းပီပြောလိုက်သည်။
နောက်မှရောက်လာကြသူများသည် သန်မာကြသည်။ သူတို့တစ် ယောက်နှင့် တစ်ယောက်တိုက်ခိုက်ကြပါက ရလဒ်ကောင်းမည်မဟုတ်ပေ။ ထာဝရနယ်မြေရှာရန် အခွင့်အရေးအတွက် အားချန်ထားရမည်။
"အရမ်းကောင်းတယ်"
တိုက်ဖို့မလိုဘူးဆိုတော့ မတိုက်ဘူးပေါ့။ ပိုကောင်းတဲ့အဖြေရှိနေ မှတော့ ဘာလို့တိုက်နေကြမှာလဲ။ မင်္ဂလာသားရဲတစ်ကောင်သာသာပဲကို ဘယ်လောက်တောင် တန်ဖိုးရှိမှာမို့လို့လဲ။ အဲအတွက် အင်အားကြီးတွေနဲ့ အတိုက်မခံလုပ်လို့မဖြစ်ဘူး၊ အညီအမျှခွဲလိုက်ရင် ဖြစ်ပြီမလား။
"ဒါဆို ရောက်တဲ့အစဉ်လိုက်နဲ့ အင်အားအလိုက်စီမယ်" ယုချန်းပီသည် အမိန့်ပေးလေသည်။
ပညာရှိစံအိမ်တော် အားသည်အလွန်သန်မာသည်။ သူသည် အရင် ရောက်ခဲ့ခြင်းဖြစ်သည်။ သူက အရင်ဆုံးဖြစ်ရမည်လေ။
"ကောင်းပြီ"
"သဘောတူတယ်" ထိုအရှက်မရှိသောလူများသည် ရှီမာယူယူ၏ မျက်နှာမည်းမည်းလာသည်ကို သတိ မထားမိကြပေ။
"တုလေးရဲ့ သွေးကိုအညီအမျှတောင် ခွဲချင်နေကြတယ်ဟုတ်လား"
ရှီမာယူယူသည် ထိုလူများ ဆွေးနွေးနေသည်နှင့် ထိုလူများ တုလေးကို ကြည့်သော လူသတ်မည့် အကြည့်များကို မြင်လိုက်သည်။ သူမသည် ဒေါသများပိုတိုးလာကာ နှာမှုတ်လိုက်သည် "တော်ကြပြီလား၊ ဒီ တိုင်းပြည်က ခင်ဗျားတို့အိမ်များထင်နေတာလား၊ ခင်ဗျားတို့လုပ်ချင်တာ အကုန်လုပ်လို့ ရမယ်ထင်နေတာလား၊ တုလေးကိုသတ်ပြီး သူ့သွေးကိုယူချင်တယ်ဆိုရင် သူ့အမြင်ကိုတော့မေးရဦးမှာပေါ့"