Zawgyi
အပိုင္း (၇၂၂) – ရွင္းလင္းျခင္း
ေလထဲတြင္ လိႈင္းမ်ားထသြားသည္။ အင္အားၾကီးတစ္ခုျပီးတစ္ခုမွလူ မ်ား ေလဟာျပင္ဝင္ေပါက္မွေပၚ လာၾကသည္။ လက္တစ္ဆုပ္စာလူသာ ရွိေနရာမွ သူတုိ႔လူမ်ားကို ဆင့္ေခၚရာ တစ္ခဏအတြင္းမွာပင္ အင္အား ၾကီးလာေလသည္။
ရွီမာယူယူသည္ အသစ္ေရာက္လာေသာအင္အားကိုၾကည့္ျပီး ဖန္လိုင္ ေဘးလာကာ "ဒုေက်ာင္းအုပ္ဖန္ ဘယ္လိုလုပ္မလဲ"
"အေျခအေနေတြကေတာ့ ပိုျပီးရႈပ္လာျပီ၊ အဲလူေတြက တျခား ရည္ရြယ္ခ်က္ေၾကာင့္ေရာက္လာတာျဖစ္မယ္" ဖန္လိုင္ ေျပာလိုက္သည္ "ဒါေပမဲ့ ဘာရည္ရြယ္ခ်က္နဲ႔ အဲေလာက္အင္အားၾကီးေတြေရာက္လာတာလဲ"
"ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ သူတုိ႔ရည္ရြယ္ခ်က္က တုေလးပဲ" ရွီမာယူယူ ေျပာလုိက္သည္။
"ငါ အဘိုးၾကီးယြမ္တို႔ကို အကူအညီေတာင္းလိုက္တာ၊ ဒီေလာက္ အင္အားေတြအမ်ားၾကီးေရာက္လာ မယ္လုိ႔ထင္မထားဘူး၊ အခုေတာ့ သူလူ အမ်ားၾကီးေခၚလာလည္း အသံုးမဝင္ေတာ့ဘူး" ဖန္လိုင္သည္ စိုးရိမ္စြာ ေျပာေလသည္။
ရွီမာယူယူသည္ ထိုလူမ်ားကိုၾကည့္ျပီး မွတ္ခ်က္ေပးေလသည္ "ဒီမွာ အင္အားၾကီးေတြအမ်ားၾကီး ေရာက္လာၾကတယ္ ဘာလို႔လဲ"
"သူတုိ႔အင္အားေတြကို မင္းသတိျပဳမိတာေတာ့ေကာင္းပါတယ္၊ ကံေကာင္းစြာနဲ႔ပဲ ငါတုိ႔ေတာ့ အင္အား မဲ့ေနျပီ" ဖန္လိုင္ ေျပာလုိက္သည္။
ထိုေနရာတြင္ လူအမ်ားအျပားရွိကာ အင္အားလည္းျမင့္ၾကသည္။ အဘိုးၾကီးယြမ္မွ တပ္ကူမ်ားေခၚလာ လွ်င္ေတာင္၊ ရွီမာယူယူမွ ဒ႑ာရီလာ ဂဠဳန္ငွက္ႏွင့္ ဗ်ိဳင္းျဖဴမ်ိဳးႏြယ္အၾကီးအကဲမ်ားရွိလွ်င္ေတာင္ ဧကရာဇ္ အဆင့္ ရွိေသာ ကၽြမ္းက်င္သူမ်ားကို ပိတ္ဆို႔ရန္တတ္ႏိုင္မည္မဟုတ္ေပ။
"ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္ေတာ္ကေတာ့ တုေလးကိုလက္လႊဲမေပး ႏုိင္ဘူး" ရွီမာယူယူ ေၾကညာေလသည္ "ဒုေက်ာင္းအုပ္ဖန္၊ ကၽြန္ေတာ္အဲလူ ေတြကို ကိုင္တြယ္ဖို႔နည္းလမ္းရွိတယ္ ျပီးေတာ့ ဒုေက်ာင္းအုပ္ဖန္ နည္းလမ္း ရွာျပီးထြက္သြားလို္ကပါ"
"ထြက္သြားရမယ္ဟုတ္လား" ဖန္လိုင္သည္ သူမအားၾကည့္ျပီး ေခါင္းရမ္းေလသည္ "မင္းနဲ႔ တုေလးက ငါတို႔အတြင္းဂိုဏ္းကေက်ာင္းသား ေတြပဲ ဘယ္လိုလုပ္ မင္းတုိ႔ကိုပစ္ျပီးထြက္သြားရမွာလဲ ငါအသက္ရွင္ရင္ ေတာင္ အဘိုးၾကီးယြမ္ကိုဘယ္လိုမ်က္ႏွာခ်င္းဆိုင္ျပီး ဂိုဏ္းကေက်ာင္းသား ေတြအေၾကာင္းေျပာမွာလဲ"
"ဒုေက်ာင္းအုပ္ဖန္ တုေလးကကၽြန္ေတာ့္ညီေလးပါ၊ သူ႔ကိုေပးလုိက္ဖို႔ က ကၽြန္ေတာ့္အတြက္မျဖစ္ႏုိင္ဘူး ျပီးေတာ့ အဲလူေတြကလည္းလက္ေလ်ာ့ မွာမဟုတ္ဘူး၊ တုေလးအတြက္ကေတာ့ ကၽြန္ေတာ္ အၾကီးအက်ယ္ ျပန္တို္က္ ရမယ္" ရွီမာယူယူ ရွင္းျပေလသည္ "ကၽြန္ေတာ္က အတြင္းဂိုဏ္းက ေက်ာင္းသားေပမယ့္ ဒီကိစၥကို ဂိုဏ္းနဲ႔ မပတ္သတ္ေစခ်င္ဘူး၊ ျပီးေတာ့ ဆရာလည္းဒီမွာရွိရင္ ကၽြန္ေတာ္ သတ္ပစ္ႏုိင္ေလာက္တယ္"
"မင္းဘာလုပ္မလို႔လဲ" ဖန္လိုင္သည္ ခံစားခ်က္မေကာင္းေပ။
"ကၽြန္ေတာ့္မွာ နည္းလမ္းရွိပါတယ္၊ ခြဲျခားျခင္းမရွိတုိက္ခုိက္မႈ... ဒါေပမဲ့ အဲဒါျပီးရင္ေတာ့ ကၽြန္ေတာ့္ရဲ႕ တိုက္ခိုက္မႈသက္ေရာက္ျခင္းက ဆံုးရံႈးသြားႏုိင္ တယ္၊ တျခားအေျခအေနရွိရင္ေတာ့ ဒုေက်ာင္းအုပ္ဖန္ ေျဖရွင္းေပးပါ" ရွီမာယူယူ ေျပာလုိက္သည္ "ဒုေက်ာင္းအုပ္ဖန္ မေက်မနပ္မျဖစ္ပါနဲ႔"
သည္လိုႏွင့္ သူမသည္ ဖန္လိုင္ သတိလြတ္ေနသည္ကိုအခြင့္ ေကာင္းယူကာ သူ႔လက္ေမာင္းမွကိုင္ျပီး ကန္အျပင္ကိုဆြဲပစ္လုိက္သည္။
ယုခ်န္းပီႏွင့္ တျခားသူမ်ားသည္ တုေလးကိုပစ္မွတ္ထားၾကသည္။ သူထိုေနရာတြင္ရွိေနသေရြ႕ေတာ့ ထိုကေလးကိုဂရုမစိုက္ၾကေပ။
ရွီမာယူယူသည္ ဖန္က်ိရွင္းႏွင့္ ေဟာ့ဘာဝူခ်န္းတို႔ဆီလာျပီး အရိုအေသ ေပးကာ "သခင္ေလးေဟာ့ဘာ အခုကူညီေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္၊ တုေလးကို ကၽြန္ေတာ့္ကိုအပ္ထားခဲ့လိုက္ပါ ဝင္မပါပဲ ဒီကထြက္ သြား လိုက္ပါ"
"မသြားႏုိင္ဘူး" ေဟာ့ဘာဝူခ်န္းသည္ သေဘာမတူေပ။ ေကာင္းကင္ ဂိုဏ္းမွတျခားလူသာ ထိုအျဖစ္ အပ်က္မ်ိဳးျဖစ္ပြားပါက ေတြေဝမႈမရွိပဲ ထြက္သြားမည္ျဖစ္သည္။ သို႔ေသာ္ သူမသည္ သူ၏ေက်းဇူးရွင္ျဖစ္ကာ ဖန္က်ိရွင္း၏ တပည့္ျဖစ္ျပီး ကေလးတစ္ေယာက္ကို ထုိလူမ်ားၾကားတြင္ မည္ကဲ့သို႔ရင္ဆိုင္ခုိင္းရမည္နည္း။
ဖန္က်ိရွင္းသည္ စကားမေျပာေပ။ သူသည္ သူမကိုၾကည့္ျပီး အဓိပၸာယ္ ပါပါ ေဖာ္ျပလုိက္သည္။
ရွီမာယူူသည္ ဖန္က်ိရွင္းအားၾကည့္ျပီး ညင္သာစြာ ျပံဳးလုိက္သည္။ "စိတ္ခ်ပါ ကၽြန္ေတာ့္ မိဘေတြလည္း ရွာမေတြ႕ေသးဘူး လုပ္စရာေတြလည္း မ်ားေသးတယ္၊ ကၽြန္ေတာ့္အသက္ကို ေနာက္ေျပာင္စရာလိုမလုပ္ပါဘူး၊ ဆရာတုိ႔ကိုထြက္သြားခုိင္းတာ ကၽြန္ေတာ့္မွာယံုၾကည္ခ်က္ရွိလုိ႔ပါ၊ ကၽြန္ေတာ့္ သူငယ္ခ်င္းေတြကိုလည္း အေဝးကိုေခၚသြားေပးပါ အဲဒါမွ ကၽြန္ေတာ္ မစိုးရိမ္ရေတာ့မွာ"
သူမ၏ ေတာက္ပေသာမ်က္လံုးမ်ားကို ဖန္က်ိရွင္းျမင္ေသာအခါ သူမ အေမကိုသြားသတိရမိသည္။ သူတုိ႔သည္ ယံုၾကည္ခ်က္အျပည့္ရွိေသာ မ်က္လံုးမ်ားတူၾကကာ ယံုၾကည္ခ်က္ရွိေသာ စကားမ်ားေျပာၾကသည္။ သူ မထင္မွတ္ပဲ ေခါင္းညိမ့္ကာ "ေကာင္းျပီ မင္းတစ္ခုခုျဖစ္ရင္ မင္းအတြက္ တိုင္းျပည္တစ္ခုလံုးကို မီးေလာင္ တိုက္သြင္းလုိက္မယ္"
ရွီမာယူယူသည္ သူ၏ အတည္အတံ့ျဖစ္ေသာ ပံုစံေၾကာင့္လန္႔ သြားသည္။ သူမသည္ ဒီလိုဆရာမ်ိဳးရွိ သည့္အတြက္ စိတ္ထဲတြင္ ဝမ္းသာ မိသည္။
ဖန္က်ိရွင္းသည္ ေဘဂံုထန္ႏွင့္ တျခားသူမ်ားရွိရာသို႔ ပ်ံသြားလုိက္ သည္။ ရွီမာယူယူစကားေျပာေနခ်ိန္တြင္ သူမသည္ ထိုေနရာအားၾကည့္ ေနခဲ့သည္။ ဖန္မိသားစုမွလူမ်ားသည္ သူႏွင့္အတူလိုက္ပါ ထြက္ခြာခဲ့ၾက သည္။
"ေဟး မင္းတကယ္ၾကီးလား" ေဟာ့ဘာဝူခ်န္းသည္ ဖန္က်ိရွင္း ထြက္သြားသည္ကို ျမင္သည္ႏွင့္ အေနာက္မွေအာ္ေလသည္။ သူသည္ ရွီမာယူယူအားျပန္ၾကည့္ျပီး သက္ျပင္းခ်ကာ "သူက မင္းအတြက္ တုိင္းျပည္ တစ္ခုလံုးကိုမီးေလာင္တိုက္သြင္းခ်င္ရင္ေတာင္ ငါနဲ႔ဆိုအဆင္ေျပပါတယ္"
ရွီမာယူယူ အားရပါးရျပံဳးကာ "သခင္ေလးေဟာ့ဘာ သူေျပာတာ ကၽြန္ေတာ္ေသမွပါ၊ မစိုးရိမ္ပါနဲ႔ ကၽြန္ေတာ္အဲလိုျဖစ္ေအာင္လုပ္မွာ မဟုတ္ဘူး"
"မင္းက မင္းအေဖနဲ႔အတူတူပဲ၊ မင္းကိုေဒါသထြက္လို႔ေတာင္မရဘူး" ေဟာ့ဘာဝူခ်န္းသည္ လွည့္ထြက္ ကာပ်ံသြားေလသည္။ ေဟာ့ဘာမိသားစုမွ လူမ်ားသည္လည္း သူႏွင့္အတူထြက္သြားေလသည္။
မိသားစုႏွစ္ခုထြက္သြားသည္ႏွင့္ ကန္အလယ္မွဗလာျဖစ္သြားေလ သည္။
ရွီမာယူယူသည္ ၾကိဳးၾကာနီမ်ားဆီသို႔လာျပီး "မင္းတို႔လည္း သြားသင့္ျပီ၊ ဒီကိစၥကိုဒါျပီးမွ ေျပာၾကမယ္၊ သခင္ေလးေဟာ့ဘာနဲ႔ အဖြဲ႕ကငါ့အေပၚေ ကာင္းတယ္ သူတို႔ကိုေစာင့္ေရွာက္လုိက္ပါ"
ၾကိဳးၾကာနီေခါင္းေဆာင္သည္ ငွက္ေလးအားၾကည့္ျပီး သူျငင္းဆိုခ်က္ မရွိသည္ကိုေတြ႕လုိက္သည္။ သူတို႔ကိုထြက္သြားရန္အမိန္႔ျဖစ္သျဖင့္ ဖန္က်ိရွင္းတို႔ေနာက္လုိက္ကာ ေဘဂံုထန္တို႔အဖြဲ႕ႏွင့္ ေတြ႕ဆံုေလသည္။
"သြားၾကမယ္၊ ငါမင္းတို႔ကိုအေဝးကိုပို႔ေပးမယ္" ဖန္က်ိရွင္းသည္ ရွီမန္ဖန္အားေျပာလုိက္သည္။
"ယူယူကေရာ" ကုန္ရွန္ယိသည္ ကန္အလယ္မွ လူ၄ေယာက္ကို စိုးရိမ္စြာၾကည့္လုိက္သည္။
"သူမအဆင္ေျပမွာပါ" ေဘဂံုထန္ ျပန္ေျဖလိုက္သည္ "ငါတုိ္႔ဒီမွာေနရင္ သူမအတြက္ အဟန္႔အတား ျဖစ္လိမ့္မယ္၊ အေဝးသြားေနတာပိုေကာင္းမယ္"
"ဒါေပမဲ့ အစ္မေဘဂံု အစ္ကိုၾကီးက တစ္ေယာက္တည္း၊ သက္တန္႔တို႔ မ်ိဳးႏြယ္ဝင္ေတြကို ေခၚလာလို႔ရတယ္၊ အဲေတာ့ အစ္ကိုၾကီးကိုအကူအညီ ေပးလုိ႔ရတယ္" သက္တန္႔သည္ စိုးရိမ္စြာေျပာေလသည္။
"သက္တန္႔ ယူယူ႔ကိုယံုတယ္မလား၊ သူမက မေသခ်ာတာကို ဘယ္တုန္းကလုပ္ဖူးလို႔လဲ" ေဝက်ိရႊီ ေျပာလုိက္သည္ "သူမ အဲဒီအကြက္ကို သံုးေတာ့မယ္ထင္တယ္"
"အဲအကြက္ဟုတ္လား ဘာအကြက္လဲ" ေဟာ့ဘာဝူခ်န္းေမးလိုက္ သည္။
"အရင္ဆံုးဒီကေနထြက္သြားရေအာင္၊ စကားေျပာလုိ႔ေကာင္းတဲ့ေနရာ မဟုတ္ဘူး" ရွီမာယူလင္း သတိေပးေလသည္ "သူမလုုပ္ခိုင္းတယ္ဆိုရင္ မၾကာခင္သိရမယ္လို႔ယံုတယ္၊ ခင္ဗ်ားတို႔ လိုက္ၾကမယ္မလား"
လူဆိုးၾကီး ၁၀ေယာက္သည္ ထိုအခ်ိန္တြင္ လန္႔သြားၾကသည္။ ရီွမာယူယူသည္ သူတို႔အား အံ့ၾသမႈမ်ားစြာကိုေပးခဲ့သည္။ သူမသည္ ပထမ အဆင့္အံ့ဖြယ္နတ္ဆိုးေတာင္ၾကားမွ ေတာင္ၾကားသခင္ေလး၊ အဂၢိရတ္ ပညာရွင္၊ အသားစားပန္းဘုရင္ႏွင့္ ဒ႑ာရီလာဂဠဳန္ငွက္ကိုပိုင္ဆုိင္ျပီး ပထမ အဆင့္ မိသားစုမ်ိဳးႏြယ္မ်ားႏွင့္ ေကာင္းမြန္ေသာဆက္ဆံေရးရွိသည္။ သူမ တစ္ခုခုျဖစ္ပါက သူမအတြက္ တုိင္းျပည္တစ္ခုလံုးကိုမီးေလာင္တိုက္ သြင္းမည္ဟုေတာင္ ေျပာေပးခဲ့သည္။ ဆိုလိုသည္မွာ သူတို႔ဆက္ဆံေရးမွာ ထူးျခားသည္။
ထိုသတင္းမ်ားသည္ သူတုိ႔တစ္ေယာက္ခ်င္းစီအတြက္ အံ့ၾသေလာက္ စရာပင္။
သူမ အင္အားၾကီးတစ္ခု တည္ေထာင္မည္ဟု ေျပာခဲ့စဥ္က သူတို႔ အာရံုမစိုက္ခဲ့သည္မွာ သူမ လုပ္ႏုိင္မည္ဟု မယံုၾကည္ေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္ အခု အင္အားၾကီးမ်ားစြာ၏ အေရွ႕တြင္ တည္ျငိမ္ေနေသာ သူမကို ၾကည့္ျပီး ယံုၾကည္ခ်က္မ်ားပိုလာသည္။ သူမသည္ ဒီေန႔ပြဲတြင္ အသက္ရွင္ ႏုိင္ပါက သူမကိုယ္ပိုင္ အင္အားၾကီးေထာင္ႏုိင္မည္ျဖစ္သည္။
"သူမ ဒီေန႔ကိုေက်ာ္ျဖတ္ႏုိင္ရင္ေတာ့ သူမအရင္ကေျပာခဲ့တာကို သေဘာတူၾကမယ္" ဖန္က်ိရွင္းသည္ သူ႔စိတ္ထဲမွရွိရာကို ေရရႊတ္ေလသည္။
Zawgyi
အပိုင်း (၇၂၂) – ရှင်းလင်းခြင်း
လေထဲတွင် လှိုင်းများထသွားသည်။ အင်အားကြီးတစ်ခုပြီးတစ်ခုမှလူ များ လေဟာပြင်ဝင်ပေါက်မှပေါ် လာကြသည်။ လက်တစ်ဆုပ်စာလူသာ ရှိနေရာမှ သူတို့လူများကို ဆင့်ခေါ်ရာ တစ်ခဏအတွင်းမှာပင် အင်အား ကြီးလာလေသည်။
ရှီမာယူယူသည် အသစ်ရောက်လာသောအင်အားကိုကြည့်ပြီး ဖန်လိုင် ဘေးလာကာ "ဒုကျောင်းအုပ်ဖန် ဘယ်လိုလုပ်မလဲ"
"အခြေအနေတွေကတော့ ပိုပြီးရှုပ်လာပြီ၊ အဲလူတွေက တခြား ရည်ရွယ်ချက်ကြောင့်ရောက်လာတာဖြစ်မယ်" ဖန်လိုင် ပြောလိုက်သည် "ဒါပေမဲ့ ဘာရည်ရွယ်ချက်နဲ့ အဲလောက်အင်အားကြီးတွေရောက်လာတာလဲ"
"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူတို့ရည်ရွယ်ချက်က တုလေးပဲ" ရှီမာယူယူ ပြောလိုက်သည်။
"ငါ အဘိုးကြီးယွမ်တို့ကို အကူအညီတောင်းလိုက်တာ၊ ဒီလောက် အင်အားတွေအများကြီးရောက်လာ မယ်လို့ထင်မထားဘူး၊ အခုတော့ သူလူ အများကြီးခေါ်လာလည်း အသုံးမဝင်တော့ဘူး" ဖန်လိုင်သည် စိုးရိမ်စွာ ပြောလေသည်။
ရှီမာယူယူသည် ထိုလူများကိုကြည့်ပြီး မှတ်ချက်ပေးလေသည် "ဒီမှာ အင်အားကြီးတွေအများကြီး ရောက်လာကြတယ် ဘာလို့လဲ"
"သူတို့အင်အားတွေကို မင်းသတိပြုမိတာတော့ကောင်းပါတယ်၊ ကံကောင်းစွာနဲ့ပဲ ငါတို့တော့ အင်အား မဲ့နေပြီ" ဖန်လိုင် ပြောလိုက်သည်။
ထိုနေရာတွင် လူအများအပြားရှိကာ အင်အားလည်းမြင့်ကြသည်။ အဘိုးကြီးယွမ်မှ တပ်ကူများခေါ်လာ လျှင်တောင်၊ ရှီမာယူယူမှ ဒဏ္ဍာရီလာ ဂဠုန်ငှက်နှင့် ဗျိုင်းဖြူမျိုးနွယ်အကြီးအကဲများရှိလျှင်တောင် ဧကရာဇ် အဆင့် ရှိသော ကျွမ်းကျင်သူများကို ပိတ်ဆို့ရန်တတ်နိုင်မည်မဟုတ်ပေ။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ တုလေးကိုလက်လွှဲမပေး နိုင်ဘူး" ရှီမာယူယူ ကြေညာလေသည် "ဒုကျောင်းအုပ်ဖန်၊ ကျွန်တော်အဲလူ တွေကို ကိုင်တွယ်ဖို့နည်းလမ်းရှိတယ် ပြီးတော့ ဒုကျောင်းအုပ်ဖန် နည်းလမ်း ရှာပြီးထွက်သွားလိုကပါ"
"ထွက်သွားရမယ်ဟုတ်လား" ဖန်လိုင်သည် သူမအားကြည့်ပြီး ခေါင်းရမ်းလေသည် "မင်းနဲ့ တုလေးက ငါတို့အတွင်းဂိုဏ်းကကျောင်းသား တွေပဲ ဘယ်လိုလုပ် မင်းတို့ကိုပစ်ပြီးထွက်သွားရမှာလဲ ငါအသက်ရှင်ရင် တောင် အဘိုးကြီးယွမ်ကိုဘယ်လိုမျက်နှာချင်းဆိုင်ပြီး ဂိုဏ်းကကျောင်းသား တွေအကြောင်းပြောမှာလဲ"
"ဒုကျောင်းအုပ်ဖန် တုလေးကကျွန်တော့်ညီလေးပါ၊ သူ့ကိုပေးလိုက်ဖို့ က ကျွန်တော့်အတွက်မဖြစ်နိုင်ဘူး ပြီးတော့ အဲလူတွေကလည်းလက်လျော့ မှာမဟုတ်ဘူး၊ တုလေးအတွက်ကတော့ ကျွန်တော် အကြီးအကျယ် ပြန်တိုက် ရမယ်" ရှီမာယူယူ ရှင်းပြလေသည် "ကျွန်တော်က အတွင်းဂိုဏ်းက ကျောင်းသားပေမယ့် ဒီကိစ္စကို ဂိုဏ်းနဲ့ မပတ်သတ်စေချင်ဘူး၊ ပြီးတော့ ဆရာလည်းဒီမှာရှိရင် ကျွန်တော် သတ်ပစ်နိုင်လောက်တယ်"
"မင်းဘာလုပ်မလို့လဲ" ဖန်လိုင်သည် ခံစားချက်မကောင်းပေ။
"ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်၊ ခွဲခြားခြင်းမရှိတိုက်ခိုက်မှု... ဒါပေမဲ့ အဲဒါပြီးရင်တော့ ကျွန်တော့်ရဲ့ တိုက်ခိုက်မှုသက်ရောက်ခြင်းက ဆုံးရှုံးသွားနိုင် တယ်၊ တခြားအခြေအနေရှိရင်တော့ ဒုကျောင်းအုပ်ဖန် ဖြေရှင်းပေးပါ" ရှီမာယူယူ ပြောလိုက်သည် "ဒုကျောင်းအုပ်ဖန် မကျေမနပ်မဖြစ်ပါနဲ့"
သည်လိုနှင့် သူမသည် ဖန်လိုင် သတိလွတ်နေသည်ကိုအခွင့် ကောင်းယူကာ သူ့လက်မောင်းမှကိုင်ပြီး ကန်အပြင်ကိုဆွဲပစ်လိုက်သည်။
ယုချန်းပီနှင့် တခြားသူများသည် တုလေးကိုပစ်မှတ်ထားကြသည်။ သူထိုနေရာတွင်ရှိနေသရွေ့တော့ ထိုကလေးကိုဂရုမစိုက်ကြပေ။
ရှီမာယူယူသည် ဖန်ကျိရှင်းနှင့် ဟော့ဘာဝူချန်းတို့ဆီလာပြီး အရိုအသေ ပေးကာ "သခင်လေးဟော့ဘာ အခုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ တုလေးကို ကျွန်တော့်ကိုအပ်ထားခဲ့လိုက်ပါ ဝင်မပါပဲ ဒီကထွက် သွား လိုက်ပါ"
"မသွားနိုင်ဘူး" ဟော့ဘာဝူချန်းသည် သဘောမတူပေ။ ကောင်းကင် ဂိုဏ်းမှတခြားလူသာ ထိုအဖြစ် အပျက်မျိုးဖြစ်ပွားပါက တွေဝေမှုမရှိပဲ ထွက်သွားမည်ဖြစ်သည်။ သို့သော် သူမသည် သူ၏ကျေးဇူးရှင်ဖြစ်ကာ ဖန်ကျိရှင်း၏ တပည့်ဖြစ်ပြီး ကလေးတစ်ယောက်ကို ထိုလူများကြားတွင် မည်ကဲ့သို့ရင်ဆိုင်ခိုင်းရမည်နည်း။
ဖန်ကျိရှင်းသည် စကားမပြောပေ။ သူသည် သူမကိုကြည့်ပြီး အဓိပ္ပာယ် ပါပါ ဖော်ပြလိုက်သည်။
ရှီမာယူူသည် ဖန်ကျိရှင်းအားကြည့်ပြီး ညင်သာစွာ ပြုံးလိုက်သည်။ "စိတ်ချပါ ကျွန်တော့် မိဘတွေလည်း ရှာမတွေ့သေးဘူး လုပ်စရာတွေလည်း များသေးတယ်၊ ကျွန်တော့်အသက်ကို နောက်ပြောင်စရာလိုမလုပ်ပါဘူး၊ ဆရာတို့ကိုထွက်သွားခိုင်းတာ ကျွန်တော့်မှာယုံကြည်ချက်ရှိလို့ပါ၊ ကျွန်တော့် သူငယ်ချင်းတွေကိုလည်း အဝေးကိုခေါ်သွားပေးပါ အဲဒါမှ ကျွန်တော် မစိုးရိမ်ရတော့မှာ"
သူမ၏ တောက်ပသောမျက်လုံးများကို ဖန်ကျိရှင်းမြင်သောအခါ သူမ အမေကိုသွားသတိရမိသည်။ သူတို့သည် ယုံကြည်ချက်အပြည့်ရှိသော မျက်လုံးများတူကြကာ ယုံကြည်ချက်ရှိသော စကားများပြောကြသည်။ သူ မထင်မှတ်ပဲ ခေါင်းညိမ့်ကာ "ကောင်းပြီ မင်းတစ်ခုခုဖြစ်ရင် မင်းအတွက် တိုင်းပြည်တစ်ခုလုံးကို မီးလောင် တိုက်သွင်းလိုက်မယ်"
ရှီမာယူယူသည် သူ၏ အတည်အတံ့ဖြစ်သော ပုံစံကြောင့်လန့် သွားသည်။ သူမသည် ဒီလိုဆရာမျိုးရှိ သည့်အတွက် စိတ်ထဲတွင် ဝမ်းသာ မိသည်။
ဖန်ကျိရှင်းသည် ဘေဂုံထန်နှင့် တခြားသူများရှိရာသို့ ပျံသွားလိုက် သည်။ ရှီမာယူယူစကားပြောနေချိန်တွင် သူမသည် ထိုနေရာအားကြည့် နေခဲ့သည်။ ဖန်မိသားစုမှလူများသည် သူနှင့်အတူလိုက်ပါ ထွက်ခွာခဲ့ကြ သည်။
"ဟေး မင်းတကယ်ကြီးလား" ဟော့ဘာဝူချန်းသည် ဖန်ကျိရှင်း ထွက်သွားသည်ကို မြင်သည်နှင့် အနောက်မှအော်လေသည်။ သူသည် ရှီမာယူယူအားပြန်ကြည့်ပြီး သက်ပြင်းချကာ "သူက မင်းအတွက် တိုင်းပြည် တစ်ခုလုံးကိုမီးလောင်တိုက်သွင်းချင်ရင်တောင် ငါနဲ့ဆိုအဆင်ပြေပါတယ်"
ရှီမာယူယူ အားရပါးရပြုံးကာ "သခင်လေးဟော့ဘာ သူပြောတာ ကျွန်တော်သေမှပါ၊ မစိုးရိမ်ပါနဲ့ ကျွန်တော်အဲလိုဖြစ်အောင်လုပ်မှာ မဟုတ်ဘူး"
"မင်းက မင်းအဖေနဲ့အတူတူပဲ၊ မင်းကိုဒေါသထွက်လို့တောင်မရဘူး" ဟော့ဘာဝူချန်းသည် လှည့်ထွက် ကာပျံသွားလေသည်။ ဟော့ဘာမိသားစုမှ လူများသည်လည်း သူနှင့်အတူထွက်သွားလေသည်။
မိသားစုနှစ်ခုထွက်သွားသည်နှင့် ကန်အလယ်မှဗလာဖြစ်သွားလေ သည်။
ရှီမာယူယူသည် ကြိုးကြာနီများဆီသို့လာပြီး "မင်းတို့လည်း သွားသင့်ပြီ၊ ဒီကိစ္စကိုဒါပြီးမှ ပြောကြမယ်၊ သခင်လေးဟော့ဘာနဲ့ အဖွဲ့ကငါ့အပေါ်ေ ကာင်းတယ် သူတို့ကိုစောင့်ရှောက်လိုက်ပါ"
ကြိုးကြာနီခေါင်းဆောင်သည် ငှက်လေးအားကြည့်ပြီး သူငြင်းဆိုချက် မရှိသည်ကိုတွေ့လိုက်သည်။ သူတို့ကိုထွက်သွားရန်အမိန့်ဖြစ်သဖြင့် ဖန်ကျိရှင်းတို့နောက်လိုက်ကာ ဘေဂုံထန်တို့အဖွဲ့နှင့် တွေ့ဆုံလေသည်။
"သွားကြမယ်၊ ငါမင်းတို့ကိုအဝေးကိုပို့ပေးမယ်" ဖန်ကျိရှင်းသည် ရှီမန်ဖန်အားပြောလိုက်သည်။
"ယူယူကရော" ကုန်ရှန်ယိသည် ကန်အလယ်မှ လူ၄ယောက်ကို စိုးရိမ်စွာကြည့်လိုက်သည်။
"သူမအဆင်ပြေမှာပါ" ဘေဂုံထန် ပြန်ဖြေလိုက်သည် "ငါတို့်ဒီမှာနေရင် သူမအတွက် အဟန့်အတား ဖြစ်လိမ့်မယ်၊ အဝေးသွားနေတာပိုကောင်းမယ်"
"ဒါပေမဲ့ အစ်မဘေဂုံ အစ်ကိုကြီးက တစ်ယောက်တည်း၊ သက်တန့်တို့ မျိုးနွယ်ဝင်တွေကို ခေါ်လာလို့ရတယ်၊ အဲတော့ အစ်ကိုကြီးကိုအကူအညီ ပေးလို့ရတယ်" သက်တန့်သည် စိုးရိမ်စွာပြောလေသည်။
"သက်တန့် ယူယူ့ကိုယုံတယ်မလား၊ သူမက မသေချာတာကို ဘယ်တုန်းကလုပ်ဖူးလို့လဲ" ဝေကျိရွှီ ပြောလိုက်သည် "သူမ အဲဒီအကွက်ကို သုံးတော့မယ်ထင်တယ်"
"အဲအကွက်ဟုတ်လား ဘာအကွက်လဲ" ဟော့ဘာဝူချန်းမေးလိုက် သည်။
"အရင်ဆုံးဒီကနေထွက်သွားရအောင်၊ စကားပြောလို့ကောင်းတဲ့နေရာ မဟုတ်ဘူး" ရှီမာယူလင်း သတိပေးလေသည် "သူမလုပ်ခိုင်းတယ်ဆိုရင် မကြာခင်သိရမယ်လို့ယုံတယ်၊ ခင်ဗျားတို့ လိုက်ကြမယ်မလား"
လူဆိုးကြီး ၁၀ယောက်သည် ထိုအချိန်တွင် လန့်သွားကြသည်။ ရှီမာယူယူသည် သူတို့အား အံ့သြမှုများစွာကိုပေးခဲ့သည်။ သူမသည် ပထမ အဆင့်အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တောင်ကြားသခင်လေး၊ အဂ္ဂိရတ် ပညာရှင်၊ အသားစားပန်းဘုရင်နှင့် ဒဏ္ဍာရီလာဂဠုန်ငှက်ကိုပိုင်ဆိုင်ပြီး ပထမ အဆင့် မိသားစုမျိုးနွယ်များနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။ သူမ တစ်ခုခုဖြစ်ပါက သူမအတွက် တိုင်းပြည်တစ်ခုလုံးကိုမီးလောင်တိုက် သွင်းမည်ဟုတောင် ပြောပေးခဲ့သည်။ ဆိုလိုသည်မှာ သူတို့ဆက်ဆံရေးမှာ ထူးခြားသည်။
ထိုသတင်းများသည် သူတို့တစ်ယောက်ချင်းစီအတွက် အံ့သြလောက် စရာပင်။
သူမ အင်အားကြီးတစ်ခု တည်ထောင်မည်ဟု ပြောခဲ့စဉ်က သူတို့ အာရုံမစိုက်ခဲ့သည်မှာ သူမ လုပ်နိုင်မည်ဟု မယုံကြည်သောကြောင့်ဖြစ်သည်။ သို့သော် အခု အင်အားကြီးများစွာ၏ အရှေ့တွင် တည်ငြိမ်နေသော သူမကို ကြည့်ပြီး ယုံကြည်ချက်များပိုလာသည်။ သူမသည် ဒီနေ့ပွဲတွင် အသက်ရှင် နိုင်ပါက သူမကိုယ်ပိုင် အင်အားကြီးထောင်နိုင်မည်ဖြစ်သည်။
"သူမ ဒီနေ့ကိုကျော်ဖြတ်နိုင်ရင်တော့ သူမအရင်ကပြောခဲ့တာကို သဘောတူကြမယ်" ဖန်ကျိရှင်းသည် သူ့စိတ်ထဲမှရှိရာကို ရေရွှတ်လေသည်။