ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၆၂ (၁၃-၂၅)

3.6K 488 135
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  62
Chapter.          :  13 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၆၂၊ အခန္း ၁၃။ သာမန္ေယာက်ာ္းတစ္ေယာက္

“ေအာ္ … ဟုတ္လား ။ ပုိင္ဂုိဏ္းခ်ဳပ္ အရင္ စမ္းၾကည့္လုိက္ေလ”

ထုိေယာက်ာ္း၏ စကားေၾကာင့္ ရီ၀မ္၀မ္၏စိတ္က ေထာင္းခနဲ ။

ဒီအကြက္သည္ကား ယေန့ည သူမ သံုးဖုိ့ ခ်န္ထားသည့္
အကြက္တည္း ။ ေနာက္ဆံုးတြင္ အဘယ္ေၾကာင့္ သူ အရင္ သံုးသြားရသနည္း ။

ဒီလုိသြားရမွာ မဟုတ္ေသးဘူးေလ ။

မဟုတ္ေသးဘူး ၊ ငါ စိတ္ကို ခုိင္ခုိင္ထားရမယ္ ။
စိတ္ကုိ ခုိင္ခုိင္ ထား … စိတ္ကုိ ခုိင္ခုိင္ထား ။

ဒီည သူမ ကုိယ့္ကိုယ္ကို ထိန္းခ်ဳပ္ရမည္ ။
ဒီလူကုိ သူမကို ဦးေဆာင္ခြင့္ ၿပဳေပးလုိက္လုိ့ မၿဖစ္ဘူး ..

ရီ၀မ္၀မ္ အသက္ကို ၿပင္းၿပင္းရွဴရိႈက္လုိက္ၿပီး ထုိအေပၚပိုင္း ဗလာက်င္းသြားၿပီၿဖစ္သည့္ ထိုေယာက်ာ္း၏ ရင္အုပ္အား မၾကည့္မိေအာင္ မနည္းထိန္းေနရ၏ ။ သူမလက္ေအာက္တြင္ ရွိေနသည့္ အရာကုိ ေက်ာက္တံုးၾကီး ေက်ာက္တံုးၾကီးဟု
ရႈမွတ္ေနကာ ရဟန္းတစ္ပါးလုိ စ်ာန္မေလ်ာေစရေအာင္ နွလံုးသြင္းမွတ္ေနရေတာ့ေလသည္ ။

“ၾကီးၿမတ္လွတဲ့ အရွင္နတ္ဆုိးက ဘာလုပ္မလုိ့လဲ ။ ကုိယ့္ကိုယ္ကုိ ေလးစားမႈ ရွိပါဦး ။ ရွင္ ဒီလိုမ်ိဳး လုပ္ရင္ေတာင္မွ လံုး၀ အက်ိဳးမရွိဘူးေနာ္ ။ က်ြန္မက လူတစ္ေယာက္ကို ခ်စ္မိၿပီဆုိရင္ အဲ့ဒီလူကို ပံုအပ္ၿပီးေတာ့ကို ရင္ထဲအသည္းထဲကေန ၿမတ္ၿမတ္နုိးနုိး ခ်စ္တာ ။ က်ြန္မရဲ့ မ်က္လံုးထဲမွာ က်ြန္မရဲ့နွလံုးသားထဲမွာ သူတစ္ေယာက္ထဲပဲ ရွိတယ္ ။ တၿခားေယာက်ာ္းေခ်ာေခ်ာေလးေတြ ဆုိတာက က်ြန္မမ်က္လံုးထဲမွာေတာ့ ဖြဲနဲ့ဇကြဲခ်ည္းပဲ ။
လွတာမက္ၿပီး ညစာခက္သြားတဲ့ သူေတြထဲမွာ က်ြန္မ မပါဘူး ။ က်ြန္မက အလွေလးေတြ အရမ္းမက္ၿပီး
သိကၡာမေစာင့္စည္းတတ္တဲ့ သူလုိ့ အားလံုးက ေၿပာေနၾကေပမယ့္ တကယ္တမ္းက်ေတာ့ က်ြန္မက အရမ္းဂုဏ္သိကၡာၾကီးတဲ့သူ ပါ ... အင့္ ... ”

သူမ စကားမဆံုးေသးခင္ ေနာက္ထပ္ ၿပင္းရွလွသည့္ အနမ္းၾကီး က်ေရာက္လာကာ သူမေလးႏႈတ္ခမ္းတုိ့ ပိတ္သြားေတာ့ေလ၏ …

ငါ့ဖင္ၾကီးပဲ ဂုဏ္သိကၡာ ၾကီးေတာ့ …။

ရီ၀မ္၀မ္ သူ ့အေပၚကို ခုန္တက္ပစ္လုိက္ေလၿပီ ။

တခနအၾကာ … ဘုန္းခနဲ အသံၾကီးတစ္သံ ေပၚထြက္လာၿပီး နွစ္ေယာက္သား အေနာက္တြင္ ရွိေနသည့္ ဆုိဖာေပၚကို ၿပဳတ္က်သြားၾကေလၿပီ ။

ရီ၀မ္၀မ္သည္ ထိုေယာက်ာ္းအား ဆုိဖာေပၚတြင္ ဖိထားေတာ့ၿပီး သူ၏မေၿဖရေသးသည့္ ၾကယ္သီးတုိ့ကို ဆြဲၿဖဳတ္ပစ္လုိက္၏ ။
အားခနဲ အသံၾကီးတစ္သံ ေပၚထြက္လာၿပီး သူ၏ ရင္ညႊန့္ရိုးကုိ ကုိက္ခ်ပစ္လုိက္ကာ အနီေရာင္အကြက္ၾကီးေတြ
ခ်န္ပစ္လုိက္ေတာ့၏ ။

ထိုေယာက်ာ္းသည္ တအင္းအင္း ညည္းညဴကာ
သူ၏ ေၾကာက္မက္ဖြယ္ေကာင္းသည့္ မ်က္၀န္းတုိ့မွာ အလြန္အမင္း ႏူးညံ့လာေတာ့ၿပီး ေမွးစင္းလာေတာ့ေလၿပီ …

သူ၏လက္တုို့က သူမေလး ဆုိဖာေပၚကေန လိမ့္မက်သြားေစဖို့ရာ ခါးကေန ေၿပေလ်ာ့ေလ်ာ့ေလး ဖက္ေပးထားသည္ ။

“ပုိင္ ဂုိဏ္းခ်ဳပ္က ၾကည့္ရတာ အေၿပာတၿခား အလုပ္တၿခားနဲ့ တူတယ္”

ရီ၀မ္၀မ္သည္ သူမကို ထိုသုိ့ ေထ့ေငါ့လာၿခင္းကို ဂရုမစိုက္အားဘဲ
ရႈံ ့မဲ့ကာသာ ၿပန္ရြဲ ့ေလသည္ ။

“ဟီးဟီး … အရွင္နတ္ဆိုးကလည္း ေသမင္းက လက္တစ္ကမ္းေရာက္ေနတာေတာင္ မစိုးရိမ္ေနတာ
အံ့ၿသစရာေတာ့ မရွိပါဘူး ။ ရွင္က ကိုယ့္ကုိယ္ကုိ ဆြဲေဆာင္မႈ ရွိၿပီးေတာ့ ရွင္ မဆြဲေဆာင္နုိင္ေသးတဲ့သူ မရွိဘူးလို့ ယံုၾကည္ထား တာကုိး ။ က်ြန္မကုိ ဆြဲေဆာင္နုိင္မယ္လို့မ်ား ထင္ေနတာလား ။
ရွင့္ကို ေၿပာၿပလုိက္မယ္ -- ရွင္ထင္တဲ့အတုိင္း က်ြန္မ ဟုတ္တယ္”

ထုိ့ေနာက္တြင္ သူမေလးသည္ သူ၏ႏႈတ္ခမ္းသားတုိ့အား အၾကမ္းပတမ္း ကိုက္္ခ်ပစ္လုိက္၏ ။

မိန္းကေလးတစ္ေယာက္၏ ႏုညက္အိစက္ေသာ ကုိယ္လံုးေလးနွင့္ နားနားကပ္ေၿပာေသာ အသက္ရွဴသံေငြ ့ေငြ ့ေလးေအာက္တြင္ ေယာက်ာ္းသားမ်ားအားလံုး အတံုးအရံုး လဲၿပိဳၾကစၿမဲ …

ေနာက္တစ္ခနတြင္ အရွင္နတ္ဆိုးသည္ သူမေလး၏ခါးသိမ္သိမ္ေလးကို ဖမ္းဆုပ္လုိက္ၿပီး မ်က္ေတာင္တစ္မွိတ္ေလးအတြင္းမွာပင္ သူတုိ့နွစ္ေယာက္ အေပၚေအာက္ ေနရာေၿပာင္းသြားၾကေလၿပီ ။

ထုိေယာက်ာ္းက နမ္းရိႈက္ဖုိ့အလုပ္တြင္ ၿပန္ရန္စဖုိ့ မေမ့သည့္
ရီ၀မ္၀မ္မွာ ေခါင္းကုိ အသာေစာင္းကာ သူ ့အနမ္းကို
ေရွာင္ပစ္လုိက္ၿပီး …

“ေၿပာၾကတာကေတာ့ ၾကီးၿမတ္လွတဲ့ အရွင္နတ္ဆုိးက မိန္းမေတြနဲ့ ခပ္ခြာခြာေနတတ္တယ္ဆုိ ။ ၾကည့္ရတာ အရွင္နတ္ဆိုးလည္း အေၿပာတၿခား အလုပ္တၿခားပဲနဲ့ တူတယ္”

ထုိေယာက်ာ္းက အမူအရာ မပ်က္ယြင္းစြာၿဖင့္ ၿပန္ေၿဖသည္ ။
“ပုိင္ ဂုိဏ္းခ်ဳပ္ … အရွင္နတ္ဆိုးကလည္းပဲ ေယာက်ာ္းထဲက ေယာက်ာ္းတစ္ေယာက္ပါ”

ထုိေယာက်ာ္း၏ ခ်က္က်လက္က် ေၿပာလာသည့္ ထုိစကားေၾကာင့္ ရီ၀မ္၀မ္စိတ္ထဲ ေထာင္းခနဲ ၿဖစ္သြား၏ ။

“ဒါဆုိ အရွင္နတ္ဆုိး ေၿပာေနတာက … က်ြန္မအေပၚ အခုလုိ လုပ္ေနတာက ေယာက်ာ္းသဘာ၀အရ တံု့ၿပန္မိတာဆုိတဲ့ သေဘာေပါ့ေလ”

ထုိေယာက်ာ္း၏အမူအရာမွာ တခန ေတာင့္တင္းသြား၏ ။ ဘာကုိမွ ေၿပာမလာေသာ္လည္း ထုိမေၿပာလာၿခင္းကပင္ အသံတိတ္ ေထာက္ခံေနသေယာင္ ။

ရီ၀မ္၀မ္ ၿပန္ရြဲ ့ေလၿပီ ။
“အရွင္နတ္ဆုိးကုိ တစ္ခုေလာက္ေတာ့ သတိေပးပါဦးမယ္ --- တစ္ညတာ အိပ္ရံုေလာက္နဲ့ေတာ့ နတ္သက္ေၾကြအဆိပ္က ေၿပမွာ မဟုတ္ဘူးေနာ္”

အခ်စ္နတ္သက္ေၾကြအဆိပ္သည္ကား နတ္သက္ေၾကြအဆိပ္၏ အဆိပ္ဘုရင္ၾကီး ၿဖစ္၏ ။ ထုိ့ေၾကာင့္ လြယ္လြယ္ကူကူနွင့္ ကုသလုိ့ မရနိုင္ေပ ။ လူနွစ္ေယာက္သည္ တစ္ေယာက္ကုိတစ္ေယာက္
စစ္မွန္စြာ ခ်စ္ေနၾကဖုိ့ လုိအပ္ေပသည္ ။

ထို့ေၾကာင့္ ထိုနတ္သက္ေၾကြအဆိပ္သာ တကယ္ေၿပသြားလ်ွင္ သူသည္ လူလိမ္လူညာဆုိသည့္ အဓိပၸာယ္ကို သက္ေရာက္ေစနုိင္ေလသည္ ။

သူမေလးစကားကုိ ၾကားလုိက္္ခ်ိန္တြင္ ထိုေယာက်ာ္း၏
မ်က္၀န္းတိ့ုမွာ အနည္းငယ္ အံု ့မိႈင္းလာေတာ့ၿပီး
ေအးစက္လာေလၿပီ ။

“က်ြန္ေတာ့္ကို သတိမေပးခင္ ပုိင္ ဂုိဏ္းခ်ဳပ္လည္း ကုိယ့္ဟာကုိယ္ အရင္ သတိေပးလုိက္ပါဦး ။ ဂုိဏ္းခ်ဳပ္က ဂ်ိဘုရင္ကို တကယ္နွစ္နွစ္ကာကာၾကီး ခ်စ္ၿမတ္နုိ္းေနတာဆုိၿပီး ဘာေၾကာင့္
ဒီည ဒီလုိမ်ိဳးေတြ လုပ္ေနတာလဲ”

………………………………………………………………………

စာစဥ္ ၆၂၊ အခန္း ၁၄။ ပန္းခင္းလုိ

ရီ၀မ္၀မ္ အံကုိ ၾကိတ္လုိက္ၿပီး ၿပန္ေၿဖလုိက္၏ ။
“ရွင္ ေၿပာတာ မွန္တယ္ ။ က်ြန္မ ဂ်ိဘုရင္ကို နွစ္နွစ္ကာကာၾကီးကို ခ်စ္တယ္ ၊ ၿမတ္နုိးတယ္ ။ ပန္းခင္းလမ္းကုိ ၿဖတ္ေလ်ွာက္ရမယ္ ဆုိရင္ေတာင္မွ သူ ့အေပၚထားတဲ့ က်ြန္မ နွလံုးသားက
ဘယ္ေတာ့မွ မေၿပာင္းလဲဘူး”

“ဒါေပမယ့္ ဘာလုိ့ ဒီလုိလုပ္ေနတာလဲ ဟုတ္လား ။ ရွင္က အရွင္နတ္ဆိုးေလ … နတ္သက္ေၾကြအဆိပ္
မေပ်ာက္နုိင္ရင္ေတာင္မွ ရွင္နဲ့ တစ္ခါေလာက္ေလး အိပ္လုိက္ရရင္ ဘာေနာင္တမွ မရွိဘဲ ေနလုိ့ရသြားတာေပါ့”

ခ်က္ခ်င္းလုိပင္ ထုိေယာက်ာ္း၏ မ်က္၀န္းတုိ့မွာ ေအးစက္လာ၏ ။ သူမေလးအား ၀ါးၿမိဳပစ္ခ်င္သည့္အလားနွယ္ စူးစူးစုိက္စုိက္ ၾကည့္ေနမိ၏ ။

သူမေလး ေၿပာသြားသည့္ စကားတုိင္းတြင္ သူမေလးသည္
ဂ်ိရိႈ ့ရန္အား ဟုိးအေ၀းကေနသာ လွမ္းေငးၾကည့္နုိင္သည့္ နတ္ဘုရားတစ္ပါးသဖြယ္ ၿမတ္ၿမတ္နုိးနုိး သေဘာထားေနၿခင္း
ၿဖစ္ၿပီး အားလပ္ခ်ိန္မွာေတာင္မွ မထိရက္မကုိင္ရက္သည့္ ပန္းပြင့္ေလးသဖြယ္ သေဘာထားေနၿခင္းပင္ ….

သူမ အရင္တုန္းက သူ ့အေပၚ ၿပဳခဲ့သမ်ွ အရာအားလံုးမွာ ေယာက်ာ္းေခ်ာေလးေနာက္ လုိက္ၾကည့္လုိသည့္ သေဘာသက္သက္သာပဲလား … ။

ဟုိအရင္တုန္းကေရာ … ။

သူမသည္ ဖိန့္ဖိန့္တုန္ဂုိဏ္း၏ ေခါင္းေဆာင္ေလးတစ္ေယာက္
ေယာင္ ေဆာင္ကာ အဇူရာထဲ ခုိး၀င္ခဲ့ၿပီး သူ ့နားနား မရမက လုိက္ကပ္ခဲ့သည္ကလည္း ဒါေၾကာင့္ပဲလား ။

ဒါေၾကာင့္မို့ပဲ သူနဲ့ တစ္ညတာ အိပ္ၿပီးသြားတာနဲ့ ေပ်ာက္ၿခင္းမလွေအာင္ ေပ်ာက္ခ်က္သား ေကာင္းသြားခဲ့တာလား ။

ထုိကဲ့သုိ့ ေတြးလုိက္မိရင္း သူ၏နွလံုးသားေလး တစစီ ဆဲြစုတ္ခံေနရသလို ခံစားေနမိၿပီး တစ္ကိုယ္လံုး ေဒါသတုိ့ ေလာင္ၿမဳိက္လာရ၏ ။

သူ၏အၾကည့္တုိ့မွာ ပုိတုိးကာ ေၾကာက္စရာေကာင္းလာေလၿပီ ။ သူ၏မ်က္နွာမွာလည္း ၿဖဴစုတ္လာေလၿပီ ။ ဒီတစ္ေခါက္ေတာ့ သူမ
သူ ့ကို ဂိတ္ဆံုးထိကုိ ေဒါသထြက္သြားမိေစၿပီလား ။ အရင္တုန္းကသာဆုိရင္ ထုိကဲ့သုိ့ေသာ အႏၱရာယ္မ်ားသည့္ စကားမ်ိဳးကုိ သူမေလး ေၿပာရဲလိမ့္မည္ မဟုတ္ေပ ၊ သုိ့ေသာ္ ဒီတစ္ၾကိမ္သည္ကေတာ့ သူ ့ဆီကေန အေၿဖရေအာင္ ႏႈိက္ထုတ္ေနရသည့္ အခ်ိန္ ၿဖစ္ေလသည္ ။

သူမ သံုးခဲ့သည့္ နည္းလမ္းတုိင္းက အသံုးမ၀င္သည္ခ်ည္း ၿဖစ္တာေၾကာင့္ အထူးနည္းလမ္းကို ထုတ္သံုးလုိက္ရၿခင္းသာ ။

တံခါးအၿပင္ဘက္တြင္ ေလတုိးသံကား တ၀ွီး၀ွီးေန၏ ။

ေဒါက္ ေဒါက္ ေဒါက္

ရုတ္တရက္ဆုိသလို ေလတုိးေ၀ွ့ေနသံတုိ့ၾကား တံခါးေခါက္သံက ဘြားခနဲ ထြက္လာေလၿပီ ။

ဒီေလာက္ေတာင္ ေမွာင္ေနၿပီ ၊
ဘယ္သူက တံခါးလာေခါက္ေနတာလဲ ။

အခုခ်ိန္သည္ကား ေသေရးရွင္ေရးနွယ္ အလြန္တရာ အေရးၾကီးေနသည့္ အခုိက္အတန့္ ၊ ထိုေယာက်ာ္း၏ ဟန္ေဆာင္အေရခြံမွာ က်ြတ္လုနီနီး ၿဖစ္ေနေလၿပီ ။ ထုိ့ေၾကာင့္
ရီ၀မ္၀မ္ လမ္းတစ္၀က္မွာတင္ လက္ေလ်ွာ့အရံႈးမေပးလုိသၿဖင့္ ထုိတံခါးေခါက္သံအား မသိက်ိဳးက်ြံ ၿပဳေနလုိက္ေတာ့၏ ။

သုိ့ေသာ္ တံခါးေခါက္သံကား စည္းခ်က္ညီစြာ ထပ္ေပၚလာၿပန္သည္ ။ ရီ၀မ္၀မ္ လံုး၀ စိတ္ပုိင္းၿဖတ္ကာ လ်စ္လ်ဴရႈထားလုိက္၏ ။
ထုိအခုိက္ မီးထဲ ေလာင္စာ ထပ္ထည့္ေပးလုိက္သလိုနွယ္ ၊
သူ ့အား ပုိလုိ့ပင္ ရန္စမိသလုိ ၿဖစ္သြားေစသည့္ အသံတစ္သံ ။ တံခါးအၿပင္ဘက္ကေန ထြက္လာသည့္ ထုိေယာက်ာ္းသံတစ္သံကုိ ၾကားလုိက္ရေလၿပီ ။

“ေရွာင္ဖန္း … အိမ္မွာ ရွိလား”

ေသစမ္း …

ဂ်ိ ရိႈ ့ ရန္ ဟ ။

ရီ၀မ္၀မ္ အလန့္တၾကား ထလုိက္မိသၿဖင့္ ေကာ္ဖီစားပြဲေပၚ တင္ထားသည့္ ခြက္တစ္ခြက္ကုိ မေတာ္တဆ တုိက္ခ်မိသြား၏ ။ ခြမ္းခနဲ အသံၾကီးတစ္သံ တလူလူ လြင့္ထြက္လာေတာ့ေလၿပီ ။

ေသစမ္း …

ဒီအခ်ိန္ၾကီ ဂ်ိရိႈ ့ရန္ ေရာက္ခ်လာတယ္ … အတည္ၾကီးလား ။

သူသည္ ခြက္ကြဲသြားသံကို ၾကားသြားဟန္ပင္ ။ ဂ်ိရိႈ ့ရန္၏ တံခါးေခါက္သံမွာ ပုိလုိ့ အေလာတၾကီး နုိင္လာေလၿပီ ။

“ေရွာင္ဖန္း … ဘာၿဖစ္သြားေသးလဲ”

ရီ၀မ္၀မ္၏ေနာက္ေက်ာမွာ ေတာင့္တင္းသြားၿပီး
စုိးရိမ္တၾကီးၿဖင့္ ပတ္ခ်ာလွည့္ေနမိ၏ ။
“အရွင္နတ္ဆိုး … ၿမန္ၿမန္ေလး ပုန္းေန”

ဂ်ိရိႈ ့ရန္သည္ သူမတြင္ တစ္ခုခု ၿဖစ္ပ်က္ေနၿပီဟု
ေတြးမိသြားဟန္ပင္ ။ တံခါးကို ခ်ိဳးဖ်က္ေနေလၿပီ ။
သူ တံခါးဖ်က္ၿပီး ၀င္လာခါနီး ၿဖစ္ေနၿပီမို့ အေနာက္တံခါးကေန ထြက္သြားဖုိ့ဆိုသည္က ေနာက္က်လြန္းသြားေပၿပီ ။

ရီ၀မ္၀မ္ တစ္ခန္းလံုးကို ခ်ာလပတ္ရမ္းေအာင္ လုိက္ၾကည့္ေနမိရင္း နံေဘးတြင္ ရွိေနသည့္ ဗီရုိၾကီးတစ္ခုကို ၿမင္မိသြား၏ ။ သူမ
ေၿပာမလုိ့ လုပ္လိုက္ခ်ိန္ ဂ်ိရိႈ ့ရန္က ထပ္ေခၚလာၿပန္သည္ ။

“ေရွာင္ဖန္း”

“ဟုိ … ဘာမွ မၿဖစ္ဘူး ၊ ဘာမွ မၿဖစ္ဘူး ။ ဒီေလာက္
ေနာက္က်ေနမွ ဘာလို့ လာတာလဲ ။ တစ္ခုခု ၿဖစ္လုိ့လား”

ရီ၀မ္၀မ္ ကပ်ာကယာ လွမ္းေအာ္လိုက္၏ ။

တစ္ခ်ိန္တည္းမွာပင္ ဆုိဖာေပၚက ထုိေယာက်ာ္းအား တုိက္တြန္းလုိက္သည္ ။

“ၿမန္ၿမန္လုပ္ … ၿမန္ၿမန္လုပ္ .. ၿမန္ၿမန္ေလး”

ရီ၀မ္၀မ္၏ ထိတ္လန့္ကာ ပ်ာယာခတ္ေနေသာ အမူအရာေၾကာင့္ ထုိေယာက်ာ္း၏မ်က္နွာမွာ ပုိတုိးလုိ့ပင္ ေအးစက္လာ၏ ။ သူသည္ ခပ္တည္တည္ပင္ ထထုိင္လုိက္ၿပီး အမူအရာကင္းမဲ့စြာၿဖင့္
သူ ့ရွပ္အက်ၤီေပၚက ၾကယ္သီးနွစ္လံုးကုိ ေအးေအးလူလူ တပ္ေနေလသည္ ။

ေသစမ္း … ၀ဋ္လည္တာကလည္း ၿမန္လြန္းလိုက္တာ ။

ရီ၀မ္၀မ္ခမ်ာ ေအာ္ငိုပစ္လုိက္ခ်င္စိတ္ပင္ ေပါက္သြား၏ ။ သူမ ခ်က္ခ်င္းပင္ ဆုိဖာေရွ့တြင္ ဒူးေထာက္ထုိင္ခ်လုိက္ၿပီး
ထုိေယာက်ာ္း၏ ဒူးေပၚ ေခါင္းေလး တင္လုိက္ေတာ့ကာ မ်က္ရည္ရြဲေနသည့္ မ်က္၀န္းေလးၿဖင့္ ၊ အတုိင္းထက္အလြန္ ႏူးညံ့လြန္းေသာ အသံေလးၿဖင့္ ေၿပာဆုိလုိက္ေတာ့သည္ ။

“အရွင္နတ္ဆိုး ... လုပ္ပါ ၊ လုပ္ပါေနာ္ ။ ရွင့္ရဲ့ ေက်းဇူးကို က်ြန္မတစ္သက္လံုး မေမ့ဘူးေလေနာ္”

…………………………………………………………………...........

စာစဥ္ ၆၂၊ အခန္း ၁၅။ စိတ္ဆိုးေနၿပီ

ထုိမိန္းကေလးသည္ သူမေလး၏ မ်က္နွာနုနုေလးကုိ သူ ့ဒူးေပၚ အပ္ထားကာ သနားကမားဟန္ေလးၿဖင့္ သူ ့အား ေမာ့ၾကည့္လာေလသည္ ။ သူ ့မ်က္နွာထက္က ေအးစက္ေနမႈတုိ့ ၊
သူ ့ရင္အား ထုိးနွက္ေနသည့္ ေဒါသမုန္တုိင္းတုိ့ နွင့္ တစ္ကုိယ္လံုး တေၿမ့ေၿမ့ နာက်င္ေနမႈတုိ့မွာ မ်က္ေတာင္တစ္ခတ္အတြင္းပင္ အမ်ားၾကီး ေလ်ာ့က်သြားေတာ့ေလၿပီ ။

အေၿခအေန ေၿပလည္လာၿပီကုိ ၿမင္လုိက္သၿဖင့္ ရီ၀မ္၀မ္သည္ ထရပ္လုိက္ကာ သူ ့လက္ကေန ဆြဲၿပီး ထုိဗီရုိၾကီးဆီ အၿမန္ဆဲြေခၚသြားေတာ့၏ ။ ထို့ေနာက္ ဗီရုိတံခါးၾကီးကို
ဖြင့္လုိက္ကာ …
“အထဲမွာ ပုန္းေနေပးေနာ္ အရွင္နတ္ဆိုး”

ထိုေယာက်ာ္းသည္ သူ ့အေနာက္တြင္ ရွိေနသည့္ ထုိဗီရုိကုိ ၾကည့္လုိက္ၿပီးေနာက္ အေရွ့က တံခါးမၾကီးအား ၾကည့္လုိက္ၿပန္၏ ။ ခ်က္ခ်င္းပင္ သူ၏ အနည္းငယ္ ေၿပေလ်ာ့သြားၿပီၿဖစ္သည့္ မ်က္နွာ အမူအရာမွာ တစ္ဖန္ၿပန္လည္ ေအးစက္လာေလၿပီ ။

ရီ၀မ္၀မ္သည္ အိပ္ရာထက္တြင္ ေနာက္ရည္းစားနွင့္ ပလူးပလဲ လုပ္ေနၿခင္းကို တကယ့္ရည္းစားအစစ္က မိသြားမွာကုိ ေၾကာက္ေနသလိုလုိ လုပ္ေနၿခင္း မဟုတ္ပါလား ။

ဒီမိန္းမေတာ့ …

၀ုန္း ခနဲ အသံၾကီးတစ္သံ ထြက္လာ၏ ။ ဂ်ိရိႈ ့ရန္သည္ အထဲမွာ တစ္ခုခု ၿဖစ္ေနမွာကုိ စုိးရိမ္ေနခဲ့ၿခင္း ၿဖစ္ဟန္တူသည္ ။ တံခါးကုိ အားၿပင္းၿပင္းၿဖင့္ ထုရုိက္ေနေတာ့ေလၿပီ ။

ရီ၀မ္၀မ္ အေစာနက သူ ့ကုိ ဆြထားမိခဲ့ၿခင္းအေပၚ
ေနာင္တအၾကီးၾကီး ရမိသြား၏ ။ သူမေလး သူ ့ရင္ခြင္ထဲ တုိး၀င္ပစ္လုိက္ကာ သူ ့ႏႈတ္ခမ္းသားတုိ့အား ထပ္နမ္းေပးလုိက္ရင္း
“ေက်းဇူးၿပဳၿပီး … ေနာ္လို့ …”

ထုိေယာက်ာ္းသည္ကေတာ့ မ်က္နွာလႊဲပစ္လုိက္ကာ သူမေလး၏အနမ္းကို ေရွာင္ပစ္လုိက္ေခ်ၿပီ ။

ေသစမ္း …

ငါ ဒီတစ္ေခါက္ သူ ့ကုိ တကယ္ စိတ္ဆုိးေအာင္ လုပ္မိသြားတာပဲ …

“အား …”
ရီ၀မ္၀မ္ မ်က္ခံုးတုိ့ တြန့္ခ်ိဳးလာၿပီး ရုတ္တရက္ၾကီး
နာက်င္စြာၿဖင့္ ဗိုက္ကို ဖိနွိပ္ထားလုိက္ကာ .. ။
“နာတယ္…”

ထုိ့ေနာက္ သူ စိတ္လြင့္သြားခ်ိန္ ထုိဗီရုိထဲသုိ့ သူ ့ကုိ အတင္းတြန္းထည့္ပစ္လုိက္ၿပီး တံခါးကုိ ပိတ္ပစ္လုိက္ကာ
အၿပင္ကေန ေခ်ာက္ခနဲ ဂလန့္ထုိးပစ္လုိက္ေလၿပီ ။

သူမေလး တံခါးမပိတ္ခင္ ထုိေယာက်ာ္း၏ အလြန္အက်ဴး ေဒါသထြက္ေနေသာ ၊ ေၾကာက္စရာေကာင္းလြန္းလွေသာ မ်က္နွာၾကီးကုိ ၿမင္ၿဖစ္ေအာင္ ၿမင္လုိက္မိေသးသည္ ။

တစ္ခ်ိန္တည္းမွာပင္ တံခါးမၾကီးမွာ အၿပင္ဘက္ေန ၀ုန္းခနဲ တြန္းပြင့္လာေလၿပီ ။

ဂ်ိရိႈ ့ရန္ အိမ္ထဲသုိ့ ၀င္ခ်လာေလၿပီ ။

ရီ၀မ္၀မ္ ေခ်ြးတုိ့ ရႊဲနစ္ကာၿဖင့္ သူ ့ဆီ ေၿပးသြားလုိက္၏ ။
“အဟမ္း .. ဘာလို့ ဒီကုိ ေရာက္လာတာလဲ”

“ဘာၿဖစ္သြားေသးလဲ”
ဂ်ိရိႈ ့ရန္ ဧည့္ခန္းတစ္ခန္းလံုးကုိ မသိမသာ လုိက္ၾကည့္ေနသည္ ။

ရီ၀မ္၀မ္ သတိၾကီးၾကီးၿဖင့္ ထုိဗီရိုၾကီးကို သူ မၿမင္ရေအာင္ ကာပစ္လုိက္မိ၏ ။ ထုိ့ေနာက္ အခုမွ အိပ္ရာက နုိးလာဟန္ၿဖင့္ အိပ္ခ်င္မူးတူးစြာ ေၿပာလိုက္သည္ ။

“ဘာမွ မၿဖစ္ပါဘူး ၊ အေစာနက ေရေႏြးခြက္ကုိ ၀င္တုိက္မိသြားလုိ့ ။ ထုိင္ပါဦး … ေရေႏြးငွဲ ့ေပးမယ္ေနာ္”

“ဧည့္သည္ လာသြားတာလား”
ဂ်ိရိႈ ့ရန္သည္ ေကာ္ဖီစားပြဲကုိ ၾကည့္လုိက္၏ ။

သူမ ခြဲပစ္ခဲ့သည့္ ေကာ္ဖီခြက္အၿပင္ ေနာက္ထပ္တစ္ခြက္ပါ မ်က္နွာခ်င္းဆုိင္တြင္ ရွိေနေလသည္ ။

ရီ၀မ္၀မ္၏ ရင္ထဲ ဒုတ္ခနဲ ခုန္မိသြား၏ ။ ထိုက်ိဳးပဲ့ေနသည့္ အပိုင္းအစတုိ့ကို သိမ္းဆည္းပစ္လုိက္ၿပီး ရွင္းၿပလုိက္သည္ ။

“ၾကယ္ခုနစ္ အေစာက လာသြားတာ ။ ဒီေလာက္ေတာင္ ေနာက္က်ေနၿပီ ၊ တစ္ခုခု ေၿပာစရာ ရွိလု့ိလား”

ဂ်ိရိႈ ့ရန္သည္ ထိုေကာ္ဖီခြက္ကုိ စုိက္ၾကည့္ေနၿပီးေနာက္
ဆုိဖာေပၚတြင္ ထုိင္ခ်လုိက္၏ ။ သူမ ေၿပာသည့္စကားကုိ ယံုၾကည္ေလဟန္ ၿပဳလိုက္ၿပီး ခါတုိင္းလုိပင္ ၿပံဳးစစမ်က္နွာေလး ၿပန္ၿဖစ္တည္လာေလသည္ ။

“ဘာရယ္လုိ့ မဟုတ္ပါဘူး ။ ဒီတုိင္း ကုိယ္နဲ့ စုိးရိမ္ၿခင္းကင္းေသာနန္ ၾကားမွာ ဘာပတ္သက္မႈမွ မရွိဘူးဆုိတာကုိ မင္းကုိ ရွင္းၿပဖုိ့
လုိတယ္လုိ့ ခံစားမိလာလုိ့”

“ဒါပဲလား”  ရီ၀မ္၀မ္ အၿမန္ေၿပာလုိက္၏ ။

“ဘာမွ မၿဖစ္ဘူး ၊ ဘာမွ မၿဖစ္ဘူး ။ လံုး၀ကုိ စိတ္ထဲ မထားဘူး ။
ရွင္ ေၿပာသမ်ွ အားလံုး ယံုတယ္”

“အဲ့ဒီလုိလား”

“ဟုတ္တာေပါ့”  ရီ၀မ္၀မ္ ေခါင္းအၿမန္ညိတ္လုိက္သည္ ။

“ဒါဆုိရင္ ကိုယ္ ဒီေန့ ရွန္း အိမ္ေတာ္မွာ ေၿပာခဲ့တာကိုလည္း နားေထာင္မယ္မလား” ဂ်ိရိႈ ့ရန္က ေၿပာလာသည္ ။

ဂ်ိရိႈ ့ရန္ သူမကုိ ဒီည ဘာေၿပာခဲ့တာလဲ ။

ရီ၀မ္၀မ္၏စိတ္တုိ့ ပ့်ံၾကဲေနၿပီး သူ ေၿပာထားခဲ့သည့္ စကားကုိ မနည္းစဥ္းစားၾကည့္လုိက္္၏ ။ ၿပန္သတိရသြားၿပီးေနာက္တြင္
သူမေလး အၿမန္ေၿပာလုိက္ေတာ့သည္ ။

“အရွင္နတ္ဆိုးနား မသြားဖုိ့ ေၿပာခဲ့တာမလား ။ အင္းပါ ၊ အင္းပါ ။ ရွင့္စကားကုိ နားေထာင္မယ္ စိ္တ္ခ်”

ရီ၀မ္၀မ္က ထပ္ကာပင္ ၿဖည့္ေၿပာလုိက္ၿပန္သည္ ။
“စိ္တ္ခ်ပါ ၊ က်ြန္မ သူ ့နားကို လံုး၀ကုိ မသြားေတာ့ဘူး”

သူမေလး ေၿပာလုိက္သည္နွင့္ ထုိဗီရုိၾကီးဆီကေန အသံၾကီးတစ္သံ ထြက္လာ၏ ။

ဂ်ိရိႈ ့ရန္၏ မ်က္လံုးတုိ့ ခ်က္ခ်င္းပင္ ထုိဗီရုိၾကီး ရွိရာဆီ
ေရာက္သြားၿပီး လင္းလက္သြား၏ ။

ရီ၀မ္၀မ္သည္ကေတာ့ ေၾကာက္လြန္းလုိ့ ၾကက္သီးေမြးညင္းတုိ့ ထုိးေထာင္ကုန္ေလၿပီ ။

ေသစမ္း …

…………………………………………………………………………..

စာစဥ္ ၆၂၊ အခန္း ၁၆။ ေခ်ာ့တာလည္း မကယ္နုိင္ၿပီ

ထိုအခုိက္ ၊ အနက္ေရာင္အေကာင္ၾကီးတစ္ေကာင္သည္ ဗီရိုေနာက္ကေန ထြက္လာေလသည္ ။

ရီ၀မ္၀မ္၏မ်က္၀န္းတို့ ၀င္းပသြားၿပီး ၿမန္ၿမန္ပင္ ေၿပာလုိက္၏ ။
“ဗုိင္းရပ္စ္ ၊ ဘာလို့ အဲ့ေလာက္ေတာင္ ဆုိးေနရတာလဲ”

သူမသည္ ခ်က္ခ်င္းကို ဗုိင္းရပ္စ္အေပၚ အၿပစ္ပံုခ်ပစ္လုိက္ေလၿပီ ။

ဗုိင္းရပ္စ္သည္ ေလ်ွာက္လာေနရင္း တစ္ခုခုကို အနံ ့ရလိုက္ဟန္ ။ ဗီရုိေရွ့တြင္ နွာေခါင္းတရႈံ့ရႈ့ံလုပ္ကာ မာန္ဖီသံ သဲ့သဲ့ေလးပင္
ေပးလာ၏ ။

ေသစမ္း … နက္ေကာင္ေလး ၊ င့ါကို မေဖာ္နဲ့ဟ ။

ရီ၀မ္၀မ္သည္ သူမနံေဘးက ဆုိဖာေပၚကုိ အၿမန္ပုတ္ၿပလုိက္ၿပီး ေခၚလုိက္ရ၏ ။

“ဗုိင္းရပ္စ္ ၊ ဒီကုိ လာ”

“ေ၀ါင္း”

က်ားသစ္နက္ မွာ ဗီရုိ နွင့္ ရီ၀မ္၀မ္ၾကား ေရြးရခက္ေနၿပီးေနာက္ ရီ၀မ္၀မ္ကုိ ေရြးခ်ယ္ပစ္လုိက္ကာ သူမဆီ ေလ်ွာက္လာေတာ့၏ ။

က်ားသစ္နက္ၾကီးသည္ ဆုိဖာေပၚကို ခုန္တက္လုိက္ၿပီး ရီ၀မ္၀မ္၏ေပါင္ေပၚကို ေခါင္းေလး မွီတင္လုိက္ေလသည္ ။

ရီ၀မ္၀မ္သည္ ဗုိင္းရပ္စ္ ထုိဗီရိုအေၾကာင္းကုိ ေမ့သြားကာ စိတ္ေအးေအးလူလူ ၿဖစ္သြားဖုိ့ရာအတြက္ ဗုိင္းရပ္စ္၏ ေခါင္းေလး
ကုိ ပြတ္သပ္ေပးေနလုိက္၏ ။

ဟူး .. ေတာ္ေသးတယ္ … ။

ေနာက္ဆုံးတြင္ ဂ်ိရိႈ ့ရန္သည္လည္း ထုိဗီရုိကုိ ၾကည့္ေနၿခင္း ရပ္သြားေလၿပီ ။ သူမေလး လည္ေခ်ာင္းရွင္းလုိက္ၿပီး
ေၿပာလုိက္သည္ ။

“အဟမ္း … ဟုိေလ … ညဥ့္လည္း နက္ေနၿပီ ။ ရွင့္ကို အၾကာၾကီး ဆြဲမထားေတာ့ဘူးေနာ္ ။ မိုးကလည္း ရြာေတာ့မဲ့ပံုပဲ ၊ ၿပန္လုိက္ပါေတာ့လား”

ဂ်ိရိႈ ့ရန္သည္ သူ ့ေရေႏြးခြက္ကုိ ေကာက္ကိုင္လုိက္ကာ … “မေလာဘူး”

ရီ၀မ္၀မ္ ။ “…!!!”

မေလာဘူး ဆုိတာက ဘာအဓိပၸာယ္လဲ ။ က်ြန္မက အၾကီးၾကီး ေလာေနၿပီရွင့္ ၊ ဟုတ္ၿပီလား ။

ဟုိေဘာ့စ္က ဗီရုိထဲမွာ ဘယ္ေလာက္ၾကာၾကာ ေနနုိင္မလဲဆုိတာ ဘယ္သူ သိမွာလဲ ။

“ေရွာင္ဖန္း ၊ မင္းက ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ေခ်ာေခ်ာေလးေတြ သိပ္မက္တာကို ကုိယ္ သိပါတယ္ ။ ဒါေပမယ့္ ဘယ္သူ ့ၿဖစ္ၿဖစ္ ၾကိဳက္လုိ့ရတယ္ ၊ အရွင္နတ္ဆုိးကိုေတာ့ ၾကိဳက္လုိ့ မရဘူးေနာ္ ၊ နားလည္လား”

ဂ်ိရိႈ ့ရန္၏ေလသံသည္ကား ခါတုိင္းလုိပင္ ႏူးညံ့ေနေပမည့္ မ်က္၀န္းတုိ့ကေတာ့ ခါတုိင္းထက္ပင္ တည္ၾကည္ေလးနက္လုိ့
ေန၏။

“နားလည္ပါတယ္ ၊ နားလည္ပါတယ္ ။ အရွင္နတ္ဆိုး အေပၚမွာ ဘာခံစားခ်က္မွကုိ မရွိတာပါ ။ အဲ့လူၾကီးက အၿမဲတမ္း မႈန္သုန္ေနၿပီးေတာ့ မာထန္ေနတဲ့ဟာ … အမေလး ..
အရမ္းေၾကာက္ဖုိ့ ေကာင္းတယ္ ။ သူ ဘယ္ေလာက္ ေခ်ာေခ်ာ ၾကိဳက္မွာမဟုတ္ဘူး စိတ္ခ်”

ရီ၀မ္၀မ္၏စိတ္ထဲတြင္ ဂ်ိရိႈ ့ရန္ကုိ ၿမန္ၿမန္ၿပန္ေစခ်င္စိတ္သာ ရွိေနေသာေၾကာင့္ ေၿပာသမ်ွအကုန္ကုိ သူမ
သေဘာတူေပးမည္သာ ။

သူ ဘာေၿပာေၿပာ ဘယ္သူက ဂရုစိုက္ေနမွာလဲ ။

သို့ေသာ္ … သူမေလး ထုိသို့ ေၿပာလုိက္မိၿခင္းက တစ္ေယာက္ေသာသူကုိေတာ့ လံုး၀အတိ ရန္စမိသြားေလၿပီ …

ပထမဆံုးအၾကိမ္အေနၿဖင့္ ရီ၀မ္၀မ္ သူမေခ်ာ့ၿမွဴလာခဲ့သည့္ သက္တမ္းတစ္ေလ်ွာက္တြင္ ဒီတစ္ေခါက္က အခဲယဥ္းဆံုးေသာ အခ်ိန္ပင္ ။

ငါ သူ ့ကုိ … မေခ်ာ့နုိင္ေလာက္ေတာ့ဘူး …

“က်ြန္မက အရမ္းေခ်းမ်ားတဲ့သူပါေနာ္ ။ ႏူးညံ့သိမ္ေမြ ့ၿပီးေတာ့ ၿပံဳးေနတတ္တဲ့ ေယာက်ာ္းေတြကိုပဲ ပိုၾကိဳက္တယ္ ~”

ရီ၀မ္၀မ္သည္ အေၿခအေနက်ပ္ေနခ်ိန္တြင္ သူမအေရွ့က ထုိေယာက်ာ္းကုိ ေခ်ာ့ဖုိ့သာ ၾကံလုိက္ေတာ့၏ ။

ဂ်ိရိႈ ့ရန္သည္ ထုိသည္ကို ၾကားလုိက္ၿပီး တုိးဖြဖြေလး
ရယ္ေမာလာသည္ ။

ဒီအၿပံဳးေလး …

တကယ္ပင္ … ဂ်ိရိႈ ့ရန္ ၿပံဳးလိုက္တုိင္း သူမေလး ေၿခမကုိင္မိ လက္မကုိင္မိ ၿဖစ္ရစၿမဲ …

ရီ၀မ္၀မ္ ၿပန္အားေမြးလုိက္ၿပီး သူမေခါင္းသူမ ရုိက္ခ်လုိက္၏ ။

ဒါက ဘယ္လုိအခ်ိန္ၾကီးလဲ ။ ဘယ္လုိလုပ္ မဟုတ္တရုတ္ အေတြးေတြက ၀င္လာရတာလဲ ။

ေတာ္ပါေသးရဲ့ ၊ ဂ်ိရိႈ ့ရန္ ေနာက္ဆံုးေတာ့ ငါ့ကို ယံုသြားၿပီ ။

“ေတာ္ေတာ္ေလး ေနာက္က်ေနၿပီ ၊ မင္းလည္း အိပ္ေတာ့”

“ဟုတ္ ဟုတ္ ဟုတ္ ရွင္ေရာပဲ”

ရီ၀မ္၀မ္၏ စိတ္တင္းၾကပ္ေနမႈတုိ့အားလံုး လြင့္ၿပယ္သြားေလၿပီ ။
ဂ်ိရိႈ ့ရန္၏ ထုိတစ္ခုေသာ ဗီရိုကုိ မသိမသာ
ၾကည့္လုိက္ၿခင္းကုိေတာ့ သူမေလး သတိမၿပဳမိလုိက္ပါေခ် ။

“လုိက္ပုိ့ေပးမယ္ေနာ္”
ရီ၀မ္၀မ္ စိတ္အားထက္သန္စြာၿဖင့္ ေၿပာလိုက္သည္ ။

ရီ၀မ္၀မ္ ဂ်ိရိႈ ့ရန္ကို လုိက္ပို့ေပးဖုိ့ ထရပ္လိုက္ခ်ိန္ အၿပင္ဘက္ကေန ေၿခသံတစ္ဘုန္းဘုန္း ထြက္လာေလၿပီ ။

မလုိအပ္ဘဲ အက်ယ္ၾကီး ေလ်ွာက္တတ္သည့္ ခုနစ္စင္ၾကယ္၏ ေၿခသံတည္း ။

“အစ္မ ဖန္း … အိပ္ေနၿပီလား”

ခုနစ္စင္ၾကယ္ လား ။

ေသစမ္း ။

အသံအရ ခုနစ္စင္ၾကယ္နွင့္အတူ တၿခားသူမ်ားလည္း ပါလာေသးဟန္ပင္ ။

သူ ထြက္သြားၿပီ မဟုတ္ဘူးလား ။

ဒီေလာက္ ညဥ့္နက္ေနမွ ဘာၿပန္လာလုပ္တာလဲ ။

“မၿဖစ္ဘူး ၊ ခုနစ္စင္ၾကယ္နဲ ့ တၿခားသူေတြ ရွင့္ကုိ ၿမင္သြားလုိ့ မၿဖစ္ဘူး”

ရီ၀မ္၀မ္ကား ရူးခ်ာမတတ္ ၿဖစ္ေနေလၿပီ ။

ပုိဆိုးသည္မွာ အေစာနတုန္းက ဂ်ိရိႈ ့ရန္သည္ တံခါးကို ခ်ိဳးဖ်က္ၿပီး ၀င္လာခဲ့ၿခင္း ၿဖစ္ေနသၿဖင့္ တံခါးမွာ ေသာ့ပ်က္ေနၿပီးသားပင္ ။ ခုနစ္စင္ၾကယ္၏ ေၿခသံမွာ နီးကပ္လာေလၿပီး တံခါးကို
ၿဖည္းၿဖည္းခ်င္း တြန္းဖြင့္လုိက္ေလၿပီ ။

ဧည့္ခန္းၾကီးတစ္ခုလံုးတြင္လည္း ပုန္းလို့ရသည့္ ေနရာကား တစ္ေနရာသာ ရွိေန၏ …

…………………………………………………………………………

စာစဥ္ ၆၂၊ အခန္း ၁၇။ ရန္မၿဖစ္ၾကနဲ့ေနာ္

ခုနစ္စင္ၾကယ္ နဲ့ ၾကယ္ခုနစ္ သာ ဂ်ိရိႈ ့ရန္ကို ဒီမွာ ေတြ ့လိုက္ရရင္
ငါ့ကုိ ေသခ်င္ေဇာ္နံေအာင္ကို တဗ်စ္ေတာက္ေတာက္
ေၿပာၾကလိမ့္မယ္ ။

မၿဖစ္ဘူး … ငါနဲ့ ဂ်ိဘုရင္ရဲ့ ပတ္သက္မႈကို သူမ်ားေတြ
သိလုိ့မၿဖစ္ဘူး ။

“ကုိယ္ ပုန္းလုိက္မယ္”

ဂ်ိရိႈ ့ရန္သည္ ထုိသုိ့ ေၿပာလိုက္ၿပီး ဗီရုိၾကီးရွိရာဆီ ေလ်ွာက္သြားလုိက္ေလၿပီ ။

ဂ်ိရိႈ ့ရန္ ဗီရိုတံခါးကို ဖြင့္ဖုိ့ အလုပ္တြင္ ရီ၀မ္၀မ္ ေအာ္ေၿပာလုိက္၏ ။

“မလုပ္နဲ့ —”

တံခါးသည္ အၿပင္ကေန ဂ်က္ထိုးထားၿခင္း ၿဖစ္သၿဖင့္ အထဲကေန ဖြင့္လုိ့ မရေသာ္လည္း အၿပင္ကေနေတာ့ ဖြင့္လုိ့ ရေပသည္ ။

ဂ်ိ ဘုရင္သည္ ထုိဗီရုိအား ဖြင့္လုိက္သည္နွင့္ သူ၏ႏူးညံ့ၿပီး ေႏြးေထြးေသာမ်က္၀န္းတုိ့မွာ ေအးစက္ၿပီး တင္းမာလာသည့္ မ်က္၀န္းတုိ့ အသြင္ ေၿပာင္းသြားေလၿပီ ။

ရီ၀မ္၀မ္ ထိတ္လန့္စြာၿဖင့္ မ်က္လႊာတိ့ုကုိ ပိတ္ခ်ပစ္လုိက္၏ ။

ေသၿပီ ။

“အစ္မ ဖန္း … အစ္မ ဖန္း ေရ ။ အဲ … တံခါးက ဘာလို့ ပ်က္ေနတာပါလိမ့္ ၊ အစ္မ ဖန္း”

ရီ၀မ္၀မ္ မ်က္နွာကို လက္နွင့္ အုပ္ထားမိရင္း ေရြးခ်ယ္စရာ
မရွိေတာ့ဘဲ ဂ်ိရိႈ ့ရန္ကုိ တြန္းထည့္ပစ္လုိက္၏ ။ အထဲက
ေဘာ့စ္ၾကီး နွစ္ေယာက္အား သူမေလး ေတာင္းပန္တုိးလ်ွိဳးစြာ ခုိးၾကည့္လုိက္ၿပီး ေၿပာလုိက္မိ၏ ။

“ဒုကၡေပးရတဲ့အတြက္ ေတာင္းပန္ပါတယ္ ။ သူတုိ့ကို ၿမန္နုိင္သမွ် အၿမန္ဆံုး ေမာင္းထုတ္ပစ္လုိက္မယ္ ။ ရွင္ .. ရွင္တုိ့နွစ္ေယာက္ … အဆင္ေၿပေၿပေနၾကေနာ္ …”

အဲ့မွာ ရန္မၿဖစ္ၾကနဲ့ေနာ္ …

သူမမွာ အမွန္တကယ္ပင္ ငိုခ်င္စိတ္ ေပါက္ေနမိ၏ …

ဂ်ိရိႈ ့ရန္သည္ သူ ့နံေဘးက ထုိေယာက်ာ္းကုိ ၾကည့္လုိက္ၿပီး တည္တည္ၿငိမ္ၿငိမ္ပင္ ၿပံဳးၿပလာကာ ..
“စိတ္ခ်ပါ”

ဂ်ိရိႈ ့ရန္က ဂ်ိရိႈ ့ရန္ ပါပဲလား ။
ဗီရုိထဲမွာ ေနာက္ေယာက်ာ္းတစ္ေယာက္ကို ေတြ ့ေနရတာေတာင္ အၿပံဳးမပ်က္တုန္းပဲ ။

ငါေလး ဘယ္လုိအေကာင္ၾကီးေတြကုိ သြားၿပီး ရန္စမိတာလဲ ။

အရွင္နတ္ဆုိးအဖို့သည္ကား သူသည္ မီး၀င္း၀င္းေတာက္ေနသည့္ မ်က္၀န္းတုိ့ၿဖင့္ သူမေလးအား စုိက္ၾကည့္ေနၿပီးေနာက္ တည္တည္ၿငိမ္ၿငိမ္ၿဖင့္ မ်က္လႊာၿပန္ပိတ္သြားေလၿပီ ။

ရီ၀မ္၀မ္ ဗီရုိတံခါးအား အၿမန္ပင္ ပိတ္ပစ္လုိက္ရ၏ ။

တံခါးပိတ္လုိက္သည့္ လက္မတင္ေလး ၊ ခုနစ္စင္ၾကယ္နွင့္
ၾကယ္ခုနစ္ မွာ အထဲကို ၀င္လာၾကေလၿပီ ။

ခုနစ္စင္ၾကယ္သည္ ဆုိဖာေပၚကုိ လွစ္ခနဲ ထုိင္ခ်လုိက္ၿပီး ဂ်ိဘုရင္ အေစာနက ေသာက္သြားသည့္ ေရေႏြးခြက္ကုိ ေကာက္ကိုင္ကာ တေမာ့တည္း ေသာက္ခ်ပစ္လုိက္ေလၿပီ ။ ထုိခြက္က ေႏြးပ်ပ်ေလး ရွိေနၿပီး တစ္ေယာက္ေယာက္ လာသြားခဲ့သည္ ဆုိၿခင္းကုိ သူ သတိမၿပဳမိလုိက္ပါေပ ။

“အစ္မ ဖန္း ၊ တံခါးက ဘာလို့ ပ်က္ေနတာလဲ ။ က်ြန္ေတာ္တုိ့ အေစာနက ၿပန္သြားတုန္းကေတာင္ အေကာင္းၾကီးပါ ။ ဒါေပမယ့္
ဘာမွ မၿဖစ္ဘူး ၊ က်ြန္ေတာ္က တံခါးၿပင္တဲ့ေနရာမွာ ဆရာၾကီး ။ က်ြန္ေတာ့္ကုိသာ လႊဲထားလုိက္ ၊ ေသခ်ာေလးကုိ ၿပန္ၿပင္ေပးမယ္”

တံခါးၿပင္ အေတြ ့အၾကံဳ ရေနၿပီ ၿဖစ္သည့္ ခုနစ္စင္ၾကယ္မွာ ခ်က္ခ်င္းပင္ အာေပါင္အာရင္းသန္သန္ နွင့္ ၾကြား၀ါေတာ့သည္ ။

“မင္း … မင္တုိ့နွစ္ေယာက္ ဘာလုိ့ ၿပန္လာတာလဲ” ရီ၀မ္၀မ္
ရင္ထဲမွာ ေဒါသေ၀ကာ ထိုနွစ္ေယာက္ကို ၾကည့္လိုက္မိသည္ ။

ခုနစ္စင္ၾကယ္က ၿပန္ေၿဖလာသည္ ။

“အေရးၾကီးတဲ့ကိစၥရွိလုိ့ေပါ့”

ရီ၀မ္၀မ္ ေကာက္က်စ္စြာ ၿပံဳးလုိက္ၿပီး …
“ေအာ္ … မိုးၿပိဳတာေလာက္ မၾကီးလုိ့ကေတာ့ ငါ မင္းကုိ ေသေအာင္ ရုိက္ပစ္မယ္မွတ္”

“ဒါက အစ္မအသက္နဲ့ ဆုိင္ေနတာ အစ္မ ဖန္း ကလည္း … ဘယ္လိုလုပ္ မိုးၿပိဳတာေလာက္ အေရးမၾကီးရမွာလဲ”

ထုိ့ေနာက္တြင္ ခုနစ္စင္ၾကယ္သည္ လက္ခုပ္တေၿဖာင္းေၿဖာင္း တီးလုိက္ကာ ေၿပာလုိက္သည္ ။

“၀င္လာခဲ့”

ဆယ္ေယာက္ေက်ာ္ေသာ လူမ်ား အိမ္ထဲသုိ့ ၀င္ခ်လာေလၿပီ ။

ထိုလူသစ္မ်ားကုိ ၿမင္လုိက္ၿပီး ရီ၀မ္၀မ္၏ မ်က္၀န္းတုိ့
လႈပ္ခတ္မိသြား၏ ။

အကုန္ အေခ်ာေလးေတြ ခ်ည္းပါလား ….

အကုန္လံုးက ေခ်ာလြန္းမိုက္လြန္းေနၿပီး ဟုိတစ္ေခါက္က ခုနစ္စင္ၾကယ္ အေလာတၾကီး ေရြးခ်လာတာေတြထက္  အပံုၾကီး ေခ်ာလွခ်ည္လား …

ၾကည့္ရတာ ဒီတစ္ေခါက္ေတာ့ သူ ေသခ်ာေရြးၿပီးေတာ့ကို ရွာလာခဲ့တယ္နဲ့ တူတယ္ ။

ရီ၀မ္၀မ္ ေခါင္းအၾကီးၾကီး ကိုက္ခ်င္ခ်င္ ၿဖစ္လာကာ မ်က္ရိုးတုိ့ကို နွိပ္နယ္ေနမိေလၿပီ ။

“ထပ္ၿပီးေတာ့လား … အဲ့ဒါကုိ ရပ္လုိက္ေတာ့ဖို့ ငါ မင္းကို မေၿပာခဲ့ဘူးလား ။ မင္းတုိ့ ထပ္ရွာလာရင္ေတာင္မွ
ငါ့အေၿခအေနနဲ့က အလကားပဲ”

ခုနစ္စင္ၾကယ္က ရီ၀မ္၀မ္နား ကပ္ကာ ေၿပာလာသည္ ။
“ဘယ္လိုလုပ္ အလကား ၿဖစ္မွာလဲ ။ အဲ့ဒီအဆိပ္က အစြမ္းၿပလာၿပီဆုိရင္ အစ္မရဲ့ စိတ္ေတြ ၾကြလာၿပီးေတာ့
စိတ္မထိန္းနုိင္ ၿဖစ္လာတတ္တယ္တဲ့ ။ အစ္မ အခုတေလာ ၿဖစ္ေနတာေတြနဲ့လည္း လံုး၀ ကြက္တိပဲ ။ အစ္မ ကုိယ္ထဲက နတ္သက္ေၾကြအဆိပ္ကို မေၿဖဘဲနဲ့ အေသမခံလုိက္နဲ့ေနာ္”

“အစ္မ ဖန္း … သူတုိ့နဲ့ အခုပဲ ၿမန္ၿမန္လုပ္လုိက္ေတာ့ ။ အဲ့ဒါဆုိ အစ္မလည္း ဟုိေသမင္းနွစ္မင္းကို သြားသြားၿပီး
ခလုတ္တုိက္ေတာ့မွာ မဟုတ္ဘူး ။ သူတုိ့နဲ့ လုပ္ၿပီးေတာ့
ဂ်ိဘုရင္ နဲ့ အရွင္နတ္ဆိုး တုိ့အေၾကာင္းကုိ လံုး၀ ေမ့ပစ္လုိက္ေတာ့ ၊ ဟုတ္ၿပီလား”

ၾကယ္ခုနစ္သည္ ခုနစ္စင္ၾကယ္ လုပ္ေနၿခင္းကုိ
သေဘာတူေနသလုိလုိ ဘာကိုမွ ၀င္မေၿပာလာေပ ။

ထုိနွစ္ေယာက္ကို ၿမန္ၿမန္ၿပန္သြားေစဖို့ရာအတြက္ ရီ၀မ္၀မ္ အားတက္သေရာ ေၿပာလုိက္မိၿပန္သည္ ။

“ငါ အေစာနက ပ်င္းေနလို့ ေလ်ွာက္လုပ္မိတာလုိ့ မေၿပာခဲ့ဘူးလား ။ မင္းတုိ့မ်က္လံုးထဲမွာ ငါက အေခ်ာေလး ၿမင္လုိက္တာနဲ့ ငမ္းငမ္းတက္ၿပီး ရွိသမွ်သိကၡာအကုန္ လႊင့္ပစ္လိုက္တတ္တဲ့ လူစားလား”

…………………………………………………………………………

စာစဥ္ ၆၂၊ အခန္း ၁၈။ အေခ်ာအလွေလးေတြ ဆုိတာက အပုပ္ေကာင္ကုိ အရုပ္ေဆာင္ထားၾကတာခ်ည္းပဲ

ၾကယ္ခုနစ္သည္ ဆက္သာ တိတ္ဆိတ္ေနၿပီး
ခုနစ္စင္ၾကယ္ကေတာ့ ေခါင္းတဆတ္ဆတ္ ညိတ္ၿပလာေလၿပီ ။

“မဟုတ္လို႔လား”

“ဒီကုိ လာစမ္း”

ငါ နင့္ကို မရုိက္ရင္ ၾကိဳက္သလုိ ေၿပာ ။

ခုနစ္စင္ၾကယ္သည္ ၾကယ္ခုနစ္အေနာက္တြင္ ခ်က္ခ်င္း ပုန္းပစ္လုိက္ေလသည္ ။
“အစ္မ ဖန္း ကလည္းဗ်ာ ၊ က်ြန္ေတာ္ အစ္မ ေနာက္ လုိက္ေနတာ နွစ္ေတြအမ်ားၾကီး ၾကာေနၿပီဟာ … အစ္မ အေၾကာင္းကို အူမေခ်းခါးမက်န္ သိတာေပါ့ ။ ကုိယ့္ကုိယ္ကုိ
ညာမေနပါနဲ့ေတာ့ဗ်ာ”

“အစ္မ သူတို့ကုိ ၾကည့္ေတာင္မၾကည့္ရေသးဘဲနဲ့ အစ္မအၾကိဳက္ မပါဘူးလုိ့ ဘယ္လိုလုပ္သိမွာလဲ ။ အရင္ဆံုး ေသခ်ာေလး ၾကည့္ၾကည့္လုိက္ေလ ။ ၿပီးခဲ့တဲ့တစ္ေခါက္တုန္းက က်ြန္ေတာ္ ကတိုက္ကရိုက္ ရွာလိုက္ရလုိ့ .. ဒီတစ္ေခါက္ကေတာ့ မတူဘူး ၊ ေသေသခ်ာခ်ာကုိ ေရြးထားတာ ။ က်ြန္ေတာ့္ ရည္းစားကိုေတာင္ အဲ့ေလာက္ၾကီး ေရြးတာ မဟုတ္ဘူးေနာ္ ။ အရင္ဆံုး ၾကည့္ၾကည့္လုိက္”

ေအာ္ေအာ္ ….

သူမသည္ ထိုဗီရုိထဲမွာ ရွိေနၾကသည့္ ေယာက်ာ္းနွစ္ေယာက္အေၾကာင္းကုိ ေတြးလုိက္မိတာနဲ့ တၿခားဘယ္နတ္သားအေၾကာင္းကုိမွ အာရံုမေမြ ့ေလ်ာ္နုိင္ေတာ့ဘူး ၊ ဟုတ္ပီလား ။

ရီ၀မ္၀မ္ ထုိေယာက်ာ္းအဖြဲ ့အား ေအးေအးလူလူပင္
ၾကည့္လုိက္မိ၏ ။ ဒီတစ္ေခါက္ ခုနစ္စင္ၾကယ္ ရွာလာခဲ့သည့္ ေယာက်ာ္းမ်ားသည္ အမွန္ပင္ အလြန္အက်ဴး ေခ်ာေမာလြန္းလွ၏ ။ သူမ ရွားရွားပါးပါး အထင္ၾကီးမိသြားေလၿပီ ။

ကံမေကာင္းစြာၿဖင့္ …. သူတုိ့ ဘယ္ေလာက္လွလွ
အထဲက အလွေလးနွစ္ေယာက္နွင့္ မယွဥ္နုိင္ၾကေပ …

သူမ တစ္ခ်က္ေလးပင္ စိတ္မ၀င္စားေနၿခင္းအေပၚ
သူတုိ့ အၿပစ္တင္လုိ့ မရပါေပ …

ခုနစ္စင္ၾကယ္ နွင့္ ၾကယ္ခုနစ္ကုိ ၿမန္ၿမန္ေမာင္းထုတ္နုိင္ဖို့ရာ
အတြက္ ရီ၀မ္၀မ္ ေတြ ့ကရာလူကို လက္ညွိဳးထုိးၿပလုိက္၏ ။

“ဒီတစ္ေယာက္”

ခုနစ္စင္ၾကယ္သည္ သူမ ေရြးလုိက္သည့္သူကုိ ၾကည့္လုိက္၏ ။ ထုိတစ္ေယာက္သည္ က်ံဳ့က်ံဳ့ေလး ရပ္ေနၿပီး ပါးနွစ္ဖက္တြင္ ပါးခ်ိဳင့္ေလးနွင့္ အလြန္အက်ဴး ခ်စ္ဖုိ့ ေကာင္းလွေခ်သည္ ။

ခုနစ္စင္ၾကယ္က ပြစိပြစိ ေၿပာလာေတာ့သည္ ။

“အစ္မ ဖန္း ရာ ေလ်ွာက္ေနာက္မေနပါနဲ့ေတာ့လား ။ သူက ဘယ္လုိလုပ္ အစ္မအၾကိဳက္ ဟုတ္မွာလဲ ။ ေလ်ွာက္ၿပီး ေတြ ့ကရာ ေရြးမေနဘဲ အစ္မ တကယ္ၾကိဳက္တဲ့သူကုိ ေရြးစမ္းပါဗ်ာ ။
ဒီကုိ လာ … သူ ့ကုိ ၾကိဳက္လား ၾကည့္ၾကည့္လုိက္”

သူသည္ ရီ၀မ္၀မ္ကုိ ရတနာတစ္ခု ၿပေတာ့မည့္မလုိ ေဘးကုိ ဆြဲေခၚသြားၿပီး ေနာက္ဆံုးတစ္ေယာက္ကုိ လက္ညိွဳးထုိးၿပလုိက္၏ ။

“ဒီတစ္ေယာက္ကို ၾကည့္ၾကည့္ … သူ ဘယ္လုိေနလဲ”

ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္ လက္ညွိုဳးထုိးၿပသည့္ သူကုိ ၾကည့္လုိက္၏။ ထိုသူသည္ အၿဖဴေရာင္၀တ္စံုကို ၀တ္ဆင္ထားၿပီး
မီးခိုးေရာင္ဆံပင္နွင့္ မီးခုိးေဖ်ာ့ေရာင္မ်က္၀န္းတုိ့ကို ပိုင္ဆုိင္ထားကာ မ်က္နွာေလးမွာ အလြန္အက်ဴးေခ်ာေမာသလုိ အၿပံဳးသည္လည္း ႏူးညံ့လွေပသည္ ။ ရီ၀မ္၀မ္၏မ်က္ခံုးတုိ့ပင္ ပင့္တက္သြားေစသည့္ အခ်က္သည္ကား ထိုသူသည္ စီရီဟန္နွင့္ပါ တခ်ိဳ့ေနရာတြင္ ထပ္တူညီေနၿခင္းပင္ …

ရီ၀မ္၀မ္ တစ္ကုိယ္ၾကား ေရရြတ္လိုက္မိ၏ ။
“သူက …”

သူက ဂ်ိဘုရင္နဲ့ အရွင္နတ္ဆုိးကို ေပါင္းထားတာပဲ ။

စိတ္ေနစိတ္ထားက ဂ်ိဘုရင္နဲ့ တူၿပီး ရုပ္ရည္က်ေတာ့
အရွင္နတ္ဆုိးနဲ့ တူတယ္ ။

“သူ ဘယ္လိုလဲ ၊ သူ ဘယ္လိုလဲ ။ ေတာ္ေတာ္ေလး
ေခ်ာတယ္မလား ။ သူ ့ဆီမွာ ဂ်ိဘုရင္ေရာ အရွင္နတ္ဆုိးေရာရဲ့ အေမြေတြ အကုန္ရွိတယ္ ။ ဒီလုိလူမ်ိဳးကို ရွာေတြ ့နုိင္ဖုိ့ကုိ
က်ြန္ေတာ့္မွာ လြတ္လပ္ေသာနယ္ေၿမၾကီးတစ္္ခုလုံးကုိ ေၿမလွန္ၿပီး ရွာထားရတာေနာ္”
ခုနစ္စင္ၾကယ္က စိတ္လႈပ္ရွားစြာၿဖင့္ ေၿပာဆုိလာသည္ ။

ရီ၀မ္၀မ္သည္ အေစာနက ထုိသူတုိ့ကို ေသခ်ာမၾကည့္မိခဲ့ပါေခ် ။
အခု ေသေသခ်ာခ်ာ ၾကည့္လုိက္မိေတာ့မွ သူသည္ တကယ့္ကုိ ရွားရွားပါးပါး ေခ်ာေမာသူၾကီးၿဖစ္ေၾကာင္း သိလာရ၏ - အနုပညာေလာကထဲတြင္ ဒီလုိရုပ္ရည္နဲ့ဆုိလ်ွင္ ရုပ္တစ္ခုထဲနဲ့တင္ မုိးထုိးေအာင္ ေအာင္ၿမင္ေက်ာ္ၾကားသြားနုိင္ေပသည္ …

“ေတာ္ေတာ္ေလးေတာ့ ေခ်ာတယ္ …”
ရီ၀မ္၀မ္ ေမးေစ့ေလးကုိ ပြတ္သပ္ကာ ေၿပာလုိက္မိ၏ ။

ရီ၀မ္၀မ္၏စကားကုိ ၾကားလုိက္ၿပီး ထုိသူ၏မ်က္၀န္းထဲတြင္
ေပ်ာ္ရႊင္မႈတုိ့ ဖ်တ္ဖ်တ္လူးလာေတာ့သည္ ။

“ဟုတ္တယ္မလား ၊ ဟုတ္တယ္မလား ။ အစ္မ ၾကိဳက္မယ္ဆုိတာ သိသားပဲ ။ ဒီလုိ ေတြးၾကည့္လုိက္ —  ဒီအေခ်ာေလးနဲ့
အတူရွိေနရင္း စိတ္ထဲကေန ဂ်ိဘုရင္နဲ့ အရွင္နတ္ဆုိး နွစ္ေယာက္စလံုးနဲ့ အတူ ရွိေနရတယ္လုိ့ ေတြးလိုက္ ။ ဘယ္ေလာက္ေတာင္ မုိက္လဲ”
ခုနစ္စင္ၾကယ္သည္ စိတ္အားထက္သန္စြာၿဖင့္ ေၿပာလာသည္ ။

ရီ၀မ္၀မ္ မ်က္လံုးလွန္ၾကည့္ေပးလုိက္၏ ။

“ဂ်ိဘုရင္နဲ့ အရွင္နတ္ဆုိး နွစ္ေယာက္စလံုးနဲ့ ရွိေနတယ္” ဆုိတာက ဘာစကားၾကီးလဲ ။

ေက်ာခ်မ္းစရာစကားၾကီးကုိ ဘယ္လုိမ်ား ေၿပာထြက္တာလဲ ။

ခုနစ္စင္ၾကယ္သည္ ရီ၀မ္၀မ္၏အမူအရာကို အကဲခတ္ေနရင္း ေမးလုိက္သည္ ။
“ဘယ္လုိလဲ အစ္မ ၾကိဳက္တယ္မလား ။ ဒါဆုိ က်ြန္ေတာ္ သူ ့ကို ထားခဲ့ေပးရမလား ။ အာ… မၿဖစ္ေသးဘူး ၊ တစ္ေယာက္ထဲဆုိ အစ္မအတြက္ လံုေလာက္မွာ မဟုတ္ဘူး ။ အကုန္လံုးပဲ ထားခဲ့လုိက္ေတာ့မယ္”

ရီ၀မ္၀မ္၏ ႏႈတ္ခမ္းတု့ိ တြန့္ခ်ိတ္သြားရ၏ ။
“မင္းဖင္ၾကီးပဲ တစ္ေယာက္ထဲ မေလာက္ ။ ငါ အိပ္ေတာ့မယ္ ၊
ငါ့ကို လာမေနွာင့္ယွက္နဲ့ ။ ေၿပာထားမယ္ေနာ္ … အခုခ်ိန္မွာ ဘယ္အေခ်ာေလးကိုမွ လံုး၀ကုိ စိတ္မ၀င္စားဘူး ။ အေခ်ာအလွေတြဆုိတာက အပုပ္ေကာင္ကို ရုပ္ေဆာင္ထားၾကတာခ်ည္းပဲ”

……………………………………………………………………..........

စာစဥ္ ၆၂၊ အခန္း ၁၉။ ငါတုိ့ၾကားမွာ ဘာမွ မရွိဘူး

ခုနစ္စင္ၾကယ္က ႏႈတ္ခမ္းဆူကာ ေၿပာလာေလၿပီ ။

“အစ္မ ဖန္း ညာတယ္ ။ အစ္မ ဂ်ိဘုရင္ နဲ့ အရွင္နတ္ဆုိးအေပၚမွာ လက္မေလ်ွာ့ေသးဘူး မလား”

ၾကယ္ခုနစ္က အမူအရာကင္းမဲ့စြာၿဖင့္ ၀င္ေၿပာလာသည္ ။

“ေတာ္ေတာ့ … အစ္မ ဖန္း မၾကိဳက္ဘူးဆုိရင္ ငါတုိ့ ထပ္ရွာလုိ့
ရတာပဲ”

ရီ၀မ္၀မ္ စိတ္တုိစြာၿဖင့္ ရွိသမ်ွအေမႊးေတြအကုန္
ဆြဲႏႈတ္ပစ္ခ်င္စိတ္ပင္ ေပါက္လာရေလၿပီ ။

ဒီေကာင္စုတ္ေလးေတြ ငါ့စကား နားမေထာင္ၾကဘူးပဲ ။

ခုနစ္စင္ၾကယ္သည္ ထုိေယာက်ာ္းေလးမ်ားအား အရင္သြားခုိင္းလုိက္ေတာ့ၿပီး စိတ္ရွည္လက္ရွည္
ဇြဲေကာင္းေကာင္းၿဖင့္ တတြတ္တြတ္ ေၿပာေနသည္ ။

“အစ္မ ဖန္း ဒီလုိေတြ ေၿပာလာဦးမွာစုိးလုိ့ က်ြန္ေတာ္
ဒုတိယအသုတ္နဲ့ တတိယအသုတ္ကိုပါ ေခၚထားတယ္ ။
သူတုိ့ အခု လမ္းမွာ ေရာက္ေနၿပီ ။ အစ္မ အၾကိဳက္ေတြ ့မယ့္သူကုိ က်ြန္ေတာ္ ေသခ်ာေပါက္ကုိ ရွာေပးမယ္ေနာ္ အစ္မ ဖန္း”

ရီ၀မ္၀မ္ ေမးေစ့ကုိ ပြတ္သပ္လုိက္ၿပီး အားၿပတ္စြာ ေၿပာလုိက္မိ၏ ။
“ငါ မိုးနတ္မင္းကုိ တုိင္တည္ၿပီး က်ိန္ဆုိရဲတယ္ ။ အရင္တုန္းက ပ်င္းေနလို့ ေလ်ွာက္လုပ္ေနရံုပဲ ။ ငါ တကယ္ကို ဂ်ိဘုရင္နဲ့ အရွင္နတ္ဆိုး အေပၚမွာ ဘာခံစားခ်က္မွကုိ . လံုး၀ကုိ . မရွိဘူး ၊ ဟုတ္ပီလား”

“ဟုတႅိဳ့လား”
ခုနစ္စင္ၾကယ္ကား သိသိသာသာကုိ မယံုၾကည္ေသးေပ ။
“ဒါဆုိရင္ ဂ်ိဘုရင္ကို ဘာလုိ့ လူလည္ေခါင္ၾကီး နွင္းဆီပန္းအၿဖဴေတြခ်ည္း ၉၉၉ ပြင့္ သြားေပးရတာလဲ ။ ၿပီးေတာ့လဲ ဖေယာင္းတုိင္ မီးထြန္းထားတဲ့ ညစာစားပြဲကုိ သြားစားဖုိ့ ေခၚလုိက္ေသးတယ္ ။ အဲ့ဒါၿပီးသြားၿပန္ေတာ့ ညၾကီးသန္းေခါင္ အဇူရာနန္းရဲ့ တံတုိင္းေပၚ ခုန္တက္ၿပီး အရွင္နတ္ဆိုးနဲ့
တိတ္တိတ္ေလး ခုိးေတြ ့တယ္ ။ အစ္မ ၿပန္ေရာက္လာေတာ့ အရွင္နတ္ဆုိးရဲ့ အ၀တ္ေတြကုိ ၀တ္ၿပီး ၿပန္လာတာကေရာ …”

ရီ၀မ္၀မ္မွာ ခုနစ္စင္ၾကယ္ကို တားခ်ိန္ပင္ မရလုိက္ ။
သူကား အကုန္လံုးကို ေဖာ္ပစ္လုိက္ေခ်ၿပီ ။

သူမ ၿမန္ၿမန္ဆန္ဆန္ပင္ ထိုဗီရုိၾကီးဘက္ဆီ
ေၾကာက္ေၾကာက္လန့္လန့္ ၾကည့္လုိက္မိ၏ ။ ထုိ့ေနာက္ မီး၀င္း၀င္းေတာက္ေနသည့္ မ်က္၀န္းတုိ့ၿဖင့္ ခုနစ္စင္ၾကယ္ဘက္သို့ လွည့္ၾကည့္လုိက္ေတာ့သည္ ။

ခုနစ္စင္ၾကယ္ ၊ လဒူေကာင္ၾကီးရဲ့ ။

ေသခ်င္းဆုိး ကာလနာ ေၿမြေပြးကုိက္ေကာင္ … နင္ ငါ့ကို အၾကီးၾကီး ေဆးထုိးတယ္ ။

လက္ရွိတြင္ ခပ္မွိန္မွိန္သာ အလင္းေရာင္ရေနေသာ ဗီရုိထဲတြင္ ။

ထုိေယာက်ာ္းနွစ္ေယာက္၏ အၾကည့္တုိ့မွာ
မီး၀င္း၀င္းေတာက္ေနေလၿပီ ။

ဗီရုိၾကီးသည္ အသံလံုလွေသာေၾကာင့္ တုိးတုိးတိတ္တိတ္သာ ေၿပာမည္ဆုိလ်ွင္ အၿပင္ဘက္ကသူမ်ား မၾကားနုိင္ၾကပါေခ် ။

ထုိက်ဥ္းက်ပ္လွသည့္ ဗီရုိၾကီးမွာ ထိုလူနွစ္ေယာက္နွင့္ ကြက္တိ ။
ဂ်ိရိႈ ့ရန္သည္ ေဘးတြင္ ကပ္ေနၿပီး တည္ၿငိမ္စြာ ၿပံဳးကာ
ေၿပာလာသည္ ။

“က်ြန္ေတာ္တုိ့ ထပ္ေတြ ့ၾကၿပန္ၿပီေနာ္ ၊ ဂုဏ္ယူမိပါတယ္”

စီရီဟန္၏မ်က္၀န္းတုိ့မွာ မႈန္မိႈင္းလုိ့ လာေခ်ၿပီ ။
“ဂ်ိဘုရင္က ေတာ္ေတာ္ေလး စိတ္ကုိ ခ်ဳပ္တည္းနုိင္သားပဲ”

ညၾကီးအခ်ိန္မေတာ္ ကိုယ့္ၾကင္ယာေလာင္းရဲ့ အိမ္က ဗီရုိထဲမွာ ပုန္းေနတဲ့ ေယာက်ာ္းတစ္ေယာက္ကို မိတာေတာင္
တည္တည္ၿငိမ္ၿငိမ္ ေနနုိင္တယ္ -- သူ ့ခ်ဳပ္တည္းနုိင္စြမ္းက မၿမင့္လြန္းဘူးလား ။

ဂ်ိရိႈ ့ရန္ကား ၿပံဳးလ်က္သာ ။
“က်ြန္ေတာ့္ကို ေၿမွာက္လြန္းေနပါၿပီဗ်ာ ။
က်ြန္ေတာ္က ေရွာင္ဖန္းကို ယံုၾကည္ရံုတင္ပါ”

ထုိေယာက်ာ္း၏ ယံုၾကည္ခ်က္ရွိေနၿပီး ထူးမၿခားနားေနေသာ ေလသံေၾကာင့္ စီရီဟန္၏ မူလက ေအးစက္ေနၿပီၿဖစ္သည့္ မ်က္နွာၾကီးမွာ အခုေတာ့ အဆေပါင္းမ်ားစြာ မည္းပုတ္သြားေလၿပီ ။

စီရီဟန္က အမူအရာကင္းမဲ့စြာၿဖင့္ ေၿပာလိုက္သည္ ။
“ၾကည့္ရတာ ဂ်ိဘုရင္ရဲ့ သူ ့အေပၚ နားလည္ထားပံုက
ဒီေလာက္ပဲကုိး”

“အဟက္ …” ဂ်ိရိႈ ့ရန္သည္ ေၿခာက္ကပ္စြာ ရယ္ေမာလုိက္ကာ ထိုေယာက်ာ္းအား ေအးစက္စြာ ၾကည့္လုိက္၏ ။
“ဒီလုိ ေၿပာလာပံုေထာက္ရင္ အရွင္နတ္ဆုိးလည္းပဲ က်ြန္ေတာ့္ကို ေကာင္းေကာင္း နားမလည္ေသးတဲ့ပံုပါပဲ”

စီရီဟန္သည္ အမူအရာကင္းမဲ့ေနဆဲ ။
“အရွင္ ဂ်ိ ကုိ နားလည္ေအာင္လုပ္ဖို့ စိတ္မ၀င္စားပါဘူးဗ်ာ”

“အဲ့ဒီလုိလား” ဂ်ိရိႈ ့ရန္၏ ႏႈတ္ခမ္းတုိ့ တြန္ ့ေကြးတက္သြား၏ ။ 
“မင္း စိတ္၀င္စားလာမွာပါ”

တစ္ခ်ိန္တည္းမွာပင္ ဗီရုိအၿပင္ဘက္တြင္
ရီ၀မ္၀မ္သည္ ခုနစ္စင္ၾကယ္၏ ကရားေရရြတ္ ေၿပာဆုိေနၿခင္းကို အၿမန္ၿဖတ္ေၿပာလုိက္ရ၏ ။
“ေအး အဲ့ေတာ့ ဘာၿဖစ္လဲ ။ ဒီည ပြဲမွာ သူတုိ့ ဘယ္ေလာက္ေတာင္ ေခ်ာလုိက္လဲ မင္း မေတြ ့လုိက္ဘူးလား ။ ဒါေတာင္ ငါ ဘာမွ
မလုပ္ဘဲ ၿငိမ္ၿငိမ္ေလး ေနေပးခဲ့တာ မဟုတ္ဘူးလား”

… ငါက တိတ္တိတ္ေလး ၿပသနာရွာခဲ့ရံုပဲ ။

“အမ္ …” ခုနစ္စင္ၾကယ္သည္ ေခါင္းကုိ တဗ်င္းဗ်င္း
ကုတ္လုိက္ကာ … “အစ္မ ဖန္း ၊ အစ္မက အရွင္နတ္ဆုိးနဲ့
ဂ်ိဘုရင္နဲ့ အိပ္ခ်င္ေနတာကို က်ြန္ေတာ္ နားလည္ပါတယ္ ၊
ဒါေပမယ့္ … သူတုိ့က သြားရန္စလုိ့ ေကာင္းတဲ့ သူေတြ မဟုတ္လုိ့ပါ အစ္မ ရာ ။ အစ္မ အရွင္နတ္ဆိုး နဲ့ ဂ်ိဘုရင္ရဲ့ လူပ်ိဳရည္ကို
ရေအာင္ ယူနုိင္ခဲ့ၿပီး တာ၀န္မယူေတာ့ဘူးဆုိရင္ သူတုိ့နွစ္ေယာက္ေပါင္းၿပီး က်ြန္ေတာ္တုိ့ ဖိန့္ဖိန့္တုန္ဂုိဏ္း ကို အၿပစ္ေပးလာရင္ ဘယ္လုိလုပ္မလဲ ။ သူတုိ့က လြယ္တဲ့သူေတြ မဟုတ္ဘူးေနာ္ ။ ၿပီးေတာ့ အစ္မ ဖန္း ရာ အစ္မရဲ့ ဂုဏ္သိကၡာဆုိတာကလည္း အခုေတာင္ ဒီေလာက္ ပုပ္ပြေနတဲ့ဟာ … အဲ့ဒီအခါက်ရင္…”

“…”  မင္း …

ရီ၀မ္၀မ္ မ်က္ေမွာင္အၾကဳတ္ၾကီး ၾကဳတ္ေနေလၿပီ ။

“ဘာေတြ လ်ွာအရုိးမရွိတုိင္း ေလ်ွာက္ေၿပာေနတာလဲ ။ ငါနဲ့ ဂ်ိဘုရင္ ၾကားေရာ အရွင္နတ္ဆုိးၾကားေရာ ဘာမွ ဘာမွကုိ လုံး၀ မရွိဘူး”

“တကယ္ၾကီးလား” ခုနစ္စင္ၾကယ္မွာ ဇေ၀ဇ၀ါ ၿဖစ္သြားေလၿပီ ။

ၾကယ္ခုနစ္နွင့္ ခုနစ္စင္ၾကယ္တုိ့ မယံုတယံု ရွိလာသည္ကုိ
ၿမင္လုိက္ၿပီး ရီ၀မ္၀မ္ ဆက္ကာ ေၿဖာင္းဖ်ေတာ့၏ ။

“မင္းတုိ့လည္း ငါ့အေၾကာင္း သိၾကတာပဲဟာ ။ ငါ့အၾကိဳက္က အရမ္းအေၿပာင္းအလဲၿမန္တယ္ … လူတစ္ေယာက္ထဲအေပၚမွာပဲ အၾကာၾကီး ၾကိဳက္ေနတတ္တဲ့သူမွ မဟုတ္တာ ။ ၿပီးေတာ့ အဲ့နွစ္ေယာက္ကို အရင္တုန္းက ငါ စိတ္၀င္စားခဲ့တယ္
ဆုိရင္ေတာင္မွ အခ်ိန္တစ္ခုၾကာလာရင္ စိတ္၀င္စားတာက
ၿပီးသြားမွာပဲ …”

ဗီရုိထဲမွာ ရွိေနသည့္ နွစ္ေယာက္စလံုး ။  “…”

…………………………………………………………………………

စာစဥ္ ၆၂၊ အခန္း ၂၀။ ကမ႓ာပ်က္ေတာ့မည့္ လိုလုိ

“အဲ့ဒါေတာ့ ဟုတ္တယ္ …”

ခုနစ္စင္ၾကယ္သည္ ေခါင္းညိတ္လိုက္ၿပီး
ၾကယ္ခုနစ္သည္ကေတာ့ ပုိလုိ့ ဇေ၀ဇ၀ါ ၿဖစ္လာေလၿပီ ။

အစ္မ ဖန္း က တကယ္ၾကီး အဲ့လုိလူစား ဟုတ္လုိ့လား ။

သူမသည္ အမွန္တရားကုိ ေၿပာေနဟန္ၿဖင့္
ရဲရဲၾကီး အာမခံေနသည္ ။

“ဟုတ္ရမယ္ေလ ။ ဂ်ိဘုရင္နဲ့ အရွင္နတ္ဆုိး ဘယ္ေလာက္ပဲ
ေခ်ာေခ်ာ အၾကာၾကီးၾကည့္မိရင္ ရုိးသြားတာပဲဟာ ”

ဗီရုိအထဲတြင္မူ နွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လုိက္မိၾကေလၿပီ ။

“အဟုတ္ပဲ”
ခုနစ္စင္ၾကယ္က ေခါင္းတဆတ္ဆတ္ ညိတ္ၿပလာသည္ ။
“အစ္မ ဖန္း အဲ့နွစ္ေယာက္က ေခ်ာတယ္ဆုိေပမယ့္လုိ့
သူတုိ့နဲ့ သြားရႈပ္ရတာ အရမ္းပင္ပန္းေနမွာပဲ ။ ဒီလူေတြကို ထပ္ၾကည့္ၾကည့္လုိက္ေနာ္ အစ္မ ဖန္း ။ အဟမ္း … သူတုိ့လည္း မဆိုးပါဘူး ။ တကယ္ေတာ့ မီးသာပိတ္ထားလုိက္ရင္ ေယာက်ာ္းေတြအကုန္လံုးက အတူတူေတြခ်ည္းပဲဟာ ။
အစ္မ စိတ္ရွိတုိင္းသာ စားပစ္လုိက္ ဟုတ္ၿပီလား အစ္မ ဖန္း”

“ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္ … ဒါေပမယ့္ ငါ ဒီေန ့ စိတ္မပါေနလုိ့ ။ ေနာက္ေန့မွ … ေနာက္ေန့မွ … ဟုတ္ၿပီလား”

ရီ၀မ္၀မ္ စိတ္အားထက္သန္စြာၿဖင့္ ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္ကို ေမာင္းထုတ္လုိက္ရာ …

“ဟာ … အစ္မ ဖန္း သူတုိ့ကို တကယ္ၾကီး မလုိခ်င္ဘူးလား ။ သူတုိ့ထက္ ေခ်ာတဲ့ ေနာက္တစ္ဖြဲ ့လည္း ရွိေသးတယ္ေနာ္” ခုနစ္စင္ၾကယ္က အၿမန္ေၿပာလာသည္ ။

“ေနာက္တစ္ေခါက္မွ .. ေနာက္တစ္ေခါက္မွလုိ့ ငါ မေၿပာဘူးလား ။ ၿမန္ၿမန္ေလး အိမ္ၿပန္ၿပီး သြားနားၾကေတာ့”
ရီ၀မ္၀မ္ ရင္ထဲတြင္ ေဒါသအလိပ္လိပ္ တက္ေနေလၿပီ ။

ဒီကေလးေတြ ဘယ္လုိလုပ္မွ လူစကား နားလည္ၾကမွာလဲ ။

ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္တုိ့ လံုး၀
စကားနားေထာင္ေတာ့မည့္ဟန္ ေပၚလာခ်ိန္ …
၀ုန္းခနဲ အသံၾကီးတစ္သံ ဗီရုိၾကီးဆီကေန ထြက္လာေခ်ၿပီ ။

ဗီရုိ၏ မင္းတုန္းမွာ က်ိဳးေက်ကာ ၿပဳတ္က်လာၿပီး ဗီရုိတံခါးမွာ အထဲကေန တြင္းဖြင့္ခံလုိက္ရေလၿပီ ။ မင္းတုန္းဂ်က္မွာလည္း အပိုင္းပုိင္းအစစ ၿဖစ္ကာ ပံုခနဲ ၿပဳတ္က်ကုန္ေတာ့၏ ။

ဂ်ိဘုရင္ နွင့္ အရွင္နတ္ဆိုး … သူတုိ့သည္ …. ထုိကဲ့သုိ့ အထဲကေန ထြက္လာၾကေလၿပီ …

သူတုိ့နွစ္ေယာက္ ထြက္လာသည့္အခ်ိန္ ရီ၀မ္၀မ္ တစ္ကိုယ္လံုး မုိးၾကိဳးၾကီးကိုးသြယ္ တစ္ၿပိဳင္တည္း ပစ္ခ်ခံလုိက္ရသလုိ ခံစားလုိက္ရ၏ …

ခုနစ္စင္ၾကယ္မွာမူ ဗီရုိထဲကေန ထုိသက္ရွိၾကီးနွစ္ေယာက္ ထြက္လာသည္ကုိ ၿမင္လုိက္ၿပီး မ်က္လံုးတို့ ၿပဴးက်ယ္သြားကာ လက္ထဲက ေရေႏြးခြက္မွာလည္း ၾကမ္းၿပင္ေပၚ ခြမ္းခနဲ ၿပဳတ္က် သြားေတာ့ၿပီး ပါးစပ္ကေနလည္း ေရေႏြးတုိ့ ဖူးခနဲ ၿပန္ထြက္ကုန္
ေလၿပီ ။

ၾကယ္ခုနစ္သည္လည္း ပါးစပ္အေဟာင္းသား ၿဖစ္ေနၿပီး ၿမင္ေနရသည္အား မယံုၾကည္နုိင္စြာၿဖင့္
ထုိႏွစ္ေယာက္အား ေၾကာင္ၾကည့္ေနမိေလသည္ …

သုိ့ေသာ္ ေရွ့ာအရဆံုးသူသည္ကေတာ့ ရီ၀မ္၀မ္ ပင္ ။

ဘု ရား ေရ ။

ရွင္တုိ့ … ရွင္တုိ့နွစ္ေယာက္ ဘာလို့ ထြက္လာၾကတာလဲ ။

သူမ မွန္းတာ မမွားပါလ်ွင္ ထိုနွစ္ေယာက္သည္ ရန္ၿဖစ္ၿပီး တံခါးကုိ ဖ်က္လိုက္မိၿခင္း မဟုတ္ပါေခ် ။ ထုိအစား နွစ္ေယာက္ေပါင္းၿပီး အထဲကေန ခ်ိဳးဖ်က္လုိက္ၿခင္းသာ ။

ဂ်ိဘုရင္သည္ အၿပံဳးေရးေရးေလး ၿပံဳးကာ ရီ၀မ္၀မ္ကုိ
ၾကည့္လာသည္ ။

“ေတာင္းပန္ပါတယ္ ၊ အထဲမွာ နည္းနည္းအိုက္ေတာ့ အၾကာၾကီး
ေနဖိုု့ ခက္လုိ့”

တကယ္ၾကီး အဲ့ဒါေၾကာင့္ပဲလား ။

ဘယ္သူက အဲ့ဒါၾကီးကို ယံုမွာလဲ ။ ၿပီးေတာ့ အိုက္လုိ့တဲ့လား ။

အရွင္နတ္ဆိုးသည္ အက်ီၤလက္ကို ေသသပ္ေအာင္ ၿပင္လုိက္ကာ ထုိေယာက်ာ္းေၿပာသြားသည့္ စကားကို ေထာက္ခံေပးလာသည္ ။

“ဟုတ္တယ္”

ရီ၀မ္၀မ္ ။  “…”

ရွင္တုိ့ရဲ့ ခ်ီးစကားေတြကို  ဘယ္သူက ယံုမွာလဲ ။

အေစာနတုန္းကပဲ ရီ၀မ္၀မ္သည္ ဂ်ိဘုရင္နွင့္ အရွင္နတ္ဆုိးတုိ့အား လံုးလံုးကုိ စိတ္မ၀င္စားေတာ့ပါဟု ေၿပာေနခဲ့ေလသည္ ။

တခနအၾကာတြင္ ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္မွာ အရွင္နတ္ဆုိးနဲ့ ဂ်ိဘုရင္တုိ့ အေကာင္လုိက္ၾကီး ဗီရုိထဲကေန ထြက္လာၾကသည္ကို ၿမင္လုိက္ရေလသည္ ။

ထို့အၿပင္ အၿမဲတေစ လံုလံုၿခံဳၿခံဳ ၀တ္စားတတ္သည့္ အရွင္နတ္ဆုိးသည္ အခုေတာ့ ရင္ဘတ္က ၾကယ္သီးနွစ္လံုး
ေၿပေနၿပီး ရင္ဘတ္ၾကီးကို လွစ္ဟၿပေနေလသည္ ။ လံုး၀ကုိ ဖိုသီဖတ္သီ ၿဖစ္ေနေလသည္ …

ဒီၿမင္ကြင္းက … တကယ့္ကို ကမ႓ာပ်က္ေတာ့မည့္ လိုလုိ ။

သူ ေၿပာေတာ့ ၿပသနာ မရွာေတာ့ဘူးဆုိ ။

ေၿပာေတာ့ အေခ်ာအလွေတြဆုိတာ အပုပ္ေကာင္ကို ရုပ္ေဆာင္ထားတာဆုိ ။

ေၿပာေတာ့ ဂ်ိဘုရင္ နဲ့ အရွင္နတ္ဆုိး ကုိ လံုးလံုးကို စိတ္မ၀င္စားေတာ့ပါဘူးဆုိ ။

ခုနစ္စင္ၾကယ္သည္ သူ ့အေရွ့မွ ထုိေဘာ့စ္ၾကီး နွစ္ေယာက္အား ၾကည့္ေနမိရင္း ေၾကာက္ရြြံ ့မႈေၾကာင့္ တဆတ္ဆတ္
တုန္ရီလာရသည္ ။ သူ ့ပါးစပ္က ေရေႏြးတုိ့ကုိ ကပ်ာကယာ သုတ္သပ္ပစ္လုိက္ၿပီး ေက်ာၾကီး ဆန့္သြားမိေလၿပီ ။

သူ အၿမင္မွားသလား မသိပါေခ် ။ သုိ့ေသာ္ သူ ့ကုိ ၾကည့္ေနသည့္ ထုိေဘာ့စ္ၾကီးနွစ္ေယာက္၏ အၾကည့္တုိ့မွာ ေက်ာခ်မ္းစရာ ေကာင္းလွသည္ဟု သူ ခံစားေနမိ၏ ။

သူ ဘာမွားလုပ္မိလုိ့လဲ ။

သူ ဘာမွ မသိဘူးေလ …

အၿမဲတေစ ရင့္က်က္ေနက် ၊ တည္တည္ၿငိမ္ၿငိမ္ ရွိတတ္ေနက် ၾကယ္ခုနစ္သည္ပင္ အခု ၿမင္ေနရသည့္္ ၿမင္ကြင္းေၾကာင့္ ပါးစပ္အေဟာင္းသား ၿဖစ္ေနမိကာ စကားတစ္ခြန္း
မေၿပာထြက္နုိင္ေတာ့ ။

ရီ၀မ္၀မ္သည္ကေတာ့ မ်က္နွာထက္တြင္ စိတ္ခ်ံဳးခ်ံဳးက်ကာ
နဖူးကို နွိပ္နယ္ေနမိေလၿပီ။

………………………………………………………………………........

စာစဥ္ ၆၂၊ အခန္း ၂၁။ ဘယ္သူက အေပၚ ၊ ဘယ္သူက ေအာက္လဲ

ရီ၀မ္၀မ္ မ်က္နွာကို လက္နွင့္ အုပ္ထားမိ၏ ။

ဘာလုိ့ ဒီလုိေတြ ၿဖစ္လာရတာလဲ ။ ငါေလး အရင္ဘ၀က ဘာမေကာင္းတာမ်ား က်ဴးလြန္ခဲ့မိလုိ့လဲ .. ။

ခုနစ္စင္ၾကယ္မွာ ေရွာ့ရေနရာကေန တၿဖည္းၿဖည္းခ်င္း အသိၿပန္၀င္လာေလၿပီ ။ ညာလက္က ေမးေစ့ကုိ ပြတ္သပ္ေနမိၿပီး မ်က္လံံုးတုိ့က အရွင္နတ္ဆုိးနွင့္ ဂ်ိရိႈ ့ရန္ကို တစ္လွည့္စီ
ေတြးဆဆၿဖင့္ ၾကည့္ေနသည္ ။

“ဒါေၾကာင့္ကုိး … ဒါဆုိ အဓိပၸာယ္ရွိသြားၿပီ …”
ခုနစ္စင္ၾကယ္က တစ္ကုိယ္ၾကား ေရရြတ္သည္ ။

ၾကယ္ခုနစ္သည္ ခုနစ္စင္ၾကယ္ ေၿပာေနသည့္ စကားကုိ
နားမလည္ဘဲ ေ၀ခြဲမရၿဖစ္ေန၏ ။

“ဒါဆုိ အဓိပၸာယ္ရွိသြားၿပီ” ဆုိတာက ဘာစကားၾကီးလဲ ။

“ဒါေၾကာင့္ကိုး … ဒါေၾကာင့္ ဒီနွစ္ေတြမွာ ဂ်ိဘုရင္က ဘယ္မိန္းမနဲ့မွ နီးနီးကပ္ကပ္မေနတာကိုး ။ အရွင္နတ္ဆုိးလည္းပဲ အတူတူပဲ ….
သူ ့နားမွာ ဘယ္မိန္းမမွ မထားတာ ဒါေၾကာင့္ကုိး”

ခုနစ္စင္ၾကယ္က ၾကယ္ခုနစ္အား အတည္ေပါက္မ်က္နွာၾကီးၿဖင့္ အနားသို့ ဆြဲေခၚလုိက္၏ ။
“ေသစမ္း … ငါတုိ့ အခ်ိန္မွား လာမိၿပီဟ ။ ငါတုိ့ တစ္သက္လံုး ႏႈတ္ပိတ္သတ္ခံရေတာ့မွာလား”

“တစ္သက္လံုး ႏႈတ္ပိတ္သတ္ခံရမွာလား”
ၾကယ္ခုနစ္ ဇေ၀ဇ၀ါ ၿဖစ္သြားသည္ ။

ငါတုိ့က ဘာလုပ္မိလုိ့ ႏႈတ္ပိတ္သတ္ခံရမွာလဲ ။

“ခုနစ္ၾကီး ၊ မင္း ေခါင္းထဲမွာ ဘာေတြနဲ့ ၿပည့္ေနတာလဲ … ။
ခါတုိင္းဆုိ ဥာဏ္ေကာင္းေနက်ပါ ၊ အခုက်မွ ဒီေလာက္ သိသာေနတာၾကီးကုိ ဘာလို့ နားမလည္ရတာလဲ”
ခုနစ္စင္ၾကယ္က တိုးတုိးေလးကပ္ကာ ေၿပာေနသည္ ။

“ဘာကို ေၿပာတာလဲ”
ၾကယ္ခုနစ္သည္ အမူအရာကင္းမဲ့စြာၿဖင့္ ေမးလုိက္သည္ ။

“ဒံုးေ၀းပါ့ကြာ” ခုနစ္စင္ၾကယ္က သူ ့ကို ၾကည့္လုိက္ကာ …
“ဒီေလာက္ သိသာေနတာၾကီးကုိ … ေသေသခ်ာခ်ာ
စဥ္းစားၾကည့္လုိက္ ။ ဂ်ိဘုရင္ နဲ့ အရွင္နတ္ဆုိးက အၿမဲတမ္း မိန္းမေတြနဲ့ ခပ္ကင္းကင္းပဲ ေနတတ္တယ္ ၊ ဒါေပမယ့္
ဒီေန့က်ေတာ့ အစ္မ ဖန္းရဲ့ ဗီရုိထဲမွာ နွစ္ေယာက္သား ခုိးေၾကာင္ခုိး၀ွက္နဲ့ … ၿပီးေတာ့လဲ အ၀တ္အစားေတြက ဖရုိဖရဲနဲ့ ။ ဂ်ိဘုရင္ အေစာနက ေၿပာသြားတာကိုလည္း မင္း
မၾကားလုိက္ဘူးလား ။ ပူတယ္လုိ့ ေၿပာလုိက္တာကြ ။
သူတုိ့ ဖက္ေနတာမဟုတ္ရင္ ဘာလုိ့ ပူရမွာလဲ”

ၾကယ္ခုနစ္မွာ မ်က္ေမွာင္ၾကဳတ္လာသည္ ။

ထိုစကားမွာ ဟုတ္တုတ္တုတ္ ရွိေသာ္လည္း
ေသခ်ာေတြးၾကည့္ၿပန္ရင္ မဟုတ္ေနေပ ။

ဂ်ိဘုရင္နွင့္ အရွင္နတ္ဆုိးသာ ခုနစ္စင္ၾကယ္ ေၿပာသြားသလို ဆက္ဆံေရးမ်ိဳးဆုိလွ်င္ ပုန္းလုိ့ေကာင္းသည့္ တၿခားေနရာကုိပဲ ရွာၾကမွာေပါ့ ။ ဘာလုိ့ အစ္မ ဖန္း ရဲ့ အိမ္ကို လာပါ့မလဲ ။

သုိ့ေသာ္ ထုိနွစ္ေယာက္သည္ ဘာေၾကာင့္ ဗီရုိထဲ ပုန္းေနခဲ့ၾကၿပီး အရွင္နတ္ဆုိး၏ အ၀တ္တုိ့မွာလည္း ဘာေၾကာင့္
ဖရုိဖရဲၿဖစ္ေနသလဲ ဆုိတာကလည္း ရွိေနၿပန္သည္ ။ ၾကယ္ခုနစ္သည္ပင္ အေၿဖရွာလုိ့ မရပါေခ် ။

“ေသစမ္း … ဒါေၾကာင့္မို့ အစ္မ ဖန္းက ဂ်ိဘုရင္နဲ့အရွင္နတ္ဆုိး
တုိ့နဲ့ အရမ္းရင္းနွီးေနၿပီးေတာ့ သူတုိ့အေပၚမွာ ဘာခံစားခ်က္မွ မရွိပါဘူးလုိ့ အတြင္တြင္ေၿပာေနတာကိုး ။ အစ္မက ဂ်ိဘုရင္နဲ့ အရွင္နတ္ဆုိတုို့ တြဲေနတာကုိ ဘယ္သူမွ မသိေအာင္လုိ့ ကာဗာ လုပ္ေပးေနတာပါလား ။ အရွင္နတ္ဆုိးနဲ့ ဂ်ိဘုရင္တုိ့ မတည့္သလုိ လုပ္ေနတာကလည္း လြတ္လပ္ေသာတစ္နယ္ေၿမလံုး
သိသြားေအာင္ သက္သက္မဲ့ လုပ္ၿပေနတာပဲ  ။ ဒါေၾကာင့္မို့ သူတုိ့နွစ္ေယာက္ ရွန္း အိမ္ေတာ္မွာ ထခ်ၾကတာ … အားလံုးက ဟန္ၿပသက္သက္ကိုး”

ခုနစ္စင္ၾကယ္သည္ အလြန္တရာ ၾကီးမားလြန္းေသာ လ်ိဳ့၀ွက္ခ်က္ၾကီးတစ္ခုကို ရွာေတြ့လုိက္ေသာ္လည္း
အလြန္အမင္းကုိ စိတ္ေအးလက္ေအး ရွိမိသြားေလသည္ ။

“ခုနစ္ၾကီး … မွန္းၾကည့္စမ္း … ဂ်ိဘုရင္ နဲ့ အရွင္နတ္ဆုိး
ဘယ္သူက အေပၚ ၊ ဘယ္သူက ေအာက္လဲ …”
ခုနစ္စင္ၾကယ္က ၾကယ္ခုနစ္ကုိ ၾကည့္ကာ ေၿပာလုိက္သည္ ။

ၾကယ္ခုနစ္ ။  “…”

“ဂ်ိဘုရင္က ႏူးညံ့ၿပီးေတာ့ က်က္သေရရွိတယ္ ၊ အရွင္နတ္ဆုိးက ေရခဲတံုးၾကီးလုိ ေအးစက္တယ္ ။ ငါ့အထင္ေတာ့ ဂ်ိဘုရင္က
အေပၚက ၿဖစ္မယ္ထင္တယ္”
ခုနစ္စင္ၾကယ္က အခုိင္အမာၾကီး ေၿပာလုိက္သည္ ။

“မင္းတုိ့ေတြ အခု သြားလုိ့ ရၿပီ”

ရီ၀မ္၀မ္သည္ တစ္ေယာက္နားနား တစ္ေယာက္ကပ္ကာ
တုိးတုိးေလး ေၿပာဆုိေနၾကေသာ ခုနစ္စင္ၾကယ္ နွင့္ ၾကယ္ခုနစ္ကုိ ၾကည့္ကာ စိတ္ကုန္လက္ပန္းက်စြာၿဖင့္ ေၿပာလုိက္၏ ။

“သြားရမယ္ … ဘယ္သြားရမွာလဲ ။ အစ္မ ဖန္း ..
အစ္မ ဒီတစ္ခါေတာ့ လြဲသြားၿပီ ။ သြားရမယ့္လူထဲမွာ အစ္မကုိယ္အစ္မလည္း ထည့္တြက္ရမယ္ေလ .. အစ္မ ဖန္း ၊ အလုိက္မသိလွခ်ည္လား”

ခုနစ္စင္ၾကယ္သည္ ရီ၀မ္၀မ္၏ပခံုးကေန ကုိင္ကာ သူမအားပါ အိမ္အၿပင္ ဆြဲထုတ္သြားေလၿပီ ။

“က်ြန္ေတာ္ ေၿပာတာ ဟုတ္တယ္မလား ၊ အရွင္ဂ်ိ အရွင္နတ္ဆုိး ။ ေတာင္းပန္ပါတယ္ဗ်ာ … အစ္မ ဖန္း က ငယ္ေသးေတာ့ ဒါေတြကို သိပ္နားမလည္ေသးဘူး ။ အရွင္တုိ့ လုပ္စရာရွိတာ ဆက္လုပ္ၾကပါ ၊ က်ြန္ေတာ္တုိ့က အလ်င္မလုိပါဘူး ။ ၾကိဳက္သေလာက္သာ ေပ်ာ္ပါးၾကပါ ။ အားရေတာ့မွပဲ ထြက္လာၾကပါ ။ အရမ္းအားကုန္သြားရင္လည္း ရတယ္ … က်ြန္ေတာ္ အိမ္ကုိ ၿပန္ေမာင္းပုိ့ေပးမယ္”

ထုိ့ေနာက္တြင္ ခုနစ္စင္ၾကယ္က အိမ္တံခါးကုိ ဘုန္းခနဲ ဆြဲပိတ္လုိက္ေလၿပီ ။

……………………………………………………………………..

စာစဥ္ ၆၂၊ အခန္း ၂၂။ ေနရခက္လုိက္တာ

ရီ၀မ္၀မ္ လံုး၀ေၾကာင္အေနကာ အိမ္အၿပင္တြင္ ရပ္ေနမိ၏ ။

ခုနစ္စင္ၾကယ္ ဘာေတြ … ေၿပာေနတာလဲ ။

“အစ္မ ဖန္း”
ရီ၀မ္၀မ္ ဘာမွ မေၿပာရေသးခင္ ခုနစ္စင္ၾကယ္က ဆံုးမလာေတာ့
သည္ ။
“အစ္မ ဖန္း … က်ြန္ေတာ္ အစ္မ ကုိ ဆရာၾကီး လုပ္တာေတာ့ မဟုတ္ပါဘူးဗ်ာ ၊ ဒါေပမယ့္ … အစ္မ ဂ်ိဘုရင္နဲ့
အရွင္နတ္ဆိုးအေပၚမွာ လံုး၀ စိတ္မ၀င္စားဘူးဆုိရင္လည္း ေစာေစာကတည္းက ေၿပာပါေတာ့လား ။ သူတုိ့ရဲ့လ်ိဳ့၀ွက္ခ်က္ကုိ
အစ္မ သိထားရင္ေတာင္မွ ခုနစ္ၾကီးကုိေတာ့ မေၿပာခ်င္ရင္ေန ၊ က်ြန္ေတာ့္ကိုေတာ့ ေၿပာၿပမွေပါ့ ။ က်ြန္ေတာ္ ဘယ္ေလာက္ ႏႈတ္လံုလဲဆိုတာ မသိတာက်ေနတာပဲ ။ က်ြန္ေတာ္
ဘယ္တုန္းကမ်ား ႏႈတ္ဖြာဖူးလုိ့လဲ”

ရီ၀မ္၀မ္ ။  “…”

“အစ္မ ဖန္း ၊ ေနာက္တစ္ခါက်ရင္ နည္းနည္းေလာက္လည္း အလုိက္တသိ ရွိပါဦး ။ ဂ်ိဘုရင္နဲ့ အရွင္နတ္ဆုိးတုိ့ ဟုိဒင္းဟုိဟြာ လုပ္ေနၾကၿပီဆုိရင္ အစ္မက ေရွာင္ေပးရမယ္ေလ ။ သက္သက္မဲ့ သူတုိ့ၾကားထဲ ကန့္လန့္ကန့္လန့္ ၀င္ပါေနစရာလား”
ခုနစ္စင္ၾကယ္ က တတြတ္တြတ္ ဆက္ေၿပာေနသည္ ။

“ခုနစ္ၾကီး … မင္းကလည္း သိပ္ကုိ ပါးစပ္ဖြာလြန္းတယ္ ။
လူေတြေရွ့မွာ ဒါကုိ ထုတ္မေၿပာမိေစနဲ့ ၊ ငါတုိ့ပဲ သိပါေစ ၊
နားလည္လား …” ခုနစ္စင္ၾကယ္က ၾကယ္ခုနစ္ဘက္သို့ လွည့္ကာ ဆရာၾကီးလုပ္ေလသည္ ။

ခုနစ္စင္ၾကယ္ ဆက္မေၿပာရေသးခင္ တံခါးသည္ က်ြီခနဲ ၿမည္ကာ ပြင့္လာေလၿပီ ။

ဂ်ိရိႈ ့ရန္သည္ ၿပံဳးစစမ်က္နွာၿဖင့္သာ ထြက္လာေနၿပီး အရွင္နတ္ဆိုးသည္ သူနွင့္ ခပ္လွမ္းလွမ္းကေန
လုိက္လာေလသည္။

“ဒီေလာက္ေတာင္ ၿမန္တယ္လား”

ခုနစ္စင္ၾကယ္ သူတုိ့ကို ၿမင္လုိက္ၿပီး အံ့ၿသသြား၏ ။

“အာ … သူစိမ္းလို လုပ္မေနပါနဲ့ဗ်ာ ။ ကိုယ့္အိမ္ကုိယ့္ယာလုိ သေဘာထားၿပီး စိတ္ၾကိဳက္သာ ေပ်ာ္ပါးၾက …”

ခုနစ္စင္ၾကယ္သည္ ဂ်ိဘုရင္နွင့္ အရွင္နတ္ဆိုးတုိ့ ရွက္ေနမွာစုိးၿပီး အရွက္ေၿပ ရယ္ေမာကာ ေၿပာလိုက္သည္ ။

“ေပ်ာ္လုိ့ ၀ပါၿပီဗ်ာ”

ဂ်ိရိႈ ့ရန္သည္ ခုနစ္စင္ၾကယ္ကုိ ၾကည့္ကာ ခပ္တုိးတုိး ရယ္ေမာၿပီး ၿပန္ေၿဖလိုက္သည္ ။

“ဟုတ္တာေပါ့ ဟုတ္တာေပါ့ ၊ အရွင္ ဂ်ိ ေၿပာတာ မွန္တယ္ ။ ဘယ္ေလာက္ပဲ ၾကာလုိက္တယ္ဆုိတာက အေရးမွ မၾကီးတာ … အေရးၾကီးတာ ေပ်ာ္ရႊင္မႈ ရဖုိ့ပဲ ။ ေပ်ာ္ရႊင္ဖုိ့က အေရးၾကီးဆံုးပဲ”

ခုနစ္စင္ၾကယ္က ၾကယ္ခုနစ္ဘက္သို့ လွည့္လုိက္သည္ ။
“ငါ ေၿပာတာ ဟုတ္တယ္မလား ၊ ခုနစ္ၾကီး”

ၾကယ္ခုနစ္သည္ အေတာ္ေလး မ်က္နွာပူေနမိ၏ ။
သူ တစ္ခုခုကို ေၿပာခ်င္၍ပါးစပ္ဟလုိက္မိေသာ္လည္း
စကားတစ္ခြန္းမွ ေၿပာမထြက္နုိင္ ၿဖစ္ေန၏ ။

“ပုိင္ ဂုိဏ္းခ်ဳပ္ … ဒီေန့ စကားေၿပာရတာ ေပ်ာ္ဖုိ့ေကာင္းပါတယ္ ။ ေနာက္တစ္ခါမွ ညဘက္ၾကီး ထပ္လာခဲ့ပါဦးမယ္”
အရွင္နတ္ဆုိးက ရီ၀မ္၀မ္ကုိ ေၿပာလုိက္သည္ ။

ရီ၀မ္၀မ္မွာ အသံတိတ္ ေဒါသထြက္ေနမိ၏ ။

အရွင္နတ္ဆိုးသည္ ဂ်ိရိႈ ့ရန္ကုိ ေအးစက္စက္ ၾကည့္လုိက္ၿပီးေနာက္ ထုိအမဂၤလာ အိမ္ၾကီးဆီကေန ထြက္သြားေတာ့သည္ ။

“ခနခနသာ လာပါ ၊ အရွင္နတ္ဆုိး ။ ကိုယ့္အိမ္ကုိယ့္ယာလုိ သေဘာထားၿပီး ေပ်ာ္ခ်င္တုိင္းသာ လာေပ်ာ္ပါ ။
သူစိမ္းလုိ လုပ္မေနနဲ့ေတာ့ေနာ္ အရွင္နတ္ဆိုး”

ခုနစ္စင္ၾကယ္သည္ အေရွ့ဘက္ကုိ ေၿပးထြက္သြားၿပီး အရွင္နတ္ဆိုးအား လွမ္းေအာ္ေၿပာလုိက္သည္ ။

ရီ၀မ္၀မ္ ။ “…” မင္း …

“ခြင့္ၿပဳပါဦး ၊ မင္းတုိ့ရဲ့ အစ္မ ဖန္း နဲ့ စကားေၿပာစရာေလး ရွိေနလုိ့”

ဂ်ိရိႈ ့ရန္က ခပ္တုိးတိုး ရယ္ေမာကာ ခုနစ္စင္ၾကယ္အား ခြင့္ေတာင္းလုိက္ေလသည္ ။

“အာ ..” ခုနစ္စင္ၾကယ္ အံ့ၿသသြား၏ ။
“အရွင္ ဂ်ိ ၊ ခုနစ္ၾကီးနဲ့ က်ြန္ေတာ္ အစ္မ ဖန္းရဲ့ နတ္သက္ေၾကြအဆိပ္ကို ေၿဖေပးဖို့အတြက္ … ေခ်ာေခ်ာေလးေတြ ရွာထားတယ္ .. အစ္မ ဖန္း အဆိပ္ေၿဖၿပီးတဲ့အထိ ေစာင့္ေပးလုိ့ ရမလား”

ရီ၀မ္၀မ္မွာ သည္းခံနုိင္မႈတုိ့ ကုန္ဆံုးသြားၿပီး ေငါက္ေတာ့ေလၿပီ ။
“မလုိဘူးလုိ့ ငါ မေၿပာခဲ့ဘူးလား”

“အာ … အင္းပါ … အစ္မ ဖန္း ရဲ့ ၊ ဒါဆုိ အစ္မ
စိတ္၀င္စားလာတဲ့အထိ ေစာင့္ေပးမယ္ ။ အရွင္ဂ်ိ နဲ့ တ၀ၾကီး စကားေၿပာေနေတာ့ေနာ္ ။ ခုနစ္ၾကီး နဲ့ က်ြန္ေတာ္ အခုပဲ သြားေတာ့မယ္”

ထုိသုိ့ ေၿပာၿပီး ခုနစ္စင္ၾကယ္မွာ ထုိေယာက်ာ္းတစ္ဖြဲ ့ကုိ ေခၚကာ အေနာက္ပင္ ၿပန္လွည့္မၾကည့္ေတာ့ဘဲ
ထုိအမဂၤလာအိမ္ၾကီးဆီကေန ထြက္သြားေတာ့ေလၿပီ ။

“အေနွာင့္အယွက္ေပးမိတာ … ေတာင္းပန္ပါတယ္”

ၾကယ္ခုနစ္သည္ ရီ၀မ္၀မ္ နွင့္ ဂ်ိရိႈ ့ရန္အား အားတံု့အားနာၿဖစ္ကာ ေတာင္းပန္လုိက္ၿပီးေနာက္ ခုနစ္စင္ၾကယ္ေနာက္ကို ၿမန္ၿမန္လုိက္သြားေတာ့သည္ ။

….

ထုိၾကီးမားလွသည့္ စံအိမ္ၾကီးထဲ ဂ်ိရိႈ ့ရန္နွင့္ ရီ၀မ္၀မ္သာ က်န္ခဲ့ၾကေလၿပီ ။

ဘယ္လုိခံစားခ်က္မွ မၿပလာသည့္ ဂ်ိဘုရင္အား ၾကည့္ရင္း
ရီ၀မ္၀မ္မွာ ထုိင္ရမလား ထရမလား မသိၿဖစ္ေနမိ၏ ။

သူ ဘယ္လုိ ေတြးေနမလဲ …

ငါ့ကုိ ေဖာက္ၿပန္တတ္တဲ့ မိန္းမလုိ့လား ။

အား .. ေနရခက္လုိက္တာ .. ။

“ေရွာင္ဖန္း”
ဂ်ိရိႈ ့ရန္သည္ ရီ၀မ္၀မ္ကုိ ၾကည့္ကာ ခပ္တုိးတုိး ရယ္ေမာလုိက္၏ ။
“ကိုယ့္အတြက္ ေကာ္ဖီတစ္ခြက္ေလာက္ ေဖ်ာ္ေပးပါလား”

…………………………………………………………………...........

စာစဥ္ ၆၂၊ အခန္း ၂၃။ အပူေလ်ာ့ဖို့

“ေကာ္ဖီ ေဖ်ာ္ေပးရမွာလား … ရတယ္ …”

ရီ၀မ္၀မ္ ဧည့္ခန္းဆီသုိ့ သြားလုိက္သည္ ။ တခနအၾကာတြင္ ေကာ္ဖီစားပြဲေဘး ထုိင္ေနရင္း ဂ်ိရိႈ ့ရန္အတြက္ ေကာ္ဖီငွဲ ့ေပးေန၏။

ဂ်ိရိႈ ့ရန္သည္ ထုိေကာ္ဖီကို တစ္က်ိဳက္တည္း ေမာ့ေသာက္ပစ္လုိက္ေခ်သည္ ။

“ညဥ့္နက္မွ ဘာလို့…ေကာ္ဖီေတြ ေသာက္ေနတာလဲ” ရီ၀မ္၀မ္၏ဟန္ပန္မွာ စိတ္ရႈပ္ေထြးေနေလဟန္ ။

“အပူေတြ က်သြားေအာင္လုိ့”
ဂ်ိရိႈ ့ရန္က ခပ္ၿပံဳးၿပံဳး ၿပန္ေၿဖသည္ ။

ရီ၀မ္၀မ္ ။  “…”

ၿပံဳးေနတာေလး ေတာ္ပါေတာ့လား ။

ေဒါသထြက္ေနရင္လည္း ထြက္ၿပလုိက္တာမွ ဟုတ္ဦးမယ္ ။

အခုမွ ပိုၿပီးေတာ့ ေၾကာက္လာၿပီ … ။

“ရိႈ ့ရန္ … ရွင္းၿပပါ့မယ္ ။ ဒီေန ့ ၿဖစ္သြားတာေတြက ရွင္ ထင္သလို မဟုတ္ဘူး ။ အရွင္နတ္ဆိုး လာတာက … ဟုိ … က်ြန္မနဲ့ အလုုပ္ကိစၥလာေဆြးေႏြးတာ”
ရီ၀မ္၀မ္က ယံုၾကည္ခ်က္ရွိစြာၿဖင့္ ေၿပာလိုက္သည္ ။

သုိ့ေသာ္ ဂ်ိရိႈ ့ရန္သည္ သူမေၿပာေနသည့္ အေၾကာင္းအရာအေပၚ စိတ္၀င္စားဟန္ မၿပဘဲ အၿပံဳးေလးၿဖင့္ ေၿပာလာသည္ ။
“မီးလ်ွံေက်ာင္းေတာ္က ဆရာတစ္ေယာက္က ကုိယ့္ဆီမွာ အေၾကြးတင္ေနတယ္ ။ ေရွ့ရက္ကပဲ ကုိယ္ သူ ့ကုိ
ေၿပာထားၿပီးသြားၿပီ ၊ မင္း မီးလ်ွံေက်ာင္းကုိ သြားလုိ့ ရၿပီ”

“မီးလ်ွံေက်ာင္းေတာ္ကုိ သြားရမွာလား”

ရီ၀မ္၀မ္ အံ့ၿသသြား၏ ။

ငါ နဲ့ အရွင္နတ္ဆိုး အေၾကာင္း ေၿပာေနတာ မဟုတ္ဘူးလား ။
ဘာလုိ့ မီးလ်ွ့ံေက်ာင္းအေၾကာင္းက ပါလာရတာလဲ … ။

ၿပီးေတာ့ ဂ်ိရိႈ ့ရန္က မီးလ်ွံေက်ာင္းေတာ္ကုိ ဘာလုိ့ လႊတ္ေနရတာလဲ ။ ငါ့ကို ဆရာ သြားလုပ္ခုိင္းမလုိ့လား ။

“ရိႈ ့ရန္ … ဟုိေလ .. မီးလ်ွံေက်ာင္းေတာ္ကုိ ဘာလို့ သြားရမွာလဲ” ရီ၀မ္၀မ္ နားမလည္နုိင္ပါေခ် ။

“သြားၾကည့္လုိက္ပါ” ဂ်ိရိႈ ့ရန္က ၿပံဳးကာ ၿပန္ေၿဖသည္ ။

ရီ၀မ္၀မ္ ။ “…”

သူမတြင္လည္း ထုိမီးလ်ံွေက်ာင္းေတာ္ကုိ သြားၾကည့္ဖုိ့ စိတ္ကူး ရွိေနၿပီးသားသာ ။

ထုိေက်ာင္းအုပ္ၾကီးကသာ သူမကုိ ကူညီေပးလုိစိတ္ ရွိလ်ွင္
သူမသည္ မွတ္ဥာဏ္မ်ား ၿပန္ဆယ္ယူနုိင္ေလာက္ေပသည္ ။

သုိ့ေသာ္ သူမသည္ ဖိန့္ဖိန့္တုန္ဂုိဏ္း၏ ဂုိဏ္းခ်ဳပ္ ၿဖစ္ေန၏ ။ မီးလွ်ံေက်ာင္းေတာ္၏ စရုိက္အရဆုိ သူတုိ့၏ ေက်ာင္းအုပ္က
သူမကို ကူညီဖုိ့ ေ၀းလုိ့ ဖိန့္ဖိန့္တုန္ဂုိဏ္းကိုပင္ ၾကည့္မရ ၿဖစ္ေနနုိင္သည္ ။

“ဒါက ေထာက္ခံစာ ။ မီးလ်ံွေက်ာင္းေတာ္ကို ေရာက္သြားရင္ ကုိယ့္စာကုိသာ ၿပလုိက္” ဂ်ိရိႈ ့ရန္က စာအိတ္တစ္အိတ္ကို
ထုတ္ယူကာ ရီ၀မ္၀မ္ကို ေပးလုိက္သည္ ။

“ေကာင္းပါၿပီ …”  ရီ၀မ္၀မ္ ထိုစာကုိ လက္ခံလုိက္သည္ ။

ဂ်ိရိႈ ့ရန္ ဘာလုပ္ခ်င္ေနသလဲကုိ သူမ မသိပါေသာ္လည္း မီးလ်ွံေက်ာင္းေတာ္ကုိ သြားၾကည့္ခ်င္မိပါ၏ ။

ငါလဲ မသြားနုိင္မွာကုိ စုိးေနတာ ။

ဂ်ိရိႈ ့ရန္က ေတာ္ေတာ္ေလး ေတြးေပးတတ္သားပဲ ။

“မီးလ်ွံေက်ာင္းေတာ္ကုိ သြားရင္ ဘယ္သူ ့အေနနဲ့ သြားရမွာလဲ”  ရီ၀မ္၀မ္ သိလုိစြာ ေမးၾကည့္လုိက္သည္ ။

“ေက်ာင္းသားသစ္” သူက ၿပန္ေၿဖလာသည္ ။

“…”

ထပ္ၿပီးေတာ့ ေက်ာင္းသားသစ္ပဲလား ။
ေက်ာင္းသားဘ၀ၾကီးကို ငါ ေတာ္ေတာ္ၾကီး စိတ္ကုန္ေနပါၿပီ ဆုိေန။ ဆရာအေနနဲ့ မသြားရရင္ မသြားဘူး ။

“ရိႈ ့ရန္ … ရွင္က ဖိန့္ဖိန့္တုန္ဂုိဏ္း ရဲ့ ဂုိဏ္းခ်ဳပ္ကို မီးလ်ွံေက်ာင္းေတာ္မွာ ေက်ာင္းသား သြားလုပ္ေစခ်င္ေနတာလား” ရီ၀မ္၀မ္ ဂ်ိရိႈ ့ရန္ကုိ စုိက္ၾကည့္လုိက္သည္ ။

“က်ြန္မကေတာ့ သြားလုိ့ ရေပမယ့္ … ဖိန့္ဖိန့္တုန္ဂုိဏ္းက ဂုိဏ္းသားေတြနဲ့ အၾကီးအကဲေတြက လက္မခံၾကမွာ စုိးတယ္ …
အဲ့ကုိ ဆရာတစ္ယာက္အၿဖစ္ ဒါမွမဟုတ္လည္း တစ္ခုခုအၿဖစ္နဲ့ လႊတ္ေပးရင္ေရာ … ”

ဂ်ိရိႈ ့ရန္က ေခါင္းခါယမ္းလာသည္ ။
“မီးလွ်ံေက်ာင္းေတာ္က ဆရာေတြအားလံုးကို ေက်ာင္းကပဲ သတ္မွတ္ေပးၾကတာ ။ မဟာေက်ာင္းေတာ္ၾကီးသံုးေက်ာင္းထဲက တစ္ေက်ာင္းရဲ့ ဆရာ ၿဖစ္နုိင္ဖုိ့ဆုိတာ မင္းကို မေၿပာနဲ့
ကိုယ့္အတြက္ပါ အရမ္းခက္တယ္ ။ ၿပီးေတာ့ မင္းက ဖိန့္ဖိန့္တုန္ ဂုိဏ္းခ်ဳပ္အေနနဲ့ သြားစရာ မလုိဘူး ။ နာမည္၀ွက္တစ္ခုနဲ့ သြားရံုပဲ”

ရီ၀မ္၀မ္ ။ “…” ေနာက္ထပ္နာမည္၀ွက္တစ္ခုလား ..

“အာ … အခုမွ မွတ္မိတယ္ ။ အခုတေလာ ဖိန့္ဖိန့္တုန္ဂုိဏ္း မွာ အလုပ္ေတြ အရမ္းရႈပ္ေနတယ္”
ရီ၀မ္၀မ္ အၿမန္ပင္ ထုတ္ေၿပာလိုက္သည္ ။

“အုိး” ဂ်ိရိႈ ့ရန္က အဓိပၸာယ္ပါပါၿဖင့္ ရီ၀မ္၀မ္ကို ၾကည့္လာေလၿပီ ။
“ဒီလုိဆုိရင္ေတာ့ ကုိယ္တုိ့ေတြ မင္းနဲ့ အရွင္နတ္ဆိုးအေၾကာင္းကို ေၿပာၾကတာေပါ့”

ဂ်ိရိႈ ့ရန္က ထုိသုိ့ ေၿပာလုိက္သည္နွင့္ ခ်က္ခ်င္းပင္ ရီ၀မ္၀မ္က ၿပံဳးၿပေတာ့သည္ ။
“ရိႈ ့ရန္ … တကယ္ေတာ့ေလ က်ြန္မလည္း မီးလ်ွံေက်ာင္းေတာ္မွာ အေတြ ့အၾကံဳသြားယူခ်င္ေနတာ … သြားရမွာေပါ့ မသြားစရာလား”

“အင္း” ဂ်ိရိႈ ့ရန္က အသာေလး ေခါင္းညိတ္လာသည္ ။

“…” သိပ္ေကာင္းတယ္ ၊ ဂ်ိရိႈ ့ရန္ အက်င့္ပုတ္ၾကီး ။

“အခု ညဥ့္နက္ေနၿပီ ၊ ကုိယ္လဲ ထပ္မေနွာင့္ယွက္ေတာ့ဘူး ။ ေစာေစာအိပ္ေတာ့”

ဂ်ိရိႈ ့ရန္သည္ ထလုိက္ကာ ရီ၀မ္၀မ္ကုိ ႏႈတ္ဆက္ၿပီး ထြက္သြားေတာ့သည္ ။

………………………………………………………………….

စာစဥ္ ၆၂၊ အခန္း ၂၄။ သရုပ္ေဆာင္ အရမ္းေကာင္းတယ္

ဂ်ိရိႈ ့ရန္ လံုးလံုး ထြက္သြားၿပီဆုိမွသာ ရီ၀မ္၀မ္ စိတ္ေအးမိသြား၏ ။

ငါတုိ့ ဒီည ဒရမ္မာကား ရုိက္ေနၾကတာလား … ။ ဘာလုိ့ အဲ့ေလာက္ေတာင္ ရင္တုန္ပန္းတုန္ေတြ ၿဖစ္ေနရတာလဲ ။

မၾကာခင္ ရီ၀မ္၀မ္ အိပ္ခန္းထဲသို့ ၀င္လုိက္၏ ။

ၿဖဴေကာင္ၾကီးသည္ အိပ္ရာေပၚတြင္ လွဲေနၿပီး
ရီ၀မ္၀မ္အား ခုိးခုိးၾကည့္ေနသည္ ။

ရီ၀မ္၀မ္သည္ အိပ္ရာေဘးတြင္ ရပ္လုိက္ၿပီး ၿဖဴေကာင္ၾကီးအား ခပ္မာမာၾကည့္ေနလုိက္သည္ ။

“ၿဖဴေကာင္ၾကီး … နင့္ရဲ့ သရုပ္ေဆာင္စေကးက ေတာ္ေတာ္ေလး ေကာင္းလွခ်ည္လား”

ၿဖဴေကာင္ၾကီးသည္ ေခါင္းတစ္ဖက္ လွည့္သြားေလၿပီ ။

“သားသားေလးကုိ သရုပ္ေဆာင္ေကာင္းမွန္း မသိခဲ့မိဘူး ။
ငါတုိ့ တရုတ္ကို ၿပန္ေရာက္ရင္ မင္းနဲ့ နက္ေကာင္ေလးကုိ ေပါင္းၿပီးေတာ့ သရုပ္ေဆာင္ေလာကထဲ တင္ေပးမယ္ ၊ ဘယ္လုိလဲ”

ရီ၀မ္၀မ္သည္ အိပ္ရာေပၚ ထုိင္ခ်လုိက္ၿပီး ၿဖဴေကာင္ၾကီး၏ ေခါင္းကုိ သူမေပါင္ေပၚ တင္လုိက္သည္ ။

ဗုိင္းရပ္စ္သည္ သူ ့နာမည္ကုိ ၾကားလုိက္တာနဲ့ ခ်က္ခ်င္း ၾကမ္းၿပင္ေပၚကေန ထလာေလၿပီ ။

ၿဖဴေကာင္ၾကီးသည္ကား ရီ၀မ္၀မ္ကို တစ္ခ်က္တစ္ခ်က္ ခုိးၾကည့္ေနသည္ကလဲြလုိ့ တိတ္တိတ္ေလးသာ ေန၏ ။

ညသည္ တိတ္ဆိတ္စြာၿဖင့္ ကုန္လာေလၿပီ ။

ေနာက္တစ္ေန့မနက္တြင္ ရီ၀မ္၀မ္သည္ ဖိန့္ဖိန့္တုန္ ဂုိဏ္း၏ ကိစၥ၀ိစၥတုိ့အား ကုိင္တြယ္ၿပီးေနာက္ နန္ နယ္ေၿမကို ေမာင္းသြားလုိက္ၿပီး နန္စံအိမ္ကုိ သြားလုိက္၏ ။

နန္ စံအိမ္ထဲ မ၀င္ရေသးခင္ အမည္မရွိေသာနန္သည္ ကမူးရွဴးထုိး ေၿပးထြက္လာေလသည္ ။

“ညီမေလး ေက်ာ္ၾကားေသာ”

အမည္မရွိေသာနန္သည္ ရီ၀မ္၀မ္ကုိ ၿမင္လုိက္ၿပီး အံ့ၿသသြား၏ ။ ခ်က္ခ်င္းပင္ တအံ့တၿသ မ်က္နွာ ၿဖစ္သြားေလသည္ ။

“ညီမေလး ေက်ာ္ၾကားေသာ … အိုး မိုင္ ေဂါ့ … လြတ္လပ္ေသာနယ္ေၿမထဲမွာ အၾကီးၾကီးၿဖစ္ေနၿပီ”

“အၾကီးၾကီးလား” ရီ၀မ္၀မ္ အံ့အားသင့္သြား၏ ။

ဘာအၾကီးၾကီးမ်ား ၿဖစ္ေနလုိ့လဲ ။

“ဘာမုိ့လုိ့လဲ”  ရီ၀မ္၀မ္ ေမးလုိက္သည္ ။

အမည္မရွိေသာနန္သည္ ဟုိၾကည့္ဒီၾကည့္ အရင္လုပ္လုိက္ၿပီး တိုးတုိးေလး ကပ္ေၿပာလာသည္ ။
“ညီမေလး ေက်ာ္ၾကားေသာ … ဒါက တကယ့္ကို ၾကီးတဲ့ လ်ိဳ့၀ွက္ခ်က္ၾကီး … ၿပီးေတာ့ ညီမေလးနဲ့လည္း အၾကီးၾကီး ပတ္သက္ေနတယ္”

“…” ေၿပာမွာရွိ ေၿပာစမ္းပါဟ ။

“ညီမေလး ေက်ာ္ၾကားေသာ … ဒီကုိၾကီးက သတင္းေတြကုိ ေရာင္းစားတတ္တဲ့ ေဘာ့စ္မ်ိဳးဆုိတာ သိတယ္မလား ။
ၾကည့္ေလ … ဒီသတင္းၾကီးက မင္းနဲ့ ပတ္သက္ေနတဲ့ဟာ …
ဟုိ …”
အမည္မရွိေသာနန္သည္ ရီ၀မ္၀မ္ကုိ ၾကည့္ကာ လက္နွစ္ဖက္ကုိ ပြတ္သပ္ေနသည္ ။

“အဟူး … ဒါဆုိရင္လည္း ေၿပာမေနနဲ့ေတာ့ ။ စိတ္မ၀င္စားဘူး” ရီ၀မ္၀မ္ အမည္မရွိေသာနန္ကို ေက်ာ္သြားၿပီး အိမ္ထဲကို
၀င္လုိက္၏။

“မရဘူးေလကြာ ၊ ညီမေလးကလည္း”
အမည္မရွိေသာနန္က သူမအား ပိတ္တားလုိက္သည္ ။

“ကုိၾကီး ေၿပာၿပမယ္ ၊ ဒီသတင္းက ေပးရတဲ့ပုိက္ဆံထက္ အမ်ားၾကီးတန္တယ္ေနာ္ ။ ငါ မင္းကို ဘယ္တုန္းက
လွည့္စားဖူးလုိ့လဲ”

“ဘယ္တုန္းကေရာ မလွည့္စားဖူးလုိ့လဲ”

“ဒီတစ္ခါေတာ့ မလွည့္စားပါဘူးကြာ ၊ အာမခံတယ္”

ရီ၀မ္၀မ္ သက္ၿပင္းခ်လုိက္ၿပီး ပိုက္ဆံအိတ္ထဲက
ရာတန္ပုိက္ဆံမ်ားကုိ ထုတ္ယူလုိက္ကာ ေပးလုိက္ရ၏ ။

“ေၿပာ .. မဟုတ္လုိ့ကေတာ့ မေသမခ်င္း ရုိက္သတ္ပစ္မယ္မွတ္”

အမည္မရွိေသာနန္သည္ ေပ်ာ္ရႊင္အားရစြာ ထုိပုိက္ဆံတုိ့ကို
အိပ္ကပ္ထဲ ထုိးထည့္လုိက္ေတာ့ၿပီး လ်ိဳ ့၀ွက္စြာၿဖင့္
ေၿပာလာေလသည္ ။

“ညီမေလး ေက်ာ္ၾကားေသာ .. ကုိၾကီးတုိ့ ရွန္း အိမ္ေတာ္ရဲ့ ပြဲမွာတုန္းကေလ … ညီမေလးရဲ့ ရည္းစား စီရီဟန္ကို ေတြ ့ခ့ဲတယ္”

“…” ဒါၾကီးက လြတ္လပ္ေသာနယ္ေၿမထဲက လ်ိဳ့၀ွက္ခ်က္ၾကီးလား ။

“ၿပီးေတာ့ မင္းရဲ့ရည္းစားက တကယ္ေတာ့ အရွင္နတ္ဆိုး ၾကီး ။ ၀န္ေတာ့မခံေပမယ့္လုိ့ ေတာ္ေတာ္ေလး ဆင္တယ္လုိ့ေတာ့
ထင္တာပဲ … သူက မင္းရည္းစား မဟုတ္ရင္ေတာ့ မင္းရည္းစားရဲ့ အစ္ကုိအရင္းပဲ ၿဖစ္ရမယ္ ။ ဒါမွမဟုတ္ သူ ့ရဲ့အေဖလည္း ၿဖစ္နုိင္ေလာက္တယ္”

ရီ၀မ္၀မ္ ။ “…”

“ၿပီးေတာ့လည္း ညီမေလး သိလား … အရွင္နတ္ဆိုးက တကယ္ေတာ့ .. တကယ္ေတာ့ ေယာက်ာ္းေတြကို ၾကိဳက္ေနတာ ။
ဂ်ိရိႈ ့ရန္လည္း အတူတူပဲ ။ အာ .. ဂ်ိရိႈ ့ရန္က ဘာလုိ့
အဲ့လိုလူစားမ်ိဳး ၿဖစ္ေနတာလဲကြာ ။ သူ နဲ့ အရွင္နတ္ဆိုး ၾကားမွာ ဟုိလုိလုိတဲ့ ။ အဲ့နွစ္ေယာက္ကေလ … နွေမ်ာဖုိ့ေကာင္းလုိက္တာ”

အမည္မရွိေသာနန္သည္ သက္ၿပင္းၾကီး တခ်ခ် ၊
ေခါင္းၾကီးတခါခါၿဖင့္ ေၿပာေနသည္ ။

ရီ၀မ္၀မ္ အမည္မရွိေသာနန္ကုိ မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လုိက္မိသည္ ။
“ဂ်ိရိႈ ့ရန္ နဲ့ အရွင္နတ္ဆိုးကုိ ရည္းစားေတြလုိ့ ေၿပာေနတာလား”

“ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္”
အမည္မရွိေသာနန္က ေၿပာလုိက္သည္ ။
“လံုး၀ကုိ မွန္တယ္”

“ဘယ္ကေန ၾကားလာတာလဲ” ရီ၀မ္၀မ္၏ရင္ထဲတြင္ မေရမရာခံစားခ်က္ၾကီးက ၿမင့္တက္လာေလၿပီ ။

“အာ … ခုနစ္စင္ၾကယ္ၾကီး ငါ့ကို ေၿပာသြားတာ …” အမည္မရွိေသာနန္သည္ တဟားဟား ရယ္ေမာလာသည္ ။
“ငါ သူ ့ကုိ ယံုတယ္ …”

………………………………………………………………………......

စာစဥ္ ၆၂၊ အခန္း ၂၅။ ဒီအန္ေအ ဘယ္သူ စစ္တတ္လဲ

ရီ၀မ္၀မ္ အမည္မရွိေသာနန္ကုိ ၾကည့္လုိက္၏ ။

ထင္သည့္အတုိင္းပင္ ရႊတ္ေနာက္ေနာက္လူက ဘယ္ေတာ့မွ အတည္အတံ့ မေၿပာတတ္ပါေခ် ။

“ညီမေလး ေက်ာ္ၾကားေသာ ေရာ ဘယ္လုိထင္လဲ ။ ဒီသတင္းက တကယ္ၾကီးတယ္မလား ။ မင္းပုိက္ဆံေတြ အလကားမၿဖစ္ဘူး
မလား” အမည္မရွိေသာနန္သည္ ရီ၀မ္၀မ္ကုိ ၾကည့္ကာ ေမးခြန္းတစ္ခုၿပီးတစ္ခု ထုတ္လာသည္ ။

“အင္း အင္း အက်ိုဳးရွိတယ္”

ရီ၀မ္၀မ္ အသာေလး သက္ၿပင္းခ်လုိက္ၿပီး အမည္မရွိေသာနန္ကို ေရွာင္ကြင္းကာ နန္ အိမ္ေတာ္ထဲ ၀င္သြားလုိက္သည္ ။

သခင္မၾကီး နန္ ၊ နန္လင္းလံု နွင့္ စုိးရိမ္ၿခင္းကင္းေသာနန္ တုိ့
ဒီေန့တြင္ အိမ္မွာ ရွိမေနၾကေပ ။

ရီ၀မ္၀မ္ တန္တန္၏အိပ္ခန္းဆီကုိ တရင္းတႏွီး ေလ်ွာက္သြားလုိက္သည္ ။

“မာမီ …”

ရီ၀မ္၀မ္ ေပၚလာသည္နွင့္ တန္တန္၏မ်က္၀န္းတုိ့မွာ ၀င္းပလာ၏ ။

မေန့ညက ရီ၀မ္၀မ္သည္ အရွင္နတ္ဆိုးနွင့္ ေတြ ့ေနၿခင္းေၾကာင့္
နန္ စံအိမ္ကုိ ၿပန္မလာခဲ့ေပ ။

“တန္တန္ … မာမီ မနက္စာ ယူလာတယ္”
ရီ၀မ္၀မ္ ဘူးကုိ ဖြင့္လုိက္ၿပီး သူ ့ကို ေပးလုိက္သည္ ။

“ေက်းဇူး မာမီ …” တန္တန္သည္ ထုိဘူးကို လက္ခံလုိက္၏ ။

တန္တန္က ဆက္ေၿပာသည္ ။
“မာမီ … မာမီ ေၿပာတဲ့ဟာ လုပ္ၿပီးသြားၿပီ”

သူသည္ အထဲက ဘူးေလးတစ္ဘူးကုိ ထုတ္ယူလုိက္ၿပီး ရီ၀မ္၀မ္ေဘးနား ခ်ထားလုိက္၏ ။

ရီ၀မ္၀မ္ ထိုဘူးအား ဂရုတစုိက္ေလး ဖြင့္ၾကည့္လုိက္သည္ ။
အထဲတြင္ ဆံပင္ခ်ည္တုိ့ အမ်ားၾကီး ရွိေန၏ ။

“တန္တန္က ေတာ္လိုက္တာ … သားအေမ သိသြားေသးလား”
ရီ၀မ္၀မ္ တုိးတိုးေလး ေမးၾကည့္လုိက္သည္ ။

“ဟင့္အင္း” တန္တန္က ေခါင္းယမ္းၿပလာသည္ ။
“မာမီ … သားအေမရဲ့ဆံပင္နဲ့ ဘာလုပ္မလုိ့လဲဟင္”

ရီ၀မ္၀မ္ မ်က္ေမွာင္ၾကဳတ္မိသြား၏ ။

သူမ၏အစီအစဥ္ကုိ တန္တန္ကုိ ေၿပာၿပလုိ့ု မရပါေခ် ။
စုိးရိမ္ၿခင္းကင္းေသာနန္သာ အတုအေယာင္ ၿဖစ္ေနလ်ွင္ ကိစၥ
မရွိေပ ။ သုိ့ေသာ္ အစစ္ၿဖစ္ေနမည္ဆုိပါက ဘာလုပ္မွာကုိ ေၿပာၿပလုိက္လ်ွင္ လူရယ္စရာ ၿဖစ္ကုန္ေပလိမ့္မည္ ။

“တန္တန္ … ဒီကိစၥက နန္ မိသားစု နဲ့ ပတ္သက္ေနတယ္လုိ့ပဲ သိထားလုိက္ေနာ္ ။ မာမီက သား နာက်င္ေစမယ့္အရာ ဘာမွ မလုပ္ဘူးဆုိတာ ယံုတယ္မလား”
ရီ၀မ္၀မ္က သူ ့ကို ၾကည့္ကာ ႏူးညံ့စြာ ေၿပာလုိက္သည္ ။

တန္တန္သည္ ခ်က္ခ်င္းပင္ ေခါင္းညိတ္ၿပလာ၏ ။
“တန္တန္ မာမီ့ကုိ ယံုတယ္”

နန္ စံအိမ္ကေန ထြက္လာၿပီးေနာက္တြင္ စုိးရိမ္ၿခင္းကင္းေသာနန္၏ ဆံခ်ည္ဘူးကုိ ကုိင္ကာ ရီ၀မ္၀မ္ ဒီအန္ေအ စစ္မည့္ေနရာကုိ လုိက္ရွာၾကည့္မိ၏ ။

သုိ့ေသာ္ ေသေသခ်ာခ်ာ ေတြးၾကည့္လိုက္ၿပီးေနာက္တြင္ မသင့္ေလ်ာ္မွန္း သိလာခဲ့ရသည္ ။

နန္ မိသားစုက ဘယ္သူမုိ့လုိ့လဲ ။ လြတ္လပ္ေသာနယ္ေၿမထဲက မ်ိဳးႏြယ္စုၾကီး ေလးစုထဲက တစ္ခု မဟုတ္ဘူးလား ။
စုိးရိမ္ၿခင္းကင္းေသာနန္သာ တကယ္ အေယာင္ေဆာင္ထားၿခင္း ဆုိလ်ွင္ နန္ မိသားစုက သိရမည္သာ …

ထုိ့အၿပင္ လြတ္လပ္ေသာနယ္ေၿမထဲတြင္ ဒီအန္ေအ
စစ္သည့္ေနရာမ်ား မ်ားစြာ ရွိေန၏ ။ စိုးရိမ္ၿခင္းကင္းေသာနန္ အား ရွာမေတြ ့ခင္ ဒီအန္ေအ မစစ္ၾကည့္စရာ အေၾကာင္း မရွိပါေခ် ။ သူမသည္ အတုအေယာင္ ၿဖစ္လ်ွင္ ဒီအန္ေအ စစ္တာမွာ ေပၚလာရမည္သာ ။ သုိ့ေသာ္ ဒီအန္ေအမွာ ဟုတ္သည္ဟု
ၿပေနလ်ွင္ အဓိပၸာယ္ နွစ္မ်ိဳး ရွိနုိင္ေပသည္ ။

ပထမတစ္မ်ိဳးမွာ စုိးရိမ္ၿခင္းကင္းေသာနန္သည္ တကယ့္အစစ္
ၿဖစ္ေန၍ ဒီအန္ေအက ဟုတ္သည္ဟု ၿပလာခဲ့ၿခင္း ။

ဒုတိယတစ္မ်ိဳးမွာ စုိးရိမ္ၿခင္းကင္းေသာနန္သည္ အေယာင္ေဆာင္ ၿဖစ္ေနေသာ္လည္း လြတ္လပ္ေသာနယ္ေၿမၾကီးထဲက ဒီအန္ေအ စင္တာမ်ားအားလံုးက အေၿဖအမွားမ်ား
ထြက္ၿပေပးရေလာက္ေအာင္ထိ
အင္အားၾကီးေသာေနာက္ခံၾကီးတစ္ခု ရွိေနၿခင္း ။

သူမသည္ တန္တန္နွင့္ စုိးရိမ္ၿခင္းကင္းေသာနန္၏ ဆံၿခည္ကို ကုိင္ကာ ဟုိလုိက္စစ္ ဒီလုိက္စစ္ လုပ္ေနမည္ဆုိလ်ွင္ ရန္သူကို သတိေပးလုိက္သလုိ ၿဖစ္သြားေပလိမ့္မည္ ။

တကယ့္္ရလဒ္ အစစ္ မွာ မထြက္လာၿပန္ပဲ ေနေပလိမ့္မည္ ။

ရီ၀မ္၀မ္သည္ကေတာ့ စုိးရိမ္ၿခင္းကင္းေသာနန္အား
အစစ္ ၿဖစ္နုိင္သည္ဟု ထင္မိပါေသာ္လည္း
ရိေရႊ ့ဟန္သည္ကေတာ့ အလြန္အမင္းကုိ သံသယၾကီးစြာ ရွိေနေလသည္ ။

သုိ့ေသာ္ သူမသည္ ရိေရႊ ့ဟန္အား ကတိေပးထားၿပီးၿပီ ၿဖစ္ေလရာ
သူမ လုပ္ကို လုပ္ရေတာ့မည္ ၿဖစ္၏ ။

ဖိန့္ဖိန့္တုန္ ဂုိဏ္းကို ၿပန္လာၿပီးေနာက္တြင္ ရီ၀မ္၀မ္
ၾကယ္ခုနစ္ နွင့္ ခုနစ္စင္ၾကယ္ကို ရံုးခန္းထဲ ေခၚလုိက္၏ ။

ခုနစ္စင္ၾကယ္သည္ စကားတစ္ခြန္း မဆုိဘဲ ခပ္မဆိတ္သာ ထုိင္ေနေသာ ရီ၀မ္၀မ္ကို ၿမင္လုိက္ၿပီး သူ၏ ပါးစပ္ဖြာမႈအေပၚ အၿပစ္ရွိသလို ခံစားမိသြား၏ ။

“အစ္မ ဖန္း … မေန့ညက …”

ခုနစ္စင္ၾကယ္က စကားစလုိက္ေသာ္လည္း ရီ၀မ္္၀မ္က ၿဖတ္ေၿပာလုိက္ေလသည္ ။

“ဖိန့္ဖိန့္တုန္ ဂိုဏ္းထဲမွာ ဒီအန္ေအ စစ္တတ္တဲ့သူ ရွိလား”
ရီ၀မ္၀မ္က သူတုိ့ကို ေမာ့ၾကည့္လိုက္သည္ ။

…………………………………………………………………………..
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘

စာစဥ္ ၆၂ ၿပီးပါၿပီ ။
ေပ်ာ္ရႊင္ဖြယ္ေန့ေလး ၿဖစ္ၾကပါေစ ။

....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  62
Chapter.          :  13 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၂၊ အခန်း ၁၃။ သာမန်ယောကျာ်းတစ်ယောက်

“အော် … ဟုတ်လား ။ ပိုင်ဂိုဏ်းချုပ် အရင် စမ်းကြည့်လိုက်လေ”

ထိုယောကျာ်း၏ စကားကြောင့် ရီဝမ်ဝမ်၏စိတ်က ထောင်းခနဲ ။

ဒီအကွက်သည်ကား ယနေ့ည သူမ သုံးဖို့ ချန်ထားသည့်
အကွက်တည်း ။ နောက်ဆုံးတွင် အဘယ်ကြောင့် သူ အရင် သုံးသွားရသနည်း ။

ဒီလိုသွားရမှာ မဟုတ်သေးဘူးလေ ။

မဟုတ်သေးဘူး ၊ ငါ စိတ်ကို ခိုင်ခိုင်ထားရမယ် ။
စိတ်ကို ခိုင်ခိုင် ထား … စိတ်ကို ခိုင်ခိုင်ထား ။

ဒီည သူမ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရမည် ။
ဒီလူကို သူမကို ဦးဆောင်ခွင့် ပြုပေးလိုက်လို့ မဖြစ်ဘူး ..

ရီဝမ်ဝမ် အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ပြီး ထိုအပေါ်ပိုင်း ဗလာကျင်းသွားပြီဖြစ်သည့် ထိုယောကျာ်း၏ ရင်အုပ်အား မကြည့်မိအောင် မနည်းထိန်းနေရ၏ ။ သူမလက်အောက်တွင် ရှိနေသည့် အရာကို ကျောက်တုံးကြီး ကျောက်တုံးကြီးဟု
ရှုမှတ်နေကာ ရဟန်းတစ်ပါးလို ဈာန်မလျောစေရအောင် နှလုံးသွင်းမှတ်နေရတော့လေသည် ။

“ကြီးမြတ်လှတဲ့ အရှင်နတ်ဆိုးက ဘာလုပ်မလို့လဲ ။ ကိုယ့်ကိုယ်ကို လေးစားမှု ရှိပါဦး ။ ရှင် ဒီလိုမျိုး လုပ်ရင်တောင်မှ လုံး၀ အကျိုးမရှိဘူးနော် ။ ကျွန်မက လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲ့ဒီလူကို ပုံအပ်ပြီးတော့ကို ရင်ထဲအသည်းထဲကနေ မြတ်မြတ်နိုးနိုး ချစ်တာ ။ ကျွန်မရဲ့ မျက်လုံးထဲမှာ ကျွန်မရဲ့နှလုံးသားထဲမှာ သူတစ်ယောက်ထဲပဲ ရှိတယ် ။ တခြားယောကျာ်းချောချောလေးတွေ ဆိုတာက ကျွန်မမျက်လုံးထဲမှာတော့ ဖွဲနဲ့ဇကွဲချည်းပဲ ။
လှတာမက်ပြီး ညစာခက်သွားတဲ့ သူတွေထဲမှာ ကျွန်မ မပါဘူး ။ ကျွန်မက အလှလေးတွေ အရမ်းမက်ပြီး
သိက္ခာမစောင့်စည်းတတ်တဲ့ သူလို့ အားလုံးက ပြောနေကြပေမယ့် တကယ်တမ်းကျတော့ ကျွန်မက အရမ်းဂုဏ်သိက္ခာကြီးတဲ့သူ ပါ ... အင့် ... ”

သူမ စကားမဆုံးသေးခင် နောက်ထပ် ပြင်းရှလှသည့် အနမ်းကြီး ကျရောက်လာကာ သူမလေးနှုတ်ခမ်းတို့ ပိတ်သွားတော့လေ၏ …

ငါ့ဖင်ကြီးပဲ ဂုဏ်သိက္ခာ ကြီးတော့ …။

ရီဝမ်ဝမ် သူ့အပေါ်ကို ခုန်တက်ပစ်လိုက်လေပြီ ။

တခနအကြာ … ဘုန်းခနဲ အသံကြီးတစ်သံ ပေါ်ထွက်လာပြီး နှစ်ယောက်သား အနောက်တွင် ရှိနေသည့် ဆိုဖာပေါ်ကို ပြုတ်ကျသွားကြလေပြီ ။

ရီဝမ်ဝမ်သည် ထိုယောကျာ်းအား ဆိုဖာပေါ်တွင် ဖိထားတော့ပြီး သူ၏မဖြေရသေးသည့် ကြယ်သီးတို့ကို ဆွဲဖြုတ်ပစ်လိုက်၏ ။
အားခနဲ အသံကြီးတစ်သံ ပေါ်ထွက်လာပြီး သူ၏ ရင်ညွှန့်ရိုးကို ကိုက်ချပစ်လိုက်ကာ အနီရောင်အကွက်ကြီးတွေ
ချန်ပစ်လိုက်တော့၏ ။

ထိုယောကျာ်းသည် တအင်းအင်း ညည်းညူကာ
သူ၏ ကြောက်မက်ဖွယ်ကောင်းသည့် မျက်ဝန်းတို့မှာ အလွန်အမင်း နူးညံ့လာတော့ပြီး မှေးစင်းလာတော့လေပြီ …

သူ၏လက်တို့က သူမလေး ဆိုဖာပေါ်ကနေ လိမ့်မကျသွားစေဖို့ရာ ခါးကနေ ပြေလျော့လျော့လေး ဖက်ပေးထားသည် ။

“ပိုင် ဂိုဏ်းချုပ်က ကြည့်ရတာ အပြောတခြား အလုပ်တခြားနဲ့ တူတယ်”

ရီဝမ်ဝမ်သည် သူမကို ထိုသို့ ထေ့ငေါ့လာခြင်းကို ဂရုမစိုက်အားဘဲ
ရှုံ့မဲ့ကာသာ ပြန်ရွဲ့လေသည် ။

“ဟီးဟီး … အရှင်နတ်ဆိုးကလည်း သေမင်းက လက်တစ်ကမ်းရောက်နေတာတောင် မစိုးရိမ်နေတာ
အံ့သြစရာတော့ မရှိပါဘူး ။ ရှင်က ကိုယ့်ကိုယ်ကို ဆွဲဆောင်မှု ရှိပြီးတော့ ရှင် မဆွဲဆောင်နိုင်သေးတဲ့သူ မရှိဘူးလို့ ယုံကြည်ထား တာကိုး ။ ကျွန်မကို ဆွဲဆောင်နိုင်မယ်လို့များ ထင်နေတာလား ။
ရှင့်ကို ပြောပြလိုက်မယ် -- ရှင်ထင်တဲ့အတိုင်း ကျွန်မ ဟုတ်တယ်”

ထို့နောက်တွင် သူမလေးသည် သူ၏နှုတ်ခမ်းသားတို့အား အကြမ်းပတမ်း ကိုက်ချပစ်လိုက်၏ ။

မိန်းကလေးတစ်ယောက်၏ နုညက်အိစက်သော ကိုယ်လုံးလေးနှင့် နားနားကပ်ပြောသော အသက်ရှူသံငွေ့ငွေ့လေးအောက်တွင် ယောကျာ်းသားများအားလုံး အတုံးအရုံး လဲပြိုကြစမြဲ …

နောက်တစ်ခနတွင် အရှင်နတ်ဆိုးသည် သူမလေး၏ခါးသိမ်သိမ်လေးကို ဖမ်းဆုပ်လိုက်ပြီး မျက်တောင်တစ်မှိတ်လေးအတွင်းမှာပင် သူတို့နှစ်ယောက် အပေါ်အောက် နေရာပြောင်းသွားကြလေပြီ ။

ထိုယောကျာ်းက နမ်းရှိုက်ဖို့အလုပ်တွင် ပြန်ရန်စဖို့ မမေ့သည့်
ရီဝမ်ဝမ်မှာ ခေါင်းကို အသာစောင်းကာ သူ့အနမ်းကို
ရှောင်ပစ်လိုက်ပြီး …

“ပြောကြတာကတော့ ကြီးမြတ်လှတဲ့ အရှင်နတ်ဆိုးက မိန်းမတွေနဲ့ ခပ်ခွာခွာနေတတ်တယ်ဆို ။ ကြည့်ရတာ အရှင်နတ်ဆိုးလည်း အပြောတခြား အလုပ်တခြားပဲနဲ့ တူတယ်”

ထိုယောကျာ်းက အမူအရာ မပျက်ယွင်းစွာဖြင့် ပြန်ဖြေသည် ။
“ပိုင် ဂိုဏ်းချုပ် … အရှင်နတ်ဆိုးကလည်းပဲ ယောကျာ်းထဲက ယောကျာ်းတစ်ယောက်ပါ”

ထိုယောကျာ်း၏ ချက်ကျလက်ကျ ပြောလာသည့် ထိုစကားကြောင့် ရီဝမ်ဝမ်စိတ်ထဲ ထောင်းခနဲ ဖြစ်သွား၏ ။

“ဒါဆို အရှင်နတ်ဆိုး ပြောနေတာက … ကျွန်မအပေါ် အခုလို လုပ်နေတာက ယောကျာ်းသဘာဝအရ တုံ့ပြန်မိတာဆိုတဲ့ သဘောပေါ့လေ”

ထိုယောကျာ်း၏အမူအရာမှာ တခန တောင့်တင်းသွား၏ ။ ဘာကိုမှ ပြောမလာသော်လည်း ထိုမပြောလာခြင်းကပင် အသံတိတ် ထောက်ခံနေသယောင် ။

ရီဝမ်ဝမ် ပြန်ရွဲ့လေပြီ ။
“အရှင်နတ်ဆိုးကို တစ်ခုလောက်တော့ သတိပေးပါဦးမယ် --- တစ်ညတာ အိပ်ရုံလောက်နဲ့တော့ နတ်သက်ကြွေအဆိပ်က ပြေမှာ မဟုတ်ဘူးနော်”

အချစ်နတ်သက်ကြွေအဆိပ်သည်ကား နတ်သက်ကြွေအဆိပ်၏ အဆိပ်ဘုရင်ကြီး ဖြစ်၏ ။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် ကုသလို့ မရနိုင်ပေ ။ လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်
စစ်မှန်စွာ ချစ်နေကြဖို့ လိုအပ်ပေသည် ။

ထို့ကြောင့် ထိုနတ်သက်ကြွေအဆိပ်သာ တကယ်ပြေသွားလျှင် သူသည် လူလိမ်လူညာဆိုသည့် အဓိပ္ပာယ်ကို သက်ရောက်စေနိုင်လေသည် ။

သူမလေးစကားကို ကြားလိုက်ချိန်တွင် ထိုယောကျာ်း၏
မျက်ဝန်းတိ့ုမှာ အနည်းငယ် အုံ့မှိုင်းလာတော့ပြီး
အေးစက်လာလေပြီ ။

“ကျွန်တော့်ကို သတိမပေးခင် ပိုင် ဂိုဏ်းချုပ်လည်း ကိုယ့်ဟာကိုယ် အရင် သတိပေးလိုက်ပါဦး ။ ဂိုဏ်းချုပ်က ဂျိဘုရင်ကို တကယ်နှစ်နှစ်ကာကာကြီး ချစ်မြတ်နိုးနေတာဆိုပြီး ဘာကြောင့်
ဒီည ဒီလိုမျိုးတွေ လုပ်နေတာလဲ”

………………………………………………………………………

စာစဉ် ၆၂၊ အခန်း ၁၄။ ပန်းခင်းလို

ရီဝမ်ဝမ် အံကို ကြိတ်လိုက်ပြီး ပြန်ဖြေလိုက်၏ ။
“ရှင် ပြောတာ မှန်တယ် ။ ကျွန်မ ဂျိဘုရင်ကို နှစ်နှစ်ကာကာကြီးကို ချစ်တယ် ၊ မြတ်နိုးတယ် ။ ပန်းခင်းလမ်းကို ဖြတ်လျှောက်ရမယ် ဆိုရင်တောင်မှ သူ့အပေါ်ထားတဲ့ ကျွန်မ နှလုံးသားက
ဘယ်တော့မှ မပြောင်းလဲဘူး”

“ဒါပေမယ့် ဘာလို့ ဒီလိုလုပ်နေတာလဲ ဟုတ်လား ။ ရှင်က အရှင်နတ်ဆိုးလေ … နတ်သက်ကြွေအဆိပ်
မပျောက်နိုင်ရင်တောင်မှ ရှင်နဲ့ တစ်ခါလောက်လေး အိပ်လိုက်ရရင် ဘာနောင်တမှ မရှိဘဲ နေလို့ရသွားတာပေါ့”

ချက်ချင်းလိုပင် ထိုယောကျာ်း၏ မျက်ဝန်းတို့မှာ အေးစက်လာ၏ ။ သူမလေးအား ဝါးမြိုပစ်ချင်သည့်အလားနှယ် စူးစူးစိုက်စိုက် ကြည့်နေမိ၏ ။

သူမလေး ပြောသွားသည့် စကားတိုင်းတွင် သူမလေးသည်
ဂျိရှို့ရန်အား ဟိုးအဝေးကနေသာ လှမ်းငေးကြည့်နိုင်သည့် နတ်ဘုရားတစ်ပါးသဖွယ် မြတ်မြတ်နိုးနိုး သဘောထားနေခြင်း
ဖြစ်ပြီး အားလပ်ချိန်မှာတောင်မှ မထိရက်မကိုင်ရက်သည့် ပန်းပွင့်လေးသဖွယ် သဘောထားနေခြင်းပင် ….

သူမ အရင်တုန်းက သူ့အပေါ် ပြုခဲ့သမျှ အရာအားလုံးမှာ ယောကျာ်းချောလေးနောက် လိုက်ကြည့်လိုသည့် သဘောသက်သက်သာပဲလား … ။

ဟိုအရင်တုန်းကရော … ။

သူမသည် ဖိန့်ဖိန့်တုန်ဂိုဏ်း၏ ခေါင်းဆောင်လေးတစ်ယောက်
ယောင် ဆောင်ကာ အဇူရာထဲ ခိုးဝင်ခဲ့ပြီး သူ့နားနား မရမက လိုက်ကပ်ခဲ့သည်ကလည်း ဒါကြောင့်ပဲလား ။

ဒါကြောင့်မို့ပဲ သူနဲ့ တစ်ညတာ အိပ်ပြီးသွားတာနဲ့ ပျောက်ခြင်းမလှအောင် ပျောက်ချက်သား ကောင်းသွားခဲ့တာလား ။

ထိုကဲ့သို့ တွေးလိုက်မိရင်း သူ၏နှလုံးသားလေး တစစီ ဆွဲစုတ်ခံနေရသလို ခံစားနေမိပြီး တစ်ကိုယ်လုံး ဒေါသတို့ လောင်မြိုက်လာရ၏ ။

သူ၏အကြည့်တို့မှာ ပိုတိုးကာ ကြောက်စရာကောင်းလာလေပြီ ။ သူ၏မျက်နှာမှာလည်း ဖြူစုတ်လာလေပြီ ။ ဒီတစ်ခေါက်တော့ သူမ
သူ့ကို ဂိတ်ဆုံးထိကို ဒေါသထွက်သွားမိစေပြီလား ။ အရင်တုန်းကသာဆိုရင် ထိုကဲ့သို့သော အန္တရာယ်များသည့် စကားမျိုးကို သူမလေး ပြောရဲလိမ့်မည် မဟုတ်ပေ ၊ သို့သော် ဒီတစ်ကြိမ်သည်ကတော့ သူ့ဆီကနေ အဖြေရအောင် နှိုက်ထုတ်နေရသည့် အချိန် ဖြစ်လေသည် ။

သူမ သုံးခဲ့သည့် နည်းလမ်းတိုင်းက အသုံးမဝင်သည်ချည်း ဖြစ်တာကြောင့် အထူးနည်းလမ်းကို ထုတ်သုံးလိုက်ရခြင်းသာ ။

တံခါးအပြင်ဘက်တွင် လေတိုးသံကား တဝှီးဝှီးနေ၏ ။

ဒေါက် ဒေါက် ဒေါက်

ရုတ်တရက်ဆိုသလို လေတိုးဝှေ့နေသံတို့ကြား တံခါးခေါက်သံက ဘွားခနဲ ထွက်လာလေပြီ ။

ဒီလောက်တောင် မှောင်နေပြီ ၊
ဘယ်သူက တံခါးလာခေါက်နေတာလဲ ။

အခုချိန်သည်ကား သေရေးရှင်ရေးနှယ် အလွန်တရာ အရေးကြီးနေသည့် အခိုက်အတန့် ၊ ထိုယောကျာ်း၏ ဟန်ဆောင်အရေခွံမှာ ကျွတ်လုနီနီး ဖြစ်နေလေပြီ ။ ထို့ကြောင့်
ရီဝမ်ဝမ် လမ်းတစ်ဝက်မှာတင် လက်လျှော့အရှုံးမပေးလိုသဖြင့် ထိုတံခါးခေါက်သံအား မသိကျိုးကျွံ ပြုနေလိုက်တော့၏ ။

သို့သော် တံခါးခေါက်သံကား စည်းချက်ညီစွာ ထပ်ပေါ်လာပြန်သည် ။ ရီဝမ်ဝမ် လုံး၀ စိတ်ပိုင်းဖြတ်ကာ လျစ်လျူရှုထားလိုက်၏ ။
ထိုအခိုက် မီးထဲ လောင်စာ ထပ်ထည့်ပေးလိုက်သလိုနှယ် ၊
သူ့အား ပိုလို့ပင် ရန်စမိသလို ဖြစ်သွားစေသည့် အသံတစ်သံ ။ တံခါးအပြင်ဘက်ကနေ ထွက်လာသည့် ထိုယောကျာ်းသံတစ်သံကို ကြားလိုက်ရလေပြီ ။

“ရှောင်ဖန်း … အိမ်မှာ ရှိလား”

သေစမ်း …

ဂျိ ရှို့ ရန် ဟ ။

ရီဝမ်ဝမ် အလန့်တကြား ထလိုက်မိသဖြင့် ကော်ဖီစားပွဲပေါ် တင်ထားသည့် ခွက်တစ်ခွက်ကို မတော်တဆ တိုက်ချမိသွား၏ ။ ခွမ်းခနဲ အသံကြီးတစ်သံ တလူလူ လွင့်ထွက်လာတော့လေပြီ ။

သေစမ်း …

ဒီအချိန်ကြီ ဂျိရှို့ရန် ရောက်ချလာတယ် … အတည်ကြီးလား ။

သူသည် ခွက်ကွဲသွားသံကို ကြားသွားဟန်ပင် ။ ဂျိရှို့ရန်၏ တံခါးခေါက်သံမှာ ပိုလို့ အလောတကြီး နိုင်လာလေပြီ ။

“ရှောင်ဖန်း … ဘာဖြစ်သွားသေးလဲ”

ရီဝမ်ဝမ်၏နောက်ကျောမှာ တောင့်တင်းသွားပြီး
စိုးရိမ်တကြီးဖြင့် ပတ်ချာလှည့်နေမိ၏ ။
“အရှင်နတ်ဆိုး … မြန်မြန်လေး ပုန်းနေ”

ဂျိရှို့ရန်သည် သူမတွင် တစ်ခုခု ဖြစ်ပျက်နေပြီဟု
တွေးမိသွားဟန်ပင် ။ တံခါးကို ချိုးဖျက်နေလေပြီ ။
သူ တံခါးဖျက်ပြီး ဝင်လာခါနီး ဖြစ်နေပြီမို့ အနောက်တံခါးကနေ ထွက်သွားဖို့ဆိုသည်က နောက်ကျလွန်းသွားပေပြီ ။

ရီဝမ်ဝမ် တစ်ခန်းလုံးကို ချာလပတ်ရမ်းအောင် လိုက်ကြည့်နေမိရင်း နံဘေးတွင် ရှိနေသည့် ဗီရိုကြီးတစ်ခုကို မြင်မိသွား၏ ။ သူမ
ပြောမလို့ လုပ်လိုက်ချိန် ဂျိရှို့ရန်က ထပ်ခေါ်လာပြန်သည် ။

“ရှောင်ဖန်း”

“ဟို … ဘာမှ မဖြစ်ဘူး ၊ ဘာမှ မဖြစ်ဘူး ။ ဒီလောက်
နောက်ကျနေမှ ဘာလို့ လာတာလဲ ။ တစ်ခုခု ဖြစ်လို့လား”

ရီဝမ်ဝမ် ကပျာကယာ လှမ်းအော်လိုက်၏ ။

တစ်ချိန်တည်းမှာပင် ဆိုဖာပေါ်က ထိုယောကျာ်းအား တိုက်တွန်းလိုက်သည် ။

“မြန်မြန်လုပ် … မြန်မြန်လုပ် .. မြန်မြန်လေး”

ရီဝမ်ဝမ်၏ ထိတ်လန့်ကာ ပျာယာခတ်နေသော အမူအရာကြောင့် ထိုယောကျာ်း၏မျက်နှာမှာ ပိုတိုးလို့ပင် အေးစက်လာ၏ ။ သူသည် ခပ်တည်တည်ပင် ထထိုင်လိုက်ပြီး အမူအရာကင်းမဲ့စွာဖြင့်
သူ့ရှပ်အင်္ကျီပေါ်က ကြယ်သီးနှစ်လုံးကို အေးအေးလူလူ တပ်နေလေသည် ။

သေစမ်း … ဝဋ်လည်တာကလည်း မြန်လွန်းလိုက်တာ ။

ရီဝမ်ဝမ်ခမျာ အော်ငိုပစ်လိုက်ချင်စိတ်ပင် ပေါက်သွား၏ ။ သူမ ချက်ချင်းပင် ဆိုဖာရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး
ထိုယောကျာ်း၏ ဒူးပေါ် ခေါင်းလေး တင်လိုက်တော့ကာ မျက်ရည်ရွဲနေသည့် မျက်ဝန်းလေးဖြင့် ၊ အတိုင်းထက်အလွန် နူးညံ့လွန်းသော အသံလေးဖြင့် ပြောဆိုလိုက်တော့သည် ။

“အရှင်နတ်ဆိုး ... လုပ်ပါ ၊ လုပ်ပါနော် ။ ရှင့်ရဲ့ ကျေးဇူးကို ကျွန်မတစ်သက်လုံး မမေ့ဘူးလေနော်”

…………………………………………………………………...........

စာစဉ် ၆၂၊ အခန်း ၁၅။ စိတ်ဆိုးနေပြီ

ထိုမိန်းကလေးသည် သူမလေး၏ မျက်နှာနုနုလေးကို သူ့ဒူးပေါ် အပ်ထားကာ သနားကမားဟန်လေးဖြင့် သူ့အား မော့ကြည့်လာလေသည် ။ သူ့မျက်နှာထက်က အေးစက်နေမှုတို့ ၊
သူ့ရင်အား ထိုးနှက်နေသည့် ဒေါသမုန်တိုင်းတို့ နှင့် တစ်ကိုယ်လုံး တမြေ့မြေ့ နာကျင်နေမှုတို့မှာ မျက်တောင်တစ်ခတ်အတွင်းပင် အများကြီး လျော့ကျသွားတော့လေပြီ ။

အခြေအနေ ပြေလည်လာပြီကို မြင်လိုက်သဖြင့် ရီဝမ်ဝမ်သည် ထရပ်လိုက်ကာ သူ့လက်ကနေ ဆွဲပြီး ထိုဗီရိုကြီးဆီ အမြန်ဆွဲခေါ်သွားတော့၏ ။ ထို့နောက် ဗီရိုတံခါးကြီးကို
ဖွင့်လိုက်ကာ …
“အထဲမှာ ပုန်းနေပေးနော် အရှင်နတ်ဆိုး”

ထိုယောကျာ်းသည် သူ့အနောက်တွင် ရှိနေသည့် ထိုဗီရိုကို ကြည့်လိုက်ပြီးနောက် အရှေ့က တံခါးမကြီးအား ကြည့်လိုက်ပြန်၏ ။ ချက်ချင်းပင် သူ၏ အနည်းငယ် ပြေလျော့သွားပြီဖြစ်သည့် မျက်နှာ အမူအရာမှာ တစ်ဖန်ပြန်လည် အေးစက်လာလေပြီ ။

ရီဝမ်ဝမ်သည် အိပ်ရာထက်တွင် နောက်ရည်းစားနှင့် ပလူးပလဲ လုပ်နေခြင်းကို တကယ့်ရည်းစားအစစ်က မိသွားမှာကို ကြောက်နေသလိုလို လုပ်နေခြင်း မဟုတ်ပါလား ။

ဒီမိန်းမတော့ …

ဝုန်း ခနဲ အသံကြီးတစ်သံ ထွက်လာ၏ ။ ဂျိရှို့ရန်သည် အထဲမှာ တစ်ခုခု ဖြစ်နေမှာကို စိုးရိမ်နေခဲ့ခြင်း ဖြစ်ဟန်တူသည် ။ တံခါးကို အားပြင်းပြင်းဖြင့် ထုရိုက်နေတော့လေပြီ ။

ရီဝမ်ဝမ် အစောနက သူ့ကို ဆွထားမိခဲ့ခြင်းအပေါ်
နောင်တအကြီးကြီး ရမိသွား၏ ။ သူမလေး သူ့ရင်ခွင်ထဲ တိုးဝင်ပစ်လိုက်ကာ သူ့နှုတ်ခမ်းသားတို့အား ထပ်နမ်းပေးလိုက်ရင်း
“ကျေးဇူးပြုပြီး … နော်လို့ …”

ထိုယောကျာ်းသည်ကတော့ မျက်နှာလွှဲပစ်လိုက်ကာ သူမလေး၏အနမ်းကို ရှောင်ပစ်လိုက်ချေပြီ ။

သေစမ်း …

ငါ ဒီတစ်ခေါက် သူ့ကို တကယ် စိတ်ဆိုးအောင် လုပ်မိသွားတာပဲ …

“အား …”
ရီဝမ်ဝမ် မျက်ခုံးတို့ တွန့်ချိုးလာပြီး ရုတ်တရက်ကြီး
နာကျင်စွာဖြင့် ဗိုက်ကို ဖိနှိပ်ထားလိုက်ကာ .. ။
“နာတယ်…”

ထို့နောက် သူ စိတ်လွင့်သွားချိန် ထိုဗီရိုထဲသို့ သူ့ကို အတင်းတွန်းထည့်ပစ်လိုက်ပြီး တံခါးကို ပိတ်ပစ်လိုက်ကာ
အပြင်ကနေ ချောက်ခနဲ ဂလန့်ထိုးပစ်လိုက်လေပြီ ။

သူမလေး တံခါးမပိတ်ခင် ထိုယောကျာ်း၏ အလွန်အကျူး ဒေါသထွက်နေသော ၊ ကြောက်စရာကောင်းလွန်းလှသော မျက်နှာကြီးကို မြင်ဖြစ်အောင် မြင်လိုက်မိသေးသည် ။

တစ်ချိန်တည်းမှာပင် တံခါးမကြီးမှာ အပြင်ဘက်နေ ဝုန်းခနဲ တွန်းပွင့်လာလေပြီ ။

ဂျိရှို့ရန် အိမ်ထဲသို့ ဝင်ချလာလေပြီ ။

ရီဝမ်ဝမ် ချွေးတို့ ရွှဲနစ်ကာဖြင့် သူ့ဆီ ပြေးသွားလိုက်၏ ။
“အဟမ်း .. ဘာလို့ ဒီကို ရောက်လာတာလဲ”

“ဘာဖြစ်သွားသေးလဲ”
ဂျိရှို့ရန် ဧည့်ခန်းတစ်ခန်းလုံးကို မသိမသာ လိုက်ကြည့်နေသည် ။

ရီဝမ်ဝမ် သတိကြီးကြီးဖြင့် ထိုဗီရိုကြီးကို သူ မမြင်ရအောင် ကာပစ်လိုက်မိ၏ ။ ထို့နောက် အခုမှ အိပ်ရာက နိုးလာဟန်ဖြင့် အိပ်ချင်မူးတူးစွာ ပြောလိုက်သည် ။

“ဘာမှ မဖြစ်ပါဘူး ၊ အစောနက ရေနွေးခွက်ကို ဝင်တိုက်မိသွားလို့ ။ ထိုင်ပါဦး … ရေနွေးငှဲ့ပေးမယ်နော်”

“ဧည့်သည် လာသွားတာလား”
ဂျိရှို့ရန်သည် ကော်ဖီစားပွဲကို ကြည့်လိုက်၏ ။

သူမ ခွဲပစ်ခဲ့သည့် ကော်ဖီခွက်အပြင် နောက်ထပ်တစ်ခွက်ပါ မျက်နှာချင်းဆိုင်တွင် ရှိနေလေသည် ။

ရီဝမ်ဝမ်၏ ရင်ထဲ ဒုတ်ခနဲ ခုန်မိသွား၏ ။ ထိုကျိုးပဲ့နေသည့် အပိုင်းအစတို့ကို သိမ်းဆည်းပစ်လိုက်ပြီး ရှင်းပြလိုက်သည် ။

“ကြယ်ခုနစ် အစောက လာသွားတာ ။ ဒီလောက်တောင် နောက်ကျနေပြီ ၊ တစ်ခုခု ပြောစရာ ရှိလု့ိလား”

ဂျိရှို့ရန်သည် ထိုကော်ဖီခွက်ကို စိုက်ကြည့်နေပြီးနောက်
ဆိုဖာပေါ်တွင် ထိုင်ချလိုက်၏ ။ သူမ ပြောသည့်စကားကို ယုံကြည်လေဟန် ပြုလိုက်ပြီး ခါတိုင်းလိုပင် ပြုံးစစမျက်နှာလေး ပြန်ဖြစ်တည်လာလေသည် ။

“ဘာရယ်လို့ မဟုတ်ပါဘူး ။ ဒီတိုင်း ကိုယ်နဲ့ စိုးရိမ်ခြင်းကင်းသောနန် ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူးဆိုတာကို မင်းကို ရှင်းပြဖို့
လိုတယ်လို့ ခံစားမိလာလို့”

“ဒါပဲလား”  ရီဝမ်ဝမ် အမြန်ပြောလိုက်၏ ။

“ဘာမှ မဖြစ်ဘူး ၊ ဘာမှ မဖြစ်ဘူး ။ လုံးဝကို စိတ်ထဲ မထားဘူး ။
ရှင် ပြောသမျှ အားလုံး ယုံတယ်”

“အဲ့ဒီလိုလား”

“ဟုတ်တာပေါ့”  ရီဝမ်ဝမ် ခေါင်းအမြန်ညိတ်လိုက်သည် ။

“ဒါဆိုရင် ကိုယ် ဒီနေ့ ရှန်း အိမ်တော်မှာ ပြောခဲ့တာကိုလည်း နားထောင်မယ်မလား” ဂျိရှို့ရန်က ပြောလာသည် ။

ဂျိရှို့ရန် သူမကို ဒီည ဘာပြောခဲ့တာလဲ ။

ရီဝမ်ဝမ်၏စိတ်တို့ ပျံ့ကြဲနေပြီး သူ ပြောထားခဲ့သည့် စကားကို မနည်းစဉ်းစားကြည့်လိုက်၏ ။ ပြန်သတိရသွားပြီးနောက်တွင်
သူမလေး အမြန်ပြောလိုက်တော့သည် ။

“အရှင်နတ်ဆိုးနား မသွားဖို့ ပြောခဲ့တာမလား ။ အင်းပါ ၊ အင်းပါ ။ ရှင့်စကားကို နားထောင်မယ် စိတ်ချ”

ရီဝမ်ဝမ်က ထပ်ကာပင် ဖြည့်ပြောလိုက်ပြန်သည် ။
“စိတ်ချပါ ၊ ကျွန်မ သူ့နားကို လုံးဝကို မသွားတော့ဘူး”

သူမလေး ပြောလိုက်သည်နှင့် ထိုဗီရိုကြီးဆီကနေ အသံကြီးတစ်သံ ထွက်လာ၏ ။

ဂျိရှို့ရန်၏ မျက်လုံးတို့ ချက်ချင်းပင် ထိုဗီရိုကြီး ရှိရာဆီ
ရောက်သွားပြီး လင်းလက်သွား၏ ။

ရီဝမ်ဝမ်သည်ကတော့ ကြောက်လွန်းလို့ ကြက်သီးမွေးညင်းတို့ ထိုးထောင်ကုန်လေပြီ ။

သေစမ်း …

…………………………………………………………………………..

စာစဉ် ၆၂၊ အခန်း ၁၆။ ချော့တာလည်း မကယ်နိုင်ပြီ

ထိုအခိုက် ၊ အနက်ရောင်အကောင်ကြီးတစ်ကောင်သည် ဗီရိုနောက်ကနေ ထွက်လာလေသည် ။

ရီဝမ်ဝမ်၏မျက်ဝန်းတို့ ဝင်းပသွားပြီး မြန်မြန်ပင် ပြောလိုက်၏ ။
“ဗိုင်းရပ်စ် ၊ ဘာလို့ အဲ့လောက်တောင် ဆိုးနေရတာလဲ”

သူမသည် ချက်ချင်းကို ဗိုင်းရပ်စ်အပေါ် အပြစ်ပုံချပစ်လိုက်လေပြီ ။

ဗိုင်းရပ်စ်သည် လျှောက်လာနေရင်း တစ်ခုခုကို အနံ့ရလိုက်ဟန် ။ ဗီရိုရှေ့တွင် နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ မာန်ဖီသံ သဲ့သဲ့လေးပင်
ပေးလာ၏ ။

သေစမ်း … နက်ကောင်လေး ၊ င့ါကို မဖော်နဲ့ဟ ။

ရီဝမ်ဝမ်သည် သူမနံဘေးက ဆိုဖာပေါ်ကို အမြန်ပုတ်ပြလိုက်ပြီး ခေါ်လိုက်ရ၏ ။

“ဗိုင်းရပ်စ် ၊ ဒီကို လာ”

“ဝေါင်း”

ကျားသစ်နက် မှာ ဗီရို နှင့် ရီဝမ်ဝမ်ကြား ရွေးရခက်နေပြီးနောက် ရီဝမ်ဝမ်ကို ရွေးချယ်ပစ်လိုက်ကာ သူမဆီ လျှောက်လာတော့၏ ။

ကျားသစ်နက်ကြီးသည် ဆိုဖာပေါ်ကို ခုန်တက်လိုက်ပြီး ရီဝမ်ဝမ်၏ပေါင်ပေါ်ကို ခေါင်းလေး မှီတင်လိုက်လေသည် ။

ရီဝမ်ဝမ်သည် ဗိုင်းရပ်စ် ထိုဗီရိုအကြောင်းကို မေ့သွားကာ စိတ်အေးအေးလူလူ ဖြစ်သွားဖို့ရာအတွက် ဗိုင်းရပ်စ်၏ ခေါင်းလေး
ကို ပွတ်သပ်ပေးနေလိုက်၏ ။

ဟူး .. တော်သေးတယ် … ။

နောက်ဆုံးတွင် ဂျိရှို့ရန်သည်လည်း ထိုဗီရိုကို ကြည့်နေခြင်း ရပ်သွားလေပြီ ။ သူမလေး လည်ချောင်းရှင်းလိုက်ပြီး
ပြောလိုက်သည် ။

“အဟမ်း … ဟိုလေ … ညဉ့်လည်း နက်နေပြီ ။ ရှင့်ကို အကြာကြီး ဆွဲမထားတော့ဘူးနော် ။ မိုးကလည်း ရွာတော့မဲ့ပုံပဲ ၊ ပြန်လိုက်ပါတော့လား”

ဂျိရှို့ရန်သည် သူ့ရေနွေးခွက်ကို ကောက်ကိုင်လိုက်ကာ … “မလောဘူး”

ရီဝမ်ဝမ် ။ “…!!!”

မလောဘူး ဆိုတာက ဘာအဓိပ္ပာယ်လဲ ။ ကျွန်မက အကြီးကြီး လောနေပြီရှင့် ၊ ဟုတ်ပြီလား ။

ဟိုဘော့စ်က ဗီရိုထဲမှာ ဘယ်လောက်ကြာကြာ နေနိုင်မလဲဆိုတာ ဘယ်သူ သိမှာလဲ ။

“ရှောင်ဖန်း ၊ မင်းက ပျော်ပျော်နေတတ်ပြီး ချောချောလေးတွေ သိပ်မက်တာကို ကိုယ် သိပါတယ် ။ ဒါပေမယ့် ဘယ်သူ့ဖြစ်ဖြစ် ကြိုက်လို့ရတယ် ၊ အရှင်နတ်ဆိုးကိုတော့ ကြိုက်လို့ မရဘူးနော် ၊ နားလည်လား”

ဂျိရှို့ရန်၏လေသံသည်ကား ခါတိုင်းလိုပင် နူးညံ့နေပေမည့် မျက်ဝန်းတို့ကတော့ ခါတိုင်းထက်ပင် တည်ကြည်လေးနက်လို့
နေ၏။

“နားလည်ပါတယ် ၊ နားလည်ပါတယ် ။ အရှင်နတ်ဆိုး အပေါ်မှာ ဘာခံစားချက်မှကို မရှိတာပါ ။ အဲ့လူကြီးက အမြဲတမ်း မှုန်သုန်နေပြီးတော့ မာထန်နေတဲ့ဟာ … အမလေး ..
အရမ်းကြောက်ဖို့ ကောင်းတယ် ။ သူ ဘယ်လောက် ချောချော ကြိုက်မှာမဟုတ်ဘူး စိတ်ချ”

ရီဝမ်ဝမ်၏စိတ်ထဲတွင် ဂျိရှို့ရန်ကို မြန်မြန်ပြန်စေချင်စိတ်သာ ရှိနေသောကြောင့် ပြောသမျှအကုန်ကို သူမ
သဘောတူပေးမည်သာ ။

သူ ဘာပြောပြော ဘယ်သူက ဂရုစိုက်နေမှာလဲ ။

သို့သော် … သူမလေး ထိုသို့ ပြောလိုက်မိခြင်းက တစ်ယောက်သောသူကိုတော့ လုံးဝအတိ ရန်စမိသွားလေပြီ …

ပထမဆုံးအကြိမ်အနေဖြင့် ရီဝမ်ဝမ် သူမချော့မြှူလာခဲ့သည့် သက်တမ်းတစ်လျှောက်တွင် ဒီတစ်ခေါက်က အခဲယဉ်းဆုံးသော အချိန်ပင် ။

ငါ သူ့ကို … မချော့နိုင်လောက်တော့ဘူး …

“ကျွန်မက အရမ်းချေးများတဲ့သူပါနော် ။ နူးညံ့သိမ်မွေ့ပြီးတော့ ပြုံးနေတတ်တဲ့ ယောကျာ်းတွေကိုပဲ ပိုကြိုက်တယ် ~”

ရီဝမ်ဝမ်သည် အခြေအနေကျပ်နေချိန်တွင် သူမအရှေ့က ထိုယောကျာ်းကို ချော့ဖို့သာ ကြံလိုက်တော့၏ ။

ဂျိရှို့ရန်သည် ထိုသည်ကို ကြားလိုက်ပြီး တိုးဖွဖွလေး
ရယ်မောလာသည် ။

ဒီအပြုံးလေး …

တကယ်ပင် … ဂျိရှို့ရန် ပြုံးလိုက်တိုင်း သူမလေး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရစမြဲ …

ရီဝမ်ဝမ် ပြန်အားမွေးလိုက်ပြီး သူမခေါင်းသူမ ရိုက်ချလိုက်၏ ။

ဒါက ဘယ်လိုအချိန်ကြီးလဲ ။ ဘယ်လိုလုပ် မဟုတ်တရုတ် အတွေးတွေက ဝင်လာရတာလဲ ။

တော်ပါသေးရဲ့ ၊ ဂျိရှို့ရန် နောက်ဆုံးတော့ ငါ့ကို ယုံသွားပြီ ။

“တော်တော်လေး နောက်ကျနေပြီ ၊ မင်းလည်း အိပ်တော့”

“ဟုတ် ဟုတ် ဟုတ် ရှင်ရောပဲ”

ရီဝမ်ဝမ်၏ စိတ်တင်းကြပ်နေမှုတို့အားလုံး လွင့်ပြယ်သွားလေပြီ ။
ဂျိရှို့ရန်၏ ထိုတစ်ခုသော ဗီရိုကို မသိမသာ
ကြည့်လိုက်ခြင်းကိုတော့ သူမလေး သတိမပြုမိလိုက်ပါချေ ။

“လိုက်ပို့ပေးမယ်နော်”
ရီဝမ်ဝမ် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည် ။

ရီဝမ်ဝမ် ဂျိရှို့ရန်ကို လိုက်ပို့ပေးဖို့ ထရပ်လိုက်ချိန် အပြင်ဘက်ကနေ ခြေသံတစ်ဘုန်းဘုန်း ထွက်လာလေပြီ ။

မလိုအပ်ဘဲ အကျယ်ကြီး လျှောက်တတ်သည့် ခုနစ်စင်ကြယ်၏ ခြေသံတည်း ။

“အစ်မ ဖန်း … အိပ်နေပြီလား”

ခုနစ်စင်ကြယ် လား ။

သေစမ်း ။

အသံအရ ခုနစ်စင်ကြယ်နှင့်အတူ တခြားသူများလည်း ပါလာသေးဟန်ပင် ။

သူ ထွက်သွားပြီ မဟုတ်ဘူးလား ။

ဒီလောက် ညဉ့်နက်နေမှ ဘာပြန်လာလုပ်တာလဲ ။

“မဖြစ်ဘူး ၊ ခုနစ်စင်ကြယ်နဲ့ တခြားသူတွေ ရှင့်ကို မြင်သွားလို့ မဖြစ်ဘူး”

ရီဝမ်ဝမ်ကား ရူးချာမတတ် ဖြစ်နေလေပြီ ။

ပိုဆိုးသည်မှာ အစောနတုန်းက ဂျိရှို့ရန်သည် တံခါးကို ချိုးဖျက်ပြီး ဝင်လာခဲ့ခြင်း ဖြစ်နေသဖြင့် တံခါးမှာ သော့ပျက်နေပြီးသားပင် ။ ခုနစ်စင်ကြယ်၏ ခြေသံမှာ နီးကပ်လာလေပြီး တံခါးကို
ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်လေပြီ ။

ဧည့်ခန်းကြီးတစ်ခုလုံးတွင်လည်း ပုန်းလို့ရသည့် နေရာကား တစ်နေရာသာ ရှိနေ၏ …

…………………………………………………………………………

စာစဉ် ၆၂၊ အခန်း ၁၇။ ရန်မဖြစ်ကြနဲ့နော်

ခုနစ်စင်ကြယ် နဲ့ ကြယ်ခုနစ် သာ ဂျိရှို့ရန်ကို ဒီမှာ တွေ့လိုက်ရရင်
ငါ့ကို သေချင်ဇော်နံအောင်ကို တဗျစ်တောက်တောက်
ပြောကြလိမ့်မယ် ။

မဖြစ်ဘူး … ငါနဲ့ ဂျိဘုရင်ရဲ့ ပတ်သက်မှုကို သူများတွေ
သိလို့မဖြစ်ဘူး ။

“ကိုယ် ပုန်းလိုက်မယ်”

ဂျိရှို့ရန်သည် ထိုသို့ ပြောလိုက်ပြီး ဗီရိုကြီးရှိရာဆီ လျှောက်သွားလိုက်လေပြီ ။

ဂျိရှို့ရန် ဗီရိုတံခါးကို ဖွင့်ဖို့ အလုပ်တွင် ရီဝမ်ဝမ် အော်ပြောလိုက်၏ ။

“မလုပ်နဲ့ —”

တံခါးသည် အပြင်ကနေ ဂျက်ထိုးထားခြင်း ဖြစ်သဖြင့် အထဲကနေ ဖွင့်လို့ မရသော်လည်း အပြင်ကနေတော့ ဖွင့်လို့ ရပေသည် ။

ဂျိ ဘုရင်သည် ထိုဗီရိုအား ဖွင့်လိုက်သည်နှင့် သူ၏နူးညံ့ပြီး နွေးထွေးသောမျက်ဝန်းတို့မှာ အေးစက်ပြီး တင်းမာလာသည့် မျက်ဝန်းတို့ အသွင် ပြောင်းသွားလေပြီ ။

ရီဝမ်ဝမ် ထိတ်လန့်စွာဖြင့် မျက်လွှာတိ့ုကို ပိတ်ချပစ်လိုက်၏ ။

သေပြီ ။

“အစ်မ ဖန်း … အစ်မ ဖန်း ရေ ။ အဲ … တံခါးက ဘာလို့ ပျက်နေတာပါလိမ့် ၊ အစ်မ ဖန်း”

ရီဝမ်ဝမ် မျက်နှာကို လက်နှင့် အုပ်ထားမိရင်း ရွေးချယ်စရာ
မရှိတော့ဘဲ ဂျိရှို့ရန်ကို တွန်းထည့်ပစ်လိုက်၏ ။ အထဲက
ဘော့စ်ကြီး နှစ်ယောက်အား သူမလေး တောင်းပန်တိုးလျှိုးစွာ ခိုးကြည့်လိုက်ပြီး ပြောလိုက်မိ၏ ။

“ဒုက္ခပေးရတဲ့အတွက် တောင်းပန်ပါတယ် ။ သူတို့ကို မြန်နိုင်သမျှ အမြန်ဆုံး မောင်းထုတ်ပစ်လိုက်မယ် ။ ရှင် .. ရှင်တို့နှစ်ယောက် … အဆင်ပြေပြေနေကြနော် …”

အဲ့မှာ ရန်မဖြစ်ကြနဲ့နော် …

သူမမှာ အမှန်တကယ်ပင် ငိုချင်စိတ် ပေါက်နေမိ၏ …

ဂျိရှို့ရန်သည် သူ့နံဘေးက ထိုယောကျာ်းကို ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ပြုံးပြလာကာ ..
“စိတ်ချပါ”

ဂျိရှို့ရန်က ဂျိရှို့ရန် ပါပဲလား ။
ဗီရိုထဲမှာ နောက်ယောကျာ်းတစ်ယောက်ကို တွေ့နေရတာတောင် အပြုံးမပျက်တုန်းပဲ ။

ငါလေး ဘယ်လိုအကောင်ကြီးတွေကို သွားပြီး ရန်စမိတာလဲ ။

အရှင်နတ်ဆိုးအဖို့သည်ကား သူသည် မီးဝင်းဝင်းတောက်နေသည့် မျက်ဝန်းတို့ဖြင့် သူမလေးအား စိုက်ကြည့်နေပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် မျက်လွှာပြန်ပိတ်သွားလေပြီ ။

ရီဝမ်ဝမ် ဗီရိုတံခါးအား အမြန်ပင် ပိတ်ပစ်လိုက်ရ၏ ။

တံခါးပိတ်လိုက်သည့် လက်မတင်လေး ၊ ခုနစ်စင်ကြယ်နှင့်
ကြယ်ခုနစ် မှာ အထဲကို ဝင်လာကြလေပြီ ။

ခုနစ်စင်ကြယ်သည် ဆိုဖာပေါ်ကို လှစ်ခနဲ ထိုင်ချလိုက်ပြီး ဂျိဘုရင် အစောနက သောက်သွားသည့် ရေနွေးခွက်ကို ကောက်ကိုင်ကာ တမော့တည်း သောက်ချပစ်လိုက်လေပြီ ။ ထိုခွက်က နွေးပျပျလေး ရှိနေပြီး တစ်ယောက်ယောက် လာသွားခဲ့သည် ဆိုခြင်းကို သူ သတိမပြုမိလိုက်ပါပေ ။

“အစ်မ ဖန်း ၊ တံခါးက ဘာလို့ ပျက်နေတာလဲ ။ ကျွန်တော်တို့ အစောနက ပြန်သွားတုန်းကတောင် အကောင်းကြီးပါ ။ ဒါပေမယ့်
ဘာမှ မဖြစ်ဘူး ၊ ကျွန်တော်က တံခါးပြင်တဲ့နေရာမှာ ဆရာကြီး ။ ကျွန်တော့်ကိုသာ လွှဲထားလိုက် ၊ သေချာလေးကို ပြန်ပြင်ပေးမယ်”

တံခါးပြင် အတွေ့အကြုံ ရနေပြီ ဖြစ်သည့် ခုနစ်စင်ကြယ်မှာ ချက်ချင်းပင် အာပေါင်အာရင်းသန်သန် နှင့် ကြွားဝါတော့သည် ။

“မင်း … မင်တို့နှစ်ယောက် ဘာလို့ ပြန်လာတာလဲ” ရီဝမ်ဝမ်
ရင်ထဲမှာ ဒေါသဝေကာ ထိုနှစ်ယောက်ကို ကြည့်လိုက်မိသည် ။

ခုနစ်စင်ကြယ်က ပြန်ဖြေလာသည် ။

“အရေးကြီးတဲ့ကိစ္စရှိလို့ပေါ့”

ရီဝမ်ဝမ် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး …
“အော် … မိုးပြိုတာလောက် မကြီးလို့ကတော့ ငါ မင်းကို သေအောင် ရိုက်ပစ်မယ်မှတ်”

“ဒါက အစ်မအသက်နဲ့ ဆိုင်နေတာ အစ်မ ဖန်း ကလည်း … ဘယ်လိုလုပ် မိုးပြိုတာလောက် အရေးမကြီးရမှာလဲ”

ထို့နောက်တွင် ခုနစ်စင်ကြယ်သည် လက်ခုပ်တဖြောင်းဖြောင်း တီးလိုက်ကာ ပြောလိုက်သည် ။

“ဝင်လာခဲ့”

ဆယ်ယောက်ကျော်သော လူများ အိမ်ထဲသို့ ဝင်ချလာလေပြီ ။

ထိုလူသစ်များကို မြင်လိုက်ပြီး ရီဝမ်ဝမ်၏ မျက်ဝန်းတို့
လှုပ်ခတ်မိသွား၏ ။

အကုန် အချောလေးတွေ ချည်းပါလား ….

အကုန်လုံးက ချောလွန်းမိုက်လွန်းနေပြီး ဟိုတစ်ခေါက်က ခုနစ်စင်ကြယ် အလောတကြီး ရွေးချလာတာတွေထက်  အပုံကြီး ချောလှချည်လား …

ကြည့်ရတာ ဒီတစ်ခေါက်တော့ သူ သေချာရွေးပြီးတော့ကို ရှာလာခဲ့တယ်နဲ့ တူတယ် ။

ရီဝမ်ဝမ် ခေါင်းအကြီးကြီး ကိုက်ချင်ချင် ဖြစ်လာကာ မျက်ရိုးတို့ကို နှိပ်နယ်နေမိလေပြီ ။

“ထပ်ပြီးတော့လား … အဲ့ဒါကို ရပ်လိုက်တော့ဖို့ ငါ မင်းကို မပြောခဲ့ဘူးလား ။ မင်းတို့ ထပ်ရှာလာရင်တောင်မှ
ငါ့အခြေအနေနဲ့က အလကားပဲ”

ခုနစ်စင်ကြယ်က ရီဝမ်ဝမ်နား ကပ်ကာ ပြောလာသည် ။
“ဘယ်လိုလုပ် အလကား ဖြစ်မှာလဲ ။ အဲ့ဒီအဆိပ်က အစွမ်းပြလာပြီဆိုရင် အစ်မရဲ့ စိတ်တွေ ကြွလာပြီးတော့
စိတ်မထိန်းနိုင် ဖြစ်လာတတ်တယ်တဲ့ ။ အစ်မ အခုတလော ဖြစ်နေတာတွေနဲ့လည်း လုံး၀ ကွက်တိပဲ ။ အစ်မ ကိုယ်ထဲက နတ်သက်ကြွေအဆိပ်ကို မဖြေဘဲနဲ့ အသေမခံလိုက်နဲ့နော်”

“အစ်မ ဖန်း … သူတို့နဲ့ အခုပဲ မြန်မြန်လုပ်လိုက်တော့ ။ အဲ့ဒါဆို အစ်မလည်း ဟိုသေမင်းနှစ်မင်းကို သွားသွားပြီး
ခလုတ်တိုက်တော့မှာ မဟုတ်ဘူး ။ သူတို့နဲ့ လုပ်ပြီးတော့
ဂျိဘုရင် နဲ့ အရှင်နတ်ဆိုး တို့အကြောင်းကို လုံး၀ မေ့ပစ်လိုက်တော့ ၊ ဟုတ်ပြီလား”

ကြယ်ခုနစ်သည် ခုနစ်စင်ကြယ် လုပ်နေခြင်းကို
သဘောတူနေသလိုလို ဘာကိုမှ ဝင်မပြောလာပေ ။

ထိုနှစ်ယောက်ကို မြန်မြန်ပြန်သွားစေဖို့ရာအတွက် ရီဝမ်ဝမ် အားတက်သရော ပြောလိုက်မိပြန်သည် ။

“ငါ အစောနက ပျင်းနေလို့ လျှောက်လုပ်မိတာလို့ မပြောခဲ့ဘူးလား ။ မင်းတို့မျက်လုံးထဲမှာ ငါက အချောလေး မြင်လိုက်တာနဲ့ ငမ်းငမ်းတက်ပြီး ရှိသမျှသိက္ခာအကုန် လွှင့်ပစ်လိုက်တတ်တဲ့ လူစားလား”

…………………………………………………………………………

စာစဉ် ၆၂၊ အခန်း ၁၈။ အချောအလှလေးတွေ ဆိုတာက အပုပ်ကောင်ကို အရုပ်ဆောင်ထားကြတာချည်းပဲ

ကြယ်ခုနစ်သည် ဆက်သာ တိတ်ဆိတ်နေပြီး
ခုနစ်စင်ကြယ်ကတော့ ခေါင်းတဆတ်ဆတ် ညိတ်ပြလာလေပြီ ။

“မဟုတ်လို့လား”

“ဒီကို လာစမ်း”

ငါ နင့်ကို မရိုက်ရင် ကြိုက်သလို ပြော ။

ခုနစ်စင်ကြယ်သည် ကြယ်ခုနစ်အနောက်တွင် ချက်ချင်း ပုန်းပစ်လိုက်လေသည် ။
“အစ်မ ဖန်း ကလည်းဗျာ ၊ ကျွန်တော် အစ်မ နောက် လိုက်နေတာ နှစ်တွေအများကြီး ကြာနေပြီဟာ … အစ်မ အကြောင်းကို အူမချေးခါးမကျန် သိတာပေါ့ ။ ကိုယ့်ကိုယ်ကို
ညာမနေပါနဲ့တော့ဗျာ”

“အစ်မ သူတို့ကို ကြည့်တောင်မကြည့်ရသေးဘဲနဲ့ အစ်မအကြိုက် မပါဘူးလို့ ဘယ်လိုလုပ်သိမှာလဲ ။ အရင်ဆုံး သေချာလေး ကြည့်ကြည့်လိုက်လေ ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်တော် ကတိုက်ကရိုက် ရှာလိုက်ရလို့ .. ဒီတစ်ခေါက်ကတော့ မတူဘူး ၊ သေသေချာချာကို ရွေးထားတာ ။ ကျွန်တော့် ရည်းစားကိုတောင် အဲ့လောက်ကြီး ရွေးတာ မဟုတ်ဘူးနော် ။ အရင်ဆုံး ကြည့်ကြည့်လိုက်”

အော်အော် ….

သူမသည် ထိုဗီရိုထဲမှာ ရှိနေကြသည့် ယောကျာ်းနှစ်ယောက်အကြောင်းကို တွေးလိုက်မိတာနဲ့ တခြားဘယ်နတ်သားအကြောင်းကိုမှ အာရုံမမွေ့လျော်နိုင်တော့ဘူး ၊ ဟုတ်ပီလား ။

ရီဝမ်ဝမ် ထိုယောကျာ်းအဖွဲ့အား အေးအေးလူလူပင်
ကြည့်လိုက်မိ၏ ။ ဒီတစ်ခေါက် ခုနစ်စင်ကြယ် ရှာလာခဲ့သည့် ယောကျာ်းများသည် အမှန်ပင် အလွန်အကျူး ချောမောလွန်းလှ၏ ။ သူမ ရှားရှားပါးပါး အထင်ကြီးမိသွားလေပြီ ။

ကံမကောင်းစွာဖြင့် …. သူတို့ ဘယ်လောက်လှလှ
အထဲက အလှလေးနှစ်ယောက်နှင့် မယှဉ်နိုင်ကြပေ …

သူမ တစ်ချက်လေးပင် စိတ်မဝင်စားနေခြင်းအပေါ်
သူတို့ အပြစ်တင်လို့ မရပါပေ …

ခုနစ်စင်ကြယ် နှင့် ကြယ်ခုနစ်ကို မြန်မြန်မောင်းထုတ်နိုင်ဖို့ရာ
အတွက် ရီဝမ်ဝမ် တွေ့ကရာလူကို လက်ညှိုးထိုးပြလိုက်၏ ။

“ဒီတစ်ယောက်”

ခုနစ်စင်ကြယ်သည် သူမ ရွေးလိုက်သည့်သူကို ကြည့်လိုက်၏ ။ ထိုတစ်ယောက်သည် ကျုံ့ကျုံ့လေး ရပ်နေပြီး ပါးနှစ်ဖက်တွင် ပါးချိုင့်လေးနှင့် အလွန်အကျူး ချစ်ဖို့ ကောင်းလှချေသည် ။

ခုနစ်စင်ကြယ်က ပွစိပွစိ ပြောလာတော့သည် ။

“အစ်မ ဖန်း ရာ လျှောက်နောက်မနေပါနဲ့တော့လား ။ သူက ဘယ်လိုလုပ် အစ်မအကြိုက် ဟုတ်မှာလဲ ။ လျှောက်ပြီး တွေ့ကရာ ရွေးမနေဘဲ အစ်မ တကယ်ကြိုက်တဲ့သူကို ရွေးစမ်းပါဗျာ ။
ဒီကို လာ … သူ့ကို ကြိုက်လား ကြည့်ကြည့်လိုက်”

သူသည် ရီဝမ်ဝမ်ကို ရတနာတစ်ခု ပြတော့မည့်မလို ဘေးကို ဆွဲခေါ်သွားပြီး နောက်ဆုံးတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်၏ ။

“ဒီတစ်ယောက်ကို ကြည့်ကြည့် … သူ ဘယ်လိုနေလဲ”

ရီဝမ်ဝမ် ခုနစ်စင်ကြယ် လက်ညှိုုးထိုးပြသည့် သူကို ကြည့်လိုက်၏။ ထိုသူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး
မီးခိုးရောင်ဆံပင်နှင့် မီးခိုးဖျော့ရောင်မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားကာ မျက်နှာလေးမှာ အလွန်အကျူးချောမောသလို အပြုံးသည်လည်း နူးညံ့လှပေသည် ။ ရီဝမ်ဝမ်၏မျက်ခုံးတို့ပင် ပင့်တက်သွားစေသည့် အချက်သည်ကား ထိုသူသည် စီရီဟန်နှင့်ပါ တချို့နေရာတွင် ထပ်တူညီနေခြင်းပင် …

ရီဝမ်ဝမ် တစ်ကိုယ်ကြား ရေရွတ်လိုက်မိ၏ ။
“သူက …”

သူက ဂျိဘုရင်နဲ့ အရှင်နတ်ဆိုးကို ပေါင်းထားတာပဲ ။

စိတ်နေစိတ်ထားက ဂျိဘုရင်နဲ့ တူပြီး ရုပ်ရည်ကျတော့
အရှင်နတ်ဆိုးနဲ့ တူတယ် ။

“သူ ဘယ်လိုလဲ ၊ သူ ဘယ်လိုလဲ ။ တော်တော်လေး
ချောတယ်မလား ။ သူ့ဆီမှာ ဂျိဘုရင်ရော အရှင်နတ်ဆိုးရောရဲ့ အမွေတွေ အကုန်ရှိတယ် ။ ဒီလိုလူမျိုးကို ရှာတွေ့နိုင်ဖို့ကို
ကျွန်တော့်မှာ လွတ်လပ်သောနယ်မြေကြီးတစ်ခုလုံးကို မြေလှန်ပြီး ရှာထားရတာနော်”
ခုနစ်စင်ကြယ်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလာသည် ။

ရီဝမ်ဝမ်သည် အစောနက ထိုသူတို့ကို သေချာမကြည့်မိခဲ့ပါချေ ။
အခု သေသေချာချာ ကြည့်လိုက်မိတော့မှ သူသည် တကယ့်ကို ရှားရှားပါးပါး ချောမောသူကြီးဖြစ်ကြောင်း သိလာရ၏ - အနုပညာလောကထဲတွင် ဒီလိုရုပ်ရည်နဲ့ဆိုလျှင် ရုပ်တစ်ခုထဲနဲ့တင် မိုးထိုးအောင် အောင်မြင်ကျော်ကြားသွားနိုင်ပေသည် …

“တော်တော်လေးတော့ ချောတယ် …”
ရီဝမ်ဝမ် မေးစေ့လေးကို ပွတ်သပ်ကာ ပြောလိုက်မိ၏ ။

ရီဝမ်ဝမ်၏စကားကို ကြားလိုက်ပြီး ထိုသူ၏မျက်ဝန်းထဲတွင်
ပျော်ရွှင်မှုတို့ ဖျတ်ဖျတ်လူးလာတော့သည် ။

“ဟုတ်တယ်မလား ၊ ဟုတ်တယ်မလား ။ အစ်မ ကြိုက်မယ်ဆိုတာ သိသားပဲ ။ ဒီလို တွေးကြည့်လိုက် —  ဒီအချောလေးနဲ့
အတူရှိနေရင်း စိတ်ထဲကနေ ဂျိဘုရင်နဲ့ အရှင်နတ်ဆိုး နှစ်ယောက်စလုံးနဲ့ အတူ ရှိနေရတယ်လို့ တွေးလိုက် ။ ဘယ်လောက်တောင် မိုက်လဲ”
ခုနစ်စင်ကြယ်သည် စိတ်အားထက်သန်စွာဖြင့် ပြောလာသည် ။

ရီဝမ်ဝမ် မျက်လုံးလှန်ကြည့်ပေးလိုက်၏ ။

“ဂျိဘုရင်နဲ့ အရှင်နတ်ဆိုး နှစ်ယောက်စလုံးနဲ့ ရှိနေတယ်” ဆိုတာက ဘာစကားကြီးလဲ ။

ကျောချမ်းစရာစကားကြီးကို ဘယ်လိုများ ပြောထွက်တာလဲ ။

ခုနစ်စင်ကြယ်သည် ရီဝမ်ဝမ်၏အမူအရာကို အကဲခတ်နေရင်း မေးလိုက်သည် ။
“ဘယ်လိုလဲ အစ်မ ကြိုက်တယ်မလား ။ ဒါဆို ကျွန်တော် သူ့ကို ထားခဲ့ပေးရမလား ။ အာ… မဖြစ်သေးဘူး ၊ တစ်ယောက်ထဲဆို အစ်မအတွက် လုံလောက်မှာ မဟုတ်ဘူး ။ အကုန်လုံးပဲ ထားခဲ့လိုက်တော့မယ်”

ရီဝမ်ဝမ်၏ နှုတ်ခမ်းတု့ိ တွန့်ချိတ်သွားရ၏ ။
“မင်းဖင်ကြီးပဲ တစ်ယောက်ထဲ မလောက် ။ ငါ အိပ်တော့မယ် ၊
ငါ့ကို လာမနှောင့်ယှက်နဲ့ ။ ပြောထားမယ်နော် … အခုချိန်မှာ ဘယ်အချောလေးကိုမှ လုံးဝကို စိတ်မဝင်စားဘူး ။ အချောအလှတွေဆိုတာက အပုပ်ကောင်ကို ရုပ်ဆောင်ထားကြတာချည်းပဲ”

……………………………………………………………………..........

စာစဉ် ၆၂၊ အခန်း ၁၉။ ငါတို့ကြားမှာ ဘာမှ မရှိဘူး

ခုနစ်စင်ကြယ်က နှုတ်ခမ်းဆူကာ ပြောလာလေပြီ ။

“အစ်မ ဖန်း ညာတယ် ။ အစ်မ ဂျိဘုရင် နဲ့ အရှင်နတ်ဆိုးအပေါ်မှာ လက်မလျှော့သေးဘူး မလား”

ကြယ်ခုနစ်က အမူအရာကင်းမဲ့စွာဖြင့် ဝင်ပြောလာသည် ။

“တော်တော့ … အစ်မ ဖန်း မကြိုက်ဘူးဆိုရင် ငါတို့ ထပ်ရှာလို့
ရတာပဲ”

ရီဝမ်ဝမ် စိတ်တိုစွာဖြင့် ရှိသမျှအမွှေးတွေအကုန်
ဆွဲနှုတ်ပစ်ချင်စိတ်ပင် ပေါက်လာရလေပြီ ။

ဒီကောင်စုတ်လေးတွေ ငါ့စကား နားမထောင်ကြဘူးပဲ ။

ခုနစ်စင်ကြယ်သည် ထိုယောကျာ်းလေးများအား အရင်သွားခိုင်းလိုက်တော့ပြီး စိတ်ရှည်လက်ရှည်
ဇွဲကောင်းကောင်းဖြင့် တတွတ်တွတ် ပြောနေသည် ။

“အစ်မ ဖန်း ဒီလိုတွေ ပြောလာဦးမှာစိုးလို့ ကျွန်တော်
ဒုတိယအသုတ်နဲ့ တတိယအသုတ်ကိုပါ ခေါ်ထားတယ် ။
သူတို့ အခု လမ်းမှာ ရောက်နေပြီ ။ အစ်မ အကြိုက်တွေ့မယ့်သူကို ကျွန်တော် သေချာပေါက်ကို ရှာပေးမယ်နော် အစ်မ ဖန်း”

ရီဝမ်ဝမ် မေးစေ့ကို ပွတ်သပ်လိုက်ပြီး အားပြတ်စွာ ပြောလိုက်မိ၏ ။
“ငါ မိုးနတ်မင်းကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ် ။ အရင်တုန်းက ပျင်းနေလို့ လျှောက်လုပ်နေရုံပဲ ။ ငါ တကယ်ကို ဂျိဘုရင်နဲ့ အရှင်နတ်ဆိုး အပေါ်မှာ ဘာခံစားချက်မှကို . လုံးဝကို . မရှိဘူး ၊ ဟုတ်ပီလား”

“ဟုတ္လို့လား”
ခုနစ်စင်ကြယ်ကား သိသိသာသာကို မယုံကြည်သေးပေ ။
“ဒါဆိုရင် ဂျိဘုရင်ကို ဘာလို့ လူလည်ခေါင်ကြီး နှင်းဆီပန်းအဖြူတွေချည်း ၉၉၉ ပွင့် သွားပေးရတာလဲ ။ ပြီးတော့လဲ ဖယောင်းတိုင် မီးထွန်းထားတဲ့ ညစာစားပွဲကို သွားစားဖို့ ခေါ်လိုက်သေးတယ် ။ အဲ့ဒါပြီးသွားပြန်တော့ ညကြီးသန်းခေါင် အဇူရာနန်းရဲ့ တံတိုင်းပေါ် ခုန်တက်ပြီး အရှင်နတ်ဆိုးနဲ့
တိတ်တိတ်လေး ခိုးတွေ့တယ် ။ အစ်မ ပြန်ရောက်လာတော့ အရှင်နတ်ဆိုးရဲ့ အဝတ်တွေကို ဝတ်ပြီး ပြန်လာတာကရော …”

ရီဝမ်ဝမ်မှာ ခုနစ်စင်ကြယ်ကို တားချိန်ပင် မရလိုက် ။
သူကား အကုန်လုံးကို ဖော်ပစ်လိုက်ချေပြီ ။

သူမ မြန်မြန်ဆန်ဆန်ပင် ထိုဗီရိုကြီးဘက်ဆီ
ကြောက်ကြောက်လန့်လန့် ကြည့်လိုက်မိ၏ ။ ထို့နောက် မီးဝင်းဝင်းတောက်နေသည့် မျက်ဝန်းတို့ဖြင့် ခုနစ်စင်ကြယ်ဘက်သို့ လှည့်ကြည့်လိုက်တော့သည် ။

ခုနစ်စင်ကြယ် ၊ လဒူကောင်ကြီးရဲ့ ။

သေချင်းဆိုး ကာလနာ မြွေပွေးကိုက်ကောင် … နင် ငါ့ကို အကြီးကြီး ဆေးထိုးတယ် ။

လက်ရှိတွင် ခပ်မှိန်မှိန်သာ အလင်းရောင်ရနေသော ဗီရိုထဲတွင် ။

ထိုယောကျာ်းနှစ်ယောက်၏ အကြည့်တို့မှာ
မီးဝင်းဝင်းတောက်နေလေပြီ ။

ဗီရိုကြီးသည် အသံလုံလှသောကြောင့် တိုးတိုးတိတ်တိတ်သာ ပြောမည်ဆိုလျှင် အပြင်ဘက်ကသူများ မကြားနိုင်ကြပါချေ ။

ထိုကျဉ်းကျပ်လှသည့် ဗီရိုကြီးမှာ ထိုလူနှစ်ယောက်နှင့် ကွက်တိ ။
ဂျိရှို့ရန်သည် ဘေးတွင် ကပ်နေပြီး တည်ငြိမ်စွာ ပြုံးကာ
ပြောလာသည် ။

“ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော် ၊ ဂုဏ်ယူမိပါတယ်”

စီရီဟန်၏မျက်ဝန်းတို့မှာ မှုန်မှိုင်းလို့ လာချေပြီ ။
“ဂျိဘုရင်က တော်တော်လေး စိတ်ကို ချုပ်တည်းနိုင်သားပဲ”

ညကြီးအချိန်မတော် ကိုယ့်ကြင်ယာလောင်းရဲ့ အိမ်က ဗီရိုထဲမှာ ပုန်းနေတဲ့ ယောကျာ်းတစ်ယောက်ကို မိတာတောင်
တည်တည်ငြိမ်ငြိမ် နေနိုင်တယ် -- သူ့ချုပ်တည်းနိုင်စွမ်းက မမြင့်လွန်းဘူးလား ။

ဂျိရှို့ရန်ကား ပြုံးလျက်သာ ။
“ကျွန်တော့်ကို မြှောက်လွန်းနေပါပြီဗျာ ။
ကျွန်တော်က ရှောင်ဖန်းကို ယုံကြည်ရုံတင်ပါ”

ထိုယောကျာ်း၏ ယုံကြည်ချက်ရှိနေပြီး ထူးမခြားနားနေသော လေသံကြောင့် စီရီဟန်၏ မူလက အေးစက်နေပြီဖြစ်သည့် မျက်နှာကြီးမှာ အခုတော့ အဆပေါင်းများစွာ မည်းပုတ်သွားလေပြီ ။

စီရီဟန်က အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည် ။
“ကြည့်ရတာ ဂျိဘုရင်ရဲ့ သူ့အပေါ် နားလည်ထားပုံက
ဒီလောက်ပဲကိုး”

“အဟက် …” ဂျိရှို့ရန်သည် ခြောက်ကပ်စွာ ရယ်မောလိုက်ကာ ထိုယောကျာ်းအား အေးစက်စွာ ကြည့်လိုက်၏ ။
“ဒီလို ပြောလာပုံထောက်ရင် အရှင်နတ်ဆိုးလည်းပဲ ကျွန်တော့်ကို ကောင်းကောင်း နားမလည်သေးတဲ့ပုံပါပဲ”

စီရီဟန်သည် အမူအရာကင်းမဲ့နေဆဲ ။
“အရှင် ဂျိ ကို နားလည်အောင်လုပ်ဖို့ စိတ်မဝင်စားပါဘူးဗျာ”

“အဲ့ဒီလိုလား” ဂျိရှို့ရန်၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွား၏ ။ 
“မင်း စိတ်ဝင်စားလာမှာပါ”

တစ်ချိန်တည်းမှာပင် ဗီရိုအပြင်ဘက်တွင်
ရီဝမ်ဝမ်သည် ခုနစ်စင်ကြယ်၏ ကရားရေရွတ် ပြောဆိုနေခြင်းကို အမြန်ဖြတ်ပြောလိုက်ရ၏ ။
“အေး အဲ့တော့ ဘာဖြစ်လဲ ။ ဒီည ပွဲမှာ သူတို့ ဘယ်လောက်တောင် ချောလိုက်လဲ မင်း မတွေ့လိုက်ဘူးလား ။ ဒါတောင် ငါ ဘာမှ
မလုပ်ဘဲ ငြိမ်ငြိမ်လေး နေပေးခဲ့တာ မဟုတ်ဘူးလား”

… ငါက တိတ်တိတ်လေး ပြသနာရှာခဲ့ရုံပဲ ။

“အမ် …” ခုနစ်စင်ကြယ်သည် ခေါင်းကို တဗျင်းဗျင်း
ကုတ်လိုက်ကာ … “အစ်မ ဖန်း ၊ အစ်မက အရှင်နတ်ဆိုးနဲ့
ဂျိဘုရင်နဲ့ အိပ်ချင်နေတာကို ကျွန်တော် နားလည်ပါတယ် ၊
ဒါပေမယ့် … သူတို့က သွားရန်စလို့ ကောင်းတဲ့ သူတွေ မဟုတ်လို့ပါ အစ်မ ရာ ။ အစ်မ အရှင်နတ်ဆိုး နဲ့ ဂျိဘုရင်ရဲ့ လူပျိုရည်ကို
ရအောင် ယူနိုင်ခဲ့ပြီး တာဝန်မယူတော့ဘူးဆိုရင် သူတို့နှစ်ယောက်ပေါင်းပြီး ကျွန်တော်တို့ ဖိန့်ဖိန့်တုန်ဂိုဏ်း ကို အပြစ်ပေးလာရင် ဘယ်လိုလုပ်မလဲ ။ သူတို့က လွယ်တဲ့သူတွေ မဟုတ်ဘူးနော် ။ ပြီးတော့ အစ်မ ဖန်း ရာ အစ်မရဲ့ ဂုဏ်သိက္ခာဆိုတာကလည်း အခုတောင် ဒီလောက် ပုပ်ပွနေတဲ့ဟာ … အဲ့ဒီအခါကျရင်…”

“…”  မင်း …

ရီဝမ်ဝမ် မျက်မှောင်အကြုတ်ကြီး ကြုတ်နေလေပြီ ။

“ဘာတွေ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာလဲ ။ ငါနဲ့ ဂျိဘုရင် ကြားရော အရှင်နတ်ဆိုးကြားရော ဘာမှ ဘာမှကို လုံး၀ မရှိဘူး”

“တကယ်ကြီးလား” ခုနစ်စင်ကြယ်မှာ ဇဝေဇဝါ ဖြစ်သွားလေပြီ ။

ကြယ်ခုနစ်နှင့် ခုနစ်စင်ကြယ်တို့ မယုံတယုံ ရှိလာသည်ကို
မြင်လိုက်ပြီး ရီဝမ်ဝမ် ဆက်ကာ ဖြောင်းဖျတော့၏ ။

“မင်းတို့လည်း ငါ့အကြောင်း သိကြတာပဲဟာ ။ ငါ့အကြိုက်က အရမ်းအပြောင်းအလဲမြန်တယ် … လူတစ်ယောက်ထဲအပေါ်မှာပဲ အကြာကြီး ကြိုက်နေတတ်တဲ့သူမှ မဟုတ်တာ ။ ပြီးတော့ အဲ့နှစ်ယောက်ကို အရင်တုန်းက ငါ စိတ်ဝင်စားခဲ့တယ်
ဆိုရင်တောင်မှ အချိန်တစ်ခုကြာလာရင် စိတ်ဝင်စားတာက
ပြီးသွားမှာပဲ …”

ဗီရိုထဲမှာ ရှိနေသည့် နှစ်ယောက်စလုံး ။  “…”

…………………………………………………………………………

စာစဉ် ၆၂၊ အခန်း ၂၀။ ကမ္ဘာပျက်တော့မည့် လိုလို

“အဲ့ဒါတော့ ဟုတ်တယ် …”

ခုနစ်စင်ကြယ်သည် ခေါင်းညိတ်လိုက်ပြီး
ကြယ်ခုနစ်သည်ကတော့ ပိုလို့ ဇဝေဇဝါ ဖြစ်လာလေပြီ ။

အစ်မ ဖန်း က တကယ်ကြီး အဲ့လိုလူစား ဟုတ်လို့လား ။

သူမသည် အမှန်တရားကို ပြောနေဟန်ဖြင့်
ရဲရဲကြီး အာမခံနေသည် ။

“ဟုတ်ရမယ်လေ ။ ဂျိဘုရင်နဲ့ အရှင်နတ်ဆိုး ဘယ်လောက်ပဲ
ချောချော အကြာကြီးကြည့်မိရင် ရိုးသွားတာပဲဟာ ”

ဗီရိုအထဲတွင်မူ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြလေပြီ ။

“အဟုတ်ပဲ”
ခုနစ်စင်ကြယ်က ခေါင်းတဆတ်ဆတ် ညိတ်ပြလာသည် ။
“အစ်မ ဖန်း အဲ့နှစ်ယောက်က ချောတယ်ဆိုပေမယ့်လို့
သူတို့နဲ့ သွားရှုပ်ရတာ အရမ်းပင်ပန်းနေမှာပဲ ။ ဒီလူတွေကို ထပ်ကြည့်ကြည့်လိုက်နော် အစ်မ ဖန်း ။ အဟမ်း … သူတို့လည်း မဆိုးပါဘူး ။ တကယ်တော့ မီးသာပိတ်ထားလိုက်ရင် ယောကျာ်းတွေအကုန်လုံးက အတူတူတွေချည်းပဲဟာ ။
အစ်မ စိတ်ရှိတိုင်းသာ စားပစ်လိုက် ဟုတ်ပြီလား အစ်မ ဖန်း”

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် … ဒါပေမယ့် ငါ ဒီနေ့ စိတ်မပါနေလို့ ။ နောက်နေ့မှ … နောက်နေ့မှ … ဟုတ်ပြီလား”

ရီဝမ်ဝမ် စိတ်အားထက်သန်စွာဖြင့် ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်ကို မောင်းထုတ်လိုက်ရာ …

“ဟာ … အစ်မ ဖန်း သူတို့ကို တကယ်ကြီး မလိုချင်ဘူးလား ။ သူတို့ထက် ချောတဲ့ နောက်တစ်ဖွဲ့လည်း ရှိသေးတယ်နော်” ခုနစ်စင်ကြယ်က အမြန်ပြောလာသည် ။

“နောက်တစ်ခေါက်မှ .. နောက်တစ်ခေါက်မှလို့ ငါ မပြောဘူးလား ။ မြန်မြန်လေး အိမ်ပြန်ပြီး သွားနားကြတော့”
ရီဝမ်ဝမ် ရင်ထဲတွင် ဒေါသအလိပ်လိပ် တက်နေလေပြီ ။

ဒီကလေးတွေ ဘယ်လိုလုပ်မှ လူစကား နားလည်ကြမှာလဲ ။

ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်တို့ လုံး၀
စကားနားထောင်တော့မည့်ဟန် ပေါ်လာချိန် …
ဝုန်းခနဲ အသံကြီးတစ်သံ ဗီရိုကြီးဆီကနေ ထွက်လာချေပြီ ။

ဗီရို၏ မင်းတုန်းမှာ ကျိုးကျေကာ ပြုတ်ကျလာပြီး ဗီရိုတံခါးမှာ အထဲကနေ တွင်းဖွင့်ခံလိုက်ရလေပြီ ။ မင်းတုန်းဂျက်မှာလည်း အပိုင်းပိုင်းအစစ ဖြစ်ကာ ပုံခနဲ ပြုတ်ကျကုန်တော့၏ ။

ဂျိဘုရင် နှင့် အရှင်နတ်ဆိုး … သူတို့သည် …. ထိုကဲ့သို့ အထဲကနေ ထွက်လာကြလေပြီ …

သူတို့နှစ်ယောက် ထွက်လာသည့်အချိန် ရီဝမ်ဝမ် တစ်ကိုယ်လုံး မိုးကြိုးကြီးကိုးသွယ် တစ်ပြိုင်တည်း ပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏ …

ခုနစ်စင်ကြယ်မှာမူ ဗီရိုထဲကနေ ထိုသက်ရှိကြီးနှစ်ယောက် ထွက်လာသည်ကို မြင်လိုက်ပြီး မျက်လုံးတို့ ပြူးကျယ်သွားကာ လက်ထဲက ရေနွေးခွက်မှာလည်း ကြမ်းပြင်ပေါ် ခွမ်းခနဲ ပြုတ်ကျ သွားတော့ပြီး ပါးစပ်ကနေလည်း ရေနွေးတို့ ဖူးခနဲ ပြန်ထွက်ကုန်
လေပြီ ။

ကြယ်ခုနစ်သည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေပြီး မြင်နေရသည်အား မယုံကြည်နိုင်စွာဖြင့်
ထိုနှစ်ယောက်အား ကြောင်ကြည့်နေမိလေသည် …

သို့သော် ရှေ့ာအရဆုံးသူသည်ကတော့ ရီဝမ်ဝမ် ပင် ။

ဘု ရား ရေ ။

ရှင်တို့ … ရှင်တို့နှစ်ယောက် ဘာလို့ ထွက်လာကြတာလဲ ။

သူမ မှန်းတာ မမှားပါလျှင် ထိုနှစ်ယောက်သည် ရန်ဖြစ်ပြီး တံခါးကို ဖျက်လိုက်မိခြင်း မဟုတ်ပါချေ ။ ထိုအစား နှစ်ယောက်ပေါင်းပြီး အထဲကနေ ချိုးဖျက်လိုက်ခြင်းသာ ။

ဂျိဘုရင်သည် အပြုံးရေးရေးလေး ပြုံးကာ ရီဝမ်ဝမ်ကို
ကြည့်လာသည် ။

“တောင်းပန်ပါတယ် ၊ အထဲမှာ နည်းနည်းအိုက်တော့ အကြာကြီး
နေဖို့ ခက်လို့”

တကယ်ကြီး အဲ့ဒါကြောင့်ပဲလား ။

ဘယ်သူက အဲ့ဒါကြီးကို ယုံမှာလဲ ။ ပြီးတော့ အိုက်လို့တဲ့လား ။

အရှင်နတ်ဆိုးသည် အကျီၤလက်ကို သေသပ်အောင် ပြင်လိုက်ကာ ထိုယောကျာ်းပြောသွားသည့် စကားကို ထောက်ခံပေးလာသည် ။

“ဟုတ်တယ်”

ရီဝမ်ဝမ် ။  “…”

ရှင်တို့ရဲ့ ချီးစကားတွေကို  ဘယ်သူက ယုံမှာလဲ ။

အစောနတုန်းကပဲ ရီဝမ်ဝမ်သည် ဂျိဘုရင်နှင့် အရှင်နတ်ဆိုးတို့အား လုံးလုံးကို စိတ်မဝင်စားတော့ပါဟု ပြောနေခဲ့လေသည် ။

တခနအကြာတွင် ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်မှာ အရှင်နတ်ဆိုးနဲ့ ဂျိဘုရင်တို့ အကောင်လိုက်ကြီး ဗီရိုထဲကနေ ထွက်လာကြသည်ကို မြင်လိုက်ရလေသည် ။

ထို့အပြင် အမြဲတစေ လုံလုံခြုံခြုံ ဝတ်စားတတ်သည့် အရှင်နတ်ဆိုးသည် အခုတော့ ရင်ဘတ်က ကြယ်သီးနှစ်လုံး
ပြေနေပြီး ရင်ဘတ်ကြီးကို လှစ်ဟပြနေလေသည် ။ လုံးဝကို ဖိုသီဖတ်သီ ဖြစ်နေလေသည် …

ဒီမြင်ကွင်းက … တကယ့်ကို ကမ္ဘာပျက်တော့မည့် လိုလို ။

သူ ပြောတော့ ပြသနာ မရှာတော့ဘူးဆို ။

ပြောတော့ အချောအလှတွေဆိုတာ အပုပ်ကောင်ကို ရုပ်ဆောင်ထားတာဆို ။

ပြောတော့ ဂျိဘုရင် နဲ့ အရှင်နတ်ဆိုး ကို လုံးလုံးကို စိတ်မဝင်စားတော့ပါဘူးဆို ။

ခုနစ်စင်ကြယ်သည် သူ့အရှေ့မှ ထိုဘော့စ်ကြီး နှစ်ယောက်အား ကြည့်နေမိရင်း ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်
တုန်ရီလာရသည် ။ သူ့ပါးစပ်က ရေနွေးတို့ကို ကပျာကယာ သုတ်သပ်ပစ်လိုက်ပြီး ကျောကြီး ဆန့်သွားမိလေပြီ ။

သူ အမြင်မှားသလား မသိပါချေ ။ သို့သော် သူ့ကို ကြည့်နေသည့် ထိုဘော့စ်ကြီးနှစ်ယောက်၏ အကြည့်တို့မှာ ကျောချမ်းစရာ ကောင်းလှသည်ဟု သူ ခံစားနေမိ၏ ။

သူ ဘာမှားလုပ်မိလို့လဲ ။

သူ ဘာမှ မသိဘူးလေ …

အမြဲတစေ ရင့်ကျက်နေကျ ၊ တည်တည်ငြိမ်ငြိမ် ရှိတတ်နေကျ ကြယ်ခုနစ်သည်ပင် အခု မြင်နေရသည့် မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေမိကာ စကားတစ်ခွန်း
မပြောထွက်နိုင်တော့ ။

ရီဝမ်ဝမ်သည်ကတော့ မျက်နှာထက်တွင် စိတ်ချုံးချုံးကျကာ
နဖူးကို နှိပ်နယ်နေမိလေပြီ။

………………………………………………………………………........

စာစဉ် ၆၂၊ အခန်း ၂၁။ ဘယ်သူက အပေါ် ၊ ဘယ်သူက အောက်လဲ

ရီဝမ်ဝမ် မျက်နှာကို လက်နှင့် အုပ်ထားမိ၏ ။

ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ ။ ငါလေး အရင်ဘဝက ဘာမကောင်းတာများ ကျူးလွန်ခဲ့မိလို့လဲ .. ။

ခုနစ်စင်ကြယ်မှာ ရှော့ရနေရာကနေ တဖြည်းဖြည်းချင်း အသိပြန်ဝင်လာလေပြီ ။ ညာလက်က မေးစေ့ကို ပွတ်သပ်နေမိပြီး မျက်လံုံးတို့က အရှင်နတ်ဆိုးနှင့် ဂျိရှို့ရန်ကို တစ်လှည့်စီ
တွေးဆဆဖြင့် ကြည့်နေသည် ။

“ဒါကြောင့်ကိုး … ဒါဆို အဓိပ္ပာယ်ရှိသွားပြီ …”
ခုနစ်စင်ကြယ်က တစ်ကိုယ်ကြား ရေရွတ်သည် ။

ကြယ်ခုနစ်သည် ခုနစ်စင်ကြယ် ပြောနေသည့် စကားကို
နားမလည်ဘဲ ဝေခွဲမရဖြစ်နေ၏ ။

“ဒါဆို အဓိပ္ပာယ်ရှိသွားပြီ” ဆိုတာက ဘာစကားကြီးလဲ ။

“ဒါကြောင့်ကိုး … ဒါကြောင့် ဒီနှစ်တွေမှာ ဂျိဘုရင်က ဘယ်မိန်းမနဲ့မှ နီးနီးကပ်ကပ်မနေတာကိုး ။ အရှင်နတ်ဆိုးလည်းပဲ အတူတူပဲ ….
သူ့နားမှာ ဘယ်မိန်းမမှ မထားတာ ဒါကြောင့်ကိုး”

ခုနစ်စင်ကြယ်က ကြယ်ခုနစ်အား အတည်ပေါက်မျက်နှာကြီးဖြင့် အနားသို့ ဆွဲခေါ်လိုက်၏ ။
“သေစမ်း … ငါတို့ အချိန်မှား လာမိပြီဟ ။ ငါတို့ တစ်သက်လုံး နှုတ်ပိတ်သတ်ခံရတော့မှာလား”

“တစ်သက်လုံး နှုတ်ပိတ်သတ်ခံရမှာလား”
ကြယ်ခုနစ် ဇဝေဇဝါ ဖြစ်သွားသည် ။

ငါတို့က ဘာလုပ်မိလို့ နှုတ်ပိတ်သတ်ခံရမှာလဲ ။

“ခုနစ်ကြီး ၊ မင်း ခေါင်းထဲမှာ ဘာတွေနဲ့ ပြည့်နေတာလဲ … ။
ခါတိုင်းဆို ဉာဏ်ကောင်းနေကျပါ ၊ အခုကျမှ ဒီလောက် သိသာနေတာကြီးကို ဘာလို့ နားမလည်ရတာလဲ”
ခုနစ်စင်ကြယ်က တိုးတိုးလေးကပ်ကာ ပြောနေသည် ။

“ဘာကို ပြောတာလဲ”
ကြယ်ခုနစ်သည် အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်သည် ။

“ဒုံးဝေးပါ့ကွာ” ခုနစ်စင်ကြယ်က သူ့ကို ကြည့်လိုက်ကာ …
“ဒီလောက် သိသာနေတာကြီးကို … သေသေချာချာ
စဉ်းစားကြည့်လိုက် ။ ဂျိဘုရင် နဲ့ အရှင်နတ်ဆိုးက အမြဲတမ်း မိန်းမတွေနဲ့ ခပ်ကင်းကင်းပဲ နေတတ်တယ် ၊ ဒါပေမယ့်
ဒီနေ့ကျတော့ အစ်မ ဖန်းရဲ့ ဗီရိုထဲမှာ နှစ်ယောက်သား ခိုးကြောင်ခိုးဝှက်နဲ့ … ပြီးတော့လဲ အဝတ်အစားတွေက ဖရိုဖရဲနဲ့ ။ ဂျိဘုရင် အစောနက ပြောသွားတာကိုလည်း မင်း
မကြားလိုက်ဘူးလား ။ ပူတယ်လို့ ပြောလိုက်တာကွ ။
သူတို့ ဖက်နေတာမဟုတ်ရင် ဘာလို့ ပူရမှာလဲ”

ကြယ်ခုနစ်မှာ မျက်မှောင်ကြုတ်လာသည် ။

ထိုစကားမှာ ဟုတ်တုတ်တုတ် ရှိသော်လည်း
သေချာတွေးကြည့်ပြန်ရင် မဟုတ်နေပေ ။

ဂျိဘုရင်နှင့် အရှင်နတ်ဆိုးသာ ခုနစ်စင်ကြယ် ပြောသွားသလို ဆက်ဆံရေးမျိုးဆိုလျှင် ပုန်းလို့ကောင်းသည့် တခြားနေရာကိုပဲ ရှာကြမှာပေါ့ ။ ဘာလို့ အစ်မ ဖန်း ရဲ့ အိမ်ကို လာပါ့မလဲ ။

သို့သော် ထိုနှစ်ယောက်သည် ဘာကြောင့် ဗီရိုထဲ ပုန်းနေခဲ့ကြပြီး အရှင်နတ်ဆိုး၏ အဝတ်တို့မှာလည်း ဘာကြောင့်
ဖရိုဖရဲဖြစ်နေသလဲ ဆိုတာကလည်း ရှိနေပြန်သည် ။ ကြယ်ခုနစ်သည်ပင် အဖြေရှာလို့ မရပါချေ ။

“သေစမ်း … ဒါကြောင့်မို့ အစ်မ ဖန်းက ဂျိဘုရင်နဲ့အရှင်နတ်ဆိုး
တို့နဲ့ အရမ်းရင်းနှီးနေပြီးတော့ သူတို့အပေါ်မှာ ဘာခံစားချက်မှ မရှိပါဘူးလို့ အတွင်တွင်ပြောနေတာကိုး ။ အစ်မက ဂျိဘုရင်နဲ့ အရှင်နတ်ဆိုတို့ တွဲနေတာကို ဘယ်သူမှ မသိအောင်လို့ ကာဗာ လုပ်ပေးနေတာပါလား ။ အရှင်နတ်ဆိုးနဲ့ ဂျိဘုရင်တို့ မတည့်သလို လုပ်နေတာကလည်း လွတ်လပ်သောတစ်နယ်မြေလုံး
သိသွားအောင် သက်သက်မဲ့ လုပ်ပြနေတာပဲ  ။ ဒါကြောင့်မို့ သူတို့နှစ်ယောက် ရှန်း အိမ်တော်မှာ ထချကြတာ … အားလုံးက ဟန်ပြသက်သက်ကိုး”

ခုနစ်စင်ကြယ်သည် အလွန်တရာ ကြီးမားလွန်းသော လျို့ဝှက်ချက်ကြီးတစ်ခုကို ရှာတွေ့လိုက်သော်လည်း
အလွန်အမင်းကို စိတ်အေးလက်အေး ရှိမိသွားလေသည် ။

“ခုနစ်ကြီး … မှန်းကြည့်စမ်း … ဂျိဘုရင် နဲ့ အရှင်နတ်ဆိုး
ဘယ်သူက အပေါ် ၊ ဘယ်သူက အောက်လဲ …”
ခုနစ်စင်ကြယ်က ကြယ်ခုနစ်ကို ကြည့်ကာ ပြောလိုက်သည် ။

ကြယ်ခုနစ် ။  “…”

“ဂျိဘုရင်က နူးညံ့ပြီးတော့ ကျက်သရေရှိတယ် ၊ အရှင်နတ်ဆိုးက ရေခဲတုံးကြီးလို အေးစက်တယ် ။ ငါ့အထင်တော့ ဂျိဘုရင်က
အပေါ်က ဖြစ်မယ်ထင်တယ်”
ခုနစ်စင်ကြယ်က အခိုင်အမာကြီး ပြောလိုက်သည် ။

“မင်းတို့တွေ အခု သွားလို့ ရပြီ”

ရီဝမ်ဝမ်သည် တစ်ယောက်နားနား တစ်ယောက်ကပ်ကာ
တိုးတိုးလေး ပြောဆိုနေကြသော ခုနစ်စင်ကြယ် နှင့် ကြယ်ခုနစ်ကို ကြည့်ကာ စိတ်ကုန်လက်ပန်းကျစွာဖြင့် ပြောလိုက်၏ ။

“သွားရမယ် … ဘယ်သွားရမှာလဲ ။ အစ်မ ဖန်း ..
အစ်မ ဒီတစ်ခါတော့ လွဲသွားပြီ ။ သွားရမယ့်လူထဲမှာ အစ်မကိုယ်အစ်မလည်း ထည့်တွက်ရမယ်လေ .. အစ်မ ဖန်း ၊ အလိုက်မသိလှချည်လား”

ခုနစ်စင်ကြယ်သည် ရီဝမ်ဝမ်၏ပခုံးကနေ ကိုင်ကာ သူမအားပါ အိမ်အပြင် ဆွဲထုတ်သွားလေပြီ ။

“ကျွန်တော် ပြောတာ ဟုတ်တယ်မလား ၊ အရှင်ဂျိ အရှင်နတ်ဆိုး ။ တောင်းပန်ပါတယ်ဗျာ … အစ်မ ဖန်း က ငယ်သေးတော့ ဒါတွေကို သိပ်နားမလည်သေးဘူး ။ အရှင်တို့ လုပ်စရာရှိတာ ဆက်လုပ်ကြပါ ၊ ကျွန်တော်တို့က အလျင်မလိုပါဘူး ။ ကြိုက်သလောက်သာ ပျော်ပါးကြပါ ။ အားရတော့မှပဲ ထွက်လာကြပါ ။ အရမ်းအားကုန်သွားရင်လည်း ရတယ် … ကျွန်တော် အိမ်ကို ပြန်မောင်းပို့ပေးမယ်”

ထို့နောက်တွင် ခုနစ်စင်ကြယ်က အိမ်တံခါးကို ဘုန်းခနဲ ဆွဲပိတ်လိုက်လေပြီ ။

……………………………………………………………………..

စာစဉ် ၆၂၊ အခန်း ၂၂။ နေရခက်လိုက်တာ

ရီဝမ်ဝမ် လုံးဝကြောင်အနေကာ အိမ်အပြင်တွင် ရပ်နေမိ၏ ။

ခုနစ်စင်ကြယ် ဘာတွေ … ပြောနေတာလဲ ။

“အစ်မ ဖန်း”
ရီဝမ်ဝမ် ဘာမှ မပြောရသေးခင် ခုနစ်စင်ကြယ်က ဆုံးမလာတော့
သည် ။
“အစ်မ ဖန်း … ကျွန်တော် အစ်မ ကို ဆရာကြီး လုပ်တာတော့ မဟုတ်ပါဘူးဗျာ ၊ ဒါပေမယ့် … အစ်မ ဂျိဘုရင်နဲ့
အရှင်နတ်ဆိုးအပေါ်မှာ လုံး၀ စိတ်မဝင်စားဘူးဆိုရင်လည်း စောစောကတည်းက ပြောပါတော့လား ။ သူတို့ရဲ့လျို့ဝှက်ချက်ကို
အစ်မ သိထားရင်တောင်မှ ခုနစ်ကြီးကိုတော့ မပြောချင်ရင်နေ ၊ ကျွန်တော့်ကိုတော့ ပြောပြမှပေါ့ ။ ကျွန်တော် ဘယ်လောက် နှုတ်လုံလဲဆိုတာ မသိတာကျနေတာပဲ ။ ကျွန်တော်
ဘယ်တုန်းကများ နှုတ်ဖွာဖူးလို့လဲ”

ရီဝမ်ဝမ် ။  “…”

“အစ်မ ဖန်း ၊ နောက်တစ်ခါကျရင် နည်းနည်းလောက်လည်း အလိုက်တသိ ရှိပါဦး ။ ဂျိဘုရင်နဲ့ အရှင်နတ်ဆိုးတို့ ဟိုဒင်းဟိုဟွာ လုပ်နေကြပြီဆိုရင် အစ်မက ရှောင်ပေးရမယ်လေ ။ သက်သက်မဲ့ သူတို့ကြားထဲ ကန့်လန့်ကန့်လန့် ဝင်ပါနေစရာလား”
ခုနစ်စင်ကြယ် က တတွတ်တွတ် ဆက်ပြောနေသည် ။

“ခုနစ်ကြီး … မင်းကလည်း သိပ်ကို ပါးစပ်ဖွာလွန်းတယ် ။
လူတွေရှေ့မှာ ဒါကို ထုတ်မပြောမိစေနဲ့ ၊ ငါတို့ပဲ သိပါစေ ၊
နားလည်လား …” ခုနစ်စင်ကြယ်က ကြယ်ခုနစ်ဘက်သို့ လှည့်ကာ ဆရာကြီးလုပ်လေသည် ။

ခုနစ်စင်ကြယ် ဆက်မပြောရသေးခင် တံခါးသည် ကျွီခနဲ မြည်ကာ ပွင့်လာလေပြီ ။

ဂျိရှို့ရန်သည် ပြုံးစစမျက်နှာဖြင့်သာ ထွက်လာနေပြီး အရှင်နတ်ဆိုးသည် သူနှင့် ခပ်လှမ်းလှမ်းကနေ
လိုက်လာလေသည်။

“ဒီလောက်တောင် မြန်တယ်လား”

ခုနစ်စင်ကြယ် သူတို့ကို မြင်လိုက်ပြီး အံ့သြသွား၏ ။

“အာ … သူစိမ်းလို လုပ်မနေပါနဲ့ဗျာ ။ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး စိတ်ကြိုက်သာ ပျော်ပါးကြ …”

ခုနစ်စင်ကြယ်သည် ဂျိဘုရင်နှင့် အရှင်နတ်ဆိုးတို့ ရှက်နေမှာစိုးပြီး အရှက်ပြေ ရယ်မောကာ ပြောလိုက်သည် ။

“ပျော်လို့ ဝပါပြီဗျာ”

ဂျိရှို့ရန်သည် ခုနစ်စင်ကြယ်ကို ကြည့်ကာ ခပ်တိုးတိုး ရယ်မောပြီး ပြန်ဖြေလိုက်သည် ။

“ဟုတ်တာပေါ့ ဟုတ်တာပေါ့ ၊ အရှင် ဂျိ ပြောတာ မှန်တယ် ။ ဘယ်လောက်ပဲ ကြာလိုက်တယ်ဆိုတာက အရေးမှ မကြီးတာ … အရေးကြီးတာ ပျော်ရွှင်မှု ရဖို့ပဲ ။ ပျော်ရွှင်ဖို့က အရေးကြီးဆုံးပဲ”

ခုနစ်စင်ကြယ်က ကြယ်ခုနစ်ဘက်သို့ လှည့်လိုက်သည် ။
“ငါ ပြောတာ ဟုတ်တယ်မလား ၊ ခုနစ်ကြီး”

ကြယ်ခုနစ်သည် အတော်လေး မျက်နှာပူနေမိ၏ ။
သူ တစ်ခုခုကို ပြောချင်၍ပါးစပ်ဟလိုက်မိသော်လည်း
စကားတစ်ခွန်းမှ ပြောမထွက်နိုင် ဖြစ်နေ၏ ။

“ပိုင် ဂိုဏ်းချုပ် … ဒီနေ့ စကားပြောရတာ ပျော်ဖို့ကောင်းပါတယ် ။ နောက်တစ်ခါမှ ညဘက်ကြီး ထပ်လာခဲ့ပါဦးမယ်”
အရှင်နတ်ဆိုးက ရီဝမ်ဝမ်ကို ပြောလိုက်သည် ။

ရီဝမ်ဝမ်မှာ အသံတိတ် ဒေါသထွက်နေမိ၏ ။

အရှင်နတ်ဆိုးသည် ဂျိရှို့ရန်ကို အေးစက်စက် ကြည့်လိုက်ပြီးနောက် ထိုအမင်္ဂလာ အိမ်ကြီးဆီကနေ ထွက်သွားတော့သည် ။

“ခနခနသာ လာပါ ၊ အရှင်နတ်ဆိုး ။ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး ပျော်ချင်တိုင်းသာ လာပျော်ပါ ။
သူစိမ်းလို လုပ်မနေနဲ့တော့နော် အရှင်နတ်ဆိုး”

ခုနစ်စင်ကြယ်သည် အရှေ့ဘက်ကို ပြေးထွက်သွားပြီး အရှင်နတ်ဆိုးအား လှမ်းအော်ပြောလိုက်သည် ။

ရီဝမ်ဝမ် ။ “…” မင်း …

“ခွင့်ပြုပါဦး ၊ မင်းတို့ရဲ့ အစ်မ ဖန်း နဲ့ စကားပြောစရာလေး ရှိနေလို့”

ဂျိရှို့ရန်က ခပ်တိုးတိုး ရယ်မောကာ ခုနစ်စင်ကြယ်အား ခွင့်တောင်းလိုက်လေသည် ။

“အာ ..” ခုနစ်စင်ကြယ် အံ့သြသွား၏ ။
“အရှင် ဂျိ ၊ ခုနစ်ကြီးနဲ့ ကျွန်တော် အစ်မ ဖန်းရဲ့ နတ်သက်ကြွေအဆိပ်ကို ဖြေပေးဖို့အတွက် … ချောချောလေးတွေ ရှာထားတယ် .. အစ်မ ဖန်း အဆိပ်ဖြေပြီးတဲ့အထိ စောင့်ပေးလို့ ရမလား”

ရီဝမ်ဝမ်မှာ သည်းခံနိုင်မှုတို့ ကုန်ဆုံးသွားပြီး ငေါက်တော့လေပြီ ။
“မလိုဘူးလို့ ငါ မပြောခဲ့ဘူးလား”

“အာ … အင်းပါ … အစ်မ ဖန်း ရဲ့ ၊ ဒါဆို အစ်မ
စိတ်ဝင်စားလာတဲ့အထိ စောင့်ပေးမယ် ။ အရှင်ဂျိ နဲ့ တဝကြီး စကားပြောနေတော့နော် ။ ခုနစ်ကြီး နဲ့ ကျွန်တော် အခုပဲ သွားတော့မယ်”

ထိုသို့ ပြောပြီး ခုနစ်စင်ကြယ်မှာ ထိုယောကျာ်းတစ်ဖွဲ့ကို ခေါ်ကာ အနောက်ပင် ပြန်လှည့်မကြည့်တော့ဘဲ
ထိုအမင်္ဂလာအိမ်ကြီးဆီကနေ ထွက်သွားတော့လေပြီ ။

“အနှောင့်အယှက်ပေးမိတာ … တောင်းပန်ပါတယ်”

ကြယ်ခုနစ်သည် ရီဝမ်ဝမ် နှင့် ဂျိရှို့ရန်အား အားတုံ့အားနာဖြစ်ကာ တောင်းပန်လိုက်ပြီးနောက် ခုနစ်စင်ကြယ်နောက်ကို မြန်မြန်လိုက်သွားတော့သည် ။

….

ထိုကြီးမားလှသည့် စံအိမ်ကြီးထဲ ဂျိရှို့ရန်နှင့် ရီဝမ်ဝမ်သာ ကျန်ခဲ့ကြလေပြီ ။

ဘယ်လိုခံစားချက်မှ မပြလာသည့် ဂျိဘုရင်အား ကြည့်ရင်း
ရီဝမ်ဝမ်မှာ ထိုင်ရမလား ထရမလား မသိဖြစ်နေမိ၏ ။

သူ ဘယ်လို တွေးနေမလဲ …

ငါ့ကို ဖောက်ပြန်တတ်တဲ့ မိန်းမလို့လား ။

အား .. နေရခက်လိုက်တာ .. ။

“ရှောင်ဖန်း”
ဂျိရှို့ရန်သည် ရီဝမ်ဝမ်ကို ကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်၏ ။
“ကိုယ့်အတွက် ကော်ဖီတစ်ခွက်လောက် ဖျော်ပေးပါလား”

…………………………………………………………………...........

စာစဉ် ၆၂၊ အခန်း ၂၃။ အပူလျော့ဖို့

“ကော်ဖီ ဖျော်ပေးရမှာလား … ရတယ် …”

ရီဝမ်ဝမ် ဧည့်ခန်းဆီသို့ သွားလိုက်သည် ။ တခနအကြာတွင် ကော်ဖီစားပွဲဘေး ထိုင်နေရင်း ဂျိရှို့ရန်အတွက် ကော်ဖီငှဲ့ပေးနေ၏။

ဂျိရှို့ရန်သည် ထိုကော်ဖီကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်ချေသည် ။

“ညဉ့်နက်မှ ဘာလို့…ကော်ဖီတွေ သောက်နေတာလဲ” ရီဝမ်ဝမ်၏ဟန်ပန်မှာ စိတ်ရှုပ်ထွေးနေလေဟန် ။

“အပူတွေ ကျသွားအောင်လို့”
ဂျိရှို့ရန်က ခပ်ပြုံးပြုံး ပြန်ဖြေသည် ။

ရီဝမ်ဝမ် ။  “…”

ပြုံးနေတာလေး တော်ပါတော့လား ။

ဒေါသထွက်နေရင်လည်း ထွက်ပြလိုက်တာမှ ဟုတ်ဦးမယ် ။

အခုမှ ပိုပြီးတော့ ကြောက်လာပြီ … ။

“ရှို့ရန် … ရှင်းပြပါ့မယ် ။ ဒီနေ့ ဖြစ်သွားတာတွေက ရှင် ထင်သလို မဟုတ်ဘူး ။ အရှင်နတ်ဆိုး လာတာက … ဟို … ကျွန်မနဲ့ အလုပ်ကိစ္စလာဆွေးနွေးတာ”
ရီဝမ်ဝမ်က ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည် ။

သို့သော် ဂျိရှို့ရန်သည် သူမပြောနေသည့် အကြောင်းအရာအပေါ် စိတ်ဝင်စားဟန် မပြဘဲ အပြုံးလေးဖြင့် ပြောလာသည် ။
“မီးလျှံကျောင်းတော်က ဆရာတစ်ယောက်က ကိုယ့်ဆီမှာ အကြွေးတင်နေတယ် ။ ရှေ့ရက်ကပဲ ကိုယ် သူ့ကို
ပြောထားပြီးသွားပြီ ၊ မင်း မီးလျှံကျောင်းကို သွားလို့ ရပြီ”

“မီးလျှံကျောင်းတော်ကို သွားရမှာလား”

ရီဝမ်ဝမ် အံ့သြသွား၏ ။

ငါ နဲ့ အရှင်နတ်ဆိုး အကြောင်း ပြောနေတာ မဟုတ်ဘူးလား ။
ဘာလို့ မီးလျှံ့ကျောင်းအကြောင်းက ပါလာရတာလဲ … ။

ပြီးတော့ ဂျိရှို့ရန်က မီးလျှံကျောင်းတော်ကို ဘာလို့ လွှတ်နေရတာလဲ ။ ငါ့ကို ဆရာ သွားလုပ်ခိုင်းမလို့လား ။

“ရှို့ရန် … ဟိုလေ .. မီးလျှံကျောင်းတော်ကို ဘာလို့ သွားရမှာလဲ” ရီဝမ်ဝမ် နားမလည်နိုင်ပါချေ ။

“သွားကြည့်လိုက်ပါ” ဂျိရှို့ရန်က ပြုံးကာ ပြန်ဖြေသည် ။

ရီဝမ်ဝမ် ။ “…”

သူမတွင်လည်း ထိုမီးလျံှကျောင်းတော်ကို သွားကြည့်ဖို့ စိတ်ကူး ရှိနေပြီးသားသာ ။

ထိုကျောင်းအုပ်ကြီးကသာ သူမကို ကူညီပေးလိုစိတ် ရှိလျှင်
သူမသည် မှတ်ဉာဏ်များ ပြန်ဆယ်ယူနိုင်လောက်ပေသည် ။

သို့သော် သူမသည် ဖိန့်ဖိန့်တုန်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေ၏ ။ မီးလျှံကျောင်းတော်၏ စရိုက်အရဆို သူတို့၏ ကျောင်းအုပ်က
သူမကို ကူညီဖို့ ဝေးလို့ ဖိန့်ဖိန့်တုန်ဂိုဏ်းကိုပင် ကြည့်မရ ဖြစ်နေနိုင်သည် ။

“ဒါက ထောက်ခံစာ ။ မီးလျံှကျောင်းတော်ကို ရောက်သွားရင် ကိုယ့်စာကိုသာ ပြလိုက်” ဂျိရှို့ရန်က စာအိတ်တစ်အိတ်ကို
ထုတ်ယူကာ ရီဝမ်ဝမ်ကို ပေးလိုက်သည် ။

“ကောင်းပါပြီ …”  ရီဝမ်ဝမ် ထိုစာကို လက်ခံလိုက်သည် ။

ဂျိရှို့ရန် ဘာလုပ်ချင်နေသလဲကို သူမ မသိပါသော်လည်း မီးလျှံကျောင်းတော်ကို သွားကြည့်ချင်မိပါ၏ ။

ငါလဲ မသွားနိုင်မှာကို စိုးနေတာ ။

ဂျိရှို့ရန်က တော်တော်လေး တွေးပေးတတ်သားပဲ ။

“မီးလျှံကျောင်းတော်ကို သွားရင် ဘယ်သူ့အနေနဲ့ သွားရမှာလဲ”  ရီဝမ်ဝမ် သိလိုစွာ မေးကြည့်လိုက်သည် ။

“ကျောင်းသားသစ်” သူက ပြန်ဖြေလာသည် ။

“…”

ထပ်ပြီးတော့ ကျောင်းသားသစ်ပဲလား ။
ကျောင်းသားဘဝကြီးကို ငါ တော်တော်ကြီး စိတ်ကုန်နေပါပြီ ဆိုနေ။ ဆရာအနေနဲ့ မသွားရရင် မသွားဘူး ။

“ရှို့ရန် … ရှင်က ဖိန့်ဖိန့်တုန်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ကို မီးလျှံကျောင်းတော်မှာ ကျောင်းသား သွားလုပ်စေချင်နေတာလား” ရီဝမ်ဝမ် ဂျိရှို့ရန်ကို စိုက်ကြည့်လိုက်သည် ။

“ကျွန်မကတော့ သွားလို့ ရပေမယ့် … ဖိန့်ဖိန့်တုန်ဂိုဏ်းက ဂိုဏ်းသားတွေနဲ့ အကြီးအကဲတွေက လက်မခံကြမှာ စိုးတယ် …
အဲ့ကို ဆရာတစ်ယာက်အဖြစ် ဒါမှမဟုတ်လည်း တစ်ခုခုအဖြစ်နဲ့ လွှတ်ပေးရင်ရော … ”

ဂျိရှို့ရန်က ခေါင်းခါယမ်းလာသည် ။
“မီးလျှံကျောင်းတော်က ဆရာတွေအားလုံးကို ကျောင်းကပဲ သတ်မှတ်ပေးကြတာ ။ မဟာကျောင်းတော်ကြီးသုံးကျောင်းထဲက တစ်ကျောင်းရဲ့ ဆရာ ဖြစ်နိုင်ဖို့ဆိုတာ မင်းကို မပြောနဲ့
ကိုယ့်အတွက်ပါ အရမ်းခက်တယ် ။ ပြီးတော့ မင်းက ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ်အနေနဲ့ သွားစရာ မလိုဘူး ။ နာမည်ဝှက်တစ်ခုနဲ့ သွားရုံပဲ”

ရီဝမ်ဝမ် ။ “…” နောက်ထပ်နာမည်ဝှက်တစ်ခုလား ..

“အာ … အခုမှ မှတ်မိတယ် ။ အခုတလော ဖိန့်ဖိန့်တုန်ဂိုဏ်း မှာ အလုပ်တွေ အရမ်းရှုပ်နေတယ်”
ရီဝမ်ဝမ် အမြန်ပင် ထုတ်ပြောလိုက်သည် ။

“အိုး” ဂျိရှို့ရန်က အဓိပ္ပာယ်ပါပါဖြင့် ရီဝမ်ဝမ်ကို ကြည့်လာလေပြီ ။
“ဒီလိုဆိုရင်တော့ ကိုယ်တို့တွေ မင်းနဲ့ အရှင်နတ်ဆိုးအကြောင်းကို ပြောကြတာပေါ့”

ဂျိရှို့ရန်က ထိုသို့ ပြောလိုက်သည်နှင့် ချက်ချင်းပင် ရီဝမ်ဝမ်က ပြုံးပြတော့သည် ။
“ရှို့ရန် … တကယ်တော့လေ ကျွန်မလည်း မီးလျှံကျောင်းတော်မှာ အတွေ့အကြုံသွားယူချင်နေတာ … သွားရမှာပေါ့ မသွားစရာလား”

“အင်း” ဂျိရှို့ရန်က အသာလေး ခေါင်းညိတ်လာသည် ။

“…” သိပ်ကောင်းတယ် ၊ ဂျိရှို့ရန် အကျင့်ပုတ်ကြီး ။

“အခု ညဉ့်နက်နေပြီ ၊ ကိုယ်လဲ ထပ်မနှောင့်ယှက်တော့ဘူး ။ စောစောအိပ်တော့”

ဂျိရှို့ရန်သည် ထလိုက်ကာ ရီဝမ်ဝမ်ကို နှုတ်ဆက်ပြီး ထွက်သွားတော့သည် ။

………………………………………………………………….

စာစဉ် ၆၂၊ အခန်း ၂၄။ သရုပ်ဆောင် အရမ်းကောင်းတယ်

ဂျိရှို့ရန် လုံးလုံး ထွက်သွားပြီဆိုမှသာ ရီဝမ်ဝမ် စိတ်အေးမိသွား၏ ။

ငါတို့ ဒီည ဒရမ်မာကား ရိုက်နေကြတာလား … ။ ဘာလို့ အဲ့လောက်တောင် ရင်တုန်ပန်းတုန်တွေ ဖြစ်နေရတာလဲ ။

မကြာခင် ရီဝမ်ဝမ် အိပ်ခန်းထဲသို့ ဝင်လိုက်၏ ။

ဖြူကောင်ကြီးသည် အိပ်ရာပေါ်တွင် လှဲနေပြီး
ရီဝမ်ဝမ်အား ခိုးခိုးကြည့်နေသည် ။

ရီဝမ်ဝမ်သည် အိပ်ရာဘေးတွင် ရပ်လိုက်ပြီး ဖြူကောင်ကြီးအား ခပ်မာမာကြည့်နေလိုက်သည် ။

“ဖြူကောင်ကြီး … နင့်ရဲ့ သရုပ်ဆောင်စကေးက တော်တော်လေး ကောင်းလှချည်လား”

ဖြူကောင်ကြီးသည် ခေါင်းတစ်ဖက် လှည့်သွားလေပြီ ။

“သားသားလေးကို သရုပ်ဆောင်ကောင်းမှန်း မသိခဲ့မိဘူး ။
ငါတို့ တရုတ်ကို ပြန်ရောက်ရင် မင်းနဲ့ နက်ကောင်လေးကို ပေါင်းပြီးတော့ သရုပ်ဆောင်လောကထဲ တင်ပေးမယ် ၊ ဘယ်လိုလဲ”

ရီဝမ်ဝမ်သည် အိပ်ရာပေါ် ထိုင်ချလိုက်ပြီး ဖြူကောင်ကြီး၏ ခေါင်းကို သူမပေါင်ပေါ် တင်လိုက်သည် ။

ဗိုင်းရပ်စ်သည် သူ့နာမည်ကို ကြားလိုက်တာနဲ့ ချက်ချင်း ကြမ်းပြင်ပေါ်ကနေ ထလာလေပြီ ။

ဖြူကောင်ကြီးသည်ကား ရီဝမ်ဝမ်ကို တစ်ချက်တစ်ချက် ခိုးကြည့်နေသည်ကလွဲလို့ တိတ်တိတ်လေးသာ နေ၏ ။

ညသည် တိတ်ဆိတ်စွာဖြင့် ကုန်လာလေပြီ ။

နောက်တစ်နေ့မနက်တွင် ရီဝမ်ဝမ်သည် ဖိန့်ဖိန့်တုန် ဂိုဏ်း၏ ကိစ္စဝိစ္စတို့အား ကိုင်တွယ်ပြီးနောက် နန် နယ်မြေကို မောင်းသွားလိုက်ပြီး နန်စံအိမ်ကို သွားလိုက်၏ ။

နန် စံအိမ်ထဲ မဝင်ရသေးခင် အမည်မရှိသောနန်သည် ကမူးရှူးထိုး ပြေးထွက်လာလေသည် ။

“ညီမလေး ကျော်ကြားသော”

အမည်မရှိသောနန်သည် ရီဝမ်ဝမ်ကို မြင်လိုက်ပြီး အံ့သြသွား၏ ။ ချက်ချင်းပင် တအံ့တသြ မျက်နှာ ဖြစ်သွားလေသည် ။

“ညီမလေး ကျော်ကြားသော … အိုး မိုင် ဂေါ့ … လွတ်လပ်သောနယ်မြေထဲမှာ အကြီးကြီးဖြစ်နေပြီ”

“အကြီးကြီးလား” ရီဝမ်ဝမ် အံ့အားသင့်သွား၏ ။

ဘာအကြီးကြီးများ ဖြစ်နေလို့လဲ ။

“ဘာမို့လို့လဲ”  ရီဝမ်ဝမ် မေးလိုက်သည် ။

အမည်မရှိသောနန်သည် ဟိုကြည့်ဒီကြည့် အရင်လုပ်လိုက်ပြီး တိုးတိုးလေး ကပ်ပြောလာသည် ။
“ညီမလေး ကျော်ကြားသော … ဒါက တကယ့်ကို ကြီးတဲ့ လျို့ဝှက်ချက်ကြီး … ပြီးတော့ ညီမလေးနဲ့လည်း အကြီးကြီး ပတ်သက်နေတယ်”

“…” ပြောမှာရှိ ပြောစမ်းပါဟ ။

“ညီမလေး ကျော်ကြားသော … ဒီကိုကြီးက သတင်းတွေကို ရောင်းစားတတ်တဲ့ ဘော့စ်မျိုးဆိုတာ သိတယ်မလား ။
ကြည့်လေ … ဒီသတင်းကြီးက မင်းနဲ့ ပတ်သက်နေတဲ့ဟာ …
ဟို …”
အမည်မရှိသောနန်သည် ရီဝမ်ဝမ်ကို ကြည့်ကာ လက်နှစ်ဖက်ကို ပွတ်သပ်နေသည် ။

“အဟူး … ဒါဆိုရင်လည်း ပြောမနေနဲ့တော့ ။ စိတ်မဝင်စားဘူး” ရီဝမ်ဝမ် အမည်မရှိသောနန်ကို ကျော်သွားပြီး အိမ်ထဲကို
ဝင်လိုက်၏။

“မရဘူးလေကွာ ၊ ညီမလေးကလည်း”
အမည်မရှိသောနန်က သူမအား ပိတ်တားလိုက်သည် ။

“ကိုကြီး ပြောပြမယ် ၊ ဒီသတင်းက ပေးရတဲ့ပိုက်ဆံထက် အများကြီးတန်တယ်နော် ။ ငါ မင်းကို ဘယ်တုန်းက
လှည့်စားဖူးလို့လဲ”

“ဘယ်တုန်းကရော မလှည့်စားဖူးလို့လဲ”

“ဒီတစ်ခါတော့ မလှည့်စားပါဘူးကွာ ၊ အာမခံတယ်”

ရီဝမ်ဝမ် သက်ပြင်းချလိုက်ပြီး ပိုက်ဆံအိတ်ထဲက
ရာတန်ပိုက်ဆံများကို ထုတ်ယူလိုက်ကာ ပေးလိုက်ရ၏ ။

“ပြော .. မဟုတ်လို့ကတော့ မသေမချင်း ရိုက်သတ်ပစ်မယ်မှတ်”

အမည်မရှိသောနန်သည် ပျော်ရွှင်အားရစွာ ထိုပိုက်ဆံတို့ကို
အိပ်ကပ်ထဲ ထိုးထည့်လိုက်တော့ပြီး လျို့ဝှက်စွာဖြင့်
ပြောလာလေသည် ။

“ညီမလေး ကျော်ကြားသော .. ကိုကြီးတို့ ရှန်း အိမ်တော်ရဲ့ ပွဲမှာတုန်းကလေ … ညီမလေးရဲ့ ရည်းစား စီရီဟန်ကို တွေ့ခဲ့တယ်”

“…” ဒါကြီးက လွတ်လပ်သောနယ်မြေထဲက လျို့ဝှက်ချက်ကြီးလား ။

“ပြီးတော့ မင်းရဲ့ရည်းစားက တကယ်တော့ အရှင်နတ်ဆိုး ကြီး ။ ဝန်တော့မခံပေမယ့်လို့ တော်တော်လေး ဆင်တယ်လို့တော့
ထင်တာပဲ … သူက မင်းရည်းစား မဟုတ်ရင်တော့ မင်းရည်းစားရဲ့ အစ်ကိုအရင်းပဲ ဖြစ်ရမယ် ။ ဒါမှမဟုတ် သူ့ရဲ့အဖေလည်း ဖြစ်နိုင်လောက်တယ်”

ရီဝမ်ဝမ် ။ “…”

“ပြီးတော့လည်း ညီမလေး သိလား … အရှင်နတ်ဆိုးက တကယ်တော့ .. တကယ်တော့ ယောကျာ်းတွေကို ကြိုက်နေတာ ။
ဂျိရှို့ရန်လည်း အတူတူပဲ ။ အာ .. ဂျိရှို့ရန်က ဘာလို့
အဲ့လိုလူစားမျိုး ဖြစ်နေတာလဲကွာ ။ သူ နဲ့ အရှင်နတ်ဆိုး ကြားမှာ ဟိုလိုလိုတဲ့ ။ အဲ့နှစ်ယောက်ကလေ … နှမျောဖို့ကောင်းလိုက်တာ”

အမည်မရှိသောနန်သည် သက်ပြင်းကြီး တချချ ၊
ခေါင်းကြီးတခါခါဖြင့် ပြောနေသည် ။

ရီဝမ်ဝမ် အမည်မရှိသောနန်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည် ။
“ဂျိရှို့ရန် နဲ့ အရှင်နတ်ဆိုးကို ရည်းစားတွေလို့ ပြောနေတာလား”

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်”
အမည်မရှိသောနန်က ပြောလိုက်သည် ။
“လုံးဝကို မှန်တယ်”

“ဘယ်ကနေ ကြားလာတာလဲ” ရီဝမ်ဝမ်၏ရင်ထဲတွင် မရေမရာခံစားချက်ကြီးက မြင့်တက်လာလေပြီ ။

“အာ … ခုနစ်စင်ကြယ်ကြီး ငါ့ကို ပြောသွားတာ …” အမည်မရှိသောနန်သည် တဟားဟား ရယ်မောလာသည် ။
“ငါ သူ့ကို ယုံတယ် …”

………………………………………………………………………......

စာစဉ် ၆၂၊ အခန်း ၂၅။ ဒီအန်အေ ဘယ်သူ စစ်တတ်လဲ

ရီဝမ်ဝမ် အမည်မရှိသောနန်ကို ကြည့်လိုက်၏ ။

ထင်သည့်အတိုင်းပင် ရွှတ်နောက်နောက်လူက ဘယ်တော့မှ အတည်အတံ့ မပြောတတ်ပါချေ ။

“ညီမလေး ကျော်ကြားသော ရော ဘယ်လိုထင်လဲ ။ ဒီသတင်းက တကယ်ကြီးတယ်မလား ။ မင်းပိုက်ဆံတွေ အလကားမဖြစ်ဘူး
မလား” အမည်မရှိသောနန်သည် ရီဝမ်ဝမ်ကို ကြည့်ကာ မေးခွန်းတစ်ခုပြီးတစ်ခု ထုတ်လာသည် ။

“အင်း အင်း အကျိုုးရှိတယ်”

ရီဝမ်ဝမ် အသာလေး သက်ပြင်းချလိုက်ပြီး အမည်မရှိသောနန်ကို ရှောင်ကွင်းကာ နန် အိမ်တော်ထဲ ဝင်သွားလိုက်သည် ။

သခင်မကြီး နန် ၊ နန်လင်းလုံ နှင့် စိုးရိမ်ခြင်းကင်းသောနန် တို့
ဒီနေ့တွင် အိမ်မှာ ရှိမနေကြပေ ။

ရီဝမ်ဝမ် တန်တန်၏အိပ်ခန်းဆီကို တရင်းတနှီး လျှောက်သွားလိုက်သည် ။

“မာမီ …”

ရီဝမ်ဝမ် ပေါ်လာသည်နှင့် တန်တန်၏မျက်ဝန်းတို့မှာ ဝင်းပလာ၏ ။

မနေ့ညက ရီဝမ်ဝမ်သည် အရှင်နတ်ဆိုးနှင့် တွေ့နေခြင်းကြောင့်
နန် စံအိမ်ကို ပြန်မလာခဲ့ပေ ။

“တန်တန် … မာမီ မနက်စာ ယူလာတယ်”
ရီဝမ်ဝမ် ဘူးကို ဖွင့်လိုက်ပြီး သူ့ကို ပေးလိုက်သည် ။

“ကျေးဇူး မာမီ …” တန်တန်သည် ထိုဘူးကို လက်ခံလိုက်၏ ။

တန်တန်က ဆက်ပြောသည် ။
“မာမီ … မာမီ ပြောတဲ့ဟာ လုပ်ပြီးသွားပြီ”

သူသည် အထဲက ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်ပြီး ရီဝမ်ဝမ်ဘေးနား ချထားလိုက်၏ ။

ရီဝမ်ဝမ် ထိုဘူးအား ဂရုတစိုက်လေး ဖွင့်ကြည့်လိုက်သည် ။
အထဲတွင် ဆံပင်ချည်တို့ အများကြီး ရှိနေ၏ ။

“တန်တန်က တော်လိုက်တာ … သားအမေ သိသွားသေးလား”
ရီဝမ်ဝမ် တိုးတိုးလေး မေးကြည့်လိုက်သည် ။

“ဟင့်အင်း” တန်တန်က ခေါင်းယမ်းပြလာသည် ။
“မာမီ … သားအမေရဲ့ဆံပင်နဲ့ ဘာလုပ်မလို့လဲဟင်”

ရီဝမ်ဝမ် မျက်မှောင်ကြုတ်မိသွား၏ ။

သူမ၏အစီအစဉ်ကို တန်တန်ကို ပြောပြလို့ု မရပါချေ ။
စိုးရိမ်ခြင်းကင်းသောနန်သာ အတုအယောင် ဖြစ်နေလျှင် ကိစ္စ
မရှိပေ ။ သို့သော် အစစ်ဖြစ်နေမည်ဆိုပါက ဘာလုပ်မှာကို ပြောပြလိုက်လျှင် လူရယ်စရာ ဖြစ်ကုန်ပေလိမ့်မည် ။

“တန်တန် … ဒီကိစ္စက နန် မိသားစု နဲ့ ပတ်သက်နေတယ်လို့ပဲ သိထားလိုက်နော် ။ မာမီက သား နာကျင်စေမယ့်အရာ ဘာမှ မလုပ်ဘူးဆိုတာ ယုံတယ်မလား”
ရီဝမ်ဝမ်က သူ့ကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည် ။

တန်တန်သည် ချက်ချင်းပင် ခေါင်းညိတ်ပြလာ၏ ။
“တန်တန် မာမီ့ကို ယုံတယ်”

နန် စံအိမ်ကနေ ထွက်လာပြီးနောက်တွင် စိုးရိမ်ခြင်းကင်းသောနန်၏ ဆံချည်ဘူးကို ကိုင်ကာ ရီဝမ်ဝမ် ဒီအန်အေ စစ်မည့်နေရာကို လိုက်ရှာကြည့်မိ၏ ။

သို့သော် သေသေချာချာ တွေးကြည့်လိုက်ပြီးနောက်တွင် မသင့်လျော်မှန်း သိလာခဲ့ရသည် ။

နန် မိသားစုက ဘယ်သူမို့လို့လဲ ။ လွတ်လပ်သောနယ်မြေထဲက မျိုးနွယ်စုကြီး လေးစုထဲက တစ်ခု မဟုတ်ဘူးလား ။
စိုးရိမ်ခြင်းကင်းသောနန်သာ တကယ် အယောင်ဆောင်ထားခြင်း ဆိုလျှင် နန် မိသားစုက သိရမည်သာ …

ထို့အပြင် လွတ်လပ်သောနယ်မြေထဲတွင် ဒီအန်အေ
စစ်သည့်နေရာများ များစွာ ရှိနေ၏ ။ စိုးရိမ်ခြင်းကင်းသောနန် အား ရှာမတွေ့ခင် ဒီအန်အေ မစစ်ကြည့်စရာ အကြောင်း မရှိပါချေ ။ သူမသည် အတုအယောင် ဖြစ်လျှင် ဒီအန်အေ စစ်တာမှာ ပေါ်လာရမည်သာ ။ သို့သော် ဒီအန်အေမှာ ဟုတ်သည်ဟု
ပြနေလျှင် အဓိပ္ပာယ် နှစ်မျိုး ရှိနိုင်ပေသည် ။

ပထမတစ်မျိုးမှာ စိုးရိမ်ခြင်းကင်းသောနန်သည် တကယ့်အစစ်
ဖြစ်နေ၍ ဒီအန်အေက ဟုတ်သည်ဟု ပြလာခဲ့ခြင်း ။

ဒုတိယတစ်မျိုးမှာ စိုးရိမ်ခြင်းကင်းသောနန်သည် အယောင်ဆောင် ဖြစ်နေသော်လည်း လွတ်လပ်သောနယ်မြေကြီးထဲက ဒီအန်အေ စင်တာများအားလုံးက အဖြေအမှားများ
ထွက်ပြပေးရလောက်အောင်ထိ
အင်အားကြီးသောနောက်ခံကြီးတစ်ခု ရှိနေခြင်း ။

သူမသည် တန်တန်နှင့် စိုးရိမ်ခြင်းကင်းသောနန်၏ ဆံခြည်ကို ကိုင်ကာ ဟိုလိုက်စစ် ဒီလိုက်စစ် လုပ်နေမည်ဆိုလျှင် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည် ။

တကယ့်ရလဒ် အစစ် မှာ မထွက်လာပြန်ပဲ နေပေလိမ့်မည် ။

ရီဝမ်ဝမ်သည်ကတော့ စိုးရိမ်ခြင်းကင်းသောနန်အား
အစစ် ဖြစ်နိုင်သည်ဟု ထင်မိပါသော်လည်း
ရိရွှေ့ဟန်သည်ကတော့ အလွန်အမင်းကို သံသယကြီးစွာ ရှိနေလေသည် ။

သို့သော် သူမသည် ရိရွှေ့ဟန်အား ကတိပေးထားပြီးပြီ ဖြစ်လေရာ
သူမ လုပ်ကို လုပ်ရတော့မည် ဖြစ်၏ ။

ဖိန့်ဖိန့်တုန် ဂိုဏ်းကို ပြန်လာပြီးနောက်တွင် ရီဝမ်ဝမ်
ကြယ်ခုနစ် နှင့် ခုနစ်စင်ကြယ်ကို ရုံးခန်းထဲ ခေါ်လိုက်၏ ။

ခုနစ်စင်ကြယ်သည် စကားတစ်ခွန်း မဆိုဘဲ ခပ်မဆိတ်သာ ထိုင်နေသော ရီဝမ်ဝမ်ကို မြင်လိုက်ပြီး သူ၏ ပါးစပ်ဖွာမှုအပေါ် အပြစ်ရှိသလို ခံစားမိသွား၏ ။

“အစ်မ ဖန်း … မနေ့ညက …”

ခုနစ်စင်ကြယ်က စကားစလိုက်သော်လည်း ရီဝမ်ဝမ်က ဖြတ်ပြောလိုက်လေသည် ။

“ဖိန့်ဖိန့်တုန် ဂိုဏ်းထဲမှာ ဒီအန်အေ စစ်တတ်တဲ့သူ ရှိလား”
ရီဝမ်ဝမ်က သူတို့ကို မော့ကြည့်လိုက်သည် ။

…………………………………………………………………………..
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘

စာစဉ် ၆၂ ပြီးပါပြီ ။
ပျော်ရွှင်ဖွယ်နေ့လေး ဖြစ်ကြပါစေ ။

Continue Reading

You'll Also Like

2.1M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
374K 37K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်