[TN:ပြီးဆုံးရန် 3 ပိုင်းသာကျန်ပါတော့သည်]
ရေချိုးပြီးတဲ့အထိ မုန့်ရန်ရဲ့ မျက်နှာပေါ်မှာ ရှက်သွေးဖြာနေတဲ့ အရိပ်အယောင်တွေ ကျန်ရစ်နေပါသေးတယ်။Selsey တို့ စောင့်နေတဲ့အတွက်မြန်မြန် အဝတ်အစား ဝတ်လိုက်တယ်။
မုန့်ရန်အဝတ်အစားဝတ်ပြီးချိန်မှာ လော်ရှို့ ရေချိုးခန်းထဲကနေ ထွက်လာတယ်။ မုန့်ရန်က လော်ရှို့ရဲ့ လည်ပင်းကို သိုင်းဖက်လိုက်ပြီး....
"ကျွန်တော် ဒီနေ့ Selsey တို့နဲ့ အပြင်သွားမလို့....စျေးဝယ်ထွက်ကြမှာ...ခင်ဗျားလဲ အလုပ်ကိစ္စတွေရှိသေးတယ်မလား??အလျင်လိုစရာမလိုဘူးနော်...ကျွန်တော်သူတို့နဲ့ ရက်နည်းနည်းလောက်နေပြီးရင်လိုက်လာခဲ့မယ်..."
"မင်း သူတို့နဲ့ နိုင်ငံခြားကို လိုက်သွားမလို့လား?"
လော်ရှို့က မုန့်ရန်ရဲ့ခါးကို ဖက်ထားပြီးမေးလိုက်တယ်။
"ဟင့်အင်း..လိုက်မသွားပါဘူး။ပြိုင်ပွဲလဲ ဝင်မပြိုင်တော့ဘူး။ဒီအတိုင်း တက်စရာရှိတဲ့ ပွဲနည်းနည်းလောက်တက်ပြီးတာနဲ့ သားလေးကို အဖော်ပြုပေးမယ်၊ခင်ဗျားဆီကို လိုက်လာမယ်..."
"အပြင်သွားမယ်ဆိုလဲ ညဘက်စောစောအိမ်ပြန်ပြီး ကိုယ့်ဆီ ဖုန်းဆက်ရမယ်နော်..."
လော်ရှို့က မုန့်ရန်ကို တစ်ဝကြီးနမ်းပြီးမှ သွားခွင့်ပေးလိုက်တယ်။
Selsey တို့က စားသောက်ခန်းမှာ မုန့်ရန်ကို ကြိုစောင့်နေကြတယ်။
မုန့်ရန်ကို မြင်တာနဲ့ Selesy က ပြုံးပြလိုက်ပြီး....
"ဟင်းနော်...ယောက်ကျားရှိတဲ့သူတွေများကြတော့လဲ လွယ်လွယ်နဲ့ ယောက်ကျားနားကနေ မခွာနိုင်ကြဘူး..."
"စောင့်နေရတဲ့အတွက် Sorry ပါကွာ...သူ ဒီနေ့ ပြန်မှာဆိုတော့ စကားနည်းနည်းတော့ပြောရသေးတာပေါ့...Breakfast စားပြီးရင် မင်းတို့ကို လမ်းဟောင်းတွေဘက်လိုက်ပို့ပေးမယ်...ပန်းစျေးကိုအရင်သွားချင်လား??နံ့သာစျေးကိုအရင်သွားချင်လား...?"
"ပန်းပွင့်တွေကြည့်ရတာမကြိုက်ဘူး..အစားအသောက်ကောင်းကောင်းလေးသွားစားကြမယ်လေ....ဘယ်လိုလဲ?"
Selsey က Kai ကိုလှမ်းမေးလိုက်တယ်။
Kai..."ကောင်းတာပေါ့...အရသာရှိတာတွေသွားစားကြမယ်ဟေ့..."
မုန့်ရန်.."ဒါဆို တောင်ပေါ်စျေးကို သွားကြမယ်...ခရီးသွားတွေဆို အဲ့စျေးကအစားအသောက်တွေကို အကြိုက်ကြတာ..."
သေချာဆုံးဖြတ်ပြီးတာနဲ့ သုံးယောက်သားတောင်ပေါ်စျေးရှိရာဆီ ချီတက်ခဲ့ကြတယ်။
တောင်ပေါ်စျေး အဝင်ဝကတည်းက Selsey တစ်ယောက် စိတ်ဝင်စားစရာတွေကို မြင်ပြီး အရမ်းတွေပျော်နေရှာတယ်...
"ဝိုးးး စိတ်ဝင်စားစရာတွေအများကြီးပဲ....ဒါတွေအကုန်လုံးက စားလို့ရတာတွေကြီးပဲလား??"
Selsey က မှိုရိုင်းတွေရောင်းတဲ့ ဆိုင်လေးဆီပြေးသွားပြီး မုန့်ရန်နဲ့ Kai ကို လှည့်ပြောလိုက်တယ်။
"ကြည့်ပါဉီးကွာ...ဘယ်လောက်ချစ်စရာကောင်းလိုက်လဲ??နတ်သမီးပုံပြင်တွေထဲက နတ်သူငယ်လေးတွေနေတဲ့ အိမ်လေးတွေနဲ့ မတူဘူးလား?"
Kai ကလဲ Selsey ဘေးမှာ စောင့်ကြောင့်ထိုင်လိုက်ပြီး ချစ်ဖို့ကောင်းတဲ့ မှိုပွင့်လေးတွေကို ရွေးနေတယ်။ပုံမှန်ဆိုရင် မှိုတွေက လှလေ အဆိပ်ပြင်းလေပါပဲ..သို့ပေမယ့် အခုလို တရားဝင်ရောင်းချနေတဲ့ မှိုတွေအကုန်လုံးက စားလို့ရတာတွေကြီးပါပဲ...သူတို့နှစ်ယောက်စလုံး ဒီလိုလှပတဲ့ မှိုပွင့်လေးတွေရဲ့ အရသာကို မြည်းစမ်းချင်နေပြီလေ...
[TN: မနက်လေးနာရီမှာပွင့်တဲ့ မှိုတွေနဲ့တော့ အမှားလိုက်ကြပါနဲ့ ရှင်တို့အကြောင်းကျုပ်ပဲသိတယ်။ မှိုဆိုတာနဲ့ အတွေးတွေ မီးပျက်နေကြပြီမလား?😏]
မုန့်ရန်ကတော့ သူတို့နှစ်ယောက်ကို ကလေးတစ်ယောက်လို ဖြူစင်အပြစ်ကင်းတဲ့ အပြုံးတွေနဲ့ပြုံးပြီးကြည့်နေလိုက်တယ်။
ဆိုင်ပိုင်ရှင် အဖွားက ဒီလိုချောမောတဲ့ လူငယ်လေးနှစ်ယောက်ကို ပြုံးပြီးကြည့်နေတယ်။သူ့သားသက်စွန့်ဆံဖျားရှာဖွေထားတဲ့ မှိုတွေကို ကြုံသလို လျှောက်ကိုင်နေတာကို စိတ်ဆိုးမိပေမယ့် ချစ်စရာကောင်းတဲ့ လူငယ်လေးနှစ်ယောက်ကိုတော့ စိတ်မဆိုးရက်ဘူးဖြစ်နေတယ်။
Selsey တို့ ရွေးပြီးတာနဲ့ မုန့်ရန်က အဖွားအို ခင်းကျင်းထားသမျှတွေအပြင် ဘေးနားမှာချထားတဲ့ ဝါးခြင်းတောင်းထဲက မှိုတွေကိုပါ စျေးနှစ်ဆပေးဝယ်ဖို့ လက်ထောက်တွေကို ညွှန်ကြားလိုက်တယ်။ရိုးသားတဲ့ အဖွားအိုက အပိုငွေတွေကိုမယူပဲ လက်ထောက်ကို အတင်းပြန်ပေးလိုက်တယ်။
မုန့်ရန်တို့ သုံးယောက်ကို တွေ့သမျှလူတိုင်းက လည်ပြန်ငေးနေကြတယ်။မုန့်ရန်က St.james မှာဆို အချောဆုံးအလှဆုံးအဖြစ်နာမည်ကြီးထားသူပါ...Kai ကကြတော့ ကျောက်စိမ်းပန်းပုရုပ်လေးလို ဖြူဖြူဖွေးဖွေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းတယ်။ရွှေရောင်ဆံနွယ်ရှင်လေး Selsey တစ်ချက််မောလိုက်တိုင်း နေရောင်ခြည်တွေဖြာထွက်လာသလို ပတ်ဝန်းကျင်တစ်ခုလုံး လန်းဆန်းသက်ဝင်လာတယ်။ဒီလိုလူငယ်လေးသုံးယောက်ကို အာရုံမစိုက်မိအောင်ကြိုးစားဖို့ လွယ်ကူမနေဘူးလေ....
လမ်းတစ်လျှောက်လုံးမှာ သူတို့နှစ်ယောက်မသိတာတွေကို မုန့်ရန်ကို မေးမြန်းနေကြတယ်။ မုန့်ရန်မမြင်ဖူးတဲ့ အရာတွေပါ ပါသေးတယ်။
မွှေးပျံ့တဲ့အစားအသောက်အနံ့တစ်ခုကိုရလိုက်တာကြောင့် ဘာရောင်းနေမှန်းမသိတဲ့ ဆိုင်ခန်းဆီကို Selsey ပြေးသွားခဲ့တယ်။မညီညာတဲ့ ကျောက်ခင်းလမ်းဖြစ်နေတာကြောင့် Selsey ချော်လဲမလိုဖြစ်သွားတယ်။
"သတိထား!!!"
လမ်းထောင့်တစ်ခုကနေ ထွက်လာတဲ့ Unateng က Selsey ကို လှမ်းဖမ်းလိုက်တယ်။
"Selsey!!"
မုန့်ရန်က ရှေ့ကို မြန်မြန်လျှောက်သွားပြီး Selsey ကို စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။
"ရရဲ့လား??ခြေထောင်ခေါက်သွားသေးလား??"
"ရတယ်...အဆင်ပြေတယ်.."
Selsey က Unateng ဘက်လှည့်လိုက်ပြီး..
"ကျေးဇူးတင်ပါတယ်..."
"ရပါတယ်ဗျာ..."
Selseyရဲ့ မျက်နှာကို သေချာမြင်လိုက်တဲ့ အခါ Unateng တစ်ယောက် မှင်သက်သွားခဲ့တယ်။မုန့်ရန်ကို မြင်လိုက်ပြန်တော့လဲ ကြောင်အသွားခဲ့ပြန်တာပါပဲ...မုန့်ရန်ပြောခဲ့တဲ့စကားတွေကို သတိရသွားတဲ့ အတွက် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး တိတ်တဆိတ်ထွက်ခွာသွားလိုက်တယ်။
မုန့်ရန်..."အဆင်ပြေတာသေချာရဲ့လား.?"
"ဘာမှမဖြစ်ဘူး...ဒီမှာကြည့်လေ.."
Selseyက ခြေချောင်းလေးတွေကို ကွေးလိုက်ဆန့်လိုက် လုပ်ပြလိုက်ပြီး...
"ခုနတစ်ယောက်နဲ့ မင်းနဲ့က အသိတွေလား?"
"မဟုတ်ပါဘူး...သူ့ဆိုင်မှာ သွားစားဖူးလို့ မျက်မှန်းတန်းမိရုံပါ..."
Selseyက ခဏလောက်စဉ်းစားပြီးတာနဲ့..
"အဲ့ဆိုင်က အစားအသောက်တွေ စားလို့ကောင်းလား?"
"မဆိုးပါဘူး..."
"ငါတို့တွေအဲ့ဆိုင်မှာ သွားစားကြမယ်လေ..."
ရုတ်တရက်ဆိုတော့ မုန့်ရန်လဲ ကြောင်တောင်တောင်ဖြစ်သွားခဲ့တယ်။
"ကောင်းပြီလေ...သွားစားကြတာပေါ့.."
ငြင်းဆန်လိုက်ပြန်ရင်လဲ အရမ်းကြီးသိသာသွားမှာစိုးတဲ့ အတွက် Selsey တောင်းဆိုတာကို လိုက်လျောပေးလိုက်တယ်။အတိတ်ဘဝက အကြောင်းအရာတွေကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီဖြစ်တဲ့ အတွက် Unateng ကို တမင်သက်သက်ကြီးရှောင်နေစရာမလိုတော့ဘူးလေ...
နည်းနည်းပါးပါးစျေးဝယ်ပြီးတာနဲ့ နေ့လည်စာစားဖို့ လုံဖန်းကို ချီတက်ခဲ့ကြပြန်တယ်။
Private room ထဲကိုရောက်တာနဲ့ Selseyက...
"ခုနကလူက ဒီမှာအလုပ်လုပ်တာလား??သူက ဒီဆိုင်ပိုင်ရှင်လား?"
"ဟုတ်တယ်..သူက ဒီဆိုင်ရဲ့ ပိုင်ရှင်..."
စားပွဲထိုးလေးတွေ Order ကောက်ဖို့ ရောက်လာတာနဲ့ Selseyက.....
"မင်းတို့ သူဌေးကို ခေါ်ပေး.."
စားပွဲထိုးလေးတွေက မုန့်ရန်ကို တစ်ချက်ကြည့်လိုက်ပြီး Unateng ကို အပြေးအလွှားသွားခေါ်ပေးကြတယ်။
Private room ထဲမှာ မုန့်ရန်ကို မြင်လိုက်တာကြောင့် Unateng နည်းနည်းတော့ အံ့သြသွားတယ်။မုန့်ရန်က သူ့ကိုဘယ်တော့မှ ထပ်မတွေ့ဖို့ ပြောထားခဲ့တယ်မဟုတ်လား.....
"ခုနကအတွက် ကျေးဇူးပဲနော်....
Selseyက Unateng ကို ကြည့်ပြီး ကျေးဇူးတင်စကားထပ်ပြောလိုက်တယ်။
"ရပါတယ်ဗျာ..အထူးတလှယ်ကျေးဇူးတင်နေစရာမလိုပါဘူး..."
"ကျွန်တော့်နာမည်က Selsey...ခင်ဗျားနာမည်ကရော..."
"ကျွန်တော်...."
Selsey ရဲ့ အပြုံးတွေ ၊မျက်ဝန်းပြာပြာတွေကြောင့် Unateng ရဲ့နှလုံးသားတစ်ခုလုံး ခုန်ပေါက်နေပြီ။စိတ်ထဲကခံစားချက်တွေကို ချွန်းအုပ်လိုက်ပြီး...
"ကျွန်တော်က Unatengပါ...ဒီနေ့အတွက် ဟင်းပွဲတွေကို သေချာရှင်းပြပေးပါ့မယ်..."
"ခင်ဗျားနဲ့အတူ စားဖိုဆောင်ထဲ လိုက်ကြည့်လို့ရမလား?ဟင်းပွဲထဲက ပါဝင်ပစ္စည်းတွေက မချက်ပြုတ်ရသေးခင်မှာ ဘယ်လိုပုံစံရှိတယ်ဆိုတာ မြင်ဖူးချင်လို့ပါ..."
Selseyက Unateng ကိုတောင်းဆိုလိုက်တယ်။
Selsey ရဲ့ မျက်ဝန်းတွေကို ကြည့်မိလိုက်တဲ့ အခါ Unatengဆီမှာ ငြင်းဆန်လိုစိတ်တွေ ပျောက်ရှကုန်ခဲ့ပါတယ်။
"ဒါဆို..ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကလိုက်ခဲ့ပါ..."
"ငါခဏ လိုက်သွားလိုက်ဉီးမယ်..."
Selseyက မုန့်ရန်နဲ့ Kai ကို ပြောပြီးတာနဲ့ Unateng နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားပါလေရော....
Selsey ရဲ့ ခြေလှမ်းတွေကို သိနေတဲ့ မုန့်ရန်နဲ့ Kai က တစ်ယောက်ကို တစ်ယောက် မျက်စပစ်ပြလိုက်ပြီး ဘာမှမပြောဘဲ ရေနွေးကြမ်းသောက်ရင်း ထိုင်စောင့်နေလိုက်တယ်။
Selseyရဲ့ ရုပ်ရည်က ချောမောရုံတင်မကပဲ ဆွဲဆောင်မှုလဲရှိတယ်။ရည်ရွယ်ချက်ရှိရှိနဲ့ Selseyဘက့်က စပြီးဆွဲဆောင် လိုက်ပြီဆိုတာနဲ့ စေလိုရာစေဘဝနဲ့ Selsey ခြေ့ရင်းမှာ ဝပ်ဆင်းပေးချင်နေတဲ့သူတွေကလဲ ဒုနဲ့ဒေးပါပဲ...အခုလေးတင် Selsey ရဲ့ အပြုံးတစ်ပွင့်ကြောင့် တောင်ပေါ်သားဖိုးသခွားလေး Unatengတစ်ယောက် စျာန်လျှောသွားပြီမဟုတ်ပါလား....
Selsey က အသက်ငယ်ပေမယ့် အချစ်ရေးအချစ်ရာမှာတော့ ဝါရင့်နေပါပြီ....သစ်ရွက်တစ်ရွက်မှ မလှုပ်စေဘဲ တောအုပ်တစ်ခုလုံးကို Selsey တစ်ယောက်တည်း မွှေနှောက်နိူင်လောက်တဲ့အထိ ဆရာကျပါတယ်။တစ်ချိန်တုန်းက မုန့်ရန်ကို ချစ်ခဲ့တဲ့ ဘရက်ဒလီတောင်မှ Selsey ရဲ့ ဆွဲဆောင်မှုအောက်မှာ ကျဆုံးသွားခဲ့ဖူးပါတယ်။မူးတစ်ဝက် နိုးတစ်ဝက်အခြေနေနဲ့ Selsey ဆီမှာ ကျရှုံးခဲ့တာပါ....
Selsey privat room ထဲကို ပြန်ရောက်တာနဲ့ မုန့်ရန်က လှမ်းမေးလိုက်တယ်။
"Unateng ကို ချိန်နေတာလား?"
"အစကတော့ ငါလဲ အဲ့လိုလုပ်မလို့ ကြံထားတာ..ဒါပေမယ့်လေ...ရိုးသားတဲ့ ဖိုးသခွားလေးတွေရဲ့ ခံစားချက်အစစ်အမှန်တွေကို မြင်လိုက်တိုင်း ငါ့စိတ်ထဲနေလို့မကောင်းတော့ဘူးကွ...ထားလိုက်ပါတော့ကွာ..ဒါပေမယ့်လေ..သူက လုံးဝကို ငါ့type ကွ..."
"ဟွန့်...မင်းကြိုက်တဲ့ typeတွေကလဲ အတော်များသားပဲနော်..."
Kai တစ်ယောက် အော့အန်ချင်သလိုပုံစံမျိုးနဲ့ မဲ့ရွဲ့ပြီးပြောလိုက်တယ်။
"ဘာလို့လဲဆိုတော့ ငါက ပရဟိတသမားလေးလေ..."
မုန့်ရန်နဲ့ Kai က Seley ကိုကြည့်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်ကြတယ်။တည်ငြိမ်အေးချမ်းတဲ့ဘဝနဲ့နေထိုင်နေရတဲ့ သူတို့နှစ်ယောက်က တည်ငြိမ်အေးချမ်းတဲ့ဘဝရဲ့တန်ဖိုးကိုကောင်းကောင်းသိပေမယ့် ဒါက Selsey ရဲ့ ကိုယ်ပိုင်ဘဝဖြစ်နေတဲ့ အတွက် ကောင်း၏၊မကောင်း၏ ဆိုပြီး ဝင်ရောက်စွက်ဖက်ဖို့အတွက် မသင့်တော်ပါဘူး.....
စားသောက်ပြီးတာနဲ့ သုံးယောက်သား ပြန်ခဲ့ကြတယ်။
ဒီရက်ပိုင်းအတွင်း သုံးယောက်သားနေရာအနှံ့လျှောက်လည်ပစ်ခဲ့ကြတယ်။ခရီးတွေအများကြီးထွက်ဖူးတဲ့ Seley ကတောင် မုန့်ရန်ကြောင့်သာမဟုတ်ရင် ဒီလိုနေရာကောင်းတစ်ခုကို သူဘယ်တော့မှ သိမှာမဟုတ်ကြောင်း ချီးကျူးခဲ့သေးတယ်။
နောက်တစ်နေ့ မှာ Selsey တစ်ယောက် လန်းဆန်းတက်ကြွစွာနဲ့ အိပ်ယာနိုးလာခဲ့တယ်။နံနက်စာစားချိန်မှာ...
Selsey..."စိတ်ပိုင်းဆိုင်ရာကုထုံးတွေအကြောင်းတော့ငါ နားမလည်ပါဘူး။ဒါပေမယ့် ဒီမှာ ရက်နည်းနည်းလောက်ပဲနေရသေးတယ်...ကိုယ်ရော၊စိတ်ရော..ပေါ့ပါးလန်းဆန်းနေတာပဲ..."
မုန့်ရန်..."အရင်တုန်းက အလုပ်တွေပိနေတာရယ်၊စားချိန်သောက်ချိန်မမှန်တာတွေကြောင့်လေ...ဒီရက်ပိုင်း နံနက်ဆို စောစောထတယ်၊အရက်လဲသိပ်မသောက်ဖြစ်တော့ သိသာလာတာပေါ့..."
Kai..."ဟုတ်တယ်...ဒီရက်ပိုင်းမှာ စိတ်ထဲမှာတော်တော်နေလို့ကောင်းတယ်။လေရော၊ရေရော သန့်ရှင်းပြီး လတ်ဆတ်နေတာပဲ...အိမ်ပြန်ရောက်ရင် ငါ့အိမ်ကရေကိုတောင် မသောက်နိုင်တော့မှာစိုးရိမ်နေရတယ်"
Selsey..."နောက်နှစ်တွေလဲ မကြာကြာဒီမှာလာနေကြမယ်လေ...မုန့်ရန်...မင်းဒီကိုလာဖြစ်မယ်ဆို ငါတို့ကိုလှမ်းခေါ်ဖို့မမေ့နဲ့နော်...."
"အေးပါကွ..."
တစ်နေ့လုံးအပြင်မထွက်ဘဲ သုံးယောက်သား Villaထဲမှာပဲ စကားပြောလိုက်၊ရှုခင်းကြည့်လိုက်နဲ့ အချိန်ဖြန်းခဲ့ကြတယ်။
ညရောက်တဲ့အခါ အိပ်ယာဝင်ဖို့ မုန့်ရန် ခြေလက်ဆေးကြောနေတုန်း လက်ထောက်တစ်ယောက်က တံခါးလာခေါက်ပြီး သတင်းပို့ခဲ့တယ်။
"ဘာကိစ္စလဲ???တစ်ခုခုဖြစ်လို့လား?"
"သခင်လေး Selsey အပြင်ထွက်သွားပါတယ်"
"ဒီလောက်မိုးစုန်းစုန်းချုပ်နေတာကို သူက ဘယ်ကိုသွားတာတုန်း??"
"ကျွန်တော်လဲမသိပါဘူး..သခင်လေးကို ဒါလေးပေးခိုင်းလိုက်ပါတယ်..."
လက်ထောက်က မုန့်ရန်ကို စာခေါက်လေးတစ်ခု ကမ်းပေးလိုက်တယ်။
စာကိုဖတ်ကြည့်ပြီးတာနဲ့ မုန့်ရန်က...
"သက်တော်စောင့်တွေကို သူ့နောက်လိုက်ပြီး စောင့်ရှောက်ခိုင်းထားလိုက်...သူ အန္တာရာယ်ကင်းရင်ရပြီ..."
"ဟုတ်ကဲ့..."
လက်ထောက်က မုန့်ရန်ဆီက ညွှန်ကြားချက်ရတယနဲ့ နှုတ်ဆက်ပြီး ထွက်သွားခဲ့တယ်။
Zawgyi
[TN:ၿပီးဆုံးရန္ 3 ပိုင္းသာက်န္ပါေတာ့သည္]
ေရခ်ိဳးၿပီးတဲ့အထိ မုန္႔ရန္ရဲ႕ မ်က္ႏွာေပၚမွာ ႐ွက္ေသြးျဖာေနတဲ့ အရိပ္အေယာင္ေတြ က်န္ရစ္ေနပါေသးတယ္။Selsey တို႔ ေစာင့္ေနတဲ့အတြက္ျမန္ျမန္ အဝတ္အစား ဝတ္လိုက္တယ္။
မုန္႔ရန္အဝတ္အစားဝတ္ၿပီးခ်ိန္မွာ ေလာ္႐ိႈ႕ ေရခ်ိဳးခန္းထဲကေန ထြက္လာတယ္။ မုန္႔ရန္က ေလာ္႐ိႈ႕ရဲ႕ လည္ပင္းကို သိုင္းဖက္လိုက္ၿပီး....
"ကြၽန္ေတာ္ ဒီေန႔ Selsey တို႔နဲ႔ အျပင္သြားမလို႔....ေစ်းဝယ္ထြက္ၾကမွာ...ခင္ဗ်ားလဲ အလုပ္ကိစၥေတြ႐ွိေသးတယ္မလား??အလ်င္လိုစရာမလိုဘူးေနာ္...ကြၽန္ေတာ္သူတို႔နဲ႔ ရက္နည္းနည္းေလာက္ေနၿပီးရင္လိုက္လာခဲ့မယ္..."
"မင္း သူတို႔နဲ႔ ႏိုင္ငံျခားကို လိုက္သြားမလို႔လား?"
ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ခါးကို ဖက္ထားၿပီးေမးလိုက္တယ္။
"ဟင့္အင္း..လိုက္မသြားပါဘူး။ၿပိဳင္ပြဲလဲ ဝင္မၿပိဳင္ေတာ့ဘူး။ဒီအတိုင္း တက္စရာ႐ွိတဲ့ ပြဲနည္းနည္းေလာက္တက္ၿပီးတာနဲ႔ သားေလးကို အေဖာ္ျပဳေပးမယ္၊ခင္ဗ်ားဆီကို လိုက္လာမယ္..."
"အျပင္သြားမယ္ဆိုလဲ ညဘက္ေစာေစာအိမ္ျပန္ၿပီး ကိုယ့္ဆီ ဖုန္းဆက္ရမယ္ေနာ္..."
ေလာ္႐ိႈ႕က မုန္႔ရန္ကို တစ္ဝႀကီးနမ္းၿပီးမွ သြားခြင့္ေပးလိုက္တယ္။
Selsey တို႔က စားေသာက္ခန္းမွာ မုန္႔ရန္ကို ႀကိဳေစာင့္ေနၾကတယ္။
မုန္႔ရန္ကို ျမင္တာနဲ႔ Selesy က ျပဳံးျပလိုက္ၿပီး....
"ဟင္းေနာ္...ေယာက္က်ား႐ွိတဲ့သူေတြမ်ားၾကေတာ့လဲ လြယ္လြယ္နဲ႔ ေယာက္က်ားနားကေန မခြာႏိုင္ၾကဘူး..."
"ေစာင့္ေနရတဲ့အတြက္ Sorry ပါကြာ...သူ ဒီေန႔ ျပန္မွာဆိုေတာ့ စကားနည္းနည္းေတာ့ေျပာရေသးတာေပါ့...Breakfast စားၿပီးရင္ မင္းတို႔ကို လမ္းေဟာင္းေတြဘက္လိုက္ပို႔ေပးမယ္...ပန္းေစ်းကိုအရင္သြားခ်င္လား??နံ႔သာေစ်းကိုအရင္သြားခ်င္လား...?"
"ပန္းပြင့္ေတြၾကည့္ရတာမႀကိဳက္ဘူး..အစားအေသာက္ေကာင္းေကာင္းေလးသြားစားၾကမယ္ေလ....ဘယ္လိုလဲ?"
Selsey က Kai ကိုလွမ္းေမးလိုက္တယ္။
Kai..."ေကာင္းတာေပါ့...အရသာ႐ွိတာေတြသြားစားၾကမယ္ေဟ့..."
မုန္႔ရန္.."ဒါဆို ေတာင္ေပၚေစ်းကို သြားၾကမယ္...ခရီးသြားေတြဆို အဲ့ေစ်းကအစားအေသာက္ေတြကို အႀကိဳက္ၾကတာ..."
ေသခ်ာဆုံးျဖတ္ၿပီးတာနဲ႔ သုံးေယာက္သားေတာင္ေပၚေစ်း႐ွိရာဆီ ခ်ီတက္ခဲ့ၾကတယ္။
ေတာင္ေပၚေစ်း အဝင္ဝကတည္းက Selsey တစ္ေယာက္ စိတ္ဝင္စားစရာေတြကို ျမင္ၿပီး အရမ္းေတြေပ်ာ္ေန႐ွာတယ္...
"ဝိုးးး စိတ္ဝင္စားစရာေတြအမ်ားႀကီးပဲ....ဒါေတြအကုန္လုံးက စားလို႔ရတာေတြႀကီးပဲလား??"
Selsey က မိႈ႐ိုင္းေတြေရာင္းတဲ့ ဆိုင္ေလးဆီေျပးသြားၿပီး မုန္႔ရန္နဲ႔ Kai ကို လွည့္ေျပာလိုက္တယ္။
"ၾကည့္ပါဉီးကြာ...ဘယ္ေလာက္ခ်စ္စရာေကာင္းလိုက္လဲ??နတ္သမီးပုံျပင္ေတြထဲက နတ္သူငယ္ေလးေတြေနတဲ့ အိမ္ေလးေတြနဲ႔ မတူဘူးလား?"
Kai ကလဲ Selsey ေဘးမွာ ေစာင့္ေၾကာင့္ထိုင္လိုက္ၿပီး ခ်စ္ဖို႔ေကာင္းတဲ့ မိႈပြင့္ေလးေတြကို ေ႐ြးေနတယ္။ပုံမွန္ဆိုရင္ မိႈေတြက လွေလ အဆိပ္ျပင္းေလပါပဲ..သို႔ေပမယ့္ အခုလို တရားဝင္ေရာင္းခ်ေနတဲ့ မိႈေတြအကုန္လုံးက စားလို႔ရတာေတြႀကီးပါပဲ...သူတို႔ႏွစ္ေယာက္စလုံး ဒီလိုလွပတဲ့ မိႈပြင့္ေလးေတြရဲ႕ အရသာကို ျမည္းစမ္းခ်င္ေနၿပီေလ...
[TN: မနက္ေလးနာရီမွာပြင့္တဲ့ မိႈေတြနဲ႔ေတာ့ အမွားလိုက္ၾကပါနဲ႔ ႐ွင္တို႔အေၾကာင္းက်ဳပ္ပဲသိတယ္။ မိႈဆိုတာနဲ႔ အေတြးေတြ မီးပ်က္ေနၾကၿပီမလား?😏]
မုန္႔ရန္ကေတာ့ သူတို႔ႏွစ္ေယာက္ကို ကေလးတစ္ေယာက္လို ျဖဴစင္အျပစ္ကင္းတဲ့ အျပဳံးေတြနဲ႔ျပဳံးၿပီးၾကည့္ေနလိုက္တယ္။
ဆိုင္ပိုင္႐ွင္ အဖြားက ဒီလိုေခ်ာေမာတဲ့ လူငယ္ေလးႏွစ္ေယာက္ကို ျပဳံးၿပီးၾကည့္ေနတယ္။သူ႕သားသက္စြန္႔ဆံဖ်ား႐ွာေဖြထားတဲ့ မိႈေတြကို ၾကဳံသလို ေလွ်ာက္ကိုင္ေနတာကို စိတ္ဆိုးမိေပမယ့္ ခ်စ္စရာေကာင္းတဲ့ လူငယ္ေလးႏွစ္ေယာက္ကိုေတာ့ စိတ္မဆိုးရက္ဘူးျဖစ္ေနတယ္။
Selsey တို႔ ေ႐ြးၿပီးတာနဲ႔ မုန္႔ရန္က အဖြားအို ခင္းက်င္းထားသမွ်ေတြအျပင္ ေဘးနားမွာခ်ထားတဲ့ ဝါးျခင္းေတာင္းထဲက မိႈေတြကိုပါ ေစ်းႏွစ္ဆေပးဝယ္ဖို႔ လက္ေထာက္ေတြကို ၫႊန္ၾကားလိုက္တယ္။႐ိုးသားတဲ့ အဖြားအိုက အပိုေငြေတြကိုမယူပဲ လက္ေထာက္ကို အတင္းျပန္ေပးလိုက္တယ္။
မုန္႔ရန္တို႔ သုံးေယာက္ကို ေတြ႕သမွ်လူတိုင္းက လည္ျပန္ေငးေနၾကတယ္။မုန္႔ရန္က St.james မွာဆို အေခ်ာဆုံးအလွဆုံးအျဖစ္နာမည္ႀကီးထားသူပါ...Kai ကၾကေတာ့ ေက်ာက္စိမ္းပန္းပု႐ုပ္ေလးလို ျဖဴျဖဴေဖြးေဖြးေလးနဲ႔ အရမ္းခ်စ္ဖို႔ေကာင္းတယ္။ေ႐ႊေရာင္ဆံႏြယ္႐ွင္ေလး Selsey တစ္ခ်က္္ေမာလိုက္တိုင္း ေနေရာင္ျခည္ေတြျဖာထြက္လာသလို ပတ္ဝန္းက်င္တစ္ခုလုံး လန္းဆန္းသက္ဝင္လာတယ္။ဒီလိုလူငယ္ေလးသုံးေယာက္ကို အာ႐ုံမစိုက္မိေအာင္ႀကိဳးစားဖို႔ လြယ္ကူမေနဘူးေလ....
လမ္းတစ္ေလွ်ာက္လုံးမွာ သူတို႔ႏွစ္ေယာက္မသိတာေတြကို မုန္႔ရန္ကို ေမးျမန္းေနၾကတယ္။ မုန္႔ရန္မျမင္ဖူးတဲ့ အရာေတြပါ ပါေသးတယ္။
ေမႊးပ်ံ႕တဲ့အစားအေသာက္အနံ႔တစ္ခုကိုရလိုက္တာေၾကာင့္ ဘာေရာင္းေနမွန္းမသိတဲ့ ဆိုင္ခန္းဆီကို Selsey ေျပးသြားခဲ့တယ္။မညီညာတဲ့ ေက်ာက္ခင္းလမ္းျဖစ္ေနတာေၾကာင့္ Selsey ေခ်ာ္လဲမလိုျဖစ္သြားတယ္။
"သတိထား!!!"
လမ္းေထာင့္တစ္ခုကေန ထြက္လာတဲ့ Unateng က Selsey ကို လွမ္းဖမ္းလိုက္တယ္။
"Selsey!!"
မုန္႔ရန္က ေ႐ွ႕ကို ျမန္ျမန္ေလွ်ာက္သြားၿပီး Selsey ကို စိုးရိမ္တႀကီးနဲ႔ ေမးလိုက္တယ္။
"ရရဲ႕လား??ေျခေထာင္ေခါက္သြားေသးလား??"
"ရတယ္...အဆင္ေျပတယ္.."
Selsey က Unateng ဘက္လွည့္လိုက္ၿပီး..
"ေက်းဇူးတင္ပါတယ္..."
"ရပါတယ္ဗ်ာ..."
Selseyရဲ႕ မ်က္ႏွာကို ေသခ်ာျမင္လိုက္တဲ့ အခါ Unateng တစ္ေယာက္ မွင္သက္သြားခဲ့တယ္။မုန္႔ရန္ကို ျမင္လိုက္ျပန္ေတာ့လဲ ေၾကာင္အသြားခဲ့ျပန္တာပါပဲ...မုန္႔ရန္ေျပာခဲ့တဲ့စကားေတြကို သတိရသြားတဲ့ အတြက္ ေခါင္းတစ္ခ်က္ညိတ္ျပလိုက္ၿပီး တိတ္တဆိတ္ထြက္ခြာသြားလိုက္တယ္။
မုန္႔ရန္..."အဆင္ေျပတာေသခ်ာရဲ႕လား.?"
"ဘာမွမျဖစ္ဘူး...ဒီမွာၾကည့္ေလ.."
Selseyက ေျခေခ်ာင္းေလးေတြကို ေကြးလိုက္ဆန္႔လိုက္ လုပ္ျပလိုက္ၿပီး...
"ခုနတစ္ေယာက္နဲ႔ မင္းနဲ႔က အသိေတြလား?"
"မဟုတ္ပါဘူး...သူ႕ဆိုင္မွာ သြားစားဖူးလို႔ မ်က္မွန္းတန္းမိ႐ုံပါ..."
Selseyက ခဏေလာက္စဥ္းစားၿပီးတာနဲ႔..
"အဲ့ဆိုင္က အစားအေသာက္ေတြ စားလို႔ေကာင္းလား?"
"မဆိုးပါဘူး..."
"ငါတို႔ေတြအဲ့ဆိုင္မွာ သြားစားၾကမယ္ေလ..."
႐ုတ္တရက္ဆိုေတာ့ မုန္႔ရန္လဲ ေၾကာင္ေတာင္ေတာင္ျဖစ္သြားခဲ့တယ္။
"ေကာင္းၿပီေလ...သြားစားၾကတာေပါ့.."
ျငင္းဆန္လိုက္ျပန္ရင္လဲ အရမ္းႀကီးသိသာသြားမွာစိုးတဲ့ အတြက္ Selsey ေတာင္းဆိုတာကို လိုက္ေလ်ာေပးလိုက္တယ္။အတိတ္ဘဝက အေၾကာင္းအရာေတြကို အၿပီးတိုင္စြန္႔လႊတ္လိုက္ၿပီျဖစ္တဲ့ အတြက္ Unateng ကို တမင္သက္သက္ႀကီးေ႐ွာင္ေနစရာမလိုေတာ့ဘူးေလ...
နည္းနည္းပါးပါးေစ်းဝယ္ၿပီးတာနဲ႔ ေန႔လည္စာစားဖို႔ လုံဖန္းကို ခ်ီတက္ခဲ့ၾကျပန္တယ္။
Private room ထဲကိုေရာက္တာနဲ႔ Selseyက...
"ခုနကလူက ဒီမွာအလုပ္လုပ္တာလား??သူက ဒီဆိုင္ပိုင္႐ွင္လား?"
"ဟုတ္တယ္..သူက ဒီဆိုင္ရဲ႕ ပိုင္႐ွင္..."
စားပြဲထိုးေလးေတြ Order ေကာက္ဖို႔ ေရာက္လာတာနဲ႔ Selseyက.....
"မင္းတို႔ သူေဌးကို ေခၚေပး.."
စားပြဲထိုးေလးေတြက မုန္႔ရန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး Unateng ကို အေျပးအလႊားသြားေခၚေပးၾကတယ္။
Private room ထဲမွာ မုန္႔ရန္ကို ျမင္လိုက္တာေၾကာင့္ Unateng နည္းနည္းေတာ့ အံ့ၾသသြားတယ္။မုန္႔ရန္က သူ႕ကိုဘယ္ေတာ့မွ ထပ္မေတြ႕ဖို႔ ေျပာထားခဲ့တယ္မဟုတ္လား.....
"ခုနကအတြက္ ေက်းဇူးပဲေနာ္....
Selseyက Unateng ကို ၾကည့္ၿပီး ေက်းဇူးတင္စကားထပ္ေျပာလိုက္တယ္။
"ရပါတယ္ဗ်ာ..အထူးတလွယ္ေက်းဇူးတင္ေနစရာမလိုပါဘူး..."
"ကြၽန္ေတာ္႕နာမည္က Selsey...ခင္ဗ်ားနာမည္ကေရာ..."
"ကြၽန္ေတာ္...."
Selsey ရဲ႕ အျပဳံးေတြ ၊မ်က္ဝန္းျပာျပာေတြေၾကာင့္ Unateng ရဲ႕ႏွလုံးသားတစ္ခုလုံး ခုန္ေပါက္ေနၿပီ။စိတ္ထဲကခံစားခ်က္ေတြကို ခြၽန္းအုပ္လိုက္ၿပီး...
"ကြၽန္ေတာ္က Unatengပါ...ဒီေန႔အတြက္ ဟင္းပြဲေတြကို ေသခ်ာ႐ွင္းျပေပးပါ့မယ္..."
"ခင္ဗ်ားနဲ႔အတူ စားဖိုေဆာင္ထဲ လိုက္ၾကည့္လို႔ရမလား?ဟင္းပြဲထဲက ပါဝင္ပစၥည္းေတြက မခ်က္ျပဳတ္ရေသးခင္မွာ ဘယ္လိုပုံစံ႐ွိတယ္ဆိုတာ ျမင္ဖူးခ်င္လို႔ပါ..."
Selseyက Unateng ကိုေတာင္းဆိုလိုက္တယ္။
Selsey ရဲ႕ မ်က္ဝန္းေတြကို ၾကည့္မိလိုက္တဲ့ အခါ Unatengဆီမွာ ျငင္းဆန္လိုစိတ္ေတြ ေပ်ာက္႐ွကုန္ခဲ့ပါတယ္။
"ဒါဆို..ေက်းဇူးျပဳၿပီး ကြၽန္ေတာ္႕ေနာက္ကလိုက္ခဲ့ပါ..."
"ငါခဏ လိုက္သြားလိုက္ဉီးမယ္..."
Selseyက မုန္႔ရန္နဲ႔ Kai ကို ေျပာၿပီးတာနဲ႔ Unateng ေနာက္ကို ေကာက္ေကာက္ပါေအာင္လိုက္သြားပါေလေရာ....
Selsey ရဲ႕ ေျခလွမ္းေတြကို သိေနတဲ့ မုန္႔ရန္နဲ႔ Kai က တစ္ေယာက္ကို တစ္ေယာက္ မ်က္စပစ္ျပလိုက္ၿပီး ဘာမွမေျပာဘဲ ေရေႏြးၾကမ္းေသာက္ရင္း ထိုင္ေစာင့္ေနလိုက္တယ္။
Selseyရဲ႕ ႐ုပ္ရည္က ေခ်ာေမာ႐ုံတင္မကပဲ ဆြဲေဆာင္မႈလဲ႐ွိတယ္။ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ Selseyဘက့္က စၿပီးဆြဲေဆာင္ လိုက္ၿပီဆိုတာနဲ႔ ေစလိုရာေစဘဝနဲ႔ Selsey ေျခ့ရင္းမွာ ဝပ္ဆင္းေပးခ်င္ေနတဲ့သူေတြကလဲ ဒုနဲ႔ေဒးပါပဲ...အခုေလးတင္ Selsey ရဲ႕ အျပဳံးတစ္ပြင့္ေၾကာင့္ ေတာင္ေပၚသားဖိုးသခြားေလး Unatengတစ္ေယာက္ စ်ာန္ေလွ်ာသြားၿပီမဟုတ္ပါလား....
Selsey က အသက္ငယ္ေပမယ့္ အခ်စ္ေရးအခ်စ္ရာမွာေတာ့ ဝါရင့္ေနပါၿပီ....သစ္႐ြက္တစ္႐ြက္မွ မလႈပ္ေစဘဲ ေတာအုပ္တစ္ခုလုံးကို Selsey တစ္ေယာက္တည္း ေမႊေႏွာက္ႏိူင္ေလာက္တဲ့အထိ ဆရာက်ပါတယ္။တစ္ခ်ိန္တုန္းက မုန္႔ရန္ကို ခ်စ္ခဲ့တဲ့ ဘရက္ဒလီေတာင္မွ Selsey ရဲ႕ ဆြဲေဆာင္မႈေအာက္မွာ က်ဆုံးသြားခဲ့ဖူးပါတယ္။မူးတစ္ဝက္ ႏိုးတစ္ဝက္အေျခေနနဲ႔ Selsey ဆီမွာ က်႐ႈံးခဲ့တာပါ....
Selsey privat room ထဲကို ျပန္ေရာက္တာနဲ႔ မုန္႔ရန္က လွမ္းေမးလိုက္တယ္။
"Unateng ကို ခ်ိန္ေနတာလား?"
"အစကေတာ့ ငါလဲ အဲ့လိုလုပ္မလို႔ ၾကံထားတာ..ဒါေပမယ့္ေလ...႐ိုးသားတဲ့ ဖိုးသခြားေလးေတြရဲ႕ ခံစားခ်က္အစစ္အမွန္ေတြကို ျမင္လိုက္တိုင္း ငါ့စိတ္ထဲေနလို႔မေကာင္းေတာ့ဘူးကြ...ထားလိုက္ပါေတာ့ကြာ..ဒါေပမယ့္ေလ..သူက လုံးဝကို ငါ့type ကြ..."
"ဟြန္႔...မင္းႀကိဳက္တဲ့ typeေတြကလဲ အေတာ္မ်ားသားပဲေနာ္..."
Kai တစ္ေယာက္ ေအာ့အန္ခ်င္သလိုပုံစံမ်ိဳးနဲ႔ မဲ့႐ြဲ႕ၿပီးေျပာလိုက္တယ္။
"ဘာလို႔လဲဆိုေတာ့ ငါက ပရဟိတသမားေလးေလ..."
မုန္႔ရန္နဲ႔ Kai က Seley ကိုၾကည့္ၿပီး စိတ္ထဲကေန သက္ျပင္းခ်လိုက္ၾကတယ္။တည္ၿငိမ္ေအးခ်မ္းတဲ့ဘဝနဲ႔ေနထိုင္ေနရတဲ့ သူတို႔ႏွစ္ေယာက္က တည္ၿငိမ္ေအးခ်မ္းတဲ့ဘဝရဲ႕တန္ဖိုးကိုေကာင္းေကာင္းသိေပမယ့္ ဒါက Selsey ရဲ႕ ကိုယ္ပိုင္ဘဝျဖစ္ေနတဲ့ အတြက္ ေကာင္း၏၊မေကာင္း၏ ဆိုၿပီး ဝင္ေရာက္စြက္ဖက္ဖို႔အတြက္ မသင့္ေတာ္ပါဘူး.....
စားေသာက္ၿပီးတာနဲ႔ သုံးေယာက္သား ျပန္ခဲ့ၾကတယ္။
ဒီရက္ပိုင္းအတြင္း သုံးေယာက္သားေနရာအႏွံ႔ေလွ်ာက္လည္ပစ္ခဲ့ၾကတယ္။ခရီးေတြအမ်ားႀကီးထြက္ဖူးတဲ့ Seley ကေတာင္ မုန္႔ရန္ေၾကာင့္သာမဟုတ္ရင္ ဒီလိုေနရာေကာင္းတစ္ခုကို သူဘယ္ေတာ့မွ သိမွာမဟုတ္ေၾကာင္း ခ်ီးက်ဴးခဲ့ေသးတယ္။
ေနာက္တစ္ေန႔ မွာ Selsey တစ္ေယာက္ လန္းဆန္းတက္ႂကြစြာနဲ႔ အိပ္ယာႏိုးလာခဲ့တယ္။နံနက္စာစားခ်ိန္မွာ...
Selsey..."စိတ္ပိုင္းဆိုင္ရာကုထုံးေတြအေၾကာင္းေတာ့ငါ နားမလည္ပါဘူး။ဒါေပမယ့္ ဒီမွာ ရက္နည္းနည္းေလာက္ပဲေနရေသးတယ္...ကိုယ္ေရာ၊စိတ္ေရာ..ေပါ့ပါးလန္းဆန္းေနတာပဲ..."
မုန္႔ရန္..."အရင္တုန္းက အလုပ္ေတြပိေနတာရယ္၊စားခ်ိန္ေသာက္ခ်ိန္မမွန္တာေတြေၾကာင့္ေလ...ဒီရက္ပိုင္း နံနက္ဆို ေစာေစာထတယ္၊အရက္လဲသိပ္မေသာက္ျဖစ္ေတာ့ သိသာလာတာေပါ့..."
Kai..."ဟုတ္တယ္...ဒီရက္ပိုင္းမွာ စိတ္ထဲမွာေတာ္ေတာ္ေနလို႔ေကာင္းတယ္။ေလေရာ၊ေရေရာ သန္႔႐ွင္းၿပီး လတ္ဆတ္ေနတာပဲ...အိမ္ျပန္ေရာက္ရင္ ငါ့အိမ္ကေရကိုေတာင္ မေသာက္ႏိုင္ေတာ့မွာစိုးရိမ္ေနရတယ္"
Selsey..."ေနာက္ႏွစ္ေတြလဲ မၾကာၾကာဒီမွာလာေနၾကမယ္ေလ...မုန္႔ရန္...မင္းဒီကိုလာျဖစ္မယ္ဆို ငါတို႔ကိုလွမ္းေခၚဖို႔မေမ့နဲ႔ေနာ္...."
"ေအးပါကြ..."
တစ္ေန႔လုံးအျပင္မထြက္ဘဲ သုံးေယာက္သား Villaထဲမွာပဲ စကားေျပာလိုက္၊႐ႈခင္းၾကည့္လိုက္နဲ႔ အခ်ိန္ျဖန္းခဲ့ၾကတယ္။
ညေရာက္တဲ့အခါ အိပ္ယာဝင္ဖို႔ မုန္႔ရန္ ေျခလက္ေဆးေၾကာေနတုန္း လက္ေထာက္တစ္ေယာက္က တံခါးလာေခါက္ၿပီး သတင္းပို႔ခဲ့တယ္။
"ဘာကိစၥလဲ???တစ္ခုခုျဖစ္လို႔လား?"
"သခင္ေလး Selsey အျပင္ထြက္သြားပါတယ္"
"ဒီေလာက္မိုးစုန္းစုန္းခ်ဳပ္ေနတာကို သူက ဘယ္ကိုသြားတာတုန္း??"
"ကြၽန္ေတာ္လဲမသိပါဘူး..သခင္ေလးကို ဒါေလးေပးခိုင္းလိုက္ပါတယ္..."
လက္ေထာက္က မုန္႔ရန္ကို စာေခါက္ေလးတစ္ခု ကမ္းေပးလိုက္တယ္။
စာကိုဖတ္ၾကည့္ၿပီးတာနဲ႔ မုန္႔ရန္က...
"သက္ေတာ္ေစာင့္ေတြကို သူ႕ေနာက္လိုက္ၿပီး ေစာင့္ေ႐ွာက္ခိုင္းထားလိုက္...သူ အႏၲာရာယ္ကင္းရင္ရၿပီ..."
"ဟုတ္ကဲ့..."
လက္ေထာက္က မုန္႔ရန္ဆီက ၫႊန္ၾကားခ်က္ရတယနဲ႔ ႏႈတ္ဆက္ၿပီး ထြက္သြားခဲ့တယ္။