(unicode)
ကလေးတွေဘက်မှာ အရမ်းဆူညံနေတယ်
လုကျစ်ရန်က အစည်းအဝေး ကျင်းပနေတုန်း
တစ်ယောက်ယောက်ကအော်လိုက်တယ်
"ကလေးတစ်ယောက် ရေထဲပြုတ်ကျသွားတယ်"
လုကျစ်ရန်ကမျက်မှောင်ကြုတ်ရင်းထကြည့်လိုက်တဲ့အခါ ရေထဲပြုတ်ကျသွားတာ
သူ့သားလုကျားရှူး ဖြစ်နေတော့ သူ့မျက်နှာမကောင်းဖြစ်သွားတယ်
သူ့ကလေးက ရေကန်ထဲပြုတ်ကျသွားတာကို
ဘေးနားကအဆင့်မရှိတဲ့ကလေးတွေက ဝိုင်းရယ်နေကြတယ် သူ့ကလေးက သူာ့ဘာသာသူ
ရေကန်ထဲကပြန်တက်လာပြီး သနားစရာအသံလေးနဲ့ "ဖေဖေ"လို့ခေါ်လိုက်တယ်
လုကျစ်ရန်က ချက်ချင်းပဲ လီချန်ကောကို
ရေကန်ထဲက ဆယ်ပြီး ပွေ့ချီလိုက်တယ်
ဝန်ထမ်းတွေကလည်း သန့်ရှင်းဖို့ တံဘက်တွေအပြေးအလွှားယူလာပေးကြတယ်
လုကျစ်ရန်က သူ့ကိုတံဘက်နဲ့သေချာသုတ်ပေးနေတယ်
"တောင်းပန်ပါတယ် မစ္စတာလု ကျွန်တော်တို့ အမှားပါ"
မန်နေဂျာနဲ့အတူ ပိုင်ရှင်ကပါ တောင်းပန်နေပြီး
သူတို့က လုကျစ်ရန်နဲ့ မျက်နှာကိုကြည့်နေကြတယ် ပြီးနောက် တွန်းလိုက်တဲ့ ကလေးကို
ဆူငေါက်နေကြတယ်
လုကျစ်ရန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ်
"ကလေးတွေဆော့တာပဲ စိတ်ထဲမထားပါနဲ့"
ပိုင်ရှင်က လုကျစ်ရန် ဒီကလေးကို လွယ်လွယ်နဲ့
လွှတ်ပေးလိုက်တာကို အံ့သြသွားတယ်
သူကပြောတယ် "ဟုတ်တယ် ဟုတ်တယ်ဟုတ်တယ် သူတို့က ကလေးတွေမိုလို့ အကစားလွန်သွားတာပါ သူတို့မသိကြပါဘူး"
လုကျစ်ရန်က အဲဒီအစား ထပ်ပြောလိုက်တယ်
"သူ့အဝတ်အစားတွေလဲပေးဖို့ ကျုပ်အခန်းတစ်ခန်းလောက်ရနိုင်မလား"
ပိုင်ရှင်က ဘယ်လိုလုပ် ငြင်းရဲမှာလဲ
ချက်ချင်း အခန်းတစ်ခန်း ပြင်ဆင်ပေးတယ်
တခြားလူတွေ မသိပေမယ့် ချန်လီကောကသိတယ် လုကျစ်ရန်ပေါက်ထွက်မတတ် ဒေါသထွက်နေတယ်ဆိုတာ ဒေါသထွက်လွန်းလို့
သူ့ကြွက်သားတွေတင်းနေတယ် ဒါပေမဲ့ သူကထိန်းချုပ်ထားတာ
ချန်လီကောက လုကျစ်ရန်ပေါ်လိုက်သွားရင်းစဥ်းစားမိတယ် မိုးနတ်မင်းကြီးက သူ့ကိုဒီလောက်ချောမောတဲ့ မျက်နှာကိုပေးထားတဲ့အတွက်
ဘယ်သူက မနာလိုဘဲနေမလဲ
systemကတော့ air plane modeဖွင့်ထားပြီး
ချန်လီကောကို မရှိသလိုနေနေတယ်
အခန်းထဲကိုရောက်တော့ လုကျစ်ရန်က တံခါးကို ဖြည်းဖြည်းလေး ပိတ်လိုက်တယ်
လုကျစ်ရန်က ချန်လီကောကို သူ့အဝတ်တွေ
ကူဝတ်ပေးနေရင်းကနေ မေးလိုက်တယ်
"ကျားကျားကို ဘယ်သူတွန်းချလဲဆိုတာသိလား"
ချန်လီကောက ခေါင်းခါလိုက်တယ်
သူ့သားရဲ့ အမူအရာကိုမြင်တော့ သူပိုဒေါသထွက်လာတယ် ဒါပေမဲ့ မဖော်ပြခဲ့ဘူး
သူက ထပ်မေးလိုက်တယ်
"ကျားကျား ထပ်ကစားချင်သေးလား"
ချန်လီကောက သူ့မေးစေ့ကို လုကျစ်ရန်ရဲ့လက်မောင်းတွေပေါ်မှာမှီထားရင်းပြောလိုက်တယ်
"ဖေဖေ သားအိပ်ချင်နေပြီ"
"သားအိပ်ချင်ရင် ဒီမှာ ခဏအိပ်ကြရအောင်နော်"
ထို့နောက် လုကျစ်ရန်ကချန်လီကောကို အဖော်ပြုပြီး အိပ်ပေးလိုက်တယ်
ချန်လီကောက အခုကလေးခန္ဓာကိုယ်နဲ့ဆိုတော့
ချက်ချင်း အိပ်ပျော်သွားတယ်
ချန်လီကော နိုးလာတော့ သူတို့ အိမ်ပြန် ရောက်နေပြီ
တစ်ဆက်တည်း ဆိုသလို လတ်လတ်ဆတ်ဆတ်
ဖုတ်ထားတဲ့ ကွတ်ကီးနံ့လေးကလည်း သင်းနေတာပဲ အနံ့လေးက စွဲမက်စရာလေး
အိမ်တော်ထိန်းကြီးက သူမျက်လုံးဖွင့်လာတာ
မြင်တော့ ပြောလိုက်တယ်
"သခင်ငယ်လေး နိုးလာပြီလား"
ချန်လီကောက ခေါင်းညိမ့်ပြတယ်
အိမ်တော်ထိန်းကြီးက ထပ်ပြောလိုက်တယ်
"သခင်က သခင်ငယ်လေးအတွက် အခိုင်းအစေတွေကို ကွတ်ကီးဖုတ်ခိုင်းထားတယ်
စားချင်လား"
"စားချင်တယ်"
အိမ်တော်ထိန်းကြီးက ခေါင်းညိမ့်ပြပြီး ပြန်ထွက်သွားတယ်
လုကျစ်ရန်က လှေကားပေါ်ကဆင်းလာပြီး
အောက်ထပ်က ချန်လီကောထိုင်နေတဲ့ဆိုဖာနားမှာ ဝင်ထိုင်လိုက်တယ်
"ကျားကျား ဆာနေပြီလား"
"ဆာနေပြီ"
လုကျစ်ရန်က အစကနေအဆုံးထိ သူရေထဲတွန်းချခံရတဲ့ကိစ္စကို မမေးခဲ့ဘူး
ဒါပေမယ့် ချန်လီကောက သိတယ်
သူ့အတွက် လက်စားတော့ပြန်မချေပေမဲ့
ကိစ္စက အဲလောက်မရိုးရှင်းဘူးဆိုတာ
ထင်တဲ့အတိုင်းပဲ တစ်ပတ်လောက်ကြာတော့
လင်မယားနှစ်ယောက်ဟာ ကလေးတစ်ယောက်ကိုလက်ဆွဲပြီး သူတို့အိမ်ကို လာတောင်းပန်တယ်
အဲဒီနှစ်ယောက်ကို ချန်လီကော မြင်ဖူးသလိုလို
ရှိပေမဲ့ မမှတ်မိတာကြောင့် ပြန်စဥ်းစားလိုက်တယ်
လုကျစ်ရန်က အဲဒီအချိန်မှာ ချန်လီကောအတွက်
အသီးနွှာပေးနေတယ် သူတို့၃ယောက်ဝင်လာတာကိုသူမြင်ပေမဲ့ တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ
"ဘယ်လေတိုက်လို့ ရောက်လာတာလဲ"လို့မေးလိုက်တယ်
ခင်ပွန်းဖြစ်သူက ခြောက်သွေ့သွေ့ ပြုံးလိုက်ပြီး
ပြောလိုက်တယ်
"ခေါင်းဆောင်လု ကျွန်တော်တို့ လာတောင်းပန်တာပါ အရင်နေ့က ကျွန်တော့်ကလေးလုပ်လိုက်တဲ့အပြုအမူက သိပ်ကိုဆိုးလွန်းပါတယ်"
လုကျစ်ရန်က ပန်းသီးတစ်စိတ်ကို ချန်လီကော
ပါးစပ်ထဲထည့်ပြီး နွေးထွေးစွာ ပြောလိုက်တယ်
"ဒီကိစ္စကို ကျားကျား မှတ်မိသေးလား"
ချန်လီကောက သူပြောချင်တာကို နားလည်သွားပြီး မသိသလိုနဲ့ "ဘယ်ကိစ္စလဲ"လို့မေးလိုက်တယ်
လုကျစ်ရန်က ပြုံးလိုက်ပြီး ပြောလိုက်တယ်
"တောင်းပန်စရာ မလိုပါဘူး ကြည့်ပါလား
ကျုပ်တို့အိမ်က ကျားကျားတောင် မေ့သွားပြီ"
ထိုယောကျာ်းက ပိုပြီးရှက်ရွံ့စွာနဲ့ ပြောလိုက်တယ်
"ခေါင်းဆောင်လုလို စိတ်သဘောထားကောင်းတဲ့သူက
ဒီမကောင်းတဲ့လူတွေကို ပွေမယူပါနဲ့ အားလုံးက ကလေးတွေပဲ"
လုကျစ်ရန်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်တယ်
"ကျုပ်က ဘာမဟုတ်တာလေးကို ငြင်းခုံမနေဘူး"
ခင်ပွန်းသည် က မျက်နှာပျက်သွားတယ်
အဲဒီအချိန်မှာ ချန်လီကောကို ရေထဲတွန်းချတဲ့ကလေးက စတင်အော်ငိုလာတယ်
ပန်းသီးဝါးနေတဲ့ ချန်လီကောက လန့်သွားတယ်
လုကျစ်ရန်က ကလေးရဲ့ ငိုသံကို ကြားတော့
သူ့မျက်နှာ ပိုအေးစက်လာတယ်
ထိုလူက ဒေါသထွက်လာပေမဲ့ လုကျစ်ရန်ရှေ့မှာဒေါသမထွက်ရဲတော့ သူ့လက်ကိုဖြန့်လိုက်ပြီးသူ့သားမျက်နှာကို ရိုက်လိုက်တယ်
သူ့သားမြင်သာအောင် ပြလိုက်တယ်
"ငိုငိုငို!မင်းက ဘာလို့ ငိုနေရတာလဲ!ဘယ်သူက မင်းကို လက်အငြိမ်မထားခိုင်းလို့လဲ!"
ကလေးက အံ့သြသွားတယ် သူ့ကို ဘာလို့ရိုက်လဲဆိုတာ သူမသိဘူး သူ့မျက်နှာရိုက်ခံရပြီးတဲ့နောက် အော်ငိုပြီး ပြောလိုက်တယ်
"အဖေလည်း အဲဒီကလေးကို မုန်းတာပဲကို"
ချန်လီကောက အံ့သြသွားတယ်
လုကျစ်ရန်က သူတို့ကို စကားမပြောချင်တော့တာနဲ့ လုံခြုံရေးကို ခေါ်ပြီး ဧည့်သည်တွေကို
ပြန်ပို့ခိုင်းလိုက်တယ်
ငိုနေတဲ့မိသားစုဟာ နှင်ထုတ်ခံရပြီး သူတို့ယူလာတဲ့လက်ဆောင်တွေပါ လွှင့်ပစ်ခံရတယ်
လုကျစ်ရန်က သူတို့တောင်းပန်တာကို ဂရုကိုမစိုက်ဘူး
ချန်လီကောက ပန်းသီးတွေ ဝါးရင်းနဲ့ အပြင်က မိသားစုသုံးယောက် အကြောင်းတွေးနေမိတယ်
လုကျစ်ရန်က သူ့ကို ပြုံးကြည့်လိုက်ပြီး ပြောလိုက်တယ်
"ကြည့်ရတာ ကျားကျားက အတွေးတွေလွင့်နေတယ်ထင်တယ်"
ချန်လီကောက အချိန်ကြာကြာ ငေးနေပြီးမှ
ပြန်သတိရလာတယ်
သူလည်းပဲ သူ့အဖေရဲ့ ဇာတ်ထုပ်ထဲ ဝင်ကခဲ့တယ်လေ
လုကျစ်ရန်ကတော့ သူဘယ်လိုပဲ ဝင်ကခဲ့ကခဲ့
သူက ချန်လီကောကို ချစ်ခြင်းအပြည့်နဲ့ကြည့်လိုက်ပြီး
"ကျားကျား ရဲ့ အရာအားလုံးကို ဖေဖေက သဘောကျတယ် ကျားကျားက ဉာဏ်မကောင်းလည်း ကျားကျားကို ဖေဖေက ဘဝတစ်လျှောက်လုံး ဂရုစိုက်သွားမှာ"
ချန်လီကောက ဒါကိုကြားတော့ အရမ်းထိရှသွားပေမဲ့ ကြောက်လည်းကြောက်လာတယ်
ဒီလိုလူမျိုးက သူသာသူ့သားမဟုတ်မှန်း
သိသွားခဲ့ရင်......
ချန်လီကော-ထုံအာ ငါတကယ်ပဲ သူ့သားအရင်းမဟုတ်ဘူးလား
system-ငါဘယ်သိမလဲ
ချန်လီကော-မူလကမ္ဘာက မပြောထားဘူးလား
system-မူလကမ္ဘာက မင်းကို လုမိန်ချင်းရဲ့ဆန္ဒပဲ
ဖြေရှင်းခိုင်းတာ မင်းကသူ့သားဟုတ်မဟုတ်
ဘယ်လိုသိမှာလဲ
ချန်လီကော-မင်းကငါ့အကြောင်း ဂရုမစိုက်ဘူး
ပဲ
system-မင်းခုမှ သိတာလား
ချန်လီကော-မင်းအရင်က ဒီလိုမဟုတ်ပါဘူး
System-အဲဒါကငါငယ်ငယ်တုန်းကမိုလို့ပါ
သူက systemဆီက ဘာသံမှမကြားရတော့ဘူး
သူ့ရဲ့နေ့တိုင်းက စိုးရိမ်မှုတွေနဲ့ ကြီးပြင်းလာတယ်
========================
(zawgyi)
ကေလးေတြဘက္မွာ အရမ္းဆူညံေနတယ္
လုက်စ္ရန္က အစည္းအေဝး က်င္းပေနတုန္း
တစ္ေယာက္ေယာက္ကေအာ္လိုက္တယ္
"ကေလးတစ္ေယာက္ ေရထဲျပဳတ္က်သြားတယ္"
လုက်စ္ရန္ကမ်က္ေမွာင္ၾကဳတ္ရင္းထၾကည့္လိုက္တဲ့အခါ ေရထဲျပဳတ္က်သြားတာ
သူ႕သားလုက်ားရႉး ျဖစ္ေနေတာ့ သူ႕မ်က္ႏွာမေကာင္းျဖစ္သြားတယ္
သူ႕ကေလးက ေရကန္ထဲျပဳတ္က်သြားတာကို
ေဘးနားကအဆင့္မရွိတဲ့ကေလးေတြက ဝိုင္းရယ္ေနၾကတယ္ သူ႕ကေလးက သူာ့ဘာသာသူ
ေရကန္ထဲကျပန္တက္လာၿပီး သနားစရာအသံေလးနဲ႕ "ေဖေဖ"လို႔ေခၚလိုက္တယ္
လုက်စ္ရန္က ခ်က္ခ်င္းပဲ လီခ်န္ေကာကို
ေရကန္ထဲက ဆယ္ၿပီး ေပြ႕ခ်ီလိုက္တယ္
ဝန္ထမ္းေတြကလည္း သန႔္ရွင္းဖို႔ တံဘက္ေတြအေျပးအလႊားယူလာေပးၾကတယ္
လုက်စ္ရန္က သူ႕ကိုတံဘက္နဲ႕ေသခ်ာသုတ္ေပးေနတယ္
"ေတာင္းပန္ပါတယ္ မစၥတာလု ကြၽန္ေတာ္တို႔ အမြားပါ"
မန္ေနဂ်ာနဲ႕အတူ ပိုင္ရွင္ကပါ ေတာင္းပန္ေနၿပီး
သူတို႔က လုက်စ္ရန္နဲ႕ မ်က္ႏွာကိုၾကည့္ေနၾကတယ္ ၿပီးေနာက္ တြန္းလိုက္တဲ့ ေကလးကို
ဆူေငါက္ေနၾကတယ္
လုက်စ္ရန္က ေပါ့ေပါ့ပါးပါး ျပန္ေျဖလိုက္တယ္
"ကေလးေတြေဆာ့တာပဲ စိတ္ထဲမထားပါနဲ႕"
ပိုင္ရွင္က လုက်စ္ရန္ ဒီေကလးကို လြယ္လြယ္နဲ႕
လႊတ္ေပးလိုက္တာကို အံ့ၾသသြားတယ္
သူကေျပာတယ္ "ဟုတ္တယ္ ဟုတ္တယ္ဟုတ္တယ္ သူတို႔က ကေလးေတြမိုလို႔ အကစားၾလႏ္ၾသားတာပါ သူတို႔မသိၾကပါဘူး"
လုက်စ္ရန္က အဲဒီအစား ထပ္ေျပာလိုက္တယ္
"သူ႕အဝတ္အစားေတြလဲေပးဖို႔ က်ဳပ္အခန္းတစ္ခန္းေလာက္ရနိုင္မလား"
ပိုင္ရွင္က ဘယ္လိုလုပ္ ျငင္းရဲမွာလဲ
ခ်က္ခ်င္း အခန္းတစ္ခန္း ျပင္ဆင္ေပးတယ္
တျခားလူေတြ မသိေပမယ့္ ခ်န္လီေကာကသိတယ္ လုက်စ္ရန္ေပါက္ထြက္မတတ္ ေဒါသထြက္ေနတယ္ဆိုတာ ေဒါသထြက္လြန္းလို႔
သူ႕ႂကြက္သားေတြတင္းေနတယ္ ဒါေပမဲ့ သူကထိန္းခ်ဳပ္ထားတာ
ခ်န္လီေကာက လုက်စ္ရန္ေပၚလိုက္သြားရင္းစဥ္းစားမိတယ္ မိုးနတ္မင္းႀကီးက သူ႕ကိုဒီေလာက္ေခ်ာေမာတဲ့ မ်က္ႏွာကိုေပးထားတဲ့အတြက္
ဘယ္သဴက မနာလိုဘဲေနမလဲ
systemေကတာ့ air plane modeဖြင့္ထားၿပီး
ခ်န္လီေကာကို မရွိသလိုေနေနတယ္
အခန္းထဲကိုေရာက္ေတာ့ လုက်စ္ရန္က တံခါးကို ျဖည္းျဖည္းေလး ပိတ္လိုက္တယ္
လုက်စ္ရန္က ခ်န္လီေကာကို သူ႕အဝတ္ေတြ
ကူဝတ္ေပးေနရင္းကေန ေမးလိုက္တယ္
"က္ားက္ားကို ဘယ္သူတြန္းခ်လဲဆိုတာသိလား"
ခ်န္လီေကာက ေခါင္းခါလိုက္တယ္
သူ႕သားရဲ႕ အမူအရာကိုျမင္ေတာ့ သူပိုေဒါသထြက္လာတယ္ ဒါေပမဲ့ မေဖာ္ျပခဲ့ဘူး
သူက ထပ္ေမးလိုက္တယ္
"က္ားက္ား ထပ္ကစားခ်င္ေသးလား"
ခ်န္လီေကာက သူ႕ေမးေစ့ကို လုက်စ္ရန္ရဲ႕လက္ေမာင္းေတြေပၚမွာမွီထားရင္းေျပာလိုက္တယ္
"ေဖေဖ သားအိပ္ခ်င္ေနၿပီ"
"သားအိပ္ခ်င္ရင္ ဒီမြာ ခဏအိပ္ၾကရေအာင္ေနာ္"
ထို႔ေနာက္ လုက်စ္ရန္ကခ်န္လီေကာကို အေဖာ္ျပဳၿပီး အိပ္ေပးလိုက္တယ္
ခ်န္လီေကာက အခုကေလးခႏၶာကိုယ္နဲ႕ဆိုေတာ့
ခ်က္ခ်င္း အိပ္ေပ်ာ္သြားတယ္
ခ်န္လီေကာ နိုးလာေတာ့ သူတို႔ အိမ္ျပန္ ေရာက္ေနၿပီ
တစ္ဆက္တည္း ဆိုသလို လတ္လတ္ဆတ္ဆတ္
ဖုတၳားတဲ့ ကြတ္ကီးနံ႕ေလးကလည္း သင္းေနတာပဲ အနံ႕ေလးက စြဲမက္စရာေလး
အိမ္ေတာ္ထိန္းႀကီးက သူမ်က္လုံးဖြင့္လာတာ
ျမင္ေတာ့ ေျပာလိုက္တယ္
"သခင္ငယ္ေလး နိုးလာၿပီလား"
ခ်န္လီေကာက ေခါင္းညိမ့္ျပတယ္
အိမ္ေတာ္ထိန္းႀကီးက ထပ္ေျပာလိုက္တယ္
"သခင္က သခင္ငယ္ေလးအတြက္ အခိုင္းအေစေတြကို ကြတ္ကီးဖုတ္ခိုင္းထားတယ္
စားခ်င္လား"
"စားခ်င္တယ္"
အိမ္ေတာ္ထိန္းႀကီးက ေခါင္းညိမ့္ျပၿပီး ျပန္ထြက္သြားတယ္
လုက်စ္ရန္က ေလွကားေပၚကဆင္းလာၿပီး
ေအာက္ထပ္က ခ်န္လီေကာထိုင္ေနတဲ့ဆိုဖာနားမွာ ဝင္ထိုင္လိုက္တယ္
"က္ားက္ား ဆာေနၿပီလား"
"ဆာေနၿပီ"
လုက်စ္ရန္က အစေကနအဆုံးထိ သူေရထဲတြန္းခ်ခံရတဲ့ကိစၥကို ေမမးခဲ့ဘူး
ဒါေပမယ့္ ခ်န္လီေကာက သိတယ္
သူ႕အတြက္ လက္စားေတာ့ျပန္မေခ်ေပမဲ့
ကိစၥက အဲေလာက္မရိုးရွင္းဘူးဆိုတာ
ထင္တဲ့အတိုင္းပဲ တစ္ပတ္ေလာက္ၾကာေတာ့
လင္မယားႏွစ္ေယာက္ဟာ ကေလးတစ္ေယာက္ကိုလက္ဆြဲၿပီး သူတို႔အိမ္ကို လာေတာင္းပန္တယ္
အဲဒီႏွစ္ေယာက္ကို ခ်န္လီေကာ ျမင္ဖူးသလိုလို
ရွိေပမဲ့ မမွတ္မိတာေၾကာင့္ ျပန္စဥ္းစားလိုက္တယ္
လုက်စ္ရန္က အဲဒီအခ်ိန္မွာ ခ်န္လီေကာအတြက္
အသီးႏႊာေပးေနတယ္ သူတို႔၃ေယာက္ဝင္လာတာကိုသူျမင္ေပမဲ့ တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ဘဲ
"ဘယ္ေလတိုက္လို႔ ေရာက္လာတာလဲ"လို႔ေမးလိုက္တယ္
ခင္ပြန္းျဖစ္သူက ေျခာက္ေသြ႕ေသြ႕ ၿပဳံးလိုက္ၿပီး
ေျပာလိုက္တယ္
"ေခါင္းေဆာင္လု ကြၽန္ေတာ္တို႔ လာေတာင္းပန္တာပါ အရင္ေန႕က ကြၽန္ေတာ့္ကေလးလုပ္လိုက္တဲ့အျပဳအမူက သိပ္ကိုဆိုးလြန္းပါတယ္"
လုက်စ္ရန္က ပန္းသီးတစ္စိတ္ကို ခ်န္လီေကာ
ပါးစပ္ထဲထည့္ၿပီး ႏြေးေထြးစြာ ေျပာလိုက္တယ္
"ဒီကိစၥကို က္ားက္ား မွတ္မိေသးလား"
ခ်န္လီေကာက သူေျပာခ်င္တာကို နားလည္သြားၿပီး မသိသလိုနဲ႕ "ဘယ္ကိစၥလဲ"လို႔ေမးလိုက္တယ္
လုက်စ္ရန္က ၿပဳံးလိုက္ၿပီး ေျပာလိုက္တယ္
"ေတာင္းပန္စရာ မလိုပါဘူး ၾကည့္ပါလား
က်ဳပ္တို႔အိမ္က က်ားက်ားေတာင္ ေမ့သြားၿပီ"
ထိုေယာက်ာ္းက ပိုၿပီးရွက္႐ြံ႕စြာနဲ႕ ေျပာလိုက္တယ္
"ေခါင္းေဆာင္လုလို စိတ္သေဘာထားေကာင္းတဲ့သူက
ဒီမေကာင္းတဲ့လူေတြကို ေပြမယူပါနဲ႕ အားလုံးက ကေလးေတြပဲ"
လုက်စ္ရန္က ေပါ့ေပါ့ပါးပါး ျပန္ေျပာလိုက္တယ္
"က်ဳပ္က ဘာမဟုတ္တာေလးကို ျငင္းခုံမေနဘူး"
ခင္ပြန္းသည္ က မ်က္ႏွာပ်က္သြားတယ္
အဲဒီအခ်ိန္မွာ ခ်န္လီေကာကို ေရထဲတြန္းခ်တဲ့ကေလးက စတင္ေအာ္ငိုလာတယ္
ပန္းသီးဝါးေနတဲ့ ခ်န္လီေကာက လန႔္သြားတယ္
လုက်စ္ရန္က ကေလးရဲ႕ ငိုသံကို ၾကားေတာ့
သူ႕မ်က္ႏွာ ပိုေအးစက္လာတယ္
ထိုလူက ေဒါသထြက္လာေပမဲ့ လုက်စ္ရန္ေရွ႕မွာေဒါသမထြက္ရဲေတာ့ သူ႕လက္ကိုျဖန႔္လိုက္ၿပီးသူ႕သားမ်က္ႏွာကို ရိုက္လိုက္တယ္
သူ႕သားျမင္သာေအာင္ ျပလိုက္တယ္
"ငိုငိုငို!မင္းက ဘာလို႔ ငိုေနရတာလဲ!ဘယ္သဴက မင္းကို လက္အၿငိမ္မထားခိုင္းလို႔လဲ!"
ေကလးက အံ့ၾသသြားတယ္ သူ႕ကို ဘာလို႔ရိုက္လဲဆိုတာ သူမသိဘူး သူ႕မ်က္ႏွာရိုက္ခံရၿပီးတဲ့ေနာက္ ေအာ္ငိုၿပီး ေျပာလိုက္တယ္
"အေဖလည္း အဲဒီေကလးကို မုန္းတာပဲကို"
ခ်န္လီေကာက အံ့ၾသသြားတယ္
လုက်စ္ရန္က သူတို႔ကို စကားမေျပာခ်င္ေတာ့တာနဲ႕ လုံၿခဳံေရးကို ေခၚၿပီး ဧည့္သည္ေတြကို
ျပန္ပို႔ခိုင္းလိုက္တယ္
ငိုေနတဲ့မိသားစုဟာ ႏွင္ထုတ္ခံရၿပီး သူတို႔ယူလာတဲ့လက္ေဆာင္ေတြပါ လႊင့္ပစ္ခံရတယ္
လုက်စ္ရန္က သူတို႔ေတာင္းပန္တာကို ဂ႐ုကိုမစိုက္ဘူး
ခ်န္လီေကာက ပန္းသီးေတြ ဝါးရင္းနဲ႕ အျပင္က မိသားစုသုံးေယာက္ အေၾကာင္းေတြးေနမိတယ္
လုက်စ္ရန္က သူ႕ကို ၿပဳံးၾကည့္လိုက္ၿပီး ေျပာလိုက္တယ္
"ၾကည့္ရတာ က္ားက္ားက အေတြးေတြလြင့္ေနတယ္ထင္တယ္"
ခ်န္လီေကာက အခ်ိန္ၾကာၾကာ ေငးေနၿပီးမွ
ျပန္သတိရလာတယ္
သူလည္းပဲ သူ႕အေဖရဲ႕ ဇာတ္ထုပ္ထဲ ဝင္ကခဲ့တယ္ေလ
လုက်စ္ရန္ကေတာ့ သူဘယႅိုပဲ ဝင္ကခဲ့ကခဲ့
သူက ခ်န္လီေကာကို ခ်စ္ျခင္းအျပည့္နဲ႕ၾကည့္လိုက္ၿပီး
"က္ားက္ား ရဲ႕ အရာအားလုံးကို ေဖေဖက သေဘာက်တယ္ က္ားက္ားက ဉာဏ္မေကာင္းလည္း က္ားက္ားကို ေဖေဖက ဘဝတစ္ေလွ်ာက္လုံး ဂ႐ုစိုက္သြားမွာ"
ခ်န္လီေကာက ဒါကိုၾကားေတာ့ အရမ္းထိရွသြားေပမဲ့ ေၾကာက္လည္းေၾကာက္လာတယ္
ဒီလိုလူမ်ိဳးက သူသာသူ႕သားမဟုတ္မွန္း
သိသြားခဲ့ရင္......
ခ်န္လီေကာ-ထုံအာ ငါတကယ္ပဲ သူ႕သားအရင္းမဟုတ္ဘူးလား
system-ငါဘယ္သိမလဲ
ခ်န္လီေကာ-မူလကမ္ဘာက မေျပာထားဘူးလား
system-မူလကမ္ဘာက မင္းကို လုမိန္ခ်င္းရဲ႕ဆႏၵပဲ
ေျဖရွင္းခိုင္းတာ မင္းကသူ႕သားဟုတ္မဟုတ္
ဘယႅိုသိမြာလဲ
ခ်န္လီေကာ-မင္းကငါ့အေၾကာင္း ဂ႐ုမစိုက္ဘူး
ပဲ
system-မင္းခုမွ သိတာလား
ခ်န္လီေကာ-မင္းအရင္က ဒီလိုမဟုတ္ပါဘူး
System-အဲဒါကငါငယ္ငယ္တုန္းကမိုလို႔ပါ
သူက systemဆီက ဘာသံမွမၾကားရေတာ့ဘူး
သူ႕ရဲ႕ေန႕တိုင္းက စိုးရိမ္မႈေတြနဲ႕ ႀကီးျပင္းလာတယ္