When You Find Lost Love Again

By Htet-Bo

138K 10.9K 2.9K

3.6.2021 - 11.5.2022 More

Character (1)
Character (2)
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Character (3)
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Final (UNI)
Final ( ZGI)
Character - 4

Part - 30

2.5K 258 64
By Htet-Bo

" ဒေါက် ဒေါက် ဒေါက် "

တံခါးခေါက်သံကြောင့် ကုတင်ထက် ​လေးငိုင်စွာ ထိုင်နေသော ရန်း၏ကိုယ်လေးမှာ ဆတ်ခနဲ မတ်သွားသည်။

" ဝန်း လား "

ရင်အတွင်းမှ လှိုက်တက်လာသော အမည်နာမလေးကို နှုတ်ဖျားက ရေရွတ်ရင်း တံခါးဆီသို့ အပြေးအလွှားသွားလိုက်သည်။

" ကျွီ~~~ဝန်း "

ဝမ်းသားအားရ တံခါးကို ဖွင့်ဟကာလှိုက်လှိုက်လှဲလှဲ ခေါ်ဆိုလိုက်ပေမယ့်အခန်း၏အပြင်ဘက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေ။

" ဟက်! ...ဘာကိုမျှော်လင့်နေတာလဲ "

မျက်ဝန်းအိမ်မှ လိမ့်ဆင်းလာသော
မျက်ရည်တွေကြားထဲကနေ ကိုယ့်ကိုယ်ကို ဟားတိုက်လှောင်ရယ်လိုက်သည်။

ဖြစ်ပြီးရင်ပျက်တတ်တဲ့ လောကတရားကို ကိုယ်တိုင်ကြုံတွေ့နေရပေမယ့်လက်မခံနိုင်သေးပေ။ မျက်စိတမှိတ်အတွင်း ပြောင်းလဲသွားတဲ့အခြေအနေကို ရန်းအနေနဲ့ လက်ခံနိုင်ဖို့ ခဲယဥ်းလှသည်။ ရန်းသည် အခုထိ ကိုယ့်ကိုယ်ကို စိတ်ကောက်နေသောကလေးငယ် လို့ ထင်မှတ်နေတုန်း ။ဝန်း လာချော့မှာကိုမျှော်လင့်မိနေတုန်း ။

ငြိမ်သက်နေသော ဖုန်းလေး ။ စာဝင်သံတွေမကြားရတော့ဘူး ၊ မနက်တိုင်း ကြားရနေကျ ဖုန်းခေါ်သံတွေ ဆိတ်
သုဥ်း ကုန်ပြီ ။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင် မှာ ရန်း တစ်ယောက်ထဲသာ ။

" ဒေါက် ဒေါက် ဒေါက် "

" ကျစ်! "

နောက်တဖန် ထွက်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် ရန်း စုပ်သတ်လိုက်သည်။ တညလုံး မအိပ်ရသေးတာကြောင့် ကြားယောင်နေသည်လား။

" ဒေါက် ဒေါက် ​ဒေါက် "

ထိုအသံသည် အနီးအနားကထွက်လာတာကြောင့် ပတ်ချာလည် လိုက်ရှာလိုက်တော့ တရားခံက ငှက်ကလေးတစ်ကောင်။

" ဟူး....."

ပြတင်းပေါက်မှန်ကို နှုတ်သီးဖြင့်
တတောက်တောက်ခေါက်နေတဲ့
မနက်ခင်းငှက်လေးကို မြင်မှ ရန်း စိတ်သက်သာရာ ရသွားသည်။

ကာဆီးထားတာကို မသိလေရောလား။
အတားအဆီးမှန်းသိလျက်နဲ့ အတင်းဇွတ်တိုးဝင်ချင်နေတာလား။

" မင်းတို့တွေ ဝင်လာမှာစိုးလို့ ကာထားတာ သွားတော့ သွား "

ရန်း ပြတင်းပေါက်ဆီသွားလိုက်ကာ ထိုငှက်လေးနဲ့မျက်နှာချင်းဆိုင်လိုက်ပြီး ပြတင်းပေါက်ကို ရိုက်ကာမောင်းလိုက်တော့ အလန့်တကြားဖြင့် အဝေးဆီသို့ပျံသန်းသွားသည်။

တိမ်တွေကြား ပျံလွှားသွားတဲ့ငှက်ကလေး ကို ရန်း လက်ဝှေ့ရန်းကာ နှုတ်ဆက်လိုက်သည်။

" မင်းကကောင်းကင်နဲ့မှ လိုက်ဖက်တာ ဒီအခန်းကျဥ်းလေးက မင်းနဲ့မသက်ဆိုင်ဘူး "

ပြတင်းပေါက်ဘောင်ထက်က ပန်းအိုးလေးထဲမှာ နေကြာပန်းလေးတစ်ပွင့်ဟာ ငွားငွားစွင့်စွင့် ပွင့်နေလျက်ရှိသည်။

ပြက္ခဒိန်စာရွက်ရဲ့မျက်နှာပြင်ပေါ်က Heart Sticker လေးက လူကိုနာကျင်စေပြန်သည်။ မနေ့ကထိ...မနေ့ကထိ
ဒီနေ့အတွက်ကို အများကြီး မျှော်လင့်ပြီး စိတ်ကူးယဥ်ခဲ့တာ။ဒီနေ့ကို မြန်မြန်ရောက်လာချင်ခဲ့တာ။ဒီနေ့မှာ ကြည်နူးစရာတွေနဲ့ ပြည့်နှက်နေလိမ့်မယ်လို့ထင်မှတ်ထားခဲ့တာ။ ဒီနေ့မှာ ဝန်းနဲ့အတူရှိနေမယ်ထင်ပြီး ပျော်နေခဲ့မိတာ။
ဘဝဆိုတာ ဖြစ်ချင်းတိုင်းမှ မဖြစ်ရဘဲလေ။

ဂျင်းဘောင်းဘီအပြာနုလေးနှင့်ဆွယ်တာအဖြူစွတ်စွတ်လေးကို တွဲဖက်ကာဝတ်ဆင်လိုက်သည်။ ထိုတွဲဖက်မှုမျိုးကို ဝန်းကသိပ်သဘောကျသည်။ရန်းနှင့်အင်မတန်လိုက်ဖက်သည်ဟု မကြာခဏ ဆိုဖူးသည်။

မနက်စာ စားဖို့ရန်အတွက် " တောင်ကြီးရှမ်းရိုးရာ စားသောက်ဆိုင် " ကိုထွက်လာခဲ့သည်။ စားသောက်ဆိုင်ထဲဝင်လိုက်တာနဲ့ ဖက်နံ့သင်းသင်းလေးကိုရသည်။အစားအစာများကို ဖက်ဖြင့်ထုပ်ပိုးတည်ခင်းတာကြောင့် ပို၍ အနံ့သင်းပြီး အရသာရှိလှသည်။ ဝန်းက ဒီဆိုင်လေးကနေ ရန်းအတွက် ရှမ်းအစားအစာတွေ ဝယ်လာပေးနေကျ။နှစ်ယောက်အတူတူ တစ်ခါမှလာမစားဖူးတာကြောင့် ဒီနေ့မှာတော့ အတူတူလာစားမယ်ဆိုပြီး ပြောထားသည်။ဟိုတစ်ချိန်ကပေါ့...။

အငွေ့တထောင်းထောင်းနဲ့အညိုရောင်ကောက်ညှင်းပေါင်းက တို့ဟူးကြော်နှင့်သိပ်လိုက်ဖက်သည်။ ရှမ်းတို့ဟူးနွေး
နှင့် ကောက်ညှင်းပေါင်းကို မှာလိုက်ပြီး ဆိုင်ထဲကို သိသိသာသာ မျက်စိကစားမိသည်။ဝန်းများ ရှိနေမလားဆိုသောစိတ်နှင့်။

ဆိုင်ထဲကို တစ်ယောက်ယောက်ဝင်လာသည်နှင့် ဝန်းများလားဆိုပြီး လည်လေးဆန့်ကာဆန့်ကာ မျှော်ကြည့်​နေတာကြောင့် တခြားသူတွေအမြင်မှာ ရန်းဟာ တစ်စုံတစ်ဦးကိုမျှော်နေကြောင်း သိပ်ထင်ရှားသည်။ ရန်းကိုယ်တိုင်ကလည်း မျှော်နေတာအမှန်ပါပဲလေ။
ပြန်လာ​တော့မှာ မဟုတ်တဲ့သူကိုပေါ့။

အချိန်အတော်ကြာအောင် နေပြီးတဲ့နောက်မှာ ရန်း ငွေရှင်းကာ ထွက်လာခဲ့သည်။အစားအစာတွေက အရာပင်မယွင်းခဲ့ပေ။

ဝန်း ပြောတာ မှန်သည်။နေကြာခင်းက မြို့နှင့်အတော် အလှမ်းဝေးသည်။ နှစ်နာရီကြာအောင် မောင်းနှင်လာပြီးနောက်မှာ နေကြာခင်းရှိရာအရပ်ကို ရောက်သည်။ ဒီနေ့က ပိတ်ရက်ဖြစ်တာကြောင့် အလည်လာတဲ့သူတွေ အများအပြားရှိနေသည်။ မိသားစုတွေ၊ချစ်သူစုံတွဲတွေ၊သူငယ်ချင်းအုပ်စုလေးတွေကို ဟိုနားဒီနားမှာ တွေ့ရသည်။ တစ်ယောက်ထဲလာသူဟာ ရန်းပင်ရှိလိမ့်မည်။

နေကြာပန်း​များ ဝါဝင်းစွာ ပွင့်လန်းနေသော နေကြာခင်းကြီးကို မြင်လိုက်ရတော့ အမည်မသိထူးဆန်းတဲ့ခံစားချက်ကြီးက လှိုက်ဖိုတက်လာသည်။ အသက်ရှူရတာ ခက်ခဲလာသည်။အသက်ရှူနှုန်းတွေ မြန်ဆန်လာကာ
မွန်းကြပ်လာသည်။ နှလုံးသားက ပေါက်ထွက်မတတ် ခုန်နေသည်မှာ ကြောက်စရာကောင်းလှသည်။ ငိုချင်လာသည်။နင့်နင့်သီးသီးကို ငိုချချင်လာသည်။ လူတွေနဲ့ဝေးရာကို ပြေးကာ နေကြာပန်းခင်း၏တစ်နေရာမှာ နင့်သည်းစွာ ငိုချလိုက်သည်။ မျက်ရည်တွေဟာ ထိန်းမရသိမ်းမရ ၊ တားမရဆီးမရ ရေကာတာဆည်ကျိုးသလို ဒလဟာကျဆင်းနေသည်။ ရင်ဘတ်တစ်ခုလုံးအောင့်သက်နေပြီး တစ်စုံတစ်ဦးကို တမ်းတနေသလို ခံစားရသည်။ ရှိုက်ကြီးတငင်ငိုနေမိသည်။တစ်ခါတစ်ခါ လည်ချောင်းဝမှာ တစ်ဆို့နေပြီး အသံပင်မထွက်နိုင်ပေ။

" မငိုပါနဲ့ အစ်ကို "

ကြားလိုက်ရသောအသံကြောင့် ရန်းတစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။

" အင့် !  ဝန်း...လား "

ရန်း အယောင်ယောင်အနနဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ပေမယ့် မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေ။ ရန်းတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းထကာ အေးစိမ့်နေသည်။ " ဝန်းလား" ဟုမေးလိုက်သော်လည်း ဝန်းအသံ မဟုတ်တာသေချာသည်။ နွေးထွေးသည် ။နူးညံ့သည် ။သို့သော်ထိုအသံသည် ရင်ဘတ်ကိုအောင့်စေသည်။

" လှလား "

" လှတာပေါ့ ကိုယ့်အချစ်ကလှပြီးသား "

" အဟင်း... "

ရန်းနဲ့ဆယ်လှမ်းအကွာလောက်မှာ ချစ်သူစုံတွဲတစ်တွဲ ဓာတ်ပုံရိုက်နေကြသည်။ ကောင်လေးက ကောင်မလေးကို စိတ်ရှည်ရှည်နဲ့ ဓာတ်ပုံရိုက်ပေးနေပြီး သူ့ချစ်သူကောင်မလေးလှကြောင်းကိုတဖွဖွပြောနေသည်။ကောင်မလေးကပါး​လေးရဲလို့ ရှက်ရယ်လေးရယ်ကာ ကြည်နူးနေသည် ။

ရန်းကို ဓာတ်ပုံရိုက်ပေးမယ်ဆိုပြီး စျေးကြီးတဲ့ ကင်မရာ​တောင် ဝယ်ထားတယ်ဆိုတဲ့ ဝန်းကတော့ ရန်းဘေးမှာရှိမနေခဲ့။

" နေမင်းကြီးက သိပ်မျက်နှာများတာပဲ "

" ဟင် ဘာလို့လဲ "

ကောင်မလေးက အလင်းတွေဖြာနေတဲ့ နေမင်းကြီးကို မျက်မှောက်ကြုတ်၍ကြည့်တာ မကြည်စကားဆိုတော့ ကောင်လေးက နားမလည်ဟန်ပြန်မေးသည်။

" နေကြာတွေရဲ့အချစ်ကို သူတစ်ယောက်ထဲ အပိုင်ယူထားတယ်လေ "

"ဟဟ နေမင်းကြီးရဲ့အချစ်ကြောင့် သူတို့ရှင်သန်နေကြတာမလား "

ကောင်မလေး၏ကလေးဆန်ဆန်အတွေးလေးကို ကောင်လေးကခပ်ဟဟရယ်ကာ ပြန်ဖြေသည်။

" ဘာပဲ​​ဖြစ်​ဖြစ် မျက်နှာများတာကမျက်နှာများတာပဲ "

ကောင်လေးအဖြေကြောင့် ကောင်မလေးကပို၍အလိုမကျဖြစ်သွားဟန်။ ဒီကောင် ကလည်း ဒီကောင်ပဲ ။ ကောင်မလေးပြောတာကို မထောက်ခံဘဲ အထွန့်တက်နေတာကိုး ။

" နေမင်းကြီးက တစ်စင်းပဲရှိတာကိုး "

ထပ်မံကွန့်၍အထွန့်တက်လိုက်သော ကောင်လေးစကားကြောင့် ကောင်မလေးက ဟွန့်ခနဲ နှာတချက်မှုတ်ကာ ထွက်သွားသည်။ထိုအခါမှ ကောင်မလေးနောက်အပြေးလိုက်သွားသော သူသိသူတတ်ကြီး။

ရန်း ထိုအတွဲကိုကြည့်ကာ ဖွဖွပြုံးလိုက်သည်။ စောနက ကြားလိုက်ရသော အသံကိုပင် မေ့လျော့သွားသည် ။

နေကြာခင်းဆီမှ ထွက်လာခဲ့ပြီး ဦးတည်ရာမဲ့ ကားလျှောက်မောင်းနေမိသည်။အခြေအနေတွေသာ မျှော်မှန်းထားသလိုဖြစ်လာမယ်ဆိုရင် ကားမောင်းတဲ့နေရာမှာ ဝန်းရှိနေလိမ့်မည်။ဝန်းခေါ်ဆောင်ရာနောက်လိုက်ရင်း လေလွင့်ကာ ပျော်နေမှာအမှန်။သိပ်လှတဲ့ရှုခင်းတွေက သိပ်များသည်။ဝန်းနဲ့နှစ်ယောက်သာတွေ့ရမယ်ဆို အချစ်တွေပြည့်နေသော မျက်ဝန်းတွေနဲ့ ကြည့်ရမှာမလို့ ပိုလှနေလိမ့်မည်။

ထိုနေရာတွေမှာ တစ်ယောက်ထဲတော့ ဓာတ်ပုံမရိုက်ချင်ပေ။တစ်ကိုယ်တော်ဖြတ်သန်းရတဲ့နှစ်ပတ်လည်နေ့ကိုတကူးတကမှတ်တမ်းတင်နေစရာမလိုဘူးလေ။

နေလုံးကြီးသည် တဖြည်းဖြည်းနှင့် မိုးကောင်းကင်ယံကနေကွယ်ပျောက်ဖို့ကြိုးစားနေသည်။ လမ်းမကြီးထက် ကားများ ၊စျေးသည်များ၊အလုပ်ပြန်သူများနှင့်ပျားပန်းခတ်နေသည်။ ငှက်ကလေးများ၏နေဝင်အိပ်တန်းတက်ချိန်ရောက်လုနီးနေပြီကြောင့် အုပ်စုဖွဲ့ပျံသန်းကာ ခိုအောင်းစရာနေရာဆီ ရွှေ့လျားနေသော ငှက်အုပ်ကြီးတွေကိုတွေ့ရသည်။

ကားမောင်းနေရင်းနဲ့ပင် ညနေခင်းဆည်းဆာအချိန်ကို ရောက်လာပါပေါ့လား။ ဆည်းဆာချိန်သည် သိပ်လှသည်။ဆည်းဆာရောင်သည် သိပ်ကဗျာဆန်သည်။ ညနေဆည်းဆာသည် သိပ်ကိုလွမ်းမောဖွယ်ရာ ကောင်းသည်။

ကားရပ်နားရာ လမ်းဘေးတစ်နေရာတွင်ကားကိုရပ်လိုက်သည်။လမ်းတစ်ဖက်တွင်မြင်နေရသောညစျေးတန်းဆီကိုခြေဦးတည်လိုက်သည်။ကားအသွားအလာများပြီး လူစည်ကားရာနေရာတစ်ခုဖြစ်ပေမယ့် မီးပွိုင့်မရှိတာက အလွန်ဆိုးသည်။ရန်း သတိထားကာ လမ်းကူးနေစဥ် LED Board တစ်ခုတွင် ဝန်း၏ရုပ်ပုံပေါ်လာတာကြောင့် လှမ်းနေသောရန်း၏ခြေလှမ်းတို့ရပ်တန့်သွားသည်။ မျက်နှာချောချောလေးသည်အကြိမ်ကြိမ်ကြည့်လည်းကြည့်၍မဝပေ။လွမ်းသည်။သိပ်လွမ်းသည်။

" တီ ! တီ ! တီ ! တီ ! "

" တီ ! တီ ! တီ ! တီ ! "

" ဟေ့လူ !  ဖယ်လေဗျာ "

" ရူးနေလား ! လမ်းလယ်ခေါင်မှာ ရပ်နေတာ သေချင်လို့လား ! "

ကားဟွန်းသံတွေ အဆက်မပြတ်ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ကားဆရာများ၏အ​ပြစ်တင်ဆဲဆိုသံတွေ၊ဘေးပတ်ဝန်းကျင်က အော်ဟစ်သံတွေဆူညံစွာကြားနေသည်။သို့သော် ရန်း မရွေ့လျားမိ ။ ဝန်းကအခုထိ LED Board ပေါ်မှာ ရှိနေတုန်း ။ ဝန်းရှိသ၍ ရန်းကြည့်နေမှာ ။ ရန်း ကိုကားတိုက်ရင်လည်း တိုက်ပါစေ။ရန်း လွတ်လပ်သွားတာပေါ့။

တစ်ယောက်ယောက်က ရန်းရဲ့လက်ကိုဆွဲကာ လမ်းမပေါ်က ခေါ်ဆောင်သွားသည်။မှိုင်းမိထားသလို ဝန်းရဲ့ပုံရိပ်ကိုသာ ငေးစိုက်ရင်း ထိုသူ၏ခေါ်ဆောင်ရာကို လိုက်ပါသွားသည်။ထိုသူ့ကို ရန်းလှည့်မကြည့်မိ။ သူဟာ ရန်းကိုအန္တရာယ်ပြုမည့်သူ မဟုတ်မှန်း ရန်းသိသည်။ထိုသူ၏ကိုယ်သင်းနံ့ကို ရန်းအလွန်အမင်းရင်းနှီးနေသည်။
ဘယ်သူလဲ ။သူဘယ်သူလဲ ။ဝန်းမဟုတ်ဘဲ တခြားတစ်ယောက်ရဲ့ကိုယ်သင်းနံ့ကို ဘာလို့ရင်းနှီးနေရတာလဲ။

ရန်း သတိဝင်လာတဲ့အချိန်မှာ ညစျေးတန်းထဲသို့ ရောက်နေပြီဖြစ်သည်။ ဘယ်ကိုသွားပြီး ဘာလုပ်ရမလဲ မသိပေ။ တစ်ယောက်ထဲ ယောင်ချာချာနိုင်လှသည်။ ဟိုကြည့်ဒီကြည့်ဖြင့် လျှောက်နေရင်း အရုပ်ကောက်စက်လေးတစ်ခုကို တွေ့လိုက်သည်။ လူငယ်စုံတွဲတစ်တွဲရှိနေတာကြောင့် အနားမှာယောင်လည်လည်ဖြင့် စောင့်နေမိသည်။
အရုပ်တွေတစ်ပုံကြီးသယ်သွား​သော ထိုစုံတွဲကြည့်ပြီး ရန်းပင်ပျော်မိသည်။လူရှင်းသွားတာကြောင့် ရန်းအလျင်အမြန်နေရာယူလိုက်သည်။ ချစ်စရာကောင်းတဲ့ ဝက်ရုပ်လေးကို ဆယ်ယူဖို့ ရန်းလုပ်ငန်းစလိုက်သည်။

" ကျစ် ! ရခါနီးလေးကို "

ရန်းအသဲတယားယား​​ဖြင့်အားမလိုအားမရဖြစ်ကာ ရေရွတ်လိုက်သည်။ရှိသမျှအကြွေစေ့တွေသာ ကုန်သွားသည်။ထိုဝက်ရုပ်လေးက ရန်းဆီ ပါမလာခဲ့ ။ ထပ်ကြိုးစားချင်သေးပေမယ့် အနောက်မှာအရုပ်ကောက်ချင်တဲ့သူတွေရှိနေတာကြောင့် အရှုံးပေးကာ နေရာဖယ်ပေးလိုက်ရတော့သည်။

" ဟားဟား "

ရန်း  အားရပါးရ သ​ဘောကျစွာ ရယ်လိုက်သည်။

" ဝန်း မင်းရောငါရော အရုပ်ကောက်တဲ့နေရာမှာ အသုံးမကျဘူး အဟင်း "

အိမ်ပြန်ရောက်တော့ ည (၈) နာရီ။
ညစျေးတန်းကဝယ်လာသော တစ်ခုတည်းသော အရာလေးကို ယူဆောင်ကာ ဝရံတာသို့ ထွက်လာခဲ့သည်။
ဝန်းရဲ့နောက်ဆုံးအစီအစဥ်ဖြစ်တဲ့ နှစ်ယောက်အတူတူ ဟိုး​ကောင်းကင်​ကြီးဆီ မီးပုံးပျံလွှတ်တင်ပြီး ဆုတောင်းကြမယ်ဆိုတဲ့ အစီအစဥ်ကို ရန်းတစ်ယောက်ထဲအကောင်အထည်ဖော်ရန် ကြိုးစားလိုက်သည်။

" ရေး..... "

မီးပုံးပျံအသေးလေးကိုမှောင်မိုက်နေသော ကောင်းကင်ထက် အောင်မြင်စွားလွှတ်တင်နိုင်လိုက်တာကြောင့်ကလေးတစ်ယောက်လိုလက်ခုပ်တီးကာ အော်ဟစ်လိုက်သည်။အမှောင်ယံမှာကြယ်လေးတစ်လုံးလိုအလင်းပေးနေတဲ့ ရန်းရဲ့မီးပုံးပျံလေး။

" ဝန်း ဒီမီးပုံးပျံလေးကို မင်းမြင်ရင်ဆုတောင်းလိုက်ဦးနော် အခုဆို မင်းဘာဆုတောင်းမလဲဟင် ငါနဲ့လက်ထပ်ခွင့်ရပါစေလို့ဆုတောင်းဦးမှာလား ငါကတော့.... "

မင်းကငါနဲ့ လက်ထက်ပါရစေလို့ဆုတောင်းရင် ငါက မင်းနဲ့အတူ သေတဲ့အထိပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားချင်တာ ။ အဲ့လိုဖြတ်သန်းရဖို့ငါဆုတောင်းပြောင်းရဦးမယ်။ ရန်း မီးပုံးပျံကြီးကိုကြည့်ကာ လက်ခုပ်ချီလိုက်သည်။မျက်လုံးမှိတ်ကာ ဆု​တောင်း​ပြည့်နတ်သမီး​လေးထံ သေချာအာရုံပြုလိုက်သည်။

" ဝန်း ပြန်လာပါစေ "

ဘယ်ကြယ်မှ ကြွေမသွားခဲ့ဘူး ။

ဘယ်ဘက်လက်သူကြွယ်လေးကိုပွတ်သပ်နေမိသည်။ဝန်းမှာနောက်အစီအစဥ်တစ်ခုရှိနေသေးတာပဲ။ဒါပေမယ့်အခုမရှိတော့ဘူး။ကျန်တဲ့အစီအစဥ်တွေအကုန်လုံး ရန်းတစ်ယောက်ထဲလုပ်လို့ရပေမယ့် ဒီတစ်ခုကတော့ ဝန်းရှိမှလုပ်လို့ရပေလိမ့်မယ်။

" မင်းဘာလုပ်နေလဲ ဝန်းငယ်... ကတိမတည်တဲ့ ဝန်းငယ် "

.

လမ်းခွဲပြီး ဒုတိယမြောက်နေ့ ။

" ရန်ရန်း အဆင်ပြေလား မေမေတို့ဆီ ခနပြန်လာမလား "

" ကိုရှေးဆက်ရန်း အဆင်ပြေရဲ့လားဗျ "

" ကိုရှေးဆက်ရန်း အားတင်းထားပါဗျ "

မိုးလင်းထဲကတောက်လျှောက်လာနေတဲ့ ဖုန်းတွေ ။ရန်းကိုစိတ်ပူပေးနေကြတဲ့အသံတွေ။ရန်းကိုသနားနေကြတဲ့အသံတွေ ။ အဆက်မ​ပြတ် လာနေတာကြောင့် ရန်း ဖုန်းပိတ်လိုက်ရသည်အထိ။ ထိုအသံတွေလာရခြင်း အကြောင်းက သတင်းတစ်ပုဒ်က မြစ်ဖျားခံသည်။

" ရုပ်ရှင်သရုပ်ဆောင်မင်းသားချိန်းနှင့်မော်ဒယ်/သရုပ်ဆောင် သစ်ခက်လွှားတို့ ချိန်း၏တိုက်ခန်းတွင်ဖောက်ပြားနေသည်ကို ချိန်း၏ချစ်သူ Plants Blogger ရှေးဆက်ရန်းမှ မြင်တွေ့ခြင်း " ဆိုတဲ့ သတင်းခေါင်းစဥ်က ရန်းကို တုန်လှုပ်သွား​စေသည်။

လမ်းလယ်ခေါင်တွင် ရပ်နေကာLED Board ကဝန်းပုံကိုဆွေးမြေ့ဖွယ်ကြည့်နေသော ရန်း၏ပုံတစ်ပုံကထိုသတင်းအတွက် အရသာမြိန်သော ဟင်းတစ်ခွက်ဖြစ်သွားသည်။ စိတ်ခံစားချက်ကို ဦးစားပေးကာ မဆင်မခြင်လုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် ကိုယ့်ကိုယ်ကိုစိတ်တိုမိသည်။

ထိုသတင်းခေါင်းစဥ်အောက်တွင် ဝန်းကိုအပြစ်တင်နေကြသော သူများ အများအပြားရှိနေသည်။Fan Club ထဲမှ ထွက်သွားတဲ့သူများလည်း မနည်းမနောပင်။ ဝန်းနဲ့ဟိုကောင်လေးကိုအားပေးသူတချို့လည်းရှိနေသေးသည်။သို့ပေမယ့်ရန်းကိုသနားစရာလူတစ်ယောက်လိုမြင်နေကြတဲ့သူကပိုများသည်။

ဒီကိစ္စဟာ ဝန်း၏အရင်အေဂျင်စီလက်ချက်ပင်ဖြစ်လိမ့်မည်။ဝန်းနှင့်လက်တွဲဖြုတ်လိုက်တာကြောင့် တမင်သက်သက် ဝန်းနာမည်ကိုဖျက်ခြင်းပင်။နောက်ထပ်လက်တွဲမယ့်အေဂျင်စီမရှိလေအောင် အကောက်ကြံလိုက်ခြင်းဖြစ်မည်။ " မစားရတဲ့အမဲ သဲနဲ့ပက် " ဆိုသည့်အတိုင်းပင်။ ရန်း ဒေါသတွေအလိပ်လိပ်တက်ကာထွက်လာသည်။ အရင်ဆုံး ပြေးမြင်မိတာကဝန်းပင်။
ဝန်းထိတ်လန့်သွားရှာမှာ။ဝန်းကသိပ်အားငယ်တတ်တဲ့ကောင်လေး။ဝန်းစိတ်တွေထွေပြားနေမှာ။ဝန်းဆီအပြေးသွားလိုက်ချင်သည်။သို့သော်... သို့သော်... ။

ရန်း စိတ်ကိုငြိမ်အောင်ထားလိုက်သည်။
ထို့နောက် Social Media ပေါ်တွင် ဝန်း နဲ့ သူနဲ့လမ်းခွဲထားတာကြာပြီဖြစ်ကြောင်းနှင့် ဝန်းကဘယ်သောအခါမှ သူ့အပေါ်သစ္စာဖောက်ခြင်း မရှိခဲ့သော လူကောင်းတစ်ယောက်ဖြစ်ကြောင်း၊ဝန်းကိုဆက်အားပေးဖို့အကြောင်းရေးကာ တင်လိုက်သည်။

စိတ်ထဲမှလည်း ဝန်းအဆင်ပြေပါစေကြောင်းအကြိမ်ကြိမ်ဆုတောင်းနေမိသည်။

" တင်းတောင် ! တင်းတောင် ! "

လူခေါ်ခေါင်းလောင်းသံကြောင့် ကြည့်လိုက်တော့ အပင်ကားရောက်နေပြီဖြစ်သည်။ ဒီနေ့ဆိုင်ပြန်ဖွင့်ပြီကြောင့် အပင်တွေပြန်ဖြည့်ရင်မှာထားတာ အခုမှသတိရသည်။

ရန်း တံခါးဖွင့်ပေးလိုက်တော့ အရင်ဆုံးမြင်ရတာက ကျောပြင်ကျယ်တစ်ခု ထိုကျောပြင်ကို သိပ်ရင်နှီးနေသည်။

" ဘယ်သူလဲ "

" မင်္ဂလာပါ ခဗျ လမ်းသွယ်ပျိုးဥယျာဥ်က ပါ ခဗျ မှာထားတဲ့ အပင်လေးတွေလာပို့တာပါ ခဗျ "

နွေးထွေးသော အသံ ၊ နူးညံ့သော အသံ။ တည်​ငြိမ်ကြည်လင်သော ရုပ်အသွင် ။ ရင်းနှီးသည် တော်တော်ရင်းနှီးနေသည်။

နေကြာခင်းမှာ ခံစားရတဲ့ ခံစားချက်ကြီးလို အမည်မသိထူးဆန်းတဲ့ခံစားချက်ကြီးက လှိုက်ဖိုတက်လာသည်။

" ဘယ် သူ "

နှုတ်ခမ်းတွေ လေးလံလာသည် ။စကားလုံးတစ်လုံးပြောဖို့ရာအတွက်ကြိုးစားအားယူနေရသည်။ရန်းကိုယ်တိုင်လည်း ဒီဆွဲငင်နေသောအရာကိုနားမလည်။

" အော် အရင်က ပစ္စည်းပို့သမားက နေမကောင်းဖြစ်နေလို့ပါဗျ "

လှစ်ခနဲ ဟသွားသော အင်္ကျီ ကော်လံစ။ ထိုကော်လံစအောက်က လည်တိုင်မှာ အမာရွက်တစ်ခု။

" ဟာ့ "

ရန်း စိတ်တွေမွန်းကြပ်လာသည်။အသက်ရှုရခက်လာသည်။လည်ပင်းကိုတစ်ခုခုကရစ်ပတ်ထားသလိုခံစားရသည်။အသက်ရှုမဝဖြစ်ကာ ရင်ဘတ်ထဲကနာကျင်လာသည်။

" ဟို အဆင်ပြေရဲ့လားဗျ "

ထိုတစ်ယောက်က ရန်းကိုလာထိတွေ့တဲ့အခါမှာ ရန်း နင့်သည်းစွာငိုချလိုက်သည်။ဘာလိုငိုနေမှန်းရန်းကိုယ်တိုင်ပင်မသိ။ဒါပေမယ့် ငိုချင်သည်။ရင်ထဲကလှိုက်ကာငိုချင်သည်။

" အင့် အ...ငယ် ဟာ့ "

အငယ် ။ အငယ် ကဘယ်သူလဲ။ဘာလို့ရန်းကအငယ်လို့ ပြောနေတာလဲ။အငယ် အငယ်က ရင်ဘတ်ကိုအောင့်စေပြန်သည်။ရန်းအသက်ရှူရတာပင်ပန်းလာသည်။ငိုရတာမောလာသည်။သို့သော်ဆက်၍ငိုချင်သေးသည်။

" မငိုပါနဲ့ အစ်ကို "

ဒီအသံ ။ ဒီစကား ။ ရန်းတစ်ကိုယ်လုံး အေားစက်တောင့်တင်းသွားကာ ကြက်သီးမွှေးညှင်းထသွားသည်။ထို့အတူ အငိုလည်းရပ်သွားသည်။

" မင်းဘယ်သူလဲ "

ထိုသူက ရန်းထက် အသက်ကြီးပုံပေါ်သည်။ဒါပေမယ့် ရန်းနှုတ်က ပေါ့ပေါ့ပါးပါးပင် ထွက်သွားသည်။

" ကျွန်တော် လမ်းသွယ်ပျိုးဥယျာဥ် "

" ဒါက ဒါက "

ရန်း သိချင်တဲ့ အဖြေမဟုတ်တာကြောင့်ရန်း အပြုအမူရိုင်းစွာ စကားဖြတ်လိုက်သည်။

" ဒါက ဘယ်လို ဖြစ်တာလဲ "

ထိုသူရဲ့ လည်ပင်းထက်က အမာရွတ်ကိုညွှန်ပြကာ မေးလိုက်သည်။

" အာ မွေးရာပါ အမှတ်ပါခဗျ "

" မွေးရာပါ "

ရန်း ကြောင်အနေမိသည်။ ရန်းစိတ်တွေ ဘာတွေဖြစ်နေတာလဲ မသိတော့။

" ဝေး "

" ဟင် "

ရန်း နားမလည်စွာ ကြည့်လိုက်သည်။

"​ဝေး ကျွန်တော့်နာမည် Way "

.

.

.

(Zawgyi)

" ေဒါက္ ေဒါက္ ေဒါက္ "

တံခါးေခါက္သံေၾကာင့္ ကုတင္ထက္ ေလးငိုင္စြာ ထိုင္ေနေသာ ရန္း၏ကိုယ္ေလးမွာ ဆတ္ခနဲ မတ္သြားသည္။

" ဝန္း လား "

ရင္အတြင္းမွ လွိုက္တက္လာေသာ အမည္နာမေလးကို ႏႈတ္ဖ်ားက ေရ႐ြတ္ရင္း တံခါးဆီသို႔ အေျပးအလႊားသြားလိုက္သည္။

" ကြၽီ~~~ဝန္း "

ဝမ္းသားအားရ တံခါးကို ဖြင့္ဟကာလွိုက္လွိုက္လွဲလွဲ ေခၚဆိုလိုက္ေပမယ့္အခန္း၏အျပင္ဘက္တြင္ မည္သူတစ္ဦးတစ္ေယာက္မွ် ရွိမေန။

" ဟက္! ...ဘာကိုေမွ်ာ္လင့္ေနတာလဲ "

မ်က္ဝန္းအိမ္မွ လိမ့္ဆင္းလာေသာ
မ်က္ရည္ေတြၾကားထဲကေန ကိုယ့္ကိုယ္ကို ဟားတိုက္ေလွာင္ရယ္လိုက္သည္။

ျဖစ္ၿပီးရင္ပ်က္တတ္တဲ့ ေလာကတရားကို ကိုယ္တိုင္ႀကဳံေတြ႕ေနရေပမယ့္လက္မခံနိုင္ေသးေပ။ မ်က္စိတမွိတ္အတြင္း ေျပာင္းလဲသြားတဲ့အေျခအေနကို ရန္းအေနနဲ႕ လက္ခံနိုင္ဖို႔ ခဲယဥ္းလွသည္။ ရန္းသည္ အခုထိ ကိုယ့္ကိုယ္ကို စိတ္ေကာက္ေနေသာကေလးငယ္ လို႔ ထင္မွတ္ေနတုန္း ။ဝန္း လာေခ်ာ့မွာကိုေမွ်ာ္လင့္မိေနတုန္း ။

ၿငိမ္သက္ေနေသာ ဖုန္းေလး ။ စာဝင္သံေတြမၾကားရေတာ့ဘူး ၊ မနက္တိုင္း ၾကားရေနက် ဖုန္းေခၚသံေတြ ဆိတ္
သုဥ္း ကုန္ၿပီ ။ တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္ မွာ ရန္း တစ္ေယာက္ထဲသာ ။

" ေဒါက္ ေဒါက္ ေဒါက္ "

" က်စ္! "

ေနာက္တဖန္ ထြက္ေပၚလာတဲ့ တံခါးေခါက္သံေၾကာင့္ ရန္း စုပ္သတ္လိုက္သည္။ တညလုံး မအိပ္ရေသးတာေၾကာင့္ ၾကားေယာင္ေနသည္လား။

" ေဒါက္ ေဒါက္ ေဒါက္ "

ထိုအသံသည္ အနီးအနားကထြက္လာတာေၾကာင့္ ပတ္ခ်ာလည္ လိုက္ရွာလိုက္ေတာ့ တရားခံက ငွက္ကေလးတစ္ေကာင္။

" ဟူး....."

ျပတင္းေပါက္မွန္ကို ႏႈတ္သီးျဖင့္
တေတာက္ေတာက္ေခါက္ေနတဲ့
မနက္ခင္းငွက္ေလးကို ျမင္မွ ရန္း စိတ္သက္သာရာ ရသြားသည္။

ကာဆီးထားတာကို မသိေလေရာလား။
အတားအဆီးမွန္းသိလ်က္နဲ႕ အတင္းဇြတ္တိုးဝင္ခ်င္ေနတာလား။

" မင္းတို႔ေတြ ဝင္လာမွာစိုးလို႔ ကာထားတာ သြားေတာ့ သြား "

ရန္း ျပတင္းေပါက္ဆီသြားလိုက္ကာ ထိုငွက္ေလးနဲ႕မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး ျပတင္းေပါက္ကို ရိုက္ကာေမာင္းလိုက္ေတာ့ အလန့္တၾကားျဖင့္ အေဝးဆီသို႔ပ်ံသန္းသြားသည္။

တိမ္ေတြၾကား ပ်ံလႊားသြားတဲ့ငွက္ကေလး ကို ရန္း လက္ေဝွ႕ရန္းကာ ႏႈတ္ဆက္လိုက္သည္။

" မင္းကေကာင္းကင္နဲ႕မွ လိုက္ဖက္တာ ဒီအခန္းက်ဥ္းေလးက မင္းနဲ႕မသက္ဆိုင္ဘူး "

ျပတင္းေပါက္ေဘာင္ထက္က ပန္းအိုးေလးထဲမွာ ေနၾကာပန္းေလးတစ္ပြင့္ဟာ ငြားငြားစြင့္စြင့္ ပြင့္ေနလ်က္ရွိသည္။

ျပကၡဒိန္စာ႐ြက္ရဲ႕မ်က္ႏွာျပင္ေပၚက Heart Sticker ေလးက လူကိုနာက်င္ေစျပန္သည္။ မေန႕ကထိ...မေန႕ကထိ
ဒီေန႕အတြက္ကို အမ်ားႀကီး ေမွ်ာ္လင့္ၿပီး စိတ္ကူးယဥ္ခဲ့တာ။ဒီေန႕ကို ျမန္ျမန္ေရာက္လာခ်င္ခဲ့တာ။ဒီေန႕မွာ ၾကည္ႏူးစရာေတြနဲ႕ ျပည့္ႏွက္ေနလိမ့္မယ္လို႔ထင္မွတ္ထားခဲ့တာ။ ဒီေန႕မွာ ဝန္းနဲ႕အတူရွိေနမယ္ထင္ၿပီး ေပ်ာ္ေနခဲ့မိတာ။
ဘဝဆိုတာ ျဖစ္ခ်င္းတိုင္းမွ မျဖစ္ရဘဲေလ။

ဂ်င္းေဘာင္းဘီအျပာႏုေလးႏွင့္ဆြယ္တာအျဖဴစြတ္စြတ္ေလးကို တြဲဖက္ကာဝတ္ဆင္လိုက္သည္။ ထိုတြဲဖက္မႈမ်ိဳးကို ဝန္းကသိပ္သေဘာက်သည္။ရန္းႏွင့္အင္မတန္လိုက္ဖက္သည္ဟု မၾကာခဏ ဆိုဖူးသည္။

မနက္စာ စားဖို႔ရန္အတြက္ " ေတာင္ႀကီးရွမ္းရိုးရာ စားေသာက္ဆိုင္ " ကိုထြက္လာခဲ့သည္။ စားေသာက္ဆိုင္ထဲဝင္လိုက္တာနဲ႕ ဖက္နံ႕သင္းသင္းေလးကိုရသည္။အစားအစာမ်ားကို ဖက္ျဖင့္ထုပ္ပိုးတည္ခင္းတာေၾကာင့္ ပို၍ အနံ႕သင္းၿပီး အရသာရွိလွသည္။ ဝန္းက ဒီဆိုင္ေလးကေန ရန္းအတြက္ ရွမ္းအစားအစာေတြ ဝယ္လာေပးေနက်။ႏွစ္ေယာက္အတူတူ တစ္ခါမွလာမစားဖူးတာေၾကာင့္ ဒီေန႕မွာေတာ့ အတူတူလာစားမယ္ဆိုၿပီး ေျပာထားသည္။ဟိုတစ္ခ်ိန္ကေပါ့...။

အေငြ႕တေထာင္းေထာင္းနဲ႕အညိုေရာင္ေကာက္ညွင္းေပါင္းက တို႔ဟူးေၾကာ္ႏွင့္သိပ္လိုက္ဖက္သည္။ ရွမ္းတို႔ဟူးႏြေး
ႏွင့္ ေကာက္ညွင္းေပါင္းကို မွာလိုက္ၿပီး ဆိုင္ထဲကို သိသိသာသာ မ်က္စိကစားမိသည္။ဝန္းမ်ား ရွိေနမလားဆိုေသာစိတ္ႏွင့္။

ဆိုင္ထဲကို တစ္ေယာက္ေယာက္ဝင္လာသည္ႏွင့္ ဝန္းမ်ားလားဆိုၿပီး လည္ေလးဆန့္ကာဆန့္ကာ ေမွ်ာ္ၾကည့္ေနတာေၾကာင့္ တျခားသူေတြအျမင္မွာ ရန္းဟာ တစ္စုံတစ္ဦးကိုေမွ်ာ္ေနေၾကာင္း သိပ္ထင္ရွားသည္။ ရန္းကိုယ္တိုင္ကလည္း ေမွ်ာ္ေနတာအမွန္ပါပဲေလ။
ျပန္လာေတာ့မွာ မဟုတ္တဲ့သူကိုေပါ့။

အခ်ိန္အေတာ္ၾကာေအာင္ ေနၿပီးတဲ့ေနာက္မွာ ရန္း ေငြရွင္းကာ ထြက္လာခဲ့သည္။အစားအစာေတြက အရာပင္မယြင္းခဲ့ေပ။

ဝန္း ေျပာတာ မွန္သည္။ေနၾကာခင္းက ၿမိဳ႕ႏွင့္အေတာ္ အလွမ္းေဝးသည္။ ႏွစ္နာရီၾကာေအာင္ ေမာင္းႏွင္လာၿပီးေနာက္မွာ ေနၾကာခင္းရွိရာအရပ္ကို ေရာက္သည္။ ဒီေန႕က ပိတ္ရက္ျဖစ္တာေၾကာင့္ အလည္လာတဲ့သူေတြ အမ်ားအျပားရွိေနသည္။ မိသားစုေတြ၊ခ်စ္သူစုံတြဲေတြ၊သူငယ္ခ်င္းအုပ္စုေလးေတြကို ဟိုနားဒီနားမွာ ေတြ႕ရသည္။ တစ္ေယာက္ထဲလာသူဟာ ရန္းပင္ရွိလိမ့္မည္။

ေနၾကာပန္းမ်ား ဝါဝင္းစြာ ပြင့္လန္းေနေသာ ေနၾကာခင္းႀကီးကို ျမင္လိုက္ရေတာ့ အမည္မသိထူးဆန္းတဲ့ခံစားခ်က္ႀကီးက လွိုက္ဖိုတက္လာသည္။ အသက္ရႉရတာ ခက္ခဲလာသည္။အသက္ရႉႏႈန္းေတြ ျမန္ဆန္လာကာ
မြန္းၾကပ္လာသည္။ ႏွလုံးသားက ေပါက္ထြက္မတတ္ ခုန္ေနသည္မွာ ေၾကာက္စရာေကာင္းလွသည္။ ငိုခ်င္လာသည္။နင့္နင့္သီးသီးကို ငိုခ်ခ်င္လာသည္။ လူေတြနဲ႕ေဝးရာကို ေျပးကာ ေနၾကာပန္းခင္း၏တစ္ေနရာမွာ နင့္သည္းစြာ ငိုခ်လိဳက္သည္။ မ်က္ရည္ေတြဟာ ထိန္းမရသိမ္းမရ ၊ တားမရဆီးမရ ေရကာတာဆည္က်ိဳးသလို ဒလဟာက်ဆင္းေနသည္။ ရင္ဘတ္တစ္ခုလုံးေအာင့္သက္ေနၿပီး တစ္စုံတစ္ဦးကို တမ္းတေနသလို ခံစားရသည္။ ရွိုက္ႀကီးတငင္ငိုေနမိသည္။တစ္ခါတစ္ခါ လည္ေခ်ာင္းဝမွာ တစ္ဆို႔ေနၿပီး အသံပင္မထြက္နိုင္ေပ။

" မငိုပါနဲ႕ အစ္ကို "

ၾကားလိုက္ရေသာအသံေၾကာင့္ ရန္းတစ္ကိုယ္လုံး ေအးစက္ေတာင့္တင္းသြားသည္။

" အင့္ !  ဝန္း...လား "

ရန္း အေယာင္ေယာင္အနနျဖင့္ ေဘးဘီဝဲယာကို ၾကည့္လိုက္ေပမယ့္ မည္သူတစ္ဦးတစ္ေယာက္မွ ရွိမေန။ ရန္းတစ္ကိုယ္လုံး ၾကက္သီးေမႊးညွင္းထကာ ေအးစိမ့္ေနသည္။ " ဝန္းလား" ဟုေမးလိုက္ေသာ္လည္း ဝန္းအသံ မဟုတ္တာေသခ်ာသည္။ ႏြေးေထြးသည္ ။ႏူးညံ့သည္ ။သို႔ေသာ္ထိုအသံသည္ ရင္ဘတ္ကိုေအာင့္ေစသည္။

" လွလား "

" လွတာေပါ့ ကိုယ့္အခ်စ္ကလွၿပီးသား "

" အဟင္း... "

ရန္းနဲ႕ဆယ္လွမ္းအကြာေလာက္မွာ ခ်စ္သူစုံတြဲတစ္တြဲ ဓာတ္ပုံရိုက္ေနၾကသည္။ ေကာင္ေလးက ေကာင္မေလးကို စိတ္ရွည္ရွည္နဲ႕ ဓာတ္ပုံရိုက္ေပးေနၿပီး သူ႕ခ်စ္သူေကာင္မေလးလွေၾကာင္းကိုတဖြဖြေျပာေနသည္။ေကာင္မေလးကပါးေလးရဲလို႔ ရွက္ရယ္ေလးရယ္ကာ ၾကည္ႏူးေနသည္ ။

ရန္းကို ဓာတ္ပုံရိုက္ေပးမယ္ဆိုၿပီး ေစ်းႀကီးတဲ့ ကင္မရာေတာင္ ဝယ္ထားတယ္ဆိုတဲ့ ဝန္းကေတာ့ ရန္းေဘးမွာရွိမေနခဲ့။

" ေနမင္းႀကီးက သိပ္မ်က္ႏွာမ်ားတာပဲ "

" ဟင္ ဘာလို႔လဲ "

ေကာင္မေလးက အလင္းေတြျဖာေနတဲ့ ေနမင္းႀကီးကို မ်က္ေမွာက္ၾကဳတ္၍ၾကည့္တာ မၾကည္စကားဆိုေတာ့ ေကာင္ေလးက နားမလည္ဟန္ျပန္ေမးသည္။

" ေနၾကာေတြရဲ႕အခ်စ္ကို သူတစ္ေယာက္ထဲ အပိုင္ယူထားတယ္ေလ "

"ဟဟ ေနမင္းႀကီးရဲ႕အခ်စ္ေၾကာင့္ သူတို႔ရွင္သန္ေနၾကတာမလား "

ေကာင္မေလး၏ကေလးဆန္ဆန္အေတြးေလးကို ေကာင္ေလးကခပ္ဟဟရယ္ကာ ျပန္ေျဖသည္။

" ဘာပဲျဖစ္ျဖစ္ မ်က္ႏွာမ်ားတာကမ်က္ႏွာမ်ားတာပဲ "

ေကာင္ေလးအေျဖေၾကာင့္ ေကာင္မေလးကပို၍အလိုမက်ျဖစ္သြားဟန္။ ဒီေကာင္ ကလည္း ဒီေကာင္ပဲ ။ ေကာင္မေလးေျပာတာကို မေထာက္ခံဘဲ အထြန့္တက္ေနတာကိုး ။

" ေနမင္းႀကီးက တစ္စင္းပဲရွိတာကိုး "

ထပ္မံကြန့္၍အထြန့္တက္လိုက္ေသာ ေကာင္ေလးစကားေၾကာင့္ ေကာင္မေလးက ဟြန့္ခနဲ ႏွာတခ်က္မႈတ္ကာ ထြက္သြားသည္။ထိုအခါမွ ေကာင္မေလးေနာက္အေျပးလိုက္သြားေသာ သူသိသူတတ္ႀကီး။

ရန္း ထိုအတြဲကိုၾကည့္ကာ ဖြဖြၿပဳံးလိုက္သည္။ ေစာနက ၾကားလိုက္ရေသာ အသံကိုပင္ ေမ့ေလ်ာ့သြားသည္ ။

ေနၾကာခင္းဆီမွ ထြက္လာခဲ့ၿပီး ဦးတည္ရာမဲ့ ကားေလွ်ာက္ေမာင္းေနမိသည္။အေျခအေနေတြသာ ေမွ်ာ္မွန္းထားသလိုျဖစ္လာမယ္ဆိုရင္ ကားေမာင္းတဲ့ေနရာမွာ ဝန္းရွိေနလိမ့္မည္။ဝန္းေခၚေဆာင္ရာေနာက္လိုက္ရင္း ေလလြင့္ကာ ေပ်ာ္ေနမွာအမွန္။သိပ္လွတဲ့ရႈခင္းေတြက သိပ္မ်ားသည္။ဝန္းနဲ႕ႏွစ္ေယာက္သာေတြ႕ရမယ္ဆို အခ်စ္ေတြျပည့္ေနေသာ မ်က္ဝန္းေတြနဲ႕ ၾကည့္ရမွာမလို႔ ပိုလွေနလိမ့္မည္။

ထိုေနရာေတြမွာ တစ္ေယာက္ထဲေတာ့ ဓာတ္ပုံမရိုက္ခ်င္ေပ။တစ္ကိုယ္ေတာ္ျဖတ္သန္းရတဲ့ႏွစ္ပတ္လည္ေန႕ကိုတကူးတကမွတ္တမ္းတင္ေနစရာမလိုဘူးေလ။

ေနလုံးႀကီးသည္ တျဖည္းျဖည္းႏွင့္ မိုးေကာင္းကင္ယံကေနကြယ္ေပ်ာက္ဖို႔ႀကိဳးစားေနသည္။ လမ္းမႀကီးထက္ ကားမ်ား ၊ေစ်းသည္မ်ား၊အလုပ္ျပန္သူမ်ားႏွင့္ပ်ားပန္းခတ္ေနသည္။ ငွက္ကေလးမ်ား၏ေနဝင္အိပ္တန္းတက္ခ်ိန္ေရာက္လုနီးေနၿပီေၾကာင့္ အုပ္စုဖြဲ႕ပ်ံသန္းကာ ခိုေအာင္းစရာေနရာဆီ ေ႐ႊ႕လ်ားေနေသာ ငွက္အုပ္ႀကီးေတြကိုေတြ႕ရသည္။

ကားေမာင္းေနရင္းနဲ႕ပင္ ညေနခင္းဆည္းဆာအခ်ိန္ကို ေရာက္လာပါေပါ့လား။ ဆည္းဆာခ်ိန္သည္ သိပ္လွသည္။ဆည္းဆာေရာင္သည္ သိပ္ကဗ်ာဆန္သည္။ ညေနဆည္းဆာသည္ သိပ္ကိုလြမ္းေမာဖြယ္ရာ ေကာင္းသည္။

ကားရပ္နားရာ လမ္းေဘးတစ္ေနရာတြင္ကားကိုရပ္လိုက္သည္။လမ္းတစ္ဖက္တြင္ျမင္ေနရေသာညေစ်းတန္းဆီကိုေျခဦးတည္လိုက္သည္။ကားအသြားအလာမ်ားၿပီး လူစည္ကားရာေနရာတစ္ခုျဖစ္ေပမယ့္ မီးပြိုင့္မရွိတာက အလြန္ဆိုးသည္။ရန္း သတိထားကာ လမ္းကူးေနစဥ္ LED Board တစ္ခုတြင္ ဝန္း၏႐ုပ္ပုံေပၚလာတာေၾကာင့္ လွမ္းေနေသာရန္း၏ေျခလွမ္းတို႔ရပ္တန့္သြားသည္။ မ်က္ႏွာေခ်ာေခ်ာေလးသည္အႀကိမ္ႀကိမ္ၾကည့္လည္းၾကည့္၍မဝေပ။လြမ္းသည္။သိပ္လြမ္းသည္။

" တီ ! တီ ! တီ ! တီ ! "

" တီ ! တီ ! တီ ! တီ ! "

" ေဟ့လူ !  ဖယ္ေလဗ်ာ "

" ႐ူးေနလား ! လမ္းလယ္ေခါင္မွာ ရပ္ေနတာ ေသခ်င္လို႔လား ! "

ကားဟြန္းသံေတြ အဆက္မျပတ္က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။ကားဆရာမ်ား၏အျပစ္တင္ဆဲဆိုသံေတြ၊ေဘးပတ္ဝန္းက်င္က ေအာ္ဟစ္သံေတြဆူညံစြာၾကားေနသည္။သို႔ေသာ္ ရန္း မေ႐ြ႕လ်ားမိ ။ ဝန္းကအခုထိ LED Board ေပၚမွာ ရွိေနတုန္း ။ ဝန္းရွိသ၍ ရန္းၾကည့္ေနမွာ ။ ရန္း ကိုကားတိုက္ရင္လည္း တိုက္ပါေစ။ရန္း လြတ္လပ္သြားတာေပါ့။

တစ္ေယာက္ေယာက္က ရန္းရဲ႕လက္ကိုဆြဲကာ လမ္းမေပၚက ေခၚေဆာင္သြားသည္။မွိုင္းမိထားသလို ဝန္းရဲ႕ပုံရိပ္ကိုသာ ေငးစိုက္ရင္း ထိုသူ၏ေခၚေဆာင္ရာကို လိုက္ပါသြားသည္။ထိုသူ႕ကို ရန္းလွည့္မၾကည့္မိ။ သူဟာ ရန္းကိုအႏၱရာယ္ျပဳမည့္သူ မဟုတ္မွန္း ရန္းသိသည္။ထိုသူ၏ကိုယ္သင္းနံ႕ကို ရန္းအလြန္အမင္းရင္းႏွီးေနသည္။
ဘယ္သူလဲ ။သူဘယ္သူလဲ ။ဝန္းမဟုတ္ဘဲ တျခားတစ္ေယာက္ရဲ႕ကိုယ္သင္းနံ႕ကို ဘာလို႔ရင္းႏွီးေနရတာလဲ။

ရန္း သတိဝင္လာတဲ့အခ်ိန္မွာ ညေစ်းတန္းထဲသို႔ ေရာက္ေနၿပီျဖစ္သည္။ ဘယ္ကိုသြားၿပီး ဘာလုပ္ရမလဲ မသိေပ။ တစ္ေယာက္ထဲ ေယာင္ခ်ာခ်ာနိုင္လွသည္။ ဟိုၾကည့္ဒီၾကည့္ျဖင့္ ေလွ်ာက္ေနရင္း အ႐ုပ္ေကာက္စက္ေလးတစ္ခုကို ေတြ႕လိုက္သည္။ လူငယ္စုံတြဲတစ္တြဲရွိေနတာေၾကာင့္ အနားမွာေယာင္လည္လည္ျဖင့္ ေစာင့္ေနမိသည္။
အ႐ုပ္ေတြတစ္ပုံႀကီးသယ္သြားေသာ ထိုစုံတြဲၾကည့္ၿပီး ရန္းပင္ေပ်ာ္မိသည္။လူရွင္းသြားတာေၾကာင့္ ရန္းအလ်င္အျမန္ေနရာယူလိုက္သည္။ ခ်စ္စရာေကာင္းတဲ့ ဝက္႐ုပ္ေလးကို ဆယ္ယူဖို႔ ရန္းလုပ္ငန္းစလိုက္သည္။

" က်စ္ ! ရခါနီးေလးကို "

ရန္းအသဲတယားယားျဖင့္အားမလိုအားမရျဖစ္ကာ ေရ႐ြတ္လိုက္သည္။ရွိသမွ်အေႂကြေစ့ေတြသာ ကုန္သြားသည္။ထိုဝက္႐ုပ္ေလးက ရန္းဆီ ပါမလာခဲ့ ။ ထပ္ႀကိဳးစားခ်င္ေသးေပမယ့္ အေနာက္မွာအ႐ုပ္ေကာက္ခ်င္တဲ့သူေတြရွိေနတာေၾကာင့္ အရႈံးေပးကာ ေနရာဖယ္ေပးလိုက္ရေတာ့သည္။

" ဟားဟား "

ရန္း  အားရပါးရ သေဘာက်စြာ ရယ္လိုက္သည္။

" ဝန္း မင္းေရာငါေရာ အ႐ုပ္ေကာက္တဲ့ေနရာမွာ အသုံးမက်ဘဴး အဟင္း "

အိမ္ျပန္ေရာက္ေတာ့ ည (၈) နာရီ။
ညေစ်းတန္းကဝယ္လာေသာ တစ္ခုတည္းေသာ အရာေလးကို ယူေဆာင္ကာ ဝရံတာသို႔ ထြက္လာခဲ့သည္။
ဝန္းရဲ႕ေနာက္ဆုံးအစီအစဥ္ျဖစ္တဲ့ ႏွစ္ေယာက္အတူတူ ဟိုးေကာင္းကင္ႀကီးဆီ မီးပုံးပ်ံလႊတ္တင္ၿပီး ဆုေတာင္းၾကမယ္ဆိုတဲ့ အစီအစဥ္ကို ရန္းတစ္ေယာက္ထဲအေကာင္အထည္ေဖာ္ရန္ ႀကိဳးစားလိုက္သည္။

" ေရး..... "

မီးပုံးပ်ံအေသးေလးကိုေမွာင္မိုက္ေနေသာ ေကာင္းကင္ထက္ ေအာင္ျမင္စြားလႊတ္တင္နိုင္လိုက္တာေၾကာင့္ကေလးတစ္ေယာက္လိုလက္ခုပ္တီးကာ ေအာ္ဟစ္လိုက္သည္။အေမွာင္ယံမွာၾကယ္ေလးတစ္လုံးလိုအလင္းေပးေနတဲ့ ရန္းရဲ႕မီးပုံးပ်ံေလး။

" ဝန္း ဒီမီးပုံးပ်ံေလးကို မင္းျမင္ရင္ဆုေတာင္းလိုက္ဦးေနာ္ အခုဆို မင္းဘာဆုေတာင္းမလဲဟင္ ငါနဲ႕လက္ထပ္ခြင့္ရပါေစလို႔ဆုေတာင္းဦးမွာလား ငါကေတာ့.... "

မင္းကငါနဲ႕ လက္ထက္ပါရေစလို႔ဆုေတာင္းရင္ ငါက မင္းနဲ႕အတူ ေသတဲ့အထိေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းသြားခ်င္တာ ။ အဲ့လိုျဖတ္သန္းရဖို႔ငါဆုေတာင္းေျပာင္းရဦးမယ္။ ရန္း မီးပုံးပ်ံႀကီးကိုၾကည့္ကာ လက္ခုပ္ခ်ီလိုက္သည္။မ်က္လုံးမွိတ္ကာ ဆုေတာင္းျပည့္နတ္သမီးေလးထံ ေသခ်ာအာ႐ုံျပဳလိုက္သည္။

" ဝန္း ျပန္လာပါေစ "

ဘယ္ၾကယ္မွ ေႂကြမသြားခဲ့ဘူး ။

ဘယ္ဘက္လက္သူႂကြယ္ေလးကိုပြတ္သပ္ေနမိသည္။ဝန္းမွာေနာက္အစီအစဥ္တစ္ခုရွိေနေသးတာပဲ။ဒါေပမယ့္အခုမရွိေတာ့ဘူး။က်န္တဲ့အစီအစဥ္ေတြအကုန္လုံး ရန္းတစ္ေယာက္ထဲလုပ္လို႔ရေပမယ့္ ဒီတစ္ခုကေတာ့ ဝန္းရွိမွလုပ္လို႔ရေပလိမ့္မယ္။

" မင္းဘာလုပ္ေနလဲ ဝန္းငယ္... ကတိမတည္တဲ့ ဝန္းငယ္ "

.

လမ္းခြဲၿပီး ဒုတိယေျမာက္ေန႕ ။

" ရန္ရန္း အဆင္ေျပလား ေမေမတို႔ဆီ ခနျပန္လာမလား "

" ကိုေရွးဆက္ရန္း အဆင္ေျပရဲ႕လားဗ် "

" ကိုေရွးဆက္ရန္း အားတင္းထားပါဗ် "

မိုးလင္းထဲကေတာက္ေလွ်ာက္လာေနတဲ့ ဖုန္းေတြ ။ရန္းကိုစိတ္ပူေပးေနၾကတဲ့အသံေတြ။ရန္းကိုသနားေနၾကတဲ့အသံေတြ ။ အဆက္မျပတ္ လာေနတာေၾကာင့္ ရန္း ဖုန္းပိတ္လိုက္ရသည္အထိ။ ထိုအသံေတြလာရျခင္း အေၾကာင္းက သတင္းတစ္ပုဒ္က ျမစ္ဖ်ားခံသည္။

" ႐ုပ္ရွင္သ႐ုပ္ေဆာင္မင္းသားခ်ိန္းႏွင့္ေမာ္ဒယ္/သ႐ုပ္ေဆာင္ သစ္ခက္လႊားတို႔ ခ်ိန္း၏တိုက္ခန္းတြင္ေဖာက္ျပားေနသည္ကို ခ်ိန္း၏ခ်စ္သူ Plants Blogger ေရွးဆက္ရန္းမွ ျမင္ေတြ႕ျခင္း " ဆိုတဲ့ သတင္းေခါင္းစဥ္က ရန္းကို တုန္လႈပ္သြားေစသည္။

လမ္းလယ္ေခါင္တြင္ ရပ္ေနကာLED Board ကဝန္းပုံကိုေဆြးေျမ့ဖြယ္ၾကည့္ေနေသာ ရန္း၏ပုံတစ္ပုံကထိုသတင္းအတြက္ အရသာၿမိန္ေသာ ဟင္းတစ္ခြက္ျဖစ္သြားသည္။ စိတ္ခံစားခ်က္ကို ဦးစားေပးကာ မဆင္မျခင္လုပ္လိုက္တဲ့ လုပ္ရပ္ေၾကာင့္ ကိုယ့္ကိုယ္ကိုစိတ္တိုမိသည္။

ထိုသတင္းေခါင္းစဥ္ေအာက္တြင္ ဝန္းကိုအျပစ္တင္ေနၾကေသာ သူမ်ား အမ်ားအျပားရွိေနသည္။Fan Club ထဲမွ ထြက္သြားတဲ့သူမ်ားလည္း မနည္းမေနာပင္။ ဝန္းနဲ႕ဟိုေကာင္ေလးကိုအားေပးသူတခ်ိဳ႕လည္းရွိေနေသးသည္။သို႔ေပမယ့္ရန္းကိုသနားစရာလူတစ္ေယာက္လိုျမင္ေနၾကတဲ့သူကပိုမ်ားသည္။

ဒီကိစၥဟာ ဝန္း၏အရင္ေအဂ်င္စီလက္ခ်က္ပင္ျဖစ္လိမ့္မည္။ဝန္းႏွင့္လက္တြဲျဖဳတ္လိုက္တာေၾကာင့္ တမင္သက္သက္ ဝန္းနာမည္ကိုဖ်က္ျခင္းပင္။ေနာက္ထပ္လက္တြဲမယ့္ေအဂ်င္စီမရွိေလေအာင္ အေကာက္ႀကံလိုက္ျခင္းျဖစ္မည္။ " မစားရတဲ့အမဲ သဲနဲ႕ပက္ " ဆိုသည့္အတိုင္းပင္။ ရန္း ေဒါသေတြအလိပ္လိပ္တက္ကာထြက္လာသည္။ အရင္ဆုံး ေျပးျမင္မိတာကဝန္းပင္။
ဝန္းထိတ္လန့္သြားရွာမွာ။ဝန္းကသိပ္အားငယ္တတ္တဲ့ေကာင္ေလး။ဝန္းစိတ္ေတြေထြျပားေနမွာ။ဝန္းဆီအေျပးသြားလိုက္ခ်င္သည္။သို႔ေသာ္... သို႔ေသာ္... ။

ရန္း စိတ္ကိုၿငိမ္ေအာင္ထားလိုက္သည္။
ထို႔ေနာက္ Social Media ေပၚတြင္ ဝန္း နဲ႕ သူနဲ႕လမ္းခြဲထားတာၾကာၿပီျဖစ္ေၾကာင္းႏွင့္ ဝန္းကဘယ္ေသာအခါမွ သူ႕အေပၚသစၥာေဖာက္ျခင္း မရွိခဲ့ေသာ လူေကာင္းတစ္ေယာက္ျဖစ္ေၾကာင္း၊ဝန္းကိုဆက္အားေပးဖို႔အေၾကာင္းေရးကာ တင္လိုက္သည္။

စိတ္ထဲမွလည္း ဝန္းအဆင္ေျပပါေစေၾကာင္းအႀကိမ္ႀကိမ္ဆုေတာင္းေနမိသည္။

" တင္းေတာင္ ! တင္းေတာင္ ! "

လူေခၚေခါင္းေလာင္းသံေၾကာင့္ ၾကည့္လိုက္ေတာ့ အပင္ကားေရာက္ေနၿပီျဖစ္သည္။ ဒီေန႕ဆိုင္ျပန္ဖြင့္ၿပီေၾကာင့္ အပင္ေတြျပန္ျဖည့္ရင္မွာထားတာ အခုမွသတိရသည္။

ရန္း တံခါးဖြင့္ေပးလိုက္ေတာ့ အရင္ဆုံးျမင္ရတာက ေက်ာျပင္က်ယ္တစ္ခု ထိုေက်ာျပင္ကို သိပ္ရင္ႏွီးေနသည္။

" ဘယ္သူလဲ "

" မဂၤလာပါ ခဗ် လမ္းသြယ္ပ်ိဳးဥယ်ာဥ္က ပါ ခဗ် မွာထားတဲ့ အပင္ေလးေတြလာပို႔တာပါ ခဗ် "

ႏြေးေထြးေသာ အသံ ၊ ႏူးညံ့ေသာ အသံ။ တည္ၿငိမ္ၾကည္လင္ေသာ ႐ုပ္အသြင္ ။ ရင္းႏွီးသည္ ေတာ္ေတာ္ရင္းႏွီးေနသည္။

ေနၾကာခင္းမွာ ခံစားရတဲ့ ခံစားခ်က္ႀကီးလို အမည္မသိထူးဆန္းတဲ့ခံစားခ်က္ႀကီးက လွိုက္ဖိုတက္လာသည္။

" ဘယ္ သူ "

ႏႈတ္ခမ္းေတြ ေလးလံလာသည္ ။စကားလုံးတစ္လုံးေျပာဖို႔ရာအတြက္ႀကိဳးစားအားယူေနရသည္။ရန္းကိုယ္တိုင္လည္း ဒီဆြဲငင္ေနေသာအရာကိုနားမလည္။

" ေအာ္ အရင္က ပစၥည္းပို႔သမားက ေနမေကာင္းျဖစ္ေနလို႔ပါဗ် "

လွစ္ခနဲ ဟသြားေသာ အကၤ်ီ ေကာ္လံစ။ ထိုေကာ္လံစေအာက္က လည္တိုင္မွာ အမာ႐ြက္တစ္ခု။

" ဟာ့ "

ရန္း စိတ္ေတြမြန္းၾကပ္လာသည္။အသက္ရႈရခက္လာသည္။လည္ပင္းကိုတစ္ခုခုကရစ္ပတ္ထားသလိုခံစားရသည္။အသက္ရႈမဝျဖစ္ကာ ရင္ဘတ္ထဲကနာက်င္လာသည္။

" ဟို အဆင္ေျပရဲ႕လားဗ် "

ထိုတစ္ေယာက္က ရန္းကိုလာထိေတြ႕တဲ့အခါမွာ ရန္း နင့္သည္းစြာငိုခ်လိဳက္သည္။ဘာလိုငိုေနမွန္းရန္းကိုယ္တိုင္ပင္မသိ။ဒါေပမယ့္ ငိုခ်င္သည္။ရင္ထဲကလွိုက္ကာငိုခ်င္သည္။

" အင့္ အ...ငယ္ ဟာ့ "

အငယ္ ။ အငယ္ ကဘယ္သူလဲ။ဘာလို႔ရန္းကအငယ္လို႔ ေျပာေနတာလဲ။အငယ္ အငယ္က ရင္ဘတ္ကိုေအာင့္ေစျပန္သည္။ရန္းအသက္ရႉရတာပင္ပန္းလာသည္။ငိုရတာေမာလာသည္။သို႔ေသာ္ဆက္၍ငိုခ်င္ေသးသည္။

" မငိုပါနဲ႕ အစ္ကို "

ဒီအသံ ။ ဒီစကား ။ ရန္းတစ္ကိုယ္လုံး ေအားစက္ေတာင့္တင္းသြားကာ ၾကက္သီးေမႊးညွင္းထသြားသည္။ထို႔အတူ အငိုလည္းရပ္သြားသည္။

" မင္းဘယ္သူလဲ "

ထိုသူက ရန္းထက္ အသက္ႀကီးပုံေပၚသည္။ဒါေပမယ့္ ရန္းႏႈတ္က ေပါ့ေပါ့ပါးပါးပင္ ထြက္သြားသည္။

" ကြၽန္ေတာ္ လမ္းသြယ္ပ်ိဳးဥယ်ာဥ္ "

" ဒါက ဒါက "

ရန္း သိခ်င္တဲ့ အေျဖမဟုတ္တာေၾကာင့္ရန္း အျပဳအမူရိုင္းစြာ စကားျဖတ္လိုက္သည္။

" ဒါက ဘယ္လို ျဖစ္တာလဲ "

ထိုသူရဲ႕ လည္ပင္းထက္က အမာ႐ြတ္ကိုၫႊန္ျပကာ ေမးလိုက္သည္။

" အာ ေမြးရာပါ အမွတ္ပါခဗ် "

" ေမြးရာပါ "

ရန္း ေၾကာင္အေနမိသည္။ ရန္းစိတ္ေတြ ဘာေတြျဖစ္ေနတာလဲ မသိေတာ့။

" ေဝး "

" ဟင္ "

ရန္း နားမလည္စြာ ၾကည့္လိုက္သည္။

"ေဝး ကြၽန္ေတာ့္နာမည္ Way "

Continue Reading

You'll Also Like

4.9K 216 5
တစ်ချိန်က ဂျပ်ဆင်ထိပ်မှာ ငှက်မောင်နှံနှစ်ဦး ချစ်စကားတွေ သီကုံးခဲ့ကြဖူးသည်။ တစ္ခ်ိန္က ဂ်ပ္ဆင္ထိပ္မွာ ငွက္ေမာင္ႏွံႏွစ္ဦး ခ်စ္စကားေတြ သီကုံးခဲ့ၾကဖူးသည္။
70.2K 4.2K 44
လူကြီးဆန်ဆန်နှင့် အရာရာကို တည်ငြိမ်ပြတ်သားစွာဆုံးဖြတ်တတ်တဲ့ ကောင်လေးရဲ့ ဘဝထဲကို လွတ်လပ်ပေါ့ပါးပြီး သွက်လပ်ချက်ချာတဲ့ ကောင်ဆိုးလေးတစ်ယောက် မသိမသာရော သ...
35.7K 2.3K 33
Title-ငွေလမင်းရယ် မပြုံးနိုင်ရှာ Author-လီလီဟန် လမသာသော နှလုံးသားဝင်္ကပါနှင့်ဖြစ်နေပါ လျှင်လည်း ကျွန်တော့်နှလုံးသားအား နွယ်တစ်ပင်လို သူနွယ်တတ်ပါစေလေ...