အိမ်ရှေ့မင်းဗညားသတိုးနှင့်သမိန်သူရိန် စစ်ရေးလေ့ကျင့်ကွင်းတွင် ဓားရေးလေ့ကျင့်နေကြသည်။အိမ်ရှေ့မင်းက တောင်ရှည်ပုဆိုးကိုအောက်ပိုးကျိုက်ထားပြီး သန်မာသည့်ပေါင်တံတစ်လျှောက်တွင် အနက်ရောင်ထိုးကွင်းမင်ကြောင်များကို မြင်ရသည်။အိမ်ရှေ့မင်းရဲ့ကွန့်ရောင်ဝါဓားသွားက နေရောင်အောက်တွင်တလက်လက်တောက်ပနေပြီး ဓားလှုပ်ရှားဟန်ကတင့်တယ်ကာ မာန်အပြည့်ရှိသည်။သမိန်သူရိန် အိမ်ရှေ့မင်းရဲ့ဓားသွားကိုခုခံကာ ဆောင်ဓားနှင့် အားထည့်တိုက်သည်။နှစ်ဦးသားရဲ့ဓားချင်းထိခတ်သံက ဘေးပတ်လည်တွင်ဝန်းရံနေသည့်စစ်သည်ရဲမက်အပေါင်းကို ဇာတိမာန်တက်ကြွစေသည်။
"အိမ်ရှေ့မင်းရဲ့ဓားရေးကတော့အံ့မခန်းဟေ့"
"တပ်မင်းရဲ့ဓားရေးကလည်း အစွမ်းထက်လာတယ်ထင်ပါ့"
"အိမ်ရှေ့မင်းနဲ့သမိန်သူရိန် ဘယ်သူနိုင်မယ်ထင်သလဲ"
"လောင်းကြေးစားကြေးဟေ့"
သမိန်သူရ စစ်သည်အပေါင်းကိုလောင်းကြေးထည့်ရန်အော်ဟစ်ပြီး မောက်တိုကိုကိုင်ထားသည်။သမိန်သူရက တပ်မင်းဖြစ်ပေမယ့်စစ်သည်များအကြား ပေါ့ပေါ့ပါးပါးလှည့်လည်နေသည်က ငယ်ရွယ်သည့်စစ်သည်လေးလိုပင်။စစ်သည်တွေ တစ်ဦးပြီးတစ်ဦး သူ့ဘက်ကိုယ့်ဘက်လောင်းကြသည်။သမိန်သူရက နန်းစောရှင်နားကပ်လာပြီး။
"ဟေ့ နန်းစောရှင်ဘယ်ဘက်ကလောင်းကြေးထည့်မလဲ"
နန်းစောရှင် အိမ်ရှေ့မင်းကိုကြည့်ပြီးအိတ်ထဲက ငွေဒင်္ဂါးတစ်ပြားကို အိမ်ရှေ့မင်းဘက်လောင်းကြေးထည့်လိုက်လေသည်။
သမိန်သူရိန် အိမ်ရှေ့မင်းရဲ့ဓားရေးကတစ်ခုခုလွဲမှားနေတာကိုခံစားမိသည်။အိမ်ရှေ့မင်းရဲ့ဓားသွားက မတည်မငြိမ်ဖြစ်နေကာ သမိန်သူရိန် အလွယ်တကူတိုက်၍ရနေသည်။သမိန်သူရိန် ဓားနှင့်အိမ်ရှေ့မင်းကို တိုက်ခိုက်ရင်းပြောလိုက်သည်။
"အိမ်ရှေ့မင်း သေချာတိုက်ခိုက်ပါ ကျွန်တော်မျိုးကိုမငဲ့ညာပါနဲ့"
"သူရိန်ကိုငဲ့ညာနေတယ်လို့ ဘယ်သူကပြောသလဲ"
ဗညားသတိုး စစ်သည်တွေအကြားထင်းထွက်နေသည့်ချစ်ဖွယ်ပုံရိပ်ကလေးကို စောင်းငဲ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်လေးတွေကွေးတက်လာကာ သမိန်သူရိန်ရဲ့ဓားသွားကိုကာကွယ်လိုက်သည်။
"ကိုယ်တော်က သူ့အမြင်မှာကြည့်ကောင်းနေချင်လို့ဟန်ရေးပြနေရုံ"
"......"
အိမ်ရှေ့မင်းက ဟိတ်ကြီးဟန်ကြီးထုတ်ကာ ဓားရေးကိုပေါ့လျော့မိတော့ သမိန်သူရိန်ကအလေးသာနေသည်။နန်းစောရှင် အိမ်ရှေ့မင်းအရေးနှိမ့်လာတာတွေ့တော့ စိတ်လှုပ်ရှားလာပြီးလက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ဘေးမှစစ်သည်တော်တွေကလည်း အားကြိုးမာန်တက်အော်ဟစ်အားပေးနေကြသည်။နန်းစောရှင် အိမ်ရှေ့မင်းကိုကြည့်ပြီး လက်နှစ်ဖက်ကိုပါးစပ်နားထားကာ အော်လိုက်သည်။
"အိမ်ရှေ့မင်း ကျွန်တော်မျိုး အရှင့်ဘက်ကလောင်းထားတယ်"
နန်းစောရှင်ရဲ့အသံကိုကြားတာနှင့် ဗညားသတိုးမျက်လုံးတွေက တောက်ပလာပြီးနေခြည်လေးလိုနွေးထွေးလာသည်။
'နန်းစောရှင်ကကိုယ်တော့်ဘက်က..'
ဗညားသတိုး ကွန့်ရောင်ဝါဓားကိုအသာအယာယိမ်းလျက် အရှိန်ထည့်ပြီးတိုက်ခိုက်တော့သည်။ သမိန်သူရိန်လည်း အရှိန်ရလာပြီးတိုက်ခိုက်သည်။ဗညားသတိုး ဓားရေးကလျင်မြန်ပြီး ပြတ်သားသည်။သမိန်သူရိန်ဓားရေးက နည်းစနစ်ကျကာတိကျသည်။
နှစ်ဦးသားရဲ့ဓားရေးကိုကြည့်ရသည်မှာ စိတ်လှုပ်ရှားစရာကောင်းသည်။အိမ်ရှေ့မင်းရဲ့ကိုယ်ဟန်က ကျော့ရှင်းကာဓားကိုကိုင်ဆောင်ထားပုံက ကျက်သရေရှိသည်။ထက်မြတ်စူးရှသည့်မျက်လုံးလေးက အနွေးရိပ်တွေထင်ဟပ်နေပြီး နန်းစောရှင်ကို တစ်ချက်တစ်ချက်ကြည့်လာသည်။နန်းစောရှင် ရင်ထဲလှုပ်ခတ်သွားသည်။လက်ရည်သွေးပွဲကြောင့်စိတ်လှုပ်ရှားမှုပေလော၊အကြည့်စူးစူးလေးကြောင့်ပေလော။
"အိမ်ရှေ့မင်း နိုင်ပြီဟေ့"
"စစ်နတ်ဘုရားက စစ်နတ်ဘုရားဘဲ"
"နိုင်ကြေးနဲ့သေရည်အဝသောက်မယ်"
ဗညားသတိုး သမိန်သူရိန်ကိုအနိုင်ပိုင်းလိုက်လို့ ဘေးကစစ်သည်တော်တွေရဲ့ဟစ်ကြွေးသံတွေက စစ်ရေးလေ့ကျင့်ကွင်းအနှံ့ ပြည့်လျှံထွက်လာသည်။နန်းစောရှင်ရဲ့မျက်နှာပေါ်မှ ဂုဏ်ယူဟန်အပြုံးကြီးကလည်း ဝံ့ထည်လို့အိမ်ရှေ့မင်းထံတစ်လှမ်းချင်း လျှောက်လာ၏။
အပြုံးလှလှလေးက ဗညားသတိုးရဲ့နှလုံးသားကိုသိမ်မွေ့စွာဆွဲငင်သွားပြီး ဗညားသတိုးရဲ့ဘေးပတ်ပတ်လည်မှ အသံတွေအကုန်တိတ်ဆိတ်သွားသည်။နန်းစောရှင်ရဲ့ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ထွက်ပေါ်လာသည့်ငွေခြူသံလေးကသာ ဗညားသတိုးရဲ့အကြားအာရုံကိုထိုးဖောက်နေသည်။
နန်းစောရှင် ဗညားသတိုးရဲ့လက်နှစ်ဖက်ကိုဆွဲကိုင်လိုက်သည်။
"အိမ်ရှေ့မင်းက ခံ့ညားလိုက်တာ"
ဗညားသတိုး မိမိလက်ကိုဆုပ်ကိုင်ထားသည့်နန်းစောရှင်လက်ကလေးကိုကြည့်ပြီး ရင်ထဲပျားရည်လေးလို ချိုမြိန်သွားရသည်။နန်းစောရှင်ရဲ့စကားသံလေးက ဗညားသတိုးနားထဲပျားရည်လောင်းထည့်လိုက်သလို ချိုမြိန်စေကာ ဘေးကလေထုလေးပင် ချိုမြိန်လာရသည်။
နန်းစောရှင်ရဲ့လက်ကလေးကို မထိတွေ့ရသည်မှာ နေ့တစ်မွန်းတည့်ခဲ့ပြီမဟုတ်ပါလား။
"ကိုယ်တော့်ကိုလောင်းကြေးနဲ့ ဂုဏ်ပြုသေရည်တိုက်ပါရော့"
"အိမ်ရှေ့မင်းရဲ့အမိန့်အတိုင်းပါ"
သမိန်သူရနဲ့သမိန်သူရိန်- 'အိမ်ရှေ့မင်းက အမြဲတမ်းနိုင်နေခဲ့တာမဟုတ်ဘူးလား ဘာလို့သည်တစ်ခေါက်မှအရမ်းကြီးကျယ်နေသလို လုပ်နေရော့တာလဲ'
ကျန်သည့်စစ်သည်များ-'အိမ်ရှေ့မင်းကသည်လိုပြုံးတတ်တယ်လား အားးးးးး'
______
"ရောင်းရင်းရေ သည်သေရည်သုံးမြူမှမကုန်ရင်ထဖို့ စိတ်မကူးလေနဲ့"
သမိန်သူရက သေခွက်ထဲသေရည်အပြည့်ဖြည့်လိုက်ပြီး တစ်ကျိုက်ထဲမော့သောက်လိုက်သည်။
"သမိန်သူရ ငါကနှစ်မြူတာဝန်ယူတယ် မင်းကတစ်မြူတာဝန်ယူ"
"ကောင်းပြီ အဲ့သလိုဆိုနန်းစောရှင်ကရော"
"ကျွန်တော့်ကို နန်းစောရှင်မခေါ်ပါနဲ့တော့ ပိုလို့ရင်းနှီးသွားအောင် ညီငယ်အဖြစ်သတ်မှတ်ပါရော့"
"ဟားဟား ကောင်းပြီ ညီငယ်နန်းစောရှင် တို့တစ်တွေက တစ်အူတုံဆင်းညီနောင်အရင်းဖြစ်စေမယ်"
သမိန်သူရကသေယစ်နေပြီး နန်းစောရှင်ခွက်ထဲသေရည်အပြည့် ထည့်ပေးသည်။နန်းစောရှင်လည်း သောက်လိုက်သည်။သမိန်သူရိန်ကအသက်နှစ်ဆယ်အရွယ်ဖြစ်ပြီး ဗညားသတိုးတို့ထဲတွင် အသက်အကြီးဆုံးဖြစ်သည်။သမိန်သူရိန်လည်း နန်းစောရှင်ခွက်ထဲသေရည်ထည့်ပေးလိုက်သည်။
"ကဲ ကျုပ်ကိုလည်းနောင်ကြီးအဖြစ်သဘောထားနိုင်တယ်"
"ဟုတ်ကဲ့ နောင်ကြီး"
နန်းစောရှင် သေခွက်ကိုမော့ချလိုက်သည်။ဟိုအရင် နောင်တော်ကြီးတို့ရှိစဉ်က သေရည်ကိုခါးတယ်ထင်ခဲ့သည်။ယခုချိန်မှာတော့ သေရည်ကခံတွင်းကိုသာ ခါးသက်စေပြီးရင်ထဲကိုပူလောင်ချိုမြစေသည်။နန်းစောရှင် တစ်ခွက်ပြီးတစ်ခွက်သောက်နေသည်ကို ကြည့်ပြီးဗညားသတိုး နန်းစောရှင်လက်ကို လက်လှမ်းလိုက်သည်။
"တော်တော့ နန်းစောရှင်"
"အိမ်ရှေ့မင်း အိမ်ရှေ့မင်းလည်းကျွန်တော်မျိုးကိုညီငယ်အဖြစ်သတ်မှတ်ပါလေ"
"ကိုယ်တော် နန်းစောရှင်နဲ့ညီနောင်မဖြစ်လိုဘူး"
နန်းစောရှင် မျက်နှာလေးကမဲ့သွားသည်။ အိမ်ရှေ့မင်းရဲ့လက်ကို ရုန်းခါလိုက်ပြီး သေတကောင်းကိုကိုင်ကာ သေခွက်ထဲထည့်ပြီးသောက်လိုက်သည်။သေရည်ကနန်းစောရှင်ပါးစပ်မှ လျှံထွက်လာကာကျော့ရှင်းသည့်လည်တိုင်တစ်လျှောက် စီးကျသွားသည်။ဗညားသတိုး ရှေ့ကမြင်ကွင်းလေးကြောင့် ရင်ထဲမီးတောက်ကလေးအစပျိုးလာပြီး သေရည်ခွက်ကိုကိုင်ကာမော့ချလိုက်သည်။
"နောင်ကြီးသူရရဲ့ထိုးကွင်းမင်ကြောင်တွေကလက်ရာမြောက်လှတယ်"
သမိန်သူရ နန်းစောရှင်ရဲ့စကားကြောင့်ဝမ်းသာအားရ တောင်ရှည်ပုဆိုးကိုလှပ်ကာ ပေါင်ရှိထိုးကွင်းမင်ကြောင်များကိုပြလေသည်။
"ကျုပ်က အသက့်ဆယ့်နှစ်နှစ်ထဲကထိုးကွင်းထိုးခဲ့တာဗျား"
"သူရ ဘယ်နှယ့် ဣန္ဒြေကင်းမဲ့လိုက်တာ"
"ယောကျာ်းသားတွေဘဲရှိသကိုး ရောင်းရင်းရ"
နန်းစောရှင် မျက်လုံးလေးတွေကသေရည်ကြောင့်ရီဝေဝေဖြစ်လင့်ကစား တလက်လက်တောက်ပလာသည်။နန်းစောရှင်ရဲ့အကြည့်လှလှလေးတွေက သမိန်သူရပေါင်ပေါ်ကျရောက်နေတာကိုမြင်တော့ ဗညားသတိုး ချက်ချင်းထပြီးအောက်ပိုးကျိုက်ချင်စိတ်ပေါ်လာသည်။
"ညီငယ်လည်း ထိုးကွင်းထိုးချင်လေတယ်"
"ထိုးချင်ထိုးရမပေါ့"
"အိမ်ရှေ့မင်းကိုမပြောဘူး"
"......"
နန်းစောရှင်လေးက သေယစ်မူးနေပြီထင်။အင်းဝနန်းတွင်းမှာတွေ့ခဲ့ရသည့်ပုံရိပ်လေးအတိုင်း နှုတ်ခမ်းလေးဆူကာ ဗညားသတိုးတို့ကိုရန်တွေ့သည်။နှုတ်ခမ်းလေးဆူကာအလိုမကျဟန် ချွဲနွဲ့ပြောပုံလေးက ချစ်ဖွယ်အတိ။ဗညားသတိုး ရင်ထဲပူလောင်မှုမီးတောက်များက ချက်ချင်းငြိမ်းသွားပြီး ချစ်ခင်အလိုလိုက်ချင်သည့်စိတ်များသာ ကြီးစိုးလာသည်။ဗညားသတိုးရင်ထဲကချိုမြိန်မှုများက လျှံထွက်လာကာ နန်းစောရှင်ရဲ့ခေါင်းလေးကိုပုတ်မပေးဘဲမနေနိုင်အောင်ပင်။
"အိမ်ရှေ့မင်းက အိမ်ရှေ့...."
"ကိုယ်တော်က ဘာဖြစ်သလဲ"
အိမ်ရှေ့မင်းအသံထဲတွင် နူးညံ့သိမ်မွေ့မှုများအပြည့်။အကြည့်ထဲတွင်လည်း ချစ်မြတ်နိုးအလိုလိုက်မှုများ ပြည့်လျှံနေသည်။သမိန်သူရနဲ့သမိန်သူရိန် သည်တစ်ခါတော့အိမ်ရှေ့မင်းရဲ့အကြည့်တွေကို နားလည်လိုက်သည်။
နန်းစောရှင်က အူရိုင်းလေးမို့ ကျောက်စားပွဲထက်တွင် မှောက်သွားလေပြီ။သမိန်သူရိန် သေခွက်ကို ခပ်တင်းတင်းကိုင်ပြီးမဝံ့မရဲပြောသည်။
"အရှင့်သား နန်းစောရှင်ကို"
"ဟုတ်တယ်"
အိမ်ရှေ့မင်းက တုံ့ဆိုင်းခြင်းမရှိ။အိမ်ရှေ့မင်းရဲ့အကြည့်တွေက နူးညံ့နေပြီးအတုအယောင်ဟူ၍မတွေ့ရပေ။
"ကျွန်တော်မျိုး သိပါပြီ"
သမိန်သူရကတော့ မြူးကြွစွာသေရည်သောက်နေဆဲ။ဗညားသတိုးကို ပြုံးရိပ်ထင်သည့်မျက်လုံးတွေနှင့်ကြည့်ကာ။
"အဲ့သလိုဆို ကျွန်တော်မျိုးတို့က သည်ညီငယ်လေးကိုပိုပြီး ကာကွယ်ပေးရတော့မပေါ့"
သမိန်သူရက အမဲသားကင်တစ်ခုကိုးပါးစပ်ထဲထည့်ဝါးလိုက်ပြီး။
"ရောင်းရင်း ကျုပ်မပြောခဲ့ဘူးလား အိမ်ရှေ့မင်းကအင်းဝသူလေးထံမှာ ကျရှုံးသွားပြီထင်ပါ့လို့ တကယ်တော့အင်းဝသူမဟုတ်ဘဲ အင်းဝသားဖြစ်နေခဲ့တာကိုး ဟားဟားဟား"
ဗညားသတိုး ကျောက်စားပွဲထက် အိပ်ပျော်နေသည့်နန်းစောရှင်မျက်နှာလေးကို ချစ်မြတ်နိုးစွာကြည့်သည်။လရောင်အောက် မီးတိုင်များအောက်တွင် နန်းစောရှင်ရဲ့မျက်နှာလေးကပိုပြီးနူးညံ့နေသည်။ဖြူနုသည့်မျက်နှာလေးက နူးညံ့နေဆဲဖြစ်ပြီး ရှည်လျားကော့ညွှတ်သည့်မျက်တောင်လေးတွေက အရိပ်ထင်နေသည်။လှပသည့်နှုတ်ခမ်းလေးကလည်း ပန်းရောင်သန်းနေဆဲဖြစ်ကာ စစ်သည်တော်တစ်ယောက်ဖြစ်လာတာတောင်မှ ပါးပြင်နုနုလေးတွေကနှင်းဆီသွေးတွေရှိနေဆဲပင်။
ဗညားသတိုး သေရည်တစ်ခွက်ကိုအပြည့်သောက်လိုက်သည်။
"စစ်မက်အရေးသိချင်လို့အင်းဝကို ကိုယ်တော်သွားခဲ့တာဘဲ သည်လိုမင်းသားငယ်လေးကို ခိုးယူချင်မိမယ်လို့ ဘယ်သူထင်ပါ့မလဲ"
"အိမ်ရှေ့မင်းရဲ့ချစ်ခင်မှုကိုရရှိတာက ညီငယ်အတွက်ကံကောင်းပါတယ်လေ"
သမိန်သူရိန်ရဲ့စကားကိုကြားတော့ ဗညားသတိုးပြုံးမိသည်။
"ကံကောင်းခြင်းလား ကံဆိုးခြင်းလား ဘယ်သိနိုင်မလဲ"
"ကံကောင်းခြင်းဖြစ်မှာ သေချာပါတယ် အိမ်ရှေ့မင်းအတွက် ကျွန်တော်မျိုးတို့နှစ်ယောက်ရှိနေလို့ဘဲ"
ဗညားသတိုး သမိန်သူရိန်ရဲ့သေခွက်ထဲသေရည်ထည့်ပေးလိုက်သည်။တပ်မင်းနှစ်ယောက်က မိမိယောကျာ်းတစ်ယောက်ကို နှစ်သက်မိတာတောင်မှ ကန့်ကွက်ခြင်းမပြုပေ။ဗညားသတိုး နှုတ်ခမ်းထောင့်လေးတွေ ကွေးတက်သွားသည်။
"တပ်မင်းတို့နှစ်ယောက်ရှိနေတာကိုက ကိုယ်တော်ကံကောင်းနေပါပြီလေ"
ဗညားသတိုး အိပ်ပျော်နေသည့်နန်းစောရှင်ကို ကျောပိုးကာ မဟာသူရနန်းဆောင်ကိုသွားသည်။ လရောင်ကညအမှောင်ကိုဖြိုခွဲထားပြီး ကြည်လင်သည့်ကောင်းကင်တွင် ကြယ်ကလေးများကလည်းတောက်ပနေသည်။ညလေညင်းက ညမွှေးပန်းရနံ့စူးစူးကိုသယ်ဆောင်ထားပြီးပန်းရနံ့သင်းသည့်လေထုကို ဖန်တီးသည်။
နန်းစောရှင်ရဲ့ထွက်သက်နွေးနွေးက ဗညားသတိုး ပခုံးကိုတိုးဝှေ့နေပြီး နှလုံးသားကိုမီးမြှိုက်နေသလိုပင်။နန်းစောရှင်ရဲ့ကိုယ်ခန္ဓာလေးက ဗညားသတိုးကိုမှီခိုထားတယ်ဆိုသည့်အသိက ဗညားသတိုး ရင်ကိုနူးညံ့ချိုမြိန်စေသည်။
ပူလောင်မှုနှင့်နူးညံ့ချိုမြိန်မှုက ဆန့်ကျင်ဘက်တစ်လှည့်စီ ဗညားသတိုးရင်ကို တိုးဝှေ့နေလေ၏။
"နန်းစောရှင်ကိုသာ သယ်ပိုးပြီးသွားရမယ်ဆိုရင်လေ သည်ဟံသာဝတီပြည်မှစ ဟိုးလကမ္ဘာပေါ်ထိအောင်သွားနိုင်ပါရဲ့"
ဗညားသတိုး ပြောသမျှကိုနန်းစောရှင်ကတော့မကြားနိုင်ပါပေ။
ဗညားသတိုး မဟာသူရနန်းဆောင်ကိုရောက်တော့အထိန်းတော်ကြီးဒေါနက မင်းသားငယ်လေးအခန်းတံခါးကို ဖွင့်ပေးသည်။
"အထိန်းတော်ကြီး နားတော့လေ ကိုယ်တော်နန်းစောရှင်ကို အိပ်ယာပေါ်သိပ်ပြီးမှ စက်တော်ခေါ်လေတော့မယ်"
"မှန်ပါ ဒါဆိုအိမ်ရှေ့မင်းကျွန်တော်မျိုးကိုခွင့်ပြုပါဦး"
"ကောင်းပြီ"
ဗညားသတိုး နန်းစောရှင်အခန်းထဲဝင်လိုက်သည်။နန်းစောရှင်ကိုသလွန်ပေါ်တင်လိုက်တော့နန်းစောရှင်ရဲ့နှုတ်ခမ်းပါးလေးက ဗညားသတိုး လည်တိုင်ကိုပွတ်တိုက်သွားသည်။ဗညားသတိုးထိုနူးညံ့သည့်အထိအတွေ့လေးကြောင့် ကြက်သေသေသွားသည်။
အချိန်အတော်ကြာမှ သတိဝင်လာပြီးနန်းစောရှင်ရဲ့ငွေခြေချင်းဝတ်ထားသည့်ခြေချင်းဝတ်လေးကိုကိုင်ကာ ဖိနပ်ချွတ်ပေးလိုက်သည်။နန်းစောရှင် သက်တောင့်သက်သာဖြစ်စေရန် နဖူးစည်းကိုဖြည်ပေးလိုက်ပြီး သျှောင်ထုံးကိုပြေလျော့စေလိုက်သည်။
နန်းစောရှင်ရဲ့အိပ်မောကျနေသည့်မျက်နှာလေးက ရှင်းသန့်နေကာသိမ်မွေ့လို့နေသည်။နက်မှောင်သည့်ကေသာက နန်းစောရှင်ရဲ့ဖြူနုသောမျက်နှာလေးကို ပိုလို့ဖြူဝင်းအောင်ပံ့ပိုးသည်။ဗညားသတိုး နန်းစောရှင်ရဲ့နှုတ်ခမ်းလေးကိုမြင်တော့ နှလုံးခုန်သံတွေ မြန်ဆန်လာသည်။ဗညားသတိုး ထိုညို့ငင်နိုင်လွန်းသည့်နှုတ်ခမ်းပါးလေးထံမှ အကြည့်အမြန်လွှဲလိုက်သည်။
ရင်ခုန်သံများကစစ်မြေပြင်တွင် ပြေးလွှားနေသည့်စစ်မြင်းသဖွယ် ကြမ်းတမ်းနေဆဲ။ဗညားသတိုး စိတ်မထိန်းနိုင်တော့ပါဘဲ နှုတ်ခမ်းပါးလေးကိုလက်ညှိုးလေးနှင့် တယုတယထိလိုက်သည်။လက်ချောင်းမှတဆင့် နူးညံ့သည့်အထိအတွေ့က ဗညားသတိုး နှလုံးသားတစ်ခုလုံးကို ညို့ယူသွားပြီး ထိုနူးညံ့မှုလေး၌ ယစ်မူးပျော်ဝင်သွားမိလေသည်။
ဗညားသတိုး လက်ညှိုးလေးကိုရုတ်ကာ ကိုယ့်နှုတ်ခမ်းပေါ်တင်လိုက်သည်။သေရည်နံ့ဖျော့ဖျော့ကို သတိထားမိလေသည်။သေရည်နံ့က နန်းစောရှင်ကိုယ်ကလား၊မိမိကိုယ်ကလားမသဲကွဲ။ဗညားသတိုး နန်းစောရှင်ရဲ့နှုတ်ခမ်းပါးလေးကို မက်မောစွာကြည့်လိုက်သည်။
"သေရည်ကယစ်မူးစေတယ်တဲ့ ကိုယ်တော့်နန်းစောရှင်လေးကိုမှီပါ့မလား"
-----------------
အိမ္ေရွ႕မင္းဗညားသတိုးႏွင့္သမိန္သူရိန္ စစ္ေရးေလ့က်င့္ကြင္းတြင္ ဓားေရးေလ့က်င့္ေနၾကသည္။အိမ္ေရွ႕မင္းက ေတာင္ရွည္ပုဆိုးကိုေအာက္ပိုးက်ိဳက္ထားၿပီး သန္မာသည့္ေပါင္တံတစ္ေလွ်ာက္တြင္ အနက္ေရာင္ထိုးကြင္းမင္ေၾကာင္မ်ားကို ျမင္ရသည္။အိမ္ေရွ႕မင္းရဲ႕ကြန္႔ေရာင္ဝါဓားသြားက ေနေရာင္ေအာက္တြင္တလက္လက္ေတာက္ပေနၿပီး ဓားလႈပ္ရွားဟန္ကတင့္တယ္ကာ မာန္အျပည့္ရွိသည္။သမိန္သူရိန္ အိမ္ေရွ႕မင္းရဲ႕ဓားသြားကိုခုခံကာ ေဆာင္ဓားႏွင့္ အားထည့္တိုက္သည္။ႏွစ္ဦးသားရဲ႕ဓားခ်င္းထိခတ္သံက ေဘးပတ္လည္တြင္ဝန္းရံေနသည့္စစ္သည္ရဲမက္အေပါင္းကို ဇာတိမာန္တက္ႂကြေစသည္။
"အိမ္ေရွ႕မင္းရဲ႕ဓားေရးကေတာ့အံ့မခန္းေဟ့"
"တပ္မင္းရဲ႕ဓားေရးကလည္း အစြမ္းထက္လာတယ္ထင္ပါ႔"
"အိမ္ေရွ႕မင္းနဲ႔သမိန္သူရိန္ ဘယ္သူႏိုင္မယ္ထင္သလဲ"
"ေလာင္းေၾကးစားေၾကးေဟ့"
သမိန္သူရ စစ္သည္အေပါင္းကိုေလာင္းေၾကးထည့္ရန္ေအာ္ဟစ္ၿပီး ေမာက္တိုကိုကိုင္ထားသည္။သမိန္သူရက တပ္မင္းျဖစ္ေပမယ့္စစ္သည္မ်ားအၾကား ေပါ႔ေပါ႔ပါးပါးလွည့္လည္ေနသည္က ငယ္ရြယ္သည့္စစ္သည္ေလးလိုပင္။စစ္သည္ေတြ တစ္ဦးၿပီးတစ္ဦး သူ့ဘက္ကိုယ့္ဘက္ေလာင္းၾကသည္။သမိန္သူရက နန္းေစာရွင္နားကပ္လာၿပီး။
"ေဟ့ နန္းေစာရွင္ဘယ္ဘက္ကေလာင္းေၾကးထည့္မလဲ"
နန္းေစာရွင္ အိမ္ေရွ႕မင္းကိုၾကည့္ၿပီးအိတ္ထဲက ေငြဒဂၤါးတစ္ျပားကို အိမ္ေရွ႕မင္းဘက္ေလာင္းေၾကးထည့္လိုက္ေလသည္။
သမိန္သူရိန္ အိမ္ေရွ႕မင္းရဲ႕ဓားေရးကတစ္ခုခုလြဲမွားေနတာကိုခံစားမိသည္။အိမ္ေရွ႕မင္းရဲ႕ဓားသြားက မတည္မၿငိမ္ျဖစ္ေနကာ သမိန္သူရိန္ အလြယ္တကူတိုက္၍ရေနသည္။သမိန္သူရိန္ ဓားႏွင့္အိမ္ေရွ႕မင္းကို တိုက္ခိုက္ရင္းေျပာလိုက္သည္။
"အိမ္ေရွ႕မင္း ေသခ်ာတိုက္ခိုက္ပါ ကြၽန္ေတာ္မ်ိဳးကိုမငဲ့ညာပါနဲ႔"
"သူရိန္ကိုငဲ့ညာေနတယ္လို႔ ဘယ္သူကေျပာသလဲ"
ဗညားသတိုး စစ္သည္ေတြအၾကားထင္းထြက္ေနသည့္ခ်စ္ဖြယ္ပုံရိပ္ကေလးကို ေစာင္းငဲ့ၾကည့္လိုက္ၿပီး ႏႈတ္ခမ္းေထာင့္ေလးေတြေကြးတက္လာကာ သမိန္သူရိန္ရဲ႕ဓားသြားကိုကာကြယ္လိုက္သည္။
"ကိုယ္ေတာ္က သူ့အျမင္မွာၾကည့္ေကာင္းေနခ်င္လို႔ဟန္ေရးျပေန႐ုံ"
"......"
အိမ္ေရွ႕မင္းက ဟိတ္ႀကီးဟန္ႀကီးထုတ္ကာ ဓားေရးကိုေပါ႔ေလ်ာ့မိေတာ့ သမိန္သူရိန္ကအေလးသာေနသည္။နန္းေစာရွင္ အိမ္ေရွ႕မင္းအေရးႏွိမ့္လာတာေတြ႕ေတာ့ စိတ္လႈပ္ရွားလာၿပီးလက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိသည္။ေဘးမွစစ္သည္ေတာ္ေတြကလည္း အားႀကိဳးမာန္တက္ေအာ္ဟစ္အားေပးေနၾကသည္။နန္းေစာရွင္ အိမ္ေရွ႕မင္းကိုၾကည့္ၿပီး လက္ႏွစ္ဖက္ကိုပါးစပ္နားထားကာ ေအာ္လိုက္သည္။
"အိမ္ေရွ႕မင္း ကြၽန္ေတာ္မ်ိဳး အရွင့္ဘက္ကေလာင္းထားတယ္"
နန္းေစာရွင္ရဲ႕အသံကိုၾကားတာႏွင့္ ဗညားသတိုးမ်က္လုံးေတြက ေတာက္ပလာၿပီးေနျခည္ေလးလိုေႏြးေထြးလာသည္။
'နန္းေစာရွင္ကကိုယ္ေတာ့္ဘက္က..'
ဗညားသတိုး ကြန္႔ေရာင္ဝါဓားကိုအသာအယာယိမ္းလ်က္ အရွိန္ထည့္ၿပီးတိုက္ခိုက္ေတာ့သည္။ သမိန္သူရိန္လည္း အရွိန္ရလာၿပီးတိုက္ခိုက္သည္။ဗညားသတိုး ဓားေရးကလ်င္ျမန္ၿပီး ျပတ္သားသည္။သမိန္သူရိန္ဓားေရးက နည္းစနစ္က်ကာတိက်သည္။
ႏွစ္ဦးသားရဲ႕ဓားေရးကိုၾကည့္ရသည္မွာ စိတ္လႈပ္ရွားစရာေကာင္းသည္။အိမ္ေရွ႕မင္းရဲ႕ကိုယ္ဟန္က ေက်ာ့ရွင္းကာဓားကိုကိုင္ေဆာင္ထားပုံက က်က္သေရရွိသည္။ထက္ျမတ္စူးရွသည့္မ်က္လုံးေလးက အေႏြးရိပ္ေတြထင္ဟပ္ေနၿပီး နန္းေစာရွင္ကို တစ္ခ်က္တစ္ခ်က္ၾကည့္လာသည္။နန္းေစာရွင္ ရင္ထဲလႈပ္ခတ္သြားသည္။လက္ရည္ေသြးပြဲေၾကာင့္စိတ္လႈပ္ရွားမႈေပေလာ၊အၾကည့္စူးစူးေလးေၾကာင့္ေပေလာ။
"အိမ္ေရွ႕မင္း ႏိုင္ၿပီေဟ့"
"စစ္နတ္ဘုရားက စစ္နတ္ဘုရားဘဲ"
"ႏိုင္ေၾကးနဲ႔ေသရည္အဝေသာက္မယ္"
ဗညားသတိုး သမိန္သူရိန္ကိုအႏိုင္ပိုင္းလိုက္လို႔ ေဘးကစစ္သည္ေတာ္ေတြရဲ႕ဟစ္ေႂကြးသံေတြက စစ္ေရးေလ့က်င့္ကြင္းအႏွံ႔ ျပည့္လွ်ံထြက္လာသည္။နန္းေစာရွင္ရဲ႕မ်က္ႏွာေပၚမွ ဂုဏ္ယူဟန္အၿပဳံးႀကီးကလည္း ဝံ့ထည္လို႔အိမ္ေရွ႕မင္းထံတစ္လွမ္းခ်င္း ေလွ်ာက္လာ၏။
အၿပဳံးလွလွေလးက ဗညားသတိုးရဲ႕ႏွလုံးသားကိုသိမ္ေမြ႕စြာဆြဲငင္သြားၿပီး ဗညားသတိုးရဲ႕ေဘးပတ္ပတ္လည္မွ အသံေတြအကုန္တိတ္ဆိတ္သြားသည္။နန္းေစာရွင္ရဲ႕ေျခတစ္လွမ္းလွမ္းလိုက္တိုင္း ထြက္ေပၚလာသည့္ေငြျခဴသံေလးကသာ ဗညားသတိုးရဲ႕အၾကားအာ႐ုံကိုထိုးေဖာက္ေနသည္။
နန္းေစာရွင္ ဗညားသတိုးရဲ႕လက္ႏွစ္ဖက္ကိုဆြဲကိုင္လိုက္သည္။
"အိမ္ေရွ႕မင္းက ခံ့ညားလိုက္တာ"
ဗညားသတိုး မိမိလက္ကိုဆုပ္ကိုင္ထားသည့္နန္းေစာရွင္လက္ကေလးကိုၾကည့္ၿပီး ရင္ထဲပ်ားရည္ေလးလို ခ်ိဳၿမိန္သြားရသည္။နန္းေစာရွင္ရဲ႕စကားသံေလးက ဗညားသတိုးနားထဲပ်ားရည္ေလာင္းထည့္လိုက္သလို ခ်ိဳၿမိန္ေစကာ ေဘးကေလထုေလးပင္ ခ်ိဳၿမိန္လာရသည္။
နန္းေစာရွင္ရဲ႕လက္ကေလးကို မထိေတြ႕ရသည္မွာ ေန႔တစ္မြန္းတည့္ခဲ့ၿပီမဟုတ္ပါလား။
"ကိုယ္ေတာ့္ကိုေလာင္းေၾကးနဲ႔ ဂုဏ္ျပဳေသရည္တိုက္ပါေရာ့"
"အိမ္ေရွ႕မင္းရဲ႕အမိန္႔အတိုင္းပါ"
သမိန္သူရနဲ႔သမိန္သူရိန္- 'အိမ္ေရွ႕မင္းက အၿမဲတမ္းႏိုင္ေနခဲ့တာမဟုတ္ဘူးလား ဘာလို႔သည္တစ္ေခါက္မွအရမ္းႀကီးက်ယ္ေနသလို လုပ္ေနေရာ့တာလဲ'
က်န္သည့္စစ္သည္မ်ား-'အိမ္ေရွ႕မင္းကသည္လိုၿပဳံးတတ္တယ္လား အားးးးးး'
______
"ေရာင္းရင္းေရ သည္ေသရည္သုံးျမဴမွမကုန္ရင္ထဖို႔ စိတ္မကူးေလနဲ႔"
သမိန္သူရက ေသခြက္ထဲေသရည္အျပည့္ျဖည့္လိုက္ၿပီး တစ္က်ိဳက္ထဲေမာ့ေသာက္လိုက္သည္။
"သမိန္သူရ ငါကႏွစ္ျမဴတာဝန္ယူတယ္ မင္းကတစ္ျမဴတာဝန္ယူ"
"ေကာင္းၿပီ အဲ့သလိုဆိုနန္းေစာရွင္ကေရာ"
"ကြၽန္ေတာ့္ကို နန္းေစာရွင္မေခၚပါနဲ႔ေတာ့ ပိုလို႔ရင္းႏွီးသြားေအာင္ ညီငယ္အျဖစ္သတ္မွတ္ပါေရာ့"
"ဟားဟား ေကာင္းၿပီ ညီငယ္နန္းေစာရွင္ တို႔တစ္ေတြက တစ္အူတုံဆင္းညီေနာင္အရင္းျဖစ္ေစမယ္"
သမိန္သူရကေသယစ္ေနၿပီး နန္းေစာရွင္ခြက္ထဲေသရည္အျပည့္ ထည့္ေပးသည္။နန္းေစာရွင္လည္း ေသာက္လိုက္သည္။သမိန္သူရိန္ကအသက္ႏွစ္ဆယ္အရြယ္ျဖစ္ၿပီး ဗညားသတိုးတို႔ထဲတြင္ အသက္အႀကီးဆုံးျဖစ္သည္။သမိန္သူရိန္လည္း နန္းေစာရွင္ခြက္ထဲေသရည္ထည့္ေပးလိုက္သည္။
"ကဲ က်ဳပ္ကိုလည္းေနာင္ႀကီးအျဖစ္သေဘာထားႏိုင္တယ္"
"ဟုတ္ကဲ့ ေနာင္ႀကီး"
နန္းေစာရွင္ ေသခြက္ကိုေမာ့ခ်လိုက္သည္။ဟိုအရင္ ေနာင္ေတာ္ႀကီးတို႔ရွိစဉ္က ေသရည္ကိုခါးတယ္ထင္ခဲ့သည္။ယခုခ်ိန္မွာေတာ့ ေသရည္ကခံတြင္းကိုသာ ခါးသက္ေစၿပီးရင္ထဲကိုပူေလာင္ခ်ိဳျမေစသည္။နန္းေစာရွင္ တစ္ခြက္ၿပီးတစ္ခြက္ေသာက္ေနသည္ကို ၾကည့္ၿပီးဗညားသတိုး နန္းေစာရွင္လက္ကို လက္လွမ္းလိုက္သည္။
"ေတာ္ေတာ့ နန္းေစာရွင္"
"အိမ္ေရွ႕မင္း အိမ္ေရွ႕မင္းလည္းကြၽန္ေတာ္မ်ိဳးကိုညီငယ္အျဖစ္သတ္မွတ္ပါေလ"
"ကိုယ္ေတာ္ နန္းေစာရွင္နဲ႔ညီေနာင္မျဖစ္လိုဘူး"
နန္းေစာရွင္ မ်က္ႏွာေလးကမဲ့သြားသည္။ အိမ္ေရွ႕မင္းရဲ႕လက္ကို ႐ုန္းခါလိုက္ၿပီး ေသတေကာင္းကိုကိုင္ကာ ေသခြက္ထဲထည့္ၿပီးေသာက္လိုက္သည္။ေသရည္ကနန္းေစာရွင္ပါးစပ္မွ လွ်ံထြက္လာကာေက်ာ့ရွင္းသည့္လည္တိုင္တစ္ေလွ်ာက္ စီးက်သြားသည္။ဗညားသတိုး ေရွ႕ကျမင္ကြင္းေလးေၾကာင့္ ရင္ထဲမီးေတာက္ကေလးအစပ်ိဳးလာၿပီး ေသရည္ခြက္ကိုကိုင္ကာေမာ့ခ်လိုက္သည္။
"ေနာင္ႀကီးသူရရဲ႕ထိုးကြင္းမင္ေၾကာင္ေတြကလက္ရာေျမာက္လွတယ္"
သမိန္သူရ နန္းေစာရွင္ရဲ႕စကားေၾကာင့္ဝမ္းသာအားရ ေတာင္ရွည္ပုဆိုးကိုလွပ္ကာ ေပါင္ရွိထိုးကြင္းမင္ေၾကာင္မ်ားကိုျပေလသည္။
"က်ဳပ္က အသက့္ဆယ့္ႏွစ္ႏွစ္ထဲကထိုးကြင္းထိုးခဲ့တာဗ်ား"
"သူရ ဘယ္ႏွယ့္ ဣေႁႏၵကင္းမဲ့လိုက္တာ"
"ေယာက်ာ္းသားေတြဘဲရွိသကိုး ေရာင္းရင္းရ"
နန္းေစာရွင္ မ်က္လုံးေလးေတြကေသရည္ေၾကာင့္ရီေဝေဝျဖစ္လင့္ကစား တလက္လက္ေတာက္ပလာသည္။နန္းေစာရွင္ရဲ႕အၾကည့္လွလွေလးေတြက သမိန္သူရေပါင္ေပၚက်ေရာက္ေနတာကိုျမင္ေတာ့ ဗညားသတိုး ခ်က္ခ်င္းထၿပီးေအာက္ပိုးက်ိဳက္ခ်င္စိတ္ေပၚလာသည္။
"ညီငယ္လည္း ထိုးကြင္းထိုးခ်င္ေလတယ္"
"ထိုးခ်င္ထိုးရမေပါ႔"
"အိမ္ေရွ႕မင္းကိုမေျပာဘူး"
"......"
နန္းေစာရွင္ေလးက ေသယစ္မူးေနၿပီထင္။အင္းဝနန္းတြင္းမွာေတြ႕ခဲ့ရသည့္ပုံရိပ္ေလးအတိုင္း ႏႈတ္ခမ္းေလးဆူကာ ဗညားသတိုးတို႔ကိုရန္ေတြ႕သည္။ႏႈတ္ခမ္းေလးဆူကာအလိုမက်ဟန္ ခြၽဲႏြဲ႕ေျပာပုံေလးက ခ်စ္ဖြယ္အတိ။ဗညားသတိုး ရင္ထဲပူေလာင္မႈမီးေတာက္မ်ားက ခ်က္ခ်င္းၿငိမ္းသြားၿပီး ခ်စ္ခင္အလိုလိုက္ခ်င္သည့္စိတ္မ်ားသာ ႀကီးစိုးလာသည္။ဗညားသတိုးရင္ထဲကခ်ိဳၿမိန္မႈမ်ားက လွ်ံထြက္လာကာ နန္းေစာရွင္ရဲ႕ေခါင္းေလးကိုပုတ္မေပးဘဲမေနႏိုင္ေအာင္ပင္။
"အိမ္ေရွ႕မင္းက အိမ္ေရွ႕...."
"ကိုယ္ေတာ္က ဘာျဖစ္သလဲ"
အိမ္ေရွ႕မင္းအသံထဲတြင္ ႏူးညံ့သိမ္ေမြ႕မႈမ်ားအျပည့္။အၾကည့္ထဲတြင္လည္း ခ်စ္ျမတ္ႏိုးအလိုလိုက္မႈမ်ား ျပည့္လွ်ံေနသည္။သမိန္သူရနဲ႔သမိန္သူရိန္ သည္တစ္ခါေတာ့အိမ္ေရွ႕မင္းရဲ႕အၾကည့္ေတြကို နားလည္လိုက္သည္။
နန္းေစာရွင္က အူ႐ိုင္းေလးမို႔ ေက်ာက္စားပြဲထက္တြင္ ေမွာက္သြားေလၿပီ။သမိန္သူရိန္ ေသခြက္ကို ခပ္တင္းတင္းကိုင္ၿပီးမဝံ့မရဲေျပာသည္။
"အရွင့္သား နန္းေစာရွင္ကို"
"ဟုတ္တယ္"
အိမ္ေရွ႕မင္းက တုံ႔ဆိုင္းျခင္းမရွိ။အိမ္ေရွ႕မင္းရဲ႕အၾကည့္ေတြက ႏူးညံ့ေနၿပီးအတုအေယာင္ဟူ၍မေတြ႕ရေပ။
"ကြၽန္ေတာ္မ်ိဳး သိပါၿပီ"
သမိန္သူရကေတာ့ ျမဴးႂကြစြာေသရည္ေသာက္ေနဆဲ။ဗညားသတိုးကို ၿပဳံးရိပ္ထင္သည့္မ်က္လုံးေတြႏွင့္ၾကည့္ကာ။
"အဲ့သလိုဆို ကြၽန္ေတာ္မ်ိဳးတို႔က သည္ညီငယ္ေလးကိုပိုၿပီး ကာကြယ္ေပးရေတာ့မေပါ႔"
သမိန္သူရက အမဲသားကင္တစ္ခုကိုးပါးစပ္ထဲထည့္ဝါးလိုက္ၿပီး။
"ေရာင္းရင္း က်ဳပ္မေျပာခဲ့ဘူးလား အိမ္ေရွ႕မင္းကအင္းဝသူေလးထံမွာ က်ရႈံးသြားၿပီထင္ပါ႔လို႔ တကယ္ေတာ့အင္းဝသူမဟုတ္ဘဲ အင္းဝသားျဖစ္ေနခဲ့တာကိုး ဟားဟားဟား"
ဗညားသတိုး ေက်ာက္စားပြဲထက္ အိပ္ေပ်ာ္ေနသည့္နန္းေစာရွင္မ်က္ႏွာေလးကို ခ်စ္ျမတ္ႏိုးစြာၾကည့္သည္။လေရာင္ေအာက္ မီးတိုင္မ်ားေအာက္တြင္ နန္းေစာရွင္ရဲ႕မ်က္ႏွာေလးကပိုၿပီးႏူးညံ့ေနသည္။ျဖဴႏုသည့္မ်က္ႏွာေလးက ႏူးညံ့ေနဆဲျဖစ္ၿပီး ရွည္လ်ားေကာ့ၫႊတ္သည့္မ်က္ေတာင္ေလးေတြက အရိပ္ထင္ေနသည္။လွပသည့္ႏႈတ္ခမ္းေလးကလည္း ပန္းေရာင္သန္းေနဆဲျဖစ္ကာ စစ္သည္ေတာ္တစ္ေယာက္ျဖစ္လာတာေတာင္မွ ပါးျပင္ႏုႏုေလးေတြကႏွင္းဆီေသြးေတြရွိေနဆဲပင္။
ဗညားသတိုး ေသရည္တစ္ခြက္ကိုအျပည့္ေသာက္လိုက္သည္။
"စစ္မက္အေရးသိခ်င္လို႔အင္းဝကို ကိုယ္ေတာ္သြားခဲ့တာဘဲ သည္လိုမင္းသားငယ္ေလးကို ခိုးယူခ်င္မိမယ္လို႔ ဘယ္သူထင္ပါ႔မလဲ"
"အိမ္ေရွ႕မင္းရဲ႕ခ်စ္ခင္မႈကိုရရွိတာက ညီငယ္အတြက္ကံေကာင္းပါတယ္ေလ"
သမိန္သူရိန္ရဲ႕စကားကိုၾကားေတာ့ ဗညားသတိုးၿပဳံးမိသည္။
"ကံေကာင္းျခင္းလား ကံဆိုးျခင္းလား ဘယ္သိႏိုင္မလဲ"
"ကံေကာင္းျခင္းျဖစ္မွာ ေသခ်ာပါတယ္ အိမ္ေရွ႕မင္းအတြက္ ကြၽန္ေတာ္မ်ိဳးတို႔ႏွစ္ေယာက္ရွိေနလို႔ဘဲ"
ဗညားသတိုး သမိန္သူရိန္ရဲ႕ေသခြက္ထဲေသရည္ထည့္ေပးလိုက္သည္။တပ္မင္းႏွစ္ေယာက္က မိမိေယာက်ာ္းတစ္ေယာက္ကို ႏွစ္သက္မိတာေတာင္မွ ကန္႔ကြက္ျခင္းမျပဳေပ။ဗညားသတိုး ႏႈတ္ခမ္းေထာင့္ေလးေတြ ေကြးတက္သြားသည္။
"တပ္မင္းတို႔ႏွစ္ေယာက္ရွိေနတာကိုက ကိုယ္ေတာ္ကံေကာင္းေနပါၿပီေလ"
ဗညားသတိုး အိပ္ေပ်ာ္ေနသည့္နန္းေစာရွင္ကို ေက်ာပိုးကာ မဟာသူရနန္းေဆာင္ကိုသြားသည္။ လေရာင္ကညအေမွာင္ကိုၿဖိဳခြဲထားၿပီး ၾကည္လင္သည့္ေကာင္းကင္တြင္ ၾကယ္ကေလးမ်ားကလည္းေတာက္ပေနသည္။ညေလညင္းက ညေမႊးပန္းရနံ႔စူးစူးကိုသယ္ေဆာင္ထားၿပီးပန္းရနံ႔သင္းသည့္ေလထုကို ဖန္တီးသည္။
နန္းေစာရွင္ရဲ႕ထြက္သက္ေႏြးေႏြးက ဗညားသတိုး ပခုံးကိုတိုးေဝွ႔ေနၿပီး ႏွလုံးသားကိုမီးၿမႇိဳက္ေနသလိုပင္။နန္းေစာရွင္ရဲ႕ကိုယ္ခႏၶာေလးက ဗညားသတိုးကိုမွီခိုထားတယ္ဆိုသည့္အသိက ဗညားသတိုး ရင္ကိုႏူးညံ့ခ်ိဳၿမိန္ေစသည္။
ပူေလာင္မႈႏွင့္ႏူးညံ့ခ်ိဳၿမိန္မႈက ဆန္႔က်င္ဘက္တစ္လွည့္စီ ဗညားသတိုးရင္ကို တိုးေဝွ႔ေနေလ၏။
"နန္းေစာရွင္ကိုသာ သယ္ပိုးၿပီးသြားရမယ္ဆိုရင္ေလ သည္ဟံသာဝတီျပည္မွစ ဟိုးလကမၻာေပၚထိေအာင္သြားႏိုင္ပါရဲ႕"
ဗညားသတိုး ေျပာသမွ်ကိုနန္းေစာရွင္ကေတာ့မၾကားႏိုင္ပါေပ။
ဗညားသတိုး မဟာသူရနန္းေဆာင္ကိုေရာက္ေတာ့အထိန္းေတာ္ႀကီးေဒါနက မင္းသားငယ္ေလးအခန္းတံခါးကို ဖြင့္ေပးသည္။
"အထိန္းေတာ္ႀကီး နားေတာ့ေလ ကိုယ္ေတာ္နန္းေစာရွင္ကို အိပ္ယာေပၚသိပ္ၿပီးမွ စက္ေတာ္ေခၚေလေတာ့မယ္"
"မွန္ပါ ဒါဆိုအိမ္ေရွ႕မင္းကြၽန္ေတာ္မ်ိဳးကိုခြင့္ျပဳပါဦး"
"ေကာင္းၿပီ"
ဗညားသတိုး နန္းေစာရွင္အခန္းထဲဝင္လိုက္သည္။နန္းေစာရွင္ကိုသလြန္ေပၚတင္လိုက္ေတာ့နန္းေစာရွင္ရဲ႕ႏႈတ္ခမ္းပါးေလးက ဗညားသတိုး လည္တိုင္ကိုပြတ္တိုက္သြားသည္။ဗညားသတိုးထိုႏူးညံ့သည့္အထိအေတြ႕ေလးေၾကာင့္ ၾကက္ေသေသသြားသည္။
အခ်ိန္အေတာ္ၾကာမွ သတိဝင္လာၿပီးနန္းေစာရွင္ရဲ႕ေငြေျခခ်င္းဝတ္ထားသည့္ေျခခ်င္းဝတ္ေလးကိုကိုင္ကာ ဖိနပ္ခြၽတ္ေပးလိုက္သည္။နန္းေစာရွင္ သက္ေတာင့္သက္သာျဖစ္ေစရန္ နဖူးစည္းကိုျဖည္ေပးလိုက္ၿပီး ေသွ်ာင္ထုံးကိုေျပေလ်ာ့ေစလိုက္သည္။
နန္းေစာရွင္ရဲ႕အိပ္ေမာက်ေနသည့္မ်က္ႏွာေလးက ရွင္းသန္႔ေနကာသိမ္ေမြ႕လို႔ေနသည္။နက္ေမွာင္သည့္ေကသာက နန္းေစာရွင္ရဲ႕ျဖဴႏုေသာမ်က္ႏွာေလးကို ပိုလို႔ျဖဴဝင္းေအာင္ပံ့ပိုးသည္။ဗညားသတိုး နန္းေစာရွင္ရဲ႕ႏႈတ္ခမ္းေလးကိုျမင္ေတာ့ ႏွလုံးခုန္သံေတြ ျမန္ဆန္လာသည္။ဗညားသတိုး ထိုညိဳ႕ငင္ႏိုင္လြန္းသည့္ႏႈတ္ခမ္းပါးေလးထံမွ အၾကည့္အျမန္လႊဲလိုက္သည္။
ရင္ခုန္သံမ်ားကစစ္ေျမျပင္တြင္ ေျပးလႊားေနသည့္စစ္ျမင္းသဖြယ္ ၾကမ္းတမ္းေနဆဲ။ဗညားသတိုး စိတ္မထိန္းႏိုင္ေတာ့ပါဘဲ ႏႈတ္ခမ္းပါးေလးကိုလက္ညႇိဳးေလးႏွင့္ တယုတယထိလိုက္သည္။လက္ေခ်ာင္းမွတဆင့္ ႏူးညံ့သည့္အထိအေတြ႕က ဗညားသတိုး ႏွလုံးသားတစ္ခုလုံးကို ညိဳ႕ယူသြားၿပီး ထိုႏူးညံ့မႈေလး၌ ယစ္မူးေပ်ာ္ဝင္သြားမိေလသည္။
ဗညားသတိုး လက္ညႇိဳးေလးကို႐ုတ္ကာ ကိုယ့္ႏႈတ္ခမ္းေပၚတင္လိုက္သည္။ေသရည္နံ႔ေဖ်ာ့ေဖ်ာ့ကို သတိထားမိေလသည္။ေသရည္နံ႔က နန္းေစာရွင္ကိုယ္ကလား၊မိမိကိုယ္ကလားမသဲကြဲ။ဗညားသတိုး နန္းေစာရွင္ရဲ႕ႏႈတ္ခမ္းပါးေလးကို မက္ေမာစြာၾကည့္လိုက္သည္။
"ေသရည္ကယစ္မူးေစတယ္တဲ့ ကိုယ္ေတာ့္နန္းေစာရွင္ေလးကိုမွီပါ႔မလား"